The Kachin Digest

The Kachin Digest The truth will prevail. Fight against the dictatorship. Fight for Federal Democracy.

မိုးမောက်မြို့နယ် လုံဂျွန်ယန်ရွာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာ ၆ ရွာမှ ပြည်သူများ တောတောင်များမှာ ပုန်းရ...
13/10/2023

မိုးမောက်မြို့နယ် လုံဂျွန်ယန်ရွာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရပြီး ကျေးရွာ ၆ ရွာမှ ပြည်သူများ တောတောင်များမှာ ပုန်းရှောင်နေရပြီး အစားအသောက် ခက်ခဲနေ

13 October 2023 - Kachinwaves

မိုးမောက်မြို့နယ်မှ နေအိမ် ၁၅ အိမ်ခန့်ရှိသည့် လုံဂျွန်ယန်ရွာကို နေအိမ် ၂ လုံးပဲကျန်သည့်အထိ စစ်ကောင်စီစစ်ကြောင်းက ယမန်နေ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာပေါင်း ၆ ရွာခန့်မှ ပြည်သူများ တိမ်းရှောင်နေရ၍ အစားအသောက်ပြတ်လပ်လာ၍ အခက်အခဲဖြစ်နေကြကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ အောက်တိုဘာ ၈ ရက်နေ့ကနေ ရှောင်းပုန်နေတာ အခု အစားအသောက်တွေမရလို့ ခက်ခဲနေကြတယ်။ ပြီးတော့ အထက်ဆားကျွန်းနဲ့ အောက်ဆားကျွန်းရွာက အိမ်ထောင်စု ၉၀ ကျော် မုန်းလဲချောင်းရဲ့ တစ်ဖက်ကမ်း တောတောင်မှာပဲ ပုန်းရှောင်နေတာ၊ အခု လုံဂျွန်ယန်ဆိုတဲ့ ၁၅ အိမ်ခန့်ရှိတဲ့ရွာက ၂ အိမ်ပဲကျန်တာပေါ့ မီးလောင်သွားတာ။”ဟု သတင်းရင်းမြစ်က ပြောသည်။

မိုးမောက်မြို့နယ်အတွင်းက ကျေးရွာတစ်ခုဖြစ်ပြီး အိမ်ခြေတစ်ရာကျော်ရှိသည့် နောင်ကွမ်ကျေးရွာပြည်သူများလည်း တိမ်းရှောင်နေကြရကြောင်းလည်း ပြောသည်။

စစ်ကောင်စီစစ်ကြောင်းများသည် ၎င်းတို့ဖြတ်သန်းသွားသော ကျေးရွာ ၆ ရွာခန့်မှ နေအိမ်များရှိ အဝတ်အစား၊ ဆန်နှင့် ဆီများကို သိမ်းယူသွားကြောင်းလည်း သိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနား - ဗန်းမော်လမ်းမကြားတည်ရှိသည့် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေသည်မှာ ၃ လကျော်လာပြီဖြစ်ပြီး မိုးမောက်မြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အစပ် လိုင်လွမ်အောင်ဂျာတွင် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

13/10/2023 ya shana de 3:30 PM ram hta Daw Hpum Yang Mare Sinpraw maga Lung Jung Yang Mare na dum nta (11) hpe (dap myin...
13/10/2023

13/10/2023 ya shana de 3:30 PM ram hta Daw Hpum Yang Mare Sinpraw maga Lung Jung Yang Mare na dum nta (11) hpe (dap mying naw sagawn nga ai) myen gwi hpyen hpung ni wan nat jahten kau ya ai lam nga ai hpe na chye lu ai.

ယနေ့ အောက်တိုဘာ (13)တွင်
ကချင်ပြည်နယ်၊ဒေါ့ဖုန်းယန်မြို့နယ်အရှေ့ဘက်ရှိလုံဂျွန်းယန်ရွာရှိနေအိမ် (၁၁) လုံးအား မအလ စစ်ကြောင်းမှမီးရှို့ဖျက်ဆီးသွားကြောင်းသိရသည်။

မိုးကုတ်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲနှစ်နေရာဖြစ်ဟု TNLA အသိပေးမိုးမိုး/People’s Springမန္တလေးတိုင်း မိုးကုတ်မြို့နယ်၌ ...
13/10/2023

မိုးကုတ်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲနှစ်နေရာဖြစ်ဟု TNLA အသိပေး

မိုးမိုး/People’s Spring

မန္တလေးတိုင်း မိုးကုတ်မြို့နယ်၌ ယမန်နေ့(အောက်တိုဘာ ၁၂ ရက်)က စစ်ကောင်စီတပ်နှင့် တိုက်ပွဲ နေရာနှစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်က TNLA ရှိရာသို့ အင်အား ၁၅၀ကျော်ဖြင့် ထိုးစစ်ဆင်လာ၍ နံနက် ၁၁နာရီခန့်တွင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းနှင့် ဖြူရောင်ကျေးရွာကြားတွင် တစ်ကြိမ်နှင့် နေ့လယ်ပိုင်း ၁၂နာရီကျော်တွင် အထက်ညောင်ကုန်းကျေးရွာအနီး တစ်ကြိမ် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါဒေသများ၌ စက်တင်ဘာအတွင်းကလည်း TNLAနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများဖြစ်ခဲ့သည်။

ယမန်နေ့တိုက်ပွဲ၌ နှစ်ဖက်ထိခိုက်ကျဆုံး ရှိ၊မရှိ အခြေအနေကို သတင်းထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင် ၂၃ရက်မှစ၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ယမန်နေ့အထိ တိုက်ပွဲ အကြိမ်ပေါင်း ၇၀ ရှိပြီဖြစ်သည်။

ရှမ်းမြောက်ဒေသ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ ကျောက်မဲ၊ နောင်ချို နှင့်မိုးကုတ်မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိသကဲ့သို့ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်းလည်း TNLA၏ ယခင်သတင်းထုတ်ပြန်ချက်များ၌ တွေ့ရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး အခြေစိုက်စခန်းဖြစ်သည့် လွယ်ကျယ်လောက်၊ ၁၀၅ မိုင်၊ သိန္နီတပ်စခန်း၊ နမ့်ဖက်ကာ (၁၂၃)တပ်စခန်းနှင့် မိုးကုတ်တပ်စခန်းတို့မှ TNLA ရှိရာသို့ လက်နက်ကြီးပစ်ခတ်မှုများလည်း ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း TNLA၏ ထုတ်ပြန်ချက်များအရ သိရသည်။

(မိုးကုတ်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရOct 13,2023/Kachin News Groupကချင်ပြည်နယ် ရွှေကူမ...
13/10/2023

ရွှေကူမှာ ရွှေမော်တော်ယာဉ် ၄ စီးမီးရှို့ခံရပြီး အရပ်သား ၆ ဦးဖမ်းဆီးခံရ
Oct 13,2023/Kachin News Group

ကချင်ပြည်နယ် ရွှေကူမြို့ ၊ရွှေကူသင်္ဘောဆိပ်မှာကပ်ထားတဲ့ ရွှေမော်တော်လေးစီး မနေ့က ည ၄နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျကဆီးသွားပြီး အရပ်သား ၄ ဦးကိုလည်းဖမ်းဆီးသွားတယ်လို့ ရွှေကူမြို့ခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ စစ်အင်အား ၄၀ ကျော်ရှိတဲ့ စစ်ကြောင်းဟာ ရွှေကူမြို့တွင်းတပ်ကနေ ရေယာဉ် ၂ စီးနဲ့ စုန်ဆင်းလာပြီး ရွှေကူသင်္ဘောဆိပ်အရောက်မှာမြစ်ကမ်းကပ်ထားတဲ့ ရွှေမော်တော်ယာဥ်အကြီး ၄ စီးကို မီးရှို့ဖျက်ဆီးသွားတာလို့ ရွှေကူမြို့နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“စစ်သားတွေက ရေပျံဆိပ်ကနေဆင်းလာတာ ရေမော်တော် ၂ စီးနဲ့ သင်္ဘောဆိပ်ရောက်တော့ အဲ့ရွှေမော်တော်တွေကို ကြောဆွဲတာတဲ့ကြောဆွဲတာမရလို့ဆိုပြီးဖမ်းပြီး ၄ စီးစလုံးကိုမီးရှို့သွားတာ”လို့ ပြောပါတယ်။

ဆက်လက်ဖတ်ရှု့ရန် >>> https://bit.ly/46P3k78

ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ ရာထူးတိုးမြှင့်ပေးပေမယ့် ကျောင်းဆရာ ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် အရာရှိ ၆ ဦး ထွက်ပြေး +++++++...
13/10/2023

ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ ရာထူးတိုးမြှင့်ပေးပေမယ့် ကျောင်းဆရာ ဒုဗိုလ်မှူးကြီး ၁ ဦး အပါအဝင် အရာရှိ ၆ ဦး ထွက်ပြေး
++++++++++++++++++
အောက်တိုဘာ ၁၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ စစ်တက္ကသိုလ် (DSA)မှာ ရာထူးတိုးမြှင့်ပေးပေမယ့် ကျောင်းဆရာ ဒုတိယဗိုလ်မှူးကြီး ၁ ဦးအပါအဝင် အရာရှိ ၆ ဦး တက္ကသိုလ်မှာ ဆက်လက် အလုပ်မလုပ်တော့ဘဲ တပ်က ထွက်ပြေးသွားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ဩဂုတ်လ ၂၉ ရက်နေ့မှာ စာပေဌာနက ဗိုလ်မှူးတစ်ဦးကို ဒုတိယဗိုလ်မှူးကြီး ရာထူး တိုးမြှင့်ပေးခဲ့ပေမယ့် အဲ့ဒီဒုတိယဗိုလ်မှူးကြီးရဲ့ မိဘနဲ့ဆွေမျိုးများဟာ ဆားလင်းကြီးမြို့နယ်မှာ နေထိုင်ကြပြီး စစ်တပ်ရဲ့ အကြမ်းဖက်မှုများကြောင့် မိဘများရဲ့ နေအိမ်များ ဆုံးရှုံးခြင်း၊ ပစ္စည်းများ လုယက်ခံရခြင်းများ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ အဲ့ဒီဒုတိယဗိုလ်မှူးကြီးနဲ့အတူ ကျောင်းဆရာ အရာရှိ ဗိုလ်မှူးနဲ့ ဗိုလ်ကြီး ၅ ဦးတို့ပါ စစ်တက္ကသိုလ်မှ ထွက်ပြေးသွားကြပြီး လေ့ကျင်ရေးဌာနက အရာရှိ ၂ ဦး၊ စာပေဌာနက ဒုတိယဗိုလ်မှူးကြီးအပါအဝင် အရာရှိ ၂ ဦး၊ ဘွဲ့လွန် သင်တန်းက အရာရှိ ၂ ဦး စုစုပေါင်း ကျောင်းဆရာ အရာရှိ ၆ ဦး ထွက်ပြေးကြတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် စိုးဝင်းက အောက်တိုဘာ လဆန်းပိုင်းမှာ စစ်တက္ကသိုလ်အပါအဝင် စစ်ဘက်ဆိုင်ရာ တက္ကသိုလ်များမှာ စစ်လက်ရုံး ရွေးချယ်ပွဲများ လုပ်ဆောင်ခဲ့ရာ ကျောင်းဆရာ အရာရှိများ ထွက်ပြေးလို့ ဖိအားပေး အရေးယူခံရမှုများ ရှိနေကြောင်း သိရပါတယ်။

စစ်တက္ကသိုလ်မှာ ကျောင်းဆရာများသာမက သင်တန်းသား ဗိုလ်လောင်းများပါ အစုလိုက် အပြုံလိုက် ထွက်ပြေးတာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပုံစာ - စစ်တက္ကသိုလ်က ဗိုလ်လောင်းအချို့(ပုံဟောင်း)

အကြမ်းဖက်မှုတွေ မရပ်တန့်သရွေ့ NCA မှာ ပါဝင်မှာ မဟုတ်ကြောင်း လက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန်~~~■ ပြည်သူတွေအပေါ် ကျုးလွန်နေတဲ...
13/10/2023

အကြမ်းဖက်မှုတွေ မရပ်တန့်သရွေ့ NCA မှာ ပါဝင်မှာ မဟုတ်ကြောင်း လက်နက်ကိုင်သုံးဖွဲ့ ထုတ်ပြန်
~~~
■ ပြည်သူတွေအပေါ် ကျုးလွန်နေတဲ့ အကြမ်းဖက်မှုတွေ မရပ်တန့်သေးသရွေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) ပါဝင်ဆွေးနွေးမှာ မဟုတ်ဘူးလို့ တိုင်းရင်းသား လက်နက်ကိုင်သုံးဖွဲ့က အောက်တိုဘာ ၁၂ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ အင်အားကြီးမားတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ပူးတွဲ ထုတ်ပြန်လိုက်တာပါ။

စစ်တပ်အာဏာသိမ်းလိုက်တာဟာ NCA အခြေခံမူတွေနဲ့ ရည်ရွယ်ချက်ကို ဖျက်ဆီးလိုက်တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် စစ်တပ်က မြေပြင်တင်မက လေကြောင်းကနေပါ အင်အားသုံးပြီး ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာ NCA ကို ပျက်ပြယ်စေပြီး စစ်တပ်က ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့ နည်းလမ်းကို စွန့်လွှတ်လိုက်တာ ပေါ်လွင်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီက စစ်ကောင်စီရဲ့ NCA ရှစ်နှစ်ပြည့်ကို ပါဝင်တက်ရောက်မှာ မဟုတ်သလို NCA က ပြီးဆုံးသွားပြီလို့ ပြောပါတယ်။

"သူတို့ဘက်က ကျွန်တော်တို့ကို ဖိတ်ပါတယ်။ ကျွန်တော်တို့ မတက်ပါဘူး။ NCA က ပြီးဆုံးသွားပါပြီ၊ ပူးတွဲထုတ်ပြန်ချက်မှာပါတဲ့ တစ်ချက်တိုင်းက ကျွန်တော်တို့ သဘောထားတွေပါပဲ"

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ NCA စာချုပ် ဆက်ရှိနေတာကို ပြသဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဘက်ပေါင်းစုံကနေ တွေ့ဆုံနိုင်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာလို့ သူကဆိုပါတယ်။

ထုတ်ပြန်ချက်ထဲမှာ နိုင်ငံရေးဘုံရည်မှန်းချက်အနေနဲ့ အာဏာသိမ်းမှုကို ဖယ်ရှားပြီး နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှုကို အဆုံးသတ်ဖို့၊ စစ်တပ်ကို ပြန်လည်ဖွဲ့စည်းကာ ရွေးကောက်ခံ အစိုးရ လက်အောက်မှာထားဖို့၊ အားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံ ဥပဒေအသစ် ရေးဆွဲဖို့၊ ပဋိပက္ခကာလမှာ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ရဖို့ အသွင်ကူးပြောင်းတဲ့ ကာလမှာ တရားမျှတမှုအတွက် ဖော်ဆောင်ပေးဖို့၊ အကောင်အထည်ဖော်တဲ့ အဆင့်တိုင်းမှာ နိုင်ငံတကာရဲ့ ကြားဝင်ညှိနှိုင်းတာ၊ နည်းပညာပံ့ပိုးပေးတာ၊ ဘဏ္ဍာရေးထောက်ပံ့ ပေးတာနဲ့ လေ့လာစောင့်ကြည့်တာတွေအပေါ် သဘောတူပေးဖို့ စတဲ့ အချက်ငါးချက် ပါဝင်ပါတယ်။

ဒါ့အပြင် ဘုံနိုင်ငံရေးရပ်တည်ချက်တွေအနေနဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်တာမရှိရင် ဘယ်ဆွေးနွေးပွဲမှ မပါဝင်ကြောင်း၊ ပါဝင်ပတ်သက်သူတွေအနေနဲ့ စနစ်အပြောင်းအလဲကို လိုလားရုံသာမက စစ်အာဏာရှင်စနစ်ကနေ နောက်ပုံစံတစ်ခုဖြစ်တဲ့ အာဏာရှင်အရပ်သား အစိုးရပုံစံကို လက်ခံမှာ မဟုတ်ကြောင်းနဲ့ နိုင်ငံရေး အခွင့်ထူးခံတွေ အချင်းချင်းကြား အာဏာခွဲဝေတာကို လက်မခံတာ၊ အကျပ်အတည်းကို ဖြေရှင်းရာမှာ အမျိုးသားစည်းလုံးညီညွတ်မှုကို အခြေခံတဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ အစိုးရကို ဖန်တီးပေးမဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်ပွဲလိုအပ်မှာဖြစ်ကြောင်းနဲ့ စစ်ကောင်စီဟာ အဓိက ပဋိပက္ခမိတ်ဖက်ဖြစ်တာကြောင့် အသွင်ကူးပြောင်းရေးကာလမှာ သက်ဆိုင်သူတွေ သဘောထားတူညီတဲ့ စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ အာဏာပိုင်တစ်ရပ် လိုအပ်ကြောင်းနဲ့ ဒီအဆင့်တွေကို အကောင်အထည်ဖော်ပြီးမှသာ ရွေးကောက်ပွဲအသစ်ကို ကျင်းပနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ အပစ်ရပ်စာချုပ် လက်မှတ်ထိုးချိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ပါဝင်ခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် ငါးဖွဲ့က စစ်ကောင်စီနဲ့ ဆက်မဆွေးနွေးတော့ပါဘူး။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့က NCA ကို ဆက်လက်ကိုင်စွဲပြီး ဆက်ဆွေးနွေးနေဆဲဖြစ်ပါတယ်။
-----------
ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်။ (Photo : Chin National Front - Headquarters)

ဝူယန်ပြည်သူ့စစ်ဂိတ်စခန်းကို KIA မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်--------------------အောက်တိုဘာ၊၁၂ကချင်ပြည်နယ်၊ ဝိုင်းမော...
13/10/2023

ဝူယန်ပြည်သူ့စစ်ဂိတ်စခန်းကို KIA မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်
--------------------
အောက်တိုဘာ၊၁၂

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဂိတ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်( KIA)ကနေ ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေပိုင်း သုံးနာရီခွဲဝန်းကျင်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဝူယန်ပြည်သူ့စစ်ဘက်ကလည်း သေနတ်နဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ KIA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ် ကိုပြောပါတယ်။

" ဗုံးလာချပေးတော့ ပြည်သူ့စစ်တွေ သေနတ်နဲ့ လျှောက်ရမ်းပစ်နေတာလမ်းတွေပေါ်မှာ။ ခြောက်နာရီလောက်ထိပစ်နေတာတဲ့။ ထိခိုက်မှုကတော့ မနက်ဖြန်လောက်မှ သိရမယ်ထင်တယ်" လို့ ပြောပါတယ်။

အဆိုပါဖြစ်စဥ်ဖြစ်ပွားပြီးနောက် ဝူယန်ပြည်သူ့စစ်ဘက်ကနေ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားလိုက်ပြီး သေနတ်နဲ့ ပစ်ခတ်မှုတွေလုပ်နေတယ်လို့ အဲဒီလမ်းပိုင်းကနေဖြတ်လာတဲ့ ပြည်သူတစ်ဦးကလည်း ပြောပါတယ်။

" သူတို့စဖြစ်ကတည်းက ဂိတ်ပိတ်လိုက်ပြီ။ ဘယ်သူ့ကိုမှ မဖြတ်ခိုင်းတော့ဘူး။ ပြီးရင်သေနတ်တွေ ဆက်တိုက်ပစ်နေတာ ခြောက်နာရီလောက်ထိတဲ့" လို့ပြောပါတယ်။

ဝူယန်ပြည်သူ့စစ်ဂိတ်စခန်းဟာ ဖြတ်သွားဖြတ်လာပြည်သူတွေဆီက ငွေကြေးတောင်းခံတာတွေရှိပြီး KIA ဘက်က ဒရုန်းနဲ့ ဗုံးကြဲတာတွေ၊ မြေပြင်လာရောက်တိုက်ခိုက်တာတွေ မကြာခဏ ဆိုသလိုပြုလုပ်နေတာ ဖြစ်ပါတယ်။

ဓါတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။ Credit- NUG
crd.
မြစ်ကြီးနားသတင်းဂျာနယ်

" အိပ်ယာဝင်ပုံပြင် "အနူး (မေမေ) ရေ......သမီးအိပ်မပျော်လို့ပုံပြင်ပြောပြပါဆိုတော့မနက်ကျရင် မုန့်ကျွေးမယ်အိပ်တော့နော်တဲ့အခ...
13/10/2023

" အိပ်ယာဝင်ပုံပြင် "

အနူး (မေမေ) ရေ......
သမီးအိပ်မပျော်လို့
ပုံပြင်ပြောပြပါဆိုတော့
မနက်ကျရင် မုန့်ကျွေးမယ်
အိပ်တော့နော်တဲ့
အခုပုံပြင်လဲ နားမထောင်ရ
အနူးကျွေးမယ့် မုန့်လဲမစားရ
သမီးတို့မှာ ဘာအပြစ်ရှိလို့ပါလိမ့်။ ။

အနူးရေ.....
ကစားစရာ အရုပ်လေးတခု
လိုချင်တယ်လို့ သမီးပြောတုန်းက
ခရစ်စမတ်ကျရင်
စန်တာကလော့ ဖိုးဖိုးက
ကောင်းကင်ပေါ်ကနေ
အရုပ်ကလေးတွေ ပစ်ချပေးမယ်ဆို
အခုသမီးတို့အပေါ်
ကောင်းကင်က ကျလာတာ
အရုပ်ကလေးတွေမဟုတ်ပဲ
ဘာတွေများလဲ အနူးရယ်
တကိုယ်လုံး နာကျင်ခံခက်လို့
သမီးတို့မှာ ဘာအပြစ်ရှိလို့ပါလိမ့်။ ။

အနူးရေ.....
အိမ်ပြန်ချင်လိုက်တာလို့
သမီးပြောတုန်းက
ဘုရားသခင်ဆီမှာ ဆုတောင်းရင်
အိမ်မြန်မြန် ပြန်ရမှာပေါ့ဆို
အခုရောက်သွားတဲ့ နေရာက
မွန်းကြပ်စိုစွတ်တဲ့
အပျက်အစီး အပိုင်းအစတွေနဲ့
အိမ်မှမဟုတ်ပဲ အနူးရယ်
သမီးတို့မှာ ဘာအပြစ်ရှိလို့ပါလိမ့်။ ။

အနူးရေ.....
သမီးရော မောင်လေးရော
သူငယ်ချင်း အားလုံးကရော
အိမ်ပြန်ချင်ရုံလေးပါ
တခြားကလေးတွေလို
ကစားစရာ အရုပ်လေးတွေနဲ့
ဆော့ကစား နေချင်ရုံလေးပါ
တခြားသူတွေလို
စားစရာ မုန့်လေးတွေ
စားချင်ရုံလေးပါ
သမီးတို့မှာ ဘာအပြစ်ရှိလို့ပါလိမ့်။ ။

အနူးရေ.....
အရင်တုန်းက ပျော်ခဲ့ရတဲ့
အနူးရယ် အဝါးရယ်
မောင်လေးရယ်
သူငယ်ချင်းတွေရယ်
သမီးတို့ တဲလေးရယ်
တောင်ယာလေးရယ်
တနင်္ဂနွေတိုင်း သွားကြတဲ့
ဘုရားကျောင်းလေးရယ်
သမီးတို့ ရွာလေးရယ်
ချန်ထားရစ်ခဲ့ရတာ
သမီးတို့မှာ ဘာအပြစ်ရှိလို့ပါလိမ့်။ ။

အနူးရေ.....
စိတ်ကောင်းရှိသူတွေ
ကံကောင်းကြတယ်ဆို
ဘယ်သူနဲ့မှ ရန်မဖြစ်တဲ့
သမီးတို့တတွေ
တနေ့ပျော်ကြရမှာလို့
ထင်ထားခဲ့မိတာ
အခုပတ်ဝန်းကျင်တခုလုံး
အော်ဟစ် ငိုယိုနေကြတော့
သမီးတို့မှာ ဘာအပြစ်ရှိလို့ပါလိမ့်။ ။

အနူးရေ.....
အဖဘုရားနဲ့ တွေ့တဲ့အခါ
သမီးအားလုံးပြောပြမယ်
ပြီးတော့
မေးဖြစ်အောင်လဲ မေးကြည့်မယ်
အခုလိုလုပ်ကြတာ
သမီးတို့မှာ ဘာအပြစ်ရှိလို့ပါလိမ့်။ ။

- မင်းသွေးသစ်

[English Below]ဒရုန်းနည်းပညာသည် စစ်ကောင်စီအတွက် အိပ်မက်ဆိုးကြီးဖြစ်လာဟု ကာကွယ်ရေးတပ်ဖွဲ့များပြော12 Oct 2023 By MPA CJ 01...
13/10/2023

[English Below]
ဒရုန်းနည်းပညာသည် စစ်ကောင်စီအတွက် အိပ်မက်ဆိုးကြီးဖြစ်လာဟု ကာကွယ်ရေးတပ်ဖွဲ့များပြော

12 Oct 2023 By MPA CJ 017

စစ်ကောင်စီ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း၊ တော်လှန်ရေးတပ်ဖွဲ့များသည် ဒရုန်းနည်းပညာဖြင့် စစ်ကောင်စီအား တော်လှန်တိုက်ခိုက်မှု ပိုမိုပြုလုပ်လာသောကြောင့်၊ ဒရုန်းသည် စစ်ကောင်စီတပ်အတွက် အိပ်မက်ဆိုးကြီးတစ်ခုဖြစ်လာသည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည်။

စစ်ကောင်စီတပ်များသည် မြေပြင်စစ်ကြောင်း ထိုးရာတွင် အထိနာလာသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်လေ့ရှိပြီး၊ ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ လည်း ဒရုန်းနည်းပညာဖြင့် စစ်ကောင်စီကို ဝေဟင်မှ တန်ပြန်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်းလည်းဖြစ်သည်။

" စစ်ကောင်စီဘက်ကလည်း လေကြောင်းကိုပြန်ပြီးကြောက်လာနေရပြီလို့ ပြောရင်ရနေပြီဗျ ။ သူတို့က သူတို့ အားသာချက်ဖြစ်တဲ့ လေကြောင်းကို သုံးတယ် ။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ရဲ့ နည်းပညာအားသာချက် တစ်ခုဖြစ်တဲ့ ဒရုန်းကိုသုံးတယ် ။ အခုဆိုရင် သူတို့က စိုးရိမ်ကြောက်ရွံနေရတယ်ဆိုတာထက် သိမ်ငယ်မှု့တွေကိုပါ ခံစားနေရပြီ " ဟု ကျောက်ဆည်ခရိုင်(နဂါးနီ)ဒရုန်းတပ်ဖွဲ့တာဝန်ခံ ဆရာလေးက MPA သို့ပြောသည် ။

ထို့ကြောင့် စစ်ကောင်စီသည် ဒရုန်းများကိုဖြတ်ချနိုင်သည့်အဆင့်မြင့်နည်းပညာ Jumper ၊ Drone Killer ၊ Drone Catcher များကို စစ်ကြောင်းထိုးစဉ်သာမက၊ စစ်ကောင်စီအထိုင်စခန်းများတွင် ထားရှိကာ PDF များ၏ ဒရုန်း တိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ရန် ပိုမိုလုပ်ဆောင်လာကြောင်းလည်း သိရသည်။

" သူတို့နည်းပညာမြှင့်ရင် ကျွန်တော်တို့ကလည်း ပြန်မြှင့်ရမှာဘဲ ။ စစ်ကောင်စီဘက်က ကျွန်တော်တို့ဒရုန်းနဲ့ တိုက် ခိုက်လိုက်တိုင်း ဘယ်လောက်ထိ အထိနာသလဲဆို စစ်ကြောင်းလာပြီဆို ဒရုန်းဖြတ်တဲ့စက်တွေ ၊ Anti Guns တွေ၊ ဒါတွေပဲသယ်လာတာ၊ ဒရုန်းဝဲပြီဆို ဒီကောင်တွေ သွေးရူးသွေးတန်းနဲ့ထွက်ပြေးကြတဲ့ ဗွီဒီယိုဖိုင်တွေလည်း လူမှု ကွန်ရက်မှာ တွေ့မြင်ဖူးကြမှာပါ၊ အကာအကွယ်ယူကြ ၊ ခွေးပြေးဝက်ပြေး ပြေးကြပုန်းကြနဲ့ " ဟု Myaing UAB Fighter အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များ၏ ရန်ပုံငွေသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူညီကြသည့်အတွက် အသုံးပြုသည့်နည်းပညာ ၊ ဒရုန်းအမျိုးအစားများလည်း မတူညီကြောင်း၊ သို့သော် ဒရုန်း၏အားသာချက်သည် ဘတ်ဂျတ်နည်းနည်းဖြင့် စစ်ကောင်စီတပ်ကို များများထိခိုက်မှုပေးနိုင်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့များက ဆိုသည် ။

ထိုကဲ့သို့ ဘတ်ဂျတ်နည်းနည်းဖြင့် စစ်ကောင်စီတပ်ကို များများတိုက်ခိုက်နိုင်သော်လည်း၊ တစ်ဖက်တွင် ဒရုန်းနည်းပညာ ချို့ယွင်းမှုများကြောင့် ကာကွယ်ရေးရဲဘော်များ၊ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရခြင်း ၊ အသက်ပေးဆပ် ရသည့် ဖြစ်စဉ်များလည်း ရှိသည်။

"Error တက်တာတွေမှာ ဘာကစကားပြောလဲဆိုတော့ ဒရုန်းမှာချိတ်ဆွဲတဲ့ အီနာဂါ ဗုံးသီးတွေက လက်လုပ်တွေပဲ ကိုင်ရတာများတယ်လေ။ အဲဒီတော့ Error တွေလဲကြုံရတာပေါ့ ။ ကျွန်တော်ဆိုရင်လည်း အီနာဂါမိုင်းထိမှန် ခဲ့ဖူးတယ် ။ ကျွန်တော့်စီနီယာအစ်ကိုတစ်ယောက်လည်း လက်ရော ၊ မျက်လုံးရော ဆုံးရှုံးထားရတယ် ။ ဒရုန်းမှာက ဗုံးသီးချိတ် တဲ့အချိန်က အစိုးရိမ်ရဆုံးပဲ ။ တစ်ချို့ဒရုန်းတွေဆိုအကြီးကြီးတွေလေ ။ 1Kg တို့ 5Kg တို့ ။ ကျွန်တော်တို့တော့ မကိုင် နိုင်ပါဘူး ။ အဲဒီဟာတွေက Laptop ထဲမှာ Memory မှတ်ထားပြီး Control ပေးရတာကိုး ။ အဲ့ဒါတွေက လေတိုက်နှုန်း တွေ ၊ မီတာထောက်တာတွေ လွဲချော်သွားရင်လဲ အန္တရာယ်ရှိတယ်ဗျ " ဟု TGR အမျိုးသမီးဒရုန်းတပ်ဖွဲ့တာဝန်ခံ ကျားခင်စိန်က ပြောသည် ။

ယင်းအပြင် မြေပြင်၌ လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် ဝင်ရောက်တိုက်ခိုက်ခြင်းမပြုနိုင်သော စစ်ကောင်စီတပ်စခန်းများကို ဒရုန်းဖြင့်တိုက်ခိုက်နိုင်ပြီး၊ ပစ်မှတ်တိကျမှုမှာလည်း၊ ၁၀၀ ရာခိုင်နှုန်းတွင်၊ ၉၀ ရာခိုင်နှုန်းထိ တိကျမှုရှိသည်ဟု ၎င်းတို့ကပြောသည်။

" ကျွန်တော်တို့အနေနဲ့က မြေပြင်မှာ တိုက်ပွဲဖော်ဆောင်တာမျိုးမရှိရင်တောင်မှ ဝေဟင်‌ပြောက်ကျားစစ်ဆင်ရေးဆိုပြီး၊ ၂၄နာရီ နေ့၊ ညအချိန်မရွေး သူတို့နေရာတွေကို ဗုံးကြဲတိုက်ခိုက်နိုင်တယ်ဗျ။ စစ်ကောင်စီက ထိတွေ့တိုက်ပွဲတွေမှာ အထိနာပြီဆိုတာနဲ့ လေကြောင်းကလာတော့တာပဲလေ ။ အဲဒီတော့ အရပ်သားပြည်သူတွေပါ ထိခိုက်မှုရှိလာတဲ့ အပိုင်းတွေ ပိုများလာတယ် " ဟု Saw Dragon Drone Force - SDDF ပြောရေးဆိုခွင့်ရှိသူက ပြောသည် ။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၌ ကျင်းပခဲ့သော လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံတွင်၊ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုဝန်ကြီးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်က၊ မြန်မာနိုင်ငံ၌ ဒရုန်းအသုံးပြုပြီး ၊စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရမှု ပိုမိုတိုးလာပြီး စိန်ခေါ်မှုတစ်ရပ်ဖြစ်နေကြောင်း၊ အဆိုပါ ဒရုန်းများကို ထိန်းချုပ်နိုင်ရန်အတွက် ဒေသတွင်းဖြစ်စေ၊ တရုတ်နှင့် မြန်မာ နှစ်နိုင်ငံဖြစ်စေ မဖြစ်မနေ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်နေပြီဟု ပြောကြားခဲ့သေးသည် ။

သတင်းအပြည့်အစုံဖတ်ရန် >>>> https://bitly.ws/X92a
Telegram Link - https://t.me/MPANews
Twitter Link - https://twitter.com/mmpressphoto
MPA English Website - https://mpapress.com/en

Photo - မြိုင်ပကဖ (ပုံစာ - စစ်ကောင်စီအား တိုက်ခိုက်နေသည့် ဒရုန်းများ)

စာတည်း - ကိုဆန်း
#စစ်ကောင်စီ #တော်လှန်ရေးတပ်ဖွဲ့ #ဒရုန်းနည်းပညာ #စစ်ကောင်စီ

[English Version]

Defense forces say drone technology has become a nightmare for the SAC military

12 Oct 2023 By MPA CJ 017

Defense forces say the drone has become a nightmare for the SAC military as the revolutionary forces use drone technology to launch more revolutionary attacks on the SAC military, during the more than 2 years after the military coup.

The SAC troops often conduct airstrikes because of the more damage in the ground line. On the part of the defense forces, drone technology is also used to carry out more aerial counterattacks against the SAC military.

"The SAC military is afraid of aviation again. They use aviation, which is their advantage. We also use drones, which is our technological advantage. Now, they are feeling inferior rather than being afraid," the officer in charge of the Kyaukse District (Nagani) Drone Force told MPA.

Therefore, it is also reported that the SAC military are advancing more to prevent drone attacks by the PDFs by placing Jumper, Drone Killer and Drone Catcher that can cut down drones when patrolling and at the military bases.

"If they improve their technology, we will also have to improve it. Every time we attack the SAC military with drones, how much it hit them. When the column comes, they carry drone cutters, anti guns, and these are the only things they carry. The drones are gone. People will have seen video on social networks that these guys (soldiers) fleeing in a frenzy. These guys take protection, run like dogs, run and hide," said an official from the Myaing UAB Fighter Group.

In addition, the funds of the revolutionary forces are different from one group to the other, so the technology used is different. The types of drones are also different, but defense forces say the advantage of drones is that they can do more damage to the SACD troops with a little budget.

With such a little budget, we could attack more of the SAC troops. On the other hand, due to drone technology failures, defense comrades have abandoned their body organs and lives.

"The reason for the errors is that the enagar bombs that are attached to the drone are usually hand-made. Therefore, we have to face errors. I was also hit by an enagar mine. One of my senior brothers lost both his hand and an eye. The time when the bomb is attached to the drone is the most dangerous. Some drones are big 1Kg and 5Kg. We can't handle it. These are stored in the memory of the laptop and have to be controlled. Those are the wind speed. It's dangerous if the meter supports are missed," said Tiger Khin Sein, in charge of the TGR Women's Drone Force.

In addition to this, the SAC camps that cannot be attacked due to insufficient weapons and ammunition on the ground, can be attacked by drones. Drone forces say that target is also 90 percent accurate.

"Even if there is no fighting on the ground, we can bombard their areas at any time of 24 hours a day and night. As soon as the SAC troops were hurt in the counter battles, the airstrike comes. So, there are more and more affects on the civilians," said the Saw Dragon Drone Force - SDDF spokesperson.

At the security cooperation conference held in China in the past few days, Deputy Minister Lt. Gen. Ni Lin Aung from the Ministry of Home Affairs of the SAC said, “In Myanmar, the use of drones and attacks on the SAC troops has increased and is becoming a challenge in order to control these drones, and it is necessary to cooperate with both China and Myanmar or the locals.”

Photo: Myaing PDF (Picture: Drones attacking the SAC military)

Translator: Grace

ရန်ကုန်မြစ်ရေ ထူးကဲဒီရေတက်နိုင်တာကြောင့် မြစ်ကမ်းဘေးနေသူတွေ သတိထားဖို့ ထုတ်ပြန် အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့ အတွင်း ရန...
13/10/2023

ရန်ကုန်မြစ်ရေ ထူးကဲဒီရေတက်နိုင်တာကြောင့် မြစ်ကမ်းဘေးနေသူတွေ သတိထားဖို့ ထုတ်ပြန်

အောက်တိုဘာ ၁၅ ရက်ကနေ ၁၈ ရက်နေ့ အတွင်း ရန်ကုန်မြစ်အတွင်း သာမန်ထက် ထူးကဲဒီရေ တက်နိုင်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က အသိပေး ထုတ်ပြန်လာပါတယ်။

ရန်ကုန်မြစ်ရဲ့ အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ ဒသမ ၁၁ ပေ ခန့်ကနေ ၂၀ ဒသမ ၃၇ ပေခန့်အထိ မြင့်တက်လာနိုင်တာလို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က ခန့်မှန်းထားပြီး မြစ်ကမ်းနားဒေသတွေမှာ နေထိုင်ကြသူတွေ သတိထားကြဖို့ ထုတ်ပြန်ထားပါတယ်။

ထူးကဲဒီရေနဲ့ ပတ်သက်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကရော ဘာပြောပါသလဲ။
အပြည့်အစုံကို အောက်ဖော်ပြပါလင့်ကနေ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။ https://www.bbc.com/burmese/articles/c4n59vz40x1o

ဓာတ်ပုံ - မြန်မာ့ဆိပ်ကမ်းအာဏာပိုင်
#ဘီဘီစီမြန်မာပိုင်း #ရန်ကုန်မြစ် #ထူးကဲဒီရေ #ရေကြီးမှု #မိုးဇလ #သဘာဝဘေး

သုံးရက်ဆက်တိုက် စံချိန်တင် ရေကြီးခဲ့သည့် ပဲခူးမြို့ အမြင့်ပိုင်း ရပ်ကွက်များတွင် ရေပြန်လည် ကျဆင်းလာပြီး  အနိမ့်ပိုင်း ရပ...
11/10/2023

သုံးရက်ဆက်တိုက် စံချိန်တင် ရေကြီးခဲ့သည့် ပဲခူးမြို့ အမြင့်ပိုင်း ရပ်ကွက်များတွင် ရေပြန်လည် ကျဆင်းလာပြီး အနိမ့်ပိုင်း ရပ်ကွက်များ၌ ရေများ ကျန်ရှိနေသေး

“ ရေကတော့ သိသိသာသာ ပြန်ကျလာပြီ။ တချို့နေရာတွေမှာ‌တော့။ ဒါပေမဲ့ ဆိုင်ကယ်တွေ ဘာတွေတော့ သွားလို့မရသေးဘူးပေါ့။ အမြင့်ပိုင်းတွေဆို ရေမရှိတော့ဘူး။ အမြင့်ပိုင်းတွေဆိုရင်တော့ သိသိသာသာကို ကျသွားတယ်။ တခြားအနိမ့်ပိုင်းတွေမှာတော့ ရေရှိသေးတယ်”ဟု ပဲခူးမြို့တွင် လူမှုကူညီရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် ကိုမင်းမင်း ထွန်းက ‌ပြောကြားသည်။

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ပဲခူးမြို့၏ ရာသီဥတုသည် ကောင်းမွန်နေပြီး မိုးရွာသွန်းခြင်းမရှိကြောင်း၊ မိုးအုံ့နေခြင်းသာ ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အဓိက မိုးမရွာတော့ ရေထပ်လည်း မတိုးတော့ဘူး။ မြစ်ရေကလည်း ဆင်းနေတယ်။ မိုးရွာရင်တော့ မြစ်ရေက ဆင်းနေတာ တောင် ရေကတန့်နေမှာ။ အခုတော့ ရေက ဆက်ဆင်းနေတုန်းပဲ။ ဒီတိုင်းသွားရင်တော့ အနိမ့်ပိုင်းဘက်ရေတွေလည်း ပြန်ဆင်းမှာ။ မိုးမရွာပါစေနဲ့ပဲ ဆုတောင်းရမယ်” ဟု ပဲခူး လိပ်ပြာကန်အနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

ပဲခူးမြို့နယ်အတွင်း ယခုအကြိမ်ရေကြီး မှုသည် ယခုနှစ်အတွင်း စတုတ္ထအကြိမ်ရေကြီး ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ဓါတ်ပုံ - ကြည်နိုင်၊ CJ ၊ ကိုထင်ကျော် Facebook

Eleven media.

10/10/2023

စစ်ကောင်စီမှ
၉ရက်အောက်တိုဘာ၂၀၂၃ညအချိန်တွင်ကေအိုင်အေဌာနချုပ်အနီးလေကြောင်းဗုံးကြဲသဖြင့်မုန်လိုင်ခက်
စစ်ဘေးရှောင်းစခန်းရှိ၊ကလေးသူငယ်၊အမျိုးသမီး၊ယောက်ကျား၊သက်ကြီးရွယ်အိုများ အမြောက်အများသေဆုံးကားစခန်းလည်းတစ်စစီဖြစ်သွားကြောင်း ဗီဒီယိုမှတ်တမ်းအရသိရသည်။

အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုမှာ ထိုင်း ၁ ဦးသေဆုံး၊ ၁၁ ဦးဖမ်းဆီးခံထားရအစ္စရေးကို ပါလက်စတိုင်း စစ်အုပ်စု ဟားမတ်စ်အဖွဲ့...
08/10/2023

အစ္စရေးကို ဟားမတ်စ်တိုက်ခိုက်မှုမှာ ထိုင်း ၁ ဦးသေဆုံး၊ ၁၁ ဦးဖမ်းဆီးခံထားရ

အစ္စရေးကို ပါလက်စတိုင်း စစ်အုပ်စု ဟားမတ်စ်အဖွဲ့က မနေ့တုန်းက တိုက်ခိုက်မှုဖြစ်ချိန် ထိုင်းနိုင်ငံသား ၁ ဦးသေဆုံးပြီး ၁၁ ဦး ဖမ်းဆီးခံထားရတယ်လို့ ထိုင်းအာဏာပိုင်တွေက ဒီနေ့မွန်းလွဲပိုင်းမှာပဲ သတင်းထုတ်ပြန်လာပါတယ်။

ဒီအတောအတွင်းမှာပဲ အစ္စရေး နိုင်ငံထဲက ထိုင်းနိုင်ငံသားတွေကို ကယ်ထုတ်လို့ရအောင် ထိုင်းဝန်ကြီးချုပ်က ထိုင်းတော်ဝင်လေတပ်ကို အသင့်ပြင်ထားခိုင်းလိုက်ပြီလို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အစ္စရေးမှာ ထိုင်းနိုင်ငံသား သောင်းချီ သွားရောက်အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။

တဖက်မှာလည်း အစ္စရေးဟာ ဟားမတ်စ်အဖွဲ့တိုက်ခိုက်မှုဖြစ်အပြီး နောက်တစ်ရက် ဒီနေ့မှာ နယ်မြေ ပြန်လည် ထိန်းချုပ်ရေးအဓိက လုပ်ဆောင်နေပြီလို့ ဆိုပါတယ်။

အစ္စရေး-ဟားမတ်စ် တိုက်ခိုက်မှု နောက်ဆုံးရသတင်းတွေကို ဒီလင့်ခ် https://www.bbc.com/burmese/articles/c727nrrdg9jo မှာ ဖြည့်စွက်ဖော်ပြပေးနေပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ထိုင်း #အစ္စရေး #ဟားမက်စ် #စစ်တပ်

လက်နက်ပွဲစား ခရိုနီလက်သစ် ဥာဏ်လွင်အောင် ရှင်းလင်းသုတ်သင်ခံရ =============================== မင်းအောင်လှိိုင် စစ်တပ်က မွေ...
03/10/2023

လက်နက်ပွဲစား ခရိုနီလက်သစ် ဥာဏ်လွင်အောင် ရှင်းလင်းသုတ်သင်ခံရ
===============================

မင်းအောင်လှိိုင် စစ်တပ်က မွေးထုတ်ထားသည့် ခရိုနီလက်သစ်တစ်ဦးဖြစ်သူ ဥာဏ်လွင်အောင် ကို Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့ က ရန်ကုန်မြို့လယ်ခေါင်တွင် ​ပစ်ခတ်ရှင်းလင်း သုတ်သင်ခဲ့သည်။

ယနေ့ညနေပိုင်းအချိန် လူစည်ကားရာ ​ရန်ကုန်မြို့ လယ်ခေါင်တွင်ပင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ၎င်း၏ သက်တော်စောင့်ပါ သေဆုံးသွားကြောင်း မျက်မြင်များက The Revolution Post သို့ ပြောသည်။

စစ်တပ်အသိုင်းအဝိုင်းထဲတွင် ကိုဥာဏ်ဟု သိကြသည့် ဥာဏ်လွင်အောင်သည် ကာကွယ်ရေးဝန်ကြီးဌာနအတွက် နာမည်ခံကာ ပစ္စည်းများဝယ်ယူပေးနေသလို ပြည်ထဲရေးဝန်ကြီးဌာန နှင့် ပူးပေါင်းကာ ပြည်သူများအပေါ်ဖိနှိပ်ရန်ရည်ရွယ်ဆောင်ရွက်နေသည့် Facial Recognition System ပါ CCTV များ တင်သွင်းခွင့်ရရှိထားသူဖြစ်သည်။

ဥာဏ်လွင်အောင်သည် နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်၂၄ ၊ ပြည်ထဲရေးဝန်ကြီးဌာနရုံး အမှတ် ( ၄၉) နှင့် ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရုံး တို့သို့အတားအဆီးမရှိ ဝင်ထွက်ခွင့်ရထားသူဖြစ်သည်။

အာဏာသိမ်းစစ်တပ်ကို အပြည့်အဝထောက်ခံသည့် ခရိုနီလက်သစ် တစ်ဦးဖြစ်သူ ဥာဏ်လွင်အောင်သည် ရုရှား သို့
မြန်မာစစ်တပ်ကိုယ်စားလှယ်များနှင့်အတူခရီးသွားခွင့်ရခဲ့သူဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနှင့်လဲရင်းနှီးသူဖြစ်သည်။

'' ဒီကောင်က စစ်တပ်အာဏာသိမ်းတာကိုပေါ်ပေါ်တင်တင်ထောက်ခံတဲ့ လုပ်ငန်းရှင်တွေထဲကတစ်ယောက်ပဲ ပြည်သူတွေလဲ ဒီကောင်ဘယ်လိုကောင်စားလဲဆိုတာ နောက်နေ့ကျရင်ထပ်သိရမှာပါ၊ လူမှုကွန်ယက်မှာလဲ တော်လှန်ရေး အဖွဲ့တွေကို စကစ အလိုကျ အကြမ်းဖက်လို့အမြဲသုံးစွဲသလို သူ့ကုမ္မဏီက ဝန်ထမ်းတွေကို စစ်တပ်မှာရွတ်ရတဲ့ သစ္စာအဓိဌာန်ကိုပါ နေတိုင်း ရွတ်ခိုင်းတဲ့ကောင် ၊ အနေအထိုင်သိုသိပ်တာရယ် နာမည်မထွက်အောင်နေတတ်တာရယ်ကြောင့် ဒီကောင်ကလွတ်နေတာ ကျွန်တော်တို့ ကာလကြာရှည် စုံစမ်းထောက်လှမ်းအတည်ပြုပြီးမှ ဒီမစ်ရှင်ကို အကောင်ထည်ဖော်ခဲ့ကြတာပါ စစ်တပ်ကို အကျိုးပြုနေတဲ့ စစ်တပ်နဲ့ပေါင်းပြီး ပြည်သူကို ဖိနင်း စီးပွားရှာမယ့် ခရိုနီလက်သစ်တွေအတွက် ပထမဆုံး သင်ခန်းစာဖြစ်ပါမယ်။ ကျွန်တော် တို့ပေးချင်တဲ့သတင်းစကားက ခင်ဗျားတို့ အားကိုးတဲ့စစ်တပ်ကို တောင် ပြည်သူတွေက မရှိ ရှိတာပုံအောပြီး တိုက်နေကြတာ ခင်ဗျားတို့ ကျွန်တော်တို့လက်က ဘယ်တော့မှ ပြေးမလွတ်စေရဘူး '' ဟု Urban Owls တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

Urban Owl မြို့ပြပြောက်ကျားတပ်ဖွဲ့က ထောက်လှမ်းရရှိထားသောအချက်အလက်များအရ ၎င်းသည်မြန်မာနိုင်ငံ အပြင် ထိုင်း ၊ တရုတ် ၊ ရုရှား နှင့် UAE နိုင်ငံများတွင် North Gate Engineering and Technology အမည်ဖြင့်လုပ်ငန်းခွဲများဖွင့်လှစ်ထားပြီး ငွေကြေးခဝါချမှုလုပ်ငန်းစဥ်များချောမွေ့စေရန် Well and Fair ပြည်ပခရီးသွားကုမ္မဏီ တစ်ခုကိုလဲ မကြာသေးမီက ထူထောင်ထားသည် ။

'သူကစစ်တပ်ကို သက်ဆိုးရှည်အောင်လုပ်ပေးနေတဲ့ လုပ်ငန်းရှင်တွေထဲက တစ်ယောက်ပဲ ကျွန်တော်တို့ ထောက်လှမ်းရေး သတင်းတွေစရပြီးနောက်မှာ စုံစမ်းမှူတွေ ဆက်တိုက်လုပ်ရင်းပိုပိုသိလာရတဲ့ နောက်ဆ​က်တွဲ ကိစ္စတွေအများကြီးရှိ သေးတယ် ၊ ဆက်လက်လုပ်ဆောင်ရမှာတွေရှိသေးလို့အသေးစိတ်တော့ မပြောလိုဘူး ၊ ဒီပွဲဟာ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေအားလုံး တော်တော်လေး စွန့်စွန့်စားစားနဲ့ ကို လုပ်ဆောင်ခဲ့ရတဲ့ မစ်ရှင်ဖြစ်ပါတယ် '' ဟု ရန်ကုန်မြို့အ​ခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Urban Owls က ဆိုသည်။



Numlang hte Uhtang Yang mare lapran Myen hpyen dap hte KIA pawng hpawm dap lapran majan matut laja nga.2 October 2023Man...
02/10/2023

Numlang hte Uhtang Yang mare lapran Myen hpyen dap hte KIA pawng hpawm dap lapran majan matut laja nga.

2 October 2023

Manmaw Numlang mare lahta Pangsak makau kaw htu shadut pru wa ai Myen hpyen dap hte KIA Dung 25 ni lapran majan laja lana gap gasat hkat wa ai re lam chye lu ai.

October praw 2 dai hpawt manap hkying (7:30) hta, Pangsak makau de htu shadut shamu shamawt pru wa ai Myen hpyen dap HK.M.Y (438) dap ni hpe KIA Dung (25) hte Rahkaing AA pawng hpawm dap ni hkap shing la gasat dat ai lam shawng lam magam gun ni kaw na chye lu ai.

Dai hkap shing la gasat ai hta, Myen hpyen dap maga sum machyi lam law ai hte bai hting nut mat ai re lam chye lu ai.

September 30 ya shani hta mung, Num Lang hte U Htang Yang lapran na Shang Dum Bum na yu wa ai Myen hpyen hpung ni hpe KIA Dung 25 hte Rahkaing AA pawng hpawm dap ni hkap shingla gasat ai hta, Myen hpyen dap maga si hkala law wa nna, Dujum langai hte hpyenma marai 4 hpe lu rim ai lam chye lu ai.

Dai shani hkap shingla gasat ai hta, sinat gadun 1, Sinat galu lau 5, hte laga laknak machyu pala hte hpyen lang arung arai ni hpe lu zing madu la ai lam chye lu ai.

Ya ten dai ginra shamu shamawt hkawm nga ai Myen hpyen dap Hk.M.Y (437) (438) dap ni hte KIA pawng hpawm dap lapran majan matut gap gasat hkat taw nga ai lam lam chye lu ai.

Sumla magam gun

Kanoi Tu KIA Post kasha langai hpe Min Zay Thant Pyithutsit ni sa gap nat2 October 2023/ Kachin News GroupHugawng Lido l...
02/10/2023

Kanoi Tu KIA Post kasha langai hpe Min Zay Thant Pyithutsit ni sa gap nat

2 October 2023/ Kachin News Group

Hugawng Lido lam, Jahtu Zup mare a sinpraw maga, KIA Dung 14 ginra, Kanoi tu post hpe, Wara Zup Pyithutsit Min Zay Thant hpung ni sa htim gap gasat nat kau ai lam, Jahtu zup ginra masha ni tsun ai re.

October praw 2 ya jahpawt jau hkying 4 daram kaw na sa htim gap wa ai rai nna, myi mu wa ai ten, KIA dap ginsum yawng hpe nat kau da ya nna, Pyithutsit hpung ni yawng bai hting nut mat wa sai lam dai ginra na mung shawa langai KNG de n dai zawn tsun dan ai re.

“Min Zay Thant Pyithutsit dap ni sa gap ai nga, gade ram gara hku re hpe chyawm n chye ai, myi mu wa ai ten yawng bai n htang wa masai.” nga tsun ai re.

Dai sa htim gap gasat ai hta, KIA dap maga si hkala lam hpe a tsawm tup hkrak n chye lu ai rai tim, laknak machyu pala loi li lawm mat ai lam, ginra masha ni matut tsun ai re.

Ya sa htim gap nat kau ai Kanoi Tu post gaw, KIA magam gun marai 7, 8 daram sha nga ai dap shara hpe Pyithutsit dap maga hpyen n gun kaba hte sa htim gap gasat nat kau ai rai nga ai.

Dai shara hpe sha, lai wa sai 2022 July 19 ya hta mung, kalang sa htim gap gasat lai wa sai rai nna, dai sa htim gap gasat ai hta, KIA maga marai 2 si nna, marai 3 hprawng lawt wa ai re.

Ya ten dai ginra hta KIA hte Pyithutsit dap larpran hpyen masa matut shaja hkat taw nga ai lam chye lu ai.

# Min Zay Thant Pyithutsit Telegram

သတင်းထုတ်ပြန်ချက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဆေးဗိုလ်ကြီး အောင်ဖြိုးသိန်း အိမ်ပြန်လာချိန်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ ၂...
30/09/2023

သတင်းထုတ်ပြန်ချက်
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဆေးဗိုလ်ကြီး အောင်ဖြိုးသိန်း အိမ်ပြန်လာချိန်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၉) ရက်နေ့

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့၊ မနက် (၇:၃၀)နာရီခန့်တွင် မုံရွာမြို့ရှိ နေအိမ်သို့ပြန်လာသော မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အမှတ် (၂)တပ်မတော်ဆေးရုံမှ ဗိုလ်ကြီးအောင်ဖြိုးသိန်း အား BlackFalcon Guerrilla Forcesတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

ဗိုလ်ကြီးအောင်ဖြိုးသိန်းသည် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အမှတ် (၂)တပ်မတော်ဆေးရုံမှ ခွဲစိတ်ဆရာဝန်တဦးဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ဗိုလ်ကြီးအောင်ဖြိုးသိန်းနှင့်အတူ ဟွန်ဒိုင်းအမျိုးအစား အိမ်စီးကားတစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံး၊ Laptop တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ယခုအချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(မုံရွာခရိုင်-ပကဖ)တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး လိုအပ်သည် များကို စစ်ဆေးမေးမြန်းလျက်ရှိကြောင်း မိသားစုသိစေရန် အသိပေးထုတ်ပြန်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ။

🟢 KNU ဥက္ကဌဟောင်း စစ်ကောင်စီနဲ့တွေ့ပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခဲ့တာ​ဟာ KNU နဲ့ ပတ်သက်မှုမရှိကြောင်း ပဒိုစောတောနီးပ...
30/09/2023

🟢 KNU ဥက္ကဌဟောင်း စစ်ကောင်စီနဲ့တွေ့ပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခဲ့တာ​ဟာ KNU နဲ့ ပတ်သက်မှုမရှိကြောင်း ပဒိုစောတောနီးပြော

ရွှေဖီမြေ၊ စက်တင်ဘာ ၃၀ ရက်

အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)ရဲ့ ဥက္ကဌဟောင်း စောမူးတူးစေးဖိုးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ဒီနေ့ စက်တင်ဘာ ၃၀ ရက် နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

KNU ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက "အခုကစပြီး သူတို့ (KNU ဥက္ကဌဟောင်း)က ကျနော်တို့နဲ့ ဘာမှပတ်သက်မှု မရှိတော့ပါဘူး" လို့ ရွှေဖီမြေသို့ ပြောပါတယ်။

စောမူးတူးစေးဖိုးအပြင် စောရောဂျာခင်နဲ့ ပဒိုရွှေမောင်းတို့​က စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံခဲ့တာပါ။

တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေးကိုသာ အဓိကထား ဆွေးနွေးကြပြီးတော့ စစ်ကောင်စီဟာ စောမူးတူးစေးဖိုးကို KNU ကိုယ်စားပြုလို့မသုံးဘဲ ကရင်တိုင်းရင်းသားခေါင်းဆောင်လို့သာ သုံးနှုန်းဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ နောက်ဆုံးအပတ်က ကျင်းပခဲ့တဲ့ KNU ရဲ့ အမျိုးသားညီလာခံမှာ ကရင်ခေါင်းဆောင်တွေကို ပြောင်းလဲခဲ့တဲ့အပြင် NCA စာချုပ် မရှိတော့ကြောင်း KNU က ပြောကြားခဲ့ပါတယ်။

လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်မယ့် NCA ရေးထိုးခြင်း ၈ နှစ်ပြည့်ကို စစ်ကောင်စီက ခမ်းခမ်းနားနား ကျင်းပဖို့ ရည်ရွယ်နေပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ချဥ်းကပ်နေတာကို တွေ့နေရပါတယ်။

#ကေအဲန်ယူဥက္ကဌဟောင်း #စစ်ကောင်စီ #တွေ့ဆုံ #နေပြည်တော် #ရွှေဖီမြေ
#ဓာတ်ပုံ- Telegram

Address

Myitkyina

Telephone

+601116172814

Website

Alerts

Be the first to know and let us send you an email when The Kachin Digest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Kachin Digest:

Videos

Share