New Life Trading

New Life Trading အစ္စလာ့မ်နည်းကျ အသေးစားငွေချေးလုပ်င Community based Islamic Micro - Finance Programme in Myanmar.

New Life Trading မှ လူကြီးမင်းတို့အတွက် မည်သည့် ဝန်ဆောင်မှုမျိုးကိုပေးစွမ်းရန် ခြေလှမ်းသစ် စတင်နေသည်ကို သင်သိပါသလား ? စိ...
09/02/2023

New Life Trading မှ လူကြီးမင်းတို့အတွက် မည်သည့် ဝန်ဆောင်မှုမျိုးကိုပေးစွမ်းရန် ခြေလှမ်းသစ် စတင်နေသည်ကို သင်သိပါသလား ?

စိတ်ဝင်စားဖွယ်ရာ ဝန်ဆောင်မှုများကို ရင်ခုန်စွာဖြင့် စောင့်မျှော်ကြည့်ရှုနိုင်ကြစေရန် သတင်းဦးပါးပါရစေ။

အားလုံး အားလုံး အဆင်ပြေဖို့
New Life ကို စောင့်ကြည့်စို့။

New Life Trading Co., Ltd
09975563577

အားလံုးပဲ မဂၤလာပါ။SCVM-Myanmar မှာ စိတ်ဝင်တစားနဲ့ Volunteer လုပ်ဖို့ စာရင်းပေးသွင်းလာကြသူများအားလုံးကို လှိုက်လှဲစွာကျေး...
22/12/2020

အားလုံးပဲ မင်္ဂလာပါ။

SCVM-Myanmar မှာ စိတ်ဝင်တစားနဲ့ Volunteer လုပ်ဖို့ စာရင်းပေးသွင်းလာကြသူများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြိုဆိုအပ်ပါကြောင်း ဦးစွာပထမ ပြောကြားပါရစေ။

SCVM-Myanmar အနေဖြင့် လာမည့် 2021 ခုနှစ် January လ ၁ ရက်နေ့တွင် စတင်၍ အသက်ဝင်လှုပ်၇ှားမှုများပြုလုပ်တော့မှာဖြစ်ပါတယ်။

မဟာဗျူဟာနှင့် စီမံကိန်းရေးဆွဲခြင်းဆိုင်ရာတို့အတွက် ကြိုတင်ပြင်ဆင်မှုများနှင့်လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျှက်ရှိပြီး တတ်သိပညာရှင်များ၊ လုပ်ငန်းရှင်များ၊ နိုင်ငံတကာမှအတွေ့အကြုံများအပါအ၀င် Islamic Financing System အား အဦးဆုံးအကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မလေးရှားနိုင်ငံမှ ၀ါရင့်ပညာရှင်များနှင့် လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လုပ်ကိုင်နေသူများကလည်း ပူးပေါင်းပါဝင်လာစေရေးအတွက် ချိတ်ဆက်ဆောင်ရွက်လျှက်ရှိကြောင်းကို သတင်းကောင်းပေးပါရစေ။

စိတ်ပါဝင်စားသူများအနေဖြင့် ဆက်လက်ဆက်သွယ်ပေးနိုင်ကြပါကြောင်းနှင့် ပူးပေါင်းပါဝင်လုပ်ကိုင်လိုသူများကိုလည်း လှိုက်လှဲစွာကြိုဆိုပါကြောင်း ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။




SCVM - Myanmar
Initiative of Islamic Microfinance Programme in Myanmar

Alhamdulillah!We are taking our first steps for our Initiative of Islamic Microfinance Programme in Myanmar.We have been...
13/12/2020

Alhamdulillah!

We are taking our first steps for our Initiative of Islamic Microfinance Programme in Myanmar.

We have been consulting with Professions and Scholars those are mainly specialized on Islamic Banking and Islamic Financing.

Fist of all,

We would like to invite (10) Young Imams & Alimah those are interested in Learning and Practicing Islamic Fianancing & Banking System.

Requirements
***************
1) Age between 15 to 35
2) Must have at least Middle Education Level
(University Graduated will be 1st priority)
3) Prefer to have Gender Balance in selection process
4) Must have Basic knowledge on Banking & Financing concepts
5) prefered living in Yangon area.
6) Must have Team spirit and philanthrophist manner

Selection will be mainly decided by SCVM-Myanmar Team and everyone will be volunteer based without any payments and fees.

Deadline : 15th Dec, 2020 ( 5:00 p.m)

Please send your C.V with letter of interest to [email protected] or inbox of SCVM-Myanmar page as well as WhatsApp to +959975563577.

Looking forward to received applications from Respectful Imams & Aalimahs.

SCVM - Myanmar
Initiative of Islamic Microfinance Programme in Myanmar

13/12/2020
13/12/2020

Micro-Finance အတွေ့အကြုံရှိသူ
Computer ဖြင့်စာရင်းပြုစုနိုင်သူ
Islamic Micro-Finance Programme အား အမှန်တကယ် စိတ်ပါဝင်စားသူ
ဥပဒေပိုင်းဆိုင်ရာကျွမ်းကျင်သူ

(အသင်းအဖွဲ့ဖြင့်လုပ်ဆောင်နိုင်သူ)
(ဂိုဏ်းဂန ကျောင်းတော်ဝါဒ စသည့်
အယူအစွဲကင်းရှင်းသူ)
(မရှိနွမ်းပါးသူများနှင့် အမှန်တကယ်ဒုက္ခ
ရောက်နေသူများအား စာနာထောက်ထား သနားညှာတာစိတ်ရှိသူ)

12/12/2020
12/12/2020

အသင်တို့အားလုံးအပေါ်သို့ ထာဝရအရှင်ဖြစ်တော်မူသော မြတ်ရှင်အလ္လာဟ်၏ ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှုအပေါင်းကျရောက်ပါစေကြောင်း တောင်းဆုပတ္တနာပြုအပ်ပါသည်။

ဤ SCVM - Myanmar သည် COVID ကာလအတွင်း စီးပွားရေးအကျပ်အတည်း မျိုးစုံခံစားရလျှက်ရှိပြီး အခြေအနေအရ သာသနာ၏ဆိုဆုံးမမှု ပညတ်ချက်များမှ လွတ်ထွက်လျှက် မလွှဲသာမရှောင်သာပဲ အတိုးဖြင့်ငွေချေး နေရသည့် အစ္စလာမ်သာသနာဝင်များအား သာသနာ ၏ အ

12/12/2020

အစ္စလားမုအလိုင်းကွန်မ် ဝရဟ်မသွလ္လားဟ်

မိတ်ဆွေသူငယ်ချင်း အစ္စလာမ်သာသနာဝင် ညီအကိုမောင်နှမများခင်ဗျာ

ယခုလို ကာလရှည်ကြာ ကိုဗစ်ကပ်ရောဂါဆိုးကြီး
ကြောင့် စီးပွားရေး ကုန်းလမ်းဆက်သွယ်ရေးအစရှိသည်တို့ ပိတ်ပင်တားဆီးထားမှု ရှည်ကြာလာသည်နှင့်အမျှ ကျွန်တော်အပါအဝင် မိသားစုအတော်များများ ဒုက္ခ မျိုးစုံကြုံတွေ့နေကြရပြီး စီးပွားရေးအကျပ်အတည်းများ
မိသားစု စားဝတ်နေရေး အခက်အခဲမျိုးစုံတို့ကို ကြုံတွေ့ခံစားနေကြရသည်ပြီး အချိန်ကာလ မည်မျှရှည်ကြာ အထိထိုသို့ ကျပ်တည်းမှုနှင့် ရင်ဆိုင်ကြရမည်ကိုလည်း ခန့်မှန်းရ ခက်ခဲနေသည့်အခြေအနေတွင် ရှိနေကြပါသည်။

ထို့အပြင် အချို့မိသားစုများမှာ မိမိတို့မိသားစု ဂုဏ်သိက္ခာကိုငဲ့ကွက်လျှက် မိမိတို့အခက်အခဲကို လူမသိသူမသိ ပုံစံမျိုးစုံဖြင့် ဖြေရှင်းကြရင်း အခက်အခဲနွံထဲနစ်မှန်းမသိ ပိုမိုနစ်မွန်းကြလျှက် ဖြေရှင်းမနိုင်ဖြစ်ကြပြီး မိမိကိုယ် ကိုအဆုံးစီရင်မှုများ ထိုသို့ကြိုးပမ်းခဲ့ကြမှုများကိုအဆက် မပြတ် ကြားသိနေရပါသည်။

သို့ပါသောကြောင့် ထိုသို့သောသူများ၏ အခက်အခဲများကို အတတ်နိုင်ဆုံး ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်မည့်
နည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်ရန် နည်းလမ်းများနှင့် အစီအစဉ်များကို ချမှတ် ရေးဆွဲလျှက်ရှိပါသည်။

စိတ်ပါဝင်စားသူ သမာသမတ်ရှိပြီး အများအကျိုး
အတွက်အမှန်ပင် ဝိုင်းဝန်းကူညီပေးလိုသူ မိတ်ဆွေ အချို့ကို ဖိတ်ခေါ်လိုပါသည်။

၁) ငွေစာရင်းပိုင်း ကျွမ်းကျင်သူ
၂) ကွန်ပျူ တာ စာရင်းဖြည့်ရေးသွင်းခြင်းကျွမ်းကျင်သူ
၃) အသေးစား ငွေစု ငွေချေးလုပ်ငန်း အတွေ့အကြုံရှိသူ
၎) ပြည်နယ်နှင့် တိုင်းအသီးသီးတို့မှ မြို့နယ် တစ်ခုချင်းစီအလိုက် တာဝန်ခံအဖြစ်ဆောင်ရွက်လိုသူ အများက အသိအမှတ်ပြု လက်ခံနိုင်သူ
၅) လုပ်ငန်းဖော်ဆောင်ရေးကော်မတီတွင်အချိန်ပေးနိုင် မည့်သူ
၆) မတည်ငွေအတွက် အလှူ ငွေပါဝင် လှူ ဒါန်းလိုသူ အလှူ ရှင်များ
၇ ) လုပ်အားပေးကူညီလိုသူများ

အထက်ဖော်ပြပါ ပုဂ္ဂိုလ်များအား လုပ်ငန်းပိုင်းဆိုင်ရာ လွယ်ကူစွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် အစီအစဉ်ရေးဆွဲရာမှအစပြုကာ လုပ်ပုံလုပ်နည်းများနှင့် စံနှုန်းသတ်မှတ်ချက်များရေးဆွဲခြင်း လုပ်ငန်းဆောင်ရွက်မည့်ပုံစံ အစရှိသည်တို့အတွက် သင်တန်းပေးပို့ချမှုများ ဦးစွာပြု လုပ်ပေးပြီးမှ လုပ်ငန်းစတင်မည်ဖြစ်ပါကြောင်းနှင့် Inshallah ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁)ရက် နေ့တွင် လုပ်ငန်းစတင် အကောင်အထည် ဖော်နိုင်ရန် ရည်ရွဟ်ထားပါသည်။

အလှူ ငွေများ လက်ခံရယူရာတွင်

လိလ္လာဟ် ခိုင်ရားသ် ဇကားသ် ဆွဒ်ကာဟ် များအပြင်
ဘဏ်တိုးများကိုပါ လှူ ဒါန်းနိုင်ကြပါကြောင်းနှင့် သာသနာ၏ သတ်မှတ်စည်းမျဉ်းဘောင်များအတွင်းမှ ငွေစာရင်းခေါင်းစဉ် အသီးသီးသတ်မှတ်၍ သာသနာ့ ပညတ်ချက်များနှင့်အညီ ခွဲခြားသုံးစွဲသွားရန် စီစဉ်ထားရှိပြီး အများမြင်သာသိရှိစေရန်အတွက်လည်း ပွင့်လင်းမြင်သာမှု ရှိစွာဖြင့် လူမှုကွန်ရက်များမှတဆင့် သက်ဆိုင် သူအများသိရှိစေရန် တင်ပြပေးသွားမည်ဖြစ်ပါသည်။

မုဟမ္မဒ် ရှာဟိဒ် (ခ) ကိုရှိုင်း
Founder
ခက်ခဲမွစ္စလင်မ်ထု အထောက်အကူပြုကော်မတီ
(မြန်မာနိုင်ငံ)
Support Committee for Vulnerable Muslims - (SCVM - Myanmar)

Address

87th Street
Yangon

Telephone

+959975563577

Website

Alerts

Be the first to know and let us send you an email when New Life Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Life Trading:

Share