Lora7

Lora7 One day, I wanna live at countryside

06/03/2024

ယာတောထဲက ကောင်းမလေး😍😍😍
#ကျေးလက်ဘဝ

မင်္ဂလာပါနံနက်ခင်းပါ
03/03/2024

မင်္ဂလာပါနံနက်ခင်းပါ

03/03/2024

Countryside Life-EP-7
#ကျေးလက်ဘဝ 😍😍😍

မင်္ဂလာ နံနက်ခင်းပါ😍😍😍
02/03/2024

မင်္ဂလာ နံနက်ခင်းပါ😍😍😍

ဗုံလုံသီး စိုက်ပျိုးနည်း==================မျိုးဒေသမျိုးကိုသာ စိုက်ကြ သည်။ အသီးရောင် အစိမ်းရင့်ရောင်မျိုးနှင့် အစိမ်းနုရေ...
01/03/2024

ဗုံလုံသီး စိုက်ပျိုးနည်း
==================
မျိုး
ဒေသမျိုးကိုသာ စိုက်ကြ သည်။ အသီးရောင် အစိမ်းရင့်ရောင်မျိုးနှင့် အစိမ်းနုရောင်မျိုး ဟူ၍ရှိပြီး (၄-၅) ပေခန့်ထိရှည်သော ပဲလင်းမြွေအရှည်မျိုးနှင့် (၁-၂)ပေခန့်ရှည်သော ဗုံလုံအတိုမျိုးဟူ၍ ခွဲနိုင်သည်။ မိုးရာသီတွင် ကောင်းစွာဖြစ်ထွန်းပြီး နွေရာသီတွင် အပူဒဏ်ခံနိုင်သည်။ စင်တင်စနစ် အဖြစ်သာအစိုက်များပြီး သက်တမ်းအားဖြင့် စိုက်ပြီးရက် (၅၀-၆၀) တွင် စတင်ခူးဆွတ်နိုင်ပါသည်။ ဆောင်းရာသီတွင် ဆီးနှင်းကင်းသော မြေပြန့်ဒေသများတွင် စိုက်ပျိုးနိုင်သည်။

စိုက်ပျိုးခြင်း
နှစ်ပေ အကျယ်၊ တစ်ပေခန့် အမြင့် စိုက်ဘောင်ကို တစ်ဘောင်နှင့်တစ်ဘောင် ငါးပေခြားဖော်၍ တစ်ပင်နှင့်တစ်ပင် တစ်ပေခြား၍ စိုက်ရပါမည်။ တစ်ဧကအပင် ၈,၀၀၀ ခန့် ထည့်စိုက်ရပါမည်။ စင်တင်စနစ်ဖြင့်သာ စိုက်သင့်ပြီး အစေ့ကိုအညှောက်ဖောက်ပြီး တိုက်ရိုက်အစေ့ချစိုက်ကြသည်။ အစေ့ကို လက်မဝက်ခန့် မြှုပ်၍ ရေကိုဝအောင် လောင်းပေးမည်။

မြေသြဇာထည့်သွင်းခြင်း
စိုက်ဘောင်အတွင်းသို့ မြေဆွေး၊ နွားချေး၊ တီစူပါ မြေသြဇာရော၍ ပေါက်ပြားဖြင့်ဆွပြီး ရောမွှေထည့်ပေးရမည်။ အပင်ပေါက်ပြီး ၁၀ ရက်ခန့်တွင် ယူရီးယားပိုတက်ရှ်အရောကို နွားချေးဆွေးဖြင့် ရော၍ အပင်ခြေမှ ခြောက်လက်မခွာ၍ ကျွေးပေးရမည်။ အသီးစတင်သီးချိန်တွင် အစာကျွေးဘောင်ထပ်ခြင်း ပြုလုပ်ပေးရပါမည်။ ပဲလင်းမြွေတစ်ဧကလျှင် နွားချေးဆွေးလှည်း ၁၀ စီးမှ၂၀ စီး၊ ပုလဲ(၁-၂)အိတ်၊ တီစူပါ(၂-၄)အိတ်၊ ပိုတက်ရှ်(၁-၂)အိတ် ထည့်ပေးပါ။

အပင်ပြုစုခြင်း
အပင်ငယ်စဉ်တွင် အပင်ပတ်ဝန်းကျင်ကို လက်ပေါင်းသာ လိုက်သင့်ပါသည်။ အသီးစတင် သီးချိန်တွင် ပေါင်းမြက်များကိုနှိမ်နင်း၍ ဘောင်ထပ်ခြင်းကို နှစ်ကြိမ်ခန့်ပြုလုပ်ပေးပါမည်။ အမြစ်ပြေးလမ်းကို ပေါင်းမြက်များကင်းစင်အောင် ပေါက်ပြားဖြင့်ဆွ၍ မြေသြဇာထည့်သွင်းပေးရမည်။ အစေ့ချပြီးအပင်မပေါက်ခင် ရေကိုဂရုတစိုက်လောင်းပေးရမည်။အပင်ငယ်စဉ်တွင် ရေလိုအပ်ပါက နေ့စဉ်လောင်းပေးပြီး အစာကျွေးပြီးတိုင်း ရေလောင်းရမည်။ အသီးဖြိုင်ဖြိုင်သီးချိန်တွင်ရေအစိုဓာတ်ပြတ်ပါက ဝအောင်သွင်းပေးရမည်။ အပင်ငယ်စဉ်တွင် ဗူး၊ ဖရုံကျိုင်းကို ဂရုစိုက်ကာကွယ်နှိမ်နင်း၍ အသီးနုစဉ်သီးထိုးယင်များ ကျရောက်ဖျက်ဆီးတတ်သည်။ ရွက်ခြောက်၊ ရွက်ပုပ်၊ ခါးရိ၊ အရိုးကွဲ၊ မှိုရောဂါများ ကျရောက်တတ်၍ မှိုသတ်ဆေးဖြင့် ကာကွယ်ပက်ဖျန်းထားသင့်သည်။

ခူးယူခြင်း
အသီရှည်မျိုးကို အသီးဖြောင့်တန်းစေရန် ခဲဆွဲပေးရသည်။ စိုက်ပျိုးပြီး (၅၀-၆၀)ရက်တွင် စတင်ခူးနိုင်သည်။ အသီးသည်နုသဖြင့် သယ်ဆောင်စဉ် ကျိုးပဲ့တတ်သည်။ အသီးခူးစဉ် အညှာမထိခိုက်စေရန် သတိထား၍ ခူးရမည်။ တစ်ဧကလျှင် ပဲလင်းမြွေ ၅၀,၀၀၀ မှ ၇၀,၀၀၀ ထိ အသီးထွက်နိုင်ပါသည်။

မျိုးစေ့ထုတ်ယူခြင်း
အပင်ပေါ်တွင် အသီးရင့်မှည့်သည်အထိ ထားရမည်။ မှည့်လွန်းပါက အသီးပြတ်ကျတတ်၍ အနေတော်ခူးရမည်။ အသီးများကို တစ်ပတ်ခန့်အရိပ်ထဲတွင်ထား၍ အစေ့ထုတ်ယူရမည်။ ရေဖြင့် ၁၅ မိနစ်အတွင်း ပြောင်အောင်ဆေး၍ နေရောင်အောက်တွင်နာရီ ဝက်အခြောက်လှမ်းပြီး အရိပ်ထဲတွင်နှစ်ရက်လေသလပ်ခံရမည်။ ထို့နောက် လေလုံသောဗူးတွင်ထည့်ပြီး သိုလှောင်ထားရမည်။
အရေသွေးကောင်းပဲလင်းမြွေသီးမျိညးစေ့များကိုဝယ်ယူစိုက်ပျိုးချင်သော မိဘပြည်သူများအနေဖြင့်တစ်ထုပ်လျင်၁၅၀၀ကျပ်ထဲဖြင့်မှာယူစိုက်ပျိုးနိင်ပါပြီနော် ဖုန်း09423744490/ 09798839514ကိုဆက်သွယ်၍သော်လည်ကောင်းCbကသော်လည်ကောင်းဆက်သွယ်မှာယူနိင်ပါပြီနော်

ယူရုတ်- ဆလိုဗီနီယား နိူင်ငံက တောရွာလေးတစ်ခု😍😍😍
01/03/2024

ယူရုတ်- ဆလိုဗီနီယား နိူင်ငံက တောရွာလေးတစ်ခု😍😍😍

အသက်ရွယ်ရလာတာနဲ့အမျှ တစ်နေ့ထက်တစ်နေ့ မက်မက်မောမော လိုချင်တာဆိုလို့   နှစ်ခုဘဲ ရှိတော့တယ် ။ ပိုက်ဆံ နှင့် စကားပြောဖော် လူ...
01/03/2024

အသက်ရွယ်ရလာတာနဲ့အမျှ
တစ်နေ့ထက်တစ်နေ့
မက်မက်မောမော လိုချင်တာဆိုလို့ နှစ်ခုဘဲ ရှိတော့တယ် ။

ပိုက်ဆံ နှင့် စကားပြောဖော် လူတစ်ယောက်

ကိုယ်လုပ်ချင်ရာ ၊ စားချင်ရာ ၊
လှူချင်ရာ အကုန်ဖြစ်ဖို့
လူတန်းစေ့ နေနိုင်ဖို့
ပိုက်ဆံ လိုပါတယ် ။

ပိုက်ဆံဟာ power ပါပဲ ။
လက်ထဲ ပိုက်ဆံရှိနေတဲ့ နေ့တွေဟာ စိတ်လုံခြုံမှုရှိတယ် ။
ရဲရံတင်းတင်း လုပ်ကိုင်ရဲတယ် ။ ဘာပဲလုပ် လုပ် သတ္တိရှိနေဖို့ ၊
ပိုက်ဆံက သိပ်အရေးကြီးပါတယ် ။

ကိုယ့်မှာသာ လုံလုံလောက်လောက် ငွေကြေးကြွယ်ဝနေတဲ့အခါ
ဆွေမျိုး အသိုင်းအဝိုင်း ၊ သူငယ်ချင်းအပေါင်း အသင်း ၊ ဘယ်နေရာမှာ မဆို ဘောင်ဝင် တယ်
နေရာတိုင်းကို ဝင်ဆံ့ရဲပါတယ် ။

နောက်တစ်ခုက စကားပြောဖော်
လူတစ်ယောက်

လူဆိုတာ
တစ်ယောက်တည်းနေလို့ရတဲ့ သတ္တဝါတွေ မဟုတ်ပါဘူး ။ အပေါင်းအသင်းကို ခုံမင်တယ် ။ အသင်းအဖွဲ့ကို
သိပ်မက်မောကြပါတယ် ။

စိတ်ညစ်တိုင်း ရင်ဖွင့်ဖို့ ၊
ကောင်းခြင်း ဆိုးခြင်းမျှဝေဖို့
ရင်ဘတ်နဲ့ နားထောင်ပေးတတ်တဲ့ စကားပြောဖော်
လူတစ်ယောက်ဟာ
တကယ် လိုပါတယ် ။

အဲ့ဒီအတွက် ပိုက်ဆံ
ကြိုးစားရှာမယ် ။
စိတ်လုံခြုံမှု အပြည့်ပေးတဲ့
လူတစ်ယောက်ကို
စကားတွေ အများကြီး ပြောမယ် ။

ဒီနှစ်ခု အပေါ်မှာဘဲ ဘဝကို ရင်းနှီးမြုပ်နှံထားပါတယ် ။

#ကျေနပ်စွာနေထိုင်ခြင်း #သားထွေး
ကူးယူဖော်ပြသည်

Iron men
01/03/2024

Iron men

မြင်ကွင်းက ရူးလောက်တယ်ဗျာ... အရမ်းလှလို့❤️❤️❤️
29/02/2024

မြင်ကွင်းက ရူးလောက်တယ်ဗျာ... အရမ်းလှလို့❤️❤️❤️

29/02/2024
အချိန်မှန်ရထားကြီး....😍😍😍
29/02/2024

အချိန်မှန်ရထားကြီး....😍😍😍

ဝိုးဝိုး.... 😮😮😮😳😳😳
27/02/2024

ဝိုးဝိုး.... 😮😮😮😳😳😳

“ တကယ်လွှတ်ချနိုင်သွားတဲ့အခါ ”  🔹လူတစ်ယောက်ကို လွှတ်ချရတာ အရမ်းခက်ခဲမယ်လို့ အရင်က ကိုယ်တို့ ထင်ခဲ့တယ်။ သည်းအူပြတ်မတတ် ချ...
27/02/2024

“ တကယ်လွှတ်ချနိုင်သွားတဲ့အခါ ”

🔹လူတစ်ယောက်ကို လွှတ်ချရတာ အရမ်းခက်ခဲမယ်လို့ အရင်က ကိုယ်တို့ ထင်ခဲ့တယ်။ သည်းအူပြတ်မတတ် ချစ်ခဲ့ဖူးတော့ သတိမရအောင်၊ မလွမ်းအောင် နေဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကိုယ်တို့ဟာ နောက်ကြောင်းကို အကြိမ်ကြိမ် ပြန်မလှည့်ကြည့်နိုင်တော့ဘူး။

🔹ပျော်ရွှင်ခဲ့တာ ဝမ်းနည်းခဲ့တာတွေကို ထပ်တလဲလဲ သွားမထိတွေ့ချင်တော့ဘူး။ တည်ငြိမ်တဲ့ ဘဝမှာ နေသားကျဖို့သာ ကြိုးစားနေထိုင်မိတော့တယ်။ တစ်ယောက်တည်းဆို ပေမယ့်လည်း နေ့ရက်ကို အေးချမ်းစွာပဲ ဖြတ်သန်းချင်တော့တယ်။

🔹လူတစ်ယောက်ကို လွှတ်ချလိုက်ပြီဆိုတာကို စကားအဖြစ်သာ ပြောရုံမဟုတ်ဘဲ စိတ်နှလုံးသားထဲကနေပါ လွှတ်ထုတ်လိုက်သင့်တာပါ။ သူ့သတင်းကို ကြားလည်း ဘာခံစားချက်မှ မရှိတော့ဘူး၊ သူ့ဓာတ်ပုံမြင်ရင်လည်း ရင်မခုန်တော့ဘူး။ မတော်လို့ လမ်းမှာဆုံခဲ့ရင်လည်း စိတ်သဘောထားကြီးကြီးနဲ့ ရင်ဆိုင်ရဲတယ်။

🔹တွေ့ဆုံခြင်းရဲ့အဓိပ္ပာယ်က အိုမင်းတဲ့အထိ လက်တွဲသွားမယ်ဆိုရုံ မဟုတ်ဘဲ နှစ်ဦးသားရဲ့ ကြီးပြင်းရင့်ကျက်လာမှုကို မျက်မြင်ကိုယ်တွေ့ ခံစားဖို့လည်း ဖြစ်တယ်။ တကယ်လို့ လမ်းတစ်ဝက်မှာ လမ်းခွဲဖို့ အကြောင်းဖန်လာရင်လည်း စိတ်လက်ပေါ့ပါးစွာနဲ့ လက်ပြနှုတ်ဆက်ကြရုံပေါ့။ ချစ်ခဲ့ဖူးတာတွေ၊ ပျော်ရွှင်ကြည်နူး ခဲ့ဖူးတာတွေ၊ အတူလျှောက်လှမ်းခဲ့ဖူးတဲ့ အချိန်နေ့ရက်တွေကို မှတ်သားထားပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ ဘဝခရီးလမ်းကို ဆက်လက်လျှောက်လှမ်းရုံပေါ့။

🔹နင့်ရဲ့ကမ္ဘာမှာ နင်ဟာ နင့်ရဲ့အလင်း ဖြစ်ပါစေ။ အမြဲတမ်း ထွန်းလင်း တောက်ပနေပြီး ဆွဲဆောင်မှုနဲ့ပြည့်နေပါစေလို့ ကိုယ်တောင်းဆုပြုပါတယ်ပေါ့။

_ ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့_ စာအုပ်မှ

🔹ဒီစာအုပ်က အချစ်ကြောင့် လမ်းပျောက်သူကို လမ်းစရှာပေးနိုင်ချင်မှ ရှာပေးနိုင်ပေမယ့် အချစ်ကြောင့် ခံစားနေရတဲ့ နာကျင်မှု ၊ ၀မ်းနည်းမှု ၊ ခံပြင်းမှု ဝေဒနာတွေကိုတော့ သက်သာစေမှာပါ ..

🔹အချစ်ကြောင့် လမ်းတွေ့သွားသူကိုလည်း တစ်ဖက်သားကို ပိုပိုပြီး ချစ်တတ် ၊ တန်ဖိုးထားတတ်လာစေမှာပါ .. အချစ်မရှိ တစ်ကိုယ်ရည်တွေအတွက် ကိုယ့်ကိုယ်ကိုယ် ပိုချစ်တတ်လာစေမှာလို့ ယုံကြည်ပါတယ် ..

🔹အချစ်ကြောင့် ဒါမှမဟုတ် နေ့စဉ်လူနေမှု ဘ၀ကြောင့် သောကတွေ ၊ ကြောင့်ကြမှုတွေ ၊ ၀မ်းနည်းနာကျင်မှုတွေ ခံစားနေရပြီး ရှေ့ဆက်ဖို့ အားအင်နည်းနေခဲ့ရင် ဒီစာအုပ်က အလင်းစက်အဖြစ် ကူညီဖေးမနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ..

( ဆရာမနိုင်းနိုင်းစနေ၏ အမှာစာမှ ကောက်နှုတ်ချက်)


#ပျော်ရွှင်ဖို့ဒီလောက်မခက်ခဲပါစေနဲ့
#နိုင်းနိုင်းစနေ

ကူးယူဖော်ပြသည်

ကန္တာရ ရဲ့ နေဝင်ချိန်
26/02/2024

ကန္တာရ ရဲ့ နေဝင်ချိန်

နှင်းတောင် တွေရဲ့ ဘေးက ရွာလေး😍😍
25/02/2024

နှင်းတောင် တွေရဲ့ ဘေးက ရွာလေး😍😍

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Lora7 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share


Other Digital creator in Singapore

Show All