Dr. Mi Swe Zar Thu

Dr. Mi Swe Zar Thu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr. Mi Swe Zar Thu, Digital creator, Sanchaung, Yangon.

တစ်နပ်စာ-a meal မှရေဘေးအလှူတစ်နပ်စာ တို့ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့ အစားတစ်နပ်အတွက် ၁၀၀၀ ကျပ်အလှူလေးပါMarch လမှစတင်ခဲ့သော တ...
14/09/2024

တစ်နပ်စာ-a meal မှရေဘေးအလှူ

တစ်နပ်စာ တို့ရဲ့မူလရည်ရွယ်ချက်ဖြစ်တဲ့
အစားတစ်နပ်အတွက် ၁၀၀၀ ကျပ်အလှူလေးပါ

March လမှစတင်ခဲ့သော တစ်နပ်စာ project သည် ဆာလောင်မှူအတွက် ကမ်းလက်တစ်စုံ အဖြစ်ကူညီပေးနိူင်သော ရပ်ဝန်းတစ်ခုအဖြစ်ရပ်တည်နိုင်အောင် ကြိုးစားမြဲ☘️

အခုတခါအလှူလေးမှာ ထမင်းဘူးမဟုတ်ပဲ
အထားခံ အသင့်စားဟင်းခြောက်တွေလှူမယ်လို့ပြင်ဆင်ထားပါတယ်….
ဒီနေ့မှာ ဟင်းခြောက်ထုပ်လေးတွေ စတင်ချက်ပြုတ် ထုပ်ပိုးပြီး လိုအပ်သောနေရာသို့ပို့ဆောင်ဖို့စီစဉ်နေပါတယ်……

တစ်နပ်စာနှင့်အတူ ပါဝင်လှူဒါန်းချင်သူများ
တစ်နပ်စာဟင်းတစ်ထုပ် ၁၀၀၀ ကျပ်နှုန်းနှင့်ပါဝင်လှူဒါန်းနိုင်ပါတယ်ရှင့်

kpay/wave/AYApay - 09425003995 (Mi Swe Zar Thu)

ရေဘေးသင့်နေရာဆီသို့
မြေပြင်မှတိုက်ရိုက်ကူညီသူများနှင့်ချိတ်ဆက်ပြီး
လှူဒါန်းပါမယ်ရှင့်

#တနပ်စာ
#ရေဘေး

ဒီည ၈:၀၀ နာရီတွေ့ကြမယ်နော်
23/04/2024

ဒီည ၈:၀၀ နာရီတွေ့ကြမယ်နော်

တစ်နပ်စာ-a meal ဘယ်လိုရပ်တည်လည်ပတ်သလဲ?

တစ်နပ်စာ project သည်
လူမှူအခြေပြု ကိုယ်ချင်စားစာနာမှူအပြည့်နှင့် အစားအသောက်အတွက် လိုအပ်ချက်ရှိသော
နေရာဒေသ
ခလေးသူငယ် လူကြီး တိလေးတွေအစ အားလုံးကိုအကြင်နာထားအစားအသောက်များဝေမျှဖို့အတွက်လုပ်ဆောင်လျှက်ရှိပါတယ်……

ဘယ်ကမတည်ငွေနှင့်လည်ပတ်မလဲ?
၁။ ၁၀၀၀ ကျပ်မှစပီး စေတနာထားလှူဒါန်းပေးသောအလှူရှင်များ
၂။ လေ့လာသင်ယူမှုကို လိုအပ်စာလောင်နေသော လူငယ် လူလတ် တွေကို အခမဲ့အသိပညာဝေမျှပေးပီး မှ သင်တန်းသားများ၏ရောင်ပြန်စေတနာအလှူ ငွေများ
၃။အလှူရှင်များကိုယ်စား အလှူရှင်များလှူဒါန်းချင်သောနေရာများသို့ သွားရောက်လှူဒါန်းပေးခြင်း
စသည်စသည်တို့ဖြင့် လည်ပတ်လျက်ရှိပါသည်။

23/4/24 -26/4/24ရက်နေ့မှာ
လူငယ်တွေအတွက် ပညာမျှဝေပေးမည့်အစီစဉ်သတင်းကို ဝေမျှပေးချင်ပါတယ်..
စီးပွါးရေးစလုပ်ချင်သောလူငယ်များအတွက် ရည်ရွယ်ထားသောအတန်းဖြစ်ပါတယ်…..
*မည်သူမဆိုအခမဲ့ လေ့လာသင်ယူနိုင်ပါသည်။*

မနက်ဖန်စမည့် အခမဲ့ ၄ ရက်သင်တန်း23/4/24- 26/4/24အခမဲ့လေ့လာသင်ယူရင်း တစ်နပ်စာ-a meal နဲ့အတူ ဆာလောင်မွတ်သိပ်မှုနှုန်း လျှော...
22/04/2024

မနက်ဖန်စမည့်
အခမဲ့ ၄ ရက်သင်တန်း
23/4/24- 26/4/24
အခမဲ့လေ့လာသင်ယူရင်း တစ်နပ်စာ-a meal နဲ့အတူ ဆာလောင်မွတ်သိပ်မှုနှုန်း လျှော့ချရအောင်

တစ်ဖက်မှာလူငယ်တွေအတွက် သင်ယူမှုတစ်ခုရရှိအောင် တခြားတစ်ဖက်မှာလည်း လူငယ်တို့နဲ့အတူ ဆာလောင်မွတ်သိပ်မှုနှုန်း‌လျှော့ချအောင်ဆိုပြီး ရည်ရွယ်ဖွင့်ထားတဲ့ 𝐒𝐤𝐢𝐥𝐥𝐬 𝐟𝐨𝐫 𝐬𝐭𝐚𝐫𝐭-𝐮𝐩 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 သင်တန်းဖြစ်ပါတယ်။

ဒီသင်တန်းက အခမဲ့သင်ကြားပေးသွားမှာဖြစ်တဲ့အတွက် သင်တန်းတက်ရင်းနဲ့ ဒီ "တစ်နပ်စာ"project မှာ ကုသိုလ်အလှူပါ၀င်လှူဒါန်းချင်တယ်ဆိုရင်တော့
အနည်းဆုံး "၁၀၀၀"ကျပ်ကနေစပြီး ပါ၀င်လှူဒါန်းနိုင်ပါတယ်။

>> သင်ကြားပေးမည့်ဆရာမ
Dr. Mi Swe Zar Thu
Ph.D(IT)

>> သင်တန်းအစီအစဥ်
သင်တန်းကာလ - ( ၄) ရက် (23/4/2024 - 26/4/2024)
>> သင်တန်းအချိန် - 𝟖:𝟎𝟎 𝐏𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
>> သင်ကြားပေးမည့်ပုံစံ - Zoom Webinar (𝐟𝐚𝐜𝐞 𝐭𝐨 𝐟𝐚𝐜𝐞)

>> သင်တန်း ဆက်သွယ် စုံစမ်းရန်
ဖုန်း - 𝟎𝟗𝟕𝟔𝟐𝟖𝟕𝟒𝟒𝟓𝟕 ၊ 𝟎𝟗𝟒𝟐𝟓𝟎𝟎𝟑𝟗𝟗𝟓

Facebook messenger တွင်လည်း လာရောက်စုံစမ်းနိုင်ပြီး လူပြည့်မြန်တာမို့လို့ ကြိုတင်စာရင်းပေး‌‌သွင်းထားနိုင်ပါတယ်။

အတန်းနဲ့ပက်သက်ပြီး အချိန်‌မရွေး လာရောက်မေးမြန်နိုင်ပါတယ်။
Warmly welcomeပါ ။💕

#တစ်နပ်စာ

11/04/2024

“Skills for Startup Business “

အစပျိုး စွန့်ဦးစီးပွားလုပ်ငန်းတစ်ခု စတင်ရန်အိပ်မက်ရှိသောလူငယ်တိုင်းအတွက် သင်္ကြန်ကာလ အွန်လိုင်း ရက်တိုသင်တန်း။

>> မိမိရဲ့အိပ်မက် (သို့) မိမိဖြစ်ချင်တဲ့ ဆန္ဒများကို အကောင်အထည်ဖော်နိုင်ရန်၊ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး နှင့် စွမ်းဆောင်ရည် မြှင့်တင်ရန်။

>> သင်ကြားပေးမည့် ကဏ္ဍများ

ဒီသင်တန်းကတော့...
✅ကိုယ့်ရဲ့ အိပ်မက်ဆန္ဒတစ်ခုကို ဘယ်လိုစတင် အကောင်အထည်ဖော်ရမလဲ?

✅လုပ်ငန်းတစ်ခု စတင်နိုင်ရန် ဘာတွေပြင်ဆင်ဖို့ လိုအပ်မလဲ?

✅ လူငယ် တစ်‌ယောက်အနေနဲ့ ကိုယ်တိုင် စီးပွားရေးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကျော်ဖြတ်ရမလဲ?

✅မိမိအတွက် အဓိကလိုအပ်နေတဲ့ skills တွေကို ဘယ်လို ဖြည့်ဆည်းရမလဲ?

✅ ခေတ်ရေစီးကြောင်းအရ ဘယ် technological skill တွေ၊ ဘယ် soft skill တွေရှိသင့်လဲ ၊ဘယ်လိုလေ့လာသင်ယူရမလဲ?

အစရှိသော မေးခွန်းများအတွက်...
တိကျ,သေချာ, ရှင်းလင်းသော မျှဝေမှုအကြောင်းအရာများနဲ့ ပတ်သက်ပြီး သင်ကြားပေးသွားမဲ့ သင်္ကြန်ကာလ ရက်တိုသင်တန်းတစ်ခုဖြစ်ပါတယ်။

>> ဘယ်လိုလူတွေ ဒီသင်တန်းကို တက်ရောက်သင့်လဲ???

✅အိပ်မက်ရှိပြီး အကောင်ထည်ဖော်နိုင်ရန် ကြန့်ကြာ ခက်ခဲနေသောလူငယ်များ။

✅မည်သည့်ပညာရေးလမ်းကြောင်းကို ရွေးချယ်ပြီး မည်သည့်နည်းလမ်းဖြင့် စီးပွားရေးလောကထဲ စတင်ဝင်ရောက်ရမည်ကို သိလိုသူများ။

✅သင်္ကြန်ပိတ်ရက်ကာလမှာ အကျိုးရှိစွာ သင်ယူလေ့လာလိုသူများ။

✅၀န်ထမ်းဘဝမှ လုပ်ငန်းရှင်တစ်ဦး ဖြစ်လိုသော ရည်မှန်းချက်ရှိသူများ။

✅အမျိုးသမီးများ၊ အိမ်ထောင်ရှင် မိခင်များအနေဖြင့် ယုံကြည်ချက်ခိုင်မာစွာဖြင့် ကိုယ်ပိုင်လုပ်ငန်း စတင်ချင်သော Smart Ladyများ။

✅သင်တန်းကို တကူးတကသွားစရာမလိုပဲ မိမိအိမ်မှတစ်ဆင့် သက်သောင့်သက်သာ ပေါ့ပါးစွာ လေ့လာသင်ယူလိုသူများ။

✅မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ချင်သူများ။

ထိုသူများအားလုံးအတွက် မိမိတို့ရဲ့ တန်ဖိုးရှိတဲ့ သင်္ကြန်အားလပ်ရက်မှာ ယခု ရက်တိုသင်တန်းကို အကျိုးရှိစွာ တက်ရောက်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

>> ဒီရက်တိုသင်တန်း တက်ရောက်ပြီးရင် ဘယ်လို အကျိုးကျေးဇူးတွေရရှိလာမလဲ?

✅အဆက်အသွယ်ကောင်းများ တိုးပွားလာမယ်။

✅မိမိဖြစ်ချင်တဲ့ အိပ်မက်၊ ဆန္ဒများ စတင်အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရမဲ့ အခက်အခဲများကို ရင်ဆိုင်ကျော်ဖြတ်ရင်းတစ်နိုင်တစ်ပိုင် ကိုယ်ပိုင်စီးပွားရေးတစ်ခု စတင်နိုင်မဲ့ နည်းနာတွေအားလုံးကို သိရှိလာမယ်။

✅ယုံကြည်မှုတွေ ပိုမိုတိုးပွားလာမယ်။

✅ခေတ်ရေစီးကြောင်းအပေါ်လိုက်၍ အကျိုးရှိစွာ လေ့လာသင်ယူမှုနည်းနာတွေ သိရှိလာမယ်။

✨ဒီသင်္ကြန် ရက်တိုသင်တန်းက မိမိရဲ့ဘ၀ တိုးတက်ရာတိုးတက်ကြောင်းအတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူပေးမဲ့ သင်တန်းတစ်ခု ဖြစ်မည့်အပြင်

မိမိရဲ့ လူမှုပတ်၀န်းကျင်ကိုလည်း တိုးတက်ပြောင်းလဲအောင် တစ်ဖက်တစ်လမ်းကနေ အားဖြည့်ပါ၀င်ကူညီပေးရာ ရောက်တဲ့အတွက် တက်ရောက်မည့် သင်တန်းသားအားလုံးအတွက် အကျိုးအမြတ်ကောင်းများ ရရှိစေမှာ အသေအချာဖြစ်ပါတယ်။✨

🛑ယခု သင်တန်းမှရရှိလာသော သင်တန်းကြေးအားလုံးကို အစာတစ်နပ်အတွက် အကူအညီလိုအပ်လျက်ရှိသော သက်ရှိတိုင်းအတွက်ရည်ရွယ်လှူဒါန်းကူညီဆောင်ရွက်ပေးနေသော “ တစ်နပ်စာ-a meal “Project အလှူ သို့ ရာနှုန်းပြည့် လှူဒါန်းသွားမည် ဖြစ်ပါသည်။🛑

>> သင်ကြားပေးမည့်ဆရာမ
Dr. Mi Swe Zar Thu
Ph.D(IT)

>> သင်တန်းအစီအစဥ်
သင်တန်းကာလ - ( ၄) ရက် (16/4/2024 - 19/4/2024)
>> သင်တန်းအချိန် - 𝟖:𝟎𝟎 𝐏𝐌 𝐭𝐨 𝟏𝟎:𝟎𝟎 𝐏𝐌
>> သင်တန်းကြေး- ၃၂၀၀၀ကျပ်
>> သင်ကြားပေးမည့်ပုံစံ - Zoom Webinar (𝐟𝐚𝐜𝐞 𝐭𝐨 𝐟𝐚𝐜𝐞)
>> သင်တန်း ဆက်သွယ် စုံစမ်းရန်
ဖုန်း - 𝟎𝟗𝟕𝟔𝟐𝟖𝟕𝟒𝟒𝟓𝟕 ၊ 𝟎𝟗𝟒𝟐𝟓𝟎𝟎𝟑𝟗𝟗𝟓
Facebook messenger တွင်လည်း လာရောက်စုံစမ်းနိုင်တဲ့အပြင် လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

#တစ်နပ်စာ

Digital creator

see u tomorrow 📣
14/03/2024

see u tomorrow 📣

ဆရာမ ဒေါက်တာမိဆွေဇာသူ မှလာရောက်မျှဝေပေးမည့်ပညာရေးဟောပြောပွဲ

𝐆-𝟏𝟎မှာ 𝐁𝐢𝐨𝐥𝐨𝐠𝐲(ဇီဝ)လေ့လာရမလား၊ 𝐄𝐜𝐨𝐧𝐨𝐦𝐢𝐜𝐬 (ဘောဂ)လေ့လာရမလားဆိုသည့် ခေါင်းစဉ်ဖြင့် ဆရာမ ဒေါက်တာမိဆွေဇာသူမှ လာရောက်မျှဝေ ပေးမည်ဖြစ်ကြောင်း ကျောင်းသား/ကျောင်းသူများ ၊မိဘများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူဟောင်းများ လာရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

𝐒𝐩𝐞𝐚𝐤𝐞𝐫
Dr. Mi Swe Zar Thu
𝐏𝐡.𝐃 (𝐈𝐓)
𝐅𝐨𝐮𝐧𝐝𝐞𝐫 𝐨𝐟 𝐒𝐰𝐞𝐫

ဟောပြောပွဲအစီအစဥ်
🗓 မတ်လ (၁၅)ရက်နေ့၊ သောကြာနေ့
⏱ နေ့လည် (၁)နာရီ မှ (၃) နာရီအထိ
📍 ကော့ဘိန်းပညာရှင်များသမိုင်းစာကြည့်တိုက်
တိုက်ရံင်လိက်ဝင်တၠပညာကွာန်ကအ်ဗိန်


#ကော့ဘိန်းပညာရှင်များသမိုင်းစာကြည့်တိုက် #တိုက်ရံင်လိက်ဝင်တၠပညာကွာန်ကအ်ဗိန်

လူတိုင်းမှာ မိမိလေးစားအားကျရသောသူရှိကြတယ်မဟုတ်လားကျမမှာလည်းရှိတယ်အခုတော့ ကျမကိုချစ်သော ညီမငယ်တစ်ယောက်ရဲ့မေးခွန်းကို ပြန်...
24/10/2023

လူတိုင်းမှာ
မိမိလေးစားအားကျရသောသူရှိကြတယ်မဟုတ်လား
ကျမမှာလည်းရှိတယ်

အခုတော့ ကျမကိုချစ်သော ညီမငယ်တစ်ယောက်ရဲ့မေးခွန်းကို ပြန်ဖြေဖြစ်တာလေးမျှဝေပေးချင်လို့ပါ…

ညီမငယ်က အစ်မကိုကြည့်လိုက်တိုင်းပျော်နေတာပဲနော်တဲ့

အမြဲတမ်းပျော်နေတဲ့သူဆိုတာ ရှိနိုင်ပေမဲ့ ရှားတယ်
အစ်မလည်းအမြဲတမ်းမပျော်နိုင်ပါဘူး…..

သို့သော် အစ်မက
ချစ်သောအလုပ်ကိုသာလုပ်ပီး
လုပ်သောအလုပ်တိုင်းကိုတော့ချစ်တယ်❤️လို့ပြန်ဖြေဖြစ်ခဲ့တယ်



လူတိုင်းမှာအမှတ်တရမြို့ရှိကြတယ်မဟုတ်လားဘားအံကတော့ခုထိမပြောင်းလဲသေးသော အမှတ်တရမြို့လေးဖြစ်နေတုန်းပါ….
23/10/2023

လူတိုင်းမှာအမှတ်တရမြို့ရှိကြတယ်မဟုတ်လား
ဘားအံကတော့ခုထိမပြောင်းလဲသေးသော အမှတ်တရမြို့လေးဖြစ်နေတုန်းပါ….

စီးပွါးရေးတခု စတင်ဖို့ဘာတွေအရေးကြီးသလဲ….🏆🕊️❣️လေ့လာမှူများများလုပ်သောအကျင့်ကြိုတင်ပြင်ဆင်တတ်သောအကျင့် အကောင်းမြင်တတ်သော စ...
20/10/2023

စီးပွါးရေးတခု စတင်ဖို့ဘာတွေအရေးကြီးသလဲ….

🏆🕊️❣️
လေ့လာမှူများများလုပ်သောအကျင့်
ကြိုတင်ပြင်ဆင်တတ်သောအကျင့်
အကောင်းမြင်တတ်သော စိတ်ထား
ဒါတွေက အရေးကြီးတယ်လို့ထင်တယ်

ကျမတို့ခရီးသွားတဲ့အခါ လမ်းခရီးကိုကြိုတင်လေ့လာပြင်ဆင်ရသလို့…..

ခရီးရဲ့ရာသီဉတုဒဏ်အတွက်လည်း ကြိုတင်ပြင်ဆင်ထားရမယ်…

Photo credit

18/10/2023

၈ နှစ်ကြာမှ ပြန်ရောက်ဖြစ်သော
ဖားစည်မြေ❤️……

မွန်လုပ်ငန်းရှင်များအသင်းမှ ကျင်းပသော “ IT in Modern business “ Panel Discussion မှာတစ်ထောင့်တနေရာမှ ပါဝင်ခွင့်ရခဲ့ပါတယ်...
17/10/2023

မွန်လုပ်ငန်းရှင်များအသင်းမှ ကျင်းပသော
“ IT in Modern business “ Panel Discussion မှာ
တစ်ထောင့်တနေရာမှ ပါဝင်ခွင့်ရခဲ့ပါတယ်…..
ဖိတ်ကြားပေးသောလူကြီးမင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်…..
စိတ်ဝင်တစားတက်ရောက်ခဲ့ကြသော လုပ်ငန်းရှင်များနှင့် စီးပွါးရေးစတင်ဖို့ အားယူနေသော မောင်ငယ်ညီမငယ်များကိုလည်း အထူးကျေးဇူးတင်ပါတယ်…

တကူးတကလာsupportပေးသော အိုင့်အချစ်များလည်းThank you so much❤️ပါ


#မွန်လုပ်ငန်းရှင်းများအသင်း



IT Business အကြောင်းစိတ်ဝင်စားသူများအတွက်မနက်ဖန်ပွဲပါ….Speaker တစ်ယောက်အနေနဲ့ပါဝင်ဆွေးနွေးသွားမှာမို့ မောင်ငယ်ညီမငယ်တွေက...
14/10/2023

IT Business အကြောင်းစိတ်ဝင်စားသူများအတွက်
မနက်ဖန်ပွဲပါ….
Speaker တစ်ယောက်အနေနဲ့ပါဝင်ဆွေးနွေးသွားမှာမို့ မောင်ငယ်ညီမငယ်တွေကိုတက်စေချင်ပါတယ်

မွန်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသော

"IT in Modern Business"
နည်းပညာခေတ်ထဲမှ စီးပွားရေး …..
ခေါင်းစဉ်ဖြင့်
panel discussions
ကျင်းပပြုလုပ်မည်ဖြစ်ပါဖြင့်
မွန်ဒေသအတွင်း အိုင်တီနည်းပညာအပေါ် စီးပွားရေးဆက်စပ်မှုဆိုင်ရာများ လုပ်ငန်းရှင်များနှင့်
အခြား စိတ်ပါဝင်စားသူများ
မွန်လုပ်ငန်းရှင်များအသင်း-
ရုံးချိန်အတွင်း (ဖုန်း ၀၉၄၅၇၉၇၂၂၈၀) စာရင်းသွင်းပြီး
တက်ရောက်နိုင်ပါကြောင်း အသိပေးဖိတ်ကြားအပ်ပါသည်။

(ထိုင်ခုံအရေအတွက် ကန့်သတ်ချက်သာ)

ကျင်းပမည့်နေ့ရက်နှင့်အချိန် ¬
- 15.10.2023 (Sunday),
- နံနက် (၈) နာရီမှ (၁၂) နာရီထိ

ပါဝင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များ

Speaker (1)
Dr. Mi Swe Zar Thu
ဆွာ ဘိန်းမုန့်နှင့်ရိုးရာစားသောက်ကုန်

Speaker (2)
Nai Ron Seik
IT Support Specialist
Monsi Group Co.,Ltd

Speak (3)
Min Thane Hteik
Freelance Brand Marketer

Moderator ပါဝင်အားဖြည့်သူ
Nai Banyar Eain
Freelance consultant
ကျင်းပမည့်နေရာ -

ရာမညဟိုတယ်၊ ငန်းတေးလမ်း၊ မော်လမြိုင်မြို့။

ကျင်းပသည့် ရည်ရွယ်ချက်
--------------------------
- အလားအလာရှိသည့် စီးပွားရေး လုပ်ကွက်များ ဖော်ထုတ်နိုင်ရန်။
- ဒေသထွက် ထုတ်ကုန်များ၏ ဈေးကွက်ဖော်ဆောင်နိုင်ရန်။
- မွန်လုပ်ငန်းရှင်များကို စီးပွားရေးနှင့် သက်ဆိုင်သည့် စွမ်ဆောင်ရည်များ မြှင့်တင်ပေးရန်။
- မွန်လုပ်ငန်းရှင်များအချင်းချင်း စီးပွားရေးကွန်ယက်အားကောင်းလာစေရန်။

အလုပ်တခုလုပ်တဲ့အခါပထမအစခြေလှမ်းကအရမ်းအရေးကြီးတယ်လို့ပြောကြတယ်…..ကိုယ်တိုင်က ခြေလှမ်းမစခင် အဆုံးသတ်နိုင်မည့်ကိုယ့်ခွန်အား...
11/10/2023

အလုပ်တခုလုပ်တဲ့အခါ
ပထမအစခြေလှမ်းကအရမ်းအရေးကြီးတယ်လို့ပြောကြတယ်…..

ကိုယ်တိုင်က ခြေလှမ်းမစခင် အဆုံးသတ်နိုင်မည့်
ကိုယ့်ခွန်အားကို အရင်သေချာအောင် မေးကြည့်ဖြစ်တယ်…..

စလှမ်းပီးအဆုံးထိမှမလျှောက်နိုင်ခဲ့ရင် အချိန်ကုန်တယ်လေ…
ပီးတော့ နာလည်းနာကျင်ရမယ်ထင်တယ်

Photo crd

လမ်းတဝက်မှာ လှည့်ပြန်ဖို့တွေးမိတိုင်းလျှောက်ခဲ့သောခရီးအကွာအဝေးကိုပြန်ကြည့်ပြီး ရှေ့ဆက်ဖြစ်ကြတယ်မဟုတ်လားငယ်ငယ်တုန်းကသေချင...
10/10/2023

လမ်းတဝက်မှာ လှည့်ပြန်ဖို့တွေးမိတိုင်း
လျှောက်ခဲ့သောခရီးအကွာအဝေးကို
ပြန်ကြည့်ပြီး ရှေ့ဆက်ဖြစ်ကြတယ်မဟုတ်လား

ငယ်ငယ်တုန်းကသေချင်လောက်တဲ့အထိ စိတ်ညစ်ဖူးလို့ သေဖို့အတွေးဝင်တိုင်း အသိတခုခေါင်းထဲဝင်လာတာက ငါအခုအချိန်သေသွားရင် လူပြန်ဖြစ်ရင်
ဒီအတန်းပညာရဖို့ စာပြန်ကျက်ရမယ်ဆိုပီး မသေချင်တော့ဘူး……😊


ဒီနေ့ဟင်းချက်ထားတဲ့ video မဟုတ်ပဲ အမှတ်တရလေးတခုတင်မယ်နော်….မွန်လူငယ်လေးတွေရဲ့သုတေသန training ကျောင်းဆင်းပွဲတက်ရောက်ဖြစ်ခ...
02/10/2023

ဒီနေ့ဟင်းချက်ထားတဲ့ video မဟုတ်ပဲ အမှတ်တရလေးတခုတင်မယ်နော်….
မွန်လူငယ်လေးတွေရဲ့သုတေသန training ကျောင်းဆင်းပွဲတက်ရောက်ဖြစ်ခဲ့တယ်၊
အမှန်တိုင်းဝန်ခံရရင် မွန်လူမျိုးဖြစ်ပေမဲ့ ကျောင်းပီးကတည်းက မွန် activities တွေမှာပါဝင်ဖြစ်တာ အတော်နည်းပါးခဲ့တယ်😊
ခုလည်းဦးလေးဖိတ်လို့တက်ရောက်ဖြစ်တာ🙏

ပွဲမှာလူငယ်လေးတွေ တက်ကြွစွာပါဝင်ပီး
Confidence ရှိရှိ သူတို့ကြိုးစားထားတာလေးတွေကို presentation လုပ်ပြသွားတာရယ်
သင်ကြားတဲ့ဆရာ/ဆရာမတွေရဲ့စေတနာတွေ မြင်ရတာအတော်ကိုလေးစားကျေနပ်ဝမ်းသာမိတယ်၊

ပညာကိုအခြေခံသော လူ့အသိုင်းအဝိုင်းကြီးမှာ ဝါသနာပါရာအလုပ်ကိုစိတ်ရှင်းရှင်းနဲ့ပျော်ရွှင်နေတာကိုတွေ့ရတာလည်းပီတိတမျိုး၊

ကျမတို့အများကြီးနောက်ကျကျန်နေခဲ့တယ်
အိမ်မှာရွှေဘယ်နှစ်ပိသာရှိလည်းဆိုတာစိတ်ဝင်စားသော လူ့အသိုင်းအဝိုင်းထက်
အိမ်မှာရှိသောလူငယ်တွေဘယ်လောက်ထိ ပညာရေးမှာခရီးရောက်နေပီးလည်းဆိုတာ အလေးအနက်ထားသော လူ့အသိုင်းအဝိုင်းလေးဖြစ်အောင်အတူတူကြိုးစားတည်ဆောက်ကြရအောင်….



01/10/2023

ကွေ့တီယိုကိုရှယ်ကြိတ်😬

30/09/2023

မြန်မာမုန့်ကြိုက်သောသူတွေအတွက်
မုန့်ထန်းလိမ်လုပ်စားကြမယ်

Address

Sanchaung
Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Mi Swe Zar Thu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies