𝙵𝚘𝚛 𝚈𝚘𝚞

𝙵𝚘𝚛 𝚈𝚘𝚞 Breaking news at home and abroad; News We will continue to try to present the true news. Thank you all. I wish you all good health and prosperity.
(24)

Please continue to encourage me and I will try my best to present it.

တကယ်ဆိုရင် တို့သဲသဲလေးရောင်းရမှာလေ🥺🥺မြန်မာပြည်က လူဦးရေနည်းတဲ့အပြင်စစ်ဖြစ်နေတော့ ၀ယ်သူနည်းမယ်ဆိုတာ ကြိုသိနေလို့ ၊ လူဦးရ...
01/11/2024

တကယ်ဆိုရင် တို့သဲသဲလေးရောင်းရမှာလေ🥺🥺

မြန်မာပြည်က လူဦးရေနည်းတဲ့အပြင်စစ်ဖြစ်နေတော့ ၀ယ်သူနည်းမယ်ဆိုတာ ကြိုသိနေလို့ ၊ လူဦးရေများပြီး စစ်မဖြစ်တဲ့ india မယ်ကိုရွေးသွားတာက fairမဖြစ်ဘူး။ NaWat ကသက်သက် ညစ်ပတ်တာပဲ။
တကယ်သာဆို သဲသဲလေး အော်ရောင်းနေတာကို ပီတိလေးနဲ့ကြည့်နေရမယ်အချိန်လေ စိတ်မကောင်းဘူး😢😢😢
grandin

မင်းတို့ ဉာဏ်ရည်မမှီတဲ့သူတွေအစား ငါရှက်တယ်။တလွဲဆံပင်ကောင်းနေတာ စောင်ဦးနောက်တွေမှမရှိကြတာ။ ပြောရမှာကစီစဥ်သူကို ပြောနေတာက...
26/10/2024

မင်းတို့ ဉာဏ်ရည်မမှီတဲ့သူတွေအစား ငါရှက်တယ်။
တလွဲဆံပင်ကောင်းနေတာ စောင်ဦးနောက်တွေမှမရှိကြတာ။ ပြောရမှာကစီစဥ်သူကို ပြောနေတာကအရွေးခံတွေ ။သူတို့ကလုယူသွားတာမဟုတ်ဘူး ပေးလို့ယူရတာဟ။ ဦးနောက်လေးတွေလည်းသုံးကြအုံးဟ။

MGI ရဲ့ winner ကို ထိုက်ထိုက်တန်တန်ရသွားတဲ့ india အလှမယ်။
26/10/2024

MGI ရဲ့ winner ကို ထိုက်ထိုက်တန်တန်ရသွားတဲ့ india အလှမယ်။

Respect from Myanmar 🥰🥰🥰Love from Myanmar 😘😘😘
21/10/2024

Respect from Myanmar 🥰🥰🥰
Love from Myanmar 😘😘😘

ဟိုမယ်....တက်လာပြန်ပြီ NFမှာ😑
21/10/2024

ဟိုမယ်....တက်လာပြန်ပြီ NFမှာ😑

ရာသီဥတုက ပူတယ်နော်ကိုကျော်၀ဏ္ဏ စားလေ...... ခြေဖ၀ါးးကြီးနော်😅
21/10/2024

ရာသီဥတုက ပူတယ်နော်
ကိုကျော်၀ဏ္ဏ စားလေ...... ခြေဖ၀ါးးကြီးနော်😅

ဘယ်သူက ပိုမြန်ပြီး ပိုခရီးရောက်မလဲ ၈၅%ဟာ အဖြေမှန်ကို မဖြေနိုင်ပါဘူး😐
19/10/2024

ဘယ်သူက ပိုမြန်ပြီး ပိုခရီးရောက်မလဲ
၈၅%ဟာ အဖြေမှန်ကို မဖြေနိုင်ပါဘူး😐

17/10/2024

ဒီနှစ်လည်း လွဲသွားပါပြီ☹️🙁

29ရတနာဆိုင် သိစေရန်29ရတနာဆိုင်ဘက်က ဘယ်လိုဖြေရှင်းမယ်ဆိုတာ မသိသေးဘူး.. ပို့စ်တင်တာလဲ မတွေ့သေးဘူး.. စောင့်ကြည့်နေတယ်.. သူတ...
22/09/2024

29ရတနာဆိုင် သိစေရန်

29ရတနာဆိုင်ဘက်က ဘယ်လိုဖြေရှင်းမယ်ဆိုတာ
မသိသေးဘူး.. ပို့စ်တင်တာလဲ မတွေ့သေးဘူး..
စောင့်ကြည့်နေတယ်..

သူတို့ဘက် ဘယ်လိုလုပ်မယ် မသိသေးခင် ကျွန်တော်တို့
တလရ အင်အားစုတချို့ ဘက်က ဘယ်လိုဖြေရှင်းမယ်ဆိုတာ
ကြိုပြောထားပါမယ်..👈

29ရတနာဆိုင်ရဲ့ ၀န်ထမ်းတွေပေါ် ခေါင်းပုံဖြတ် ၊
နှိပ်စက်၊ ချနင်း ယုတ်မာခဲ့တဲ့ကိစ္စတွေက တော်တော်ကြီးကို
ဆိုး၀ါးတယ်.. အလုပ်သမားဥပဒေ ၊ ယုံကြည့်စွာ
အပ်နှံခြင်းပုဒ်မ ကို လက်တလုံးခြား လုပ်ပြီး
၀န်ထမ်းတွေ ထောင်ချပစ်တာတွေက ရက်စက်လွန်းတယ်..
သက်သေအထောက်အထားတွေလဲ ဆက်စပ်စုံသလောက်ရှိပြီ..

ငွေများတရားနိုင် တစ်ဖက်သက်လုပ်ခဲ့လို့ ဘ၀ပျက်သွားတဲ့
၀န်ထမ်းတွေ မနည်းဘူး.. ၀န်ထမ်းတွေအတွက် တရားမျှတမှု
(ရဲနဲ့ တရားစီရင်ရေးကိုလဲ နစ်နာသူ ၀န်ထမ်းတွေက
အယုံအကြည် မရှိဘူး)..

ဒီတော့ ဘယ်လိုဖြေရှင်းမယ်ဆိုတာ ပြောပါမယ်..

Fair or Unfair Rule သွားမယ်..

အခုကိစ္စမှာ 29ရတနာဆိုင်အနေနဲ့ မတရားခံရတဲ့၀န်ထမ်းတွေ
၂နှစ်ကြာ အင်းစိန်ထောင်မှာ အချုပ်ခံနေရတဲ့
( ပန်းတိမ်ဆရာ ၁၂ + မိန်းကလေး ၁ ) ၀န်ထမ်းတွေ ၊
လျှော်ကြေး သိန်းဆယ်ဂဏန်းကနေ သိန်းထောင်ချီ နဲ့
ခြေချုပ်ခံထားရတဲ့ ၀န်ထမ်းတွေ ဒီလူတွေအတွက်

ခေတ်ပျက်မှာ ကောင်းတဲ့နည်းလမ်းနဲ့ စီရင်မရဘူးဆိုတာ
ငါတို့သိတယ်..

Fair - မျှတတဲ့နည်းနဲ့ သွားမလား..
Unfair - မမျှတတဲ့နည်းနဲ့ သွားမလား..

မင်းတို့ မျှတတဲ့နည်းကို သုံးရင်
ငါတို့လဲ မျှတတဲ့နည်းကို သုံးမယ်..
အကယ်၍ မင်းတို့က မမျှတဘူး ယုတ်မာတဲ့နည်းကို သုံးရင်
ငါတို့လဲ မင်းတို့အပေါ် မမျှတတဲ့နည်း ကို သုံးမယ်..

ကြိုက်တဲ့ နည်းလမ်းနှစ်ခုစလုံး ရတယ်..

တရားမျှတမှု.. "ရရင်ရ ၊ မရရင်ချ " ဆိုတဲ့ စကားရှိတယ်..

မင်းတို့လဲ မင်းတို့နိုင်ရာ မတရားသဖြင့်နည်းကို ရွေးရင်
ငါတို့လဲ ငါတို့နိုင်ရာ နည်းကို ရွေးမယ်..

(၁) မျှတတဲ့နည်းဆိုတာ လက်ရှိ ထုတ်ဖော်ဖွင့်ပြောလာတဲ့
၀န်ထမ်းတွေနဲ့ သူတို့မိသားစုတွေ ၊ ဆက်နွယ်သူတွေ
ကို ဘာမှမလုပ်ရဘူး.. ဘေးကင်းဖို့ တာ၀န်ယူရမယ်..

(၂) သူတို့ကို လွတ်လပ်စွာပြောဆိုခွင့်ပေးရမယ်..
သူတို့ပြောတာတွေကို မင်းတို့ဘက်က ဖြေရှင်း ၊ ရှင်းပြရမယ်..

(၃) ပြည်သူတွေကို နားထောင်ခွင့်ပေးရမယ်..
ပြည်သူတွေ ဆုံးဖြတ်ပါစေ..

(၄) မင်းတို့ဘက်က ၀န်ထမ်းတွေအပေါ် ချုပ်ထားတဲ့
စာချုပ်စာတမ်း ၊ အမှုအခင်းတွေကိုချပြရမယ်..

(၅) (ရဲ ၊ စရဖ ၊ စစစ လိုက်ဖမ်းနေတယ်)
အဖမ်းအဆီးရှိတယ်လို့ သတင်း ကြားတာနဲ့ ၊
၀န်ထမ်းတွေနဲ့ ဆက်စပ်သူ တစ်ဦးဦး အဖမ်းခံရတာနဲ့
ပျက်ပြယ်တယ်..) ဖမ်းဖို့ ကြံစည်နေရင် ရပ်လိုက်ပါ..

ရဲ ၊ စရဖ ၊ စစစ အင်အားသုံးပြီး ဖမ်းတဲ့
သတင်းကြားရင် "စကစထောက်တိုင် "လို့ မှတ်ယူမယ်..
တစ်ခုခု ဖြစ်သွားစေရမယ်လို့ ကတိပေးတယ်..

ချွင်းချက်အနေနဲ့ ယခုအချိန်ထိ
"29ရတနာဆိုင်လုပ်ငန်း ကို စကစနဲ့
ဆက်နွယ်တယ်လို့ စွဲချက်မတင်သေးဘူး.."

မျှတတဲ့နည်း ပျက်ပြယ်ရင် မမျှတတဲ့နည်းနဲ့ တုံ့ပြန်မယ်..

29ရတနာဆိုင်ဘက်က အမြန်ဆုံး စဥ်းစားပါ..
အခု ဖြေရှင်းတဲ့အပေါ် မူတည်တယ်..
ဘယ်လိုတာ၀န်ယူ ဖြေရှင်းပါမယ်ဆိုတာ ထည့်ပြောရမယ်..

ဒါက ဘာပဲဖြစ်ဖြစ်လာ ဖြေရှင်းဖို့ ကြိုပြောထားတာ..
စကားအကုန်ပဲ..
မူရင်းPOST👇👇👇
https://www.facebook.com/share/p/grtBBnxLzwWYinPH/?mibextid=qi2Omg

အွန်လိုင်းမှာ Hotနေတဲ့  29ရတနာဆိုင်ရဲ့ မတရားမှုတွေ အမှန်တကယ် ဖြစ်ပါတယ်..(ကာယကံရှင်တွေရဲ့ နာမည်နဲ့ အချက်အလက်မပေါက်ကြားဖို...
22/09/2024

အွန်လိုင်းမှာ Hotနေတဲ့ 29ရတနာဆိုင်ရဲ့ မတရားမှုတွေ
အမှန်တကယ် ဖြစ်ပါတယ်..

(ကာယကံရှင်တွေရဲ့ နာမည်နဲ့ အချက်အလက်
မပေါက်ကြားဖို့ တာ၀န်ယူပါတယ်..)

ထောင်ကျခဲ့ရသူ ၊ အမှုဆင်ခံခဲ့ရသူ နစ်နာခဲ့ရတဲ့
ကာယကံရှင်၀န်ထမ်းတချို့ နဲ့ အဆက်အသွယ်ရပြီး
သူတို့ကိုယ်တိုင်ပြောတာ သိရပါတယ်..

လက်ရှိဖြစ်နေတဲ့ အမှုတွေအပြင် အင်းစိန်ထောင်မှာ
လနဲ့ချီ အချုပ်ကျနေတဲ့ ၀န်ထမ်းတွေအကြောင်းလဲ ပါပါတယ်..
ထပ်ပြီး သိရတဲ့ အရှုပ်ထုပ်တွေလဲ ရှိတယ်..

*ဆိုင်က အရှုပ်ထုပ်တွေ ပေါက်ကြားရင်
ပုဒ် ၄၀၈ နဲ့ လာဆွဲပြီးထောင်ချတဲ့ကိစ္စ..

*အဆိုပြိုင်ပွဲ၀င်တဲ့ ၀န်ထမ်းတွေကို အတင်း
အကျပ် နှစ်ရှည်စာချုပ်ချုပ်ခိုင်းတဲ့ကိစ္စ..

* ကားကံစမ်းမဲကို ကိုယ့်လူချင်း လက်၀ါးချင်းရိုက်
စာချုပ်စာတမ်းနဲ့ နားလည်ပါးရိုက် ဖန်တီးတဲ့ကိစ္စ..

*ဘောနပ်ပေးတဲ့အခါတိုင်း ၃နှစ်စာချုပ်ချုပ်ခိုင်းပြီး
ထွက်ခဲ့ရင် စာချုပ်ရဲ့ ၃ဆကနေ ၁၀ဆအထိ
ပြန်လျှော်ခိုင်းတဲ့ကိစ္စ..

*၀န်ထမ်းတွေကို ညနက်အောင် ခိုင်းပြီးအပြန်
Ferry မစီစဥ်ပေးပဲ ကြုံတဲ့နေရာမှာ ထားပစ်ခဲ့တဲ့ကိစ္စ..

*အကြောင်းပြချက်အမျိုးမျိုးနဲ့ လစာဖြတ်တာ ၊
အချိန်လွန်အလုပ်လုပ်ခိုင်းပြီး OT ကြေးမရတာ ၊
လစာ မုန့်ဖိုးပဲဖိုးပဲပေးတာ

*Live လွှင့်ပြောတဲ့၀န်ထမ်းဟောင်းကို သူနေအိမ်ထိ
ချက်ချင်း ရဲနဲ့ သွားဖမ်းခိုင်းတဲ့ကိစ္စ..

*မတရားလျော်ကြေးပေးရတာတောင် စံနမူနာဖြစ်အောင်
၀န်ထမ်းကို ထောင်ချပစ်တဲ့ကိစ္စ..

*အိမ်နေ ၀န်ထမ်းတွေကို ဖြစ်သလိုကျွေး ၊ ဖြစ်သလိုနေ
ထားတဲ့အပြင် ဆိုင်ရှင်လင်မယားအိမ်ကိစ္စအ၀၀ကိုလဲ
လုပ်ပေးရတာ.. အပြစ်လုပ်မိရင်လဲ ပရောဂျက်တာနဲ့ထိုးပြီး
အားလုံး စီတန်းအရှက်ခွဲတဲ့ကိစ္စ..

*ထွက်သွားတဲ့၀န်ထမ်းတွေရဲ့ပုံတွေကို အပေါ်ထပ်
ရုံးခန်းမှာ တရားခံတွေလို စီတန်းကပ်ထားတယ်ဆိုတဲ့ကိစ္စ..

*၀န်ထမ်းတွေကို Customer ရှေ့မှာ
ကိုယ်ထိလက်ရောက် ပါးရိုက်ဆုံးမတယ်ဆိုတဲ့ကိစ္စ..

*အမှုအခင်းဖြစ်ပြီးခဲ့တဲ့၀န်ထမ်းဟောင်းတွေကို
နောက်ကြောင်းလိုက်တဲ့ကိစ္စ..

*ပန်းတိမ်ဆရာတစ်အုပ်စုလုံးကို ပစ္စည်းပျောက်မှုနဲ့
အမှုဆင် ထောင်ချတဲ့အရှုပ်အထွေး..

ကြားရတာ စိတ်မသက်သာစရာ
အရှုပ်အထွေးတွေ အများကြီးပါပဲ..
အွန်လိုင်းမှာ ကြွယ်ပြထားတာတွေနဲ့
ပြောင်းပြန်ပါပဲ..

တာမွေရဲစခန်းမှာ 29ရတနာဆိုင်က
ခေါင်းစဥ်အမျိုးမျိုးနဲ့ ပုဒ်မ အမှုတွေတပ်ပြီး
ဆွဲခံထားရတဲ့ ၊ ဖမ်းဆီးခံထားရတဲ့ ၀န်ထမ်းတွေ
များတယ်ဆိုတာလဲ ဟုတ်ပါတယ်..

အဆိုး၀ါးဆုံးကိစ္စကတော့ ...
ဆိုင်နဲ့ ဘာအရေးအကြောင်းကိစ္စပဲ ငြိငြိ
ပုဒ်မ ၄၀၈ တပ်ပြီး ရဲနဲ့စောင့်ဖမ်းပြီး
ချက်ချင်းဖမ်းဆီး ၊ ထောင်ချခိုင်းတဲ့အကြောင်းတွေပါပဲ..

ပုဒ်မ ၄၀၈ ဆိုတာ ၀န်ထမ်းကနေ ယုံကြည်စွာအပ်နှံမှုကို
ဖောက်ဖျက်ခြင်း ၊ အလွဲသုံးစားလုပ်ခြင်း ကိုဆိုလိုပါတယ်..
(၀န်ထမ်းကို သူခိုးလို့ ပြောလိုက်တာနဲ့အတူတူပါပဲ)..

ပုဒ်မ ၄၀၈ အရ ချက်ချင်းဖမ်းဆီး ချုပ်နှောင်ရပါမယ်..
အာမခံပေးခွင့်မရှိ ၊ ကျေအေးခွင့်မရှိလို့ ပြဌာန်းထားပါတယ်..
ဆိုင်ဘက်က ၀န်ထမ်းတွေအပေါ် အပြင်းထန်ဆုံး
လုပ်ချလိုက်တယ်လို့ မြင်ပါတယ်.. ရက်စက်လွန်းပါတယ်..

ပိုဒ်မ ၄၀၈ နဲ့ အမှုဆင်တဲ့နည်းက ဆိုး၀ါးတယ်..

"အခမ်းအနားကြီးလုပ်ပြီး ပြည်သူတွေရှေ့မှာ
ဘောနပ်ပေးထားပေမဲ့ ၀န်ထမ်း အလုပ်က
ထွက်တဲ့အခါ အဲဒီငွေတွေက လုပ်ငန်းအတွက်
ယုံကြည်စွာ အပ်နှံထားတဲ့ငွေဖြစ်တယ်လို့
သတ်မှတ်ပြီး ပုဒ်မ ၄၀၈ နဲ့ ဆွဲတာပါ" တဲ့..

ဆိုင်ဘက်ကနေ ၀န်ထမ်းတွေအပေါ်
တစ်ခုခုကောင်းပေးတယ်ဆိုတာနဲ့
စာချုပ်တစ်ခုနဲ့ ချုပ်ထားပြီးသားလို့ ပြောတာလဲ
မှန်ပါတယ်..တချို့ အကြီးပိုင်း၀န်ထမ်းတွေဆို
၈နှစ် ၊ ၁၀နှစ် ၊ ၁၅နှစ်အထိ
စာချုပ်ချုပ်ခံထားတယ်လို့ ကြားရပါတယ်..

အညာဘက်က လာတဲ့၀န်ထမ်းတွေ များပါတယ်..
ခေါင်းပုံဖြတ်ခံနေရပေမဲ့ ၀န်ထမ်းတွေက
စာချုပ်ကိုကြောက်ပြီး အောင့်အီးသည်းခံပြီး
လုပ်နေကြရပါတယ်လို့ကြားပါတယ်..

စာချုပ်ဆိုတိုင်း ကြောက်စရာမလိုဘူး
လို့ ပြောခဲ့သလိုပါပဲ.. တရားမ၀င်စာချုပ်ဖြစ်လို့
ဘောင်မ၀င်ပါဘူး.. ဒီစာချုပ်ချုပ်တဲ့အချိန်မှာ ရှေ့နေလဲ မရှိ ၊
မိတ္တယူလို့မရသလို ၊ ပုံရိုက်ခွင့်လဲမရှိပါဘူးတဲ့ ..

လုပ်ငန်းသဘောအရ အတော်ကို ဘောင်ကျော်နေပါပြီ..
စာချုပ်ချုပ်တဲ့ကိစ္စက လုပ်ငန်းတွေမှာ ရှိပေမဲ့
ထောင်ချဖို့အထိ မဖြစ်သင့်ပါ..

ဒီကိစ္စတွေကို ဆိုင်ရှင် မသိစရာအကြောင်း လုံး၀မရှိပါ..
ဆိုင်ရှင်ကိုယ်တိုင်က လုပ်တဲ့အမှုကိစ္စတွေလဲ ပါပါတယ်..

(ဆိုင်ရှင်အကြောင်းတွေ ၊ Persoanl အကြောင်းတွေ
ပြောပေမဲ့ ဖြစ်နေတဲ့ကိစ္စနဲ့ မဆိုင်လို့ ချန်ထားခဲ့ပါတယ်..)

ဖြစ်နေတဲ့ပြဿနာက
ပြည်သူတွေကိုတော့ "29ရတနာဆိုင်က ၀န်ထမ်းတွေအပေါ်
ဘယ်လို Support ပေးတယ်"လို့ ပုံရိပ်တွေ ဖန်တီးထားပြီး
၀န်ထမ်းတွေပေါ်မှာ အမျိုးမျိုး ခေါင်းပုံဖြတ် ဖိနင်းနေတဲ့
အဖြစ်ပါ..

(ဆွေမျိုး အသိုင်းအ၀ိုင်း ၊ ရှယ်ယာပါ၀င်မှု တွေနဲ့
စကစနဲ့နွယ်နေတဲ့ နောက်ကြောင်းကလဲ ရှိကိုရှိနေတဲ့
အနေအထားမျိုး တွေ့ရပါတယ်.. ဒါကိုတော့
သီးသန့်ထပ်ပြောပါမယ်..)

၀န်ထမ်းတွေအပေါ် မတော်တရားလုပ်တဲ့ကိစ္စ
စကစလက်အောက်ခံ ရဲ နဲ့ တရားခံဖမ်းသလို
ထောင်ဖမ်းတဲ့ကိစ္စ ၊ မတော်မတရားအမှုဆင်တဲ့ကိစ္စတွေက
တလရအဖွဲ့အင်အားစုအချို့နဲ့ တွေ့မှာပါ..

တလရဘက်က ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
တော်ရုံ လုပ်ငန်းရှင်က ရဲနဲ့ပေါင်းပြီး အမှုဆင်တဲ့ကိစ္စမျိုး
မလုပ်ကြပါဘူး..

အမှု ရာကျော်ဖြစ်တာတစ်ကြောင်း ၊
သူတို့ စိတ်ရှိသလို ချက်ချင်းဖမ်းပေးတာတစ်ကြောင်း
ပြည်သူတွေ ပြောသလို သွေးရိုးသားရိုမဟုတ်တာ
တစ်ခုခုပါပဲ..

(ရပ်ကွက်ထဲမှာ လူသ-တ်မှု ၊ မု-ဒိန်းမှုဖြစ်လို့တိုင်ရင်
ဒီရဲတွေ မလာကြပါ..)

(ရဲနဲ့ပေါင်းပြီး ငွေများတရားနိုင် ၊ ယုတ်မာတာ
နိုင်ထက်စီးနင်းလုပ်တာ လက်သင့်ခံမှာမဟုတ်ပါဘူး..
စောင့်ကြည့်နေကြပါတယ်)

"ညီတို့ ၊ ညီမတို့ထုတ်ဖော်ပြောသူတွေကို
ဖမ်းဆီးထောင်ချတာ ၊ ကိုယ်လက်အင်္ဂါ
ထိခိုက်ချို့ယွင်းအောင်လုပ်တာ ၊
အသက်အန္တရာယ် ခြိမ်းခြောက်တာ ရှိရင်
သူတို့လဲ မလွယ်ဘူး ဆိုတာ ပြောရဲတယ်.."
တစ်ခုခုဆိုလဲ ပြောပါ ၊ တစ်ခုခုဖြစ်သွားရင်လဲ
လာပြောကြပါ..

မျက်နှာဖုံးတွေနဲ့ ပြည်သူတွေကို
လိမ်ညာခဲ့တာပဲလို့ မြင်တယ်..

အခု ပြည်သူတွေ အာရုံစိုက်နေပါတယ်..👈

အလုပ်သမားဥပဒေရေးရာအရ ကူညီပေးမဲ့
အဖွဲ့တွေလဲ ရှိနေကြပါတယ်..

ပြည်သူတွေ အာရုံစိုက် ၀န်းရံနေတဲ့အချိန်မှာ
မတရားခံရပြီး နစ်နာခဲ့ရတာတွေကို
အကာအကွယ်ပေးမဲ့သူတွေ ၊ တုံ့ပြန့်ပေးမဲ့သူတွေလဲ
ရှိတာမို့ ရဲရဲ၀ံ၀ံသာ ပြောပါ..

လွတ်လပ်တဲ့နေရာမရောက်သေးရင်လဲ
အကောင့်တုနဲ့ နာမည်၀ှက်နဲ့
ပြည်သူတွေသိအောင် ပြောကြပါ..

၀◌န်ထမ်းဟောင်းတွေ စုပြီးပြောကြလို့သာ
ပြည်သူတွေကြားရတာပါ..

မတရားခံခဲ့ရတဲ့ ၀န်ထမ်းတွေ ထုတ်ဖော်
ပြောဆိုသင့်ပါတယ်..
မူရင်းpost👇👇👇
https://m.facebook.com/story.php?story_fbid=8224309030991770&id=100002382638369&mibextid=ZbWKwL

29ရတနာဆိုင်က ၀န်ထမ်းဟောင်းတွေ ပြောပြတဲ့အမှုအခင်းကိစ္စ အတော်ကို Hot နေတယ်.. *စာချုပ်မပြည့်သေးပဲ ထွက်တဲ့၀န်ထမ်းတွေကို အမှု...
22/09/2024

29ရတနာဆိုင်က ၀န်ထမ်းဟောင်းတွေ ပြောပြတဲ့
အမှုအခင်းကိစ္စ အတော်ကို Hot နေတယ်..

*စာချုပ်မပြည့်သေးပဲ ထွက်တဲ့၀န်ထမ်းတွေကို အမှုဖွင့်ပြီး
ထောင်ချထားတယ်ဆိုတဲ့ကိစ္စ ၊

*Live Sale လုပ်တဲ့သူတွေ ၃နှစ်မပြည့်ပဲ အလုပ်ထွက်ရင်
လျှော်ကြေးဖြစ်စေ ၊ ထောင်ကျခံပြီးဖြစ်စေ ကျခံပါမယ်ဆိုပြီး
လက်မှတ်ထိုးခိုင်းတဲ့ကိစ္စ..

*တရားစွဲထောင်ချထားတဲ့ ၀န်ထမ်း ၂၀ ၊ ၀န်ထမ်းတွေကို
တာမွေရဲစခန်းမှာ တရားစွဲထားတဲ့ အမှု ရာကျော် ကိစ္စ..

*ထွက်မဲ့၀န်ထမ်းတွေကို ရွှေလိမ်တဲ့ကိစ္စနဲ့ တရားစွဲထားတဲ့ကိစ္စ၊
ပန်းတိမ်ဆရာတွေနဲ့ ရွှေခိုးတယ်ဆိုပြီး စွဲထားတဲ့အမှုကိစ္စ..

ဖတ်ကြည့်သလောက် ၀န်ထမ်းတွေ တော်တော်ကို
ပင်ပန်းဆင်းရဲပြီး အလွန်အကျွံအလုပ်ခိုင်းတာလို့ ဖတ်ရတယ်..

ထမင်းစားချိန်မပေးတာ ၊ ညမအိပ်ရတာ ၊ တစ်နေကုန်
Live လွှင့်ခိုင်းတာ ၊ OT ဆက်တိုက်ဆင်းခိုင်းပြီး
OT ကြေးမပေးတာ ၊စာချုပ်နဲ့ကိုင်ပြီး လစာဖြတ်တာ ၊
စလျှောက်တဲ့၀◌န်ထမ်းတွေကို သိန်းချီတဲ့ပိုက်ဆံစပေါ်
တင်ခိုင်းတာ ၊ ပိုက်ဆံ ခုနှိမ်တာ ခေါင်းပုံဖြတ်တာတွေလဲ
ပါတယ်..ပင်ပန်းကြီးစွာ အလုပ်လုပ်ရလို့ စိတ်လွတ်သွားတဲ့
၀န်ထမ်းတွေလဲ ရှိတယ်လို့ ကြားရပါတယ်..

(ကျွန်တော်နားလည်မိသလောက် ၃နှစ်မပြည့်ပဲ
ထွက်ရင် လျှော်ရမယ်တို့ ၊ ထောင်ကျခံရမယ်တို့ဆိုတာ
အလုပ်သမားဥပဒေနဲ့မညီဘူး.. တဖက်စောင်းနင်း
စာချုပ်ချုပ်မှပဲ ရမယ် ..

ဒီကိစ္စတွေက အမှန်ပဲလား သံသယရှိတယ်..
ခေတ်ပျက်ထဲမှာ မတရားစာချုပ်ချုပ်ပြီး စကစလက်အောက်က
ရဲနဲ့ပေါင်းဖမ်းခိုင်းရလောက်အောင် လုပ်တာလဲ?..

အောက်မှာ မန့်ထားတဲ့ မန့်တွေအရ ဆိုင်နဲ့ပတ်သက်ဖူးလို့
ပြောပြတဲ့သူတွေ ရာနဲ့ချီမယ်.. ၀န်ထမ်းဟောင်းတွေ ၊
၀န်ထမ်းမိသားစုတွေ ၊ ၀န်ထမ်းသူငယ်ချင်းတွေပါတယ်
အကောင့်တုတွေ မဟုတ်ဘူး..

နာမည်ဖျက်ချင်ရုံ ၊ စီးပွားပျက်ရုံ လုပ်တဲ့သဘောမျိုး မဟုတ်ဘူး..
ပြောပြတဲ့သူ တော်တော်များနေတာ တစ်ချက်..

ဒါဆို "၀န်ထမ်းတွေကို မြေတောင်မြောက်ပေးတယ်တို့"
"၀န်ထမ်းနွဲပျော် အဆိုပွဲတော်တို့" ဆိုတာ လိမ်တာလား??..
"၀န်ထမ်းတွေကို Support ပေးတယ်"လို့
ကြော်ငြာနေတာတွေက
Public Scamming လုပ်နေတာလား??..

လူထုကို လိမ်ညာနေတဲ့သဘော ဖြစ်နေတယ်..
ပြည်သူတွေ စောင့်ကြည့်ဖို့လိုမယ်..

အဆိုးဆုံးတစ်ချက်က ၀န်ထမ်းတချို့ကို တရားခံဖမ်းသလို
ရဲနဲ့ပေါင်းပြီးစောင့်ဖမ်းတာပါတဲ့..
အဲ့တစ်ချက် အတော်သဘောမကျပါ..ပြောပြတဲ့အထဲက
တစ်ချက်ကိုတော့ စောင့်ကြည့် သံသယအနေနဲ့ပဲ ထားပါမယ်..

"အဲဒါက စကစတပ်ဖွဲ့၀င်တစ်ဦးနဲ့ မိသားစုဖြစ်နေတယ်ဆိုတာပါ"
ဇာတိ ၊ မိသားစုအကြောင်းတွေပါ မန့်ထဲမှာ တွေ့ပါတယ်..
မသေချာသေးတဲ့အတွက် မပြောလိုသေးပါ..

အခု ထုတ်ဖော်ပြောနေတဲ့ Public တင်လိုက်တဲ့ ၀န်ထမ်းနဲ့
၀န်ထမ်းဟောင်းတွေထဲက တစ်ဦးဦးကို လိုင်းပေါ်မှာဖွင့်ချလို့
တရားစွဲခဲ့မယ်ဆိုရင် ပြည်သူတွေ ကာကွယ်ပေးဖို့လိုမယ်..

(အဲဒီထဲမှာ ၀ိုင်းသတိပေးနေတဲ့သူတွေ အများကြီးပဲ)
(ငွေများတရားနိုင်မို့ ခံလိုက်ရတဲ့သူတွေလဲ မတတ်နိုင်ဘူးလို့
ပြောထားတာတွေလဲ တွေ့ပါတယ်.. စာချုပ်ဆိုတာ ဘယ်လိုပဲချုပ်ချုပ်
ဥပဒေနဲ့ မညီတဲ့စာချုပ်တွေကအလိုအလျောက်ပျက်ပျယ်ပါတယ်..)

တရားမျှတမှုအတွက် ရဲကို အားကိုးလို့မရဘူး လို့ မန့်တွေထဲမှာ
၀န်ထမ်းအချင်းချင်း ပြောထားတာတွေ့ပါတယ်..PDF တွေကို
အကူအညီတောင်းထားတာလဲ တွေ့တယ်..

(အဲ့ဒီ၀န်ထမ်းတွေကို စကစရဲနဲ့ ထောင်ဖမ်းတာ ၊
ထောင်ချတာ ၊ ကိုယ်လက်အင်္ဂါ ထိခိုက်အောင်လုပ်တာ ၊
အသက်အန္တရာယ်ပြုတာ.. ဒီလိုတွေ ဖြစ်လာရင်..

29 ရတနာဆိုင်အတွက် နောက်ဆက်တွဲဆိုးကျိုးတွေ
ရှိ ကို ရှိလာမယ်.. စကစလက်အောက်က ရဲအားကိုးပြီး
၀န်ထမ်းတွေကို အနိုင်ကျင့်တယ်လို့ ယူဆတဲ့အတွက်
တလရအင်အားစုတချို့ နဲ့ တွေ့ရလိမ့်မယ်.. )

တချို့တွေလဲ စောင့်ကြည့်နေကြမှာပါ..

မူရင်းpost 👇👇👇
https://www.facebook.com/share/p/SNcNG2WW7SDPgbgs/?mibextid=qi2Omg

29ရတနာဆိုင်ထဲက စစ်ကြောရေးအခန်းအဲဒီအခန်းက ဦးချစ်မောင်လမ်း ၊ တာမွေကုန်းတံတားဘေးက 29ရတနာဆိုင်အမှတ် ၂ (အရင်ရုံးအဟောင်း) မှာ...
22/09/2024

29ရတနာဆိုင်ထဲက စစ်ကြောရေးအခန်း

အဲဒီအခန်းက ဦးချစ်မောင်လမ်း ၊
တာမွေကုန်းတံတားဘေးက 29ရတနာဆိုင်အမှတ် ၂
(အရင်ရုံးအဟောင်း) မှာရှိတယ်..

"Sapphire Room" လို့ ခေါ်တယ်..
အသံမထွက်တတ်တဲ့ ၀န်ထမ်းကလေးတွေက
"Square Room" ဆိုပြီး သိကြတယ်..

29ရတနာဆိုင်မှာ အလုပ်လုပ်ဖူးသူတိုင်း
အဲဒီအခန်းအကြောင်း သိတယ်..
သွားရမှာ ကြောက်ကြတယ်..

အဲဒီအခန်းကို ၀န်ထမ်းတွေကို စစ်ဆေးဖို့
အတွက် သုံးတယ်.. မန်နေဂျာတစ်ယောက်က
စစ်ဆေးရပြီး အခြားမန်နေဂျာတစ်ယောက် ဇင်လေး ဆိုသူ
(သို့မဟုတ်) (HR အကြီးဆုံး မသီရီ) နဲ့
ဒါရိုက်တာ M.D ဖြစ်သူ မအိအိဖြိုး (
၀န်ထမ်းကို ကိုယ်ထိလက်ရောက် သွေးထွက်သံယို
ဖြစ်သည့်အထိ နှိပ်စက်ညှင်းပန်းသူ ) ၊ မိုးမိုးဆွေ တို့က
အပြင်ကနေ CCTV နဲ့ စောင့်ကြည့်နားထောင်တယ်..

အိအိဖြိုးဆိုသူက မိုမို့ဆွေနဲ့ ညီမတော်စပ်သူ ဖြစ်တယ်..
(ဆိုင်ရဲ့ ချုပ်ကိုင် နိုင်တဲ့ ရာထူးအားလုံး အမျိုးတွေ
ချည်းပဲ ဆိုတာလဲ မှန်ကန်ပါတယ်.. အမျိုးစပ်ပြီး
ချပြပါမယ်..)

စစ်ဆေးတဲ့မန်နေဂျာက ညင်ညင်သာသာစစ်တာ ၊
ခြိမ်းလားခြောက်လား မလုပ်ရင် အဲဒီမန်နေဂျာကို ခေါ်
ဆူပါတယ်..

အလုပ်ခွင်ထဲမှာ မသင်္ကာလို့ ခေါ်စစ်ခံရသူ ၊
သူတို့နဲ့ ဆက်ဆံရေး အဆင်မပြေသူ ၊
မျက်မုန်းကျိုးခံသူ ၊ ခိုးယူပါတယ်လို့ စွပ်စွဲခံရသူ ၊
၀န်ထမ်းတွေ မကြာခဏ ခံရလေ့ရှိတယ်..

သူတို့စိတ်တိုင်းကျတဲ့အဖြေမရမချင်း
အခန်းထဲ ပိတ်လှောင်ထားပြီး CCTV နဲ့
အပြင်က တောက်လျှောက် စောင့်ကြည့်တယ်..
တစ်ခါစစ်ဆေးရင် အိမ်ပြန်မလွှတ်ပဲ
၂ရက် -၃ရက် အဲဒီအခန်းထဲမှာ အပိတ်ခံထားရတယ်..

အိမ်က ဖုန်းဆက်လာရင်လဲ "အစည်းအ‌ေ၀◌းရှိလို့ ၊
အလုပ်များလို့" အကြောင်းပြလေ့ရှိတယ်..
တချို့၀န်ထမ်းတွေဆိုရင် အစာနဲ့ရေဖြတ်ခံထားရတဲ့
အထိ ဆိုးတယ်လို့ ပြောတယ်..

(ဘယ်ဥပေဒအရပဲ ကြည့်ကြည့်
ဒီကိစ္စက ရာဇ၀တ်မှု မြောက်တယ်..)

(ဒီလို နှိပ်စက် ပိတ်လှောင်ခံထားရတဲ့ ၀န်ထမ်းတွေက
စိတ်မလွတ်ပဲ နေနိုင်မလားဗျာ.. ဘယ်လောက်
ပင်ပန်းကြီးစွာ အလုပ်လုပ်နေရမလဲ.. )

(နှိပ်စက်ခံထားရတဲ့ ၀န်ထမ်းတွေ ထွက်မရတဲ့အကြောင်းက
ဘ၀ပျက်နိုင်တဲ့ငွေပမာဏာကို လျော်ကြေးအနေနဲ့
စာချုပ်အရ ပေးရမှာမို့ပါ.. အသေးစိတ်ရေးပါမယ်..)

မနေ့ည ၉နာရီကျော်ကနေ မနက် ၁၁ နာရီအထိ
နစ်နာသူ ၀န်ထမ်းတွေကို မေးမြန်း ၊ အချက်အလက်တွေ
တိုက်ဆိုင် စစ်ဆေးနေတာပါ.. အခု ညနေ ၅နာရီ
ကနေ အခုထိ မပြီးသေးပါဘူး .. တောက်လျှောက်ပြောနေတာပါ..

ဆက်သွယ်ကြတဲ့ နစ်နာသူ‌ ၀န်ထမ်း အယောက်၂၀နီးပါးရှိပါတယ်.. ရာထူးအကြီးပိုင်း တာ၀န်ယူခဲ့သူ ၊ ရာထူးငယ် အဆင့်ဆင့် ရှိသူတွေ ပါတယ်.. ဖြစ်တဲ့အရေးအကြောင်းကိစ္စတွေကို ချက်ကျလက်ကျ
သိတဲ့သူတွေ ပါတယ်.. စာရွက်စာတမ်း
ထုတ်ပြနိုင်သူတွေပါတယ်..

အချက်အလက်သေချာဖို့အတွက် ..
တစ်ယောက်ချင်းစီကို အလှည့်ကျ မေးခွန်းမေးတာ၊
တစ်ယောက်အဖြေကို တစ်ယောက်ကို မေးတာ ၊
ရုတ်တရက် မဆိုင်တဲ့မေးခွန်းတစ်ခုကို ဖြတ်မေးတာ ၊
မေးပြီးသားမေးခွန်းကို တခြားကိစ္စမေးနေတုန်း
၂-၃ကြိမ် ကျော့ပြီးမေးတာ ၊ အဓိကအကြောင်းအရာကို
မှန်ကန်ကြောင်း သေသေချာချာတိုက်စစ်ပါတယ်..

သူတို့ကို မေးတဲ့ သတင်းက ဘယ်ကလာမှန်း သူတို့မသိပါဘူး ..
သူတို့သိထားတာကိုပဲ ဟုတ်တယ် မဟုတ်ဘူး..
ဘာကြောင့် ဘယ်လိုဆိုတာ ဖြေပေးပါတယ် ..

ကျူးလွန်သူတွေရဲ့နာမည်သေချာမသိတာကလွဲရင်
အကြောင်းအရာ အဖြေက အတူတူပါပဲ...
ဖြေတဲ့မေးခွန်းတွေက စိတ်ခံစားချက်ကို ဦးစားပေးဖြေတာ
မဟုတ်ပဲ ပုံမှန်တည်တည်ငြိမ်ငြိမ်ဖြေနိုင်တာ ချီးကျူးတယ်..

ပြောပြသူတွေက အကောင့်အစစ်နဲ့ လာပြောကြတာ များတယ်..
(ကာယကံရှင်တွေရဲ့ ကိုယ်ရေးအချက်တွေ
မပေါက်ကြားဖို့ တာ၀န်ယူပါတယ် )

၀န်ထမ်းတွေစိတ်ထဲမှာ သူပဲ လာပြောတာလို့
ထင်နေကြတာပါ..အခု အရေအတွက်ပြောတာလဲ
အားပေးစကားအနေနဲ့ပါ.. တစ်ဦးတစ်ယောက်တည်းရင်ဆိုင်
နေရတာမဟုတ်ဘူးလို့ သိစေချင်လို့ပါ..

( ဒီလူတွေသာ စုလိုက်မယ်ဆိုရင် အလုပ်သမားရေးရာ လို
အဖွဲ့အစည်းနဲ့ တိုင်နိုင်လောက်အောင် အားရှိသွားမယ် လို့
ကျွန်တော်မြင်တယ်.. ပြည်သူတွေကလဲ စောင့်ကြည့်
၀န်းရံပေးကြမယ်လို့ ယူဆတယ်..)

ပြည်သူတွေ ၀န်းရံပေးစေချင်တယ်..

29ရတနာလုပ်ထားတဲ့အရှုပ်ထုပ်က အတော်ကြီးပါတယ်..
ရွှေထည်ကိစ္စ၊ အခွန်ကိစ္စ ၊ စပေါ်ကိစ္စ ၊ ဘောနပ်ပေးပွဲ နဲ့
အဆချီ အလျှော်အစား ၊ ကားမဲစာချုပ် ၊ ၂၀၁၈ ၂၀၂၂
စာရင်းအရှုပ်အရှင်း ၊ ရွှေပျောက်တဲ့အမှုအခင်း ၊
အင်းစိန်ထောင်ထဲက အမှုရင်ဆိုင်နေတဲ့ ၁၃ဦး ၊
စီးပွားရေးအတိုင်ပင်ခံ မျိုးဟန်ထွန်း (မေလ ကထွက်တယ်လို့
အကြောင်းပြထား) ၊ဒိုင်ခံ တရားစွဲပေးတဲ့ရေစကြိုသား
ရှေနေ ဦးနေနိုင် နဲ့ ၄င်းဖန်တီးတဲ့ စာချုပ်တွေ ၊
ဆိုင်ရှင်မိန်းမ နဲ့ သူညီမ က နှိပ်စက်နိုင်စားခံနေရတဲ့
အသက်မပြည့်သေးတဲ့ပညာသင် အိမ်နေ၀န်ထမ်းတွေ
ကိစ္စအများကြီးပါ)..

မျက်နှာဖုံးကွာကျချိန် တန်ပြီ..
၀န်ထမ်းတွေ သနားဖို့ကောင်းပါတယ်..
သူတို့ဘက်က ရပ်တည်ပေးသင့်ပါတယ်..

မူရင်း post👇👇👇
https://www.facebook.com/share/p/CupuwvNdJH2ZrGXN/?mibextid=qi2Omg

18/09/2024

2018 လောက်ထိသာ လွတ်လပ်စွာ အပူပင်မရှိပျော်ခဲ့ရပါတယ်။
2018နောက်ပိုင်ကစပြီး အခုချိန်ထိ ရင်နာစရာကောင်းတဲ့အချိန်တွေကို ဖြတ်သန်းနေရပါပြီ

Soulik မုန်တိုင်း သတိတောင်တရုတ်ပင်လယ်ပြင်မှာ နောက် ၄၈နာရီအတွင်း Tropical Cyclone TC အဆင့် မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ပြ...
17/09/2024

Soulik မုန်တိုင်း သတိ
တောင်တရုတ်ပင်လယ်ပြင်မှာ နောက် ၄၈နာရီအတွင်း Tropical Cyclone TC အဆင့် မုန်တိုင်းတစ်လုံးဖြစ်လာနိုင်ပြီး အရှေ့လေစီးကြမ်းကြမ်းများက
အနောက်ဖက်ရွှေ့လျှားကာ
တရုတ်နိုင်ငံ ဟိုင်နန်ကျွန်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့်မြောက်ပိုင်း လာအိုနိုင်ငံ ကဗ္ဘောဒီးယားနိုင်ငံ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ်
YAGI မုန်တိုင်းအဆင့်လောက် အင်အားမကြီးနိုင်သော်လည်း အလယ်အလတ်အဖျက်စွမ်းအားပြင်းနိုင်ပါတယ်
ကြိုတင်ပြင်ဆင်နိုင်ကြစေရန်သတိပေးထားတာဖြစ်ပြီး နေ့ရက်အလိုက် ဒေသအလိုက် အသေးစိတ်စီစစ်တွက်ချက်ပြီး ထပ်မံခန့်မှန်းချက်များ update အချိန်နှင့်တပြေးညီ ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်
ကြိုတင်ပြင်ဆင်နိုင်ကြပါစေ
ISSUED TIME
17/09/2024 5:52pm(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

17/09/2024

နကစ အစိုးရကြီးက
ရေဘေးရှောင်စခန်းကို ဆယ်ဘီးကားကြီးနဲ့ ဆန် ၊ဆီ ၊ဆား ၊အိုးခွက် ပန်းကန်တွေယူလာကြပါတယ် ။ ပြည်သူတွေကို တန်းစီခိုင်းခဲ့ပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ယူသွားကာ ပစ္စည်းများကိုလည်း ပြန်လည်ယူဆောင်သွားကြပါတယ်ခင်ဗျာ။
ဒီလောက် စောက်ခွက်ပြောင်တဲ့ အစိုးရမမြင်ခဲ့ဖူးပါခင်ဗျာ။
#တပ်မတော် #နကစ #အိမ်စောင့်အစိုးရ #အိမ်ဖျက်အစိုးရ

ရေဘေးရှောင်နိုင်ခဲ့သော်လည်း အပင်ပိတေခဲ့ရသောအဖြစ်ဆိုးလူယုတ်မာတွေ အုပ်ချုပ်နေသရွေ့ တိုင်ပြည်ဟာ ကပ်စိုက်နေအုံးမှာပဲ😔
17/09/2024

ရေဘေးရှောင်နိုင်ခဲ့သော်လည်း အပင်ပိတေခဲ့ရသောအဖြစ်ဆိုး

လူယုတ်မာတွေ အုပ်ချုပ်နေသရွေ့ တိုင်ပြည်ဟာ ကပ်စိုက်နေအုံးမှာပဲ😔

အများကောင်းမှု အပြောင်စု😆
17/09/2024

အများကောင်းမှု အပြောင်စု😆

⚠️⚠️⚠️ရေကြီးသည့်ဒဏ်ခံခဲ့ရသည့် ဒေသများအတွက်အပူတွေကြားထဲ စိတ်မကောင်းစရာသတင်းထပ်ပြီး ပြောရပါမည်၊ ၁- ဖိလစ်ပိုင်နိူင်ငံ အရှေ့...
17/09/2024

⚠️⚠️⚠️
ရေကြီးသည့်ဒဏ်ခံခဲ့ရသည့် ဒေသများအတွက်
အပူတွေကြားထဲ စိတ်မကောင်းစရာသတင်းထပ်ပြီး
ပြောရပါမည်၊

၁- ဖိလစ်ပိုင်နိူင်ငံ အရှေ့ပိုင်းတွင်စတင်ပြီး မုန်တိုင်း
ဖြစ်ပေါ်လာနိူင်သည့် တိုင်ဖွန်းအစပျိုးနေသည့်ကိစ္စသည်
အကယ်၍သာ(အကယ်၍သာ)တိုင်ဖွန်း မုန်တိုင်းဖြစ်သွားပါက မြန််မာနိူင်ငံတောင်ငူမြို့အရှေ့ဖက် ကီလိုမီတာ (၁၀၀၀)ခန့်အကွာအဝေးရှိ ဗီယက်နမ်နိုင်ငံ Vinh မြို့နားကိုဦးတည်ပြီး ၂၀-၉-၂၀၂၄ ရက်နေ့လောက်တွင် ကုန်းတွင်းသို့ ဝင်ရောက်လာနိူင်ပါသည်၊ (ပြန်ပြင်ရေးလိုက်ပါတယ် အလွယ်ရေးလိုက်တာ ယူဆမှုတွေ ရှုပ်ကုန်လို့ )

၂- အဆိုပါ လေဖိအားနည်းသည် တိုင်ဖွန်းမုန်တိုင်းအဖြစ်
ကူးပြောင်းခဲ့ပါလျှင်(ခဲ့ပါလျှင်)ဗီယက်နမ်နိူင်ငံသို့ ၂၀/၂၁-၉-၂၀၂၄ ခန့်တွင် Cat 2 အဆင့်ဖြင့်(လေတိုက်နှုံး တစ်နာရီ ၇၀-၉၀ မိုင်ကြား )ဝင်ရောက်နိူင်ပြီး မုန်တိုင်း
အကြွင်းအကျန်တွေဟာ အနောက်နဲ့ အနောက်မြောက်ဖက်ကို ရွေ့လျားမှာဖြစ်ပါတယ်၊

၃-အကယ်၍သာ(အကယ်၍သာ)တိုင်ဖွန်းဖြစ်ပေါ်ခဲ့ပြီးနောက်
ရေငွေ့ပါလေများဟာ ခန့်မှန်းလမ်းကြောင်းအတိုင်း
မြန်မာနိူင်ငံဖက်ကို ရောက်ရှိခဲ့ရင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊
တောင်ပိုင်း၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊
မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်း၊
ချင်းပြည်နယ် တို့မှာ နေရာအနှံအပြား မိုးရွာသွန်းပြီး
နေရာကွက်ပြီး မိုးကြီးနိူင်ပါတယ်၊

❗️သတိပြုရန် ❗️
၁-ရေဘေးအန္တရာယ်ထိခိုက်ထားသော တောင်ပေါ်မြို့များ
နှင့် မြေသားများ မရှင်းရသေးသေနေရာများတွင်
မိုးသည်းထန်ပါက မြေပြိုတာ၊ ရေဆင်းမှာ ရွံ့ရေတွေ
ထပ်ပါလာတာများ ကြုံရနိူင်ပါတယ်၊

၂-ဘင်္ဂလားပင်လယ်ဖက်က လေစီးကြောင်းနဲ့ ပင်လယ်
ပြင်အပူရှိန် သိသာစွာ ပြောင်းလဲမှုရှိရင် မျှော်မှန်းထားရမည့်
မိုးသည်းထန်မှုနှင့်အတူ မိုးရေချိန်များတဲ့ကိစ္စပါ ၊

🌦️🌧️🌦️🌧️
၁၆၊၉၊၂၀၂၄ ရက်မှာရရှိတဲ့ CLIME က ပေးတဲ့
ခန့်မှန်းချက်များအရ မိုးရွာသွန်းမှုတွေဖြစ်ပေါ်လာနိူင်ပြီး
မိုးသည်းထန်နိူင်တဲ့ ဒေသတွေကတော့ ပြီးခဲ့တဲ့ ရက်တွေက
မိုးကြီးခဲ့တဲ့ ဒေသတွေနဲ့ရေဘေးဒဏ်သင့် ဒေသတွေပဲ
ဖြစ်ပါတယ်၊

ပုံ (၃)(၄) မှာ ဖော်ပြထားပါတယ်၊

စိတ်မချမ်းသာစွာနဲ့ ခန့်မှန်းလိုက်ပါတယ် ၊

❗️အကယ်လို့ မိုးလေဝသကိစ္စကိုမျှဝေလိုရင် စာတွေပါ ယူသွားစေလိုပါတယ် ❗️

🚫ခလုပ်တစ်ချက်နှိပ်ပြီး အများပြည်သူကို #ခြောက်ခြားစေလိုတဲ့ စိတ်ရှိသူတွေရော ၊ တွေ့ရာ မျှဝေပြီး ခိုင်မာမှု မရှိပဲ
ပုံတွေ ၊ တွေ့ရာ app တွေက အရောင်တွေနဲ့ ဟာတွေကို
#အဆင်ခြင်မဲ့မျှဝေတာများပြီး ပြီးခဲ့တဲ့ ရက်တွေကလို
#ကြိုတင်သတိပေးချက်ရေးကြရချိန်မှာ ဖောင်းပွသတိပေး
ချက်များနဲ့ #ယဉ်ပါးနေကြတော့ ၊ရပါတယ်
ဟုတ်တာလည်းမဟုတ်လို့ ထင်ကုန်ကြပါတယ် 🚫

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနဲ့
အခြားယုံကြည်ရတဲ့ page တွေ၊ဌာနတွေကိုသာ
နေ့စဉ်လေ့လာသင့်ပါတယ်၊

July ၂၇ မှာ ခန့်မှန်းခဲ့တဲ့ကိစ္စ

https://www.facebook.com/share/fMgjke1P1RcUikyr/?mibextid=WC7FNe

ရေးတော့ ရေးခဲ့တာပဲ
တခါတလေမှ စိတ်ကူးပေါက်လို့ ထရေးတော့
လူတွေကို သိအောင် မလုပ်ပေးနိုင်ခဲ့ပါ

https://www.facebook.com/share/p/kTzyffjbsmgtKGgx/?mibextid=WC7FNe

Address

Yangon

Alerts

Be the first to know and let us send you an email when 𝙵𝚘𝚛 𝚈𝚘𝚞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝙵𝚘𝚛 𝚈𝚘𝚞:

Videos

Share


Other Social Media Agencies in Yangon

Show All