Yoma Education Center - YEC

Yoma Education Center - YEC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yoma Education Center - YEC, Video Creator, Taungoo.

ဂီတသင်တန်းအတွက် ဂီတာလှူမယ်ဆိုတဲ့ ညီလေးသူ့ဂီတာလေးက အရမ်းမကောင်းတော့လို့ အားနာပြီး နောက်အသစ်တစ်လုံး ဝယ်ပြီး လှူလိုက်ပါတယ် ...
29/04/2024

ဂီတသင်တန်းအတွက် ဂီတာလှူမယ်ဆိုတဲ့ ညီလေး
သူ့ဂီတာလေးက အရမ်းမကောင်းတော့လို့ အားနာပြီး နောက်အသစ်တစ်လုံး ဝယ်ပြီး လှူလိုက်ပါတယ်
အကိုကျောင်းဆရာ ရိုးမထဲမှာ ပျင်းရင် တီးလို့ရအောင်နဲ့ သင်တန်းမှာ အသုံးပြုလို့ရအောင်တဲ့
လိမ်မာလိုက်တဲ့ ချစ်ညီလေး
ကျေးဇူးအများကြီးတင်ပါတယ်
မနက် ရိုးမထဲ စပြီးသွားပါပြီ
ပထမ ဆိုင်ကယ် ၂ နာရီ စီးမယ် ပြီးရင် လှေ ၄ နာရီခန့် စီးမယ် ပြီးရင် ခြေလျင်လျှောက်မယ် ၅ နာရီကျော်
Video လေးရိုက်ထားမယ် 😁😁
အမှတ်တရလေးပေါ့ ရိုးမထဲရောက်ရင် လိုင်းမရတော့ဘူး
ဖုန်းဆက်လို့မရတော့ဘူး ဒါကြောင့် ကျွန်တော်ကို စကားပြောချင်ရင် Page မှာ လာပြောထားလို့ရပါတယ် Sunday တစ်ရက် လိုင်းတက်တဲ့နေရာသွားနိုင်အောင် သွားပြီး မှတ်တမ်းတွေ ပြန်တင်ပါမယ်။
ကျွန်တော့် Page လေးကို ကျွန်တော်ညီလေးထံ အပ်ခဲ့ပါပြီ
အားလုံး ဂရုစိုက်ကြပါ
ချစ်သောသူများနှင့်ပျော်ရွှင်အောင် နေနိုင်ကြပါ‌စေ
ဇင်ယော်နီ

ကျေးဇူးအများကြီးတင်ပါတယ် ရန်ကုန်က သူငယ်ချင်း မိုးစက်ရေ ရိုးမထဲက ကွန်ပျူတာသင်တန်းအတွက် Laptop တင်မကဘူး ကလေးတွေအတွက် ဗဟုသု...
29/04/2024

ကျေးဇူးအများကြီးတင်ပါတယ် ရန်ကုန်က သူငယ်ချင်း မိုးစက်ရေ
ရိုးမထဲက ကွန်ပျူတာသင်တန်းအတွက် Laptop တင်မကဘူး ကလေးတွေအတွက် ဗဟုသုတမှတ်ဖွယ်စာအုပ်တွေ အများကြီးလည်း ဝယ်ထည့်ပေးလိုက်သလို Deli ခပါ ရှင်းပြီးတဲ့ 😍😍 Error ဆိုတာ ဖြေရှင်းနည်းသိရင် လွယ်ပါတယ် ခုလို ပညာအလင်းပေးတဲ့အတွက် ဘဝမှာ ပြဿနာအဖြေကို ရှင်းလင်းစွာ ပိုမြင်ရမှာပါ... ဖိုက်တင်းးး
ရိုးမထဲက ကရင်တိုင်းရင်းသားကလေးငယ်လေးတွေအတွက် ခုလို လှူဒါန်းပေးမှုကို ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ဗျာ

‌လှူဒါန်းပေးသည့်စေတနာကို လေးစားဂုဏ်ယူစွာဖြင့်
ဇင်ယော်နီ

ရန်ကုန်က ချစ်ကိုကြီးရေစာအုပ်တွေရောက်ရှိလာပါပြီ ဝမ်းသာပီတိဖြစ်မိပါတယ် 😶‍🌫️😶‍🌫️အရာအားလုံးမှာ အစက အရမ်းခက်တယ် အဲ့ဒီခက်ခဲတဲ့...
29/04/2024

ရန်ကုန်က ချစ်ကိုကြီးရေ
စာအုပ်တွေရောက်ရှိလာပါပြီ ဝမ်းသာပီတိဖြစ်မိပါတယ်
😶‍🌫️😶‍🌫️
အရာအားလုံးမှာ အစက အရမ်းခက်တယ်
အဲ့ဒီခက်ခဲတဲ့အစကို ကျော်ဖြတ်နိုင်ဖို့ အားပေးကူညီကြတဲ့ ကျွန်တော်မိသားစု၊ သူငယ်ချင်းများ၊ မိတ်ဆွေများကို ကျေးဇူးတင်မိပါသည်။
😍😍
ကျွန်တော် ရန်ကုန်ကအကိုလှူလိုက်တဲ့အထဲက အရှင်ဆန္ဒာဓိကရဲ့ ငါသေသွားပြီ စာအုပ်လေး ယူဖတ်မိတယ်။ စိတ်ညစ်နေလား ...? သေလိုက်၊ ငါသေသွားပြီလို့ ဆင်ခြင်လိုက်။ စိတ်ညစ်တာတွေ ပျောက်သွားပါလိမ့်မယ်။
" အဆိုးဆုံးကိုလက်ခံနိုင်သူအတွက် နောက်ထပ်ကြုံတွေ့စရာ အဆိုး ဆိုတာ မရှိနိုင်တော့ပါဘူး" အရမ်းကြိုက်တဲ့ဆုံးမစကားလေး
🙂🙂
အခုလို စတင်ချိန်မှာ ကျွန်တော့်အတွက် အရမ်းဆိုးပါတယ်။ ပြည့်စုံချမ်းသာသူမဟုတ်တဲ့အတွက် ကိုယ်တိုင်က အများကြီး မမတည်နိုင်၊ နေရတာက ခက်ခဲကြမ်းတမ်းတဲ့ရိုးမထဲ။ ပညာရေးဆိုင်ရာ စာအုပ်စာတမ်းတွေကိုတောင် စကစ က လုံခြုံရေးအရ အရမ်းစစ်တယ်။ ဥပဒေက သူတို့ ပါးစပ်မှာ 😁😁ကျွန်တော်ကတော့ အလှူရှင်တွေ လှူတာတွေကို ဝယ်ပြီး ဆိုင်ကယ်နဲ့ ၂ နာရီ နီးပါးစီးရသော လမ်းတစ်ဝက်ကိုသွားပို့။ ဂိတ် သုံးခုကိုဖြတ်ရတယ်။ ပြီးတော့ ရေလမ်းခရီးနဲ့ ‌၃ နာရီကျော် လှေစီးရမယ်။ ရောက်ပြီဆို လူနဲ့ ၆ နာရီ နီးပါး ထမ်းပြီး ရွာကို အရောက်သွားရဦးမယ်။ အဲ့မှာကျတော့ တလရဂိတ်က ၂ ခု။ ကိုယ်က သေလူ ပြီးတော့ ချစ်စရာကလေးတွေအတွက်ဆိုတော့ အားတွေဖြစ် သတ္တိတွေရှိပြီး မကြာခင် တောင်ငူကစထွက်ပါတော့မယ်
ငှက်ဖျားသက်သာပြီး နေကောင်းလာပေမယ့် ကျွန်တော် သေသွားပါပြီနော်
😍😍
ကျေးဇူးနော်ကိုကြီး AtTa
ဇင်ယော်နီ

ပညာရဲရင့်ပွဲလယ်တင့်တဲ့ ရိုးမထဲကလေးတွေ ပွဲလယ်တင့်ရဲရင့်ဖို့အတွက် ထိုင်းနိုင်ငံမှ ချင်းတိုင်းရင်းသားအကိုကြီးကလည်း စာအုပ် ဒ...
29/04/2024

ပညာရဲရင့်ပွဲလယ်တင့်တဲ့
ရိုးမထဲကလေးတွေ ပွဲလယ်တင့်ရဲရင့်ဖို့အတွက် ထိုင်းနိုင်ငံမှ ချင်းတိုင်းရင်းသားအကိုကြီးကလည်း စာအုပ် ဒါဇင် ၂၀ နှင့် ခဲတံ ၉၆ ချောင်းစာအတွက် စုစုပေါင်း လှူဒါန်းငွေ ၁၀၀,၀၀၀ (တစ်သိန်းကျပ်) ကို အားတက်သရော ကူညီလှူဒါန်းသွားပါတယ်ခင်ဗျ။အခုလို ကိုယ်ချင်းစာတရားဖြင့် ပညာရေးအားပေးတဲ့ Ko Sai Khounk ကိုလည်း ရိုးမအတွင်းရှိ ကလေးတွေကိုယ်စားကျေးဇူးအထူးတင်ရှိပြီး မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ပဲခူးရိုးမကြီးပြီးလျှင် ချင်းတောင်တန်းကြီးဆီမှ ကလေးငယ်များအတွက် YEC လှမ်းလာခဲ့ပါဦးမယ်နော် ချစ်ကိုကြီး
ကျေးဇူးတင်လေးစားစွာဖြင့်
ဇင်ယော်နီ

သူငယ်ချင်းတွေက မခေဘူးဗျ အလုပ်အကိုင် လစာတွေကနည်းပြီး ငွေကြေးမလှူနိုင်လို့ ရွာထဲကလေးတွေစာအုပ်တွေ လိုက်စု လိုက်တောင်းပြီး လ...
27/04/2024

သူငယ်ချင်းတွေက မခေဘူးဗျ
အလုပ်အကိုင် လစာတွေကနည်းပြီး ငွေကြေးမလှူနိုင်လို့ ရွာထဲကလေးတွေစာအုပ်တွေ လိုက်စု လိုက်တောင်းပြီး လာပို့ပြီး လူနာ လာကြည့်တာတဲ့
ကျေဇူးတင်ပါတယ် သူငယ်ချင်းတို့ရာ
လူနာငါ့အတွက် စားစရာ မုန့်ဝယ်လာတာထက် ဒီလိုလေး ထောက်ခံအားပေးကူညီတော့ပိုအားရှိပြီး အဖျားသက်သာပါပြီ

လှဲနေရာကထ ရှိတဲ့ဖုန်းအားလေးနဲ့ ကျေးဇူးတင်သင့်သူများကိုတင်လို့ နေမြန်မြန်ကောင်းချင်ပြီ
😍😍

ဟာသလေးတစ်ပုဒ်ပြောပြမယ်
😍😍😍😍😍😍😍😍
အလကားလိုချင်ဦး
😁😁
ကျွန်တော် အဖြစ်လေးပြောပြဦးမယ် 😁😁 အပြစ်တင်တာ မဟုတ်ဘူး ကိုယ်တွေ့ကြုံတဲ့အဖြစ်လေး ရယ်ရတယ် အလကားလိုချင်တာကိုးးးး
ငှက်ဖျားဖြစ်နေတော့ ဆေးခန်းသွားတဲ့ ကျွန်တော်ပိုက်ဆံကုန်မှာကြောက်နေတာ အရင်လို NGO ဝန်ထမ်း လခစားမဟုတ်ဘူးလေ လစာမဝင်တဲ့ကောင်လေ။ ပြီးတော့ ကျွန်တော်တို့ ရိုးမမှာ ငှက်ဖျားအဖြစ်များတော့ အကူအညီလေးရမလားဆိုပြီး MAM က သူငယ်ချင်းပြောစကားအရ သူတို့ NGO ရုံးက ငှက်ဖျားတိုက်‌ဖျက်ရေး တောင်ငူ မင်းကြီးညိုမှာရှိတယ် အခမဲ့တဲ့၊ ခရီးစရိတ်ပါ ပြန်ပေးတယ်ဆိုတော့ အားကိုးပြီး နေပူပူ ၃ နာရီထိုးခါးနီး ဆိုင်ကယ်နဲ့သွား
MAM ရုံးရှေ့ရောက်တော့ ဖျားနေရင်းနဲ့ ဝင်ခွင့်လေးတောင် ဂိတ်မှာမေးကြည့်တော့ ဘယ်ကလဲတဲ့ (တည်နေရာမရေးတော့ဘူးနော် အနောက်ရိုးမကဆိုလာစွဲစိမှာဆိုးလို့ 😁😁) သူတို့ရုံးရဲ့ Target က အရှေ့တောင်အတွက်တဲ့ ဒါတောင် သတ်မှတ်ထားတဲ့ရွာအမည်တွေပဲ ကုပေးလို့ရတာတဲ့) ငှက်ဖျားဖြစ်နေတဲ့လူနာကြီး ရုံးရှေ့ရောက်နေတာတောင် စည်းမျဉ်းအတိုင်းပဲသွားတယ်၊ ကျန်တာတွေ ပြောတော့ပါဘူး အမြင်မတူလို့ ရန်သူလို့ မသတ်မှတ်ပါဘူး ရန်ကုန်ရုံးက သူငယ်ချင်းက ညွှန်လို့ လာမေးတာ ကျေးဇူးပါ‌ဗျာဆိုပြီး လှည့်ထွက်ခဲ့တယ်။ ၂၅.၄.၂၀၂၄ ညနေ ၃ နာရီ CCTV မှာ ပြန်ကြည့်နော်။ ဖမ်းမယ်ဆို အသရေဖျက်မှုနဲ့ ဖမ်းလို့ရအောင်
ခေတ်ကာလကမကောင်း၊ အလုပ်ကမရှိတော့ ငွေမရှိ
ငွေမရှိတော့လည်း အားကိုးမိတာပေါ့ဗျာ ကိုယ့်အတွက်ရော အနောက်ရိုးမကလူတွေအတွက်ရော 😁အဲ့တုန်းက နေကပူ လူကဖျားနေတော့ စိတ်ထဲဒီလိုစိတ်ကူးမိသေး😁 ဘောပင်ကိုင်တဲ့ ကျောင်းဆရာမို့နော် လက်နက်ကိုင်တဲ့ကောင်ဆို 😁😁 အထဲကို နာနတ်သီးကျွေးပစ်ပြီ (နေမကောင်းတော့ စိတ်တွေက အဲ့လိုပဲ) 😁😁

မဆီမဆိုင်တွေရေးလို့ မban နဲ့ဦးနော် မင်မင် နေမကောင်းလို့ပါ 😁

အပြစ်ပြောတာမဟုတ်ဘူး အဖြစ်ပြောတာပါ
သူငယ်ချင်းတို့ကို ရယ်စရာလေးပြောပြတာ ရယ်ရအောင်လို့
ဇင်ယော်နီ

ဆင်းရဲနွမ်းပါးတဲ့တောင်ပေါ်ဒေသကလေးများရဲ့ပညာရေးအတွက် လှူဒါန်းပေးတဲ့ သူငယ်ချင်းများကို ကလေးများကိုယ်စား ကျေဇူးတင်ပါတယ် ငှက...
27/04/2024

ဆင်းရဲနွမ်းပါးတဲ့တောင်ပေါ်ဒေသကလေးများရဲ့ပညာရေးအတွက် လှူဒါန်းပေးတဲ့ သူငယ်ချင်းများကို ကလေးများကိုယ်စား ကျေဇူးတင်ပါတယ်

ငှက်ဖျားပြန်ဖြစ်နေတာ သုံးရက်ရှိပြီ မီးတွေကပျက် လှူဒါန်းတဲ့သူတွေကို အချိန်နဲ့တပြေးညီ မတင်ပြနိုင်တဲ့အတွက် တောင်းပန်ပါတယ်
အများကြီးကျန်သေးတယ် မီးပျက်နေလို့

တော်တော်များများ စိတ်ဝင်စားပြီး မေးကြတယ် တစ်ချို့က အဝတ်အထည်တွေ လှူလို့ရလား တစ်ချို့က စာလာသင်လို့ရော ရလားတဲ့ ဘယ်အဖွဲ့အစည်းကလဲ စသည်ဖြင့် မေးကြတယ် အားလုံးကိုဖြေပေးလိုက်ပါတယ်
၁။ ကျွန်တော်တို့အဖွဲ့သည် အတင်းအကြပ်ကြီး ပုတ်ခပ်ပြီးအလှူမခံပါ
၂။ အလှူခံတဲ့အကြောင်းအရာထက် ကျေးဇူးတင်လွှာတွေ၊ ဂုဏ်ပြုမှတ်တမ်းတွေနဲ့ အပြစ်တွေထက် အဖြစ်တွေကို တင်ပြပေးပါသည်။
၃။ ကျွန်တော်တို့သည် ကိုယ်ထူကိုယ်ထ ပညာရေးလုပ်သော အဖွဲ့ဖြစ်ပါသည်။
၄။ ကျွန်တော်တို့သည် ကျောင်းသားတိုင်း တန်းတူညီမျှမှုကို ဖြည့်ဆည်းပေး၍ အခွင့်အရေး၊ အခွင့်အလမ်းများဖော်ဆောင်ပေးပါတယ်
၅။ ကိုယ်ကျိုးအတွက် ဂုဏ်သိက္ခာနှင့်အမှန်တရားသာယူပြီး စွန့်လွှတ်အနစ်နာခံသည့်စိတ်ဓာတ်များသာ ပိုင်ဆိုင်ဖို့ လုပ်ဆောင်ပါသည်။

- အဝတ်အထည်တွေ လှူချင်ပါက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား ၁၀၀ ဦး ဖြင့် စတင်အကောင်အထည်ဖော်နေပါသည်။သို့ ဖြစ်ပါသောကြောင့် တန်းတူညီမျှမှုရနိုင်တဲ့အရာဆို ယူပါသည်။ စေတနာကို အသိအမှတ်ပြုလေးစားသော်လည်း တန်းတူမရပါက စည်းမျဉ်းစည်းကမ်းနဲ့မညီသောကြောင့် လက်ခံ၍မရနိုင်တာ နားလည်ပေး‌စေချင်ပါသည်။ အခြေခံသတ်မှတ်ထားသည့် ပစ္စည်းများရှိပြီး အဖွဲ့ရန်ပုံငွေဖြင့် တန်းတူညီတူရနိုင်ဖို့ စီစဉ်‌နေပါသည်။
- စာလာသင်ချင်သူများကိုတော့ ကျွန်တော်တို့အဖွဲ့သာမက ကလေးများကလည်း ဝမ်း‌မြောက်စွာ ကြိုဆိုပါသည်။ ရိုးမတောတောင်ဖြစ်သောကြောင့် ငှက်ဖျားအဖြစ်များသည်။ အစားအသောက် ဆင်းရဲမည်။ တိုက်ပွဲများ အချိန်မရွေးကျရောက်နိုင်သည်။ စကစလည်း တစ်နှစ် နှစ်ကြိမ်ခန့် စစ်ကြောင်းထိုးတတ်သည်။ တလရ ရဲဘော်များလည်း ဖြတ်သွားဖြတ်လာရှိသည်။ တောင်ငူမြို့နှင့် မိုင်လေးဆယ်ခန့်ဝေးပြီး တောင်ငူမှထွက်လျှင် တလရလို့ အလိုလို သတ်မှတ်ခံရနိုင်ပြီး ဖမ်းဆီးခံရနိုင်သည်။ အင်တာနက်၊ ဖုန်းလိုင်း အရမ်းခက်ခဲသည်။ စတင်ချိန်တွင် လုံးဝလစာပေးနိုင်ခြင်းမရှိပါ။ ခရီးလမ်းသည် အစစ်အဆေးများစွာဖြင့် အနည်းဆုံး နွေရာသီ ၂ ရက်၊ မိုးရာသီ ၄ ရက်ခန့် ကြာသည်။ ခြေလျင်ခရီးသာ မိုးတွင်းအသုံးပြုရသည်။ ထိုအခက်အခဲများကို ကြံ့ကြံ့ခံနိုင်ပြီး ဝါသနာ၊ အနစ်နာခံနိုင်မှသာ လာလျှင်ပိုကောင်းပါသည်။

- အဖွဲ့အစည်းကတော့ ပြည်သူတစ်ယောက်က ပညာဒါနလုပ်ပေးတဲ့ပုံစံပါ
နာရေးကူညီမှုအသင်းတွေ၊ NGO, INGOအသင်းအဖွဲ့တွေလို မှတ်ပုံတင်မရှိပါဘူး။ ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ဆင်းရဲနွမ်းပါးတဲ့ကလေးတွေရဲ့ အနာဂတ်ကို ပုံဖော်ပေးချင်လို့၊ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင်လုပ်ပြချင်လို့ စခဲ့တာပါ။ NUG ပညာရေးသည် Screen Time များပါတယ်။ ရိုးမမှာ လက်လှမ်းမမိပါ။MoE, NUG education website တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ စကစရဲ့ ပညာရေးကလည်း လက်ရှိမှာ ရိုးမထဲမှာ လက်လှမ်းမမီ ဟန်ပြသာသာပါ။ ကျွန်တော်တို့လို အနစ်နာခံနိုင်တဲ့သူတောင် အစပိုင်းမှာ ငရဲခန်းဆိုပြီး ပြန်ပြေးချင်ကြသည်။ ခု ငှက်ဖျားတောင် မပျောက်သေးဘူး၊ ချစ်တဲ့သူတွေနဲ့ အဆက်အသွယ်ပြတ်။ ဘယ်သူ လာနေချင်မှာလဲဗျာ။ ကျောင်းတက်ချင်ပါတယ်ဆိုတဲ့ ကလေးငယ်တွေကြောင့်၊ ရိုးသားတဲ့တိုင်းရင်းသားကလေး မိဘများရဲ့မျှော်လင့်ချက်ကြောင့် YEC ဆိုသော အမည်နာမဖြင့် ကိုယ်ပိုင်ပညာဒါနကျောင်းလေးဖန်တီးပြီး ပညာရေးတန်းတူအခွင့်အရေးရနိုင်ဖို့ လုပ်ဆောင်နေပါသည်။
ဒီကျောင်းလေး ပိုတိုးတက်ဖို့၊ အများကြီးလုပ်ဆောင်ပေးနိုင်ဖို့ အဖွဲ့အစည်းဆန်ဆန်လေး သူငယ်ချင်းတွေ ကျောင်းသားမိဘတွေနဲ့ စပြီးထူထောင်ပါတယ်။

စိတ်ဝင်စားပြီး မေးမြန်းသူများကို ကျေးဇူးတင်ပါတယ် ဒီမှာ စုဖြေပေးလိုက်ပါပြီ သိချင်တာတွေ ရှိရင် မေးလို့ရပါတယ်ခင်ဗျ
ပညာရေးကြောင့် အရာရာ ပြောင်းလဲနိုင်ပါတယ်

စာအုပ်တွေ အများကြီး လာလှူသွားတဲ့ ညီလေး ညီမလေးတို့ကို ကျေးဇူးတင်ပါတယ် ရိုးမပေါ်က ကလေးတွေက အင်တာနက်ဆိုတာလည်း မသိဘူး ဖုန်းဆ...
25/04/2024

စာအုပ်တွေ အများကြီး လာလှူသွားတဲ့ ညီလေး ညီမလေးတို့ကို ကျေးဇူးတင်ပါတယ်
ရိုးမပေါ်က ကလေးတွေက အင်တာနက်ဆိုတာလည်း မသိဘူး ဖုန်းဆိုတာလည်း မရှိဘူး တီဗီဆိုတာ တစ်အိမ်မှမရှိဘူး
ဖုန်းလေးဖွင့်ကြည့်ရင်တောင် အထူးအဆန်းလို ဝိုင်းဝန်းကြည့်ကြတာ
စာက မတတ် အသိပညာကနည်း အိမ်မက်တွေတော့ သူတို့လေးတွေမှာ ရှိတယ် ကျောင်းနေချင်ကြတယ် တစ်ချို့က ဆေးကုပေးချင်တာတဲ့
တစ်ချို့က ကျောင်းဆရာမ တစ်ချို့က သီချင်းဆိုချင်တာ အိမ်မက်တွေ ကိုယ်စီနဲ့ပဲ
ကွန်ပျူတာသင်ချင်လားဆိုတော့ ရွာက လူငယ်တွေက ဖြစ်မှ မဖြစ်နိုင်တာဆရာတဲ့ အင်္ဂလိပ်စာရောဆိုတော့ ပြုံးစိစိနဲ့
သူတို့နဲ့ အလှမ်းကွာလို့ မဖြစ်နိုင်ဘူးတဲ့လေ
နေ့ဘက်ဆို ကလေးတွေကို သင်ပြီး ညဘက်ဆို လူငယ်တွေကို သင်ပေးတယ် ရိုးမထဲမှာ အရာရာခက်ခဲတယ် ပညာတတ်ဆိုတာ မရှိဘူး တောင်ငူလောက် ဈေးဝယ်လာရင်တောင် အရာရာက သူတို့အတွက် အထူးအဆန်းပဲ
ကျွန်တော့်ဘဝကို ရိုးမထဲ မြှပ်နှံတော့မယ် သူတို့အတွက် မဖြစ်နိုင်ဘူး ထင်တဲ့ဟာတွေ ဖြစ်နိုင်အောင် လုပ်ပေးနိုင်မယ်လို့ ယုံကြည်ရင်း

လှူဒါန်းသူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ
ဇင်ယော်နီ

၂၄ ရက်နေ့က စာအုပ်တွေ လုံခြုံတဲ့နေရာကို သွားပို့ရင် ပညာရေးကို စိတ်ဝင်စားတဲ့ အလှူရှင်တွေနဲ့ ထပ်ကြုံရတယ် ပိုက်ဆံမချမ်းသာဘူး...
25/04/2024

၂၄ ရက်နေ့က စာအုပ်တွေ လုံခြုံတဲ့နေရာကို သွားပို့ရင် ပညာရေးကို စိတ်ဝင်စားတဲ့ အလှူရှင်တွေနဲ့ ထပ်ကြုံရတယ်
ပိုက်ဆံမချမ်းသာဘူး စိတ်ဓာတ်ချမ်းသာတယ်
ပညာရေးအတွက်မို့ အမည်လွှဲတောင် မသုံးဘူး တည့်ရေးလို့ရတယ်တဲ့
လူတိုင်း ခက်ခဲကြတာ သိပါတယ်
ကျွန်တော်လည်း ဒီအလုပ်လုပ်မှ သူတောင်းစားကို ဖြစ်လို့
😍😍 ကျေနပ်ပါတယ် အများအတွက်တွေးတဲ့အခါ အနစ်နာခံရမယ်လေ
တစ်ထောင်နှစ်ထောင်လှူတာလေးတွေ မဖော်ပြတာက တစ်သောင်းလှူမှ လက်မှတ်ထုတ်တာမို့နော်
ငါးရာလှူလည်း ယူတယ် ခဲဖျက်တစ်တုံးစာလေ
နှစ်ရာလည်း ယူတယ် ပေတံ အညံ့စားတစ်ချောင်းရတယ်လေ
ပညာရေးအတွက် ဘာလှူလှူ အကုန်ယူတယ်နော်
ညီလေးတစ်ယောက်က ဂီတသင်တန်းအတွက် ဂီတာလှူမယ်တဲ့
ကလေးတွေအတွက် ဘက်စုံဖွံဖြိုးဖို့ပဲ လိုတာ
အားကစားပစ္စည်းတွေလည်း လှူလို့ရပါတယ် အသစ်မဟုတ်လည်းရတယ်
စစ်တုရင်ခုံ၊ ကြက်တောင်၊ ဘောလုံး၊ ခြင်းလုံး 😍😍

လှူပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ

ရန်ကုန်က အကိုတစ်ယောက်ကို ကျေးဇူးတင်ပါတယ် ပို့ခပါ ရှင်းပေးလိုက်သေးတယ် အကို့လှူဒါန်းပေးမှုကို ကလေးတွေကိုယ်စား ကျေးဇူးတင်ပါ...
25/04/2024

ရန်ကုန်က အကိုတစ်ယောက်ကို ကျေးဇူးတင်ပါတယ် ပို့ခပါ ရှင်းပေးလိုက်သေးတယ်
အကို့လှူဒါန်းပေးမှုကို ကလေးတွေကိုယ်စား ကျေးဇူးတင်ပါတယ်ဗျာ

မနေ့က အလုပ်အများကြီးလုပ်လိုက်တာ ဖျားသွားတယ်
နေပူထဲ ပစ္စည်းတွေ တစ်ထောက်သွားပို့ထားတာ
စာအုပ်ထုပ်ကြီးတောင် စစ်ဆေးရေးက ကြမ်း
ညာပြောလိုက်ပါတယ် ရောင်းစားမို့လို့
ခက်တယ်နော် ဘာတွေကြောက်နေမှန်း မသိဘူး 😁😁
ကျွန်တော်ကတော့ နေပူထဲ တော်တော်နေလိုက်ရလို့ အသားမဲပြီး ဖျားပီ
ကျွန်တော်သေချင်သေပါစေ
ညာပြောချင်ပြောရပါစေ
ကလေးတွေဆီ ရောက်အောင်တော့ ကျွန်တော်ယူသွားမှာ
သူတို့ဆရာကို မျှော်နေကြတဲ့ တပည့်ခလေးတွေဆီ မြန်မြန် ပြန်ရဖို့
ဖျားနေရက်နဲ့ အလုပ်လုပ်နေပါပြီ
လှူဒါန်းပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်

ကျွန်တော်တို့မှာ ရရှိတဲ့ ရန်ပုံငွေကို အပိုင်း ၄ ပိုင်းခွဲခြားပြီး အသုံးပြုပါတယ်၁ ပညာရေးအတွက်အသုံးပြုခြင်းမှ ကျောင်းသားကလ...
23/04/2024

ကျွန်တော်တို့မှာ ရရှိတဲ့ ရန်ပုံငွေကို အပိုင်း ၄ ပိုင်းခွဲခြားပြီး အသုံးပြုပါတယ်
၁ ပညာရေးအတွက်အသုံးပြုခြင်းမှ ကျောင်းသားကလေးငယ်များအတွက် လိုအပ်ချက်များဖြည့်ဆည်းပေးခြင်း
၂ ပညာရေးအတွက်အသုံးပြုခြင်းမှ ကျောင်း သို့ ရုံးအတွက် လိုအပ်မှုများ ဖြည့်ဆည်းပေးခြင်း
၃ ကျန်းမာရေးအတွက် ဆေးဝါးဝယ်ယူပေးခြင်း
၄ ပညာရေးနှင့်ကျန်းမာရေးဆောင်ရွက်ရာတွင် သီးသန့်ကုန်ကျရသောစာရင်းအဖြစ် သွားလာသယ်ယူစရိတ်ကုန်ကျ‌ငွေ၊ ဆက်သွယ်ရေးကုန်ကျငွေ၊ အစည်းအဝေး သို့ သင်တန်းပေးရာတွင် အကျွေးအမွေးကုန်ကျငွေ ဟူ၍ လေးပိုင်းခွဲပြီး ဦးစားပေးလုပ်ဆောင်ရမည့်အမှတ်စဉ်အတိုင်း ငွေကြေးကုန်ကျသုံးစွဲပါသည်။ ပညာရေးသီးသန့်လှူသောသူများအတွက် ပညာရေးသီးသန့်အသုံးပြုပါသည်။ ၁၂ ရက်နေ့က ဆေးဆယ်သိန်းဝယ်ယူမှုတွင် အလှူရှင်ရဲ့ ဆန္ဒအတိုင်း ဆေးဖိုးအဖြစ် လှူဒါန်းမှုကြောင့် ချက်ချင်းအကောင်အထည်ဖော်ဝယ်ပါသည်။ ဘောင်ချာများသည် ရိုးမတွင်ကျန်ခဲ့သည်။ ရိုးမအတွင်း ရိုက်ကူးထားသောမှတ်တမ်းများသည် လမ်းခရီးစစ်ဆေးမှုများကြောင့် ရုံးတွင်ထားခဲ့ရသည်။ ထို့ကြောင့် လေးလပိုင်းကုန်မှသာ ရိုးမအတွင်းပုံရိပ်များ တင်ပေးနိုင်လိမ့်မယ်။ တစ်ချို့က မေးလို့နော်
ရိုးမထဲကပုံလေးတွေပြပါဦးတဲ့။ ချစ်စရာကောင်းတဲ့ ကရင်တိုင်းရင်းသားက‌လေး လေးတွေကို ငါးလပိုင်းမှာ တစ်ပတ်တစ်ရက် လိုင်းမိတဲ့နေရာသွားပြီး တင်ပေးပါမယ်‌ဗျာ စိတ်ဝင်စားပြီး မေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ် ဝိုင်းဝန်းကူညီပေးကြပါဦးနော်

ယခု သူငယ်ချင်းတစ်ယောက်က လတိုင်း တစ်လ တစ်သောင်းနှုန်း ဖုန်းဘလ် ထည့်ဝင်လှူဒါန်းမည့်အကြောင်းပြောဆိုပြီး ဆက်သွယ်ရေးအတွက် လှူဒါန်းပေးမှုကို ကျေးဇူးတင် ဂုဏ်ပြုအပ်ပါသည်။

ကျွန်တော်တို့တစ်ဖွဲ့လုံး လစာမယူပါ၊ စားစရိတ်ကို ရွာက ကျွေးမွေးသောကြောင့် မကုန်ပါ၊ တခြား ကိုယ်ရေးကိုယ်တာ အသုံးပြုငွေမရှိပါ။
တစ်ချို့က ကျွန်တော်တို့အတွက်ဆိုပြီး သီးသန့်လာလှူကြသည်။ အဝတ်အစားအသုံးအဆောင်၊ မုန့်များကိုတော့ ကျွန်တော်တို့အတွက်ဆိုပြီး လာလှူမှသာ အသုံးပြုပါသည်။ ကိုယ်ကျိုးရှာခြင်း၊ ကိုယ်ကျိုးအတွက်အသုံးပြုခြင်းမရှိရ သည် အဖွဲ့၏ စည်ကမ်းအမှတ်စဉ် ၁ ဖြစ်သည်။ ကိုယ်တိုင်ထုတ်ထားသောစည်းကမ်းကို ကိုယ်တိုင်လိုက်နာရမည်၊ စခဲ့သည့်အလုပ်ကို ပြီးဆုံးသည်အထိ လုပ်ရမည်။ အမြဲတမ်း အများအကျိုးအတွက်ပဲ စဉ်းစားပါသည်။ ကျေးဇူးများစွာဖြင့်
ဇင်ယော်နီ

23/04/2024

YEC အကြောင်းလေးမိတ်ဆက်ချင်ပါတယ်

ရည်ရွယ်ချက်
- ဆင်းရဲနွမ်းပါးသောကလေးငယ်များအတွက် အခမဲ့ပညာရေးဖြင့် အမှန်တကယ် အခြေခံစာတတ်‌မြောက်မှု ရရှိရန်
- လူငယ်လူရွယ်များအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်များသင်ကြားခွင့်ရစေရန် နှင့် ရပ်ရွာအကျိုးပြုပညာရပ်များတတ်မြောက်ပြီး ရိုးမသစ်တောများ ပြုန်းတီးမှုကို ကာကွယ်ရန်
- မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုများ မဖြစ်ရန် ကျန်းမာရေးစောင့်ရှောက်မှု ပေးရန်
အဓိက ရည်ရွယ်ပြီး ဖွဲ့စည်းဖြစ်ပါသည်။ YEC အဖွဲ့တွင် ရိုးမအတွင်း အုပ်ချုပ်ရေးတာဝန်ခံ ရွာအကြီးအကဲသုံးဦးသည် နာယက အဖြစ်လည်းကောင်း၊ ကျွန်တော် ဇင်ယော်နီက ဦးဆောင်သူအဖြစ်လည်းကောင်း၊ ပညာရေးတာဝန်ခံ စောဂျွန်ဝါးနီ၊ ကျန်းမာရေးတာဝန်ခံ နော်ကတ်သရင်းဂျွန်၊ ငွေကြေးတာဝန်ခံ Mr.Smile နှင့် ကျောင်းဆရာ ဆရာမ ငါးဦး စုစုပေါင်း ၁၂ ဦးဖြင့် စတင်ဖွဲ့စည်းထားပါသည်။

ပညာရေးဆောင်ရွက်မှုအဖြစ် နှစ်လပိုင်းကတည်းက မြေပြင်သုတေသန စစ်တမ်းများကောက်ခံသိရှိပြီး YEC ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
ရိုးမထဲတွင် ရွာပေါင်း ၃၃ ရွာရှိပြီး တောင်ပေါ်ဒေသများမှလွဲ၍ ကျန်သော ကျေးလက်ရွာများတွင် ပညာရေးဝန်ကြီးဌာနမှ ကျောင်းဖွင့်ပါသည်
တောင်ပေါ်ဒေသရှိ ကျောင်းများရှိ လေးရွာသည် NUG ကျောင်းဖြစ်ပြီး စကစ၏ ထိုးစစ် မကြာခဏ ခံရပြီး ကလေးငယ်များအတွက် စိုးရိမ်ရပါသည်။ ကျွန်တော်တို့အဖွဲ့ကောက်ခံထားသော ရွာ ၉ ရွာတွင် ကျောင်းသားပေါင်း ၃၂၀ ရှိပါသည်။ အချို့ရွာများသည် ကိုယ်ထူကိုယ်ထကျောင်းများဖွင့်၍ သင်ကြသည်ကိုသိရှိရပြီးနောက် YEC သည် အခမဲ့ကိုယ်ထူကိုယ်ထကျောင်းအဖြစ် ကျောင်းသားဦးရေ ၁၀၀ အထိ အခြေခံလိုအပ်သည်များ ပြည့်စုံအာင် ဖြည့်ဆည်းပေးပြီး ပညာရေးကို ထိရောက်စွာ သင်ကြားပေးနိုင်ရန် စတင်အကောင်အထည် ဖော်နေပါသည်။
လုပ်ဆောင်နေသည့်အရာများ
- သင်ရိုးညွှန်တမ်းပြင်ဆင်ရန်
အခြေခံစာတတ်‌မြောက်မှုကို အဓိကထားသောကြောင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ကရင်စာပေကို သင်ယူရမည်ဖြစ်သည်။ လူမှုရေး၊ သိပ္ပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိသည် မြန်မာစာပေထဲတွင် ထည့်သွင်း၍ စာတွေ အများကြီး ပြင်ဆင်ပြောင်းလဲထားပါသည်။ ပုံမှန် မြို့ကျောင်းများကဲ့သို့ သင်ရိုးညွှန်တမ်းမဟုတ်ဘဲ များစွာပြင်ဆင်ထားပါသည်။ အရည်အချင်းကို အဓိကထားသည်။
- ဆရာအတတ်သင်မွမ်းမံသင်တန်းပေးရန်
ကိုယ်ထူကိုယ်ထကျောင်းများမှ ဆရာဆရာမများသည် ရွာမှ ရှစ်တန်း ဆယ်တန်းအဆင့် ကျောင်းသူလေးများ ပြန်လည် သင်ကြားရသောကြာင့် အရည်အချင်းပိုမိုပြည့်စုံလာစေရန် သင်တန်းပြုလုပ်ပေးရန်
- ကလေးများအတွက် ပံ့ပိုးပေးရန်
အခြေခံလိုအပ်ချက် တစ်ဦးလျှင် ၂ သောင်းကျပ် တန်ဖိုးရှိ စာရေးကိရိယာ၊ ဝတ်စုံ၊ ဖိနပ်များ ပံ့ပိုးပေးရန်
- အခြား
မီနီစာကြည့်တိုက်အတွက် စာအုပ်ရေ အနည်းဆုံး ၂၀၀ မှ ၅၀၀ လိုအပ်မှုကိုဖြည့်ဆည်းပေးရန်
အားကစားအတွက် ဘောလုံး၊ ခြင်းလုံး၊ ကြက်တောင်ရိုက်၊ စစ်တုရင်း နေရာပစ္စည်းများ ဖြည့်ဆည်းပေးရန်
စိုက်ပျိုးရေးပညာအတွက် စိုက်ပျိုးရေးသုံးပစ္စည်းများ
ကွန်ပျူတာသင်တန်းအတွက် ကွန်ပျူတာပစ္စည်းများ
မီးအလင်းရောင်အတွက် ဆိုလာ၊ ဘက်ထရီ၊ အင်ဗာတာများ
အခြားရွာမှ လာတက်ကြ‌မည့်ကျောင်းသားများအတွက် အာဟာရကျွေးမွေးမှုနှင့် အဆောင်စီစဉ် ထားရှိရန်
ကျောင်း သို့မဟုတ် ရုံးအတွက် လိုအပ်သော ပစ္စည်းများထားရှိရန်
ကျန်းမာရေးအတွက် ကျေးလက်ဆေးပေးခန်းဖွင့်ပြီး ဆေးဝါးပံ့ပိုးပေးရန်
စသည်ဖြင့် ဦးစားပေးအစီအစဉ်အရ ဆုံးဖြတ်ထားသည့်အတိုင်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။
အင်တာနက်အခက်အခဲ၊ ဖုန်းလိုင်းအခက်အခဲတို့ကြောင့် တစ်ပတ်လျှင်တစ်ရက် ဆက်သွယ်၍ရနိုင်သည့်နေရာသို့ လာရောက်ပြီး လုပ်ဆောင်နေမှုများကို
အလှူရှင်များ ပီတိဖြစ်နိုင်ရန် ပို့ပေးမည်ဖြစ်သည်။
😁 ဖုန်းနဲ့ရေးရတာ မလွယ်ဘူးနော်
အသေးစိတ်ပိုသိလိုပါက ဇင်ယော်နီ 09759347346 ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်

YEC ပညာရေးဖော်ဆောင်သူများက ပရဟိတအခမဲ့ကျောင်းလေးမှာ မီနိစာကြည့်တိုက်လေး ဖွင့်ချင်လို့ စာအုပ်စာပေတွေ အုပ်ရေ အနည်းဆုံး ၅၀၀ ...
23/04/2024

YEC ပညာရေးဖော်ဆောင်သူများက ပရဟိတအခမဲ့ကျောင်းလေးမှာ မီနိစာကြည့်တိုက်လေး ဖွင့်ချင်လို့ စာအုပ်စာပေတွေ အုပ်ရေ အနည်းဆုံး ၅၀၀ လောက် ပံ့ပိုးတည်ဆောက်ပေးချင်တဲ့ ဆန္ဒလေးကို ညီမလေးတစ်ယောက်ကို ပြောမိတော့ သူမကိုယ်တိုင်လည်း လက်ရှိ စာအုပ် ၃၀ လှူပြီး သူမသူငယ်ချင်းတွေဆီ အကူအညီတောင်း လှူဖို့အကြောင်းလေး ပြောပေးလုပ်ပေးနေတာကြားသိရတော့ ဝမ်းသာဂုဏ်ယူမိပါတယ် G Pu ညီမလေးကို ကျေးဇူးအထူးတင်ပါတယ် ပညာအလင်းပေးခြင်းက အရာရာကိုရှင်းလင်းစွာ မြင်ရပြီး အောင်ပန်းရပါတယ်

အခုကာလကလည်း အရာရာကို အကြောင်းပြပြီး အလှူခံ လိမ်စားသူတွေကလည်း ရှိနေတော့ လူတွေလည်း လှူရမှာ ကြောက်နေကြတယ်
ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သလိုပေါ့

ကျွန်တော်တို့ကတော့ အခုမှ စတင်တဲ့ အဖွဲ့လေးဖြစ်တာကြောင့် သံသယတွေ အများကြီး ခံရတယ် တစ်နိုင်ငံလုံးခက်ခဲနေတာမို့ လိုတဲ့နေရာတိုင်းလှူကြပါ
မျှော်လင့်ချက်မထားဘဲ ပီတိလေးစားကာ ပေးဆပ်နိုင်သူတွေ ဖြစ်ဖို့ ဆုံးဖြတ်ပြီး ကြိုးစားနေတာမို့ အခက်အခဲက အေးဆေးပါဗျာ
ရန်ကုန်က အကိုတစ်ယောက်လည်း စာအုပ်တွေလှူမယ်ပြောတော့ ကလေးတွေကိုယ်စား ဝမ်းသာမိပါတယ် ပို့ခတောင် မပေးနိုင်ဘူး ကျွန်တော်တို့မှာက
စာအုပ်တွေရောက်မှ ထပ်ပြီး ဂုဏ်ပြုပေးပါမယ် ချစ်ကိုကြီး
အခြေခံလိုအပ်ချက်တွေ အများကြီးနဲ့ စလုပ်ရတာမို့ ခက်ခဲပင်ပန်းပါတယ်
အချိန်တန်မှ လှပစွာဖူးပွင့်လာမယ့် ပန်းကလေးများကို
စိတ်ကူးယဉ်ပြီး အခု အပင်စိုက်နေပါပြီ

လှူပေးကြသူအားလုံးကို ကျေးဇူးတင်ပါတယ်

ဇင်ယော်နီ

YEC ရဲ့ ဆင်းရဲနွမ်းပါးတဲ့တောင်ပေါ်ဒေသရှိ ကလေးငယ်များ၏ ပညာရေးအတွက် လှူဒါန်းကြသူများကို အသက်အရွယ် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်...
23/04/2024

YEC ရဲ့ ဆင်းရဲနွမ်းပါးတဲ့တောင်ပေါ်ဒေသရှိ ကလေးငယ်များ၏ ပညာရေးအတွက် လှူဒါန်းကြသူများကို အသက်အရွယ် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ သူငယ်ချင်းဟု ဖော်ပြမှတ်တမ်းတင်အပ်ပါသည် နာမည်မဖာ်လိုသူများအတွက်လည်း လုံခြုံရေး ထိန်းသိမ်းပေးထားပါသည်။
ခေတ်ကာလကလည်း ကောင်းတာလုပ်တဲ့သူတွေက ကြောက်နေရတယ်
(မဟုတ်တာလုပ်သူတွေကမကြောက်ဘူး ငွေပေးရင် ဟောင်နေတဲ့ခွေးတောင် ပါးစပ်ပိတ်လို့ရတော့ 😁😁)
လင်းလင်းကိုလည်း ကျေးဇူးတင်သလို ရန်ကုန်က ညီလေးကိုလည်း ယုံကြည်စွာ ကလေးတွေအတွက် လှူပေးလို့ ကျေးဇူးတင် ဂုဏ်ပြုပါတယ်

မှတ်ချက် ။ တစ်နိုင်ငံလုံး ခက်ခဲနေတာမို့ လိုအပ်နေသူများကို မည်သည့်နေရာမဆို တတ်နိုင်သလောက်လှူပေးပါ

ကော်ဖီရနံ့တွေကိုတောင် မေ့နေပြီအမေသား ကော်ဖီအရမ်းကြိုက်တယ် ‌စာအုပ်လေးဖတ်လိုက် ကော်ဖီလေးသောက်လိုက်နဲ့ အတိတ်မှာရိုးမထဲမှာ သ...
23/04/2024

ကော်ဖီရနံ့တွေကိုတောင် မေ့နေပြီအမေ
သား ကော်ဖီအရမ်းကြိုက်တယ် ‌
စာအုပ်လေးဖတ်လိုက် ကော်ဖီလေးသောက်လိုက်နဲ့ အတိတ်မှာ
ရိုးမထဲမှာ သား ကော်ဖီမသောက်တော့ Sunday တစ်ထုပ် ငါးရာလေ
ကျောင်းဆရာဆိုတော့ ဧည့်ခံတိုက်ကျတယ် သား မသောက်ရက်ဘူး
အရာရာခက်ခဲနေတယ်လေ အစာအိမ်နဲ့မတည့်လို့ဆိုပြီးညာခဲ့တယ်
သားအပြစ်ဖြစ်သွားလားအမေ
သား သားငါးဟင်းကြိုက်မှန်းအမေသိတယ် သားညာမိတယ်
သား ကြားသားမြင်သား မစားဘူးဆိုတော့ ရွာက အိမ်ကြက်လေးတွေ အတော်များများ အသက်ချမ်းသာရာရတယ်
သူတို့ရွာအတွက် ကောင်းကျိုးလာပြုပေးတာမို့ အားမနာနဲ့တဲ့
သား သူတို့ဆီမှာ ထမင်း အနပ်ပေါင်း ၁၂၇ နပ်လေ
အခု သား ကိုယ့်အတွက် ဘာမှ မဝယ်ချင်ဘူးအမေ
စကစ စစ်ကြောင်းထိုးတော့ သားမြေကြီးပေါ်မှာ နှစ်ပတ် အိပ်ခဲ့ရတယ်
မြေကြီးပေါ်မှာ သားအိပ်ရတာ ကြိုက်လာပြီ အမေ
တောထဲမှာ အိပ်တော့ သား ငှက်ဖျားဖြစ်တယ် ဆေးမရှိ ဘာမရှိ
ရွာသားအားလုံးစိတ်ပူပေးကြတယ် ပုခက်ကြီးနဲ့ထမ်းပြီး
အဝေးကြီးကရွာက ဆေးမှူးဆီသွားကြတယ်
ဆေးမရှိဘူးအမေ သားတို့ ရိုးမအုပ်ချုပ်ရေးအဖွဲ့တွေက ဆေးတွေ ဆယ်သိန်းဖိုးမှာပေးခဲ့တယ် ချက်ချင်းမရောက်ဘူးအမေ
တစ်ခုခုမှာရင်တော်တော်ကြာတယ် လမ်းမှာအရမ်းစစ်ကြတယ်
သား အခု တောင်ငူကိုဆေးလာကုတယ် အရမ်းဆင်းရဲတဲ့ အဲ့နေရာမှာ သားမနေချင်ဘူးအမေ ဒါပေမယ့် သားပြန်သွားရမယ်
ရိုးသားတဲ့ အပြုံးတွေ စေတနာတွေ ယုံကြည်မှုတွေနဲ့ သားကို သူတို့ကလေးလေးတွေအတွက် အားကိုးကြတဲ့ ကရင်တိုင်းရင်းသားကြီးတွေဆီ သားပြန်ရတာ့မယ် ကလေးတွေက သားကိုအရမ်းချစ်ကြတယ် အမေ
ငရဲခန်းပေမယ့် ကလေးတွေအတွက် သားရှိနေရမယ်
သားက ကျောင်းဆရာလေ ရိုးမပညာရေးတာဝန်ခံလေ
သား တောင်ငူမှာ သူငယ်ချင်းတွေအမျိုးတွေဆီ လိုက်လည်တော့
သား ကြိုက်တဲ့ စားစရာတွေ ချက်ကျွေးကြတယ်အမေ
သားတော်တော်ပိန်သွားလို့တဲ့ ပုံစံကအရင်လို မဟုတ်ဘူးတဲ့လေ
သားအတွက် ဘာမှ မဝယ်တော့ သူငယ်ချင်းအမက ဆရာဆိုတာ ကြည့်ကောင်းအောင်ဝတ်စားရမယ်ဆိုပြီး အဝတ်အစားအသစ်တွေ သားအတွက်လှူလိုက်တယ်အမေ အကိုကြီးမိန်းမက ဖိနပ် ညီလေးက ခါးပတ် သားအတွက်နော်တဲ့
သားမှာရှိသမျှ သား ရိုးမထဲမှာ အကုန်ပေးတတ်တာ သူတို့မသိဘူး အမေ စိတ်မဆိုးဘူးမဟုတ်လား အမေရော
မိဘအတွက်မသိတတ်တဲ့သား မိသားစုပေါ်မသိတတ်တဲ့သား
စိတ်ဆိုးလို့ရော ရနိုင်ပါတော့မလား အမေ
သားအရင်လို Video Editing သင်တဲ့ဆရာ‌၊ English စာသင်တဲ့ဘဝလို
ကော်ဖီရနံ့တွေအစား မီးခိုးနံ့တွေ ကျည်ဆန်အသံတွေပဲ ကြားနေရတော့
‌အများအကျိုးအတွက် သေမယ့်အရေးကို ဂရုမစိုက်ဘဲ သား ဆင်းရဲနွမ်းပါးတဲ့ကလေးတွေအတွက် လုပ်ပေးနေတာ အမေ အဝေးက ဂုဏ်ယူပေးပါနော်

ကျွန်တော်အတွက် လက်ဆောင်ဝယ်လှူပေးတဲ့ တောင်ငူမြို့ လေးအိမ်စုရွာလေးက သူငယ်ချင်းအမများနှင့် တောင်ငူက ညီလေးကို ကျေးဇူးတင်မိပြီ ဂုဏ်ယူမိပါတယ်

သူငယ်ချင်းတို့ရေ မင်းတို့လှူတဲ့ တစ်ထောင်နှစ်ထောင်က ကလေးတွေအများကြီးရဲ့ ဘဝကို ပြောင်းလဲနိုင်တယ်နော်အပင်လေးကို ခုလို တတ်နိ...
23/04/2024

သူငယ်ချင်းတို့ရေ
မင်းတို့လှူတဲ့ တစ်ထောင်နှစ်ထောင်က ကလေးတွေအများကြီးရဲ့ ဘဝကို ပြောင်းလဲနိုင်တယ်နော်

အပင်လေးကို ခုလို တတ်နိုင်သလိုစောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်
လက်မှတ်လေးက တစ်သောင်းကျော်မှ မှတ်တမ်းတင်ဂုဏ်ပြုထုတ်ပေးတာမို့ လက်မှတ်မရလို့ စိတ်မဆိုးနဲ့နော်
အရေးကြီးတာက မင်းတို့လှူတဲ့ငွေတွေက ဒါလေးတွေ ဖြစ်သွားပြီ
မင်းတို့ကို ငါ ဂုဏ်ယူပါတယ် စာရင်းအတိအကျရှိပါတယ်
တစ်လတစ်ခါ အလှူရှင်စာရင်းထုတ်ပြန်ပေးမှာပါ

မိုးရေစက်များကျဖန်များက ခဏလေးနဲ့ ပြည့်ပါတယ် 😍😍
ကလေးတွေကိုယ်စားကျေးဇူးတင်ပါတယ်နော်

ကျွန်တော်အစက ဒီ Page လေး ဒီ အဖွဲ့လေးကို 24.4.2024 မှ ချပြမယ်လို့ စီစဉ်ထားတာ ပညာရေးစလုပ်ခဲ့တာကတော့ သုံးလပိုင်း ကတည်းကပါ ရ...
23/04/2024

ကျွန်တော်အစက ဒီ Page လေး ဒီ အဖွဲ့လေးကို 24.4.2024 မှ ချပြမယ်လို့ စီစဉ်ထားတာ ပညာရေးစလုပ်ခဲ့တာကတော့ သုံးလပိုင်း ကတည်းကပါ
ရွာစဉ်လှည့်ပြီး ကူညီခဲ့တယ် ဆေးတွေဝယ်လှူခဲ့တယ် ပညာရေးဖော်ဆောင်မှုတွေလုပ်ပြီး ယခု ကလေးတွေအတွက် စာရေးကိရိယာတွေ လာယူတာပါ

ကျွန်တော်တို့က ရိုးမထဲမှာရှိနေတော့ သူငယ်ချင်းတွေက
မေး - မင်းတို့ တော်လှန်ရေးလုပ်နေတာလားတဲ့
‌ဖြေ - ပြည်သူ့အကျိုးငါတို့လုပ်နေတာက မင်းတို့ကို တော်လှန်နေသလို ဖြစ်နေသလား သူငယ်ချင်းရေ
ငါတို့ စစ်ကို မလိုချင်ဘူး သူငယ်ချင်း
မင်းတို့ခေါင်းပေါ် ကျည်ဆန်တွေ ဖြတ်ပြေးဖူးလား
မင်းတို့ ပြည်သူအိမ်တွေ မီးလောင်နေတာ မျက်မြင်တွေ့ဖူးလား
မင်းတို့ မိသားစုတွေ စစ်ကြောင့် သေဖူးလား
ရှင်းရှင်းပြောမယ်ကွာ
လက်နက်မကိုင်ဘဲ စာအုပ်နဲ့ ဘောပင်ကိုင်တဲ့ ငါတို့ ကိုယ်တိုင်ကြုံခဲ့ရတာ
ငါတို့မိသားစုတွေ စစ်ကြောင့်ဆုံးရှုံးခဲ့တယ်
ငါတို့အိမ်တွေ ပြေးရာက ပြန်လာတော့ ပြာပဲကျန်တယ်
ငါတို့မှာ ကိုယ်ပိုင်အိမ်မရှိပေမယ့် နေရာတိုင်းက ငါတို့ကို ကြိုဆိုကြတယ်
ရိုးမကပြည်သူတွေ ရိုးသားပြီး ဆင်းရဲပေမယ့် မင်းတို့လောက် တစ်ကိုယ်ကောင်း မဆန်ဘူး ရှိတာလေးတွေ မျှ‌ဝေကျွေးခဲ့တယ်
ငါတို့ စစ်ကို မကြိုက်ဘူး
နစ်နာနေတဲ့ ပြည်သူက ငါတို့ကို ထမင်းကျွေးနေတာမို့ ငါတို့က သူတို့ကို ပြန်ကျေးဇူးဆပ်တာ မင်းတို့ကို တော်လှန်သလို ဖြစ်သွားလား
ငါတို့လက်နက်မကိုင်ဘူးနော်
ငါတို့ဆုံးရှုံးခဲ့သလို ဘယ်သူမှ မဆုံးရှုံးချင်ဘူး
ငါတို့ စစ်ကို မလိုချင်ဘူး
အပင်စိုက်ဖို့တော့ ‌မြေကိုဆွရမယ် အကျိုးမရှိတဲ့ ဆူးပင်တွေခုတ်ရမယ်
စိုက်ထားတဲ့အပင်လေးကို ပြုစုပေးရမယ်
ငါတို့စိုက်နေတာ ကြက်ဆူပင်မဟုတ်ဘူး
အရိပ်လည်းရ အသီးလည်းစား အကျိုးပြုမယ့် အပင်
မှည့်တဲ့အခါကျရင် ငါတို့တစ်ကိုယ်ကောင်းမဆန်ပါဘူး
လာပါ စားပါ လိပ်ပြာသန့်သန့်နဲ့ကျွေးမှာပါ

မင်းတို့ ငါတို့ဆီကို လာလည်ပါ ငါတို့ ပြည်ပရောက်နေတာမဟုတ်ဘူး
ကျည်ဆန်တွေအောက်ရောက်နေတာ
ရိုးမထဲမှာ ကျောင်းရှိပြီးစာမသင်ရတဲ့ကလေးတွေ
ဖျက်ဆီးခံထားရတဲ့ကျောင်းတွေ
ပြာပုံပဲကျန်တဲ့အိမ်တွေ
ရိုးသားတဲ့တိုင်းရင်းသားတွေ သူတို့အတွက် ငါတို့ရင်ဝ ကျည်ဆန်မမှန်တဲ့အထိ ငါတို့ ကိုယ်ကျိုးစွန့်လုပ်ပေးနေဦးမှာ

တောင်ငူရောက်တုန်း သိလိုက်ရတာအများကြီး
အိမ်လည်သွားတာတောင် ကြောက်လို့ မလာပါနဲ့တဲ့
ခင်လို့ ဖုန်းဆက်တာတောင် မပြောချင်သလိုတွေ
စစ်မှန်တဲ့သူငယ်ချင်းတွေ ခွဲထုတ်ပေးလို့ ကျေးဇူးတင်မိပါတယ်
စစ်မှန်တဲ့ မိတ်ဆွေတွေ ထပ်ရလို့လည်း မသေခင် ကျေးဇူးတင်ပါတယ်

ဒီ Page လေးက စစ်မှန်တဲ့မိတ်ဆွေတွေကို ဂုဏ်ပြုတင်ပေးနေမှာပါ
ရိုးမထဲက ပညာရေးဆိုင်ရာလုပ်ဆောင်မှုတွေကို တင်ပေးမှာပါ
ရိုးမထဲမှာ အင်တာနက်မရလို့ Page လေးကိုဝိုင်းဝန်းကူညီချင်သူများ ဆက်သွယ်နိုင်သလို ကြောက်ရင်လည်း 😁😁
မိတ်ဆွေတု တစ်ထောင်ထက် မိတ်ဆွေစစ် တစ်ယောက်ပဲ လိုချင်ပါတယ်
စစ်မီးများ အမြန်အဆုံးသတ်ပါစေ
photo

စာရေးကိရိယာတွေ ဈေးတွေ အရမ်းကြီးတယ်နော်🥺🥺 အရာရာဈေးကြီးတာပါ အခုလိုလေး ခက်ခဲနေတဲ့ကာလမှာ မရှိတဲ့ကြားထဲက လှူပြီ ကူညီနေတဲ့ သူတ...
23/04/2024

စာရေးကိရိယာတွေ ဈေးတွေ အရမ်းကြီးတယ်နော်

🥺🥺 အရာရာဈေးကြီးတာပါ
အခုလိုလေး ခက်ခဲနေတဲ့ကာလမှာ မရှိတဲ့ကြားထဲက လှူပြီ ကူညီနေတဲ့ သူတွေ ရှိနေသေးတော့ သူတို့အတွက် ကျွန်တော်တို့ အကောင်းဆုံး ဖြစ်စေရပါမယ်။
အခုလို စာရေးကိရိယာ တစ်သိန်းဖိုး လှူပေးတဲ့ တောင်ငူ ရွာလေးကျေးရွာက သူငယ်ချင်းကို ကျေးဇူးတင် ဂုဏ်ယူမိပါတယ်

(ကျွန်တော်တို့က ဆင်းရဲနွမ်းပါးတဲ့ တောင်ပေါ်ဒေသတွေ၏ ပညာရေးနှင့် ကျန်းမာရေးအတွက် သီးသန့်ပဲ လုပ်ဆောင်ပါတယ် ဒါပေမယ့်အရာရာကို ကြောက်နေရတယ် 😄😄 မကြောက်လို့ရမလား သူတို့က ဗျောက်တွေနဲ့လေ😁😁)

YEC မှာ အခြေခံစာတတ်‌မြောက်မှုအပြင် အသက်မွေးဝမ်းကြောင်းပညာရပ်တွေကိုလည်း ရိုးမကြီးကို ကာကွယ်ထိန်းသိမ်းဖို့ Level 3 အဆင့်ရှ...
23/04/2024

YEC မှာ အခြေခံစာတတ်‌မြောက်မှုအပြင် အသက်မွေးဝမ်းကြောင်းပညာရပ်တွေကိုလည်း ရိုးမကြီးကို ကာကွယ်ထိန်းသိမ်းဖို့ Level 3 အဆင့်ရှိတဲ့လူငယ်တိုင်းကို သင်ကြားပေးနေပါတယ်
- English
- Computer (Basic)
- Editing (Photo & Video)
- Mobile Video Creation
- Health Care
- Leadership
- Counselling
အစရှိသည့် သင်တန်းများကို ကျွမ်းကျင်စွာ သင်တန်းလက်မှတ်များရရှိပြီး သင်ကြား‌ရေးဝါသနာပါသော လူငယ်များမှ ပညာဒါန သင်ကြားပေးနေပါတယ်။ ထို့ကြောင့် ကွန်ပျူတာသင်တန်းနှင့်ရုံးပိုင်းမှာ အသုံးပြုဖို့ Laptop လေး အဖွဲ့ထဲ လှူဒါန်းပေးတဲ့ ပြည်သူတစ်ဦးကို YEC က ကျေးဇူးအထူးတင်ရှိပြီး ဂုဏ်ပြုလိုက်ပါတယ်

Address

Taungoo

Telephone

+959958865364

Website

Alerts

Be the first to know and let us send you an email when Yoma Education Center - YEC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yoma Education Center - YEC:

Share