Celebrity Cooking Magazine

Celebrity Cooking Magazine Celebrity မ်ား၊ Professional မ်ား၏ ဟင္းခ်က္လက္ရာမ်
(25)

Celebrity များ၊ Professional များ၏ ဟင်းချက်လက်ရာများကို ဓာတ်ပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားပါသည်။ Cooking နဲ့ ပတ်သတ်သည့်
အခြား စိတ်ဝင်စားဖွယ်ရာများကိုလည်း တင်ဆက်လျှက်ရှိပါသည်။

07/09/2023

🫕🍳🍚🫖

07/09/2023

လယ်ငါးဇရိုင်းဟင်း
ငါးသလောက်ဥကြော်
ဇရစ်ရိုးနဲ့ ကင်ပွန်းချဉ်ရည်ဟင်း
😋😋😋

07/09/2023

မိုးတွေရွာနေတယ် 🌧️
မိုးအေးအေးနဲ့ ထမင်းစားမြိန်ဖို့
😋😋😋

26/07/2023

Home Made ကတ်ကြေးကိုက်လေးအတွက် Like&Share လေးတွေဝေမျှပေးပါဦးနော် 😋😋😋

#ကတ်ကြေးကိုက်

26/07/2023
26/07/2023

ကတ်ကြေးကိုက် လုပ်စားချင်သူများအတွက်
Home Made လေးပါရှင် 😋😋😋

#ကတ်ကြေးကိုက်

04/07/2023

မိုးရာသီနဲ့လိုက်ဖက်နေရော


04/07/2023

Homemade ကြေးအိုး လုပ်စားကြမယ်

03/07/2023

Homemade ကြေးအိုး ဘယ်လိုလုပ်ကြမလဲ

နေထိုင်မကောင်းဖြစ်ပြီးရင် ပါးစပ်ပျက်ပြီး ထမင်းစားမကောင်းများဖြစ်တယ်ဆိုရင် ဒီလိုအတွဲအစပ်လေးတွေနဲ့ ချက်ပြုတ်စားကြည့်ပါလားန...
18/02/2022

နေထိုင်မကောင်းဖြစ်ပြီးရင် ပါးစပ်ပျက်ပြီး ထမင်းစားမကောင်းများဖြစ်တယ်ဆိုရင် ဒီလိုအတွဲအစပ်လေးတွေနဲ့ ချက်ပြုတ်စားကြည့်ပါလားနော် 🍽

💝 ပုစွန်လေးတွေကိုအခွံခွါပြီး ဆား အနည်းငယ် နဲ့နယ်ကာ ငရုတ်အနှစ်ကိုဆီသပ်ပြီး ကျက်လာရင်ပုစွန်လေးတွေထည့်လိုက်ပါ။ သုံးမိနစ်ခေါက်နေရင် ယိုးဒယားအုန်းနို့ဗူးကို လဖ္ဘက်ရည်ပန်းကန်လုံး ၁ လုံးစာ ထည့်ပေးပါ။ ပြီးရင် ခပ်ခြောက်ခြောက်လေးဖြစ်အောင်ထားပြီးမှ မီးပိတ်ပါ။ သရက်သီးပေါက်ဆိပ်လေး ကိုဟင်းချိုချက်မယ်ဆိုရင် တကယ်စားကောင်းမှာပါ။

💝 ဗမာကြက်ကို အရသာနယ်ပြီး မျှစ်တုံးနုနုလေးတွေနဲ့ အရည်ကျန်လေးရောချက်ပါ။ ငရုတ်ကောင်းနိုင်နိုင်လေးထည့်ပြီးချက်ကြည့်ရင် အရသာအသစ်လေးစားရနိုင်ပါတယ်။ အာလူးကြော် နဲ့တွဲဖက်စားရင် တကယ်မြိန်တဲ့ ထမင်းပွဲလေးရလာပါလိမ့်မယ်။

💝 ချဉ်ပေါင်ရွက်နုနုလေးတွေကို လေးစီးလောက်သေချာခြွေ ၊ ဒယ်အိုးထဲမှာကြေအောင်ချေ။
ပြီးရင်ပုစွန်အခွံခွါထားတာကိုထောင်း ၊ ငရုတ်သီးစိမ်း ၊ ကြက်သွန်နီ ပါးပါးလှီး ၊ ငရုတ်သီးအနှစ်ဆီသပ်ပြီး အခုပြောတာတွေထည့် ငံပြာရည်လေးထည့် ပွက်လာရင် ချေထားတဲ့ ချဉ်ပေါင်တွေထည့် ။ ခြောက်အောင်ကြော်ပြီးရင် ပုစွန်ချဉ်ပေါင် အစိုကြော်လေးက တစ်ခွက်ထဲနဲ့တောင်ထမင်းမြိန်ပါတယ်ရှင်။

👋 မင်္ဂလာပါ မေမေတို့ရေ 👋🥘 ဒီအချိန်က မေမေတို့ရဲ့ဂေဟာလေးတွေထဲမှာ မိသားစုအတွက် နွေးထွေးတဲ့ အာဟာရပြည့် နေ့လယ်စာကို ချက်ပြုတ်...
17/02/2022

👋 မင်္ဂလာပါ မေမေတို့ရေ 👋

🥘 ဒီအချိန်က မေမေတို့ရဲ့ဂေဟာလေးတွေထဲမှာ မိသားစုအတွက် နွေးထွေးတဲ့ အာဟာရပြည့် နေ့လယ်စာကို ချက်ပြုတ်နေချိန်ပေါ့နော်

🔺မင်မင်က အမဲသားလွှာ လွယ်လွယ်လုပ်နည်းလေးတင်ဆက်ပေးလိုက်ပါတယ်။

🔺ပထမဆုံး အမဲသားတုံး နှစ်တုံးကို အခန်းအပူချိန်အတိုင်း ခြောက်သွေ့အောင်ပြင်ဆင်ထားပေးပါ။

🔺ဆိုလိုတာက ရေခဲသေတ္တာထဲမှ ထုတ်ယူပြီး ကြာကြာခြောက်သွေ့အောင်ထားပေးဖို့ပါနော်

🔺ပြီးရင် သံလွင်ဆီအနည်းငယ်နဲ့ အသားတွေအနှံ့စိမ့်ဝင်အောင်သုတ်လိမ်းပါ။

🔺ဆားအနည်းငယ် ၊ ငရုန်ကောင်းအမည်း ၊ ငရုန်ကောင်းအဖြူ တို့ကိုရောမွှေပြီး အသားပေါ်မှာဖြူးကာ ခဏလောက်ထားပေးပါ။

🔺အဲ့အချိန် ထောပတ်နည်းနည်းနဲ့ ကြက်သွန်ဖြူကြိတ်ထားတာကို အခြားပန်းကန်တစ်လုံးထဲမှာ ရောချေပေးထားနော်။

🔺ပြီးရင်အသားတွေကို မီးဖိုပေါ်မှာ မကပ်တဲ့ဒယ်အိုးထဲထည့်ပြီး အပူပေးပေးပါရှင်။
ဘေးဘက်ကအသားတွေထိလှည့်ပြီးအပူပေးပေးနော်။

🔺ဒယ်အိုးလိုက်ယူပြီး Oven ထဲကိုထည့်ပြီး Medium လောက်ဖုတ်ပေးလိုက်ပါနော်။

🔺အသားအနေအထားလိုချင်သလောက်ကိုချိန်ပြီး ၁၅ မိနစ်ကနေ ၂၅ မိနစ်အတွင်း အပူပေးပါ။ အပူချိန်ကို သိပ်မပြင်းစေပဲ အနေတော်လောက်ထားပေးပါနော်။

🔺ရပြီဆိုရင် ထောပတ်ကြက်သွန်ဖြူအနှစ်ကို အပေါ်ကတင်ပြီး သုံးဆောင်လို့ရပါပြီနော်။


😋ကျောက်အိုးပူနဲ့ချက်တဲ့ ကြက်သားသီးစုံပျားရည်ဆမ်း😋မေမေတို့ရေ  ကြက်သားကိုချက်စားရတာ ထပ်တလဲလဲများဖြစ်နေတယ်ဆိုရင် အရသာအပြောင...
02/02/2022

😋ကျောက်အိုးပူနဲ့ချက်တဲ့ ကြက်သားသီးစုံပျားရည်ဆမ်း😋

မေမေတို့ရေ ကြက်သားကိုချက်စားရတာ ထပ်တလဲလဲများဖြစ်နေတယ်ဆိုရင် အရသာအပြောင်းအလဲ အနေနဲ့ ဒီလိုလေးချက်ကြည့်ကြပါလားရှင်

ပထမဆုံး ကြက်သား အရွယ်တော်အတုံးများ သို့မဟုတ် ပေါင်ချည်းပဲသီးသန့်ဖြစ်ဖြစ် သန့်စင်လိုက်ပြီး ငရုတ်ကောင်းမှုန့် နဲ့ Oregano အနည်းငယ်ဖြူးပြီး နာရီဝက်လောက်နှပ်ထားလိုက်ပါနော်

ပြီးရင် ကျောက်အိုးပူထဲမှာ သံလွင်ဆီ နည်းနည်းလေးထည့် ပြီးထောပတ်အနည်းငယ်ကိုအပူပေးလိုက်ပါ။

ကြက်သားလေးတွေထည့်ကြော်ကြမယ် ။ အညိုရောင်သန်းလာတဲ့အထိဟိုဘက်ဒီဘက်လှန်လိုက်ပါနော်။

ကြက်သွန်နီပါးပါးလှီး တောက်တောက်စင်းမယ်။ ကြက်သားတွေဆယ်ပြီးခုနဆီထဲမှာ ထည့်ကြော်ပေးပါ။ ကြက်သွန်နွမ်းလာရင်
အာလူးအတုံးလေးများနဲ့ မုန်လာဉနီ အတုံးလေးများကို ထည့်ပေးပြီးခဏချက်ထားပါ။။

ကြက်သွန်ဖြူတောက်တောက်စင်းနဲ့ တရုတ်နံနံပင်ပါးပါးလှီးပြီး ပြင်ဆင်ထားပါ။

သံပုရာသီးအရည်အနည်းငယ် ညှစ်ထားတာနဲ့ ချီလီဆော့ ပျားရည် ပဲငံပြာရည်တို့ကို အခြားဒယ်အိုးထဲမှာအပူပေးလိုက်ပါ။ အဲ့ထဲမှာ Mustard ( မုန့်လုပ်ရာတွင်သုံးသော အဝါရောင်အနှစ် ) ထပ်ထည့်ပေးရင်ပိုကောင်းတယ်။

အပေါ်မှာပြင်ဆင်ထားတဲ့ ကြက်သွန်ဖြူ တောက်တောက်စင်းနဲ့ တရုတ်နံနံလှီးထားတာကို အာလူးအိုးထဲထည့်မွှေလိုက်ပါ။
ပြီးရင်ကြက်သားများပြန်ထည့်ပြီး အခြားအိုးမှာအပူပေးထားတဲ့ အရည်များကိုလောင်းထည့်ပေးလိုက်ပါနော်။

ပြီးရင် Oven ထဲကို အိုးလိုက် 15 မိနစ်လောက် 200'C နဲထည့်ထားပြီးမှ ပြန်ထုတ်လိုက်ပါ။

🍲🥠🥕🍗

👋 မင်္ဂလာပါ အိမ်ရှင်မ မေမေတို့ရေ 👋ဒီမနက်တော့ အဆာပြေလည်းစားလို့ရသလို အသားအရေ အတွက်လည်း လှပချောမွေ့ကြည်လင်ခြင်း နဲ့ ခန္ဓာက...
23/01/2022

👋 မင်္ဂလာပါ အိမ်ရှင်မ မေမေတို့ရေ 👋

ဒီမနက်တော့ အဆာပြေလည်းစားလို့ရသလို အသားအရေ အတွက်လည်း လှပချောမွေ့ကြည်လင်ခြင်း နဲ့ ခန္ဓာကိုယ်အတွက် ကောင်းမွန်မှုတွေရမယ့် အစေ့အဆံလေး သုံးမျိုးကို မျှဝေပေးပါရစေရှင့်။

👉 သီဟိုဠ်စေ့

သီဟိုဠ်စေ့ စားပေးခြင်းဖြင့် နှလုံးကျန်းမာရေးအတွက်ထိရောက်သလို အာရုံကြောစနစ်ကိုလည်း တကယ်ကောင်းကောင်း အကျိုးရှိစေပါတယ်လို့ သိရပါတယ်။ အရေပြားကို တင်းရင်းစေတာကြောင့် အသက်အရွယ်တစ်ခုရလာတဲ့အမျိုးသမီးတွေအတွက် သီဟိုဠ်စေ့စားခြင်းအကျိုးက တကယ်ထိရောက်ပါတယ်နော်။

👉 အယ်လ်မွန်စေ့

အယ်လ်မွန်စေ့ကတော့ ဦးနှောက်ညဏ်ကောင်းခြင်း၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးခြင်းနဲ့ ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်ပါတယ်။ အယ်လ်မွန်စေ့ကို အဆာပြေစားသုံးပေးခြင်းကြောင့် ကိုလတ်စထရောကျဆင်းတာကိုတွေ့ရှိရတာမို့ ဝိတ်ချချင်သူတွေရဲ့ အဆာပြေအစေ့အဆံလေးပါနော်။

👉 စပျစ်သီးခြောက်

စပျစ်သီးခြောက်လေးတွေက Vitamin E ပေးစွမ်းနိုင်တာမို့ တကူးတကတောင် Vitamin E ဝယ်သောက်နေကြတဲ့ မေမေတို့အတွက် ဒီအစေ့လေးတွေက အရမ်းအထောက်အကူပြုပေးမှာပါရှင်။ ဆံပင်သားကိုလည်းသန်စွမ်းစေပါတယ်နော်။


🏠 Ingredient တွေသုံးပြီး အိမ်တွင်းသန့်ရှင်းရေးနဲ့ အနံ့မွှေးမွှေးလေးတွေ ဖန်တီးကြည့်ပါ 🏡👩🏻‍🍳 အိမ်ရှင်မတွေ အတွက် အိမ်ထဲမှာ ...
22/01/2022

🏠 Ingredient တွေသုံးပြီး အိမ်တွင်းသန့်ရှင်းရေးနဲ့ အနံ့မွှေးမွှေးလေးတွေ ဖန်တီးကြည့်ပါ 🏡

👩🏻‍🍳 အိမ်ရှင်မတွေ အတွက် အိမ်ထဲမှာ ရှိတဲ့ အရာဝတ္ထုတွေ ကို အကုန်အကျမများပဲ မိမိ မီးဖိုချောင်ထဲမှာပဲရှိနေတဲ့ Ingredient လေးအနည်းငယ်နဲ့ မွှေးကြိုင်သန့်ရှင်းအောင် ပြုလုပ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော်။

🧡 ရေကို ပွက်ပွက်ဆူအောင်တည်လိုက်ပြီး သစ်ကျပိုးခေါက် ၊ လေးညှင်းပွင့် အနည်းငယ် ၊ သံပုရာသီး အကွင်းလေးငါးခု နဲ့ ဗနီလာ Extract အနည်းငယ်ကို ထည့်ပြီး ကြာကြာလေး ထားမယ်ဆိုရင် အနံ့မွှေးမွှေးလေးက အနီးအနားရှိ ပစ္စည်း များအားလုံးကို ပျံ့နှံ့သွား ပြီး အခန်းတွင်းမှာရှိတဲ့ပိုးမွှားတွေကိုလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။ ဗနီလာ အနံ့မကြိုက်ရင်လည်း ကိုယ်နှစ်သက်တဲ့ အခြား နှင်းဆီ ၊ စံပယ် စတဲ့အနံ့လေးများထည့် ပေးနိုင်ပါတယ်။အနည်းဆုံး ၆ ရက်လောက် အိမ်အတွင်းပိုင်းမှာ မွှေးပျံ့နေပါလိမ့်မယ်။

💚 ကော်ဖီစေ့လေးများကို ဖန်ပုလင်း အဝကျယ်အဖုံးမှာအပေါက်လေးများပါတာနဲ့ဖုံးအုပ်ထည့်ပေးထားပြီး အဝတ်ဗီရို ထဲထည့်ပေးထားမယ်ဆိုရင် ရေမွှေးနံ့တစ်မျိုးဆွတ်ထားသလို မွှေးပျံ့နေမှာပါ။

❤️ ဗနီလာ Extract ကို တစ်ရှုးစ သို့ ဖော့တုံး အသေးလေးထဲ မှာ စွတ်ပြီး Oven ၊ Rice Cooker တွေရဲ့ အောက်ခြေတွေ ဘေးတွေကို သေချာ သုတ်ပေးလိုက်မယ်ဆိုရင် ပြောင်လက်သွားမှာပါ။

💜 Baking Soda ကို ဆိုဖာတွေမှာပေနေတဲ့ အညစ်အကြေးတွေ ကိုသန့်ရှင်းချင်တယ်ဆိုရင်အသုံးပြုလို့ရပါတယ်။ ရေသုံးစရာမလိုပဲ Baking Soda ကို ဖြူးလိုက်ပြီး Cleaning Material တစ်ခုခုနဲ့ ပွတ်တိုက်ပေးရင် ပြန်လည်သစ်လွင်လာပါတယ်။

☕️ ကော်ဖီနေ့စဉ်သောက်သုံးခြင်းကြောင့်ဘာတွေဖြစ်နိုင်သလဲ✅ ကော်ဖီသောက်သုံးခြင်းဟာ စဉ်းစားညဏ်ကောင်းစေပြီးတော့ အာရုံစူးစိုက်မှ...
17/01/2022

☕️ ကော်ဖီနေ့စဉ်သောက်သုံးခြင်းကြောင့်ဘာတွေဖြစ်နိုင်သလဲ

✅ ကော်ဖီသောက်သုံးခြင်းဟာ စဉ်းစားညဏ်ကောင်းစေပြီးတော့ အာရုံစူးစိုက်မှုကို ကောင်းကောင်းရစေပါတယ်။ နှလုံးခုန်နှုန်းနဲ့ သွေးလည်ပတ်မှုအားကောင်း စေတဲ့အရာကို ဖြစ်ပေါ်စေပါတယ်။

✅ ကော်ဖီသောက်သုံးခြင်းဟာ သွေးခုန်နှုန်းမြင့်တက်စေပြီး စိတ်ကူးစိတ်သန်းကောင်းကောင်းတွေထွက်ရှိလာတဲ့အကျိုးကျေးဇူးကို ဖြစ်ပေါ်စေပါတယ်။

✅ ကော်ဖီဟာ ကိုယ်ခံအားစနစ်ကို တိုးတက်စေပြီး ကင်ဆာရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

ခေါင်းကိုက်ခြင်းတွေကိုလည်း ပျောက်ကင်းစေပါတယ်။

စိတ်ပူပန်မှုတွေ နဲ့ ဖိအားတွေကို လည်းလျှော့ချပေးပါတယ်။

မှတ်ညဏ်စွမ်းအားကိုလည်း တိုးတက်ကောင်းမွန်စေပါတယ်။

✅ ကော်ဖီဟာ ကျစ်လျစ်သွယ်လျတဲ့ ခန္ဓာကိုယ်ကို ရရှိနိုင်ဖို့ ကူညီပေးပါတယ်။ ဝိတ်ကျစေတဲ့အရာပါ။

'sBenefit

အိမ်ရှင်မ များအတွက် ရေခဲသတ္တာထဲမှာ မထားရမယ့် အသီးအနှံ  ၁၂ မျိုးဈေးကနေပြန်လာပြီဆိုရင် ကျွန်မတို့ဝယ်လာသမျှတွေကိုခြင်းထဲကထု...
15/01/2022

အိမ်ရှင်မ များအတွက် ရေခဲသတ္တာထဲမှာ မထားရမယ့် အသီးအနှံ ၁၂ မျိုး

ဈေးကနေပြန်လာပြီဆိုရင် ကျွန်မတို့ဝယ်လာသမျှတွေကိုခြင်းထဲကထုတ်ပြီး ဆေးကြော သန့်စင်ရေခဲသေတ္တာထဲထည့် သိမ်းဆည်းကြတာ အလေ့အကျင့်တစ်ခုဖြစ်နေမှာပါနော်။

ဝယ်လာသမျှတွေထဲမှာ ဒီလို အသီးအနှံနဲ့စားသောက်ကုန်တွေပါရင် ဘယ်လိုစီမံရမယ်ဆိုတာကို အခုအကြံပြုပေးချင်ပါတယ်။

၁။ ဖရဲသီး
ဖရဲသီးကိုရေခဲသေတ္တာထဲဘာလို့မထည့်သင့်တာလဲဆိုတော့အပူချိန်ရှိတဲ့အပြင်မှာသိုလှောင်သိမ်းဆည်းထားခြင်းကြောင့်ဗီတာမင်ဓာတ်ပိုမိုကြွယ်ဝစေလို့ပါ။အေးခဲသိုလှောင်ထားပြီးဓာတ်ပြယ်ခြင်းမရှိလို့စားသုံးမှုမှာပိုမိုကောင်းမွန်စေပါတယ်။ ဒါဆိုရင်ရေခဲ သေတ္တာထဲကနေအေးအေးလေးထုတ်စားမယ်ဆိုတာမျိုးကိုမေ့ပစ်ပြီးအခန်းအပူချိန်လေးနဲ့ပဲထားပေးလိုက်ပါနော်။

၂။ အာလူး
အာလူးဆိုတာ ကစီဓာတ်ပေးစွမ်းတာကြောင့် ကျွန်မတို့တွေ စားသုံးသင့်ပါတယ်။
ဒါပင်မယ့် အအေးခန်းထဲထည့်လိုက်ရင် ကစီဓာတ်ကိုပျက်ပြယ်သွားစေတာမို့လို့ လုံးဝမထည့်မိပါစေနဲ့နော်။

၃။ ပျားရည်
ပျားရည်ဆိုတာ အခန်းအပူချိန်နဲ့မှ အဆင်ပြေတာပါ။ အေးခဲသွားမယ်ဆိုရင် ရှိပြီးသားဓာတ်တွေ ရပ်ဆိုင်းသွားမှာအသေအချာမို့လို့ ရေခဲသေတ္တာနဲ့ သူနဲ့က မသက်ဆိုင်ပါဘူးနော်။

၄။ ကော်ဖီ
ကော်ဖီမှာရှိတဲ့ကဖိန်းဓာတ်ကို ရေခဲသေတ္တာက ဖျက်ဆီးပစ်မှာပါ။ အပြင်မှာပဲကောင်းကောင်းသိုလှောင်ဖို့ဖန်တီးထားလိုက်ပါနော်။

၅။ ခရမ်းချဉ်သီး
တော်တော်များများ အိမ်တွေမှာတော့ ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲမှာသိမ်းဆည်းတတ်ကြပါတယ်။တကယ်တော့ အေးခဲထားတဲ့ ခရမ်းချဉ်သီးတွေဟာ အမှည့်လွန်သွားနိုင်ပြီး ကြာကြာမခံပါဘူး။ မြန််မြန်မှည့်သွားရင်တော့ ခရမ်းချဉ်သီးယို ၊ခရမ်းချဉ်သီးဆော့ အဖြစ် ပြုလုပ်သုံးစွဲလို့ရမှာပါ။

၆။ကြက်သွန်နီ
ကြက်သွန်နီအလုံးလိုက်လေးတွေကတော့ ရေခဲသေတ္တာအပြင်ဘက်မှာ နေထိုင်ရတာနှစ်သက်ကြပါတယ်။စိုထိုင်နေရင် ပျော့ပြဲသွားမှာပါ။ ဒါပင်မယ့် သုံးလက်စ ထက်ခြမ်းခြမ်းပြီးသားတွေကတော့ အိတ်ထဲမှာ သို့ ဗူးထဲမှာ သေချာထည့်ပြီး ရေခဲသေတာထဲက အသီးအရွက်ထည့်တဲ့ အံဆွဲထဲမှာထည့်ပေးထားပါနော်။

၇။ ကြက်သွန်ဖြူ
သူကလည်းကြက်သွန်နီနဲ့ ညီအကိုမျိုးနွယ်ဆိုတော့ အေးခဲလို့မရပါဘူးနော်။ အနံ့ကလည်းခပ်ပြင်းပြင်းလေးဆိုတော့ကာ ခြောက်သွေ့ပြီးလေဝင်လေထွက်ကောင်းစေမယ့်နေရာမျိုးမှာသိုလှောင်ပေးထားပြီးအသုံးပြုပါ။
ကြက်သွန်ဖြူအမြွှာလေးတွေကို နွှာပြီးထားမယ်ဆိုရင် ၁၀ရက်လောက်ကောင်းကောင်းအသုံးပြုနိုင်ပါတယ်။

၈။ ငရုပ်ဆီ
Sauce ပုလင်းတွေက အခန်း အပူချိန်နဲ့အပြင်မှာထားမှ အာနိသင်ပိုရှိမှာပါ။ တစ်ခါတစ်လေရေခဲသေတ္တာထဲထည့်မိတတ်ကြလို့သတိထားပြီးသိမ်းဆည်းလိုက်ပါနော်။

၉။ ပေါင်မုန့်
ပေါင်မုန့် ကိုလည်းရေခဲသေတ္တာထဲထည့်လိုက်မယ်ဆိုရင် ခြောက်သွေ့သွားပြီးနူးညံ့တဲ့အရသာတွေပျောက်ဆုံးသွားမှာပါ။

၁၀။ ပန်းသီး
လတ်ဆတ်တဲ့ပန်းသီး လေးတွေဝယ်လာရင်တော့ ရေခဲသေတာထဲမှာ မထည့်ပဲ တစ်ခါတည်းစားသုံးလိုက်ပါနော်။တကယ်လို့ တစ်ပတ် ၊ နှစ်ပတ် လောက်ထိထားပြီးစားရလောက်အောင်များနေပြီဆိုရင်တော့အေးခဲထားလိုက်လို့ရပါတယ်။ လတ်ဆတ်တဲ့ အရသာကို မပျက်စီးသွားအောင်ချက်ချင်းစားပေးတာအကောင်းဆုံးပါ။

၁၁။ ထောပတ်သီး
သူလေးကလည်း တကယ်ကို ကောင်းတဲ့အဆီဓာတ်ထုတ်ပေးတာမို့ အခန်းအပူချိန်မှာပဲ ထားရမှာပါ။

၁၂။ အမာသီးများ
အမာသီးများဆိုတာကတော့ တရုတ်ဇီးသီး ၊ မက်မွန်သီး အစရှိတဲ့ အသီးတွေလိုမျိုးဆိုရင်တော့ မြန်မြန်မှည့်ဖို့ ရေခဲသေတာကိုရှောင်လိုက်ပါ။ အခန်းအပူချိန်နဲ့မြန်မြန်မှည့်ပါတယ်။

ကြက်သားအာဟာရသုပ်နေ့လည်ခင်းအဆာပြေပဲစားစား ၊ ညဘက် Dinnerအဖြစ်ပဲသုံးဆောင်ဆောင် ကြက်သားနဲ့ အာဟာရသုပ်ကတော့ လူတိုင်းနှစ်သက်လိမ...
14/01/2022

ကြက်သားအာဟာရသုပ်

နေ့လည်ခင်းအဆာပြေပဲစားစား ၊ ညဘက် Dinnerအဖြစ်ပဲသုံးဆောင်ဆောင် ကြက်သားနဲ့ အာဟာရသုပ်ကတော့ လူတိုင်းနှစ်သက်လိမ့်မယ်ထင်ပါတယ်။
ပြုလုပ်နည်းကတော့ လွယ်လွယ်လေးပါ။

ပထမဆုံးကြက်သားရင်ပုံသား လိုသလောက် ကို အတုံးအသေးလေးတွေမတုံးပဲ အသားလွှာအတိုင်း ဓါးနဲ့ တစောင်း မွှန်းပါ၊ ပထမတကြိမ် မွှန်းပြီးသွားရင် ပြောင်းပြန်ထပ်မွှန်းပါ အဲ့ဒါဆိုရင် အကွက်ပုံစံလေးတွေပေါ်လာပါလိမ့်မယ်။

ပြီးရင် ဆား ၊ ငရုပ်ကောင်းအနည်းငယ်နဲ့ ခဏလောက်နှပ်ထားပေးပါ။
ဂျုံမှုန့် နဲ့ ကြက်သားရင်ပုံပြားကို နှံ့အောင် လူးလိုက်ပါ။
ထောပတ်ဆီနည်းနည်းလေးထဲမှာ ၂ မိနစ်လောက် ထည့်ကြော်ပေးပြီး ဟိုဘက်ဒီဘက် ကျက်သွားပြီဆိုတာနဲ့ အိုးထဲကို ထောပတ်ဆီနည်းနည်းထပ်ဖြည့်ပြီး ကြက်သွန်ဖြူ တောက်တောက်စင်းထားတာ ထည့်ကြော်ပါ။ ခဏကြာရင် ဟင်းချက်ဝိုင်နဲ့ ပဲငံပြာရည် အနည်းငယ် ဆမ်းလိုက်ပါ။ ကြက်သားတွေအပေါ်မှာ နှံ့အောင်ဖြန့်ခင်းပေးပြီး ပြန်ဆယ်ထားပါ။

ပြီးရင် အသုပ်ပြင်ဆင်ကြရအောင်နော်။ အသုပ်ကတော့ ဘိုသုပ်ဖြစ်လို့ Market Place မှာရနိုင်မယ့် ပစ္စည်းတွေသုံးပါ။

၁။ ‌ဂေါ်ဖီ အဖြူရောင်
၂။ ဂေါ်ဖီ ခရမ်းရောင်
၃။ သခွားသီး
၄။ ကြက်သွန်နီ
၅။ ငရုပ်ပွအနီရောင်
၆။ မုန်လာဉအနီ
၇။ ပန်းသီးစိမ်း
၈။ ခရမ်းချဉ်သီး တို့ကို ပါးပါးလှီးထားပြီး သံပုရာရည်ဆမ်းကာ ပန်းကန်ဇောက်နက်နက်ထဲမှာထည့်ပေးထားပါ။

Sour Cream , mayonnaise , garlic , mustard တို့ကို ‌ရောမွှေပါ ။
ခုနက အသီးအရွက်ပန်းကန်ထဲမှာထည့်မွှေပေးပါ။

ပြီးရင်တော့ ခုနက ကြော်ထားတဲ့ကြက်သား ကိုပန်းကန်ထဲမှာထည့်ပြီး ဘေးကနေ အသုပ်ကို နေရာချကာ ပြင်ဆင်စားသုံးနိုင်ပါတယ်။


Breakfast အတွက်ပေါင်မုန့်ကြက်ဥကြော် စတိုင်လ် သုံးမျိုး🍞🍳 မနက်စာအတွက် မိသားစုကို ပြင်ဆင်ကျွေးဖို့ မနက်တိုင်းလိုလို စဉ်းစာ...
10/01/2022

Breakfast အတွက်ပေါင်မုန့်ကြက်ဥကြော် စတိုင်လ် သုံးမျိုး

🍞🍳 မနက်စာအတွက် မိသားစုကို ပြင်ဆင်ကျွေးဖို့ မနက်တိုင်းလိုလို စဉ်းစားနေကြရတယ်ဆိုရင် ဒီလို နည်းလေးတွေနဲ့ ပြင်ဆင်ကြည့်ကြပါနော်🥑🥪

✅ ကြက်ဥ သုံးလုံးကို မွှေနှောက်ပြီး ကြက်သွန်မြိတ် ဖြူးပါ။

✅ လက်ကိုင်ဒယ်အိုးထဲမှာ Salted Butter အနည်းငယ်ကို သုတ်လိမ်းပါ။

✅ Butter ပေါ်မှာ ကြက်ဥခေါက်မွှေထားတာကို ဖြန့်ခင်းပြီး အပေါ်က ပေါင်မုန့် နှစ်ပိုင်းကို နှစ်ပေးပြီး ဟိုဘက်ဒီဘက် လှန်လိုက်ပါ။

✅ ကြက်ဥအောက်ခံအပြားကို ပေါင်မုန့်အုပ်အောင် ဘေးနားတွေကလိပ်ပါ။

✅ ပြောင်းပြန်လှန်ပြီး အပူပေးပါ။ အပေါ်က ကြက်သားပြား နဲ့ ချိစ်ပြားကို ယှဉ်လျှက်တင်ပြီး အလယ်ကခေါက်လိုက်ပါ။ ခေါက်ပြီးရင် ဟိုဘက် ဒီဘက်လှန်ပြီး အပူပေးလိုက်ပါနော်။

✳️ နောက် ပေါင်မုန့်များကို ပြုလုပ်ချိန်မှာ ထောပတ်သီးစိတ်လေးများက တဖက် ၊ ချိစ်ပြးတစ်ဖက် တင်ပြီး ပြုလုပ်နည်းကတော့ အပေါ်ကအတိုင်းပါပဲနော်။

✳️ နောက်ထပ်တစ်မျိုးကတော့ ဝက်ပေါင်ခြောက်တစ်ခြမ်း ချိစ်ပြားတစ်ခြမ်းပါ။

မိမိနှစ်သက်ရာ Ingredients စိတ်ကြိုက်သုံးပါရှင်💚


🥔🥔🥔 အာလူးနဲ့ ပြုလုပ်တဲ့ မက်ဆီကန် အစားအစာ 😋😋😋👩🏻‍🍳မေမေတို့ရေ အိမ်မှာရှိတဲ့အာလူးလေးတွေကို ဖိချေပြီး ဒီလို နည်းလေးနဲ့ပြုလုပ်...
09/01/2022

🥔🥔🥔 အာလူးနဲ့ ပြုလုပ်တဲ့ မက်ဆီကန် အစားအစာ 😋😋😋

👩🏻‍🍳မေမေတို့ရေ အိမ်မှာရှိတဲ့အာလူးလေးတွေကို ဖိချေပြီး ဒီလို နည်းလေးနဲ့ပြုလုပ်ကြည့်ပါနော်။

1️⃣ ပထမဆုံး ဂျုံကို ရေခွက်နှစ်ခွက်စာ ပန်းကန်လုံးထဲထည့်ပြီး ဆားနည်းနည်း ဆီလေးနည်းနည်းထည့်ကာနယ်လိုက်ပါ။ အလုံးရတဲ့အထိ နာနာလေးနယ်နော်။

2️⃣ ငရုတ်သီးခြောက် နည်းနည်းကို ထောင်းချေပါ။
ကြက်သွန်နီ ကိုပါးပါးလှီးဆီသပ်ပြီး အာလူးပြုတ်လေးတွေကို ချေပါ။အားလုံးရောမွှေပြီး နံနံပင်ထည့်ပါ။

3️⃣ ပြီးရင် ခုနက နယ်လုံးထားတဲ့ ဂျုံလုံးကို ဖဲ့ယူပြီး ဒလိမ့်တုံးနဲ့ပြားအောင်လုပ် ၊ Cutter အဝိုင်းလေးနဲ့ ပုံစံယူပေးပါ။

4️⃣ အဲ့ဒီ့ဂျုံအဝိုင်းပြားလေးတွေကို ဒယ်အိုးထဲမှာ ဆီမပါပဲ ဟိုဘက် ဒီဘက်လှန်ပြီး နှစ်မိနစ်လောက် အပူပေးပေးပါ။

5️⃣ အဝိုင်းပြားဂျုံလေးတွေ တပြားချင်းစီမှာ ချီလီဆော့စ်၊ အာလူးနယ် ၊ ချိစ် တွေကို ဘေးကပ်ထည့် ၊ ပြန်ခေါက်ပြီး ဆီနည်းနည်းအိုးထဲမှာ ဟိုဘက်ဒီဘက် လှန်ကာအပူပေးလိုက်ပါ။



😋 တစ်နေ့လုံး ဘယ်လောက်ပဲစားချင်တာတွေစား           🌤 ညနေစောင်းမှာ ဝိတ်မတက်စေမယ့်                      အစားအသောက်လေးတွေ 🥑🍏🍷...
28/12/2021

😋 တစ်နေ့လုံး ဘယ်လောက်ပဲစားချင်တာတွေ
စား
🌤 ညနေစောင်းမှာ ဝိတ်မတက်စေမယ့်

အစားအသောက်လေးတွေ 🥑🍏🍷

၁။ ကြက်သားပြုတ်နဲ့ ထောပတ်သီး

၂။ ရွှေဖရုံသီးဟင်းချိုနဲ့ ပေါင်မုန့်ညို

၃။ ပန်းသီးစိမ်းနဲ့ ဟင်းနုနွယ်ရွက်ကြော်

၄။ မုန်လာဥနီအစိမ်းရေခဲစိမ် နဲ့ အမဲသားကင်

၅။ အုတ်ဂျုံ နဲ့ ကြက်ဥအကာပြုတ်

၆။ သီဟိုဠ်စေ့ ၊ စပျစ်သီးခြောက်နဲ့ အာလူးမီးဖုတ်

၇။ ကန်စွန်းဥပြုတ်နဲ့ အသားလုံးဟင်းချို

ညနေပိုင်းတွေမှာ ဗိုက်အဆာခံပြီးဝိတ်မချနိုင်တဲ့မေမေတို့ရေ

ဒီလိုအစားအသောက်အတွဲအစပ်လေးတွေနဲ့ မေမေတို့ရဲ့အလှကို ဆက်ထိန်းထားနိုင်ပါတယ်ရှင့်🥰


🍗🍗🍗 မနက်ဖြန်အတွက် ကြက်ကြော်ကို အရသာထိမိဂွိလေး ဖန်တီးကြည့်မလား။၁။ ကြက်သားတုံး အနေတော်လေးများတုံးထားပါ။၂။ ဆားနည်းနည်း သကြာ...
27/12/2021

🍗🍗🍗 မနက်ဖြန်အတွက် ကြက်ကြော်ကို အရသာထိမိဂွိလေး ဖန်တီးကြည့်မလား။

၁။ ကြက်သားတုံး အနေတော်လေးများတုံးထားပါ။

၂။ ဆားနည်းနည်း သကြားနည်းနည်းလေးနဲ့ ၁၅ မိနစ်ခေါက်နှပ်ထားပေးပါ။

၃။ ပြောင်းကော်မှုန့် ထဲထည့်မွှေပေးပါ။

၄။ ဆီများများထဲထည့်ကြော်မယ်။

၅။ ကြွပ်ကြွပ်ရွရွလေး ရွှေရောင်သန်းချိန်ထိထားပြီး မီးပိတ်လိုက်ပါ။

၆။ ကြက်သားတုံးတွေ ဆယ်ယူထားပြီး ဆီတွေကို ထမင်းစားဇွန်းတဇွန်းစာလောက်ပဲ အိုးထဲမှာချန်ကာ
မီးပြန်ဖွင့်ပေးပါ။

၇။ ပျားရည် အနည်းငယ်ကို ထည့်ပြီးကြက်ကြော်တုံးလေးတွေပါလိုက်ထည့်ကာ အနည်းငယ်မွှေပေးပါ။
မီးအရှိန်လျှော့ထားပြီး အနည်းငယ်မွှေပြီးတာနဲ့ အိုးထဲကဆယ်ယူလို့ရပါပြီ။

ကြက်သွန်မြိတ်လေးဖြူးချင်လည်းရပါတယ်ရှင့်

( မိမိ ကြော်သောအသားတုံး အနည်းအများအလိုက်ပျားရည်ကိုချိန်ဆထည့်ရင်ရပါတယ် )

ကဲ……..ကြက်သားမစားချင်လို့ ခေါင်းတခါခါဖြစ်နေတဲ့ သားသား မီးမီးတို့များ ရှိရင် Celebrity Cooking ရဲ့ ထိမိဂွိ ကြက်ကြော် လေးတွေနဲ့ဆွဲဆောင်လိုက်ပါနော်။😋😋😋


👋 မင်္ဂလာပါ                        😍  မေမေတို့ရေ 😍👩🏻‍🍳 အိမ်ရှင်မ မေမေတို့ အတွက် Celebrity Cooking က မေမေတို့ ချက်ပြုတ်ပြ...
02/12/2021

👋 မင်္ဂလာပါ
😍 မေမေတို့ရေ 😍

👩🏻‍🍳 အိမ်ရှင်မ မေမေတို့ အတွက် Celebrity Cooking က မေမေတို့ ချက်ပြုတ်ပြီးတဲ့အချိန်မှာ ကိုယ်ပိုင် မီးဖိုချောင်လေးကို ပိုးမွှားကင်းစင်စေဖို့ ပြုလုပ်သင့်တဲ့ နည်းအချို့ကို တင်ဆက်ပေးလိုက်ပါတယ်နော်။

✅ အပေါက်ပါတဲ့ စကာဖုံး ၊ ရေစစ် ကဲ့သို့သော Filter တွေရဲ့ သဘာဝက အညစ်အကြေး အမှုန်အဝါးတွေကိုစစ်ယူတာပါ။ အသုံးပြုပြီး ပြန်လည်ဆေးကြောပင်မယ့်လည်း ဗက်တီးရီးယားပိုးမွှားတွေ ကျန်ခဲ့နိုင်ပါတယ်။
❗️ဖြေရှင်းနည်းကတော့ တစ်ပတ်တစ်ခါတော့ White Vinegar ( ရှာလကာရည်အဖြူ ) ထဲမှာ အသုံးပြုပြီးသား Filter တွေကို စိမ်ပေးပါ။ ရေအသုံးမပြုပဲအခြောက်ခံထားပါ။

✅ စဉ်းတီတုံးတွေက အသားတွေ၊ အသီးအရွက်မျိုးစုံတွေကို လှီးချွတ်ချိန်မှာ အသုံးပြုနေကျဆိုတော့ ဗက်တီးရီးယားမျိုးစုံ ပေါက်ဖွားနိုင်ပါတယ်။
❗️ဖြေရှင်းနည်းကတော့ အသုံးပြုပြီးတာနဲ့ ဆပ်ပြာမှုန့်ရောထားတဲ့ ရေနွေးပွက်ပွက်ဆူထဲမှာဆေးပေးပါ။

✅ လက်သုတ်ပဝါ တွေမှာလည်း ရောဂါပိုးတွေ အမြဲရှိနေနိုင်ပါတယ်။
❗️ဖြေရှင်းနည်းကတော့ အသားစိမ်းတွေကိုင်တဲ့အခါ လက်မှာစွန်းပေခဲ့ရင် စက္ကူနဲ့ပဲ သုတ်ပါ။ အဝတ်ကိုအသုံးမပြုပါနဲ့။ ပြီးတဲ့အခါ လက်ကိုချက်ချင်းဆပ်ပြာနဲ့ဆေးပြီးမှ အဝတ်နဲ့ သုတ်ပါ။

✅ ဘေစင်မှာက ပန်းကန်ဆေးခြင်း၊ အသီးအရွက်နဲ့ သားစိမ်းငါးစိမ်း ဆေးကြောခြင်းတို့ပြုလုပ်တဲ့အခါ
ဗက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားတတ်ပါတယ်။
❗️ဖြေရှင်းနည်းကတော့ ဆေးကြောသုတ်သင်မှုတွေပြီးတာနဲ့ Disinfecting Spray ကိုဖျန်းပက်ပေးပါ။

✅ ရေမြှပ်တွေကိုအသုံးပြုကြတာဆိုတော့ အညစ်အကြေးတို့စုပုံရာ နေရာဖြစ်နေမှာပါ။
❗️ဖြေရှည်းနည်းကတော့ ရေမြှပ်တွေကို သုံးရက်တကြိမ်လောက် ခွက်ထဲမှာ bleaching powder ( အရောင်ချွတ်ဆေးမှုန့် ) အနည်းငယ် ရောထားသော ရေထည့်ပြီး စိမ်ပေးပါ။

👨‍👩‍👧 ကဲ မေမေတို့ရေ မိသားစုအတွက် ချက်ပြုတ်ချိန်မှာ ရောဂါပိုးမွှား ကင်းဝေးပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေ ချက်ပြုတ်ပြင်ဆင်နိုင်ကြပါစေနော်။ 🧉🍽🍝🥙🥪

🧑‍🎄 Sweet December 🧑‍🎄Pumpkin Soup 🥣👩🏻‍🍳အာဟာရမလျော့ အလှမပျက် ဝိတ်မတက်စေမယ့် ညနေစာ လေးကို ပြုလုပ်ပုံလေးနဲ့ တင်ဆက်ပေးလိုက်...
01/12/2021

🧑‍🎄 Sweet December 🧑‍🎄Pumpkin Soup 🥣

👩🏻‍🍳အာဟာရမလျော့ အလှမပျက် ဝိတ်မတက်စေမယ့် ညနေစာ လေးကို ပြုလုပ်ပုံလေးနဲ့ တင်ဆက်ပေးလိုက်တယ်နော်။

🍵ရွှေဖရုံသီးဟင်းချိုလေးက ဝိတ်မတက်စေရုံတင်မဟုတ်ပဲ ဝိတ်ပါကျစေပြီး အာဟာရလည်းစုံလင်တာမို့ ဆောင်းရာသီရဲ့ ညနေစာလေးပါ။

ပြုလုပ်ပုံ အဆင့်ဆင့်မှာ ပါဝင်တာတွေက

၁။ ရွှေဖရုံသီး - 500 g
၂။ ကြက်သွန်နီ - 1 pics
၃။ ရေ- ချိန်ဆ ထည့်ပါ
၄။ Low Fat Cream - 1 spoon
၅။ ဆီ - 1 spoon ( လဖ္ဘက်စားဇွန်း )

ပထမဆုံး

😋 ရွှေဖရုံသီးကို အခွံနွှာအစိတ်လေးများ စိတ်ပြီး ရေဆေးထားပါ။

🧅 ကြက်သွန်နီ ကို အတုံးသေးသေးလေးတွေ နုတ်နုတ်စင်းပြီးတုံးပါ။

🥘 အိုးပူထဲမှာ ဆီနည်းနည်းလေးထည့်ပြီး
ကြက်သွန်နီတုံးလေးတွေကို အနံ့မွှေးလာတဲ့အထိ ဆီသပ်ပေးပြီး ရွှေဖရုံသီးအတုံးလေးများထည့်ပါ။

ပြီးရင် ၂ မိနစ်လောက်ထား မွှေပေးပြီးမှ ရေ ကိုရွှေဖရုံသီးမြုပ်ရုံလေးထည့်ပြီး အဖုံးအုပ်ထားပေးပါ။

🔺အရည်ပျော်လာပြီဆို မီးလျှော့ပြီး Hand Blender လေးနဲ့ ပျစ်နေအောင်နာနာမွှေပေးပါနော်။

🥣 ပျစ်လာပြီဆိုရင် အိုးပေါ်ကချ ပန်းကန်ထဲထည့်ပြီးအပေါ်ယံက Cream ကို စမ်း​ပေးလိုက်ပါ။

💯 Almond Seeds ကြိုက်ရင်လည်း ထည့်စားနိုင်ပါတယ်။ Almond Seed က ဝိတ်မတက်စေပဲ ခန္ဓာကိုယ်အတွက်ကောင်းသော အဆီကို ပေးပါတယ်ရှင်။

🍞 ပေါင်မုန့်ကြိုက်နှစ်သက်မယ်ဆိုရင်လည်းပေါင်မုန့်လေးနဲ့ တွဲဖက်သုံးဆောင်ကြည့်ပါနော်။

😍 ထိမိပြီး အရမ်းအာဟာရပြည့်တဲ့ Healthy Dinner လေးဖြစ်မှာပါ။👌


🇯🇵  Japan ကနေ တိုက်ရိုက်တင်သွင်းထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းလေးတွေ ကို ရောင်းချပေးချင်ပါတယ်။ အရည်အသွေးရော လှပမှုရော အား...
30/01/2021

🇯🇵 Japan ကနေ တိုက်ရိုက်တင်သွင်းထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းလေးတွေ ကို ရောင်းချပေးချင်ပါတယ်။ အရည်အသွေးရော လှပမှုရော အားလုံးကောင်းမွန်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ အိမ်မှာသုံးဖို့ပဲဖြစ်ဖြစ် ဈေးသက်သာစွာနဲ့ ရရှိနိုင်ပါပြီ။ ဈေးနှုန်းလေးတွေက ပုံလေးတွေမှာ ပါပါတယ်။

ပုံလေးတွေတစ်ပုံချင်းစီ အောက်မှာဖြစ်ဖြစ် Chat box မှာပဲဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ 🍶🥂🍴🍽🥢🧂🥣🍽🥢🥛

ဖုန်းနံပါတ် - 09449448771 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

🇯🇵  Japan ကနေ တိုက်ရိုက်တင်သွင်းထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းလေးတွေ ကို ရောင်းချပေးချင်ပါတယ်။ အရည်အသွေးရော လှပမှုရော အား...
30/01/2021

🇯🇵 Japan ကနေ တိုက်ရိုက်တင်သွင်းထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်းလေးတွေ ကို ရောင်းချပေးချင်ပါတယ်။ အရည်အသွေးရော လှပမှုရော အားလုံးကောင်းမွန်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ်၊ အိမ်မှာသုံးဖို့ပဲဖြစ်ဖြစ် ဈေးသက်သာစွာနဲ့ ရရှိနိုင်ပါပြီ။ ဈေးနှုန်းလေးတွေက ပုံလေးတွေမှာ ပါပါတယ်။
ပုံလေးတွေတစ်ပုံချင်းစီ အောက်မှာဖြစ်ဖြစ် Chat box မှာပဲဖြစ်ဖြစ် မှာယူနိုင်ပါတယ်။ 🍶🥂🍴🍽🥢🧂🥣🍽🥢🥛

ဖုန်းနံပါတ် - 09449448771 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အိမ်ရှင်မများအတွက် အထူးအစီအစဉ် Live Sale🇯🇵🇯🇵Japan နိုင်ငံက တိုက်ရိုက်တင်သွင်းတဲ့ အိမ်သုံးပစ္စည်းများကို live Sale ရောင်း...
26/01/2021

အိမ်ရှင်မများအတွက် အထူးအစီအစဉ် Live Sale🇯🇵

🇯🇵Japan နိုင်ငံက တိုက်ရိုက်တင်သွင်းတဲ့ အိမ်သုံးပစ္စည်းများကို live Sale ရောင်းချပေးချင်ပါတယ်။ ဝယ်ယူအားပေးပါဦး။ ရောင်းချမယ့်ပစ္စည်းလေးတွေကို ပုံလေးတွေနဲ့ အရင်တင်ပေးထားပါတယ်။ အခြားပစ္စည်းတွေလည်း အများကြီးရှိပါတယ်။🍶🥂🍴🍽🥢🧂

အချိန်ကတော့ ဒီနေ့ည ၇ နာရီ ပါ ခင်ဗျ။
၂၆.၁.၂၀၂၁ - ည ၇ နာရီ

သားသား မီးမီး တို့ ကျောင်းကပြန်လာရင်စားဖို့  မုန့်လုပ်မယ်ဆိုရင် ကန်စွန်းဥ ပန်ကိတ်လေးတွေ လုပ်ကျွေးလို့ရအောင် မေမေ တို့ကို...
24/02/2020

သားသား မီးမီး တို့ ကျောင်းကပြန်လာရင်စားဖို့ မုန့်လုပ်မယ်ဆိုရင် ကန်စွန်းဥ ပန်ကိတ်လေးတွေ လုပ်ကျွေးလို့ရအောင် မေမေ တို့ကို နည်းလေးညွှန်ပေးလိုက်ပါတယ်နော်😋

ပါဝင်ပစ္စည်းလေးတွေက နဲပါတယ်။

၁။ ကန်စွန်းဥ အလတ်စား - ၃ လုံး ( အခွံနွှာထားပါ )
၂။ ကြက်သွန်နီ တစ်ခြမ်း
၃။ ပျားရည် - အနည်းငယ်
၎။ ဂျုံမှုန့် - စားပွဲတင်ဇွန်း ၄ ဇွန်း
၅။ မုန့်ဖုတ်ဆိုဒါ -လဖ္ဘက်ရည်ဇွန်း ၁ ဇွန်း
၆။ သံလွင်ဆီ - အနည်းငယ်
၇။ ဆား - အနည်းငယ်

Oven ကိုအပူချိန် ၄၀၀ ဒီဂရီထားပါ။

မုန့်ဖုတ်ဗန်းကို သံလွင်ဆီ အနည်းငယ် သုတ်လိမ်းပါ။

ကန်စွန်းဥ နဲ့ ကြက်သွန်ကို ပန်းကန်ကြီးတစ်လုံးထဲ ထည့်ပါ။

ဂျုံမှုန့် မုန့်ဖုတ်ဆိုဒါ နဲ့ ဆား တို့ထည့်ပြီးနယ်လိုက်ပါ။

မုန့်ဖုတ် ဗန်းပေါ်မှာ အချင်း ၃ လက်မအရွယ် မုန့်ဝိုင်းလေးများပြုလုပ်ကာတင်လိုက်ပါ။

Oven ထဲထည့်ပြီး မိနစ် ၂၀ ခန့် ဖုတ်ပါ။

ဇွန်းပြား နဲ့ တစ်ဖက်ကိုလှန်ပြီး အခြားတဖက်မှာလည်း မိနစ် ၂၀ ကြာဖုတ်ပါ။

ရွှေညိုရောင် သန်းလာပြီ ဆိုရင် Oven ထဲမှထုတ်လိုက်ကာ ပျားရည် အနည်းငယ် ဆမ်းပြီးစားလို့ရပါပြီ။ 🥤

ညနေစာအတွက် မိသားစုလက်ဆုံစားဖို့ ပင်လယ်စာနဲ့ကြာဇံမုန့်ကြွပ်ကလေးစီစဉ်လို့ရအောင် နည်းလေးညွှန်ပေးပါရစေနော်။၁။ ပင်လယ်စာ ( မိမ...
15/02/2020

ညနေစာအတွက် မိသားစုလက်ဆုံစားဖို့ ပင်လယ်စာနဲ့ကြာဇံမုန့်ကြွပ်ကလေးစီစဉ်လို့ရအောင် နည်းလေးညွှန်ပေးပါရစေနော်။

၁။ ပင်လယ်စာ ( မိမိနှစ်သက်ရာ ပုစွန် ပြည်ကြီးငါး ဂုံး နဲ့ ကြိုက်ရာ ငါး )
၂။ဟင်းသီးဟင်းရွက်ဆီ - လိုသလောက်ချိန်ဆသုံးပါ
၃။ဆန်ကြာဇံ ( မုန့်ကြွပ်ကြော်ရန်အထုပ် ကိုသုံးပါ )
၄။ကြက်သွန်နီ - ၂ လုံး
၅။ခရမ်းချဉ်သီးဆော့ - အနည်းငယ်
၆။ကြက်သားမှုန့် - အနည်းငယ်
၇။သကြား - အနည်းငယ်
၈။ပြောင်းမှုန့် - အနည်းငယ်
၉။ ရေ - လိုသလောက်

ပထမဆုံးကြာဇံကို မုန့်ကြွပ်ဖြစ်အောင် ကြော်ပါမယ်။ ခဏကြော်ပြီးဖယ်ထားပါ။

ရေနဲ့ပြောင်းမှုန့်ကိုရောပြီး ခရမ်းချဉ်သီးဆော့နဲ့ပေါင်းပါ။ကြက်သားမှုန့် သကြားတို့လည်းရောလိုက်ပါ။

ပင်လယ်စာများကို သန့်စင်ပြီး မညှီသင့်တာမညှီအောင် ရှာလကာရည်နဲ့နယ်ထားပါ။

Seafood တွေကို ဆီနဲ့ကြော်ပြီး ဘေးခဏဖယ်ထားကာ ရေနဲ့ပြောင်းမှုန့် ခရမ်းချဉ်သီးဆော့တို့ရောထားသော ဆော့အနှစ်ကို အိုးထဲထည့်ပြီးချက်ပါ။

ပျစ်နှစ်လာတာလိုချင်တဲ့အနေအထားရောက်ပြီဆိုရင် ကြာဇံမုန့်ကြွပ်ကြော် အပေါ်ကိုလောင်းထည့်လိုက်ပြီး သုံးဆောင်နိုင်ပါပြီ။

မနက်ဖြန် စနေနေ့ဆိုတော့ အိမ်မှာမိသားစုတွေ စုံစုံလင်လင်နဲ့ချက်ပြုတ်စားကြမယ်ဆို ကလေးရော လူကြီးရော အတွက်ပါ သွေးအားလည်းကောင်း...
14/02/2020

မနက်ဖြန် စနေနေ့ဆိုတော့ အိမ်မှာမိသားစုတွေ စုံစုံလင်လင်နဲ့ချက်ပြုတ်စားကြမယ်ဆို ကလေးရော လူကြီးရော အတွက်ပါ သွေးအားလည်းကောင်း ကျန်းမာရေးနဲ့လည်း ညီညွတ်မယ့် အမဲသားနဲ့ ပန်းဂေါ်ဖီစိမ်း ကြော်ကို အကြံပေးညွှန်လိုက်ပါရစေနော်

ပါ၀င်ပစ္စည်းလေးတွေ ရွေးချယ်ကြရအောင်

၁။အမဲသားလွှာ - 400 g
၂။ ပြောင်းမှုန့် - 1 spoon
၃။ ပဲငံပြာရည်အကြည် - 2 spoons
၄။ ရှယ်ရီဝိုင် - 1 spoon
၅။သကြား- 1 spoon
၆။ပန်းဂေါ်ဖီစိမ်း - 150 g
၇။ဆီ - 3 spoons
၈။ ကြက်သွန်မြိတ် - အနည်းငယ် ( အဖြူရောင် ရှိတဲ့အပိုင်း )
၉။ကြက်ပြုတ်ရေ - သောက်ရေခွက် တစ်ခွက်စာ
၁၀။ ခရုဆီ - 1 spoon

အမဲသားကို အသားလွှာလေးတွေဖြစ်အောင် အရင်ဆုံးလှီးဖြတ်ပါနော်။ ပြီးမှဇလုံကြီးထဲကိုထည့်ပြီး ပြောင်းမှုန့် အနည်းငယ်နှင့်ရောပါ။ပဲငံပြာရည်နှင့်ချယ်ရီဝိုင် သကြားတို့ ထပ်ဖြည့်လိုက်ပြီးနယ်ပါ။

မိနစ်သုံးဆယ်လောက်နှပ်ထားတာအကောင်းဆုံးပါ။

ပန်းဂေါ်ဖီစိမ်းကို အနေတော်လှီးဖြတ်ပြီးဆီအနည်းငယ်နှင့် ကြော်ပါ။ ၁ မိနစ်လောက်ကြာရင် ကြက်သွန်မြိတ်အဖြူပိုင်းကိုထည့်လိုက်ပါ။ ဒယ်အိုးဘေးကိုခဏကပ်ထားပြီး အမဲသားများထည့်ကြော်ပါ။အသားများကျက်အောင်မီးကိုအရှိန်မြှင့်လိုက်ပါ။

ကြက်ပြုတ်ရေကိုမီးအရှိန်ပြင်းနေတုန်းထည့်ပေးပြီး ခဏကြာမှ မီးလျှော့ကာ ခရုဆီထည့်ပါ။ ကဲ စားကြတော့မယ်ဆိုရင် ထမင်းပူပူလေးနဲ့တွဲစားလို့ကောင်းတဲ့ဟင်းလက်ရာလေးပါနော်။

တစ်နှစ်ပတ်လုံး မိသားစုအတွက် ချက်ပြုတ်ပြင်ဆင် အစားအသောက်စီမံရတဲ့ မေမေတို့ရေ ဒီနေ့ Valentine's Day မှာ Admin က မေမေတို့အတွ...
13/02/2020

တစ်နှစ်ပတ်လုံး မိသားစုအတွက် ချက်ပြုတ်ပြင်ဆင် အစားအသောက်စီမံရတဲ့ မေမေတို့ရေ ဒီနေ့ Valentine's Day မှာ Admin က မေမေတို့အတွက်သီးသန့် ချောကလက်လေးကျွေးပါရစေနော်။ ချောကလက်လေးဟာ Valentine Day Trademark တင်မဟုတ်ပဲ မိသားစုအတွက်စေတနာမေတ္တာကောင်းတဲ့မေမေတို့ ကိုအမောပြေစေတဲ့ ဂုဏ်ပြုခြင်းအထိမ်းအမှတ်လေးပါနော်။အမြဲတမ်းချိုမြတဲ့ချစ်ခြင်းတွေပေးနိုင်သလို ပြန်လည်ရရှိကြပါစေနော်။ 🥰💏👨‍👩‍👧‍👦🍩

'sday

ညနေစာ ချက်တော့မယ့် ချစ်တို့အတွက် အကြံညဏ်လေးလာပေးတာပါနော်။ ကြက်သားကို ပုံစံတစ်မျိုးလေးဖြစ်အောင် မျှစ်စို့ပေါက်လေးတွေနဲ့အခ...
20/01/2020

ညနေစာ ချက်တော့မယ့် ချစ်တို့အတွက် အကြံညဏ်လေးလာပေးတာပါနော်။ ကြက်သားကို ပုံစံတစ်မျိုးလေးဖြစ်အောင် မျှစ်စို့ပေါက်လေးတွေနဲ့အချိုချက်လေးချက်စားကြည့်ပါလားရှင်။

ပါဝင်ပစ္စည်းလေးတွေက ဒီမှာပါ။

၁။ ကြက်သား တစ်ခြမ်း ( ဗမာကြက်ကလေးဆိုပိုချိုမယ်ထင်ပါတယ် )
၂။ မျှစ် - လိုသလောက် ( ပြုတ်ထားပြီး အနေတော်လေးတွေ လှီးဖြတ်ထားလိုက်ပါ )
၃။ သကြားညို - ထမင်းစားဇွန်း တ၀က်
၎။ ကြက်သွန်နီ - ၃ လုံး ( ညက်အောင်ထောင်းထားပါ )
၅။ ငံပြာရည် - ထမင်းစားဇွန်း တ၀က်
၆။ရေ - ချိန်ဆထည့် ရန် ရေသန့် ကိုပြင်ထားပါ။
၇။ ဆီ - ထမင်းစားဇွန်း ၂ ဇွန်း

ပထမဆုံး ဆီ အိုးတည်ပြီး ကြက်သွန်နီကိုဆီသပ်ကြမယ်။ တစ်ခါတည်း သကြားညို ကိုထည့်ထားပြီးမွှေရင်ပိုမွှေးပါတယ်။

နောက်တော့ အရသာနယ်ထားတဲ့ ကြက်သားလေးတွေထည့်မယ်။ ကြက်သားကျက်လာရင် ရေ အနည်းငယ်ထည့်ပြီး အဖုံးအုပ်ထားပါ။

ကြက်သား တစ်ရေနူးလောက်ပြီဆိုရင် နောက်ထပ်ရေထည့်ပါ။ ရေပွက်လာချိန်မှ ငံပြာရည် ထည့်ပါမယ်။ ရေပွက်ချိန်ထည့်ရင် ငံပြာရည် အနံ့ မထွက်တော့ဘူးပေါ့။

ပြီးမှ မျှစ်ပြုတ်လေးတွေထည့်ပြီး ကြက်သားမှုန့် သုံးချင်ရင်ထည့်ပါ။ ငရုတ်သီး အနီ လေးတွေ ကြိုက်ရင်လည်းထည့်နိုင်ပါတယ်။

နောက်ဆုံးမှာ ရေ အနည်းငယ်ချန်ပြီး ဒယ်အိုးမီးကိုပိတ်ပါ။ ရေအနည်းငယ်နဲ့ ကြက်သားချိုချို မျှစ်ထဲကိုအရသာဝင်ပြီး တကယ်စားကောင်းတဲ့ ဟင်းတစ်ခွက်ရပါပြီ။

ပုစွန် အာလူးဖုတ် လေးလုပ်စားကြရအောင်ပါ၀င်ပစ္စည်းများ၁။ ပုစွန် အကောင်ကြီးကြီး ၂၀ သား၂။အာလူး အလုံးကြီးကြီး   ၂ လုံး၃။Chedda...
19/01/2020

ပုစွန် အာလူးဖုတ် လေးလုပ်စားကြရအောင်

ပါ၀င်ပစ္စည်းများ
၁။ ပုစွန် အကောင်ကြီးကြီး ၂၀ သား
၂။အာလူး အလုံးကြီးကြီး ၂ လုံး
၃။Cheddar Cheese အနည်းငယ်
၄။ ဒိန်ချဉ် ၁ ခွက်
၅။ငရုတ်ကောင်းအမည်း အနည်းငယ်
၆။ပုစွန်ဆီ ၁ ခွက်

Oven ကို ၄၀၀ 'C ကြိုဖွင့်ထားလိုက်ပြီး အာလူးအလုံးကြီးနှစ်လုံးကို ခက်ရင်းနဲ့ထိုးပြီး ကင်လိုက်ပါ။ ၁၀ မိနစ်လောက်ကြာရင်ပြန်ထုတ်ပြီးအအေးခံထားပါ။

ပုစွန်ကို ဒယ်အိုးထဲမှာ အပူပေးပြီး ကျက်လာရင် ခဏဖယ်ထားပါ။ Oven ထဲကထုတ်လာတဲ့ အာလူးကို နှစ်ခြမ်း ခြမ်းလိုက်ပါ။

ဒယ်အိုးထဲမှာ ပုစွန်ဆီ ကိုထည့် အာလူးလေးခြမ်းထည့် Cheese တွေထည့် ဒိန်ချဉ်နဲ့ ပုစွန်များပြန်ထည့် လိုက်ပါ။ ၅ မိနစ်လောက်မွှေပြီးရင် ငရုတ်ကောင်းအမည်းထည့်လိုက်ပါ။

ပြီးပြီဆိုရင် အာလူးထဲမှာ ပုစွန်လေးတွေတင်ပြီး Oven ထဲမှာ ၁၀ မိနစ်ကြာပြန်ဖုတ်ပေးပါဦး

ဒါဆိုရင်တော့ ပန်းကန်ထဲထည့် အအေးခံပြီး သုံးဆောင်လို့ရပါပြီနော်။ကြက်သွန်မြိတ်လေးတွေကြိုက်ရင်လည်းအလှဆင်ရင်းထည့်သုံးဆောင်နိုင်ပါတယ်။

06/01/2020
ထမင်းဟင်းတွေချည်းပဲစားနေရလို့ငြီးငွေ့တယ်ဆိုရင် အရသာကောင်းကောင်းလေးနဲ့ Seafood Pasta လေးလုပ်စားကြည့်ပါလားချစ်တို့ရေ။ ပါဝင...
18/11/2019

ထမင်းဟင်းတွေချည်းပဲစားနေရလို့ငြီးငွေ့တယ်ဆိုရင် အရသာကောင်းကောင်းလေးနဲ့ Seafood Pasta လေးလုပ်စားကြည့်ပါလားချစ်တို့ရေ။ ပါဝင်ပစ္စည်းတွေကိုပြောပြမယ်နော်။
၁။ ပုစွန် - ၁၀ သား
၂။ပြည်ကြီးငါး - ၁၀ သား
၃။အီတလီခေါက်ဆွဲ - တစ်ယောက်စာ
၄။ခရမ်းချဉ်သီးဆော့စ် - အနည်းငယ် ( ရယ်ဒီမိတ်ဗူးတွေရှိပါသည်)
၅။Goat Cheese - အနည်းငယ်
၆။ Milk - အနည်းငယ်
၇။ အီတလီပင်စိမ်းရွက် - အနည်းငယ်
၈။သံလွင်ဆီ - အနည်းငယ်
၉။ဆား - အနည်းငယ်
၁၀။ Marjoral Leave - အနည်းငယ်
၁၁။ ထောပတ် - အနည်းငယ်
၁၂။ ကြက်သွန်နီ - အနည်းငယ်
၁၃။ကြက်သွန်ဖြူ - အနည်းငယ်
၁၄။သကြား - အနည်းငယ်
၁၅။ Oregano - Just Little

၁။ ခေါက်ဆွဲကိုဆားထည့်ပြီးနာရီဝက်လောက်ကြာအောင်ပြုတ်လိုက်ပါ။ ပြီးရင်ခေါက်ဆွဲပြန်ဆယ်ပြီးတာနဲ့ ပြုတ်ရည်ကို တစ်ခွက်စာလောက်ဖယ်ထားပေးပါ။
၂။ခေါက်ဆွဲကိုရေစစ်ထားစဉ်အတွင်း ခေါက်ဆွဲတွေထွေးသွားမှာစိုးလို့ သံလွင်ဆီနဲ့ နယ်ထားလိုက်ပါ။
၃။ထောပတ်ကို ဒယ်အိုးထဲထည့်ပြီး ကြက်သွန်နီ ကြက်သွန်ဖြူ ဆား သကြား တို့ကိုဆီသပ်ပါ။
၄။ ပုစွန်နဲ့ပြည်ကြီးငါးထည့်ကြော်ပါ။ ပြီးရင် Oregano မှုန့်ထည့်ပြီးဖယ်ထားပါ။
၅။ Tomato Sauce နဲ့ Milk ကိုရောပြီး ဒယ်အိုးထဲမှာအပူပေးပါ။ ပူလာရင်ခုနကကြော်ထားတဲ့ ပုစွန်နဲ့ပြည်ကြီးငါးကိုထည့်ပါ။
၆။ခေါက်ဆွဲထည့်ပါ။ နောက်ဆုံးကျမှ ခေါက်ဆွဲပြုတ်တုန်းကရေကိုပြန်ထည့်ပေးပါ။
၇။ခေါက်ဆွဲပေါ်မှာ Goat Cheese ကိုထည့်ပါ။ Italy Basil Leaves ကိုဖြူးပြီးရင် စားသုံးလို့ရပါပြီနော်။

18/11/2019
ဒင်းဆမ်းကြော်လေးကြော်စားကြမလား ချစ်တို့ရေ။ ဒီနေ့တင်ဆက်ပေးမှာက ကလေးရောလူကြီးပါနှစ်သက်တဲ့ ဒင်းဆမ်းလေးတွေကိုကြော်စားကြမယ်လေ...
17/11/2019

ဒင်းဆမ်းကြော်လေးကြော်စားကြမလား ချစ်တို့ရေ။ ဒီနေ့တင်ဆက်ပေးမှာက ကလေးရောလူကြီးပါနှစ်သက်တဲ့ ဒင်းဆမ်းလေးတွေကိုကြော်စားကြမယ်လေ နော်။ မဖြစ်မနေဝယ်ရမယ့် ပါဝင်ပစ္စည်းတွေက ဒီမှာပါ။
👉
၁။ Won ton လို့ခေါ်တဲ့ ပေါက်စီလုပ်လို့ရတဲ့ ရယ်ဒီမိတ်ထုပ်တထုပ်
၂။ဝက်သားနုတ်နုတ်စင်း - 600 g
၃။ကြက်သွန်မြိတ် - ၁ ချောင်း
၄။နံနံပင်နုတ်နုတ်စင်း - အနည်းငယ်
၅။မျှစ် - 100 g
၆။ပဲငံပြာရည် - ထမင်းစားဇွန်း ( ၂ ) ဇွန်း
၇။ဆီ - လိုသလောက်
Won ton ကို ဒင်းဆမ်းလုပ်ရန်အတွက် လိုသလောက်ပိုင်းဖြတ်ပါ။ဝက်သားနုတ်နုတ်စင်းကိုဇလုံတစ်ခုထဲထည့်ပြီး မျှစ် ကြက်သွန်မြိတ် နံနံပင် တို့ထည့်ပြီး လက်နဲ့နယ်ပါ။
အဲ့ဒီ့နောက် Won ton တစ်ခုရဲ့အလယ်မှာ အစာများကို ဇွန်းနဲ့ယူထည့်ပြီး ပတ်ပတ်လည်ကိုအဝိုင်းပုံဖြစ်အောင် လက်နဲ့လိုက်ညှိ ထိပ်ပိုင်းလောက်ရောက်ရင် လက်မနဲ့ အလှန်ပုံစံလေး လုပ်လိုက်ပါ။ ရွှေထုပ်ငွေထုပ် ပုံလေးပေါ်အောင်လုပ်ကြည့်ပါနော်။ ပြီးမှ ဆီများများနဲ့ Deep Fried လုပ်ပါ။ ရွှေညိုရောင်သန်းလာပြီဆိုရင် ပဲငံပြာရည်နဲ့တို့စားပါ။ နှစ်သက်ရာ Sauce နဲ့လည်းစားနိုင်ပါတယ်။ ကဲ ဒါဆိုရင် သန့်ရှင်းသလို ဗိုက်လည်းဝတဲ့ ဒင်းဆမ်းလေးနဲ့ ညနေစာကိုဖြတ်သန်းကြမယ်လေ။ 🥤

iced mini cake လေးတွေလုပ်ကြည့်ချင်တယ်ဆို ဒီမှာနည်းလေးလမ်းညွှန်လိုက်တယ်နော်။1. Butter Cake  ခပ်ကြီးကြီးတစ်တုံး  ( ဖုတ်ပြီး...
15/10/2019

iced mini cake လေးတွေလုပ်ကြည့်ချင်တယ်ဆို ဒီမှာနည်းလေးလမ်းညွှန်လိုက်တယ်နော်။

1. Butter Cake ခပ်ကြီးကြီးတစ်တုံး ( ဖုတ်ပြီးသားဝယ်လိုက်ရင် လွယ်ကူပါတယ် )
2. ပြောင်းမှုန့် ( လဖ္ဘက်ရည်ပန်းကန်လုံး ၂ လုံးစာ )
3. icing sugar ( 30 g )
4..Strawberry Jam ( အနည်းငယ် )
5. White Chocolate ( 1 Kg )
6. Egg ( white ) 3 pices
7.food color ( ကြိုက်နှစ်သက်ရာ အရောင် )
8. Sugar ( 600 g )
9. Water ( 200 g )
10. Butter ( 1 Kg )

ကဲ စလုပ်ကြည့်ကြမယ်နော်။

ပထမဆုံး သကြား နဲ့ ရေ ကိုရောကြိုထားပြီး ကြက်ဥအကာ တွေကို ခပ်နာနာလေးခောက်ပါ ( Hand mixer ) နဲ့ ရိုက်ပေးတာတော့ပိုကောင်းပါတယ်။

ပြီးမှ Butter ကိုထည့်ပါ။ food color တစ်စက်လောက်ထည့်ပြီး ဆက်မွှေလိုက်ပါ။

နောက်မှ Butter Cake အတုံးကြီးကို အလယ်ကနေ အလွှာနှစ်လွှာဖြစ်အောင် လှီးဖြတ်ပြီး Strawberry Jam သုတ်လိုက်ပါ။ပြီးရင်ပြန်ထပ်ပေးပြီး လေးထောင့်တုံးလေးတွေ တုံးထားလိုက်ပါ။

ပြောင်းမှုန့် icing sugar ချောက်အလက်အဖြူ အရည်ဖျော်ထားတာကိုထည့်မွှေပါ။ food color အရာင်ထည့်ပါ။

ခုနကလေးထောင့်ပုံစံကိတ်အတုံးလေးတွေအပ်ါကိုပြောင်းမှုန့် သကြား ချောကလက် ရောထားတဲ့ အရည်လေးတွေတစ်ခုချင်းစီအလိုက်အားလုံးဖုံးအောင်လောင်းပါ။

ပြီးရင်ရေခဲသေတ္တာထဲမှာ တစ်နာရီအနည်းဆုံးအေးခဲထားပါမယ်။ အအေးဆုံးနေရာမှာထားပါ။

ပြန်ထုတ်ပြီး နောက်တစ်ကြိမ် ထပ်လောင်းပေးပါ။ ပြီးရင်တစ်နာရီထပ်ထည့်ထားပါဦး

နောက်ဆုံးမှာတော့ ထုတ်လိုက်ပြီး အပေါ်ကနေ ကိုယ်လိုချင်တဲ့ ဒီဇိုင်းပုံလေးတွေကို သကြား ရေ ကြက်ဥအကာ ထောပတ် ရောမွှေထားတဲ့အထဲကို အခြား food color အရောင်ရွေးချယ်ထည့်ပြီး ပြုလုပ်ပါ။

အဲ့လိုတင်ရာမှာ သုံးထောင့်ပုံ ပလတ်စတစ်အိတ် ထိပ်ပွင့်လေးဝယ်ပြီး ထိပ်မှာ Bakery Supplier Shop တွေမှာရောင်းတဲ့ ခေါင်း လေးတွေ (ဒီဇိုင်းစုံရှိ ) သုံးလို့ရပါတယ်။ သစ်ရွက်ပုံခေါင်း / ပန်းပွင့်ပုံခေါင်း စတာတွေကိုလိုသလို လုပ်နိုင်ပါတယ်။ Butter Cream ကိုများများပြင်ဆင်ထားပြီး ထည့်တဲ့ food color အရောင်စုံဝယ်ထားပြီး နည်းနည်းဆီ သုံးလို့ရပါတယ်နော်။

အားလုံးပြီးရင် ချစ်တဲ့သူတွေကိုကျွေးဖို့ ပန်းကန်လှလှ / ဗူးလှလှလေးတွေ ထဲထည့် လို့ရပါပြီရှင်။

အစားအသောက်ချစ်သူတို့ရေ ဂဏန်းနဲ့ ပဲအနှစ်ကို ချက်စားကြည့်ဖို့အကြံပေးချင်ပါတယ်နော်။ ပါဝင်ပစ္စည်းလေးတွေက ဒီလိုပါ👇ဂဏန်း - လေးေ...
08/09/2019

အစားအသောက်ချစ်သူတို့ရေ ဂဏန်းနဲ့ ပဲအနှစ်ကို ချက်စားကြည့်ဖို့အကြံပေးချင်ပါတယ်နော်။ ပါဝင်ပစ္စည်းလေးတွေက ဒီလိုပါ👇

ဂဏန်း - လေးကောင် 🦀🦀🦀🦀
ကြက်သွန်နီ - တစ်လုံး
ယိုးဒယား ငရုတ်သီးအနီ - လိုသလောက် 🌶
ယိုးဒယား ငရုတ်သီးအစိမ်း - လိုသောလာက်
ဆီ- အနည်းငယ်
ပဲအနှစ် - ထမင်းစားဇွန်း ၃ ဇွန်း ( ရယ်ဒီမိတ်ဗူးများရှိပါသည် )
ကြက်သွန်ဖြူအနှစ် - ထမင်းစားဇွန်း ၁ ဇွန်း
သကြား - အနည်းငယ်
ပဲငံပြာရည်အကြည်- ဇွန်းယောင်းမ ၁ ဇွန်း
ရေ- ပန်းကန်လုံးတစ်လုံး
ချင်း - အနည်းငယ် ( မကြိုက်လည်းမသုံးလို့ရပါတယ်)

၁။ ဂဏန်းတစ်ကောင်ချင်းစီကို ဗိုက်အောက်မှ Flat ကိုနှိုက်ယူဖယ်ရှားပါ။
၂။ အထဲမှ မီးခိုးရောင်များကို ကော်ထုတ်ပြီး ရေစင်အောင်ဆေးပါ။ လက်မများဖယ်ရှားပေးပါ။
၃။ ကြက်သွန်နီ ငရုတ်သီးအနီ အစိမ်း ကြက်သွန်မြိတ်များကို ဖြတ်တောက်လှီးပါ။
၎။ဂဏန်းသားများကို ဆီပူထဲမှာ ၃ မိနစ်ခန့်ထည့်ပြီး ဘေးခဏဖယ်ထားပါ။
၅။ ဆီထမင်းစားဇွန်း ၂ ဇွန်းလောက်ထပ်ထည့်ပြီး ပဲအနှစ် ကြက်သွန်ဖြူအနှစ်နဲ့ချင်းတို့ကိုချက်ပါ။
၆။အားလုံးရော ပြီး သကြား ပြောင်းမှုန့်ကိုရေဖျော်ထားတာ ပဲငံပြာရည် တွေထည့်ပြီး ပျစ်နှစ်အောင်ချက်ပြီးမှ မီဖိုပေါ်မှ ချလိုက်ပါ။👨‍🍳

အရသာကောင်းပြီးစားလို့မြိန်မယ့် မိုးရာသီနဲ့လိုက်ဖက်တဲ့ ဟင်းလေးတစ်ပွဲပါရှင်☔️

ကော်ပြန့်ကြော် ပူပူလေး ကြိုက်တယ်ဆိုရင်.......အိမ်ရှင်မတို့ရေ  ကော်ပြန့်ကြော်လေးတွေကြော်ပြီး သားသားမီးမီးတို့ ထမင်းဗူးထဲမ...
28/07/2019

ကော်ပြန့်ကြော် ပူပူလေး ကြိုက်တယ်ဆိုရင်.......
အိမ်ရှင်မတို့ရေ ကော်ပြန့်ကြော်လေးတွေကြော်ပြီး သားသားမီးမီးတို့ ထမင်းဗူးထဲမှာ ထည့်ပေးလိုက်ချင်တယ်ဆို လွယ်လွယ်လေးကြော်လို့ရအောင် မျှဝေပေးလိုက်ပါတယ်ရှင် 👨‍👩‍👧‍👦

ပါဝင်ပစ္စည်းတွေက ဒီလိုပါ 👇
1. ကော်ပြန့်ကြော်ရန် အကြီးစားရယ်ဒီမိတ် တစ်ထုပ် ( Market Place နဲ့ City Mart များတွင်ဝယ်ပါ )
2. တရုတ်မှို အမည်း - ၂ ခု
3. အရေခွံ မပါတဲ့ ကြက်ရင်ပုံသား - 120 g
4. ဟင်းသီးဟင်းရွက်ဆီ - ၂ ဇွန်း
5. ကြက်သွန်မြိတ်- ၂ ချောင်း
6. မျှစ် - 100 g
7. ယိုးဒယား ငရုတ်သီးအနီ- အနည်းငယ်
8. ပဲပင်ပေါက် - 120 g
9. ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း ၁ ဇွန်း
10. သကြား - ထမင်းစားဇွန်း တ၀က်

ပထမဆုံး ကြော်ပြန့်ရယ်ဒီိမိတ်ထုပ် ကို လေးထောင့်ပုံစံလေးတွေပိုင်းဖြတ်ပါ။ အစာထည့်လိပ်လို့ရမယ့်အရွယ်အစားဖြစ်အောင် Wrapper တစ်ခုကို လေးပိုင်းပိုင်းပါ။

မှိုကို ရေကြိုစိမ်ထားပြီး ရေညှစ်ကာ ရေနွေးငွေ့နဲ့ပေါင်းလိုက်ပါ။ ပြီးရင် အပိုင်းလေးတွေပိုင်းဖြတ်ထားပါ။ ကြက်ရင်ပုံသားကိုလည်းနုတ်နုတ်စင်းထားပါ။ မျှစ်ထည့်မယ်ဆိုလည်း ပြုတ်ထားပါ။

ဒယ်အိုးထဲကို ဆီ ၂ ဇွန်းလောက်ထည့်ပြီး ကြက်သားချက်လိုက်ပါ။ ကြက်သွန်မြိတ်တောက်တောက်စင်း မျှစ်နဲ့ ငရုတ်သီးနီကိုပါ နုတ်နုတ်စင်းထည့်ပါ။

ပဲပင်ပေါက် ပဲငံပြာရည်နဲ့ သကြားများထပ်ဖြည့်လိုက်ပါ။

အသားလေးတွေကျက်ပျြီဆို ရင် ထမင်းစားဇွန်းနဲ့ခပ်ယူပြီး ပိုင်းဖြတ်ထားတဲ့ Wrapper ထဲကို ထည့်ပြီး အနားများကိုခေါက် လက်မလေးနဲ့ထိန်းပြီး ဖြည်းဖြည်းချင်းလိပ်ပါ။ သွားကြားထိုးတံလေးနဲ့ထိုးထားပါ။

နောက်ဆုံးမှာတော့ ဆီများများထဲ ထည့်ကြော်ပါ။ အရောင်ပြောင်းတာနဲ့ ဆယ်ယူပြီး ဆီစစ်ထားမယ်ဆို ခဏ အကြာမှာ စားလို့ရပါပြီ။

Address

83/16(A), Pansodan Lower Block, Kyauktada Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 15:00

Telephone

09 4210 27081

Alerts

Be the first to know and let us send you an email when Celebrity Cooking Magazine posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Celebrity Cooking Magazine:

Share

Category

Nearby media companies