Sayar Lay Vlog

  • Home
  • Sayar Lay Vlog

Sayar Lay Vlog Educational Activities for Myanmar Education

18/12/2024

Other ways to say ''Stop it''


18/12/2024

Maybe နဲ့ May be ဘယ်လိုမတူသလဲ
°°°°° °°°°°
တစ်ခုခုဟာ ဖြစ်နိုင်ခြေရှိပြီး ကျိန်းသေမုချ ၊ မလွဲဧကန် ၊ စိတ်ချသေချာ ဖြစ်မယ်လို့ မပြောနိုင်တဲ့အခါ Maybe နဲ့ may be တို့ကို သုံးနိုင်ပါတယ်...

Maybe and may be are often confused because we use them both when we think that something is possible but we are not certain.
---

ပထမဆုံး လွယ်တာကနေ စပြီး ရှင်းလင်းတင်ဆက် သွားလိုပါတယ်

(1) Maybe

တွဲလျှက်ရေးထားတဲ့ maybe က တစ်လုံးတည်းဖြစ်ပြီး adverb ဖြစ်ပါတယ် ။ ဒါဆို adverb လိုသုံးပြီပေါ့ ။

Maybe (adv) : It is possible that; perhaps ဖြစ်ကောင်းဖြစ်နိုင်ဖွယ် ၊ ဖြစ်နိုင်စရာ

(1.1) Maybe he will come, maybe he won’t.
သူလာကောင်းလာမယ် ၊ လာချင်မှလည်းလာလိမ့်မယ် ။

~ ကျနော်တို့ သိထားရမှာက adverb ဟာ ဝါကျတည်ဆောက်ပုံမှာ Subject တို့ verb တို့လိုမျိုး ပင်မ အစိတ်အပိုင်းတွေထဲမှာ မပါဘူး ၊ သူက ဝါကျကို အမျိုးမျိုး ခြယ်လှယ်အရောင်ဆိုးတဲ့ အရာဖြစ်ပါတယ် ၊ ဒါကြောင့် သူ့ကို ဖြုတ်ကြည့်လျှင်လည်း ဝါကျဟာ နားလည်လို့ရတဲ့ အဓိပ္ပါယ် ရှိနေဆဲ ဖြစ်ပါတယ် ။ တည်ဆောက်ပုံ အရလည်း မှန်နေဆဲ ဖြစ်ပါတယ် ၊ maybe ကို ဖြုတ်ကြည့်လို့ အဓိပ္ပါယ်ရှိနေဆဲ ဆိုလျှင် သူက adverb အဖြစ်သုံးထားမှန်း သိပြီပေါ့

ဥပမာကြည့်ပါ

(1.2) ‘Is that true?’ “Maybe, I am not sure.’
အဲဒါအမှန်ပဲလား ။ ဖြစ်နိုင်တာပေါ့ သေတော့မသေချာဘူး ။
(1.2) ‘Is that true?’ “I am not sure.’
အဲဒါအမှန်ပဲလား ။ မသေချာပါဘူး ။

အဓိပ္ပါယ် ရှိနေဆဲ ဖြစ်ပါတယ် ၊ ဒါကြောင့် adverb ဖြစ်ပါတယ်

Maybe ကို မသေမချာ အကြုံပြုချက်လေးတွေ ပေးချင်တဲ့အခါမှာလည်း သုံးနိုင်ပါတယ်
Maybe can be used to make a suggestion.

(1.3) Maybe you should get another job.
ခင်ဗျား ဒါမျိုးတခြားအလုပ်တစ်ခု ရှာကောင်း ရှာသင့်တယ်

(1.4) Maybe you should practice more instead of sharing my lessons.
ကျနော့်သင်ခန်းစာတွေကို share လုပ်မယ့်အစား အလေ့အကျင့် ပိုပြီး လုပ်ကောင်းလုပ်သင့်ပါတယ်

အထက်မှာ သုံးခဲ့တာတွေက ဝါကျအစမှာ ထားပြီး သုံးထားတာတွေဖြစ်ပါတယ်

Maybe ကို နံပါတ်တွေခန့်မှန်းတဲ့အခါမှာ အဲဒီနံပါတ်တွေ ရှေ့မှာထားပြီး သုံးလို့လည်း ရပါတယ်
Maybe can be used before a number. It is used when you are guessing a number.

(1.5) There were maybe 100 people at the meeting.
အစည်းအဝေးမှာ လူ ၁၀၀ လောက် ရှိခဲ့ပါလ်ိမ့်မယ် ( လူ ၁၀၀ ရှိကောင်း ရှိမယ်)

(1.6) The whole process will take maybe 15 minutes.
လုပ်ငန်းစဉ် တစ်ခုလုံး အစအဆုံးကြာချိန်က ၁၅ မိနစ်၀န်းကျင် ဖြစ်ပါလိမ့်မယ်

(1.7) Informal အသုံးလေးတွေလည်း ထည့်ပေးလိုက်ချင်ပါသေးတယ်

- Maybe (n) : An uncertainty: မသေချာ မရေရာခြင်း

There are so many maybes involved in playing the stock market.
စတော့ရှယ်ယာစျေးကွက်မှာ ၀င်ပြီး ကစားတာ (၀ယ်တာရောင်းတာတွေ) ဟာ ရှုပ်ထွေးပွေလီသော မသေချာမရေရာခြင်းတွေ အများအပြား ရှိနေပါတယ်

(1.7.2) Maybe (n) : An uncertain reply: မသေချာ မရေရာသော တုံ့ပြန်ချက် ၊ အဖြေ
It's better to receive a fast and honest no than a drawn-out maybe.
မြန်မြန်နဲ့ ရိုးရိုးသားသား အဖြေပေးတဲ့ ဟင့်အင်းက အချိန်ဆွဲတုံ့ဆိုင်းနေတဲ့ ဖြစ်နိုင်ပါတယ် .. ဆိုတာထက် ပိုကောင်းပါတယ်

(2) May be

May be က Modal ဖြစ်တဲ့ may နဲ့ Verb be ထဲက be ပေါင်းထားတဲ့ verb phrase ဖြစ်ပါတယ် ၊ စာလုံး နှစ်လုံး ဖြစ်ပါတယ်

မြန်မာပြန်မှာ တွဲလျှက် ဖြစ်တဲ့ maybe နဲ့ သိပ်မကွာခြားလှပါဘူး

May be ကို ဖြစ်ကောင်းဖြစ်မည် ၊ ဖြစ်နိုင်သည် စသည်ဖြင့်ပြန်လို့ရပြီး ၊ သဘောတရားအားဖြင့် might be, could be တို့နဲ့ နီးစပ်ပါတယ် ၊ တူတော့မတူပါဘူး ၊ နည်းနည်းစီကွဲပြားပါတယ် ။

May be က verb phrase ဆိုတော့ verb အဖြစ်တာ၀န်ထမ်းဆောင်မှာပေါ့ ၊ ဒါဆို သူ့ရှေ့မှာ Subject တစ်ခုခု ရှိမယ်လို့ တွေးလို့ ရပြီ ။

သူ့နောက်က ဘာလိုက်လာနိုင်မလဲ ထပ်တွေးကြည့်မယ် be ဟာ ပြုလုပ်ခြင်းကို ပြတဲ့ action verb တစ်ခု မဟုတ်လို့ သူ့နောက်မှာ ပြုခြင်းခံရတဲ့ object တွေ ဘာတွေ မလာနိုင်တော့ပါဘူး

Be ဟာ ရှိခြင်း ဖြစ်ခြင်းကို ပြတဲ့ ကြိယာဖြစ်လို့ ၊ Subject ဟာ ဘာဖြစ်တယ် ၊ ဘယ်မှာ ရှိတယ် ဆိုတဲ့ ဖြည့်ပုဒ် complement တွေပဲ လာရပါတော့မယ် ။

Complement တွေက ဘာတွေ ဖြစ်နိုင်လဲ စဉ်းစားကြည့်ကြမယ်
Adjective, noun, V-ing, prepositional phrase, to infinitive တွေဖြစ်နိုင်ပါတယ်

စမ်းသပ်ကြည့်ကြမယ်နော်...

(2.1) He may be / right. (may be + adjective)
သူ မှန်ကောင်းမှန်ပါလိမ့်မယ်

(2.2) He may be / a genius. (may be + article + noun)
သူက ညာဏ်ကြီးရှင် တစ်ယောက် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်

(2.3) He may be / trying too hard. (may be + verb ING form)
သူ အရမ်းကြိုးစားနေတာ ဖြစ်မယ်

(2.4) He may be / from America. (may be + prepositional phrase)
သူ အမေရိကန်နိုင်ငံသား ဖြစ်နိုင်တယ်

(2.5) This lesson may be / to help you understand more about English . (may be + to infinitive )
ဒီသင်ခန်းစာက အင်္ဂလိပ်စာနဲ့ ပတ်သက်ပြီး သင်တို့ပိုပြီး နားလည်စေရန် အထောက်အကူ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်

ဒီတစ်ခါ be ကို ရှိသည် အနေနဲ့ သုံးကြည့်ကြဦးစို့

(2.6) I may be / home tonight.
ဒီနေ့ည ကျနော် အိမ်မှာ ရှိကောင်း ရှိပါမယ်

(2.7) If I don't answer I may be / at work, so just leave a message.
အကြောင်းမပြန်ဘူးဆိုလျှင် ကျနော်အလုပ်မှာ ရှိနေလို့ ဖြစ်လိမ့်မယ် ၊ message လေးပဲ ထားခဲ့ပါ

အခု may be ကိုလည်း ဖြုတ်ကြည့်ရအောင်ပါ ၊ ဘယ်လိုများနေမလဲပေါ့

He right.
He a genius.
I home tonight. စသည်ဖြင့် ဖြစ်သွားတော့ကာ ။ ဘာပြောချင်တာလည်း ခန့်မှန်းလို့ ရချင်ရမယ် ၊ ဝါကျ တည်ဆောက်ပုံ အရ ပျက်သွားခဲ့ပြီ ၊ verb မပါတော့ဘူး ။ ''verb မပါ စာမဖြစ်''လို့ ကျနော်က စကားပုံတစ်ခု ဖန်တီးပေးလိုက်ပါမယ် ။ မှတ်ထားလိုက်ကြပါကုန်...


18/12/2024

ကြွေလုနှင်းဆီ

နှင်းဆီကို မေမခူးတော့
နွဲ့ဆူးက လှောင်သလို။
သူ့ကိုပင် ကြောက်လို့လားတဲ့
တဖက်သား မခံချိအောင်
ပြုံးစိစိဆို။
ဘယ်ဟုတ်လိမ့် နှင်းဆီပျိုရယ်
သင်မို့လို့ ပြောင်လေအား။
ကြည့်စမ်း ဖြူလျော်လျော်နဲ့
ကြွေလု အခါတော်မို့
ဆွတ်ဖူးနော် သည်မေငြင်းတာပေါ့
ပြောင်စိတ်ကို ဇွတ်မသွင်းပါနဲ့
မင်း သတိထား။

ငွေတာရီ


14/12/2024

Polite Ways to Ask for Help in English
[translated by Tp Simeon]

အင်္ဂလိပ်လို ယဉ်ယဉ်ကျေးကျေးအကူညီတောင်းခံရာတွင် "Please" ကို တစ်ချိန်လုံးသုံးနေစရာမလိုပါ။

အောက်မှာဖော်ပြထားတဲ့ ပုံစံတွေကိုသာအသုံးပြုဖို့လိုပါတယ်။

[You don't always need to use "Please" when politely asking for help in English. Instead, you can use the following phrases to sound more natural and courteous.]

1) Asking for Help = အကူညီတောင်းခံခြင်း

- Could you possibly help me?
ကျနော့်ကိုကူညီပေးနိုင်မလား။

- Would you mind opening the door for me?
ကျနော့်အတွက် တံခါးလေးတချက်ဖွင့်ပေးလို့ရမလား။

- Could I ask you to keep an eye on my luggage for a moment?
ကျနော့်ရဲ့အထုပ်ကို တစ်ချက်လောက် ခဏလေးကြည့်ပေးထားလို့ရမလား။

---
2) Responding to Requests for Help = အကူညီတောင်းခံခြင်းကို ပြန်လည်တုံ့ပြန်ခြင်း

- Yes, of course.
ဟုတ်ကဲ့ ရပါတယ်။

- Sure, of course.
အသေအချာ ရတာပေ့ါ။

- I'm sorry, I'm in a hurry.
(ဆောရီးပါ) ဝမ်းနည်းပါတယ် ကျနော်မြန်မြန်သွားရမှာမို့လို့ပါ။

---

3) Conversations = အပြန်အလှန်ပြောဆိုခြင်း

- A: Oh, excuse me. I wonder if you could possibly take a photo of us, please?
တစ်ချက်လောက် ကျေဇူးပြု၍ကျနော်တို့ကို ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်ပေးလို့ရမလား။

B: Yes, of course. Where would you like to be?
ဟုတ်ကဲ့ ရပါတယ်။ ဘယ်နားမှာရိုက်ချင်ပါသလဲ?

- A: Just here, I think. Do you know how to use this camera?
ဒီမှာပဲ … ထင်တယ်။ ဒီကင်မရာကို ဘယ်လိုသုံးရိုက်မလဲဆိုတာ သိတယ်မဟုတ်လား?

B: Yes, think so.
ဟုတ်ကဲ့ သိမယ်ထင်ပါတယ်။

---
This content is translated by Tp Simeon from the Oxford iSpeaker.

14/12/2024

Other ways to say "Do it!''


14/12/2024

ဝန်ထမ်းဝေါဟာရများ
°°°°°°

လစာနှင့်စရိတ် = pay and allowance
အလုပ်သင်= under-training
အစမ်းခန့် = probation
ရာထူးအနွယ် = lien
ချိန်နှုန်းလစာ = time - scale pay
ပုံသေလစာ = fixed pay
ကနဦးလစာ= initial pay
လုပ်ခ = wages
လစာ = Salary
လခစား = Salary-man
လစာနှုန်း= pay - scale
အမြင့်ဆုံးလစာ = maximum pay
အနိမ့်ဆုံးလစာ= minimum pay
နှစ်တိုး = increment
ဒေသစရိတ်= compensatory local allowance
အလုပ်ခွင်စည်းကမ်း = Conditions of work
အလုပ်ချိန်စည်းကမ်း = Conditions during working hours
ဌာနဆိုင်ရာအရေးယူခြင်း = Departmental Action
အယူခံပိုင်ခွင့် = Right of Appeal
စွဲချက်တင်ခြင်း = Charge
စည်းကမ်း = Discipline
ကျင့်ဝတ် = Conduct
ဂရုဏာကြေး = Compassionate Allowance
ခန့်ပိုင်ခွင့်ရှိသူ = Appointing Authority......................................

ခွင့်အမျိုးအစားများ နှင့် ပင်စင်အမျိုးအစားများ
°°°°°°

ခွင့်အမျိုးအစားများ

(၁)ရှောင်တခင်ခွင့် (Casual Leave)
(၂)ကူးစက်ရောဂါကာကွယ်ခွင့် (Quarantine Leave)
(၃)လုပ်သက်ခွင့် (Earned Leave)
(၄)ဆေးလက်မှတ်ခွင့်(Medical Leave)
(၅)လစာမဲ့ခွင့် (Leave Without Pay)
(၆)မီးဖွားခွင့် (Meternity Leave)
(၇)အထူးမသန်စွမ်းခွင့် (Special Disability Leave)
(၈)ဆေးရုံခွင့် (Hospital Leave)
(၉)သင်္ဘောသားနာမကျန်းခွင့် (Seamen's Sick Leave)
(၁၀)ပညာလေ့လာဆည်းပူးခွင့် (Study Leave)

ပင်စင်အမျိုးအစားများ

(၁)သက်ပြည့်ပင်စင် (superannuation pension)
(၂)နှစ်ပြည့်ပင်စင် (retiring pension)
(၃)နာမကျန်းပင်စင်(invalid pension)
(၄)လျော်ကြေးပင်စင်(compensation pension)
(၅)အထူးပင်စင်( extraordinary pension)
(၆)မိသားစုပင်စင် (family pension)
(၇)လျှော့ပေါ့ပင်စင် (reduction pension)


14/12/2024
14/12/2024

Conjunctions

English စာလေ့လာနေသူများအတွက် လေ့လာမှတ်သားထားသင့်သည့် conjunction အချို့၏ အသုံးပြုပုံများကို ဖော်ပြပေးလိုက်ပါတယ်။

{အသုံးလိုလာလျှင် သိနိုင်အောင် save ထားလိုက်ပါဗျ။}


24/10/2024

Thadingyut Vocabulary

1. Thadingyut Festival = သီတင်းကျွတ်ပွဲတော်
2. Buddha = ဘုရား
3. Full-moon-day = လပြည့်နေ့
4. Buddhist Lent(Vassa) = ဝါတွင်းကာလ
5. Public holiday = အများပြည်သူအားလပ်ရက်
6. Heaven = ကောင်းကင်ဘုံ
7. Descend/Descent = ဆင်းသက်ခြင်း
8. Lighting = မီးတောက်မီးပွား
9. Lanterns = မီးပုံးများ
10. Candles = ဖယောင်းတိုင်များ
11. Respect = ရိုသေသမှု
12. Apology = ဝန်ချတောင်းပန်ခြင်း
13. Forgiveness = အပြစ်မှခွင့်လွှတ်ခြင်း
14. Offerings = စတုဒီသာ
15. Pagoda = စေတီ/ဘုရားစေတီ
16. Worship = ဖူးမြော်ပူဇော်ခြင်း
17. Elders = အသက်ကြီးသူများ
18. Monks = ဘုန်းကြီးများ
19. Ceremony = ပွဲတော်
20. Prayers = ဆုတောင်းခြင်း
21. Illumination = မီးရောင်စုံ
22. Decorations = အလှဆင်မှု
23. Tradition = ဓလေ့
24. Festival market = ပွဲတော်စျေး
25. Devotion = ကိုးကွယ်ဝတ်ပြုခြင်း
26. Good deeds = ကောင်းမှုများ
27. Pardon = ခွင့်လွှတ်ခြင်း
28. Family gathering = မိသားစုစုံညီ
29. Religious observance = ဘုရားရှိခိုးဝတ်ပြု
30. Virtue = သူတော်ကောင်းတရား
31. Alms-giving = ဒါန
32. Meditation = ဝိပဿနာတရားထိုင်ခြင်း
33. Moral conduct = သီလစောင့်ခြင်း
34. Charity = ပေးကမ်းစွန့်ကြဲခြင်း
35. Goodwill = စိတ်သန့်စွာကူညီလိုစိတ်
36. Offering food = စားနပ်ရိက္ခာပူဇော်ခြင်း
37. Sparklers = မီးပန်းများ
38. Oil lamp = ဆီမီး
39. Community service = လူမှုအကျိုးပြုလုပ်ငန်း
40. Paper lantern = စက္ကူမီးပုံး
41. Sky lantern = မီးပုံးပျံ
42. Fireworks = မီးရှူးမီးပန်း
43. Merit = ကုသိုလ်
44. Gratitude = ကျေးဇူးတင်သောစိတ်၊ကျေးဇူးဥပင်္ကာရ
45. Monastery = ဘုန်းတော်ကြီးကျောင်း
46. Robe offering = သင်္ကန်းပူဇော်ခြင်း
47. Lotus flower = ကြာပန်း
48. Festival joy = ပျော်ရွှင်စရာပွဲတော်
49. Happiness = ပျော်ရွှင်မှု
50. Generosity = သဘောထားကြီးခြင်း
51. Offering flowers = ပန်းပူဇော်ခြင်း
52. Lighting candles = ဖယောင်းတိုင်ထွန်းခြင်း
53. Paya Pwe (Pagoda festival) = ဘုရားပွဲ
54. Buddhist chant = ဓမ္မတေး
55. Pilgrimage = ဘုရားဖူးခရီး
56. Night market = ညဈေး
57. Buddha images = ဘုရားရုပ်ပွားများ
58. Pagoda stairways = ဘုရားလှေကားများ
59. Loving-kindness = မတ်ေတာ
60. Tawadeintha Heaven (Trāyastriṃśa) = တာဝတိံသာ
61. Three Gems (Buddha, Dhamma, Sangha) = တရားသုံးပါး (ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ)
62. Virtuous practice = သူတော်ကောင်းတရား
63. Gift-giving = လက်ဆောင်ပေးခြင်း
64. Bowing = ဦးညွတ်ဂါရဝပြု
65. Prayers and blessings = ဆုတောင်းနှင့် ဆုမွန်ပေးခြင်း
66. Ancestor homage = ဘိုးဘေးများအားပူဇော်ခြင်း
67. Offering water = သောက်တော်ရေပူဇော်ခြင်း
68. Spiritual cleansing = စိတ်အေးချမ်းမှု
69. Benevolence = စတေနာ၊ သဒ်ဓါတရား
70. Purification = သန့်စင်မှု
71. Joyous celebration = ပျော်ပွဲရွှင်ပွဲ
72. Good fortune = ကံကောင်းခြင်း
73. Cultural heritage = ယဉ်ကျေးမှုအမွေအနှစ်
74. Ethics = သီလစောင့်မှု
75. Mindfulness = အပ်ပမာဒ
76. Offering alms to monks = သံဃာ့ဒါနပူဇော်ခြင်း
77. Meritorious deeds = ကျေးဇူးပြုခြင်း
78. Offering incense = ရနံ့သာပူဇော်ခြင်း
79. Meditation retreats = ဓမ္မတရားထိုင်ခြင်း
80. Seasonal foods = ရာသီပေါ်အစားအစာ
81. Blessings of elders = အသက်ကြီးသူများ၏ ဆုမွန်ကောင်း
82. Community festivals = ရပ်ကွက်ပွဲတော်များ
83. Holiday preparations = ပွဲတော်ပြင်ဆင်မှုများ
84. Family reunion = မိသားစုပြန်လည်တွေ့ဆုံခြင်း
85. Homage to teachers = ဆရာများအား ပူဇော်ခြင်း

---

24/10/2024

Other Ways to Say ''Congratulations''

Here are some creative and enthusiastic ways to congratulate someone, whether for a big achievement or just to show support. Keep these handy for any occasion!


24/10/2024

Common English Mistakes

It's easy to make mistakes when learning English, but correcting them can improve your fluency! Here are some common errors and their correct forms.


24/10/2024

Taste & Texture

1. Sweet = ချို
2. Bitter = ခါး
3. Spicy = စပ်
4. Hot = ပူ (ငရုပ်ကောင်းထည့်စားလို့စပ်တာမျိုး)
5. Sour = ချဥ်
6. Tart = အချဥ်စူးရှ၊အချဥ်စုတ်စုတ်
7. Salty = ငံ
8. Savory = ငံကျိကျိ
9. Strong-tasting = အရသာပြင်း
10. Weak-tasting = အရသာပျော့
11. Crunchy = ကျွတ်ကျွတ်ရွရွ
12. Crumbly = ကြေမွလွယ်
13. Hard = မာ
14. Soft = ပျော့
15. Oily = ဆီများ
16. Thick = ပျစ်နှစ်
17. Creamy = ခရင်လိုမျိုးပျစ်နှစ်
18. Gooey = ကပ်စေးပျစ်နှစ်
19. Watery = အရည်ကျဲ
20. Juicy = အရည်ရွှမ်း
21. Dry = ခြောက်ကပ်ကပ်
22. Moist = စိုစွတ်၊ အိအိလေး
23. Ripe = အသီးမှည့်
24. Mushy = ပျော့ပြဲ
25. Fresh = လတ်ဆတ်
26. Old = မလတ်ဆတ်
27. Stale = မလတ်ဆတ်သော၊ မှိုတက်
28. Bland = အရသာမရှိ
29. Zesty = စပ်ပြီး ချဥ်စူးရှ
30. Tangy = အချဥ်စူး
31. Peppery = ငရုပ်ကောင်းအနံ့ပြင်း
32. Buttery = ချိုအီ
33. Sugary = ချိုလွန်းသော
34. Fibrous = အမျှင်များ
35. Chewy = စားရခက်၊ဝါးရခက်
36. Gritty = သဲတရှပ်ရှပ်
37. Tender = ပျော့၍စားလွယ်
38. Gamey = အရသားပြင်း
39. Velvety = နူးညက်သော
40. pRubbery = မာတဲ့အထိအတွေ့ရှိသော
41. Pungent = အနံ့စူးရှ
42. Brittle = ကြေလွယ်၊ကွဲလွယ်
43. Earthy = အကြမ်းဆန်
44. Smoky = မီးခိုးနံ့ထွက်

---

24/10/2024

Common Abbreviations

Abbreviations are often used in everyday communication to save time and space. Here are some important ones...


24/10/2024

The Difference in Say, Talk, Tell, and Speak

These four common verbs are often confused, but they serve different purposes in English.

- Say is used to express thoughts, opinions, or suggestions

(e.g., He didn’t say much during the meeting).

- Talk is used for conversational exchanges and sharing information

(e.g., The doctor talks with the family about the patient’s problem).

- Tell is for giving instructions or information to someone

(e.g., Can you tell me the way to the train station?).

- Speak is used to refer to languages or general conversations

(e.g., I speak three languages fluently).
-----

Knowing these distinctions will help you sound more natural and precise in your communication.


Address


Telephone

+959680612494

Website

Alerts

Be the first to know and let us send you an email when Sayar Lay Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share