MarketMotive

MarketMotive Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MarketMotive, Digital creator, Yangon.

22/10/2024
18/10/2024
10/09/2024

Marketing မှာ Product တစ်ခု Marketထဲကို စပီးဖောက်တော့မယ်ဆိုရင် ဘယ်သူတွေကိုရောင်းမှာလဲဆိုတဲ့ Target ကို စဉ်းစားတဲ့နေရာမှာ ဗျူဟာ ၃မျိုးရှိပါတယ်။ဒါတွေကို Video ထဲမှာပြောပြပေးထားပါတယ်..🔔

29/08/2024

Crafting a brand positioning statement is key to defining your identity. Here’s how to get it right🔥

24/08/2024

Digitalmarketing ကိုလုပ်နေပေမယ့် ဘယ်ကနေ စလုပ်ရမှန်းမသိတဲ့ သူတွေအတွက် PESO Model 🔥

16/08/2024

Marketing အခုမှစလုပ်မယ့်Marketers တိုင်းသိထားရမယ့် ATL,BTL,TTL အကြောင်းအရာတွေကို မျှဝေပေးထားတာဖြစ်ပါတယ်။ 📣 Digitalmarketing အလုပ်နဲ့ပတ်သက်တဲ့ interviews တွေမှာဒါတွေကိုမေးလေ့ရှိပါတယ်။ 😍

11/08/2024

Product စထုတ်မယ့်သူတွေ 📣ဆိုင်စဖွင့်မယ့်သူတွေ အတွက် 📣 Market Segmentation ဘယ်လိုလုပ်ရမလဲ ဆိုတာ sharing လုပ်ပေးတာပါ…🔔

10/08/2024

Marketingဆိုတာဘာလဲ? 🔥
အခြေခံကနေစပီး လေ့လာချင်တဲ့သူတွေအတွက်ပါ

Consumer တွေအပေါ် ဘယ်အရာတွေက လွှမ်းမိုးနေလဲ ‼️စားသုံးဝယ်ယူသူတစ်ယောက်အပေါ် ဘယ်အရာတွေက လွှမ်းမိုးနေတယ်ဆိုတာမူတည်ပြီး သူတို...
27/05/2024

Consumer တွေအပေါ် ဘယ်အရာတွေက လွှမ်းမိုးနေလဲ ‼️

စားသုံးဝယ်ယူသူတစ်ယောက်အပေါ် ဘယ်အရာတွေက လွှမ်းမိုးနေတယ်ဆိုတာမူတည်ပြီး သူတို့ရဲ့ ဝယ်ယူမှုပုံစံပြောင်းလဲသွားနိုင်ပါတယ်။

ဒါကြောင့် Consumerတွေ အပေါ်ဘယ်အရာတွေကလွှမ်းမိုးနေလဲဆိုတာကို သိရှိထားဖို့လိုပါတယ်။
Consumer တစ်ယောက်ဟာ ပထမဆုံး သူ့ရဲ့ကိုယ်ပိုင်ယူဆချက်၊အလေ့အကျင့်၊ခန္ဓာကိုယ် နဲ့ စိတ်ပိုင်းဆိုင်ရာတွေက လွှမ်းမိုးပါတယ်။ဒါတွေက အသက်အရွယ် ၊ ကျားမ ၊ လူနေမှုပုံစံအနေအထား ၊စိတ်ဓာတ်တက်ကြွမှု ၊ အလေ့အကျင့် အမြင် စိတ်နေစိတ်ထား၊သူ့ရဲ့ ဝင်ငွေတွေက သူဘာပစ္စည်းဝယ်ဝယ် လွှမ်းမိုးမှုကိုဖြစ်ပေါ်စေပါတယ်။

ဥပမာ-အသင့်စားခေါက်ဆွဲခြောက်ကို တစ်ချို့က ဒီဟာကို စားလို့ကောင်းတယ် လွယ်ကူတယ် စားသင့်တယ်မြင်ကြပြီး ဝယ်စားကြတယ်။တချို့ကြတော့ ဒါတွေစားရင် မကောင်းဘူး ကျန်းမာရေးထိတတ်တယ် ရောဂါဖြစ်တတ်တယ် ဒါကြောင့် မစားသင့်ဘူး ဝယ်မစားဘူး စသဖြင့် လူတစ်ယောက်ချင်းရဲ့ ခံယူချက်အမြင်မတူတဲ့အခါ ဒီပစ္စည်း ဝယ်မဝယ်ကွာခြားသွားနိုင်ပါတယ်။

အရင်တုန်းက နေ့ခင်းထမင်းစားချိန်လက်ဖက်ရည်ဆိုင်မှာ ထမင်းဝင်စားတဲ့အခါ ထမင်း နဲ့ လက်ရည်ကိုပဲ အများစုကမှာကြလေ့ရှိပါတယ် ဒါကို Coca Cola က သူ့Cola နဲ့ ထမင်း ကြက်ကြော် ခေါက်ဆွဲပြုတ်စသဖြင့် လူတွေတွဲစားချင်အောင် အစားအသောက် နဲ့ Cola ပုံတွေကို တွဲတွဲပြီး ဆိုင်မှာကော TVCမှာကော အမြဲကြေညာကာ လူတွေရဲ့ အတွင်း စိတ် Psychological အရဖြစ်စေ Memory အရစိတ်ထဲစွဲပြီး အစားအစာတစ်ခုခုမှာရင် Cola ပါတွဲမှာအောင် Habit နဲ့ Behavior ကို ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ လူတွေဟာ ကြေညာကပြောတိုင်းမယုံတော့ပါဘူး ဒါပေမယ် သူတို့ယုံကြည်ရတဲ့ မိသားစုထဲကဖြစ်စေ ၊ သူငယ်ချင်းကဖြစ်စေ ဒါလေးကောင်းတယ်ဆိုရင် လွယ်လွယ်ကူကူယုံပြီး လိုက်လုပ် လိုက်ဝယ်ကြလေ့ရှိပါတယ် နောက် Peer group ဆိုတဲ့ ပုံစံတူအစုအဖွဲ့လူတွေ
ဥပမာ fb မှာ ကြောင်ချစ်ကြတဲ့သူများgroupတွေလို ၊ အလှအပရေးရာ groupတွေလိုမျိုး၊Facebookမှာခေတ်စားနေတဲ့ Girls’ Discussion Corner လိုမျိုး 🥲 စိတ်ဝင်စားရာတူရာစုနေကြတဲ့ လူတွေရဲ့ စကားတွေက သူတို့အပေါ်အများကြီး လွှမ်းမိုးမှုကို ပေးနိုင်ပါတယ်။
ဒါကြောင့်လည်း social influencerတွေ နဲ့ Word of Mouth Marketing တွေလုပ်ကြတာဖြစ်ပါတယ်။နောက် ပညာရပ်တစ်ခုခုမှာ ဥပမာ Engineering၊ စိုက်ပျိုးရေး၊ကားပေါင်းတွေ စီးပွါးရေးမှာ ထိပ်ပိုင်းကျွမ်းကျင်သူ KOL Key Opinion Leaderတွေရှိပါတယ်
သူတို့ရဲ့ ပြောစကားတွေဟာ သူတို့ကို လေးစားသူတွေအပေါ်များစွာလွှမ်းမိုးနိုင်တာကို တွေ့ရလေ့ရှိပါတယ်။

နောက်တစ်ဆင့်ကတော့ လူတစ်ယောက်ရဲ့ Culture၊ Race ၊ ကိုးကွယ်တဲ့ဘာသာ Religionတွေရဲ့ လွှမ်းမိုးမှုတွေဟာ သူတို့ရဲ့ အစားအသောက်ပုံစံ ၊ အလေ့အကျင့် ၊ စိတ်နေစိတ်ထားယုံကြည်မှုတွေကွဲပြားစေမှာဖြစ်ပါတယ်။

နောက်ဆုံးကတော့ နိုင်ငံစီးပွားရေး ၊ နိုင်ငံရေး ၊ ကြေညာတွေ ၊ media တွေကအပြင်ကနေ သူတိူ့ကို လွှမ်းမိုးပါတယ် ဥပမာ လူတစ်ယောက်က ဒီပစ္စည်းကို လိုချင်သော်လည်း စီးပွားရေးမကောင်း လစာမကောင်းရင် ဝယ်နိုင်မှာမဟုတ်ပါဘူး စသဖြင့် လွှမ်းမိုးမှုတွေ ရှိပါတယ်။

08/05/2024

Brands တွေက ဘယ်လိုရောင်းချနေလဲ❓

Brands တစ်ခုရောင်းချတဲ့နေရာမှာ Positioning Statement ကအရမ်းအရေးကြီးပါတယ်။

✅ Market ထဲကို ဘယ်လိုWay နဲ့ဝင်မှာလဲ?
✅ Productsကိုဘယ်လိုနည်းလမ်းနဲ့ရောင်းချမှာလဲ?

ဒါတွေဟာအရမ်းအရေးပါတဲ့ Method တွေပါ။
Positioning Statementအကြောင်းကိုတော့နောက်PostမှာSharing လုပ်ပေးသွားပါမယ်။

Brand Architecture Strategy🔥Brand Architecture strategyကို စဉ်းစားတဲ့နေရာမှာ များသောအားဖြင့် ၃မျိုးစဉ်းစားလေ့ရှိပါတယ်၊၊ဒ...
31/01/2024

Brand Architecture Strategy🔥

Brand Architecture strategyကို စဉ်းစားတဲ့နေရာမှာ များသောအားဖြင့် ၃မျိုးစဉ်းစားလေ့ရှိပါတယ်၊၊ဒါတွေကတော့

1. Branded House

ဒီstrategyကတော့ ကိုယ့်ရဲ့ company brand ကိုမှီပြီး တခြားမတူညီတဲ့ category တွေချဲ့ထွင်ခြင်း ဖြစ်ပါတယ်။ Eg.Samsungဟာ company brandကလည်း Samsung ပဲဖြစ်ပီးတော့ တခြား Air com, TV, ဖုန်း, ရေခဲသေတ္တာ, အဝတ်လျော်စက်အားလုံးဟာ Samsung တံဆိပ်နဲ့ပဲဖြစ်တာကိုတွေ့ရမှာ ဖြစ်ပါတယ်၊၊ဒီstrategy ကို သုံးရင်ရရှိနိုင်မယ် အကျိုးကျေးဇူးတွေကတော့ Advertising စရိတ်တွေကို သက်သာစေပါတယ်၊၊Samsung ဆိုတာ တခုတည်းကြေညာလိုက်ရုံနဲ့ရှိသမျှ product အကုန်လုံးနီးပါကို ကြေညာထားသလို ဖြစ်သွားပါတယ်၊၊မကောင်းတဲ့အချက်ကတော့ productတစ်ခုက တစ်ခုခုမကောင်းတာဖြစ်ခဲ့ရင် တခြား product တွေပါ ထိခိုက်နိုင်ပါတယ်၊၊ဒီနည်းကို Corporate branding strategy လို့လည်းခေါ်ပါတယ်၊၊နောက်တနည်းကတော့

2.House of Brands

ဒီနည်းကိုတော့ individual brandingလို့လည်း ခေါ်ပြီးများသောအားဖြင့် FMCGမျိုးတွေမှာတွေ့ရမှာဖြစ်ပါတယ်၊၊Eg.ခေါင်းလျှော်ရည်ကိုပဲ brandအမျိုးမျိုးနဲ့ ထုတ်လုပ်ပြီးရောင်းချတာမျိုး စသဖြင့် product အမျိုးစားအတူတူပဲကို brandအမျိုးမျိုးနဲ့ ရောင်းချတာ ဖြစ်ပါတယ်၊၊ဒါပေမယ့် brand position နဲ့target customer တော့မတူတာများပါတယ်၊၊ဥပမာ ခေါင်းလျှော်ရည်ကို ဝယ်မှာက ဆံပင်ပျော့ဖို့လား၊ ဆံပင်ပျက်တာ ကာကွယ်ဖို့လား၊ ဆံပင်ကျွတ်တာကာကွယ်ဖို့လား၊ ဗောက်ပျောက်ဖို့လား၊ ယောကျားလေးအတွက်လား၊ မိန်းကလေးအတွက်လားသဖြင့် ကွဲပြားနိုင်ပါတယ်၊၊ဒီstrategyရဲ့ အားသာချက်ကတော့ brand တွေအများကြီး ပေါက်အောင်လုပ်နိုင်ရင် brand valueတွေတက်လာပြီး companyရဲ့ တန်ဖိုးပါတက်လာပါတယ်၊၊အားနည်းချက်ကတော့ ကြေညာစရိတ်တွေပိုကုန်ပါမယ်၊၊

3. Hybrid Strategy

ဒီနည်းကတော့အပေါ်မှာပြထားတဲ့နည်း၂နည်းလုံးကိုပေါင်းပြီးသုံးတာဖြစ်ပါတယ်၊၊
ဘယ်နည်းကောင်းလဲဆိုတော့ကိုယ့်ရဲ့resourceနဲ့strategyပေါ်ပဲမူတည်ပါတယ်။

လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှပ်နှံရင်သိရမည့် Gearing Ratio - Debt to EquityStock shareဝယ်လို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုမှာ...
30/01/2024

လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှပ်နှံရင်သိရမည့်
Gearing Ratio - Debt to Equity

Stock shareဝယ်လို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းတစ်ခုမှာ ရင်းနှီးမြှပ်နှံလို့ပဲ ဖြစ်ဖြစ် လုပ်ငန်းရဲ့ Gearing ratioကို တွက်ကြည့်ပြီး ဒီcompanyမှာ investလုပ်သင့် မလုပ်သင့်ကိုစဥ်းစားလို့ရမှာဖြစ်ပါတယ်။

Gearing ratio တွက်ရင် ၂ မျိုးစဥ်းစားလေ့ရှိပါတယ် ဒါတွေကတော့ ပထမဦးဆုံး
Gearing ratio = Total Debt / Total Equity ဆိုပြီးဖြစ်ပါတယ်။လုပ်ငန်းမှာ စုစုပေါင်းအကြွေးနဲ့ လုပ်ငန်းရဲ့ စုစုပေါင်း Equityရဲ့အချိုးဖြစ်ပါတယ်။စုစုပေါင်းအကြွေးမှာဆိုရင် ရေရှည်အကြွေး long term debt နဲ့ ရေတိုအကြွေး short term debt နှစ်ခုပေါင်းဖြစ်ပါတယ်။လုပ်ငန်းတစ်ခုလုံးရဲ့ပေးရမယ့်အကြွေးအားလုံးစုစုပေါင်းဖြစ်ပါတယ်။

Total equityမှာဆိုရင် လုပ်ငန်းကိုစတည်ထောင်တဲ့ သူရဲ့ ပိုက်ဆံ နဲ့ တခြား shareholderတွေရဲ့ ပိုက်ဆံတွေ အမြတ်ရထားတဲ့ပိုက်ဆံတွေ စုစုပေါင်းကိုပြောခြင်းဖြစ်ပါတယ်။ဥပမာ လုပ်ငန်းဟာ ရေရှည်အကြွေးသိန်း၁၀၀၀ ရှိပြီး ရေတိုအကြွေး သိန်း၅၀၀ရှိတယ် လုပ်ငန်းရှင်က သူရင်ထားတာ သိန်း၅၀၀ ရှိပြီး တခြားshareholderတွေ shareထည့်ထားတာ သိန်း၅၀၀ရှိမယ်ဆိုရင် gearing ratioတွက်ကြည့်ရင်

Gearing ratio = (1000+500) / (500+500)
=1500 / 1000
= 1.5
ဆိုပြီးရှိမှာဖြစ်ပါတယ် ဒီcompanyရဲ့အကြွေးဟာ total equityထက် 50%ပိုနေတာကို တွေ့ရခြင်းဖြစ်ပါတယ်။ဒီratioဟာ ပိုင်ရှင်ရင်းထားတာနဲ့ အကြွေးနဲ့အခြေအနေကိုပြောခြင်းဖြစ်ပါတယ်။နောက်ratioတစ်ခုကတော့

Gearing ratio
= Total debt / (Total debt+ Total Equity)
ဆိုပြီးဖြစ်ပါတယ် အကြွေးတွေကော equityတွေပါ ပေါင်းပြီး စုစုပေါင်းအကြွေးနဲ့ ratioချကြည့်တာပါ Total Asset နဲ့စုစုပေါင်းအကြွေးရဲ့အချိုးပုံစံဖြစ်ပါတယ်။

ဥပမာ ခုနကလုပ်ငန်းအခြေအနေနဲ့တွက်ကြည့်ရင်
Gearing ratio = 1500 / (1500+1000)
= 1500 / 2500
= 0.6
ဆိုပြီးဖြစ်ပါတယ် ဒီလုပ်ငန်းက ငွေအားလုံးရင်းထားတာရဲ့ 60%ဟာ အကြွေးတွေဖြစ်တယ်လို့ပြောလို့ရပါတယ်။

Gearing ratioက ဘာလို့အရေးကြီးလဲဆိုတော့ လုပ်ငန်းတစ်ဟာ ဒေဝါလီခံရင် အရင်ဆုံး အကြွေးသမားတွေကို ငွေအရင်ရှိတာပေးရပါတယ် အကြွေးသမားတွေပြီးမှ shareholder shareရှင်တွေက ကျန်တာကိုပဲ ခွဲဝေရရှိမှာဖြစ်ပါတယ် ကျန်တာနည်းရင်နည်းသလောက် နည်းနည်းပဲပြန်ရမှာဖြစ်ပါတယ်။

ဥပမာ အခု တရုတ်မှာ နမည်ကြီးနေတဲ့ အိမ်ခြံမြေcompanyကြီးက 200billions အကြွေးတင်နေတယ်ကြားပါတယ် အဲ့companyရဲ့ ပိုင်ဆိုင်မှု Assetတွေအကုန် ထုတ်ရောင်းရင်တောင် 100billionsလောက်ပဲရလောက်မယ်လို့ ခန့်မှန်းကြပါတယ် ဒါကြောင့် အကြွေး 200billionsတောင်ပြန်ဆပ်ဖို့ မလွယ်ကူတဲ့ အခြေအနေမှာရှိပြီး shareရှင်တွေအနေနဲ့လည်း တပြားမှပြန်မရနိုင်တဲ့အခြေအနေကိုရောက်ရှိနေပါတယ် ဒါကြောင့် companyတစ်ခုကို ရင်းနှီးမြှပ်နှံမှုမလုပ်ခင် Gearing ratioကို သေချာကြည့်သင့်ပါတယ် balance sheetကနေ dataယူပြီးတွက်ကြည့်လို့ရပါတယ်။Gearing ratioဟာ လုပ်ငန်းအမျိုးအစားအပေါ်မှုတည်ပြီး ဘယ်လောက်ရှိရမလဲ ကွဲပြားပါတယ် industry စံနဲ့ပဲ ဘယ်လောက်ရှိသင့်လဲဆိုတာ ပြောလို့ရမှာဖြစ်ပါတယ်။

စီးပွါးရေးသမားတွေနားလည်သင့်တဲ့ Depreciation  အကြောင်း  Depreciation ဆိုတာက Fixed asset တွေရှိ တန်ဖိုးလျော့ပြီး expense မ...
29/01/2024

စီးပွါးရေးသမားတွေနားလည်သင့်တဲ့ Depreciation အကြောင်း

Depreciation ဆိုတာက Fixed asset တွေရှိ တန်ဖိုးလျော့ပြီး expense မှာနုတ်ယူခြင်းဖြစ်ပါတယ်။လုပ်ငန်းတိုင်းမှာ Fixed asset တွေဖြစ်တဲ့ ကားတွေ၊အဆောက်ဦးတွေ၊ စက်တွေ၊ကွန်ပျူတာတွေ ၊ ပရိဘောဂတွေ စတာတွေကို ဝယ်ယူသုံးစွဲကြပါတယ် ဒီပစ္စည်းတွေက ရေရည်မခံတာကြောင့် ခံမည့်နှစ်လောက်ပဲ ခန့်မှန်းက သက်မှတ်ထားသော ငွေတန်ဖိုးတစ်ခုကို P & L statementမှာအသုံးစရိတ် expense အနေနဲ့ ပြကား အခွန်income tax ဆောင်တဲ့အခါသက်သာစေမှာဖြစ်ပါတယ် နောက် balance sheet မှာတော့ Fixed asset ရဲ့ တန်ဖိုးတော့ကျသွားပါမယ် ဒီနေရာမှာ သိရမှာက land မြေကွက်ကို depreciation လျော့လို့မရပါဘူး မြေကွက်က ပျက်စီးပျောက်ကွယ်သွားတာမရှိပါဘူး ဒါကြောင့် မြေကို depreciation လျော့ခွင့်မရှိပါ။

Depreciation လျော့တော့မယ်ဆိုရင် method အမျိုးမျိုးရှိပါတယ် ဒါတွေကတော့

1. Straight Line depreciation method

ဒီနည်းဟာ depreciation ချတဲ့အခါ သတ်မှတ်ထားတဲ့ နှစ် နဲ့စားပြီး အညီအမျှ လျော့တဲ့ method ဖြစ်ပါတယ် ဥပမာ မီးစက်ဝယ်ထားတာ သိန်း၅၀၀ပေးရတယ် ၁၀နှစ်လောက်ပဲ စီးလို့အဆင်ပြေမယ် ၁၀နှစ်ပြည့်ပြီး နောက်ပြန်ရောင်းရင် သိန်း၅၀လောက်ရနိုင်တယ် ဒီလိုပြန်ရောင်းရင်ရနိုင်တာကို Salvage value(Scrap value)လို့ခေါ်ပါတယ် ဒါဆိုတွက်ကြည့်ရင်
=(500-50) =450သိန်း
=450/10years =45သိန်း/year for depreciation
ဒီစက်အတွက် ၁နှစ်ကို ၄၅သိန်း depreciation ချရပါမယ်။တကယ်လို့ စက်က ပြန်ရောင်းလို့ လုံးဝမရနိုင်ဘူးဆိုရင် စက်အခွံရောင်းလို့ရတဲ့နှုန်းအနည်းငယ်သာ scrap valueကိုထားပါ။ဒီလို နှစ်စဉ်ပုံစံတူမျိုးdepreciation နှုတ်သွားတာကို straight line method လို့ခေါ်ပါတယ်။နောက်တနည်းကတော့

2. Reducing balance method ☀️

Reducing balance method ကတော့ % အလိုက်စစချင်းမှာ များပြီးနောက်နည်းသွားမယ့်ပုံစံပါ ဥပမာ တချို့စက်တွေက စစချင်းထုတ်တဲ့ productivity ကောင်းပြီးနောက်နှစ်ကြာရင်နည်းသွားတာမျိုးတွေရှိတက်ပါတယ် ဒါမျိုး depreciation ချရင်
စက်က သိန်း၁၁၀၀နဲ့ ဝယ်တယ်ဆိုပါဆို scrap value က သိန်း၁၀၀ ဒါဆို depreciation ချရမှာက သိန်း၁၀၀၀ကို 20% အလိုက်နှစ်စဉ်လျော့ပါမယ် တွက်ရင်

= 1000 x 20% = 200
= 800 x 20% = 160
= 640 x 20% = 128
= 512 x 20% =102.4
= 409.6 x 20% =81.92
= 327.68 x 20% =65.54
= 262.14 x 20% = 52.43
= 209.71 x 20% = 41.94
စသဖြင့် နောက်ဆုံး တဖြည်းဖြည်းနည်းသွားရင် အကုန်နုတ်လိုက်ပြီးတွက်သွားရပါမယ် % ကိုတော့ ကိုယ် ဘယ်နှ နှစ်depreciation လုပ်မလဲ အပေါ်မှုတည်ပြီးချိနမပါ။နောက်တနည်းကတော့

3. Units of production depreciation ☀️

ဒီနည်းကတော့ စက်တစ်ခုက အခုရေ ၁သိန်းပဲထုတ်လို့ရတာမျိုးတွေ သတ်မှတ်တာ ထုတ်ပြီးရင် ဆက်သုံးဖို့အဆင်မပြေတာမျိုးစသဖြင့် ထုတ်တဲ့ units အပေါ်မှုတည်ပြီး depreciation ချတာဖြစ်ပါတယ်။

ဥပမာ စက်တစ်ခုက အခုရေ ၁သိန်းထုတ်ပြီးရင်သုံးမရတော့ဘူး ဆိုရင် စက်ဝယ်တာ သိန်း၁၀၀ပေးရရင်

=10,000,000ks/100,000units =100ks/unit
Unit တစ်ခုအတွက်၁၀၀ကျပါလိမ့်မယ်။

Depreciation ချတဲ့အခါ ပထမနှစ်မှာ units 10,000ထုပ်ရင် deprecition က
=10,000unit x 100ks =1,000,000ks depreciation လုပ်ရပါတယ်။depreciation ဆိုတာဘာလဲဆိုတာပဲဖြစ်ပါတယ်။

ငွေကြေးဖောင်းပွခြင်းInflation ဆိုတာ?ငွေကြေးဖောင်းပွခြင်းinflationဟာ ဘာတွေနဲ့ဆက်နွယ်နေလဲ ? inflationတိုးရင် ဘာတွေဖြစ်မလဲ ...
28/12/2023

ငွေကြေးဖောင်းပွခြင်းInflation ဆိုတာ?

ငွေကြေးဖောင်းပွခြင်းinflationဟာ ဘာတွေနဲ့ဆက်နွယ်နေလဲ ? inflationတိုးရင် ဘာတွေဖြစ်မလဲ inflationလျော့ရင် ဘာတွေဖြစ်မလဲဆိုတာ Sharing လုပ်ပေးပါမယ်။

Inflation rate ကအများပါးစပ်ဖျားမှာပြောနေသလို ဒေါ်လာစျေး ရွှေစျေးတက်မှုနဲ့တိုက်ရိုက်အချိုးမကျပါဘူး
Eg - ဒေါ်လာစျေး 30%တက်သွားလို့ inflation rate 30%ရှိတယ်လို့ပြောလို့မရပါဘူး ဒါပေမယ့် ဒေါ်လာစျေးတက်ခြင်းဟာ inflationတက်မှုကိုတော့ ဖြစ်ပေါ်စေပါတယ်။

ဒါဆိုinflation ငွေကြေးဖောင်းပွမှာကို ဘယ်လိုတိုင်းလဲ ဘယ်ဟာတွေအပေါ်မှုတည်ပြီး ဖြစ်တာလဲဆိုရင်?

Inflation rateဟာ Consumer Price Index CPI အပေါ်မှုတည်ပါတယ်
အိမ်တစ်အိမ်ရဲ့စျေးသွားရင် ခြင်းတောင်း တစ်တောင်းစာ ဆန် ဆီ ဆား ကြက်သွန် အသားအရွက် နဲ့ လောင်စာဆီ တို့ရဲ့ average တက်တဲ့% အပေါ်မှုတည်ပြီ ဖြစ်ပေါ်ပါတယ် ဥပမာ တက်တဲ့ %က ဆန်က 10% ၊ ဆီက5% ၊ ဆားက 3% ၊ ကြက်သွန်က 4%၊ အသားက 9% ၊ အရွက်က 5% ၊လောင်စာဆီက 7% တက်တယ်ဆိုရင် CPI တွက်တဲ့အခါ

CPI = (10+5+3+4+9+5+7)/ 7
= 43 / 7
= 6.14 %

CPI က 6.14%ရှိပြီ inflation rateက 6.14%ရှိတယ်လို့ပြောလို့ရပါတယ်။
ဒါဆိုရင် inflation rateက ဘယ်လောက်ရှိသင့်လဲ ?
Inflation rateဟာ Developed country တိုးတက်ပြီး နိုင်ငံတွေမှာဆိုရင် 1%ကနေ 4% လောက်ရှိကြပြီး developing country ဖွင့်ဖြိုးစဲနိုင်ငံတွေမှာဆိုရင် 5%ကနေ 9%လောက်ရှိကြပြီး 50%အထက်ဆိုရင်တော့ Hyperinflationဖြစ်တယ်လို့ပြောကြပါတယ်။

inflation rateကို လျော့ချရင် တိုင်းပြည်စီးပွားရေးတိုးတက်မှုနှုန်းကျသွားပြီး unemployment rate အလုပ်လက်မဲ့နှုန်းတွေ များလာမှာဖြစ်ပါတယ် ဒါဆို inflation rateကို ဒီအတိုင်းများပါစေ ဆိုရင်တော့ ငွေကြေးတွေဖောင်းပွမှုတွေများပြီး ရတာနဲ့ ပြန်ပေးရတာ တူတူဖြစ်ပြီး အလုပ်မရှိတဲ့သူတွေ ခက်ခဲမှုတွေဖြစ်ကာ လူတွေငွေမကိုင်ချင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

ငွေကြေးဖောင်းပွမှု inflationက ဘယ်လိုတက်လာလဲ ဘာကြောင့် inflation rateကတက်လာတာလဲဆိုတာကို ပြောပြပါမယ်။

Inflationကို ဖြစ်ပေါ်စေတာဟာ အခြေခံအားဖြင့် ပုံစံ၂ခုရှိပါတယ်။ဒါတွေကတော့

(1)Demand Pull ဆိုတဲ့ စားသုံးဝယ်ယူသူတွေက marketထဲများများဝယ်ယူစားသုံးတာတွေများလာတဲ့ အခြေအနေဖြစ်ပါတယ် တနည်းပြောရရင် လူတွေက ငွေကို များများသုံးတဲ့အခြေအနေဖြစ်ပါတယ် စီးပွားရေးကောင်းပြီး လူတွေစားနိုင်သုံးနိုင်တဲ့အခြေအနေမှာ demand ဝယ်လိုအားက supplyရောင်းလိုအားထက်များလာပြီး inflationတက်လာပါတယ်။

(2)Cost Push အခြေအနေမှာတော့ ကုန်ပစ္စည်းတွေထုပ်လုပ်တဲ့ ကုန်ကျစရိတ်တွေတက်လာတာကြောင့် စျေးတွေတက်ပြီး inflationတက်လာတာဖြစ်ပါတယ် ကုန်ကျစရိတ်တွေမှာဘာတွေပါလဲဆိုတော့ ဝန်းထမ်းတွေရဲ့ အခြေခံလာစာတွေတက်လာလို့ဖြစ်စေ ၊ လောင်စာဆီစျေးနှုန်းနဲ့ သယ်ယူပို့ဆောင်စရိတ်တွေတက်လာလို့ဖြစ်စေ၊ ကုန်ကြမ်းတွေရှားပါးပြီး စျေးတက်လာလို့ဖြစ်စေ ထုပ်လုပ်မှုcostတက်လာကာ ပစ္စည်းတစ်ခုချင်း per unit costတက်လာပြီး inflation ငွေကြေဖောင်းပွမှုကို ဖြစ်စေတာဖြစ်ပါတယ်။

ဒါဖြင့် ငွေကြေးဖောင်းပွမှုကို နိုင်ငံတိုင်းမှာ ဘယ်လိုတွေလျော့ချကြလဲ?

Inflationငွေကြေးဖောင်းပွမှုကို လျော့ချမယ်ဆိုရင် သိရမှာက နိုင်ငံတိုင်းမှာ ဗဟိုဘဏ် central Bank နဲ့အစိုးရရှိပါတယ် ခုနကပြောခဲ့တဲ့အတိုင်း demand pull အရ လူတွေငွေတွေသုံးတာများခြင့် ကြောင့် inflationတက်တာလို့ပြောခဲ့ပါတယ် လူတွေလက်ထဲငွေဘာကြောင့်ရောက်လဲနဲ့ ဘာကြောင့် ငွေတွေသုံးတာလဲဆိုတာကို သိဖို့လိုပြီး ဒီလိုသုံးတာကို လျော့ချခြင်းဖြင့် inflation rateကိုလျော့ချလို့ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဘာတွေလုပ်လေ့ရှိလဲဆိုတာကိုပြောပြပါမယ်။

ဗဟိုဘဏ်က ဘာတွေလုပ်လဲဆိုတော့
(1)အတိုးနှုန်း interest rateကို တိုးလိုက်ပါတယ် ဒီလိုအတိုးနှုန်းကို တိုးမြှင့်လိုက်ခြင်းကြောင့် private စီးပွားရေးလုပ်ငန်းတွေက သူတို့စီးပွါးရေးတိုးချဲ့ဖို့ ဘဏ်တွေကနေ ငွေချေးတဲ့အခါ အတိုးနှုန်းမြင့်တာကြောင့် သိပ်မချေးကြတော့ပဲ လုပ်ငန်းချဲ့ထွင်တာတွေကို လျော့ချပါတယ် ဒါကြောင့် စီးပွားရေးလုပ်ငန်းက ဝန်ထမ်းအသစ်တွေ ထပ်မခန့်တော့ပဲ လူတွေလက်ထဲ ပိုက်ဆံရောက်တာနည်းသွားပါတယ်။နောက် တခြားနိုင်ငံတွေမှာ အကြွေးဝယ်ကဒ် တွေဟာ ချေးပေးတဲ့အတိုးများလာတာကြောင့် လူတွေက မလိုအပ်ပဲ ဝယ်မသုံးတော့ပါဘူး ပိုက်ဆံသုံးတာနည်းသွားပါပြီး ဘဏ်မှာအတိုးပိုရတာကြောင့် ဘဏ်မှာပိုက်ဆံပိုပြီး အပ်နှံကြကာ ငွေကြေးသုံးစွဲမှုနည်းသွားကြပါတယ်ဒါကြောင့်လည်း စီးပွားရေးလုပ်ငန်းတွေဟာ အရောင်းကျကာ ဝယ်လိုအားတွေနည်းလာကြပြီး ရောင်းလိုအားများလာကြပါတယ်။နောက်တစ်ခုက

(2)Money supplyကို ဗဟိုဘဏ်ကလျော့ချပါတယ် ဘယ်လိုလျော့ချလဲဆိုတော့ ငွေသစ်ရိုက်ထုပ်တာတွေမလုပ်ဘူးနောက် open market ထဲမှာ Government bond ငွေတိုက်စာချုပ်တွေကို private ပုဂ္ဂလိက ဘဏ်တွေကို ထုပ်ရောင်းပြီး ဘဏ်တွေရဲ့ ငွေတွေကို ဗဟိုဘဏ်ကို ရောက်စေကာ money supply နည်းသွားအောင်ပြုလုပ်ပါတယ် နောက် ဗဟိုဘဏ်ကနေ ဘဏ်တွေရဲ့ bank reserve အနည်းဆုံးထားရမယ် cash ငွေ%ကို တိုးလိုက်ပါတယ် ဒါကြောင့် ပုဂ္ဂလိက ဘဏ်တွေက ငွေတွေနည်းသွားပြီး လုပ်ငန်းတွေဖြစ်စေ ထုပ်ချေးတာနည်းသွားပြီး money supply နည်းသွားအောင်ပြုလုပ်ကြပါတယ်။
ဒီလိုတွေလုပ်တဲ့ policyတွေကို central bank monetary policy လို့ခေါ်ပါတယ်။

အစိုးရက ဘာတွေလုပ်လဲဆိုတော့

(1)Government pending ဆိုတဲ့ အစိုးရအသုံးစရိတ်တွေကို လျော့ချပါတယ် အစိုးရကသူရဲ့ ဝန်ကြီးဌာနတွေရဲ့အသုံးစရိတ်တွေကို လျော့ချပါတယ် projectတွေကို လျော့လုပ်ပါတယ် ဒီလိုလုပ်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတွေဟာ အစိုးရစီက projectတွေ သိပ်မရတော့ပဲ အလုပ်တွေနည်းကာ ဝန်ထမ်းခန့်တာတွေလည်း နည်းလာကာ လူတွေလက်ထဲငွေတွေရောက်ရှိမှုနည်းပါလာပါတော့တယ်။

(2) Tax အခွန်တိုးကောက်ပါတော့တယ် လုပ်ငန်းတွေအတွက်ကော လူတွေဝင်ငွေခွန်ပါ တိုးကောက်ခြင်းကြောင့် လူတွေ အခွန်ပိုပေးရကာ ငွေသုံးစွဲတာ လျော့နည်းလာပါတော့တယ် လုပ်ငန်းတွေလည်း အခွန်ကြောင့် အမြတ်နည်းလာပါတယ်။
ဒီလိုအစိုးရလုပ်တာကို government fiscal policyလို့ခေါ်ပါတယ်။

အထက်ကပြောတဲ့အခြေအနေကို လုပ်လိုက်ရင် inflation ငွေကြေးဖောင်းပွမှုလျော့ကျသွားမည့်အပြင် မကောင်းတာက နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုပါ လျော့ကျသွားပြီး unemployement အလုပ်လက်မဲ့နှုန်းတွေ များလာမှာဖြစ်ပါတယ်။စီးပွားရေးတိုးတက်ချင်ပြီး အလုပ်လက်မဲ့နှုန်းတွေလျော့ချချင်ရင် အပေါ်ကပြောခဲ့တာရဲ့ပြောင်းပြန်လုပ်ရမှာဖြစ်ပါတယ် ဒါဆိုရင် လူတွေရဲ့ demandပြန်များလာပြီး စီးပွားရေးတက်လာမှာဖြစ်ပါတယ်။

Warning Letter ဘာကြောင့် ထုတ်ပြန်သလဲ?ဘယ်အချိန်မှာထုတ်ပြန်လဲ?ဘာတွေပါရမလဲ?Warning Letter ဆိုတာ ဝန်ထမ်းတစ်ယောက်က သာမန်အမှား...
07/12/2023

Warning Letter ဘာကြောင့် ထုတ်ပြန်သလဲ?
ဘယ်အချိန်မှာထုတ်ပြန်လဲ?ဘာတွေပါရမလဲ?

Warning Letter ဆိုတာ ဝန်ထမ်းတစ်ယောက်က သာမန်အမှားလေး လုပ်လိုက်ရုံနဲ့ ထုတ်ပြန်သတိပေးတာမျိုးမဟုတ်သော်လည်းဘဲ ဒီတစ်ကြိမ်မှာမှ သတိမပေးခဲ့ရင် နောက်တစ်ခါ ထပ်မှားခဲ့သော် လုပ်ငန်းအတွက် ဆုံးရှုံးမှု ရှိနိုင်တာ (or) အခြားဝန်ထမ်းတွေ/ အခြားသူတစ်ဦးတစ်ယောက်အပေါ်မှာ ထိခိုက်သက်ရောက်မှုရှိနိုင်တာတွေ ဖြစ်လာနိုင်တာကြောင့် သတိပေးစာပေးပို့ပြီး Letterဆိုတဲ့အတိုင်းပဲ Warning Letterဟာ
Company Policyနဲ့ ငြိစွန်းနေတဲ့ ဝန်ထမ်းကို တားမြစ်သတိပေးတဲ့ document တစ်ခုဖြစ်ပါတယ်။
Warning Letter ဘယ်အချိန် ထုတ်ပြန်သလဲ

1. ဝန်ထမ်းက လုပ်ငန်းက သတ်မှတ်ထားတဲ့ minimum standardsတွေနဲ့ မကိုက်ညီတော့ဘဲ စွမ်းဆောင်ရည်တွေက ကျလာတဲ့အခါ (သို့) Probationary Periodအတွင်း လုပ်ငန်းရဲ့ လိုအပ်ချက်တွေနဲ့ မပြည့်မီတဲ့အခါ

2.ဝန်ထမ်းက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် / Client / Supervisor / Managing Director / ကုမ္ပဏီအရာရှိတစ်ဦးဦးအပေါ် ရိုင်းစိုင်းစွာ ပြုမူဆက်ဆံတာ (သို့) အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူနဲ့ ပြုမူဆက်ဆံတဲ့အခါ

3.ဝန်ထမ်းက ကိုယ့်ရဲ့ Supervisor / Managing Director / ကုမ္ပဏီက တာဝန်ရှိသူက ပေးလိုက်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ရည်ရွယ်ချက်ရှိရှိ ငြင်းတာ (သို့) Supervisor / Manager / ကုမ္ပဏီကတာဝန်ရှိသူတွေနဲ့ ငြင်းခုံပြောဆိုတဲ့အခါ

4.ဝန်ထမ်းက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် / Client / Supervisor / Managing Director / ကုမ္ပဏီအရာရှိတစ်ဦးဦးအကြောင်းကို အတင်းပြောတာ (သို့) သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ပြောဆိုတာ (သို့) သူတို့ရဲ့ ကောလဟလတွေကို ဖြန့်ဝေတဲ့အခါ

5.ဝန်ထမ်းက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် / client / Managing Director / လုပ်ငန်းသို့လာရောက်သို့ ဧည့်သည်တော်များ/ Customerများ / Dealerများ / Vendorများနဲ့ မလိုလားအပ်တဲ့ Physical Contact ရှိတဲ့အခါ

6.ဝန်ထမ်းက အကြောင်းမဲ့ အလုပ်အရမ်းပျက်တဲ့အခါ (သို့) အလုပ်တက်တာ အမြဲနောက်ကျတဲ့အခါ (သို့) မိမိသဘောနဲ့ အလုပ်မလာတော့တဲ့အခါ

7.ဝန်ထမ်းက တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အခါ (သို့) တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းတဲ့အခါ (သို့) အမွှေးအကြိုင်(ရေမွှေး / Body Spray)တွေကို အလွန်အကျွံသုံးတဲ့အခါ

8.ဝန်ထမ်းက သန့်ရှင်းသပ်ရပ်မှုမရှိဘဲ ဝတ်စားပြီး အလုပ်လာတဲ့အခါ (သို့) သပ်ရပ်စွာဝတ်စားဆင်ယင်ဖို့ စည်းကမ်းဖောက်ဖျက်တာ (သို့) လုပ်ငန်းက သတ်မှတ်ထားတဲ့ Uniformဝတ်ဖို့ ပျက်ကွက်တာ (သို့) Free Style ဆိုပီးလျပ်ပေါ်လော်လီသောအဝတ်အစားများ ဝတ်ဆင်တဲ့အခါ

9.ဝန်ထမ်းက ကိုယ့်ရဲ့အရည်အချင်းကို လွဲမှားစွာ အသုံးချတဲ့အခါ (သို့) အလုပ်ရဖို့အတွက် ကိုယ့်ရဲ့မလုပ်နိုင်တဲ့ အရည်အချင်းတွေကို လုပ်နိုင်သယောင် ဖော်ပြထားတဲ့အခါ

10.ဝန်ထမ်းက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ငန်းပျက်စီးစေဖို့ ကြံစည်တဲ့အခါ (သို့) ကုမ္ပဏီပိုင် ပစ္စည်းတွေကို ခိုးယူတာ (သို့) အင်တာနက်ကို အလွဲသုံးစားသုံးစွဲတဲ့အခါ (သို့) လုပ်ငန်းပိုင်ပစ္စည်းတွေကို ပျက်စီးဆုံးရှုံးမှုဖြစ်အောင် တမင်သက်သက်ပြုမူလုပ်ဆောင်တဲ့အခါ

11.ဝန်ထမ်းက အလုပ်တက်/ဆင်း လက်မှတ်ရေးထိုးစာရင်းသွင်းဖို့ ပျက်ကွက်တဲ့အခါ

12.ဝန်ထမ်းက ရာဇဝတ်မှုကျူးလွန်တဲ့အခါ (သို့) လုပ်ငန်းခွင်အတွင်း လောင်းကစားလုပ်တဲ့အခါ

13.ဝန်ထမ်းက အလုပ်ချိန်အတွင်း လုပ်ငန်းခွင်မှာ သတ်မှတ်ခွင့်ပြုထားတတဲ့နေရာကလွဲပြီး အခြားနေရာမှာ ဆေးလိပ် / ကွမ်းယာ သုံးစွဲတာ (သို့) လုပ်ငန်းခွင်မှာ မူးယစ်ဆေးဝါးသုံးစွဲတဲ့အခါ (သို့) အရက်သေစာသောက်စားတာ (သို့) မူးယစ်ရမ်းကားတဲ့အခါ

14.ဝန်ထမ်းက လုပ်ငန်းက သတ်မှတ်ထားတဲ့ လုပ်ငန်းခွင် လုပ်ထုံးလုပ်နည်းတွေ (သို့) စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ ပျက်ကွက်တဲ့အခါ

15.ဝန်ထမ်းက အလုပ်ချိန်မှာ အိပ်နေတဲ့အခါ

16.ဝန်ထမ်းက လုပ်ငန်းခွင်မှာ ခိုက်ရန်ဖြစ်တာ (သို့) အငြင်းပွားတဲ့အခါ

17.ဝန်ထမ်းက ကုမ္ပဏီအချက်အလက်တွေကို competitorတွေဆီကို ပေးပို့တာ (သို့) ဆွေးနွေးတာ (သို့) သတင်းအချက်အလက်တွေကို လုံခြုံအောင် မထိန်းသိမ်းနိုင်တဲ့အခါ

18.ဝန်ထမ်းက ကိုယ့်ရဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် / Client / Supervisor / Managing Director / ကုမ္ပဏီအရာရှိတစ်ဦးဦးကို အန္တရာယ်ပြုခြိမ်းခြောက်တာ (သို့) ဝန်ထမ်းတစ်ဦးဦးကို အသက်အန္တရာယ်ပြုတဲ့အခါ

19.ဝန်ထမ်းက Supervisorရဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းခွင်မှာ ဧည့်တွေ့လက်ခံတာ (သို့) အလုပ်ရှင်က ခန့်ထားတဲ့ လုံခြုံရေးဝန်ထမ်းတွေရဲ့ စုံစမ်းစစ်ဆေးမှုကို ကိုယ့်ဆီလာတဲ့ ဧည့်သည်က ခံယူဖို့ ငြင်းဆန်တဲ့အခါ

20.ဝန်ထမ်းက လုပ်ငန်းခွင်ကို လက်နက် / ခဲယမ်း/ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ ယူလာတဲ့အခါ (သို့) လုပ်ငန်းခွင်မှာ တစ်ယောက်ယောက်ကို အပြင်းအထန်နာကျင်စေဖို့ ကိုယ်ထိလက်ရောက်ကျူးလွန်တဲ့အခါ

21.ဝန်ထမ်းက အကျင့်စာရိတ္တပျက်ပြားတဲ့အခါ

22.ဝန်ထမ်းက အလုပ်ရှင်ရဲ့ ခွင့်ပြုချက်မရဘဲ ခွင့်မဲ့တစ်ဆက်တည်း (၃)ရက် ပျက်ကွက်တာ (သို့) တစ်လအတွင်း အသိပေးအကြောင်းကြားတာမျိုးမရှိဘဲ (၃)ကြိမ်နဲ့အထက် အလုပ်ပျက်ကွက်တဲ့အခါ

Warning Letter တစ်စောင်မှာ ပါဝင်သင့်တာတွေက
၁) ကုမ္ပဏီ Letter Head
၂) စာအမှတ်
၃) ထုတ်ပြန်ကြော်ငြာသည့်နေ့စွဲ
၄) Warning ပေးခံရသည့် ဝန်ထမ်းအမည်
၅) Warning ပေးရသည့် အကြောင်းအရင်းအသေးစိတ်
၆) အကယ်၍ ဝန်ထမ်းကို သတိပေးတားမြစ်ထားသည့်တိုင် ဝန်ထမ်းက ထပ်ပြီး အမှားမကျူးလွန်စေချင်ရင် ဘယ်လိုအရေးယူမယ်ဆိုတဲ့ Corrective Action Plan
၇) Warning Letterကို အတည်ပြုထုတ်ပြန်ပေးမည့် HR Manager /Assistant HR Manager ၏ လက်မှတ်
၈) ဖြန့်ဝေခြင်း ( Warning Letter ကို ပေးပို့မည့် HODsနှင့် ဌာနဆိုင်ရာများ) တို့ပဲ ဖြစ်ပါတယ်။

On-page SEO မှာဘာတွေပါလဲ?On-page SEO မှာတော့  Website ရဲ့ Search Ranking + Position ကိုတိုးတက်စေဖို့တိုင်းတာဆောင်ရွက်ချက...
05/12/2023

On-page SEO မှာဘာတွေပါလဲ?

On-page SEO မှာတော့ Website ရဲ့ Search Ranking + Position ကိုတိုးတက်စေဖို့တိုင်းတာဆောင်ရွက်ချက်တွေကို Websiteအတွင်းမှာတိုက်ရိုက်လုပ်ဆောင်နိုင်ပါတယ်

1. Keywords

Search Box မှာUser တွေ လာရိုက်တဲ့ စကားလုံးတွေ၊ စကားစုတွေ၊ စာကြောင်းတွေ၊ မေးခွန်းတွေ ဖြစ်ပါတယ်။

ဥပမာ – How to do upsellingကလည်း Keyword ဖြစ်သလို Upselling Examples,Upselling Marketing ကလည်း Keywords တွေဖြစ်ပါတယ်။
အရှာများတဲ့Keywords တွေကို အရင်ဆုံး ထုတ်ရပါတယ်။ ပြီးတော့မှ ဒီKeywords တွေ ရိုက်ရှာတဲ့အခါ ကိုယ့်Web Page က ရှေ့ဆုံးမှာ ပေါ်လာအောင် လုပ်ဆောင်ရတာပါ။

2. Meta Description

Keywords တစ်ခုကိုရှာလိုက်ရင် Search Results မှာWeb Pages တွေကျလာပါတယ်။အဲ့အခါမှာ အပြာရောင် Title အောက်မှာ အမည်းရောင်နဲ့ရေးထားတဲ့ စာသားအပုဒ်ကို Meta Description လို့ခေါ်ပါတယ်။
Meta Description တွေက ဆွဲဆောင်မှုရှိမှာသာ Click Rate မြင့်တက်မှာမို့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။

3. ATL Text

Alternative Text ဆိုတာကWeb Page တွေမှာ ပုံ တွေထည့်ထားတဲ့အခါ Internet Connection မကောင်းလို့ မပေါ်တဲ့အခါမှာ အစားထိုးပြသပေးတဲ့ စာကြောင်းဖြစ်ပါတယ်။
ဥပမာ - ကောင်မလေးလေးတွေ ပီဇာစားတဲ့ပုံ ထည့်ထားတယ်ဆိုရင် “Girls eating Pizza” ဆိုပီး Alt Text အနေနဲ့ ပေးထားရမှာပါ။

4. Title Tag

Title Tag ဆိုတာ Keywords ရိုက်ရှာလို့ ကျလာတဲ့ Search Results ရဲ့ Web Pages တွေမှာ အဓိကမြင်ရတဲ့ အပြာရင့်ရောင်စာတန်း ဖြစ်ပါတယ်။Focused Keywords တွေပါဖို့ လိုသလို နှိပ်ကြည့်လောက်အောင် ဆွဲဆောင်နိုင်ဖို့လည်း လိုပါတယ်။Website ကို Click Rate မြင့်တက်ဖို့ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်ပါတယ်။

5. SSL

Secure Sockets Layer - လုပ်ဆောင်ခြင်းက Website လုံခြုံမှု၊ စိတ်ချရမှုနဲ့ Visibility ကိုတိုးတက်စေဖို့ အရေးတကြီး လိုအပ်ပါတယ်။
SSL လုပ်ဆောင်ထားခြင်းဖြင့် web server နဲ့ visitor ရဲ့ web server ကြားမှာ third party တခုခုက ဝင်ရောက်ဖောက်ထွင်းခြင်းကနေ ကာကွယ်နိုင်ပါတယ်။ Site ပေါ်ဝင်ရောက်ထားတဲ့ Visitor ရဲ့အချက်အလက်တွေကို လုံခြုံမှုရှိစေပါတယ်။

6. URL Structure

URL Structure ကျမှုက Search Engine တွေအတွက် သင့် Website ရဲ့ page တခုကနေ နောက်တခုကို crawl လုပ်ဆောင်တဲ့နေရာမှာ ပိုလွယ်ကူစေပြီး visitors တွေကိုလည်း ရှာဖွေရအဆင်ပြေစေပါတယ်။
URL မှာ သက်ဆိုင်ရာ Web Page ကိုထင်ဟပ်စေတဲ့ Keywords တွေထည့်သွင်းဖို့၊ Link ကိုဖတ်တဲ့အခါ နားလည်လွယ်အောင် လုပ်ဆောင်ဖို့ အရေးကြီးပါတယ်။
ဒါမှ Clicks များများရနိုင်မှာဖြစ်ပြီး Search Engine ကိုလည်း crawl လုပ်ရလွယ်ကူစေမှာပါ။

7. Internal Linking

Internal - Inbound Links ကတော့ Website ထဲမှာဘဲ Web Pages တွေအချင်းချင်း Links ချိတ်ဆက်ထားခြင်းဖြစ်ပါတယ်။
SEO Score မြင့်တက်ဖို့ Web Pages တွေမှာ ကိုယ့် Website ရဲ့အခြား Web Pages တွေကို လှမ်းချိတ်ထားတဲ့ Inbound Links တွေပါဝင်ရပါမယ်။
8. Page performance
အပေါ်မှာဖော်ပြခဲ့တဲ့Factors တွေက Content Quality, Structure တို့နဲ့သက်ဆိုင်သည့်တိုင် Website နဲ့ Web Pages တွေရဲ့ Performance ကလည်း On-page SEO ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
Loading အရမ်းကြာတဲ့ Page တွေ၊ Mobile Friendly မဖြစ်တဲ့ Page တွေက SERPs မှာရလဒ်ကောင်းမှာ မဟုတ်ပါဘူး။Users တွေရဲ့ စိတ်ပျက်သွားမှုနဲ့အတူ ချက်ချင်းပြန်ထွက်သွားမှုကို ကြုံရများလာတာနဲ့ Bounce Rate မြင့်တက်လာမှာကြောင့် ဖြစ်ပါတယ်။
Img Sizes တွေအရမ်းမကြီးဘဲ Loading Time နည်းစေဖို့၊ Mobile Friendly ဖြစ်ပြီး User Experience ကောင်းကောင်းကို ပေးစွမ်းနိုင်ဖို့ ဂရုစိုက်ရမှာဖြစ်ပါတယ်။

Above the Line(ATL),Below the Line(BTL) နဲ့ Through the Line(TTL) 🟡 ATLတွေကတော့ TV, Radio, Newspaper, Billboardတွေလို co...
05/10/2023

Above the Line(ATL),Below the Line(BTL) နဲ့ Through the Line(TTL)

🟡 ATLတွေကတော့ TV, Radio, Newspaper, Billboardတွေလို coverage area များများနဲ့ လူများများတွေစီကိုရောက်နိုင်တဲ့ အရာတွေပါ၊၊ATL ကိုတော့ mass advertising အတွက်သုံးပြီး Brand awareness အတွက် FMCGတွေမှာ သုံးသင့်ပါတယ်၊၊ATLတွေရဲ့ အားသာချက်က area များများရောက်တယ် ဒါပေမယ်အားနည်းချက်က costများပြီးကိုယ့်ရဲ့ Target customer မဟုတ်တဲ့သူတွေစီလည်းရောက်တဲ့ အတွက် waste လည်းဖြစ်နိုင်ပါတယ်၊၊

🟡 BTLတွေကတော့ Flyerတွေ, Sales promotionတွေ,Personal sellingတွေ,Direct marketingတွေ ကိုဆိုလိုပါတယ်၊၊BTLက customerတွေရဲ့ ဝယ်ယူချင်စိတ်ကို ဆွပေးနိုင်ပါတယ်၊၊စျေးတွေ discountပေးလို့ပဲဖြစ်ဖြစ်၊ အရောင်းသမားလေးတွေကသေချာနားလည်းအောင်နဲ့ဝယ်ချင်လာအောင်ရောင်းချပေးနိုင် လို့ပဲဖြစ်ဖြစ်ဆွပေးနိုင်ပါတယ်၊၊

✅TTLကတော့ Eventတွေ, digital marketingတွေကိုဆိုပါတယ်၊၊Product showတွေလုပ်တာပဲဖြစ်ဖြစ်၊ customerတွေနဲ့နှစ်ပတ်လည် dinnerလုပ်တာပဲဖြစ်ဖြစ်၊ digital marketingမှာဆိုရင် social medial marketing,တခြား google search engine marketing, google display marketing, videoနဲ့image marketingတွေကို onlineကနေလုပ်တာကိုဆိုလိုပါတယ်၊၊

So marketing budget ကိုဘယ်လိုသုံးမလဲ ??

စ စဉ်းစားတော့မယ်ဆိုရင် အရင်ဆုံးစာရွတ်ပေါ်မှာဖြစ်ဖြစ်၊ ATL, BTL, TTLစတဲ့ 3မျိုးကို အရင်ရေးပါ ပြီးရင် ကိုယ်က ATLတွေမှာဘာတွေကို ဘယ်လောက်သံုးမလဲ ဥပမာ Billboard ဘယ်နှစ်ခုကို ဘယ်လောက်ကျမလဲ၊၊Radioဆို ဘယ်နှစ်လအတွက်ကို ဘယ်လောက်ကျမလဲ၊၊စတဲ့ Breakdownတွေကိုချရေးပါ၊၊Budgetမဆွဲမီ billboardတွေ၊ radioကြေးတွေ၊ materialကြေးတွေကို Reachoutလုပ်ထားပါ Media Agencyတွေစီကနေဘာတွေက ဘယ်လောက်ကုန်မလဲကို quotationတွေတောင်းပါ၊၊

ATL ပြီးရင်တော့ BTLအတွက်ဘာတွေသုံးမလဲ flyerတွေလုပ်ဖို့ရှိလား,Sales promotionအတွက် လိုအပ်တာတွေရှိလား Eg.ခဲခြစ်ကံစမ်းမဲလုပ်ရင် ခဲခြစ်ကဒ်လေးတွေအတွက် costရှိတယ်၊၊ဒါပြီးရင် TTL အတွက်လည် းဘယ်လောက်ကျမလဲ၊၊ATL,BTL,TTL 3မျိုးလံုးစီစဉ်ပီးရင်တော့ Total Breakdown Cost ရပါပီ

Marketing budgetရဲ့ ATL, BTL, TTLတွေက strategy ပိုင်းကို သေချာစဉ်းစားပြီးမှ တနည်းအားဖြင့် Target customer ကိုကြည့်ပြီးမှ ဘယ်နေရာမှာ သုံးရမလဲဆိုပြီးရေးရမှာပါ၊၊ဥပမာ ကိုယ် target က Cosmetic ကိုမှ Budget 3သောင်းလောက်ကအနည်းဆံုးဆိုရင် Digital channelတွေ Productionတွေ KOLတွေမှာ ပိုသုံးမယ်၊

ကိုယ့်targetက လယ်သမားတွေ ကိုယ်က မြေဩဇာ ရောင်းတာဆိုရင် TV ကြည့်လား ဖုန်းအသံုးများလား လိုင်းမိနိုင်တဲ့နေရာက ကိုယ့် Product ကိုဝယ် တဲ့ လူများလားradioတွေနားထောင်တာလားဒါဆိုradioကနေကြော်ညာမယ် စသဖြင့် အဆင်ပြေနိုင်တဲ့ Strategy ကိုစဉ်းစားရမှာဖြစ်ပါတယ်။

Productထုတ်ရာမှာအသံုးပြုတဲ့Design Thinking Process ဆိုတာ??? by Rikke Friis DamGraphic Designဆွဲတာကို ဆိုလိုချင်းမဟုတ်ပါဘ...
09/09/2023

Productထုတ်ရာမှာအသံုးပြုတဲ့Design Thinking Process ဆိုတာ???

by Rikke Friis Dam

Graphic Designဆွဲတာကို ဆိုလိုချင်းမဟုတ်ပါဘူး Productတစ်ခုထုတ်ရာမှာစဉ်းစားတဲ့
စဉ်းစားပံု စဉ်းစားနည်းအဆင့်အဆင့်ပါ။

1.Empathize - Research Your users’ needs

User Centric Research အပေါ်မှာ Main Focus ထားသင့်တယ်။
ကိုယ့်ရဲ့အထင်အမြင်ကိုဘေးဖယ်ထားပီး ကိုယ့် customer အပေါ် သူဘာလိုအပ်နေလဲ လက်ရှိဘာတွေအဆင်မပြေဘူးလဲ သူတို့ရဲ့ မဖြစ်ချင်တဲ့ pain pointတွေက ဘာတွေလဲ ၊ဖြစ်ချင်တဲ့ gain pointတွေက ဘာတွေလဲ စသဖြင့် သူတို့အနေနဲ့တွေးပီး သူတို့နေရာကနေ ဝင်ခံစားကြည့်ရမှာဖြစ်ပါတယ်။

2.Define - State Your Users' Needs and Problems

Defineမှာဆိုရင် Empathizeအဆင့်မှာတုန်းကစုထားခဲ့တဲ့အချက်အလက်တွေကို Organize ပြန်လုပ်မယ် သူတို့ရဲ့ အဓိကပြသနာတွေက ဘာတွေလဲဆိုတာကို သေချာတိတိကျကျ ချပြီးရေးရမှာဖြစ်ပါတယ်။ကိုယ်ဖြစ်ချင်အရာ ကိုယ့်ရဲ့Company အနေနဲ့ မစဉ်းစားရပါဘူး
ဥပမာ - ဆယ်ကျော်သက်မိန်းကလေးတွေ ကြားမှာ ပိုရောင်းရဖို့ ထုတ်ကုန်ကို များများ
ထုတ်ဖို့ လိုအပ် တယ် > https://www.interaction-design.org/literature/article/5-stages-in-the-design-thinking-process

ဒီမှာသွားလေ့လာပါ
https://www.interaction-design.org

Address

Yangon
1011

Website

Alerts

Be the first to know and let us send you an email when MarketMotive posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies