New VAR
ယူရို အဖွင့်ပွဲမှာ အသုံးပြုခဲ့တဲ့ VAR ရဲ့ ပုံစံသစ်ကို
ပရီးမီးယားလိဂ်မှာပါ သုံးစေချင်နေကြတဲ့ဘောလုံးပရိသတ်များ
======================================
ပရီးမီးယားလိဂ်မှာ VAR ကြောင့် ပရိသတ်တွေတော်တော်များများခေါင်းကိုက်နေရပြီဖြစ်ပါတယ် ။ မကြာသေးခင်ကာလတုန်းကဆိုရင် ကလပ်အသင်းတွေကအစ လာမယ့်ရာသီမှာ VAR ကို ဆက်ထားသင့် မထားသင့် မဲခွဲဆုံးဖြတ်ခဲ့ကြပေမယ့် မဲရလဒ်အရ VAR စနစ်ကို ပိုကောင်းအောင်ပြုလုပ်ပြီး ဆက်ထားသင့်တယ်ဆိုတဲ့အဖြေပဲထွက်လာခဲ့ပါတယ် ။
အခုတော့ ပရီးမီးယားလိဂ်ပရိသတ်တွေဟာ VAR စနစ်ကိုပိုကောင်းအောင်စေတဲ့ အချက်တွေရှာဖွေတွေ့ရှိခဲ့ပြီလို့ဆိုရမလိုဖြစ်နေပါပြီ ၊ ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ဂျာမနီနဲ့စကော့တလန်တို့ပွဲစဥ်မှာ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို အလိုင်းယန့် အရီနာကွင်းကြီးရဲ့ LED Screen မှာ ပြသထားပါတယ် ။
ဒီပွဲစဥ်မှာ ပွဲချိန်အတွင်း VAR ပြန်လည်စစ်ဆေးမ
Germany vs Scotland Review
အဖွင့်ပွဲစဥ်မှာ စကော့တလန်ဘက်ကို ဂိုးမိုးရွာပြီး
ချန်ပီယံခြေစွမ်းပြသလိုက်တဲ့ အိမ်ရှင်ဂျာမနီ
===================================
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ယူရို အဖွင့်ပွဲစဥ်မှာတော့ အိမ်ရှင် ဂျာမနီက စကော့တလန်ကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ် ။ ဂျာမနီဟာ ဒီနေ့ပွဲစဥ်မှာ ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီ တိုက်စစ်မှာ ဟာဗက်ဇ်ကိုအထောင်ထားကာ ၊ မူစီယာလာ ၊ ဂန်ဒိုဂန်တို့နဲ့ အတူလေဗာကူဆင်မှာခြေစွာနေတဲ့ ဖလော်ရီယန်၀ှစ်ကိုတွဲပေးထားပါတယ် ။
ကွင်းလယ်မှာတော့ လေဗာကူဆင်က ရော်ဘန် အန်ဒရစ်နဲ့ တိုနီခရူးစ်တို့ ပွဲထုတ်ခဲ့ပြီးနောက်တန်းမှာတော့ ကင်းမစ် ၊ ရူဒီဂါ ၊ ဂျွန်နသန် နဲ့ မက်ဆီမီလီယံတို့ကိုခင်းကျင်းသွားခဲ့ပါတယ် ။ စကော့တလန်ဘက်ကတော့ ၃-၄-၂-၁ ကစားကွက်ပေါ်မှာ ခရစ်စတီး ၊ မက်ဂင်း ၊ တော်မီနေ ၊ ရော်ဘတ်ဆန် ၊ တီယာနေးတို့အစုအဖွဲ့နဲ့ပဲ ဂျာမနီကို ရင
Messi replies to Mbappe
ယူရို က ကမ္ဘာ့ဖလား ထက် ခက်တယ်လို့ ပြောလာတဲ့ အမ်ဘာပေ ကို အကောင်းဆုံး ပြန်လည်ချေပခဲ့တဲ့ မက်ဆီ
ယူရို၂၀၂၄ ပြိုင်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာ ပြင်သစ် ကစားသမား ကီလီယန်အမ်ဘာပေ က ယူရိုမှာ ချန်ပီယံ ဖြစ်ဖို့က ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ထက်ပိုခက်တယ်လို့ ပြောလာခဲ့တာပါ ။
ယူရို က ကမ္ဘာ့ ဖလား ထက် ပိုခက်တယ် ဆိုတဲ့ အမ်ဘာပေ ရဲ့ ဒီလို ပြောကြားချက် ကို ကမ္ဘာ့အကောင်း ဆုံးကစားသမား ဂုတ်ကြီး မက်ဆီ ကတော့ လက်မခံပါဘူး ။ ဒါကြောင့် လဲ ကိုပါအမေရိက ဖလား ပြိုင်ပွဲမတိုင် ခင် ESPN နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောပါတယ် ။
“ယူရိုပြိုင်ပွဲ ဟာ အကောင်းဆုံး အသင်း တွေ ယှဉ်ပြိုင်ကြတဲ့ အရေးကြီးဆုံး ပြိုင်ပွဲ ကောင်းတခု ဆိုတာ ကို သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ ဒါပေမယ့် သတိပြုရမှာက ဒီပြိုင်ပွဲ မှာ ကမ္ဘာ့ဖလားဆု ကို ၃ ကြိမ်ရထားတဲ့ အာဂျင်တီးနား
Chelsea focuses on Young Player Project
လူငယ်တွေကို ဗဟိုပြုပြီး ကမ္ဘာ့ဘောလုံးဇာတ်ခုံကို
သိမ်းပိုက်ဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး
=======================================
ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ သတင်းတွေကတော့တော်တော်လေးကို သဘောကျချင်စရာ ဖြစ်နေခဲ့တာပါ ။ အသင်းကို တော့ဒ်ဘိုလေတို စတင် ဝယ်ယူလိုက်ကတည်းက လူငယ်တွေကို တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ခေါ်ယူထားခဲ့ကြတာဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်းလူငယ် ကစားသမား အများစုကို ချဲလ်ဆီး အသင်းဟာပစ်မှတ်ထားနေခဲ့တာလည်း ဖြစ်ပါတယ် ။ ချဲလ်ဆီးအသင်းဟာ လျှော့တွက်ထားလိုတော့ မရတဲ့ အသင်းတွေထဲက တစ်သင်းအပါအဝင်လို ဆိုရမှာဖြစ်ပြီး လူငယ်တွေသာ အသင်းမှာ အထိုင်ကျသွားရင် ဥရောပမှာ ချဲလ်ဆီးအသင်းရဲ့ ဗိုလ်ကျခြင်းကို ခံသွားရနိုင်တယ်လိုပဲ ဆိုချင်ပါတယ် ။
ချဲလ်ဆီး အသင်းရဲ့ ပလန်တွေက အစီအစဉ် ကျနေခဲ့တယ်လို ဆိုရမှာဖြစ်ပြီး ပလန် အေတွေ ၊ ပလန် ဘီတွေနဲ့အတူ ချဲလ်ဆ
Ronaldo says that he hasn't much time to play football
သူ့အတွက် ဘောလုံးကစားဖို့ နောက်ဆုံး လက်ကျန်အချိန်
သိပ်မရှိတော့ဘူးလို့ ပြောလာတဲ့ ခရစ်စတီယာနိုရော်နယ်ဒို
========================================
ခရစ္စတီယာနိုရော်နယ်ဒို ဆိုတာက ကမ္ဘာ့ဘောလုံးလောကမှာ မက်ဆီ နဲ့ အချိန်အကြာကြီး ယှဉ်ဖိုက် ၊ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲ ဂန္ဒဝင်ကစားသမားကြီးဆိုတာ အားလုံးလဲသိကြမှာပါ ။ ဘောလုံးလောကမှာ ရော်နယ်ဒို စွမ်းဆောင်ခဲ့တဲ့ အရာတွေ ၊ စံချိန်မှတ်တမ်းတွေ က အများကြီး ပါပဲ ။ ဒီ အထဲ မှာ မဖြစ်မနေ လေးစား ဖို့ ကောင်းတဲ့ အချက်တခု ကတော့ အသက် ၃၉ နှစ်အရွယ် ထိ တိုင်အောင် သူ့ရဲ့ ခြေစွမ်း ကို ထိပ်တန်းအဆင့်မှာ ထိန်းနိုင်တယ် ဆိုတာပါ ။
“ ကျွန်တော့်မှာ ဘောလုံးကစားရမယ့် အချိန် က သိပ်မကျန်တော့ဘူးလေ ။ ဒါကြောင့် လက်ကျန်ပွဲတွေ ကို စိတ်ကျေနပ် ပျော်ရွှင်မှု့ အပြည့်နဲ့ တန်ဖိုးထားကစားရတော့မှာပေါ့ဗျာ ။ ကျွန်တော် ဘောလုံး ကို သိပ်ချ
Messi will retire at Inter Miami
အင်တာမိုင်ယာမီမှာပဲ ကစားသမားဘ၀ အနားယူဖို့ ဆုံးဖြတ်ထားတဲ့မက်ဆီ
အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီကတော့ ဘောလုံးလောကတစ်ခုလုံးကို Shock ရအောင် ပြုလုပ်လိုက်ပြန်ပြီဖြစ်ပါတယ် ။ နှစ်တွေကြာလာတာနဲ့အမျှ အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ကမ္ဘာ့ဘောလုံးပရိသတ်တွေရင်ထဲမှာထာ၀ရအကောင်းဆုံးကစားသမားအဖြစ် တထစ်ချလက်ခံထားတဲ့မက်ဆီဟာ မကြာခင်အချိန်အတွင်း မြက်ခင်းစိမ်းတွေနဲ့ ေ၀းရာကိုထွက်သွားတော့မှာဖြစ်ပါတယ် ။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် တစ်ကမ္ဘာ့လုံးမှာရှိတဲ့ဘောလုံးပရိသတ်တွေက မက်ဆီကို ဘောလုံးလောကရဲ့အငြင်းပွားဖွယ်ရာမရှိ ဂုတ်တစ်ယောက်ဖြစ်တယ်ဆိုတာ လက်ခံလာခဲ့ကြပါတယ် ။
နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ မက်ဆီဟာ သူ့ အနားယူမယ့်အသင်းကို တ
Ronaldo is about to 900 Goals
အလန်းစားဂိုးနဲ့အတူ ၂၁ ရာစုမှာ ဘယ်ကစားသမားမှ
မလုပ်နိုင်တဲ့ စံချိန်သစ် ရေးထိုးတော့မယ့် ရော်နယ်ဒို
==========================================
ပေါ်တူဂီဂုတ်ကြီးရော်နယ်ဒိုဟာ ၂၁ ရာစုမှာ ဘယ်ကစားသမားမှ မလုပ်နိုင်သေးတဲ့စံချိန်မှတ်တမ်းတစ်ခုကိုရရှိဖိုနီိးစပ်လာခဲ့ပြီဖြစ်ပါတယ် ။ ပေါ်တူဂီဟာ ဒီနေ့မနက်အစောပိုင်းက ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် အိုင်ယာလန်နဲ့ ကစားခဲ့ပါတယ် ။ ဒီပွဲမှာ ရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းထဲမှပါဝင်လာခဲ့ပြီး အသက်အရွယ်နဲ့မလိုက်အောင် ထူးရှယ်ခြေစွမ်းမျိုးပြသသွားခဲ့ပါတယ် ။
ပေါ်တူဂီဟာ အိုင်ယာလန်ကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပေါ်တူဂီအတွက်သွင်းဂိုးတွေကို ဂျာအိုဖီးလစ်က ၁ ဂိုး ၊ ရော်နယ်ဒိုက ၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ် ။ ရော်နယ်ဒိုစာ ပွဲချိန် မိနစ် ၅ဝ မှာ ရူဘင်နာဗက်ရဲ့ဖန်တီးပေးမှုကနေ တစ်ဂိုး
Cesc Fàbregas threw the pizza at Sir Alex Ferguson
ဆာအဲလက်စ် ဖာဂူဆန် ခေါင်းကို ပီဇာ နဲ့ ပေါက်ခဲ့တဲ့ ဖာဘရီဂတ်စ်
=================================================
ဆာအဲလက်စ်ဖာဂူဆန် ဆိုတာ က မန်ချက်စတာယူနိုက်တက် အသင်း ကို နှစ်ပေါင်းများစွာ ကိုင်တွယ်ရင်း အင်္ဂလန် ရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့တဲ့ ဂန္ဒဝင် နည်းပြ ကြီးပါ ။ ဆာအဲလက်စ် ဟာ မန်ယူ အသင်း အတွက် ချန်ပီယံလိဂ် ၂ ကြိမ် ၊ ပရီးမီးယားလိဂ် ဖလား ၁၃ ကြိမ် ၊ FA ဖလား ၅ ကြိမ် နဲ့ အတူ ကမ္ဘာ့ကလပ် ဖလား ၊ စတဲ့ ဖလား မျိုးစုံ ကို ဆွတ်ခူးပေးထားတာ ဖြစ်ပါတယ် ။
ဒီလို ဂန္ဒဝင်နည်းပြ မျိုး ကို မန်ချက်စတာယူနိုက်တက် ဖန်တွေတင် မကပါဘူး ၊ကမ္ဘာ့ဘောလုံး လောက တခုလုံးက အသိမှတ်ပြုလေးစား ရပါတယ် ။ အင်္ဂလန် ဘုရင်မကြီး အဲလိဇဘက် ၂ ကိုယ်တိုင် တောင်မှ သူရဲကောင်း ဆာဘွဲ့ ပေး ဂုဏ်ပြုထားရတာပါ ။ ဒီလို ဒိတ်ဒိတ် နည်းပြ တဦး ကို ပီဇာ နဲ့ ပစ်ပေါက် ဖူးတဲ့ ကစားသမား တဦး ရှိပါတယ် ။
#sueprsun
Which one is harder World Cup or Euro?
မက်ဆီ လို ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ဖို့ ထက်
ရော်နယ်ဒိုလို ယူရိုဖလား ချန်ပီယံ ဖြစ်ဖို့ က
တကယ်ပဲ ပိုခက်သလား ။
====================================
သိပ်မကြာခင်မှာတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ ကြီး စတင်ကျင်းပတော့မှာ မို့ အကောင်းဆုံး ဘောလုံး ပွဲတွေ တဝ ကြီး ကြည့်ရှု့ရတော့မှာပါ ။ ယူရို ပြိုင်ပွဲ ဆိုတာက အရင်ဗီဒီယို တွေမှာ ပြောပြခဲ့ပြီး ဖြစ်သလို ဥရောပ တိုက်က အကောင်းဆုံး အမျိုးသား လက်ရွေးစင် ဘောလုံး အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ကစား ကြမှာ ဖြစ်ပါတယ် ။
အခုအခါမှာတော့ စပိန်လာလီဂါ အဖွဲ့ချုပ် ဥက္ကဌ ဂျာဗီယာ တီဘက်စ် ( Javier Tebas ) က ယူရိုပြိုင်ပွဲ ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲထက် ယှဉ်ပြိုင်ရ ပိုမို ခက်ခဲတယ် လို့ ပြောလာတာပါ ။ လာလီဂါ ဥက္ကဌ က ယူရိုပြိုင်ပွဲ ကျင်းပတဲ့ ပုံစံ ၊ ပါဝင်တဲ့ အသင်း တွေရဲ့ အနေအထား စတာ တွေ ကြောင့် ယူရိုပြိုင် ပွဲ ဟာ ကမ္ဘာ့ဖလားပွဲ ထက် ကစား ရတာ ထက် ပိုမို ခက
Top 10 Strikers to watch at Euro 2024
ယူရို ၂၀၂၄ ပြိုင်ပွဲ မှာ မဖြစ်မနေ စောင့်ကြည့်ရမယ့်
ထိပ်တန်း တိုက်စစ်မှူး ၁၀ ယောက်
=====================================
ဥရောပ ရဲ့ အကောင်းဆုံး လက်ရွေးစင် ဘောလုံး အသင်း ၂၄ သင်း ပါဝင်ယှဉ် ပြိုင်ကစားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီး ကတော့ သိပ်မကြာခင် စတင်တော့မှာပါ ။ ဒီနေ့ မှာတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ မှာ ပရိတ်သတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ထိပ်တန်း တိုက်စစ်မှူး ၁၀ ယောက်ကို ဖော်ပြ ပေးချင်ပါတယ် ။
#supersundaysports
#EURO2024
#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ
We surely don't deal with any gambling ads.
Will England win Euro 2024?
၅၈ နှစ်ကြာ နာကျင်မှုကို အဂ်လန် အဆုံးသတ်နိုင်မလား
==========================================
အဂ်လန်ကနာမည်ကြီးထမင်းငတ်ဖြစ်နေတာကြာပြီ။
၁၉၆၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ပြီးနောက်
ဆုဖလားတစ်ခုမှမရခဲ့ဘူး။
ပရီးမီးယားလိဂ်က
ကမ္ဘာ့အကျော်ကြားဆုံးလိဂ်ဖြစ်သလို၊
ဗြိတိန်မီဒီယာတွေကလည်း အဖွကောင်းလို
အဂ်လန်အသင်းက ရှိရင်းစွဲတန်ဖိုးထက်
ပိုပြီးအထင်ကြီးခံရတယ်။
ဒါပေမဲ့ အဂ်လန်ဟာ
ဇာတ်သိမ်းခန်းရောက်တိုင်း နာကျင်ရတာ
ရိုးရာလိုဖြစ်နေပါပြီ။
ပြီးခဲ့တဲ့ ယူရို ၂၀၂ဝမှာ
အဂ်လန်က ချန်ပီယံဆုနဲ့အနီးဆုံးနေရာဆီ ရောက်ခဲ့တယ်။
ဖိုင်နယ်မှာ အီတလီကို အညံ့ခံရလို အီတလီအသည်းကွဲရပြန်တယ်။
အခုလည်း ယူရို ၂၀၂၄ မှာ အဂ်လန်က
ချန်ပီယံဆုအတွက်ရေပန်းအစားဆုံးဖြစ်နေတယ်။
ချန်ပီယံဆုဖလားနဲ့ ၅၈နှစ်ကြာဝေးကွာနေတဲ့
မှတ်တမ်းဆိုးကို ဒီတစ်ကြိမ်ယူရို၂၀၂၄ မှာ ရပ်တန့်နိုင်မလား။
#supersundaysports
#england
#euro2
Sancho
ယူနိုက်တက်ရဲ့ရာသီကြိုပွဲစဥ်တွေမှာတွေကြမယ်လိုပြောတဲ့
သတင်းထောက်ကို ဘုရှိး ရှိးလိုက်တဲ့ ဆန်ချို
==============================================
အင်္ဂလန်ကြယ်ပွင့် ဆန်ချိုကတော့ ယူနိုက်တက်နဲ့ အဲရစ်တန်ဟက်ကိုတော်တော်လေး အသည်းနာနေပုံရပါတယ် ။ အသက် ၂၄ နှစ်အရွယ် ဒေါ့မွန်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလအတွင်းကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲအပြီးမှာ လေ့ကျင့်ရေးကွင်းအတွင်း သူရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နည်းပြအဲရစ်တန်ဟက်ရဲ့ ပြောကြားချက်ကို တုံပြန်ခဲ့ပြီးနောက် အသင်းကြီးနဲ့ လေ့ကျင့်ရေးဆင်းခွင့်ပိတ်ပင်ခံရတာဖြစ်ပါတယ် ။
အဲဒီအချိန်တုန်းကဆန်ချိုက ဆိုရှယ်မီဒီယာကနေတဆင့် “ဖတ်မိသမျှကို မယုံကြပါနဲ့ ၊ လုံး၀မမှန်မကန်ပြောဆိုသူတွေကို ခွင့်မပြုပါဘူး ၊ ဒီတစ်ပတ် လေ့ကျင့်မှုမှာ ကျွန်တော်ကိုယ်တိုင်ကောင်းကောင်းလုပ်ဆောင်ခဲ့ပါတယ်”လိုပြောဆိုသွားခ
If Man City looses ....
မန်စီးတီးရှုံးရင် ဘယ်အသင်းတွေ အမြတ်ထွက်မလဲ
=======================================
မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ ချိုးဖာက်မှုနဲ့ ပရီးမီးယားလိဂ်က စွဲချက်တင်ထားတဲ့ စွဲချက် ၁၁၅ ခုကို မကြာခင် ကြားနာတော့မှာ ဖြစ်ပါတယ်။ ဒီကြားနာချက်အပြီးမှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ နာမည်ကျော် သတင်းထောက်တွေက သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။
တကယ်လို့များ မန်စီးတီး ရှုံးသွားခဲ့ရင် ဘာတွေဖြစ်မလဲ ...
ဗွီဒီယိုလေးကို အဆုံးထိကြည့်ပေးပါကြဦးဗျ
#supsrsundaysports
#mancity
#PremierLeague
#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ
We surely don't deal with any gambling ads.
Haaland learned from Ronaldo
အခုလို ထိပ်တန်း တိုက်စစ်မှူး ဖြစ်လာဖို့ စီရော်နယ်ဒို ဆီ က
ဘာတွေ လေ့လာ အတုယူခဲ့သလဲ ရိုးရိုးသားသား ပြောပြ ခဲ့တဲ့ ဟာလန်း
======================================
မန်စီးတီး အသင်း က အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး ဟာလန်း ကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တဦး ဆိုတာ ခြွင်းချက် မရှိ လက်ခံရပါလိမ့်မယ် ။ ဟာလန်း ဟာ နည်းပြ ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းကို စရောက်တဲ့ ရာသီမှာတင် ဂိုးပေါင်း ၅၀ ကျော် သွင်းနိုင်ခဲ့သလို ချန်ပီယံလိဂ် ဖလား အပါအဝင် ဆုဖလား ၃ လုံး တပြိုင်တည်း ဆွတ်ခူး နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။
အခု မန်စီးတီး အသင်း နဲ့ ဒုတိယ မြောက်ရာသီမှာ လည်း ဟာလန်း တယောက် မန်စီးတီး အတွက် ၄ နှစ်ဆက် ပရီးမီးယားလိဂ် ဖလား သိမ်း ပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ရဲ့ ဂိုးသွင်းအများ ဆုံး ရွှေဖိနပ် ဆုကို ၂နှစ်ဆက် ရရှိခဲ့တာပါ ။ ဒါကြောင့် ဟာလန်း ဟာ ကမ္ဘာပေါ်မှာ ပြည့
Bukayo Saka
အင်္ဂလန်မီဒီယာတွေ ရဲ့ ထိုးနှက်တိုက်ခိုက်ခြင်းကို
ခံခဲ့ရတဲ့ ဘူကာယိုဆာကာ
=====================================
အားလုံးလဲသိကြတဲ့ အတိုင်း ယူရို၂၀၂၄ မှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်း အစား ဆုံး ဖြစ်နေတဲ့ အင်္ဂလန် အသင်း ဟာ Iceland အသင်း နဲ့ ချစ်ကြည်ရေး ခြေစမ်း ပွဲ မှာ ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ အင်္ဂလန် အသင်း ဟာ ဂိုးသမား ရမ်စဒဲ , နောက်တန်းမှာ ထရစ်ပီယာ ၊ မားဂူဟီ ၊ ဂျွန်စတုန်း ၊ ကိုင်လီ ဝေါကာ တို့ နဲ့ ပွဲ ထွက်ခဲ့တာပါ ။
ကွင်းလယ် မှာ တော့ ဒန်ကလန်ရိုက်စ် ၊ ခိုဘီမိန်နူး ၊ ဖိုဒန် ၊ တောင်ပံ ၂ ဖက် မှာတော့ ကိုးလ်ပါးမား နဲ့ အန်သိုနီဂေါ်ဒွန် ၊ အထောင်တိုက်စစ်မှာ တော့ ဟယ်ရီကိန်း က ပွဲထွက်ခဲ့တာဖြစ်ပါတယ် ။ အာဆင်နယ် တောင်ပံကစားသမား ဆာကာ ကတော့ အရံလူစရင်းမှာသာ ပါဝင်ခဲ့တာ ပါ ။
အင်္ဂလန် အသင်း က Iceland အသင်း ကို ရှုံးနိမ့်အပြီး အင်္ဂလိပ် နာမည်ကြီး သတ
Euro 2024 will be the new records for Ronaldo
ရော်နယ်ဒိုအတွက် စံချိန်များစွာနဲ့စောင့်ကြိုနေတဲ့ ယူရို ၂ဝ၂၄
=============================================
ရော်နယ်လ်ဒို မအိုသေးဘူး၊ ယူရို၂၀၂၄ ကို အားကောင်းမောင်းသန် ဆင်နွှဲချင်နေသေးတယ်။
တကယ်ဆိုရင် ယူရိုပြိုင်ပွဲက စီရော်နယ်လ်ဒိုအတွက် သိပ်ပြီးရင်ခုန်စရာမဟုတ်တော့ဘူး။
ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် (ခြေစစ်ပွဲအပါအဝင်) သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ပြီးပြီ။
၂၀၁၆ ခုနှစ်မှာ ယူရိုချန်ပီယံဆု ပိုင်ဆိုင်ပြီးပြီ။
အသက် လေးဆယ်ပြည့်တော့မယ့်ကစားသမားတစ်ယောက်အတွက်
ယူရိုပြိုင်ပွဲဟာလွှတ်ချမယ်ဆိုရင်လွှတ်ချလို့ရနေပါပြီ။
ဒါပေမဲ့ ရော်နယ်လ်ဒို မဟုတ်လား။ သူ့ရဲ့လောဘတကြီးအောင်ပွဲဆာလောင်စိတ်က
မကုန်နိုင်မခမ်းနိုင်သေးဘူး။ ဟိုတလောကဆော်ဒီဖလားဖိုင်နယ်မှာ ကလေးတစ်ယောက်လိုငိုခဲ့သေးတယ်။
မလိုသူတွေက ရော်နယ်လ်ဒိုDrama တွေခင်းပြန်ပြီဆိုပြီး ထင်
Messi talks about His secret of World Cup
ကမ္ဘာ့ဖလားဖိုင်နယ်နဲ့ပတ်သက်ပြီး
မက်ဆီရဲ့ဝန်ခံချက်တစ်ခုကြောင့်
Shock ရကုန်ကြတဲ့ဘောလုံးပရိသတ်များ
================================
အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့ အံသြသင့်စရာအကြောင်းအရာတစ်ခုကိုပြန်လည်ဖောက်သည်ချခဲ့တာကြောင့် ပရိသတ်တွေ အားလုံး Shock ရကုန်ကြပါတယ် ။
#supersudaysports
#messi
#worldcup
#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ
We surely don't deal with any gambling ads.
Messi says the Best team of the year
ယခုလက်ရှိ သူ့ရဲ့အမြင်မှာ ဘယ်အသင်းက
ကမ္ဘာ့အကောင်းဆုံး ဖြစ်နေသလဲ ဒဲ့ပြောလိုက်တဲ့ မက်ဆီ
=======================================
၂၀၂၃/၂၀၂၄ ဘောလုံး ရာသီ က ပြီးဆုံးသွားခဲ့ ပြီ ဖြစ်သလို တချို့ နာမည်ကြီး ထိပ်သီး အသင်းတွေ ကလဲ ဆုဖလား ကိုယ်စီ ရရှိခဲ့ကြတာပါ ။ တချို့ အသင်းတွေ က လည်း ဆုဖလား လက်မဲ့ရာသီ နဲ့ ပြီးဆုံး ခဲ့ရပါတယ် ။ အခု အခါမှာတော့ ကမ္ဘာ့ အကောင်းဆုံး ဘာလွန်းဒီအော့ ရွှေဘောလုံး ဆု ၈ လုံး ပိုင်ရှင် လီယွန်နယ်မက်ဆီ က သူ့ရဲ့ အမြင်အရ ယခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းကို ပြောပြလာခဲ့ပါတယ် ။
အာဂျင်တီးနား အသင်း နဲ့ အတူ အမေရိကန် ကို ကိုပါအမေရိက ဖလား ကစားဖို့ ရောက်ရှိနေတဲ့ လီယွန်နယ် မက်ဆီ က အာဂျင်တီးနား မီဒီယာ Infobae နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူး မှာ
“ ယခုလက်ရှိကမ္ဘာ့အကောင်းဆုံး အသင်းကို ပြောရမယ်ဆိုရင်တော့ ရီးရဲမက်ဒရစ် ပဲပေါ့ ။ သူတို့ က ချန်ပီယံလိဂ် ရထားတာလ
Jose Mourinho makes surprising prediction for Euro 2024
လာမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲ မှာ ဘယ် အသင်း
ချန်ပီယံ ဖြစ်မလဲ ဒဲ့ခန့်မှန်းလိုက်တဲ့ မော်ရင်ညို
===============================
ယခုလတ်တလော မှာ တူရကီ ကလပ် ဖီနာဘာချီ အသင်း ရဲ့ နည်းပြ ဖြစ်လာသူ စပယ်ရှယ်ဝမ်း မော်ရင်ညို က ယူရို ၂၀၂၄မှာ ခရစ္စတီယာနိုရော်နယ်ဒို ဦးဆောင် တဲ့ ပေါ်တူဂီ အသင်း က ချန်ပီယံ ဖြစ်သွား မယ်လို့ ယုံကြည်နေတာပါ ။
ဒါပေမဲ့ လည်း ပေါ်တူဂီ အသင်း ရဲ့ ချန်ပီယံ အိမ်မက် ကို နောက်ထပ် အသင်း ကြီး ၃သင်းက စိန်ခေါ်နိုင်လိမ့်မယ်လို့ မော်ရင်ညို က ယူဆ ပါတယ်။ မော်ရင်ညို က Goal သတင်း ဌာန နဲ့ လုပ်တဲ့ အင်တာဗျူး မှာ ပေါ်တူဂီ အသင်း ချန်ပီယံ ဖြစ်ဖို့ ဘယ်လောက် ယုံကြည်မှု့ ရှိသလဲ ဆိုတာ ကို အခုလိုပဲ ပြောပြခဲ့တာပါ ။
“ အခုလက်ရှိ ပေါ်တူဂီ အသင်း ရဲ့ ကစားသမား အင်အား နဲ့ ခြေစွမ်း က သမိုင်း တလျောက် မှာ အကောင်းဆုံး အနေထား မှာ ရှိပါတယ် ။ ကျွန်တော် ဒီလို ပြောတာက အရင်ခေတ်အဆက်ဆ
Julian Alvarez to Chelsea?
မန်စီးတီးကြယ်ပွင့် ဂျုလီယန် အဲဗာရက်ဇ်က
တကယ်ပဲ ချဲလ်ဆီးကိုရောက်ရှိတော့မှာလား
====================================
ဒီသတင်းဟာ ပြီးခဲ့တဲ့နေ့က မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး နည်းပြ အန်ဇို မာရက်စ်ကာ ရောက်ရှိလာခြင်းရဲ့ နောက်ကွယ်မှာ ချဲလ်ဆီး အသင်းဟာ မန်စီးတီးနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းက ကစားသမားတွေနဲ့ သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေခဲ့တာလည်း ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ချဲလ်ဆီး အသင်းဟာ မန်စီးတီး အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ တိုဆင် အဒါရာ ဘီအိုယိုဆိုတဲ့ လူငယ် နောက်ခံ ကစားသမား တစ်ယောက်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့အတူ ခေါ်ယူထားခဲ့တာဖြစ်ပြီး ဆေးစစ်မှူ ကိစ္စဝိစ္စတွေလည်း ပြုလုပ်ထားခဲ့ပြီး ဖြစ်တယ်လို သိရပါတယ် ။
အဲဒီနောက်ပိုင်း ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ချဲလ်ဆီး အသင်းကို ရောက်ရှိလာခဲ့တဲ့