Jade Life

Jade Life My name is Jade Life It is intended for the study of archeology, so experts can comment.
(27)

28/07/2024

အချိန်မကျန်တော့ပါဘူးခင်ဗျာ😁

အပြုံးမပျက် ၃ ရက်ပါပဲ😁

တစောင်တင်ထားပါတယ်ခင်ဗျာ😅👇

26/07/2024

ဘတ်ရိုက်ဖို့စောင့်နေတာလား😁

ထိုင်းမှာ တရားဝင်ရော မဝင်ရော ရောက်နေသူတွေအတွက် ဘတ်ရိုက်ရဖို့အရေးဟာ အရမ်းအရေးကြီးနေကြပါတယ်....ကျနော်မိတ်ဆွေတွေလဲ နှစ်လဗီဇာနဲ့လာပြီး ဘတ်ရိုက်ဖို့စောင့်နေပေမယ့် မျှော်သာမျှော်သည် မပေါ်သည် ရင်မှာဝေဒနာ အပွင့်အခက်ဝါနီ ဖြစ်နေကြပြီ😁...

ဟိုနေ့ဘတ်ဖွင့်မယ်...ဒီနေ့ ဘတ်ဖွင့်မယ်နဲ့ ဖွဘုတ်ရော tittok ရောမှာ ပလူပျံနေပေမယ့် ဘတ်ရိုက်ဖို့က ရွှေပြည်တော်မျှော်တိုင်းဝေးနေပြီး အေးဂျင့်တွေဆီမှာ ငွေတွေ လက်လွန် ကြက်သွန်ဖြစ်နေသူတွေရဲ့ ညည်းညူသံတွေက မကြားချင်မှအဆုံး😁

ယုံစားမိသည်က ကိုယ့်အမှားလို့ပဲပြောပါရစေခင်ဗျာ✅
ငွေကြိုပေးတာက ဘတ်ရိုက်ရင်မရလိုက်မှာစိုးလို့လားမေးပါရစေ😁

တကယ်က ဘတ်ဖွင့်ရက် 15ရက်ပဲ ဖွင့်တာမို့ ငွေသွင်း ပြီးစာရင်းတင်ထားမှ စိတ်ချရမယ်ဆိုတဲ့ပွဲစားစကားမှာ ဂျင်းမိနေကြတာပါ....ဘာ 15ရက်မှမဟုတ်ပါဘူး😁
ကျနော့်တူမတယောက်အတွက် ဘတ်ဖွင့်ပြီး တလကျော်မှလုပ်တာတောင်ရပါတယ်...ချင်းမိုင်မှာနော်✅ ဘန်ကောက်တော့မသိဘူး😁 လာငြင်းမှာမို့ကြိုပြောတာ...

အဲဒီတော့ ထိုင်းအစိုးရက တရားဝင် ဘတ်ဖွင့်ပြီဆိုမှ စိတ်ချရတဲ့အေးဂျင့်နဲ့ ဘတ်ရိုက်ဖို့ လုပ်ကြပါလို့ အကြံပေးပါရစေ....ကျနော် အေးဂျင့်မဟုတ်ဘူးနော်...လုပ်လဲမပေးဘူး...အပ်လဲမပေးဘူး😁 ...ထီရောင်းနေရတာ အားချိန်လဲမရှိဘူး😁

အမြင်မတော်လို့ဝင်ပြောတာ...မျှော်လင့်ချက်အမှားတွေပေးပြီး ဂျင်းထည့်မနေကြနဲ့...အားလုံးက ဒုက္ခရောက်လို့ ရောက်လာကြတ
ာ✅



#ဘတ်ရိုက်


#ထိုင်းထီ

20/07/2024

ထီပေါက်ထားပြီး ဆုငွေလာမထုတ်သေးသူ အောက်ပါမိတ်ဆွေများ Pageမက်စင်ဂျာမှာ လာဆက်သွယ်ပေးပါခင်ဗျာ✅

1..Mg Mg 👉546021
3..Moonlit sky 👉696921
4..Soe myint zaw👉970121
5.Tun naing oo 👉285321

7..Min maung 👉359821
8..Thant zin 👉053621
13.Phyo Aung 👉011746

17/07/2024

အရင်အပတ်(June) နောက်ဆုံးပတ်က ထီပေါက်ပြီးလာမထုတ်သူများ

392089👉Ko aung(2000)
570089👉Htun aung kyaw(4000)
710889👉Htun aung kyaw (4000)

085778👉Goldsliverstar(4000)

#ထိုင်းထီ

17/07/2024

အားလပ်ရက်ချင်းမိုင်

မိတ်ဆွေများမဂ်လာပါ          ထီဖွင့်ခါနီးမှ  Facebook က ပေါ်လစီငြိတယ်ဆိုပြီး  Page က နီသွားပါတယ်...ထီပုံတင်တာ   သူ့ရဲ့စည်...
11/07/2024

မိတ်ဆွေများမဂ်လာပါ

ထီဖွင့်ခါနီးမှ Facebook က ပေါ်လစီငြိတယ်ဆိုပြီး Page က နီသွားပါတယ်...ထီပုံတင်တာ သူ့ရဲ့စည်းကမ်းကို ချိုး ေဖာက်ပါတယ်လို့ဆိုပါတယ်😁 အရင်ကလည်းဖြစ်ဖူးပါတယ်...request ပြန်တင်လိုက်တော့ ပြန်ရပေမယ့် Reach ချလိုက်တဲ့အတွက် အရင်လိုတင်လိုက်တာနဲ့ လူတိုင်းဆီ တန်းမရောက်တော့ပါဘူး....

အဲဒါကြောင့် ထီထိုးလိုသူမိတ်ဆွေများ ကျနော့်ရဲ့အရံ Page တွေဖြစ်တဲ့ jade life 2 နဲ့ ချင်းမိုင်ရောက် မြန်မာတယောက် Pageတွေမှာ လာရောက် ထီထိုးရပါတယ်ခင်ဗျာ✅

ဒီ jadelife page မှာလဲ ပုံမှန်တင်ပေးနေမှာပါ...

Page တွေရဲ့ လင့်တွေကို Commentမှာ ချထားပေးပါမယ်...

ထီထိုးသူမိတ်ဆွေများ ကံကောင်းကြပါစေဗျာ❤️✅

#နောက်ဆုံး ゚ #ထီရပြီး #ထိုင်းထီ #ချင်းမိုင်

ချင်းမိုင်ရောက် မြန်မာတွေ ဘာလုပ်စားကြလဲ😊           ဒီမေးခွန်းကို   ချင်းမိုင်းမရောက်ဖူးသေးသူတွေက  သိချင်ကြမှာပါ....ချင်း...
09/07/2024

ချင်းမိုင်ရောက် မြန်မာတွေ ဘာလုပ်စားကြလဲ😊

ဒီမေးခွန်းကို ချင်းမိုင်းမရောက်ဖူးသေးသူတွေက သိချင်ကြမှာပါ....

ချင်းမိုင်ကို စရောက်တုန်းက မြန်မာတော်တော်နည်းသေးတယ်ပြောရမှာပါ....မြန်မာဆိုင်ဆိုတာ လက်ချိုးရေလို့ရသလို ကျနော်မရောက်သေးတဲ့ဆိုင်လဲ မရှိသလောက်ပါပဲ😁
ခုတော့ မြန်မာဆိုင်တွေ အများကြီးဖြစ်လာပြီး မြန်မာတွေလဲ ခလုတ်မတိုက်မိအောင် ရှောင်နေရတော့တာပါဲပဲ😁 ဟိုနားသွားလဲ မြန်မာ ..ဒီနားသွားလဲ မြန်မာ😁

အနှိပ်ခန်းတောင် မသွားတာကြာလို့ မဆုံသေးတာဖြစ်မယ်😅
ချင်းမိုင်မှာဒေါ်တိုးတိုးဆိုင်ဆို မသိသူမရှိသလောက်ပါပဲ...အဲနားတဝိုက်မှာ မြန်မာတွေအနေများပြီး အဲဒီနားမှာ ညပိုင်းမှဖွင့်တဲ့ လမ်းဘေးဆိုင်လေးတွေ တော်တော်များပါတယ်...ကျနော်ထိုင်နေကျ အကင်ဆိုင်လေးတဆိုင်ရှိပြီး ချင်းမိုင်ရောက်မိတ်ဆွေတွေနဲ့ အမြဲထိုင်နေကျပေါ့...အရင်ကမြန်မာဆိုလို့ကျနော်တို့အဖွဲ့ပဲရှိရာက ခုတော့ ရှိတဲ့စားပွဲဝိုင်းအပြည့်က မြန်မာတွေချည်းပဲ😁

ဒါတွင်မကသေးဘူး ....ချင်းမိုင်ရောက်လာတဲ့တူတော်မောင်နဲ့ သင်တန်းသားတွေနေတဲ့ အဆောင်တွေမှာလဲ မြန်မာတွေချည်းပဲတဲ့😅 ဟိုဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ချင်းမိုင်မှာလူငယ်တွေအရမ်းများလာတာကတော့ သေချာပါတယ်✅

ခုနကစကားပြန်ဆက်ရရင် ချင်းမိုင်ရောက်နေသူတွေဘာလုပ်စားကြသလဲပေါ့...

တချို့က စားသောက်ဆိုင် ဖွင့်ပါတယ်✅
တချို့က ဆေးခြောက်ဆိုင် ဖွင့်ပါတယ်✅(ကျနော် ဝယ်နေကျ)😂
တချို့က ကားထောင်ပြီး မြန်မာ ခရီးသွားတွေလိုက်ပို့ပါတယ်✅
တချို့က အိုက်တိုးပဂေးဆန် လုပ်ပါတယ်✅
တချို့က ပညာရေးအေးဂျင့်လုပ်ပါတယ်✅
တချို့က ထိုင်းထီရောင်း/ငွေလဲလုပ်ပါတယ်✅
တချို့က မိဘလုပ်စာ ထိုင်စားနေပါတယ်✅
တချို့က Blogger လုပ်ပါတယ်✅
တချို့က ကျောင်းတက်ရင်း ကျောင်းဆရာလဲလုပ်ပါတယ်✅
တချို့က ဘာအလုပ်မှမရှိလို့ ပါလာတဲ့ငွေကုန်ပြီး ပြန်ဖို့လုပ်နေပါတယ်✅

တချို့ကတော့ တိုင်ပတ်နေကြပါတယ်😁

ကျနော်ကတော့ မိန်းမခိုင်းစားနေပါတယ်😅

Online ကနေငွေရှာနည်း(profile  ကနေ  pageပြောင်းခြင်း)    Facebook ကနေ ငွေရှာတော့မယ်ဆိုရင်  pageတခုရှိနေရပါမယ်...ဒါပေမယ့် ...
06/07/2024

Online ကနေငွေရှာနည်း
(profile ကနေ pageပြောင်းခြင်း)

Facebook ကနေ ငွေရှာတော့မယ်ဆိုရင် pageတခုရှိနေရပါမယ်...ဒါပေမယ့် မိမိရဲ့ လက်ရှိသုံးနေတဲ့ facebook အကောင့်က friend 4..5ထောင်ရှိနေပြီဆိုရင် facebook အကောင့်ကနေ Page ပြောင်းလိုက်တာက ငွေရှာဖို့ ပိုမြန်ပါတယ်...

ကျနော်လက်ရှိသုံးနေတဲ့ facebook အကောင့်ကို Pageပြောင်းလိုက်ပြီး ငွေရအောင် run တာ ခုဆို monetization အောင်ပြီးငွေဝင်နေပါပြီ✅

အကောင့်ကနေ pageပြောင်းတာက အားနည်းချက်အားသာချက်တွေ ရှိပါတယ်...အားနည်းချက်က နောက်ထပ် Admin အသစ်ထပ်ခန့်လို့မရတာဖြစ်ပြီး အားသာချက်က ဘာသာစကားချိန်းစရာမလိုပဲ video တန်းတင်လို့ရတာပါ...

မိမိရဲ့ facebook အကောင့်ကို page ပြောင်းပြီးလို့ အကောင့်ပြန်ပြောင်းချင်လဲ လွယ်လွယ်လေးပြောင်းလို့ရပါတယ်✅

အဲဒီတော့မိမိမှာ နဂိုရှိရင်းစွဲပရိတ်သတ်တွေအများကြီး သောင်းချီ သိန်းချီရှိနေတယ်ဆိုရင်တော့ profile အကောင့်ကနေ Page ပြောင်းပြီး မြန်မြန်ငွေရှာလို့ရအောင် လုပ်သင့်ပါတယ်...

page တခုအနေနဲ့အသစ်ဖွင့်ပြီး လုပ်မယ်ဆိုရင်တော့ အချိန်တခုယူရမှာဖြစ်ပေမယ့် page မှာ ပြဿနာတစုံတခုဖြစ်လာရင် Admin ခန့်ပြီး service ယူရမယ့်ကိစ္စတွေကို လုပ်လို့ရနိုင်တာမို့ အချိန်ယူနိုင်တဲ့သူတွေအနေနဲ့ အသစ်ဖွင့်ဖို့အကြံပြုချင်ပါတယ်✅

အောက်ကပုံတွေမှာ မိမိအကောင့်ကနေ page ပြောင်းပုံ အဆင့်သုံးခုကို ပြထားပါတယ်....အဲဒီအဆင့်တွေလုပ်ပြီးရင် Page ဖြစ်သွားပါပြီ✅

ကိုယ်ပိုင် video စာ ဓာတ်ပုံတင်ပြီး Monetization အောင်ဖို့ စကြိုးစားလို့ရပါပြီခင်ဗျာ✅

အခုအဆင့်က အကောင့်ကနေ page ပြောင်းတဲ့အခြေ ခံအဆင့်သာဖြစ်ပြီး monetization အောင်ဖို့ facebook ရဲ့စံသတ်မှတ်ချက်တွေကို ဘယ်လိုလိုက်နာရမလဲဆိုတာ နောက်တဆင့်မှာ ဆက်တင်ပေးပါမယ်...

အောင်မြင်ကြပါစေဗျာ❤️

Online ပေါ်က ငွေရှာနည်း       နည်းပညာခေတ်ရောက်လာတဲ့အခါမှာ  လူတိုင်းဟာ နည်းပညာကိုနားလည်ဖို့လိုလာပါတယ်...ခေတ်နဲ့အညီ  ခေတ်အ...
05/07/2024

Online ပေါ်က ငွေရှာနည်း

နည်းပညာခေတ်ရောက်လာတဲ့အခါမှာ လူတိုင်းဟာ နည်းပညာကိုနားလည်ဖို့လိုလာပါတယ်...ခေတ်နဲ့အညီ ခေတ်အမြင်ခေတ်အတွေး တွေးတတ်ရပါမယ်...

Online ပေါ်က ငွေရှာတဲ့ပုံစံအမျိုးမျိုးရှိကြပေမယ့် ကျနော်ကျွမ်းကျင်တဲ့ Facebook ,Youtube ကနေ ငွေရှာနည်းအကြောင်းပဲ အရင်ပြောပြပေးပါမယ်..

ကျောက်စိမ်းvideo Live ဖြတ်ပြတာကနေ သိန်း တထောင်ဝန်းကျင်ထိကျနော်ရပါတယ်...Facebook ,Youtubeနှစ်ခုကနေပါ..ဒါ ကျနော်မြန်မာပြည်မှရှိနေတုန်းအချိန်ကဝင်ငွေပါ...ချင်းမိုင်ရောက်လာတော့ ကျောက်စိမ်းဖြတ်ပြတာတွေ သိပ်မတင်ဖြစ်တော့တာမို့ ဝင်ငွေနည်းသွားပေမယ့် ကြည့်ရူသူရှိနေသေးတဲ့အတွက် တလ 5 သိန်းဝန်းကျင်ဝင်နေတုန်းပါပဲ..

ဘယ်သူကပေးတာလဲ?

Facebook ပိုင်ရှင် ဇူကာဘတ်နဲ့ Youtube ပိုင်ရှင်(နာမည်မေ့😅)ကပေးတာပါ...လတလရဲ့နောက်ဆုံးပတ် 25ရက်ဝနိးကျင်ဆိုရင် ကျနော်ဘဏ်ထဲကို Auto ငွေဝင်လာပါတယ်...

ဒီငွေတွေဘယ်ကရတာလဲ...

ဘယ်ကရတာလဲဆိုတော ကျနော့ Video ကို ကြည့်တဲ့အခါမှာ ကြော်ငြာဝင်တာ သတိထားမိကြမှာပါ..အဲဒီကြော်ငြာဝင်ငွေတွေကနေ Facebook Youtube က ကျနော်တို့ Video တွေရဲ့ ကြည့်ရူနူန်းအပေါ်မူတည်ပြီး အချိုးကျ ပြန်လည်ခွဲဝေပေးတာပါ....
အဲဒီလို ဝင်ငွေရဖို့အတွက် Facebook Youtube ကနေချမှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာရပြီး ကိုယ်ပိုင်Video တွေကိုပဲ တင်မှရတာပါ....သူများ Video တွေကို ကူးတင်လို့မရပါဘူး...

အဲလိုစည်းကမ်းသတ်မှတ်ချက်တွေနဲ့အညီ Video တွေကို တင်လို့ ဝင်ငွေရှာလို့ရပြီဆို Facebook Youtube ကနေ မင်းရဲ့ Page ,Youtube ကနေ ကြော်ငြာထည့်ပြီး ဝင်ငွေရှာလို့ရတဲ့အကြောင်း အချက်ပေးလာပါတယ်...လိုအပ်တဲ့ ဘဏ်အကောင့် တွေ Taxဖောင်တွေဖြည့်ပေးရပါတယ်...မြန်မာဘဏ်တွေထည့်မရပါဘူး...နိုင်ငံခြားဘဏ်အကောင့်မှရတာပါ...အဲလိုဖြည့်ပြီးလို့ သူတို့သတ်မှတ်ချက်တွေနဲ့ပြည့်စုံရင် monetization (ငွေရှာလို့ရပြီဖြစ်ကြောင်း email ပို့လာပါတယ်...

ဒါကfacebook youtube ကနေ ငွေရှာလို့ရတဲ့အကြောင်းကို အကျဥ်းချုပ်ပြောပြတာပါ...အသေးစိတ်တွေ တဆင့်ချင်းပြောပြပေးသွားပါမယ်...

ကျနော့်မှာ ငွေဝင်(monetization အောင်)တဲ့ Page 7 ခု,
Youtube နှစ်ခုနဲ့ ဝက်ဆိုဒ် တခုရှိပါတယ်...ကျောက်စိမ်းမလုပ်ဖြစ်တော့တဲ့အတွက် တခြားအကြောင်းအရာတွေနဲ့ ငွေရှာလို့ရပေမယ့် မအားသေးတဲ့အတွက် page အနည်းငယ်လောက်ပဲတင်ဖြစ်ပါတယ်...စာရေးလဲ ငွေဝင်သလို ဓာတ်ပုံတင်လဲငွေဝင်ပါတယ်...

ကျောက်လုပ်နေရင်း ဒါတွေဘယ်လိုသိလာလဲ😁

လေ့လာရတာပါ...သင်ယူရတာပါ...လေ့လာသင်ယူမူများလေ ဝင်ငွေများလေပါပဲ...

နောက်ရက်များမှာ Facebook ,Youtube ကနေ ငွေဘယ်လိုရှာလို့ရသလဲဆိုတာ အသေးစိတ်တင်ပေးပါမယ်...ခုတော့ အိပ်ပြီ😍😁

03/07/2024

what kind of jade should you cut?



#ထိုင်းထီ
#ချင်းမိုင်


ဖားကန့်က  သူခိုးလက်ခံကျောက်သမားများ         ဒီအကြောင်းရေးရမှာ မျက်ခုံး ခပ်လူပ်လူပ်ပါပဲ😁တချို့ကထင်ကြမယ်...ညအချိန်သူများအိ...
23/06/2024

ဖားကန့်က သူခိုးလက်ခံကျောက်သမားများ

ဒီအကြောင်းရေးရမှာ မျက်ခုံး ခပ်လူပ်လူပ်ပါပဲ😁
တချို့ကထင်ကြမယ်...ညအချိန်သူများအိမ်ထဲဝင်ပြီး ကျောက်တွေဝင်ခိုးတဲ့ သူခိုးလားပေါ့....အဲလိုမဟုတ်ဘူးဗျ...

ပြောရရင်တော့....

တရက်မှာကျနော်နဲ့ခင်တဲ့ ကျောက်ကုမ္ပဏီက သူဌေးလူယုံတယောက်နဲ့ မန ဘက်က လုပ်ကွက်တခုဆီအလည်လိုက်သွားတာပေါ့...

အဲလုပ်ကွက်ဆီရောက်တော့ လူနှစ်ယောက်ကို လက်နောက်ပြန်ကြိုးတုတ်ပြီး တိုင်မှာချည်ထားတာတွေ့ရပါတယ်...မြင်ရတဲ့မြင်ကွင်းက စိတ်ထဲမှာမကောင်းလှဘူးပေါ့ဗျာ....

ကျနော့မိတ်ဆွေကတော့ မေးစရာမလိုပဲ အဲလူနှစ်ယောက်ရှေ့မှာပဲ "ဒါ ကျောက်ခိုးထုတ်တာမိလို့ ဖမ်းထားတာတဲ့...ဘက်ဟိုးဆရာတွေတဲ့"

ဗုဒ္ဓေါ...

နောက်မှ သူပြောပြတာက ဒီဘက်ဟိုးဆရာတွေက ကျောက်ကောင်းတာတွေ့ရင် ဘက်ဟိုးနဲ့ပြန်ဖုံးထားခဲ့ပြီး လူလစ်မှ အပြင်ခိုးထုတ်တာတဲ့...အပြင်မှာသူတို့နဲ့အချိတ်အဆက် ကျောက်သမားတွေက ကျောက်ကိုပုံဖျက် ထုခွဲရောင်းချပေးပြီး အကျိုးအမြတ်ခွဲယူကြတာတဲ့...😁
(သူပြောတာနော်)

နောက်ပိုင်းမှာ ကျနော်နဲ့ သိတဲ့ကျောက်သမားတချို့တောင်ပါနေတာ သတိထားမိလာတယ်..😊

ဘာရယ်ဟုတ်ပါဘူး...ကြုံတုန်းသိတာလေးပြောပြတာ😅

မကျေနပ်ရင် ချင်းမိုင်လာခဲ့😝

20/06/2024

ထီကံထူးပြီး ဆုလာမထုတ်သေးသူများ(သို့)နာမည်ရှာမရသူများ မိမိထိုးထားသော နံပါတ်ပါရင် ဆက်သွယ်ပေးပါခင်ဗျာ✅

3/Khin thuzar pyone❤️11713 💚4000ဘတ်

မနေ့က  video တခုကြည့်လိုက်ရတယ်..အမေရိကန်က   ပွဲတခုမှာ  ရှေ့ဆုံးကအမျိုးသမီးကို  "မင်းဘယ်ကလဲ "မေးတော့  မြန်မာလို့ပြောလိုက်...
11/06/2024

မနေ့က video တခုကြည့်လိုက်ရတယ်..အမေရိကန်က ပွဲတခုမှာ ရှေ့ဆုံးကအမျိုးသမီးကို "မင်းဘယ်ကလဲ "မေးတော့ မြန်မာလို့ပြောလိုက်တယ်...

မြန်မာဆိုတာ ဘာလဲတဲ့😁

ထားတော့...အမေရိကန်နိုင်ငံသားတစ်ယောက် မြန်မာကို မသိတာအဆန်းမှမဟုတ်တာ...မြန်မာက ဘယ်နေရာနာမည်ကြီးပြီးကမ္ဘာကျော်နေလို့ သိရမှာလဲ😁 သူမသိတာကိုနားလည်တယ်..လက်ခံနိုင်တယ်....

ဒါပေမယ့် .....

ဟိုချီမင်း ရောက်တုန်းက မဲခေါင်မြစ်ဖက်ကို အလည်သွားတော့ ဟောင်ကောင်သူတယောက်နဲ့ သူ့ကိုဓာတ်ပုံရိုက်ပေးရင်း သူက ကျနော့ကို ဘယ်နိုင်ငံကလဲမေးတယ်...😁

သူက..စလုံးကထင်နေတာ ကျနော့ကို😁

တချို့က..ဗျာ မြန်မာလို့ပြောရမှာ ရှက်ကြတယ်ဗျ..ကိုယ်တွေ့နော်....ကျနော်ကတော့ရှင်းတယ်...ဘာမှလာမပြောနဲ့ မြန်မာပဲ...
အဲဒီမှာ မြန်မာကလို့ကျနော်ကပြောလိုက်တော့ မကြားဖူးဘူးတဲ့😅
မြန်မာကဘယ်နားကလဲတဲ့😁..သေရော

ဒါနဲ့ ဗီယက်နမ်ရဲ့ ညချမ်းကမ်းခြေရောက်တော့ အုန်းရေလေးသောက်ရင်း ကမ်းခြေအလှကို ခံစားမယ်ဆိုပြီး အုန်းရည်ဆိုင်ဝင်သောက်ကြတာပေါ့😁

အဲဒီမှာ အုန်းရည်ရောင်းတဲ့ကောင်က ဘယ်ကလဲမေးပြန်ရော😁

ဘယ်ရမလဲ .I come from myanmar ဟဲဟဲ...မြန်မာကပေါ့...😁

ဒီကောင်ဘာပြောတယ်မှတ်လဲ...မြန်မာက ဘယ်နားကလဲတဲ့😂

ဟေ့လူတွေ...ကိုယ်တွေ့ဗျ...မယုံမရှိနဲ့😅

စိတ်ထဲကပဲ ရေရွတ်လိုက်မိတယ်..

ဒါကြောင့် ဒီကောင် အုန်းရည်ရောင်းနေရတာ😂

04/06/2024

မိတ်ဆွေများ မဂ်လာပါ❤️

အောက်တွင်ရေးထားသော ကံထူးရှင်များ Pageမက်ဆင်ဂျာမှာ လာရောက်ဆက်သွယ်ပေးပါ

Aw jay 👉777842 ❤️2000ဘတ်

Facebook   မှာ Vpn ကြောင့်  လိုင်းမရသူများ  စာပို့မရရင်  ကျနော့်ရဲ jadelife Telegram  channel မှာ အောက်က QR ကုဒ်ကို Scre...
31/05/2024

Facebook မှာ Vpn ကြောင့် လိုင်းမရသူများ စာပို့မရရင်
ကျနော့်ရဲ jadelife Telegram channel မှာ အောက်က QR ကုဒ်ကို Screen ဖတ်ပြီး joinနိုင်ပါပြီခင်ဗျာ✅

Commentမှာလဲ လင့်ချပေးထားပါတယ်✅

ကျားဖြန့်က  မန္တလေး ကျောက်ဝိုင်းထိရောက်နေပြီလား😱             မန္တလေး ကျောက်ဝိုင်းမှာ  Live လွှင့်ရောင်းနေတဲ့ပုံစံနဲ့  နှ...
29/05/2024

ကျားဖြန့်က မန္တလေး ကျောက်ဝိုင်းထိရောက်နေပြီလား😱

မန္တလေး ကျောက်ဝိုင်းမှာ Live လွှင့်ရောင်းနေတဲ့ပုံစံနဲ့ နှစ်ပေါက်တပေါက်ရိုက်ခံရပြီး ထိုင်ဝမ်က ကုန်သည်တယောက် သိန်းနှစ်သောင်းကျော် အလိမ်ခံရတယ်လို့သိရပါတယ်...

ကျားဖြန့်တွေရဲ့အယုံသွင်းလိမ်လည်မူ့က အတော်ပိရိသေသပ်တယ်လို့ဆိုရမှာပါ...သတိသာထားကြပေတော့...

ဒါကြီးက  ဘယ်လောက်ကြာမှာလဲ✅       ဒီအခင်းအကျင်းက   ဘယ်လောက်ကြာမလဲဆိုတာ  လူတိုင်းတွေးမိကြပါလိမ့်မယ်..တချို့ ကျောင်းမတက်ဖြစ...
27/05/2024

ဒါကြီးက ဘယ်လောက်ကြာမှာလဲ✅

ဒီအခင်းအကျင်းက ဘယ်လောက်ကြာမလဲဆိုတာ လူတိုင်းတွေးမိကြပါလိမ့်မယ်..တချို့ ကျောင်းမတက်ဖြစ်ကြတော့ဘူး...
တချို့ နဂိုမူလ အလုပ်မှာမရှိကြတော့ဘူး..
တချို့ ဘဝတွေ ပေးဆပ်ကြရတယ်....
တချို့ နိုင်ငံခြား ရောက်သွားကြတယ်..
တချို့ ....


ကြာမလား...ဘယ်လောက်ကြာမလဲ...ဒီလိုစဥ်းစားရင်းနဲ့ 3 နှစ်ကျော်လာခဲ့ပြီ...မြန်မာကျပ်ငွေလဲ ဟိုအောက်ဆုံးထိ နိမ့်ဆင်းနေပြီ....ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ခေါင်းအေးအေးထား စဥ်းစားကြည့်ရင် ကိုယ်ဘာလုပ်ရတော့မလဲ ဆိုတာ အဖြေပေါ်ပါလိမ့်မယ်...

သမိုင်းဆိုတာ နိုင်တဲ့သူက ရေးတာ...ကျနော်ထင်တာပြောတာနော်😁

ကျနော်တို့သင်ခဲ့ရတဲ့သမိုင်းတွေက မှန်တယ်လို့ ထင်မိကြလား..

နိုင်ငံရေးအကြောင်းရေးတာ မဟုတ်ပါဘူးဗျာ...စဥ်းစားကြည့်မိတာလေးတွေပါ...

နောက်ဆုံးကြေညာခြင်း✅    ထီပေါက်ပြီး  ထီဆုလာမထုတ်သူများး၏  ထီနံပါတ်များဖြစ်ပါတယ်ခင်ဗျာ✅   မိမိထိုးထားသော ထီနံပါတ်နဲ့ တူညီ...
25/05/2024

နောက်ဆုံးကြေညာခြင်း✅

ထီပေါက်ပြီး ထီဆုလာမထုတ်သူများး၏ ထီနံပါတ်များဖြစ်ပါတယ်ခင်ဗျာ✅

မိမိထိုးထားသော ထီနံပါတ်နဲ့ တူညီနေပါက မထုတ်ရသေးပါကလာရောက်ဆုငွေထုတ်ယူနိုင်ပါသည်✅တချို့ မက်ဆင်ဂျာမှာရှာမရပေမယ့် ထုတ်ထားသူတချို့ရှိတတ်ပါသည်😁.အပြင်ထွက်ချိန်ထီဆုလာထုတ်ရင် စာရင်းမမှတ်မိတာဖြစ်တတ်လို့ပါခင်ဗျာ✅

လာမထုတ်သူများအတွက် နောက်ဆုံးကြေငြာပေးရခြင်းပါခင်ဗျာ✅ ထီပေါက်သူများစာရင်းပါ Postများကို တလသာခြားပြီး ဖျက်ပစ်တော့မှာမို့ပါခင်ဗျာ✅

လာမထုတ်ရင် ကျနော်ပိုက်ဆံဖြစ်ပါမည်😁

May 16 ရက် ထွက်သောထီမှ✅
လာမထုတ်သူများရဲ့ ထီနံပါတ်များ✅

💚036160 ✅ ဘတ် 2000ဆု
❤️678560 ✅ဘတ် 2000ဆု
💙794760 ✅ဘတ် 4000 ဆု
💚895160 ✅ဘတ် 4000 ဆု


May 2 ရက်နေ့က ထွက်သောထီမှ✅
လာမထုတ်သူများရဲ့ထီနံပါတ်များ✅

👉947317 (4000 ဆု)
👉104422 (4000 ဆု)
👉104440 (8000ဆု)

ဘာလုပ်မှာလဲ..ပြော😁      2014 ခုနှစ်  ကျနော် ဘန်ကောက်စရောက်တော့  ထိုင်းဘတ် 1ဘတ်ကို  မြန်မာငွေ  30 ကျပ်ပါ✅     2021  ခုနှစ...
24/05/2024

ဘာလုပ်မှာလဲ..ပြော😁

2014 ခုနှစ် ကျနော် ဘန်ကောက်စရောက်တော့ ထိုင်းဘတ် 1ဘတ်ကို မြန်မာငွေ 30 ကျပ်ပါ✅

2021 ခုနှစ်ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ထိုင်းဘတ် 1ဘတ် မြန်မာငွေ 48 ကျပ်ပါ✅

2024 ခုနှစ် အခုဒီနေ့စျေး ထိုင်း 1ဘတ် မြန်မာငွေ 113 ကျပ်ပါ✅

မိတ်ဆွေ 😁

ထိုင်မှာလား ....

ထမှာလား...

ရပ်နေမှာလား..

ဟိုကြည့်ဒီကြည့် လုပ်နေမှာလား..

ပိတ်ထားတဲ့ တခါးကို အာရုံစိုက်မနေပါနဲ့...ထွက်လို့ရမယ့် အပေါက်ကိုရှာပါ....😁



#ထိုင်းထီ





တလ  သိန်း  600  လိုချင်တာပေါ့😁       ဟိုတနေ့က  ဘတ် 8000  ဆုပေါက်တဲ့သူတယောက်က  ကျနော့ပို့စ်တခုကိုရှယ်ထားတာ  တက်လာလို့  သူ...
22/05/2024

တလ သိန်း 600 လိုချင်တာပေါ့😁

ဟိုတနေ့က ဘတ် 8000 ဆုပေါက်တဲ့သူတယောက်က ကျနော့ပို့စ်တခုကိုရှယ်ထားတာ တက်လာလို့ သူ့ပိုစ် ကွန်မန့်မှာဝင်ကြည့်မိတော့ လူတယောက်မန့်ထားတာက😁

"အဲလူကို လူလိမ်လို့ထင်နေတာ "တဲ့ဗျာ 😁😁

သူတွေးတာ မှားတယ်ပြောလို့မရဘူး...ဘာကြောင့် သူ အဲလိုထင်လဲ..ကျနော်စဥ်းစားကြည့်မိတော့ အချက် နှစ်ချက်သွားတွေ့ရတယ်✅

ပထမအချက်က ကျောက်အကြောင်းတင်နေတာကနေ ထီရောင်းနေတာ😁

ဒါ jadelife အစစ်မဖြစ်နိုင်ဘူး...လူလိမ်တယောက်က jadelife ဟန်ဆောင်ပြီးထီရောင်းနေတာ..😅

ဒုတိယတချက်က ထီစျေးအရမ်းနည်းနေတာ😁

ဒါက လူတော်တော်များများ ကွန်မန့်လာရေးနေတယ်✅
ဒီစျေးနဲ့ဘာလို့ ရောင်းနေနိုင်တာလဲ..ဒီစျေးနူန်းနဲ့ ထိုင်းမှာတောင် ဝယ်လို့မရဘူး....(ဒါ သူတို့ပြောတာနော်)😁

အဖြေက ?

စျေးကွက်ထဲမှာ ထီတစောင် ဘယ်လောက်ရောင်းနေတယ်ဆိုတာ ကျနော်လဲကျောက်သမားပဲလေ မသိပဲနေမလား😅 (ငါ့များ မအဘူးထင်နေလား)

ဒါပေမယ့် ကျနော်မရောင်းပါဘူး...ကျနော် ထိုက်သင့်သလောက် အမြတ်ရနေတာမို့ သူများဘယ်လောက်ရောင်းရောင်း သူများက သူများ.....ကျနော်က ကျနော်ပါ✅

ကျနော်သာ သူများတွေလို ထီတစောင် 12500 လောက် ရောင်းလိုက်မယ်ဆိုရင် လက်ရှိကျနော့ရောင်းအားအတိုင်းသာ ရောင်းရကြည့်လိုက်😍

တလ ဘယ်လောက်မြတ်မယ်ထင်လဲ😁

👉👉👉သိန်း 600 ✅

မအံသြပါနဲ့မိတ်ဆွေ...ကျနော့်မှာလဲ လောဘရှိပါတယ်..လိုချင်တာပေါ့😁

ဒါပေမယ့် ဒါပေမယ့် တော်ရုံပဲကောင်းပါတယ်😁

လောဘကြီးလွန်းရင် ဒုက္ခရောက်တတ်တယ်ဗျ😁

ဟို လူကြီးသာ ကြည့်တော့😂

ထီပေါက်ပေမယ့်  မက်စင်ဂျာမှာနာမည် ရှာမတွေ့လို့ပါခင်ဗျာ✅အောက်မှာ ရေးထားသော နာမည်ပိုင်ရှင်နှင့်  ထီဂဏန်းပိုင်ရှင်များ  မက်စ...
19/05/2024

ထီပေါက်ပေမယ့် မက်စင်ဂျာမှာနာမည် ရှာမတွေ့လို့ပါခင်ဗျာ✅

အောက်မှာ ရေးထားသော နာမည်ပိုင်ရှင်နှင့် ထီဂဏန်းပိုင်ရှင်များ မက်စင်ဂျာမှာ လာပြီး ဆုငွေထုတ်ယူကြပါခင်ဗျာ✅

အရင်အပတ်က လာမထုတ်ရသေးသူများလဲ လာထုတ်ကြပါတော့ခင်ဗျာ😁..တော်တော် နေနိုင်တဲ့သူတွေ😍

4/Ye win thu 💛724460✅ဘတ် 2000ဆု
6/နာမည်မရေးမိ 💚036160✅ ဘတ် 2000ဆု
9/Phyo ko ko ❤️678560✅ဘတ် 2000ဆု
10/Tin may 💙794760 ✅ဘတ် 4000 ဆု
11/နာမည်မရေးမိ 💚895160 ✅ဘတ် 4000 ဆု
15/Myint naing oo 💚782060✅ဘတ် 4000 ဆု

စုစုပေါင်း သိန်း 50 လောက်ဆုကြေးငွေများကို လာရောက်ထုတ်ယူကြပါခင်ဗျာ✅

လာမယူရင် ကျနော်ဟာ ဖြစ်ပါလိမ့်မယ်ခင်ဗျာ✅😁

မိမိထီလက်မှတ်နဲ့တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်ပါက ဆုငွေထုတ်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ✅

နောက်ဆုံးစာရင်းချုပ်အရ👉 ဘတ် 2000 ဆု❤️150ဆု
👉ဘတ် 4000 ဆု 💚70 ဆု
👉ဘတ် 20000ဆု 💙2ဆု

စုစုပေါင်း ✅ဘတ် 620000❤️(မြန်မာငွေ 676သိန်းကျော်ဆွတ်ခူးရရှိပါတယ်ခင်ဗျာ✅

အားလုံးကံကောင်းကြပါစေ❤️

13/05/2024

မဂ်လာပါခင်ဗျာ

မနေ့က ဒီ Page မှာ မဂ်လာစုံတွဲနှစ်စောင် ဝယ်သွားပြီ 21000ကျပ်ကို #221000ကျပ်ပိုလွှဲမိထားတဲ့ ညီငယ်လေးကို * ကြယ်ပွင့်အမှတ်အသားပြထားပြီး အလုပ်များနေချိန်မို့ ပြန်မလွှဲလိုက်ရပါဘူး.. ခုပြန်ရှာတာ မတွေ့ဖြစ်နေလို့ ဒီပို့စ့်ကိုမြင်ရင် CB မှာ လာ Hi ပေးပါခင်ဗျာ✅

ကိုယ့်တာဝန်က ဘာလဲ✅        ကျနော် ထီရောင်းချိန်မှာသိလာရတာက   လူတွေက  ထီတော့ဝယ်လိုက်ပြီး   ထီ  မတိုက်ကြတာပါပဲ...✅     အားပ...
08/05/2024

ကိုယ့်တာဝန်က ဘာလဲ✅

ကျနော် ထီရောင်းချိန်မှာသိလာရတာက လူတွေက ထီတော့ဝယ်လိုက်ပြီး ထီ မတိုက်ကြတာပါပဲ...✅

အားပေးချင်လို့ ဝယ်တာဖြစ်ဖြစ်--ကံစမ်းချင်လို့ဝယ်တာဖြစ်ဖြစ် ထီထိုးပြီး ထီမတိုက်တော့ ဘာဖြစ်လဲ?

အခွင့်အရေးတွေ ဆုံးရူံးတာပါပဲ✅

တခြားမကြည့်ပါနဲ့..မြန်မာပြည်မှာ တနှစ်အတွင်း ထီဆုပေါက်ပြီးလာမထုတ်သူတွေရဲ့ ထီဆုကြေးတွေ သိန်းထောင်ချီရှိနေတာက သက်သေပါ...

ကျနော့ဆီမှာ ထီထိုးပြီး ထီပေါက်မှန်းမသိသူတွေ..ထီပေါက်ကြောင်း အကြောင်းကြားထားပေမယ့် ခုထိလာမထုတ်သူတွေ ရှိနေကြပါတယ်..မက်ဆင်ဂျာကိုတောင် ဝင်မကြည့်ကြပါဘူး😁

အဓိက ပြောချင်တာက တာဝန်ပါ...

ထီထိုးထားပြီးရင် ထီ တိုက်ကိုတိုက်ပါ..ကိုယ့်တာဝန် ကိုယ်ကျေပါ...အခွင့်အရေးကို ဆုံးရူံးမခံပါနဲ့..

ထီပေါက်ချင်လို့ ထီထိုးတာမို့လား✅

အထူးသဖြင့် ခုလို အခင်းအကျင်းမှာ ခင်ဗျား ဘာဖြစ်ချင်တာလဲ😁

ကိုယ့်တာဝန် ကိုယ်ကျေပါ...အခွင့်အရေးကို အဆုံးရူံးမခံပါနဲ့...✅

တိုက်ပါ✅.....

ဟေ့လူတွေ ...ထီကိုပြောတာနော်😁

သတင်းကောင်းတခု  လာပြီ✅      ထိုင်းမှာနေထိုင်ခွင့်  အလုပ်လုပ်ခွင့်အတွက်  ဘတ်ရိုက်ချင်သူတွေကို  နောက်လ  12..5..2024  ရက်နေ...
25/04/2024

သတင်းကောင်းတခု လာပြီ✅

ထိုင်းမှာနေထိုင်ခွင့် အလုပ်လုပ်ခွင့်အတွက် ဘတ်ရိုက်ချင်သူတွေကို နောက်လ 12..5..2024 ရက်နေ့ကနေစပြီး လက်ခံတော့မယ်လို့ သိရပါတယ်...(ခိုင်လုံသတင်း😁)

ဘတ်ရိုက်ထားမယ်ဆိုရင် ထိုင်းနိုင်ငံမှာ အလုပ်လုပ်ပြီးနေထိုင်ခွင့်ရမှာဖြစ်ပြီး စောစောလုပ်လေ စျေးသက်သာလေပါပဲ...နောက်ကျသွားရင် စျေးပိုကြီးပါလိမ့်မယ်ခင်ဗျာ✅

မနှစ်က ဘတ်ရိုက်တာစောသူတွေက 10 သိန်းဝန်းကျင်သာကုန်ပြီး နောက်ကျမှရိုက်သူတွေ 15 သိန်းဝန်းကျင်ထိ ကုန်ပါတယ်✅

ဘတ်ရိုက်မယ်ဆိုရင် မှတ်ပုံတင်.(သို့)ပတ်စပို့..အိမ်ထောင်စု စာရင်းနဲ့ လိုင်စင် ဓာတ်ပုံနှစ်ပုံသာလိုအပ်ပြီး မြန်မာပြည်တွင်းကနေလဲ လျှောက်လို့ရပါတယ်ခင်ဗျာ✅

အလိမ်အညာတွေလဲ ရှိတတ်တာမို့ စိတ်ချရတဲ့အေးဂျင့်ဆီ အပ်ဖို့လိုပါတယ်...

ကဲ...ထိုင်းနိုင်ငံမှာ အလုပ်လဲလုပ်ချင်တယ် နေလဲနေချင်တယ်ဆိုရင် မြန်မြန်သာ လျောက်လိုက်ကြပါခင်ဗျာ✅

ကျတော်က ကူညီတာ သက်သက်ပါခင်ဗျာ..service မပေးပါခင်ဗျာ...လိုအပ်တဲ့အကြံဥာဏ်ပဲပေးလို့ရပါတယ်ခင်ဗျာ✅

မိုးချုပ်တာမသိကြသူများ😁    တခါက  ကျနော့အလုပ်ရုံကို   ဦးလေးကြီးတယောက်  ကျောက်လာပြတယ်...သူ့ကျောက်က  ပြောရရင်  ရောင်းစားလိ...
24/04/2024

မိုးချုပ်တာမသိကြသူများ😁

တခါက ကျနော့အလုပ်ရုံကို ဦးလေးကြီးတယောက် ကျောက်လာပြတယ်...သူ့ကျောက်က ပြောရရင် ရောင်းစားလို့ကိုမရနိုင်တဲ့ကျောက်မျိုးပါ😁

ဒါပေမယ့်လဲ သိတဲ့အတိုင်းပဲလေ...သူ့ကျောက်ကို အာရုံတက်နေတာ😁 ပုတီးဖောက်မယ် တကဲကဲ✅

"မဟုတ်ဘူး ဦးလေးရ...ဦးလေးကျောက်က ပုတီးလုပ်လဲ လက်ခကုန်တာပဲရှိမယ်...ရောင်းတန်းမဝင်ဘူးပြောလဲမရ😁

ခက်တော့ ခက်ပြီ...ဒါနဲ့ "လာဦးလေး ဆိုပြီး ကျနော့အလုပ်ရုံမှာ ပစ်ထားတဲ့ ဆယ်တန်လောက်ကျောက်ပုံရှေ့ခေါ်လာပြီး😁

"ကဲ ဦးလေးကျောက်ကို ဒီလောက်အာရုံတက်နေတာ ...ဒီမှာကျနော် ရောင်းမရလို့ ပစ်ထားတဲ့ကျောက်အပုံကြီး...ဦးလေးကျောက်နဲ့ ယှဥ်ကြည့် ဘယ်ကျောက်က သာလဲ..."😁

အဲလိုပြောလိုက်မှ...

သူ့ကျောက်ငုံ့ကြည့်လိုက်😁...ကျောက်အပုံကြီးကြည့်လိုက်😁
ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်😁

ပြီးတော့မှ ...

"ဟုတ်ပါ့ ဆရာရယ်..ဆရာ့ဆီမရောက်ခင်က ကိုယ့်ကျောက်ကို အာရုံတက်နေတာ ...ဆရာနဲ့တွေ့မှပဲ မိုးချုပ်မှန်း သိတော့တယ်"
တဲ့😁.....

မိတ်ဆွေရော😁

အာရုံတက်တာနဲ့ မိုးချုပ်တာ ကွဲပြီလား😂😂😂

ပါးပါးလေး✅       လွန်ခဲ့တဲ့ 15 နှစ်လောက်က  နယ်မြို့လေးတမြို့ရဲ့  ဘဏ်မန်နေဂျာတယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတယ်...အဖွဲ့အစည်းတ...
23/04/2024

ပါးပါးလေး✅

လွန်ခဲ့တဲ့ 15 နှစ်လောက်က နယ်မြို့လေးတမြို့ရဲ့ ဘဏ်မန်နေဂျာတယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ဖူးတယ်...အဖွဲ့အစည်းတခုရဲ့ ဘဏ်ဆိုပါတော့..😁

တခုသော တရုတ်နှစ်သစ်ကူးညစာ စားပွဲမှာ ဘဏ်အကြောင်းကိစ္စဘက်စကားလမ်းကြောင်းရောက်သွားတော့ သူတို့ဘဏ်ရဲ့နှစ်ချုပ်အသားတင် အမြတ်ငွေစာရင်းကို ပြောပြဖူးတယ်... သိန်း 8000 ✅

လွန်ခဲ့တဲ့ 15 နှစ်ကနော်😊

ပြောရရင်ဗျာ..အဲလိုမထင်မရှား ဘဏ်တောင်အဲလောက်ရရင်
ဘဏ်ခွဲပေါင်းများစွာပိုင်တဲ့ ဘဏ်ရဲ့ တနှစ်အသားတင် အမြတ်ငွေက?😁

သိန်းပေါင်း ဘယ်နှစ်သောင်းလှူတယ် ဘာညာ ခင်ဗျားတို့ ကြားဖူးကြမှာပါ....လှူတာကောင်းပါတယ်..သာဓုလဲ ခေါ်ပါတယ်...

ဒါပေမယ့် အဲဒီသိန်းပေါင်းသောင်းချီက ခင်ဗျားတို့အမြင်မှာသာ ထူနေတာ သူတို့အတွက်က ပါးပါးလေး😁
ပါးတာမှ ဟိုဘက်တောင် မြင်နေရတာ✅

မိတ်ဆွေ...

"ငွေဆိုတာ ရှာတတ်ရင် လွယ်လွယ်လေး😁😍
နည်းလမ်းတော့ သိဖို့ လိုတာပေါ့"😁

မြန်မာလိုင်စင်နဲ့  ချင်းမိုင်မှာ ကား/ဆိုင်ကယ်မောင်းလို့ရလား?     ရပါတယ်✅  tour visa နဲ့လာသူတိုင်း မြန်မာလိုင်စင်ပါရင်  ခ...
22/04/2024

မြန်မာလိုင်စင်နဲ့ ချင်းမိုင်မှာ ကား/ဆိုင်ကယ်မောင်းလို့ရလား?

ရပါတယ်✅ tour visa နဲ့လာသူတိုင်း မြန်မာလိုင်စင်ပါရင် ချင်းမိုင်မှမဟုတ်ဘူး အာဆီယံနိုင်ငံတိုင်းမှာ မောင်းခွင့်ရှိတယ်လို့ ဆိုပါတယ်...(ဟုတ်မဟုတ်တော့သေချာမသိ😁) ချင်းမိုင်ရောက်လို့ ကိုယ်ဘာသာ ကား ဆိုင်ကယ်ငှားမောင်းလို့ ရဲဖမ်းရင် မြန်မာလိုင်စင်သာ ထုတ်ပြလိုက်ပါ...မဖမ်းပါဘူး...

တချို့ ရဲတွေကတော့ ဘာရေးထားမှန်းမသိလို့ပြန်ပေးတတ်သလို့ တချို့ရဲတွေက သေချာစစ်တတ်ပါတယ်...tour visa နဲ့မဟုတ်ပဲ တခြား ED visaတို့ဆိုရင်တော့ အရစ်ခံရနိုင်ပြီး ဘတ် 500 ပါသွားနိုင်ပါတယ်..😁

ချင်းမိုင်လာလည်သူတိုင်း ဘတ် 500 သာဆောင်ထား ဘာလိုင်စင်မှပါစရာမလိုဘူး အေးဆေး😁(စတာနော်)

ချင်းမိုင်မှာ ယာဥ်မောင်းလိုင်စင်လုပ်ရတာ မြန်မာလိုင်စင်ပါ
လာရင် လုပ်ရလွယ်ပါတယ်..ချင်းမိုင်က

မြန်မာသံရုံးထောက်ခံစာ👉ဘတ် 100

ကျန်းမာရေးထောက်ခံစာ👉ဘတ်150

လိုင်စင်ခ 👉ဘတ်210

ကိုယ်တိုင်သွားလုပ်ရင် ဒါပဲကုန်ပါမယ်...tour visa နဲ့လာရင် မြန်မာသံရုံးက ထောက်ခံစာမပေးပါဘူး..(ဘာလို့လာဖွင့်ထားလဲတော့မသိ😁)

အဲလိုဆို စိတ်မပူပါနဲ့ ထိုင်းသံရုံးအပေါ်ထပ်မှာ ထောက်ခံစာသွားယူလိုက်ပါ..ဘတ် 500 ပေးရင်ရပါပြီ😁 (လုပ်မပေးတော့ နေပေါ့)

သုံးရက်ဆို ထိုင်းယာဥ်မောင်းလိုင်စင်ရပါပြီ❤️ကျနော့တုန်းက တလကြာတယ်😁

ထိုင်းမှာက ကားလိုင်စင်နဲ့ ဆိုင်ကယ်လိုင်စင်က တခုစီလုပ်ရတာပါ...ကားလိုင်စင်ရှိတယ်ဆိုပြီး ဆိုင်ကယ်လိုင်စင်မပါပဲ ဆိုင်ကယ်စီးရင် အဖမ်းခံရပါမယ်...😁ဒါပေမယ့် ဘတ် 500 တော့ ဆောင်ထားပေါ့😁😅

ဓာတ်ပုံက စားပွဲထိုးလုပ်တုန်းက😂

Address

359 Tampines Street 34
Singapore
520359

Opening Hours

Monday 10:00 - 15:00
Tuesday 10:00 - 15:00
Wednesday 10:00 - 15:00
Thursday 10:00 - 15:00
Friday 10:00 - 15:00
Saturday 10:00 - 15:00
Sunday 10:00 - 15:00

Telephone

+66934546676

Alerts

Be the first to know and let us send you an email when Jade Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jade Life:

Videos

Share


Other Digital creator in Singapore

Show All