Zaw Story

Zaw Story the story of me and my life! the page tries to provide the hidden information of ordinary people of Burma from various places!

November လရဲ့ နောက်ဆုံး ကြာသပတေးက အမေရိကန်ပြည်ထောင်စုရဲ့ ကျေးဇူးတော်နေ့ Thanksgiving နေ့အဖြစ် သတ်မှတ်ထားပြီး မိသားစုတွေ့...
29/11/2024

November လရဲ့ နောက်ဆုံး ကြာသပတေးက အမေရိကန်ပြည်ထောင်စုရဲ့ ကျေးဇူးတော်နေ့ Thanksgiving နေ့အဖြစ် သတ်မှတ်ထားပြီး မိသားစုတွေ့ဆုံကြတဲ့ အချိန်အခါပေါ့။ မိသားစုမရှိတဲ့သူတွေလည်း သူငယ်ချင်းတွေ အသိအိမ်တွေ သွားပြီး ရိုးရာ ကြက်ဆင်သား စားကြတယ်။ ကိုယ်တွေကတော့ ကြက်ဆင်သား အဲ့လောက် မကြိုက်တော့ ကိုယ်နဲ့အဆင်ပြေတာပဲလုပ်စားကြတယ်။ နောက်နေ့ သောကြာနေ့ကတော့ တနှစ်ပတ်လုံးမှာ စျေးအချဆုံးနေ့ဖြစ်တဲ့ Black Friday ပါပဲ။ ကိုယ်လိုတာတွေကတော့ စျေးချတဲ့အထဲမှာ မပါဘူး။ အဲ့အချိန်မှာ တီဗီတို့ ဘာတို့ လိုချင်တဲ့သူတွေက ညအိပ်တောင် တန်းစီပြီး စောင့်ကြသတဲ့။ တချို့တွေကလည်း ပစ္စည်းဝယ်ဖို့ထက် သူငယ်ချင်းတွေနဲ့ အပျော်စုပေါင်းပြီး စျေးဝယ်ဖို့ စောင့်ကြတာ---

ကင်မရာတွေဝယ်၊ လူသူမရောက်တဲ့ နေရာတွေကို မအိပ်မနေသွားပြီး ဓာတ်ပုံတွေ လိုက်ရိုက်တယ်။ ဓာတ်ပုံနဲ့ ပတ်သက်ရင် ကိုယ်က ပေးရသူပဲဖြ...
16/11/2024

ကင်မရာတွေဝယ်၊ လူသူမရောက်တဲ့ နေရာတွေကို မအိပ်မနေသွားပြီး ဓာတ်ပုံတွေ လိုက်ရိုက်တယ်။ ဓာတ်ပုံနဲ့ ပတ်သက်ရင် ကိုယ်က ပေးရသူပဲဖြစ်ပြီး ပြန်ရတာတော့ မရှိဘူး။ ပုံကောင်းတွေ ရရင် ရတတ်ပေမယ့် သဘောအကျဆုံးပုံတွေကတော့ ကိုယ်နဲ့ပတ်သက်တဲ့ လူတွေပါတဲ့ ပုံပဲ။ ငယ်ငယ်က ဓာတ်ပုံတွေ မရှိခဲ့တော့ ပြန်ကြည့်စရာမရှိဘူး။ ဒါပေမယ့် မိသားစု ဆွေမျိုးတွေပုံတွေ ရလာတဲ့အခါ သူတို့နဲ့ ရှိခဲ့တဲ့ အချိန် နေရာတွေကို ပြန်သတိရစေတယ်။ ဘာမှပြန်မရလည်း ပြန်ကြည့်တိုင်း ပျော်တယ်---

ကမ္ဘာကြီး  လုံးသည်ဖြစ်စေ၊ကမ္ဘာကြီး  ပြားသည်ဖြစ်စေ၊တရားမျှတသော ကမ္ဘာကြီးဖြစ်ပါစေ...                                      ...
10/11/2024

ကမ္ဘာကြီး လုံးသည်ဖြစ်စေ၊
ကမ္ဘာကြီး ပြားသည်ဖြစ်စေ၊
တရားမျှတသော ကမ္ဘာကြီးဖြစ်ပါစေ...
#အောင်ချိမ့်
Zaw Win Htun

တောင်တန်းတွေက လှတယ်ရေအိုင်ပါရင် ပိုလှတယ်ဆောင်းဦးမှာ အရောင်ပြောင်းရင်တော့ အလှဆုံးပါပဲ
26/10/2024

တောင်တန်းတွေက လှတယ်
ရေအိုင်ပါရင် ပိုလှတယ်
ဆောင်းဦးမှာ အရောင်ပြောင်းရင်တော့
အလှဆုံးပါပဲ

20/10/2024

မြန်မာပြည်က သူပုန် ကယ်လီဖိုးနီးယား အရှေ့ပိုင်း တောင်တန်းတွေပေါ် ရောက်နေ----



Royalty Free Music from Tunetank.com
Track: Adventures by EdRecords
https://tunetank.com/track/2270-adventures/

Fall (Autumn) ရောက်ပြီဆို သစ်ရွက်တွေ အစိမ်းကနေ အဝါ၊ လိမ္မော်၊ အနီ၊ အညို အမျိုးမျိုးပြောင်းပြီး နောက်ဆုံးမှာ ကြွေသွားကြတယ...
19/10/2024

Fall (Autumn) ရောက်ပြီဆို သစ်ရွက်တွေ အစိမ်းကနေ အဝါ၊ လိမ္မော်၊ အနီ၊ အညို အမျိုးမျိုးပြောင်းပြီး နောက်ဆုံးမှာ ကြွေသွားကြတယ်။ ဆောင်းတွင်းကာလကို ရိုးတံနဲ့ပဲ ကြံ့ကြံ့ခံကြရတယ်။ အရောင်တွေ ပြောင်းချိန်ကဆောင်းဦးရာသီရဲ့ အလှဆုံးပါပဲ။ အဲ့ဒီလို အရောင်ပြောင်းဖို့အတွက် ရာသီလေးပါး ဖြစ်တဲ့ နွေ၊ နွေဦး၊ ဆောင်း၊ ဆောင်းဦးဆိုပြီး ရှိရပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ကတော့ ရာသီလေးပါး မပြည့်စုံတော့ အရောင်တွေပြောင်းချိန်ဆို တခြားပြည်နယ်က အလှတရားတွေကိုသာ ငေးကြရတယ်။ ဒါပေမယ့် ကယ်လီဖိုးနီးယား တောင်တန်းဒေသတွေမှာတော့ အရောင်တွေ ပြောင်းကြတယ်။ အဲ့ဒီအရောင်တွေကို သွားကြည့်ရင်း အမှတ်တမဲ့ ရိုက်ခဲ့တဲ့ ပုံလေးတွေပါပဲ။

The Rebel Coffee with California Fall colorsMauk Kham Wah
09/10/2024

The Rebel Coffee with California Fall colors

Mauk Kham Wah

San Diego မှာ Miramar, North Island ဆိုပြီး လေတပ်စခန်းနှစ်ခု ရှိတယ်။ North Island ဆိုတာကတော့ မြို့ထဲက ခရီးသည်လေဆိပ်နဲ့နီ...
30/09/2024

San Diego မှာ Miramar, North Island ဆိုပြီး လေတပ်စခန်းနှစ်ခု ရှိတယ်။ North Island ဆိုတာကတော့ မြို့ထဲက ခရီးသည်လေဆိပ်နဲ့နီးတယ်။ Top Gun ရုပ်ရှင်လာရိုက်တုန်းက ၂နေရာစလုံးမှာ ရိုက်ပေမယ့် ဘယ်နေရာဆိုတာ သိပ်မသိသာဘူး။ စကားမစပ် အဲ့ဒီကားထဲက နောက်ဆုံးချတဲ့အခန်းတွေက မြောက်ပိုင်းကယ်လီဖိုးနီးယားက နေရာတွေဆိုတာ နည်းနည်းနှံ့စပ်တဲ့သူတွေ မှတ်မိတယ်။

နှစ်တိုင်း စက်တင်ဘာလကုန်မှာ လေယာဉ်ပြပွဲကို Miramar မှာ လုပ်တယ်။ အလှပြလေယာဉ်တွေပဲ ရိုက်လို့မိတယ်။ တကယ်တိုက်လေယာဉ်တွေကတော့ အရောင်ပျောက်နေတာရယ်မြန်တာရယ်နဲ့ ကင်မရာတောင် မချိန်အားဘူး။

ချစ်ရတဲ့ ဒေသတွေ ဘေးကင်းပါစေ။ ပြန်လည်နိုးထနိုင်ပါစေ---
28/09/2024

ချစ်ရတဲ့ ဒေသတွေ ဘေးကင်းပါစေ။ ပြန်လည်နိုးထနိုင်ပါစေ---

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တောင်ဘက်အကျဆုံးမြို့၊ မက္ကဆီကိုနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့ ဆန်ဒီယေဂို
01/09/2024

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တောင်ဘက်အကျဆုံးမြို့၊ မက္ကဆီကိုနဲ့ ထိစပ်နေတဲ့ နယ်စပ်မြို့ ဆန်ဒီယေဂို

San Diego မှာ မနက်ခင်း မြူတွေကျပြီဆို အရမ်းသဘောကျတယ်။ အေးစိမ့်စိမ့်လေးနဲ့ မြန်မာပြည်က တောင်ပေါ်မြို့တွေလိုပဲ။ မြူကျတာ အထ...
26/08/2024

San Diego မှာ မနက်ခင်း မြူတွေကျပြီဆို အရမ်းသဘောကျတယ်။ အေးစိမ့်စိမ့်လေးနဲ့ မြန်မာပြည်က တောင်ပေါ်မြို့တွေလိုပဲ။ မြူကျတာ အထူဆုံးကတော့ မြောက်ပိုင်း ကယ်လီဖိုးနီးယားက San Francisco မြို့ဖြစ်ပြီး မြူတွေက မြစ်ရေစီးသလိုကို တွေ့နေရတာ။ တောင်ပိုင်းမှာတော့ မြူကျပြီဆို ငြိမ်ပြီး ဖြေးဖြေးချင်းကျတာမျိုးပါ။

ပုဂံမှာ မနက်စောစော လေအေးအေးမှာ ဆိုင်ကယ်စီးရတာကို သတိရတယ်။ လမ်းဘေးထမင်းဆိုင်တွေမှာ ထမင်းစားချင်သေးတယ်။
10/08/2024

ပုဂံမှာ မနက်စောစော လေအေးအေးမှာ ဆိုင်ကယ်စီးရတာကို သတိရတယ်။ လမ်းဘေးထမင်းဆိုင်တွေမှာ ထမင်းစားချင်သေးတယ်။

ကိုယ့်အတွက်ကမ္ဘာပေါ်မှာ ရေကူးလို့ အကောင်းဆုံးနေရာကတော့ ရွာက ချောင်းပြီးရင် Lake Tahoe ပါပဲ။ Lake Tahoe ကရေကူးတဲ့ နေရာတွေ...
27/07/2024

ကိုယ့်အတွက်ကမ္ဘာပေါ်မှာ ရေကူးလို့ အကောင်းဆုံးနေရာကတော့ ရွာက ချောင်းပြီးရင် Lake Tahoe ပါပဲ။ Lake Tahoe ကရေကူးတဲ့ နေရာတွေဟာ ရေကြည်လင်နေပြီး တောင်ပေါ်က ရေခဲရည်တွေ စီးဆင်းလာပေမယ့် နွေရာသီမှာ နွေးနွေးလေး ဖြစ်နေတယ်။ Lake Tahoe အကြောင်း စကြားဖူးတာက God Father ရုပ်ရှင်ထဲမှာ သူတို့မိသားစု ပါတီလုပ်ကြတဲ့ အခန်းကနေ စမြင်ဖူးတာ။ ဆောင်းတွင်းမှာ နှင်းလျှောစီးကြတယ်။ နွေကြရင် ကိုယ်ပိုင်သင်္ဘောအသေးစားတွေနဲ့ လိုက်သွားကြ ရေကူးကြတယ်။ နွေရာသီက ရေကူးလို့ အကောင်းဆုံးဖြစ်ပြီး လာလည်သူလည်း အရမ်းများတယ်။

😢🫡
20/07/2024

😢🫡

08/07/2024

အခန်းထဲမှာ စုတ်ပြတ်နေပြီး ဘာမှ သိပ်သုံးမရတဲ့အိုင်ပက်တလုံးရှိတယ်။ စာဖတ်လို့ရတယ်။ ဓာတ်ပုံအဟောင်းတွေ ရှိတယ်။ ကျန်တာတော့ သုံးလို့ အဆင်မပြေတော့ဘူး။ ပစ်လိုက်မယ်ဆိုလည်းရနေပါပြီ။ သိမ်းထားရတာကတော့ သမိုင်းသစ်အခွေ ရှိနေလို့။ တခြားနေရာကိုလည်း မကူးထားမိတော့ သတိရတိုင်း ဒီသီချင်းခွေပဲ နားထောင်တာ။ အရမ်းကြိုက်လို့။ ဘယ်နေရာမှာမှလည်း ရှာမရဘူး။ ၆ဖွဲ့ ၂ပုဒ်စီ ၁၂ ပုဒ်နဲ့ နာဂစ်အတွက် တပုဒ်။ Drive သီချင်းတွေ စကြားဖူးပြီး စကြွေတာပဲ။

Banff သို့မဟုတ် ကနေဒါလူမျိုးတို့ရဲ့ နှလုံးသားထဲက နေရာကနေဒါနိုင်ငံအနောက်ဘက်အခြမ်းမှာ ရှိတဲ့ Banff အမျိုးသားဥယျာဉ်ဟာ ကနေဒါ...
06/07/2024

Banff သို့မဟုတ် ကနေဒါလူမျိုးတို့ရဲ့ နှလုံးသားထဲက နေရာ

ကနေဒါနိုင်ငံအနောက်ဘက်အခြမ်းမှာ ရှိတဲ့ Banff အမျိုးသားဥယျာဉ်ဟာ ကနေဒါလူမျိုးအတွက် တကယ့် အဖိုးမဖြတ်နိုင်တဲ့ နေရာတခုပါ။ ကနေဒါနိုင်ငံဥသျှောင် ဗြိတိန် ဘုရင်မကြီး ရှိတုန်းက ကနေဒါကို လာရင် အဲ့ဒီမှာ သွားနေတယ်တဲ့။ နေရောင်ထိရင် ရဲရဲတောက်နေတဲ့ တောင်ထိပ်တွေ၊ ကြည်လင် စိမ်းလဲ့နေတဲ့ ရေခဲအိုင်တွေဟာ Banff ရဲ့ ပြယုဒ်တွေပါပဲ။ နွေရာသီမှာ သွားလည်ရင်တော့ လူတွေ အရမ်းများပြီး နေစရာ ဟိုတယ်တွေကလည်း စျေးကြီးပါတယ်။ အားလပ်ရက်တွေဖြစ်တဲ့ ဇွန်၊ ဇူလိုင်မှာ သွားမယ်ဆိုရင်တော့ ၆လလောက် ကြိုတင် စုံစမ်းထားရပါတယ်။ လည်စရာတွေ ပေါပြီး တနေရာနဲ့ တနေရာ ဝေးတွေ ၃၊ ၄ ရက်အတွင်း အကုန်မရောက်ဖြစ်ခဲ့ပါဘူး။ အောက်မှာ ပြောထားတဲ့ နေရာတွေကတော့ ရောက်ရင် မဖြစ်မနေသွားလည် သင့်တဲ့ နေရာတွေပါပဲ။

1. Lake Louise
Lake Louise ကတော့ Banff ရဲ့ အဓိကအထင်ကရနေရာတစ်ခုဖြစ်ပြီး ပို့စ်ကဒ်တွေ ကြော်ငြာတွေ၊ ဓာတ်ပုံတွေမှာ အမြဲတွေ့ရတဲ့ နေရာပါပဲ။ ရေပြာပြာအိုင်ကြီးနဲ့ ရေခဲ တောင်တန်းတွေ နောက်ခံအလှက မရိုးနိုင်တဲ့ အလှတရားပါ။ နွေရာသီမှာ ရေကန်ပတ်လမ်းလေးကို လျှောက်သွားနိုင်ပြီး ဆောင်းရာသီမှာတော့ နှင်းလျှောစီးတာတွေ လုပ်လို့ရပါတယ်။

2. Moraine Lake
Moraine Lake ကတော့ ဓာတ်ပုံစရာတွေ မနက်စောစောထဲပြီး နေထွက်ချိန် ဓာတ်ပုံရိုက်ကြတဲ့ နေရာပါပဲ။ နေရောင်က တန်းစီနေတဲ့ တောင်ထိပ်တွေကို ထိတဲ့အခါ အနီရောင် တောက်နေတတ်ပြီး အိုင်ပြာပြာနဲ့ ပနံသင့်ပါတယ်။ လှေငှားပြီး စီးလို့ရသလို ရေခဲရေ ချိုးချင်ရင်လည်း ခုန်ချနိုင်ပါတယ်။

3. Banff Gondola
ဂန်ဒိုလာဆိုတာ ကေဘယ်ရထားလိုမျိုးကို ခေါ်တာပါ။ Sulphur တောင်ထိပ်ကို ကေဘယ်နဲ့တက်ပြီးကြည့်တဲ့အခါ Banff မြို့လေးရဲ့ အလှတရားကို အပေါ်စီးက မြင်နိုင်ပါတယ်။ မြို့ကို ပတ်ပြီး စီးဆင်းနေတဲ့ ဘိုးမြစ်ကို လည်း မြင်နိုင်ပါတယ်။ Gondola စီးပြီး တောင်ထိပ်ရောက်ရင် Banff အနီးအနားက တခြားတောင်တွေကိုလည်း သေသေချာချာမြင်နိုင်ပါတယ်။

4. Johnston Canyon
Johnston Canyon ကတော့ မြစ်ကြောင်းတလျှောက် လူသွားစင်္ကြန်လုပ်ပေးထားတဲ့အပေါ်က သွားရပြီး ရေတံခွန်များတွေနဲ့ အရမ်းလှတဲ့နေရာဖြစ်ပါတယ်။ Lower Falls နဲ့ Upper Falls ဆိုပြီး အပေါ်အောက် ရေတံခွန်းနှစ်ခုကို သေချာမြင်နိုင်ပါတယ်။

5. Banff Upper Hot Springs
Banff မှာ တောင်တက်ပြီးရင် ရေပူစမ်းမှာ ရေစိမ်ဖို့လည်း မမေ့ပါနဲ့။ တချို့ဟိုတယ်တွေက ရေပူစမ်းနဲ့ နီးပြီး ဟိုတယ်ဝန်းထဲမှာတောင် ရေပူစမ်းကန်တွေ လုပ်ပေးထားတတ်ယ်။ ဒါပေမယ့် စျေးကြီးလို့ မတည်းဖြစ်ရင်တော့ သဘာ၀ရေပူထွက်နေတဲ့ ရေပူစမ်းမှာ သွားစိမ်လို့ ရပါတယ်။

6. Bow Falls
Bow River ဘိုးမြစ်ဆိုတာ Banff မြို့ကို ပတ်ပြီး စီးနေတဲ့ မြစ်ပါ။ မြို့နားမှာရော မြို့ပြင်မှာပါ ရေတံခွန်လိုမျိုး ဖြစ်နေတဲ့ နေရာတွေ ရှိပြီး ဘိုးရေတံခွန်ဆိုတာကိုလည်း သွားလည်နိုင်ပါတယ်။

7. Vermilion Lakes
Banff မှာ အိုင်ကြီးတွေ တော်တော်များတယ်။ အိုင်တိုင်းကလည်း စိမ်းပြာနေတာပဲ။ Vermilion Lakes ကလည်း အကြီးစားအိုင်မျိုးပဲ။ လိပ်ပြာတွေ အများကြီးတွေ့ရတတ်တယ်ပြောပေမယ့် နွေရာသီမှာတော့ မတွေ့ရဘူး။ နေဝင်ချိန်တွေမှာတော့ တော်တော်လှတယ်။

Banff အရမ်းလှသလို နွေမှာ လူများပြီး စျေးလည်း ကြီးတယ်။ တောင်တက်မယ် တောတိုးမယ်ဆိုတဲ့သူတွေအတွက်တော့ စိတ်ကြိုက်ပဲ။ တဲထိုးနေပြီး ကိုယ့်ဘာသာချက်စားမယ်ဆိုရင်တော့ အကုန်အကျ တော်တော်သက်သာပါတယ်။ Banff မှာ လူတွေတင်မကဘူး တောကောင်တွေလည်း များတယ်။ ကားမောင်းရင် သတိထားရသလို တောတောင်ထဲမှာ အစာစားရင်လည်း သတိထားရတယ်။ ဝက်ဝံတွေများလို့ တောင်တက်မယ်ဆို ၄၊၅ ယောက်တတွဲတက်ဖို့ ကန့်သတ်ထားတာတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် သဘာ၀ကို ချစ်တဲ့သူတွေ မြတ်နိုးတဲ့သူတွေအတွက် Banff ကို အခါသင့်ရင် လည်ပတ်သင့်ပါတယ်။

July 4အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့
05/07/2024

July 4
အမေရိကန်ပြည်ထောင်စုရဲ့ လွတ်လပ်ရေးနေ့

Address

Yangon

Alerts

Be the first to know and let us send you an email when Zaw Story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zaw Story:

Videos

Share