Hmwei

Hmwei 🇲🇲Sharing some useful English and knowledge .🇸🇬

Well done😃…..huiiiii …….
20/08/2024

Well done😃…..huiiiii …….

မင်းက အရမ်းသန်မာတဲ့သူပါ အခက်ခဲတေကြားကနေဒီအထိတောင် ကြိုးစားရောက်လာနိုင်ခဲ့ပီပဲ🤍❤️
19/08/2024

မင်းက အရမ်းသန်မာတဲ့သူပါ အခက်ခဲတေကြားကနေဒီအထိတောင် ကြိုးစားရောက်လာနိုင်ခဲ့ပီပဲ🤍❤️

ဘာတွေသယ်ရတာလဲ😒Cleaning tools ဘာတွေ သယ်ရလဲ မေးတဲ့သူတွေအတွက်ပါ HK (house keeping) UC (Urban company)မှာလုပ်ရင်တော့ ဒါတွေသယ...
18/08/2024

ဘာတွေသယ်ရတာလဲ😒
Cleaning tools ဘာတွေ သယ်ရလဲ မေးတဲ့သူတွေအတွက်ပါ
HK (house keeping) UC (Urban company)မှာလုပ်ရင်တော့ ဒါတွေသယ်ရပါတယ်😁

1. Clothes (အဝတ်စုတ် )တွေသယ်ရပါတယ်။

2. Chemicals (သန့်ရှင်းရေးတွက်) သယ်ရပါတယ်။

3. vaccum (ဖုန်စုပ်စက်အသေး) သယ်ရပါတယ်

4. Steam mop(ကြမ်းတိုက်တုတ်)သယ်ရပါတယ်

5. High duster (ဖုန်သုပ်တဲ့ကြက်တောင်မွှေး) သယ်ရပါတယ်

6. Electric brush (အရမ်းညစ်ပတ်တဲ့နေရာတွေတိုက်ဖို့)သယ်ရပါတယ်။

အပေါ်က နံပါတ်(၄)ထိ သယ်ကိုသယ်ရပါတယ်။ နံပါတ် ၅ နဲ့ ၆ ကကျ မသယ်တာများပါတယ် ။ ဘယ်သူမှ မသယ်ကြပါဘူး😆 ။ ‘မွှေး’လည်းမသယ်ပါဘူး😎။

7. အဲ့တာတွေအားလုံးကို အောက်ကပြထားတဲ့ အိတ်အမည်းနဲ့ သယ်ရပါတယ်😀”ဟင် ဆန့်ပါ့မလား?😦 မမေးနဲ့ “ဆန့်အောင်ထည့်ရပါမယ်🤣😾”

8. မသယ်လို့မရဘူးလား "မသယ်ဘူးကွာ😾..အေ..မသယ်နဲ့ မိရင် ၅၀$ဖြတ်မယ် ဒါဘဲ😎”

9. အိတ်အမည်းကို ၅လ ၆လလောက် သယ်ပြီး ၂နှစ်လောက်ပြည့်ပြီဆိုရင် အောက်က”မွှေး”ပုံအတိုင်း အရမ်းကိုလှပတဲ့ လက်မောင်းတွေပိုင်ဆိုင်နိုင်သွားပါလိမ့်မယ်😍😎
#မွှေး

မိဘတွေနဲ့အတူနေနိုင်ဖို့ဆိုတာ အသက်ကြီးလာလေ မဖြစ်နိုင်လာလေမို့ အတူနေတုန်းပြုစုနိုင်သလောက် ပြုစုပေးကြပါ😢
16/08/2024

မိဘတွေနဲ့အတူနေနိုင်ဖို့ဆိုတာ အသက်ကြီးလာလေ မဖြစ်နိုင်လာလေမို့ အတူနေတုန်းပြုစုနိုင်သလောက် ပြုစုပေးကြပါ😢

နေ့တိုင်းနီးပါး ဒါပါဘဲ😞 အိမ်ချက်လေးတွေ စားချင်လိုက်တာ😢
15/08/2024

နေ့တိုင်းနီးပါး ဒါပါဘဲ😞 အိမ်ချက်လေးတွေ စားချင်လိုက်တာ😢

14/08/2024

I die ready larrrr😦clapping so loud marr😒

နံနံခြားမှာ လူမပြောနဲ့ ခွေးဖြစ်ရင်တောင် အတော်ကံကောင်းနေပြီ🤭 ခွေးဖြစ်ချင်သွားပြီလား🤣?
14/08/2024

နံနံခြားမှာ လူမပြောနဲ့ ခွေးဖြစ်ရင်တောင် အတော်ကံကောင်းနေပြီ🤭 ခွေးဖြစ်ချင်သွားပြီလား🤣?

-( #ခရမ်းရောင်လုိင်း)  MRT 7မိနစ် အကွာတွင်2 common room အခန်း ငှားရန်ရှိသည်- Available: now  ( short term or long term )...
14/08/2024

-( #ခရမ်းရောင်လုိင်း) MRT 7မိနစ် အကွာတွင်2 common room အခန်း ငှားရန်ရှိသည်
- Available: now ( short term or long term )
- 3person share common room 550per pax/2ယောက်နေမယ်ဆုိရင်680 per pax (PUB included)
-Fully furnished with Air-con, Fan, Mattress, wardrobe, water heater.
-5&7minutes walk from MRT & Mall
-Directly Downstairs
-Big Coffeeshop
-Fruit Store + Durian Shop
2 Convenience Store
- ဆေးလိပ်၊ ကွမ်း အိမ်ထဲတွင်သောက်စား ခွင့်မပြုပါ။

-Cooking allowed - need to clean after cooking. -Aircon ( No timer )

-Student and working professionals are welcome -HDB register for long term S Pass, EP, Student PUB + wifi + Aircon servicing အပြီးအစီးပါ)

👉🏻 နေဖြစ်မယ်ဆိုရင်တော့ 1 month rental fee + 1 month deposit ပါ။ အိမ်ပြောင်းမည်ဆိုပါက 1 month notice ပါ။
- Stress free and friendly environment
- Please contact Phone or WhatsApp -80630535

12/08/2024

စင်ကပူက လော်သရမ်းတဲ့ကောင်တွေကို mention ခေါ်ပေးလိုက်ကြပါအုံး😬🤭

အချိန်ပိုင်း သန့်ရှင်းရေးအလုပ်မှ ကြိုဆိုပါ၏။ 😦Motiလာပေးတာ ဒီအလုပ်ပြောင်းဖို့လုပ်နေတဲ့သူတွေ🤭
06/08/2024

အချိန်ပိုင်း သန့်ရှင်းရေးအလုပ်မှ ကြိုဆိုပါ၏။ 😦
Motiလာပေးတာ ဒီအလုပ်ပြောင်းဖို့လုပ်နေတဲ့သူတွေ🤭

They : ငါ့ကောင်နဲ့ ခပ်ဝေးဝေးနေနော်😏Their men : 🙂🤢
06/08/2024

They : ငါ့ကောင်နဲ့ ခပ်ဝေးဝေးနေနော်😏
Their men : 🙂🤢

ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီးလုပ်တဲ့သူတိုင်းအကျိုးရှိမယ့် စကားကလွဲရင် တခြားစကားတွေများများပြောဖို့ အတွေးမရှိကြဘူးအလုပ်...
02/08/2024

ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီးလုပ်တဲ့သူတိုင်း
အကျိုးရှိမယ့် စကားကလွဲရင် တခြားစကားတွေ
များများပြောဖို့ အတွေးမရှိကြဘူး
အလုပ်ပဲ လုပ်ချင်ကြတာ ..

အသံတွေ သိပ်ထွက်နေပြီဆိုရင်
ကျိန်းသေတယ် ကြည့်ကြည့်လိုက်
လုပ်တာနည်းနည်း ပြောတာများများ
လူအမျိုးအစားတွေချည်းပဲ ...

ဘယ်ငွေစက္ကူမှ အကြွေစေ့တွေလို
အသံမထွက်ကြဘူး မဟုတ်လား ...

ဒီတော့ ကိုယ့်အလုပ်ကိုယ်သာ ကြိုးစားပြီးလုပ်
မလိုအပ်ဘဲ စကားတွေ မဖောင်းပွနဲ့
မသင့်တော်တဲ့ အသံတွေ မထွက်စေနဲ့
အလွန်အကျူး ကိုယ်ရည်သွေးစကားတွေ မပြောနဲ့ ...

ကိုယ့်ရဲ့လုပ်ရပ်နဲ့ ကိုယ့်ရဲ့အသံက
ကိုယ့်ပုံစံကို ဖော်ပြပေးလိမ့်မယ် ...

အရည်အသွေးမြင့်ပြီး တည်ငြိမ်တဲ့အသွင်အပြင်ကို
တည်ဆောက်တတ်ဖို့ စာပေဗဟုသုတ ပြည့်ဝဖို့ လိုပါတယ်။ ဒါကြောင့် စာများများဖတ်ဖို့လည်း မမေ့ပါနဲ့ ... ။


#ချစ်သောစာရာမေရိ

Others : နင့်သူငယ်ချင်းတွေ ပုံရိုက်တော်ကြမှာဘဲ?My Fri   : ဟဲ့ ငါအလှဆုံးရိုက်ပေးထားတာနော်🤓
26/07/2024

Others : နင့်သူငယ်ချင်းတွေ ပုံရိုက်တော်ကြမှာဘဲ?
My Fri : ဟဲ့ ငါအလှဆုံးရိုက်ပေးထားတာနော်🤓

25/07/2024

စင်ကာပူကို အိမ်အကူနဲ့လာသင့်တဲ့မိန်းကလေး VS မလာသင့်တဲ့ မိန်းကလေး
အရေးကြီးလို့ အဆုံးထိဖတ်တဲ့သုမှ သိပါလိမ့်မယ်
#ဒီလိုမိန်းကလေးတွေလုံးဝမလာသင့်ပါ
၁။ ရုပ်ချောသူ
၂။ အလိုလိုနေရင်း ချစ်စရာကောင်းသူ
၃။ဆံပင်ရှည်သူ
၄။ဘာမှ မလိမ်းထားတာတောင် လှနေသူ
၅။ ညာဏ်ထက်မြတ်သူ
၆။modelလို ပိန်သွယ်လှပတဲ့ ခန္ဓာကိုယ်ရှိသူ
၇။ ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ သွားတက်လေးပါသူ
၈။ ဘယ်လိုနေနေ သဘာဝအလှနဲ့အမြဲလှသူ
၉။အဝတ်အစား ဝတ်တတ် ဆင်တတ်သူ
၁၀။ ကိတ်တဲ့သူ

#ကဲ..ဘာလို့ဒီလိုမိန်းကလေးတွေ မလာသင့်လဲဆိုရင် "နင်တို့က အရမ်းလှနေတော့ ဟိုဟာတွေရဲ့ လင်ယောကျာ်းတွေက နင်တို့ကို မျက်နှာသာလေးပေးမိရင် ဟိုဟာမတွေက j ဝင်မယ်၊ j ဝင်တာနဲ့နင်တို့ဘာလုပ်လုပ် အမြင်မကြည် အပြစ်ဘဲမြင်ကြတော့မယ်..အဲ့တော့ အဆင်မပြေဖြစ်လာမယ်.. အဆင်မပြေတော့ နင်တို့ကို အကြောင်းပြချက်လှလှနဲ့ အေးဂျင့်ပို့မယ်..အဲ့တော့နောက်တစ်အိမ်ထပ်ရှာရမယ်...

#အရမ်းထက်မြက်လွန်းရင်လည်း နင်တို့က သူတို့ထက်ပိုတတ်နေရလားဆိုပြီး အမြင်ကတ်လာမယ်...ဆရာမရီးလုပ်ချင်နေတာ ပြောလာမယ်၊အဲ့ကနေ သူတို့မျက်စိထဲအချိုးမပြေတော့..နင်တို့ကို အေးဂျင့်ပြန်ပို့မယ်..အဲ့တော့နောက်တစ်အိမ်ရှာရင် အေးဂျင့်ပြန်လုပ်ကျွေးရမယ်..

#နင်တို့အမွှေး(ဆံပင်)ရှည်တာလည်း မနာလိုဖြစ်မယ် ။သူတို့တွေတော်တော်များများက အမွှေးတိုကြတယ်။ အဲ့တော့ နင်တို့အမွှေးရှည်ကြီးနဲ့ နန်းစံပြီးလှပနေတာကို သူတို့လင်ယောကျာ်းတွေက သဘောကျမှာ စိုးရိမ်လာမယ်...အဲ့တော့ သူကအမွှေးရှည်ကြီး မညှပ်ချင်ဘူး၊သူ့အမွှေးက ထမင်း၊ဟင်းတွေထဲပါလာတယ် ဆိုတဲ့အကြောင်းပြချက်နဲ့ အေးဂျင့်ပြန်ပို့မယ်..

#နင်တို့ခန္ဓာကိုယ်လေးက မော်ဒယ်လေးလိုပိန်သွယ်နေတော့ အိမ်နေအဝတ်စားနဲ့တောင် လှနေရောပေါ့..အဲ့ချိန်ဟိုက ဝက်မ ဖြစ်နေတော့ နင်တို့ ကိုယ်ခန္ဓာအပေါ် j ဝင်လာမယ်…နင်တို့ကို မနာလိုတော့ ကြည့်မရဖြစ်ပြီး ပြန်ပို့မယ်…

#နင်တို့က $ရမ်းကိတ်နေတော့ သူတို့လို ပိန်လှီဖြူဖတ်နေတာတွေက နင်တို့အလှပေါ် j ဝင်ပြန်မယ် ။နင်တို့ ကိတ်တော့ နင်တို့ကို သူတို့ကျားကျားတွေက ခိုးခိူးကြည့်နေမှာဘဲလေ..အဲ့တာကို သဝန်တို j ဝင်ပြီး နင်တို့ကိုပြန်ပို့မယ်။

#နင်တို့က အရမ်းဝတ်တတ် စားတတ်တော့ နင်တို့ပိတ်ရက်လေးမှာ အလှဆုံးပြင်သွားမာ်..အဲ့တာက်ို ဟိုဟာမကတွေ့တော့ အရမ်းလှလို့ဆိုပြီး ဂျေ ဝင်ပြန်မယ်..နင်တို့အလှကို သူတို့ကျားကျားတွေ တွေ့ပြီး သူတို့စိတ်ပါသွားမှာကိုစိုးရိမ်ကြမယ်..အဲ့တော့ နင်တို့ကိုမကြိုက်တော့ဘဲ ပြန်ပို့ကြလိမ့်မယ်...
အဓိကပြဿနာက ၂ ခုဘဲ
နင်တို့အရမ်းလှလို့ ၊ နောက်တစ်ခုက j ဝင်လို့
#ကဲဒါဆိုဘယ်လိုမိန်းကလေးတွေလာသင့်လဲ
၁။ရုပ်ဆိုးသူ
၂။နုံ၊အ သူ
၃။အသားမဲရင့်ထော်ကြမ်းတမ်းသူ
၄။ပြုံးလိုက်တိုင်းချစ်စရာတစ်စက်မှမကောင်းသူ
၅။ခန္ဓာကိုယ်တုတ်ခိုင် အဆင်းမရှိသူ(အာကာမြင့်အောင်(ခ) မရင်ရွှေ ခန္ဓာကိုယ်အနေအထားမျိုးဆို အကောင်းဆုံးပါ🗿
၆။ရယ်လိုက်တိုင်းရုပ်ဆိုးသွားသူ
၇။အမွှေးတိုသူ

ဒီလိုမိန်းကလေးတွေက အိမ်အကူနဲ့လာဖို့အသင့်တော်ဆုံးပါ။
ကဲ..လာမယ့်အသိတွေရှိရင် လက်တို့လိုက်ပါအုံး😜
#မွှေးလေး

45k to 43k 😜 အဆင်မပြေရင် အကုန်ထွက်သွားလို့ရပါတယ်🫢
25/07/2024

45k to 43k 😜 အဆင်မပြေရင် အကုန်ထွက်သွားလို့ရပါတယ်🫢

ဘယ်ကား အရင် စကြည့်ရမလည်း မသိတော့ဘူး 🥴အကြံလေးပေးကြပါအုံး
23/07/2024

ဘယ်ကား အရင် စကြည့်ရမလည်း မသိတော့ဘူး 🥴အကြံလေးပေးကြပါအုံး

Cus အိမ်က အရုပ်လေး😁သူကယောကျာ်းကြီးဖြစ်ပြီး ဘာလို့ဒီအရုပ်ရှိနေရတာလဲ ဆမ်းသီးတော့ဆမ်းသီးဘဲ😒
21/07/2024

Cus အိမ်က အရုပ်လေး😁
သူကယောကျာ်းကြီးဖြစ်ပြီး ဘာလို့ဒီအရုပ်ရှိနေရတာလဲ ဆမ်းသီးတော့ဆမ်းသီးဘဲ😒

ဟိုနေ့က အဆက်လေး(CJပြောင်းဖို့ ဘာတွေလိုလည်း)ဒီလိုနဲ့ သဌေးက အိမ်ပြောင်းဖို့ပြောတော့ ကိုယ်ကနောက်တစ်အိမ်ကို လုံးဝ မသွားချင်တ...
21/07/2024

ဟိုနေ့က အဆက်လေး(CJပြောင်းဖို့ ဘာတွေလိုလည်း)
ဒီလိုနဲ့ သဌေးက အိမ်ပြောင်းဖို့ပြောတော့ ကိုယ်ကနောက်တစ်အိမ်ကို လုံးဝ မသွားချင်တော့ဘူး၊အိမ်အသစ်မှာ အိမ်အကူအနေနဲ့ ဆက်လုပ်ဖို့ကို ကိုယ့်စိတ်က လုံးဝလက်မခံတော့တာမို့ သူဌေးကို အသနားခံပြီး မလေးဘက် အထွက်ပြဖို့ကို အကူအညီတောင်းခဲ့ပါတယ်(သူဌေးကတော့ အိမ်ပြန်မလား၊ အေးဂျင့်ပြန်ပြီး အိမ်အသစ်ထပ် join မလား ၂ခုထဲက တစ်ခုရွေးခိုင်းပါတယ်)

သူဌေးက မလေးရှားသွားဖို့ တော်တော်နဲ့ခွင့်မပြုပါဘူး။ သူ့အတွက်လည်း အလုပ်ရှုပ်သလို MOMနဲ့ ငြိပြီး ပြဿနာတက်မှာလည်း သူအရမ်းကြောက်လို့ပါ။

ဒီတော့ ကိုယ်ကလည်းဘယ်မရလည်း😎 "ငါ မွှေးလေးပါကွ မရ၊ရအောင် လုပ်မယ်” ဆိုပြီး..သူဌေးကိုဖြောင်းဖျရပါတော့တယ် ။ “သူဌေးကသာ ခွင့်ပြုရင် အဆင်ပြေကြောင်း၊ အေးဂျင့်ကိုယ်တိုင်ကလည်း နင့်သူဌေးခွင့်ပြုပေးဖို့က အဓိကဖြစ်ကြောင်း၊ မလေးရှားရောက်မှ ပါမစ်ကို cancelလိုက်ရင် သူဌေးနဲ့ကိုယ်နဲ့ မဆိုင်တော့ကြောင်း၊ ဖြစ်လာမယ့် ပြဿနာအားလုံး ကျွန်မ”ဒေါ်မွှေး”က တာဝန်ယူမည်ဖြစ်ကြောင်း၊ သူဌေးကို ဘာထိခိုက် နစ်နာမှုမှ ဖြစ်စေမှာ မဟုတ်ကြောင်း “၂ရက်လောက် နားချခဲ့ရတယ်.(ဒီနေရာမှာ တော်ကီကောင်းဖို့တော့လိုမယ် မဟုတ်ရင် ငါးပါးမှောက်ကုန်လိမ့်မယ်😁)

နောက်ဆုံးမှာတော့ သူဌေးက ok ဖြစ်သွားပြီး..၅ရက်အချိန်ပေးမယ် ဒီကြားထဲ Visaမလုပ်နိုင်ရင် မြန်မာပြန်ပို့မယ်ဆိုလာတော့..ကိုယ့်မှာ နီးစပ်ရာအသိတွေက်ို အကူအညီတောင်းရင် visa အမြန်လုပ်ပေးတဲ့ အမတစ်ယောက် WhatsApp ရလာလို့ လုပ်ခိုင်းလိုက်တာ 100$ကုန်ပြီး ၂ရက်အတွင်းရလာပါတယ်...(Visa ရပြီမို့ သူဌေးနဲ့ ပြောထားတဲ့ မလေးရှားကိစ္စက အတည်ပြုနိုင်သွားပြီမို့ စိတ်တစ်ကြောင်း အေးသွားနိုင်ပါတယ်) ။

ဒီ(5)ရက်အတွင်း အပြင်အလုပ်ကို သဲကြီးမဲကြီး အသိတွေစီကနေ လိုက်အကူညီတောင်းပြီး..ရှာခဲ့ရပါတယ်😞(အဲ့၅ရက်တွင်း ကောင်းကောင်းတောင် အိပ်မပျော်ခဲ့ပါဘူး) ဒီလိုနဲ့ နက်ဖန်လို မလေးရှားသွားရမယ့်ရက်ရောက်လာတော့ ဒီလိုနေ့ နေ့လည် ၂ နာရီလောက်မှာ အသိညီမလေးက လုပ်ချင်ရင် အမြန်သွားစုံစမ်းဆိုလို့ သူပေးတဲ့နံပါတ်က်ို ဆက်သွယ်လိုက်တော့”အခုအင်တာဗျူးလာဖြေဖို့အဆင်ပြေရင် အခုလာပါ”ဆိုပြီး ရုတ်တရတ်ကြီး လိပ်စာပေးလာပါတယ်။

ကိုယ့်မှာ Google mapတောင် မကြည့်တတ်ဘူး…သူပေးတဲ့ postal code ကို ရိုက်ထည့်ပြီး မလာတတ် လာတတ်နဲ့ ရုံးရောက်သွားပါတော့တယ်။ အင်တာဗျူးအတွက်ဘာမှ မပြင်ဆင်ခဲ့ရပါဘူး။ ဘာတွေ မေးမှာလည်းမသိဆိုပြီး ရင်တမ,မ နဲ့ အင်တာဗျူးစဖြေရပါတော့တယ်..ထင်ထားသလောက် မခက်ခဲပါဘူး…အလုပ်တွေ့ကြုံ၊ ဘာလို့အိမ် ၃ အိမ်ထိ ပြောင်းရတာလည်း ဘာညာ၊ ဒီအလုပ်က လွယ်ကူမယ်၊ ပင်ပန်းမယ် ထင်လား ဘာညာ။

အင်တာဗျူးဖြေပြီးသွားတော့ နောက်တစ်ဆင့်အနေနဲ့ physical assessment ဆိုတဲ့ လူကိုယ်တိုင် လုပ်ပြရတာမျိုးမှာ (အိမ်သာဆေးခိုင်းပါတယ်)ပြီးတော့ “သူမ” က ဝင်စစ်ပြီး…”ok ပြန်လို့ရပြီ..အောင်တာ၊မအောင်တာ …စာပြန်ပို့ပါမယ်”တဲ့…အဲ့တာနဲ့ဘဲ စိတ်က တစ်ဝက်အေးသွားပါတယ်…😁

(က်ိုယ်ကအောင်မယ်ဆိုတာကို ယုံကြည်ပြီးသားပါ ကိုယ်အကောင်းဆုံးဖြေခဲ့တာ သူနဲ့ကိုယ် အသိဆုံးမို့ပါ😍) အဲ့လိုနဲ့ မနက်ဖြန်ရောက်တော့ သူဌေးကလေဆိပ်လိုက်ပို့ပြီး..မလေးရှားကိုရောက်သွားပါတယ်။နက်ဖန်မှာဘဲ အင်တာဗျူးအောင်တယ်ဆိုပြီး စာပို့လာပါတယ် (၃ရက်အတွင်း IPA ကျပါတယ်)

တစ်ကယ်တော့ Nursing home မှာလုပ်ချင်လို့ သင်တန်းတက်ခဲ့ပေမယ့် 2ဘာသာတက်ပြီးသွားတဲ့အချိန်မှာ သဌေးက ရုတ်တရတ် အိမ်ပြောင်းဖို့ပြောလာတော့ သင်တန်းဆက်မတက်ဖြစ်တော့ပါ။အပြင်အလုပ်ပြောင်းမှ ဆက်တက်မယ်လုပ်တော့လည်း offက Sunday လုံးဝမရပါဘူး ။ ဒီလိုနဲ့ဘဲ Nursing home သင်တန်းမှာ certificate မရဘဲ လက်လျှော့ခဲ့ရပါတယ်။

တစ်ကယ်တမ်း cleaning job က်ိုလုပ်ဖို့ လုံးဝအစီအစဉ်မရှိခဲ့တာပါ။ ဒါပေမယ့် အရေးပေါ်အခြေအနေလေနော်။ ကိုယ်ရနိုင်တဲ့အနီးစပ်ဆုံးအလုပ်က ဒီအလုပ်ဖြစ်နေလို့ပါဘဲ။

*******Cj ပြောင်းဖို့... ****
*agent fees (အတိအကျမသိပါဘူး)

*အတိအကျချိတ်ဆက်ထားတဲ့ယုံကြည်ရတဲ့အေးဂျင့်

*သဌေးတိုက်ရိုက်ပြောင်းဖို့က
အသိကောင်းကောင်းရှိမှ ရမှာပါ
မွှေး ကတော့ ကံကောင်းသွားလို့ သဌေးတိုက်ရိုက်နဲ့ fees 800$ဘဲ ကုန်ခဲ့ပါတယ်

*passport သက်တမ်း 2 နှစ်အနည်းဆုံးရှိရပါမယ်

*English (အတော်အသင့်)ဖတ််တတ်၊ ပြောတတ်ရပါမယ်

*အိမ်အကူ နဲ့အလုပ်အတွေ့အကြုံအနည်းဆုံး တစ်နှစ်အထက် ရှိရမယ်..
အဲ့လောက်ပါဘဲ(အလုပ်မချိတ်ပေးပါဘူးရှင့်)
#မွှေးလေး

မပျော်နိုင်ဘူး လူတွေရယ်😞
19/07/2024

မပျော်နိုင်ဘူး လူတွေရယ်😞

18/07/2024

SGမှာ အလုပ်တစ်ခုလျှောက်တော့မယ်ဆို မေးလိုက်တဲ့ job experience 🙂 အဲ့လိုနဲ့ဘဲ ဘာအလုပ်မှ မလျှောက်ရဲတော့ဘူး🤓

17/07/2024

အေးဂျင့် feesလေးတော့ စုကြပေါ့အေ☹️

စင်ကာပူမှာ အိမ်ရှင်နဲ့ အဆင်မပြေလို့ ခနခနအိမ်ပြောင်းရတဲ့သူတွေရှိရင် အားမငယ်ပါနဲ့..“မွှေး”လည်း အိမ်၃အိမ်အထိ ပြောင်းခဲ့ရတဲ့...
14/07/2024

စင်ကာပူမှာ အိမ်ရှင်နဲ့ အဆင်မပြေလို့ ခနခနအိမ်ပြောင်းရတဲ့သူတွေရှိရင် အားမငယ်ပါနဲ့..
“မွှေး”လည်း အိမ်၃အိမ်အထိ ပြောင်းခဲ့ရတဲ့သူမို့ အတွေ့အကြုံလေး ပြောပြချင်ပါတယ်..
**၂၀၂၁ (၂)လပိုင်းမှာ စင်ကာပူစရောက်ပြီး ကင်ဆာရောဂါသည် အဖိုးကြည့်ဖို့နဲ့ ပထမအိမ်ရှင်အိမ်ဝင်ခဲ့တယ်....အရမ်းကို ပင်ပန်းခဲ့ရတဲ့အိမ်ပါ..အပြင်လုံးဝမထွက်ရ..ပိတ်ရက်မရှိ..ည 9 or 10pm အလုပ်ပြီးမှ ဖုန်းသုံးရပါတယ်...အဖိုးက ဘာမှစားလို့မရ..ဆန်ပြုတ်တောင် ထပ်ပြီး blander နဲ့ ထပ်ကြိတ်ပေးရတဲ့ဘ၀ပါ..ဒါတောင် မမျိုနိုင်ပါဘူး..ကျန်တာဆိုလို့..ရေနဲ့နွားနို့ဘဲ သောက်နိုင်ပါတယ်…အဖိုးကEလည်းဗိုက်က ပါရတယ်..စအိုဘက်သွားတဲ့ အူကို ဗိုက်အပြင်ထုတ်ပြီး အဲ့မှာ အိတ်လေးကပ်ပြီး အဲ့အိတ်ထဲ အလေးသွား(Eပါ) ပါတယ်..သူတစ်ခါ E ပါတိုင်း အဲ့ Eအိတ်ကို တစ်ခါဆေးရပါတယ်(အထဲက E အကုန်ထုတ်ပစ်ပြီး ဆေးရပါတယ်) အမေ့သန်တာလည်းမပြောနဲ့ ခုစကားပြောနောက် ၂မိနစ်ဆိုမေ့ပြီ...အဲ့လို အဖိုးမျိုးကို တစ်နေ့ ဆေး၃ကြိမ် မရ၊ရအောင် တိုက်ရတယ်..အဖိုးကို တစ်နေ့ နွားနို့ ၄ဗူးကုန်အောင်တိုက်ခိုင်းတယ်...၄ဗူးမကုန်ရင် အဆူခံရတယ်...ဟိုကရောဂါသည်လေနော်..သူသောက်ချင်စိတ်ရှိမှသောက်မှာ...အဲ့တာကို ဆေးမရမကတိုက်ခိုင်း...နွားနို့ မရမကတိုက်ခိုင်း...လူနာက စိတ်တိုတော့ ကိုယ့်ကိုအော်..ဆဲ.. ကိုယ်ကကြောက်တော့ လူနာဆီမသွားရဲတော့ဘူး😞အဲ့တော့ သူဌေးမက ပြန်ဆူ…လူနာနဲ့ သဌေးမ ဒီ၂ယောက်ကြား သေသာသေပစ်ချင်ခဲ့တယ်..ဒါနဲ့ အဲ့အိမ်မှာ ၆လပြည့်အကြွေးကျေပြီး ၇လထဲရောက်တော့ အဖိုးကဆုံးသွားတယ်..ဆုံးသွားတာဘဲကျေဇူးတင်ရမယ်..သူ့ကိုဒီလိုမြင်နေရတာလဲ ရင်ထဲနာကျင်ရတယ်…အဖိုးဆုံးတော့ နောက်တစ်အိမ်ပြောင်းဖို့ အေးဂျင့်စီ သဌေးမကပြန်ပို့တယ်..
**ဒုတိယ တစ်အိမ်ဝင်ဖို့ အရမ်းကြောက်ခဲ့တယ်..မိသားစုသစ်နဲ့ စာချုပ်အသစ်ပြန်စဖို့ အရမ်းရင်လေးနေခဲ့တယ်...ဒီလိုနဲ့ ဒုတိယအိမ်မှာ ကလေး၃ယောက် ခွေးတစ်ကောင်..စုစုပေါင်း ကိုယ်အပါဝင်(၆)ယောက်...နေ့တိုင်း ချွေးတစို့စို့နဲ့ပါဘဲ..သူတို့ကအရမ်းချမ်းသာကြပါတယ်..သဘောလည်းကောင်းကြတယ်..အဲ့အိမ်မှာ ၁၁ လကျော်နေခဲ့တယ်..ကလေးတွေနဲ့ စကားနေ့တိုင်းပြောတော့ English ကျွမ်းလာတယ်..လူချမ်းသာတွေရဲ့ နေပုံထိုင်ပုံ တွေ လက်တွေ့ကျကျ မြင်ရတော့ အမြင်ပိုကျယ်လာခဲ့တယ်...ဒီလိုနဲ့ သဌေးမက သဝန်တိုပြီး..အသက်ငယ်သေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အေးဂျင့်ပြန်ပို့ပါတယ်...ဒီ ၁၁ လလုံးလုံး ပဆံကိုအရမ်းစုလိုက်လို့..လက်ထဲ 3500$လောက်ရှိနေပြီးသာပါ..ကျန်တာတော့ ပိတ်ရက်သုံးရင်း..အိမ်လည်းပို့တယ်ပေါ့နော်..လက်ထဲ အလောက်ကျန်ပါတယ်...
ဒီနေရာမှာ ပြောချင်တာက လက်ထဲပဆံရှိတော့ အေးဂျင့်စီရောက်လည်း မျက်နှာပွင့်ပါတယ်..
** ဒီလိုနဲ့ အေးဂျင့်စီ တတိယအကြိမ်ပြန်ရောက်တော့...လက်ထဲပဆံလည်းရှိတော့..သူတို့ချီးကျူးတာ ခံရတယ်..တော်တယ် ဘာညာပေါ့နော်..သူတို့စီ ဒီလိုပြန်အပို့ခံရတဲ့သူထဲ ပဆံများကြီးစုထားနိုင်တဲ့သူ မမြင်ဖူးဘူးတဲ့ “you’re the first one “ ဆိုတော့ ပျော်ပြီလေ😁။..အာ့နဲ့ အလုပ်လဲအမြန်ရှာပေးကြပါတယ်..၉ရက်အတွင်း တတိယအိမ်ကို အဖိုးကြည့်နဲ့ ပြန်ရောက်လာခဲ့ပါတယ်(ဒီ၈ရက်အတွင်း အေးဂျင့်မှာ ဘာအလုပ်မခိုင်းဘူး🤣 အေးဂျင့်မ အဖေက သူ့အိမ်လာနေခိုင်းထားတာ…မိုးလင်း ထမင်းစား..ပြန်အိပ် ၊နေ့လည်စား…ပြန်နိုး..၊ညစာစား..ညရောက်တော့ ပြန်အိပ် ဒီလို ၈ရက်နေခဲ့ရတယ်😁)
**တတိယအိမ်ဝင်ဖို့ဆိုအရမ်းကြောက်နေခဲ့တာ ရှေ့၂အိမ်လည်း ကံဆိုးတော့ ဒီအိမ်ကို တစ်ကယ်မဝင်ချင်ဘူး..😞…ဘာဘဲဖြစ်ဖြစ် ဒီအိမ်အဆင်မပြေရင်တော့ တခြားအလုပ်ပြောင်းမယ်ဆိုပြီး…အားတင်းပြီး တတိယအိမ်ရောက်သွားပါတော့တယ်..အဖိုးကြည့်…အဖ်ိုးကသဘောအရမ်းကောင်း..အိမ်မှာ အဖိုး၊သူ့မြေး(က်ုယ့်သူဌေး)၊ပြီးရင် ကျမ စုပေါင်း(၃)ယောက်ဘဲရှိတယ်..ချက်ပြုတ်စရာမလို…တစ်ပတ်တသ်ခေါက်လောက်ဘဲ အိမ်သန့်ရှင်းရေးလုပ်တယ်..ကြားရက်တွေတော့ တံမြက်လှည်း၊ကြမ်းတိုက် ..ဒါဘဲလုပ်ရပါတယ်…သဌေးက ၃၂ဘဲရှ်ိသေးတယ်..သဘောလည်းကောင်း (လူလွတ်)ကိုယ်နဲ့ဆို အရမ်းတည့်ပါတယ်…အဲ့တာနဲ့မကြာခင် ၉လလောက်ကြာတော့ သူဌေးက Vietnam မနဲ့ ညားသွားပါရော😐အဲ့ချိန်ကစ ဆင်မပြေမှုတွေ စလာတော့တာပါဘဲ…သူဌေးကလည်း မိန်းမမှမိန်းမ..မိန်းမတစ်ခွန်းဆို yes ပြီးသား..😒…အဲ့အိမ်မှာလည်း တစ်နှစ်နဲ့၆လဘဲနေခဲ့ရပါတယ်😞…ကုန်ခဲ့တဲ့အချိန်၃နှစ်ကျော်မှာ အိမ်၃အိမ်အထိပြောင်းခဲ့ရပါတယ်…နောက်ဆုံးမှာတော့...ဒီအိမ်အကူ ဘဝကို မုန်းလွန်းလို့ လွတ်ရာ လွတ်နိုး အပြင်သန့်ရှင်းရေးအလုပ်ဘဲ ရွေးချယ်ခဲ့ပါတယ်….ခုဆို အရမ်းပျော်ရပါပြီ….ရယ်တစ်လှည့် ငိုတစ်လှည့်၊ချိုတစ်လှည့် ခါးတစ်လှည့်ပါဘဲရှင်…နောက်ထပ် အလုပ်ကောင်းလေး လျှောက်နိုင်အောင်လည်း ထပ်ကြိုးစားနေပါတယ်…work permit holder မို့ အလုပ်တစ်ခုရဖို့ဆိုတာကလည်း အတော်ကို မလွယ်ကူလှဘူး😞…
💬💬ပေးချင်တဲ့ message ကတော့ …အိမ်ခနခနပြောင်းနေရတဲ့သူတွေ စိတ်ဓါတ်မကျပါနဲ့..ဒီအိမ်မကောင်းရင်..နောက်အိမ်ကောင်းချင်ကောင်းမယ်…နောက်တစ်အိမ်မကောင်းတော့လည်း…နောက်တစ်အိမ်ပေါ့…နောက်ဆုံး….ဒီအိမ်အကူအလုပ်နဲ့ လုံးဝအဆင်မပြေဘူး ဆိုရင်တော့…အပြင်အလုပ်သာ ရှာပြောင်းပေတော့…
အပြင်အလုပ်ပြောင်းဖို့ မခက်ပါဘူး…အိမ်အကူကနေ စပြောင်းမယ်ဆိုရင် အနီးစပ်ဆုံးရနိုင်တဲ့အလုပ်က cleaning job ပါဘဲ... ကဲ ဒီအလုပ်ပြောင်းဖို့ ဘာတွေလိုလည်း..နောက်ပိုစ့်တစ်ခုမှာ ရေးပေးမယ်နော်...စာအရမ်းရှည်သွား လို့ sorry par ချစ်တို့...
#မွှေးလေး”

😢ကိုယ်ကြည့်ခဲ့တဲ့အဖိုး လွန်ခဲ့တဲ့ ၃ရက်က ဆုံးသွားပြီတဲ့…ကိုယ့်ပေါ်အမြဲကောင်းခဲ့တယ် အဖိုးက..ဘာပြောရမှန်းလည်း မသ်ိတော့ဘူး…အ...
12/07/2024

😢ကိုယ်ကြည့်ခဲ့တဲ့အဖိုး လွန်ခဲ့တဲ့ ၃ရက်က ဆုံးသွားပြီတဲ့…ကိုယ့်ပေါ်အမြဲကောင်းခဲ့တယ် အဖိုးက..ဘာပြောရမှန်းလည်း မသ်ိတော့ဘူး…အတော်စိတ်မကောင်းဖြစ်မိတယ်..ကိုယ်လည်း အလုပ်နဲ့ မသွားနိုင်..

လစာဘယ်လောက်ရလဲလို့မေးလာရင်စားပြီးသောက်ပြီး သိန်း၃၀ လောက်ဘဲ ကျန်ပါတယ်ဗျာ/ရှင်လို့သာဖြေတကယ်တော့ သူတို့ကြားချင်တဲ့အဖြေက Jသိ...
12/07/2024

လစာဘယ်လောက်ရလဲလို့မေးလာရင်
စားပြီးသောက်ပြီး သိန်း၃၀ လောက်ဘဲ
ကျန်ပါတယ်ဗျာ/ရှင်လို့သာဖြေ

တကယ်တော့ သူတို့ကြားချင်တဲ့အဖြေက
Jသိန်းကျော်လေးနဲ့ ဒုက္ခတွေရောက်ပြီး
ဒစ်လည်နေတယ်ဆိုတဲ့အဖြေကိုကြားချင်တာ

ယုံတာမယုံတာကျ သူ့အပိုင်းဖြစ်သွားပြီ ယုံပြီး
စိတ်ဆင်းရဲသွားရင်လည်း ပြောရတာတန်တယ်
မယုံလို့စောက်ကြွားထင်သွားလည်း
နောက်မမေးတော့ဘူးပေါ့ 😁😁

10/07/2024

မင်းငါ့ကို သစ္စာဖောက်ခဲ့တယ်..ဒါကိုလည်း မင်းနောင်တရမှာမဟုတ်ဆိုတာကိုငါသိတယ်…ငါနဲ့အတူရှိနေခဲ့တဲ့အချိန်မှာတောင် မင်း ‘သူမ’နဲ့ စကားပြောနေခဲ့တယ်..ဒီအရာက ကိုယ့်ကိုအရမ်းနာကျင်စေတယ်..မင်းရဲ့အဆိုးဆုံးအခြေအနေမှာတောင် ကိုယ်ချစ်ပေးခဲ့တယ်လေ..ခုတော့ဒါတွေကအလကားဖြစ်ပြီပေါ့..’သူမ’နဲ့ date ဖို့ကျတော့ မင်းအတွက်အချိန်၂ပတ်ဘဲ လိုခဲ့တယ်..မင်းက ငါ့ကိုလှည့်စားမယ်လို့မထင်ခဲ့ဘူး..
ဒါမယ့် မင်းက သစ္စာဖောက် ဘဲ
(ငါ့အပေါ်သစ္စာဖောက်ခဲ့တယ်)

မီးပူတိုက် ၂နာရီခေါ်တာ😁တိုက်ရတာ မူစလင် ဝတ်စုံကျား/မ ဝတ် ခေါင်းပေါင်းတွေလည်းအကုန်ပါ😕 ခါဝန်တွေက အရှည်ကြီးတွေ တစ်ထည်၅မိနစ် ...
10/07/2024

မီးပူတိုက် ၂နာရီခေါ်တာ😁တိုက်ရတာ မူစလင် ဝတ်စုံ
ကျား/မ ဝတ် ခေါင်းပေါင်းတွေလည်းအကုန်ပါ😕 ခါဝန်တွေက အရှည်ကြီးတွေ တစ်ထည်၅မိနစ် နဲ့ လုံးဝကိုမပြီးနိုင်ပါဘူး 😒 ၂ိနာရီကို ၁၉ထည်ဘဲပြီးခဲ့တယ်..ဒါတောင်အချိန်ပိုက ၁၅မိနစ် လုပ်ပေးခဲ့သေးတယ်🙂‍↔️
လုပ်စားရတာမလွယ်ဘူး ချစ်တို့😍

မိမိနေ့စဉ်စားသောအစာ  နှင့်  လိုချင်သောမျက်နှာ🙂
07/07/2024

မိမိနေ့စဉ်စားသောအစာ နှင့် လိုချင်သောမျက်နှာ🙂

Address

Singapore

Opening Hours

09:00 - 17:00

Telephone

+6580146956

Alerts

Be the first to know and let us send you an email when Hmwei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hmwei:

Videos

Share


Other Digital creator in Singapore

Show All