
14/06/2020
🤘🏽ဆိုင်ကယ်ဝယ်မည်ဆိုလျှင်🤘🏽
-ဆိုင်ကယ်ဈေးနူန်းအား မိဘ နဲ့ မိန်းမ အား ၄ ပုံ ၁ပုံ
ခန့် အနည်းဆုံးလျှော့ပြောတတ်ရမည် 😂။
-အချိန်ပေးပြီးရှာလေလေ ဆိုင်ကယ်ကောင်းရလေ
လေ။
-လေလံဘီးတစီးဝယ်လျှင်Cancellation စာရွက်
တောင်းပါ ။
-ဆိုင်ကယ်လောကမှ ဆရာသမားကြီးများ စေတနာထား၍ ရှင်းပြထားသော လေလံ Rate သတ်မှတ်ချက် ဆိုးကောင်းများကို အသေအချာလေ့လာပါ ။
-မိမိစိတ်ကျေနပ်မူရှိသောဆိုင်ကယ်ကိုသာဝယ်ပါ ။အားနာ၍ မျက်နှာနာ၍ မဝယ်ပါနှင့် ။
-ဝယ်ဖို့ရာခိုင်နူန်းနည်းနေလျှင် မဝယ်နိုင်သေးကြောင်း
ကြိုတင်စုံစမ်းခြင်းဖြစ်ကြောင်း ရိုးသားစွာ စကားဦးခံပါ။
-ဆိုင်ကယ်အား မဝယ်နိုင်သေးပဲ ဈေးဆစ်တာမျိုးကို
ရှောင်ပါ။
-ဆိုင်ကယ်တစီးဝယ်လျှင် ဆိုင်ကယ်အကြောင်း
အင်ဂျင် ဆေး တာယာ နှင့် လုပ်ချက်ရှိမရှိကို ဂဃနဏ ယဉ်ကျေးပျူငှာစွာမေးမြန်းပါ ။
-ဆိုင်ကယ်ဘီးကြီးတစီးဝယ်လျှင် ပြင်ဆင်စရိတ် ကြီးမ
ကြီး တတ်နိုင်မနိုင် အရင်လေ့လာပါ ။
-အပိုပစ္စည်း လွယ်ကူစွာ ရနိုင်မရနိုင်လေ့လာပါ။
-ကတိစကားကို တန်ဖိုးထားပါ ။ ကတိစကားတန်ဖိုးထားသော ဆိုင်ကယ်ရောင်းချသူကို လေ့လာရှာဖွေချဉ်းကပ်ပါ ။
-ဆိုင်ကယ်ရောင်းချသူ များကြားမှာ ဈေးကိစ္စ ဘီးကိစ္စ
သွေးထိုးခြင်း လီဆယ်လုပ်ကြံခြင်းအား ရှောင်ပါ ။
-စီးသမားတယောက် ဆိုင်ကယ်ဘီးကြီးတစီး ဝယ်ပြီးလျှင် ပြန်ရောင်းတဲ့အခါ မြတ်ဖို့ ခဲယဉ်းပါမည် ။ အရှုံးခံ
နိုင်သော ငွေပမာဏအား ချိန်ဆပြီးမှ ဝယ်ပါ ။
-နောက်လိုက်ပစ္စည်းထည့်စရာများမယ့်ဘီးထက် ငွေ
နည်းနည်းပိုသုံး ပိုစုပြီး အချိန်ထပ်ယူပြီး လက်တင်စီး
စိတ်တိုင်းကျကျ ဘီးမျိုးကို ရှာဝယ်ပါ ။
-မော်ဒယ်မြင့်တိုင်း စီးရတာပိုကောင်းသည်ဟု ပုံသေ
မမှတ်ရန်နှင့် မော်ဒယ်နိမ့်၍ မိမိနဲ့တသားတည်းကျမူရှိ
သော စိတ်ကျေနပ်မူပေးနိုင်သော ဘီးများလဲရှိကြောင်း လက်ခံတတ်ရမည် ။
-ဆိုင်ကယ် ခဏခဏပြောင်းစီးခြင်းသည် ငွေပိုမို ဆုံးရှုံးတတ်သည် ။ သို့သော် ပြောင်းစီးချင်စိတ်သည် ခဏ
ခဏဖြစ်ပေါ်နေတတ်သည် ။
-လေလံဘီးလားဆိုပြီး အလွယ်မမေးပါနဲ့ လေလံတွေထဲမှာအမျိုးမျိုးရှိလို့ပါ။ ဥပမာ - ဂျပန်လေလံ စင်ကာပူ
လေလံ. . . .
-မြန်မာပြည်မှာစီးထားတဲ့ဘီးတစ်စီးရဲ့ဈေးတန်းနဲ့ ကြိုပွိုင့်နဲ့ရောင်းနေတဲ့ဘီးဈေးနဲ့ သွားမနှိုင်းပါနဲ့ ဘာမှမဆိုင်လို့ပါ။
ကျွန်တော်တို့ဘဝနဲ့ ကိုက်ညီလိုက်ဖက်တဲ့ ဆိုင်ကယ်များက ကျွန်တော်တို့ဆီကို ရောက်ချိန်တန်လျှင်ရောက်လာပါလိမ့်မယ် .. မလောပါနဲ့ . အချိန်စောင့်ပါ . ငွေပိုစုပါ ။
ဒါဟာ သာမန်လူတန်းစားဆိုင်ကယ်ချစ်သူတယောက်ရဲ့ ဆိုင်ကယ်ဝယ်ခြင်းဆိုင်ရာ သိမှတ်မူအကျဉ်းပေါ့ဗျာ 🤘🏻🤘🏻🤘🏻 .
မှတ်ချက် - ကျွန်တော့်လို သာမန်လူတန်းစား ဘဝသမားဆိုင်ကယ်ရူူးများအတွက်သာဖြစ်သည် ။မည်သူတဦးတယောက်ကိုမျှ နစ်နာစေလိုခြင်းမရှိပါဗျ ။
Crd