New Future

New Future Zoom license services provider
(1)

Zoom Owner Licensed♻️ Pro License 1 month - 14.99$ + Service charges 4,000 ks♻️ Pro License 1 year - 149.9$ + Service ch...
19/03/2023

Zoom Owner Licensed

♻️ Pro License 1 month - 14.99$ + Service charges 4,000 ks
♻️ Pro License 1 year - 149.9$ + Service charges 10,000 ks

------------------------------------------------

Zoom Member Licensed

♻️ Pro licensed (100 attendees )
1 month - 25,000 ks

♻️ Business licensed ( 300 attendees )
1 month - 41,000 ks

♻️ Pro licensed + Large add on ( 500 participants )
1 month - 188,000 ks

♻️ Pro licensed + Large add on ( 1,000 participants )
1 month - 318,000 ks

Messenger or Viber 09400075612

🔰Host ဘက်က ဖွင့်ပေးမှ participants တွေရဲ့ mic ဖွင့်လို့ရအောင်ပြုလုပ်ပုံ( participants တွေအကုန်လုံးကို အသံပိတ်အောင် ပြုလု...
19/03/2023

🔰Host ဘက်က ဖွင့်ပေးမှ participants တွေရဲ့ mic ဖွင့်လို့ရအောင်ပြုလုပ်ပုံ
( participants တွေအကုန်လုံးကို အသံပိတ်အောင် ပြုလုပ်ပုံ )

Zoom meeting တွေမှ Speaker ပြောတာ မကြားရပဲ participants တွေဘက်က ထွက်လာတဲ့ အသံတွေကြောင့် အနှောင့်အရှက် ဖြစ်နေတယ်ဆို ဒီဟာလေး သုံးလို့ရပါတယ်.

Host ဘက်က Zoom meeting ထဲမှာ ရှိတဲ့သူ အကုန်လုံးကို Mute All နဲ့ ပိတ်လိုက်ရင် participants တွေရဲ့ mic တွေ အကုန်လုံး ပိတ်သွားမှာဖြစ်ပါတယ်.
Mic အသံ ဖွင့်စေချင်တဲ့ သူကို host က Ask to unmute လုပ်ပေးလိုက်မှ mic ပြန်ဖွင့်လို့ရမှာပဲ ဖြစ်ပါတယ် ( ဒီနေရာမှာ တခုတော့ ရှိပါတယ် Host ဘက်က unmute လုပ်စေချင်ပေမယ့် participant ဘက်က accept လုပ်မှ mic ပွင့်လာမှာပါ ဘာလို့လည်းဆိုတော့ participant ဘက်ကလည်း mic ဖွင့်ဖို့ အဆင်သင့် ဖြစ်နေဦးမှကို )

ပြုလုပ်ပုံလေးက လွယ်ပါတယ် Zoom meeting ကြီး စနေတဲ့ အချိန်မှာ Participants list အောင်နားမှာ Mute all ဆိုတာကို ပေးလိုက်ရင် box တခုပေါ်လာပါလိမ့်မယ်, Allow participants to Unmute Themselves ဆိုတာလေးကို အမှန်ခြစ် ဖြုတ်ခဲပြီး Yes လုပ်လိုက်ယုံပါပဲ

( Mute All, Allow participants to Unmute Themselves ကို အမှန်ခြစ်ဖြုတ်, Yes )

တချို့တွေလည်း သိထားပြီးသားဖြစ်မှာပါ, တဦး တယောက် အသုံးဝင် ဖို့အတွက် ရည်ရွယ်ပါတယ် ....

Shang-Chi and the Legend of the Ten Rings / Action, Adventure, Fantasy ===========================================Marvel...
11/11/2021

Shang-Chi and the Legend of the Ten Rings / Action, Adventure, Fantasy
===========================================
Marvelရဲ့ အသစ်စက်စက် Shang-Chiဆိုတဲ့ new heroရုပ်ရှင်လေး ထွက်လာပြီနော်........ ရုပ်ရှင်မကြည့်လိုက်ရဘဲ Spoil မိတာမျိုးမဖြစ်ရအောင် အခုပဲတင်ဆက်ပေးလိုက်ပါပြီ......

Shang-Chiရဲ့အဖေဖြစ်သူဟာ Ten Ringsရဲ့ခေါင်းဆောင်ဖြစ်ပြီး ဒဏ္ဍာရီထဲက Rings ၁၀ ခုကို ပိုင်ဆိုင်သူလည်းဖြစ်ပါတယ်..... ဒါပေမဲ့ သူငယ်ရွယ်စဉ်က ငွေနဲ့အာဏာနောက်လိုက်ခဲ့ပြီး အမှားတွေများခဲ့သူတစ်ယောက်ပေါ့...... ဖြစ်ချင်တော့ နတ်သိုင်းကျင့်စဉ်ကိုလိုက်ရှာရင်း ရှားဟောင်းလျှို့ဝှက်ရွာလေးတစ်ရွာက Liဆိုတဲ့မိန်းကလေးနဲ့တွေ့ပြီး ချစ်ကျွမ်းဝင်မိလေတော့ Liတစ်ယောက်လည်း ရွာကထွက်ခဲ့သလို Wenwuလည်း ဂိုဏ်းကအနားယူလို့ စွမ်းအားတွေကို ချိတ်ပိတ်သိမ်းဆည်းပြီး သာမန်မိသားစုဘဝကို တည်ဆောက်ရင်း Shang-Chiတို့မောင်နှမကို ရခဲ့ပါတယ်......... ဒီအချိန်မှာ Wenwuရဲ့ရန်သူက Liကိုသတ်သွားချိန်မှာတော့ Ten Ringsဂိုဏ်းဟာ ပြန်လည်ထွက်ပေါ်လာပြီး သာမန်ဘဝနဲ့နေချင်တဲ့ Shang-Chiလည်း အကြံတွေပျက်လို့ သိုင်းတွေလေ့ကျင့်ရပါတော့တယ်.... ဒါပေမဲ့ ညီမဖြစ်သူကိုတော့ Wenwuကမသင်ယူစေခဲ့ပါဘူး.... အဖေ့ဆန္ဒကိုဖြည့်ဆည်းပေးပြီးတော့ နာမည်ပြောင်းပြီး ပုန်းနေတဲ့Shang-Chiတစ်ယောက် အဖေဖြစ်သူက ညီမဖြစ်သူနဲ့အကြပ်ကိုင်လေတော့ သူမလိုချင်တဲ့ဘဝကို ပြန်သွားရဖို့ ဖြစ်လာတဲ့အခါ….

အများကြီး spoilသလိုဖြစ်သွားမှာစိုးလို့ ဒီထက်ဆက်သိချင်ရင်တော့ ရုပ်ရှင်ကိုအခုပဲ Downloadဆွဲပြီး အမြန်ကြည့်လိုက်ကြပါစို့.....

Translated by GC Team

Reviewed by MaryChrist

Credit -Gold Channel
https://drive.google.com/drive/folders/17AiJ_E94yc32FeorLdaeK_To5i2UzFDh?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Fighting For Life 2021 ===========================================လက်ဝှေ့ပွဲတိုင်း အနိုင်ရရှိပြီး MFC ချံပီယံ ကျန်းရိုရွ...
11/11/2021

Fighting For Life 2021
===========================================
လက်ဝှေ့ပွဲတိုင်း အနိုင်ရရှိပြီး MFC ချံပီယံ ကျန်းရိုရွှမ်း......

ကျန်းရိုရွှမ်းနဲ့ ထိုင်းနိုင်ငံက ဆမန်သာတို့ ထိုးကြိတ်တဲ့ပွဲမှာတော့ ကျန်းရိုရွှမ်းရဲ့ အရင်ပွဲက ရခဲ့တဲ့ ခြေထောက်ဒဏ်ရာပြန်ပေါ်လာပြီး ချန်ပီယံဆုကို ဆုံရှုံးခဲ့ရပါတယ်.....

ကျန်းရိုရွှမ်းရဲ့ ခြေထောက်ဒဏ်ရာဟာ တော်တော်ပြင်းထန်ပြီး နောက်ထပ် လက်ဝှေ့ပွဲတွေ ဆက်ထိုးမရနိုင်တော့တာကြောင့် လက်ဝှေ့သမားဘဝကနေ အနားယူခဲ့ရပါတယ်.....

ငယ်စဉ်က မိခင်ဖြစ်သူ စွန့်ပစ်ခြင်းခံခဲ့ရပြီး ဖခင် လက်ဝှေ့သမားနဲ့ အတူတူကြီးပြင်းခဲ့ရတဲ့ လက်ဝှေ့ဝါသနာအိုးမလေး ရှားယွီ......

ရှားယွီရဲ့ ဖခင်ဟာ ငယ်စဉ်က ချန်ပီယံလက်ဝှေ့သမားတစ်ယောက်ဖြစ်ပြီး ကစားပွဲမှာ ကြမ်းလွန်းခဲ့လို့ မြို့တော်အားကစားအသင်းက အထုတ်ခံခဲ့ရပြီး အရှုံးသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်.....

ရှားယွီတစ်ယောက် ဖခင်လို အရှုံးသမားမဖြစ်ချင်ဘဲ မိမိဝါသနာပါတဲ့ လက်ဝှေ့ထိုးဖို့ ၂၀၂၁ မူလန်အမျိုးသမီး ကိုယ်ခံပညာပြိုင်ပွဲကို ဝင်ပြိုင်ဖို့ လျှောက်လွှာသင်ခဲ့ပါတယ်....

အရင်က MFC ချန်ပီယံဟောင်း ကျန်းရီရွှမ်းဟာ ရှားယွီရဲ့ နည်းပြလုပ်ပေးခဲ့ပါတယ်။ လက်ဝှေ့ပွဲအတွေ့အကြုံရှိပြီး ဗျူဟာစနစ်ပြီးပြည့်စုံတဲ့ ကျန်းရှင်းရွှမ်ရဲ့ သင်ကြားမှုအောက်မှာ ရှားယွီတစ်ယောက် MFC ချန်ပီယံဖြစ်လာမလား..

သူသိထားတဲ့ ငယ်စဉ်က မိသားစုပြဿနာက တကယ်ကောဟုတ်ရဲ့လား.. ဆိုတာကို ဒီ Fighting Life ဆိုတဲ့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

Translated & Reviewed by Taki
Credit -Gold Channel
https://drive.google.com/drive/folders/14dOBW1TAybvSWhiBt6KbdsArPRmbrxco?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

No Time to Die 2021 / Action, Adventure, Thriller===========================================ကဲ အားလုံးစောင့်မျှော်နေကြတဲ...
11/11/2021

No Time to Die 2021 / Action, Adventure, Thriller
===========================================
ကဲ အားလုံးစောင့်မျှော်နေကြတဲ့ James Bond ဇတ်ကား ထွက်ရှိလို့လာပါပြီ.....
ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ MI6 ကနေ အနားယူပြီးနောက်မှာ ဂျိမ်းစ်ဘွန်းတစ်ယောက် သာယာအေးချမ်းတဲ့ ဘဝလေးမှာ နေထိုင်လျက်ရှိပါတယ်....
ဒါပေမယ့်လည်း စီအိုင်အေက သူ့မိတ်ဆွေဟောင်း Felix ဆိုသူ ‌ရောက်ချလာပြီး မစ်ရှင်တစ်ခုအတွက် အကူအညီလာတောင်းချိန်မှာတော့ သူ့ရဲ့ အေးချမ်းနေတဲ့ ဘဝလေးလည်း ကြာကြာမခံလိုက်ပါဘူး......မစ်ရှင်ကတော့ ပြန်ပေးဆွဲခံလိုက်ရတဲ့ သိပ္ပံပညာရှင်တစ်ယောက်ကို ကယ်တင်ဖို့ဆိုပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာပဲ နောက်ကွယ်က အရှုပ်အထွေးတွေကို သိရှိလိုက်ရတဲ့အခါ ဂျိမ်းစ်ဘွန်းတစ်ယောက် ပရောဂျက် Heracles လို့ခေါ်တဲ့ အန္တရာယ်များတဲ့ နည်းပညာသစ်တွေနဲ့ ကမ္ဘာကြီးကို အုပ်စိုးဖို့ကြံစည်‌နေတဲ့ လူဆိုးနဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်.......
ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆို‌တာတော့ ဆက်လက်ရှုစားပေးကြပါဦး........
Credit
https://drive.google.com/drive/folders/16vw7VKZsB3Qae7HxZ_NP1Lc5DdD6F_CO?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

မင်မင်ခရီးသွားနေပေမယ့်....အသစ်ထွက်ကားလေးတွေ...Review post မတင် နိူင်ပေမယ့်......update ကားလေးတွေတင်ထားတယ်နော်အမျိုးတို့....
08/11/2021

မင်မင်ခရီးသွားနေပေမယ့်....အသစ်ထွက်ကားလေးတွေ...Review post မတင် နိူင်ပေမယ့်......update ကားလေးတွေတင်ထားတယ်နော်အမျိုးတို့....
ဇာတ်ကားနာမည်နဲ့သာ...nPlayer ထဲမှာဖြစ်ဖြစ်....G-drive ထဲမှာဖြစ်ဖြစ်ရှာကြည်နိူင်ပါတယ်နော်အမျိုးတို့........

Venom: Let There Be Carnage (2021) / Action, Science Fiction===========================================Venomဆိုတဲ့ ကောင်...
08/11/2021

Venom: Let There Be Carnage (2021) / Action, Science Fiction
===========================================
Venomဆိုတဲ့ ကောင်ဆိုးလေးကိုမျှော်နေတဲ့ပရိသတ်တွေအတွက် အမြန်ဆုံးတင်ဆက်ပေးလိုက်ပါပြီနော်.... အခုmovieမှာတော့ ရှေ့ကားမှာတုန်းက sound manipulation powerရှိတဲ့ Frances ကို Ravencroftကို ခေါ်ဆောင်သွားပြီး ထိန်းသိမ်းထားတာပေါ့။ သူ့ရဲ့ချစ်သူCletusကတော့ လူမဆန်စွာ ကျူးလွန်ခဲ့တဲ့ လူသတ်မှုတွေအတွက် သေဒဏ်ပေးခံရမယ့်အခြေအနေပေါ့..... Eddieတစ်ယောက်ကတော့ Venomနဲ့အတူ နေသားကျဖို့ Venomကလည်း ကမ္ဘာသစ်မှာ နေသားကျဖို့အတွက် လုံးပန်းနေရတာပေါ့........ ဖြစ်ချင်တော့ Eddieရဲ့ချစ်သူ Anneက သူစေ့စပ်တော့မယ့်အကြောင်း Eddieကိုပြောလိုက်တာကြောင့် Eddieတစ်ယောက်အသဲကွဲရတော့တာပေါ့..... ဒီအချိန်မှာ သေဒဏ်ပေးခံရမယ့်ရက် နီးကပ်လာတဲ့ Cletusက Eddieကို သူနဲ့လာတွေ့ဖို့ ပြောတာကြောင့် နစ်နာသူအလောင်းတွေ ဖွက်ထားတဲ့အကြောင်း စုံစမ်းဖို့အကျဉ်းထောင်ကိုသွားရင်းနဲ့ Cletusရဲ့ စော်ကားမော်ကားပြောဆိုမှုကြောင့် Venomနဲ့ ကတောက်ကဆဖြစ်ရာက Eddieရဲ့amoebaပါနေတဲ့သွေးကို Cletusက သောက်လိုက်မိတဲ့အခါ… Carnageအနေနဲ့မွေးဖွားလာတဲ့ Cletusကရော ဘာတွေပြဿနာလုပ်မလဲ........ စွမ်းအားတွေရလာချိန်မှာ သူ့ရဲ့ကမ္ဘာ့ရန်ဘက် Eddieကို ဘယ်လိုလက်စားချေမလဲ........ အမြဲအဆင်မပြေဖြစ်နေတဲ့ Eddieနဲ့ Venomတို့ကရော ပူးပေါင်းပြီး ရန်သူကို ချေမှုန်းနိုင်မှာလား… ဒီမေးခွန်းတွေရဲ့အဖြေကိုတော့ ရုပ်ရှင်ကိုခံစားကြည့်ရှုရင်း ကိုယ်တိုင်ရှာဖွေကြည့်ကြပါစို့.......

Credit -Gold Channel
https://drive.google.com/drive/folders/161TZINjgtTa4zL31cYQLeI1zVBTgssDG?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Finch (2021) / Adventure, Drama, Science Fiction===========================================ပရိသတ်အချစ်တော် ဟောလိဝုဒ်မင်း...
08/11/2021

Finch (2021) / Adventure, Drama, Science Fiction
===========================================
ပရိသတ်အချစ်တော် ဟောလိဝုဒ်မင်းသားကြီး Tom Hanks ပါ၀င်တဲ့ စိတ်ကူးယဉ်-သိပ္ပံ-ဒရမ်မာ ရုပ်ရှင်သစ် ထွက်ရှိလာပါပြီ....... ကမ္ဘာ့ပျက်ကပ်ကြီးဖြစ်ပြီးနောက်ပိုင်းကာလကို အခြေတည်ထားပြီး လူတစ်ယောက်၊ ‌ခွေးလေးတစ်ကောင်နဲ့ စက်ရုပ်တစ်ရုပ်ရဲ့ စွန့်စားခန်းရုပ်ရှင်လေးပါ။ IMDb မှာ rating 7.6 ရရှိထားပါတယ်.........

ကမ္ဘာ့ပျက်ကပ်ကြီးဖြစ်ပြီးနောက်ပိုင်း နောက်ဆုံးကျန်ခဲ့တဲ့ လူသား၊ တီထွင်ပညာရှင် Finch Weinberg ဟာ သူနဲ့သူ့ခွေးလေးအဖော်ရဖို့အတွက် Android စက်ရုပ်လေးတစ်ရုပ်ကို ဖန်တီးခဲ့ပါတယ်။ အဲဒီနောက် သူတို့သုံးယောက်သား နိုင်ငံအနှံ့ခြေဆန့်ဖို့ စွန့်စားခရီးထွက်လာကြပါတယ်.......... လမ်းခရီးမှာ ဘာတွေဖြစ်လာမလဲ ဘယ်လိုအန္တရာယ်တွေကြုံရမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ကြရမှာ ဖြစ်ပါတယ်.........

စိတ်လှုပ်ရှားစရာ စွန့်စားခန်းခရီးစဉ်နဲ့အတူ ချစ်ခြင်းမေတ္တာ၊ မိတ်ဆွေသံယောဇဉ်၊ လူ့ဘဝအဓိပ္ပါယ်တို့ကို မီးမောင်းထိုးရိုက်ပြထားပြီး Finch နဲ့ စက်ရုပ်လေးတို့ ခွေးလေးတို့ရဲ့ သံယောဇဉ်ကိုကြည့်ရတာလည်း တကယ် ချစ်စရာကောင်းပါတယ်....... အဲဒါကြောင့် ခဏတာစိတ်အပန်းပြေဖို့ ပေါ့ပေါ့ပါးပါး ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းလေးအဖြစ် ညွှန်းပေးလိုက်ပါရစေနော်........

Review by Cherry Mon
Translated by Cherry Mon, MaryChrist, Maymie Kyaw, Sunny & ZZZ
Credit -Gold Channel
https://drive.google.com/drive/folders/14jowzMK1u33GsMA7diLaj5RW_RqDUlIu?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Lamb (2021) / Drama, Horror, Mystery===========================================ဇာတ်လမ်းနာမည်က သိုး ပေါ့ Horror Supernatu...
02/11/2021

Lamb (2021) / Drama, Horror, Mystery
===========================================
ဇာတ်လမ်းနာမည်က သိုး ပေါ့ Horror Supernatural အမျိုးအစား ဖြစ်ပြီး ဇာတ်လမ်းအေးတယ် ထင်ရပေမယ့်လည်း စိတ်၀င်တစားလို့ ကြည့်လို့ ကောင်းတဲ့ ဇာတ်လမ်းလေးပါ.....
ဇာတ်လမ်းအကျဉ်းကို ပြောရရင် ရေခဲတောင်ဒေသမှာ နေထိုင်တဲ့ လင်မယားနှစ်ယောက်ဟာ သိုးတွေ မွေးထားတယ် ဆိုပါတော့ ၊ အဲဒီမှာ သူတို့ရဲ့ သိုးတွေ နေတဲ့ တင်းကုပ်ထဲမှာ တစ်နေ့တော့ သိုးမတစ်ကောင်က သားကျတာပေါ့ ၊ သိုးမတွေ သားကျတိုင်း သူတို့တွေက မွေးပေးနေကျဆိုပေမယ့် ဒီသိုးမက ကျတဲ့ ‌သိုးလေးကတော့ အခြားသိုးတွေနဲ့ မတူဘဲ တမူထူးခြားလို့ နေပါတယ် ၊ (ဘယ်လိုထူးခြားလို့လဲဆိုတာကတော့ ဇာတ်လမ်းကို ဆက်ကြည့်လိုက်ပေါ့နော် ) ၊ဒါကို ဒီလင်မယားက တွေ့တော့ ကလေးငတ်နေတဲ့ လင်မယားကလည်း ဖြစ်တော့ အဲဒီသိုးပေါက်လေးကို အိမ်ထဲ ခေါ်သွားပြီး လူကလေးလို တယုတယ မွေးတာပေါ့ ၊ သိုးမကြီးက သူ့ကလေးကို ခေါ်သွားတာ သိနေတော့ အဲဒီအိမ်နားမှာ တစ်ဝဲလည်လည်နဲ့ သွားသွားကြည့်တာပေါ့ ၊ လင်မယားနှစ်ယောက်ထဲက အမျိုးသမီးက သိုးလေးကို သူ့ကလေးလို တကယ်မြင်လာပြီး ချစ်စိတ်မွှန်လာတော့သူတို့ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်တဲ့ သိုးမကြီးကို သတ်ပစ်လိုက်ပါတော့တယ်.....

အဲဒီလုပ်ရပ်ရဲ့ အကျိုးဆက်အနေနဲ့ နောက်ပိုင်းမှာ ဘယ်လိုတွေ တွေ့ကြုံရမယ် ၊ သိုးကလေးက ဘယ်လိုကြီးပြင်းလာမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်.....

Review by Sunny
Translated by Sunny, MaryChrist, Monn & ZZZ
Credit -Gold Channel
https://drive.google.com/drive/folders/1-8NL61f4C5FfJyZVm2dvPX_SbDHBXOsN?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Nobody Sleeps in the Woods Tonight 2 (2021) / Horror, Thriller ===========================================Netflix ကနေ ထွ...
02/11/2021

Nobody Sleeps in the Woods Tonight 2 (2021) / Horror, Thriller
===========================================
Netflix ကနေ ထွက်ရှိတဲ့ Horror Supernatural ကား ဖြစ်ပြီး 2020 မှာ Part 1 အခု 2021 မှာ Part 2 ထွက်ရှိထားတာ ဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကို ပြောရရင်.....

Part 1 မှာတော့ အခုလို အင်တာနက်ခေတ်မှာ online မှာပဲ အချိန်ကုန်နေကြတဲ့ ဆယ်ကျော်သက်တွေအတွက် ဒီအလုပ်တွေနဲ့ တစ်ပတ်လောက် ကင်းကွာသွားရအောင် offline camp တောင်တက်ခရီးလေး ရှိတယ် ဆိုပါတော့ ၊ တစ်ပတ်တိတိ no phone , no tablet , no laptop ဒါတွေနဲ့ ဝေးဝေးနေရမယ့် ခရီးပဲ ဖြစ်ပါတယ် ၊ ဒီခရီးကို လိုက်တဲ့သူတွေက phone internet laptop စတာတွေကို အလွန်အကျွံ သုံးပြီး စွဲလမ်းနေကြတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ် ၊ ဒီတော့ ခရီးသွားရင်း အမဲလိုက်ခံရတဲ့ ကားတွေရဲ့ ထုံးစံအတိုင်းပဲ ဒီခရီးမှာ သူတို့တွေ မကောင်းဆိုးဝါးအမြွှာရဲ့ ဖမ်းစားခြင်း ဘယ်လိုခံရမလဲဆိုတာ Part 1 မှာ ကြည့်ရှူရမှာပဲ ဖြစ်ပါတယ်.........

Part 2 မှာတော့ ကျန်ရစ်ခဲ့တဲ့သူတွေကို ရဲတွေက သင်္ကာမကင်းဖြစ်ပြီး တောထဲကို သွားစစ်ဆေးရာကနေ ဘယ်လို မထင်မှတ်ထားတာတွေ ထပ်ကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှူရမှာပဲ ဖြစ်ပါတယ် ၊ အများကြီး ပြောရင် အရသာ ပျက်တာမို့ ကိုယ်တိုင် ရှုစားလိုက်ကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်.......
(2020 part-1 https://drive.google.com/drive/folders/1oWI6ONskE-JYKaXVrArDl4hvo1iYVm9a?usp=sharing)
Review by Sunny
Translated by Sunny & MaryChrist
Credit -Gold Channel
https://drive.google.com/drive/folders/10uW2q8KYW99zJ8KX-bIB7l0aZ9iCPbRm?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Hypnotic (2021) / Drama, Mystery===========================================ဒီတစ်ခေါက်တော့ အသစ်ထွက်ရှိထားတဲ့ Drama/Myster...
02/11/2021

Hypnotic (2021) / Drama, Mystery
===========================================
ဒီတစ်ခေါက်တော့ အသစ်ထွက်ရှိထားတဲ့ Drama/Mystery အမျိုးအစား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ.......
ဂျန်နီဖာတွန်ဆမ်ဟာ ဘရိုင်ယန်ဆိုသူနဲ့ စေ့စပ်ထားကာ ကိုယ်ဝန်ရထားပါတယ်။ဒါပေမယ့် ကံဆိုးချင်တော့ ကိုယ်ဝန် 6 လထဲနဲ့ ကလေးမွေးလာခဲ့ပြီး ကလေးက သေဆုံးသွားခဲ့ပါတယ်။ဒါကြောင့် ဂျန်နီဖာတစ်ယောက် သူ့ကြောင့် ဖြစ်ရတယ်ထင်ပြီး ကိုယ့်ကိုယ်ကို အပြစ်တင်‌နေပါတော့တယ်....
ဒါကို သူငယ်ချင်းဖြစ်သူ ဂျီနာကတွေ့တော့ သူပြနေကြ စိတ်ရောဂါအထူးကုနဲ့ ပြကြည့်ဖို့ အကြံပြုခဲ့ပါတယ်။ဒါပေမယ့်လည်း အဲ့ဒီစိတ်ရောဂါအထူးကုက အိပ်မွေ့ချကုထုံးနဲ့ ကုသပေးသူဖြစ်ပြီး ဂျန်တစ်ယောက် သူနဲ့ သွားပြပြီးကာမှ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့လာရတဲ့အခါ.....

ဘာတွေဆက်ဖြစ်မလဲ...... အဲ့ဒီစိတ်ရောဂါ အထူးကုကကော ဘယ်သူလဲ။ဘာကြောင့် ဂျန်နီဖာနား ချည်းကပ်လာခဲ့တာလည်းဆိုတာ ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်........

Translated & Review by Lynn Kha
Credit -Gold Channel
https://drive.google.com/drive/folders/112auUKix6FOezXpdAKiuucANbSLb2daV?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Women is Losers (2021) / Drama, History===========================================ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Women is Lose...
02/11/2021

Women is Losers (2021) / Drama, History
===========================================
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Women is Losers ဆိုတဲ့ Drama ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဟုတ်ပါတယ် ဇာတ်ကားရဲ့နာမည်လေးက ထူးခြားတယ်ဆိုတဲ့အတိုင်းပဲ ဇာတ်လမ်းရဲ့ဖွဲ့စည်းပုံ ဇာတ်လမ်းဇာတ်ကြောင်းဟာလည်း ထူးခြားပါတယ်.......
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ ကျွန်တော်တို့ဟာ Body Shamingတွေ Sexismတွေ Racismတွေကြားမှာနေထိုင်နေရပါတယ် တိုးတက်နေတဲ့ခေတ်ကြီးမှာတောင် တစ်ပါးသူရဲ့ပါးစပ်ဖျားမှာ Judgementအလုပ်ခံရရင်း ဖြတ်သန်းနေရတုန်းပါပဲ ဒီလိုပါပဲ မတိုးတက်ခင်ကာလ ၁၉၆၀ခုနှစ်များမှာဆို ပိုလို့တောင်ဆိုးပါသေးတယ်.........

ဒီဇာတ်ကားလေးမှာတော့ ၁၉၆၀ ၁၉၇၀ခုနှစ်ဝန်းကျင်လောက်က ဆယ်လီနာဆိုတဲ့အမျိုးသမီးငယ်လေးရဲ့ဘဝအကြောင်း အခြေခံရိုက်ကူးပြသထားပါတယ် “အမျိုးသမီးတွေဟာ အမျိုးသားတွေလောက် လုပ်နိုင်စွမ်းမရှိဘူး”ဆိုတဲ့အယူသီးမှုတွေကြားမှာ ဆယ်လီနာတစ်ယောက်က ကိုယ့်ဘဝကိုရင်ဆိုင်ဖြတ်သန်းရပုံကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်..........

ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့အခက်အခဲတွေ ပြဿနာတွေနဲ့မစိမ်းတဲ့ဇာတ်ကားလေးမို့ ကြည့်လို့ကောင်းတာတော့အမှန်ပါပဲ ဒီဇာတ်ကားလေးရဲ့ထူးခြားချက်ကတော့ Deadpoolဇာတ်ကားလို fourth wall breakingဇာတ်ကားဖြစ်ပြီး Castနဲ့ Audienceကြား စကားတပြောပြောနဲ့ ဇာတ်လမ်းကိုအဆုံးထိဆွဲဆောင်သွားမှာဖြစ်ပါတယ်.........

ကျွန်တော်တို့ရဲ့ ပူပူနွေးနွေး Marvel Heroအသစ်ဖြစ်တဲ့ Shang-Chiသရုပ်ဆောင် Simu Liu, Pitch-Perfect Film Seriesတွေရဲ့သရုပ်ဆောင် Chrissie Fitတို့လို သရုပ်ဆောင်ကောင်းတွေအများကြီးပါဝင်တာမလို့ ပရိတ်သတ်ကြီးအကြိုက်တွေ့မှာအသေအချာပါပဲ...........

Review by Zac
Translated by Zac & Lynn Kha
Credit -Gold Channel
https://drive.google.com/drive/folders/1NNaHbs3LebBqEyFS3FntqWkCvMKyBBVJ?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Heads & Tales (2021) / Drama, Fantasy===========================================Imdb မှာ 7.6 rating နဲ့ Review ကောင်းတွေ...
02/11/2021

Heads & Tales (2021) / Drama, Fantasy
===========================================
Imdb မှာ 7.6 rating နဲ့ Review ကောင်းတွေရထားတဲ့ အိန္ဒိယဇာတ်‌လမ်းကောင်းတစ်ပုဒ်ကို ညွှန်းပေးချင်ပါတယ်.......
လူသားတွေဟာ ဘ၀ချင်းကွဲပြားရင်သာ ကွဲပြားမယ်၊ လူတိုင်းမှာ အခက်အခဲဆိုတာတော့ ရှိကြတာချည်းပါပဲ။ ဘ၀အခက်အခဲအပေါ်ရှုမြင်ပုံချင်းမတူညီကြတာကြောင့်သာ မတူညီတဲ့ရလဒ်တွေနဲ့ ကွဲပြားစွာ ရှင်သန်နေကြတာပါ....
အဲဒီလိုပါပဲ….၊ ဒီဇာတ်လမ်းမှာ မတူညီတဲ့ အမျိုးသမီးသုံးယောက်ရဲ့ဘဝနဲ့ အချစ်ရေးအခက်အခဲတွေကို နှိုင်းယှဉ်ဖော်ပြထားပါတယ်။ မိမိအိပ်မက်နဲ့အနာဂတ်ကို ခြယ်လှယ်ပြီး သူ့သိက္ခာကိုပိုတန်ဖိုးထားတဲ့ယောကျာ်း၊ မိမိကိုယ်ကိုသိမ်ငယ်နေတဲ့ယောကျာ်းနဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေး၊ အခုမှချစ်စခင်စ သမီးရည်းစားရေးကနေ ဘယ်လိုအခြေအနေတွေအထိ ဆွဲခေါ်သွားမလဲ၊အမျိုးသမီးသုံးယောက်က သူတို့ရဲ့ဘဝတွေကို ဘယ်လိုထိန်းကြောင်းပြီး ဘယ်လိုရပ်တည်သွားကြမလဲဆိုတာကို စိတ်၀င်စားစရာကြည့်ကြရမှာ ဖြစ်ပါတယ်........
ထူးခြားချက်က အမျိုးသမီးသုံးယောက်ရဲ့ဘ၀ကို ဒီတိုင်းရိုးရိုးကြီးရိုက်ထားတာမဟုတ်ဘဲ လူယောင်ဆောင်ထားတဲ့ ဖန်ဆင်းရှင်နတ်ဘုရားကို အင်တာဗျူးနေတဲ့ ပုံစံမျိုးရိုက်ကူးထားတာကြောင့် တစ်မျိုးဆန်းပြီး ကြည့်လို့‌အတော်ကောင်းပါတယ်။ လူတွေ့ရဲ့သဘောသဘာ၀၊ ဖြစ်တတ်တဲ့ကံကြမ္မာတွေကို နှိုင်းယှဉ်ပြထားတာက ယူတတ်ရင်သင်ခန်းစာတွေပါပဲ။ ရိုးရိုးအချစ်ကားတွေထက် အချိန်ပေးကြည့်ရလောက်အောင်တန်တဲ့ ဇာတ်လမ်းကောင်းအဖြစ် ညွှန်းပေးလိုက်ပါတယ်။ (RS တွေကိုကြည့်ပြီး တရားရချင်နေတဲ့ FA တွေအတွက်လည်း recommend ပေးပါတယ်နော်....😎😎)

Review by Cherry Mon
Translated by Cherry Mon, Monn, Sunny & ZZZ
Credit -Gold Channel
https://drive.google.com/drive/folders/1aX0jD4A0_tTC4cjOgJnBPb0mbdEnI1U8?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

1921 (2021) / Drama, History===========================================ဒီဇာတ်ကားလေးကတော့ တရုတ်ကွန်မြူနစ်ပါတီ(CCP)ကို တည်...
02/11/2021

1921 (2021) / Drama, History
===========================================
ဒီဇာတ်ကားလေးကတော့ တရုတ်ကွန်မြူနစ်ပါတီ(CCP)ကို တည်ထောင်ခဲ့တဲ့ အကြောင်းရိုက်ကူးထားတာပဲ ဖြစ်ပါတယ်....
ဇာတ်လမ်းအကျဉ်းကို ပြောရရင် CCP ကို စတင်တည်ထောင်ဖို့ ချန်ဒူလျှိုနဲ့ လီဒါချောင်တို့အဖွဲ့ဟာ အနယ်နယ်အရပ်ရပ်က ကွန်မြူနစ်ကိုယ်စားလှယ်‌တွေကို ဖိတ်ခေါ်ကာ ပထမဆုံးအကြိမ် အစည်းအဝေးကြီးကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ ကြိုးစားခဲ့ပြီး ၁၉၂၁ ဇူလိုင်လမှာ တရုတ်ကွန်မြူနစ်ပါတီကို တည်ထောင်နိုင်ခဲ့ပါတယ်......
ဒီဇာတ်ကားလေးမှာတော့ အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ဖို့ ကြိုးစားခဲ့ရပုံတွေ၊အဲ့ဒီခေတ်အခါက နိုင်ငံရေးအခြေအနေတွေနဲ့အလုပ်သမားတွေရဲ့ သပိတ်မှောက်တော်လှန်တာတွေကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ဒီရုပ်ရှင်ကို တရုတ်ကွန်မြူနစ်ပါတီ နှစ်တရာပြည့် အထိမ်းအမှတ်အနေနဲ့ ၂၀၂၁ ဇူလိုင်လ ၁ရက်နေ့မှာ ထုတ်ဝေခဲ့ပါတယ်။

Translated & Review by Lynn Kha
Credit -Gold Channel
https://drive.google.com/drive/folders/16E_ExtVSm430qItSat0QE7FgiTLB35ts?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Halsey If I Can’t Have Love, I Want Power (2021) / Fantasy, Music===========================================ဒါကတော့ အမေရ...
02/11/2021

Halsey If I Can’t Have Love, I Want Power (2021) / Fantasy, Music
===========================================
ဒါကတော့ အမေရိကန် အဆိုတော် နဲ့ တေးရေးဆရာ Halsey ရဲ့ စတုတ္ထမြောက် Studio Album နာမည်ပဲ ဖြစ်ပါတယ် ၊ Film နာမည်ကလည်း Album Name အတိုင်း အတူတူပါပဲ.........
Genre ကတော့ Fantasy , Horror , Musical ဖြစ်ပါတယ် ၊ HBO Max မှာ ပြသခဲ့တာပဲ ဖြစ်ပါတယ်၊ဒီထဲမှာတော့ Halsey က Queen Lila ဖြစ်ပြီး သူ့ရဲ့ ခင်ပွန်း ဘုရင် ဆုံးသွားပြီးနောက် ကိုယ်၀န်ဆောင်ရတာနဲ့ ကလေးမွေးဖွားခြင်းရဲ့ ခက်ခဲပင်ပန်းမှုတွေ ပျော်ရွှင်ကြည်နူးမှုတွေအကြောင်း တင်ဆက်ထားတာပဲ ဖြစ်ပါတယ် ၊အပြင်လောကမှာ ကြုံတွေ့နေရတဲ့ single-motherတွေရဲ့ ဘဝကိုလည်း ထင်ဟပ်စေပါတယ် ၊ ဒီကားထဲမှာ Halsey ၀တ်တဲ့ dress တွေကလည်း အလန်းစားတွေချည်းပါပဲ ၊ဒီထဲမှာ သူ့ရဲ့ Album ထဲက သီချင်းတွေကို သူ့ဇာတ်၀င်ခန်းနဲ့သူ ထည့်သွင်းထားပြီး Halsey ရဲ့ သရုပ်ဆောင်ချက်တွေက တကယ့် ဘုရင်မတစ်ပါးလို ပီပြင်လှတာမို့ Halsey fan တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..........

**[ဝတ်လစ်စားလစ်အခန်းတွေ ပါတာကြောင့် မိသားစုနဲ့ အတူ ကြည့်ရှုရန် မသင့်တော်ပါ]

ဒါတွေကတော့ ဒီရုပ်ရှင်ထဲမှာ ပါတဲ့ သူ့ရဲ့ Albumထဲက သီချင်းတွေပဲ ဖြစ်ပါတယ်....

1 .Bells in Santa Fe
2 .1121
3 .Whispers (Instrumental)
4 .Lilith
5 .Girl is a Gun
6 .The Lighthouse
7 .Easier than Lying
8 .I am not a woman, I’m a god
9 .Darling
10 .Ya’aburnee

(P.S သီချင်းစာသားတွေကို ကြိုးစားပြန်ဆိုထားပေမယ့်လည်း Translate အမှားအယွင်းတစ်စုံတစ်ရာ ရှိပါက နားလည်ပေးကြဖို့ မေတ္တာရပ်ခံ တောင်းပန်အပ်ပါတယ်)
Review and Translated by Sunny
Credit -Gold Channel
https://drive.google.com/drive/folders/1m84kgnM8G98OxkPZo2zL55KjrwP5Y05z?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

The Labyrinth (2021) / Fantasy, Horror===========================================ဒီတစ်ခါတော့ Horror ဇာတ်ကားတွေကိုမှ ဇာတ်...
02/11/2021

The Labyrinth (2021) / Fantasy, Horror
===========================================
ဒီတစ်ခါတော့ Horror ဇာတ်ကားတွေကိုမှ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်ရတာကို သဘောကျတဲ့သူတွေအတွက်.........
ကိုရီးယားhorror ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... အထက်တန်းကျောင်းတစ်ကျောင်းမှာ တွယ်ကပ်နေတဲ့ မကောင်းဆိုးဝါးကြောင့်
ထူးဆန်တဲ့အမှုတွေကကျောင်းအတွင်းမှာ ဆက်တိုက်ဖြစ်နေပြီးတော့....
ဘာကြောင့်ဆိုတာကိုလည်း အဖြေရှာလို့မရဖြစ်နေပါတယ်။အဲ့ကျောင်းကို ပြောင်းလာခဲ့တဲ့ ကျောင်းသားသစ် ဟွီမင်က White Day နေ့မှာ....
သူသဘောကျနေတဲ့ ကောင်မလေးဖြစ်တဲ့ ဆိုယောင်းကို လက်ဆောင်ပေးဖို့ ကျောင်းကို နောက်ကျမှခိုးဝင်လာခဲ့ပါတယ်.....
ဒါပေမဲ့ ကျောင်းကိုရောက်တဲ့အချိန်မှာ တစ်ခုခု မူမမှန်တာကို သတိထားမိသွားပါတော့တယ်….ဟွီမင်ကရော ကျောင်းထဲကနေပြန်ပြီးထွက်လာနိုင်ပါ့မလား….
မကောင်းဆိုးဝါးရဲ့ လက်ကနေရော လွတ်နိုင်ပါ့မလား…..
ဒီကျောင်းရဲ့ နောက်ကွယ်မှာရော ဘယ်လိုအဖြစ်အပျက်တွေများ ရှိနေဦးမလဲ…..
ဇာတ်အိမ်ခိုင်ပြီး ကျောင်းနောက်ခံနဲ့ ရိုက်ကူးထားတဲ့အပြင် မြုပ်ကွက်မျိုးစုံလည်းပါတာကြောင့်အချိန်ပေးကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်......
SF9 ထဲက Chani က ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်.....
Credit
https://drive.google.com/drive/folders/108DKxue7j82iRO6v0us2qmdLmXhkAUrk?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Apex (2021) / Action===========================================Apex ဆိုတဲ့ကျွန်းကြီးပေါ်မှာ လစဉ်လတိုင်း ထိပ်တန်းလူချမ်းသ...
02/11/2021

Apex (2021) / Action
===========================================
Apex ဆိုတဲ့ကျွန်းကြီးပေါ်မှာ လစဉ်လတိုင်း ထိပ်တန်းလူချမ်းသာ၆ယောက်ဟာ လူတစ်ယောက်ကို သားကောင်အဖြစ်အမဲလိုက်ကစားကြပါတယ်.........သူပါတဲ့ပွဲတိုင်းနိုင်နေတဲ့ ဒေါက်တာရိန်းစ်ဖို့ဒ်ဟာ ကစားပွဲစီစဉ်သူကို သတ်ရအခက်ဆုံးသားကောင် တောင်းဆိုလိုက်တဲ့အခါ…....
တစ်သက်တစ်ကျွန်းကျနေတဲ့ ဘရုစ်ဝီလီတစ်ယောက် လွတ်မြောက်ဖို့အခွင့်အရေး ရလာပါတော့တယ်............
ကစားသမား၆ယောက်ဟာ သားကောင်ဖြစ်တဲ့ လူအိုကြီးဘရုစ်ဝီလီကို လျှော့တွက်ထားရာကနေ ထင်မထားတဲ့ရလဒ်တွေဖြစ်လာမလားဆိုတာ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်ပါတယ်..........
Credit
https://drive.google.com/drive/folders/1-letr0_FMddOFytOuFNLQDZI6Vt6Qyup?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Nizhal (2021) /  Bollywood, Drama, Thriller===========================================ဒီနေ့မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ ...
02/11/2021

Nizhal (2021) / Bollywood, Drama, Thriller
===========================================
ဒီနေ့မှ ပူပူနွေးနွေးထွက်ရှိထားတဲ့ မင်းသမီးNayantharaရဲ့....Thrillerကလေး တင်ဆက်ပေးလိုက်ပါတယ် Imdb အနေနဲ့လဲ ၆.၄/၁၀ ရှိပြီး user 2.4kထိ votingပေးထားတာမို့ ကြည့်ရှုရကျိုူနပ်မယ်ရုပ်ရှင်ကားလို့ မျှော်လင့်ရပါတယ်..... မာလာရာလမ် ရုပ်ရှင်တွေကို ဇာတ်အိမ်ခိုင်မှုကြောင့် သဘောကျမိတာကြာပါပြီ....ဇာတ်လမ်းက မြူးချင်မှမြူးပေမယ့် သဘာ၀ကျကျ စိတ်၀င်စားဖို့ကောင်းအောင် တကွက်ခြင်း ဆွဲဆောင်တာက မာရာလာရမ် ရုပ်ရှင်တော်တော်များများရဲ့အသက်ပါပဲ.... ဒီရုပ်ရှင်မှာလဲ မတော်တဆမှု့ကြောင့် ပုံမှန်မဟုတ်တဲ့ တရားသူကြီးတစ်ဦးနဲ့ ထူးထူးဆန်းဆန်း လူသတ်မှုတွေကို ချရေးထားတဲ့ကလေးလေးတစ်ယောက်တို့ ဆုံတွေ့ရင်း ဖြစ်လာတဲ့ အံဩဖွယ်ရာတွေကို အစအဆုံး သိချင်စိတ်ဖြစ်လာအောင် ရိုက်ပြရင်းဆွဲခေါ်သွားနိုင်တဲ့ မာရာလာရမ် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်.....
Credit
https://drive.google.com/drive/folders/1-i-qLsEWJ8Yu1fuwLbQXwLckeN4UI8wJ?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Snakehead (2021) / Action, Crime, Drama===========================================တရုတ်လူမျိုးတွေကို အမေရိကားဆီ လူကုန်ကူ...
02/11/2021

Snakehead (2021) / Action, Crime, Drama
===========================================
တရုတ်လူမျိုးတွေကို အမေရိကားဆီ လူကုန်ကူးနေတဲ့ snakehead လို့ လူသိများတဲ့ လူကုန်ကူးမှုနဲ့စီမီရင်လည်း အမေရိကားကို ရောက်လာပါတယ်“ကျွန်မ အမေရိကန်အိပ်မက်ကိုမယုံကြည်ဘူးဒါပေမယ့်ကျွန်မရှင်သန်ဖို့လိုတယ်
ကျွန်မတွက် မိသားစုတွက် ဒီကိုလာရတာ သေနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါဒါပေမဲ့ ကျွန်မတို့မှာ ကိုယ်ပိုင်အကြောင်းတရားကိုယ်စီရှိကြတယ်
အမေရိကားမှာ ခိုးဝင်နေထိုင်ရတဲ့နေ့ရက်တိုင်းက စွန့်စားနေရတာပါ
ထောင်ကျနိုင်တယ် ပြည်နှင်ဒဏ်ထိနိုင်တယ်သေတောင်သေသွားနိုင်တယ်
ဒါပေမယ့် ငွေရဖို့ဆိုရင် ဒီထက်ပိုဆိုးတာတောင်လုပ်နိုင်တယ်...အကြွေးတွေ မြန်မြန်ဆပ်ပြီး …သမီးလေးကိုပြန်ခေါ်ရမယ်”.....
အမေရိကားကို လူကုန်ကူးခံရတဲ့ တရုတ်လူမျိုးမိန်းကလေးတစ်ယောက်အကြောင်းကို အခြေခံရိုက်ကူးထားတာပါ......
သူကြုံရမယ့် ဒုက္ခတွေ ပြသာနာတွေ ငွေမျက်နှာပဲကြည့်တဲ့သူတွေ မိတ်ဆွေစစ်တွေ မိတ်ဆွေတုတွေ ဒုက္ခသုခတွေနဲ့သူ့သမီးလေးကိုရော ပြန်ခေါ်လာနိုင်ပါ့မလားဆိုတာကို မှုခင်းကျူးလွန်မှုတွေနဲ့အတူ ကြည့်ရှုရမှာပါ......
မိမိတိုင်းပြည်ထက် တိုင်းတစ်ပါးကို ယုံကြည်တာ အထင်ကြီးတာ တိုင်းတစ်ပါးအိပ်မက်တွေက မမှန်ကန်ဘူးဆိုတာကို ပြသချင်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်.........
Credit
https://drive.google.com/drive/folders/104P5wPIwa4CLdwCitxIkM-dZPzueXpjI?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Erida(2021) / Thriller===========================================ဇာတ်တော်ထဲက သူခိုးလင်တော်မိလို့ ချောက်ကမ်းပါးမှာသတ်ခံရတ...
02/11/2021

Erida(2021) / Thriller
===========================================
ဇာတ်တော်ထဲက သူခိုးလင်တော်မိလို့ ချောက်ကမ်းပါးမှာသတ်ခံရတော့မလို
ဖြစ်နေတုန်း ဥာဏ်ဆင်ပြီး သူ့ယောကျာ်းကို ချောက်ထဲတွန်းချလိုက်တဲ့........
မိန်းမရဲ့ ပုံပြင်ကို ကြားဖူးကြလား မိန်းမတွေရဲ့ တင်္ခနုပ္ပတ္တိဉာဏ်ကို တစ်စက်မှလျှော့မတွက်သင့်ဘူးဆိုတာ ဒီဇာတ်ကားထဲက Erida က သက်သေပြပေးမှာပါ အကျဉ်းအကျပ်နဲ့ကြုံလာရင် ဘယ်လိုဉာဏ်နီဉာဏ်နက် ဉာဏ်ကလက်တွေသုံးပြီး မိန်းမတွေ​ဖြေရှင်းကြလဲဆိုတာ ကြည့်ရှုကြရမှာပါ..... ဇာတ်ကွက်သိနေရင် အရသာပျက်မှာစိုးလို့ ဆရာချစ်ဦးညိုရဲ့ စာသားနဲ့ပဲညွှန်းပါရစေ မိနိးမဆိုတာ တစ်ခါပစ်ရင်အဆိပ်လူး မြားငါးချောင်းနဲ့ပစ်နိုင်တဲ့ လေးသမားတွေပဲ........ အဆင်း.အသံ အနံ့ အထိအတွေ့ အရသာဆိုတဲ့ အဆိပ်လူးမြားငါးချောင်းပေါ့ ဒီဇာတ်ကားထဲမှာ အန်နူ ဆိုတဲ့ ငယ်ငယ်ချောချော မိန်းမလေးဟာ လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ အသက် 60အရွယ်အဖိုးကြီးကို အကြောင်းအမျိုးမျိုးကြောင့် အများအမြင်မှာ ယူခဲ့ရပါတဲ့အချိန်မှာ ငွေကြေးရှိရင် အရာရာပြည့်စုံမှုရှိနိုင်ပါ့မလား...... ဖြစ်လာတဲ့အခြေအနေတွေကို ပြည့်စုံအောင် ကြိုးစားဖြည့်ဆည်းရင်းနဲ့ အပေါ်ကညွှန်းဆိုခဲ့တဲ့ မိန်းမမာယာ မြှားငါးချောင်းကို ဘယ်လိုအသုံးချ​​မြလဲဆိုတာ ဆက်လက်ရှု့စားကြရတာပေါ့ဗျာ..........
Credit
https://drive.google.com/drive/folders/10Lgp_sg8_7XxRxzSQwFCPFJo2UwQaeEr?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Oxygen (2021) / Drama, Fantasy, Sci-Fi===========================================သိပ္ပံစိတ်ကူးရင် Thriller ကားကောင်းလေးန...
02/11/2021

Oxygen (2021) / Drama, Fantasy, Sci-Fi
===========================================
သိပ္ပံစိတ်ကူးရင် Thriller ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ......
ခရိုင်အိုဂျန်းနစ်လို့ခေါ်တဲ့ အလုံပိတ်အသက်ကယ်ပြွန်ကြီးထဲမှာ အမျိုးသမီးတစ်ယောက်ဟာ နိုးလာခဲ့ရာကနေစပါတယ်... သူ့စိတ်ထဲမှာ အားလုံးက ဝေဝါးနေခဲ့ပြီး သူဘယ်သူလဲ၊ဘာကြောင့်ဒီထဲကိုရောက်နေတာလဲဆိုတာကိုလုံးဝမမှတ်မိပါဘူး...…
သူနဲ့အဖော်ရှိတာဆိုလို့ မိုင်လိုလို့ခေါ်တဲ့ AI(ဥပမာ Siri လိုမျိုး) ပဲရှိပါတယ်...
တစ်ချိန်ထဲမှာပဲ သူရောက်နေတဲ့ပြွန်ကြီးရဲ့အောက်ဆီဂျင်လယ်ဗယ်ဟာလည်း ကျဆင်းလာပြီး အချိန်အနည်းငယ်ပဲရှင်သန်နိုင်တော့မှာပါ... သူဘာကြောင့် ဒီထဲကိုရောက်နေတာလဲ သူဘယ်သူလဲဆိုတာကို တစ်စတစ်စချင်း အဖြေရှာသွားရင်းနဲ့ မေးခွန်းပေါင်းများစွာနဲ့ ဆွဲခေါ်သွားမယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အဓိကသရုပ်ဆောင် တစ်ယောက်ရယ်.... အလုံပိတ် Cube တစ်ခုနဲ့တစ်ကားလုံးစိတ်ဝင်စားစရာဖြစ်အောင် ရိုက်ပြသွားနိုင်တာတော့ အသေအချာပါပဲ.... အဲ့လို မေးခွန်းတွေကနေမှ နောက်ဆုံးသူဘယ်သူလဲသိလိုက်ရချိန်ဟာတော့.....
Credit
(Link-1)
https://drive.google.com/drive/folders/1KNQvnDUCo_lk0L6iAEvILaPU7nGDNlf2?usp=sharing
(Link-2)
https://drive.google.com/drive/folders/1Fwed8wf_2l7NCVZi__2WNxBrDWZo5qMa?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

House Tour (2021) / Thriller,(18+)===========================================နေ့ခေတ်မှာ social mediaတွေ တွင်ကျယ်လာတာနဲ့အ...
02/11/2021

House Tour (2021) / Thriller,(18+)
===========================================
နေ့ခေတ်မှာ social mediaတွေ တွင်ကျယ်လာတာနဲ့အမျှ လူတွေလည်းတစ်နေ့တစ်နေ့ဒီ social media တွေနဲ့ပဲအချိန်ကုန်နေကြတော့တယ်......
အဲဒါထက်ဆိုးတာကတော့ ကိုယ့်ရဲ့နေ့စဉ်ဘဝ၊ လူမှုရေးကိစ္စစတာတွေကို လူသန်းပေါင်းများစွာအသုံးပြုနေတဲ့ social media တွေမှာ တင်တာပါပဲ....
ဘယ်ကော်ဖီဆိုင်မှာဘယ်သူနဲ့တော့ဖြင့် ဒိတ်ပြီးဘာတွေစားနေတယ်..... ဘယ်ကိုဖြင့်ခရီးသွားနေတယ်.... စတာတွေဟာ လိုသူတွေအတွက်တော့ အားကျစရာ ပျော်ရွှင်စရာဖြစ်ပေမယ့် ကိုယ့်ကိုအန္တရာယ်ပြုဖို့.... မကောင်းကြံဖို့..... စောင့်ကြည့်နေတဲ့ မျက်လုံးတွေရှိနေတဲ့အခါ..... “House Tour” .. အထူးသဖြင့်နာမည်ကြီး celebrity တွေ FB တို့ IG တို့လိုမျိုး လူမှုကွန်ရက်တွေမှာ သူတို့ရဲ့ တန်ဖိုးကြီးအိမ်တွေကို Live လွှင့်ပြတာမျိုး မြင်ဖူးကြတယ် ဟုတ်? အဲဒီလိုပဲ ဒီကားလေးမှာလည်း အောင်မြင်ကျော်ကြားတဲ့ ရွှေတံဆိပ်ဆုရှင် အိုလံပစ်ကစားသမားဟောင်းနဲ့ ရုပ်ရှင်မင်းသမီးတို့ ဇနီးမောင်နှံကသူတို့ရဲ့ နေ့စဉ်ဘဝကိုလည်း social media ပေါ်အမြဲတင်လေ့ရှိသလို ဒေါ်လာသန်းချီတန်တဲ့ သူတို့အိမ်ကြီးကိုလည်း နေရာအနှံ့ House Tour လုပ်ပြနေကျမို့ သူတို့အကြောင်း၊ သူတို့အိမ်အကြောင်းမသိတဲ့သူမရှိသလောက်ပါပဲ။ လူတွေ ဆင်းရဲခြင်းနဲ့ကြုံလာတဲ့အခါ ဘာမဆိုလုပ်ဖို့ဝန်မလေးတော့ဘူးတဲ့။ သူများပစ္စည်းခိုးတာကအစ..... လူသတ်တာကအဆုံးပေါ့။ social media မှာ နာမည်ကျော်ကြားဖို့ အောင်မြင်ဖို့အတွက် vlog လေးတွေရိုက်ပြီး ကြိုးစားနေတဲ့ အယ်လီ..... မိသားစုကျောထောက်နောက်ခံကလည်းမရှိ စည်းစိမ်ချမ်းသာကလည်းမရှိ.....
သူတစ်ယောက်တည်းတော့မဟုတ်ပါဘူး သူရည်းစားနဲ့ ဘော်ဒါတစ်သိုက်ကလည်းထပ်တူပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ Cele စုံတွဲခရီးသွားကြပြီး သူတို့အိမ်ကြီးမှာဘယ်သူမှမရှိတာကို အယ်လီတို့ ဘော်ဒါတစ်သိုက်သိသွားတဲ့အခါ အဲဒီအိမ်မှာ ပစ္စည်းသွားခိုးဖို့ကြိုးပမ်းရာကတဆင့် လူသတ်မှုဖြစ်တဲ့အထိဖြစ်သွားတဲ့အခါ .. တကယ်သတ်လိုက်တဲ့တရားခံကဘယ်သူဖြစ်မလဲ .. လူမှုကွန်ရက်မှာ ပြည့်စုံပျော်ရွှင်နေသူတို့ရဲ့တကယ့်အစစ်အမှန်ဘဝက ဘာဖြစ်မလဲ .. တစ်ပါးသူရဲ့စည်းစိမ်ဥစ္စာကို အချောင်လိုချင်သူတစ်စုရဲ့အဆုံးသတ်ကရောဘာဖြစ်မလဲ....?
(မိသားစုနှင့်အတူကြည့်ရန်မသင့်လျှော်သည့်ဇာတ်ဝင်ခန်းများပါဝင်ပါသဖြင့်...18ယောက်ပြည့်မှကြည့်ရူ့ပါရန်........သတိပေးအပ်ပါသည်....😅😅)

Credit
https://drive.google.com/drive/folders/10xmLNdZkfUXmvaGu8c9EOiD4pmJRzJoO?usp=sharing
( Location - Movies By Genes, Latest within One month )
======================================
"Movies Suboo မှာ မန်ဘာဝင်မယ်ဆို ...
၁လ - ၂၀၀၀ကျပ်
၃လ - ၅၀၀၀ ကျပ်
၆လ - ၁၀၀၀၀ ကျပ်
၁နှစ် - ၂၀၀၀၀ ကျပ်
တို့ဖြင့် မန်ဘာဝင်နိုင်ပါသည် ……."
KBZ pay- 09 797884350 U Nyein Pyae Sone Oo
CB pay - 09 797884350 U Nyein Pyae Sone Oo
Wave - 09269182584 Little

Address

No (7) Inbu, Lewe, NayPyiTaw
Naypyidaw
067

Telephone

+959400075612

Website

Alerts

Be the first to know and let us send you an email when New Future posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to New Future:

Share


Other Digital creator in Naypyidaw

Show All