Bungtla Voice
Bungtla Voice ဘုံတလာ အသံသတင်းစုံနဲ့
သတင်းဦး သတင်းထူးများကို တင်ဆက်သည်။
ချင်းတို့ရဲ့ ရှေ့ဘိုးဘွားတွေ ခေတ်ကကျောက်ပြင်၊ လူမျိုးစုအလိုက် အရိုးစုပြာအိုးတွေ ထားခဲ့ကြတယ်။ခေတ်ကာလ အပြောင်းလဲများကြောင်...
13/12/2023
ချင်းတို့ရဲ့ ရှေ့ဘိုးဘွားတွေ ခေတ်က
ကျောက်ပြင်၊ လူမျိုးစုအလိုက် အရိုးစုပြာအိုးတွေ ထားခဲ့ကြတယ်။
ခေတ်ကာလ အပြောင်းလဲများကြောင့် ဘိုးဘွား
တွေရဲ့ ထုံးတမ်း ရိုးရာဓလေ့တွေလဲ့ ပျက်စီးလာခဲ့ပြီ။
#ဘုံတလာ #ချင်းတောင်တန်း
ချင်းပြည်နယ်က ဒေါက်တာမှုထန်း အပါအဝင် စစ်ကောင်စီခေါင်းပိုင်း ၄ ဦးနဲ့ လက်နက်ပွဲစားကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂပိတ်ဆို့ အ...
12/12/2023
ချင်းပြည်နယ်က ဒေါက်တာမှုထန်း အပါအဝင် စစ်ကောင်စီခေါင်းပိုင်း ၄ ဦးနဲ့ လက်နက်ပွဲစားကုမ္ပဏီ ၂ ခုတို့ကို ဥရောပသမဂ္ဂပိတ်ဆို့ အရေးယူ
==============
၁၂၊ ဒီဇင်ဘာ ၊၂၀၂၃
Zalen
ချင်းပြည်နယ် ထန်တလန်မြို့က ဒေါက်တာမှုထန်း အပါအဝင် စစ်ကောင်စီခေါင်းပိုင်း ၄ ဦးနဲ့ မြန်မာနိုင်ငံက လက်နက်ပွဲစား ကုမ္ပဏီ ၂ ခု တို့ကို ဥရောပသမဂ္ဂ ကပိတ်ဆို့အရေးယူလိုက်ကြောင်း EU က ဒီဇင်ဘာလ ၁၁ ရက်နေ့တွင်ထုတ်ပြန်ထားပါတယ်။
EU ကပိတ်ဆို့ အရေး ယူလိုက်တဲ့သူတွေကတော့ စစ်ကောင်စီအဖွဲ့ဝင်များဖြစ်ကြတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဟောင်း ဝဏ္ဏမောင်လွင်၊ ဒေါက်တာမှုထန်းနဲ့ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး တို့ဖြစ်ပါတယ်။ အရေးယူ ပိတ်ဆို့ခံရတဲ့ ကုမ္ပဏီတွေ ကတော့ စစ်ကောင်စီ အတွက် ဝင်ငွေရှာပေးနေပြီး စစ်လက်နက် နဲ့ ဆက်စပ်ပစ္စည်းတွေပါတင်သွင်းနေတဲ့ လက်နက်ပွဲစားတွေဖြစ်တဲ့ Star Sapphire Group of Companies နဲ့ Royal Shune Lei Company Limited တို့ဖြစ်ပါတယ်။
ယခုလို EU က ပိတ်ဆို့လိုက်တဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေ ခေတ္တထိန်းချုပ်ထားမှာ ဖြစ်ပြီး အဆိုပါ လူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေ ရဲ့ အကျိုးအမြတ် (သို့မဟုတ်)ရန်ပုံငွေ (သို့မဟုတ်) စီးပွားရေးအရင်းအမြစ်များ ထောက်ပံ့ပေးခြင်းကိုလည်း တားမြစ်တာအပြင် အဲဒီလူပုဂ္ဂိုလ် နဲ့ အဖွဲ့အစည်းတွေကို ဥရောပသဂ္ဂ နိုင်ငံတွေမှာ ခရီးသွားလာခွင့် ပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ဒေါက်တာမှုထန်းဟာ ချင်းပြည်နယ် ထန်တလန်မြို့ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်ဖြစ်သလို ပြည်နယ် ကြံ့ခိုင်ရေးပါတီမှာလည်းဥက္ကဌတာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ဒေါက်တမှုထန်းဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ တယ်လို့ သိရပြီး အာဏာသိမ်းရန် စစ်ကောင်စီ အတွက်အဓိ ကအကြောင်းပြချက်ဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲတွင်မူ မဲအပြတ်အသက်နဲ့ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။ ဒေါက်တာမှုထန်းဟာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူလို့ လည်းသိရပါတယ်။
Bungtla Voice #ဘုံတလာ
ချင်းပြည်ကောင်စီယန္တရားများလည်ပတ်နိုင်ရေးနှင့် မဏ္ဍိုင် သုံးရပ် ဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဉ်များရေးဆွဲချမှတ်ခိုနူမ်းသုန်...
11/12/2023
ချင်းပြည်ကောင်စီယန္တရားများလည်ပတ်နိုင်ရေးနှင့် မဏ္ဍိုင် သုံးရပ် ဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဉ်များရေးဆွဲချမှတ်
ခိုနူမ်းသုန်သတင်း၊ ၁၁ ဒီဇင်ဘာ ၂၀၂၃
(006SV)
ချင်းပြည်နယ်၊ ချင်းလုံ(Chinlung) မြို့တွင် ပထမအကြိမ် ချင်းပြည်ကောင်စီအစည်းအဝေးကို ယနေ့ ကျင်းပခဲ့ပြီး ချင်းပြည်ကောင်စီ လုပ်ငန်း ယန္တရားနှင့် မဏ္ဍိုင် သုံးရပ်ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်စဉ်များနှင့် လုပ်ငန်းလမ်းညွှန်ချက်များကို ရေးဆွဲချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။
ယနေ့ ဒီဇင်ဘာလ ၁၁ ရက်တွင် ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံသက်တမ်း၏ ပထမအကြိမ် ချင်းပြည်ကောင်စီ အစည်း အဝေးကို ချင်းလုံမြို့တွင် ကျင်းခဲ့ရာ ကောင်စီဝင် ၈၃ ဦး ပါဝင်တက်ရောက်ခဲ့သည်ဟု ချင်းလဲန်းကောင်စီက သတင်းထုတ်ပြန်သည်။
ယင်းအစည်းအဝေးတွင် ချင်းပြည်ကောင်စီ လုပ်ငန်း ယန္တရားများ လည်ပတ်နိုင်ရေး၊ ချင်းပြည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီးရင်ရေးမဏ္ဍိုင် သုံးရပ် ဖွဲ့စည်းနိုင်ရေးအတွက် လုပ်ငန်းစဉ်များနှင့် လုပ်ငန်းလမ်းညွှန်များကို ချင်းပြည်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ရေးဆွဲချမှတ်ခဲ့သည်ဟု သိရသည်။
“ဦးတည်ချက်က စစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်ရေးဆိုတဲ့ အဲဒါတွေ ကို ဟန်ချက်ညီညီ တည်ဆောက်နိုင်ဖို့က စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီဖို့ ဖြစ်တယ်။ နိုင်ငံရေးနဲ့ စစ်ရေး အားကောင်းဖို့ ၊ ချင်းပြည်ကို စုစုစည်းစည်းနဲ့ သွားနိုင်ဖို့ အဓိက ရည်ရွယ်ခြင်းဖြစ်တယ်။ အဲဒီမှာ ချင်းလဲန်းကောင်စီကနေ တစ်ဆင့် အနာဂါတ် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအထိ ကျနော်တို့ လိုချင်တဲ့ ပက်ကား အစိုးရ ဖြစ်လာတဲ့အထိ တည်ဆောက်သွားဖို့ ဖြစ်ပါတယ်” ချင်းပြည်ကောင်စီ တွဲဖက်အတွင်းရေးမှူး (၁) ဆလိုင်းထက်နီက ခိုနူမ်းသုန်နှင့် ယမန်နေ့က သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။
ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ချင်းပြည် တည်ဆောက်ရေးလုပ်ငန်းများ ဖော်ဆောင်ရာတွင် တော်လှန်ရေးအပြီးသတ် အောင်နိုင်ရေးအတွက် ချင်းပြည်ကောင်စီနှင့်အတူ ပြည်တွင်းပြည်ပရှိ ချင်းတစ်မျိုးသားလုံး လက်တွဲပူးပေါင်းပါဝင်ရန်လည်း ချင်းပြည်ကောင်စီကတိုက်တွန်းထားသည်။
စစ်ရေးနှင့် နိုင်ရေးကို ဟန်ချက်ညီညီ ဖော်ဆောင်ရာတွင် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ အစိုးရများ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ချင်းပြည်ကောင်စီက လက်တွဲဆောင်ရွက်သွား မည်ဟု ထုတ်ပြန်သည်။
Bungtla Voice #ဘုံတလာ #ချင်းတောင်တန်း
CDF(ပလက်ဝ)ထံ ရဲတပ်ဖွဲ့ နဲ့ စစ်သား ၁၀ ဦး အလင်းဝင်================၁၁ ရက်၊ ဒီဇင်ဘာ၊ ၂၀၂၃Zalenချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ...
11/12/2023
CDF(ပလက်ဝ)ထံ ရဲတပ်ဖွဲ့ နဲ့ စစ်သား ၁၀ ဦး အလင်းဝင်
================
၁၁ ရက်၊ ဒီဇင်ဘာ၊ ၂၀၂၃
Zalen
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ CDF(ပလက်ဝ)ထံ စစ်ကောင်စီလက်အောက်ခံ ရဲ နဲ့ စစ်သား စုစုပေါင်း ၁၀ ဦး အလင်းဝင်လာခဲ့တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ နဲ့ စစ်သားတွေဟာ ရှင်းလက်ဝကျေးရွာ အခြေစိုက် ဗျူဟာ- ၃၊ ခလရ-၂၉၉ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ နှင့် ရှင်းလက်ဝရဲစခန်းမှ ဒေသခံ ရဲတပ်ဖွဲ့ဝင် ၈ ဦးတို့ ဖြစ်ကြပါတယ်။
ရှင်းလက်ဝ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၈ ဦးဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ အလင်းဝင်ရောက်လာပြီး ရှင်းလက်ဝဗျူဟာ ၃၊ ခလရ-ခလရ-၂၉၉ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦးနဲ့ တပ်သား ၁ ဦးတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့မှာ CDF(ပလက်ဝ)ထံ အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။
ပလက်ဝကိုယ်ပိုင်အုပ်ချုပ်သောခရိုင်ကောင်စီနဲ့ ချင်းနယ်မြေကာကွယ်ရေးတပ်ဖွဲ့(ပလက်ဝ)တို့ရဲ့ ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ(၁၄)ရက်နေ့ ထုတ်ပြန်ချက် အပိုဒ်(၂)၊ (၃)အရ ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ခိုလှုံတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း(၁၀)ဦးကို ဘေးကင်းလုံခြုံတဲ့နေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အခုအလင်းဝင်လာတဲ့ စစ်ကောင်စီဘက်တော်သားများဟာ လက်နက်တော့ ယူဆောင်လာခြင်း မရှိခဲ့ကြောင်း သိရပါတယ်။
သတင်း-ခူမီး
Bungtla Voice #ဘုံတလာအသံ #ဘုံတလာ #ချင်းတောင်တန်း
ချင်းပြည် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့် ချင်းပြည်ကောင်စီကို ပထမအကြိမ်ချင်းပြည်ကောင်စီညီလာခံက အတည်ပြုဖွဲ့စည်းခိုနူမ်းသုန်သတင...
08/12/2023
ချင်းပြည် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့် ချင်းပြည်ကောင်စီကို ပထမအကြိမ်ချင်းပြည်ကောင်စီညီလာခံက အတည်ပြုဖွဲ့စည်း
ခိုနူမ်းသုန်သတင်း၊ ၇ ဒီဇင်ဘာ ၂၀၂၃
ချင်ပြည်ကောင်စီနှင့် ချင်းပြည် ဖွဲ့စည်းပုံအခြေခံဉပဒေကို ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံတွင် ဒီဇင်ဘာလ ၆ ရက်နေ့က အတည်ပြုဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။
ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်နေ့အထိ Victoria Base, Chinland တွင် အောင်မြင်စွာကျင်းပခဲ့ကြပြီး ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစုအဖွဲ့မှကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပဧည့်သည်တော်များ စုစုပေါင်း ၂၃၅ ဦး တက်ရောက်ခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့စွဲဖြင့် ချင်းပြည်ကောင်စီညီလာခံက ထုတ်ပြန်သည်။
ယင်းညီလာခံတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဉပဒေကို ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်း ၁၁ နာရီ ၃၃ မိနစ်တွင် အတည်ပြုကာ ချင်းပြည်ကောင်စီကိုလည်း မွန်းလွဲပိုင်း ၁ နာရီ၂၇ မိနစ်တွင် အတည်ပြုဖွဲ့စည်းပေးခဲ့သည်ဟု ချင်းပြည်ကောင်စီ ညီလာခံက ထုတ်ပြန်သည်။
အသစ်ဖွဲ့စည်းလိုက်သော ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဟုဆိုသည်။
ချင်းပြည်ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်မှာ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ နိုင်ငံရေးနှင့်အမျိုးသားတန်းတူ အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်နှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရန်တို့ဖြစ်သည်ဟု သိရသည်။
#ဘုံတလာ Bungtla Voice
မြန်မာစစ်ဘေးရှောင်များအရေး အကောင်းဆုံးဖြစ်အောင် ဗဟိုအစိုးရနဲ့ဆွေးနွေးသွားမယ်လို့ မီဇိုရမ်ပြည် နယ်ဝန်ကြီးချုပ်အသစ်ဖြစ်လာမ...
08/12/2023
မြန်မာစစ်ဘေးရှောင်များအရေး အကောင်းဆုံးဖြစ်အောင် ဗဟိုအစိုးရနဲ့ဆွေးနွေးသွားမယ်လို့ မီဇိုရမ်ပြည် နယ်ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့် ပူးလာလ်ဒုအောမ်မာ ပြောကြား
==============
၇၊ ဒီဇင်ဘာ ၊ ၂၀၂၃
Zalen
၂၀၂၃ မီဇိုရမ်ပြည်နယ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာမည့် ပူးလာလ်ဒုအောမ်မာမှ မီဇိုရမ်ပြည်နယ်တွင်ခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များအရေးကိုအကောင်း ဆုံးလုပ်ဆောင်နိုင်ရန်အတွက် အိန္ဒိယဗဟို အစိုးရနဲ့ တွေ့ဆုံရာတွင်ဆွေးနွေးသွားမယ်လို့ ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင်ပြောကြား သွားပါတယ်။
မီဇိုရမ်ပြည်နယ်အထွေထွေရွေးကောက်ပွဲ (Mizoram Legislative Assembly) တွင်အနိုင်ရရှိကာ အစိုးရအ သစ်ဖွဲ့စည်းတော့မည့် Zoram People’s Movement (ZPM) ပါတီဥက္ကဌ ပူးလာလ်ဒိုအောမ်မာ ဟာ ဒီကနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အစိုးရသစ်ဖွဲ့စည်းမည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး မီဇိုရမ်ပြည်နယ် အုပ်ချုပ်ရေးမှူး Kambhampati Hari Babu နှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းမီဒီယားများထံသို့ ယခုလိုပြောကြားသွား တာဖြစ်ပါတယ်။
ဒေသသတင်းများမှ မီဇိုရမ်ရှိမြန်မာစစ်ဘေးရှောင်များအကြောင်းနှင့်ပတ်သက်ပြီးမေးမြန်းရာတွင် “မြန်မာ စစ်ဘေးရှောင်ကိစ္စနဲ့ပတ်သက်လို့ကတော့ အိန္ဒိယဗဟို နိုင်ငံခြားရေးရာဝန်ကြီးနဲ့ ဖုန်းပြောထားပြီးဖြစ်ကာ အမြန်ဆုံး လူကိုယ်တိုင်တွေ့ပြီး အိန္ဒိယ နိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒများနှင့် မြန်မာစစ်ဘေးရှောင်များကိစ္စကို အရင်ဆွေးနွေးဖို့လိုတယ်၊ ဘာပဲဖြစ်လာပါစေ မြန်မာစစ်ဘေးရှောင်အရေးဟာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာကိစ္စရပ်များဖြစ်တယ်၊ ကျွန်တော်တို့ဟာ ကိုယ်နဲ့မသိဖူးတဲ့လူတွေကိုတောင် သူတို့စား စရာမရှိရင်ကူညီပေးသေးတာဘဲ မြန်မာဘက်ကနေစစ်ဘေးရှောင်လာကြတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ ညီအကိုများဖြစ်ကြတာနဲ့အညီ အကောင်းဆုံးကူညီသွားမှာဖြစ်ပြီး ဗဟိုအစိုးရအနေနဲ့လည်း ကူညီပေးသွား မယ်လို့ မျှော်လင့်ပါတယ်” လို့ ပူးလာလ်ဒုအောမ်မာ ကပြောကြားသွားပါတယ်။
ပူးလာလ်ဒုအောမ်မာဦးဆောင်တဲ့ ZPM ပါတီဟာ ၂၀၂၃ ရွေးကောက်ပွဲတွင်မဲဆန္ဒနယ် ၄၀ အနက် ၂၇ နေရာ တွင်အနိုင်ရရှိခဲ့တာကြောင့် မီဇိုရမ်ပြည်နယ်အစိုးရသစ်ဖွဲ့စည်းခွင့်ရတဲ့နိုင်ငံရေးပါတီဖြစ်ပါတယ်။ ထိုပါတီ အနေဖြင့် လာမည့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် အစိုးရသစ်ကို တရားဝင်တာဝန်ယူလက်ခံမှာဖြစ်ပြီး မီဇိုရမ်ပြည်နယ်အုပ်ချုပ်ရေးမှူး(Governor) အိမ်ယာ Raj Bahwan တွင် ကျမ်းသစ္စာ ကျိန်ဆိုသည့် အခမ်းအနားကျင်းပ သွားမယ်လို့သိရပါတယ်။
ယခုမီဇိုရမ်ပြည်နယ်တွင် မြန်မာနိုင်ငံမှ ချင်းစစ်ဘေးရှောင် သုံးသောင်းကျော်ခိုလှုံလျက်ရှိတယ်လို့သိ ရပါ တယ်။
သတင်း - Grace
ချင်းလူမျိုးဆိုရင်အောက်ချင်းငှက် ကို ဖိုးဘွားစဥ်ဆက် အသိအမှတ်ပြု ဂုဏ်ပြုတတ်ကြပါတယ်။ပွဲလမ်းသဘင်တွေဆို အောက်ချင်းငှက် အမွှေ...
07/12/2023
ချင်းလူမျိုးဆိုရင်
အောက်ချင်းငှက် ကို ဖိုးဘွားစဥ်ဆက် အသိအမှတ်ပြု ဂုဏ်ပြုတတ်ကြပါတယ်။
ပွဲလမ်းသဘင်တွေဆို အောက်ချင်းငှက် အမွှေးကို ဆံထုံထိုး အောင်ပွဲတွေ အလီလီပန်ဆင်ထားကြပါတယ်။
ချင်းရိုးရာကို မြတ်နိုးသူတိုင်းက အောက်ချင်းငှက် သမိုင်းကိုသိကြပါတယ်။
အောက်ချင်းငှက် ရောင်စုံ အလှဆင်ခြင်း
ဖန်တီးသူကို ကျေးဇူးတင်ပါတယ်။
Credit : #ကဗျာဆန်တဲ့ချင်းတို့မြေ
#ဘုံတလာအသံ #ဘုံတလာ Bungtla Voice
■ အဂတိ၊ အကျင့်ပျက်ခြစားမှုကင်းစင်ရေး ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ မင်းတပ်မြို့နယ် ပအဖ ပန်ကြား~~~~The Mindat Postဒီဇင်ဘာလ...
06/12/2023
■ အဂတိ၊ အကျင့်ပျက်ခြစားမှုကင်းစင်ရေး ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ မင်းတပ်မြို့နယ် ပအဖ ပန်ကြား
~~~~
The Mindat Post
ဒီဇင်ဘာလ ၆၊ ၂၀၂၃
မြို့နယ်အတွင်း ပြည်သူ့ချုပ်ရေးအုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေမှာ အဂတိကင်းရှင်းပြီး မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ကြေညာပါတယ်။
တော်လှန်ရေးကာလ အာဏာရှင်အမြစ်ဖြတ် ချေမှုန်းရေးမှာ အကျင့်ပျက်ခြစားမှု ကင်းစင်ဖို့၊ အာဏာအလွဲသုံးစားပြုလုပ်မှုတွေ လုံးဝကင်းစင်ပြီး ပြည်သူလူထု ယုံကြည်အားကိုးရတဲ့ အုပ်ချုပ်ရေးယန္တယားကို အကောင်ထည်ဖော် ဆောင်ရွက်နေတယ်လို့ ပြောထားပါတယ်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ တင်ပြစာ၊ တိုင်ကြားစာနဲ့ မှုခင်းကိစ္စတွေလာရောက်တင်ပြရာမှာ ငွေသားပေးခြင်း၊ ပစ္စည်းဥစ္စာထည့်သွင်းခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့နဲ့ ပြည်သူတွေအနေနဲ့ အဂတိကင်းစင်ရေးမှာ ပူးပေါင်းပါဝင်ကူညီကြဖို့ မင်းတပ်မြို့နယ် (ပအဖ) က အသိပေးပန်ကြားထားပါတယ်။
#ဘုံတလာအသံ #ဘုံတလာ Bungtla Voice
အစ္စရေးနဲ့ ဟာမတ်စ်တို့ ဂါဇာမှာ တိုက်ပွဲပြင်းထန်နေဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟာမတ်စ်စစ်သွေးကြွတွေဟာ ဒီန...
06/12/2023
အစ္စရေးနဲ့ ဟာမတ်စ်တို့ ဂါဇာမှာ တိုက်ပွဲပြင်းထန်နေ
ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေနဲ့ ဟာမတ်စ်စစ်သွေးကြွတွေဟာ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေသလို၊ ပါလက်စတိုင်း အရပ်သားတွေမှာလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေရဖို့ ပိုမိုခက်ခဲလာပါတယ်။ အစ္စရေးစစ်တပ်ကတော့ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပစ်မှတ် ၂၅၀ ခန့်ကို ပြီးခဲ့တဲ့ ရက်တွေကပဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ပဲ ပြောပါတယ်။
တနင်္လာနေ့ မွန်းလွဲပိုင်းကစလို့ ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ပြင်းထန်တဲ့ မြေပြင်တိုက်ပွဲတွေ၊ ဒုံးကျည်တိုက်ခိုက်မှုတွေနဲ့အတူ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း သိသိသာသာ ပြင်းထန်လာတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။ ဂါဇာတောင်ပိုင်းက ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ Khan Younis (ခန် ရိုနစ်) မြို့ကိုလည်း အစ္စရေးစစ်တပ်က ဝိုင်းရံထားပါတယ်။
ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီကတော့ ဂါဇာမှာရှိတဲ့ လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းနီးပါး၊ ခန့်မှန်းခြေ လူဦးရေ ၁ ဒသမ ၉ သန်းဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး၊ အဲ့ဒီထဲက ၁ သန်းဟာ ဂါဇာတောင်ပိုင်းရှိ ကုလသမဂ္ဂ ကယ်ဆယ်ရေးစခန်းတွေမှာ မှတ်ပုံတင်ထားသူတွေဖြစ်တယ်လို့ ပြောပါတယ်။
#ဘုံတလာ #ဘုံတလာအသံ
🌐- https://bit.ly/47I3YEh
ကျောက်မဲနှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို TNLA က သိမ်းပိုက် ၊ စစ်သားများ ထွက်ပြေးပြီး လက်နက် ၂၃ လက်နှ...
06/12/2023
ကျောက်မဲနှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို TNLA က သိမ်းပိုက် ၊ စစ်သားများ ထွက်ပြေးပြီး လက်နက် ၂၃ လက်နှင့် ခဲယမ်း အများအပြား သိမ်းဆည်းရရှိ
ဒီဇင်ဘာ ၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနှင့် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကို TNLA က တိုက်ခိုက် သိမ်းပိုက် လိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီအချိန် ကျောက်မဲမြိုနယ် စစ်ကောင်စီ မိုင်းလုံတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ တပ်စခန်းတွင် တအာင်းတပ်မတော် TNLA ဝင်ရောက်တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်မှာ တပ်ပျက်ပြီး ကစဥ်ကလျား ထွက်ပြေးသွားခဲ့ကြောင်း၊ စစ်ကောင်စီ၏ 80/60MM လက်နက်ကြီးအပါအဝင်၊ လက်နက် ၁၃ လက်နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရှိရသည်။
အလားတူ ဒီဇင်ဘာလ ၅ ရက်နေ့ ည သန်းခေါင်းအချိန် နမ့်ခမ်းမြိုနယ် စစ်ကောင်စီ မိုင်းဝီးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA မှ ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဆိုပါ မိုင်းဝီးတပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၂ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ ၄ ရက်အကြာ ဒီဇင်ဘာ ၅ ရက်နေ့တွင် အလုံးစုံသိမ်းပိုက်ရရှိခဲ့ကြောင်း၊ ၎င်းတပ်စခန်းအတွင်း စစ်ကောင်စီ၏ 60 MM လက်နက်ကြီးအပါအဝင် လက်နက် (၁၀) လက်၊ ခဲယမ်းများ နှင့် စစ်သုံးဆောင်ပစ္စည်းများ ရှင်းလင်းသိမ်းဆည်းရမိကြောင်း သိရှိရသည်။
လတ်တလော သိမ်းပိုက်ရရှိသည့် တပ်စခန်း ၂ ခုအပါအဝင် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက် တိုဘာ ၂၇ ရက်မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ TNLA က စစ်ကောင်စီ တပ်စခန်း ၅၃ ခုကို ရှင်းလင်းသိမ်းပိုက် ရမိပြီးဖြစ်ကြောင်း သိရှိရသည်။https://www.facebook.com/share/SoNikJMn7gcQfuJ9/?mibextid=Jwwqyc
Bungtla Voice #ဘုံတလာ
PDF သိမ်းထားတဲ့ ခမ်းပတ်မြို့ပြန်လည်ရရှိရေး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ ခမ်းပတ်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြတယ်လ...
06/12/2023
PDF သိမ်းထားတဲ့ ခမ်းပတ်မြို့ပြန်လည်ရရှိရေး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ ခမ်းပတ်ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရ
ဒီဇင်ဘာလ(၆)ရက်နေ့။
ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF) သိမ်းထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပိတ်မြို့ကို စစ်ကောင်စီဖက်ကပြန်လည်ရရှိရေး စစ်ကြောင်းထိုး လာတယ်လို့ သိရပြီးတဲ့နောက်ပိုင်း ဒေသခံတွေဟာဘေးလွတ်ရာနေရာတွေမှာထွက်ပြေးတိမ်းရှောင်ကြတယ်လို့ စစ်ဘေးရှောင်နေသူတွေကပြောပါတယ်။
ခမ်းပတ်မြို့က စစ်ကောင်စီတပ်အခြေစိုက်စခန်းကို နိုဝင်ဘာလ(၇)ရက်နေ့မှာ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင် တွေက ဝင်ရောက်သိမ်းပိုက်ပြီးတဲ့နောက် တစ်လခန့်အကြာ ဒီဇင်ဘာလ လဆန်းပိုင်းကစတင်ပြီးခမ်းပတ်မြို့ ပြန်လည်ရရှိရေးအတွက် စစ်ကြောင်းထိုးလာပြီးတဲ့နောက် ဒေသခံတွေဟာ မြို့ပေါ်ကိုမနေရဲကြတော့ဘဲ ဘေးလွတ်ရာနေရာတွေမှာထွက်ပြေးတိမ်းရှောင်ကြတယ်လို့ဒေသခံကအခုလိုပြောပါတယ်။
“အမှတ်(၁)နဲ့အမှတ်(၂)ရပ်ကွက်ကတော့ အရင်ကတည်းက လေကြောင်းရန်ကြောက်လို့မြို့ပေါ်မနေရဲကြဘူး၊ အခုရှောင်နေတဲ့သူတွေအများစုကတော့ သက်ကြီးပိုင်းနဲ့ကလေးတွေပါတယ်ပေါ့နော် တစ်မြို့လုံးနီးပါးလို့ ပြောလို့ ရတယ်”လို့ပြောပါတယ်။
ခမ်းပတ်မြို့ကဒေသခံတွေဟာ မြို့လုံးကျွတ်စစ်ဘေးရှောင်နေကြတာဟာ ပထမအကြိမ်အဖြစ် ဇူလိုင်လ(၂၃)ရက် နေ့ကတစ်ကြိမ်၊ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ(၃)ရက်နေ့ကတစ်ကြိမ်မြို့လုံးကျွတ်စစ်ဘေးရှောင်ကြပြီး ယခုအကြိမ်နဲ့ဆိုရင် (၃)ကြိမ်မြောက်ဖြစ်တယ်လို့သိရပါတယ်။
အခုလို စစ်ကောင်စီဖက်က ခမ်းပတ်မြို့ကိုပြန်လည်ရရှိရေး အင်အား(၂၀၀)ခန့်ဖြင့်စစ်ကြောင်းထိုးနေတဲ့အချိန် စစ်ဘေးရှောင်နေကြတဲ့ ခမ်းပတ်မြို့ကဒေသခံ(၄)ယောက်ကို ဖမ်းဆီးသွားတယ်လို့လဲသိရပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအကြား ခမ်းပတ်မြို့ပေါ်မှာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့သိရပါတယ်။
#ဘုံတလာ
05/12/2023
လက်နက်ကိုင်အဖွဲ့များ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် မင်​းအောင်လှိုင်ပြော
်
၅.ဒီဇင်ဘာလ. ၂၀၂၃ .ခုနှစ် ၊
ဒို့တာဝန်အရေး ၃ ပါး ထိပါးလျှင် အကျိုးဆက်ကို ဒေသပြည်သူများသာ ခံစားရမည်ဟု မင်းအောင်လှိုင်က ခြိမ်းခြောက်ပြောဆို
လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက် မမိုက်မဲကြဘဲ နိုင်ငံ ရေးအရ ဖြေရှင်းကြရန် ဖိတ်ခေါ်လာပြီး စစ်တပ်အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံး၀ အထိခိုက်ခံမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
နေပြည်တော်တွင် ဒီဇင်ဘာလ ၄ ရက်နေ့ ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလာခြင်းဖြစ်သည်။
လက်ရှိ ပြည်နယ်/တိုင်းများတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် လက်နက်ကိုင်အဖွဲ့များကြောင့်ဟု မင်းအောင်လှိုင် အပြစ်တင်ပြီး ရခိုင်ပြည်နယ် မတည်ငြိမ်မှုမှာ AA ကြောင့် ဖြစ်ကြောင်း၊ ကယား ပြည်နယ်တွင်လည်း လွိုင်ကော်မြို့ရှိ နေအိမ်အဆောက်အအုံများစွာ ပျက်စီးခဲ့ပြီး ပြန်လည် ထူထောင်ရေး ဆောင်ရွက်ရန် အလွန်ပင်ခက်ခဲသွားပြီဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင် ပြောဆိုသည်။
လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်း နက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစာပင် ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင် ပြောသည်။
သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်ထောင်စုကြီး လုံး၀ပြိုကွဲ၍ ရမည်မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် နိုင်ငံတော်ကို တည်ဆောက်ပေးထားခြင်းဖြစ်ပြီး ခိုင်ခိုင်မာမာ ဆောင်ရွက်ထားခြင်းဖြစ်သဖြင့် လုံး၀ အထိခိုက်ခံမည်မဟုတ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာပါက ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ခြိမ်းခြောက်ပြောဆိုသည်။
အကြမ်းဖက်မင်းအောင်လှိုင်က ထိုသို့ ပြောဆိုသော်လည်း ရှမ်းပြည်မြောက်ပိုင်း စစ်မြေပြင်တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်း၊ ကရင်နီ၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် အပါအဝင် ရှေ့တန်းစစ်မျက်နှာပြင်များတွင် မြို့များနှင့် စစ်စခန်းများ ဆုံးရှုံးပြီး စစ်တပ်ဘက်မှ စစ်သား ရာပေါင်းများစွာ သေဆုံးလျက်ရှိကြောင်း နိုင်ငံတစ်ဝန်း စစ်ရေး သတင်းများအရ သိရှိရသည်။
ဓာတ်ပုံ- မင်းအောင်လှိုင်။
#ဘုံတလာအသံ #ဘုံတလာ
မုန်းမြို့ သိမ်းပိုက်ကြောင်း KNU ကြေညာ၊ စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် အများအပြား လ၊က်နက်ချ အညံ့ခံ~~~ဒီဇင်ဘာလ ,၅၊ ၂၀၂၃ပဲခ...
05/12/2023
မုန်းမြို့ သိမ်းပိုက်ကြောင်း KNU ကြေညာ၊ စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် အများအပြား လ၊က်နက်ချ အညံ့ခံ
~~~
ဒီဇင်ဘာလ ,၅၊ ၂၀၂၃
ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ ပူးပေါင်းတပ်က ဒီနေ့ (ဒီဇင်ဘာ ၄) မှာ သိမ်းပိုက်လိုက်နိုင်ပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ကြေညာလာပါတယ်။
စစ်ကောင်စီတပ်ရင်းမှူး အပါအဝင် အများအပြား လ၊က်နက်ချအညံ့ခံလာတယ်လို့လည်း (KNU) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့နဲ့ PDF တော်လှန်ရေး ပူးပေါင်းတပ်က ဒီဇင်ဘာလ ၂ ညပိုင်းမှာ စတင်တို၊က်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ အပြီးသိမ်းနိုင်ခဲ့တာလို့ သိရပါတယ်။
မုန်းမြို့ပေါ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခမရ−၅၉၉၊ ခမရ−၅၉၀) မုန်းမြို့မ ရဲစခန်းနဲ့ တံတားထိပ် ဂိတ်စခန်းတွေကို ဦးတည် တို၊က်ခိုက်တာဖြစ်ပြီး ၂ ရက်အကြာမှာ မြို့ကို အပြီးသိမ်းနိုင်တာပါ။
‘စစ်ဆင်ရေး ၁၀၂၇’ နဲ့အတူ တော်လှန်ရေးအင်အားစုတွေက ပြန်လည်သိမ်းယူတဲ့ မြို့ပေါင်း ၂၀ နီးပါးရှိလာပြီလို့ People’s Spring က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ရရှိထားတဲ့အချက်အလက်တွေ ကောက်ယူပြီး စာရင်းပြုစုထားပါတယ်။
#ဘုံတလာ
ယနေ့ညနေတွင် မတူပီမြို့ မင်းတပ်လမ်း အထွက်မှာ ပြည်သူ့​​ေနအိမ်များ မီးလောင်နေဟုဆို---------------------------၂.ဒီဇင်ဘာလ .၂၀...
02/12/2023
ယနေ့ညနေတွင် မတူပီမြို့ မင်းတပ်လမ်း အထွက်မှာ ပြည်သူ့​​ေနအိမ်များ မီးလောင်နေဟုဆို
---------------------------
၂.ဒီဇင်ဘာလ .၂၀၂၃.ခုနှစ်
မတူပီ မြို့ပေါ် မင်တပ်လမ်း အထွက်မှာ စစ်ကောင်စီ အကြမ်းဖက် တွေက ပြည်သူများ ရဲ့နေ အိမ်များကို မီးရှို့နေ ကြောင်း သတင်းကြားရပါသည်။
စိတ်မကောင်းစွာ ပြည်သူများ ဘေးကင်းကြပါစေ 🙏🙏
#ဘုံတလာအသံ
#ဘုံတလာ
CDF-Matupi မှ လည်မျိုလမ်းရှိ စကစ၏ကာကင်းစခန်းကို ဝင်ရောက်စီးနင်း ၊ ဗိုလ်ကြီးတစ်ဦးအပါအဝင်(၇)ဦးသေဆုံး===================== ...
01/12/2023
CDF-Matupi မှ လည်မျိုလမ်းရှိ စကစ၏ကာကင်းစခန်းကို ဝင်ရောက်စီးနင်း ၊ ဗိုလ်ကြီးတစ်ဦးအပါအဝင်(၇)ဦးသေဆုံး
=====================
ဒီဇင်ဘာလ ၊၁ ၊ ၂၀၂၃
မတူပီမြို့၊ မတူပီ-မင်းတပ်၊ လည်မျိုလမ်းရှိ စကစတပ်၏ ကာကင်းကုန်စခန်းကို ယနေ့ဒီဇင်ဘာလ ၁၊ ၂၀၂၃ ရက်နေ့ မနက် (၉)နာရီ ဝန်းကျင်တွင် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီမှ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်းတွင် စကစဘက်မှ ဗိုလ်ကြီး ဖြိုးမင်းထက် အပါအဝင် တပ်သား(၇)ဦး သေဆုံးခဲ့ပြီး MA-3 (၂)လက်၊ MA-5 Pistol (၁)လက် ကို သိမ်းဆည်းရရှိခဲ့ကြပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့-မတူပီ မှ အထိအခိုက်မရှိ ကျန်းမာစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ယနေ့ညနေပိုင်းမှာ တိုက်ပွဲ သတင်းထုတ်ပြန်ပါတယ်။
#ဘုံတလာ
ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀◌င် နေအိမ် ၆၀...
01/12/2023
ရေဇွာမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အအုံအပါအ၀◌င် နေအိမ် ၆၀ ကျော် ထိခိုက်ပျက်စီး
ခိုနူမ်းသုန်သတင်း၊ ၀၁ ဒီဇင်ဘာလ ၂၀၂၃
(006SV)
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့သိမ်းတိုက်ပွဲအတွင်း ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ကျောင်း၊ ဘဏ်အပါအဝင် နေအိမ်များ ၆၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင် ၂၀၀၀ ကျော်ကို ပြန်လည်နေရာချထားရေး အကူအညီများစွာ လိုအပ် နေသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်သည်။
ရေဇွာမြို့ကို စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၄ လုံးမှာ လုံးဝပျက်စီးသွားပြီး နေအိမ် ၆ လုံးနှင့် ZBA Salang ခန်းမဆောင်တို့မှာ ပျက်စီးသွားသည်ဟု ဇိုတုန်ဖက်ဒရယ်ကောင်စီက နိုဝင်ဘာလ ၃၀ရက်က ထုတ်ပြန်သည်။
ထို့အပြင် ဘာသာရေး အဆောက်အအုံများ၊ ဆေးရုံး၊ ကျောင်း၊ ဘဏ်ရုံး အပါအဝင် နေအိမ်များ စုစုပေါင်း ၆၀ ကျော်သည် အမိုးအကားများ ပျက်စီးသွားသည်ဟုဆိုသည်။
ရေဇွာမြို့သိမ်းတိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသော ဒေသခံ ပြည်သူ ၂၀၀၀ ကျော် နေရပ်အမြန်ဆုံး ပြန်လာနိုင်ရေးအတွက် မြို့တွင်းရှင်းလင်းရေးများ ဆောင်ရွက်နေပြီး၊ ပျက်စီးသွားသော နေအိမ်များ၊ အများပြည်သူနှင့် သက်ဆိုင်သော အဆောက် အအုံများနှင့် စစ်ဘေးရှောင်များ ပြန်လည်နေရာ ချထားရေးအတွက် အကူအညီများစွာ လိုအပ်နေသည်ဟု ဇိုတုန်ဖက်ဒရယ် ကောင်စီက ထုတ်ပြန်သည်။
ZZLMS ချင်းညီနောင်များဖြစ်သော CDF-Zotung, Zophei, CDF- Lautu ၊ CDF- Mara၊ CDF-Senthang တို့နှင့်အတူ ချင်းအမျိုးသားတပ်မတော် CNF/CNA ၊ CDF မတူပီ တပ်ရင်း ၂ စသည့် ချင်းပူးပေါင်းတပ်ဖွဲ့သည် ZZLMS Operation ဖော်ဆောင်၍ ရေဇွာမြို့ကို နိုဝင်ဘာလ ၂၉ ရက်က အလုံးစုံသိမ်းပိုက်လိုက်သည်။
စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး တပ်သား၊ ရဲနှင့် မိသားစုဝင်ကလေးများအပါအဝင် ၄၁ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်က CNF/CNA မှ ရဲဘော် ၁ ဦး၊ CDF Zotung မှ ရဲဘော် (၁) ဦး၊ CDF- Mara မှ ရဲဘော် (၁)ဦးနှင့် CDF- Lautu မှ ရဲဘော် ၁ ဦးတို့ ကျဆုံးခဲ့သည်၊ တပ်သား ၅ ဦးမှာ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့သည်။
ရေဇွာမြို့တွင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ အပြည်အဝ ပြန်လည် လည်ပတ်နိုင်ရန်နှင့် မြို့ကို ပြန်လည်တည် ဆောက်ရေး လုပ်ငန်များ ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဇိုတုန်ဒရယ်ကောင်စီက နှိုးဆော်သည်။
ရေဇွာမြို့သည် CNA ဦးဆောင်သော ချင်းကာကွယ်ရေးပူးပေါင်းတပ်များက တတိယမြောက်မြို့အဖြစ် သိမ်းပိုက် ထိန်းချုပ် လိုက်သော မြို့ဖြစ်သည်။
အိန္ဒိယ- မြန်မာနယ်စပ်တွင် ရှိနေသည့် စစ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေများတွင် မဟာဗျူဟာကျသော ရိခေါဒါရ် မြို့နှင့် လိုင်လင်းပီမြို့တို့ကိုလည်း ချင်းပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားပြီး CNF/CNA နှင့် ဒေသကာကွယ်ရေးတပ်တို့ ပူးတွဲ၍ ပြည်သူ့အုပ်ချုပ်ရေး ယန္တရားများ ဖော်ဆောင်နေသည်။
Photo - Zotung Federal Council
#ဘုံတလာအသံ #ဘုံတလာ
30/11/2023
ကရင် လူမျိုးတို့ရဲ့ သမိုင်း
ရခိုင်ပြည်နယ်ထဲမှ ချင်းလူမျိုးများအကြောင်း ========================ရခိုင်ပြည်နယ်ထဲမှ ချင်းလူမျိုးများအကြောင်းသမိုင်းပညာရ...
29/11/2023
ရခိုင်ပြည်နယ်ထဲမှ ချင်းလူမျိုးများအကြောင်း
========================
ရခိုင်ပြည်နယ်ထဲမှ ချင်းလူမျိုးများအကြောင်း
သမိုင်းပညာရှင်များ၏ ရေးသားဖော်ပြ ချက်အရ ချင်းတို့သည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ကြသော လူမျိုးအုပ်စုသုံးစုအနက် တိဗက်မြန်မာအုပ်စုဝင်ဖြစ်သည်။ တိဗက် မြန်မာအုပ်စုသည်
(၁)ချင်း၊ ကချင်အုပ်စု
(၂)မြန်မာနှင့် ရှေးမြန်မာအနွယ်အုပ်စု
(၃)လိုလိုမုဆိုးအုပ်စုဟူ၍ သုံမျိုးကွဲကာ လမ်းကြောင်းသုံးသွယ်မှ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်နေထိုင်လာကြသည်။
ချင်းတို့သည် အနောက်မြောက်ဘက်မှ ဝင်လာကြပြီး နောက်ထပ် ဝင်ရောက်လာသူများအား နေရာပေးရင်း အနောက်ရိုးမနှင့် ရခိုင်ရိုးမ တစ်လျှောက်ပြောင်းရွှေ့နေထိုင်လာကြသည်။ ချင်းဆိုသောဝေါဟာရသည် 'ရှို' ဆိုသော စကားရပ်မှ ဆင်းသက်လာခြင်းဖြစ်သည်။
ချင်းဟူသောဝေါဟာရကို အခြေခံအားဖြင့်
(၁)ရှို၊
(၂)ယို၊
(၃)ဇိုဟူ၍ တွေ့ရပေသည်။
ရှေးဦးစွာ'ရှို'လူမျိုးတို့သည် ချင်းတွင်းမြစ်ကို မြစ်ဖျားခံလျက် တောကြီးတောင်ကြီးများကိုတစ်စတစ်စဖြတ်ကျော်ကာ ရေကြည်ရာ မြက်နုရာသို့ ပြောင်းရွှေ့လာကြရင်း တောင်ဘက်အရပ်သို့ စုန်ဆင်းလာခဲ့ခြင်းဖြစ်ပြီး ရခိုင်ရိုးမအရှေ့အနောက် ဆင်ခြေလျှောသို့ တိုင် ပြောင်းရွှေ့ခဲ့ကြသည်။
ယို၊ ဇိုလူမျိုးများ မှာမူ ဒုတိယအသုတ်အနေဖြင့် ချင်းတွင်းမြစ်ကို မြစ်ဖျားခံ၍ စုန်ဆင်းခဲ့သူများဖြစ်ကာ အနောက်ဘက် တောင်ကုန်းတောင်တန်း (ယခုချင်းတောင်တန်း)များသို့ တစ်ဖန် ဆန်တက်ကာ မိမိကိုယ်ပိုင်နေရာ အတိုင်း အတာနှင့် နေထိုင်ခဲ့မှုမှသည် ချင်းလူမျိုး၊ ချင်းပြည်နယ်ဟူ၍ ယနေ့တိုင်ရပ်တည်လာခဲ့ ခြင်းဖြစ်သည်။
သမိုင်းဦးကာလတစ်ခေတ်က ချင်းတို့ သည် ယခုချင်းတွင်းမြစ်ခေါ်မြစ်ကြီးတစ်ဝန်းတွင် နေထိုင်ခဲ့ကြသဖြင့် ချင်းများ၏တွင်းမှ ချင်းတွင်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။
ချင်းတွင်းဟူသောဝေါဟာရသည် ချင်းဟူသော ဝေါဟာရကိုအစွဲပြု၍ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု သမိုင်းသုသေသီတို့က ဆိုသည်။ ထို့ကြောင့် ချင်းတွင်းအစ ချင်းကဟု ဆိုစမှတ်ပြုခဲ့ကြပေ သည်။ ချင်းတို့တွင် မျိုးနွယ်စုကြွယ်ဝလှ၏။ ယခုအခါ ချင်းမျိုးနွယ်စု ၅၃မျိုးရှိကြောင်း တွေ့ရသည်။
ချင်းတိုင်းရင်းသားတို့သည် တောင်ပေါ်တွင် နေထိုင်သည်ဖြစ်စေမြေပြန့် တွင်နေထိုင်သည်ဖြစ်စေ ချင်းသည် တစ်ခု တည်းသောချင်းဟူ၍ပင် တစ်စိတ်တည်း၊ တစ်သံတည်း လက်ခံယုံကြည်ကြသည်။
ချင်းတိုင်းရင်းသားတို့၏ စည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့သည့် အနှစ်သာရတစ်ခုမှာ ရှေးပဝေသဏီက'ရှို' ဘိုးဘေးဘီဘင်တို့ ယုံကြည်လက်ခံကျင့်သုံးခဲ့ သောမိသားစုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် ပင်ဖြစ်သည်။ ယခုအခါ ဆလိုင်း၊ မိုင်၊ စိတ်ဓာတ်ဟူ၍ ခံယူကျင့်သုံးလျက်ရှိကြသည်။
ကျောက်စာမှတ်တမ်းများတွင်တွေ့ရသော ချင်း
ပုဂံခေတ် မြန်မာသက္ကရာဇ် ၅၉၅တွင် အစောဆုံးရေးထိုးခဲ့သည့် လေးမျက်နှာ ကျောက်စာ စာကြောင်းရေ(၆)တွင် လည်း ကောင်း၊ မင်းနန္ဒသူကျောက်စာ ၃၂၊ ၃၃တွင် လည်းကောင်း ချင်း ဝေါဟာရကို ထူးခြားစွာ တွေ့ရသည်။
အေဒီ ၁၄၄၂ တွင် ရေးထိုးခဲ့ သော ၈ဝ၆ ခုစွဲ၊ စစ်ကိုင်းထူပါရုံကျောက်စာ၂၁၊ ၂၂တွင် ဘုရင်နရပတိ၏ဘိသိက်ပွဲ အခမ်းအနားတွင် သက်၊ မြို( မြုမ်)၊ ချင်းလူမျိုး တို့ကို အစိုးရသော ရခိုင်မင်းသည်လည်း ပါဝင်သည်။
၈ဝ၈ ခုစွဲ စစ်ကိုင်းမြို့ သစ်ဆိမ့်ကတော် ကျောင်း ကျောက်စာ၂၁၊ ၂၂ တွင် ချင်းလင်း အပြိုင်၊ ရခိုင်သံတွဲ၊ သက်ခပဲဟူ၍ လည်း ကောင်း၊ အမရပူရ မဟာမုနိကျောက်စာတွင် သက်၊ မြုမ်၊ ကမ်းရံ၊ ချင်းလင်းသိန်းပေါ စသည်ဖြင့် တွေ့ရှိရသည်။
ရခိုင်ဒေသမှ ချင်းလူမျိုးများ
ရခိုင်ဒေသမှချင်းတို့သည် တောင်ပေါ်နေ မျိုးနွယ်စုဖြစ်သော်လည်း ရခိုင်မင်း နေပြည်တော်နှင့် ကူးလူးဆက်ဆံမှုရှိခဲ့ကြ၏။ ရှေးရခိုင်မင်းပဒေသရာဇ်အဆက်ဆက်တွင် ရခိုင်မင်းပဒေသရာဇ်တို့ အသုံးပြုခဲ့သည့် လှေဖောင်တော်တို့ကို ချင်းလူမျိုး ကိုဆယ် ဆိုသူက ဦးစီးစတင်တည်ဆောက်ခဲ့ဖူးမှု ကြောင့် ကိုဆယ်၊ ကိုးလံ၊ ကိုးပင်းဂံ၊ ကျင်သန် တစ်ပြီး၊ စည်တစ်တီးဟူ၍ စာချိုးဖြင့် ရခိုင် သမိုင်းတွင် မှတ်သားတည်ရှိကြောင်း တွေ့ရ သည်။
ရခိုင်ဒေသမှချင်းတို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်း စသည့် နေထိုင်ရာအရပ်ဒေသကိုအခြေခံ၍ စုန်းတူ၊ အရှို၊ စိုင်းဘောင်၊ ခမော၊ လောက်တူ၊ လဲတူ၊ လပ်စောဟူ၍ မိမိတို့အုပ်စုအမည်စွဲဖြင့်လည်း ခေါ်ဝေါ်ခဲ့ကြသည်။
ထိုမှတစ်ဖန် ရခိုင်ရိုးမ အနောက်ဘက်ရှိ ချင်းများကို သံတွဲချင်း၊ ဂွချင်း၊ တောင်ကုတ်ချင်း၊ အမ်းချင်း၊ မြေပုံချင်း၊ မင်းပြားချင်း၊ ကျောက်ဖြူချင်း၊ မြောက်ဦး မြို့နယ်တွင် လေးမြို့ချင်းဟု ခေါ်ဆိုလာကြ ပြန်သည်။
ထို့အတူ ရခိုင်ရိုးမအရှေ့ဘက်ရှိချင်းများ ကိုလည်း ကြံခင်းချင်း၊ ပန်းတောင်းချင်း၊ ပြည် ချင်း၊ အောင်လံချင်း၊ ပျဉ်းမနားချင်း၊ လယ်ဝေး ချင်း၊ တောင်တွင်းကြီးချင်း၊ တောင်ငူချင်း၊ သရက်ချင်း၊ မင်းတုန်းချင်း၊ ငဖဲချင်း(ကုန်းတူ)၊ စေတုတ္တရာချင်းဟူ၍ နေထိုင်ရာမြို့နယ်စွဲဖြင့် ခေါ်ဆိုခဲ့ကြကြောင်း တွေ့ရသည်။
ထိုသို့ခေါ်ဆိုနေချိန်မှာပင် ချင်း(ရှို)တို့ သည် တစ်မြို့နယ်နှင့်တစ်မြို့နယ် ပေါင်းသင်း ဆက်ဆံမှု၊ ချစ်ခင်ရင်းနှီးမှု၊ ဘိုးဘွားစဉ်ဆက် အမည်နာမကို ပြန်လည်စပ်ဟပ်မိကြမှုကြောင့်
မိမိတို့၏ဆွေမျိုးစုစွဲ၊ ဒေသစွဲ၊ မြို့နယ်စွဲ အမည်တို့ဖြင့် ခေါ်ဝေါ်နေမှုမှသည် ရှေးဘိုး ဘွားဘီဘင်လက်ထက်ကတည်းက သုံးနှုန်းခဲ့ သည့်(ရှို)ဟူသော ဝေါဟာရကိုအခြေတည်ကာ အရင်းခံမိသားစုစိတ်ဓာတ်နှင့်
မျိုးချစ် စိတ်ဓာတ်တို့ပေါင်းစည်း၍ ချင်းဟူ၍သာ တစ်စိတ်တည်း၊ တစ်သံတည်းဖြင့် ခေါ်ဝေါ် ကျင့်သုံးကြရန် စည်းလုံးတည်ဆောက်နိုင်ခဲ့ပေ သည်။
ထိုသို့စည်းလုံးတည်ဆောက်မှု၏ အောင်မြင်မှုရလဒ်မှသည် ဆလိုင်း၊ မိုင်၊ စိတ်ဓာတ်ကို မွေးထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်ပေ သည်။ ဆလိုင်းဆိုသည်မှာ မျိုးနွယ်စု တစ်ခုမဟုတ်၊ မောင်ဘစိန်ကို ဆလိုင်းဘစိန်ဟု ခေါ်ရာမှ ဆလိုင်းချင်းဟုခေါ်ဆိုမှုဖြစ်ခဲ့ခြင်းပင်။
နောက်ပိုင်းတွင် ချင်းလူမျိုးတို့သည် ယောက်ျားလေးကို ဆလိုင်း၊ မိန်းကလေးကို မိုင်ဟု ခေါ်လေ့ရှိပြီး မိုင်ခင် မေနှင်းမှာ မခင်မေနှင်းပင်ဖြစ်ပေသည်။
ချင်းတို့သည် နယ်ချဲ့တို့ကို တော်လှန်တိုက်ခိုက် ရင်း အချို့မှာ အနောက်ဘက်တောင်ကုန်း ဒေသမှ ပဲခူးရိုးမတောင်ခြေနှင့် တောင်ပေါ် ဒေသများသို့ ရောက်ရှိသွားခဲ့ရာ ထိုဒေသများ တွင်ပင် ရပ်ရွာတည်ထောင်လာခဲ့မှုတို့ရှိလာ ခဲ့၏။ ထိုမှသည် မြေပြန့်ချင်းဟူသော မျိုးနွယ်စု အသွင်သဏ္ဌာန်ဖြစ်ခဲ့ရပြန်သည်။
နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဗိုလ်ငတာ သည်လည်း နယ်ချဲ့တို့ကို ရခိုင်ရိုးမအနောက် ဘက်သို့တိုင် သွားရောက်တိုက်ခိုက်ခဲ့မှုမှသည် ထိုအရပ်ဒေသတွင် ငတာရွာဟူ၍ ဖြစ်လာခဲ့ ၏။ ထိုကျေးရွာမှာ မင်းပြားမြို့နယ်တွင်ရှိပြီး ယနေ့တိုင် ချင်းတိုင်းရင်းသားများနေထိုင် လျက်ရှိကြောင်း တွေ့ရသည်။
ရခိုင်ပြည်နယ်အတွင်း ချင်းတို့နေထိုင်ရာဒေသများ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ကျေးရွာပေါင်း ၃၁ ရွာ၊ သံတွဲမြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာပေါင်း ၁၈ ရွာ၊
ဂွမြို့နယ် တွင် မြို့ပေါ်နှင့်ကျေးရွာပေါင်း ၁ဝ ရွာ၊ အမ်း မြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာပေါင်း ၇၉ ရွာ၊
မင်းပြားမြို့နယ်တွင် မြို့ပေါ်နှင့်ကျေးရွာ ပေါင်း ၇၇ ရွာ၊ မြောက်ဦးမြို့နယ်တွင် မြို့ပေါ် နှင့်ကျေးရွာပေါင်း ၁၃ ရွာ၊
ရသေ့တောင် မြို့နယ်တွင် ကျေးရွာနှစ်ရွာတို့တွင် ဖြန့်ခွဲ နေထိုင်လျက်ရှိကြပြီး အိမ်ခြေပေါင်း ၇ဝဝဝ ကျော် လူဦးရေ နှစ်သိန်းကျော်ရှိကြောင်း သိရသည်။
ချင်းတိုင်းရင်းသားတို့ အများစု နေထိုင်သော မြို့နယ်များမှာ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ မြေပုံ၊ မင်းပြားမြို့နယ်တို့ပင်ဖြစ် သည်။
စာပေ၊ ဘာသာစကား
ရခိုင်ဒေသချင်းတို့တွင် စာပေရှိဖူးကြောင်း အဆိုရှိ၏။စာကိုနွားသားရေပေါ်၌ ရေးမှတ် ထားကာ ကျောက်ဖျာတစ်ခုပေါ်တွင် နေလှန်း ခဲ့ရာ သားရေကိုခွေးစားသဖြင့် စာပေများ ပျောက်ခဲ့ရသည်ဟု အဆိုရှိလေသည်။ ဤအဆို သည် ခေတ်အမြင်အရ ဒဏ္ဍာရီဆန်သည်ဟု ယူဆဖွယ်ရာရှိနိုင်သည်။
သို့သော်မျိုးချစ် စိတ်ဓာတ် အခြေခံရင်းမြစ်ကို ရရှိစေနိုင်သည့် အပြင် အမည်မှည့်ခေါ်ပုံစနစ်၏ ကောက်ချက် တစ်ရပ်ကို ရေးဆွဲနိုင်သည်။
သို့တစေ(င၊ပ)ဟူသော စာလုံးနှစ်လုံးကျန်နေသေးရာ ထို အက္ခရာပေါ်မူတည်ပြီး ကျန်နေရစ်သည့် အက္ခရာနှစ်လုံး မပျောက်ပျက်ရလေအောင် ယောက်ျား၊ မိန်းမ၊ တစ်လုံးစီခွဲဝေ၍ ယောက်ျား က(င)၊ မိန်းမက (ပ)စာလုံးကို အမည်မှည့်ခေါ်ရာ ရှေ့တွင်ထားကာ သုံးနှုန်းထိန်းသိမ်းလာခဲ့ခြင်း ဖြစ်သည်ဟု ရှေးလူကြီးများပြောကြားချက်အရ သိရသည်။
ဥပမာ-ငတာ၊ ငပြား၊ ပတွန်၊ ပနုံ စသည်ဖြင့် မှည့်ခေါ်ကြကြောင်း လေ့လာတွေ့ ရှိရသည်။ စာရေးသူ၏ အဘိုး၊အဘွား၊ အဖေတို့၏ အမည်မှည့်ခေါ်ပုံအထိပင် လက်ဆင့်ကမ်း ကျင့်သုံးခဲ့ကြကြောင်း တွေ့ရသည်။ ဤသို့ ထိန်းသိမ်းနိုင်စွမ်းရှိခဲ့မှုသည် ယနေ့ခေတ် ဆလိုင်း၊ မိုင်ဟု သုံးစွဲနေမှုနှင့်ထပ်တူထပ်မျှ ပင်ဖြစ်ပေသည်။
ယင်းသို့ သုံးနှုန်းခဲ့မှုသည် (ရှို)ဘိုးဘွားဘီဘင်တို့ ယုံကြည်လက်ခံကျင့်သုံး ခဲ့သော မိသားစုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ ၏ အခြေခံအရင်းအမြစ်ပင်ဖြစ်ပေသည်။ ယနေ့ခေတ်တွင် ချင်းတို့က ဆလိုင်း၊ မိုင်၊ စိတ်ဓာတ်ဟု မှတ်ယူကာ လက်ခံကျင့်သုံးနေ ခြင်းဟု ဆိုရပေမည်။
အရှိုချင်းတို့ မြန်မာ အက္ခရာဖြင့် တီထွင်အသုံးပြုနေသည့် စာပေသည်ပင် ရခိုင်ဒေသချင်းတို့၌ ကျန်ရစ်ခဲ့ သည့် (င၊ပ)ကိုအခြေခံကာ ဆလိုင်း၊ မိုင်၊ စိတ်ဓာတ်ဖြင့် ပြန်လည်အစားထိုး ဖြည့်ဆည်း ပေးနိုင်ခဲ့ပြီဟုလည်း မှတ်ယူနိုင်ပေသည်။
ရခိုင်ဒေသချင်းတို့သည်လည်း ထမင်းစားပြီးပြီလားဟု ဆိုသောစကားကို ဘူနအေ့ပိုနီဟူ၍ ပြောဆိုကြပေသည်။ ရခိုင်ဒေသချင်းဘာသာစကားမှာ အရှိုချင်းဘာသာစကားနှင့် ဘာသာဗေဒအရ တူညီမှုရှိသကဲ့သို့ ပြောပုံဆိုပုံမှာလည်း များစွာ ကွာခြားမှုမရှိချေ။
ယခုအချိန်တွင်
အရှိုချင်း
စုန်းတူချင်း
လောက်တူချင်း
လယ်စောချင်း
လေးတူချင်း တို့၏
စာပေတို့ကို ချင်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ကူညီပံ့ပိုးမှုဖြင့် စာပေတီထွင်ကာ သင်ကြား ပေးနေကြပြီဖြစ်ကြောင်း သိရသည်။
ပါးရဲထိုးဓလေ့
ရှေးအခါက ချင်းပျိုမေအချို့သည် အလွန်လှပချောမွေ့ခဲ့သည်ဆို၏။ မင်းဧကရာဇ် တို့ပင်လျှင် ယင်းတို့၏ လှပချောမောမှုကို စုံမက်မိ၍ ကောက်ယူသိမ်းပိုက်ခဲ့မှုများရှိခဲ့ဖူး သည်ဟု ဆိုသည်။
သို့နှင့်လူကြီးမိဘတို့က မိမိတို့၏ သမီးပျိုများလှပချောမောမှုကို စုံမက် ခြင်းမရှိရလေအောင် မျက်နှာပေါ်တွင်ပါးမည်း (ပါးရဲ)ထိုးသည့်အလေ့အထဖြင့် ကာကွယ်ခြင်း ပြုခြင်းမှသည် ဤဓလေ့ဖြစ်ပေါ်ခဲ့ရသည်ဟု အဆိုရှိလေသည်။
ဆရာတော်သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝရ လင်္ကာရက ဘုန်းကြီးတို့အမ်းဒေသမှာ ပါးမည်း (ပါးရဲ)ထိုးထားသူဆိုလို့ လေးဦးသာကျန်တော့ ကြောင်း၊ နောင်မြင်တွေ့ရဖို့ ခဲယဉ်းကြောင်း၊ ဒကာတို့မမြင်ဖူးသေးရင် ကြည့်ထားကြလို့ အမိန့်ရှိခဲ့ဖူးလေသည်။ထိုတိုင်းရင်းသူ ကြီးတို့ အသက်တော်တော်ရနေကြပေပြီ။ သူတို့ကို တွေ့မြင်ရသည်မှာ အရိုးဆုံးနှင့်အဆန်းဆုံး မြင်ကွင်းတစ်ခုလိုဖြစ်နေ၏။ ယခုအခါ ခေတ်စနစ်၏တောင်းဆိုမှုကြောင့် ဤဓလေ့ လုံးဝချုပ်ငြိမ်းသွားခဲ့ပေပြီ။
ဆရာသိန်းဖေမြင့်၏ ဝိသေသတိုင်း၊ သမိုင်းအစ စာအုပ်တွင် သူ၏အညွှန်းမှာ မျက်နှာ တစ်ပြင်လုံးအမည်းပြောက်များထိုးထားသော ပါးမည်းများကို မတွေ့ရ။
(၁) အချို့ ပါးမည်းများမှာမူ ပါးပြင်၊ နဖူးပြင်၊ မေးပေါ်မှာ လခြမ်းပုံသဏ္ဌာန်လေးများ တစ်ခုနှင့်တစ်ခု အရေးကြောင်းကလေးများနှင့် ဆက်စပ်ကာ ထိုးထားခြင်းဖြစ်သည်။
(၂) မကန်းတို့ကမူ ရုပ်လုံးပျက်သွားအောင်ထိုးလေ့ရှိ၏။
(၃) နောက်တစ်မျိုးမှာ မျက်နှာတွင် ကောက်ကြောင်း ကလေးများထိုးခြယ်ထားခြင်းဖြစ်သည်။
နဖူး မှာ ကောက်ကြောင်း၊ ပါးပြင်မှာကောက် ကြောင်း၊ ထို့အပြင်ပါးစပ်ဘေးတစ်ဝိုက်မှာ လည်း ကောက်ကြောင်းများထိုးထားရာ မုတ်ဆိတ်ကျင်စွယ်နှင့် တူသေးတော့သည်။
(၄) စတုတ္ထကောက်ကြောင်းမှာ နှာရောင် ကလေးဖော်၍ ထိုးထားခြင်းဖြစ်သည်။ အံ့သြ စရာကောင်းသည်မှာ ပါးမည်းလခြမ်းနှင့် ကောက်ကြောင်းတို့အောက်မှ အရောင်ထိုး ထွက် ဝင်းလက်လာသော ချင်းပျိုမေအချို့၏အလှအပပေတည်း။ မင်းတပ်၊ ကန်ပက်လက် နှင့် ယောချောင်းဒေသတို့မှ ချင်းပျိုမေတို့ သည် ထူးထူးခြားခြားလှပကြသည်။ ပါးမည်း (လခြမ်းနှင့်ကောက်ကြောင်း) ထိုးထားသော် လည်း သူတို့၏အသားအရေကို မဖုံးလွှမ်းနိုင် ချေဟု ရေးသားထားသည်။
ရှေးအခါနက ရခိုင်ဒေသချင်းတို့ (င၊ပ) စာလုံးကို အမည်ရှေ့ထားသုံးစွဲမှုနှင့် ယနေ့ ခေတ် ဆလိုင်း၊ မိုင်ဟူ၍ သုံးစွဲလာမှုတို့သည် သာမန်အားဖြင့် ချင်းတို့၏အမည်ရှေ့တွင် သုံးစွဲသည့်စကားလုံးဟု တွေးထင်စရာဖြစ် သော်လည်း ကိုယ့်အမျိုးအနွယ်ကို စောင့်ထိန်း တတ်သောစိတ်ဓာတ်၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို လေးစားမြတ်နိုးတတ်သော စိတ်ဓာတ်၊ အမျိုးသားအကျိုးစီးပွားကို စောင့်ထိန်းတတ်သောစိတ်ဓာတ်နှင့် အမျိုး ဂုဏ်၊ ဇာတိဂုဏ်၊ ထိပါးစော်ကားမခံတတ်သော စိတ်ဓာတ်တို့ရှင်သန်စေမည့် အခြေခံကောင်း တွေကို အတိုင်းအတာတစ်ခုထိ တည်ဆောက် နိုင်ခဲ့ပေသည်။
ချင်းတို့သည်
မျိုးနွယ်စုအသွင် သဏ္ဌာန် အမျိုးမျိုးကွဲနေကြသော်လည်း ချင်းသည် တစ်ခုတည်းသော ချင်းသာဖြစ်သည် ဟု ခံယူကျင့်သုံးနေကြခြင်းပင်ဖြစ်ပေသည်။
မှီငြမ်းကိုးကား
တိုင်းရင်းသားယဉ်ကျေးမှုနှင့်ဓလေ့ထုံးစံ (ချင်း)၊ ရခိုင်ပုံသေဝတ္ထုများ(ပထမတွဲ) ဦးစက္ကိန္ဒ၊ ဝိသေသတိုင်းသမိုင်းအစ သိန်းဖေမြင့်၊ အရှိုချင်း(သို့မဟုတ်) မြေပြန့်ချင်း နီငြိမ်း(အညာတက္ကသိုလ်)၊ နိုင်ငံ့ဂုဏ်ရည် (၈၂/ဝ၆)၊ ရခိုင်ဒေသမှတောင်ဇလပ်ပန်း ရနံ့သင်းတဲ့ မောင်မောင်ကျော့(ပလက်ဝ)၊ နိုင်ငံ့ဂုဏ်ရည်(၁ဝဝ/ဝ၇)၊ ချင်းတိုင်းရင်းသား တို့၏ လူ့အမူအရာအချို့၊ အရှိုချင်းလူမျိုး သမိုင်း ဆလိုင်းဒါဝိဒ်။
မောင်မောင်ကျော့(ပလက်ဝ)
မူရင်းရေးသားသူကို Crd ပေးပါသည်။
ပြန်လည်မျှဝေခြင်းသာဖြစ်သည်။​
#ချင်းတောင်တန်း
Address
Yangon
Website
Alerts
Be the first to know and let us send you an email when Bungtla Voice posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Videos
Share
Other News & Media Websites in Yangon
Show All