NaNa for you

NaNa for you 🎉🎉No Pain , No Gain 🎉🎉 🥰 La Hu Ma Eh Yo Meh 🥰
(1)

01/12/2023
08/11/2023

မဂ်လာဇနီးမောင်နှံ အပေါ်မှာ ဘုရားသခင်ကောင်းကြီးပေးပြီး​
အိုအောင်မင်းအောင်တစ်သက်လုံးပေါင်းဖက်နိုင်ပါစေ

#မဂ်လာတေးသီချင်းလေးနဲ့ဂုဏ်ပြုပေးခဲ့ဖြစ်တာလေးပါ

I have reached 800 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉
30/06/2023

I have reached 800 followers! Thank you for your continued support. I could not have done it without each of you. 🙏🤗🎉

15/03/2023

😝😝

02/03/2023

100% right

ငါ့ရဲ့ညီမလေး🤣🤣🤣
20/12/2022

ငါ့ရဲ့ညီမလေး🤣🤣🤣

30/11/2022
10/11/2022

စကားလုံးတွေမပါဘဲ အချစ်ကို ဖော်ပြလို့ရမယ့် နည်းလမ်းများ

တစ်ယောက်ကို တစ်ယောက် အရမ်းချစ်မိလာရင် စကားလုံးတွေထက် အပြုအမူတွေနဲ့လက်တွေ့ပြလာတတ်ကြပါတယ်။ ချစ်တယ်ဆိုတဲ့စကားထက် ပိုလေးနက်တဲ့ အရာတွေရှိလို့နေပါတယ်။ ဒီအချက်လေးတွေကတော့ အချစ်ကို လက်တွေ့သက်သေပြလို့ရမယ့် နည်းလမ်းလေးတွေပါ။

- နဖူးကိုနမ်းခြင်း
ပါးကိုနမ်းတာထက် နဖူးလေးကိုနမ်းတာဟာ မြတ်နိုးတဲ့သဘောပါ။ အနမ်းတွေအားလုံးထဲမှာ နဖူးကိုနမ်းခြင်းဟာ ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဒါဟာ အချစ်ကိုဖော်ပြတဲ့နည်းလမ်းလေးတစ်ခုပါ။ ကိုယ့်ချစ်သူကို အနားမှာပဲရှိနေအောင် ဆွဲဆောင်တဲ့ အနမ်းလေးလည်းဖြစ်ပါတယ်။

- ပြောသမျှအကုန်နားထောင်ပေးခြင်း
ဒီအချက်လေးကတော့ အချစ်ကိုဖော်ပြတဲ့နေရာမှာ အဓိကကျပါတယ်။ ကိုယ်ချစ်ရတဲ့သူ ပြောသမျှကို နားထောင်ပေးခြင်းကလည်း နည်းလမ်းတစ်ခုပါပဲ။ ပြောလာသမျှ စကားတွေကို နားထောင်ပေးတာ၊ အာရုံစိုက်ပေးတာတွေက အချစ်ကို ဖော်ပြနေတာပဲဖြစ်ပါတယ်။

- မိဘ၊ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးခြင်း
တစ်ယောက်နဲ့တစ်ယောက် မြတ်မြတ်နိုးနိုးချစ်လာကြရင် မိဘ၊ သူငယ်ချင်း၊ မိတ်ဆွေ တွေနဲ့ မိတ်ဆက်ပေးရပါတယ်။ သင် သူ့ကို ဘယ်လောက်ထိချစ်လဲဆိုတာကိုပြချင်ရင်တော့ မိတ်ဆက်ပေးလိုက်ပါ။ သူနဲ့ မိသားစု၊ သူငယ်ချင်းတွေကို တွေ့ခွင့်ပေးလိုက်တာဟာ သင့်ရဲ့အချစ်ကို ဖော်ပြလိုက်တာနဲ့ အတူတူပါပဲနော်။

- စိတ်ဓာတ်ကျနေချိန် အားပေးစကားပြောခြင်း
သူစိတ်ဓာတ်ကျနေချိန်မှာ အားပေးစကားပြောတာတို့၊ အတူတူရှိနေပေးတာတို့ ၊ ပျော်အောင်လုပ်ပေးတာတို့၊ သူ့အကြိုက်ဆုံး ပစ္စည်းလေးဝယ်ပေးလိုက်တာတို့၊ လေညင်းခံထွက်ပေးတာတို့နဲ့ သင့်ရဲ့အချစ်ကိုဖော်ပြပေးလို့ရပါတယ်။ သူ့ကို စိတ်ရောကိုယ်ပါ နှစ်ပြီး ဂရုစိုက်ပေးတာကလည်း ချစ်ခြင်းကိုဖော်ပြတာပါပဲ။

- Surprise တွေလုပ်ပေးခြင်း
Surprise လုပ်ပေးခြင်းဆိုတာက ဈေးကြီးတဲ့ပစ္စည်းပေးတာကို ပြောတာမဟုတ်ပါဘူး။ အချစ်ကို ဖော်ပြချင်လို့ ဈေးကြီးပစ္စည်း ဝယ်ပေးချင်ရင်တော့ ရပါတယ်။ ဒါပေမယ့် သူ့အပေါ် မလုပ်ဖူးသေးတဲ့ ပုံစံမျိုးနဲ့ surprise လုပ်ပေးတာပိုကောင်းပါတယ်။ ဥပမာ- သူ့ရဲ့ အကြိုက်ဆုံးပစ္စည်းကို ဝယ်ပေးပြီး စိတ်မကြည်တဲ့နေ့တွေမှာ ပို့ပေးလိုက်တာတို့ ၊ ရုံးကို ပန်းစည်းပို့ပေးတာတို့ပေါ့။

- နားလည်ပေးခြင်း
တစ်ယောက်တည်းနေဖို့ လိုအပ်လာတဲ့အချိန်မှာ တစ်ယောက်တည်းပေးနေလိုက်ပါ။ သင့်အချစ်ကို ဖော်ပြချင်ရင်တော့ ဒီလိုအချိန်တွေမှာ နားလည်ပေးလိုက်ပါ။ တစ်ယောက်တည်းနေချင်ရင် တစ်ယောက်တည်းနေခွင့်ပေးလိုက်ပြီး တကယ်လို့ လိုအပ်ရင် သင် အဆင်သင့်ရှိနေတယ်ဆိုတာကိုတော့ သူသိနေပါစေ။

ကိုယ့်ကိုယ်ကို စိတ်ပျက်နေတဲ့ အတွေးထက်စာရင်...ကိုယ့်ကိုယ်ကို ပြန်ပြီး သဘောကျနေတဲ့ စိတ်က ပိုကောင်းတယ်..။ဘယ်သူမှ သဘောမကျရင်...
10/11/2022

ကိုယ့်ကိုယ်ကို စိတ်ပျက်နေတဲ့ အတွေးထက်စာရင်...
ကိုယ့်ကိုယ်ကို ပြန်ပြီး သဘောကျနေတဲ့ စိတ်က ပိုကောင်းတယ်..။
ဘယ်သူမှ သဘောမကျရင်နေပါစေ...
ကိုယ့်ကိုယ်ကို ထပ်ပြီး သဘောကျကျနေဖို့ကအရေးကြီးတယ် 😅

ကိုယ့်လုပ်ရပ်တိုင်းကို ကိုယ်ကျေနပ်နေဖို့လိုတယ်...
နောင်တပြန်ရနေစေမယ့် ကိစ္စမျိုးတွေကို သတိထားရမယ်။
ကိုယ့်လိပ်ပြာကိုယ်လုံပြီး ကိုယ့်ဘာသာကို သဘောကျ ​
ကျေနပ်နေတတ်ဖို့ နေ့စဉ် ကြိုးစားရမယ်...။

ဟုတ်တယ်မလား...
😀
"ငါ ထပ်ပြီး ငါ့ကိုယ်ငါ သဘောကျသွားပြန်ပြီ" 🤓

08/11/2022
07/11/2022
07/11/2022

မိန်းမတွေ အင်္ကျီဝယ်ရင်🥰🥰
(ဘီဒိုထဲမှာ အင်္ကျီတွေမှ အများကြီး ဘာလို့ထပ်ဝယ်မှာလဲလို့ ) မပြောပါနဲ့ ...😂😂😂

1.မိန်းမတွေရဲ့ အဝတ် ဘီဒိုဆိုတာ…🤔

2.ကြိုက်လို့ဝယ်ထားပေမယ့် မဝတ်ဖြစ်တဲ့အင်္ကျီဆိုတာ သီး
သန့်ရှိတယ်…😂😂😂

3.မတော်မှန်းသိပေမယ့် တချိန် ဝိတ်ချပြီးရင် တော်မှာပါဆိုတဲ့ စိတ်နဲ့ ဝယ်ထားတဲ့ အင်္ကျီတွေလဲရှိတယ်….😂😂😂

4.ဝယ်တုန်းကတော့ကြိုက်တယ်...
နောက်မှ မကြိုက်လို့ မဝတ်တော့တဲ့ အင်္ကျီတွေက သက်သက်...😂😂😂

5.ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဝတ်မရတဲ့ အင်္ကျီတွေကလဲ ရှိပြန်တယ်…😂😂😂

6. ဝလာလို့ ပိန်သွားလို့ ဝတ်မရတော့တဲ့ ဟာတွေကလဲ တပုံ…. 😂😂😂

7. Online ကမှာထားပြီး ရောက်လာတော့ တမျိုးဖြစ်နေလို့ ချောင်ထိုးထားရတဲ့အင်္ကျီတွေလဲရှိတယ်…😂😂😂

8. မဝတ်ချင်လို့ မဝတ်တာတွေကလဲ သီးသန့်…😂😂😂

ဆိုတော့ကား… မိန်းမတွေ အင်္ကျီဝယ်ရင်
(ဘီဒိုထဲမှာ အင်္ကျီတွေမှ အများကြီး ဘာလို့ထပ်ဝယ်မှာလဲလို့ ) မပြောပါနဲ့…..😁😁😁
ကိုယ်တွေမှာ တခါတခါ အပြင်ထွက်ရင်ဝတ်စရာကိုမရှိတာပါ…😂😂😂


မူရင်းရေးသားသူကိုcrdပေးပါတယ်ရှင်👏

05/11/2022
05/11/2022
31/10/2022

Angel Coffee Soapနဲ့ရေချိုးရင်းပြောင်းလဲမယ်

ဒူး/တံတောင်/ဂုတ်/ခြေမျက်စိမဲတာ သက်သာဖြူစေတယ်

ဆားဝက်ခြံ/အမာရွက် /တင်းတိတ်/အမဲစက်တွေကို ပျောက်ကင်းစေတယ်

အမာရွက်ကင်းအသားရည်ကို၂ဆဖြူဖွေးစေတယ်

Chemical မပါဝင်လို့ အသက်၇နှစ် ကစပြီးသုံးလို့ရပါတယ်နော်

(မှတ်ချက်-ဝက်ခြံအဆီဖုရှိလျှင်မျက်နှာလုံးဝမသုံးရ)

1box-99B

#အသားဖြူဆပ်ပြာ
#အမာရွတ်ပျောက်ချင်သူတွေအတွက်
#မျက်နှာဖြူချင်သူတွေအတွက်

Hello , မဂ်လာပါရှင့် NaNa ရဲ့ Online Shop page လေးကို Like & Follow လေး လုပ်ပြီး အားပေးကြပါအုံးရှင့်
31/10/2022

Hello , မဂ်လာပါရှင့် NaNa ရဲ့ Online Shop page လေးကို Like & Follow လေး လုပ်ပြီး အားပေးကြပါအုံးရှင့်

27/10/2022

ံုးနည်း

23/10/2022

Skin care တိုင်း ဝက်ခြံကင်းသလား........
Skin care တိုင်း ဝက်ခြံကင်းသလား........
Skin care တိုင်း ဝက်ခြံကင်းသလား........

အသားအရေကို ပုံမှန်လည်း Skin care ပါရဲ့။ ဝက်ခြံတွေက ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်ပဲ ဆိုတဲ့သူလေးတွေရှိလား……. ဒီတစ်ခေါက်တော့ Skincare ရဲ့သားနဲ့ ဝက်ခြံ ဘာလို့ မပျောက်တာလဲ။ Skin care တိုင်း ဝက်ခြံကင်းသလား…….. ဆိုတာကို ရှင်းရှင်းလင်းလင်း အဖြေထုတ် ကြည့်ရအောင်။

Skin care တိုင်း ဝက်ခြံ ကင်းသလား………
အသားအရေကို ပုံမှန် ထိန်းသိမ်းမှု လုပ်ပေမယ့် ဝက်ခြံ လုံးဝကင်းသွားဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဝက်ခြံပိုးဝင်တာ၊ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုတော့ သက်သာစေနိုင်ပါတယ်။ ဝက်ခြံ ထပ်မဖြစ်လာအောင်လည်း ထိုက်သင့်သလောက် ကာကွယ်ပေးနိုင်ပါတယ်။

ဒီလိုပြောရတာက ဝက်ခြံက ပျောက်ဖို့ မလွယ်ကူတဲ့ အရေပြား ပြဿနာ ဖြစ်နေတာရယ် ဝက်ခြံတစ်လုံး ပျောက်ဖို့က အချိန်အတော်လေးပေးရတာရယ်ကြောင့်ပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဝက်ခြံကို ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကလည်း များပါတယ်။

အချို့သော အကြောင်းအရင်းတွေက ရှောင်လွှဲလို့ ရပေမယ့် အချို့သော အကြောင်းအရင်းတွေက ရှောင်လွှဲဖို့ ခက်ပါမယ်။ ဥပမာ လေဒီလေးတွေမှာ လစဉ် ပြဿနာကြောင့် ဟော်မုန်း အပြောင်းအလဲ ဖြစ်တာမျိုးပေါ့။

နောက်ပြီး Skin careရွေးတဲ့အခါ မိမိအသားအရေနဲ့ မကိုက်တာမျိုးကို သုံးမိတာ၊ ချွေးပေါက်ပိတ်စေတဲ့ အမျိုးအစားတွေကို သုံးမိတာ၊ အရည်အသွေးမပြည့်မီ၊ ဒိတ်လွန်နေတာတွေကို သုံးမိရင်လည်း Skin careနေရဲ့သားနဲ့ ဝက်ခြံထွက်တာမျိုး ဖြစ်နိုင်ပါတယ်။

ဝက်ခြံဖြစ်စေနိုင်တဲ့ တစ်ခုမကသော အကြောင်းအရင်းများ
ဝက်ခြံဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက တော်တော်လေး များပါတယ်။ ဒီတစ်ခုမကတဲ့ အကြောင်းအရင်းတွေထဲမှာ သတိမပြုမိဘဲ လုပ်မိနေတဲ့ နေ့စဉ် အပြုအမူတွေတောင် ပါနေနိုင်ပါတယ်။

စိတ်ဖိစီးတာ
ဟော်မုန်း အပြောင်းအလဲ
သောက်သုံးနေရတဲ့ ဆေးဝါးတွေ
အဆီပြန်တာ
စားသောက်မှုပုံစံ
မျက်နှာကို ပုံမှန် မသန့်စင်ဖြစ်တာ
ချွေးပေါက်တွေ ပိတ်ဆို့တာ
ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ
ဘက်တီးရီးယားတွေ
မိတ်ကပ်တွေ သေချာ မဖျက်တာတွေကြောင့် ဝက်ခြံတွေ ဖြစ်နိုင်ပါတယ်။
Skin care တာက ဝက်ခြံ မသက်သာပေမယ့်
Skin care သာလုပ်နေရတယ် ဝက်ခြံကလည်း သက်သာမလာဘူး။ ဒါဆိုဘာလို့များ skin care နေရဦးမှာလဲဆိုတဲ့သူတွေကို ဆက်ပြီး အသားအရေ ထိန်းသိမ်းပါလို့ ပြောပါရစေ။ Skin care တာက ဝက်ခြံ မသက်သာပေမယ့်

အသားအရေကို ကျန်းမာစေတယ်
အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားတာက သွေးလည်ပတ်မှု ကောင်းစေပြီး ချွေးပေါက်တွေ ပွင့်စေလို့ အရေပြားပေါ်မှာ လိမ်းလိုက်တဲ့ အသားအရေအတွက် အာဟာရဓာတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်စေဖို့ အသားအရေ ကျန်းမာမှာပါ။

စိတ်ဖိစီးမှု ပြေလျော့စေတယ်
မျက်နှာကို Sheet Mask ကပ်တာ။ သဘာဝ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းလေးတွေ သုံးပြီး ပေါင်းတင်နှိပ်နယ်တာက အသားအရေကိုတင် ကျန်းမာစေတာ မဟုတ်ဘဲ သက်တောင့်သက်သာဖြစ်စေပြီး စိတ်ဖိစီးမှုကို ပြေလျော့စေလို့ စိတ်ခံစားမှုကို ကောင်းစေပါတယ်။

အသားအရေ ကြည်လင်စေတယ်
ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို အသေအချာ သန့်စင်ဖယ်ရှားမိနိုင်တာကြောင့် ကြည်လင်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

အရွယ်တင်စေတယ်
အသားအရေကို ပုံမှန် သန့်စင်မယ်၊ အာဟာရဖြည့်မယ်၊ နှိပ်နယ်မယ်ဆိုရင် သွေးလည်ပတ်မှု ကောင်းစေပြီး ဆဲလ်အသစ်တွေ ဖြစ်စေသလို ကော်လာဂျင် ထွက်ရှိမှု မြှင့်တင်ပေးနိုင်တာကြောင့် အရွယ်တင် နုပျိုနေစေမှာပါ။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကိုလည်း ကာကွယ်နိုင်မှာပါ။

ဝက်ခြံ နဲ့ ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်တယ်
အသားအရေကို ပုံမှန် ထိန်းသိမ်းတာက အရေပြားပေါ်က ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဝက်ခြံ သိပ်မဖြစ်အောင် ကာကွယ်ပေးသလို ဝက်ခြံကြောင့် ကျန်ခဲ့တဲ့ အမာရွတ်တွေကိုလည်း သက်သာစေမှာပါ။

ချွေးပေါက်တွေ ပွင့်စေတယ်
ချွေးပေါက်ထဲက အညစ်အကြေးတွေ၊ အဆီတွေနဲ့ ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားနိုင်မှုက ချွေးပေါက်ပိတ်ဆို့ပြီး ဆားဝက်ခြံတွေ ဖြစ်မလာအောင် ကာကွယ်ပေးနိုင်ပါတယ်။ သန့်စင်တဲ့ ချွေးပေါက်တွေက အသားအရေကို ကျန်းမာစေမှာပါ။

ယုံကြည်မှု တိုးစေမယ်
အသားအရေ ကောင်းမွန်ခြင်းက လူတစ်ယောက်ကို ယုံကြည်မှုတိုးစေနိုင်တဲ့ အချက် တစ်ခုပါ။ ဒါ​ကြောင့် အသားအရေကို ပုံမှန်လေး ထိန်းသိမ်းပေးတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြှင့်တင်ရာလည်း ရောက်ပါတယ်။

Skin care တာက ဝက်ခြံ မပျောက်ဘူးဆိုသော်ငြားလည်း အခုပြောခဲ့သလို အကျိုးကျေးဇူးလေးတွေ ရနိုင်သလို မလိုအပ်ဘဲ ဝက်ခြံတွေ မထွက်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။


#တစ်ဆင့်ဝေမျှပေးခြင်း

22/10/2022

Skin Care အကြောင်း သိကောင်းစရာ☘️☘️☘️
✨ Skin care က အရမ်းအရေးပါပါတယ် တချို့က skin care အကြောင်း ကို သေချာမသိကြသေးဘူးSkin care ကို တခါတလေ မှ လုပ်လဲ ရတယ်လို့ ထင်နေကြတယ်...
✨ တချို့ကအပြင်သွားခါနီးမှ skincare လိမ်းလိုက် mask ကပ်လိုက် လုပ်တက်ကြတယ် အဲ့တာကို care တယ်လို့ထင်နေကြတယ်
✨ တကယ်တော့ Skin care ကိုအမြဲလိမ်းပေးရပါမယ် နေ့ဘက် မိက်ကပ်လိမ်းတယ် အလုပ်သွားတယ် ပြန်ရောက်လို့ ညဘက်ရောက်ရင် cleansing သေချာလုပ်ပီး skin care လိမ်းဖို့ မမေ့ပါနဲ့ နေ့တိုင်း care ပေးမှ အမြဲ Glow ဖြစ်မှာပါ
mask ကပ်တယ် ဆိုတာကလည်း ၁ပတ် ၂ခါ အနည်းဆုံး ကပ်ပေးမှ skin ကောင်းပီး Glow တာပါ ပွဲရှိမှ mask ကပ် ရမယ် ဆိုတာ မဟုတ်ပါဘူး
တချို့က🌞 skin care အစပိုင်းမှာ ဖုသေးသေးလေးတွေ ထွက်တက်ပါတယ် ဆက်လိမ်းကြည့်လို့ရပါတယ် တပတ်လောက်ထိ လိမ်းကြည့်လို့ ဆက်ပီးပေါက်နေတယ် ပိုများလာတယ် ဆို အဲ့ skincare ကို မသုံးပါနဲ့
တချို့က စစချင်းလိမ်းတုန်းကတော့ အဖုလေးတွေပေါက်ပီး တပတ်လောက်ကျ ပျောက်သွားတယ် ဆို ဒါကလည်း တည့်တယ်လို့ ခေါ်ကြတယ်
တချို့ကလည်း ဖုသေးသေးလေး ပေါက်တာနဲ့ Skin care မကောင်းဘူးလို့ ထင်ကြပြန်တယ်... တချို့ကလည်း ၁ပတ်မှ ၁ရက်သာ
skin care လိမ်းပြီး ဖုပေါက်တယ် မတည့်ဘူး မကောင်းဘူး ပြော ကြ ပြန်တယ်...
ပီးရင် တချို့ရှိတယ် makeup မလိမ်းဘဲ skincare လိမ်းရတာ အသားမဲသလို ခံစားရတယ်တို့ အဆီပြန်တယ် တို့ပြောတတ်ကြတယ်
ဘယ်လောက်စျေးကြီးပြီးကောင်းတဲ့ make up တွေသုံးသုံး Skin မကောင်းရင် လှချင်သလောက်မလှဘူးနော်
ကိုယ့်အသားအရေနဲ့ ကိုက်ညီမယ့် skincare ကိုသာ သေချာ စွဲသုံးပေး မျက်နှာက skin tone ညီလာမယ်။ အသားအရေ ကြည်လင် လာပီး တဖြည်းဖြည်း skin tone တက်ပီး glow လာပါလိမ့်မယ်
အဓိက ကတော့ သုံးပုံသုံးနည်း မှန်ဖို့နဲ့ စိတ်ရှည်ဖို့ ပါ
သိသာတဲ့ result ကို ရဖို့ အတွက် အချိန် တခု စောင့်ရပါတယ် နေ့ချင်းညချင်း အသားအရေ ကြည်လင်ပီး glow လာဖို့ မဖြစ်နိုင်ပါဘူးနော်
မျက်နှာကို ၁နေ့ ၂ကြိမ် သစ်ပေးရပါမယ်၊
Skin care ကို မနက်၊ည လိမ်းပေးရပါတယ်
Mask ကို အနည်းဆုံး ၁ပတ် ၂ကြိမ် ကပ်ပေးရပါမယ်
နေ့ခင်းပိုင်းကို နေလောင်ခံ ခရင်မ် လိမ်းပေးပါ
ရေများများသောက်ပေးရမယ် အိပ်ရေးမှန်ရမယ်
အစပ်နဲ့ အငံ လျှော့စားရမယ် အစားအသောက်ကြောင့်လဲ ဝက်ခြံ နဲ့ အဆီဖုလေးတွေ ထွက်လာနိုင်ပါတယ်
အပေါ်က အချက်လေးတွေ အတိုင်းဘဲ ကိုယ်နဲ့ ကိုက်ညီမယ့် skincare ကို သေချာ ရွေးဝယ်ပီး ပုံမှန်နေ့တိုင်းလုပ်သွားပါနော်

လှပတဲ့အစားအရည်ကိုပိုင်ဆိုင်နိုင်ကျပါစေ😍😍


#တစ်ဆင့်ဝေမျှပေးခြင်း

Part-2Toner ကိုဘယ်အချိန်မှာ သုံးသင့်လဲtoner ကို မနက်ရော ညရော အသားအရေ ထိန်းသိမ်းတဲ့ လုပ်ရိုးလုပ်စဉ်တွေမှာ ကိုသုံးလို့ရပါတ...
21/10/2022

Part-2

Toner ကိုဘယ်အချိန်မှာ သုံးသင့်လဲ
toner ကို မနက်ရော ညရော အသားအရေ ထိန်းသိမ်းတဲ့ လုပ်ရိုးလုပ်စဉ်တွေမှာ ကိုသုံးလို့ရပါတယ်။ အသားအရေကို exfoliate လုပ်တာ
ဒါမှမဟုတ် အရမ်းခြောက်တဲ့ toner ကိုသုံးတဲ့အခါ တစ်ရက်ခြားတစ်ခါ သုံးပြီး တဖြည်းဖြည်း နေသားကျသွားတဲ့အခါ အကြိမ်အရေအတွက်ကို တိုးတိုးသွားတာ အကောင်းဆုံးဖြစ်ပါ တယ်.

သင့်မှာထိခိုက်လွယ်တဲ့ ဒါမှမဟုတ် ခြောက်သွေ့တဲ့ အသားအရ ရှိတယ်ဆိုရင်
Alcohol မပါတဲ့ အစိုဓာတ်ဖြည့်ပေးတဲ့ toner တွေနဲ့ အရေပြားကို နူးညံ့စေ၊ အေးမြစေပြီး အစိုဓာတ်ဖြည့်ပေး နိုင်တဲ့ ပါဝင်ပစ္စည်းတွေကို ရှာဖွေရွေးချယ် ဝယ်ယူသင့်ပါတယ်။

"Toner " hta hk'a hta yeh caw ve le ?

Mvuh shaw na leh Mvuh hpeu , meh hpfuh tsuh peu hta ye caw ve you . Meh hpfuh hta ha sha keu lo " Toner " leh a ye ui ja ve yo . Meh hpfuh hta " exfoliate " te ve te yan nga hui meh hpfuh aw sha go kai la pui ve hta pa taw " toner " hta hk'a hta ka yeh caw ve you meh .
Ya hk'a , naw ve meh hpfuh leh , aw shi taw pui ja ve ma k'o , aw chu ma caw go ja ve meh hpfuh hpeh ve k'o " Alchol " k'o ve " Tzuh " ma hkaw ve ' toner' hta ye caw ve yo meh.

Part - 1ပထမဆုံး toner ဆိုတာဘာလဲ…Toner ဆိုတာ ရေနဲ့တူပါတယ်။ ဒါပေမယ့် toner မှာ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် မော်လီကျူးတွေ ...
21/10/2022

Part - 1

ပထမဆုံး toner ဆိုတာဘာလဲ…

Toner ဆိုတာ ရေနဲ့တူပါတယ်။ ဒါပေမယ့် toner မှာ ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင် မော်လီကျူးတွေ ပိုပါဝင်ပါ တယ်။
ဒါ့အပြင် tea tree, rose, salicylic acid နဲ့ သင့်လိုအပ်ချက်အလိုက် တခြားလိုအပ်တဲ့ အသားအရေ ထိန်းသိမ်းပေးတဲ့ ပါဝင်ပစ္စည်းတွေလည်း ပါတတ်ပါတယ်။

"Toner " leh a hto ma le ???
"Toner " leh i ka leh hk'a shu yo ya hk'a, "Toner " aw hk'aw lo " Hydrogen Molecule" paw da ta leh…
Aw hk'o ka ... La aw hpa , Neh shi ve , Salicylic acid leh aw nu ve te hpa thaw paw da ta ve you . Yaw hui leh, meh hpfuh aw sha tha da la pi ve yo meh…

လားဟူလို ကြိုးစားပြီး ပြန်ရေးပေးထားပါတယ်
အမှားအမှားပါရင် ခွင့်လွတ်ပေးပါရှင့်…
Ya kui caw k’o ven ba hpeh la she meh..

21/10/2022

Skin care နဲ့ပတ်သက်ပြီး ဘာကြောင့် Toner သံုးသင့်တာလဲ ဆိုတာကို NaNa ရဲ့ Page လေးမှာ
အနည်းအကျည်းလေး တစ်ရက်နည်းနည်းစီ တင်ပေးသွားပါမယ်ရှင့်
Page ကိုလည်း Like 👍 & follow 👇🏻လုပ်ထားပေးကြပါအံုးရှင့် ….

A tho ma pa taw , nga hui meh hpfuh tha ,
ha sa ve te yan *Toner * hta aw hkui peu teh leh yeh caw ve aw lawn eh hta ngeh chaweh hto ma la ga ve yo.
Page hta ka , Like 👍 & Follow👇🏻te ta la she meh.

ငါသည် ငမိုက်မ 🙄🙄
21/10/2022

ငါသည် ငမိုက်မ 🙄🙄

Skin Care တစ်ခု စလုပ်တော့မယ်ဆိုရင်🔸🔸🔸🌸အရေးကြီးဆုံးအချက်က ကိုယ့်ရဲ့အသားအရေကဘာအမျိုးအစားလဲဆိုတာသိနေရမယ်နော်🌸🌸 အသားအရေအမျို...
21/10/2022

Skin Care တစ်ခု စလုပ်တော့မယ်ဆိုရင်🔸🔸🔸

🌸အရေးကြီးဆုံးအချက်က ကိုယ့်ရဲ့အသားအရေကဘာအမျိုးအစားလဲဆိုတာသိနေရမယ်နော်🌸

🌸 အသားအရေအမျိုးအစားပေါ်မူတည်ပြီး
Skin Care step တွေက မတူညီတာကြောင့် Skin Type ကိုသိဖို့က တကယ်ပဲအရေးကြီးပါတယ်။အဲ့လိုမဟုတ်ပဲ ကိုယ့်ရဲ့ Skin Type နဲ့ ကိုယ်လုပ်နေတဲ့ skin care step တွေက လွဲနေရင် လက်ရှီအသားမရေကိုပိုပျက်စီးတာမျိုး ဖြစ်စေပါတယ် ရှင့် 🌸

🌸 ဒီလိုမဖြစ်ရအောင်ချစ်ရတဲ့ customer တို့အတွက် Skin Type လေးတွေအကြောင်းအနည်းငယ်လောက်ရှင်းပြပေးချင်ပါတယ်။

🌸 Skin Type အမျိုးအစားကတော့ အကြမ်းဖျင်းအားဖြင့် (5) မျိုးရှိပါတယ်တဲ့။

🌸 Dry Skin

ကိုယ့်ရဲ့အသားအရေက မျက်နှာသစ်ပြီး
၄၅မိနစ်လောက်မှာ ပါးစပ်ဟလိုက်ရင် တင်းကြပ်ကြပ်လေးဖြစ်နေမယ် အလွှာအလွှာလေးတွေလိုဖြစ်နေမယ် ၊ ချောမွေ့မနေပဲ အနည်းငယ်ကြမ်းရှရှဖြစ်နေရင်တော့ Dry Skin Type လေးပဲဖြစ်ပါတယ်။

🌸 Oily Skin

မျက်နှာသစ်ပြီး ၄၅မိနစ်အကြာမှာ
Oily Skin Type က သိရလွယ်ပါတယ် ၊ မျက်နှာတစ်ပြင်လုံး အဆီ​ပြန်ပြီးပြောင်နေတတ်တယ် စီးကပ်ကပ် ဖြစ်နေတတ်တယ်ပုံမှန်ထက်ပိုပြီး အဆီပြန်တတ်တဲ့သူတွေ ချွေးပေါက်ကျယ်တဲ့အသားအရေပိုင်ရှင်တွေကတော့ Oily Skin Type လေးတွေပေါ့။

🌸 Combination Skin

မျက်နှာသစ်ပြီး ၄၆မိနစ်အကြာမှာ
မျက်နှာရဲ့အချို့နေရာတွေမှာခြောက်ကပ်ကပ်ဖြစ်နေပေမဲ့ ( ဥပမာ - ပါး ) အချို့T zoneနေရာတွေမှာတော့ အဆီပြန်သလိုဖြစ်နေပြီဆိုရင်တော့ သင်က Combination Skin Type ပါ။

🌸 Sensitive Skin

မျက်နှာသစ်ပြီး ၄၅မိနစ်အကြာ မှာ နီလာမယ် ၊
အရေပြားစပ်ဖျင်းဖျင်းဖြစ်တာ ၊ ယားယံပြီး အနည်းငယ်ပူလာတာမျိုးတွေကြုံတွေ့ရပြီဆိုရင်တော့ သင်က Sensitive Skin Type ပဲဖြစ်ပါတယ်။

🌸 Normal Skin

မျက်နှာသစ်ပြီး ၄၅မိနစ်အကြာမှာ
Normal skin ပိုင်ရှင်လေးတွေကတော့ အသားအရေညီညာမယ် ၊ နောက် အဆီပြန်တာခြောက်သွေ့တာတို့မရှိပဲ ရှင်းရှင်းလင်းလင်းလေးရှိနေမယ် နေလိုကောင်းနေတယ်ဆိုရင် Normal Skin Type လေးတွေပေါ့။

ဒီအချက်လေးတွေကိုကြည့်ပြီး✅✅✅
ကိုယ်ကဘယ် skin type လဲဆိုတာသိလောက်ပြီနော်

17/09/2022
30/08/2022
28/08/2022

အလျှော့ပေးတာကိုယ်ဆိုရင်
ပိုချစ်တဲ့သူကသူဖြစ်နေရင်
သိပ်ကောင်းမှာပဲ
😪

10/08/2022

ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့် အောင်မြင်စွာနဲ့
သီဆိုရိုက်ကူးခြင်းပြီးခဲ့ပါပြီရှင့်....
အကုန်လုံး နားဆင်နိုင်ဖို့ရန်အတွက် ပြန် share ပေးခြင်းဖြစ်ပါတယ်
ttps://fb.watch/ePHRjGKyI8/

17/07/2022

https://fb.watch/ejAso34I_j/ ဘုရားချစ်တဲ့ ညီအစ်ကို မောင်နှမတွေ စုစည်းပြီး
ဘုရားသီချင်းတွေ နာဆင်နိုင်ဖို့ လုပ်ထားခြင်းဖြစ်ပါတယ် အားပေးကြပါအုံးရှင့်

11/07/2022

#အချစ်ဆုံး ချစ်ခင်ပွန်း ဖတ်ကြည့်ပေးပါ....

#မိသားစုအတွက်အပြုံး

#မိန်းမ ရော့မင်းကြိုက်တာဝယ်
ကြိုက်တာသုံးဆိုတဲ့၊
စကားထက်....
မိန်းမ အပြင်အတူသွားကြမယ်လေ
ပြင်ဆင်လိုက်၊
ဘာလိုချင်လည်း လိုက်ဝယ်ပေးမယ်ဆိုတဲ့၊
စကား အသုံးပြုမှုလေးက
ပိုနွေးထွေးကျေနပ်စေရတာပါ။

#မိန်းမ စားနှင့်ကွာ ဝမ်းမှမဆုံတာဆိုတဲ့၊
စကားထက်.....
မိန်းမခဏတော့စောင့်ပေးနော်၊
ဗိုက်ဆာပေမယ့်
အလုပ်မပီးသေးလို့ပါဆိုတဲ့၊
စကားအသွားအလာလေးက
ပိုစိတ်ကျေနပ်စေရတာပါ။

#မိန်းမ အိမ်အသုံးစရိတ်က
ကုန်လှချည်လားဆိုတဲ့၊
စကားထက်.....
မိန်းမကုန်စျေးနှုန်း
အခြအနေဘယ်လိုလဲ၊
လောက်အောင် ချင့်ချိန်ဝယ်ကြည့်ပေါ့ကွာ
မလောက်ရင်ပြောပေါ့ဆိုတဲ့၊
စကားလုံးလေးတွေရဲ့ ချုပ်ထိန်းသွားမှုက
ပိုမလာတဲ့ အသုံးစရိတ်နောက်မှာ
စိတ်သက်သာရာ ရစေတာပါ။

#မိန်းမ အချေအတင်မဖြစ်ချင်ဘူးကွာ
ဆိုတဲ့၊စကားထက်.....
မိန်းမ ဘာအလိုမကျတာရှိလည်း
ညှိနှိုင်းကြမယ်ပြောကြည့်ဆိုတဲ့
၁၀မိနစ္စာ
အချိန်ပေးလမ်းဖွင့်မှုက
ပိုအကျိုးသက်ရောက်စေတာပါ။

#မိန်းမ ပင်ပန်းတယ်ကွာ
အဆင်ပြေပြေနေရအောင်ဆိုတဲ့၊
စကားထက်.....
မိန်းမဒီနေ့တော့
ဘယ်လုပ်ငန်း ဘယ်အကြောင်းအရာမှာ
အဆင်ပြေတယ်မပြေဘူးဆိုပီး
သူငယ်ချင်းနဲ့ပြောသလို
ရင်ဖွင့်ချပြောပြလိုက်တာက
နှစ်ဦးနှစ်ဖက်စိတ်အဖုအထစ်
ပြေလျော့စေတာပါ။

#မိန်းမ ပြင်ပြင်ဆင်ဆင်နေစမ်းပါဆိုတဲ့၊
စကားထက်.....
မိန်းမနေကောင်းကျန်းမာရဲ့လား၊
ဘာတွေစိတ်တိုင်းမကျတာရှိလည်းလို့
တစ်လမှာ တစ်ကြိမ်လောက်မေးလိုက်ရင်ကို
စကားများရန်ဖြစ်တယ်ဆိုတာမရှိသလောက်
နည်းပါးလာမှာပါ။

#မိန်းမသားတိုင်းက
ခင်ပွန်းဝေယျာဝစ္စ
၊သားသမီးဝေယျာဝစ္စ၊
မိဘရှိရင်မိဘဝေယျာဝစ္စ၊
အိမ်မှုကိစ္စ၊အကုန်
တာဝန်ယူလုပ်ကိုင်နေရတာမို့
ငွေရှာရုံနဲ့တာဝန်ကျေပီမထင်ပါနဲ့၊
ပြည့်စုံအောင်ထားပေးနိုင်ရုံနဲ့
ပြီးမြောက်ပီမထင်ပါနဲ့၊
လိုလေသေးမရှိဖြည့်ဆည်းပေးရုံနဲ့
မလိုအပ်တာမရှိတော့ဘူးမထင်ပါနဲ့။

#စကားတစ်ခွန်းက
လက်ဆောင်တစ်ခုထက်
ပိုတန်ဖိုးရှိပါတယ်၊
စကားကအားဖြစ်စေတာနေရာ
အတော်များများမှာမို့၊
ကိုယ့်မိသားစုအေးချမ်းမှုဟာ
ကိုယ့်စကားတစ်ခွန်းပေါ်
မူတည်နေတာမေ့မထားပါနဲ့။

#ကိုယ်ပင်ပန်းသလို
တနေကုန်မနားတမ်း
မျက်လုံးထဲချွေးဝင်သည်ထိ၊
ဝေယျာဝစ္စတွေလုပ်နေရတဲ့မှီခိုဇနီးသည်ဟာ၊
သူ့ကိုပြန်မှီခိုနေသူတွေအတွက်
သူ့အပြုံးဟာအရေးပါတာမို့။

#အိမ်ထောင်တစ်ခုမှာ.....
ဘယ်သူက
ဘယ်သူ့ကို
ပိုပြုံးနိုင်စေနေတာလဲ?????

တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာ 👦❤အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်သဘောထားချင်းမတိုက်ဆိုင်တဲ့ကိစ္စတွေ ရှိ...
28/06/2022

တကယ်ချစ်တဲ့ ယောကျာ်းလေး ဆိုတာ 👦❤

အနာဂတ် အစီအစဉ်တခုခု သင့်အတွက် ကြိုးစားနေပါလိမ့်မယ်

သဘောထားချင်းမတိုက်ဆိုင်တဲ့ကိစ္စတွေ ရှိနေခဲ့ရင်လည်း အတတ်နိုင်ဆုံး သင့်ဆန္ဒကို လိုက်လျောပေးတတ်တယ်

အပိုငွေကုန်ပေါက်တွေ အပျော်အတွက် ငွေကြေးသုံးစွဲတာတွေ လျော့ပြီး သင့်အတွက် လိုအပ်တာလေးတွေ ဖြည့်စည်းပေးဖို့ အသုံးချတတ်ပါတယ်

သုံးနေကျ Password ဖွင့်ပြောပြတာမျိုး ရှိပါလိမ့်မယ်
လျှိဝှက်ချက် ဆိုတာ သူနဲ့သင့်ကြားမထားတတ်တော့ပါဘူး

ဘာပဲလုပ်လုပ် သင့်ဆီက ခွင့်တောင်းတတ်ပါတယ်
တချို့ကိစ္စတွေအတွက် အကြံဥာဏ်တောင်းတတ်တယ်

သင်နှစ်သက်တဲ့ အစားအသောက် (ဒါမှမဟုတ်) သင်နှစ်သက်တဲ့ ပစ္စည်းတခုခု လမ်းကြုံတွေ့တဲ့အခါ ဝယ်လာပေးတတ်တယ်

သင် အပြုအမူတိုင်းဟာ သူ့အတွက် ချစ်ဖို့ကောင်းနေပါလိမ့်မယ်

စိတ်ဆိုးတဲ့အခါ ပြဿနာကို ပြေလည်အောင်ပြောပြတတ်တယ် ။ သင်မှားနေရင်တောင် တခါတလေ သူ့ဘက်က မာနကို လျော့ချထားတတ်ပါတယ်

သင် မနှစ်သက်တဲ့အခါတွေ ဆို အတတ်နိုင်ဆုံးရှောင်ရှားတယ် ။ တချို့ ကိစ္စတွေ ဆို သင့်ကြောင့် ငြင်းဆန်ပစ်လိုက်တဲ့အထိ ရှိနေတတ်တယ်

အတူရှိနေချိန် တိုင်း သင့်လက်ဖဝါးလေးကို ဆုပ်ကိုင်ထားတတ်တယ် ။

သင်က သူ့ကို သက်သက်မဲ့ ရစ်နေရင်တောင် သူ့အမှားလား ဆိုပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်နေတတ်တယ်

အတိတ်က သင် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ အလေးထားတာ သင်နဲ့သူ့ရဲ့ မနက်ဖြန်ပါ

အပေါင်းအသင်းတွေရှေ့မှာလည်း သင့်ကိုဘယ်လောက်ချစ်တဲ့အကြောင်းကို ကြွားစရာတခုလိုပြောပြနေတတ်တယ်

သူ့ ဖုန်း Wallpaper မှာ သင့်Photo လေးထည့်ထားတတ်တယ်

သူပေးထားတဲ့ ချစ်စနိုးနာမည်ပြောင်လေး သင့်ကို ခဏခဏခေါ်နေတတ်တယ်

ကြိုက်သလောက်စားပါ ။ တက်လာတဲ့ ကိုယျအလေးခြိနျကျု သူအပြစ်မရှာတတ်ပါ

ဒေါသထွက်ရင်တောင်မှ သင့်အပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်တာမျိုးမရှိဘူး

သူရဲ့ မိန်းကလေးမိတ်ဆွေတွေအကြောင်းလည်း သင့်ကို ပြောပြထားတတ်ပါတယ်

သင် တောင်းတဲ့ ကတိကို အတတ်နိုင်ဆုံးပေးတတ်တယ် ။ တည်အောင်လည်း လိုက်နာတယ်

သင် အောင်မြင်မှု ကံကောင်းမှုတွေကြုံတဲ့အခါ သူက သင့်ထက် ပျော်နေတတ်ပါတယ်

သင်က သဝန်တိုတဲ့အခါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ရှင်းပြတတ်တယ် ။

သင့်မွေးနေ့ကို သူမမေ့ဘူး ။ အမှတ်တရနေ့တွေကို သူမမေ့ဘူး

သင့် ခံစားချက်ကို သူများထက်ပိုပြီးနားလည်တယ်

Facebook မှာ သူတင်သမျှ ဟာ သင့်ကိုဘယ်လောက်ထိ ချစ်တဲ့အကြောင်းတွေချည်း

အတူစကားပြောနေရင်းမှ ရုတ်ချည်း အခြေအနေပြောင်းသွားတဲ့အခါ(သင်က စိတ်ဆိုးတဲ့အခါ)ဟာသလေးတွေနဲ့ အခြေအနေပြောင်းလဲပစ်တတ်ပါတယ်

မေးစရာမလိုပါဘူး ။ ဒီနေ့ဘယ်သွားမယ် ဘယ်မှာ ရှိမယ် ဘာတွေ လုပ်မယ်ဆိုတာ သင့်ကိုအမြဲ အစီရင်ခံနေမှာပါ

သင့်ကို သူ့ကြောင့် မျက်ရည်မကျစေပါဘူး ။

အခမ်းနားဆုံးမဖြစ်နိုင်ရင်တောင် အကောင်းဆုံးတော့ သင့်အတွက် ကြိုးစား ဖန်တီးပေးနေပါလိမ့်မယ်

သူ့ဘဝ ရဲ့ ပျော်စေတဲ့ကိစ္စ ရှိလာခဲ့ရင် ဦးဆုံးသတိရမိသူဟာ သင်ပါပဲ

ယုံကြည်ချက် နားလည်မှု သစ္စာ တရား ဒါတွေဟာ သင့်မတောင်းလည်း သူ့ဆီက အလိုလိုရမယ့် ချစ်ခြင်းမေတ္တာ တခုပါ

ဒီလို အချက်တော်တော်များများနဲ့ကိုယ်ညီတဲ့
ချစ်သူယောကျာ်းလေးမျိုးပိုင်ဆိုင်ထားတယ် မဟုတ်လား

သင်ဟာ . . .
တကယ်ကံကောင်းတဲ့ မိန်းကလေးပါပဲ ❤💑

Credit

27/06/2022

မဝေးတဲ့ချစ်ခြင်းနဲ့ မင်းတစ်ယောက်တည်းကိုပဲ အမြဲချစ်နေမယ်😍

မပျော်ရတဲ့ရက်တွေကို ကျော်ပစ်လို့ရရင် ကျော်ပစ်ချင်တယ် ။ပျော့ညံ့တာ မဟုတ်ဘူးနော် ။ပြီးတော့ ရှောင်ပြေးချင်နေတာလဲ မဟုတ်ဘူး ။ ...
25/06/2022

မပျော်ရတဲ့ရက်တွေကို ကျော်ပစ်လို့ရရင် ကျော်ပစ်ချင်တယ် ။

ပျော့ညံ့တာ မဟုတ်ဘူးနော် ။ပြီးတော့ ရှောင်ပြေးချင်နေတာလဲ မဟုတ်ဘူး ။ ဒါပေမယ့် ဒီရက်ပိုင်း မပျော်ရတာ​တွေ ပိုများလာတော့ ဒီရက်ပိုင်း ကျော်ပစ်လို့ရရင် ကျော်ပစ်ချင်မိတယ် ။ ဘာပဲဖြစ်ဖြစ် အများကြီး ဝမ်းနည်းနေစရာ မလိုတော့ဘူးပေါ့ ။

အတွေးလွန်တတ်သလို စပြီးတွေးလိုက်တာနဲ့ ဆက်ပြီး တွေးနေတတ်တဲ့ အကျင့်က ပြင်လို့ မရသေးဘူး ။ နောက်ဆုံးမှ ဘာမှ မဟုတ်တာလေးအစ မျက်ရည်တွေကျရတာပဲ အဖတ်တင်တာလေ ။ ဘာမှ မဖြစ်သလိုမျိုး နေနိုင်ချင်ပေမယ့် မျက်ရည်တွေ ဝဲရတယ် ။

မပျော်ဘူး... ဟုတ်တယ် ကျွန်မ အခုတလော ဘယ်လိုပဲ နေနေ နေလို့ ပျော်မနေဘူး ။ တချိန်က ကိုယ့်ကိုယ် ရီမောစေခဲ့တဲ့ ဟာသတွေက အခုကျ ပျင်းစရာကောင်းနေတယ်လို့ ထင်ရလောက်အောင် ရီစရာတွေမဲ့နေခဲ့တာ ။

စကားလုံးလေးတစ်လုံးကိုကအစ ပြဿနာတွေ လိုက်ရှာနေမိတဲ့အထိ သည်းခံခြင်းတွေ ပျောက်ဆုံးနေခဲ့တာ ။ ဒီအချိန်မှာ အရင်တုန်းက ကိုယ့်ကို ပြန်ရှာတွေ့ဖို့လွယ်မနေဘူး ။ မွန်းကျပ်လာလို့ထင်ပါတယ် ။ ပေါက်ကွဲချင်နေမိတဲ့ စိတ်တွေက ပိုပိုပြီး များလာတယ် ။

ဘာမှ မဖြစ်ပါဘူး... အဆင်ပြေသွားမှာပါဆိုပြီး အရင်ကလို ကိုယ့်ကိုယ်ကိုယ် အားပေးတတ်ချင်တယ် ။ မနက်ဖြန်တော့ အဆင်​ပြေသွားမှာပါဆိုတဲ့ စိတ်နဲ့ ညတွေကို အိပ်ရေး ဝဝ အိပ်လိုက်ချင်တယ် ။ ဒါပေမယ့် အရာရာ မှောင်နေသလိုမျိုးဖြစ်နေတဲ့ မနက်ဖြန်တွေမှာ အဆင်ပြေလာမှာဆိုပြီး ကိုယ့်ကိုယ်ကိုယ်ညာနေရတာက ပိုပင်ပန်းတယ်လေ ။

ရင်မဆိုင်ရဲတာတော့... ဘယ်ဟုတ်ပါ့မလဲ... ခဏလောက် အနားပေးချင်ရုံလောက်ပါ ။ ပြီးတော့ အိပ်ဆေးသောက်ပြီး အိပ်လိုက်ရတဲ့ ညတွေလို ဘာပဲ ဖြစ်ဖြစ် ကိုယ်အိပ်ပျော်သွားရင် ပြီးရောဆိုတဲ့ အတွေးလေး ဝင်လာနေမိလို့ပါ ။

ပျော်မနေဘူးရယ်လို့ မညည်းတွားဖြစ်တာကလွဲရင် ဒီရက်ပိုင်း ဘယ်လိုနေနေ... အဆင်တွေ ပြေမနေခဲ့ဘူး... ဒီ မပျော်ရတဲ့ ရက်တွေကို ကျော်ပစ်လို့ရရင် ကျော်ပစ်ချင်မိတယ် ။

#ကျေးကို

(ရင်နှင့်ရင်း၍ ရေးသည်)

Address

Tachileik

Website

Alerts

Be the first to know and let us send you an email when NaNa for you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NaNa for you:

Videos

Share