Mr Content

Mr Content Content Services
(7)

Content Writing အခြေခံရေးတတ်လိုပါသလားကြော်ငြာစာရေးသားခြင်း (Content Writing) ကို စလုံးရေး”စ” ကနေ နည်းစနစ်တကျကျွမ်းကျင်တတ...
26/11/2023

Content Writing အခြေခံရေးတတ်လိုပါသလား

ကြော်ငြာစာရေးသားခြင်း (Content Writing) ကို စလုံးရေး”စ” ကနေ နည်းစနစ်တကျကျွမ်းကျင်တတ်မြောက် အောင်ရေးတတ်တဲ့အထိ ဆောင်ရွက်ပေးနေပါပြီ။

ကုမ္ပဏီအဖွဲ့အစည်းအလိုက်ပဲဖြစ်ဖြစ်၊ တစ်ဦးချင်းပဲဖြစ်ဖြစ် ကျွန်တော်တို့ Mr Content အဖွဲ့သားတွေကနေ စိတ် ရှည်မြတ်နိုးစွာ မျှဝေသင်ကြားပေးနေပါပြီ။

✍️အခြေခံနားလည်ဖို့ Knowledge Sharing ဆိုရင် တစ်ရက်တာ သင်တန်း
✍️နည်းစနစ်တကျ ကျွမ်းကျင်တတ်မြောက်ဖို့ ဆို (၁၈) နာရီကြာသင်တန်း တွေအဖြစ် အသေးစိတ်ဆွေးနွေးနိုင်ပါ တယ်နော်။

Messenger ကိုသာ လာခဲ့ပါ။

ရုပ်ရှင်ထဲကအတိုင်း Video Content တစ်ခု ဖန်တီးခြင်းဩစတြေးလျ ဇာတ်ကားလေးတစ်ကားထွက်တယ်။ နာမည်က CAUGHT တဲ့ ။ စုစုပေါင်း အပိုင...
22/11/2023

ရုပ်ရှင်ထဲကအတိုင်း Video Content တစ်ခု ဖန်တီးခြင်း

ဩစတြေးလျ ဇာတ်ကားလေးတစ်ကားထွက်တယ်။

နာမည်က CAUGHT တဲ့ ။ စုစုပေါင်း အပိုင်း (၆) ပိုင်းရှိတယ်။ အဲဒီအထဲက အပိုင်း (3) မှာ Video Content တစ်ခု ဖန်တီးခြင်းအကြောင်းပါလာပါတယ်။ အပိုင်း (၃) ရဲ့နာမည်ခွဲကိုက “Content” တဲ့။

ဇာတ်လမ်းအကျဉ်းကတော့ ဘဟာတီပရင်စလိုကျွန်းနိုင်ငံလေးမှာ အဖမ်းခံရတဲ့ အထူးတပ်ဖွဲ့ဝင်လေး ယောက်က သူတို့ကိုဖမ်းထားတဲ့သူတွေနဲ့ပေါင်းပြီး သူတို့အဖမ်းခံရ၊ အနှိပ်စက်ခံရတဲ့အကြောင်း ကို YouTube ပေါ်တင်၊ အွန်လိုင်းပေါ်တင်ပြီးနာမည်ကြီးအောင်လုပ်ဖို့ Video Content ဖန်တီးကြတာပါ။

သူတို့ရဲ့ဇာတ်လမ်းမှာ Video Content တစ်ခုဖန်တီးဖို့ အခုလိုအချက်တွေ တွေ့ရပါတယ်။

✍️အပြောမဟုတ် အပြနဲ့လည်းလုပ်
✍️အာရုံစူးစိုက်စေခြင်း
✍️ ကြိုတင်ပြင်ဆင်ခြင်း
✍️ လေ့ကျင့်ခြင်း
✍️ မပြီးခင်မပြနဲ့…..တဲ့။ ဆိုလိုရင်းကိုတော့ အောက်မှာ ဖော်ပြထားပါတယ်။

Video Content တွေဖန် တီးတဲ့အခါ ဒီအချက်လေးတွေကို လိုက်လုပ်ကြည့်ကြရအောင်နော်။

နံပါတ် (၁) ကတော့ “အပြောမဟုတ် အပြနဲ့လည်းလုပ်” ဆိုတဲ့ message ကိုရပါတယ်။ ကုန်ပစ္စည်းတစ်ခုကို ရောင်းမယ်၊ ဒါမှ မဟုတ် အမှတ်တံဆိပ်တစ်ခုကို ပေါက်အောင်လုပ်မယ်ဆိုရင် “ပစ္စည်းကောင်းကြောင်း၊ သုံး သင့်ကြောင်း ကြော်ငြာပြီးပြောနေဖို့ထက် တကယ်သုံးခိုင်းပြီး Honest Review ရေးတာမျိုး၊ တကယ့်လက် တွေ့ရဲရဲဝံ့ဝံ့သုံးခိုင်းပြီး ချပြခိုင်းတာမျိုးက ပိုထိရောက်တယ်လို့ ဆိုလိုချင်တာပါ။

နံပါတ် (၂) ကတော့ “အာရုံစူးစိုက်စေခြင်း” ပါတဲ့။ ကိုယ့်ရဲ့ကြော်ငြာဗီဒီယိုဟာ ပရိတ်သတ်ရဲ့အာရုံစူးစိုက်မှုကို လုံးဝခံနေရစေမယ့်အနုပညာဖြစ်သင့်ပါတယ်တဲ့။ အဲလိုဖြစ်ဖို့ ပထမအချက်ဖြစ်တဲ့ “အပြ” ကိုသုံးပြီးဖန်တီး ရမှာပါလို့ဆိုပါတယ်။

နံပါတ် (၃) အချက်ကတော့ “ကြိုတင်ပြင်ဆင်ခြင်း” ပါတဲ့။ Video Content ဖန်တီးတာဟာ ဇာတ်ညွှန်းကောက် ရေးပြီး ချက်ချင်းဖန်တီးလို့ရကောင်းရနိုင်ပေမဲ့ အနုပညာပိုမြောက်ဖို့တော့ ဒီထက်ပိုပြီးအသေးစိတ်ရပါတယ်။ ရုပ်ရှင်ဇာတ်ကားလိုပဲ Pre-production, production, post-production အဆင့်တွေကို သေသေချာချာလေး ကြိုတင်ပြင်ဆင်မှုတွေနဲ့ ဖန်တီးသင့်တယ်လို့ဆိုပါတယ်။

နံပါတ် (၄) အချက်ကတော့ “လေ့ကျင့်ခြင်း” ဖြစ်ပါတယ်။ Content တစ်ခုဖန်တီးပြီးဆိုရင် တစ်ခါတည်းရေး တစ်ခါတည်းတင်တာထက် ထပ်ခါထပ်ခါပြင်ဆင်တည်းဖြတ်ခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့အရည်အသွေးကို ရရှိစေမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲကျွမ်းကျင်သူဖြစ်ပါစေ Content မရေးခင်၊ မဖန်တီးခင် စမ်းလေ့ကျင့်ပါ။

နောက်ဆုံးတစ်ချက်ဖြစ်တဲ့ နံပါတ် (၅) ကတော့ မပြီးခင်မပြနဲ့တဲ့။ ဒါကတော့ ဘယ်လို Content ပုံစံမျိုးပဲဖြစ်ပါ စေ မပြီးခင်ဗမာမမြင်စေနဲ့ဆိုသလိုပါပဲ။ စမ်းဖတ်ကြည့်ခိုင်းတာတွေဘာတွေမလုပ်သင့်ဘူးလို့ဆိုပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ့်အိုင်ဒီယာ၊ ကိုယ့်ဖန်တီးမှုအစစ်အမှန်မရဘဲ သူများဝင်စွက်ဖက်တဲ့ Content တွေဖြစ်သွားနိုင် လို့ပါ။ ဒါကြောင့် မပြီးခင် ဘယ်သူ့ကိုမှမပြပါနဲ့။

ကဲ..လိုက်လုပ်ကြည့်ရအောင်နော်။

Content Design အထူးသီးသန့် သင်တန်းများဆောင်ရွက်နေပါပြီContent Design ဆိုတာ ကိုယ့်လုပ်ငန်း၊ ကိုယ့်ထုတ်ကုန်တွေကို အများရဲ့...
19/11/2023

Content Design အထူးသီးသန့် သင်တန်းများဆောင်ရွက်နေပါပြီ

Content Design ဆိုတာ ကိုယ့်လုပ်ငန်း၊ ကိုယ့်ထုတ်ကုန်တွေကို အများရဲ့ရင်ဘတ်ထဲစွဲလန်းနေဖို့ ပစ်တဲ့မြှားတစ်စင်းပါပဲ။
အရေးအသားဘယ်လောက်ကောင်းကောင်း Content Design မကောင်းရင်တော့ ဂွမ်းတာပါပဲ။ နည်းစနစ် ကျ၊ ထိရောက်မှုရှိတဲ့ Content Design တွေဖန်တီးဖို့ သင်တန်းတွေကို Mr Content က ဆောင်ရွက်ပေးနေပါပြီ။
Content Design ဖန်တီးခြင်း
Layout Design ဖန်တီးခြင်း
Logo ဖန်တီးခြင်း

အစရှိတဲ့ Graphic Design အမျိုးမျိုးဖန်တီးခြင်းတွေကို ဆယ်စုနှစ်ကျော်အတွေ့အကြုံရှိ သူတွေက Mr Content နဲ့ ချိတ်ဆက်ပြီးဝန်ဆောင်မှုပေးနေပါပြီ။

လိုအပ်ချက်အလိုက် Messenger မှာ ဆွေးနွေးနိုင်ပါတယ်။

ပြန်လုပ်နေပါပြီအခုတလော Mr Content အဖွဲ့သားတွေအခြေခံ Content ရေးနည်းknowledge sharing လေးတွေပြန်လုပ်ဖြစ်တယ်။ ဒီတစ်ပတ်အလှည...
27/08/2023

ပြန်လုပ်နေပါပြီ

အခုတလော Mr Content အဖွဲ့သားတွေ
အခြေခံ Content ရေးနည်းknowledge sharing လေးတွေပြန်လုပ်ဖြစ်တယ်။

ဒီတစ်ပတ်အလှည့်ကျတဲ့သူက ကိုထွန်းပါ။

အလုပ်တွေများနေတဲ့ ကိုထွန်းကို Mr Content အဖွဲ့သားတွေက ချောဆွဲပြီး သူရဲ့ content knowledge ပိုင်းဆိုင်ရာ အသိပညာလေးတွေမျှဝေစေခဲ့ပါတယ်။

Red, White and Royal Blue ရုပ်ရှင်ကိုမှီ၍ Content Idea ချည်းကပ်ခြင်းRed, White and Royal Blue ဟာ သမားရိုးကျမဟုတ်တဲ့ BL ရ...
14/08/2023

Red, White and Royal Blue ရုပ်ရှင်ကိုမှီ၍ Content Idea ချည်းကပ်ခြင်း

Red, White and Royal Blue ဟာ သမားရိုးကျမဟုတ်တဲ့ BL ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

အမေရိကန်သမ္မတရဲ့သား အဲလက်စ်နဲ့ အင်္ဂလန်ရဲ့တော်ဝင်မင်းသား ဟင်နရီတို့ရဲ့ ဇာတ်လမ်းမှာ သမားရိုးကျ ဖြစ်ပေမဲ့ ဘယ်တော့မှ ရိုးမသွားတဲ့ Content Idea လေးတွေပါဝင်နေတာမို့ ဒါကို လေ့လာကြည့်ရအောင်။

✍️လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဘာတွေလိုအပ်သလဲ

အွန်လိုင်းစီးပွားရေးပဲလုပ်လုပ်၊ Offline စီးပွားရေးပဲလုပ်လုပ် လုပ်ငန်းတစ်ခုအောင်မြင်ဖို့ဆိုရင် (ဒီဇာတ်ကားရဲ့ ဇာတ်လမ်းအရ) မာကတ်တင်းကမ်ပိန်းလုပ်ဖို့လိုပါတယ်။ ဒီဂျစ်တယ်ရေစီးကြောင်းစီးပွားရေးလုပ်ငန်းတွေမှာလည်း ကိုယ့်ထုတ်ကုန်အရောင်းမလုပ်ခင် မာကတ်တင်းနဲ့ အရင်တာထွက်ကြတတ်တာကို ရာနှုန်းပြည့်မှန်ကန်စွာတွေ့နိုင်ပါတယ်။ ဒီဇာတ်ကားမှာတော့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့ ကမ်းပိန်းတွေလုပ်ခဲ့တာကို တွေ့နိုင်ပါတယ်။ ဘယ်လိုကမ်ပိန်းမျိုးတွေလဲ လေ့လာကြည့်ရအောင်။

✍️ကြော်ငြာဆိုင်းဘုတ်ကပ်ခြင်း

မင်းသားအဲလက်စ်ဟာ သူ့အမေ အမေရိကန်သမ္မတရွေးကောက်ပွဲမှာဆက်လက်အောင်မြင်ဖို့တက္ကဆက်ပြည်နယ် မှာ ရွေးကောက်ပွဲကမ်ပိန်းတွေလုပ်တဲ့အထဲ ပထမဆုံးအသုံးပြုသွားတာ ကြော်ငြာဆိုင်းဘုတ်တွေကပ်တာဖြစ်ပါ တယ်။ ပြင်ပစီးပွားရေးလုပ်ငန်းတွေမှာဖြစ်ဖြစ်၊ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ် ကိုယ့်ထုတ်ကုန်ကို အများပြည်သူသတိထားမိဖို့က အများပြည်သူသွားလာနေကြတဲ့နေရာ (အွန်လိုင်းမှာဆို အများပြည်သူအသုံးပြုတဲ့ ဖေ့စ်ဘုတ်လိုဆိုရှယ်မီဒီယာပလက်ဖောင်း) တွေမှာ Content ရေးပြီး ကြော်ငြာကြတာပါပဲ။ ဒါဟာ Brand Awareness လုပ်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေအတွက် Brand Awareness က မဖြစ်မနေလိုအပ်ပါတယ်။

✍️မီဒီယာကိုအသုံးချခြင်း

ပုံနှိပ်မီဒီယာ၊ ရုပ်သံမီဒီယာတွေရဲ့ အင်အားက မသေးပါဘူး။ စတုတ္ထမဏ္ဍိုင်လို့ဆိုကြတာမို့ မီဒီယာတွေကနေတစ် ဆင့်သတင်းထုတ်ပြန်တာမျိုး၊ စကားပြောတာမျိုးကိုလည်းမေ့ထားလို့မရပါဘူး။ အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေ မှာတော့ KOL (Key Opinion Leader) တွေခေါ်ပြီး ကိုယ့်လုပ်ငန်းအကြောင်းကို ကြေညာခိုင်းတတ်ကြပါတယ်။ ဘလော့ဂါတွေ၊ အင်ဖလူရန်ဇာတွေရဲ့ အင်အားကလည်း လုပ်ငန်းအောင်မြင်ဖို့ ရာနှုန်းအတော်များများပံ့ပိုးပေးနိုင် စေပါတယ်။

✍️ကိန်းဂဏန်းများကို ဂရုစိုက်ခြင်း

အဲလက်စ်ရော၊ သူ့အမေသမ္မတရော၊ ဘေးကဝန်းရံသူတွေရော ကိန်းဂဏန်းတွေအကြောင်းကိုပြောတတ်ကြတာ သတိထားမိလိုက်ပါတယ်။ ပြိုင်ဖက်တွေနဲ့ယှဉ်နိုင်ဖို့၊ လုပ်ငန်းတွေအသာစီးရဖို့ ဆောင်ရွက်ကြတဲ့နေရာမှာ ကိန်း ဂဏန်းတွေက အရေးပါပါတယ်။ ဘယ်သူက ရောင်းအားဘယ်လောက်ရှိတာ၊ ကိုယ်က ရောင်းအားဘယ်လောက် ရောက်နေတာဆိုတဲ့ အရေအတွက်ကို တိတိကျကျ မှတ်သားစာရင်းပြုစုထားပြီး အမြဲတမ်းစောင့်ကြည့်နေဖို့ မမေ့ စေချင်ပါဘူး။

✍️စကားပြောကောင်းခြင်း

ကုန်ပစ္စည်း၊ လုပ်ငန်းအတွက် ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ထားရှိခြင်းဟာ အောင်မြင်စေတဲ့အထောက် အပံ့တစ်ခုဖြစ်ပါတယ်။ အဲလက်စ်ဟာ အများပြည်သူရှေ့မှာ စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့၊ သူ့မိခင်အ တွက်မဲအဆွယ်ကောင်းသူတစ်ယောက်ဖြစ်ဖို့အတွက် မှန်ကြည့်ပြီးစကားပြောလေ့ကျင့်တာမျိုး၊ အတွင်းရေးမှူးတွေနဲ့ သေချာတိုင်ပင်တာမျိုးကိုတွေ့ရပါတယ်။ ဒါကြောင့် အပြောမတော်တစ်ခွန်းမဖြစ်စေဖို့အရေး ကြီးတယ်လို့လည်း မှတ်သားရပါတယ်။

✍️ကာစတန်မာလိုချင်တဲ့အချိန်ပေးနိုင်ခြင်း

ကုန်ပစ္စည်းပဲဖြစ်ဖြစ်၊ လိုချင်တဲ့အရာတစ်ခုဖြစ်ဖြစ် လိုအပ်နေချိန်၊ လိုချင်နေချိန်မှာပေးလိုက်တာကတန်ဖိုးအရှိဆုံး ပါပဲ။ အဲလက်စ်က မာကတ်တင်းကမ်ပိန်းတွေလုပ်လာသူပီပီ ဒါကို အထာနပ်ပါတယ်။ မင်းသား ဟင်နရီက ရုပ်ထု တွေကြားထဲက,ချင်တယ်လို့ပြောလိုက်တော့ ဖုန်းထဲကသီချင်းကိုချက်ချင်းဖွင့်ပြီး က,စေလိုက်တာဟာ ဟင်နရီကို အသည်းခြွေလိုက်စေတဲ့ဇာတ်ဝင်ခန်းပေါ့။ လုပ်ငန်းတွေမှာလည်းဒီလိုပါပဲ။ မရှိဘူး၊ မသိဘူးဆိုတာထက် ကာစတန်မာ လိုချင်နေတဲ့အချိန် တန်းပြီးရောင်းလိုက်ပေးလိုက်နိုင်ခြင်းဟာ အောင်မြင်ခြင်းတစ်မျိုးလို့ဆိုချင်ပါတယ်။

✍️အချစ်ခြင်းဖလှယ်ခြင်း

လုပ်ငန်းလုပ်တဲ့အခါ ထုတ်ကုန်ကောင်းရင် ကာစတန်မာရဲ့ကျေနပ်မှု၊ ကောင်းမွန်တဲ့ Feedback တွေရတတ်ပါတယ်။ ပစ္စည်းကောင်းရင် အကောင်းပြောခံရမယ်၊ မကောင်းရင်တော့ မကောင်းပြောခံရမယ်ဆိုတာ လောကနိယာမသဘောတရားပါပဲ။ ဒီတော့ လုပ်ငန်းရှင်တွေ၊ ထုတ်လုပ်သူတွေအနေနဲ့ ၁၀၀ ရာခိုင်နှုန်းအကောင်း ဆုံးဖြစ်အောင်သာလုပ်၊ ကာစတန်မာတွေဆီက ချစ်ခြင်းတရားတွေ အပြန်အလှန်အနေနဲ့ရရှိမယ်ဆိုတာသေချာပါ တယ်။ ဒါကတော့ အဲလက်စ်နဲ့ ဟင်နရီတို့ တစ်ယောက်က လက်စွပ်ချွတ်ပြီးအမှတ်တရပေး၊ တစ်ယောက်ကဆွဲ ကြိုးချွတ်ပြီးအမှတ်တရပေးတဲ့ ဇာတ်ဝင်ခန်းကနေရတဲ့ သင်ခန်းစာ။

✍️Target Audience ရှိရာကိုသွားခြင်း

နောက်ဆုံးပြောချင်တာကတော့ ဈေးဝယ်သူကိုယ့်ရှေ့မှာ မရှိရင် ဈေးဝယ်သူရှိတဲ့နေရာဆီကို ကိုယ်အရောက်သွား ဆိုတဲ့ မတ်ဆေ့ချ်လေးပဲဖြစ်ပါတယ်။ အဲလက်စ်ဟာ ဗြိတိန်မင်းသားလေး ဟင်နရီရဲ့အချစ်ကိုရဖို့၊ ဟင်နရီရဲ့မျက်နှာ လေးကိုမြင်ခွင့်ရဖို့ ဗြိတိန်အထိလိုက်သွားပြီး သူ့အချစ်ကိုပြသသွားတယ်ဆိုတာကိုကြည့်ရင်း သေသေချာချာသိမြင် လိုက်ရတယ်ဆိုတဲ့အကြောင်း မင်မင်တစ်ယောက် စောင်ကိုက်ပြီး ဆွေးနွေးလိုက်ပါတယ်။

မဟာဗျူဟာသမားလား..နည်းဗျုဟာသမားလားDave Trott ရေးတဲ့ Predatory Thinking စာအုပ်ရဲ့ စာစုတစ်ခုမှာ ဖော်ပြထားချက်အရ အလုပ်လုပ်တဲ...
25/07/2023

မဟာဗျူဟာသမားလား..နည်းဗျုဟာသမားလား

Dave Trott ရေးတဲ့ Predatory Thinking စာအုပ်ရဲ့ စာစုတစ်ခုမှာ ဖော်ပြထားချက်အရ အလုပ်လုပ်တဲ့အခါ ပုံစံနှစ်မျိုးရှိသတဲ့။

✍️မဟာဗျုဟာ နဲ့အလုပ်လုပ်တာလား…

မဟာဗျူဟာဆိုတာက အရာအားလုံးကို ခြုံကြည့်ပြီး စီမံခန့်ခွဲတဲ့နေရာကနေလုပ်တာ၊ အသေးစိတ်သူမပါဘူး။ လိုအပ်တဲ့နေရာမှာ ထိန်းကွပ်ပြီး ကိုယ့်အဖွဲ့ကိုကိုယ်ယုံကြည်ပေးတာဖြစ်ပါတယ်။

✍️နည်းဗျုဟာနဲ့အလုပ်လုပ်တာလား…

နည်းဗျူဟာဆိုတာက အသေးစိတ်ကို ကိုင်တွယ်တာ..ပြောရမယ်ဆိုရင်တော့ ဘာသာရပ်တစ်ခုမှာ အထူးပြုကျွမ်းကျင်သူတွေပေါ့။ ဒီဇိုင်းသမားက ဒီဇိုင်းဆွဲတယ်၊ Content သမားက Content ရေးတယ်၊ Digital Marketing သမားက Digital အပိုင်းကိုအထူးပြုကိုင်တွယ်တယ်။ ကိုယ်ကျရာဇာတ်ရုပ်တွေကို ကိုယ်စီထမ်းဆောင်ကြတယ်ပေါ့။

နည်းဗျူဟာသမားတွေက အထူးပြုကျွမ်းကျင်သူတွေဖြစ်ပြီးမဟာဗျုဟာသမားတွေက အထွေထွေနားလည်သူတွေ လို့ဆိုပါတယ်။ (ကိုးကား - သားရဲစိတ်ဓါတ်/ချမ်းမြေ့ဝင်း)

✍️Content Writer တွေ Content ရေးပေးရတဲ့အခါကျရင်လည်း…

ရေးတဲ့သူက နည်းဗျူဟာသမားစစ်စစ်အဖြစ်..ကိုယ့် Content ကို အပြည့်အဝတာဝန်ယူနိုင်ဖို့အရေးကြီးပါတယ်။ ကိုယ့်လက်ရာကို ကိုယ်သိသလို ယုံကြည်မှုရှိဖို့လည်းလိုပါတယ်။ တာဝန်ယူမှုရှိဖို့လည်းလိုပါတယ်။

တစ်ချို့သော Client တွေက ကိုယ့် Content ကို ခဏခဏပြင်ခိုင်းတဲ့အခါ၊ လိုတာထက်ပိုပြီးအရိုးများလိုက်ချေးခါး လိုက်လုပ်တဲ့အခါ ပြတ်ပြတ်သားသားတာဝန်ယူတတ်ဖို့လိုပါတယ်။ “ကျွန်တော့် Content ကို ကျွန်တော်တာဝန်ယူ ပါတယ်၊ လူကြီးမင်းသုံးကြည့်ပြီး result ကို စောင့်ကြည့်လိုက်ပေါ့” ဆိုတာမျိုးပြောနိုင်ဖို့လိုပါတယ်။ စိတ်တိုင်းကျ လုပ်ပေးပါ့မယ်၊ ပြင်စရာရှိရင် အချိန်မရွေးပြောပါဆိုရင်တော့..နဂိုရှိရင်းစွဲအိုင်ဒီယာနဲ့ရေးထားတဲ့ Content ပါ ပျက် သွားတာမျိုးကြုံလာပါလိမ့်မယ်။ ဒါကြောင့် ပြတ်သားပါ၊ တာဝန်ယူပါ။

✍️မဟုတ်ရင်တော့လား…

သူသိလားဆိုတော့လည်းမဟုတ်၊ သူမသိဘူးလားဆိုတော့လည်းမဟုတ်၊ ဘယ်ဟာကိုဘယ်လိုပြင်ပေးရမလဲဆို တော့လည်း မရေရာ၊ ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုပုံစံ Content ထွက်ချင်တာလဲဆိုတာလည်းမပြတ်သားတဲ့ မဟာဗျူဟာသမားတွေနဲ့တွေ့တဲ့အခါ ရင်ဆိုင်ရခက်ပါလိမ့်မယ်။

✍️ဘာဖြစ်လို့လဲဆိုတော့..

လုပ်ငန်းခွင်တစ်ချို့မှာ မဟာဗျူဟာသမားအဖြစ် စီမံခန့်ခွဲမှုနေရာကိုယူထားသူတွေဟာ..ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ်နဲ့ အကုန်လုံးကိုသိ ချင်ကြသလို…သူတို့ကိုယ်တိုင်လည်းသေချာမတတ်နားမလည်တတ်ကြပါဘူး။ နည်းဗျူဟာသမားတွေကိုလည်းမယုံကြည်ကြသလို ထိထိ ရောက်ရောက်ထိန်းကွပ်စီမံလမ်းပြတာမျိုးလည်း မလုပ်နိုင်ကြပါဘူး။

ဒါကြောင့် Result ကိုအခြေခံတဲ့ ညှိနှိုင်းမှုနဲ့ အလုပ်လုပ်စေချင်တဲ့အကြောင်း ညွှန်းဆိုပါရစေ။

ရိုးရိုးရှင်းရှင်းနဲ့ ထိမိတဲ့ Caption လေးတွေ ဘယ်လိုရေးမလဲဒီမုန့်ဖက်ထုပ်ကလေးကိုအကြောင်းပြုပြီး Caption ရေးတဲ့ပုံစံလေးတွေဖ...
19/07/2023

ရိုးရိုးရှင်းရှင်းနဲ့ ထိမိတဲ့ Caption လေးတွေ ဘယ်လိုရေးမလဲ

ဒီမုန့်ဖက်ထုပ်ကလေးကိုအကြောင်းပြုပြီး Caption ရေးတဲ့ပုံစံလေးတွေဖန်တီးပြမှာဖြစ်ပါတယ်။ မုန့်ဖက် ထုပ်အရောင်းပို့စ် Caption ပေါ့ဗျာ။ အားလုံးပဲအတူလိုက်ရေးကြည့်ကြပါစို့။

(၁) “ချစ်သူ့ပါးပြင်ထက်မွှေးတဲ့ မုန့်”

လူသားတိုင်းဟာ အချစ်ကို ကိုးကွယ်သဘောကျတတ်ပါတယ်။ ဒီတော့ ပစ္စည်းတွေရောင်းတဲ့အခါ ချစ်သူနဲ့ နွယ်ပြီးရေးတဲ့ Caption တွေကိုလည်းချန်ထားလို့မရပါဘူး။ ဒီတော့..မုန့်ဖက်ထုတ်ဟာ အုန်းသီးနံ့သင်း သင်း၊ ကောက်ညှင်းနံ့မွှေးမွှေးနဲ့ ချစ်သူ့ပါးပြင်လို ရနံ့မပြယ်၊ အရမ်းကြွယ်ပါပဲ။

(၂) “သူ့ကိုချစ်မိလို့နောင်တာရရင်ရဦးမယ်၊ ဒါလေးစားလိုက်ရင်တော့ နောင်တဆိုတာ..ဘယ်တော့မှ ရှိ လာမှာမဟုတ်ပါ။”

ဆိုရှယ်မီဒီယာပေါ်မှာ လောင်ကြတာထက်ပျော်ကြတာကိုပိုသဘောကျပါတယ်။ ဒီတော့ အားလုံးပြုံးမိကြ မယ့် Caption လေးတွေကိုလည်း ဖန်တီးပေးဖို့မမေ့ပါနဲ့နော်။

(၃) စေးစေးလေးနဲ့ကောင်းတာ..ဘာမုန့်လဲ

မေးခွန်းတွေကို လူတော်တော်များများသဘောကျတတ်ပါတယ်။ မေးခွန်းတွေရဲ့အောက်မှာ အဖြေရှိမ လားဆိုတာကိုလည်း မသိစိတ်ကရှာတတ်ကြပါတယ်။ ဒါကြောင့် မေးခွန်းလေးတွေမေးပြီး Caption တွေ ဖန်တီးဖို့လည်း စမ်းကြည့်စေချင်ပါတယ်။

(၄) “ကောက်ညှင်း၊ သကြား၊ အုန်းသီးနဲ့လုပ်ထားတဲ့ မြန်မာတွေအ ကြိုက်ဆုံးမုန့်။”

အောက်မှာဘာရေးထားသလဲဆိုတာကိုမသိရခင် အပေါ်ဆုံးစာကြောင်းကိုပဲအရင်ဖတ်ကြမှာပါ။ ဒီတော့ အပေါ်ဆုံးစာကြောင်းမှာတင် အနှစ်ချုပ်လေးထည့်ပေးပါ။ အချိန်ရတဲ့သူကတော့ စာကိုဆုံးအောင်ဖတ်ပြီး အချိန်မရတဲ့သူက Caption ဖတ်ရုံနဲ့ ခြုံငုံမိသွားပါလိမ့်မယ်။ ဒီတော့ ဘာရေးရေး Caption ကို အနှစ်ချုပ် ရေးပါ။ Be descriptive ပေါ့ခင်ဗျာ။

(၅) “အလုပ်မရှုပ်..အဟုတ်ကောင်းတဲ့ မုန့်ဖက်ထုပ်”

မြန်မာတွေဟာ ကာရံနဘေလေးတွေကိုလည်းသဘောကျတတ်ကြပါတယ်။ နားထဲစွဲလွယ်တာပေါ့ဗျာ။ ဒါကြောင့် ကာရံနဘေလေးထပ်ပြီး Caption လေးတွေလုပ်ဖို့လည်းမမေ့ပါနဲ့။

(၆) “ကဲလာပြီနော်...အားလုံးကြိုက်တဲ့ မြန်မာမုန့်”

ရိုးရမယ်၊ ရှင်းရမယ်၊ အနှစ်ချုပ်ဖြစ်ရမယ်..ပြီးတော့ တိုတိုတုတ်တုတ်ဖြစ်ရပါမယ်။ အချိန်တွေရှားကြတာမို့ စာဖတ်ချိန်ခဏလေးအတွင်းမှာ ကိုယ့် Caption ကိုခြုံငုံမိသွားအောင် လုပ်ပေးဖို့က ကိုယ့်တာဝန်ပါ။ ဒါ ကြောင့် Keep it concise ပါ။

(၇) “ဟောဒီဖက်က..မုန့်ဖက်ထုပ်”

တစ်ချို့သောသူတွေဟာ ဝှေ့ဝိုက်ပြီးရေးတာ၊ ပြောတာကိုသဘောမကျတတ်ကြပါဘူး။ ရပ်ကွက်ထဲမှာ ရောင်းနေကျအတိုင်းရိုးရိုး ရှင်းရှင်းလေးတွေကိုပဲကြိုက်တတ်ကြပါတယ်။ ဒါကြောင့် Caption တွေဟာ ရိုးရှင်းဖို့လည်းလိုအပ်ပါတယ်။ Be Simple ပေါ့ဗျ။

ရိုးရှင်းတဲ့ Caption လေးတွေနဲ့ အားလုံးကို Heart ထိအောင်လုပ်နိုင်ကြပါစေ။

✍️Content ပေါက်ဖို့ Trend နောက်ကို လိုက်သင့်ရဲ့လားအောင်မြင်တဲ့လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့လုပ်ငန်းနယ်ပယ်မှာ သိသာထင်ရှားဆု...
15/07/2023

✍️Content ပေါက်ဖို့ Trend နောက်ကို လိုက်သင့်ရဲ့လား

အောင်မြင်တဲ့လုပ်ငန်းရှင်တွေဟာ သူတို့ရဲ့လုပ်ငန်းနယ်ပယ်မှာ သိသာထင်ရှားဆုံး လမ်းကြောင်းနဲ့ အောင်မြင်အောင်ဘယ်လိုလုပ်မလဲဆိုတာကောင်းကောင်းသိကြတယ်လို့ဆိုပါတယ်။

အသစ်အသစ်တွေပေါ်လာတဲ့ခေတ်ကြီးမှာ ဈေးကွက်ကလည်းအချိန်နဲ့တစ်ပြေးညီပြောင်းလဲနေတတ် ကြပါတယ်။ ဒါကြောင့် Content ရေးတဲ့အခါမှာလည်း ခေတ်ရေစီးကြောင်းကိုချန်ထားလို့မရပါဘူး။

ဒီတော့…..Content ရေးတဲ့အခါမှာ တော်တော်များများက trend နောက်ကိုလိုက်ကြပါတယ်။

✍️Trend နောက်ကိုလိုက်တယ်ဆိုတာဘာလဲ

Content Writer တစ်ချို့ဟာ..“ကိုကိုကပြောတယ်၊ အငယ်ချောရယ်တဲ့….အွန်းတဲ့” ဆိုရင် အကုန်လုံးလိုက်ပြီး အဲဒီသီချင်းနဲ့နွယ်တဲ့ Content Idea ယူရေးတာမျိုး။ “လုံးဝမကွာရှင်းပေးနိုင်ဘူး..မယားငယ်ဘဝနဲ့တစ်သက်လုံးနေ” ဆိုရင် အဲဒီတော်ကီနဲ့နွယ် ပြီး Content ဖန်တီးပစ်လိုက်တာမျိုးတွေ လုပ်တတ်ကြပါတယ်။ ဒီလို Content တွေဟာလည်း ခဏတာတော့ အတော်က လေး လူသိများပြီး “ပေါက်” တယ်လို့ဆိုရမှာပါ။ ပြီးတော့ အဲဒါကို တကယ်ပဲ Trend လို့ခေါ်သလား စဉ်းစားစရာရှိလာပါတယ်။

Trend ဆိုတာ “တစ်စုံတစ်ခုတိုးတက်ဖို့ ပြောင်းလဲဖို့ အားပြုတဲ့ယေဘုယျဦးတည်ချက်”လို့ အဘိဓါန်မှာဖော်ပြထား ပါတယ်။ အကြောင်းအရာတစ်ခုက လူအများစိတ်ဝင်စားစရာဖြစ်သွားမယ်၊ လူပြောများသွားမယ်ဆိုရင် အားလုံးက အလေးထားလာကြပြီး trend ဖြစ်လာမယ်။ အရှေ့ဆုံးကသွားတဲ့သိုးလိုပဲ အနောက်ကသိုး တွေလည်းအကုန်လုံးလိုက်ကြရတာပါပဲ။ Trend ဟာရေတိုအတွက်အလုပ်ဖြစ်တယ်လို့လည်း အင်တာနက်အကိုး အကားတွေကဖော်ပြကြပါတယ်။ Content Writing ဆိုတာကလည်း အချိန်နဲ့တစ်ပြေးညီပြောင်းလဲရေးသားနေ ရတာမို့ trend နောက်ကိုလိုက်ရေးကြတာ Content Writer တိုင်းလို့တောင်ဆိုရမှာပါ။

Entreoreneurshipabox ဝက်ဘ်ဆိုက်ရဲ့ဖော်ပြချက်အရတော့ Trend နောက်ကိုလိုက်ခြင်းဟာ ကောင်းမွန်တဲ့ လုပ်ငန်းအကျိုးရလာဒ်ကိုရစေတယ်၊ trend ကိုနားလည်ခြင်းဟာ ဒီနေ့ဘာဖြစ်သလဲ၊ မနက်ဖြန်ဘာဖြစ်နိုင်သ လဲဆိုတာကိုလည်းခန့်မှန်းသိရှိနိုင်မယ်၊ trend ကိုနားလည်ခြင်းဟာ နောက်လိုက်မဖြစ်ဘဲခေါင်းဆောင်ဖြစ် နိုင်တယ်၊ trend ဟာ အချိန်နဲ့တစ်ပြေးညီတဲ့ လုပ်ငန်းအိုင်ဒီယာကိုရစေတယ် လို့ ညွှန်းဆိုဖော်ပြထားပါတယ်။

ဒါပေမဲ့ ..ကျွန်တော်တို့ဟာ ကိုယ်ရေးတဲ့ Content ဟာ ကိုယ့်လုပ်ငန်းအမှတ်တံဆိပ်ကိုထိခိုက်စေမယ့် trend content မျိုးမဖြစ်မိအောင်တော့ အလေးထားကြဖို့လိုအပ်မှာဖြစ်ပါတယ်။

03/07/2023

✍️လူကြီးမင်းသိပါသလား

လူကြီးမင်းရဲ့ Post တွေဟာ ၃ စက္ကန့်အတွင်းဖတ်ရှုသူကိုမဆွဲဆောင်နိုင်ဘူးဆိုရင် ဖတ်ရှုသူ၊ ကြည့်ရှုသူတွေ ဟာ လက်ညိုးလေးနဲ့ Scroll လုပ်ပြီး အခြား Post တွေကို ကျော်သွားတတ်တယ်ဆိုတာ..။

ဒီတော့….

ဗီဒီယိုတွေဖန်တီးတဲ့အခါ ဒီ (၂) ချက်ကို သိသင့်ပါတယ်။

(၁) လူတွေဟာ Facebook, YouTube, Twitter ဗီဒီယိုတွေကို Horizontal format နဲ့ အကြည့်များဆုံးပါ။

(၂) Instagram, TikTok မှာတော့ vertically နဲ့ကြည့်ပြီး သူ့ Format ကလည်း vertical ပါ။

✍️Facebook မှာ Video တွေတင်တဲ့အခါ..

လူပေါင်း (၃) ဘီလျံနီးပါက ဖေ့စ်ဘုတ်ကိုတစ်လ တစ်ခါ အနည်းဆုံးသုံးကြပါသတဲ့။ အဲဒါဟာ Google နဲ့ YouTube ပြီးရင် တတိယအများဆုံးလို့ဆိုပါတယ်။

(၁) မိနစ်ထက်နည်းတဲ့ဗီဒီယိုတွေဟာ လူကြည့်အများဆုံးစံပြဗီဒီယိုတွေပါ။ အဲလိုမှမဟုတ်ရင် အပိုင်းလေးတွေခွဲပြီး တင်ကြည့်ပါ။ တစ်ပိုင်းကို ၃ မိနစ်ထက်မပိုစေဖို့လည်းအကြံပြုတယ်လို့ဆိုပါတယ်။

ဗီဒီယိုဖိုင်တွေတင်တဲ့အခါ Facebook ပေါ်မှာ တိုက်ရိုက်သာတင်ပါ။ အခြားမှာတင်ပြီး Link ပေးတာထက်ပိုပြီးထိ ရောက်စေချင်လို့ပါ။

Facebook ဟာ Instagram ပလက်ဖောင်းနဲ့ တွဲဖက်ပေါင်းစပ်ထားတာမို့ လူငယ်လူရွယ်ပရိတ်သတ်တွေကိုဆွဲ ဆောင်စေတဲ့အရာတစ်ခုပါ။ သူတို့နှစ်ခုစလုံးဟာ TiKTok ဗီဒီယိုတွေနဲ့ အပြိုင်လူတွေကြားထဲမှာရေပန်းစားဖို့ အလေးထားနေကြပါတယ်။ (Facebook stories, Instagram Reels)

ဗီဒီယိုဖန်တီးဖို့ဆိုရင် ဘယ်အတွက်ဖန်တီးမှာလဲ (Facebook လား Instagram လား..စသည်ဖြင့်) အရင်စဉ်းစား ပြီး export ထုတ်ဖို့အတွက် သတ်မှတ် ratio တွေအတိုင်းဖန်တီးတာ အထိရောက်ဆုံးပါ။ (ကိုးကား - mojo-manual)

✍️အလုပ်ထွက်စာ ရေးသားခြင်းအလုပ်ကနေ ထွက်ခွာတဲ့အခါ ..ဘယ်တော့မှ ဒီအတိုင်းကြီးထွက်မလာပါနဲ့။ ထိရောက်တဲ့အလုပ် ထွက်စာတစ်စောင် ကေ...
01/07/2023

✍️အလုပ်ထွက်စာ ရေးသားခြင်း

အလုပ်ကနေ ထွက်ခွာတဲ့အခါ ..ဘယ်တော့မှ ဒီအတိုင်းကြီးထွက်မလာပါနဲ့။ ထိရောက်တဲ့အလုပ် ထွက်စာတစ်စောင် ကောင်းကောင်းလေးရေးခဲ့ပေးပါ။

အဲဒီအလုပ်ထွက်စာဟာ သင့်အတွက်ပရော်ဖက်ရှင်နယ်ပီသမှုကို ရှင်းရှင်းလင်းလင်းပြသခွင့်ပေးတဲ့စာပဲ ဖြစ်ပါတယ်။

✍️အလုပ်ထွက်စာမှာ မဖြစ်မနေပါသင့်တဲ့အရာတွေ

(၁) ပထမဆုံးကတော့ နှုတ်ဆက်လမ်းခွဲခြင်းကိုပြသတဲ့စာကြောင်းဖြစ်ပါတယ်။ ဒီစာဟာ ဒီအလုပ်ကနေ နှုတ်ထွက်တဲ့စာဖြစ်ပြီး ဒီစာနဲ့အတူ နှုတ်ဆက်ပါတယ်ဆိုတဲ့အကြောင်းကို မဖြစ်မနေထည့်သွင်းရပါမယ်။ (၂) ဒုတိယအချက်ကတော့ ဘယ်နေ့မှာ နောက်ဆုံးအလုပ်ဆင်းမယ်ဆိုတဲ့ ရက်စွဲကိုမဖြစ်မနေထည့်သွင်းရပါမယ်။ (၃) လုပ်ဖော်ကိုင် ဖက်တွေနဲ့အတူအလုပ်လုပ်ခဲ့ရတဲ့အချိန်မှာ အတွေ့အကြုံတွေအများကြီးရခဲ့တဲ့အကြောင်းကိုလည်းမဖြစ် မနေထည့်သွင်းသင့်ပါတယ်။ (၄) hand over process ကို ဒီအတောအတွင်းမှာ အကောင်းဆုံးလုပ်ပေးဖို့ အချက်ကလည်း အရေးအကြီးဆုံးပါသင့်တဲ့အချက်ဖြစ်ပါတယ်။ (၅) နောက်တစ်ချက်ကတော့ လူကြီးမင်းရဲ့ ဆက်သွယ်ရမယ့်ဖုန်းနဲ့ အီးမေးလ်ပါ။ အလုပ်မလုပ်တော့ပေမဲ့ ဒီဖုန်းနဲ့ ဒီအီးမေးလ်ကိုဆက်သွယ်ပြီးမေး နိုင်တဲ့အကြောင်းထည့်သွင်းရေးသားလိုက်ပါ။ (ဒီအချက်က လူကြီးမင်းကို ပိုပြီး impressive ဖြစ်စေတဲ့အချက် ဆိုရင်လည်းမမှားပါဘူး။) (၆) နောက်ဆုံးတစ်ချက်ကတော့ ကျေးဇူးတင်ကြောင်းဖြစ် ပါတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ကိုကျေးဇူးတင်ခဲ့ပါ။

✍️အလုပ်ထွက်စာမှာ မပါသင့်တဲ့အချက်တွေ

(၁) လုပ်ဖော်ကိုင်ဖက်တွေမကောင်းတဲ့အကြောင်း၊ ကိုယ့် team နဲ့အလုပ်လုပ်တာအဆင်မပြေတဲ့အကြောင်းကို မထည့်ပါနဲ့။ (အဲဒါက exit interview မှာ ပြောခဲ့ရမယ့် အရာတွေပါ။) (၂) ဘာကြောင့် အလုပ်ထွက်ဖို့ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့အချက်ကိုလည်းမထည့်ပါနဲ့။ ဒါက မလိုအပ်ပါဘူး။ လိုအပ်ရင်လူကြီးမင်းကိုခေါ်ပြီး သီးသန့်ညှိနှိုင်းပါလိမ့်မယ်။ (၃) အလုပ်နဲ့ပတ်သက်တဲ့ negative thought တွေမထည့်ပါနဲ့။ ထွက်စာဟာ ထွက်ဟာသပ်သပ်ဖြစ်သင့်ပါတယ်။ ကုမ္ပဏီကို မကောင်းမြင်တဲ့အကြောင်းအရာ၊ အခြား ကုမ္ပဏီရဲ့ negative ဖြစ်စေမယ့်အကြောင်းအရာတွေ ကို ထွက်စာမှာ မထည့်ပါနဲ့။

✍️ပါရင်လည်းဖြစ်၊ မပါရင်လည်းဖြစ်တဲ့ အချက်တွေ

(၁) ဘာကြောင့်ထွက်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုမထည့်ချင်လည်းရပါတယ်၊ထည့်ချင်လည်း ရပါတယ်။ တစ်ချို့ကတော့ ပါဆင်နယ်ကိစ္စကြောင့် ထွက်တယ် ဆိုပြီး ရိုးရိုးလေးပဲ ထည့်ကြပါတယ်။ ဒါကြောင့် ဘာကြောင့်ထွက်ရတယ်ဆိုတဲ့အကြောင်းထည့်မယ်ဆိုရင် ညင်သာတဲ့ Positive အကြောင်းအရာပဲထည့်သွင်းလိုက်ပါ။ (၂) အလုပ်သစ်ရတဲ့အကြောင်းကိုလည်း ထည့်လို့လည်းရပါတယ်။ မထည့်ချင်လည်းဖြစ်ပါတယ်။

✍️ဗီဒီယို Content တွေ ဘာကြောင့်ဖန်တီးသင့်တာလဲFacebook Video တွေဟာ အခြားအွန်လိုင်း Video တွေထက် ၈.၄ ဆ လူကြည့်များတယ်ဆိုတာ...
28/06/2023

✍️ဗီဒီယို Content တွေ ဘာကြောင့်ဖန်တီးသင့်တာလဲ

Facebook Video တွေဟာ အခြားအွန်လိုင်း Video တွေထက် ၈.၄ ဆ လူကြည့်များတယ်ဆိုတာ သင်သိပါ သလား။ ‌

နေ့စဉ်နေ့တိုင်း လူတွေဟာ ဖေ့စ်ဘုတ်ပေါ်မှာ နာရီပေါင်းသန်း ၁၀၀ ကျော်အထိ ဗီဒီယိုတွေကြည့်နေတတ် ကြပါတယ်။ ၈၅ ရာခိုင်နှုန်းသော ဖေ့စ်ဘုတ်ဗီဒီယိုဟာ အသံမပါဘဲနဲ့ကြည့်နေကြတာဖြစ်ပါသတဲ့။

ဖေ့စ်ဘုတ်ဗီဒီယိုတွေဟာ ပရိတ်သတ်တွေဆီကို ဓါတ်ပုံတွေတင်ထာထက်ပိုပြီး ၁၃၅ ရာခိုင်နှုန်းရောက်ရှိ နိုင်တယ်လို့လည်းဆိုပါတယ်။

လူတွေဟာ ဗီဒီယိုကြည့်တဲ့အခါ သူ့တို့ရဲ့အာရုံထဲ ၉၅ ရာခိုင်နှုန်းသက်ရောက်စေပြီး Post တွေဖတ်တာက တော့ ၁၀ ရာခိုင်နှုန်းလောက်ပဲ ခေါင်းထဲရောက်ပါသတဲ့။

Facebook ရဲ့ အယ်ဂိုရီသမ်ဟာ ဗီဒီယိုတွေကို ဦးစားပေးဖော်ပြတတ်လို့ ကိုယ့်လုပ်ငန်းအတွက် ဗီဒီယို လေးတွေဖန်တီးပြီးလွှင့်တင်တာဟာ လူကြည့်များတဲ့အရာတစ်ခုဖြစ်လာပါတယ်။

✍️အားသာချက်

အခုခေတ်မှာ စမတ်ဖုန်းတစ်လုံးနဲ့ဗီဒီယိုဖိုင်လေးတွေရိုက်ကူးဖန်တီးနိုင်ပါပြီ။ လွယ်ကူ တယ်၊ အဆင် ပြေတယ်။ ဗီဒီယိုဖိုင်တွေကို ကိုယ့်လုပ်ငန်းဆိုရှယ်မီဒီယာပေါ်မှာ မကြာမကြာတင်ခြင်းအား ဖြင့် အများ ပြည်သူရဲ့စိတ်ဝင်စားမှုကို ခံယူနိုင်ပါတယ်။

✍️အားနည်းချက်

ယှဉ်ပြိုင်မှုများလို့ အိုင်ဒီယာကောင်းဖို့လိုအပ်ပါတယ်။ အရည်အသွေးပိုကောင်းတဲ့ဗီဒီယို ဖိုင်တွေအတွက် စမတ်ဖုန်းတစ်ခုတည်းနဲ့တော့အလုပ်မဖြစ်တော့ပါဘူး။ ဒီတော့ ကင်မရာကောင်း ကောင်းနဲ့ လိုအပ်တဲ့ ပစ္စည်းတွေပါ နောက်ကလိုက်လာပါတော့တယ်။

✍️ဘယ်လိုထုတ်လုပ်ဖန်တီးကြသလဲ

ဗီဒီယိုဖိုင်ကောင်းတစ်ခုထွက်ဖို့ ဇာတ်ညွှန်း၊ ရိုက်ညွှန်းလိုအပ်ပါ တယ်။ ရိုက်ကူးသူ၊ သရုပ်ဆောင်သူ တွေနဲ့ ကုန်ပစ္စည်းအပေါ်လိုက်ပြီး မြိုင်မြိုင်ဆိုင်ဆိုင်ဖန်တီးတတ်ကြပါတယ်။

✍️ဘယ်နေရာတွေမှာ တင်သင့်လဲ

YouTube ဟာ ဗီဒီယိုတွေရဲ့ဘုရင်ဖြစ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်း အလုပ်ဖြစ်တာက Facebook မှာပါ။ Instagram ပေါ်မှာလည်း ဗီဒီယိုအတိုလေးတွေတင်လာတတ်ကြ တာမို့ Instagram ဟာ YouTube ထက်တောင်အားသာနေပါသေးတယ်။

✍️ပို့စ်ရေးသားခြင်း၊ ဘလော့ဂ်ရေးသားခြင်း၊ ဆောင်းပါးရေးသားခြင်းContent တစ်ခုဖန်တီးတော့မယ်ဆိုရင် Video အနေနဲ့ဖန်တီးမှာလား၊ ...
23/06/2023

✍️ပို့စ်ရေးသားခြင်း၊ ဘလော့ဂ်ရေးသားခြင်း၊ ဆောင်းပါးရေးသားခြင်း

Content တစ်ခုဖန်တီးတော့မယ်ဆိုရင် Video အနေနဲ့ဖန်တီးမှာလား၊ Content writing အနေနဲ့လား Copy writing အနေနဲ့လား ဆိုပြီး အရင်ဆုံးစဉ်းစားကြရပါတယ်။

ဒါကတော့ ပို့စ်ရေးသားခြင်း၊ ဘလော့ဂ်ရေးသားခြင်း၊ ဆောင်းပါးရေးသားခြင်း တို့ရဲ့ အားသာချက်၊ အား နည်းချက်တွေဖြစ်ပါတယ်။

✍️အားသာချက်

ဆောင်းပါးရေးသားခြင်းဟာ ကိုယ့်လုပ်ငန်းနဲ့ပတ်သက်လို့ အများပြည်သူသိစေချင် တဲ့အချက်တွေကို စာရေးသားခြင်းမှတစ်ဆင့်သိနိုင်မှာဖြစ်ပြီး မိမိလုပ်ငန်းရဲ့ နာမည်ဂုဏ်သတင်းကို တည်ဆောက်ရာမှာ အထောက်အပံ့ပေးနိုင်မှာဖြစ်ပါတယ်။

✍️အားနည်းချက်

ဆောင်းပါးပေါင်းများစွာ၊ စာရေးသားခြင်းများစွာကို လူပေါင်းများစွာကဖန်တီးနေကြ တာဖြစ်လို့ အကြောင်းအရာတူများစွာရှိနိုင်ပြီး ပြိုင်ဆိုင်မှုများပါလိမ့်မယ်။ Content ခေါင်းစဉ်ပေါင်းများစွာ အတွက် အိုင်ဒီယာကောင်းကောင်းတွေလည်းလိုအပ်ပါတယ်။ Content အတွက် အိုင်ဒီယာစဉ်းစားချိန်၊ ရေးသားချိန်စတဲ့ အချိန်တော်တော်များများပေးရမှာဖြစ်ပါတယ်။

✍️ဘယ်လိုရေးသားလေ့ရှိကြသလဲ

ခေတ်နဲ့လိုက်လျောညီထွေဖြစ်တဲ့အကြောင်းအရာကို တည်မှီပြီးရေး သားလေ့ရှိကြပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူငယ်ရေးရာ စတဲ့အ ကြောင်းအရာနဲ့ဆက်နွယ်ပြီး စိတ်ဝင်စားစရာဆောင်းပါးတွေ၊ ဘလော့ဂ်တွေ၊ စာရေးသားခြင်းတွေဖန်တီး တတ်ကြပါတယ်။

✍️ဘယ်လိုမီဒီယာပလက်ဖောင်း ပေါ်မှာ ရေးသားသင့်လဲ

LinkedIn နဲ့ Facebook တွေမှာ အရေးသင့်ဆုံးဖြစ်ပါတယ်။ စာလုံးရေကို ၁၅၀၀ ထက်ပိုရှည်တဲ့ဆောင်းပါးတွေအတွက် အဲဒီနှစ်ခုက အကောင်းဆုံးဖြစ်ပါတယ်။ တွစ်တာလိုနေရာမျိုးမှာ တော့ အပိုင်းအတိုအထွာလေးတွေကိုသာ တင်နိုင် တာမို့ ကိုယ်ရေးထားတဲ့ Link ကိုသာညွှန်းသင့်တဲ့နေရာ အဖြစ်သာသုံးသင့်ပါတယ်။

Content မရေးခင် ဒါလေးအရင် သိစေချင်ဘာရေးရမလဲဆိုတာက Content Writer တစ်ယောက် အရင်စဉ်းစားရတဲ့ ပြဿနာဖြစ်ပြီး ဘယ်လိုရေးရမလဲဆို...
20/06/2023

Content မရေးခင် ဒါလေးအရင် သိစေချင်

ဘာရေးရမလဲဆိုတာက Content Writer တစ်ယောက် အရင်စဉ်းစားရတဲ့ ပြဿနာဖြစ်ပြီး ဘယ်လိုရေးရမလဲဆိုတာကတော့ အလုပ်စဉ်အတွက် ပုံစံဝင်အောင် ချတဲ့ကိစ္စဖြစ်ပါတယ်။

ဘယ်လိုရေးရမလဲဆိုတဲ့ဖြစ်စဉ်မှာ အကန့်လေးတွေ ထပ်ရှိနေပါတယ်။

ဘယ်သူတွေကို ဦးတည်ရေးမှာလဲ။ ဘာရည်ရွယ်ချက်နဲ့ ရေးမှာလဲ။ ဘယ်လို အသံမျိုးနဲ့ မက်ဆေ့ချ်ပေးချင်တာလဲ။ ဘယ်အချက်တွေ ပါဖို့ လိုတာလဲ။ ခေတ်ပေါ်အသံတွေ ထည့်မလား။ 'အဓိကစကား' Keywords တွေက ဘာတွေလဲ။ ဘယ်အချက်နဲ့ စာဖတ်သူကို ဖမ်းစားမလဲ။ ရှောင်ရမယ့် Tone & Type လေးတွေက ဘာတွေလဲ။ နောက်ဆုံး Content အတို/အရှည် Length ကအစ ဘယ်လောက်ထားမလဲ ... စတဲ့ စတဲ့ အလုပ်ခန်းထဲက မေးခွန်းလေးတွေ ရှိပါတယ်။

ဒါကြောင်း Content မရေးခင်အပိုင်းကို ခြုံပြောရရင်

(၁) သင့်စာဖတ်မယ့်သူကို နားလည်အောင် အရင်လေ့လာပါ။

(၂) သူတို့အကြိုက်နဲ့ မျှော်လင့်ထားတဲ့ မေးခွန်းတွေကိုလည်း ဖြေပေးဖို့ လုပ်ပါ။

(၃) အချိန်ကာလ Seasonal နဲ့ မျက်မှောက်အခြေအနေနဲ့အညီ ဖြစ်အောင်လုပ်ပါ။

(၄) သင့် Content ကို အနုပညာအမြင်နဲ့ ကြည့်ပြီး လက်တွေ့ကျတဲ့ ပုံစံနဲ့ ဖန်တီးထားပါ။

(၅) သင့် Business Logic ကို တနည်းနည်းနဲ့ ဖော်ထုတ်မှုရှိပါ။

အဲဒီ (၅) ချက်ကို အခြေခံပြီးရင်တော့ လက်တွေ့စမ်းသပ်တဲ့အနေနဲ့ Content တစ်ပုဒ်ဖန်တီးကြည့်လိုက်ပါစို့။

Content Marketing Experts တွေအကြားမှာ Blog Post တစ်ခု ဘယ်လောက်ရှည်သင့်သလဲဆိုတာက ငြင်းစရာတွေ ရှိတဲ့ကိစ္စပါ။ တချို့က စာလုံးရေ ထောင်နဲ့ချီ ရှည်လျားတဲ့ပို့စ်တွေက Result ကောင်းတယ်လို့ မြင်ပြီး တချို့တွေကတော့ စာလုံးရေ ၄၀၀ နဲ့ ၅၀၀ အကြားက Perfect လို့ မြင်ကြပါတယ်။

မြန်မာစာလို စာလုံးရေတွက်ချက်မှု ကွဲပြားတဲ့ဘာသာစကားမျိုးမှာတော့ ကိုယ့်ပရိသတ်နဲ့ကိုယ် ဉာဏ်ယှဉ်ပြီး ချိန်ရေးတာက ပိုပြီး အလုပ်ဖြစ်ပါလိမ့်မယ်။

✍️Slogan (ဆောင်ပုဒ်) တစ်ခု ဖန်တီးနည်း✍️ဒီတစ်ခါတော့…လုပ်ငန်းအတွက်ဖြစ်ဖြစ်….Branding အတွက်ဖြစ်ဖြစ်…..ကြော်ငြာအတွက်ဖြစ်ဖြစ်...
17/06/2023

✍️Slogan (ဆောင်ပုဒ်) တစ်ခု ဖန်တီးနည်း✍️

ဒီတစ်ခါတော့…လုပ်ငန်းအတွက်ဖြစ်ဖြစ်….Branding အတွက်ဖြစ်ဖြစ်…..ကြော်ငြာအတွက်ဖြစ်ဖြစ်… Slogan (ဆောင်ပုဒ်) လေးတစ်ခုကို အတူဖန်တီးကြည့်ကြရအောင်။

မဖန်တီးခင်မှာ မေးခွန်းလေးတစ်ခုနဲ့ စချင်ပါတယ်။

“Slogan (ဆောင်ပုဒ်)” ကို ဘာအတွက်ဖန်တီးမှာလဲ” ဆိုတဲ့မေးခွန်းလေးကိုဖြေကြည့်ဖို့လိုပါတယ်။
လုပ်ငန်းအတွက်သုံးမယ်ဆိုရင် အဲဒီ Slogan (ဆောင်ပုဒ်) ဟာ ကိုယ့်လုပ်ငန်းကြော်ငြာဆိုင်းဘုတ်တွေမှာပါလာမယ်၊ သတင်းစာကြော်ငြာတွေမှာပါလာမယ်၊ ဆိုရှယ်မီဒီယာတွေမှာ သုံးလာမယ်၊ လုပ်ငန်းနဲ့သက်ဆိုင်တဲ့ နေရာအကုန်လုံးမှာ ပါဝင်ရ၊ သုံးစွဲလာရမှာဖြစ်တယ်ဆို တဲ့ အဖြေကိုဖြေရင်းနဲ့ ကိုယ့်လုပ်ငန်း Slogan ရဲ့ရည်ရွယ်ချက်ကို သိရှိနားလည်သွားမှာဖြစ်ပါတယ်။

ရည်ရွယ်ချက်ကိုနားလည်ပြီဆိုရင်တော့စပြီး ဖန်တီးရအောင်။

✍️ရေးမယ့်အကြောင်းကိုနောကြေနေရမှာက ပထမ

ထီးတစ်ချောင်းအကြောင်းကို Slogan (ဆောင်ပုဒ်) ဖန်တီးရမယ်ဆိုပါစို့။ ထီးကိုထုတ်လုပ်တဲ့ကုမ္ပဏီရဲ့ရည်ရွယ် ချက်၊ ဘယ်လိုပရိတ်သတ်အတွက်ရည်ရွယ်ပြီးထုတ်တာလဲ၊ ထီးကိုဘယ်လိုလူတွေအဓိကဝယ်သလဲ၊ အားသာ ချက်ကဘာရှိသလဲ အစရှိတဲ့ ထုတ်ကုန်ရဲ့ သမိုင်းကြောင်း၊ ဈေးကွက်အခြေအနေတွေကို နောကြေအောင်သိရှိ ထားရမှာဖြစ်ပါတယ်။ ဒီတော့ ထုတ်ကုန်အကြောင်းကို ကြေကြေလည်လည်ရှိဖို့အရင်လေ့လာလိုက်ကြရအောင်။

✍️အခြား “slogan” တွေကို လေ့လာပါ

စု၊ တု၊ ပြုဖို့တစ်ခုတည်းအတွက်မဟုတ်ပါဘူး။ ကိုယ်ဖန်တီးမယ့် အိုင်ဒီယာက သူများနဲ့မထင်မှတ်ဘဲသွားတူနေ တတ်တာမျိုးတွေရှိပါတယ်။ “slogan” တွေသွားတူနေရင် ဂွမ်းပါတယ်။ မတော်ရင် မူပိုင်ခွင့်နဲ့ငြိပြီးပြဿနာတက် နိုင်ပါသေးတယ်။ ဒါကြောင့် အခြား ကိုယ်နဲ့ အလားတူ လုပ်ငန်းတွေရဲ့ slogan တွေကို သေသေချာချာလေ့လာဖို့ လိုပါတယ်။ သူတို့ဖန်တီးမှုထက် ကိုယ့်ဖန်တီးမှုကောင်းအောင်လည်းဖြစ်ပါတယ်။

✍️“slogan” ရဲ့ နေရာ

ပထမဆုံးစဉ်းစားခဲ့တဲ့အချက်ပေါ့။ ကိုယ့် “slogan” ကိုဘယ်နေရာမှာသုံးမှာလဲ၊ ဘယ်လိုပရိတ်သတ်အတွက်လဲဆို တဲ့ ရည်ရွယ်ချက်ကို လက်တွေ့ပေါ်လွင်အောင်စဉ်းစားရမှာဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးလေး လူငယ်ကြိုက်ဖန်တီးရမှာလား၊ အတည်အခန့်ဖန်တီးရမှာလားဆိုတာကိုတွေးတောရမှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပထမဆုံးစဉ်းစားခဲ့တဲ့ “Slogan (ဆောင်ပုဒ်)” ကို ဘာအတွက်ဖန်တီးမှာလဲ” ဆိုတဲ့မေးခွန်းကို ဖြေတုန်းကထက်ပိုပြီး ကျုံ့သွား၊ လက်တွေ့ပိုကျသွားအောင် စဉ်းစားရမှာပါ။

✍️စပြီး ချ ရေးပါ။

အပေါ်က (၃) ချက်ပြီးတာနဲ့ နံပါတ် (၄) အချက်အဖြစ် ကိုယ်စဉ်းစားမိသမျှ အပေါ်က (၃) ချက်အကြောင်းကို ချရေး ကြည့်လိုက်ပါ။ ကိုယ့်ထုတ်ကုန်အားသာချက်၊ အလားတူလုပ်ငန်းတွေကဘယ်လိုဖန်တီးကြသလဲ၊ ဘယ်နေရာမှာ သုံးမှာလဲ ဆိုတဲ့အချက်တွေဟာ လူကြီးမင်းချရေးထားတဲ့ စာရွက်ပေါ်မှာရှိနေမှာဖြစ်ပါတယ်။

✍️စမ်းရေးကြည့်လိုက်ပါ

တစ်ခုချင်းစဉ်းစားပြီး စမ်းရေးကြည့်လိုက်ပါတော့။ ဘယ်လိုရေးရမလဲဆိုတော့…Slogan မှာ ပါဝင်ချင် တဲ့အကြောင်းအရာအားလုံးကို စာ တစ်ကြောင်းတည်းချရေးပါ။ တစ်ချို့ဟာက ရှည်လွန်းနေပြီး တစ်ချို့ဟာက တိုလွန်းနေတာမျိုး၊ ဆိုလိုရင်းများနေတာမျိုးဖြစ်တတ်ပါလိမ့်မယ်။ အခု (၂၀) လောက်အထိ ရေးကြည့်လိုက်ပါ။ (၂၀) ပြည့်ရင်တော့ တော်ပါပြီ။ (၂၀) ခုစလုံးကို သေသေချာချာသုံးသပ်ပြီး မကြိုက်ဆုံးသော တစ်ခုကိုအရင်ဆုံး ဖယ်လိုက်ပါ။ ပြီးရင် တစ်ခုပြီးတစ်ခု မကြိုက်တာတွေကိုဖယ်သွားလိုက်ပါ။ နောက်ဆုံး (၅) ခုအထိပဲကျန်ပါစေ။

✍️သုံးသပ်၊ နားလည်ခြင်း

နောက်ဆုံးကျန်တဲ့ (၅) ခုကို ပြန်လည်သုံးသပ်ပါ။ အဓိပ္ပါယ်ကိုသေသေချာချာနားလည်အောင်ကိုယ်ကအရင် လုပ်ပါ။ သူများကို ရှင်းပြရမှာမို့လို့ပါ။ အလွယ်ဆုံး၊ အရိုးရှင်းဆုံးဖြစ်ပါစေ (ဉပမာ - ပက်စီနဲ့ လန်းမယ်၊ အမြဲအတူရှိသော…တယ်လီနော…။ MPT ရှေ့သို့လှမ်းချီ..မြန်မာပြည်)။
နောက်ဆုံးကျန်ခဲ့မယ့် (၅) ခုကို စဉ်းစား၊ ပြန်စဉ်းစား၊ ပြန်ပြင်၊ သုံးသပ် လုပ်ကြည့်ပြီးတာနဲ့ နောက်ဆုံးမှာ လက်ရွေးစင် Slogan (၃) ခုကို ဆွဲထုတ်ကြည့်လိုက်ပါ။

အဲဒီ (၃) ခုကတော့ လူကြီးမင်းရဲ့ အဖွဲ့အစည်းကို ချပြပြီး မဲစနစ်နဲ့ အကောင်းဆုံးကိုရွေးချယ်ဖို့အတွက်ပဲဖြစ်ပါတယ်။

Content Calendar တစ်ခု ဖန်တီးခြင်းကျောင်းဆရာတွေဟာ စာသင်ဖို့အတွက် သင်ကြားရေး သင်ရိုးညွှန်းတမ်းလိုအပ်သလို ဆောက်လုပ်ရေး အင်...
08/06/2023

Content Calendar တစ်ခု ဖန်တီးခြင်း

ကျောင်းဆရာတွေဟာ စာသင်ဖို့အတွက် သင်ကြားရေး သင်ရိုးညွှန်းတမ်းလိုအပ်သလို ဆောက်လုပ်ရေး အင်ဂျင်နီယာတွေဟာလည်း အိမ်တစ်ဆောင်ဖြစ်ဖို့ တည်ဆောက်ရေး Plan လိုအပ်ပါတယ်။ စီးပွားရေး လုပ်ငန်းမှာတော့ Business Plan တွေကို ပုံစံအမျိုးမျိုးနဲ့ရေးဆွဲအကောင်အထည်ဖော်နေကြပါတယ်။

အဲဒီလိုပါပဲ။ အွန်လိုင်းပေါ်မှာ Page ထောင်ပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွက်လည်း Content Plan က မရှိမဖြစ်လိုအပ်ပါတယ်။ ဒီရည်ရွယ်ချက်ကြောင့်ပဲ ကျွန်တော်တို့ရဲ့ အခြေခံ Content Writing စာအုပ်ထွက်ရှိလာတာဖြစ်ပါတယ်။

Content Calendar မှာ ပုံစံအမျိုးမျိုးရှိပါတယ်။ တစ်ချို့က တစ်လစာ Content Plan ဆွဲကြတယ်။ တစ်ချို့ကတော့ တစ်ပတ်စာ Content Plan ဆွဲကြတယ်။

တစ်လစာ Content Plan ဆိုတာက ဒီနေ့ အရောင်း Post တင်ရင် မနက်ဖြန် Quiz တင်မယ်။ နောက်တစ် ရက်ကျတော့ Brand awareness တင်မယ် စသည်ဖြင့် တစ်လလုံးမှာ တစ်ရက်နဲ့တစ်ရက်မတူဘဲ အလှည့် အပြောင်းလေးတွေနဲ့တင်တဲ့ပုံစံပါ။

တစ်ပတ်စာ Content Plan ဆိုတာက တစ်ပတ်လုံးအတွက် Fixed လုပ်ပြီးသား Content ပုံစံတွေကိုတစ် လမှာ ငါးပတ်ရှိရင် တစ်ပတ်ချင်းအလိုက်အလှည့်စီတင်သွားတာဖြစ်ပါတယ်။ လုပ်ငန်းအပေါ်မူတည်ပြီး၊ Content Writer ကဖန်တီးနိုင်စွမ်းအပေါ်မူတည်ပြီး အဆင်ပြေသလိုတင်လေ့ရှိပါတယ်။

Content Calendar ဆိုတာ ဘယ်နေ့မှာ ဘယ်အကြောင်းအရာကို ရေးပြီး ဘယ်ပလက်ဖောင်း, ဘယ်အချိန်မှာ တင်မလဲဆိုတဲ့ အယ်ဒီတာ့ပြက္ခဒိန်ပါပဲ။ Content Calendars တွေထဲမှာ နောက်လ/ နောက်အပတ်အတွက် ထူးထူးခြားခြား ဖန်တီးရမယ့် Content တွေ ၊ Updates လုပ်စရာကိစ္စလေးတွေနဲ့ Special Days အတွက် ကြိုလုပ်ထားသင့်တဲ့ အချက်လေးတွေ ပါတတ်ပါတယ်။

ဝါသနာအလျောက် ဘလော့ဂ်ရေးတာ ၊ ဝက်ဘ်ဆိုက်ထောင်တာ ၊ Social Media ပလက်ဖောင်းတစ်ခု ဖန်တီးတာမျိုးအတွက် Content Calendar မလိုပါဘူး။ ဒါပေမဲ့ လည်း ကိုယ်က အွန်လိုင်းစီးပွားရေး တစ်ခု ထောင်ထားပြီး လုပ်ငန်းကြီးထွားရေးအတွက် Content Marketing သုံးမယ်ဆိုရင် အစီအစဉ်တကျဖြစ်ဖို့ အရေးကြီးပါတယ်။ Content Calendar တစ်ခု ကြိုရေးဆွဲရတဲ့ ရည်ရွယ်ချက်က Content တွေ မပြတ်ထုတ်နိုင်ဖို့ ၊ အစီအစဉ်တကျရှိပြီး Content စီးဆင်းမှု ချောမွေ့နေဖို့ ၊ အရေးကြီးတဲ့ Content တွေ မလုပ်မိဘဲ မေ့ကျန်ခဲ့တာမျိုး မဖြစ်ဖို့အပြင် ကိုယ့် Content အရည်အသွေး ဆန်းသစ်ထူးခြားအောင်ပါ အစီအစဉ်ချနိုင်ဖို့ ဖြစ်ပါတယ်။

Content Writer များအား ဖိတ်ခေါ်ခြင်းMr Content နဲ့ ဆက်သွယ်လုပ်ကိုင်နေရတဲ့ လုပ်ငန်း (၅) ခုအတွက် အလုပ်သင် Content Writer (...
06/06/2023

Content Writer များအား ဖိတ်ခေါ်ခြင်း

Mr Content နဲ့ ဆက်သွယ်လုပ်ကိုင်နေရတဲ့ လုပ်ငန်း (၅) ခုအတွက် အလုပ်သင် Content Writer (၅) ဦး အလိုရှိပါတယ်။
🟢 Lifestyle
🟢 Tech
🟢 Cosmetic
🟢 စားသောက်ကုန်
🟢 ကျန်းမာရေးပစ္စည်း ကဏ္ဌတွေမှာ Content ရေးလိုသူတွေ ဆက်သွယ်ပေးပါ။

ကိုယ်ရေးတဲ့ အပုဒ်အရေအတွက် အပေါ်မူတည်ပြီး ရေးနိုင်ရင် ရေးနိုင်သလောက်ရရှိမှာပါ။ အရည်အတွက် ထက် အရည်အသွေးကိုဦးစားပေးပါတယ်။

တစ်ပုဒ်ကောင်းရေးလိုသူတွေ၊ Content တစ်ပုဒ်အတွက် ထိုက်သင့်တဲ့ ဉာဏ်ပူဇော်ခရလိုတဲ့ Content Writer တွေအနေနဲ့ CV နဲ့ ရေးဖူးတဲ့ Content တစ်ပုဒ်ကို attached တွဲ၊ [email protected] အီးမေးလ်ပို့ပြီး ဆက်သွယ်ပေးပါနော်။

Shortlisted တွေကိုပဲ ဆက်သွယ်ပြီး အလုပ်အကြောင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။

Content ရေးတဲ့အခါ ခေါင်းစဉ်ဘယ်လိုပေးမလဲကိုယ်ရေးတဲ့အကြောင်းအရာက ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လောက်ပဲဆွဲဆောင်မှုရှိရှိ ခေါင်...
31/05/2023

Content ရေးတဲ့အခါ ခေါင်းစဉ်ဘယ်လိုပေးမလဲ

ကိုယ်ရေးတဲ့အကြောင်းအရာက ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လောက်ပဲဆွဲဆောင်မှုရှိရှိ ခေါင်းစဉ်က ဆွဲဆောင်မှုမရှိရင်ဆက်မဖတ်တတ်ပါဘူး။

ဒါကြောင့် ရုတ်တရက်နှစ်စက္ကန့်လောက် အတွင်း ဖတ်မိရုံနဲ့ ဆွဲဆောင်မှုရှိတဲ့ခေါင်းစဉ်ပေးသင့်ပါတယ်။ ဥပမာအား ဖြင့် ကိုယ်ရေးမယ့်အကြောင်းအရာထဲမှာ ဘယ်အရာက ပရိတ်သတ်ကိုအဆွဲဆောင်နိုင်ဆုံးလဲဆိုတာ ကို ငါးမျှားချိတ် (Hook) အဖြစ်အသုံးချပြီး ခေါင်းစဉ်တင်သင့်ပါတယ်။

ကားတစ်စီးရမယ့်အခွင့်အရေးတို့ အိုင်ဖုန်းကံထူးနိုင်မယ့်အခွင့်အရေးတို့ စသည်ဖြင့် စျေးကွက်ထဲမှာ ရှိနှင့်ပြီးသား Hook တွေတွေ့ရတတ် ပါတယ်။ စာသားလေးတစ်ကြောင်းနဲ့ ခေါင်းစဉ်လေးတစ်ခုနဲ့စာဖတ် သူကို မျှားလိုက်တဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် ခေါင်းစဉ်ဟာ ထိမိနေဖို့ အခရာအကျဆုံးဖြစ်ပါတယ်။

ခေါင်းစဉ်ကလိုတိုရှင်းဖြစ်သင့်ပြီး အရမ်းရှည်နေရင် မဖတ်ချင်ကြပါဘူး။ ခေါင်းစဉ်ပေးရခက်နေရင်တော့ မေးခွန်းလေးမေးပြီး ကိုယ့် Content ကို အစပြုလိုက်ပါ။ ဥပမာ - Roll on ကြော်ငြာ Content တွေမှာဆို “ချွေးနံ့အရမ်းထွက်လို့ စိတ်ညစ်နေပြီလား” “စော်ကြည်တဲ့အနံ့လေးဖြစ်ချင်သလား” စသည်ဖြင့် မေးခွန်း လေးတွေနဲ့ Content ခေါင်းစဉ်ကိုပေးတတ်ကြပါတယ်။ “၅၀ ရာခိုင်နှုန်းလျှော့နေတာ သိပြီးပြီလား” “လန်းဆန်းဖို့လိုအပ်နေပြီလား” အစရှိသည်ဖြင့် မေးခွန်းလေးတွေဟာ ရိုးရှင်းပြီး အများက စိတ်ဝင်စား တတ်ကြပါတယ်။

ခေါင်းစဉ်ကတော့ မပေးလို့မရပါဘူး။ တစ်ချို့ Content ဖန်တီးသူတွေဟာ ခေါင်းစဉ်မပေးဘဲ ပထမစာ ကြောင်းကို တန်းရေးတတ်ကြတာလည်းတော်တော်များများရှိပါတယ်။ ဒါဟာ Content သဘောတရား ကို နားမလည်လို့လို့ပဲလို့ ကျွန်တော်တို့က ယူဆပါတယ်။ ဘယ်အကြောင်းအရာဖြစ်ဖြစ် ခေါင်းစဉ်ကတော့ ရှိသင့်တယ်မဟုတ်လားနော်။

ဒီတော့ Content တစ်ပုဒ်ကို ခေါင်းစဉ်ပေးတဲ့အခါ -

- ဖတ်မိသူကို နှစ်စက္ကန့်အတွင်း ဆွဲဆောင်နိုင်မယ့်ခေါင်းစဉ်
- လိုတိုရှင်းခေါင်းစဉ်
- မေးခွန်းမေးခြင်း

တို့နဲ့ စတင်သင့်ပါတယ်။

Address

Bo Aung Kyaw Street
Yangon
<<NOT-APPLICABLE>>

Alerts

Be the first to know and let us send you an email when Mr Content posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mr Content:

Videos

Share

Mr Content

Mr Content is a team of online writing that blogs and business use as a marketing strategy to grow your business in Myanmar. We have many ideas which stand for persuade, inform and entertain for you.