Soccer 88 Sports News

Soccer 88 Sports News ဘောလုံးပရိသတ်များ အတွက် သတင်း၊ ဆောင်းပါးနှင့် ဗီဒီယိုများ နေ့စဉ်တင်ဆက် နေပါသည်။

ဘာကာအတွက်နှစ်သိမ့်တေး 👍၂၀၂၃-၂၀၂၄ ရာသီမှာ ဘာစီလိုနာအတွက်မျှော်လင့်နိုင်စရာဆိုလို့လာလီဂါနဲ့ ချန်ပီယံလိဂ်ပဲရှိတော့တယ်။ ဒါကလ...
28/01/2024

ဘာကာအတွက်
နှစ်သိမ့်တေး 👍

၂၀၂၃-၂၀၂၄ ရာသီမှာ
ဘာစီလိုနာအတွက်
မျှော်လင့်နိုင်စရာဆိုလို့
လာလီဂါနဲ့ ချန်ပီယံလိဂ်ပဲ
ရှိတော့တယ်။ ဒါကလည်း
မသေချာဘူး။
လာလီဂါမှာဆို ရီးရဲလ်နဲ့
၁၀ မှတ်ပြတ်နေတယ်။
ချန်ပီယံလိဂ်မှာလည်း
နာပိုလီနဲ့ ရင်ဆိုင်ရဦးမယ်။

အဆိုးဆုံးက
ဖလားလက်မဲ့
ဖြစ်ရုံမက
ချန်ပီယံလိဂ်ဝင်ခွင့်
ရယူနိုင်ဖို့တောင်
မနည်းရုန်းကန်ရမယ့်
အနေအထားအထိ
ဖြစ်သွားနိုင်တယ်။
နူးကမ့်ကောင်းကင်ယံပေါ်
တိမ်နည်းတွေလွှမ်းမိုးထားချိန်
ပရိသတ်တွေ
စိတ်အားတက်စရာ
အချက်အလက်လေးတခုကို
ကြည့်ရအောင်ပါ။
မက်ဆီနဲ့ သက်ဆိုင်ပါတယ်။

မက်ဆီ ဘာကာမှာ
ရှိနေစဉ် အချိန်ကာလတွေပေါ့။

▶️ ဘာကာဟာ ရီးရဲလ်ထက် လာလီဂါဖလားကို ပိုရခဲ့ပါတယ်။

▶️ စပိန်ဘုရင့်ဖလားမှာလည်း ရီးရဲလ်ထက် ပိုအောင်မြင်ခဲ့ပါတယ်။

▶️ ရီးရဲလ်ထက်လည်း စပိန်စူပါဖလားကို ပိုရခဲ့ပါတယ်။

▶️ ဆုဖလားရယူနိုင်မှုကို ယှဉ်ကြည့်ရင် ဘာကာက ရီးရဲလ်ထက် ပိုများပါတယ်။

▶️ အယ်ကလက်ဆီကိုပွဲစဉ်တွေမှာ ရီးရဲလ်ထက် နိုင်ပွဲပိုများပါတယ်။

▶️ မက်ဆီဟာ အယ်ကလက်ဆီကိုပွဲစဉ်တွေမှာ အခြားကစားသမားတွေထက် ဂိုးပိုသွင်းခဲ့ပါတယ်။

▶️ ဒါ့အပြင် အယ်ကလက်ဆီကိုမှာ ဂိုးဖန်တီးမှုအများဆုံး ကစားသမားကလည်း မက်ဆီပါပဲ။

▶️ အယ်ကလက်ဆီကိုပွဲစဉ်တွေရဲ့ ဂိုးပါဝင်ပတ်သက်မှုအများဆုံး ကစားသမားက မက်ဆီဖြစ်ပါတယ်။

▶️ နူးကမ့်မှာရော ဘာနေဗျူးမှာပါ ဟက်ထရစ်သွင်းနိုင်တာက မက်ဆီတယောက်သာရှိပါတယ်။

ရလဒ်တွေဆိုးရွားနေချိန်မှာ
မက်ဆီကို ဘာကာနဲ့
သက်ဆိုင်သူအားလုံး
သတိရနေမလားပဲ...

ဇာဗီရဲ့ နေဝင်ချိန်လား 💔ဘာစီလိုနာအတွက်စပိန်အတွက်ဇာဗီဆိုတာ တကယ့်ဂန္ထဝင်တယောက်ပဲ။ကတ်တလန်အခြေစိုက်ဘာကာနဲ့ နိုင်ငံတော်ကိုသူအလ...
28/01/2024

ဇာဗီရဲ့ နေဝင်ချိန်လား 💔

ဘာစီလိုနာအတွက်
စပိန်အတွက်
ဇာဗီဆိုတာ တကယ့်
ဂန္ထဝင်တယောက်ပဲ။
ကတ်တလန်အခြေစိုက်
ဘာကာနဲ့ နိုင်ငံတော်ကို
သူအလုပ်အကျွေး
ပြုခဲ့တာတွေက
နည်းမှမနည်းပဲ။
ဘာကာကနေ
အယ်ဆတ်ကိုပြောင်းတော့
အားလုံး ဝမ်းနည်းကြသေးတာပေါ့။

ဒါပေမဲ့ ဘာကာကို
ချစ်တဲ့စိတ်နဲ့
နည်းပြအဖြစ်
သူပြန်လာတယ်။
အသင်းကို
အပြောင်းအလဲလုပ်တယ်။
ကိုဗစ်ဂယက်နဲ့
အကြွေးတွေကြောင့်
ကစားသမား
အပြောင်းအရွှေ့ကို
စိတ်တိုင်းကျ
မလုပ်နိုင်ခဲ့ဘူး။

ဒါပေမဲ့
သူ့လက်ထက်မှာ
ဘာကာရဲ့ DNA က
ပျက်ယွင်းမသွားဘူး။
ဆက်လက်စီးမြဲနေဆဲ။
မနှစ်က လာလီဂါမှာ
ချန်ပီယံဖြစ်တယ်။
စပိန်စူပါဖလားရတယ်။

ဒါပေမဲ့ ဒါတွေက
ယခုရာသီမှာ
နည်းနည်းခမ်းခြောက်သွားသလို
ခံစားရတယ်။

အသင်းရဲ့ရလဒ်တွေ
ကျဆင်းနေချိန်မှာ
နည်းပြရဲ့ အနာဂတ်ဆိုတာ
ရေရာမှုမရှိဘူး။
စပိန်စူပါဖလားမှာ
ခါးသီးပြိုင်ဘက်
ရီးရဲလ်ကို ရှုံးတယ်။
စပိန်စူပါဖလားမှာ
ဘီလ်ဘာအိုကို ရှုံးတယ်။

အားကစားဒါရိုက်တာ
ဒေကိုကတောင်
ဇာဗီ အသင်းမှာ
ဆက်ရှိနေပါ့မယ်လို့
ထွက်ပြောရတဲ့အထိ
ဖြစ်ခဲ့ရတယ်။
ဒါပေမဲ့ ဒါတွေက
ဗီလာရီးရဲလ်ကို
အိမ်ကွင်းမှာ ၅-၃ နဲ့
ရှုံးပြီးနောက်
ရေရာမှုမရှိတော့ဘူး။
၂ ဂိုးရှုံးနေချိန်
၃ ဂိုးပြန်လိုက်သွင်းပြီး
ဦးဆောင်နိုင်ခဲ့တော့
စိတ်အေးရပြီလို့
ထင်ခဲ့သေးတယ်။

ဒါပေမဲ့
နောက်ဆုံး ၄ ပွဲဆက်
နိုင်ပွဲပျောက်နေတဲ့
အဝါရောင်ရေငုပ်သင်္ဘောက
၈၄ မိနစ်နောက်ပိုင်း
၃ ဂိုးပြန်သွင်းခဲ့တော့
၅-၃ နဲ့ ရှုံးပါလေရော။
ဗလန်စီယာနဲ့
လက်စ်ပါမက်စ်တို့
ဂိုးပြတ်ချေမှုန်းခဲ့တဲ့
ဗီလာရီးရဲလ်ကို
နူးကမ့်မှာ ဂိုးပြတ်ရှုံးတာက
ဇာဗီအတွက်တော့
ကောင်းတဲ့လက္ခဏာတော့
မဟုတ်ဘူး။

သိပ်မကြာခင်
အသံတွေ ကြားရတော့မယ်။
ဒီစာကိုဖတ်နေချိန်မှာတောင်
လာပေါ်တာတယောက်
အရေးကြီးတဲ့သတင်းကို
ကြေညာတော့မလား မသိ။

လီဝမ်ကို ခြိမ်းခြောက်နေတဲ့ကိန်းတစ္ဆေ 🧐ဘွန်ဒက်စ်လီဂါမှာဟယ်ရီကိန်း ၁၅ ဂိုးလောက်သွင်းပြီးချိန်ကဖြစ်မယ်ထင်ပါတယ်။မီဒီယာတွေကဘိ...
28/01/2024

လီဝမ်ကို ခြိမ်းခြောက်နေတဲ့
ကိန်းတစ္ဆေ 🧐

ဘွန်ဒက်စ်လီဂါမှာ
ဟယ်ရီကိန်း ၁၅ ဂိုးလောက်
သွင်းပြီးချိန်က
ဖြစ်မယ်ထင်ပါတယ်။
မီဒီယာတွေက
ဘိုင်ယန်မြူးနစ်
တိုက်စစ်မှူးဟောင်း
လီဝမ်ဒေါစကီးကို
မေးခွန်းတခုမေးတယ်။
စာမေးပွဲအနေနဲ့ဆိုရင်
မေးခွန်းသတ်တယ်လို့
ဆိုရမလားပဲ။

အင်္ဂလန်ကပ္ပတိန်က
ခင်ဗျားရဲ့ ဘွန်ဒက်စ်လီဂါ
တရာသီသွင်းဂိုးစံချိန်ကို
ချိုးဖျက်နိုင်မလားဆိုပြီး
မေးခဲ့တာဖြစ်ပါတယ်။
လီဝမ်ဒေါစကီးက
ဘာစီလိုနာကို
မပြောင်းရွှေ့ခင်
မြူးနစ်မှာ ၈ ရာသီကြာ
ကစားခဲ့သူ။
သွင်းဂိုးအရေအတွက်က
၃၄၄ ဂိုး။

ဂတ်မူလာပြီးရင်
ဘိုင်ယန်သမိုင်းမှာ
ဒုတိယဂိုးအများဆုံး
သွင်းသူအဖြစ်
မှတ်တမ်းရေးထိုးထားတာ။
၂၀၂၀-၂၀၂၁ ရာသီမှာ
ဘွန်ဒက်စ်လီဂါ
၄၁ ဂိုးသွင်းနိုင်ခဲ့တယ်။
ဒီစံချိန်ကို ဘယ်သူမှ
မချိုးဖျက်နိုင်သေးဘူး။

ဒီအချက်ကို
မီဒီယာတွေက
သူ့ရဲ့ သဘောထားကို
သိချင်လို့ မေးတာ။
အဲဒီအခါမှာ
လီဝမ်ဒေါစကီးက
ပြုံးပြုံးလေးဖြေခဲ့တယ်။
ကြိုးစားကြည့်ပေါ့တဲ့။

သရော်တာလား၊
အထင်သေးတဲ့သဘောလား
ဆိုတာကိုတော့
ကာယကံရှင်ကိုယ်တိုင်ပဲ
သိလိမ့်မယ်။
ကိန်းကတော့
ဘာမှမတုံ့ပြန်ခဲ့ဘူး။
စံချိန်တွေ ဘာတွေဆိုတာ
သူ့အတွက် လိုချင်မှ
လိုလိမ့်မယ်။

ဂျာမနီပြောင်းတာက
ဆုဖလားလိုချင်လို့ဆိုပြီး
သူ ဖြေခဲ့ဖူးတယ်။
သွင်းဂိုးတွေဆိုတာကို
ထည့်မပြောခဲ့ဘူး။
အခုတော့ သူ့ရဲ့
မရပ်နားတဲ့ ဂိုးတွေက
ဆက်တိုက်ဆိုသလိုပဲ။

အော့စ်ဘတ်ကို
၃-၂ နဲ့ အနိုင်ရတဲ့ပွဲမှာလည်း
သူက တဂိုးသွင်းခဲ့တယ်။
၂၃ ဂိုးမြောက်
ဘွန်ဒက်စ်လီဂါသွင်းဂိုးပေါ့။
ပြိုင်ပွဲစုံဆိုရင်တော့
၂၇ ဂိုး။

လီဝမ်ဒေါစကီးရဲ့
စံချိန်ကို မီဖို့ဆိုရင်
၁၈ ဂိုးလိုသေးတယ်။
ချိုးဖျက်ဖို့ဆိုရင်တော့
အဲထက် တဂိုးပိုသွင်းရမယ်။
ကစားဖို့ကျန်နေတာက
၁၅ ပွဲ။

တပွဲကို ၁.၃ ဂိုးနှုန်းလောက်
သွင်းနိုင်မှ ၄၂ ဂိုး
သွင်းနိုင်မှာပါ။ ဒဏ်ရာ
ရတာတို့၊ အနားပေး
ခံရတာတို့ဆိုရင်
ဒီထက် ပိုသွင်းမှဖြစ်မယ်။
ဘာပဲပြောပြော
ကိန်းတဂိုးသွင်းတိုင်း
လီဝမ်ဒေါစကီးတယောက်
ဘုရားတနေမလားပဲ။

အန်ဖီးလ်ဂယက်က ဂျာမနီအထိ ရိုက်တယ် 🤔မနေ့ညကစပြီးဘောလုံးလောကကိုအကြီးကျယ်ဆုံးရိုက်ခတ်လာတာကယာဂန်ကလော့ပ်ရဲ့သတင်းပဲ။၂၀၁၅ ကစလို့လ...
27/01/2024

အန်ဖီးလ်ဂယက်က
ဂျာမနီအထိ ရိုက်တယ် 🤔

မနေ့ညကစပြီး
ဘောလုံးလောကကို
အကြီးကျယ်ဆုံး
ရိုက်ခတ်လာတာက
ယာဂန်ကလော့ပ်ရဲ့
သတင်းပဲ။
၂၀၁၅ ကစလို့
လီဗာပူးလ်ကို
တာဝန်ယူလာတဲ့
ဂျာမန်သားက
ယခုရာသီအကုန်မှာ
အန်ဖီးလ်က
ထွက်တော့မယ်လို့
ကြေညာလိုက်တယ်။
ဒါက အားလုံးကို
ရှော့ခ်ရသွားစေတယ်။

ဘယ်သူမှ
ထင်မှတ်မထားကြဘူး။
ကလော့ပ်ဆိုတာ
လီဗာပူးလ်သမိုင်းမှာ
ဘယ်လိုမှ ဖျောက်ဖျက်လို့
မရနိုင်တဲ့ နည်းပြပဲ။
သူ့ကြောင့် လီဗာပူးလ်က
သမိုင်းမှာ တကြိမ်မှ
မရဖူးတဲ့ ပရီးမီးယားလိဂ်
ဖလားကို ရယူနိုင်ခဲ့တယ်။

ယူရိုပါလိဂ်ကလွဲပြီး
ယှဉ်ပြိုင်သမျှ
ပြိုင်ပွဲတိုင်း
ဗိုလ်စွဲဖူးတဲ့ ကလော့ပ်က
ဒီရာသီမှာ လီဗာပူးလ်ကို
ဖလား ၄ လုံးလမ်းကြောင်းပေါ်
ပို့ဆောင်ပေးထားတယ်။
နှုတ်ဆက်ချိန်မှာ
ဖလားဘယ်နှစ်လုံး
ချန်ထားခဲ့မလဲဆိုတာ
မသေချာပါဘူး။
သေချာတာကတော့
မာဆေးဆိုက်ကလပ်အနေနဲ့
သူ့နေရာကို ဘယ်သူနဲ့
အစားထိုးမလဲဆိုတာ
ရှာဖွေနေရတာပါပဲ။

သတင်းတွေကတော့
လေဗာကူဆင်ကို
အကောင်းဆုံး
ဦးဆောင်နေတဲ့ အလွန်ဆိုကို
ချိတိ်ဆက်နေတယ်တဲ့။
စပိန်သားက လီဗာပူးလ်မှာ
၅ ရာသီကြာကစားခဲ့သူ။
ဂျရတ်တို့နဲ့အတူ
၂၀၀၅ ချန်ပီယံလိဂ်
ဆွတ်ခူးစဉ်က အဓိက
ကစားသမားအဖြစ်
ပါဝင်ခဲ့သူပေါ့။

လီဗာပူးလ်ပရိသတ်တွေကလည်း
အလွန်ဆိုကို အသင်းရဲ့
ဂန္ထဝင်တယောက်အဖြစ်
သတ်မှတ်ထားတယ်။
သူ့ကိုသာ တကယ်ခေါ်ရင်
ကန့်ကွက်မယ့်သူ
ရှိမယ့်သူ မပေါ်ပါဘူး။
လေဗာကူဆင်ကတော့
သူတို့ရဲ့နည်းပြကို
အသာတကြည်
လက်လွှတ်ခံမှာတော့
မဟုတ်ဘူး။

ဘောလုံးက
ဆန်းကြယ်ပါတယ်။
မထင်ထားတဲ့
ကစားသမားအပြောင်းအရွှေ့
ဖြစ်ပေါ်ခဲ့တာ
နည်းမှမနည်းပဲ။
အလွန်ဆို လီဗာပူးလ်ဆီ
တကျော့ပြန် မသွားဘူးလို့
ဘယ်သူ အာမခံရဲလဲ။

ဇီဒန်းဟာ ရီးရဲလ်နည်းပြအဖြစ် နူးကမ့်မှာ တပွဲမှမရှုံးခဲ့ပါဘူး။ဘာစီလိုနာအတွက်တော့ ပြင်သစ်သားက ခါးသီးတဲ့ပြိုင်ဘက်အဖြစ် တည်ရှ...
27/01/2024

ဇီဒန်းဟာ ရီးရဲလ်နည်းပြအဖြစ် နူးကမ့်မှာ တပွဲမှမရှုံးခဲ့ပါဘူး။

ဘာစီလိုနာအတွက်တော့ ပြင်သစ်သားက ခါးသီးတဲ့ပြိုင်ဘက်အဖြစ် တည်ရှိနေခဲ့တာပါ။

ပြိုင်ဘက်အားလုံး ဒူးထောက်ခဲ့ရတဲ့ နူးကမ့်မှာ ဇီဒန်းရဲ့ပုံရိပ်က ဘယ်လောက်တောင် ခမ်းနားနေလဲ။

မလွယ်ရေးချ မလွယ် 🔥လွန်ခဲ့တဲ့ ၁၆ နှစ်ကနေပစ္စုပ္ပန်အထိစပါးကို ဦးဆောင်ခဲ့တဲ့နည်းပြတွေပါ။◎ ဟယ်ရီရက်ဒ်နပ်◎ အန်ဒရီဗီးလက်စ်ဘိုအ...
27/01/2024

မလွယ်ရေးချ မလွယ် 🔥

လွန်ခဲ့တဲ့ ၁၆ နှစ်ကနေ
ပစ္စုပ္ပန်အထိ
စပါးကို ဦးဆောင်ခဲ့တဲ့
နည်းပြတွေပါ။

◎ ဟယ်ရီရက်ဒ်နပ်

◎ အန်ဒရီဗီးလက်စ်ဘိုအက်စ်

◎ တင်မ်ရှားဝုဒ်

◎ ပိုချက်တီနို

◎ ဟိုဆေးမော်ရင်ညို

◎ နူနိုဆန်တို

◎ ကွန်တီ

◉ ပိုစတီကိုဂလူ

စပါးဆိုတာ
အားလုံးသိတဲ့အတိုင်း
လန်ဒန်ရဲ့ ထိပ်သီးတသင်း။
ဒါပေမဲ့ သူတို့က
ချန်ပီယံစိန်ခေါ်ခွင့်
သိပ်မရှိဘူး။
ဖျက်မြင်းအဆင့်လောက်ပဲ
ရှိတယ်။

ဆိုတော့ အောင်မြင်မှုဆိုတာ
ဘာလဲလို့ မေးယူရတဲ့အထိ။
ပြည်တွင်းပြည်ပ
အောင်မြင်မှုမရတာ
ကြာပေါ့။ ၂၀၀၈
လိဂ်ဖလား(ခါရာဘောင်)မှာ
ချဲလ်ဆီးကို ဝုဒ်ဂိတ်ရဲ့
အချိန်ပိုသွင်းဂိုးနဲ့
အနိုင်ရဗိုလ်စွဲခဲ့တာက
သူတို့ရဲ့ နောက်ဆုံး
အောင်မြင်မှုပဲ။

ဟွမ်ဒီရာမို့စ်နောက်ပိုင်း
နည်းပြအဆက်ဆက်
ဖလားရဖို့ ကြိုးစားနေတာ
လက်ရှိပဲ့ကိုင်ရှင်
ပိုစတီကိုဂလူအထိပဲ။
တယောက်မှ
အကောင်အထည်
မဖော်နိုင်သေးဘူး။
အော်ဇီသားလက်ထက်
ယခုရာသီအစမှာ
ဟုတ်မလိုလို ဖြစ်ခဲ့ပေမယ့်လည်း
နောက်ပိုင်းမှာ
အဖျားရှူးသလိုဖြစ်ခဲ့ရတယ်။

မနေ့ညကလည်း
သူတို့ဟာ အိမ်ကွင်းမှာ
မန်စီးတီးကိုရှုံးပြီး
အက်ဖ်အေဖလား
စတုတ္ထအဆင့်က
ထွက်ခဲ့ရတယ်။
ခါရာဘောင်မှာလည်း
ဒုတိယအဆင့်မှာတင်
ဖူလ်ဟမ်ကို ရှုံးခဲ့သေးတယ်။
ပြည်တွင်းဖလားနှစ်လုံးမှာ
စောစောစီးစီး ထွက်ခဲ့ရတဲ့အပြင်
ပရီးမီးယားလိဂ်မှာလည်း
ပဉ္စမနေရာမှာပဲ ရှိတယ်။

ဦးဆောင်သူ လီဗာပူးလ်နဲ့
၈ မှတ်အထိကွာနေလို့
ချန်ပီယံဖြစ်ဖို့ဆိုတာ
ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ဆိုတော့ စပါးရဲ့
Trophy Drought က
ထပ်ရှိနေဦးမယ့်
အနေအထားပဲ။

အပြုံးနဲ့ နှုတ်ဆက်မှာလားယာဂန် 💔လီဗာပူးလ်ဆိုတာအင်္ဂလန်ဘောလုံးလောကမှာအအောင်မြင်ဆုံးအသင်းတွေထဲကတသင်း။ ဒါပေမဲ့ပရီးမီးယားလိဂ်...
26/01/2024

အပြုံးနဲ့ နှုတ်ဆက်မှာလား
ယာဂန် 💔

လီဗာပူးလ်ဆိုတာ
အင်္ဂလန်ဘောလုံးလောကမှာ
အအောင်မြင်ဆုံး
အသင်းတွေထဲက
တသင်း။ ဒါပေမဲ့
ပရီးမီးယားလိဂ်လို့
အမည်ပြောင်းလဲလိုက်တဲ့
၁၉၉၂ ကစလို့
ကြိုးကြာတွေဟာ
အမှတ်ပေးချန်ပီယံဆုကို
မရတော့တာ ၂၀၁၉ အထိ။

အဲဒီအချိန်ကာလတွေမှာ
ဗြိတိန်ကို စိုးမိုးထားတဲ့
ဆာအဲလက်စ်ရဲ့
သရဲနီဖန်တွေက
သူတို့ကို လှောင်လို့ပေါ့။
ပရီးမီးယားလိဂ်နဲ့
ဝေးဝေးနေလို့
မပြောယုံတမယ်ပဲ။
ဒါပေမဲ့ ယူနိုက်တက်ရဲ့
အထက်စီးက
မော်ကြွားနေတာကို
ပြန်လည်တော်လှန်ခဲ့တဲ့
နည်းပြတယောက်
ပေါ်လာခဲ့တယ်။

သူကတော့
ဂျာမန်သား
ယာဂန်ကလော့ပ်ပဲ။
ရွင်းအီဗန်၊ ဟူလီယေး၊
ဘင်နီတက်ဇ်၊
ရွိင်းဟော့ဒ်ဆန်၊
ဒဲလ်ဂလစ်ရှ်၊ ရော်ဂျာ
နည်းပြအဆက်ဆက်
မလုပ်နိုင်တာကို
ကလော့ပ်က
လုပ်နိုင်ခဲ့တယ်။
၂၀၁၉-၂၀၂၀ ရာသီမှာ
ပရီးမီးယားလိဂ်ဖလားကို
ရယူနိုင်ခဲ့တာပါ။

ဒါက လီဗာပူးလ်
ပရိသတ်တွေအတွက်တော့
ယူနိုက်တက်အပေါ်
နှစ် ၃၀ နီးပါးကြာ
တင်နေတဲ့အကြွေးကို
ပြန်ဆပ်နိုင်ခြင်းပဲ။
နောက်ပေါက်တွေဖြစ်တဲ့
ချဲလ်ဆီး၊ မန်စီးတီး၊
လက်စတာတို့လို
မော်ကြွားနိုင်ခြင်းပေါ့။
အခုတော့
အန်ဖီးလ်မှာ
ဆယ်စုနှစ်တခုနီးပါး
အခြေကျနေတဲ့
ကလော့ပ်က
ယခုရာသီအကုန်မှာ
လီဗာပူးလ်ကနေ
ထွက်တော့မယ်တဲ့။

ဒါက ကြိုးကြာ
ပရိသတ်တွေရော၊
ဘောလုံးပရိသတ်တွေကိုပါ
အံ့အားသင့်စေခဲ့တယ်။
ကစားသမားတိုင်း၊
နည်းပြတိုင်းက
တသင်းတည်းအပေါ်
တသက်လုံး သစ္စာရှိဖို့ဆိုတာ
သိပ်ခက်တယ်။
သူတို့က ပရိုတွေ။

သစ္စာရှိသင့်သလောက်
ရှိပြီးပြီ။ စိန်ခေါ်မှု
အသစ်တွေနဲ့
ရင်ဆိုင်ချင်ကြမှာ
ဓမ္မတာပဲ။ ဒါကို
သွားပြီး မလုပ်ပါနဲ့လို့
ပြောလို့မရဘူး။

ကလော့ပ်က
လီဗာပူးလ်နည်းပြ
ဘဝမှာ ယှဉ်ပြိုင်သမျှ
ဖလားအားလုံးနီးပါး
ရယူနိုင်ခဲ့တယ်။
မရဖူးတာဆိုလို့
ယူရိုပါလိဂ်ပဲ
ကျန်တော့တယ်။
၂၀၁၅-၂၀၁၆ တုန်းက
ဖိုင်နယ်တက်ခဲ့ပေမယ့်
ဆီဗီလာကို
အရေးနိမ့်ခဲ့တယ်။

ဒီရာသီမှာတော့
သူတို့က ဥရောပရဲ့
ဒုတိယအဆင့်အမြင့်ဆုံး
ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်
တက်ထားတယ်။
ဗိုလ်စွဲနိုင်ရင်တော့
ကလော့ပ်ရဲ့ အန်ဖီးလ်
လမ်းခွဲက ဖလားအားလုံး
ရယူနိုင်တဲ့ နည်းပြအဖြစ်
မှတ်တမ်းဝင်သွားမယ်။

အောင်မြင်ပါစေ
ယာဂန်ရေ....

ပျော်ရွှင်ပါစေ မော်ရေ 🎂မွေးနေ့ဆိုတာလူတိုင်းအတွက်မရှိမဖြစ် အရေးပါတဲ့နေ့တနေ့ပဲ။အူဝဲဆိုတဲ့ အော်သံနဲ့လူ့လောကထဲပထမဆုံး ချဉ်းန...
26/01/2024

ပျော်ရွှင်ပါစေ မော်ရေ 🎂

မွေးနေ့ဆိုတာ
လူတိုင်းအတွက်
မရှိမဖြစ် အရေးပါတဲ့
နေ့တနေ့ပဲ။
အူဝဲဆိုတဲ့ အော်သံနဲ့
လူ့လောကထဲ
ပထမဆုံး ချဉ်းနင်း
ဝင်ရောက်လာတဲ့နေ့ကို
ဘယ်သူမှ မမေ့ဘူး။
ရှင်သန်ခြင်းဆိုတာနဲ့
ထိတွေ့လာသူတွေတိုင်း
သေဆုံးခြင်းဆိုတဲ့နေ့ကို
ရင်ဆိုင်ကြရတာချည်းပဲ။

ဘယ်သူမှ
ဒ့ါကို လွန်ဆန်လို့
မရပါဘူး။
ဗုဒ္ဓမြတ်စွာလည်း
ပရိနိဗ္ဗာန် စံတော်မူရတာပဲ။
သခင်ယေရှု၊
တမန်တော် မိုဟာမက်တို့လည်း
ဘုရားသခင်အလိုတော်အရ
လောကကြီးကို
နှုတ်ဆက်ရတာပဲ။

လူတိုင်းဟာ
အသက်ရှင်နေထိုင်ရစဉ်မှာ
လောကအတွက်
အကျိုးပြုသွားနိုင်ဖို့
အရေးကြီးတယ်။
ကိုယ့်မိသားစုအတွက်၊
ကိုယ့်အဝန်းအဝိုင်းအတွက်၊
ကြီးကြီးကျယ်ကျယ်ပြောရရင်
လူသားတွေအတွက်ပေါ့။
ရှင်သန်နေစဉ်မှာရော၊
လွန်သွားချိန်မှာပါ
ကောင်းကျိုးတွေ
ချန်ထားနိုင်ဖို့ လိုတယ်။

ယနေ့ ဇန်နဝါရီ
၂၆ ရက်က နာမည်ကျော်
နည်းပြတယောက်ဖြစ်တဲ့
ဟိုဆေးမော်ရင်ညိုရဲ့
၆၁ နှစ်မြောက်မွေးနေ့။
စပါယ်ရှယ်ဝမ်းဟာ
ဘောလုံးလောကအတွက်
စိတ်အားတက်စရာတွေ၊
အတုယူစရာတွေ
အများကြီး ချန်ထားခဲ့၊
ချန်ထားဆဲ၊ ချန်ထားလတ္တံ့
ဆိုတဲ့ ပုဂ္ဂိုလ်ပဲ။

တာဝန်ယူရတဲ့
အသင်းတိုင်းလိုလိုအတွက်
အောင်မြင်မှုတွေ
ရယူခဲ့တဲ့ မော်ရင်ညိုဟာ
ပစ္စုပ္ပန်မှာ ကလပ်လက်မဲ့
ဘဝကို ဖြတ်သန်းနေရတယ်။
ဒါပေမဲ့ သူ့ရဲ့ မှတ်တမ်းတွေက
အသင်းကြီးတသင်းကို
အချိန်မရွေး ကိုင်တွယ်လို့ရတယ်။
သူ့ကိုလိုချင်နေကြတဲ့
အသင်းတွေလည်း
နည်းမှာမဟုတ်ဘူး။

ပျော်ရွှင်ကြည်နူးစရာ
မွေးနေ့အပြီး
သိပ်မကြာမီမှာ
အသင်းသစ်နဲ့အတူ
မြက်ခင်းစိမ်းထက်
ပြန်လာနိုင်ပါစေ
ဆရာမော်ရေ...

အဲဒီအချိန်တုန်းက မက်ဆီက ဒီလိုပြောခဲ့ပါတယ်။"ဘောလုံးသမိုင်းကို ပြောင်းလဲခွင့်ပေးပါတဲ့"အဲဒီနောက် ဆယ်စုနှစ်တခုအကျော်မှာ သူပြ...
26/01/2024

အဲဒီအချိန်တုန်းက မက်ဆီက ဒီလိုပြောခဲ့ပါတယ်။

"ဘောလုံးသမိုင်းကို ပြောင်းလဲခွင့်ပေးပါတဲ့"

အဲဒီနောက် ဆယ်စုနှစ်တခုအကျော်မှာ သူပြောတဲ့အတိုင်း စွမ်းနိုင်ခဲ့ပါတယ်။

ပြောင်းလဲခွင့်ပေးပါလို့ဆိုချိန်မှာ လီယိုရဲ့အသက်က ၆ နှစ်ပဲရှိသေးတာပါ။

ပရိုပီသလွန်းသူ 👍၄၈ နာရီဆိုတာရက်အားဖြင့် ၂ ရက်။ဒီလိုကာလတိုအတွင်းအဓိကပြိုင်ပွဲနှစ်ခုကိုလွန်းထိုးသွားလာကာခြေစွမ်းပြနိုင်ဖို...
25/01/2024

ပရိုပီသလွန်းသူ 👍

၄၈ နာရီဆိုတာ
ရက်အားဖြင့် ၂ ရက်။
ဒီလိုကာလတိုအတွင်း
အဓိကပြိုင်ပွဲနှစ်ခုကို
လွန်းထိုးသွားလာကာ
ခြေစွမ်းပြနိုင်ဖို့ဆိုတာ
ဖြစ်နိုင်ဖို့
သိပ်မလွယ်ပါဘူး။
ရှိတော့ရှိတယ်
ရှားတယ်လို့
ဆိုနိုင်မလားပဲ။

အဲဒီလိုရှားပါးတာကို
လုပ်နိုင်ခဲ့တဲ့
ကစားသမားတယောက်
မနေ့က ထွက်ပေါ်လာတယ်။
သူကတော့ ဘီလ်ဘာအို
တိုက်စစ်မှူး အီနာကီဝီလျံပါ။
ကိုယ်စားပြုတဲ့ နိုင်ငံ
အသင်းက ဂါနာ။

အားလုံးသိတဲ့အတိုင်း
အာဖရိကဖလားပြိုင်ပွဲက
ကျင်းပနေဆဲ။
အုပ်စုအဆင့်တောင်
ပြီးသွားလို့ ၁၆ သင်း
အဆင့်တောင် ရောက်နေပြီ။
ချန်ပီယံ ၄ ကြိမ်ဖြစ်ဖူးတဲ့
ဂါနာက နောက်ဆုံးပွဲမှာ
မိုဇမ်ဘစ်ကို နာကျင်အချိန်ပို
၄ မိနစ်ပေးဂိုးကြောင့်
အုပ်စုအဆင့်ကတင်
လှည့်ပြန်ခဲ့ရတယ်။

ဥရောပကလပ်တွေမှာ
ကစားနေတဲ့ ဂါနာ
ကစားသမားတွေအတွက်
မိခင်ကလပ်ဆီ
အရေးတကြီး ပြန်ဖို့မလိုဘူး။
ကလပ်တွေက ခွင့်ပေးထားပြီးသား။
ကန်ချင်တယ်ဆိုရင်လည်း
ကန်လို့ရတယ်။

ခရီးပန်း၊ ပင်ပန်းတာပေါ့လေ။
အေးဆေးအနားယူခွင့်
ရှိပေမယ့်လည်း
အီနာကီက မနားဘူး။
ဘာစီလိုနာနဲ့ ယှဉ်ပြိုင်မယ့်
စပိန်ဘုရင့်ဖလားအတွက်
စပိန်ကို ပြန်လာခဲ့တယ်။
အိုင်ဗရီကို့စ်ကနေ
စပိန်အထိဆို မိုင်
၅၀၀၀ ကျော်ဝေးတယ်။

လေယာဉ်စီးရင်
၅ နာရီကျော်လောက်
ကြာတယ်။ မိုဇမ်ဘစ်ပွဲနဲ့
ဘာကာပွဲကြားမှာ
၄၈ နာရီတောင် မကွာဘူး။
လမ်းပေါ်၊ ဝေဟင်ပေါ်မှာ
အချိန်ကုန်ရမယ့်သဘော။

ဒါပေမဲ့ သူ
အချိန်မီပြန်လာတယ်။
ဗယ်ဗာဒီက သူ့ကို
အသင်းလူစာရင်းထဲ
ထည့်ပေမယ့် ပွဲထွက်
မသုံးခဲ့ဘူး။
ခရီးအဝေးကြီး
နှင်လာခဲ့တဲ့ သူ့ကို
ချက်ချင်းကြီး
အသုံးမပြုချင်တာလည်း
ပါမှာပေါ့လေ။

ဘီလ်ဘာအို-ဘာကာ
ပွဲစဉ်က အားလုံး
သိတဲ့အတိုင်းပဲ။
အကြိတ်အနယ်နဲ့
ကြည့်ကောင်းခဲ့တယ်။
ဗယ်ဗာဒီက သူ့ကို
၅၉ မိနစ်မှာ
လူစားဝင်ကစားခွင့်
ပေးလိုက်တယ်။

မပေးလို့လည်း
မဖြစ်ဘူးလေ။
သူက ဒီရာသီမှာ
ဘီလ်ဘာအိုရဲ့
ဂိုးအများဆုံး
သွင်းထားသူပဲ။
၂ ဂိုးစီသရေကျနေလို့
အချိန်ပိုကန်ရာမှာ
အီနာကီက ဂိုးသွင်းခဲ့တယ်။

သူ့ရဲ့ ညီ
နီကိုဝီလျံသွင်းတဲ့
၁၂၀+၁ သွင်းဂိုးကိုလည်း
အီနာကီကပဲ
ဖန်တီးပေးခဲ့တာ။
စပိန်ဘုရင့်ဖလားမှာ
အအောင်မြင်ဆုံး
ဘာကာကို
ကွာတားအဆင့်က
ထုတ်ပယ်ခဲ့သူတွေထဲ
သူက အဓိကနေရာက
ပါတယ်။

စပိန်ဘုရင့်ဖလား
ကွာတားပွဲစဉ်တွေအပြီး
အီနာကီကို
မီဒီယာတွေက
တခုတ်တရ
ချီးကျူးကြတယ်။
ဘီလ်ဘာအိုအပေါ်
သူ့လောက် ချစ်တဲ့သူ၊
သစ္စာရှိတဲ့သူ
မရှိနိုင်ဘူး ဆိုပြီးတော့ပေါ့လေ...

R 9 🔥သူ့ရဲ့ မှော်ဆန်တဲ့ခြေစွမ်းတွေအောက်ကျွန်တော်တို့တိမ်းမူးဖူးတာပေါ့။လူကောင်က ခပ်ကြီးကြီး။လေးနေတယ်တော့မထင်လိုက်နဲ့။ပြို...
25/01/2024

R 9 🔥

သူ့ရဲ့ မှော်ဆန်တဲ့
ခြေစွမ်းတွေအောက်
ကျွန်တော်တို့
တိမ်းမူးဖူးတာပေါ့။
လူကောင်က ခပ်ကြီးကြီး။
လေးနေတယ်တော့
မထင်လိုက်နဲ့။

ပြိုင်ဘက်တွေကို
လိမ်ခေါက်ကျော်ထွက်ပုံတွေက
ပါးစပ်အဟောင်းသား
ဖြစ်စေခဲ့တာပေါ့။
၁၉၉၄ ကမ္ဘာ့ဖလား
ချန်ပီယံ ဘရာဇီးလ်မှာ
သူ ရွေးချယ်ခံရတော့
အသက်က ၁၇ နှစ်။
အမေရိကန်မြေမှာ
တပွဲမှ ကစားခွင့်မရပေမယ့်
၁၉၉၈ ကမ္ဘာ့ဖလားမှာ
သူ ဘာလဲဆိုတာ
အားလုံးသိနေကြပြီလေ။

ဘရာဇီးလ်၊ နယ်သာလန်၊
စပိန်၊ အီတလီတို့က
ထိပ်တန်းကလပ်တွေမှာ
ကျင်လည်ဖူးတဲ့ သူ။
ဂိုးပေါင်းများစွာ
သွင်းခဲ့၊ ဆုဖလားပေါင်းများစွာ
ကိုင်မြှောက်ခဲ့။
ချန်ပီယံလိဂ်
မရတာကတော့
ကွက်လပ်ကြီးပေါ့။

သူ ဒီလိုဖြစ်လာဖို့
ကင်းထောက်တွေရဲ့
အခန်းကဏ္ဍကို
ပစ်ပယ်ထားလို့မရဘူး။
ကင်းထောက်တွေကြောင့်
ကမ္ဘာကျော်တွေ
ထွက်ပေါ်လာတာ။
၁၉၉၃ ခုနှစ်က
အဖြစ်အပျက်လေးတခုကို
ကြည့်ရအောင်ပါ။

၁၇ နှစ်အရွယ်
ဒီကောင်လေးက
ခရူဇီယိုနဲ့အတူ
သူ့ရဲ့ ပရိုဘဝ
ဒုတိယမြောက်ပွဲစဉ်ကို
ကစားနေချိန်။
ပြိုင်ဘက်က
ဘာဟီယာ။

အဆိုပါပွဲမှာ
ခရူဇီယိုက
၆ ဂိုးပြတ်နိုင်ပြီး
ဆယ်ကျော်သက်
ကောင်လေးက
တယောက်တည်း
၅ ဂိုးသွင်းပြီး
ကျန်တဂိုးကိုလည်း
ဖန်တီးပေးခဲ့တာပါ။
ပီအက်စ်ဗွီကင်းထောက်
တယောက်က အသင်းဆီ
ရီပို့တ်တင်ပြီး
ဒီကောင်လေးကို
အမြန်ဆုံးနည်းနဲ့
ခေါ်ယူဖို့ တိုက်တွန်းလိုက်တယ်။

နယ်သာလန်ကိုမပြောင်းခင်
၁၇ နှစ်အရွယ်
ဒီကောင်လေးက
ခရူဇီယိုအတွက်
၄၇ ပွဲကစားကာ
၄၄ ဂိုးသွင်း၊
၁၅ ဂိုးဖန်တီးပေးခဲ့တယ်။
ဒါဟာ ကမ္ဘာ့အကောင်းဆုံး
ဂန္ထဝင်ကျောနံပါတ် ၉
ပိုင်ရှင်တွေထဲက
တယောက်ပေါ့။

သူ့နာမည်က
ရော်နယ်ဒိုနာဇာရီယိုတဲ့ 🇧🇷

London is Blue 😎🔵 ၂၀၀၀ ပြည့်နှစ်ကစလို့ ပြည်တွင်းဖလား ဗိုလ်လုပွဲကို ၁၈ ကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်။🔵 ခါရာဘောင်ဖလား...
24/01/2024

London is Blue 😎

🔵 ၂၀၀၀ ပြည့်နှစ်ကစလို့ ပြည်တွင်းဖလား ဗိုလ်လုပွဲကို ၁၈ ကြိမ်မြောက် တက်ရောက်နိုင်ခြင်းဖြစ်။

🔵 ခါရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒု-အကျော့သမိုင်းမှာ ဂိုးအပြတ်ဆုံးပွဲအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့။

🔵 ခါရာဘောင် ဆီမီးဖိုင်နယ် ဒု-အကျော့မှာ ၆ ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက်အသင်း။

ချဲလ်ဆီးတခေတ် စတင်တော့မှာလား 🤔

တနေ့တည်း ဟက်ထရစ် ⚽⚽⚽မနေ့က ကစားသွားတဲ့ လာလီဂါ ၄ ပွဲမှာ ဟက်ထရစ်ရှင် ၂ ယောက် ရှိခဲ့ပါတယ်။ဘက်တစ်ကို ၃ ဂိုးသွင်းတဲ့ ဘာစီလိုနာ...
22/01/2024

တနေ့တည်း ဟက်ထရစ် ⚽⚽⚽

မနေ့က ကစားသွားတဲ့ လာလီဂါ ၄ ပွဲမှာ ဟက်ထရစ်ရှင် ၂ ယောက် ရှိခဲ့ပါတယ်။

ဘက်တစ်ကို ၃ ဂိုးသွင်းတဲ့ ဘာစီလိုနာတိုက်စစ်မှူး ဖာရန်တောရက်စ်နဲ့ ဆီဗီလာဘက်ကို ၃ ဂိုးသွင်းခဲ့တဲ့ ဂျီရိုနာတိုက်စစ်မှူး ဒိုဘိုက်တို့ဖြစ်ပါတယ်။

အခုလိုမျိုး လာလီဂါပွဲနေ့တခုမှာ ဟက်ထရစ် ၂ ခါသွင်းတာ ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နောက်ပိုင်း ပထမဆုံးအကြိမ်ပါ။

နောက်ဆုံးအကြိမ်မှာ သွင်းခဲ့သူတွေက အီမန်နျူရယ်ဘိုတန်းနဲ့ ကော်တင်ညိုတို့ဖြစ်ပြီး လီဗန်တေး ၅-၄ ဘာစီလိုနာပွဲစဉ်မှာ သွင်းခဲ့တာဖြစ်ပါတယ်။

ကံတရားက လေဗာဘက်မှာ ရှိနေပြီလား 🤔အလွန်ဆိုကိုကစားသမားဘဝတုန်းကအားလုံးက အကောင်းဆုံးကွင်းလယ်လူတွေထဲကတယောက်လို့ အများစုကသတ်မှတ...
21/01/2024

ကံတရားက
လေဗာဘက်မှာ ရှိနေပြီလား 🤔

အလွန်ဆိုကို
ကစားသမားဘဝတုန်းက
အားလုံးက အကောင်းဆုံး
ကွင်းလယ်လူတွေထဲက
တယောက်လို့ အများစုက
သတ်မှတ်ခဲ့ကြတယ်။
အောင်မြင်မှုတွေကတော့
ပြောမနေတော့ဘူး။
ဗာရာဏသီ ကြိုးနဲ့ချည်ဆိုသလို
ဖြစ်သွားမှာမို့လို့။

နည်းပြလိုင်းထဲ
ခုန်ဆင်းလာတော့
ဖြစ်မှဖြစ်ပါ့မလားပေါ့။
ကစားသမားဘဝမှာ
အောင်မြင်တယ်ဆိုတိုင်း
မန်နေဂျာလောကမှာ
အောင်မြင်တာမှ မဟုတ်တာ။
လေဗာကူဆင်ဆိုတာကလည်း
ဂျာမန်ဘောလုံးလောကမှာ
နာမည်ကြီး ဖျက်မြင်းအသင်း။

ဘားလက်၊ နျူဗီးလ်၊
ဘာဘာတော့ဗ်၊ လူစီယို၊
ဘက်စထရပ်၊ ဇီကိုဗစ်၊
ပလာဆန်တေး၊ ရာမဲလိုး၊
ဘာဘစ်၊ ဂျူရစ် စတဲ့
ကစားသမားတွေကြောင့်
၂၀၀၂ ချန်ပီယံလိဂ်ဖိုင်နယ်ရောက်
လေဗာကူဆင်ကို
ကျွန်တော်တို့ သိခဲ့ကြတယ်။
ဇီဒန်းကြီးရဲ့ မှော်ဆန်
နောက်ပြန်ကန်ချက်နဲ့
အရှုံးပေးခဲ့ရတဲ့
တော့ပ်မိုလာရဲ့အသင်းကို
အခုထိ အမှတ်ရနေတုန်း။

သမိုင်းတလျှောက်
ဂျာမန်အမှတ်ပေးချန်ပီယံဆုကို
တကြိမ်မှမရဖူးသေးတဲ့
လေဗာကူဆင်ဟာ
ဒီရာသီမှာတော့ အခြေအနေ
ကောင်းနေတယ်။
ဘွန်ဒက်စ်လီဂါမှာ ပထမ၊
ယူရိုပါလိဂ်မှာ ၁၆ သင်းအဆင့်၊
ဂျာမန်ပိုကယ်ဖလားမှာ
ကွာတားဖိုင်နယ်ကို
တက်ထားတယ်။
ဖလား ၃ လုံးလမ်းကြောင်းပေါ်
လျှောက်လှမ်းနေဆဲ။

အသင်းတသင်း
ချန်ပီယံဖြစ်ဖို့ဆိုရင်
တည်ငြိမ်တဲ့ခြေစွမ်း၊
ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု၊
ဒဏ်ရာကင်းစင်ခြင်းအပြင်
ကံတရားကလည်း
ကိုယ့်ဘက်ပါလာနိုင်ဖို့
လိုတယ်လို့ ထင်တယ်။
လေဗာကူဆင်ရဲ့
နောက်ဆုံး ၂ ပွဲကိုကြည့်ရင်
ကံကြမ္မာက သူတို့ဘက်
ရှိနေတာ မြင်နိုင်တယ်။
အော့စ်ဘတ်နဲ့ပွဲမှာဆို
ဂိုးမရှိ သရေကျပြီလို့
ထင်နေတုန်း နာကျင်အချိန်ပို
၄ မိနစ်မှာ အနိုင်ဂိုးရခဲ့တယ်။

ညက လိုက်ပ်ဇစ်နဲ့ပွဲကို
ကြည့်ဦးမလား။
အိမ်ရှင်ရဲ့ ဦးဆောင်မှုကို
နှစ်ကြိမ်တိုင်ခံခဲ့ရပြီး
၆၂ မိနစ်အထိ ၂-၁ နဲ့
ရှုံးနေတာပါ။ ၆၃ မိနစ်မှာ
ချေပဂိုးပြန်ရပေမယ့်လည်း
၂-၂ နဲ့ ပွဲပြီးသွားပြီလို့
ထင်ခဲ့သေးတယ်။

ဒါပေမဲ့ နာကျင်အချိန်ပို
၁ မိနစ်မှာ ဟင်ကာပီက
အနိုင်ဂိုးသွင်းခဲ့တယ်။
နှစ်ပွဲဆက် နာကျင်အချိန်ပို
ဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့
လေဗာကူဆင်ဟာ
ယခုရာသီ ပြိုင်ပွဲစုံ
၂၇ ပွဲဆက်တိုက်
ရှုံးပွဲမရှိသေးပါဘူး။

🔥 ၂၄ ပွဲနိုင်
🔥 ၃ ပွဲသရေ
🔥 ရှုံးပွဲမရှိ
🔥 သွင်းဂိုး ၈၅
🔥 ပေးဂိုး ၂၀

ဒါဟာ ဥရောပ
ထိပ်တန်းလိဂ် ၅ ခုသာ
မကဘဲ ယူအီးအက်ဖ်အေ
အဖွဲ့ဝင် ၅၄ နိုင်ငံရဲ့
အမြင့်ဆုံးပြိုင်ပွဲတွေမှာ
ဦးဆောင်သူအသင်းတိုင်း
မလုပ်နိုင်သေးတဲ့
မှတ်တမ်းပဲ။ ရှုံးပွဲမရှိ
အသင်းဆိုလို့ ဥရောပမှာ
လေဗာကူဆင်ပဲ
ရှိတယ်လို့ ပြောချင်တာ။

အလွန်ဆိုက
လေဗာကူဆင်ကို
ဖလားတလုံးလောက်တော့
ရယူပေးနိုင်မယ်ထင်တာပဲ။

တိုနေးပြန်လာပြီ 💥နော်တင်ဟမ်နဲ့မကစားခင်ရက်ပိုင်းအလိုမှာဘရန့်ဖို့ဒ်နည်းပြသောမတ်စ်ဖရန့်ကစကားတခွန်းပြောခဲ့တယ်။တိုက်စစ်မှူးအီ...
21/01/2024

တိုနေးပြန်လာပြီ 💥

နော်တင်ဟမ်နဲ့
မကစားခင်
ရက်ပိုင်းအလိုမှာ
ဘရန့်ဖို့ဒ်နည်းပြ
သောမတ်စ်ဖရန့်က
စကားတခွန်းပြောခဲ့တယ်။
တိုက်စစ်မှူး
အီဗန်တိုနေးကို
ကပ္ပတိန်လက်ပတ်
ပြန်ပေးပြီး ပွဲထွက်
လူစာရင်းကနေ
ကစားခွင့်ပေးမယ်တဲ့။
အင်္ဂလန်သားက
အားလုံးသိတဲ့အတိုင်း
လောင်းကစားမှုကြောင့်
၈ လ ပွဲပယ်ခံထားရတာ။

ဂုဏ်သိက္ခာတွေကျ၊
အရှက်တွေရ၊
အနာဂတ်တွေပျောက်
ဖြစ်ခဲ့ရသေးတယ်။
အင်္ဂလန်သားအနေနဲ့
ဝေဖန်မှုပေါင်းစုံ
ခံစားခဲ့ရတယ်။
စိတ်ဓာတ်ပျော့ညံ့သူဆို
လွယ်လွယ် အရှုံးပေးမယ့်
အနေအထားမျိုးပေါ့။

ဒါပေမဲ့ တိုနေးက
အဲလိုမဟုတ်ဘူး။
ပွဲပယ်ခံထားရပေမယ့်
ဒီအတိုင်း အေးဆေး
နှပ်မနေဘူး။ ကြိုးစားတယ်။
အကောင်းဆုံး လေ့ကျင့်
နေခဲ့တယ်။

ဒါ့ကြောင့်လည်း
ပွဲပယ်ခံထားရချိန်မှာတောင်
သူ့ကို ဟိုအသင်းကြီးက
ခေါ်မယ်၊ ဒီအသင်းကြီးကတော့
လိုချင်တယ်ဆိုတဲ့
သတင်းတွေ ထွက်ခဲ့တာပေါ့။
ဇွဲရှိသူ၊ ကြိုးစားသူအတွက်
နေရာတခုရဖို့ဆိုတာ
ခက်ခက်ခဲခဲကြီး
မဟုတ်ပါဘူး။
နော်တင်ဟမ်နဲ့ပွဲမှာ
သူ့ကို စောင့်ကြည့်သူတွေ
များခဲ့တယ်။

မြက်ခင်းစိမ်းနဲ့ ရက်ပေါင်း
၂၅၀ နီးပါး ဝေးကွာနေသူဆိုတော့
ဘာလုပ်နိုင်မလဲ။
အထင်သေးသူတွေလည်း
ပါတာပေါ့။ ဒါပေမဲ့
တိုနေးက ဖရီးကစ်ကနေ
ချေပဂိုး သွင်းပေးခဲ့တယ်။

နော်တင်ဟမ်လူတံတိုင်းက
အခုန်၊ သူတို့ရဲ့အောက်ကနေ
ဂိုးသမားရဲ့ ဘယ်ဖက်ထောင့်ထဲ
အနိမ့်ဘောကန်သွင်းခဲ့တာပါ။
သပ်ရပ်လှပတဲ့
direct free kicks ဂိုးပဲ။
၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်
စတင်ချိန်ကနေ လက်ရှိ
အချိန်အထိ
direct free kicks ကနေ
ဂိုးအများဆုံးသွင်းထားသူတွေက
တိုနေးနဲ့ ဖရီးကစ်ဘုရင်
ဝက်ပရောက်စ်တို့ပဲ ရှိတယ်။

နှစ်ယောက်စလုံးက
၃ ဂိုးစီသွင်းထားတာပါ။
အဲဒီမှာ ပျားကောင်တပ်ဖွဲ့ရဲ့
ဦးဆောင်သူ ပျားဘုရင်ကြီးက
၁၀ ကြိမ်မှာ ၃ ဂိုးဝင်အောင်
ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။
ဝက်ပရောက်စ်ကတော့
၂၅ ကြိမ်မှာ ၃ ဂိုးဝင်တာဆိုတော့
တိုနေးက ပိုကောင်းနေတာ
အမှန်ပါပဲ။

သောမတ်စ်ဖရန့်က
ပြောပါတယ်။
တိုနေးက အသင်းအတွက်
ကြီးမားတဲ့ ခွန်အားပဲတဲ့...

ရီးရဲလ်ကို ဒုက္ခပေးဖို့မွေးဖွားလာသူ 🔥ခေါင်းစဉ်ကတော့နည်းနည်းတော့ကြမ်းနေမလားပဲ။မျက်စိထဲကွင်းကနဲ ကွက်ကနဲမြင်သွားအောင်ပေးလို...
19/01/2024

ရီးရဲလ်ကို ဒုက္ခပေးဖို့
မွေးဖွားလာသူ 🔥

ခေါင်းစဉ်ကတော့
နည်းနည်းတော့
ကြမ်းနေမလားပဲ။
မျက်စိထဲ
ကွင်းကနဲ ကွက်ကနဲ
မြင်သွားအောင်
ပေးလိုက်တာပါ။
ဘယ်သူများဖြစ်မလဲ။

အယ်ဗာရိုမိုရာတာပေါ့။
တကယ်ဆို သူက
ရီးရဲလ်အကယ်ဒမီထွက်။
ပရိုဘဝကိုလည်း
ရီးရဲလ်အသင်းကြီးနဲ့ပဲ
စတင်ခဲ့တာပါ။

ဒါပေမဲ့ မက်ဒရစ်မှာ
နေရာမရခဲ့ဘူး။
ဂျူဗင်တပ်စ်ဆီပြောင်းတယ်။
အားလုံးသိတဲ့
၂၀၁၄-၂၀၁၅ ချန်ပီယံလိဂ်
ဆီမီးမှာ မိုရာတာက
သူ့ရဲ့သွင်းဂိုးတွေနဲ့
ချန်ပီယံရီးရဲလ်ကို
ဖိုင်နယ်တက်ခွင့်
ပိတ်ပေးလိုက်တယ်။

ဂျူဗီပြီးတော့ ရီးရဲလ်ကို
ပြန်ရောက်တယ်။
အဲဒီကနေ ချဲလ်ဆီး။
ချဲလ်ဆီးနေ ဂျူဗီ၊
အက်သလက်တီကိုဆီ
အဌားပြန်ချနဲ့။
ဥရောပကို လွန်းထိုးနေတာ။

အခုတော့ သူက
ငယ်ဘဝကလပ်
တီကိုမှာ အလန်းစား
စွမ်းဆောင်ရည်တွေ
ပြသနေတယ်။
မနေ့ညကလည်း
ရီးရဲလ်ဘက်ကို
တဂိုးသွင်းခဲ့သေးတယ်။
အန်ဆလော့တီရဲ့အသင်းကို
စပိန်ဘုရင့်ဖလား
၁၆ သင်းအဆင့်ကနေ
ထုတ်ပစ်ခဲ့သူတွေထဲ
သူက ထိပ်ဆုံးက ပါတယ်။

အခုဆိုရင် သူက
မြေတောင်မြှောက်ပေးခဲ့ဖူးတဲ့
ရီးရဲလ်ဘက်ကို ၆ ဂိုးအထိ
သွင်းထားပြီပါပြီ။
ဒါက သူ့ရဲ့ဘဝတလျှောက်
အသင်းတသင်းဘက်ကို
ဂိုးအများဆုံးသွင်းဖူးတဲ့
ပူးတွဲစံချိန်ပဲ။
ပထမဆုံးသွင်းခဲ့တာက
ဆီဗီလာ။

၁ ဂျူဗင်တပ်စ် (ချန်ပီယံလိဂ်)
၁ ဂျူဗင်တပ်စ် (ချန်ပီယံလိဂ်)
၁ တီကို (လာလီဂါ)
၁ တီကို (လာလီဂါ)
၁ တီကို (စပိန်ဘုရင့်ဖလား)
၁ တီကို (စပိန်ဘုရင့်ဖလား)

ကိုယ့်ကို အထင်မကြီး၊
ယုံကြည်မှုမရှိတဲ့
အရပ်တခုကိုစွန့်ခွာပြီး
နယ်ပယ်သစ်မှာ
အမိုက်စားစွမ်းဆောင်နေတဲ့
မိုရာတာကိုတော့
ရီးရဲလ်ပရိသတ်တွေက
မုန်းနေမလားပဲ။

CR7 သက်ရောက်မှုဒူဘိုင်းလေ့ကျင့်ရေးခရီးစဉ်အတွင်းမာတင်နယ်လီဟာမြေမကျကန်ချက်နဲ့ဂိုးသွင်းခဲ့ပါတယ်ဂိုးသွင်းအပြီးမှာတော့အာဆင်နယ...
19/01/2024

CR7 သက်ရောက်မှု

ဒူဘိုင်းလေ့ကျင့်ရေး
ခရီးစဉ်အတွင်း
မာတင်နယ်လီဟာ
မြေမကျကန်ချက်နဲ့
ဂိုးသွင်းခဲ့ပါတယ်

ဂိုးသွင်းအပြီးမှာတော့
အာဆင်နယ်တိုက်စစ်မှူးက
ရော်နယ်ဒိုရဲ့ 'SIU' စတိုင်
အောင်ပွဲခံခဲ့ပါတယ်

ဂန်းနားဖန်တွေကတော့
သူ့ကို အမြင်ကတ်နေမလားပဲ

၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးအမ်ဘာပေဟာကြေကွဲနေတဲ့မက်ဆီနဲ့ ဂျာစီချင်းလဲခဲ့ပါတယ်ရော်နယ်ဒိုဖန်လို့ဖွင့်ဟဖူးတဲ့ပြင်သစ်သားကမ...
19/01/2024

၂၀၁၈ ကမ္ဘာ့ဖလား
ဗိုလ်လုပွဲအပြီး
အမ်ဘာပေဟာ
ကြေကွဲနေတဲ့
မက်ဆီနဲ့ ဂျာစီချင်း
လဲခဲ့ပါတယ်

ရော်နယ်ဒိုဖန်လို့
ဖွင့်ဟဖူးတဲ့
ပြင်သစ်သားက
မက်ဆီရဲ့ဂျာစီကို
မှန်ဘောင်နဲ့
စနစ်တကျထားကာ
နေအိမ်မှာ ချိတ်ဆွဲထားပါတယ်

GOAT ကြီးကို
လေးစားရင်းစွဲနဲ့
ဂုဏ်ပြုထားတာ
မဟုတ်ပါလား

ဘယ်သူ့ကို ရွေးမလဲ၃ ယောက်ထဲက ၁ ယောက်ပဲရမယ်အကောင်းဆုံး ဂိုးသမား 🧤အကောင်းဆုံးနည်းပြ 📋အကောင်းဆုံး ကစားသမား ⚽️
18/01/2024

ဘယ်သူ့ကို ရွေးမလဲ

၃ ယောက်ထဲက ၁ ယောက်ပဲရမယ်

အကောင်းဆုံး ဂိုးသမား 🧤
အကောင်းဆုံးနည်းပြ 📋
အကောင်းဆုံး ကစားသမား ⚽️

ကြေပြီ 😎စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။ဇာဗီရဲ့အနာဂတ်တောင် လှုပ်ခတ်ခဲ့သ...
18/01/2024

ကြေပြီ 😎

စပိန်စူပါဖလား ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာကို ၄-၁ နဲ့ အနိုင်ရခဲ့ပါတယ်။

ဇာဗီရဲ့အနာဂတ်တောင် လှုပ်ခတ်ခဲ့သေးတာပါ။

ဒီအရှုံးကို ဘာကာ အမျိုးသမီးအသင်းက ပြန်လည်ပေးဆပ်ခဲ့ပါတယ်။

ယမန်နေ့ညကပြုလုပ်တဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ ရီးရဲလ်ကို ၄ ဂိုးပြတ်အနိုင်ယူပြီး ဖိုင်နယ်တက်ခဲ့တာဖြစ်ပါတယ်။

ဘာကာအမျိုးသမီးအသင်းဟာ လက်ရှိချန်ပီယံဘွဲ့ကိုကာကွယ်ဖို့ လီဗန်တေးနဲ့ ယှဉ်ပြိုင်ရမှာပါ။

မော်ကြီးကတော့ အေးဆေး 😎သူက အချဉ်မဟုတ်ဘူး။ကာယဆရာအဖြစ်စတင်ခဲ့တဲ့ သူ့ဘဝကဘော်ဘီရော့ဘ်ဆင်နဲ့တွဲလုပ်ခွင့်ရတော့ပညာရည်ပြည့်ဝခဲ့တာ...
17/01/2024

မော်ကြီးကတော့ အေးဆေး 😎

သူက အချဉ်မဟုတ်ဘူး။
ကာယဆရာအဖြစ်
စတင်ခဲ့တဲ့ သူ့ဘဝက
ဘော်ဘီရော့ဘ်ဆင်နဲ့
တွဲလုပ်ခွင့်ရတော့
ပညာရည်ပြည့်ဝခဲ့တာပေါ့။
နောက်ပိုင်းအကြောင်းတွေက
အားလုံးလည်း သိပြီးသား။

အများကြီး
ပြောစရာမလိုဘူး။
စပါယ်ရှယ်ဝမ်းက
သူဘာလဲဆိုတာ
ကိုင်တွယ်တဲ့
အသင်းတိုင်းနီးပါးနဲ့
ရယူထားတဲ့
ဆုဖလားတွေက
သက်သေခံနေတယ်။
ပြောစရာရှိရင်
တည့်(ဒဲ့)ပြောတယ်။

ပြိုင်ဘက်နည်းပြတိုင်းနီးပါးနဲ့
စကားများဖူးတယ်။
ရိတယ်။ ထေ့တယ်။
အဲဒါက သူ့အထာပဲ။
ဗီဇလို့လည်း ပြောလို့
ရနိုင်ပါတယ်။

မော်ရင်ညိုက
နည်းပြတွေထဲ
ရသပေါင်းစုံပေးတတ်သူပါ။
ဒါပေမဲ့ သူ့ကို
အချိန်သိပ်မပေးချင်၊
စိတ်မရှည်တတ်တဲ့
ပိုင်ရှင်တွေနဲ့
ကြုံခဲ့ရဖူးတယ်။
အေဘရာမိုဗစ်ချ်၊
ဂလေဇာ၊ အခုနောက်ဆုံး
ရိုးမားပိုင်ရှင်တွေအထိပဲ။

သူက
အောင်မြင်ပြီးသား
အသင်းတသင်းကို
ပိုကောင်းအောင်
လုပ်ပေးနိုင်တယ်။
အထည်ကြီးပျက်
အသင်းတွေကိုလည်း
အရောင်ပြန်တင်ပေးနိုင်တယ်။
လောက်လောက်လားလား
မအောင်မြင်တဲ့
အသင်းတွေကိုလည်း
အောင်မြင်မှုဆိုတာ
ဒါလားလို့ မြည်းစမ်း
ထိတွေ့ခွင့် ပေးနိုင်တဲ့သူ။

အခုတော့ ရိုးမားဟာ
အေစီမီလန်ကို
ရှုံးကာ အမှတ်ပေးဇယား
အဆင့် ၉ အထိ
ကျဆင်းသွားတာကို
ရမယ်ရှာပြီး
မော်ရင်ညိုကို
ထုတ်ပယ်လိုက်ပါပြီ။
သူ့နေရာကို အတွေ့အကြုံ
နုနယ်တဲ့ ဒီရော့စီနဲ့
အစားထိုးလိုက်တယ်။
တကယ်ဆို မော်ရင်ညိုဟာ
ရိုးမားကို ဥရောပ
အောင်မြင်မှုရအောင်
စွမ်းဆောင်ပေးခဲ့တဲ့
ပထမဆုံးနည်းပြပါ။

၂၀၂၂ မှာ
ကွန်ဖရန့်လိဂ်ရတယ်။
၂၀၂၃ မှာ ယူရိုပါလိဂ်
ဖိုင်နယ်ရောက်တယ်။
ရိုးမားနည်းပြတွေထဲ
ဥရောပအဆင့်ပြိုင်ပွဲတွေမှာ
ဖိုင်နယ်ကို ၂ နှစ်ဆက်
တက်နိုင်တာဆိုလို့
မော်ရင်ညိုတယောက်ပဲ
ရှိသေးတယ်။ အမှန်တော့
ကိုပါအီတာလီယာ
ကွာတားဖိုင်နယ်မှာ
မြို့ခံပြိုင်ဘက် လာဇီယိုကို
ရှုံးလို့ ထုတ်ပယ်တာ
ဖြစ်နိုင်တယ်။

တကယ်ဆို ရိုးမားရဲ့
ယခုရာသီ အခြေအနေက
အဆိုးရွားကြီး မဟုတ်ပါဘူး။
အမှားတွေကိုပြင်ဆင်ပြီး
ပြန်လာနိုင်သေးတယ်။
အခုတော့ သူတို့ဟာ
စပါယ်ရှယ်ဝမ်းကို
ထုတ်ပယ်လိုက်ပြီ။

မန်ယူနိုက်တက်တို့၊
စပါးတို့ဆိုရင်လည်း
မော်ရင်ညိုကို အချိန်မပေးဘဲ
လက်လွတ်စပယ်
ထုတ်ပစ်ခဲ့တာပဲ။
အထိုင်ကျနေတဲ့အသင်းကနေ
ဖရိုဖရဲဖြစ်ပြီး အခုချိန်ထိ
တိုင်ပတ်နေတုန်း။
အခုလည်း ရိုးမားက
အင်္ဂလန်ကလပ်တွေရဲ့
လမ်းဟောင်းကြီးအတိုင်း
ဆက်ဖောက်တယ်။

စပါယ်ရှယ်ဝမ်းကတော့
ဘာဖြစ်မှာလဲ။
သူ့လိုလူကို လိုချင်တဲ့
အသင်းတွေမှ အများကြီး။
ရိုးမား တိုင်မပတ်ပါစေလို့
ဆုတောင်းနေရမှာပဲ...

ရီးရဲလ်ကို အန်ဆလော့တီ ဒုတိယအကြိမ်တာဝန်ယူစဉ် ရယူထားတဲ့ ရလဒ်တွေဖြစ်ပါတယ်။💥 ၁၄၅ ပွဲ💥 ၁၀၃ ပွဲနိုင်💥 ဆုဖလား ၇ လုံးအီတလီသားဟာ ...
15/01/2024

ရီးရဲလ်ကို အန်ဆလော့တီ ဒုတိယအကြိမ်တာဝန်ယူစဉ် ရယူထားတဲ့ ရလဒ်တွေဖြစ်ပါတယ်။

💥 ၁၄၅ ပွဲ

💥 ၁၀၃ ပွဲနိုင်

💥 ဆုဖလား ၇ လုံး

အီတလီသားဟာ ပျမ်းမျှ ၂၁ ပွဲမှာ ဖလားတလုံး ရယူထားတဲ့သဘောပါပဲ။

စျေးဦးတော့ပေါက်ပြီနောက်ထပ်လာမှာတွေလည်း ရှိသေးတယ်
15/01/2024

စျေးဦးတော့ပေါက်ပြီ

နောက်ထပ်လာမှာတွေလည်း ရှိသေးတယ်

တူရကီရဲ့ ရတနာများ🇹🇷 အာဒါဂူလာ - ၁၈ နှစ် (AM) တူရကီရဲ့ ပလင်းလက်ဆုံး ရတနာတပါးဖြစ်ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ပွဲ...
14/01/2024

တူရကီရဲ့ ရတနာများ

🇹🇷 အာဒါဂူလာ - ၁၈ နှစ် (AM)
တူရကီရဲ့ ပလင်းလက်ဆုံး ရတနာတပါးဖြစ်ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ပွဲထွက်ကစားနေပါတယ်။

🇹🇷 ကီနန်ယီလ်ဒစ် - ၁၈ နှစ် (SS)
ဂျူဗင်တပ်စ်ရဲ့ နောက်ဆုံး ၅ ပွဲမှာ ၃ ဂိုးသွင်းထားပြီး တူရင်အစုအဖွဲ့ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တယောက်ဖြစ်။

🇹🇷 ဆီမစ်ကီလီဆွိုင်း - ၁၈ နှစ် (CF)
ဘက်ဆစ်တပ်စ်ရဲ့ နောက်ဆုံး ၄ ပွဲမှာ ၅ ဂိုးသွင်းကာ ၂ ဂိုးဖန်တီးပေးထား။

🇹🇷 ချန်အူဇွန် - ၁၈ နှစ် (CF)
ယခုရာသီမှာ နုရင်ဘတ်အတွက် ၉ ဂိုးသွင်း၊ ၃ ဂိုးဖန်တီးထား။

၁၈ နှစ်အရွယ် တူရကီသားတွေရဲ့ စွမ်းဆောင်ရည်ကတော့ ထူးရှယ်ပါပဲ 😍💎

ဂွါဒီယိုလာ နောင်တရနေလောက်ပြီ 🤔လူဆိုတာ ပျော်ရာမှာမနေရဘူး။တော်ရာမှာ နေရမယ်တဲ့ဘဝအတွက်အကောင်းဆုံးအရာတွေဖြစ်လာနိုင်မယ့်အရပ်ဒေ...
14/01/2024

ဂွါဒီယိုလာ
နောင်တရနေလောက်ပြီ 🤔

လူဆိုတာ ပျော်ရာမှာ
မနေရဘူး။
တော်ရာမှာ နေရမယ်တဲ့

ဘဝအတွက်
အကောင်းဆုံးအရာတွေ
ဖြစ်လာနိုင်မယ့်အရပ်ဒေသကို
ရွေးချယ်ရမယ်လို့
သဘောပေါက်မိပါတယ်။
မှေးနေလို့ရပေမယ့်
ကိုယ့်အတွက် ဘဝတက်လမ်း
မရှိရင် ဘာလုပ်မလဲ။
နယ်မြေသစ်ကို
စွန့်စားရွေးချယ်ရမှာပဲ။

ကိုယ့်ရဲ့အရည်အချင်းကို
အသိအမှတ်မပြုတဲ့ရပ်ဝန်းမှာ
အချိန်တွေကို ဘာလို့
အလဟဿ ဆုံးရှုံးခံမလဲ။
ငါလုပ်နိုင်တယ်ဆိုတာ
သက်သေပြဖို့အတွက်
ခေါင်းမော့ရင်ကော့ပြီး
ထွက်လာဖို့လိုတယ်။
ကိုယ့်ဘက်ကလည်း
ဒီလိုဖြစ်အောင်
ကြိုးစားနေဖို့လည်း
လိုတယ်။

ချဲလ်ဆီးကွင်းလယ်တိုက်စစ်
ကစားသမား ကိုးလ်ပါလ်မာရဲ့
အဖြစ်ကလည်း အဲလိုပဲ။
မန်စီးတီးအကယ်ဒမီထွက်
ဒီကောင်လေးက
အရည်အချင်း ရှိတယ်။
ဒါပေမဲ့ ကမ္ဘာကျော်တွေ
စုပြုံနေတဲ့ အစ်တီဟတ်မှာ
သူ့အတွက် ကစားခွင့်က
ရှားပါးလွန်းတယ်။

ဘာနာဒိုဆေးလ်ဗား၊
ဖိုဒန်တို့ကို ကျော်လို့မရဘူး
ဖြစ်နေတာ။ အသင်းကို
ချစ်တယ်။ ၁၃ နှစ်ကြာ
နေလာခဲ့ရပ်ဝန်းကို
သူ မစွန့်ခွာချင်ဘူး။

ဆက်နေချင်တယ်။
ဒီတော့ ဂွါဒီယိုလာကို
မေးတယ်။ ကျွန်တော်
ဆက်နေချင်ပါတယ်ပေါ့။
ဒါပေမဲ့ စပိန်သားက
မင်းအတွက် နေရာမရှိဘူး။

ရောင်းထုတ်တော့မယ်လို့
အသိပေးတယ်။
နောက်ဆုံးတော့ ၂၁ နှစ်အရွယ်
အင်္ဂလန်သားက ချဲလ်ဆီးဆီ
ပေါင်သန်း ၄၀ နဲ့
ရောက်လာတယ်။ အရည်အချင်း
ရှိတယ်၊ ငယ်ရွယ်တယ်။

ဒါကြောင့် ပိုချက်တီနိုက
နေရာပေးတယ်။
ဖူလ်ဟမ်နဲ့ပွဲမှာလည်း
အနိုင်ဂိုးကို ပင်နယ်တီကနေ
သွင်းပေးခဲ့တယ်။
၂၀၂၃-၂၀၂၄ ရာသီမှာ
သူက ချဲလ်ဆီးအတွက်
ကဏ္ဍပေါင်းစုံမှာ
ထိပ်ဆုံးက ရပ်တည်နေတယ်။

🔥 သွင်းဂိုး - ၉

🔥 ဂိုးဖန်တီးမှု - ၄ ဂိုး

🔥 ဂိုးရနိုင်သည့် အခွင့်အရေးဖန်တီးမှု - ၇ ကြိမ်

🔥 သာမန်ဂိုးဖန်တီးမှု - ၂၇ ကြိမ်

ဒါက ရုန်းထွက်လိုသူတယောက်ရဲ့
ပေါက်ကွဲသံစဉ်တွေပဲ
ဖြစ်ပါလိမ့်မယ်။
နယူးကာဆယ်ကို
ခက်ခက်ခဲခဲ ကစားပြီးမှ
အနိုင်ရခဲ့တဲ့ ဂွါဒီယိုလာလည်း
ပါလ်မာရဲ့ လုပ်ဆောင်မှုတွေကို
ကြည့်ပြီး နှမြောနေမလားပဲ။

အလွန်ဆို မော့သောက်မယ့်ဂျာမန်ဘီယာ 🍻၃ မှတ်ရယူနိုင်တဲ့ခံစားမှုက တကယ်ကောင်းပါတယ်။ဒါပေမဲ့ ဒါကနိုင်ပွဲတပွဲမျှသာပဲဖြစ်ပါတယ်။တနင...
14/01/2024

အလွန်ဆို မော့သောက်မယ့်
ဂျာမန်ဘီယာ 🍻

၃ မှတ်ရယူနိုင်တဲ့
ခံစားမှုက တကယ်
ကောင်းပါတယ်။
ဒါပေမဲ့ ဒါက
နိုင်ပွဲတပွဲမျှသာပဲ
ဖြစ်ပါတယ်။
တနင်္လာနေ့ကျရင်
နောက်ကစားမယ့်ပွဲအတွက်
ကျွန်တော်တို့
ပြင်ဆင်ရပါဦးမယ်

အော့စ်ဘတ်ကို
အနိုင်ရတဲ့ပွဲအပြီး
လေဗာကူဆင်နည်းပြ
အလွန်ဆိုပြောခဲ့တဲ့
စကားအချို့ပေါ့။
အောင်ပွဲအတွက်
အလွန်အမင်း
ဂုဏ်ဆာနေတာမျိုး
မရှိဘူး။ နှိမ့်ချမှု
အပြည့်နဲ့ နိုင်ပွဲတွေ
ဆက်ယူသွားမယ်လို့
အသိပေးသွားတဲ့သဘောပဲ။

တကယ်ဆို သူ့အသင်းက
ဘွန်ဒက်စ်လီဂါကို
ဦးဆောင်နေတာပါ။
ချန်ပီယံဘိုင်ယန်ကို
၄ မှတ်ဖြတ်ထားတယ်။
ရာသီဝက်ချန်ပီယံလည်း
ဖြစ်သွားပြီ။

ထူးခြားတာက
လေဗာကူဆင်ဟာ
ပွဲစဉ် ၁၇ ပြီးသွားတဲ့အထိ
ရှုံးပွဲမရှိသေးတာပဲ။
ဥရောပထိပ်တန်းလိဂ်
၅ ခုအနက် အမှတ်ပေးဇယား
ဦးဆောင်သူ အသင်းတွေထဲ
သူတို့ပဲ ရှုံးပွဲမရှိသေးတာ။
ကျန်တဲ့ ၄ သင်းစလုံး
ရှုံးပွဲနဲ့ နဖူးတွေ့ဒူးတွေ့
ကြုံပြီးသွားပြီ။

လီဗာပူးလ်၊ အင်တာ၊
ရီးရဲလ်၊ ပီအက်စ်ဂျီတို့အားလုံး
ရှုံးထားတယ်။ ဒါပေမဲ့
လေဗာကူဆင်ကတော့
ပန်းပန်နေဆဲပဲ။
သူတို့ကို ဖြုတ်ချချင်တဲ့
အသင်းတွေ အများကြီး။

သို့ပေမယ့်
ဖြစ်မလာသေးဘူး။
၁၇ ပွဲမှာ ၁၄ ပွဲနိုင်၊
၃ ပွဲသရေ၊ ရှုံးပွဲနတ္ထိဆိုတဲ့
မှတ်တမ်းက တော်တော်လေး
ချီးကျူးချင်စရာပါ။
ကစားသမားအင်အား
သိပ်မတောင့်ပေမယ့်
စုစည်းမှုနဲ့ ချီတက်နေတာဖြစ်လို့
ပြိုဆင်းသွားဖို့ဆိုတာ
သိပ်မဖြစ်နိုင်ပါဘူး။

တိုက်စစ်က ဘိုင်ယန်ပြီးရင်
ဒုတိယအကောင်းဆုံး၊
ခံစစ်ကလည်း ၁၂ ဂိုးနဲ့
အကျစ်လျစ်ဆုံးအသင်း။
ပွဲစဉ် ၁၇ အပြီး
ရယူထားတဲ့ ၄၅ မှတ်ဆိုတာ
ဘွန်ဒက်စ်လီဂါသမိုင်းမှာ
တတိယအကောင်းဆုံးအသင်းလည်း
ဖြစ်နေပြန်တယ်။
ဒီလိုတွေ့နိုင်ပါတယ်။

✅ ၄၇ မှတ်
🏆 ဘိုင်ယန် (၂၀၁၃-၂၀၁၄)

✅ ၄၆ မှတ်
🏆 ဘိုင်ယန် (၂၀၁၅-၂၀၁၆)

✅ ၄၅ မှတ်
🏆 ဘိုင်ယန် (၂၀၁၄-၂၀၁၅)

✅ ၄၅ မှတ်
❓ လေဗာကူဆင် (၂၀၂၃-၂၀၂၄)

ဘိုင်ယန်က ရာသီဝက်အပြီး
ရမှတ်အများဆုံး အသင်းအဖြစ်
စံချိန်တင်ထားတဲ့
၃ ရာသီစလုံးမှာ
ချန်ပီယံဖလားကို
ကိုင်မြှောက်နိုင်ခဲ့တယ်။
အခုလည်း လေဗာကူဆင်က
သူတို့လို စွမ်းဆောင်ပြထားတယ်။
နောက်ပြီး ကံတရားကလည်း
အလွန်ဆိုတို့ဘက်မှာ
ရှိနေတယ်။

အော့စ်ဘတ်နဲ့ပွဲမှာဆို
ဂိုးမရှိသရေကျပြီလို့
ထင်မှတ်ခဲ့ပေမယ့်
နာကျင်အချိန်ပို ၄ မိနစ်မှာ
အနိုင်ဂိုးသွင်းနိုင်ခဲ့တယ်။
ချန်ပီယံဖြစ်နိုင်ခြေတွေ
အားလုံးက လေဗာကူဆင်ဘက်မှာ
ရှိနေတယ်။ ဒီတော့
အမှတ်ပေးချန်ပီယံဆုကို
လေဗာကူဆင်
ပထမဆုံးအကြိမ်
ရယူနိုင်မယ်ဆိုရင်လည်း
အံ့အားသင့်မနေပါနဲ့။

လက်ခုပ်တီးပြီး
ဂုဏ်ပြုလိုက်ကြတာပေါ့။

ဂျပန်အသင်းဟာ ဒီဂျာစီကိုဝတ်ဆင်ကစားတိုင်း ရှုံးပွဲမရှိသေးပါဘူး
13/01/2024

ဂျပန်အသင်းဟာ

ဒီဂျာစီကိုဝတ်ဆင်ကစားတိုင်း

ရှုံးပွဲမရှိသေးပါဘူး

ခရောင်းလမ်းဆိုတာရီးရဲလ်အတွက် ဖဲမွေ့ယာ 💪ရီးရဲလ်ဟာ ယခုရာသီမှာအကောင်းဆုံးစွမ်းဆောင်ထားနိုင်တယ်။ဒါပေမဲ့ လွယ်လွယ်နဲ့နိုင်ပွဲတ...
13/01/2024

ခရောင်းလမ်းဆိုတာ
ရီးရဲလ်အတွက် ဖဲမွေ့ယာ 💪

ရီးရဲလ်ဟာ ယခုရာသီမှာ
အကောင်းဆုံး
စွမ်းဆောင်ထားနိုင်တယ်။
ဒါပေမဲ့ လွယ်လွယ်နဲ့
နိုင်ပွဲတွေ ရခဲ့တာတော့
မဟုတ်ဘူး။ အခက်အခဲပေါင်း
မြောက်များစွာကို
ကျော်ဖြတ်ပြီးမှ ရယူခဲ့တာပါ။

မက်ဒရစ်ကလပ်ဟာ
ဘယ်လင်ဂမ်၊ အာဒါဂူလာ
စတဲ့ လူငယ်လေးတွေကိုသာ
ခေါ်ယူခဲ့ပြီး ဟိုဆေးလူ၊
ကီပါတို့ကိုတော့ အဌားနဲ့
အရဆွဲခဲ့တယ်။ အခြား
အသင်းတွေဆီ
အဌားချထားသူတွေကိုလည်း
စာချုပ်ပြည့်တော့
ထပ်မဌားတော့ဘဲ အသင်းနဲ့
ပူးပေါင်းခိုင်းတယ်။

ဆိုရရင် ကစားသမား
ခေါ်ယူမှုအပိုင်းမှာ
အရင်လို ငွေမသုံးတော့ဘူး။
ခြိုးခြံပြီး ဖြစ်လာနိုင်သူတွေကိုပဲ
ခေါင်းခေါက်ခေါ်ခဲ့တဲ့
သဘောပဲ။ အသင်းကနေ
ထွက်သွားသူတွေကလည်း
မနည်းမနော။

ဘန်ဇီးမား၊ အဆန်စီယိုတို့
ထွက်သွားတော့ တိုက်စစ်အတွက်
စိုးရိမ်စရာဖြစ်ခဲ့သေးတာပေါ့။
ဒါပေမဲ့ အန်ဆလော့တီက
လူငယ်တွေအားကိုးနဲ့
ခရီးဆက်ဖို့ ကြိုးစားခဲ့ပုံပဲ။
အဆင်ပြေပြေ
ဖြတ်သန်းနိုင်မယ်လို့
ထင်မှတ်ပုံလည်း ရပါတယ်။

ဒါပေမဲ့ ဒဏ်ရာပြဿနာတွေက
သိသိသာသာ များလာခဲ့တယ်။
အဓိက ကစားသမားတွေ
ပါနေတော့ ရီးရဲလ်တော့
သွားပြီပေါ့လေ။
ထင်လည်း ထင်ချင်စရာပဲ။
ယခုရာသီဝက်အတွင်း
ရီးရဲလ်မှာဖြစ်ပျက်ခဲ့တာတွေ
တချက်ကြည့်ပါဦး။

❌ ကော်တွိုက်စ်(ပြင်းထန်ဒဏ်ရာ)
❌ မီလီတာအို(ပြင်းထန်ဒဏ်ရာ)
❌ အလာဘာ(ပြင်းထန်ဒဏ်ရာ)
❌ ဘန်ဇီးမား(အသင်းမှထွက်ခွာ)
❌အမ်ဘာပေကိုခေါ်ယူနိုင်ဖို့ မသေချာ
❌ ဗီနီရှက်စ်(ဒဏ်ရာကြောင့် ပွဲအနည်းငယ်သာကစားနိုင်)
❌ အာဒါဂူလာ(ဒဏ်ရာကြောင့် ၆ လအနားယူရ)

ဒါကြောင့် ကြယ်စင်လေး
လမ်းပျောက်တော့မယ်လို့
ယူဆထားသူတွေကို
အပြစ်တော့ မဆိုသာပါဘူး။
ဒါပေမဲ့ အန်ဆလော့တီရဲ့
သမ္ဘာနဲ့ အသင်းသားတွေရဲ့
ရုန်းကန်အားကို သူတို့
အထင်သေးခဲ့ပုံရပါတယ်။
အခုတော့ ရီးရဲလ်က
ကျဉ်းထဲကျပ်ထဲကနေ
အကောင်းဆုံး
စွမ်းဆောင်ထားပါတယ်။

✅ ၂၇ ပွဲမှာ ၂၃ ပွဲနိုင်
✅ ၁ ပွဲသာရှုံးထား
✅ လာလီဂါဦးဆောင်သူ
✅ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်
✅ စပိန်စူပါဖလား ဗိုလ်လုပွဲ
✅ စပိန်ဘုရင့်ဖလား ၁၆ သင်းအဆင့်

ဖလား ၄ လုံးလမ်းကြောင်းပေါ်
ရှိနေတာ တွေ့ရလိမ့်မယ်။
ဇန်နဝါရီ ၁၄ ဆိုရင်
ဘာစီလိုနာနဲ့ စပိန်စူပါဖလား
ဖိုင်နယ်ပွဲ ကစားရမယ်။
အနိုင်ရခဲ့ရင် ဖလား ၁ လုံး
စောစောစီးစီး
ကိုင်မြှောက်ခွင့်ရမယ်။

ရီးရဲလ်ရဲ့
ရုန်းကြွသံကတော့
လေးစားစရာပါပဲ။

ပိရမစ် ပိသုကာရဲ့အလှည့်လား ❓ယနေ့ အာဖရိကဖလားစတင်ကျင်းပတော့မှာပါ။အာရှဖလားကတော့သူ့ထက်တရက်စောပြီးကျင်းပနေပြီ။အာဖရိကဆိုတာကမ္ဘာ...
13/01/2024

ပိရမစ် ပိသုကာရဲ့အလှည့်လား ❓

ယနေ့ အာဖရိကဖလား
စတင်ကျင်းပတော့မှာပါ။
အာရှဖလားကတော့
သူ့ထက်တရက်စောပြီး
ကျင်းပနေပြီ။
အာဖရိကဆိုတာ
ကမ္ဘာ့ဘောလုံးလောကကို
ကစားသမားအရင်းအမြစ်
ဖြည့်ဆည်းပေးနေတဲ့
ရေသောက်မြစ်ဆိုရင်လည်း
မမှားဘူး။

ယခုနှစ်အတွက်
အိမ်ရှင်က အိုင်ဗရီကို့စ်။
လက်ရှိချန်ပီယံက
မာနေးတို့ရဲ့ ဆီနီဂေါ။
အာဖရိကဖလားအတွက်
ပြိုင်ဘက်ကောင်းတွေက
အများကြီးပဲ။

ဆိုတော့ ဒီပြိုင်ပွဲမှာ
အောင်ပွဲခံဖို့ဆိုတာ
တော်တော်ကို မလွယ်တာ။
အအောင်မြင်ဆုံးအသင်း
အီဂျစ်ဆိုရင် ဗိုလ်မစွဲနိုင်တော့တာ
၁၄ နှစ်ရှိနေပါပြီ။ ၂၀၁၀ မှာ
နောက်ဆုံးအကြိမ်
ဗိုလ်စွဲပြီးကတည်းက
ဖလားမရတော့တာပါ။

ဒီနှစ်မှာတော့
ဒီတာဝန်က ကပ္ပတိန်
ဆာလက်အပေါ်
လုံးလုံးလျားလျား
ကျရောက်လာပြီ။
ဆာလက်ဆိုတာကလည်း
အားလုံးသိပြီးသား။
လီဗာပူးလ်နဲ့အတူ
သူ ဘယ်လိုလူလဲဆိုတာ
မှတ်ကျောက်တိုက်ခံပြီးပြီ။

လိုအပ်နေတာက
နိုင်ငံတကာအဆင့်
ဖလားတလုံး။
၂၀၂၂ ကမ္ဘာ့ဖလား
ခြေစစ်ပွဲမအောင်ခဲ့တဲ့
ဆာလက်အတွက်
အဖြစ်နိုင်ဆုံးက
၂၀၂၃ အာဖရိကဖလား
ချန်ပီယံဆုပဲ။
ရည်မှန်းချက်သာ
ဖြစ်မြောက်ခဲ့ရင်
သူ့ရဲ့ကစားသမားဘဝက
လှပသွားမှာ အသေအချာ။

၃၁ နှစ်အရွယ်
ဆာလက်က
လီဗာပူးလ်နဲ့အတူ
ပြည်တွင်းပြည်ပ
ဖလားအားလုံး
ရယူထားတယ်။
ဒါပေမဲ့ အာဖရိက
ဖလားမှာတော့
၂၀၁၇၊ ၂၀၂၁
နှစ်ကြိမ်စလုံး
ဒုတိယနဲ့သာ
ကျေနပ်ခဲ့ရတယ်။
ဒီရာသီမှာလည်း
သူက လီဗာပူးလ်အတွက်
အကောင်းဆုံးခြေစွမ်း
ပြသထားတယ်။

ပုံစံကောင်းရနေချိန်မှာ
အီဂျစ်အတွက်
စေလွှတ်ပေးထားရလို့
ကလော့ပ်ကတောင်
စောစောအိမ်ပြန်လာပါစေလို့
ပြောရတဲ့အထိပဲ။
ဒါက ဆာလက်အတွက်တော့
တွန်းအားတရပ်ပဲ။
နည်းပြရဲ့စကားကို
ဆန့်ကျင်ဘက်ဖြစ်သွားအောင်
သူလုပ်ရတော့မယ်။

အကောင်းဆုံးအချိန်မှာ
မလုပ်နိုင်ခဲ့ရင်
နောင်တချိန်
စွမ်းဆောင်ပြဖို့ဆိုတာ
မလွယ်ဘူး။
ဒါပေမဲ့ ဆီနီဂေါ၊
အိုင်ဗရီကို့စ်၊ ဂါနာ၊
ကင်မရွန်း၊ နိုင်ဂျီးရီးယား၊
မော်ရိုကို၊ တူနီးရှား၊
အယ်ဂျီးရီးယား စတဲ့
ပြိုင်ဘက်ကောင်းတွေကလည်း
သူတို့လိုပဲ ချန်ပီယံဖြစ်ဖို့
အားခဲထားကြတာ။
အာဖရိကမှာ
အသင်းငယ်လေးဆိုတာ
မရှိဘူး။

အထင်မသေးလိုက်နဲ့
မြွေကိုက်တာထက်
ဆိုးသွားမယ်ဆိုတာချည်းပဲ။
အီဂျစ်အတွက်တော့
ခက်ခက်ခဲခဲ
လျှောက်လှမ်းရမယ့်
ခရီးလမ်းပဲ။
အီဂျစ်ရဲ့ ပိသုကာ
ဆာလက်တယောက်
အသင်းကို ဘယ်လို
ပုံဖော်ထုဆစ်နိုင်မလဲ...

🇪🇬 အီဂျစ်၏
အုပ်စုပွဲစဉ်များ

⏰ ဇန်နဝါရီ ၁၄
🔥 မိုဇမ်ဘစ်

⏰ ဇန်နဝါရီ ၁၈
🔥 ဂါနာ

⏰ ဇန်နဝါရီ ၂၂
🔥 ကိပ်ဗာဒီ

Address

Byamaso Street, South Okkalapa Township
Yangon
11021

Alerts

Be the first to know and let us send you an email when Soccer 88 Sports News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Soccer 88 Sports News:

Videos

Share


Other News & Media Websites in Yangon

Show All