Khin Collection

Khin Collection Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin Collection, Digital creator, Yangon.

23/04/2024

တစ်ခါတစ်လေစိတ်တိုင်းမကျမိတာကလွဲလို့
မင်းကိုဘယ်တုန်းကမှစိတ်မပျက်ဖူးပါဘူး...။

စိတ်ဆိုးမိလည်းခဏပေါ့...

မင်းကိုအကြာကြီးပြစ်ထားရဲတဲ့သတ္တိငါ့မှာမရှိပါဘူး။

နင်နဲ့သူကအဆင့်အတန်းမတူဘူး ဒါမယ့် သူကကောင်းးးးးးးးးတယ် WS be like :
10/04/2024

နင်နဲ့သူကအဆင့်အတန်းမတူဘူး
ဒါမယ့် သူကကောင်းးးးးးးးးတယ်

WS be like :

07/04/2024

တစ်ခါတစ်လေတွေးမိတယ်ငါပဲလားအဆင်‌မပြေခြင်းတွေအကုန်
ငါပဲဖြစ်နေတာလားငါပဲအကုန်စုပုံဖြစ်နေရတာလားပေါ့
တရားနဲ့ပြန်ဖြေတော့ဘာတဲ့ဝဋ်ကြွေးတဲ့လေ အရင်ဘဝကလူလုပ်သမျှဒီဘဝထဲလိမ့်ပိန့်ခံနေရတာတော့မတရားဘူးဗျာ...

07/04/2024

စိတ်ပင်ပန်းရလွန်းလို့အိပ်မ‌ပျော်ရတဲ့ညတွေထဲ...
ကြိုးစားချင်စိတ်ရောရှင်သန်ချင်စိတ်ရောပျောက်မိတယ်...

02/04/2024

ချစ်တက်အောင်
လွမ်း‌တက်အောင်
သင်ပြီးမှ
ခင်ဗျားကပြစ်ထားရက်တော့
ဒီလူမှာ သောကတွေကိုများလို့ဗျာ
လူဆိုတဲ့အမျိုးကအကျင့်ပါတက်တယ်ဗျ...

02/04/2024

ကျွန်တော်သူနဲ့နေရတာမပျော်ရတော့ပေမဲ့အရင်လိုများပြန်ပျော်ရမလားဆိုတဲ့စိတ်နဲ့သူအနားရှိနေပေးနေတုန်း
ဒီလိုနဲ့ဝေးကြတော့မယ်ထင်ပါတယ်ဗျာ

31/03/2024

ကျွန်တော်ရဲ့အချစ်ဦးသူ့ကိုလေ တိုက်ဆိုင်မှုတွေရှိရင်သတိရနေသေးတယ်...

နှစ်တွေအတော်ကြာမတွေ့ရတဲ့သူ့ကိုဘာတွေပြောင်းလဲသွားလဲဆိုတာသိချင်မြင်ချင်ပြီး ငါနင့်ကိုတိုက်ဆိုင်မှုတွေရှိရင်
သတိရတယ် ငါမလိမ်ဘူးနင့်ကိုသတိရတယ်ဆိုတာလေးပြောပြချင်တယ်...

ဒါပေမဲ့ကျွန်တော်သူ့ကိုပြန်မလိုချင်ပါဘူးဆိုတာကိုရောပေါ့။ ။

31/03/2024

နောက်ဆုံးအချိန်ထိ
သူလက်လေးကိုစုပ်ကိုင်ထားချင်ခဲ့တာပါ...
ကျွန်တော်ဆုတောင်းတွေမပြည့်ခဲ့ဘူးပေါ့။

31/03/2024

မနက်ဖြန်တွေဟာမသေချာတော့တဲ့လောကကြီးထဲမှာ
ကိုယ်ချစ်ရသူတွေနဲ့ပျော်သလိုနေပြီးဖြတ်သန်းနေခွင့်ရရင်တော်ပါပြီ...။

30/03/2024

အချစ်ကိုလည်းကြောက်ပါတယ်
စစ်ကိုလည်းကြောက် ပါတယ်
ကျ​နော် ဒီနိုင်ငံရဲ့ လူဆင်းရဲပါ.. ။

#ရိပ်ငြိမ်

28/03/2024

ကျနော်ဘက်က သည်းခံလိုက်ရင်
ပြဿနာက ပြီးသွားမှာ

ကျနော်ဘက်ကပဲ အလျော့ပေးလိုက်ရင်
ဆက်ဆံရေးက ပြေလည်သွားမှာ

ဘာမှမဖြစ်ပါဘူး သည်းခံလိုက်ပါမယ်ဆိုပြီး
အမြဲကိုယ့်ကိုကိုယ်ပဲ ဖိအားပေးနေခဲ့မိတာ

တခါတလေတော့လည်း

တစ်ခါလောက်တော့ တစ်ကိုယ်ကောင်းဆန်စွာနဲ့
အလျော့မပေးပဲ ငြင်းဆန်မိခဲ့ရင်ရော

ခင်များ ကျတော့်ဘေးမှာရှိနေပါအုံးမလား

27/03/2024

ဆက်ချစ်ဖို့လဲကြောက်တယ်
ဆက်ပြီးပတ်သက်ဖို့လဲကြောက်တယ်
အရမ်းပင်ပန်းလွန်းလို့လွှတ်ချချင်ပါပြီ...

26/03/2024

ထွက်ပြေးလွတ်မြောက်ခါနီးမှာ
ငြိမိတဲ့ သံဆူးကြိူးဟာ "သူ "ပေါ့
အရာအားလုံးကိုနောက်ပြန်လှည့်ခဲ့ရတယ်...

- မြကျေး -

25/03/2024

ပျော်လဲမပျော်ဘူး
ဝမ်းလဲမနည်းဘူး
အရာအားလုံးကို စိတ်ကုန်နေပြီ...!!

ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့ဘာလို့ကောင်းနေတာလဲ? တဲ့သိတယ်လေ ကလေးမှမဟုတ်ဘဲကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရောအကုန်သိပါ...
25/03/2024

ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့
ဘာလို့ကောင်းနေတာလဲ? တဲ့

သိတယ်လေ ကလေးမှမဟုတ်ဘဲ
ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော
အကုန်သိပါတယ်

အစကတည်းက
သူတို့ကောင်းတာကို မျှော်လင့်ပြီး
ကောင်းခဲ့တာမှ မဟုတ်ဘဲ
ကိုယ်တတ်နိုင်သလောက်ကောင်းပေးမယ်လို့ပဲ
စိတ်ထဲရှိတယ်

နေမင်းကြီးက သူ့အလင်းရောင်တွေကို
ဘယ်လောက်ပေးပေး မှိန်သွားမယ် မထင်လို့ပါ

ဒါပေမဲ့
လက်ခံတဲ့သူတွေက တန်ဖိုးထားမယ်ဆိုရင်
တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး

လက်ခံတဲ့သူတွေက တန်ဖိုးမထား
မသိတတ်ဘူးဆိုရင်တော့
ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်

ဘယ်အရာမဆို
စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။
လောကကြီးက မျှတပါတယ်။


24/03/2024

ကျွန်တော်ဟာ ကျွန်တော်အနားကလူတွေအတွက်ပဲတွေးပေးခဲ့တာတာင်ကျွန်တော့်လူဆိုပြီးကျွန်တော့်အနားတစ်ယောက်မှရှိမနေခဲ့ဘူး...။

24/03/2024

တစ်ခုခုဆိုရင် ငြိမ်ကျသွားတာ၊
စိတ်အတက်အကျတွေမမှန်တာ၊
မတည်ငြိမ်တဲ့ ကိုယ့်ရဲ့ပုံစံကိုဖူံးကွယ်ထားရင်း
ကိုယ့်စိတ်ကိုညာပြီးရင်း ထပ်ညာနေမိတာ။
ဒါဟာ ပင်ပန်းရတယ်မဟုတ်လား ။ကိုယ့်စိတ်ကို
အမြဲညာနေရတာလေ ။ဖြည့်တွေးပေးရင်းနဲ့ပဲ
ကိုယ်တိုင်က တစ်စထက်တစ်စပိုပြီးပဲ့ထွက်လာတယ်။

- ခက်နှောင်

23/03/2024

ငါဟာလမ်းတွေကိုလဲမေ့တက်တယ်
ထီးကိုလဲမေ့တက်တယ်
ပစ္စည်းတွေလဲမေ့ကျန်ဖူးတယ်
ဇာတ်လမ်းတချို့ကိုလဲမေ့တက်တယ်
ပျော်စရာတချို့ကိုလဲမေ့တက်တယ်

ငါမမေ့တာနာကျင်စရာတွေနဲ့ငါ့အပေါ်နာကျင်အောင်လုပ်သွားတဲ့လူတွေကိုပဲ‌
ဒီနာကျင်စရာတွေကိုလွှတ်မချနိုင်ပဲ
ဘဝတစ်လျှောက်လုံးအလေးခံပြီးသယ်လာမိတယ်... ။

22/03/2024

ချစ်ခြင်းမပါတဲ့ စိတ်ပူခြင်းတွေ ရှိနိုင်ပေမယ့်
စိတ်ပူခြင်းမပါတဲ့ ချစ်ခြင်းတော့ မရှိနိုင်ဘူး...
ပြောချင်တာက ကိုယ်နဲ့မှမဟုတ်ရင်
သူငယ်ချင်းဆိုတဲ့ လူတွေနဲ့လည်း
စိတ်မချဖြစ်ခြင်းဟာ ကျွန်တော်တို့မလွန်ပါဘူး။



- Lionel Sn -

Other : နင်တို့ Eskill ကျွမ်းတယ်ဆိုငါတို့ :
22/03/2024

Other : နင်တို့ Eskill ကျွမ်းတယ်ဆို
ငါတို့ :

21/03/2024

တစ်နေ့တော့ မျက်ဝန်းညိုလေး ရဲ့

လက်ကိုဆွဲရင်း နေကြာခင်းတွေကြား

ပျော်ရွှင်မှုတွေ ပြန်ရှာချင်တယ်...

🌻

21/03/2024

ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတာဟာဆယ်ကျော်သက်ရဲ့ ညဖြစ်တယ်။
ပင်ပန်းလွန်းလို့ အိပ်တောင်မပျော်တော့တာကျ
နှစ်ဆယ်ကျော်သက်ရဲ့ ညဖြစ်တယ်။

ဆယ်ကျော်သက်အရွယ်မှာ မျက်ရည်ကျပြီး တုန်လှုပ်တာက အမှောင်တစ်ခု တွေ့လို့ဖြစ်ပြီး. ...
နှစ်ဆယ်ကျော်သက်မှာ မျက်ရည်ကျပြီး အံ့ဩရတာကတော့ အလင်းတစ်ခု ဖြတ်ကနဲမြင်လိုက်လို့ဖြစ်မှာပဲ။

ရှားတယ်၊ ရှားတယ် ၊
ဘဝဟာ ရယ်ဖို့နေရာ သိပ်ကို ရှားရှားပြီး
ပါးလာနေပါတယ်။

#နေမီကျော်

21/03/2024

ရည်းစားနဲ့တောင်
ဘာညာဘာညာ မလုပ်ရသေးဘူး
ဘယ်ညာ ဘယ်ညာက
လုပ်ရတော့မယ် 🤌🏼

20/03/2024

အရွယ်ရောက်လာတာနဲ့အမျှပျော်စရာမကောင်းကြောင်း အိမ်မက်တွေဟာ လွယ်"နဲ့မရပဲ အလျော်အစားကြီးကြောင်း သိလာရတယ်...

20/03/2024

ဒီရက်တွေမှာခံစားချက်မကောင်းဘူး
တခုခုကိုကြိုသိနေသလိုမျိုး
တစ်ခုခုအတွက်ကြိုကြေကွဲနေရတယ်...

ကျွန်တော်တို့ဝေးရတော့မယ်ထင်ပါတယ်...

19/03/2024

ဒီနိုင်ငံဟာ
ဘုရားမမြင်အောင်
မာရ်နတ်ဖွက်ထားတဲ့ အရပ်ပါကွာ။

- ဆန်းကျော်စွာဝင်း

18/03/2024

ကျွန်တော်ကလေ...
သူ့ကိုပျော်စရာတွေပဲပေးချင်ခဲ့တာ
သူနဲ့အတူစကားပြောရင်ဝေဒနာတွေအားလုံးမေ့ထားပြီး
နှစ်ယောက်သားပျော်နေချင်ခဲ့တာ

ဒါပေမဲ့
ကျွန်တော်အတွေးတွေမှားသွားတယ်
ကျွန်တော်ဖြစ်ပျက်နေခဲ့တာတွေကိုမြိုသိပ်ထားခြင်းဟာသူ့အတွက်အလိမ်အညာတွေဆိုပြီး
ကျွန်တော်တို့ကိုဝေးသွားစေခဲ့တယ်...

18/03/2024

ရည်းစားလေးနဲ့ Date ပြီးအပြန်ငါ့မု

Crd to org vid

18/03/2024

ကောင်မလေးတွေ သူတို့ကောင်လေးကို
စာစပို့ စပိုးခဲ့တာတွေတင်ပြီး
အပြိုင်ကြူးနေချိန်
ငါ့ဘက်က စhiဖူးတာဆိုလို့ Osပဲရှိတယ်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Khin Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies



You may also like