Manau Voice

Manau Voice Nonprofit Organization

မြစ်ကြီးနားမှာ အင်တာနက်လိုင်းများပြတ်တောက်နေတာ တစ်လပြည့်လာ။ဒီဇင်ဘာ ၊ ၁၀ ၊ ၂၀၂၃။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အင်တာနက...
10/12/2023

မြစ်ကြီးနားမှာ အင်တာနက်လိုင်းများပြတ်တောက်နေတာ တစ်လပြည့်လာ။

ဒီဇင်ဘာ ၊ ၁၀ ၊ ၂၀၂၃။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အင်တာနက်လိုင်း တွေပြတ်တောက် နေတာ ဒီကနေ့ဆို တစ်လပြည့်လာပြီ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဘက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အင်တာနက်လိုင်းတွေ ၊ ဝိုင်ဖိုင်တွေ ပြတ်တောက်ခဲ့တာဖြစ်ပါတယ်။

" Atom တွေဖြတ်ထားတယ်။ mptတောင် တခါတလေဘဲရတာ " လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အင်တာနက်လိုင်းတွေပြတ်တောက် နေတာကြောင့် အဆင်မပြေမှု‌တွေ ကြုံတွေ့နေရတယ်လို့လဲ မြစ်ကြီးနားဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

" ဘဏ်တွေပိတ်၊ ငွေလွဲ တွေထုတ်မရဘူး။လိုင်းသုံးလို့မရတော့ သတင်းတု၊သတင်းမှား ကောလဟာလ ပြန့်ပြီး ကုန်စျေးနှုန်းတွေ ပိုတက်လာတယ်။အွန်လိုင်းစျေးရောင်းဝယ်သူတွေအခက်တွေ့တယ်။အချင်းချင်းဆက်သွယ်တဲ့နေရာမှာလည်း အဆင်မပြေဘူး" လို့ သူကပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ အင်တာနက်မရရှိတဲ့အပြင် ဖုန်းလိုင်းအော်ပရေတာများအားလုံး ပိတ်ခံထားရပြီး MPT တစ်ခုသာ
ဖုန်းခေါ်လို့ရနေပေမယ့် ဖုန်းခေါ် ရင်လဲ အသံကြည်လင်မှုမရှိတာကြောင့် ဆင်မပြေမှုများကြုံတွေ့ နေရပြီး အင်တာနက်လိုင်းတွေ ပြန်လည်အသုံးပြုနိုင်ဖို့ လိုလားနေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း - မြစ်ကြီးနားသူ
စာမူတည်းဖြတ် - ဒီပါ


#ကချင်ပြည်နယ်
#အင်တာနက်လိုင်းများပြတ်တောက်

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့ခံ လီဆူလူငယ်အချို့က လီဆူဒူးလေးပါတီဥက္ကဌရွှေမင်းအား ဆန္ဒဖော်မှုပြုလုပ်။ဒီဇင်ဘာ ၊ ၆ ၊ ၂၀၂၃။ကချ...
06/12/2023

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့ခံ လီဆူလူငယ်အချို့က လီဆူဒူးလေးပါတီဥက္ကဌရွှေမင်းအား ဆန္ဒဖော်မှုပြုလုပ်။

ဒီဇင်ဘာ ၊ ၆ ၊ ၂၀၂၃။

ကချင်ပြည်နယ်၊ဝိုင်းမော်မြို့ခံ လီဆူလူငယ်အချို့က ဒီကနေ့မနက်မှာ လီဆူဒူးလေးပါတီဥက္ကဌရွှေမင်းရဲ့ လီဆူလူငယ်တွေအပေါ် အဓမ္မတပ်သားစုဆောင်းတာတွေရပ်တန်းကရပ်ဖို့ ဆန္ဒဖော်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

" အခုဆို လီဆူလူငယ်တွေကို ပြည်သူ့စစ်ထဲဝင်ဖို့အတင်းခေါ်နေလို့ လုံခြုံရေးအရ ထွက်ပြေးနေရတယ်၊ ရှောင်ပုန်းနေရတယ် ၊ ကိုယ့်အိမ်မှာကိုယ်မနေရဲဘူး " လို့ ဆန္ဒထုတ်ဖော်ခဲ့တဲ့ လူငယ်တစ်ဦးက ဆိုပါတယ်။

ဆန္ဒထုတ်ဖော်မှုမှာ လီဆူလူငယ်များအား အတင်းအဓမ္မတပ်သားစုဆောင်မှု ရပ်တန်းကရပ်ဖို့အပါအဝင် အချက် ၆ ချက် ပါရှိပါတယ်။

ဦးရွှေမင်းရဲ့ လီဆူလူငယ်တွေကို အတင်းအဓမ္မတပ်သားစုဆောင်းမှုနဲ့ပတ်သတ်ပြီး မြစ်ကြီးနားမြို့၊ နန်းကွေ့ကျေးရွာ လီဆူရွာအနီးနေထိုင်သူပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

" ကောလဟလလားတော့မသိဘူး၊ လီဆူရွာမှာ တစ်အိမ်တစ်ယောက်စစ်မှုထမ်းဖို့ ခေါ်တယ်၊ မထမ်းတဲ့သူဆို ငါးသိန်းတောင်းတယ်ကြားတယ် " လို့ အဲ့ဒီအမျိုးသမီးက ပြောပါတယ်။

လီဆူဒူးလေးပါတီဥက္ကဌရွှေမင်းဟာ သူ့ရဲ့ဒူးလေးပါတီကို စစ်ကောင်စီကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်‌ ဖေဖော်ဝါရီလကတည်းက စစ်ကောင်စီနဲ့ပူးပေါင်းခဲ့ပါတယ်။

အဲ့ဒီနောက် ဦးရွှေမင်းက ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ လီဆူလူမျိုးဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုစစ်တပ်အမည်ခံပြီး လီဆူလူမျိုးများ တစ်အိမ်တစ်ယောက် စစ်မှုမထမ်းမနေရ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထွက်ရှိပြီးနောက်ပိုင်း လီဆူလူငယ်တွေကို အတင်းအဓမ္မစစ်မှုထမ်းခိုင်းနေတယ်ဆိုတဲ့သတင်းတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။

သတင်း - နွေဦး
စာမူတည်းဖြတ် - ဒီပါ


#လီဆူလူငယ်
#ဦးရွှေမင်း

မြစ်ကြီးနား  - မန္တလေး ကားလမ်းကို ပြန်လည်ဖွင့်လှစ်တာကြောင့် ကုန်ဈေးနှုန်းအမြန်ပြန်ကျရန် ပြည်သူများ မျှော်လင့်နေ။နိုဝင်ဘာ...
22/11/2023

မြစ်ကြီးနား - မန္တလေး ကားလမ်းကို ပြန်လည်ဖွင့်လှစ်တာကြောင့် ကုန်ဈေးနှုန်းအမြန်ပြန်ကျရန် ပြည်သူများ မျှော်လင့်နေ။

နိုဝင်ဘာ ၊ ၂၂ ၊၂၀၂၃။

ကချင်ပြည်နယ် ၊ မြစ်ကြီးနား - မန္တလေးကားလမ်းပိုင်းကို စစ်ရေးအရ နိုဝင်ဘာလ ၁၆ ရက်နေ့ညနေကစတင် ပိတ်ဆို့ထားခဲ့ပြီး နောက် မြစ်ကြီးနားမြို့မှာ အခြေခံ စားသုံးကုန် ဈေးနှုန်း စံချိန်တင်မြင့်တက်လာခဲ့ပါတယ်။

အခုလို ကားလမ်းပိတ်ဆို့မှု‌ကြောင့် မြစ်ကြီးနားမြို့မှာ ကုန်ဈေးနှုန်းအဆမတန်တက်ခဲ့ပြီး ကားလမ်းတွေပြန်ဖွင့်တာ ကြောင့် ကုန်ဈေးနှုန်းအမြန်ပြန်ကျဖို့ မျှော်လင့်တယ်လို့ မြစ်ကြီးနားရှိပြည်သူတစ်ဦးက အခုလိုဆိုပါတယ်။

" လမ်းလမ်းတွေလဲ ပြန်ဖွင့်ပြီဆို တော့ ကုန်ဈေးနှုန်းလဲ အမြန်ပြန်ချ စေချင်တယ်။ကျမှလဲဖြစ်မှာ၊ ဒါမှ ညီမတို့လို အခြေခံလူတန်းစားတွေ အဆင်ပြေမှာ " လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်ဆီတွေကိုလဲ တန်းစီဝယ်ယူနေရတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပြီး ဒီအခက်အခဲတွေ အမြန်ပြေလည်ချင်တယ်လို့လဲ online shop လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

" ဆီက တကယ်အရေးကြီးတယ်၊ ညီမက ဒလီလဲပို့တော့၊ အခုဆို ပန့်ဆိုင်မှာ ဆီတန်းရင်တာင် ၂ ထောင်ဖိုး( လီတာဝက်ခန့် ) ပဲရတော့ ဘာမှ လုပ်လို့ မရဘူး " လို့ သူက ပြောပါတယ်။

ကချင်ပြည်နယ် ၊ မြစ်ကြီးနား - မန္တလေးကားလမ်းပိုင်းကို စစ်ရေးအခြေအနေအရ တစ်ပတ်အကြာပိတ်ထားတာဖြစ်ပြီး ဒီကနေ့ညနေပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။

သတင်း၊ဓါတ်ပုံ - နွေဦး
စာမူတည်းဖြတ် - ဒီပါ

18/11/2023

အာဏာသိမ်းခြင်း၏အကျိုးဆက်နှင့် ART ဆေးထုတ်ယူသုံးစွဲမှု (အင်တာဗျူး ရုပ်/သံ)
===================================

ကချင်ပြည်နယ် အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၂၁ ခုနှစ် နိုင်ငံရးအပြောင်းအလဲတွေဖြစ်ပေါ်ပြီးနောက် HIV ပိုးကူးဆက်မှုနှုန်း အဆမတန်မြင့်တက်လာပါတယ်။
သို့သော် HIV ပိုးကူစက်မှုနှုန်းမြင့်မားလာပေမယ့် ART ဆေးထုတ်ယူ ရရှိမှုကတော့ အခက်အခဲတွေနဲ့ တွေ့ကြုံနေရပါတယ်။
ထို့ကြောင့် HIV ပိုး ကူးစက်ပုံ၊ ကာကွယ်ပုံ ၊ ART ဆေး ထုတ်ယူပုံ များကို MANAU VOICE မှ ဆက်သွယ်မေးမြန်းထားပါတယ်။



ေးထုတ်ယူခြင်း

မြစ်ကြီးနား - မန္တလေး၊ မြစ်ကြီးနား - ရန်ကုန် ကားလမ်းသွားလာခွင့် ပိတ်ထားတာ‌ကြောင့် ပြည်သူတွေ အခက်အခဲဖြစ်။နိုဝင်ဘာ ၊ ၁၇ ၊ ...
17/11/2023

မြစ်ကြီးနား - မန္တလေး၊ မြစ်ကြီးနား - ရန်ကုန် ကားလမ်းသွားလာခွင့် ပိတ်ထားတာ‌ကြောင့် ပြည်သူတွေ အခက်အခဲဖြစ်။

နိုဝင်ဘာ ၊ ၁၇ ၊ ၂၀၂၃။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမှ မြစ်ကြီးနား - မန္တလေး ၊ မြစ်ကြီးနား - ရန်ကုန်ကားလမ်းကို မနေ့က အောက်တိုဘာလ ‌‌‌‌‌၁၆ ရက်နေ့က စတင်ပြီး ခရီးသွားခွင့် ပိတ်ထားလိုက်ပြီလို့ ခရီးသွားလုပ်ငန်းဝန်ဆာင်မှုပေးနေတဲ့ အမျိုးသားတစ်ဦးက Manau Voice ကို ပြောပါတယ်။

" ၁၆ ရက်နေ့ကစပြီး ပိတ်တယ်လို့ ကြေငြာတယ်။ ၁၀ ရက်နေ့လောက်ကတော့ ၁၄ ရက်နဲ့ ၁၆ ရက်ကြားမှာတစ်ရက်ရက်တိုက်ပွဲဖစ်မယ်လို့ ဟိုပင်၊မိုးညှင်း ဘက်မှာကြေငြာထားတယ်၊ ဘယ်အဖွဲ့က ကြေငြာထားလဲတော့ မသိဘူး ၊ ၅ ရက်လောက် ကြာမယ်လို့တော့ပြောတယ် " လို့ သူကပြောပါတယ်။

မြစ်ကြီးနား - မန္တလေး၊ မြစ်ကြီးနား - ရန်ကုန် ဖြတ်သန်းသွားလာရာကားလမ်းကို အောက်တို ဘာလ ၁၁ ရက်နေ့ကရက်နေ့ကစတင်ပြီး အင်းတော်မှစပိတ်လိုက်ပြီလို့ သတင်းတွ ထွက်ပေါ်ခဲ့ပေမယ့် မနေ့ကစပြီး အမှန်တကယ်ပိတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

" ပစ္စည်းတွေကို မနေ့ကကားဂိတ် ပို့ဖို့သွားတာ ပို့လို့မရတော့ဘူး ။
လမ်းပိတ်သွားပီ လို့ပြောခဲ့တယ်၊ မန်းလေး၊ရန်ကုန်ကနေ ဝင်မယ့် အထည်ပစ္စည်းတွေလည်း ပြန်လှည့်သွားပြီ မဝင်တော့ဘူး ၊ညီမကတော့ လကုန်ထိ စောင့်ကြည့်မယ် အဆင်မပြေရင် return ငွေပြန်အမ်းပေးမယ်လို့ customers တွေကိုပြောထားတယ် " လို့ ကားလမ်းပိတ်တာကြာင့် အခက်အခဲနဲ့ကြုံ နေရတဲ့ Online Shop လုပ်ကိုင်နေပြီး အထည်ဆိုင်ဖွင့်ထားတဲ့ မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ကားလမ်းတွေပိတ်လိုက်တာကြောင့် ခရီးသွားဖို့ပြင်ဆင်ထားတဲ ပြည်သူတွေ အခက်အခဲနဲ့ကြုံနေရတယ်လို့လဲ ပြည်သူတစ်ဦးက အခုလို ပြောပါတယ်။

" ဆက်ပြီးပိတ်ရင်‌‌တော့ ဂျပန်စာမေး
ပွဲဖြေမယ့်သူတွေ အခက်တွေ့ပြီ၊ ကျွန်တော်တောင် ဒီကြားဖွင့်တယ်ကြားတာနဲ့ ရန်ကုန်အမြန်သွားရမယ်၊ လေယာဉ်လက်မှတ်ခက ဈေးကြီးနေတော့ ကားကိုပဲအားကိုးနေရတာ ၊အခုလို‌‌ဖြစ်တော့ ဒုက္ခပဲ " လို့ သူက ပြောပြပါတယ်။

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ တိုက်ပွဲတွေဖြစ်ပွားလာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ကာ ဝန်ထမ်းအများစုက ရန်ကုန်၊မန္တလေးစတဲ့မြို့ကြီးတွေကို ပြောင်းရွှေနေတယ်လို့သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခုလိုကားလမ်းကို တရားဝင်ပိတ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။

သတင်း - နွေဦး
သတင်းဓါတ်ပုံ - ယပလက်
စာမူတည်းဖြတ် - ဒီပါ

မြစ်ကြီးနားမြို့တွင် အက်တမ်  (တယ်လီနော) ဆင်းကဒ်များ လေးဆခန့်စျေးတက်။နိုဝင်ဘာ ၊ ၁၂၊ ၂၀၂၃။ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ...
12/11/2023

မြစ်ကြီးနားမြို့တွင် အက်တမ် (တယ်လီနော) ဆင်းကဒ်များ လေးဆခန့်စျေးတက်။

နိုဝင်ဘာ ၊ ၁၂၊ ၂၀၂၃။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ဝိုင်ဖိုင်များ၊ ဖုန်းဒေတာနဲ့
အင်တာနက်လိုင်းများပြတ်တောက်ပြီး အက်တမ် (တယ်လီနော) ဆင်းကဒ်တစ်မျိုးသာအင်တာနက်လိုင်းရရှိနေတာကြောင့် နိုဝင်ဘာလ ၁၁ ရက်နေ့က အက်တမ်ဆင်းကဒ်များ ယခင်စျေးထက်လေးဆခန့် စျေးတက်သွားကြောင်း ရပ်ကွက်နေသူများထံမှ သိရပါတယ်။

ယခင်က အက်တမ် (တယ်လီနော) ဆင်းကဒ်တစ်ကဒ်ကို ၂၅၀၀ ကျပ်သာဝယ်ရသော်လည်းယခုအခါ အချို့ဆိုင်များတွင် ၁၀၀၀၀ ကျပ်အထိစျေးတင်ရောင်းချနေကြောင်း ကိုယ်တိုင်ဝယ်ယူခဲ့သူ အမျိုးသားတစ်ဦးကပြောသည်။

" ဒီနေ့ဆို ဖုန်းဆိုင်တော်တော်များများမှာလိုက်ဝယ်ခဲ့တာ အက်တမ် (တယ်လီနော) ဆင်းကဒ်မရခဲ့ဘူး ။မနေ့ကသူငယ်ချင်းဝယ်ခဲ့တာ ခုနှစ်ထောင်နဲ့ " လို့ သူကပြောပါတယ်။

နိုဝင်ဘာလ ၁၀ ရက် နေ့ကစပြီးစစ်ကိုင်းတိုင်းဘက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ မှ အင်တာနက်လိုင်းများ၊ဝိုင်ဖိုင်များ ပြတ်တောက်ခဲ့ခြင်း ဖြစ်ပါတယ်။

ကချင်ပြည်နယ် အတွင်း ဖားကန့်၊ဗန်းမော်၊မိုးညှင်း၊မိုးကောင်း၊ ပူတာအိုဒေသတွေမှာလည်း အက်တမ် (တယ်လီနော) ဆင်းကဒ်တစ်ခုသာအင်တာနက်ရရှိနေပြီး ဖုန်းလိုင်းများခေါ်ဆိုရာမှာလည်း အသံကြည်လင်မှုမရှိဘဲ ဒေသခံများအဆင်မပြေမှုတွေကြုံတွေ့နေရတာ ၃ ရက် ရှိလာပြီဖြစ်ပါတယ်။

သတင်း - မြစ်ကြီးနားသူ
စာမူတည်းဖြတ် - ဒီပါ



#အင်တာနက်လိုင်းများပြတ်တောက်

မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ထား။နိုဝင်ဘာ၊ ၁၂၊ ၂၀၂၃။ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၈ ရက်...
12/11/2023

မြစ်ကြီးနားမြို့မှာ စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ထား။

နိုဝင်ဘာ၊ ၁၂၊ ၂၀၂၃။

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး ည ၁၀ နာရီ မှ မနက် ၄ နာရီအထိ ညမထွက်ရ (၁၄၄) အမိန့်ထုတ်ပြန်ထားကြောင်း အုပ်ချုပ်ရေးပိုင်းနီးစပ်သူများထံမှ သိရပါတယ်။

ယင်းအမိန့်စာမှာ တည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူတို့ရဲ့လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေတဲ့အပြင် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားစေနိုင်တယ်လို့ ယုံကြည်ယူဆရတာကြောင့် မြစ်ကြီးနားမြို့နယ်အတွင်း စုဝေးခြင်း၊ဟောပြောခြင်း၊ဖျက်ဆီးခြင်း၊ရုန်းရင်းဆန်ခတ်ပြုမှုခြင်းတွေကို တားမြစ်လိုက်တယ်လို့ ပါရှိကြောင်း မြစ်ကြီးနားအတွင်းက အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

" အရင်လက ညဆယ့်နှစ်နာရီကနေ မနက်လေးနာရီ ညမထွက်ရအမိန့်ပဲ ၊အခုလကတော့ ညဆယ်နာရီ၊မနက်လေးနာရီ ညမထွက်ရအမိန့်ထပ်ထုတ်ထားတာပေါ့ ” လို့ သူကပြောပါတယ်။

စစ်ကောင်စီကထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ထုတ်ပြန်စာမှာ လူ ၅ ဦးနဲ့အထက်ပိုပြီး မြစ်ကြီးနားမြို့နယ်အတွင်းလမ်းမကြီးများ၊အများပြည်သူသွားရာလမ်းလမ်းသွယ်လမ်းကြားဥယျာဥ်(သို့မဟုတ်) အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ စုဝေးခြင်းမပြုလုပ်ဖို့နဲ့ ည ၁၀ နာရီ အချိန်မှမနက် ၄ နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားကြောင်း ပါရှိပါတယ်။

"အဓိက က ညမထွက်ရအမိန့်ထုတ်တာက သူတို့ကြောက်လို့ပေါ့ ၊ညဆယ်နာရီနောက်ပိုင်းထွက်တဲ့ကောင်ကို အမေးအမြန်းမရှိဘဲပစ်သတ်လို့လည်း သူတို့အပြစ်မဟုတ်တော့ဘူးဆိုတဲ့ပုံစံမျိုးပေါ့၊ ပြီးတော့အရင်ကလည်း ညမထွက်ရအမိန့်ထုတ်တာပဲ ၊အခုကရပ်ကွက်ကလည်းသေချာမကြေညာရဲတော့ ရပ်ကွက်တွေထဲမှာ ညခုနှစ်နာရီ ဆိုညမထွက်ရအမိန့်ထုတ်ထားတယ်ဆိုပြီး ကောလဟာလစကားတွေပြန့်နေတာပေါ့ " လို့ ရန်ကြီးအောင်ရပ်ကွက်မှာနေထိုင်သူ
အမျိုးသား တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက ညမထွက်ရအမိန့်ထုတ်ပြန်ထားပေမယ့် မြစ်ကြီးနားမှာ Bar၊ Club ၊KTV နဲ့ လောင်းကစားရုံအများစုမှာ ညအချိန်လူစည်ကားလျက်ရှိနေကြောင်းလဲ ရပ်ကွက်နေသူများထံမှ သိရပါတယ်။

သတင်း၊ဓါတ်ပုံ - မြစ်ကြီးနားသူ
စာမူတည်းဖြတ် - ဒီပါ


#ညမထွက်ရအမိန့်ထုတ်ပြန်
#မြစ်ကြီးနားမြို့

စစ်ကောင်စီက မြစ်ကြီးနားမြို့ ရှိ ပြည်သူတစ်ဦးကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်လှုံ့ဆော်မှုဖြင့် စွပ်စွဲဖမ်...
08/11/2023

စစ်ကောင်စီက မြစ်ကြီးနားမြို့ ရှိ ပြည်သူတစ်ဦးကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်လှုံ့ဆော်မှုဖြင့် စွပ်စွဲဖမ်းဆီး။

နိုဝင်ဘာ၊ ၈ ၊ ၂၀၂၃။

စစ်ကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန် လူမှုကွန်ယက်စာမျက်နှာပေါ်မှာလှုံ့ဆော်ခြင်း ၊ ဝါဒဖြန့်ခြင်းများလုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲကာ ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ ၊ အေးမြသာယာရပ်ကွက်နေ Online Shop လုပ်ကိုင်သူ “Ma Khaing Lay” Facebook အကောင့်ပိုင်ရှင် မခိုင်ဝေလွင်ကို နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၅ နာရီ ကျော်က ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ကြေငြာထားပါတယ်။

မခိုင်ဝေလွင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၂၄-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နဲ့ မြစ်ကြီးနားနယ်မြေရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ထာဝရငြိမ်းချမ်းရေးသတင်းကွန်ရက်မှာလည်း ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီက ပြည်သူတွေကို စွပ်စွဲဖမ်းဆီးနိုင်ဖို့ စစ်ကောင်စီလော်ဘီချန်နယ်တွေဖြစ်တဲ့ ဟန်ငြိမ်းဦး ၊ ရွှေဘ စတဲ့ တယ်လီဂရမ်ချန်နယ်တွေကလဲ လှုံ့ဆော်မှုတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

သတင်း - နွေဦး


#နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်လှုံ့ဆော်မှု

မြစ်ကြီးနား - မိုးကောင်း မီးရထားကို စစ်ကောင်စီက တစ်လအခမဲ့ပြေးဆွဲမည်ဟု ထုတ်ပြန်။နိုဝင်ဘာ၊ ၃ ၊ ၂၀၂၃။ကချင်ပြည်နယ်မှ နှစ်နှစ...
03/11/2023

မြစ်ကြီးနား - မိုးကောင်း မီးရထားကို စစ်ကောင်စီက တစ်လအခမဲ့ပြေးဆွဲမည်ဟု ထုတ်ပြန်။

နိုဝင်ဘာ၊ ၃ ၊ ၂၀၂၃။

ကချင်ပြည်နယ်မှ နှစ်နှစ်ကျော်ရပ်နားထားတဲ့ မြစ်ကြီးနား-မန္တလေးရထားလမ်းပိုင်းရှိ မြစ်ကြီးနား-မိုးကောင်းရထားလမ်းခရီးစဉ်ကို နိုဝင်ဘာလ ၁ ရက်နေ့ကစတင်ကာ စစ်ကောင်စီက အခမဲ့ပြေးဆွဲခဲ့ကြောင်း သိရပါတယ်။ မြစ်ကြီးနား - မိုးကောင်းရထားခရီးစဉ်ပြန်လည်ပြေးဆွဲနိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ ခရီးသွားတွေကို အခမဲ့အဖြစ် တစ်လ ပြေးဆွဲပေးသွားမယ်လို့ မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စတင်ပြေးဆွဲတဲ့ နိုဝင်ဘာ ၁ ရက်နေ့က စစ်ကောင်စီမှ ခန့်အပ်ထားတဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ခက်ထိန်နန်တက်ရောက်ခဲ့ပြီး ဖွင့်ပွဲလာရောက်ကြိုဆိုသူတွေနဲ့ မိုးကောင်းထိ စီးနင်းလိုက်ပါတဲ့ ပြည်သူတွေကို လက်ဆောင်တွေပေးခဲ့တယ်လို့ Manau Voice ရဲ့ သတင်းအရင်းမြစ်ထံမှ သိရပါတယ်။

“ ကြိုဆိုရေးလုပ်ပေးတဲ့ကျောင်းသားတချို့ကို မျက်နှာသုတ်ပါဝါပေးတယ်၊မြစ်ကြီးနားကနေ မိုးကောင်းထိ ရထားမှာ ပါလာတဲ့သူတွေကို ပုဆိုး၊ နေ့လည်စာထမင်းဘူးပေးတယ်”လို့ ပြောပါတယ်။

မြန်မာ့မီးရထားကို ပြန်လည်ပြေးဆွဲဖို့အတွက် မြစ်ကြီးနားဘူတာကြီးကို ပြီးခဲ့တဲ့လကတည်းက ဆေးသုတ်ကာ ထပ်မံပြုပြင်ထားပြီး ဘူတာရှေ့မှာတော့အခုထိ လုံခြုံရေးယူထားတုန်းပဲရှိနေသေးပါသေးတယ်။

“ အစက တစ်ပတ်အခမဲ့ပြောတာ၊ အခုက တစ်လအခမဲ့ လိုက်ပါစီးနင်းခွင့်ပေးမယ်ပြောတယ်၊ စက်ခေါင်းမောင်းတဲ့သူတွေလဲရထားမောင်းဖို့ကို ဖိအားပေးခံရတယ်”လို့ မီးရထားဝန်ထမ်းတစ်ဦးက ပြောပါတယ်၊၊

မီးရထားသံလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA ) အဖွဲ့များလည်းရှိပြီး မကြာခနဆိုသလို နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပေါ်လျက်ရှိနေပါတယ်။

မိုးကောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( KPDF- Mogaung ) ကတော့ မီးရထားလမ်းပိုင်းဖွင့်ပွဲကို ပြည်သူတွေ မတက်ရောက်ကြဖို့နဲ့ ဖွင့်ပွဲတက်ရောက်ပြီး လိုက်ပါစီးနင်းမယ့် ပြည်သူတွေရဲ့ လုံခြုံရေးကိုလည်း လုံးဝတာဝန်မယူကြောင်း နိုဝင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ပြောကြားထားပါတယ်။

မြစ်ကြီးနား - မိုးကောင်းမီးရထားလမ်းပိုင်းက မိုင်ပေါင်း ၃၈ မိုင်ခန့် ရှိပြီး နန်းကွေ့၊ပြည်ထောင်၊မလိ ခ၊နန့်ခန်း၊မရမ်း၊နမ္မတီး စတဲ့ ကြားဘူတာငယ် ၆ ဘူတာ ရှိတဲ့ မီးရထားလမ်းပိုင်းတစ်ခု ဖြစ်ပါတယ်။

သတင်း - ယပလက်
စာမူတည်းဖြတ် - ဒီပါ

Photo Credit.

31/10/2023

လိုင်ဇာမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနှင့် ဗုံးကြဲတိုက်ခိုက်။

အောက်တိုဘာ၊ ၃၁၊ ၂၀၂၃။

ကချင်ပြည်နယ်၊ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ ကို စစ်ကောင်စီက ဒီကနေ့ နေ့လည် ၂ နာရီဝန်းကျင်လောက်ကစပြီး ဂျက်ဖိုက်တာ ၄ စီးနဲ့ဗုံးကြဲတိုက်ခဲ့တယ်လို့ မြို့နေပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“အခုတော့ အကုန်လုံး ဗုံးခိုကျင်းတွေမှာ ပုန်းနေရတယ်၊ အဆိပ်ငွေ့တွေလဲ လွှတ်မယ်လို့လဲ ကောလဟလတွေ ပြောနေကြတယ်” လို့ သူက ပြောပါတယ်။

အခုလိုတိုက်ခိုင်ခြင်းဟာ ဒီကနေ့မနက်မှာ လိုင်ဇာမြို့အနီး စစ်ကောင်စီရဲ့ ကန်တော်ယန်အထိုင်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် အခုလိုပြန်လည် တိုက်ခိုက်တာဖြစ်နိုင်တယ်လို့လဲ သူက ဆက်ပြောပါတယ်။

အဲ့ဒီအပြင် စစ်ကောင်စီရဲ့ ခရာဘွမ်စခန်းဖက်ကနေ မုန်လိုင်ခက်ဖက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့လဲ သိရပါတယ်။

သတင်း - နွေဦး

သတင်းဗွီဒီယို - CJ


#လိုင်ဇာ

KSCM ပင်မသပိတ်ကော်မတီမှ စစ်အာဏာသိမ်းမှုကို ကန့်ကွက်သည့် ရက်ပေါင်း ၁၀၀၀ ပြည့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်။အောက်တိုဘာ ၊ ၂၉ ၊ ၂...
29/10/2023

KSCM ပင်မသပိတ်ကော်မတီမှ စစ်အာဏာသိမ်းမှုကို ကန့်ကွက်သည့် ရက်ပေါင်း ၁၀၀၀ ပြည့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်။

အောက်တိုဘာ ၊ ၂၉ ၊ ၂၀၂၃။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ အောင်နန်းရပ်ကွက်မှာ ဒီကနေ့မနက် အစောပိုင်းက Kachin State Civilian Movement ( KSCM ) ပင်မသပိတ်ကော်မတီမှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တာ ရက်ပေါင်းတစ်ထောင်တိတိပြည့် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ပါတယ်။

" ကျွန်တော်တို့က စစ်အာဏာသိမ်းတာ ရက်ပေါင်းတစ်ထောင်ပြည့်ပေမယ့် အခုချိန်ထိ ကျွန်တော်တို့က အာဏာသိမ်းတာကိုလဲ လက်မခံဘူး ၊ အမြဲတမ်းပဲ တော်လှန်ပုန်ကန်ခဲ့တယ်ဆိုတာ ပြောချင်လို့ပါ " လို့ KSCM မှ လူငယ်တစ်ဦးက ပြောပါတယ်။

နောက်ထပ်ရည်ရွယ်ချက်တစ်ခုအနေနဲ့ ရှမ်းမြောက်ဖက်က လုပ်နေတဲ့ စစ်ဆင်ရေးတွေကိုလည်း အားပေးထောက်ခံတယ်ဆိုတာ ပြောချင်လို့ပါလို့ သူက ဆက်ပြောပါတယ်။

KSCM ပင်မသပိတ် ကော်မတီက စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်တဲ့ ကချင်ပြည်နယ်ရှိလူငယ်များနှင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်စနစ်ကို အခုချိန်အထိ တော်လှန်ပုန်ကန်နေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

သတင်း - နွေဦး
စာမူတည်းဖြတ် - ဒီပါ
သတင်းဓါတ်ပုံ - KSCM


#စစ်အာဏာသိမ်းမှုကန့်ကွက်သည့်ရက်ပေါင်းတစ်ထောင်ပြည့်

22/10/2023

ခက်ခဲကြပ်တည်းမှုတွေပိုများလာတဲ့ တနိုင်းဒေသခံပြည်သူများ (ရုပ်/သံ)
===============

ကချင်ပြည်နယ်အတွင်းရှိ တနိုင်းဒေသသည် သတင်းစီးဆင်းမှုအားနည်းသည့်ဒေသတစ်ခုဖြစ်ပြီး ၂၀၂၁ခုနှစ်နောက်ပိုင်းတွင် သဘာဝသယံဇာတတူးဖော်မှုများလာခြင်းနှင့် ကုန်စျေးနှုန်းအဆမတန်မြင့်တက်လာမှုများကြောင့် ဒေသတွင်းအခက်အခဲပြဿနာများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရသော ဒေသဖြစ်ပါသည်။

#တနိုင်းဒေသ
#ကချင်ပြည်နယ်

စစ်ကောင်စီက KIA တပ်မဟာ ၉ နယ်မြေအတွင်း ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် KIA အရာရှိ ၂ ဦးကျဆုံးခဲ့။အောက်တိုဘာ ...
17/10/2023

စစ်ကောင်စီက KIA တပ်မဟာ ၉ နယ်မြေအတွင်း ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် KIA အရာရှိ ၂ ဦးကျဆုံးခဲ့။

အောက်တိုဘာ ၊ ၁၇ ၊ ၂၀၂၃။

ကချင်ပြည်နယ်၊ဖားကန့်မြို့၊ ကံဆီးကျေးရွာအတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေကို မနေ့ကအောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄:၃၀ မှ ၅:၃၀ အတွင်း စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီက ဂျက်လေယာဉ်သုံး ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် KIA အရာရှိ နှစ်ဦး ကျဆုံးသွားကြောင်းကို ‌‌မြေပြင်သတင်းအရင်းမြစ်ထံမှ သိရပါတယ်။

" စစ်တပ်ဘက်က ဂျက်လေယာဉ် ၂ စီးနဲ့ ၂ ခေါက် လာပြီးတော့ ဗုံး ၈ လုံး လာကြဲသွားတယ်။ လာကြဲနေတဲ့အချိန်မှာပဲ ကံဆီးဗျူဟာကုန်းကနေပြီးတော့ လက်နက်ကြီးနဲ့ ၉ ကြိမ် ပြန်ပစ်ခဲ့တယ်" လို့ဆိုပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ ဗုံးနဲ့ လက်နက်ကြီး က တပ်မဟာ ၉ နယ်မြေအတွင်း ကျရောက်ပေါက်ကွဲ မှု့ကြောင့် KIA အရာရှိ ၂ ဦး ကျဆုံးသွားပြီး အရာရှိ တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့လဲ သိရပါတယ်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားရတဲ့အကြောင်းအရင်းမှာ အောက်တိုဘာလ ၁၄ ရက်နေ့က မြစ်ကြီးနားကနေ ဖားကန့်ကို စစ်ကြောင်းထိုးချီတက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စောင့်ကြို တိုက်ခိုက် လိုက်တာကြောင့် ဖြစ်နိုင်တယ်လို့ KIA နဲ့ နီးစပ်သူက အခုလိုပြောပါတယ်။

" လွန်ခဲ့တဲ့၁၄ရက်နေ့က မအူပင် မှာ ‌သူတို့(စစ်ကောင်စီ)ယာဉ်တန်းကို စောင့်ကြိုတိုက်လိုက်လို့ သူတို့ဘက်က အများကြီးအကျအရှုံးများသွားတယ်။ အဲ့တာကို မကျေနပ်လို့ လေယာဉ်သုံးပြီး တိုက်တာ ဖြစ်မယ် " လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA အရာရှိ ၂ ဦး ဒီနေ့ အောက်တိုဘာလ ၁၇ရက်နေ့မှာ သင်္ဂြိုလ်လိုက်ပြီ ဖြစ်ကြောင်းလဲ သိရပါတယ်။

သတင်း - ယပလက်
စာမူတည်းဖြတ် - ဒီပါ
Photo -The kachin Net


#ဖားကန့်
#ကံဆီး
#ဗုံးကြဲတိုက်ခိုက်

ဖားကန့်မြို့၊ KIA တပ်မဟာ ၉ နယ်‌မြေနှင့် အနန့်ပါကို  စစ်တပ်က  ဂျက်လေယာဉ်ဖြင့် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်။အောက်တိုဘာ ၊ ...
16/10/2023

ဖားကန့်မြို့၊ KIA တပ်မဟာ ၉ နယ်‌မြေနှင့် အနန့်ပါကို စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်။

အောက်တိုဘာ ၊ ၁၆ ၊ ၂၀၂၃။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ ၊ ကံဆီးကျေးရွာ ကချင့်‌လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ နယ်မြေအတွင်းရှိ အနန့်ပါကို စစ်ကောင်စီတပ်က ဒီနေ့ညနေ ၅ နာရီ ဝန်းကျင် အချိန်မှာ ဂျက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ မြေပြင်အရင်းအမြစ်ထံမှ သိရပါတယ်။

"လေယာဉ်တစ်စီးနဲ့အရင်လာပစ်တာ၊အောက်ကနေ ပြန်ပစ်တော့ နောက်တစ်စီးနဲ့အတူ ပြန်လာပီးပစ်တာပဲ။ထိခိုက်မှုနဲ့ကျဆုံးမှု့တွေရှိတယ် ။အတိအကျ မသိသေးတော့ ပြောလို့မရသေးဘူး"လို့ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှု့ကြောင့် ပြည်သူတွေ လုပ်ကိုင်ရှာဖွေစားသောက်နေတဲ့ အနန့်ပါဈေးတန်းနားမှာလဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုရှိနိုင်းကြောင်းကို သူက ဆက်ပြောပါတယ်။

အနန့်ပါမှာ အသွားအပြန် ဈေးရောင်းနေတဲ့ အမျိုးသမီး တစ်ဦးက "အတိအကျတော့မသိရသေးဘူး၊ ကျမက ဈေးပစ္စည်းဝယ်ဖို့ ဆင်းလာတာ၊ ၄ နာရီ ၄၅ လောက်မှာ လေယာဉ်နှစ်စီးနဲ့ ဗုံးလာကြဲသွားပြီ ဆိုပြီး ကျမ ညီမ ဖုန်းဆက်ခဲ့တာ နောက်ဆုံးပဲ၊ ကျမတို့ကလဲ အဲ့မှာ ဈေးရောင်းပြီးကျန်နေတဲ့ အမျိုးတွေကိုလဲ ဆက်သွယ်မရဘူးဖြစ်နေတယ်၊သေလားရှင်လားတောင်မသိရ‌တဲ့အခြေအနေပါ"လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးမှုနဲ့ ဖြစ်စဉ် အတိအကျကိုတော့ Manau Voice မှ ဆက်လက်အတည်ပြုစုံစမ်းနေဆဲ
ဖြစ်ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့ ၊ အနန့်ပါကို စစ်တပ်က အခုလို စစ်ယာဉ်သုံး ဗုံးကြဲတိုက်ခိုက်တာ ဒုတိယအကြိမ်ဖြစ်ပြီး ယမန်နှစ် ၊ အောက်တိုဘာလ ၂၃ ရက်နေ့က ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ရာနဲ့ချီ သေဆုံးခဲ့ပါသေးတယ်။

သတင်း - ယပလက်
စာမူတည်းဖြတ် - ဒီပါ


#အနန့်ပါ
#ဗုံးကြဲတိုက်ခိုက်

ဖားကန့်မြို့၊ မအူပင်ကျေးရွာမှနေအိမ်များကို စစ်ကောင်စီက မီးရှို့။စစ်ကောင်စီက ကားလမ်းပိတ်ထားသောကြောင့် ကားများပိတ်မိနေ။အော...
14/10/2023

ဖားကန့်မြို့၊ မအူပင်ကျေးရွာမှနေအိမ်များကို စစ်ကောင်စီက မီးရှို့။စစ်ကောင်စီက ကားလမ်းပိတ်ထားသောကြောင့် ကားများပိတ်မိနေ။

အောက်တိုဘာ ၊ ၁၄ ၊ ၂၀၂၃။

ကချင်ပြည်နယ် ၊ ဖားကန့်မြို့ ၊ မအူပင်ကျေးရွာမှ နေအိမ်များကို ကာမိုင်းဖက်ကနေတက်လာတဲ့ စစ်ကောင်စီတပ်က ဒီကနေ့မနက်အစောပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

" စစ်သားက ၇၀ ကျော်လောက်ရှိမယ်။ အိမ်နှစ်အိမ်မီးလောင်သွားတယ်၊ ဝက်တစ်ကောင်ကိုလဲ သတ်သွားတယ် " လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်ဆီက ကျေးရွာကို လာရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကချင့်လွတ်မြောက်‌ ရေတပ်မတော်( KIA)နဲ့ အပြန်အလှန်ပစ်ခဲ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဖက်က အကျအရှုံးများနိုင်တယ်လို့ ကားသမားတွေပြောဆိုနေတယ်လို့လဲ ပြည်သူတစ်ဦးက ပြောပါတယ်။

" ပြည်သူတွေကတော့ မနေ့ညကတည်းကခြေရှုပ်နေကြလို့ တခြားရွာတွေမှာရှောင်နေရတယ်။ စစ်သားတွေတော့ သေတာများနိုင်တယ်၊ လမ်းပေါ်မှာ သွေးကွက်တွေအများကြီးပဲ " လို့ဆိုပါတယ်။

အချို့တဲ့ပြောစကားများအရ စစ်ကောင်စီတပ်သားတွေက ပြည်သူတစ်ဦးထံမှ ငွေကျပ် သိန်းနှစ်ရာနဲ့ ရွှေလက်ကောက်တွေယူဆောင်သွားတယ်လို့လဲ သူက ဆက်ပြောပါတယ်။

" အကယ်၍ KIA သာရောက်မလာရင် စစ်တပ်က တစ်ရွာလုံးကို မီးရှို့မယ်ထင်တယ် "လို့လဲ သူကပြောပါတယ်။

ဒီဖြစ်စဉ်ကြောင့် KIA က မအူပင်လမ်းကို လုံခြုံရေးအရပိတ်ထားလိုက်ပြီး နေ့လည် ၁၂ နာရီကျော်မှ ပြန်ဖွင့်ပေးခဲ့တယ်လို့ လမ်းမှာပိတ်မိခဲ့တဲ့ အမျိုးသားတစ်ဦးထံမှ သိရပါတယ်။

" KIA က လမ်းဖွင့်ပေးလိုက်ပေမယ့် ၊ နန့်ယားအထွက် ပြည်သူ့စစ်ဂိတ်ကမဖွင့်ပေးသေးလို့ ကား ၁၁၆ စီးပိတ်မိနေတယ်၊ ပြီးတော့ မနက်ကလဲ ကားသမား ၂ ယောက်၊ ၃ ယောက်ကို ဓါးစာခံအနေနဲ့ ခေါ်သွားတယ်လို့လဲ ကြားတယ် "လို့ ပြောပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ဟာ ၊ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ကချင့်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ မကြာခဏ စစ်ရေးတင်းမာလေ့ရှိတဲ့ မြို့ပဲဖြစ်ပါတယ်။

သတင်း - နွေဦး
စာမူတည်းဖြတ် - ဒီပါ
သတင်းဓါတ်ပုံ - CJ


#ဖားကန့်

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုခံလိုက်ရပြီး ကလေးငယ် ၁၃ ဦး အပါအဝင် လူဦးရေ ၃၀ ကျော်သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ...
11/10/2023

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုခံလိုက်ရပြီး ကလေးငယ် ၁၃ ဦး အပါအဝင် လူဦးရေ ၃၀ ကျော်သေဆုံးကာ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်ခံရခြင်းနဲ့ပတ်သတ်၍ ကချင်လူမှုအဖွဲ့အစည်းများက အောက်တိုဘာလ ၁၀ ရက်နေ့ရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၊ ၁၁ ၊ ၂၀၂၃။


#မုန်လိုင်ခက်

အနန့်ပါတစ်နှစ်ပြည့်လတွင် စစ်ကောင်စီက လိုင်ဇာမြို့၊မုန်လိုင်ခတ်စစ်ရှောင်စခန်းအပေါ် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်။အောက်...
10/10/2023

အနန့်ပါတစ်နှစ်ပြည့်လတွင် စစ်ကောင်စီက လိုင်ဇာမြို့၊မုန်လိုင်ခတ်စစ်ရှောင်စခန်းအပေါ် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်။

အောက်တိုဘာ ၊ ၁၀ ၊ ၂၀၂၃။

ကချင်ပြည်နယ်၊KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို စစ်ကောင်စီက မနေ့ည အောက်တိုဘာလ ၉ ရက်နေ့ည ၁၁ နာရီကျော်လောက်က လက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ပြီးနောက် စစ်လေယာဉ်သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကြောင့် မုန်လိုင်ခတ်စစ်ရှောင်စခန်းအပေါ် လက်နက်ကြီးများကျရောက်ခဲ့ပြီး လက်ရှိအချိန်အထိ ပြည်သူ ၂၇ ဦးသေဆုံးခဲ့ကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူများထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်အများဆုံးပါဝင်နေတယ်လို့လဲသိရပါတယ်။

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင့်လွတ်လပ်ရေးတပ်မတော် KIA တို့ မကြာခဏစစ်ရေးအခြေအနေတင်းမာလေ့ရှိပြီး ဒီလ အောက်တိုဘာ ၂၃ ရက်နေ့ဆိုလျင် စစ်ကောင်စီက ကချင်ပြည်နယ် ၊ ဖားကန့်မြို့ KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါကို ဂျက်လေယာဉ် ၃ စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာ ၁ နှစ်တိတိပြည့်မှာဖြစ်ပါတယ်။

သတင်း - နွေဦး
စာမူတည်းဖြတ် - ဒီပါ


#ဂျက်လေယာဉ်
#လိုင်ဇာ
#မုန်လိုင်ခတ်

06/10/2023

မြစ်ကြီးနားမြို့အပေါ် ရဟက်ယာဥ်နှစ်စီး ဖြတ်သန်းပျံသန်းမှုကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်။

အောက်တိုဘာ ၊ ၆ ၊ ၂၀၂၃ ။

ကချင်ပြည်နယ် ၊ မြစ်ကြီးနားမြို့ အပေါ်ကို ဒီကနေ့ မနက် ၁၀ : ၁၅ ဝန်းကျင်ခန့်က ရဟက်ယာဥ်နှစ်စီး ဖြတ်သန်း ပျံသန်းခဲ့ပါတယ်။

" မြစ်ကြီးနား လေတပ်ပနေ လိုင်ဇာဘက်ကိုသွားတာဖြစ်နိုင်တယ် " လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်အပါအဝင် တနိုင်ငံလုံးအပေါ် စစ်ကောင်စီက စစ်လေယာဉ်သုံးက ဗုံးကြဲတိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်လေ့ရှိတာကြောင့် အခုလိုလေယာဉ်တွေပျံသန်းမှုအပေါ် ပြည်သူတွေ စိုးရိမ်လျက်ရှိနေပါတယ်။

" အခုလိုဂျက်လေယာဉ်တွေမပျံတာကြာပြီ ၊ အခု ဘာအကြောင့်ကြောင့်လဲမသိဘူး " လို့ မြစ်ကြီးနားနယ်ခံတဦးကလဲ ပြောပါတယ်။

ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင့်လွတ်လပ်ရေးတပ်မတော် KIA တို့ မကြာခဏစစ်ရေးအခြေအနေတင်းမာလေ့ရှိပြီး ဒီလ အောက်တိုဘာ ၂၃ ရက်နေ့ဆိုလျင် စစ်ကောင်စီက ကချင်ပြည်နယ် ၊ ဖားကန့်မြို့ kIA တပ်မဟာ ၉ နယ်မြေ အနန့်ပါ ကို ဂျက်လေယာဉ် ၃ စီးနဲ့ဘဗုံးကြဲတိုက်ခနုက်ခဲ့တာ ၁ နှစ်တိတိပြည့်မှာဖြစ်ပါတယ်။

သတင်း - နွေဦး
စာမူတည်းဖြတ် - ဒီပါ


#ဂျက်လေယာဉ်
#အနန့်ပါ
#မြစ်ကြီးနား

ခေတ်အဆတ်ဆတ် စစ်ပြေးနေရဆဲ နမ်ဆန်ယန်ပြည်သူများ၏ ဘဝ(စုံစမ်း​ဖော်ထုတ်ရေး သတင်းဆောင်ပါး)အောက်တိုဘာလ၊ ၄၊ ၂၀၂၃ (Manau Voice)ကေအ...
04/10/2023

ခေတ်အဆတ်ဆတ် စစ်ပြေးနေရဆဲ နမ်ဆန်ယန်ပြည်သူများ၏ ဘဝ(စုံစမ်း​ဖော်ထုတ်ရေး သတင်းဆောင်ပါး)

အောက်တိုဘာလ၊ ၄၊ ၂၀၂၃ (Manau Voice)

ကေအိုင်အိုဗဟိုဌာနချုပ်နယ်မြေ လုံခြုံရေးအတွက် အရေးပါလှသော နမ်ဆန်ယန်မှာ ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနှင့် စစ် ကောင်စီစစ်တပ်တို့အကြား တဖန်တိုက်ပွဲများ ဖြစ် ပွားလာနေတာက ယခုလာမည့် အောက်တိုဘာလ (၃) ရက်နေ့တွင် သုံးလတင်းတင်းပြည့်မည်ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည် နယ်အတွင်း ပြန်လည်ဖြစ်ပွားလာသည့် တိုက်ပွဲများတွင် နမ်ဆန် ယန်တိုက်ပွဲက အရှည်ကြာဆုံးဖြစ်သလို၊ လူထုစိတ်အဝင်စားဆုံး တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။ ကချင်ပြည်နယ်အ တွင်း တိုက်ပွဲများဖြစ်ပွားနေခြင်းက ထူးဆန်းသည်မဟုတ်ပါ။

သို့သော် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများက တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့၏ ဗဟိုဌာန ချုပ်အနီးမှာ ရက်ရှည်လများ ဖြစ်ပွားနေခြင်းကြောင့် ပြည်သူလူထုက လည်း စိတ်ဝင်စားနေကြခြင်းဖြစ်သည်ဟု ကချင်နိုင်ငံရေးလေ့လာသုံးသပ် သူများက ဆိုထားသည်။

နမ်ဆန်ယန်တိုက်ပွဲ ဘာကြောင့်ရက်ရှည်ဖြစ်ပွားနေရတာလဲ

​ကေအိုင်အိုဗဟိုဌာနချုပ် နယ်မြေလုံခြုံရေးအတွက် အရေးပါလှသည့် စစ်စခန်း (၄)ခုလောက်ကို အာ ဏာသိမ်းစစ်ကောင်စီတပ်က အထိုင်ချဖို့ စစ်အင်အားတိုးချဲ့ ကြိုးစားလာနေတာကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲတွေ က တင်းမာဖြစ်ပွားနေဆဲဖြစ်တယ်လို့ ကေအိုင်အိုဗဟိုကော်မတီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးတာဝန်ခံ ဗိုလ် မှူးကြီးနော်ဘူက ကချင်ဒေသတွင်းက သတင်းမီဒီယာများကို ဖြေဆိုထားသည်။

စစ်တပ်နေရာယူဖို့ ကြိုးစားနေသည့် နေရာများက ဒွမ်ဘန်ဘွမ် (Dumbang Bum) ၊ ထွယ်ဝါဘွမ့် (Htoi Wa Bum) ဖုန်ကရောင်ဘွမ့် (Hpung Krawng Bum) နှင့် နမ်ဆန်ယန် (စာသင်ကျောင်းအနီး) တံတားအနီးတို့မှာဘဲ ဖြစ်နေသည်။ ထိုနေရာများသည် မြစ်ကြီးနား - ဗန်းမော်ကားလမ်းပေါ်တွင် တည်ရှိသလို၊ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ကို အဓိက ဝင်ထွက်သွားလာနေသည့် လမ်းကြောင်းများဖြစ်နေသည်။

ယင်နေရာများတွင် စစ်တပ်က ပြန်လည်တပ်ချနေချင်တာကြောင့် ပြီးခဲ့သည့် ဇွန်လကတည်းနေ စစ် အင်အားတွေ တိုးချဲ့ဖြည့်တင်လာသည့်အတွက် စစ်ရေးများတင်းမာလာခဲ့ခြင်း ဖြစ်သည်ဟု ကေအိုင်အိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး ကြီးနော်ဘူက အခုလိုဆိုသည်။

​“ဇွန်လလည်လောက်ကတည်းနေ သူတို့ (စစ်တပ်) က စစ်အင်အားတွေ တိုးလာနေတာဟုတ်တယ်။ အခု လည်းဘဲ သူတို့စစ်အင်အားထိုးထားသည့် အောင်ဂျာစခန်းတွေဘက်ကနေ နမ်ဆန်ယန်တံတားအတိုင်း ထိုးဝင်နေ တာ ဖြစ်တယ်” ဟု ပြောပြ သည်။

​၂၀၁၁ ခုနှစ်အစောပိုင်း မြစ်ကြီးနားမြို့ရဲ့ မြောက် ဘက်ပိုင်းမှာရှိသည့် တာပိန်ရေအားလျှပ်စစ်စီမံ ကိန်းအတွင်း သေနတ်သံများစဖောက်ရာကနေ ကချင်ဒေသတွင်းမှာ တကျော့ပြန်တိုက်ပွဲတွေ စတင်ဖြစ်ပွား လာခဲ့ရပါသည်။

၂၀၁၁ ခုနှစ် ဇွန်လ (၉) ရက်နေ့မှာ စတင်ဖြစ်ပွားလာခဲ့သည့် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားချိန် နမ်ဆန်ယန်က နှစ်ဖက်တပ်အတွက် အပြင်းထန်ဆုံးသော ရှေ့တန်းစစ်မျက်နှာပြင် ဖြစ်ခဲ့ရသည်။ နမ်ဆန်ယန်ဒေ သခံတို့က စစ်ဘေးလွတ်ရာ ကေအိုင်အိုထိန်းချုပ်ရာ လိုင်ဇာဒေသအပြင် ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့များသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

စစ်ပွဲများတိတ်ဆိတ်လာပြီးနောက်ပိုင်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့မှာ နမ်ဆန်ယန်ပြည်သူများက အကြောင်းအမျိုးမျိုးကြောင့် နေရပ်ပြန်နိုင်ရေးအတွက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် သို့ တရားဝင်စာတင်ပြ တောင်းဆိုခဲ့သည်။ NLD အစိုးရလက်ထက်မှာ အစိုးရမဟုတ်သော စစ်တပ် (မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်)က သူတို့၏အစီအစဥ် ဖြင့် ကချင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူများကို ပထမဆုံးနေရပ်ပြန်ပို့ခဲ့ကြသည့်နေရာက လက်ရှိတိုက်ပွဲဖြစ်ပွား ပြင်းထန်နေသည့် နမ်ဆန်ယန်ကျေးရွာပင် ဖြစ်သည်။

ဦးဖော့်လော်ဂမ်ဖန်ဦးဆောင်ပြီး နမ်ဆန်ယန်ဒေသခံ အိမ်ထောင်စု (၁၇) စု၊ လူဦးရေပေါင်း ၁၀၅ ဦးက မိမိတို့၏ဌာနေဒေသသို့ နေရပ်ပြန်နိုင်ရေးအတွက် ၂၀၁၈ ကတည်းနေ ကြိုးစားလာခဲ့ကြရင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလ (၃၀) ရက်နေ့မှာ နေရပ်ပြန်ခဲ့ကြသည်။

၂၀၁၁ တကျော့ပြန် ကချင်ဒေသတွင်း စစ်ပွဲများ စတင်ဖြစ်ပွား လာပြီးနောက်ပိုင်း နမ်ဆန်ယန် ကျေး ရွာအတွင်းမှာ စစ်ကောင်စီတပ်တွေ အထိုင် ချတပ်စွဲနေထိုင်ခဲ့ပေမယ့် နမ်ဆန်ယန်ပြည်သူများ နေရပ်ပြန်လာချိန်နောက်ပိုင်းတွင် ကေအိုင်အေနှင့် စစ်တပ်တို့က ကျေးရွာထဲမနေကြဖို့ ညှိနှိုင်းနားလည် မှုရယူထားမှုကြောင့် ထိုအချိန်ကတည်းကနေ စစ်တပ်က နမ်ဆန်ချောင်းတစ်ဖက်ကမ်သို့ တပ်ဆုတ် အထိုင်ချတပ်စွဲထားသည်။

သို့သော် ၂၀၂၃ ခုနှစ် ဇူလိုင်လ ပထမအပတ်မှာတော့ စစ်ကောင်စီကနေ ကျေးရွာအတွင်းသို့ ပြန် လည် စစ်ကြောင်း ထိုးလာသည့်အတွက် ကချင် လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားလာရခြင်းဖြစ်သည်။ စစ်ကောင်စီတပ် က နမ်ဆန်ယန်ကျေးရွာအတွင်း ပြန်ပြီးတပ်စွဲနေ ထိုင်လိုတဲ့အတွက် တိုက်ပွဲတွေ ဖြစ်ပွားလာရခြင်း ဖြစ်တယ်လို့ ကေအိုင်အို သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ သုံးသပ်ချက်ကို ကချင်ဒေသတွင်း သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့် ဇွန်လ (၁၆) ရက်နေ့က နမ်ဆန်ယန်ကျေးရွာအနားသို့ ရုတ်ချည်စတင် စစ်ရေးလှုပ်ရှားလာခဲ့သည့် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်ဖွဲ့ဝင်များက သတင်းထောက်လှန်းမိသည့်နှင့်တစ်ပြိုင်နက် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ စစ်ရေးလှုပ်ရှားလာခဲ့သော စစ်တပ်စစ်ကြောင်းရဲ့ လက်နက်ခဲယမ်းအချို့ကို ကေအိုင် အေက သိမ်းယူသွားခဲ့ပါသည်။ ထိုသို့သော ဖြစ်ရပ် များက နမ်ဆန်ယန်ကျေးရွာ စစ်မျက်နှာပြန်ဖွင့်ဖို့ အကြောင်းရင်းများဖြစ်လာရပါတော့သည်။

နမ်ဆန်ယန်ကျေးရွာဟာ မြစ်ကြီးနား - ဗန်းမော်လမ်းပေါ်မှာရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး၊ တကျော့ပြန်ကချင် စစ်ပွဲနောက်ပိုင်း နေရပ်ပြန်လာကြသူများ၊ ဈေးလာရောင်းကြသူများ၊ နေရပ်မပြန်လာနိုင်ကြသေးပေမယ့် တောင် ယာ၊ လယ်ယာလာလုပ်ရင်း ရွာမှာလာနေကြသူ လူဦးရေးက တစ်ထောင်ကျော် ရှိလာနေခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းလောက်ကတည်းနေ နေရပ် ပြန်လာကြသည့် နမ်ဆန်ယန်စစ်ရှောင်များက လက်ရှိဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ယခင်စစ်ဘေးတိမ်းရှောင်ခဲ့ကြသည့် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့များသို့ ပြန်လည် ထွက်ပြေးလာခဲ့ကြရပြန်သည်။

စစ်တပ်က နေရပ်ပြန်နမ်ဆန်ယန်ကျေးရွာမှ ပြည်သူများကို မငဲ့ဘဲ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ကြား နားလည်ညှိနှိုင်းထားမှုကိုဖောက်ဖျက်ကာ ကျေးရွာအထဲ နေရာပြန်ယူဖို့အတွက် တိုက်ပွဲစတင်ရသည့် အကြောင်း ရင်းများစွာရှိနေသည်ဟု ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက အခုလိုဆိုသည်။

​“ပြီးခဲ့တဲ့ မေလမှာ တရုတ်ကြားဝင်ပေးမှုနဲ့ ဆွေး နွေးပွဲမှာ ကေအိုင်အိုက ငြင်းဆိုထားတာတွေရှိတော့ စစ်တပ်က အဲ့ဘက်ကိုပြန်ရောက်ဖို့ လုပ်နေတာလို့ မြင်တယ်။ ကေအိုင်အိုကို ညှိနှိုင်းဆွေးနွေးတဲ့ဘက်ကို ဖြစ်လာဖို့အတွက် တွန်းအားပေးတာလို့ဘဲ မြင်တယ်။ ပြီးတော့ နောက်တစ်ချက်က ကျနော့်အမြင် သပ်သပ် ပေါ့နော်။ စစ်ကိုင်းဘက်မှာ တော်လှန်ရေးအင်အားစုတွေ အားကောင်းလာလို့ ဒါတွေက ကေအိုင်အိုရဲ့ ထောက်ပံ့မှုကြောင့် ဖြစ်လာတယ်လို့ မြင်လို့ ဒါတွေအားနည်းအောင် လုပ်နေတာဘဲလို့ မြင်တယ်။” ဟု ပြောသည်။

အငြင်းပွားဖွယ်ရာအောက်မှ နေရပ်ပြန်လာကြသူများ ၂၀၁၁ ခုနှစ် တကျော့ပြန်ကချင်ဒေသတွင်း စစ်ပွဲကြီးကြောင့် နမ်ဆန်ယန်ကျေးရွာသည် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင် ထွက်ပြေးခဲ့ရသည့်နေရာဖြစ်သည်။ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ရဲ့ ဌာနချုပ်နှင့် ဆယ်မိုင်အကွာအတွင်းမှာတည်ရှိနေသော ကျေးရွာကြီးဖြစ်တာကြောင့် အပြင်းထန်ဆုံးသော ရှေ့တန်းစစ်မျက်နှာ ပြင်ကြီးဖြစ်ခဲ့ရသလို ရွာလုံးကျွတ်ပျက်ဆီးမှုများလည်း ရှိခဲ့သည်။

လက်ရှိတဖန်တိုက်ပွဲဖြစ်ပွားနေသည့် ကာလအထိ နမ်ဆန်ယန်ကျေးရွာမှာ ခြုံများအပြည့်နဲ့ မိုင်းအန္တရာယ်များစိုး ရိမ်ရသည့်နေရာများပင် ရှိနေသေးသည်ဟု ကချင်ဒေသတွင်း သုသေသနလူမှုအဖွဲ့အစည်းများက အခိုင်အမာ ဆို ကြသည်။

​“အခုတိုက်ပွဲမဖြစ်ခင်က ဒီဒေသကိုပြန်လာခဲ့ကြတဲ့ ဒေသခံတွေက အခုထိ သူတို့စိုက်ပျိုးရေးလုပ်မယ့် နေရာတွေကိုတောင် သူတို့ပိုင်တဲ့ ကျွဲတွေ၊ နွားတွေကို ရှေ့ကနေသွားခိုင်းပြီးတော့မှ ကိုယ်ထူကိုယ်ထနဲ့ မိုင်းရှင်းပြီး အခြေပြန်ကျဖို့ လုပ်နေရတာလေ။ ကျနော်တို့ လူမှုအဖွဲ့အစည်းတွေကလည်း မိုင်းအန္တရာယ် အသိပညာပေး လောက်ဘဲ လုပ်ပေးနိုင်တာ။ မိုင်းမှမရှင်းပေးနိုင်တာကိုး။ တကယ့်မြေပြင်မှာက ဒီဒေသလူတွေကဘဲ ကိုယ်ဟာကိုယ် ကောင်မယ်ထင်သလို လုပ်နေခဲ့ကြတာလေ” ဟု ကချင်ဒေသတွင်း လူမှုအဖွဲ့အစည်း သုတေသနပညာရှင် ဦးခွန်းအောင် ( အမည်လွဲ) က ဆိုသည်။

၂၀၁၉ ခုနှစ်မှာ နှစ်ဖက်တပ်များရဲ့ သဘောတူညီမှု အလုံးစုံမရရှိဘဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က သူရဲ့ဦးဆောင်မှုနဲ့ နမ်ဆန်ယန်ပြည်သူအချို့ကို နေရပ်ပြန်ပို့ပေးခဲ့ပါသည်။ ထိုနေရပ်ပြန်ခဲ့ကြသည် အိမ်ထောင်စု (၁၇)စုက မြစ်ကြီးနား - ဗန်းမော်ကားလမ်းမကြီးဘေး လမ်းတစ်ဖက်တစ်ဖက်စီမှာ နေအိမ်အမှန်တကယ် ပိုင်ဆိုင်ခဲ့ ကြသူများသာ ဖြစ်သည်။

ထိုအချိန် စစ်တပ်က နေရပ်ပြန်ပြည်သူများ၏ နေအိမ်ပတ်ဝန်းကျင်အနီးတွင်သာ မိုင်းရှင်းလင်းပေးခဲ့ပြီး၊ ဒေသခံများ မိရိုးဖလာလုပ်ကိုင်စားသောက်ခဲ့ကြသော တောင်ယာလုပ်ငန်းခွင်နှင့် ကျေးရွာတစ်ဝိုက်ကိုတော့ မိုင်းမ ရှင်းပေးခဲ့တဲ့အတွက် နေရပ်ပြန် နမ်ဆန်ယန်ဒေသခံများက လက်ရှိနမ်ဆန်ယန်တိုက်ပွဲ မဖြစ်ခင်အထိ စဥ်ဆက်မ ပြတ် တောင်ဆိုနေခဲ့ကြသည်။

​နမ်ဆန်ယန်ဒေသခံများ နေရပ်ပြန်လာကြချိန် ဘာသာရေးအသင်းအဖွဲ့များက သဘောထားအမြင် ကွဲလွဲမှုမရှိပေမယ့် နမ်ဆန်ယန်ဒေသခံတွေ နေရပ်ပြန်လာခြင်းနဲ့ပက်သက်ပြီး လူမှုအဖွဲ့အစည်း (CSO) နှင့် ဘာသာရေးအသင်းအဖွဲ့ကြားမှာတော့ သဘောထားအမြင်ကွဲလွဲမှုတွေ ရှိခဲ့သည်။

အမည်မဖော်လိုသည့် လူမှုအစည်းမှ သတင်းရင်းမြစ်တစ်ဦးပြောပြတာက “ ဘာသာရေးတွေက သဘောထားအမြင်တွေ ကွဲလွဲမှု သိပ်မရှိဘူးနဲ့တူတယ်။ ဒါပေမယ့် ဒီစစ်ပြေးဒုက္ခသည်တွေကို ကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့တော့ နည်းနည်းတော့ အမြင်မတိုက်ဆိုင်တာမျိုးတွေ ရှုပ်ခဲ့ကြတယ်။ တချို့က နဘ်မြေမတည်ငြိမ်သေးတဲ့အချိန်ရှိတယ်။ ဒါကြောင့် ပြန်လို့မရသေးဘူးပေါ့နော်။ တချို့ကြတော့ ပြန်လို့ရပြီပေါ့။ အဲ့တာကြောင့်မို့လဲ နမ်ဆန်ယန်ကလူတွေပြန်တော့ နည်းနည်းလေးဘဲ ပြန်တာလေ။ လမ်းပေါ်ဘေးတစ်ဖက်စီက လူတွေကဘဲ အရင်ပြန်တာ။ ရွာအနောက်ဖက်တွေမှာက မိုင်းမရှင်းသေးဘူးဆိုတော့ မပြန်ကြဘူး” ဟု ပြောသည်။

ပြန်လည်တိတ်ဆိတ်သွားပြီဖြစ်တဲ့ နမ်ဆန်ယန်ရွာ
​၂၀၁၉ ခုနှစ်ကတည်းစပြီး လေးနှစ်ကျော်လောက် ပြန်လည်ထူထောင်ရေးတွေလုပ်ကာ အခြေချ နေထိုင် လာခဲ့ကြသည့် ဒီနမ်ဆန်ယန်ရွာလေးက ၂၀၂၃ ခုနှစ်အရောက်မှာတော့ စစ်ပွဲတွေရဲ့အောက်မှာ အသံတွေ ပြန်တိတ်သွားရပြန်ပါပြီ။ ကေအိုင်အိုဌာနချုပ်အနီးမှာရှိပြီး အိမ်ထောင်စု ၂၀၀ နီးပါးနေထိုင်နေတဲ့ ဒီရွာလေးက အခုတော့ ခြောက်ကပ်သွားပြီး ဘယ်သူမှ ဒီရွာထဲမှာ ရှိမနေတော့ပါဘူး။

၂၀၁၁ ခုနှစ် ကေအိုင်အေနှင့် စစ်တပ်တို့ တကျော့ပြန်တိုက်ပွဲတွေဖြစ်ပွားခဲ့ချိန် နမ်ဆန်ယန်ရွာက ပထမဆုံး စစ်ဘေးတိမ်းရှောင်ခဲ့သည့် အမည်ကို ရရှိခဲ့သည်။ ဒီလိုနဲ့ ရှစ်နှစ်အကြာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှာ နေရပ်ပြန်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာ နောက်တစ်ဖန် စစ်ဘေးတိမ်းရှောင်ရပြန်တော့သည်။ ရှစ်နှစ်အကြာ ပစ်ထားခဲ့သည့် နမ်ဆန်ယန်ကျေးရွာကို အခက်အခဲအမျိုးမျိုးကြားကနေ ပြန်လည်အသက်သွင်းခဲ့ကြရာမှာ စည်ကားလာတာက နှစ်နှစ်လောက်သာ ရှိပါသေးသည်။

၂၀၁၉ ခုနှစ် နေရပ်ပြန်လာချိန်မှာ သက်ဆိုင်ရာအစိုးရတွေနှင့် ဘာသာရေးအဖွဲ့အစည်းတွေက ငြိမ်းချမ်းတဲ့နေရာဖြစ်ပြီဆိုပြီး ပြောဆိုခဲ့တာကြောင့် နမ်ဆန်ယန်စစ်ရှောင်တွေဟာ တစတစနဲ့ လွတ်လွတ် လပ်လပ်နဲ့ နေရပ်ပြန်လာခဲ့ကြတာပါ။
တိုက်ပွဲတွေကြောင့် ပထမဆုံးစစ်ရှောင်ခဲ့ရတဲ့ နမ်ဆန်ယန်က နေရပ်ပြန်လာချိန်မှာလည်း ပထမဆုံး နေရပ် ပြန်လာကြသူတွေဖြစ်ခဲ့သည်။ ယခုတစ်ခါလည်း နေရပ်ပြန်ပြီ တိုက်ပွဲပြန်ဖြစ်လာလို့ စစ်ဘေးတိမ်းရှောင်ရပြန်သူ တွေထဲမှာ နမ်ဆန်ယန်က
ပထမ ဆုံးဖြစ်ခဲ့ရပြန်သည်။

အရာအားလုံးပျက်စီးသွားခဲ့ပြီး ဘဝရဲ့နေဝင်ချိန်ကို စစ်ဘေးတိမ်းရှောင်စခန်းမှာ ကုန်လွန်သွားမလားဆိုတာကို နေ့စဥ◌်နဲ့အမျှတွေးမိနေတာကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေကို အယုံအကြည်မရှိလာ တော့ဘူးလို့ နမ်ဆန်ယန်ဒေသခံ ဒေါ်ဂျန်မာရွယ်က အခုလိုပြောသည်။
​“ တောကြီးမြက်မဲတွေကို မိသားစုတွေ နေ့စဥ်မမောနိုင်မပန်နဲ့ ခုတ်ထွင်ရှင်းလင်းခဲ့ရတယ်။ အခုတစ်ခါ ပြန်ပြီး တိမ်းရှောင်ရတော့ တမျိုးကြီးခံစားရပြန်တယ်။ ဒီတကြိမ်တော့ နောက်ဆုံးအချိန်များ ဖြစ်သွားမလား လို့တောင် တွေးပူမိနေတယ်။ အသက်ကြီးလာတော့ ကလေးတွေအတွက်လည်း မစဥ်းစားပေးလာနိုင်တော့ဘူး။ အရမ်းစိတ်ပျက်သွားပြီ။ ဘယ်ဘက်ကိုမှလည်း အယုံအကြည်မရှိတော့ဘူး။”

သတင်း- ကချင်လေး
#နမ်ဆန်ယန်

Address

Myitkyina
Myitkyina
640271

Website

Alerts

Be the first to know and let us send you an email when Manau Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Manau Voice:

Videos

Share