Sports A2Z

Sports A2Z နောက်ဆုံးရ ဘောလုံးသတင်းများနဲ့ သုံးသပ်ချက်များ တင်ဆက်မှု
(16)

ကွင်းတွင်းလဲကျပြီးနောက် ၂၇ နှစ်အရွယ်နဲ့ ဆုံးပါးသွားပြီဖြစ်တဲ့ ဥရုဂွေးနောက်ခံလူဥရုဂွေးဘောလုံးသမား ဂျူအန် အစ်ဇ်ကွီယာဒိုဟာ ...
28/08/2024

ကွင်းတွင်းလဲကျပြီးနောက် ၂၇ နှစ်အရွယ်နဲ့ ဆုံးပါးသွားပြီဖြစ်တဲ့ ဥရုဂွေးနောက်ခံလူ

ဥရုဂွေးဘောလုံးသမား ဂျူအန် အစ်ဇ်ကွီယာဒိုဟာ ကွင်းအတွင်းမှာ ပွဲကစားနေချိန်အတွင်း လဲကျခဲ့ပြီးနောက် ၅ ရက်အကြာမှာပဲ ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဥရုဂွေးကလပ် နေစီယွန်နယ်အသင်းရဲ့ နောက်ခံကစားသမားဖြစ်တဲ့ အစ်ဇ်ကွီယာဒိုဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆော်ပေါ်လိုနဲ့ ကစားခဲ့တဲ့ ကိုပါလီဘာတေးဒိုးစ်ဖလားပွဲစဉ်အတွင်း ကွင်းထဲမှာ ရုတ်တရက် လဲကျသွားခဲ့ပြီးနောက် ဆေးရုံကို ပို့ဆောင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အစ်ဇ်ကွီယာဒိုက ပထမပိုင်းအပြီး ဆီဘက်ရှန် ကုတ်စ်နေရာမှာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၈၄ မိနစ်မှာ ဘယ်ကစားသမားနဲ့မှ ထိခိုက်မိခြင်းမရှိဘဲ ရုတ်တရက်လဲကျသွားပြီးကတည်းက သတိမလည်တော့တာဖြစ်ပါတယ်။

နှစ်သင်းစလုံးက ကစားသမားတွေဟာ စိတ်ထိခိုက်ကြေကွဲဖွယ် မြင်ကွင်းကြောင့် မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ကြပြီး ဆေးဝန်ထမ်းတွေက ကွင်းထဲ အလျင်အမြန် ပြေးဝင်လာပြီး အရေးပေါ်ကုသမှုတွေ ပြုလုပ်ပြီးနောက် လူနာတင်ယာဉ်နဲ့ ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

ဆော်ပေါ်လိုက အဲလ်ဘတ် အိုင်းစတိုင်း ဆေးရုံရဲ့ အင်္ဂါနေ့ညက ထုတ်ပြန်ကြေညာချက်ထဲမှာ နေစီယွန်နယ် နောက်ခံကစားသမားဟာ နှလုံးခုန်မမှန်တဲ့ နှလုံးရောဂါပြဿနာကြောင့် နှလုံးရပ်ပြီး ကွယ်လွန်သွားကြောင်း ဖော်ပြထားပါတယ်။

အစ်ဇ်ကွီယာဒိုဟာ အသက် ၂၇ နှစ်အရွယ်သာ ရှိသေးတဲ့ ကစားသမားဖြစ်ပြီး ကွယ်လွန်ချိန်မှာ ဇနီးနဲ့ သားသမီ ၂ ဦးကျန်ရစ်ခဲ့ပြီး အငယ်ဆုံး သားယောင်္ကျားလေးဟာ ဒီလအစောပိုင်းကမှ မွေးဖွားခဲ့တာဖြစ်ပါတယ်။

BREAKINGNEWS!!!မီခေးလ် မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၇.၄ သန်းနဲ့ တရားဝင် စာချုပ် ချုပ်ဆိုနိုင...
27/08/2024

BREAKINGNEWS!!!
မီခေးလ် မယ်ရီနိုဟာ အာဆင်နယ်အသင်းနဲ့ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၂၇.၄ သန်းနဲ့ တရားဝင် စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပြီး တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က မယ်ရီနိုကို ခေါင်းဆောင်အစစ်အမှန်တစ်ဦးအဖြစ် ရှုမြင်ထားပြီး ကာလာဖီအိုရီနဲ့အတူ အသင်းရဲ့ ကွင်းဘယ်ခြမ်းကို အင်အားတောင့်တင်းအောင် ပြုလုပ်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မယ်ရီနိုဟာ လိုအပ်မယ်ဆိုရင် ခံစစ်ထိပါ ဆင်းကစားပေးနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

Premier League Matchday 2 Perditions: -သရဲနီတွေကို ပေါလ် မာဆန်နည်းတူ လျှော့တွက်ထားတဲ့ ဆပ်တန်၊-ပြီးခဲ့တဲ့ရာသီ အာဆင်နယ်ကို...
23/08/2024

Premier League Matchday 2 Perditions:
-သရဲနီတွေကို ပေါလ် မာဆန်နည်းတူ လျှော့တွက်ထားတဲ့ ဆပ်တန်၊
-ပြီးခဲ့တဲ့ရာသီ အာဆင်နယ်ကို ၂ ကျော့စလုံး အနိုင်ယူခဲ့တဲ့ အူနိုင်းရဲ့ ဗီလာကို ဂန်းနားတွေ အနိုင်ယူနိုင်မှာလား
-ဝုလ်ဗ်စ်ကို အနိုင်ယူပြီး ချဲလ်ဆီးတို့ နိုင်ပွဲ စရနိုင်ပါ့မလား
-အစ်ပ်ဆွစ်ချ်နဲ့ပွဲမှာ လုပ်နေကျပုံစံအတိုင်း လုပ်သွားမယ့် မန်စီးတီး...စတဲ့ ပွဲကြီးပွဲကောင်းတွေအပါအဝင် ပွဲစဉ် ၂ အတွက် ဟောကိန်းထုတ်ခဲ့တဲ့ ဆပ်တန်

ကျွန်တော်တို့ရဲ့ YouTube Channel https://www.youtube.com/ ကိုလည်း subscribe လုပ်ပေးထားကြပါဦး။ ကျေးဇူးအထူးတင်ရှိပါတယ်။ 🙂



https://youtu.be/N3BhKjiFDNU

Premier League Matchday 2 Perditions: -သရဲနီတွေကို ပေါလ် မာဆန်နည်းတူ လျှော့တွက်ထားတဲ့ ဆပ်တန်၊-ပြီးခဲ့တဲ့ရာသီ အာဆင်နယ်ကို ၂ ကျော့စလု....

ဆိုရှယ် King ဆိုတာ ဒါမျိုးကိုခေါ်တာ။  ခရစ္စတီယာနို ရော်နယ်လ်ဒို Youtube က Subscribers 10 သန်းကျော်ကို  ၁၂ နာရီမတိုင်ရတာတ...
22/08/2024

ဆိုရှယ် King ဆိုတာ ဒါမျိုးကိုခေါ်တာ။ ခရစ္စတီယာနို ရော်နယ်လ်ဒို Youtube က Subscribers 10 သန်းကျော်ကို ၁၂ နာရီမတိုင်ရတာတော့ ကြမ်းလွန်းပါတယ်။

👑🐐 "အားကစားလောကရဲ့ ပြိုင်ဘက်ကင်း ဆိုရှယ်မီဒီယာဘုရင်ဆိုတာ ထပ်မံပြသလိုက်ပြီး Fastest to ever YouTuber ဖြစ်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒို"

ဘောလုံးလောကရဲ့ G.O.A.T တစ်ပါးဖြစ်တဲ့ ခရစ္စတီယာနိုင် ရော်နယ်လ်ဒိုဟာ သူရဲ့ ကိုယ်ပိုင် Youyube channel "UR · Cristiano" ကို ဖွင့်လိုက်ပြီး လွန်ခဲ့တဲ့ ၁၂ နာရီက "When I met the most famous Cristiano" ဆိုတဲ့ ပထမဆုံး ဗီဒီယိုကို တင်ခဲ့ပါတယ်။ ဒီဗီယိုဟာ ယခုပို့စ်ကို တင်ချိန်အထိ ကြည့်ရှုသူ ၅.၃ သန်းရှိခဲ့ပါတယ်။

Youtube ကို စတင်အသုံးပြီုပြီး မိနစ် ၉၀ အတွင်း subscribers ၁ သန်းရရှိခဲ့တဲ့သလို subscribers 10 သန်းကျော်ကို ၁၂ နာရီမတိုင်ခင် ရရှိခဲ့သည့်အတွက် YouTube channel များထဲမှာ အချိန်တိုအတွင်း subscribers ရရှိခဲ့သူဖြစ်ပါတယ်။

YouTube က ပေးအပ်တဲ့ Golden Button ဆုကိုလည်း ရရှိခဲ့ပြီဖြစ်တယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ subscribers ဘယ်လောက်ထိရှိလာမလဲ အများဆုံး YouTubers ထဲက ဘယ်သူတွေကို ကျော်ဖြတ်သွားနိုင်မလဲ စိတ်ဝင်တစား စောင့်ကြည့်စရာ ဖြစ်လာနေပြီး ဆက်လက်စောင့်ကြည့်ကြရအောင်ဗျာ....

လိုက်လံတုပထားတဲ့ YouTube Channel များစွာရှိနေသည့်အတွက် CR7 ရဲ့ YouTube Channel အစစ်အမှန်ကို subscribe လုပ်လိုသူများအတွက် လင့်ခ်လေးပါ တင်ပေးလိုက်ပါတယ်။

https://www.youtube.com//videos



🏅PFA Players’ Player of the Year 2024 ဆု ..ဖိုဒန် 🎉👏👏👏
21/08/2024

🏅PFA Players’ Player of the Year 2024 ဆု ..ဖိုဒန် 🎉👏👏👏

🏅PFA Young Player of the Year 2024 ဆု..ပါလ်မာ 🎉👏👏👏
21/08/2024

🏅PFA Young Player of the Year 2024 ဆု..ပါလ်မာ 🎉👏👏👏

"PFA Premier League Team of the Year 2024" 👏👏👏
21/08/2024

"PFA Premier League Team of the Year 2024" 👏👏👏

အာလင်း ဟာလန်းကတော့ ပွဲပြီးအင်တာဗျူးမှာ ချဲလ်ဆီးကစားသမားတွေကို ဒဲ့ကစ်သွားပါတယ် 😟
19/08/2024

အာလင်း ဟာလန်းကတော့ ပွဲပြီးအင်တာဗျူးမှာ ချဲလ်ဆီးကစားသမားတွေကို ဒဲ့ကစ်သွားပါတယ် 😟

"ပွဲပြီးအင်တာဗျူးမှာ ချဲလ်ဆီးကစားသမားအချို့ကို အရှက်ရစေတဲ့အထိ ဝေဖန်လိုက်တဲ့ ဟာလန်း"

"ကူကူရယ်လာက တကယ်ကို ရယ်စရာကောင်းတဲ့သူပါ။ ပြီးခဲ့တဲ့ ရာသီကသူ ကျွန်တော့်ရဲ့ ဂျာစီကိုတောင်းခဲ့ပြီး ဒီနွေရာသီမှာတော့ ကျွန်တော့်အကြောင်း သီချင်းတစ်ပုဒ် လုပ်ဆိုခဲ့ပြန်ပါတယ်။"

" အန်ဇိုကြတော့ ကျွန်တော်ကို တစ်ပွဲလုံး လိုက်နင်းခဲ့တယ်။ တွန်းခဲ့တာတွေကို လုပ်ခဲ့တယ်။ သူတင်လားဆိုတော့ ချဲလ်ဆီးတစ်သင်းလုံး အဲလို လုပ်ချင်ကြတာပါ။ သူတို့ ဘာဖြစ်ချင်နေမှန်းတော့မသိဘူး။ သူတို့ ဒါတွေပဲ လုပ်တတ်တာလဲ ဖြစ်နိုင်ပါတယ်" လို့ ချဲလ်ဆီးအသင်းကို အနိုင်ဂိုး သွင်းယူခဲ့တဲ့ မန်စီးတီး တိုက်စစ်မှူး ဟာလန်းက ပွဲပြီးအင်တာဗျူးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။



[ချဲလ်ဆီး 🔵၀-၂Ⓜ️ မန်စီးတီး ပွဲပြီးသုံးသပ်ချက်] ထီပေါက်သလို လူတွေ မဟားဒယားဝယ်ထားတဲ့ ချဲလ်ဆီးကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကြ...
18/08/2024

[ချဲလ်ဆီး 🔵၀-၂Ⓜ️ မန်စီးတီး ပွဲပြီးသုံးသပ်ချက်] ထီပေါက်သလို လူတွေ မဟားဒယားဝယ်ထားတဲ့ ချဲလ်ဆီးကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကြောင်ကကြွက်ကို ကစားသလို ကစားပြီး ချန်ပီယံ​ခြေစွမ်းကို ပြခဲ့တဲ့ မန်စီးတီး

ကျွန်တော်တို့ရဲ့ YouTube Channel လေးမှာတင်ဆက်ထားတဲ့ [Arsenal 2-0 Wolves ပွဲမှ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက် ၆ ချက်] ဗီဒီ...
18/08/2024

ကျွန်တော်တို့ရဲ့ YouTube Channel လေးမှာတင်ဆက်ထားတဲ့ [Arsenal 2-0 Wolves ပွဲမှ မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက် ၆ ချက်] ဗီဒီယိုလေးကို အားပေးပေးကြပါဦးခင်ဗျာ...

ကျွန်တော်တို့ရဲ့ YouTube Channel https://www.youtube.com/ ကိုလည်း subscribe လုပ်ပေးထားကြပါဦး။ ကျေးဇူးအထူးတင်ရှိပါတယ်။ 🙂

-ဖင်နှိုက်လည်ပင်းညှစ်တာကို မသိချင်ယောင်ဆောင်ပြီး ဂန်းနားတွေကို ဒီရာသီမှာလည်း ထပ်ညစ်ပတ်ဦးမယ့်ဒိုင်လူကြီးများ၊
-မက်ဆီလို စွမ်းရည်တွေရှိနေပေမယ့် ဆာလားအဖြစ်တော့ ပြောင်းလဲဖို့လိုနေသေးတဲ့ ဆာကာ
-ဒီကလန်ရိုက်နဲ့ ဟာဗတ်ဇ်တို့ရဲ့ ကြီးမားတဲ့ ပြောင်းလဲမှု စတဲ့အချက်တွေအပါအဝင် ဂန်းနားတွေရဲ့ ရာသီအဖွင့်နိုင်ပွဲကနေ မှတ်မှတ်ရရ ပြန်ပြောချင်စရာအချက်များ..

https://youtu.be/GoQqSsf4858?si=py4x9cspmCnZ_qHQ

Arsenal 2-0 Wolves Talking Points & Review: -ဖင်နှိုက်လည်ပင်းညှစ်တာကို မသိချင်ယောင်ဆောင်ပြီး ဂန်းနားတွေကို ဒီရာသီမှာလည်း ထပ်ညစ်ပတ်ဦး.....

[အစ်ပ်ဆွစ်ချ် ၀-၂ လီဗာပူးလ် ပွဲပြီးသုံးသပ်ချက်]ကြီးမားတဲ့ အရည်အသွေးပိုင်း ကွာဟမှုကြောင့် အစကောင်းခဲ့တဲ့ အိမ်ရှင်တွေကို ဒ...
17/08/2024

[အစ်ပ်ဆွစ်ချ် ၀-၂ လီဗာပူးလ် ပွဲပြီးသုံးသပ်ချက်]ကြီးမားတဲ့ အရည်အသွေးပိုင်း ကွာဟမှုကြောင့် အစကောင်းခဲ့တဲ့ အိမ်ရှင်တွေကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ယူပြီး ဇယားထိပ်ဦးဆောင်လိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ စနေနေ့အစောဆုံးပွဲစဉ်အဖြစ် ချန်ပီယံရှစ်ကနေ တန်းတက်လာခဲ့တဲ့အစ်ပ်ဆွစ်ချ်တောင်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး မိုဟာမက်ဆာလားနဲ့ ဂျိုတာတို့ရဲ့ သွင်းဂိုးတွေက အနိုင်ရဖို့ လုံလောက်ခဲ့တာဖြစ်ပါတယ်။

အန်း ဆလော့ဟာ ပို့တ်မန်းရုဒ်မှာ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုး အယ်လစ်ဆန်၊ ခံစစ်မှာ အာနိုး၊ ကွမ်ဆာ၊ ဗန်ဒိုက်၊ ရောဘတ်ဆန်၊ ကွင်းလယ်မှာ မက္ကယ်လစ္စတာ၊ ဂရာဗင်ဘာ့ချ်၊ ဆဘိုဆလိုင်း၊ တိုက်စစ်မှာ ဆာလား၊ ဒီယက်ဇ်နဲ့ ဂျိုတာတို့ကို ၄-၂-၃-၁ ကစားကွက်နဲ့ ပွဲထုတ်ခဲ့ပါတယ်။

အိမ်ရှင် အစ်ပ်ဆွစ်ချ်တောင်းဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်ကစားရတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ အထင်ကြီးဖွယ် ကစားပုံအချို့ ပြသနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အရည်အသွေးပိုင်း အလွန်အမင်း ကွာဟမှုကြောင့် အန်း ဆလော့ရဲ့အသင်းကို ဒူးထောက်လိုက်ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အနိုင်ဂိုးတွေကို ဆက်တိုက် ဆိုသလို သွင်းယူသွားခဲ့တာဖြစ်ပြီး ဂျိုတာက ပွဲကစားချိန် မိနစ် ၆၀ မှာ အနီးကပ်ပိတ်သွင်းယူမှုနဲ့ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တဲ့ မိုဟာမက် ဆာလားက ၆၅ မိနစ်မှာ ကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အန်းဆလော့ရဲ့အသင်းဟာ ၂ ဂိုးသွင်းပြီးနောက်ပိုင်းမှာ ဘယ်လိုမှ ခြေမချော်နိုင်တဲ့ လက္ခဏာမျိုး ပြသခဲ့ပါတယ်။

ဂျိုတာက လီဗာပူးလ်အသင်း ဦးဆောင်ဂိုး မသွင်းယူနိုင်ခင်မှာ ရွှေရောင်အခွင့်အရေးကို ဖြုန်းတီးပစ်ခဲ့ပြီး ပထမပိုင်း ပွဲကစားချိန်အများစုမှာတော့ အိမ်ရှင် အစ်ပ်ဆွစ်ချ်က ပိုမိုကောင်းမွန်တဲ့ကစားပုံမျိုး ပြသနိုင်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက် နောက်ဆုံးမှာ ကီရန် မက်ကန်နာရဲ့အသင်းက လီဗာပူးလ်ရဲ့ အလဲထိုးခြင်းခံခဲ့ရတာဖြစ်ပြီး စနေနေ့ညနေပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ မိုဟာမက် ဆာလားဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ သွင်းဂိုး ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီဖြစ်တာကြောင့် အင်္ဂလန်ထိပ်တန်းပြိုင်ပွဲမှာ စံချိန်မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဆာလားရဲ့ သွင်းဂိုးဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၃၅၀ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃၀၀ မြောက် တိုက်ရိုက်ပါဝင်ပတ်သက်မှုလည်း ဖြစ်လာခဲ့ပြီး လီဗာပူးလ်ဟာ ရာသီကြိုကတည်းက ရှုံးပွဲမရှိဘဲ နိုင်ပွဲတွေရယူနိုင်ခဲ့တဲ့ အရှိန်အဟုန်အတိုင်း ဆက်လက် ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီနေ့ပွဲစဉ်မှာ ၂ ဂိုးပြတ်အနိုင်ရရှိခဲ့တာကြောင့် သောကြာနေ့ညမှာ ရာသီအဖွင့်ပထမဆုံးပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ ကစားခဲ့ရာမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ထက် ဂိုးကွာခြားချက်အသာနဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အစ်ပ်ဆွစ်ချ်တောင်းနဲ့ပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု ၁၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာကြောင့် မျှော်မှန်းသွင်းဂိုးကလည်း ၂.၇၂ ဂိုးအထိ ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အန်း ဆလော့ရဲ့အသင်းက အပိုင်ဂိုးသွင်းခွင့်အများအပြားကို ဖြုန်းတီးပစ်ခဲ့ပြီး ကြီးမားတဲ့ အခွင့်အရေး ၆ ကြိမ်အထိ ရရှိခဲ့ရာမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့တာပါ။ ဒါက တန်းတက်အသင်းလေးနဲ့ပွဲစဉ်မှာ မသိသာပေမယ့်လည်း အဓိကဆုဖလားပြိုင်ဘက်တွေနဲ့ ရင်ဆိုင်တဲ့ပွဲစဉ်မှာဆိုရင်တော့ ကောင်းကောင်း ဒုက္ခရောက်သွားနိုင်တဲ့ လွဲချော်မှုတွေ ဖြစ်လာနိုင်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီရဲ့ ပထမဆုံး အနိုင် ၃ မှတ်ကို ရယူနိုင်ခဲ့ပြီးနောက် လာမယ့် အပတ် တနင်္ဂနွေနေ့မှာ ဘရန့်တ်ဖို့ဒ်အသင်းနဲ့ ဩဂုတ်လအတွင်း နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ကွင်းအန်းဖီးမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အဲဒီပွဲစဉ်အပြီးမှာတော့ စက်တင်ဘာလ ၁ ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်ကိုသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အန်း ဆလော့က တန်းတက်အသင်းငယ်လေးဖြစ်တဲ့ အစ်ပ်ဆွစ်ချ်တောင်းနဲ့ပွဲစဉ်မှာ ဆီဗီလာကို ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့အပတ်က လူစာရင်းအတိုင်းပဲ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်ဘယ်နောက်ခံလူ အန်ဒီ ရောဘတ်ဆန်ဟာ ဒီနေ့ပွဲစဉ်မှာ ခံစစ်ပိုင်းမှာရော တိုက်စစ်ပိုင်းမှာပါ ထက်မြက်မှု မရှိဖြစ်နေခဲ့တာကြောင့် ဆီမီကတ်စ်နဲ့ လူစားလဲခံခဲ့ရပြီး ပထမပိုင်းတစ်ပိုင်းလုံး အစ်ပ်ဆွစ်ချ်တောင်းက ရောဘတ်ဆန်ရဲ့ တောင်ပံကနေတဆင့် ထိုးဖောက်ခဲ့ကြတာဖြစ်ပါတယ်။

ညာနောက်ခံလူ အလက်ဇန်းဒါး-အာနိုးကတော့ လီဗာပူးလ်အသင်းအတွက် နောက်ထပ်တစ်ကြိမ် စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး အသင်းအတွက် အခွင့်အရေးတွေအများအပြားလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အာနိုးဟာ ဒီယက်ဇ်အတွက် အလွန်ကောင်းမွန်တဲ့အခွင့်အရေးဖန်တီးမှုမှာ အဓိကပါဝင်ပတ်သက်ခဲ့သလို ဂျိုတာရဲ့ သွင်းဂိုးအတွက်လည်း တိုက်စစ်စတင်မှု ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ညာနောက်ခံလူရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကို ဆာလားက လက်ခံရယူပြီးနောက် အသင်းဖော် ဂျိုတာ ဂိုးသွင်းယူနိုင်အောင် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ဒုအသင်းခေါင်းဆောင်က ကလော့ပ်အလွန် အန်းဆလော့လက်ထက်မှာလည်း အရေးအပါဆုံးကစားသမားအဖြစ် ဆက်လက်ရှိနေဦးမယ်ဆိုတာ ပေါ်လွင်ခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲအတွက် ကွန်ညာပြန်ပါလာနိုင်တာက ကြီးမားတဲ့အားတက်စရာဆိုတဲ့ ဝုဗ်နည်းပြဂယ်ရီ အိုနေးလ်ရဲ့ ဝုဗ်ဟာ ဒီနေ့ည အာဆင်နယ်န...
17/08/2024

အာဆင်နယ်နဲ့ပွဲအတွက် ကွန်ညာပြန်ပါလာနိုင်တာက ကြီးမားတဲ့အားတက်စရာဆိုတဲ့ ဝုဗ်နည်းပြ

ဂယ်ရီ အိုနေးလ်ရဲ့ ဝုဗ်ဟာ ဒီနေ့ည အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင် ကြီးကြီးမားမား အားတက်စရာသတင်းတစ်ခုကို ကြားခဲ့ရပါတယ်။

ဝုဗ်ဟာ စနေနေ့ညနေမှာ အမ်းမရိတ်စ်ကို သွားရောက်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး မြောက်လန်ဒန်မှာ အံ့အားသင့်ဖွယ် ရလဒ်တစ်ခု ထွက်ပေါ်အောင် လုပ်ပြနိုင်ဖို့ မျှော်မှန်းထားပါတယ်။

ဝုဗ်ရဲ့ အရေးအပါဆုံးကစားသမားဖြစ်တဲ့ မားသီးယပ်စ် ကွန်ညာဟာ ရာသီကြိုမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသင်းပရိသတ်တွေ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ကြံ့ခိုင်မှုနောက်ဆုံးအခြေအနေကို သိရှိခဲ့ရပြီဖြစ်ပါတယ်။

အိုနေးလ်က ကွန်ညာအနေနဲ့ ဒီနေ့ညနေပွဲစဉ်အတွက် လူစာရင်းထဲမှာ ပါဝင်လာမှာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး အာဆင်နယ်က အနိုင် ၃ မှတ်ရယူသွားနိုင်မယ့်အသင်းအဖြစ် ရေပန်းအစားဆုံးအဖြစ် ရပ်တည်နေပေမယ့် ဝုဗ်အတွက်တော့ သတင်းကောင်းဖြစ်နေဆဲဖြစ်ပါတယ်။

“ကွန်ညာ အဆင်ပြေပါတယ်။ သူက ပြန်ကစားပေးနိုင်တော့မှာပါ။ သူ ပြန်ကစားနိုင်အောင် ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ပြီး အရမ်းကောင်းမွန်နေတယ်လို့ ခံစားနေရပါတယ်။ သူ ပြီးခဲ့တဲ့တစ်ပတ်လုံး အရမ်းကောင်းမွန်တဲ့ ရက်သတ္တပတ်ကို ပိုင်ဆိုင်ခဲ့ပြီး နေ့တိုင်း လေ့ကျင့်ရေးဆင်းတယ်။ သူနဲ့ပတ်သက်ပြီး စိုးရိမ်စရာမရှိတော့တာက ကျွန်တော်တို့အတွက် အားတက်စရာသတင်းကောင်းကြီးပဲ”လို့ ပြောကြားခဲ့ပါတယ်။

ချေးဝဲလ်ကို အသင်းကနေ ထွက်သွားလို့ ပြောလိုက်တဲ့ မာရက်စ်ကာချဲလ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာဟာ ချဲလ်ဆီးကြယ်ပွင့်နောက်ခံကစားသမ...
17/08/2024

ချေးဝဲလ်ကို အသင်းကနေ ထွက်သွားလို့ ပြောလိုက်တဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာဟာ ချဲလ်ဆီးကြယ်ပွင့်နောက်ခံကစားသမားနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို ပြောဆိုခဲ့ရမှာ အင်္ဂလန်နောက်ခံကစားသမားအနေနဲ့ ဒီရာသီမှာ ပွဲကစားချိန် ပိုရချင်တယ်ဆိုရင် အသင်းကနေ ထွက်သွားတာ အကောင်းဆုံးပဲ ပြောဆိုခဲ့ပါတယ်။

ချဲလ်ဆီးအသင်းအတွက် နောက်ထပ် တော်တော်လေး အလုပ်များတဲ့ အပြောင်းအရွှေ့စျေးကွက်ဖြစ်ခဲ့ပြီး လာမယ့်ရက်အနည်းငယ်အတွင်းမှာ နောက်ထပ် အပြောင်းအရွှေ့တွေ ဖြစ်လာဖို့ ရှိနေပါသေးတယ်။

ချေးဝဲလ်က ဘယ်နောက်ခံနေရာအတွက် ပွဲထွက်ခွင့်မှာ နောက်ရောက်နေခဲ့ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိနေခဲ့တဲ့ ၄ နှစ်အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာပြဿနာတွေက ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် နောက်ခံကစားသမားဟာ ၂၀၂၀ မှာ လက်စတာစီးတီးကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့်လည်း ၄ ရာသီအတွင်း ပရီးမီးယားလိဂ် ပွဲ ၇၀ သာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၁၃ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မာရက်စ်ကာ ချေးဝဲလ်ကို သဘောကျတယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း သူ့ရဲ့ ဖောင်းပွနေတဲ့ လူစာရင်းအတွက် ရပ်တည်ချက်ကို ပြောဆိုရာမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

“ချေလီက ကျွန်တော်တို့နဲ့အတူ ရှိနေပေမယ့် ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ လေ့ကျင့်ရေးမဆင်းနိုင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူ နာမကျန်းဖြစ်နေခဲ့လို့ပါ။ သူ ရာသီကြိုမှာ အင်တာနဲ့ပွဲကို မကစားခဲ့ရတဲ့အကြောင်းအရင်းက သူ ကစားတဲ့ပုံစံကို ကျွန်တော် သဘောကျတာတောင်မှပဲ သူက မှန်ကန်တဲ့နေရာကို ရှာတွေ့နိုင်ဖို့ အနည်းငယ် ရုန်းကန်ခဲ့ရတာက ပြဿနာဖြစ်နေလို့ပါ။ ဒီမနက်မှာ ကျွန်တော်တို့ လေ့ကျင့်ရေးမှာ ကစားသမား ၂၂ ဦးဆင်းခဲ့ပြီး သူတို့တွေကို ခင်ဗျားလိုက်မေးရင် အကုန်လုံးက တနင်္ဂနွေနေ့ စီးတီးနဲ့ပွဲမှာ ကစားချင်တယ်လို့ပဲ ပြောမှာပါ။ ဒါပေမယ့် ဒါက မဖြစ်နိုင်ပါဘူး။ ခင်ဗျားက နေ့တိုင်းလေ့ကျင့်ရေးဆင်းနေရင်တောင်မှ ပွဲကစားချိန်ရဘူးဆိုရင် ခင်ဗျားအတွက်လည်း မကောင်းသလို ကျွန်တော့်အတွက်လည်း မကောင်းပါဘူး။ ကျွန်တော် ဆုံးဖြတ်ချက် ချမှတ်ဖို့ လိုအပ်နေပြီး အသင်းကနေ ထွက်ပြီး ပွဲကစားချိန်ရအောင်လုပ်တာက ပိုကောင်းပါလိမ့်မယ်။ စျေးကွက်ကလည်း မပိတ်သေးဘူးဆိုတော့ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့ ကြည့်တာပေါ့”လို့ ပြောဆိုခဲ့ပါတယ်။

မက်ဂွိုင်းယားကို ဘာလို့လူစားလဲခဲ့တာလဲ ရှင်းပြခဲ့တဲ့ တန်ဟက်ဟာရီ မက်ဂွိုင်းယားဟာ သောကြာနေ့ညက ဖူလ်ဟမ်ကို ၁-၀ နဲ့ အနိုင်ရရှိ...
17/08/2024

မက်ဂွိုင်းယားကို ဘာလို့လူစားလဲခဲ့တာလဲ ရှင်းပြခဲ့တဲ့ တန်ဟက်

ဟာရီ မက်ဂွိုင်းယားဟာ သောကြာနေ့ညက ဖူလ်ဟမ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိသွားတာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရပေမယ့်လည်း တန်ဟက်ကတော့ ကြိုတင်ကာကွယ်မှုအနေနဲ့ လူစားလဲခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ ကစားသမားသစ်ဖြစ်တဲ့ ဂျိုရွှာ ဇာဇီးရဲ့ အရန်ခုံကနေ ဝင်လာပြီး သွင်းယူပေးသွားခဲ့တဲ့ နောက်ကျအနိုင်ဂိုးကြောင့် အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဇာဇီးရဲ့သွင်းဂိုးဟာ ၈၇ မိနစ်မှာ သွင်းယူသွားခဲ့တာဖြစ်ပေမယ့် မက်ဂွိုင်းယားက အဲဒီအချိန်မှာ ကွင်းထဲမရှိတော့ဘဲ အဲဒီမတိုင်ခင် ၆မိနစ်လောက်ကတည်းက ဂျွန်နီ အီဗန်စ်နဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

အင်္ဂလန်ဗဟိုခံစစ်ကစားသမားဟာ သက်တောင့်သက်သာ မရှိတဲ့ပုံစံပေါက်နေခဲ့ပြီး ကွင်းထဲကနေ ထွက်ခွာချိန်မှာလည်း ထော့နဲ့ထော့နဲ့ ဖြစ်နေခဲ့ပေမယ့်လည်း တန်ဟက်က မက်ဂွိုင်းယား ဒဏ်ရာမရခဲ့ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဒဏ်ရာမရခဲ့ပါဘူး။ ကျွန်တော် သူ့ကို ထုတ်ခဲ့ရတာက သူ့မှာ ပြဿနာရှိနေခဲ့လို့ပါ။ သူ ဒဏ်ရာမရခင်မှာ ကြိုတင်ကာကွယ်မှုလုပ်ခဲ့တဲ့သဘောပါ။ နိုင်ပွဲက အရမ်းအရေးကြီးတာအမှန်ပါပဲ။ ဒါပေမယ့် ဒီနေ့မှာ ဘာဒဏ်ရာမှ မရှိခဲ့လို့ ကျွန်တော် အရမ်းပျော်ရွှင်မိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် Vs ဖူလ်ဟမ်ပွဲကြိုသုံးသပ်ချက်မန်ချက်စတာယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ဟာ သောကြာနေ့ည မြန်မာစံတော်ချိန် စနေန...
16/08/2024

မန်ချက်စတာယူနိုက်တက် Vs ဖူလ်ဟမ်ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ဟာ သောကြာနေ့ည မြန်မာစံတော်ချိန် စနေနေ့ မနက် ၁ နာရီခွဲမှာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အဖြစ် အိုးထရက်ဖို့ဒ်မှာ တွေ့ဆုံယှဉ်ပြိုင်ကစားသွားတော့မှာပါ။

အဲရစ် တန်ဟက်ရဲ့ ကစားသမားသစ်တွေနဲ့ အသင်းသစ်ဟာ မာကို ဆေးလ်ဗားရဲ့ ဂျာအို ပယ်လ်ဟင်ညာမရှိတဲ့ အသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည့်ခံယှဉ်ပြိုင်မယ့်ပွဲက ပွဲကြီးပွဲကောင်းဖြစ်လာမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။

မန်ချက်စတာယူနိုက်တက်ဟာ ရာသီမစတင်ခင် ကွန်မြူနတီဒိုင်းလုပွဲအဖြစ်ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ဂွါဒီယိုလာရဲ့အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့မှုကြောင့် ကျားနာတစ်ကောင် ဖြစ်နေမှာ သေချာပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရာသီတုန်းက လူအင်အားချိနဲ့ပြီး ရုန်းကန်နေရတာကို အခွင့်ကောင်းယူပြီး ၂-၁ နဲ့ အနိုင်ယူခဲ့တဲ့ ဖူလ်ဟမ်ကို လှလှပပ လက်စားချေပဖို့ တေးထားမှာ သံသယဖြစ်စရာမရှိပါဘူး။

ဖူလ်ဟမ်အသင်းက သူတို့အသင်းရဲ့ အကောင်းဆုံးကစားသမားလို့ ပြောလို့ရတယ် ဂျာအို ပယ်လ်ဟင်ညာကို ဘိုင်ယန်မြူးနစ်အသင်းဆီ လက်လွှတ်ခဲ့ရပေမယ့် ဟေးအမ်း အကယ်ဒမီထွက် စမစ် ရိုးကို အာဆင်နယ်ဆီကနေ ခေါ်ယူနိုင်ခဲ့တာကြောင့် အနည်းဆုံးတော့ ၃ နှစ်ဆက်တိုက် အမှတ်ပေးဇယားအလယ်လောက်မှာ ရာသီပြီးဆုံးဖို့ မျှော်လင့်နေမှာပါ။

စမစ် ရိုးက ဟော့ဖန်ဟိမ်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို နောက်ဆုံးခြေစမ်းပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီး မာကို ဆေးလ်ဗားရဲ့အသင်းက ဒီနွေရာသီ ခြေစမ်းပွဲ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်က ဒီပွဲမှာ ဖူလ်ဟမ်ကို အလဲထိုးနိုင်လိမ့်မယ်လို့ စူပါကွန်ပျူတာက ခန့်မှန်းခဲ့ပြီး ၅၈.၅ ရာခိုင်နှုန်းအထိ အနိုင်ရနိုင်ခြေရှိတယ်လို့ ဟောကိန်းထုတ်ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက်ဟာ ၈ ရာသီဆက်တိုက် အိမ်ကွင်းမှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို လက်ခံယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမဆုံးသောအသင်းအဖြစ် မှတ်တမ်းရေးထိုးနိုင်တော့မှာဖြစ်ပြီး ဒီလို သမိုင်းဝင်ပွဲတစ်ပွဲမှာ နိုင်ပွဲမယူနိုင်ရင် သရဲနီတွေမဟုတ်တော့ဘူးလို့ ပြောရမှာပါ။

နှစ်ဖက်အသင်းသတင်းများ

ဒဏ်ရာပြဿနာတွေက ပြီးခဲ့တဲ့ရာသီတုန်းကအတိုင်းပဲ နောက်ထပ်တစ်ကြိမ် သရဲနီတွေကို ထိုးနှက်နေပြီး အထူးသဖြင့် ခံစစ်မှာ အသစ်ခေါ်ယူထားတဲ့ လီနီ ယိုရိုက ရာသီကြိုမှာရခဲ့တဲ့ ဒဏ်ရာကြောင့် ၃ လအထိ အနားယူရမှာပါ။ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ်တို့ ၂ ယောက်စလုံးကလည်း ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေပြီး ဒီလိုက်တ်နဲ့ မက်ဇရာဝီတို့ကတော့ ပွဲဦးထွက် ပါဝင်လာနိုင်ပါတယ်။ လုခ် ရှောကတော့ အင်္ဂလန်အတွက် ပါဝင်ကစားပေးရင်း ရခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီအစကို လွဲချော်မှာဖြစ်ပြီး ဇာဇီးကတော့ ပြီးခဲ့တဲ့အပတ် ဝင်ဘလေကပွဲမှာ အရန်ခုံမှာ ကျောက်ချခဲ့ရပြီးနောက် ဒီပွဲမှာ ပွဲဦးထွက်ပါဝင်လာနိုင်ပါတယ်။ တန်ဟက်က မန်စီးတီးနဲ့ပွဲမှာ ၄-၂-၂-၂ ကစားကွက်ကို သုံးခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ မေဆန် မောင့်တို့ကို ကွင်းလယ်တိုက်စစ်နေရာမှာ သုံးခဲ့ပြီး ကြံ့ခိုင်မှု မပြည့်ဝတဲ့ ဇာဇီးနဲ့ ဆန်ချိုတို့ကိုတော့ အခြားရွေးချယ်စရာအဖြစ် အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့တာပါ။

ဖူလ်ဟမ်ကတော့ ရာသီအဖွင့်ပွဲကို ကြံ့ခိုင်မှုအပြည့်အဝရှိနေတဲ့ လူစာရင်းနဲ့ ယှဉ်ပြိုင်သွားမယ်လို့ နည်းပြ မာကို ဆေးလ်ဗားက အတည်ပြုခဲ့ပြီး ဟော့ဖန်ဟိမ်းကိုအနိုင်ရခဲ့တဲ့ပွဲက လူစာရင်းအတိုင်းပဲ ပွဲထွက်ကစားသွားစေမယ်လို့ သိရပါတယ်။ ကစားသမားသစ် ဂျော့ဂျ် ကူယန်ကာက ဗဟိုခံစစ်နေရာမှာ ရွေးချယ်စရာအဖြစ်ရှိနေပြီး ရိုင်ယန် ဆီဆက်ညွန်က ဖူလ်ဟမ်အတွက် ဒုတိယမြောက်ပွဲဦးထွက်ပါဝင်ကစားပေးဖို့ အဆင်သင့်ဖြစ်နေပေမယ့် အရန်ခုံကနေ ဝင်ကစားရဖို့များပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

မန်ချက်စတာယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ဟာ ၂၀၁၀ နောက်ပိုင်း ၁၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ သရဲနီတွေက ၁၄ ပွဲနိုင် ၃ ပွဲသရေ ဖူလ်ဟမ်တို့က ၁ ပွဲသာ အနိုင်ရခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်က နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံးခဲ့ပြီး ဖူလ်ဟမ်က ၃ ပွဲနိုင် ၂ ပွဲရှုံးခဲ့ပါတယ်။
တန်ဟက်ရဲ့ အသင်းက ရာသီအဖွင့်ပွဲစဉ်မှာ နိုင်ပွဲရယူသွားနိုင်ဖို့ ရေပန်းစားနေပြီး သရဲနီတွေဟာ သောကြာနေ့မှာ ယှဉ်ပြိုင်ကစားရတဲ့ ပြိုင်ဘက်တွေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ ပွဲ တွေ့ဆုံခဲ့ရာမှာ ၂၄ ပွဲနိုင် ၆ ပွဲသရေ ၄ ပွဲသာရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီရှုံးပွဲထဲက တစ်ပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဖူလ်ဟမ်နဲ့ တွေ့ဆုံခဲ့တဲ့ပွဲမှာ အီဝိုဘီရဲ့ ၉၇ မိနစ်မှာ သွင်းယူခဲ့တဲ့ နောက်ကျအနိုင်ဂိုးကြောင့် ရှုံးနိမ့်ခဲ့တာပါ။ တကယ်တော့ ဒီ ၂ သင်းကြား နောက်ဆုံး ၄ ကြိမ်တွေ့ဆုံမှုထဲက ၃ ကြိမ်ဟာ ဧည့်သည်အသင်းက အနိုင်ရခဲ့ပြီး ပွဲကစားချိန် မိနစ် ၉၀ ပြည့်အပြီးမှာ နောက်ကျအနိုင်ဂိုးနဲ့ အနိုင်ရခဲ့ကြတာပါ။ မန်ချက်စတာယူနိုက်တက်က နောက်ကျအနိုင်ဂိုးနဲ့ ၂ ကြိမ်၊ ဖူလ်ဟမ်က ၁ ကြိမ်အနိုင်ရခဲ့တာပါ။မန်ချကစ်တာယူနိုက်တက်ဟာ လန်ဒန်အသင်းတွေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့ပြီး ဖေဖော်ဝါရီလမှာ ဖူလ်ဟမ်၊ မေလမှာ အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့တာပါ။ လန်ဒန်ကလပ်အသင်းတေါဟာ ၁၉၈၅ ဒီဇင်ဘာကနေ ၁၉၈၆ စက်တင်ဘာလအတွင်း အိုးထရက်ဖို့ဒ်ကို လာကစားခဲ့တဲ့ကာလအတွင်း ၃ ပွဲဆက်တိုက် အနိုင်ရပြီးကတည်းက ဒီနေ့အထိ နောက်ထပ် ၃ ပွဲဆက်တိုက် နိုင်ပွဲမရယူနိုင်သေးပါဘူး။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

မန်ယူနိုက်တက်-အိုနာနာ၊ ဒီလိုက်တ်၊ မာတီနက်ဇ်၊ ဒါလော့၊ မက်ဇရာဝီ၊ ကက်စမီရို၊ မိန်းနူး၊ ဂါနာချို၊ ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်၊ ဇာဇီး

ဖူလ်ဟမ်-လီနို၊ ကက်စတာညဲ၊ ဒီယော့ပ်၊ ဘက်ဆီ၊ ရော်ဘင်ဆင်၊ ရိဒ်၊ လူကစ်၊ ထရာအိုရေး၊ စမစ်ရိုး၊ အီဝိုဘီ၊ မူနစ်ဇ်

ပွဲကြိုသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက်ဟာ ရာသီအဖွင့်ပွဲစဉ်မှာ နိုင်ပွဲနဲ့ စတင်နိုင်လိမ့်မယ်လို့ အိုပီတီအေ စူပါကွန်ပျူတာက ဟောကိန်းထုတ်ထားပြီး တန်ဟက်ရဲ့အသင်းက ပွဲကြို အလိုအလျောက်ကစားစေပြီး စမ်းသပ်ခဲ့မှုမှာ ၅၈.၅ ရာခိုင်နှုန်းအထိ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဖူလ်ဟမ်ကတော့ အကြိမ်ပေါင်း ၁ သောင်း ကစားစေခဲ့တဲ့ စမ်းသပ်မှုမှာ ၅ ပုံ ၁ ပုံသာ အနိုင်ရခဲ့တာကြောင့် ၂၀.၆ ရာခိုင်နှုန်းသာ အနိုင်ရနိုင်ခြေရှိပါတယ်။ သရေပွဲဖြစ်နိုင်ခြေကတော့ ၂၀.၉ ရာခိုင်နှုန်းရှိပါတယ်။ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားသွားမယ့်ပွဲမှာ မန်ချက်စတာယူနိုက်တက်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားလိမ့်မယ်လို့ ခန့်မှန်းလိုက်ရပါတယ်။

ကျွန်တော်တို့ရဲ့ ယခင်ပြိုင်ပွဲတွေလုပ်ပေးတဲ့ ဒီ Sports A2Z page က ဇူဇူလက်ချက်နဲ့ နီထားလို့ အချိန်မရွေး ပျက်သွားနိုင်လို့ ...
15/08/2024

ကျွန်တော်တို့ရဲ့ ယခင်ပြိုင်ပွဲတွေလုပ်ပေးတဲ့ ဒီ Sports A2Z page က ဇူဇူလက်ချက်နဲ့ နီထားလို့ အချိန်မရွေး ပျက်သွားနိုင်လို့ ပေ့ချ်အသစ်မှာပဲ ယခုရာသီ Fantasy Premier League ပြိုင်ပွဲကို ပြုလုပ်ပေးထားပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်အားပေးပေးကြပါဦးခင်ဗျာ

💥စတုတ္ထအကြိမ်မြောက် Sports A2Z - 2024-25 Fantasy Premier League ပြိုင်ပွဲ💥

2024-25 Fantasy Premier League ရာသီအတွက် ကျနော်တို့ Sports A2Z က ပြိုင်ပွဲလေးကို စတုတ္ထအကြိမ်မြောက်ဆက်ပြီး ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။
🏆 ပြိုင်ပွဲ ဆုကြေး
🥇 ပထမဆု ဆုကြေးငွေ - ၉ သောင်းကျပ်
🥈 ဒုတိယဆု ဆုကြေးငွေ - ၇ သောင်းကျပ်
🥉 တတိယဆု ဆုကြေးငွေ - ၅ သောင်းကျပ်
🏅 ရာသီဝက် ပွဲစဉ် ၁၉ အပြီးအတွက်တော့ ပထမနေရာ ရရှိသူအား ရာသီဝက်ချန်ပီယံအဖြစ် ဆုကြေးငွေ ၅ သောင်းကျပ် ချီးမြှင့်ပေးမှာ ဖြစ်ပါတယ်။ ရမှတ်တူခဲ့လျှင် ခွဲဝေပေးပါ့မယ်။

⚠️စည်းကမ်းချက်
ပြိုင်ပွဲဝင် စည်းကမ်းကတော့ များများစားစား မဟုတ်ပါဘူး။
1- up to date အားကစားသတင်း ဆောင်းပါးတွေ ရေးတင်ပေးနေတဲ့ https://www.facebook.com/SportsA2zMyanmar
Sports A2Z Myanmar Page လေးကို like, share and See First လုပ်ပြီး .
2- အခုပို့စ်လေးကို ဘောလုံးဂရုတစ်ခုခုထဲမှ (သို့မဟုတ်) မိမိ ဖေ့ဘုတ်ပေါ်မှာ Public ဖြင့်Share ပေးပြီး screenshot ကို အခုပို့ရဲ့ comment မှာ Manager name နဲ့အတူ တင်ပေးရင် ရပါပြီ။
(ကျွန်တော်တို့ရဲ့ ယခင်ပြိုင်ပွဲတွေလုပ်ပေးတဲ့ Sports A2Z page က ဇူဇူလက်ချက်နဲ့ နီထားလို့ အချိန်မရွေး ပျက်သွားနိုင်လို့ ပေ့ချ်အသစ်ကို like, share and comment လုပ်ပေးဖို့ တောင်းဆိုရတာပါ)

*** ပြိုင်ပွဲဝင်ခွင့်ကို ပရီမီးယားလိဂ် ပွဲစဉ် ၃ စတင်တာနဲ့ ပိတ်မှာဖြစ်ပါတယ်။
အားလုံး ဝင်ပြိုင်နိုင်အောင် အခုပို့စ်လေးကို Public နဲ့ Share ပေးကြပါဦး ခင်ဗျာ...
📌 League Codes
✅ Sports A2Z FPL Classic League Join code ကတော့ ry6wos ဖြစ်ပါတယ်။
😍 ကျွန်တော်တို့ Sports A2Z Group ကို အားပေးဖတ်ရှုတဲ့ ပရိသတ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Sports A2Z Myanmar

အိုဆီမန်ကို ခေါ်နိုင်ဖို့ ကျိန်းသေလာပြီဖြစ်တဲ့ ချဲလ်ဆီးချဲလ်ဆီးအသင်းဟာ ဗစ်တာ အိုဆီမန်အတွက် ကမ်းလှမ်းမှုမှာ လူကာကူအပြင် န...
15/08/2024

အိုဆီမန်ကို ခေါ်နိုင်ဖို့ ကျိန်းသေလာပြီဖြစ်တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းဟာ ဗစ်တာ အိုဆီမန်အတွက် ကမ်းလှမ်းမှုမှာ လူကာကူအပြင် နောက်ထပ်ကြယ်ပွင့်ကစားသမားတစ်ဦးကို ထည့်သွင်းကမ်းလှမ်းခဲ့တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ပိုနီးစပ်လာပြီလို့ ယုံကြည်နေပါတယ်။

အိုဆီမန်ဟာ ဒီနွေရာသီမှာ နာပိုလီအသင်းကနေ ထွက်ခွာခွင့်တောင်းဆိုထားသူဖြစ်ပြီး ချဲလ်ဆီးက နိုင်ဂျီးရီးယား တိုက်စစ်မှူးကို ခေါ်ယူမယ့် ပြိုင်ပွဲထဲမှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။အနောက်လန်ဒန်အသင်းဟာ ဒီနွေရာသီမှာ ကျောနံပါတ် ၉ ကစားသမားခေါ်ယူချင်နေတာဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်တိုက်စစ်မှူး ဆမူ အိုမိုရိုဒီယွန်ရဲ့အပြောင်းအရွှေ့ ပျက်ပြယ်သွားပြီးနောက် နာပိုလီကြယ်ပွင့်က နောက်ထပ်တစ်ကြိမ် ထိပ်တန်းပစ်မှတ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်း အန်တိုနီယို ကွန်တီဟာ လူကာကူနဲ့ ပြန်လည်ဆုံစည်းချင်နေတာကြောင့် နိုင်ဂျီးယားကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် နာပိုလီနဲ့ ဆွေးနွေးခဲ့တဲ့အချိန်မှာ ချဲလ်ဆီးက အလိုက်အဖြစ် ထည့်သွင်းကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ The Sun ရဲ့သတင်းအရ ချဲလ်ဆီးဟာ လူကာကူအပြင် ကွင်းလယ်တိုက်စစ်ကစားသမား ကာဆာဒေးကိုပါ အလိုက်အဖြစ် ထည့်သွင်းကမ်းလှမ်းခဲ့တာကြောင့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး နာပိုလီက ကစားသမား ၂ ဦးနဲ့ ငွေသား ပေါင် ၃၉ သန်းဆိုရင် သဘောတူညီသွားမယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ကာဆာဒေးကို ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက အင်တာမီလန်ကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ လက်စတာစီးတီးကို မပြောင်းရွှေ့ခင် ရက်ဒင်းမှာ ရာသီဝက် အငှားစာချုပ်နဲ့ သွားကစားခဲ့ပြီး ဇန်နဝါရီလမှာ ချဲလ်ဆီးက ပြန်လည်ခေါ်ယူခဲ့တာဖ

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမိုင်း ယာမယ်ရဲ့ ဖခင်ဟာ ဗုဒ္ဓဟူးနေ့ညနေက ဘာစီလိုနာမြို့မှာ ဓားထိုးခံခဲ့ရပါတယ်။မျက်မြင်သက်သ...
15/08/2024

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လမိုင်း ယာမယ်ရဲ့ ဖခင်ဟာ ဗုဒ္ဓဟူးနေ့ညနေက ဘာစီလိုနာမြို့မှာ ဓားထိုးခံခဲ့ရပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောစကားအရ လမိုင်း ယာမယ်ရဲ့ဖခင် မူနီရာ နက်စရာဝီဟာ ခွေးကျောင်းထွက်ချိန် အမျိုးသားအုပ်စုတစ်ခုရဲ့ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံခဲ့ရချိန်အတွင်း ဓားနဲ့အထိုးခံခဲ့ရတာပါ။

နက်စရာဝီဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံကို ပို့ဆောင်ခြင်းခံခဲ့ရပေမယ့် တည်ငြိမ်တဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။

Address

Singapore
640725

Alerts

Be the first to know and let us send you an email when Sports A2Z posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other News & Media Websites in Singapore

Show All