InnoBox

InnoBox Welcome to InnBox

21/03/2023

နောက်ဆုံးထွက်ရှိထားသည့် Windows 11 update က SSD ကို နှေးကွေးစေနိုင်

Windows 11 အသုံးပြုသူတွေဟာ Microsoft ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Windows 11 update တင်လိုက်တဲ့အခါ SSD စွမ်းဆောင်ရည်တွေကျဆင်းသွားတာကြုံတွေ့နေရတယ်လို့ဆိုပါတယ်။ အချို့က ဖိုင်အကူးအပြောင်းပိုမိုကြာမြင့်တယ်လို့ပြောဆိုကြသလို အချို့ကလည်း ဂိမ်းနဲ့ OS loading အချိန်ပိုကြာလာတယ်လို့ဆိုကြပါတယ်။ ကံကောင်းတဲ့အချက်က update ကို roll back ပြန်လုပ်လိုက်တဲ့အခါ မူလစွမ်‌းဆောင်ရည်ကိုရမှာပဲဖြစ်ပါတယ်။

ဒီလို SSD ကိုနှေးကွေးသွားစေတဲ့ update က KB5023706 ဆိုတဲ့ update ဖြစ်ပြီး update တင်တဲ့စက်တိုင်းကိုနှေးကွေးစေတာမဟုတ်တော့မဟုတ်ပါဘူး။

အကယ်၍သင့်အနေနဲ့ ဒီ Windows 11 update ကြောင့် SSD စွမ်းဆောင်ရည်နှေးကွေးသွားတယ်လို့ခံစားရတယ်ဆိုရင်တော့ အောက်ပါနည်းလမ်းကိုသုံးပြီး ပြန်လည်မြန်ဆန်လာအောင်ပြုလုပ်နိုင်ပါတယ်။

• Start Button ကို Right Click နှိပ်ပြီး Setting ထဲကိုဝင်ပါ
• ဘယ်ဘက်အောက်ခြေနားက Windows Update ကိုနှိပ်ပါ
• Update History ကိုနှိပ်ပါ။
• Uninstall Updates ကိုရှာပြီးနှိပ်ပါ
• KB5023706 ကိုနှိပ်ပြီး Uninstall လုပ်ပါ။

လက်ရှိမှာ Microsoft က ဒီကိစ္စကိုပြန်လည်ပြင်ဆင်မယ့် patch ကိုမထုတ်ပေးသေးပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း Windows 11 မှာ VBS ကိုပိတ်ထားရင် 15%အထိ စွမ်းဆောင်ရည်တိုးတက်လာမှာဖြစ်ကြောင်းတစ်ခါတင်ပေးခဲ့ဖူးပါတယ်။

Source: Tom's Hardware
Credit to Original Uploader

Mouse အလုပ်လုပ်ပုံဘယ်လိုအလုပ်လုပ်နေသလဲ...ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ၊ ကျွန်တော်တို့ရဲ့ အိမ်ထဲမှာ၊ ကျွန်တော်တို့ရဲ့စာ...
17/02/2023

Mouse အလုပ်လုပ်ပုံ

ဘယ်လိုအလုပ်လုပ်နေသလဲ...
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ၊ ကျွန်တော်တို့ရဲ့ အိမ်ထဲမှာ၊ ကျွန်တော်တို့ရဲ့စားပွဲပေါ်မှာ အရာဝတ္ထုပစ္စည်းတွေ အများအပြား ရှိပါတယ်။ အဲဒီထဲကမှ စက်မှုနည်းပညာ၊ လျှပ်စစ်နည်းပညာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေရဲ့ အလုပ်လုပ်ပုံတွေထဲက တစ်ခုစီ ထုတ်နှုတ်ပြီး ဗဟုသုတအနေနဲ့ မျှဝေပါရစေ။
အခု ပထမဆုံး ကွန်ပျူတာသုံးစွဲသူတိုင်း မသိသူ မရှိတဲ့ မောက်စ်ကလေးတွေ ဘယ်လို အလုပ်လုပ်သလဲ။ လက်ကနေ ရွှေ့လိုက်ရင် မော်နီတာပေါ်မှာ မြားလေး ဘာလို့ ရွေ့သွားတာလဲ ဆိုတာလေးကို ပြောပြပါ့မယ်။
မောက်စ် (Mouse) အဓိပ္ပာယ်ကတော့ ကြွက် ပေါ့။ ကွန်ပျူတာအတွက် မောက်စ်ကိုတော့ ဘယ်သူမှ ကြွက် လို့ မြန်မာမှုမပြုကြပါဘူး။ မောက်စ်လို့ပဲ ခေါ်ကြပါတယ်။
မောက်စ်ကလေးတွေက ကျွန်တော်တို့ရဲ့ လက်ရွေ့လျားမှုတွေကို အာရုံခံပြီး မော်နီတာပေါ်မှ ပြပေးပါတယ်။
အဓိကအားဖြင့် မောက်စ်ကလေးတွေကို နှစ်မျိုး နှစ်စား ခွဲခြားထားပါတယ်။ လိမ့်နေတဲ့ ရာဘာဘောလုံးလေးကို အသုံးပြုထားတဲ့ Ball Type Mouse နဲ့ အလင်းခုန်နှုန်းကို အသုံးပြုထားတဲ့ Optical Mouse ဆိုပြီး နှစ်မျိုး ရှိပါတယ်။
ဟိုးအရင် ကွန်ပျူတာတွေမှာတော့ Ball Type မောက်စ်တွေကို သုံးခဲ့ပေမဲ့ ယနေ့ခေတ်မှာတော့ Ball Type Mouse ဆိုတာ မရှိသလောက်ကို ရှားသွားပါပြီ။ အခုခေတ်မှာတော့ Optical Mouse ကိုပဲ အသုံးပြုကြပါတော့တယ်။ စားပွဲပေါ်က မောက်စ်ကလေးရဲ့ ဗိုက်မှာ မီးအနီလေး လင်းနေတယ်မို့လား။ အဲဒါ Optical Mouse ကလေးတွေပါပဲ။
Ball Type မောက်စ်တွေက အရွယ်အစားကြီးမားသလို အတော်လေးလဲ လေးလံပါတယ်။ သုံးပါများလာတဲ့ အခါ အထဲက ရာဘာဘောလုံးလေးတွေ မလည်တစ်ချက် လည်တစ်ချက် ဖြစ်လို့ ထစ်နေတာတွေ ၊ အလုပ် မလုပ်တော့တာတွေ ရှိလာတတ်ပါတယ်။ မကြာခဏ ဘောလုံးလေးကို ထုတ်ပြီး သန့်ရှင်းရေးလုပ်ပေးရတာ မျိုးတွေလည်း ရှိတတ်ပါတယ်။ အထဲမှာ လည်ပတ်မှု အစိတ်အပိုင်းတွေနဲ့ အာရုံခံတာမို့ ပျက်စီးလွယ်တာပေါ့။
Optical Mouse ကတော့ မောက်စ်ရွေ့လျားတဲ့အချိန်မှာ လည်ပတ်မှုအစိတ်အပိုင်း ဘာမှ မပါဘဲ အလင်းရဲ့ ခုန်နှုန်းကိုပဲ တိုင်းတာအာရုံခံတာဖြစ်လို့ တော်ရုံ မပျက်လွယ်ပါဘူး။ Scroll ဘီးလုံးလေးကတော့ လည်ရမှာပေါ့လေ။
ပထမဆုံး Ball Type မောက်စ်တွေထဲမှာ ဘယ်လို တည်ဆောက်ထားတယ်၊ ဘယ်လို အလုပ်လုပ်တယ် ဆိုတာကို ပြောပြပေးချင်ပါတယ်။ ဒါက သာမန်အားဖြင့်တော့ စိတ်ဝင်စားစရာ မကောင်းပေမဲ့ ကွန်ပျူတာ နည်းပညာနဲ့ အသက်မွေးမဲ့၊ ဗဟုသုတရှာမှီးနေတဲ့ သူတွေအတွက်တော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။
အပေါ်က ပုံတွေထဲက အလယ်မှာ ဘောလုံးလေး ထည့်ပေးထားတဲ့ မောက်စ်က Ball Type Mouse ပေါ့။
အဲဒီမှာ ပုံထဲက အစိတ်အပိုင်းလေးတွေကို နံပါတ်စဉ် ထိုးပေးထားပါတယ်။
နံပါတ်(၁)၊(၂)၊(၃) က မောက်စ်ရဲ့ Right Click, Left Click, Middle Click အတွက် ခလုတ်ကလေးတွေပါ။
နံပါတ်(၄)ကတော့ ပုံဟောင်း PS/2 ခေါင်းကို ဆက်တဲ့ ကြိုးတွေပါ။ PS/2 ခေါင်းနဲ့ မောက်စ်တွေလည်း အတော် ရှားပါးနေပါပြီ။ USB ခေါင်းနဲ့ ထိုးလို့ရတဲ့ Plug and Play Mouse တွေပဲ ရှိပါတော့တယ်။ သူကတော့ အပေါက် အဝိုင်းနဲ့ ပင်လေးတွေ ပါတဲ့ ခေါင်းပါပဲ။
နံပါတ်(၅) က မောက်စ်ရဲ့ ဘောလုံးလေး ရွေ့လျားမှုက ထွက်လာတဲ့ Analog အချက်ပြကို ကွန်ပျူတာက နားလည်တဲ့ Digital အချက်ပြ အဖြစ်ပြောင်းပေးတဲ့ မိုက်ခရိုချစ်ပ်ပြားလေးပါ။
နံပါတ်(၆) နဲ့ နံပါတ်(၇) က X ဝင်ရိုးနဲ့ Y ဝင်ရိုး ဘီးလုံးလေးတွေပါ။ မောက်စ် ဘယ်ညာ ရွှေ့တဲ့အခါ X ဝင်ရိုးက လည်ပြီး မောက်စ် အပေါ်အောက် ရွှေ့တဲ့အချိန်မှာ Y ဝင်ရိုးက လည်ပါတယ်။ အဲဒီဘီးလေးတွေမှာ အပေါက်ကလေးတွေ ပါပြီး ဘေးနှစ်ဘက်မှာတော့ အလင်းလွှတ်ပေးတဲ့ မီးသီးလေး တစ်ခုနဲ့ အလင်းဖမ်းပေးတဲ့ မီးသီးလေး တစ်ခုစီ ရှိပါတယ်။ အလင်းဖမ်းပေးတဲ့ မီးသီးလေးက ဘီးလုံးလေး အရှေ့၊ အနောက်၊ တောင်၊ မြောက် ဘယ်ကို လည်တယ်ဆိုတဲ့ အချက်ပြကို မိုက်ခရိုချစ်ပ် ဆီကို ပို့ပေးပါတယ်။
နံပါတ်(၈)ကတော့ ဘောလုံးကြီးပါ။ ဘောလုံးကြီးထဲမှာတော့ လေးတဲ့ အရာဝတ္ထုတစ်ခု ထည့်ပေးတားပါတယ်။
နံပါတ်(၉)က စပရင်တွန်းအားနဲ့ တွန်းပေးတဲ့ ဘီးလုံးပါ။ သူ့အလုပ်က ဘာမှ မရှိပါ။ ဒါပေမဲ့ ဘောလုံးနဲ့ ခုန X,Y ဝင်ရိုးဘီးတွေနဲ့ အမြဲထိနေအောင် လွတ်မသွားအောင် စပရင်အားလေးနဲ့ တွန်းပေးထားတယ်။
နံပါတ်(၁၀)နဲ့ နံပါတ်(၁၁)ကတော့ Capacitor နဲ့ Resistor တွေပါ။
ဆက်ပြီးတော့ Optical Mouse တည်ဆောက်ပုံလေး ဆက်ကြည့်ပါဦး။ မောက်စ်အပျက်ကလေးတွေ ရှိရင် ကိုယ်တိုင် ဖွင့်ကြည့်လို့လဲ ရပါတယ်။ ဗဟုသုတ တိုးတာပေါ့ခင်ဗျား။
ပုံမှာလည်း နံပါတ်စဉ်လေးတွေ ထိုးပေးထားပါတယ်။
သူကတော့ Ball Type မောက်စ်နဲ့ လုံးလုံးလျားလျား ကွဲပြားခြားနားပါတယ်။ သူ့ထဲမှာ လည်ပတ်နိုင်တဲ့ စက်အစိတ်အပိုင်း များများစားစား မရှိပါဘူး။
နံပါတ်(၁) ကတော့ LED မီးလုံးဖြစ်ပြီး သူ့ကို မောက်စ်ရဲ့ အနောက်ဘက်ကနေ အရှေ့ဘက်ကို မျက်နှာမူပြီး ရေပြင်ညီ တည်ဆောက်ပေးထားပါတယ်။ အနီရောင်မီးသီးကိုပဲ သုံးတယ်။
နံပါတ်(၂) ကတော့ ပလတ်စတစ် ပရစ်ဇင်မ် တုံးလေးပါ။ သူက ခုန LED ကနေ ထိုးပေးတဲ့ အလင်းရောင်ကို အောက်ခံ (စားပွဲခုံ၊ မောက်စ်ပတ်ဒ်) သို့ လမ်းကြောင်းပြောင်းပေးပါတယ်။
နံပါတ်(၃) ကတော့ Light Detector Chip ဖြစ်ပါတယ်။ သူက ခုနက ကြမ်းပြင်ကို အလင်းရောင်ထိုးပြီး ပြန်လာတဲ့အလင်းရောင်ကို အာရုံခံပါတယ်။ လက်ရဲ့ ရှေ့နောက် ဘယ်ညာ အင်နာလော့ဂ် ရွေ့လျားမှုတွေကို အာရုံခံပြီး ကွန်ပျူတာ နားလည်နိုင်တဲ့ ဒစ်ဂျစ်တယ်အချက်ပြအဖြစ် ပြောင်းပေးပါတယ်။
နံပါတ်(၄) က Scroll Wheel ဖြစ်ပါတယ်။ သူက အလုပ် နှစ်မျိုးလုပ်တယ်။ ပထမတစ်မျိုးက လည်ပတ်ခြင်းပေါ့။ သူ့ကို လှိမ့်ပေးလှည့်ပေးတဲ့အခါ သူ ဘယ်နှထစ် လည်သွားတယ်ဆိုတဲ့ အချက်ပြကို ဒစ်ဂျစ်တယ်အချက်ပြ ပြောင်းပြီး ကွန်ပျူတာဆီ ပို့တယ်။ အဲဒီမှာလည်း နှစ်မျိုး ရှိတယ်။ Potentiometer နည်း နဲ့ Rotary Encoder နည်း။ Potentiometer ဆိုတာက ဘီးလုံးမှာ Variable Resistor (Potentiometer) ကို တပ်ဆင်ထားပြီး Resistance ပြောင်းလဲချက်ကို Digital အချက်ပြအဖြစ် ပြောင်းပေးတာ။ Rotary Encoder မှာကျတော့ ဒီဘီးလုံးအရှေ့ကို လည်သလား၊ အနောက်ကို လည်သလားဆိုတဲ့ အချက်ပြကို Digital Signal ပြောင်းပေးလိုက်တာပါ။
နံပါတ်(၅) က ဘယ်၊ ညာ၊ အလယ် မောက်စ် ကလစ်ခ် ခလုတ်ကလေးတွေပါ။
နံပါတ်(၆) ကတော့ USB Cable ကြိုးပါ။ ဒီမောက်စ်တွေ စတင် အသုံးပြုစမှာ PS/2 မောက်စ် အသုံးပြုခဲ့ ကြသေးတယ်။ နောက်ပိုင်းတော့ USB စနစ်ကိုပဲ သုံးကြပါတော့တယ်။
သူတို့ ဘယ်လိုအလုပ်လုပ်ကြလဲ...
မောက်စ် က လူက သူ့ကို ဘယ်ဘက်ကို တွန်းတယ်၊ ညာဘက်ကို ရွှေ့တယ်၊ အပေါ်နည်းနည်းတိုးတယ်၊ အောက်နည်းနည်းဆင်းတယ်၊ ဘယ်ဘက်ကခလုတ်ကို ကလစ်ခ် နှိပ်တယ်၊ အလယ်က ဘီးလုံးကို နောက်ကို တစ်ချက်လှိမ့်တယ် စသည်ဖြင့် သူ့ကို လူကလုပ်သမျှ ကွန်ပျူတာကို လှမ်းပြီး အစီရင်ခံပေးရတယ်။
အဲဒီအချက်ပြတွေကိုမှာ CPU ကနေ တွက်ချက်ပြီး မော်‌နီတာပေါ်မှာ သူ့ကို ကိုယ်စားပြုတဲ့ မြှားသင်္ကေတလေးနဲ့ ပြပေးတာ။ မော်နီတာမှာ ပေါ်နေတဲ့ ဆော့ဖ်ဝဲတွေထဲက တစ်ခုခုကို ကလစ်ခ် လုပ်လိုက်တယ် ဆိုတာကလည်း မောက်စ်ကနေ တိုက်ရိုက်သွားပြီး ထောက်လိုက်တာ မဟုတ်ဘဲ CPU ရဲ့ လုပ်ဆောင်ချက်တွေပဲ ဖြစ်ပါတယ်။ မောက်စ်က ပရိုဂရမ်တွေအထိ ဝင်ပြီး သူ့ရဲ့အချက်ပြတွေကို မပို့ပါဘူး။ စီပီယူ ကပဲ လက်ခံထားပြီး ကြည့်လုပ်ပေးတာပါ။
ဒီပို့စ်ကလေးကို ဖတ်လိုက်ခြင်းအားဖြင့် ဘာသုံးလို့ရလဲ... ဘာမှ သုံးလို့မရပါ။ သူ့ဘာသာ ဘယ်လို အလုပ်လုပ်လုပ် ကိုယ့်အပူပါတာမှတ်လို့ဆိုပြီးလည်း ဘု တောခံရနိုင်ပါတယ်။
လေ့လာထားပြီးသားပုဂ္ဂိုလ်များ၊ သိပြီးတတ်ပြီးသူများအတွက်တော့ ဒါက ကလေးကစားစရာသာသာပါပဲ။
Just For Knowledge ပါ။ ဗဟုသုတအတွက်မျှသာ ဖြစ်ပါတယ်။
ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

to Aung-Technology

UPS အကြောင်းUPS တွေမှာ stand by ( offline) UPS, line interactive UPS, double conversion online UPS စတာတွေအပြင် အခြားအမျိ...
16/02/2023

UPS အကြောင်း

UPS တွေမှာ stand by ( offline) UPS, line interactive UPS, double conversion online UPS စတာတွေအပြင် အခြားအမျိုးအစားတွေ ရှိသေးပေမဲ့ ကျနော်တို့အားလုံးအသုံးများပြီး common ဖြစ်တဲ့ stand by UPS ( စျေးအသက်သာဆုံး ) နဲ့ line interactive UPS တွေကို အခြေခံပြီးရေးသားထားတာ ဖြစ်ပါတယ်။
UPS = uninterruptible power supply ဆိုတာ အားလုံးသိကြတဲ့အတိုင်း PC ရဲ့ PSU ကလိုအပ်သမျှတောင်းဆိုတဲ့ Watt ကို စဉ်ဆက်မပြတ်ထောက်ပံ့ပေးနေတဲ့ ပစ္စည်းတမျိုးပါ။ ဘယ်လောက်ကြာကြာထောက့်ပံ့နေမလဲ ဆိုတာကတော့ သူ့မှာ ပါတဲ့ battery အားရှိသလောက်နဲ့၊ သူ့ဆီကနေ ယူသုံးနေတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့ load ပမာဏအပေါ်မူတည်ပါတယ်။

UPS ပတ်သက်ပြီး ခြေခံ လေ့လာရမည့် အချက် ၄ ခုရှိပါတယ်။

1 ) VA Rating
UPS တွေက VA ဘယ်လောက်ဆိုပြီးလာကြတယ်ဗျ။ ဒီမှာတော့ 650VA, 1200VA, 1250VA ဆိုပြီးအတွေ့များပေမဲ့ 550VA တို့ 1500VA ဆိုတာမျိုးတွေအပြင် အခြား VA မျိုးစုံလည်းရှိကြပါတယ်။ အများစု နားလည်မှုလွဲနေတဲ့ကိစ္စက 650VA ဆိုရင် 650 Watt ၊ 1200VA ဆိုရင် 1200Watt စသဖြင့် ပြောနေရောင်းနေကြတာပါ။ တချို့ UPS တွေက power factor correction ကောင်း၊ အရည်အသွေးကောင်းလှပါတယ်ဆိုရင်တောင် ၈၀% အထိပဲရှိနိုင်ပြီး သာမါန်အားဖြင့်ကတော့ ၆၀% လောက်ပဲ VA to Watt ထွက်နိုင်ပါတယ်။ UPS မှာဖေါ်ပြထားတဲ့ VA အတိုင်း Watt အပြည့် ၁၀၀%ပြောင်းတွက်လို့ရတဲ့ UPS ဆိုတာ မရှိသေးပါဘူး။ ဒါဆိုရင် 650VA UPS အရည်အသွေးကောင်းရင် 520Watt အထိရနိုင်ပေမဲ့ သာမါန် typical UPS ဆိုရင်တော့ 390Watt ပဲထွက်တာလည်း ဖြစ်နိုင်တယ်ဆိုတာ တွေ့နိုင်ပါတယ်။ ကိုယ့် PC ရဲ့ Watt လိုအပ်ချက်က အဲဒီထက်နည်းတယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ တခါတလေ Watt 500 အတွက်ရည်ရွယ်ပြင်ဆင်ထားတဲ့ PC မှာ 650VA နဲ့ ဘာမှမဖြစ်ပါဘူးဆိုတာက UPS အရည်အသွေးကောင်းလို့ ၈၀% နဲ့ 520Watt အထိ cover ဖြစ်နေတာဖြစ်နိုင်သလို၊ အဖြစ်နိုင်ဆုံးကတော့ PC ရဲ့ အဲဒီအချိန်မှာလိုအပ်တဲ့ Watt က 390 ထက်နည်းနေတာလည်းဖြစ်နိုင်ပါတယ်။

2 ) Blackout အတွက်ပဲလား?
တချို့က UPS ဆိုတာ မီးပျက်ရင် PC ပါတန်းရပ်မသွားဖို့ လုပ်ထားတာလို့ပြောလေ့ရှိကြပါတယ်။ မှန်သင့်သလောက်မှန်ပေမဲ့ UPS တွေရဲ့ အရေးအကြီးဆုံး ကဏ္ဍဖြစ်တဲ့ surge protection ဆိုတာကိုပါ ထည့်ပြောမှသာ ပိုမှန်ပါလိမ့်မယ်။ မြန်မာနိုင်ငံလို မီးအားမငြိမ်တဲ့နေရာမှာတော့ ဒီအချက်က ပိုပြီးတော့တောင်အရေးကြီးတယ်ဗျ။ အပေါ်မှာ ဖေါ်ပြခဲ့သလို power factor ကြောင့် UPS တွေရဲ့ Watt ကွာခြားမှုရှိနိုင်ပေမဲ့ surge protection ကတော့ UPS တိုင်းမှာပါကြပါတယ်။ မီးတချက်ဖျတ်ခနဲ အရမ်းလင်းထိန်သွားပြီး အိမ်က TV လောင်သွားလို့ ဆိုတဲ့ သတင်းမျိုးက ကျနော်တို့နဲ့ မစိမ်းကြဘူးလေ။ sensitive အရမ်းဖြစ်တဲ့ အစိတ်အပိုင်းတွေကြောင့်နဲ့ အရေးကြီးလှတဲ့ data အချက်အလက်တွေကြောင့်သာ PC တွေနဲ့တွဲပြီး UPS ကို အစိတ်အပိုင်းတစ်ခု အဖြစ်ယှဉ်တွဲပြောနေကြပေမဲ့ တခြားတန်ဖိုးကြီးပြီး surge protection မပါတဲ့ electronic devices တွေမှာလည်း UPS ကိုသုံးချင်ရင်သုံးလို့ရပါတယ်။ ဒါ့အပြင် UPS တွေက နောက်ထပ် ကျနော့်တို့ဆီမှာ ဖြစ်တတ်ပြန်သေးတဲ့ Brown Out ( voltage သတ်မှတ်ချက်ထက် လျော့ပြီးလာတာ ) မျိုးကိုလည်း ကာကွယ်ပေးပါတယ်။ (မှတ်ချက်- လေဆာ ပရင်တာလိုမျိုးကတော့ တွဲမသုံးသင့်ဘူးလို့ ဆိုပါတယ်။ ပရင်တာ ပျက်မှာ မဟုတ်ဘူးဗျ။ UPS လောင်သွားနိုင်လို့ပါ။

3 ) Outlet Types
UPS တွေရဲ့နောက်ဖက်က plug ပေါက်တွေမှာ တခါတလေ bypass outlet တို့ battery outlet တို့ဆိုတာမျိုး၊ battery backup outlet တို့ surge protected outlet တို့ ဆိုတာမျိုးတွေ တွေ့ရင် ဘယ်လိုသုံးရမှာလဲဆိုပြီး စိတ်တော့ နဲနဲရှုပ်မိနိုင်ပါတယ်။ ဒီလိုပါ၊ plug ပေါက်အားလုံးက UPS တွေရဲ့ main function ဖြစ်တဲ့ surge protection ကို လုပ်ဆောင်နိုင်ကြပေမဲ့ UPS ရဲ့ နောက်ထပ် function တစ်ခုဖြစ်တဲ့ မီးပျက်ရင် PC ရဲ့လုပ်ငန်းဆောင်တာတွေ ရပ်မသွားအောင် backup power ပေးတာကိုတော့ plug ပေါက်တိုင်းကလုပ်မပေးနိုင်ပါဘူး။ backup လုပ်ပေးနိုင်တဲ့ plug ပေါက်တွေက အလွယ်ပြောရရင် battery ဆိုတဲ့ စာသားပါတဲ့ plug ပေါက်တွေပါ။ အဲဒီတော့၊ မီးပျက်သွားရင် လုပ်ငန်းဆောင်တာတွေ လိုက်ရပ်သွားလည်း ပြဿနာမရှိပဲ surge မဖြစ်ရုံပဲကာကွယ်ထားချင်တဲ့ electronic devices ( ဥပမာ- TV, Audio System, Satellite Receiver ) တွေကို battery ဆိုတဲ့ စာသားမပါတဲ့ plug မှာတပ်ပြီးသုံးရင် backup power တော့ မရနိုင်ပေမယ့် မီးအားဆောင့်တက်လို့ လောင်သွားတာမျိုးကိုတော့ ရှောင်ရှားနိုင်ပါ​လိမ့်မယ်။ PC, Monitor, power ကျွေးရတဲ့ External HDD တို့၊ HDD ပါတဲ့ PS3, PS4, X Box လိုပစ္စည်းမျိုးတွေကတော့ battery plug မှာ သုံးဖို့သင့်တယ်ဗျ။ ဒါက အိမ်သုံးနဲ့ အိမ်မှာ မီးစက်မသုံးရင် အမြန်ဆုံး proper shutdown ပြန်လုပ်နိုင်ဖို့အတွက် ရည်ရွယ်တာပါ။ မီးပျက်ရင် Generator နဲ့ အချိန်ခဏအတွင်း လျှပ်စစ်ပြန်ရနိုင်တဲ့ Condo တွေ၊ company office တွေမှာဆိုရင်တော့ နောက်တမျိုးစဉ်းစားလို့ရပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ပစ္စည်းတွေထဲက monitor ကို ဦးစားမပေးနဲ့တော့ပေါ့။ monitor မှာဘာမှမပေါ်တဲ့ အချိန်မှာ PC ကတော့ backup plug ကနေတဆင့် UPS ဆီကနေ မီးရနေအုံးမှာပါ။ Condo တို့ ရုံးတို့က generator တွေ online ပြန်ဖြစ်လို့ monitor အလုပ်ပြန်လုပ်ရင် အားလုံးပုံမှန်ဆက်သုံးရုံပဲပေါ့။

4 ) Battery Life
ပုံမှန်အားဖြင့် UPS battery တွေရဲ့ သက်တမ်းက ၃-၅ နှစ်ရှိတယ်လို့ဆိုပါတယ်။ စံနစ်တကျသုံးဖို့တော့လိုတာပေါ့။ ဆေးပုလင်းတွေလိုပဲ ဖြစ်နိုင်ရင် အေးမြခြောက်သွေ့တဲ့နေရာမှာထားပါ။ ဖြစ်နိုင်ရင် Energy Saving Devices တွေကို သုံးပါ။ ဖုံသန့်ရှင်းရေး မကြာခဏလုပ်ပေးပါ။ ပါတ်ဝန်းကျင် အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက်မှာ ထားပြီးသုံးပါ။ ( Aircon ခန်းထဲမှာ သုံးနိုင်တဲ့တဲ့သူတွေကတော့ ပိုအဆင်ပြေတာပေါ့ဗျာ )။ UPS တွေနဲ့ပါတ်သက်လို့ USA ကနာမည်ကျော် EATON ကုမ္ပဏီရဲ့ အဆိုအရ UPS တွေရဲ့ ပါတ်ဝန်းကျင် စံအပူချိန်က ၂၀-၂၅ လို့ဆိုပါတယ်။ စံအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်ကနေပြီး ၈.၃ ဒီဂရီ ပိုများတဲ့ annual အပူချိန်မှာ UPS Battery တွေရဲ့ သက်တမ်းကို ၅၀% လျော့ကျစေပါတယ်တဲ့။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဆိုရမလား ကျနော်တို့ပဲ ကံဆိုးတယ်ပြောရမလား မြန်မာနိုင်ငံ ဒေသ အများစုရဲ့အပူချိန်ကလည်း ၃၂-၃၃ လောက်ကတော့ ပုံမှန်ရှိနေကြဆိုတော့ ၃-၅ နှစ်လောက်သက်တမ်းရှိနိုင်တယ်ဆိုတဲ့ UPS Battery က ၁နှစ်ခွဲ-၂နှစ်ခွဲလောက်ပဲသက်တမ်းကျန်ပြီပေါ့။ ဆိုတော့၊ ဒီမှာ Warranty ၁ နှစ်လောက်ပဲပေးလေ့ရှိကြတာ သဘာဝကျတယ်လို့ ဆိုရမယ်ဗျ။

UPS ဝယ်တော့မယ်ဆိုရင်-
1 ) VA Rating မှာဖေါ်ပြထားတာကို ၆၀% ပဲယူပြီး Watt ကိုတွက်ယူပါ။ အချို့ Brand တွေမှာ တခါတည်းတွက်​ပေးထားပြီးရောင်းတာလည်းရှိပါတယ်။ ဥပမာ- 1200VA (720Watt) ဆိုတာမျိုးပါ။
2 ) VVIP ရပ်ကွက်မိုလို့ မီးဘယ်တော့မှ မပျက်ဘူးဆိုရင်တောင် လေပြင်းတိုက်လို့ပဲဖြစ်ဖြစ်၊ တနေရာရာ ( Transformer or power line ) က Fault ဖြစ်ရင်ဖြစ်ဖြစ် Surge ဖြစ်တဲ့အခါ UPS ကကာကွယ်ပေးပါလိမ့်မယ်။
3 ) UPS မှာ Battery Backup အပေါက်ကို PC ကတော့ မဖြစ်မနေတပ်ရမယ်ဆိုတာ သတိပြုပါ။
4 ) UPS Battery သက်တမ်းကို ၁ နှစ်ခွဲနဲ့ ၂ နှစ်ကြားလောက်ပဲ မှန်းထားပါ။ စျေးအသက်သာဆုံး Stand By UPS ( Offline UPS )ကိုတောင် အဲဒီသက်တမ်းလောက်တော့သုံးနိုင်ပါလိမ့်မယ်။ နဲနဲလောက် ငွေပိုသုံးနိုင်ရင်တော့ Line Interactive UPS ကိုဝယ်ပါ။ သူ့မှာသုံးတဲ့ စံနစ်က Battery သက်တမ်းကို အနည်းငယ်ပိုကြာကြာခံနိုင်စေပါတယ်။

ဖတ်ရှုအားပေး ဝေမျှပေးခဲ့သူအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။
to original uploder

USB အကြောင်း သိကောင်းစရာUSB ဆိုတာ... Universal Serial Bus ကို အတိုချုပ်ခေါ်ထားတာဖြစ်ပါတယ်! ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ကနေစတင်...
15/02/2023

USB အကြောင်း သိကောင်းစရာ

USB ဆိုတာ... Universal Serial Bus ကို အတိုချုပ်ခေါ်ထားတာဖြစ်ပါတယ်! ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ကနေစတင်ပြီး Compaq, DEC, IBM, Intel, Microsoft, NEC နဲ့ Nortel စတဲ့ ကုမ္ပဏီတွေကနေအဆင့်ဆင့် ပြောင်းလဲဒီဇိုင်း ထုတ်ခဲ့တာဖြစ်ပါတယ်!
USB ကို ကွန်ပြူတာ (သို့) device တခုခု နှင့် external device တခုခု အကြား ဆက်သွယ်ရန် အတွက် အသုံးပြု ပါတယ်၊ USB နှင့် ဆက်သွယ် အသုံးပြုခြင်း ကို Desktop computer, All-in-one computer, laptop, tablet, netbooks, smartphone, etc အစရှိသည် တို့ တွင် မြင်တွေ့နိုင်ပါတယ်၊
USB နှင့် ဆက်သွယ် အသုံးပြုနိုင်သည့် external device များ က တော့၊ printers, scanners, keyboards, mice, flash drives, external hard drives, joysticks, cameras, etc. အစရှိသည် တို့ပဲ ဖြစ်ကြပါတယ်။
USB ကို အသုံးတွင်ကျယ် လာသည် နှင့် အမျှ၊ devices တော်တော် များများ တွင်၊ တခြား devices တခုခု နှင့် ဆက်သွယ် ရန် အတွက် အသုံးပြုလာကြပါတယ်၊ video game consoles, home audio/visual equipment အစရှိသည် တို့တွင်သာ မက၊ ယခုအခါ automobiles များတွင် ထည့်သွင်း အသုံးပြူလာ သည် ကို တွေ့မြင်ရမည် ဖြစ်ပါတယ်။
USB ကို device တခု နှင့် တခု အကြား ဆက်သွယ် ရန် မကပဲ၊ smartphones, ebook readers, နှင့် small tablets များ တွင်၊ charging သွင်းရန် (ပါဝါ အတွက် ဖြစ်ပါတယ်) လည်း အသုံးပြု ပါသေးတယ်၊ ထို့ကြောင့် USB power adapters များ တွင်ကျယ်စွာ အသုံးပြု လာသည် ကိုလည်း တွေ့မြင်နိုင်ပါတယ်။
ယခုနောက်ပိုင်း အိမ် ၌ အသုံးပြုသော လျှပ်စစ်မီး socket များ တွင် 220/110 volts များ အတွက်၊ electricity socket များ အပြင်၊ ၎င်း တို့ နှင့် တွဲလျှက်၊ USB socket များ ပါရှိလာသည် ကို တွေ့မြင် ရမည် ဖြစ်သည်၊ Electricity power extension cable များ တွင်လည်း ထို့ အတူပင် ဖြစ်ပါတယ်။ USB ကို Computer နဲ့ ချိတ်ဆက်မယ့် ကွန်ပျူတာဆက်စပ်ပစ္စည်းတွေနဲ့ သော်လည်းကောင်း (ဥပမာ - Keyboard, Mouse, Memory Stick, Phone)၊ DC လျှပ်စစ်ကိုအသုံးပြုရန်သော်လည်းကောင်း စံတစ်ခုအနေနဲ့တွဲဖက်သုံးစွဲကြပါတယ်!
USB ကို အကြောင်းအရာ နှစ်မျိုး ဖြင့် ခွဲခြား လေ့လာနိုင်ပါတယ်၊ တမျိုး က တော့ USB version ဖြစ်ပါတယ်၊ USB version ကို လေ့လာခြင်း အားဖြင့် USB speed ကို ခွဲခြား သိရှိ နိုင်ပါတယ်၊
နောက် တမျိုး က တော့ USB connector type ပဲ ဖြစ်ပါတယ်၊ သတိပြု ရန် မှာ USB version သည် downward compatibility ရှိပါတယ်၊ ဥပမာ။ ။ USB version 2 device ကို USB version 3 host မှာ ဆက်သွယ် နိုင်ပါတယ်၊ သို့သော် ရရှိလာမည့် net speed သည် USB 2 speed သာ ဖြစ်ပါတယ်၊
USB connector type က တော့ လေ့လာ ရန် အနည်းငယ် ရှုတ်ထွေး နိုင်ပါတယ်၊ အကြောင်း မှာ USB version များ ပေါ် တွင် USB connector type အမျိုးမျိုး ရှိလာသော အခါ device အချင်းချင်း ဆက်သွယ် ရာတွင်၊ ဆက်သွယ် ၍ ရနိုင် မရနိုင် စသည့် အချက် များ ရှိလာပါတယ်၊ ဤသည် မှာ လည်း USB device များ ကို ကျယ်ပြန့် စွာ အသုံးပြုခြင်း ကြောင့် ဖြစ်နိုင်ပါတယ်။
USB Connectors
USB Connectors အမျိုမျိုး ရှိပြီး၊ USB version ပေါ်တွင်လည်း မူတည် နေပါတယ်၊ USB Connectors ကို ယျေဘုယ နှစ်မျိုး ခွဲ နိုင်ပါတယ်၊ male connector နှင့် female connector ဟူ၍ ဖြစ်ပါတယ်၊ male connector သည် cable (သို့) flash drive မှာ တွေ့ ရှိနိုင်သော USB ပုံသဏ္ဌာန် မျိုး ဖြစ်ပြီး၊ သူ့ကို plug ဟု ခေါ်ပါတယ်၊ female connector သည် ကွန်ပြူတာ များ တွင် တွေ့ရှိနိုင်သော USB ပုံသဏ္ဌာန် မျိုး ဖြစ်ပြီး၊ သူ့ကို receptacle လို့ ခေါ်ပါတယ်။
မှတ်ချက်။ ။ USB connector types များ ကို လေ့လာရာ တွင် စာ ကိုချည်း သက်သက် ဖတ်ခြင်းထက်၊ ပုံ များ နှင့် တွဲဖက် လေ့လာ မှ သာ ပိုမို မြင်လွယ် ကြောင်း အကြံပြု အပ်ပါတယ်။
USB မှာ အခုဆိုရင် USB 1.x, USB 2.x, USB 3.x (x= 1,2,3 စသည်) Generation ၃ ခုတိုင်ရောက်နေခဲ့ပြီး Type အနေနဲ့ဆိုရင်တော့ Type A, Type B, Type C စသဖြင့် ၃ မျိုးအထိရှိနေပါပြီ!
USB Versions
USB 1.0 ဆိုရင်တော့ ၁၉၉၆ ကနေစတင်ပေါ်ပေါက်ခဲ့ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း 187.5 KB/s ကနေ Full Speed 1.5 MB/s အထိပျှမ်းမျှရရှိနိုင်ပါတယ်...! USB 1.0 မှာ Type A နဲ့ Type B ဆိုပြီး အဖြူရောင်ခေါင်းနဲ့ Standard Size အဖြစ်၂ မျိုးလာပါတယ်! Printer တွေနဲ့ Scanner တွေမှာအများဆုံးတွေရပါတယ်။ USB 1.1 ကို Full Speed USB လို့လည်း ခေါ်ပါတယ်၊ သူ၏ အများဆုံးရရှိ နိုင်သည့် transmission rate သည် 12 Mbps ပဲ ဖြစ်ပါတယ်။
USB 2.0 ကို High-Speed USB လို့လည်း ခေါ်ပါတယ်၊ သူ၏ အများဆုံးရရှိ နိုင်သည့် transmission rate သည် 480 Mbps ပဲ ဖြစ်ပါတယ်။ USB 2.0 ဆိုရင်တော့ ၂၀၀၁ ခုနှစ်က ပေါ်ပေါက်ခဲ့တာဖြစ်ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း Hi-Speed 480 Mbps အထိရရှိနိုင်မှာဖြစ်ပါတယ်!
USB 2.0 မှာ Mini Type A နဲ့ Mini Type B ဆိုပြီးတော့ Mini အနေနဲ့ အသစ်ပေါ်ပေါက်လာပါတယ်! နောက်ပိုင်းမှာ Android Phone တွေမှာခေတ်စားလာတဲ့ အားသွင်းခေါင်းပုံစံ Micro AB ဆိုပြီး USB OTG(USB On The Go) Phone နဲ့ Memory Stick ကိုထိုးသုံးလို့ရသည်အထိပေါ်ပေါက်လာပါတယ်!
USB 3.0 ကို Super-Speed USB လို့လည်း ခေါ်ပါတယ်၊ သူ၏ အများဆုံးရရှိ နိုင်သည့် transmission rate သည် 5 Gbps ပဲ ဖြစ်ပါတယ်။ USB 3.0 ကိုတော့ ၂၀၁၁ ခုနှစ်မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး Data အကူးအပြောင်းအနေနဲ့ မြန်နှုန်း 5 Gbps (Super Speed) အထိရရှိနိုင်တယ်လို့ဆိုပါတယ်! USB 3.0 မှာ Type A နဲ့ Type B ဆိုပြီး များသောအားဖြင့် အပြာရောင်ခေါင်းနဲ့ Standard Size အပြင် Micro B ဆိုပြီးတော့ လည်း Micro Size နဲ့လာပါတယ်! USB 3.0 Type B ကိုတော့ အခုနောက်ပိုင်းထွက်လာတဲ့ High End Printer တော်တော်များများမှာအသုံးပြုတာတွေ့ရပြီး Micro B ကိုတော့ အခုရေပန်းစားနေတဲ့ External Hard Disk တော်တော်များများမှာပါ၀င်လာပါတယ်! Apple Device တွေမှာသုံးတဲ့ Thunderbolt တွေရဲ့ အစလို့လည်းပြောလို့ရပါတယ်!
USB 3.0 နောက်မှာလိုက်ပါလာတဲ့ USB 3.1 နဲ့ 3.2 ကိုတော့ 2014 နဲ့ 2017 မှာအသီးသီး ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်! USB 3.1 ကို Superspeed+ USB လို့လည်း ခေါ်ပါတယ်၊ သူ၏ အများဆုံးရရှိ နိုင်သည့် transmission rate သည် 10 Gbps ပဲ ဖြစ်ပါတယ်။ USB 3.1 သည် USB 3.0, USB 2.0 တို့နှင့် backward compatible ဖြစ်ပါတယ်။Data အကူးအပြောင်းအနေနဲ့တော့ မြန်နှုန်း 10 Gbps အထိကိုရရှိနိုင်တယ်လို့ဆိုကြပါတယ်!
USB Type A ကို USB Standard-A လို့လည်း ခေါ်ပါတယ်၊ သူသည် ထောင့်မှန် စတုဂံ ပုံသဏ္ဌာန် မျိုး ဖြစ်ပြီး၊အများဆုံး မြင်တွေ့ ရသော USB connectors အမျိုးအစား လည်း ဖြစ်ပါတယ်၊ USB 1.1 Type A, USB 2.0 Type A နှင့် USB 3.0 Type A တို့၏ plugs နှင့် receptacles တို့သည် တခုနှင့် တခု physically compatible (အပြန်အလှန် တတ်ဆင်နိုင်ခြင်း) ဖြစ်ပါတယ်။
USB Type B ကို USB Standard-B လို့လည်း ခေါ်ပါတယ်၊ သူ၏ plugs နှင့် receptacles များသည် စကွဲ (square) ပုံသဏ္ဌာန် မျိုးရှိပါတယ်၊ USB 1.1 Type B နှင့် USB 2.0 Type B ၏ plugs များသည် USB 3.0 Type B ၏ receptacles များ နှင့် တွဲဖက် အသုံးပြုနိုင်ပါတယ်၊ သို့သော် USB 3.0 Type B plugs သည် USB 2.0 Type B (သို့) USB 1.1 Type B ၏ receptacles များနှင့် တွဲဖက် အသုံးမပြု နိုင်ပါ။
USB Mini-A : USB 2.0 Mini-A plug သည် ထောင့်မှန် စတုဂံ ပုံသဏ္ဌာန် မျိုး ရှိကာ၊ သူ၏ တဖက် သည် အနည်းငယ် ဝိုင်းဝိုင်း လေး ဖြစ်နေပါတယ်၊ USB Mini-A plugs သည် USB Mini-AB receptacles နှင့်သာ တွဲဖက် အသုံးပြုနိုင်ပါတယ်၊ USB 3.0 Mini-A connector ဟူ၍ မရှိပါ။
USB Mini-B : USB 2.0 Mini-B plug ထောင့်မှန် စတုဂံ ပုံသဏ္ဌာန် မျိုး ရှိကာ၊ ဘေး တဖက် တချက် စီ တွင် အချိုင့် လေး ဖြစ်နေသည် ပုံ မျိုး ဖြစ်ပါတယ်၊ USB Mini-B plugs သည် USB 2.0 Mini-B နှင့် Mini-AB receptacles နှစ်မျိုး စလုံး နှင့် တွဲဖက် အသုံးပြုနိုင်ပါတယ်၊ USB 3.0 Mini-B connector ဟူ၍ မရှိပါ။
USB Micro-A : USB 3.0 Micro-A plugs သည် ထောင့်မှန် စတုဂံ နှစ်ခု အတူတကွ ယှဉ်တွဲ ထားသည့် ပုံသဏ္ဌာန် မျိုး ရှိကာ၊ ထို စတုဂံ ပုံသဏ္ဃာန် နှစ်ခုတွင် တခုသည် နောက် တခု ထက် အနည်းငယ် ပို၍ ရှည်ပါတယ်၊ USB 3.0 Micro-A plugs သည် USB 3.0 Micro-AB receptacles နှင့်သာ တွဲဖက် အသုံးပြုနိုင်ပါတယ်။
USB 2.0 Micro-A plugs အလွန်သေးငယ် သည် ထောင့်မှန် စတုဂံ ပုံသဏ္ဌာန် မျိုး ဖြစ်ပြီး၊ USB Type A plug ကဲ့သို့ ပင် အသုံးများပါတယ်၊ USB Micro-A plugs သည် USB 2.0 နှင့် USB 3.0 တို့၏ Micro-AB receptacles များ နှင့် တွဲဖက် အသုံးပြုနိုင်ပါတယ်။
USB Micro-B : USB 3.0 Micro-B plugs သည် USB 3.0 Micro-A plugs နှင့် တော်တော် များများ ဆင်တူကာ၊ သူ့တွင် ပါဝင်သော connectors သည် နှစ်ပိုင်း ခွဲပြီးပါဝင်ပါတယ်၊ connector ကြီး တခု တွင်၊ connector အသေး နှစ်ခု ပါဝင် သည့် ပုံစံ မျိုး ဖြစ်ပါတယ်၊ USB 3.0 Micro-B plugs သည် USB 3.0 Micro-B receptacles နှင့် USB 3.0 Micro-AB receptacles များ နှင့် တွဲဖက် အသုံးပြုနိုင်ပါတယ်။
USB 2.0 Micro-B plugs သည် ထောင့်မှန် စတုဂံ သေးသေးလေး ပုံစံ မျိုး ဖြစ်ကာ၊ အလျှား တဖက် ၏ ထောင့် နှစ်ထောင့် သည် အနည်းငယ် slope shape လေးဖြစ်ပါတယ်၊ စမတ်ဖုန်း များ ကို ပါဝါ သွင်း သည့် ကေဘယ်ကြိုး များ တွင် အတွေ့ များပါတယ်၊
USB Micro-B plugs သည် USB 3.0 Micro-B နှင့် Micro-AB receptacles များ အပြင်၊ USB 2.0 Micro-B နှင့် Micro-AB receptacles များ နှင့် လည်း တွဲဖက် အသုံးပြုနိုင်ပါတယ်။
မှတ်ရန်။ ။ USB Micro-A (သို့) USB Mini-A receptacles ဆိုတာ မရှိပါ၊ USB Micro-A plugs နှင့် USB Mini-A plugs တို့သာ ရှိပါတယ်၊ ၎င်း A plug နှစ်ခု စလုံးကို “AB” receptacles များတွင် တွဲဖက် အသုံးပြုနိုင်ပါတယ်။
USB-C: ၎င်း ကို USB Type-C လို့လည်း ခေါ်ဆိုပါတယ်၊ သူသည် ထောင့်မှန် စတုဂံ ပုံသဏ္ဌာန် မျိုး ဖြစ်ပြီး၊ သူ၏ ထောင့် များ သည် လုံးနေပါတယ်၊ USB version 3.1 တွင်သာ USB Type-C ၏ plugs နှင့် receptacles များ ရှိပါတယ်၊ သို့သော် USB 3.1 Type C နှင့် အသုံးပြုရန် USB 3.0 and 2.0 connectors တို့ အတွက် adapters များ ရှိပါတယ်၊
USB Type-C ကို နောက်ပိုင်း တွင် အသုံးများ လာမည့် USB စံ အဖြစ် ပြောဆိုနေ မှု များ လည်း ရှိပါတယ်။အခုဖုန်းတွေမှာခေတ်စားနေတဲ့ Type C ဆိုတာဖြစ်ပါတယ်!ပုံစံအနေနဲ့ Full Duplex ဒီဇိုင်းတွေလာတဲ့အတွက် တပ်တဲ့အချိန်မှာ ဘက်ရွေးစရာမလိုပဲ တပ်လို့ရပါတယ်!
တစ်ခုရှိတာကတော့ USB မှာ ပါ၀င်တဲ့ တစ်ချို့ပစ္စည်းတွေနဲ့ Computer ချိတ်ဆက်အသုံးပြုတဲ့ အခါ Plug and Play မျိုးမဟုတ်ပဲ Computer System နဲ့ Hardware အချိတ်အဆက်ရစေဖို့ Driver မောင်းပေးရတာမျိုးရှိပါတယ် (ဥပမာ - Printer, Computer ခေတ်နှောင်းပစ္စည်းတွေကို USB ခေါင်းပြောင်းနဲ့သုံးစွဲတဲ့အခါတွေမှာ)
အမြန်နှုန်းအနေနဲ့တော့ Full Speed, Hi-Speed နဲ့ Super-Speed ဆိုပြီးစျေးကွက်ထဲမှာခေါ်ဝေါ်သုံးစွဲလာကြပါတယ်! USB ဆိုတာပေါ်ပေါက်လာတဲ့အဓိကရည်ရွယ်ချက်ကတော့ Computer နဲ့ဆက်စပ်ပစ္စည်းတွေသာမက ဖုန်းတွေကိုပါစံချိန် စံညွှန်းတစ်ခုအနေနဲ့ အလွယ်တကူချိတ်ဆက် အသုံးပြုလို့ရအောင် ဘုံအနေနဲ့ ဒီဇိုင်းလုပ်ခဲ့တာပဲဖြစ်ပါတယ်! အခုခေတ်မှာဆိုရင်တော့ IT နဲ့ပတ်သက်တဲ့ ပစ္စည်းအားလုံးနီးပါးမှာ USB မပါဘူးဆိုတာ မရှိသလောက်ကို ဖြစ်နေပါပြီ!
USB တွေကို Computer နဲ့ ချိတ်ဆက်သုံးစွဲရုံတင်မက ဖုန်းအားသွင်းတာ၊ DC လျှပ်စစ်လိုအပ်တဲ့ပစ္စည်းတွေကို Power ပေးတာစသဖြင့်အသုံးပြုကြပါတယ်! DC Voltage ပေးတာအနေနဲ့တော့ အနည်းဆုံး 5 V ကနေစပြီးအများဆုံး 20 V အထိ၊ Current အနေနဲ့တော့ အနည်းဆုံး 100 mA ကနေ အများဆုံး 5A အထိ၊ Power အားသုံးစွဲမှုအနေနဲ့ အနည်းဆုံး 0.5 W ကနေ အများဆုံး 100 W အထိသုံးစွဲနိုင်မှာဖြစ်ပါတယ်! ဖုန်းအားသွင်း Adapter အများစုကတော့ USB Power ပိုင်းမှာ Voltage 5 V, Current အနေနဲ့တော့ 1 A အနည်းဆုံးကနေ အလယ်အလတ် 2 A ကနေ 3 A အထိ, အမြင့် ဆုံး 5A အထိရရှိနိုင်မှာဖြစ်ပါတယ်!
အချုပ်ဆိုရသော် အနာဂါတ် တွင် USB အသုံးပြုမှု သည် ပိုမို တွင်ကျယ်လာယုံ မက၊ USB နှင့် ပါတ်သက်သော devices အမျိုးမျိုး ဈေးကွက်တွင် ပိုမို ခေတ်စား လာမည် ဖြစ်ပြီး၊ USB speed သည် လည်း ဒီထက် ပိုမို မြန်ဆန် လာအုံး မည်ဟု မျှော်လင့်မိပါတယ်။

. Original Uploader

Memory card & SD card တို့ရဲ့အခြေခံအလုပ်လုပ်ပုံMemory card & Sd card တို့တွင် memory IC တစ်လုံးသာပါဝင်ပါတယ်။အဲဒီ IC ဟာ P...
14/02/2023

Memory card & SD card တို့ရဲ့အခြေခံအလုပ်လုပ်ပုံ

Memory card & Sd card တို့တွင် memory IC တစ်လုံးသာပါဝင်ပါတယ်။အဲဒီ IC ဟာ PCB ပေါ်မှာ ပုံနှိပ်ထားတဲ့ Press IC တွေဖြစ်ပါတယ်။
SD Memory Card & USB Memory Card တို့ဟာ +5V , Ground ,SCL Data out,SDA Data out…ဆိုပြီး အဆက်အသွယ်လမ်းကြောင်းလေး(၄)ခုသာ အဓိကအသုံးပြုပြီး SD Memory Card ရဲ့ အခြား Pin လမ်းကြောင်း(V+ &-V)လမ်းကြောင်းတွေဖြစ်ပြီး NC လမ်းကြောင်းများလည်းပါဝင်တတ်ပါတယ်။
ဒါကြောင့် SD Memory Card Reader များမှာ SD Card စွပ်ပြီး ဂျက်ပေါက်မျိုးစုံပါဝင် လည်းဘဲ USB ဂျက်ပေါက်ကိုဘဲအသုံးပြုပါတယ်။SD Memory Card အကြီးအသေးမတူပေမယ့် V+,Ground,SCL,SDA လမ်းကြောင်း PIN လေး(၄) ခုဘဲ အဓိကအသုံးပြုပါတယ်။SD Memory Card Input Socket &USB Memory Stick Input Port တို့ဟာ Microprocessor IC သို့ဆက်သွယ်ဝင်ရောက်ပါတယ်။
Microprocessor IC ဟာ USB , SD Memory Card မှပေးပို့လာတဲ့ SCL,SDA Data လမ်းကြောင်းတွေကိုလက်ခံပြီး Memory IC & Microprocessor IC တို့အပြန်အလှန်ဆက်သွယ်ပီးUSB,SD Memory Card တွေမှ Data တွေကိုဆွဲယူပြီး Input Montior အနေနဲ့ ချုံ့ထားတဲ့ Data များကို Incomatin Data အဖြစ်အသုံးပြုကာ ဆက်လက်လုပ်ဆောင်ပါတယ်။ခုနောက်ပိုင်းတော့ Microprosser နဲ့ DSP IC ပေါင်းထားပါတယ်။
SD Card ရဲ့ ပင်တွေရဲ့နာမည်နဲ့ SD card connectorကို မီတာနဲ့ တိုင်းတာစစ်ဆေးနည်းလေး ပြောပြချင်ပါတယ်။
SD card ကိုကြည့်ရင် ပင်ရှစ်ခုပါတာ တွေ့ရပါတယ်။ အဲဒီ ပင်ရှစ်ခုကဘာတွေလဲ၊ ဘာအလုပ်တွေ လုပ်လဲလို့ လေ့လာကြည့်တဲ့အခါ-
SD card ရဲ့ ဘေးနှစ်ဘက်ဟာ တူညီမှုမရှိဘဲ တစ်ဖက်က အညီဖြစ်ပြီး တစ်ဖက်က အထစ်ကလေးနဲ့မညီမညာဖြစ်ကာ ကွဲပြားနေတာကို ပထမသတိထားပါ။ အဲဒီအချက်က ပင်တွေကို မှတ်သားတဲ့အခါ အထောက်အကူဖြစ်စေပါတယ်။ အထစ်ပါတဲ့ဖက်ကစပြီး ပင်နံပါတ် တစ်ကိုစရေတွက်ပြီး အထစ်မပါညီညာတဲ့ဖက်မှာ ပင်နံပါတ်ရှစ်နဲ့ အဆုံးသတ်ပါမယ်။
ပင်တွေရဲ့ နာမည်ကို မှတ်သားရအောင်---
1- Data2 - Data ပို့ပေးမည့်လမ်းကြောင်း။
2- Data3- Data ပို့ပေးမည့်လမ်းကြောင်း။
3- CMD = Command - အမိန့်ပေးခိုင်းစေလမ်းကြောင်း။
4- VDD - SD card အလုပ်လုပ်ဖို့ Volt ပေးလမ်းကြောင်း။
5- CLK= Clock -Dataတွေ သွားနိုင်းအောင် ခုန်လှိုင်းပေးမည့်လမ်းကြောင်း။
6- VSS = GND - SD cardရဲ့ Negative လမ်းကြောင်း။
7- Data0 - Data ပို့ကေးမည့်လမ်းကြောင်း။
8- Data1 - Data ပို့ပေးမည့်လမ်းကြောင်း။
အလွယ်မှတ်ရင် - ပုံမှန်ပါနေကျ လမ်းကြောင်းနှစ်ခုကို မှတ်လိုက်- Positive နှင့် Negative ပေါ့။ ဒီနေရာမှာ Positive ကို VDD လို့ခေါ်ထားတယ်။ Negative ကို VSS or GND လို့ခေါ်ထားတယ်။ အခေါ်လေးပဲကွဲတာပါ။ ပြီးရင် Data 0 ကနေ 3 ထိ Data လေးကြောင်း၊ Command နှင့် Clock ပေါင်းရင် ရှစ်ကြောင်းပေါ့။ SD card အထိုင်မှာတော့ Detect လမ်းကြောင်းဆိုပြီး ပါလာတတ်ပါတယ်။
ဒီတော့ - Data - လေးခု / Volt- တစ်ခု/ GND- တစ်ခု/ CMD -တစ်ခု/ CLK- တစ်ခုပေါင်း ရှစ်ခုပါ။ GND ကို မူတည်မှတ်ပြီးတော့ GND ရဲ့ အောက်မှာ နှစ်ခု/ အပေါ်မှာ ငါးခုရှိတယ်ဆိုပြီးလည်း သေချာမှတ်ထားပါ။ အဲလိုမှတ်ထားပြီဆိုရင် Circuit board မှာရှိတဲ့ SD card connector မှာ ပင်တွေကို မီတာနဲ့တိုင်းပြီး ခွဲခြားနိုင်ပါလိမ့်မယ်။
မီတာနဲ့ ဘယ်လိုတိုင်းမလဲ----
မီတာကို အသံမြည်စကေးမှာထား၊ မီတာလက်တံအနီကို Circuit ရဲ့ GND တစ်နေရာမှာထောက်ထား၊ SD card connector ရဲ့ ပင်တွေကို လက်တံအနက်နဲ့ တို့ထိကြည့်ပေါ့၊ အသံမြည်တဲ့ပင်ဟာ GND ပဲ။ GND ကို သိပြီဆိုရင် သူ့ရဲ့ ဘယ်ဖက်နဲ့ ညာဘက်က ပင်တွေဟာ ဘာတွေလဲ ခွဲလို့ရပြီ။ GND ကလွဲရင် ကျန်တဲ့ ပင်တွေဟာ Connection ပြနေရပါမယ်။ အသံမမြည်ရပါဘူး။ Connection မပြရင် လမ်းကြောင်းပြတ်နေတာ၊ အသံမြည်နေရင် Short ကျနေတာ စသည်ဖြင့် ခန့်မှန်းနိုင်တယ်။
Volt တိုင်းမယ်ဆိုရင် မီတာကို DC 20V စကေးမှာထား၊ ဖုန်းကို ပါဝါဖွင့်ထားပေါ့။ GND ပင်ရဲ့ ညာဖက်က နှစ်ခုမြောက်ပင်ဟာ VDD ဆိုတဲ့ Volt ပင်ပါပဲ။ အဲဒီပင်မှာ SD card အလုပ်လုပ်ဖို့ ပေးသွင်းဗို့ 3.3V ရှိတတ်တယ်။ ( ကွာခြားမှုရှိနိုင်) အဲဒီဗို့ရောက်လားစစ်ပေါ့။ မီတာလက်တံအနက်ကို Circuit GND ထောက်။ လက်တံအနီနဲ့ အဲဒီပင်ကို ထောက်ကြည့်ပါ။ Detect ပင်ပါရင် Detect မှာလည်း 1.8V ရှိပါတယ်။
တစ်ခု သတိထားရမှာက Volt တိုင်းတဲ့အခါ ကိုယ်တိုင်းချင်တဲ့နေရာကို ထိထိမိမိဖြစ်အောင်ထောက်ပါ။ တစ်ခြား Component တွေ Pin တွေကို ပူးကပ်ထောက်မိတာမျိုး မဖြစ်ပါစေနဲ့။ မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်တတ်ပါတယ်။

Credit . Original Uploader


Credit. Original Uploader

SSD အကြောင်းသိကောင်းစရာSSD is a solid-state drive.SSD ဆိုတာ Data Storage Device ပါပဲ။အလွယ်ပြောရရင် HDD နဲ့တူတူပါပဲ။ခုနော...
13/02/2023

SSD အကြောင်းသိကောင်းစရာ

SSD is a solid-state drive.
SSD ဆိုတာ Data Storage Device ပါပဲ။အလွယ်ပြောရရင် HDD နဲ့တူတူပါပဲ။ခုနောက်ပိုင်းမှာတော့ ပုံစံရော၊ ပုံမှန် HDD တွေထက် performance ရော ကွာခြားတဲ့အတွက် SSD ကို ပိုသုံးစွဲလာကြပါတယ်။
What are the different kinds of SSD?
SSD အမျိုးအစားတွေက ကွာခြားပါတယ်။ဘာတွေရှိမလဲဆိုတော့ PcIe, M.2, SATA ဆိုပြီး ရှိပါတယ်။
သူ့ရဲ့ capacity တွေကတော့ 256GB ကနေ 1TB ထိ ရှိပါတယ်။
SATA ( Common types of connection interface ) ဆိုတာ ဘာလဲ။SATA SSD ကတော့ Hardware ပိုင်းကို ပိုမိုကောင်းမွန်စေပြီး Desktop or Laptop system ၂ ခုလုံးအတွက် အဆင်ပြေစေပါတယ်။
PCIe ( Peripheral Component Inter Connect Express )
သင့်ရဲ့ Motherboard ကနေ Data Connection ကို Direct လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
သင့်ရဲ့ SSD နဲ့ Motherboard ကြားကို Faster Connection လဲ လုပ်ပေးပါတယ်။PCIe SSD တွေက SATA SSD တွေထက် speed လဲ ပိုမြန်ပါတယ်။
M.2 ကတော့ Super Versatile ဖြစ်တယ် ဘာလို့လဲဆိုတော့ သူက SATA & PCIe device နှစ်ခုလုံးနဲ့ compatible ဖြစ်လို့ပါ။
ဈေးနှုန်းအားဖြင့် SATA က Budget friendly option ဖြစ်ပြီး speed ကတော့ PCIe ထက် ပိုမြန်ပါတယ်။
M.2 ကတော့ Most Expensive Option ဖြစ်တယ်။
သင့် system အတွက် ဘယ်တစ်ခုက အကောင်းဆုံးဖြစ်စေမလဲ။ ဘယ် connector types က သင့် motherboard အတွက် compatible ပိုဖြစ်မယ် ထင်ပါသလဲ၊
What kind of SSD should you buy?
ဒါကတော့ သင်ဘာအတွက် အသုံးပြုမလဲပေါ်မူတည်ပါတယ်။
ဥပမာ - သင်က Gamer တစ်ယောက်လား။
Gamer တစ်ယောက်အတွက် speed ကလဲအရေးကြီးပါတယ်။Loading Times ဖြစ်နေရင်အဆင်မပြေပါဘူး။Faster & Smootherဖြစ်အောင် သင် game ဆော့နေတဲ့ အချိန် မနှေးအောင် 480GB SATA SSD လောက်တော့ သုံးသင့်ပါတယ်။More Storage Capcity ဖြစ်ချင်ရင်တော့ 960GB လောက်ထိ သုံးနိုင်ပါတယ်။
ဒီတစ်ခါက သင်က Hard Core Gamer တစ်ယောက်ဖြစ်ပြီး High Specifications Game တွေ ဆော့ချင်ရင်တော့ ပိုပြီး perfect ဖြစ်စေမယ့်အရာကို စဥိးစားသင့်ပါတယ်။
သင့်အတွက်ကတော့ 1TB PCIe SSD ကို အသုံးပြုစေချင်ပါတယ်။
နောက်တယောက်ကတော့ - သင်က Designer တစ်ယောက်လား။ဒါဆိုရင်တော့ နေ့တိုင်း Photoshop သုံးပြီး design ဆွဲနေရတယ်ဆိုရင် 512GB SATA SSD က More Than Enough ဖြစ်စေပါတယ်။
နောက်တစ်ဦးကတော့ သင်က 3D Design or Video Editing သမားဆိုရင်တော့ 1TB M.2 Or PCIe SSD တွေသုံးသင့်ပါတယ်။သင့်ရဲ့ အလုပ်တွေကို A lot easier ဖြစ်စေပါတယ်။ ( Especially For Rendering & Exporting Large Files. )သူကတော့ Programmer & Developers တွေအတွက်လဲ အဆင်ပြေစေပါတယ်။
သင်ရဲ့ computer မှာ Documents တွေ On ပြီး အလုပ်လုပ်နေရတာမျိုးဆိုရင် သင့်ရဲ့ PC Performance များစွာအတွက် အထောက်အကူဖြစ်စေတဲ့ 480GB SATA SSD က သင့်ရဲ့အလုပ်ကို ပိုပြီး perfect ဖြစ်စေမှာပါ။ ( For Faster Boost Times, Files Transfer & Downloads )
နောက်ဆုံးပြောပြချင်တာကတော့ Warranty ကိုလဲ ထည့်သွင်းစဉ်းစားရပါမယ်။
SSD အများစုကတော့ 3 Years Warranty ပေးတာများပါတယ်။
Higher End တွေကတော့ 5 Yeras Warranty လောက်ပေးပါတယ်။
မိတ်ဆွေတို့လည်း ဘယ်လို SSD က ကိုယ့်အတွက် အသုံးဝင်မယ်၊ ဘယ်တစ်ခုက ကိုယ့်အတွက် Right Choice ဖြစ်မလဲဆိုတာ အနည်းအကျင်းလောက် သိသွားမယ်လို့ ထင်ပါတယ်။

Credit . Original Uploader




Credit. Original Uploader

Computer Graphic အကြောင်းသိကောင်းစရာMonitor ပေါ်မှာ မြင်ရတဲ့ စာသားတွေ ပုံတွေကို pixel လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီလို ...
12/02/2023

Computer Graphic အကြောင်းသိကောင်းစရာ

Monitor ပေါ်မှာ မြင်ရတဲ့ စာသားတွေ ပုံတွေကို pixel လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီလို pixel တွေ ဖြစ်လာမို့ computer အစိတ်အပိုင်း 3ခု အလုပ်လုပ်ရပါတယ်။
1. CPU
2. Graphic
3. VRAM (video RAM)
ကဲ ဘယ်လိုအလုပ်လုပ်ကြလဲ
CPU က image နဲ့ ပတ်သက်တဲ့ information (binary data)တွေကို Graphic ဆီပို့ပေးပါတယ်။ Graphic က ရလာတဲ့ information (binary data) ကို pxiel အဖြစ်ပြောင်းပေးပြီး monitor ဆီ output ထုတ်ပေးပါတယ်။ vRAM က pxiel တို့ Graphic က ထုတ်ပေးလိုက်တဲ့ image. text တွေကို ခဏသိမ်းထားပေးပါတယ်။ onboard မှာ တော့ vRAM ကို mani RAM ကနေ ယူသုံးပါတယ်။ Graphic တွေမှာတော့ သီးသန့်ပါတာ ရှိပါတယ်။
Graphic Card တွေအကြောင်းဆက်ပါမယ်။
Graphic လို့ပြောရရင် 2D ကော 3D ပါ,ပါတယ်။ Graphic Card တွေကို 3D rendering အတွက် ရည်ရွယ်ပြီး ထုတ်ခဲ့တာပါ။ 3D image တွေဟာ polygon တွေနဲ့ ဖွဲ့စည်းထားပါတယ်။ GPU က 3D image တွေကို ဖော်ပြပေးရန်လိုအပ်တဲ့ pixel တွေကို ဘယ်လို ordering လုပ်မလဲဆိုတာ တွက်ချက်ပေးရပါတယ်။ 3D rendering ကောင်းကောင်းလုပ်မယ်ဆိုရင် CPU ကော GPU ပါ performance ကောင်းမို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ image အတွက် imformation(binary data) ကို CPU က GPU ကို ပို့ပေးရပီး GPU က ရလာတဲ့ information(binary data) တွေကို rendering လုပ်ပေးရပါတယ်။
Graphic Card တခုမှာ အခြေခံအားဖြင့်
1. GPU
2. vRAM
GPU (Graphic Processing Unit) က rendering အပိုင်း လုပ်ပါတယ်။ အချို့ GPU တွေမှာ ပါတဲ့ Transistor အရေအတွက်ဟာ CPU မှာပါတဲ့ Transistor ထက်တောင် ပိုများပါတယ်။ ဒီတော့ အပူပို ထွက်တဲ့အတွက် Heat Sink. or Fan တွေ သုံးပေးထားရပါတယ်။ vRAM က Rendering လုပ်ပီး ထွက်လာတဲ့ data (pixel or complete image) ကို temporary store ထားပေးပါတယ်။
Image Quality ကောင်းရန် GPU တွေဟာ အောက်ပါ process တွေနဲ့ အလုပ်လုပ်ပါတယ်။
1. Full Sense Anti Aliasing (FSAA)
3D object ရဲ့ အနားစွန်းလေးကို smoothes အောင် လုပ်ပေးပါတယ်။
2. Anisotropic Filtering (AF)
သူက ပုံရိပ်တွေကို ပြတ်သားထင်ရှားအောင် လုပ်ပေးပါတယ်။
GPU က rendering လုပ်နေချိန်မှာ data တွေ temporary store လုပ်ရန် vRAM ကို အသုံးပြုပါတယ်။ rendering လုပ်နေတဲ့ image complete မဖြစ်ခင်မှာ ရလာတဲ့ uncompleted data တွေကို vRAM ထဲမှာ store လုပ်တဲ့အတွက် vRAM ကို Frame Buffer လို့လည်း ခေါ်ပါတယ်။ vRAM က high speed နဲ့ အလုပ်လုပ်နိုင်ပြီး read & write တပြိုင်နက်လုပ်နိုင်တဲ့ Dual ported technology ကို အသုံးပြုထားပါတယ်။
ထို့နောက် vRAM မှာရှိတဲ့ complete image တွေကို Monitor ဆီပို့ပေးနိုင်ရန် DAC (Digital to Analog Converter) ကို အသုံးပြုပါတယ် vRAM နဲ့ DAC တိုက်ရိုက်ချိတ်ဆက်ထားပြီး Monitor ဆီ image တွေ မပို့ခင် Analog signal (VGA or DVI-A) ပြောင်းပေးရပါတယ်။DAC ကို RAMDAC လို့လည်း ခေါ်ကြပါတယ်။ RAMDAC တခုထက်ပိုပါတဲ့ Graphic Card တွေဟာ Monitor တခုထက်ပိုပီး အသုံးပြုလို့ရပါတယ်။
The Evolution of Graphic
Monochrome Display Adapter (MDA)
1981 မှာ IBM က Monochrome Display Adapter လို့ခေါ်တဲ့ Graphic Card ကို introduce လုပ်ခဲ့ပါတယ်။ သူက text only သာ ပြပေးနိုင်ပြီး green or white color text တွေကို black screen ပေါ်မှာ ဖော်ပြပေးတာ ဖြစ်ပါတယ်။
Video Graphic Array (VGA)
color ပေါင်း 256 color ထိ အလုပ်လုပ်နိုင်ပါတယ်။
Quantam Extended Graphic Array (QXGA)
QXGA graphic card တွေဟာ high resolution (up to 2040 x 1536) တွေပဲ ဖြစ်ပါတယ်။
Graphic Card တွေ
1. PCI (old technology)
2. AGP (old technology)
3. PCIe (present)
စသည့် slot တွေမှာ စိုက်ပီး အသုံးပြုခဲ့ကြပါတယ်။
Graphic Card တွေမှာ Monitor connector နှစ်ခုပါတတ်ကြပါတယ်။ Monitor ကတော့ တလုံးပဲ ချိတ်ပီး သုံးရပါတယ်။ အကယ်၍ Graphic Card တစ်ကဒ် ကို Monitor နှစ်လုံးနှင့် ချိတ်ချင်ရင် Dual Head Capabilities ပါတဲ့ ကဒ်ဝယ်ရမှာ ဖြစ်ပါတယ်။ PCIe တွေမှာတော့ Monitor လေးလုံးအထိ ချိတ်ဆက်နိုင်ပါတယ်။
Graphic Card တွေကို APIs (Open GL or DirectX) library file တွေက manipulate လုပ်ပေးပါတယ်။
pen GL (OpeN Graphic Library) - for cross plateform
Directx - for Microsoft
Graphic Card တွေကို Frame rate (FPs) နဲ့ တိုင်းတာပါတယ်။ FPS ဆိုတာ 1 စက္ကန့်မှာ Graphic Card က ပြပေးနိုင်တဲ့ Frame အရေအတွက်ဖြစ်ပါတယ်။ Human Eye က 1စက္ကန့်မှာ 25FPS အထိ အလုပ်လုပ်နိုင်ပါတယ်။ fast action တခု smooth animation and scrolling ဖြစ်မို့ 1စက္ကန်မှာ 60FPS လိုအပ်ပါတယ်။
Frame Rate မှာ
1. Triangles or Vertices Per Second (for 3D)
2. Pixel Full Rate တို့ ပါဝင်ပါတယ်။
Graphic Card ရွေးမယ်ဆိုရင်
1. GPU clock speed (MHz)
2. Amount of available memory (MB)
3. Memory clock rate (MHz)
4. Size of the memory bus (bits)
5. Memory bandwidth (GB/s)
တို့ဖြင့် ရွေးချယ်နိုင်ပါတယ်။
Graphic Cards တွေကို
1. Nvidia
2. AMD တို့က ထုတ်လုပ်ပါတယ်။
အချို့သော performance မြင့် graphic တွေမှာ power သီးသန့် ပေးမို့ လိုအပ်ပါတယ်။
Nvidia က SLI (Scalable Link Inteface) ကိုသုံးပြီး
AMD က CrossFire ကို အသုံးပြီးပါတယ်။
SLI ကေတာ့ Cross Fire ကော Parallel အလုပ်လုပ်ပါတယ်။
မိမိ Computer မှာ Graphic ဘယ်လောက်ပါလည်း Graphic Series တွေဘယ်လိုရှိလည်း သိချင်သူများအတွက် မိမိ PC မှာ Graphic ဘယ်လောက်ပါလဲသိချင်ရင်
Method 1. Windows Key + R ကိုနှိပ်ပါ cmd box ပေါ်လာပါက Dxdiag ဟုရိုက်၍ Enter နှိပ်ပါ Display ကိုဝင်ပြီးကြည့်နိုင်ပါတယ်
Method 2. Desktop မှာ Right Click နှိပ်ပါ Display settings ထဲဝင်ပါ Advanced display settings ထဲဝင်ပါ Display adapter properties ထဲထပ်ဝင် Adapter မှာ မိမိ PC ဘာ Graphic သုံးထားလည်းကြည့်နိုင်ပါတယ်
Graphic Card တွေရဲ့ Unit အသေးစိတ်ကတော့အောက်မှာဖတ်နိုင်ပါတယ်
ဝယ်ယူမည့်သူကိုယ်တိုင်အနေနဲ့ပဲ ကိုယ်နဲ့သင့်တော်တဲ့ အသုံးချမဲ့နေရာနဲ့ကိုက်ညီတဲ့ဟာ (အထူးသဖြင့် Gaming နဲ့ပတ်သတ်တဲ့ ဂရပ်ဖစ်ကတ် လိုမျိုးအရာတွေ) ကို မဝယ်ခင်ကတည်းက သေချာလေ့လာထားတာအကောင်းဆုံးဖြစ်မှာပါ။
ဂရပ်ဖစ်ဆိုတဲ့အရာက ကွန်ပျူတာတစ်လုံးမှာ ဘာလို့အရေးပါတာလည်း ?
ဘာကောင်ကြီးမို့လို့ ဂိမ်းတွေက သူ့ကိုလိုအပ်တာလည်း ?
တကယ်တော့ ကွန်ပျူတာမှမဟုတ်ပါဘူး၊ စမတ်ဖုန်းတွေ မှာလည်း ဂရပ်ဖစ်ကအရေးပါပါတယ်။
ကွန်ပျူတာမော်နီတာ screen၊ ဖုန်း screen မှာ ကျနော်တို့မျက်စိနဲ့ မြင်နေရတဲ့ ပုံရိပ်တွေ၊ ကာလာတွေ၊ လှုပ်ရှားမှုတွေကို အဲ့ဒီ ဂရပ်ဖစ်တွေက ပုံဖော်ပြသပေးနေတာပါ။screen ရဲ့ resolution များလေလေ pixel တွေကို ဂရပ်ဖစ်ကတ် (GPU) က သူ့စွမ်းအားအကုန်သုံးပီး ပြရလေပါပဲ၊ ဂိမ်းတွေဆော့တဲ့အချိန်မှာ ဂိမ်းက သူလိုအပ်တဲ့ လိုချင်တဲ့ ပုံရိပ်ပမာကို ဂရပ်ဖစ်ကတ်ထံကနေတောင်းပါတယ်၊
အဲဒီမှာ ဂရပ်ဖစ်ကတ်က ဂိမ်းတောင်းသလောက် လုံလုံလောက်လောက် လျှင်လျှင်မြန်မြန်နဲ့ထုတ်ပေးနိုင်ခဲ့မယ်ဆိုရင်ပြသနာမရှိ . .လိုသလောက် ထုတ်မပေးနိုင်ခဲ့ရင်တော့ ဂိမ်းဆော့တဲ့သူအတွက်ပြသနာရှိလာပီ . .ရလဒ်က ဂိမ်းတွေ smooth မဖြစ်တော့ပဲ လေးတိလေးကန်ဖြစ်ကုန်တာပါပဲ။ ဂိမ်းတွေက တစ်ဂိမ်းနဲ့တစ်ဂိမ်းတောင်းဆိုတဲ့ပမာဏကတော့မတူညီပါဘူး။သင့်ကွန်ပျူတာမှာ Dota 2 ကို မထစ်ပဲ ဆော့ရလို့ Assassin's Creed Odyssey ကိုလည်း မထစ်ပဲနဲ့ဆော့ရမယ်လို့ အာမခံ လို့မရပါ။ Dota 2 ကဂရပ်ဖစ်ကတ်စီကနေ အလုပ်လုပ်နိုင်စွမ်း 1 လောက်ပဲလိုအပ်တဲ့အချိန်မှာ Assassin's Creed ကတော့ 6 လောက်အထိ လိုအပ်ပါတယ်။
အဲဒီမှာ ကိုယ်သုံးထားတဲ့ ကတ်က 3 လောက်ပဲအများဆုံးထုတ်ပေးနိုင်တဲ့ကတ်ဖြစ်ခဲ့မယ်ဆိုရင် Dota ကိုမထစ်ပေမဲ့ Assassin's Creed ကတော့ သေချာပေါက်ထစ်ပီပဲ။ ဒါကြောင့်မို့လည်း ဈေးကွက်ထဲမှာ ၈သောင်းဝန်းကျင်ကနေ ၁၅သိန်း သိန်း၂၀ အထိ ဂရပ်ဖစ်ကတ်တွေ ရှိနေကြတာပဲဖြစ်ပါတယ်။ သင်္ချာနိယာမအရ ကိန်းဂဏန်းတစ်ခုဟာယေဘုယအားဖြင့် ကြီးလေလေ များလေ တန်ဖိုးရှိလေပဲမဟုတ်လား..
ဂရပ်ဖစ်ကတ်တွေမှာလည်းအလားတူပဲ၊ အဓိကထုတ်လုပ်သူကြီးနှစ်ဦးဖြစ်တဲ့ NVIDIA နဲ့ AMD တို့က သူတို့ရဲ့ ဂျီပီယူတွေကိုတစ်ခုနဲ့တစ်ခု မရောထွေးစေပဲ အဆင့်တစ်ခုသတ်မှတ်ဖို့ရာအတွက် ကိန်းဂဏန်းတွေ ဗျည်းအက္ခရာတွေနဲ့ အမှတ်အသားပြုပေးကြတယ်။
သူတို့တွေရဲ့ ကိန်းဂဏန်းတွေကို နားလည်ဖို့ရာအတွက်က အခက်အခဲကြီးမဟုတ်ပေမဲ့ သာမာန် အသုံးပြုသူ (end-user) အတွက်တော့ ဘာတွေက ဘယ်လိုရှိတယ်ဆိုတာကို နားလည်မည်မဟုတ်ပါ။ ဂျီပီယူ/ဂရပ်ဖစ်ကတ် (GPU/Graphics card) တွေမှာ သူတို့ရဲ့ကိန်းဂဏန်း (number) တွေက များလေလေ စွမ်းဆောင်ရည် (performance) ကောင်းလေလေပါပဲ။
မျိုးဆက်တူတဲ့ (same generation) ဂရပ်ဖစ်ကတ်တွေမှာ ဒါဟာ နားလည်ရလွယ်ကူပါတယ်..
ဥပမာ (၁)
NVIDIA ကထုတ်တဲ့ GTX 780 နဲ့ GTX 770 ကိုယှဉ်မယ်။ အဲ့ကတ်နှစ်ခုလုံးက မျိုးဆက်လည်းအတူတူပဲ (700 series, Kepler Architecture)၊ဒီတော့ ဂဏန်းများတဲ့ GTX 780 က ပိုမြန်မယ်။
ဥပမာ (၂)
AMD ကထုတ်တဲ့ R9 290 နဲ့ R9 280 ကိုယှဉ်မယ်ဆိုရင် ? R9 290 က ပိုမြန်မှာပါ၊(ထုံးစံအတိုင်း ဈေးလည်းပိုများမှာက မေးစရာလိုမယ်တောင်မထင်ပါဘူး)၊ ဒါပေမဲ့ GTX 680 နဲ့ GTX 770 ဆိုရင်ကော.. AMD မှာဆိုရင် HD 6950 နဲ့ HD 7790 ?? မျိုးဆက်မတူတဲ့ ဂျီပီယူတွေကိုနှိုင်းယှဉ်တဲ့အခါမှာတော့ ထင်သလောက်မရိုးရှင်းတော့ပါဘူး
Nvidia အကြောင်းကို အရင်ပြောပါ့မယ်။ GT 610, GT 620, GT 630, GT 640, GTX 650, GTX 650 Ti, GTX 650 Ti Boost, GTX 660, GTX 660 Ti, GTX 670, GTX 680, GTX 690...ဒါက NVIDIA ရဲ့ 600 series ထဲက ဂျီပီယူတွေ။ ‘6’ နဲ့စတယ်။ GT 520, GTX 550 Ti, GTX 580 ,.. etc.. ၊ ‘5’ နဲ့စတဲ့ 500 series
ဒါဆိုရင် စီးရီး ကြည့်တတ်ပီထင်ပါတယ်။
စီးရီး (series) အရဟုတ်ပါပီ..GT, GTX ဆိုတာတွေက ဘာလို့ထပ်ခွဲထားရတာလည်း ? ဘာကို ကိုယ်စားပြုတာလည်း ?
ရုံးသုံး အိမ်သုံး မီဒီယာအတွက်၊ အပျော်တမ်း ဓာတ်ပုံတွေတည်းဖြတ်ဖို့ရာ အတွက် စတဲ့ ဂရပ်ဖစ်ပိုင်းမှာ သိပ်အများကြီးမလိုတဲ့နေရာတွေမှာအသုံးပြုဖို့ရာရည်ရွယ်ပြီး ‘GT’ ကတ်တွေကိုထုတ်လုပ်ထားတာပါဖြစ်ပါတယ်။ ဂိမ်းပေါ့ပေါ့ပါးပါးတွေအတွက်လည်း သူတို့ကအဆင်ပြေပါတယ်။ ‘GTX’ နဲ့စတဲ့ ကတ်တွေကတော့ ဂိမ်းဦးစားပေး (High Performance Gaming) တွေအတွက်ရည်ရွယ်ပါတယ်။
PS4, Xbox One ဂိမ်းစက်တွေရဲ့ ရုပ်ထွက်ထက် ပိုလှ ပိုကြွရွတဲ့ အမြင်တွေနဲ့ နှေးကွေးခြင်းမရှိ ခံစားလိုတယ်ဆိုရင်တော့ 'GTX' 'RTX' ကတ်အမြင့်တွေကိုရွေးချယ်ရမှာဖြစ်ပါတယ်။ ('‘GTS'’ ဆိုပြီး '‘GT'’ နဲ့ '‘GTX'’ ကြားထဲမှာရှိပါသေးတယ်။ ဒါပေမဲ့ NVIDIA က သူ့ကိုနောက်ပိုင်း series တွေမှာဖြုတ်လိုက်ပါတယ်)
GT = target for lightweight graphics application
GTS = target for non-serious gaming
GTX = high performance gaming
RTX = high performance gaming with raytracing effect
Lists of (currently well-known) NVIDIA GPU Generations (NVIDIA ရဲ့ လက်ရှိ လူသိများသော ဂျီပီယူများစာရင်း)
400 series (Fermi Architecture, April 2010)
GT 420, GT 430, GT 440, GTS 450, GTX 460, GTX 470, GTX 480
500 series (Fermi Architecture, Nov 2010)
GT 520, GT 530, GT 545, GTX 550 Ti, GTX 555, GTX 560, GTX 560 Ti, GTX 570, GTX 580, GTX 590 (Dual GPU)
600 series (*Fermi, and Kepler Architecture, March 2012)
*GT 610, *GT 620, *GT 630, GT 635, GT 640, GT 645, GTX 650, GTX 650 Ti, GTX 650 Ti Boost, GTX 660, GTX 660 Ti, GTX 670, GTX 680, GTX 690 (Dual GPU)
700series (*Maxwell, and Kepler Architecture, Feb 2014)
GT 710, GT 720, GT 730, GT 740, *GTX 745, *GTX 750, *GTX 750 Ti, GTX 760, GTX 770, GTX 780, GTX 780 Ti, GTX TITAN, GTX TITAN Black, GTX TITAN Z (Dual GPU)
900 series (Maxwell Architecture, 2015)
GTX 950, GTX 960, GTX 970, GTX 980, GTX 980 Ti, GTX TITAN X
10 series (Pascal Architecture, 2016)
GT1030, GTX 1050, GTX 1050 Ti, GTX 1060, GTX 1070, GTX 1080, GTX 1080 Ti, NVIDIA TITAN X, NVIDIA TITAN Xp
20 series (Turing Architecture, 2018)
RTX 2060, RTX 2060 Super, RTX 2070, RTX 2070 Super, RTX 2080, RTX 2080 Super, RTX 2080 Ti, NVIDIA TITAN RTX
16 series (Turing Architecture, 2019)
GTX 1660 Ti, GTX 1660 Super, GTX 1660, GTX 1650 Super, GTX 1650

အသစ်ဖြစ်တဲ့ မျိုးဆက်ဟာ အဟောင်းထက်ပိုမြန်သလို ပါဝါစားသုံးမှုအပိုင်းလည်းသက်သာပါတယ်။ Cross-generation တွေကိုနှိုင်းယှဉ်တဲ့အခါမှာ
ဥပမာ GTX 770 ဟာ GTX 670 / 680 ထပ်ပိုမြန်ပါတယ်၊ အပြန်အလှန်အားဖြင့် GTX 970 ဟာ သူ့ရှေ့ကနောင်တော်တွေဖြစ်တဲ့ GTX 770 / 780 ထပ်မြန်ပါတယ်။
ဂရပ်ဖစ်ကတ်တွေဟာ စောင့်နိုင်လေ စွမ်းဆောင်ရည်ပိုကောင်းလာလေ ဈေးလည်း အရင်စီးရီးတွေထက်သက်သာလာလေပါပဲ.. 2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒေါ်လာတစ်ထောင်တန် GTX TITAN X ရဲ့ စွမ်းဆောင်ရည်ကို နောက်တစ်နှစ်ခွဲခန့်အကြာမှာတော့ $450 ပဲရှိတဲ့ GTX 1070 က ရိုက်ချိုးပစ်လိုက်တာပါပဲ။လက်ရှိအမြန်ဆုံးကတ်ကတော့ RTX 2080 Ti ($999) နဲ့ ဈေးအကြီးဆုံး pro-sumer card ကတော့ NVIDIA TITAN RTX ($2499) ဖြစ်ကြပါတယ်။
ဒီနေရာမှာ သူတို့ရဲ့ဈေးနှုန်းတွေဟာ MSRP ဖြစ်လို့ ပုံသေသတ်မှတ်ထားလို့မရပါဘူး..GTX 1070 က $450 ပဲရှိတယ်ဆိုပေမယ့် ပြည်တွင်းမှာဆိုရင် ယေဘူယျအားဖြင့် အနည်းဆုံး $500 လောက်ကနေ $590 အထိ (card vendor အပေါ်မူတည်ပီး) ရှိတတ်ပါတယ်။ (2016-2018 အတွင်း ပြည်တွင်းရောင်းဈေးတွေပါ)
ဂရပ်ဖစ်ကတ်တွေကိုဝယ်ယူတော့မယ်ဆိုရင် အသစ်ဖြစ်တဲ့ မျိုးဆက်ကိုဝယ်ဖို့တိုက်တွန်းပါတယ်၊ အရင်မျိုးဆက်နဲ့ ဈေးနှုန်းခြင်းတူရင် စွမ်းဆောင်ရည်မှာ အသစ်ကပိုပါတယ်၊ ပြီးတော့ ဂရပ်ဖစ်ချပ်စ်ထုတ်လုပ်သူတွေဟာ မျိုးဆက်ဟောင်းတွေကို Driver Optimization ထောက်ပံ့ပေးမှုအပိုင်းမှာ အသစ်တွေလောက်ဦးစားမပေးတော့ပါဘူး။
Gaming အတွက်ရည်ရွယ်ထားတယ်ဆိုရင် Generation နှစ်ဆက်လောက်ခြားနေတဲ့ Graphics card (second ဈေးအတော်ကြီးကိုသက်သာနေရင်တော့မပြောလိုပါ) ကိုမသုံးသင့်တော့ပါ။
သတိပြုရမှာက memory (GB) များတိုင်း ပိုမြန်တယ်ဆိုတာမမှားပေမဲ့ အဲဒီအချက်တစ်ချက်တည်းအပေါ်မူတည်ပီးလုံးဝမြန်တယ်လို့တထစ်ချပြောလို့မရပါဘူး။
ဆောင်းပါး အစမှာပြောခဲ့တဲ့ ဖြစ်ရပ် (၁) ကို ပြန်ကောက်ရအောင် .
GT 630 4GB နဲ့ GTX 750 2GB ယှဉ်မယ်ဆိုရင် ?4GB ပင်ဖြစ်သော်ငြား GT 630 ရဲ့စွမ်းဆောင်ရည်က GTX 750 2GB ရဲ့ တစ်ဝက်ပင်မရှိပါ။ GTX 750 2GB ဂရပ်ဖစ်ကတ်က GT 630 4GB သုံးကတ်စာ စွမ်းဆောင်နိုင်ပါတယ်။
တစ်ဆက်တည်း ဖြစ်ရပ် (၂) ကိုပြောပါဦးမယ်၊ အများအားဖြင့် facebook မှာတွေ့နေရတာပါ၊ laptop/desktop အရောင်း ပို့စ် လေးတွေမှာပေါ့၊ ဘာလည်းဆိုတော့ ရောင်းတဲ့ laptop ရဲ့ ဂရပ်ဖစ်မန်မိုရီ (VRAM) ကို separate ကတ် နဲ့ onboard ကို ပေါင်းပီး ရောချလိုက်တာပါ၊ Nvidia GeForce GT 820M 2GB ပါတဲ့ laptop ဆိုရင် onboard ကပါတဲ့ Intel ဂရပ်ဖစ်မန်မိုရီပါ ထပ်ပေါင်းပီး total 4GB/6GB စသဖြင့် ပြောပီး ရောင်းတာမျိုး။
အမှန်တယ်က Nvidia က ပါတဲ့ မန်မိုရီနဲ့ onboard မန်မိုရီက gaming မှာ အတူတူပေါင်းပီးအလုပ်မလုပ်ပါဘူး။ onboard ဘယ်လောက် GB ပါပါ NVIDIA ကပါတဲ့ GB ကပဲ အလုပ်လုပ်ပါတယ်။ ဆိုတော့ total 4GB/6GB စသဖြင့် ပါတယ်လို့ပြောပီးရောင်းတာက မမှားပေမဲ့ လက်တွေ့မှာတော့ နားမလည်တဲ့သူတွေအတွက် မလိမ့်တပတ်နဲ့ ဂျင်းစားနေရသလိုပါပဲ။
အတိုချုပ်ရရင်
“NVIDIA GeForce GTX 1080 Ti”
NVIDIA = Brand
GeForce GTX = Model
1080 Ti = 10 series with 80 class

My Recommendation (ဂျီပီယူရွေးချယ်မယ်ဆိုရင်)
For Office/Home/Entertainment PC (ရုံးသုံး)
GT 630 / 730 / 1030
-
For Gaming 1080p 60Hz (Full HD gaming )
အနည်းဆုံး = GTX 760 / 670 / 950 / 1050
ကောင်းမွန် = GTX 680 / 770 / 780 / 960 / 1050 Ti / 1650
အသင့်တော်ဆုံး = GTX 780 Ti / TITAN (Kepler) / 970 / 980 / 1060 / 1650 Super / 1660
-
For Gaming 1440p (1440p gaming )
အနည်းဆုံး = GTX 780 Ti / TITAN (Kepler) / 970 / 980 / 1060 / 1650 Super / 1660
ကောင်းမွန် = GTX 980 Ti / TITAN X (Maxwell) / 1070 / 1070 Ti / 1660 Ti
အသင့်တော်ဆုံး = GTX 1080 / RTX 2060 Super

For Gaming 4K / UHD (4K gaming )
အနည်းဆုံး = GTX 1080 / RTX 2060 / RTX 2060 Super
ကောင်းမွန် = GTX 1080 Ti / RTX 2070 Super / RTX 2080
အသင့်တော်ဆုံး = RTX 2080 Ti
(4K gaming အတွက်က တကယ်ဆိုရင် 4K monitor ကိုဈေးကြီးပေးဝယ်ထားပီဆိုမှတော့ ဂရပ်ဖစ်ကတ်ကိုလည်း latest ဖြစ်ပီး ဈေးအကြီးဆုံးဆိုတာကိုပဲသုံးသင့်ပါတယ်၊ GTX 1080, RTX 2060 ဆိုတာက reference ရည်ညွန်းဖို့ရာအတွက်ရေးပေးထားတာပါ၊ 4K gaming အတွက် အဲ့နှစ်ကတ်ကိုတော့ အားမပေးပါ)
Team Green Nvidia အကြောင်းပြောပီးပီဆိုတော့ ဒီတစ်ခါ Team Red ဖြစ်တဲ့ AMD အလှည့် . .
AMD ရဲ့ယခင့်ယခင် မျိုးဆက်ဟောင်းတွေမှာ နာမည်ပေးပုံက NVIDIA နဲ့အသွင်တူပါတယ်။ HD ###X ပုံစံဖြစ်ကာ ပထမဆုံး X က မျိုးဆက် (GPU Generation) ကို ကိုယ်စားပြုပြီး နောက် X သုံးလုံးက စွမ်းဆောင်ရည် (Performance) ကိုသတ်မှတ်ပေးပါတယ်။ 5000 စီးရီးတွေကို HD 5770, HD 5850, HD 5870 ။ 6000 စီးရီးမှာဆိုရင် HD 6850, HD 6870, HD 6950, HD 6970
ဆိုတော့ AMD ရဲ့ မျိုးဆက်ဟောင်း တွေဖြစ်တဲ့ HD ###X ကတ် တွေဟာ တူညီတဲ့ စီးရီးတစ်ခုအောက်မှာဆိုရင် နောက်သုံးလုံး တန်ဖိုးများတဲ့သူက စွမ်းဆောင်ရည်သာမယ် မိုမြန်တယ်ပေါ့ဗျာ။
HD 5870 > HD 5850
HD 6950 > HD 6870
အဲ .. HD generation ရဲ့နောက် မျိုးဆက်သစ်တွေ.. လက်ရှိ ဈေးကွက်အတွင်းမှာ ရှိနေကြတဲ့ ကတ်တွေမှာတော့ အမည်ပေးစနစ်ကအရင်နဲ့လုံးဝကွာခြားသွားတယ်။
ဖော်မြူလာအရဆိုရင် = RN NNN(X)
ဥပမာ R9 390X, R9 390, R9 290X, R9 285, R7 260X
N = level (များလေ မြန်လေ)
X = X version ဟာ (X မပါတဲ့ ဗားရှင်း) ထက် ပိုများတဲ့ clock speeds, ပိုကောင်းတဲ့ စွမ်းဆောင်ရည်ရှိပါတယ်
NVIDIA မွာ GT, GTS, GTX, RTX ခြဲထားသလိုပါပဲ၊
AMD ဟာလည်း R9, R7, R5 နဲ့ RX ဆိုပီး ခွဲထားပါတယ်။
R5 = အနိမ့်ဆုံး level, ရုံးသုံးအတွက် သင့်တော်
R7 = Full HD gaming အတွက် အနည်းဆုံးရှိသင့်
R9 = Full HD gaming အတွက် သင့်တော်
RX = RX က လက်ရှိမှာအသစ်ဆုံးသော မျိုးဆက်..
ယခင် R9/7/5 တွေထပ် ပါဝါစားသုံးမှုအပိုင်းမှာ အများကြီးလျော့နည်းပြီး စွမ်းဆောင်ရည်လည်း ပိုကောင်းပါတယ်။
Lists of (currently well-known) GPU Generations (AMD ရဲ့ လက်ရှိလူသိများသော ဂျီပီယူများ စာရင်း)
HD 5000 series (Evergreen, 2009)
[HD 5450, HD 5550, HD 5570] *
[HD 5670, HD 5750, HD 5770] **
[HD 5830, HD 5850, HD 5870] ***
HD 5970 (Dual GPU)
* = entry-level
** = mid-range
*** = high-end

HD 6000 series (Northern Islands, 2010)
[HD 6450, HD 6570, HD 6670] *
[HD 6750, HD 6770, HD 6790] **
[HD 6850, HD 6870, HD 6950, HD 6970] ***
HD 6990 (Dual GPU)

HD 7000series (Southern Islands, 2011)
[HD 7350, HD 7450, HD 7470, HD 7570] *
[HD 7670, HD 7750, HD 7770, HD 7790] **
[HD 7850, HD 7870, HD 7950, HD 7970] ***
HD 7990 (Dual GPU)

RN 200 series (Sea Islands, 2013)
R5 210, R5 220, R5 230, R5 235, R5 235X
R7 240, R7 250, R7 250X, R5 260, R7 260X, R7 265
R9 270, R9 270X, R9 280, R9 280X, R9 285, R9 290, R9 290X, R9 295X2 (Dual GPU)

RN 300 series (Caribbean Islands, 2015)
R5 330, R5 340
R7 340, R7 350, R7 360, R7 370
R9 380, R9 380X, R9 390, R9 390X, R9 Nano, R9 Fury, R9 Fury X, Pro Duo (Dual GPU)

RN 400series (Polaris, 2016)
RX 460, RX 470, RX 480
RX 560, RX 570, RX 580, RX 590

RX VEGA series (Vega, 2017)
RX Vega 56, RX Vega 64

VEGA Refresh (2019)
Radeon VII

RX 5000 Series (2019)
RX 5700 XT, RX 5700, RX 5500 XT, RX 5500

AMD နဲ့ NVIDIA ဘယ်သူကပိုကောင်းလည်းဆိုတဲ့မေးခွန်းမျိုးအတွက်တော့ ပန်းသီးစားရတာပိုအရသာတွေ့တဲ့သူက လိမ္မော်သီးရဲ့အရသာကိုသိပ်သဘောတွေ့မှာမဟုတ်သလို လိမ္မော်သီးကြိုက်တဲ့သူကလည်း ပန်းသီးကိုပေါ့တယ်ပြောမှာပါပဲ
စစ်တမ်းတွေအရ AMD ရဲ့ မျိုးဆက်ဟောင်း ဂျီပီယူတွေအပေါ် driver ထောက်ပံ့မှုအပိုင်းမှာ NVIDIA ထပ်ပိုကောင်းတယ်လို့ပြောကြပါတယ်။
ဆိုရရင် AMD HD 7000 series တွေဟာ NVIDIA GTX 600 series နဲ့ယှဉ်ရင် Driver Enhance အပိုင်းမှာပိုတယ်လို့ပြောချင်တာပါ၊ DirectX 12 မှာ AMD ရဲ့ကတ်တွေဟာ ပြိုင်ဖက် NVIDIA ထပ်လက်ရှိအနေအထားမှာ အသာစီးရနေပါတယ်။ ပီးတော့ AMD GPU တွေဟာ NVIDIA နဲ့ စွမ်းဆောင်ရည်ခြင်းတူရင် ဈေးနှုန်းပိုင်းမှာ အတန်ငယ် သက်သာပါတယ်..
သို့သော်ငြားလည်း ပါဝါစားသုံးမှုအပိုင်းမှာတော့ နောက်ကျကျန်ရစ်နေပါတယ်..ဒီနေရာမှာတော့ NVIDIA က Winner ပေါ့။ အတိုချုပ်ရရင်
“AMD Radeon HD 7850”
AMD = Brand
Radeon HD 7850 = 7000 series with 850 level (higher = better)
“AMD Radeon R9 390”
AMD = Brand
Radeon R9 390 = RN 300 series with 90 level (higher = better)

My recommendation (ဂျီပီယူရွေးချယ်မယ်ဆိုရင်)
For Office/Home/Entertainment PC (ရုံးသုံး)
R5 ကတ်များ (သို့) * တစ်ခုပြထားသော ကတ်များ

For Gaming 1080p 60Hz (Full HD gaming အတွက်)
အနည်းဆုံး = HD 7870, R7 265, RX 460
ကောင်းမွန် = HD 7970, R9 280X, RX 470
အသင့်တော်ဆုံး = R9 290X, RX 480, RX 580, RX 590, RX 5500

For Gaming 1440p (1440p gaming အတွက်)
အနည်းဆုံး = R9 290X, RX 480, RX 580, RX 590, RX 5500
ကောင်းမွန် = R9 Fury X, RX Vega 56
အသင့်တော်ဆုံး = RX Vega 64

Credit. Original Uploaderming အတွက်)
အနည်းဆုံး = RX Vega 64
ကောင်းမွန် = RX 5700, RX 5700 XT, Radeon VII

AMD ထဲမှာတော့ 4K gaming အတွက်ဆိုရင် ရွေးချယ်စရာ များများစားစားမရှိသေးပါ၊ RX Vega 64 ကို အနိမ့်ဆုံးစစဉ်းစားရမှာဖြစ်ပီး အသင့်တော်ဆုံးကတော့ လက်ရှိ နောက်ဆုံးထွက် Radeon VII ပဲဖြစ်ပါတယ်။ Radeon VII ရဲ့ စွမ်းဆောင်ရည်က NVIDIA ထဲက RTX 2080 နဲ့ ညီမျှတယ်လို့ မှတ်ယူလို့ရပါတယ်၊ (RTX 2080 ထက် မဆိုသလောက်တော့ နှေးပါတယ်)

#ဖြည့်စွက်ချက်
PC ဂရပ်ဖစ်ထုတ်လုပ်တဲ့သူက Nvidia နဲ့ AMD ဆိုပီး ကုမ္ပဏီ နှစ်ခုပဲရှိတယ်ဆိုပီး ဘာလို့ဈေးကွက်ထဲမှာ MSI, ASUS, XFX, Zotac, Gigabyte, Sapphire, EVGA . . .စတဲ့ brand တွေအများကြီးဖြစ်နေရတာလည်းလို့ ဇဝေဇဝါဖြစ်နေမှာပါ၊ ဒါက ဒီလိုပါ...ပင်မထုတ်လုပ်သူ Nvidia တို့ AMD တို့ထဲကနေ graphics chip တွေကို ASUS, MSI စတဲ့သူတွေက ပြန်ယူပီး သူတို့ ဒီဇိုင်းနဲ့သူတို့ ပြန်ဖြန့်ကြလို့ဖြစ်ပါတယ်။
ဥပမာပြောရရင်
Nvidia ရဲ့ GT 730 chip ကို ကျန်တဲ့သူတွေက သူတို့နည်းပညာ ဒီဇိုင်း အအေးပေးစနစ်တွေနဲ့ပြန်ထုတ်ကျတော့ ဈေးကွက်ထဲမှာ
ASUS GT 730
MSI GT 730
EVGA GT 730 စသဖြင့်အမျိုးမျိုးတွေ့နေရခြင်းဖြစ်ပါတယ်။
အပေါ်က ဖြစ်ရပ် (၃) ကို ပြန်ကောက်ပါအုံးမယ် . .
Windows 7 မှာ ဂရပ်ဖစ်မန်မိုရီ ကန့်သတ်ထားခြင်း မရှိပါ။ Window 7 တင်မှ မဟုတ်ပါဘူး Windows 8/10 အားလုံးမှာ ဂရပ်ဖစ်မန်မိုရီ (VRAM) ကန့်သတ်ထားခြင်း လုံးဝ (လုံးဝ) မရှိပါဘူး။ VRAM 11GB ပါတဲ့ GTX 1080 Ti ကတ်ကို Windows 7 တင်ထားတဲ့ desktop PC မှာ သုံးလို့ရပါတယ်။ 11GB အကုန်လုံး အလုပ်လုပ်ပါတယ်၊၊ 2GB ပဲလုပ်တယ်၊ ကျန်တဲ့ 9GB က အလုပ်မလုပ်ဘူး ဆိုတာ မှားယွင်းတဲ့အယူအဆပါ။ (VRAM limit မရှိဘူးဆိုပေမဲ့ Gaming အတွက်ရည်ရွယ်ထားတယ်ဆိုရင် Windows 10 ကိုသာသုံးစေလိုပါတယ်)
နောက်တစ်ချက်ပြောလိုတာက brand တစ်ခုက အခြား brand တစ်ခုထက် ပိုကောင်းတယ်ဆိုတဲ့ အစွဲပါပဲ။ မြင်သာအောင်ပြောရရင် အခု PC ဂိမ်မာအများစုက Palit ဆိုရင် သိပ်မကြိုက်ကြဘူး၊
MSI, ASUS, EVGA စသဖြင့် brand တွေကိုပိုသဘောကျတယ်။ PC ဂရပ်ဖစ်ကတ်တွေနဲ့ပါတ်သတ်ပီး အတော်အသင့်နားလည်တဲ့သူတွေက Palit ကို ဘာလို့သဘောမကျလည်းဆိုရင် သူက ပုံတုန်းတုန်း ကတ်က မလှ လို့ သဘောမကျကြတာပါ။
အရည်အသွေးညံ့ quality မကောင်းလို့ မဟုတ်ပါဘူး။
ဒါကို အပြင်ကလူတွေအမြင်မှာ Palit က quality မကောင်းလို့ မကြိုက်ကြတာပဲလို့ ထင်ပီး ASUS မှ ASUS, MSI မှ MSI ဆိုတဲ့ အစွဲလေးတွေဖြစ်ကုန်တာပါ။
factory defect ပါတဲ့ ကတ်ကတော့ Palit မှာလည်း ရှိသလို EVGA မှာလည်းရှိတာပဲ၊ ကျန်တဲ့ ASUS, MSI, PNY စတဲ့ brand တွေမှာလည်း ရှိတာပဲ၊
ဝယ်မည့်သူတွေကြည့်ရမှာက warranty အခြေအနေ၊ ကတ်ရဲ့ ပုံစံ (ကိုယ့် taste အပေါ်မူတည်) စတဲ့အချက်တွေအပေါ်မှာပဲ အဓိက ကြည့်ရမှာဖြစ်ပါတယ်။ (Disclaimer: Palit က စပွန်စာပေးထား၍ ဖော်လံဖားရေးထားခြင်းမဟုတ်ပါ၊
အမှန်အတိုင်းပြောရရင် ကျနော်လည်း Palit ကို မကြိုက်ဘူး ခုလက်ရှိအချိန်အထိ သူ့ ကတ် ပုံစံတွေက ကိုယ်သဘောကျတဲ့ ပုံမျိုးတွေမဟုတ်လို့) အခုလောက်ဆိုရင် ဂရပ်ဖစ်ကတ်တွေနဲ့ပါတ်သတ်လို့ အတော်အသင့် နားလည်၊ ခွဲခြားတတ်ပီလို့ထင်ပါတယ်။

Credit . Original Uploader

Address

Than Lwin Road, Bayint Naung Quarter, Pobba Thiri Township
Naypyidaw
1504

Telephone

+959669969672

Website

Alerts

Be the first to know and let us send you an email when InnoBox posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to InnoBox:

Share


Other Digital creator in Naypyidaw

Show All