Rohingya News

Rohingya News Allah is the greatest

26/08/2024
မောင်တောက ရိုဟင်ဂျာတွေသေဆုံးမှု သက်ဆိုင်မှုမရှိကြောင်း AA ထုတ်ပြန်~~~■ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ရိုဟင်ဂျာတွေ ပြီ...
07/08/2024

မောင်တောက ရိုဟင်ဂျာတွေသေဆုံးမှု သက်ဆိုင်မှုမရှိကြောင်း AA ထုတ်ပြန်
~~~
■ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်က ရိုဟင်ဂျာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးဖို့ ကြိုးစားချိန်မှာ တိုက်ခိုက်ခံရပြီး အများအပြား သေဆုံးခဲ့တာဟာ အာရက္ခတပ်တော် (AA) နဲ့ သက်ဆိုင်မှုမရှိကြောင်း AA က ဩဂုတ်လ ၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေသေဆုံးခဲ့ရတဲ့ နေရာဟာ AA ထိန်းချုပ်နယ်မြေမဟုတ်ကြောင်းနဲ့ သေဆုံးတာနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်၊ ဖြစ်ရပ်မှန်တွေကို သိရရင် အမြန်ဆုံး ထုတ်ပြန်ပေးသွားမယ်လို့လည်း AA က ပြောပါတယ်။

သေဆုံးခဲ့ရသူတွေဟာ လက်နက်ကြီး၊ လက်နက်ငယ်ထိမှန် (ဒါမှမဟုတ်) ဗုံးထိမှန် (ဒါမှမဟုတ်) ရေနစ်သေဆုံး (ဒါမှမဟုတ်) လေကြောင်းတိုက်ခိုက်ခံရတာ၊ ကြီးမားတဲ့ ပေါက်ကွဲမှု တစ်ခုဖြစ်ပြီး သေဆုံးခဲ့ရတာကြောင်း သိရတာကြောင့် စိတ်မကောင်းဖြစ်ရကြောင်းလည်း AA က ပြောထားပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်း အသက်မသေဘဲလွတ်မြောက်ခဲ့သူတွေနဲ့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေကတော့ အာရက္ခတပ်တော် (AA) က တိုက်ခိုက်တာလို့ ပြောဆိုထားကြပါတယ်။

မောင်တောမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) အကြား တိုက်ပွဲပြင်းထန်နေတာကြောင့် ရိုဟင်ဂျာတွေဟာ နတ်မြစ်ကိုကူးပြီး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးဖို့ ကြိုးစားချိန် သြဂုတ်လ ၅ ရက်နေ့က တိုက်ခိုက်ခံရပြီး လူရာနဲ့ချီ သေဆုံးခဲ့တယ်လို့ အသက်ရှင်လွတ်မြောက်ခဲ့သူတွေက ပြောပါတယ်။

AA အနေနဲ့ မောင်တောမြို့သိမ်းတိုက်ပွဲမတိုင်ခင် ဇွန်လ ၁၆ ရက်နေ့ကတည်းက အရပ်သားတွေ မြို့ကနေ အမြန်ဆုံးထွက်ခွာဖို့ သတိပေးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီနဲ့ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊ RSOနဲ့ ARA အဖွဲ့တွေက အရပ်သားတွေ ထွက်ခွာခွင့်မရအောင် တားမြစ်ခဲ့တယ်လို့လည်း AA က ပြောပါတယ်။

AA အဖွဲ့ရဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

တပ်ဖွဲ့ဝင်တွေကို စစ်ပွဲအတွင်း လိုက်နာရမဲ့ စစ်စည်းကမ်း၊ စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးဥပဒေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေတွေကို အခြေခံစစ်သင်တန်းမှာ ညွှန်ကြားထားတယ်လို့လည်း AA က ပြောထားပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲဟာ ပိုမိုပြင်းထန်လာတာကြောင့် အရပ်သားတွေ နေရပ်စွန့်ခွာရာမှာ ဘေးကင်းလုံခြုံစေဖို့ အာရက္ခတပ်တော် ရှိတဲ့နေရာတွေကိုသာ ဦးတည်ထွက်ခွာကြဖို့၊ မြို့တွင်းမှာ ပိတ်မိနေကြသူတွေကလည်း ကျည်လွတ်တဲ့နေရာကို အကာအကွယ်ယူပြီးနေထိုင်တာ၊ အလံဖြူအမှတ်အသားတွေ လုပ်ထားတာနဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ဝေးတဲ့နေရာတွေမှာ နေထိုင်ကြဖို့ကို AA က တိုက်တွန်းထားပါတယ်။

မောင်တောဒေသက အရပ်သားပြည်သူတွေအနေနဲ့ အသက်အန္တရာယ်ထိခိုက်မှုမရှိစေဖို့ ထုတ်ပြန်ချက်တွေကို တိကျစွာလိုက်နာဖို့လည်း တိုက်တွန်းထားပါတယ်။
____
နတ်မြစ်အနီး ရေနစ်သေဆုံးသွားသည့် ရိုဟင်ဂျာဒုက္ခသည် ရုပ်အလောင်းများအား ၂၀၂၄ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ (Photo: AFP)
#ရိုဟင်ဂျာ #နတ်မြစ် #လွတ်လပ်တဲ့အာရှအသံ

မောင်တောမြို့ထဲသို့ AA တပ်ဖွဲ့တွေ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းပေါ်ရှိ ကျေးရွာတွေကို  စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်...
28/06/2024

မောင်တောမြို့ထဲသို့ AA တပ်ဖွဲ့တွေ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းပေါ်ရှိ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ
(ဒေသခံမွတ်ဆလင်အချို့ သေဆုံး ဒဏ်ရာရရှိမှုရှိနေဟုဆို)

နောင်မင်းသူ၊ နိရဉ္စရာ၊ ဇွန် ၂၈ ရက်/၂၀၂၄

တိုက်ပွဲများပြင်းထန်နေတဲ့ ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့တွင်းသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေ ဝင်ရောက်လာနိုင်တဲ့ လမ်းကြောင်းပေါ်ရှိ ကျေးရွာများအား စစ်ကောင်စီက လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်လျှက်ရှိနေတယ်လို့ မောင်တော ဒေသခံတွေဆီက တဆင့် သိရပါတယ်။

ခုလို အဆက်မပြတ် လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတွက် မွတ်ဆလင် ဒေသခံတွေ သေဆုံးဒဏ်ရာရရှိမှုများရှိနေတယ်လို့လည်း သတင်းရရှိပါတယ်။

မောင်တောဒေသခံ မွတ်ဆလင်တစ်ဦးက " မောင်တောက AA တပ်ဖွဲ့တွေ ဝင်ရောက်လာနိုင်တဲ့ ကျေးရွာ‌တွေကို စစ်ကောင်စီက ဂျက်တိုက်‌လေယာဉ်တွေနဲ့ အပြင်းအထန်ဗုံးကြဲနေတယ်။ ဒီနေ့ မနက်နဲ့ နေ့လယ်မှာ ၆ ကြိမ် ဗုံးကြဲချခဲ့တယ် " လို့ နိရဉ္စရာသို့ ပြောပါတယ်။

စစ်ကောင်စီက နေ့စဉ်ရက်ဆက် ဗုံးကြဲနေသည့် ကျေးရွာများမှာ ရွှေဇားကျေးရွာ အုပ်စုမှ စေတီပြင်၊ ဇင်တူလာ၊ ဂွမ်ညှာ၊ ဟာလာတူလီ အပါအဝင် အမှတ်(၅)ရပ်ကွက်ရှိ ဧတေ‌လီယာ၊ လသာ၊ ဘက္ကာဂုံးနားနဲ့ နခခ(၅) မြောက်ဖက်ရှိ ဇူလစသည့် ကျေးရွာများဖြစ်ကြပါတယ်။

"စစ်တပ်က ဂျက်တိုက် လေယာဉ်တွေနဲ့ မောင်တောမြို့ကို နေစဉ်ဗုံးလာကြဲချနေတာပါ။ မနေ့က ညနေ ၅ နာရီ ကျော်မှာ ဂျက်တစ်စီးလာပြီး ရွှေဇားကျေးရွာအုပ်စု စေတီပြင်ဈေးအနီးကို ဗုံးသုံးလုံး လာကြဲချတယ်။ ဒေသခံ ၄ ဦးပွဲချင်းပြီး သေဆုံးသွားတယ်။ ဒဏ်ရာရရှိသူလည်း ၅ ဦးခန့် ရှိတယ်။ နာမည်တွေ အတိအကျ မသိရသေးဘူး"လို့ ပြောပါတယ်။

အလားတူ ဒီကနေ့ ဇွန်လ ၂၈ ရက် နံ နက် ၆နာရီ ၁၀ မိနစ်မှာ လည်း စစ်ကောင်စီဂျက်တိုက် လေယာဉ်တွေနဲက ရွှေဇားကျေး ရွာအုပ်စု ဂွမ်ညှာ၊ လဘော်ဇား၊ ဟာရီတူလာနဲ့ အမှတ်(၅)ရပ်ကွက်ရှိ ဇင်တူလာ၊ လသာ၊ ဧတေလီယာ စသည့် ကျေးရွာများ အားဗုံးများကြဲချခဲ့တဲ့အတွက် အနည်းဆုံး ဒေသခံ ၅ ဦးထက် မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ဆက်လက် ပြောဆိုပါတယ်။

ပုံစာ- ဗုံးကျနေရာ တစ်ခုအား မွတ်ဆလင် အရပ်လူကြီးများ ကြည့်ရှုနေကြစဉ်။

ဒီသတင်းအပြည့်အစုံ အောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုပါ>>>

https://burmese.narinjara.com/news/detail/667ea4b7cc10344126587e7b

------

တိုက်ပွဲများပြင်းထန်နေသည့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့တွင်းသို့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့များ...

မောင်တောက ရိုဟင်ဂျာလေးထောင်ကျော်ကို AA က ဘေးလွတ်ရာပို့ဆောင်ခဲ့ကြောင်း ဒေသခံတွေပြော~~~■ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်...
28/06/2024

မောင်တောက ရိုဟင်ဂျာလေးထောင်ကျော်ကို AA က ဘေးလွတ်ရာပို့ဆောင်ခဲ့ကြောင်း ဒေသခံတွေပြော
~~~
■ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်က ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာ လေးထောင် ကျော်ကို ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၆ ရက်နေ့မှာ ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ရိုဟင်ဂျာတွေဟာ ရွှေဇားကျေးရွာအုပ်စုအတွင်းက ရွာတွေမှာ နေထိုင်ကြသူတွေဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ရွာတွေအတွင်း ဝင်ရောက်တပ်စွဲတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ မွတ်စလင်ရွာမှာ လေးဘက်လေးတန်က စစ်သား(စစ်ကောင်စီတပ်)တွေရှိတယ်။ ညဘက်ဆို တစ်ညလုံး သေနတ်တွေပစ်တယ်။ လူတွေကို ထိတယ်။ ကျွန်တော်တို့ ရှေ့မှာ သေတာတွေလည်း မြင်တွေ့ရတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပြေးလာကြတာ”

နေရပ်စွန့်ခွာထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို AA တပ်ဖွဲ့ဝင်တွေက ယာဉ်ကြီး၊ ယာဉ်ငယ်တွေနဲ့ ကယ်ထုတ်ခဲ့တာဖြစ်ပြီး ဘယ်နေရာကို ပို့ဆောင်ပေးခဲ့တယ်ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

လက်ရှိမှာ ရွှေဇားကျေးရွာအုပ်စုအတွင်းက တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာတချို့လည်း မောင်တောမြို့ပေါ် အမှတ်(၁) ရပ်ကွက်နဲ့ အမှတ်(၂) ရပ်ကွက်တွေမှာ ကျန်နေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်ရဲ ပူးပေါင်းအဖွဲ့တွေကတော့ မောင်တောမြို့အနီးမှာရှိတဲ့ ဇင်တူလာ၊ ဇူလ၊ ဟော်ရိုက်တာလာ၊ အမှတ်(၅) ရပ်ကွက်နဲ့ ရွှေဇားကျေးရွာအုပ်စုက ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက် တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇွန်လ ၂၅ ရက်နေ့ကလည်း ဇင်တူလာရွာအတွင်း ပိတ်မိနေတဲ့ ရိုဟင်ဂျာအသက်ကြီးပိုင်းတွေနဲ့ ကျန်းမာရေး မကောင်းသူ တချို့ကို AA က ကယ်ထုတ်ပြီး ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
_________

မောင်တောမြို့အတွင်းရှိ ရိုဟင်ဂျာလူငယ်တချို့ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။ (Photo: RFA)

28/06/2024

မောင်တောတိုက်ပွဲ လက်နက်ကြီးကြောင့် ရိုဟင်ဂျာ နှစ်ဆယ်ခန့် သေဆုံး
~~~
■ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မောင်တောမြို့ကို သိမ်းပိုက်ဖို့အတွက် ရက္ခိုင့်တပ်တော် (AA) အခုရက်ပိုင်းတွေအတွင်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း ကြည်း၊ ရေ၊ လေ ဘက်ပေါင်းစုံက အင်အားတွေနဲ့ ခုခံကာကွယ်နေတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

ရွှေဇား၊ ဇင်တူလာ၊ ဟော်ရိုက်တာလာ၊ ဇူလနဲ့ အမှတ် (၅) ရပ်ကွက်တွေအပြင် မြို့နဲ့ ကပ်ရပ်မှာရှိတဲ့ ကျေးရွာတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရမှုကြောင့် အခုသီတင်းပတ်အတွင်း သေဆုံးတဲ့ ရိုဟင်ဂျာ နှစ်ဆယ်ခန့်ရှိနေပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြားရှိနေတယ်လို့ ဒေသခံ ရိုဟင်ဂျာတွေက ပြောပါတယ်။ အရပ်သားထိခိုက်မှု အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဇွန်လ ၂၇ ရက်မနေ့ နေ့လယ် ၁၂ နာရီခွဲလောက်မှာ ရွှေဇားကျေးရွာအုပ်စုက လူနေအိမ်တစ်လုံးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစုငါးဦးရှိတဲ့အထဲက နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီလက်နက်ကြီးကျည်ဟာ ဇင်တူလာကျေးရွာဘက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာလို့ ဆိုပါတယ်။

မောင်တောမြို့မှာ လက်နက်ကြီးကြောင့် သေဆုံးရသူဟာ နေ့စဉ်ရှိတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မောင်တောမြို့ပေါ်က ရိုဟင်ဂျာတစ်ဦးက RFA ကိုပြောပါတယ်။

"သူတို့က AA ရှိတယ်ဆိုပြီး သေနတ်ပစ်တယ်။ သေနတ်ပစ်တော့ အဲဒီမှာ AA မရှိဘူး။ လက်နက်ကြီးနဲ့ ပစ်တာအားလုံး မွတ်စလင်တွေ နေအိမ်ကို။ မွတ်စလင်တွေ သေကြတယ်၊ လက်နက်ကြီးကျလို့။ ဟိုတစ်နေ့က မိန်းမနှစ်ယောက် သေတယ်။ နောက်တစ်နေ့ ၁၂ နှစ်အရွယ် ကလေးတစ်ယောက် သေတယ်။ အဲဒီလို နေ့တိုင်း တစ်ယောက်၊ နှစ်ယောက် သေကြတာရှိတယ်။ ရှေ့ကယူသွားကြတယ်။ ငါတို့ကြောက်လို့ ရွာကိုစွန့်ပြီး ထွက်ပြေးလာကြတာပါ။ ဘာသာပေါင်းစုံ ဒုက္ခရောက်နေကြတာ ဟိန္ဒူ၊ မွတ်စလင်၊ ရခိုင် အားလုံး ဒုက္ခဖြစ်နေကြတယ်"

ဇွန်လ ၂၆ ရက်နေ့ကလည်း မြို့သူကြီးရပ်ကွက်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ရင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် မြို့မ ကညင်တန်းရပ်ကွက်က နေအိမ်တစ်လုံးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရိုဟင်ဂျာ အမျိုးသားတစ်ဦး သေဆုံးပြီး နောက်ထပ် အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာတွေဟာ တစ်နေရာတည်းမှာနေလို့မရဘဲ မြို့တွင်းက လုံခြုံမဲ့နေရာတွေကို ရွှေ့ပြောင်းခိုလှုံနေကြရတယ်လို့ မောင်တောမြို့က သက်ကြီးပိုင်း ရိုဟင်ဂျာအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"AA နဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ကြတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်တယ်။ သေနတ်တွေပစ်တယ်။ အဲဒီမှာ လမ်းပေါ်ကို ထွက်လို့လည်းမရဘူး။ လူတွေ ဒုက္ခရောက်ကြတယ်။ နေစရာနေရာလည်း မရှိ။ သူများဆီမှာ နေနေရတယ်။ ငါတို့ရွာမှာ လူနှစ်ယောက် သေသွားတယ်။ ဒီနေ့လည်း နှစ်ယောက် သေတယ်။ လက်နက်ကြီးနဲ့ပစ်ရင် ဟိုပြေးဒီပြေး ပြေးနေကြရတယ်။ သွားလို့လာလို့လည်း မရောက်နိုင်။ အသက် ၉၀ ရှိပြီ"

မောင်တောမြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့အတွက် မြို့တွင်းနေ ပြည်သူတွေကို ဇွန်လ ၁၆ ရက်နေ့ ည ၉ နာရီ နောက်ဆုံးထားပြီး ရှောင်ပေးကြဖို့ ရက္ခိုင့်တပ်တော် (AA) က အသိပေး ပြောဆိုထားပါတယ်။ ဒါပေမဲ့ မြို့ခံတွေဟာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အပြင်ကိုထွက်မရတော့ဘဲ မြို့တွင်းမှာ ပိတ်မိနေကြတာလို့ ဆိုပါတယ်။

မြို့အနီးမှာရှိတဲ့ ရွှေဇားကျေးရွာအုပ်စုက ရိုဟင်ဂျာ လေးထောင်ကျော်ကိုတော့ ရက္ခိုင့်တပ်တော် (AA) က ဇွန်လ ၂၆ ရက်နေ့က လွတ်မြောက်နယ်မြေတွေဆီကို ကယ်ထုတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျေးရွာအုပ်စုက နောက်ထပ် ရိုဟင်ဂျာ နှစ်ထောင်ကျော်ကတော့ မြို့အတွင်းပိုင်းကို ထွက်ပြေးခိုလှုံနေကြရတယ်လို့ မောင်တောမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နောက်ထပ် ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

"မြို့ပေါ်ကို ရှောင်လာတာကတော့ ရက္ခိုင့်တပ်တော်က နေပြီးတော့ ကျွန်တော်တို့ကို လွတ်မြောက်တဲ့ နယ်မြေမှာ ရှောင်ခိုင်းပါတယ်၊ ခဏသွားပေါ့နော်။ ဒီတပ်မတော် (စစ်ကောင်စီ) ကနေပြီးတော့ ကျွန်တော်တို့ကို လွတ်မြောက်နယ်မြေကို မရွှေ့ခိုင်းဘူး။ သူတို့ကနေပြီးတော့ ကျွန်တော်တို့က သွားတဲ့လမ်းကနေပြီးတော့ အကုန်လုံး ပိတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ မြို့ပေါ်မှာဘဲ အပိတ်ခံနေရတာပါ။ ကျွန်တော်တို့ ဖြစ်ချင်တာကတော့ နိုင်ငံရေးအရ သူတို့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူတွေကနေပြီးတော့ ဗုံးတွေကျတာတွေ၊ လူသေတာတွေ များပါတယ်။ ဒဏ်ရာရတာတွေ ဒီမှာဆရာဝန်လည်းမရှိဘူး။ ပြီးတော့ စားဝတ်နေရေးကအစ ဘက်ပေါင်းစုံက ကျွန်တော်တို့ အခက်အခဲ ကြုံနေရပါတယ်"

မြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေကနေ မြို့တွင်းပိုင်းကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ရိုဟင်ဂျာတွေဟာ နီးစပ်ရာအိမ်တွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြရတာပါ။ သူတို့အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရိုဟင်ဂျာတွေက ပြောပါတယ်။

မြို့အနီးအနား ကျေးရွာတွေကပါ မြို့ပေါ်ကို တိမ်းရှောင်တာတွေရှိတဲ့အတွက် လက်ရှိ မောင်တောမြို့ပေါ်မှာ လူပေါင်း သုံးသောင်းခန့် ရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မောင်တောမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရော ရက္ခိုင့်တပ်တော် (AA) ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒေသခံတွေရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။
---------------

15/06/2024

6 years memories

07/06/2024

ရိုဟင်ဂျာတွေ နေထိုင်ရာ ဒေသတွေမှာ တိုက်ပွဲရပ်ဖို့ အမိန့် ICJ ထုတ်ပေးဖို့ တောင်းဆိုမလား ဂမ်ဘီယာရှေ့နေအဖွဲ့ သုံးသပ်နေ

ရခိုင်ထဲ လက်ရှိ ပေါ်ပေါက်နေတဲ့ အခြေအနေတွေကို ဂရုတစိုက် စောင့်ကြည့်နေတယ် ဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာကို ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှုနဲ့ တရားစွဲထားတဲ့ ဂမ်ဘီယာ နိုင်ငံရဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

ICJ အမှုကိစ္စမှာ နောက်ဆုံး တိုးတက် ဖြစ်ပေါ်မှုတွေက ဘာလဲ။ ရိုဟင်ဂျာတွေ နေထိုင်ရာနေရာတွေမှာ တိုက်ပွဲတွေ ရပ်ဖို့ အမိန့် ICJ က ထုတ်ပြန်ပေးဖို့ တောင်းဆိုသွားမှာလား ... စတာတွေကို ဂမ်ဘီယာရဲ့ ရှေ့နေအဖွဲ့ကို ဦးဆောင်သူ အမေရိကန်ရှေ့နေ အာဆလန် ဆူလေမန်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး မေးမြန်းထားပါတယ်။

ဂမ်ဘီယာ ရှေ့နေအဖွဲ့ကို ဦးဆောင်သူ အာဆူလန် ဆူလေမန်နဲ့ သီးသန့်မေးမြန်းခန်း အပြည့်အစုံကို မနက်ဖြန် စနေညမှာ ဘီဘီစီမြန်မာပိုင်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာနဲ့ ယူကျုချန်နယ်တို့ကနေ ထုတ်လွှင့် ပေးသွားမှာမို့ စောင့်မျှော် ကြည့်ရှု နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #ရိုဟင်ဂျာ #ဂမ်ဘီယာ #ဂျီနိုဆိုက်အမှု

02/06/2024

ရခိုင်တိုင်းရင်းသားဘာသာ အစီအစဉ်
~~~
သတင်း
■ စစ်တွေနဲ့ မောင်တောမှာ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးသူ တချို့ သေဆုံး

ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်တွေမှာ မေလကုန်က ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပြီး လက်လွန်သေဆုံးမှုတချို့ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မောင်တောမြို့ ဝိမလရွာကို မေလ ၂၇ ရက်က စစ်ကောင်စီ ဝင်ရောက်လာပြီး ဟိန္ဒူဘာသာဝင် ၇၀ ခန့်ကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မေလ ၂၉ ရက်နေ့ကလည်း စစ်တွေအနီး ဗျိုင်းဖြူရွာကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် လာပြီး အမျိုးသမီးနဲ့ ကလေးတွေကို ရွာဇရပ်မှာစုထားပြီး အမျိုးသားတွေထဲက တချို့ကို မျက်နှာဖုံးစွပ် ဖမ်းဆီးသွားတယ်လို့ မျက်မြင်တစ်ဦးက ပြောပါတယ်။

ဗျိုင်းဖြူရွာဖြစ်စဥ်အတွင်း ရွာအဝင်အထွက်ကို ပိတ်ထားပြီး အမျိုးသားတချို့ကို ရိုက်နှက်စစ်ဆေးမှုကြောင့် လက်လွန်သေဆုံးသူ နှစ်ဦးရှိတယ်လို့ ဆိုပေမဲ့ RFA ရခိုင်အစီအစဥ်က သီးခြား အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဟာ စစ်တွေမြို့တွင်းမှာလည်း မေလ ၂၇ ရက်နေ့မှာ ပေါက်တောမြို့နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူ တချို့ကို ဖမ်းဆီးသွားတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
___________

■ ရခိုင်က ကျောင်းသားလူငယ်တွေ ပညာသင်ကြားခွင့်ဆုံးရှုံးမှာ မိဘတွေ စိုးရိမ်

စစ်ရှိန်မြင့်တက်လာတဲ့ ရခိုင်ပြည်နယ်အတွင်းက ကျောင်းသားလူငယ်တွေအတွက် ပညာသင်ခွင့် ဆုံးရှုံးမှာကို ကျောင်းသားမိဘတွေ စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီ ထိန်းချုပ်ဆဲမြို့နယ်တွေမှာ မေလ ၂၃ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံနေပြီလို့ ပညာရေးအသိုင်းအဝိုင်းက ပြောပါတယ်။

ဒါပေမဲ့ AA က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာတော့ မေလကုန်ထိ ကျောင်းအပ်လက်ခံရေးတွေ လည်ပတ်တာ မတွေ့ရသေးပါဘူး။

စစ်တွေ၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူ၊ ဂွနဲ့ မန်အောင်မြို့နယ်တွေမှာ ကျောင်းအပ်လက်ခံရေးတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ကျောင်းဖွင့်ဖို့ မလုပ်နိုင်သေးတဲ့ မြို့နယ်တွေထဲမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောတို့ ပါဝင်နေတာပါ။

ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ သား၊ သမီးတွေ ပညာသင်ခွင့် မဆုံးရှုံးစေရေး ရန်ကုန်အပါအဝင် ပြည်မဖက်ကို စေလွှတ်ပြီး သင်ကြားစေတာ၊ မိသားစုအလိုက် ပြောင်းရွှေ့တာတွေ တွေ့ရပါတယ်။

ဒါပေမဲ့ အများစုကတော့ လွတ်မြောက်နယ်မြေမှာ ခိုလှုံနေကြပြီး ကျောင်းဖွင့်ရာသီကျော်လွန်လာပေမဲ့ ပညာရေးကဏ္ဍမလည်ပတ်နိုင်သေးတာကြောင့် အခုလို စိုးရိမ်မှုတွေရှိလာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်က ကျောင်းသားလူငယ်တွေဟာ ကိုဗစ်ကာလမှာလည်း ပညာသင်ခွင့် ဆုံးရှုံးခဲ့ကြသလို စာစစ်ရာသီတွေမှာလည်း စစ်ရေးပြင်းထန်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ကျောင်းသားတွေ စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးမှုတွေ ဖြစ်လာတာပါ။

ကျောင်းဆရာတချို့ကတော့ ပညာသင်ချိန်မှာ အခုလို အခက်အခဲတွေ ကြုံကြရတာကြောင့် အရွယ်လွန်ပြီး ကျောင်းပြင်ပရောက်သူအရေအတွက် တိုးလာတယ်လို့ ထောက်ပြကြပါတယ်။
____________

ဆောင်းပါး
■ ရခိုင်မှာ စစ်ပွဲကြောင့် တစ်လကို အရပ်သားအနည်းဆုံး ၄၄ ဦးထက်မနည်း သေဆုံးနေ

အာရက္ခတပ်တော် (AA) က မြို့သိမ်းတိုက်ပွဲတွေ ဆက်တိုက်ဆင်နွှဲနေတဲ့ ရခိုင်ဒေသအတွင်း တစ်လကို အနည်းဆုံး အရပ်သား ၄၄ ဦးထက်မနည်း အသက်ပေးနေရတယ်လို့ ရခိုင်အရေးစောင့်ကြည့်သူတွေက ထောက်ပြနေကြပါတယ်။

AA ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ရဲ့ မေလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး အခုလို ပြောဆိုလာကြတာ ဖြစ်ပါတယ်။

HDCO ရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်တဲ့ ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်ကနေ ၂၀၂၄ မေလ ၁၃ ရက်အထိ သေဆုံးသူ ၂၆၈ ဦးရှိကြောင်း ဖော်ပြထားတာပါ။

စာရင်းတွေအရ ၂၀၂၃ နှစ်ကုန်ပိုင်း နိုဝင်ဘာလမှာ ၂၈ ဦးနဲ့ ဒီဇင်ဘာလမှာ ၂၇ ဦးရှိရာကနေ ၂၀၂၄ ဇန်နဝါရီ လအရောက်မှာတော့ ၇၄ ဦးအထိ အရပ်သားသေဆုံးမှုမြင့်တက်လာပြီး ဖေဖော်ဝါရီလမှာ ၄၀၊ မတ်လမှာ ၅၅ ဦး၊ ဧပြီလမှာ ၂၉ ဦးနဲ့ မေလပထမ နှစ်ပတ်တာအတွင်းမှာ ၁၅ ဦးတို့ ရှိနေခဲ့တာပါ။

သေဆုံးသူတွေထဲမှာ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး ၁၈၂ ဦးနဲ့ အများဆုံး ပါဝင်ပြီး ဒုတိယအများဆုံးကတော့ ၇၈ ဦးထိသေဆုံးခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေဖြစ်နေတာ တွေ့ရပါတယ်။

ဒါ့အပြင် ခရစ်ယာန်ဘာသာကိုးကွယ်ကြတဲ့ မြိုလူမျိုး သုံးဦး၊ ခူးမီးလူမျိုး နှစ်ဦးတို့နဲ့ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုး နှစ်ဦး၊ မရာမာကြီးလူမျိုး တစ်ဦးတို့လည်းသေဆုံးခဲ့ကြောင်း ဖော်ပြပါရှိပါတယ်။

ရခိုင်အမတ်ဟောင်းတစ်ဦးကတော့ အရပ်သားအကာအကွယ်ပေးရေး နိုင်ငံတကာဥပဒေတွေကို လက်နက်ကိုင်တွေက ပြောင်ပြောင်တင်းတင်းချိုးဖောက်နေကြတဲ့အတွက် တိုက်ပွဲကူးစက်လာနိုင်တဲ့ မြို့နယ်တွေက ပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်ထားနိုင်မှုက အရပ်သားတွေအနေနဲ့ မိမိအသက်ဘေးကို ထိခိုက်မှုလျှော့ချရေး အဓိကနည်းလမ်းဖြစ်နေတယ်လို့ ပြောပါတယ်။

AA ကတော့ အဆိုပါအရပ်သားသေဆုံးမှုတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတို့ကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကိုတော့ RFA ရခိုင်အစီအစဥ်က သတင်းတင်ပြချိန်ထိ မရခဲ့ပါဘူး။

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း~~~■ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ...
02/06/2024

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ် တိုက်တွန်း
~~~
■ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာ တစ်သန်းကျော်ကို မြန်မာပြည်ပြန်ပို့နိုင်ရေးအတွက် ဝိုင်းဝန်းညှိနှိုင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုကို သုံးရက်ကြာရောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဟာ နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Dennis Francis ၊ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Julie Bishop၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi အပြင် ကုလသမဂ္ဂဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့အစည်း ခြောက်ခုက အကြီးအကဲတွေနဲ့ မေလ ၃၁ ရက်နေ့က သီးခြားစီ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အဲဒီတွေ့ဆုံပွဲတွေမှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ ဆွေးနွေးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးအစီအစဉ် နှောင့်နှေးနေတာကြောင့် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဟာ လူကုန်ကူးမှု၊ မူးယစ်မှောင်ခိုမှု၊ ဒုစရိုက်မှု၊ အကြမ်းဖက်မှုတွေနဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားရာ နေရာဖြစ်လာတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံ ဥက္ကဋ္ဌ Dennis Francis နဲ့ တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ပ် နဲ့ တွေ့ဆုံချိန်မှာတော့ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ အသစ်အဆန်းမဟုတ်သလို ဒါကို ရိုဟင်ဂျာတွေနေရပ်ပြန်ရေး အစီအစဉ်နှောင့်နှေးစေတဲ့ အကြောင်းပြချက်တစ်ခုအဖြစ် သုံးဖို့ အခွင့်အရေးမပေးသင့်ဘူးလို့ ပြောခဲ့ပါတယ်။

မြန်မာပြည်တွင်း ပဋိပက္ခအဖွဲ့တွေရဲ့ ပစ်ခတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာလည်း ထိခိုက်သေဆုံးတာတွေ ကြုံနေရပြီး၊ ဒီအခြေအနေတွေ ထပ်မဖြစ်ပွားအောင် တားဆီးဖို့ လိုအပ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mahmud က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

ကာလရှည်ကြာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ပြေလည်အောင် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းဖြေရှင်းဖို့ တိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကလည်း မြန်မာပြည်ကလာတဲ့ ရိုဟင်ဂျာတွေကို ထပ်ပြီး လက်ခံမှာမဟုတ်ဘူးလို့ မေလ ၃၁ ရက်နေ့က ဒေသတွင်း သတင်းဌာနတွေကို ပြောလိုက်ပါတယ်။ ကော့ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်စစ်ဆေးချိန်မှာ သတင်းထောက်တွေကို ပြောလိုက်တာလို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေက ဖော်ပြကြပါတယ်။
_________
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud (ဝဲ)နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ် (ယာ) တို့ ၂၀၂၄ ခုနှစ် မေလ ၃၁ ရက်နေ့က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် တွေ့ဆုံစဉ်။ (Photo: UNB)

Thanks to the heroic 💪efforts of     firefighters and community members, the blaze in camp 13 was brought under control🧑...
24/05/2024

Thanks to the heroic 💪efforts of firefighters and community members, the blaze in camp 13 was brought under control🧑‍🚒

Let's take a moment to applaud their bravery and commitment! 👏

Response ISCG Cox's Bazar

📸©: Sahat Zia Hero and Mohammed Salim Khan

30/04/2024

According to the situation on the ground for the Rohingya, both the Myanmar military & the Arakan Army (AA) are not complying with the provisional measures ordered by the Int'l Court of Justice (ICJ). They both violate International Humanitarian Law (IHL).

30/04/2024

The curfew hours, announced by the Arakan Army (AA), from 7 pm to 6 am, constitute arbitrary detention. If they aim to protect the Rohingya, they should refrain from using Rohingya villages as battlefields.

If anyone contact by what's app in this number. 01824-751316
01/04/2024

If anyone contact by what's app in this number. 01824-751316

Rohingya Solidarity Organisation( )  Interview with   TV News
31/03/2024

Rohingya Solidarity Organisation( ) Interview with TV News

বিদ্রোহীদের লাগাতার আক্রমণে টালমাটাল মিয়ানমার, কোনঠাসা জান্তা-বাহিনী। এসব বিদ্রোহীর অবস্থান, কৌশলই বা কী? তাদের ...

Saudi Arabia has just opened its first alcohol shop in over 70 years. It’s just for diplomats, but it’s a significant mo...
21/03/2024

Saudi Arabia has just opened its first alcohol shop in over 70 years. It’s just for diplomats, but it’s a significant move in a country that has banned alcohol since 1952. 🎧 https://bbc.in/3vlb2bS

18/03/2024

မင်းပြားမှာ ရွာထဲ လေကြောင်းဗုံးကြဲခံရမှုကြောင့် ရိုဟင်ဂျာ ၂၃ ဦးသေ၊ ၃၃ ဦးဒဏ်ရာရ
~~~
■ ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သာဒါ ရိုဟင်ဂျာရွာထဲကို မတ်လ ၁၈ ရက် ဒီနေ့ မနက်တစ်နာရီခွဲလောက်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် ရိုဟင်ဂျာ ၂၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်လို့ ရွာသားတွေက RFA ကိုပြောပါတယ်။

ရွာသားတွေအိပ်နေချိန် ရွာအလယ်တည့်တည့်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးတစ်လုံးကြဲချသွားတာကြောင့် အခုလို အစုလိုက် အပြုံလိုက်သေဆုံး၊ ဒဏ်ရာရကြတာလို့ သာဒါရွာက အမည်မဖော်လိုတဲ့ ရိုဟင်ဂျာတစ်ဦးက RFA ကို ပြောပါတယ်။

“ညတစ်နာရီခွဲ အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတာပါ။ ပွဲချင်းပြီးသေသွားတာက ၂၃ ယောက်ပါ။ သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေထဲမှာ စစ်ဘေးရှောင်တွေလည်းပါပါတယ်။ စစ်ဘေးရှောင်သေတာက ၁၂ ယောက်ပါ။ မိသားစု တစ်စုမှာ ခုနစ်ယောက် ပါသွားတယ်။ ကျန်တာက ဟိုအိမ်ကတစ်ယောက်၊ ဒီအိမ်က နှစ်ယောက် အဲဒီလိုဖြစ်ပါတယ်။ အခု တစ်ရွာလုံးက ထိုင်ပြီးငိုနေကြပါတယ်။ ထမင်းမစား၊ ဟင်းမစားနဲ့ ဒီလို ဖြစ်နေကြပါတယ်”

သာဒါရွာဟာ မင်းပြားမြို့ရဲ့မြောက်ဘက် သုံးမိုင်အကွာမှာ တည်ရှိတာဖြစ်ပြီး အိမ်ခြေသုံးရာကျော်နဲ့ လူဦးရေ နှစ်ထောင်ကျော်ရှိပါတယ်။ အဲဒီရွာမှာ မင်းပြားမြို့ ဆင်ကြီးပြင်ရွာကနေ စစ်ဘေးရှောင်နေကြတဲ့ ရိုဟင်ဂျာတွေလည်းရှိပြီး အဲဒီအထဲက ၁၂ ဦး သေဆုံးသွားခဲ့သလို နေအိမ်ဆယ်လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ပြောပါတယ်။

သာဒါရွာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့တဲ့ မင်းပြားမြို့ခံကို ခိုင်မိုးကလည်း ရွာထဲမှာ စုပြုံထားတဲ့ ရုပ်အလောင်းတွေ၊ ခြေပြတ်၊ လက်ပြတ်ဒဏ်ရာရသူတွေနဲ့ ငိုကြွေးနေတဲ့မိသားစုဝင်တွေကို တွေ့ခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော် အဲဒီရွာကိုသွားတဲ့အချိန်မှာ မြင်ကွင်းကတော့ ဝမ်းနည်းစရာပဲ။ သူတို့အကုန်ငိုနေကြတယ်။ လူတွေက ခြေတွေ၊ လက်တွေပြတ်လို့။ အလောင်းတွေကလည်း ခြေပြတ်၊ လက်ပြတ်၊ လည်ပြတ်နဲ့။ အလောင်းတွေကို တာပေါ်လင်တွေနဲ့ အုပ်ထားတယ်။ တချို့တွေကလည်း သူတို့ကို သင်္ဂြိုဟ်ဖို့အတွက် တွင်းတူးနေကြတယ်။ တချို့တွေက ထိုင်လို့ငိုနေကြတယ်။ သူတို့ကိုကြည့်ပြီး ကျွန်တော်လည်း အတော်သနားမိတယ်”

သေဆုံးသူတွေထဲမှာ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေပိုများပြီး နာမည်နဲ့ အသေးစိတ်အချက်အလက်တွေ ကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေရှိပြီး ဆေးကုသမှုခံယူနေကြတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ် ရှိနေသေးတာကြောင့် ဆေးကုသနေတဲ့နေရာကိုတော့ ဒေသခံတွေ ထုတ်ဖော်မပြောလိုကြပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်း ရိုဟင်ဂျာတွေကို ပစ်မှတ်ထား ပစ်ခတ်သတ်ဖြတ်တာ၊ ဖမ်းဆီးတာ၊ စစ်သား စုဆောင်းတာတွေ ပိုလုပ်နေပြီး ဒါဟာ မပြီးဆုံးသေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်ကျူးလွန်နေတာပဲ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုနေဆန်းလွင်က ပြောပါတယ်။

“စစ်ကောင်စီက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်သတ်ဖြတ်တာတွေက တစ်ရက်ထက်တစ်ရက် ပိုပြီး များလာတယ်။ ဒါဟာ စစ်ကောင်စီတပ်က မပြီးဆုံးသေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို ဆက်လက်ကျူးလွန်နေ တာဖြစ်ပြီးတော့ စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုတွေ နေ့စဉ်နဲ့အမျှ ပိုပြီးတော့ ကျူးလွန်လာတာကို တွေ့ရ တယ်။ တစ်ဖက်မှာလည်း AA နဲ့ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ အတင်းအဓမ္မစုဆောင်းမှုတွေ လုပ်နေတာကိုလည်း တွေ့ရတယ်။ ဒါကတော့ သူတို့ရဲ့ မပြီးဆုံးသေးတဲ့ လူမျိုးတုံးသတ်ဖြတ်မှု စီမံကိန်းကြီး တစ်ခုကို အကောင်အထည်ဖော်နေသလို မြင်ရတယ်”

ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း စစ်တွေမြို့ ကသည်းရပ်ကွက်နဲ့ အောင်မင်္ဂလာရပ်ကွက်မှာ စစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ရိုဟင်ဂျာ ခုနစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရသွားခဲ့တယ်လို့လည်းဆိုပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီက သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ အခုရက်ပိုင်း သူတို့လက်လွှတ်လိုက်ရတဲ့ မင်းပြား၊ မြောက်ဦး၊ ပေါက်တောနဲ့ ပုဏ္ဏား ကျွန်းစတဲ့ မြို့နယ်တွေက နေ့စဉ် လက်နက်ကြီးတွေနဲ့ပစ်လှမ်းပြီးပစ်ခတ်တာ၊ လေကြောင်းတွေနဲ့ ဗုံးကြဲတာတွေ လုပ်ဆောင်ပြီး အရပ်သား သေဆုံး၊ ဒဏ်ရာရတာတွေ နေ့စဉ်လိုလိုရှိနေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

RFA ကပြုစုထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲ စတင်တဲ့ ၂၀၂၃ခုနှစ် နိုဝင်ဘာ ၁၃ရက်နေ့ကနေ မတ်လ ၁၈ရက်ဒီကနေ့အထိ အချိန်လေးလကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ လေကြောင်းပစ်ခတ်မှုတွေ၊ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံးတဲ့အရပ်သား နှစ်ရာကျော်နဲ့ ဒဏ်ရာသူ ငါးရာနီးပါးအထိရှိသွားပြီဖြစ်ပါတယ်။
_________

Only those who will live in the 15 villages that will be allocated by the Coup Council will be readmittedBNA (News)Maung...
09/05/2023

Only those who will live in the 15 villages that will be allocated by the Coup Council will be readmitted

BNA (News)
Maungdaw, May 9.

Those who will return from Bangladesh will have to live in the 15 villages that will be allocated by the coup council, and only those who will be living in those villages will be accepted, senior coup council officials said.

"The union policy has already been drafted. In the south of Maungdaw, it cannot be resettled at all. Only those who can live in the 15 villages that will be resettled in the north will be readmitted," a coup council official from Rakhine told BNA.

In Maungdaw area, the coup council is preparing to readmit those who fled to Bangladesh due to the Myanmar army's land clearance operation in 2017.

The returnees will only be resettled in 15 villages in the north of Maungdaw, and only those who will live in those villages will be resettled. The coup council has drawn up a policy that will be accepted.

"Those who will return are demanding that they must be granted citizenship to return and they must be given back their original places and farmlands, but we cannot do anything at the lower level," a coup council official from Rakhine told BNA.

More than 400 villages were burned down in Maungdaw area, but only 15 villages in the northern part of Maungdaw have been instructed by the Union level of the coup council to resettle.

The coup council's confidential instructions received by BNA stated that those 15 villages are Hla Po Khaung, Thae Chaung, Kyauk Lai Kar, Thet Kay Pyin, Dar Gyi Sar, Sabae Kone, Doe Tan, Binka Gong Na, Krine Chaung Taung, Kyauk Pyin Seik (East), Kyauk Pyin Seik (West), Kyauk Pyin Seik (South), Pwint Pru Chaung, Kyun Pauk Pyin Su and Mi Chaung.

"Those who come back can live in the villages of their choice in these 15 villages. They will be allowed to build their homes as they wish. The government will pay the cost. When the homes are not completed, they will have to live in the Hla Po Khaung temporary camp. The farmland will also be distributed according to households," a coup council official told BNA.

The Myanmar government announced that from August 25th to September 15th, 2017, 145 villages from Maungdaw Township, 12 villages from Buthidaung Township, 19 villages from Rathetaung Township, a total of 176 villages fled completely, and only half of 34 villages from Buthidaung Township fled.

(Photo: Muslims from Maungdaw Township being forcibly evicted by coup council troops/BNA)

စစ်ကောင်စီနေရာချထားပေးမယ့်ကျေး ရွာ ၁၅ ရွာမှာနေထိုင်မယ့်သူတွေကိုသာပြန်လည်လက်ခံမယ်BNA (သတင်း)မောင်တော၊မေ ၉။ဘင်္ဂလာဒေ့ရှ်နိ...
09/05/2023

စစ်ကောင်စီနေရာချထားပေးမယ့်ကျေး ရွာ ၁၅ ရွာမှာနေထိုင်မယ့်သူတွေကိုသာပြန်လည်လက်ခံမယ်

BNA (သတင်း)
မောင်တော၊မေ ၉။

ဘင်္ဂလာဒေ့ရှ်နိုင်ငံကပြန်လာမယ့်သူတွေဟာ စစ်ကောင်စီနေရာချထားပေးမယ့်ကျေးရွာ ၁၅ ရွာမှာသာနေထိုင်ကြရမှာဖြစ်ပြီးအဲဒီကျေးရွာတွေမှာနေထိုင်မယ့်သူတွေကိုသာလက်ခံမယ်လို့ စစ်ကောင် စီအရာရှိကြီးတွေက အတည်ပြုပြောပါတယ်။

''ပြည်ထောင်စုကမူဝါဒရေးဆွဲပြီးသား။မောင်တောတောင်ပိုင်းမှာတစ်ရွာမှပြန်ချပေးလို့မရဘူး။မြောက်ပိုင်းမှာပြန်လ ည်နေရာချထားပေးမယ့် ကျေရွာ ၁၅ ရွာမှာနေနိုင်တဲ့သူတွေကိုသာပြန်လည်လက်ခံသွားမှာဖြစ်တယ်။"လို့ ရခိုင်မှစစ်ကောင်စီအရာရှိကြီးတစ်ဦးက BNAသို့ပြောပါတယ်။

မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က မြ န်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးသွားသူတွေကို စစ်ကောင်စီကပြန်လည်လက်ခံရေးပြုလုပ်ဖို့ပြင် ဆင်နေပါတယ်။

အဲဒီပြန်လာသူတွေကို မောင်တောမြောက်ပိုင်းရှိ ကျေးရွာ ၁၅ ရွာမှာသာနေရာချထားပေးမှာဖြစ်သလို အဲဒီကျေးရွာတွေမှာနေမယ့်သူတွေကိုသာ ပြန်လည်
လက်ခံရေးဆောင်ရွက်မယ့်လို့ စစ်ကောင်စီမှ မူဝါဒရေးဆွဲထားတာဖြစ်ပါတယ်။

"သူတို့ပြန်လာဖို့ နိုင်ငံသားဖြစ်ခွင့်ပေးရမယ်။သူတို့မူလနေရာတွေနဲ့လယ်မြေတွေပြန်ပေးရမယ်''စတာတွေတောင်းဆိုနေပေမယ့် ကျွန်တော်တို့အောက်ခြေအဆင့်ကဘာမှလုပ်ဆောင်ပေးလို့မရဘူး။''လို့ ရခိုင်မှစစ်ကောင်စီအရာရှိကြီးတစ်ဦးက BNA သို့ပြောပါတယ်။

မောင်တောဒေသမှာ ကျေးရွာ ၄၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ကြရပေမယ့် မောင်တောမြောက်ပိုင်းရှိကျေးရွာ ၁၅ ရွာသာ ပြန်လည်နေရာချထားဖို့ စစ်ကောင်စီရဲ့ပြည်ထောင်စုအဆင့်မှအမိန်းထုတ်ညွှန်ကြာထားတာဖြစ်ပါတယ်။

အဲဒီလှဖိုးခေါင်၊သဲချောင်း၊ကျောက်လှေကား၊သက္ကယ်ပြင်၊ဒါးကြီးစား၊စံပယ်ကုံး၊ဒိုးတန်း၊ဘင်္ကာဂုံးနား၊ကြိမ်ချောင်းတောင်၊ကျောက်ပြင်ဆိပ်အရှေ့၊ကျောက်ပြင်ဆိပ်အနောက်၊ကျောက်ပြင်ဆိပ်တောင်၊ပွင့်ဖြူချောင်း၊ကျွန်းပေါက်ပြင်စုနဲ့မြို့မိချောင်းတို့ဖြစ်တယ်လို့ BNA ကလက်ခံရရှိထားတဲ့ စစ်ကောင်စီရဲ့လျှို့ဝှက်ညွန်ကြားစာမှာဖော်ပြထားပါတယ်။

"ပြန်ဝင်လာတဲ့သူတွေကို ဒီကျေးရွာ ၁၅ ရွာမှာကြိုက်တဲ့ရွာမှာနေလို့ရတယ်။သူတို့နေအိမ်တွေကိုသူတို့စိတ်တိုင်းကျဆောက်ခိုင်းမှာ။ကုန်ကျငွေကိုအစိုးရကထုတ်ပေးမှာ။နေအိမ်မပြီးသေးတဲ့အချိန်မှာ လှဖိုးခေါင်ယာယိမ်စခန်းမှာနေထိုင်ရမယ်။လယ်မြေတွေကိုလည်း အိမ်ထောင်စုအလိုက် ခွဲဝေပေးသွားမှာပါ။"လို့ စစ်ကောင်စီလူကြီးတစ်ဦးက BNA သို့ပြောပါတယ်။

မြန်မာအစိုးရကတော့၂၀၁၇ ခုနှစ်၊သြဂုတ်လ ၂၅ ရက်နေ့မှစက်တင်ဘာလ ၁၅ ရက်နေ့အထိ မောင်တောမြို့နယ်မှ ၁၄၅ ရွာ|ဘူးသီးတောင်မြို့နယ်မှ ၁၂ ရွာ|ရသေ့တောင်မြို့နယ်မှ ၁၉ ရွာ|စုစု ပေါင်း ၁၇၆ ရွာမှာ ရွာလုံးကျွတ်ထွက် ပြေးခဲ့ကာ ဘူးသီးတောင်မြို့မှ ၃၄ ရွာမှာ တချို့တဝက်သာထွက်ပြေးခဲ့ရတ ယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

(ဓာတ်ပုံ-မောင်တောမြို့နယ်မှမွတ်ဆ လင်တွေကို စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေအတင်းအ ဓမ္မနှင်ထုတ်နေစဥ်/BNA)

𝐀𝐬𝐬𝐚𝐥𝐚𝐦𝐮𝐚𝐥𝐢𝐤𝐮𝐦 ☪𝐇𝐚𝐩𝐩𝐲 𝐄𝐢𝐝 𝐔𝐥-𝐅𝐢𝐭𝐫 𝐌𝐮𝐛𝐚𝐫𝐚𝐤 𝐭𝐨 𝐲𝐨𝐮 𝐚𝐧𝐝 𝐲𝐨𝐮𝐫 𝐟𝐚𝐦𝐢𝐥𝐲! 🕌🌙My best wishes and prayers go out to all .
22/04/2023

𝐀𝐬𝐬𝐚𝐥𝐚𝐦𝐮𝐚𝐥𝐢𝐤𝐮𝐦 ☪

𝐇𝐚𝐩𝐩𝐲 𝐄𝐢𝐝 𝐔𝐥-𝐅𝐢𝐭𝐫 𝐌𝐮𝐛𝐚𝐫𝐚𝐤 𝐭𝐨 𝐲𝐨𝐮 𝐚𝐧𝐝 𝐲𝐨𝐮𝐫 𝐟𝐚𝐦𝐢𝐥𝐲! 🕌🌙

My best wishes and prayers go out to all .

Address

Jeddah
UMMORFAROKE

Alerts

Be the first to know and let us send you an email when Rohingya News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Rohingya News:

Videos

Share