ချိုချိုမြင့် အော့ဖ်ဆက်နှင့် ချိုချိုမြင့် စာပေ

  • Home
  • Myanmar
  • Mandalay
  • ချိုချိုမြင့် အော့ဖ်ဆက်နှင့် ချိုချိုမြင့် စာပေ

ချိုချိုမြင့် အော့ဖ်ဆက်နှင့် ချိုချိုမြင့် စာပေ One Stap Offset Priting Service.
(12)

“ရဟန်းက ရဟန်းနဲ့တူအောင်နေ”****************************ကိုရင်တို့ဦးဇင်းတို့.....ရဟန်းဟာရဟန်းနဲ့တူအောင်နေရတယ်၊သမဏသညာမပျောက...
02/07/2023

“ရဟန်းက ရဟန်းနဲ့တူအောင်နေ”
****************************

ကိုရင်တို့ဦးဇင်းတို့.....ရဟန်းဟာရဟန်းနဲ့တူအောင်နေရတယ်၊သမဏသညာမပျောက်စေနဲ့....ကိုရင်ဟာကိုရင်နဲ့တူအောင်နေရတယ်၊သာမဏေရသညာမပျောက်စေနဲ့....

မနက်က(၅)နာရီလောက်စကုတိုက်ကိုဆွမ်းစားသွားတော့လမ်းပေါ်မှာဦးဇင်းတစ်ပါးသင်္ကန်းကကို့ယို့ကားယားနဲ့,ပါးစပ်ကလည်းသီချင်းတွေဇိမ်ပြေနပြေအော်လို့၊သွားနေပုံကလည်းဇောင်ကြွဇောင်ကြွနဲ့၊ကြည့်ရမြင်ရတာဘယ်လိုမှမသင့်တော်ဘူး....သူ့ကိုယ်သူကာလသားများမှတ်နေသလားမသိဘူး၊လမ်းသူရဲများမှတ်နေသလားမသိဘူး၊သူ့ကိုယ်သူရှက်ရမှန်းလည်းမသိဘူး....

အေး...အဲ့ဒီနားမှာပဲသိပ်မကြာဘူးဒကာမလေးတွေတွေ့တယ်၊ဈေးသွားတဲ့ဒကာမလေးတွေထင်တယ်၊တချို့ကဘုရားရှိခိုးတွေဂုဏ်တော်တွေရွတ်ဆိုလို့,တချို့က မေတ္တာတွေ ပို့လို့ ကြားလိုက်ရတယ်...

ကြည့်ကွ...မင်းတို့ဘယ်လောက်ရှက်ဖို့ကောင်းလဲ၊ဟိုဒကာမလေးတွေကဂုဏ်တော်တွေပွားမေတ္တာတွေပို့လို့ဟိုကိုယ်တော်ကဟန်ကျပန်ကျသီချင်းတွေအော်ဆိုလို့။

အဲ့ဒါသမဏသညာပျောက်နေတာကွ၊ဒါဆရာကောင်းသမားကောင်းတွေရဲ့တပည့်မဟုတ်လို့စာပေပရိယတ်မသင်လို့ပဲ။စာမသင်တော့အသိဉာဏ်ကမရှိ၊အသိဉာဏ်မရှိတော့ကောင်းကောင်းမနေတတ်ဘူး၊မကျင့်သုံးတတ်ဘူး။မနေတတ်မထိုင်တတ်တော့ကြည့်ရမြင်ရတာကို့ယို့ကားယားဣနြေ္ဒလည်းမရဘူး၊ဒါ့ကြောင့်မင်းတို့ခဏခဏပြောနေတယ်၊စာကြိုးစားသင်ကြ...

နောက်မကြာဘူး၊ခင်မကန်နဲ့စကုတိုက်ကြားလည်းရောက်ရောဆွမ်းခံကြွလာတဲ့ကိုရင်လေးတစ်ပါး...တို့လည်းမြင်ရောလမ်းဘေးကပ်ပြီးရိုရိုသေသေလေးရပ်ပေးနေရှာတယ်၊သင်္ကန်းကလည်းသပ်သပ်ရပ်ရပ်လေးရုံလို့။

ဟော...ဘယ်လောက်ကြည်ညိုစရာကောင်းသလဲ၊ဒါဆရာကောင်းသမားကောင်းတပည့်ကွ၊ဒါမွန်မြတ်တဲ့စိတ်ဓာတ်ကွ၊မင်းတို့အဲ့ဒီကိုရင်လေးကိုအတုယူကွ။

[ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊မိုးကောင်းတိုက်၊
စတုတ္ထညောင်ရမ်းဆရာတော်၊သိန်းသန်းရတနာ
စာချဆရာတော်ကြီး “ဘဒ္ဒန္တပဏ္ဍိစ္စာဘိဝံသ”၏
ညစဉ် ဘုရားဝတ်တက်အပြီး ဩဝါဒအဆုံးအမ၊
၁၃၆၀-ပြည့်နှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၈)ရက်]

Credit - အရှင်ပညိဿရာလင်္ကာရ
******************************
ချိုချိုမြင့်အော့ဖ်ဆက်မှပြန်လည်ပူဇော်သည်။
1-7-2023

🙏🙏🙏
29/06/2023

🙏🙏🙏

(ကြည်ညိုဖွယ်ရာ ရှေးသူတော်ကောင်းကြီးများ)================================ မစိုးရိမ်ကျောင်းဒကာဦးကျော်(ဦးသက်ရှည်၏သား) နှင့်...
28/06/2023

(ကြည်ညိုဖွယ်ရာ ရှေးသူတော်ကောင်းကြီးများ)
================================

မစိုးရိမ်ကျောင်းဒကာဦးကျော်(ဦးသက်ရှည်၏သား) နှင့်ဗိသုကာဆရာဆိုင်တို့နှစ်ဦးမှာတဦးနှင့်တဦးရှိန်ပြီး မဆုံဖြစ်ကြဘဲရှိလေရာတနေ့တွင်ဦးကျော်ကသူ၏မိတ်ဆွေဦးရှမ်းကြီးဆိုသူမှတဆင့်ဆရာဆိုင်ကိုတွေ့ဆုံလိုကြောင်းပြောကာခေါ်ယူတွေ့ဆုံကြလေသည်။

ထိုသူတော်ကောင်းကြီးနှစ်ယောက်စတင်တွေ့ဆုံကြ
သည့်အခါပဋိသန္ဓာရစကားပြောကြားကြပြီးမိတ်ဆွေရင်း ဖြစ်သွားပုံ, အပြန်အလှန်ယုံကြည်မှုရိုးသားမှုဖြင့် ဆက်ဆံလုပ်ကိုင်သွားကြပုံတစိတ်တဒေသကို(မစိုးရိမ်သမိုင်းနှင့်သာသနာဝင်)စာအုပ်မှထုတ်နုတ်ဖေါ်ပြလိုက်ပါသည်။

မစိုးရိမ်ကျောင်းဒကာကြီးဦးကျော်နှင့်
ဗိသုကာဆရာဆိုင်
=========================
ဦးရှမ်းကြီးနှင့်ဆရာဆိုင်တို့သွားသောအခါဦးကျော်က သူ့အိမ်ဝင်းအတွင်းမန်ကျည်းပင်အောက်ရှိကွပ်ပြစ်ပေါ်မှာပင်လဘက်ရည်ပွဲဖြင်ဧည့်ခံလေသည်။တဦးနှင့်တဦးနှုတ်ဆက်စကားပြောကြားကြပြီးနောက်ဦးကျော်ကအောက်ပါအတိုင်း ပြောကြားလေသည်-

ဆရာဆိုင်နဲ့ကျွန်တော့မှာအပြစ်တခုစီရှိနေကြပါတယ်။ကျွန်တော့အပြစ်ကဘာလဲဆိုရင်''မန္တလေးမှာဆရာဆိုင်''ဆိုတာဘိလပ်ကနေအလုပ်တွေဘာတွေရဆုတွေရနဲ့အင်မတန်ကျော်ကြားတယ်။အဲဒီဆရာဆိုင်ဆိုတာကိုကျောင်းဒကာအလုပ်များအပ်ဖူးပါသလားလို့မေးလာရင်မအပ်ဖူးပါလို့ဖြေရမှာဖြစ်တော့အဲဒါကျွန်တော့အပြစ် ဖြစ်နေပါတယ်။

တခါဆရာဆိုင်ကိုလည်းတယောက်ယောက်က"ဦးကျော်ဆိုတာမန္တလေးမှာမြို့မျက်နှာဖုံးအလွန်နာမည်ကြီးတဲ့ပုဂ္ဂိုလ်တယောက်"ဖြစ်တယ်။သူ့အလုပ်ကိုများလုပ်ဖူးပါသလားလို့မေးရင်ဆရာဆိုင်ကလည်း'မလုပ်ဖူးပါဘူး''လို့ဖြေရတော့မှာဖြစ်တော့အဲဒါဟာဆရာဆိုင်မှာရှိတဲ့အပြစ်ပါပဲ။

ဒီနေ့ကျွန်တော့မှာရှိနေတဲ့အပြစ်နဲ့ဆရာဆိုင်မှာရှိနေတဲ့အပြစ်ကိုချေကြမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အခုလိုဆရာဆိုင်ကိုခေါ်ပြီးတွေ့တာပါပဲ။

ဆရာဆိုင်သည်ဦးကျော်၏ဤစကားကိုကြားရသောအခါမိမိကြားဖူးထားသောသတင်းမှာမလိုသူတို့ကပြောထားသောသတင်းဖြစ်ကြောင်းနားလည်သွားတော့သည်။

ဤသို့ပြောပြီးနောက်ဦးကျော်ကမစိုးရိမ်တိုက်ရှိတိုက်ကျောင်းများတွင်အမိုးမျက်နှာကျက်များကိုမှန်စီရွှေချလုပ်ဖို့အလုပ်စတင်၍အပ်လေသည်။

အဖိုးနှုန်းထားပြောဆိုကြသောအခါဤအလုပ်မျိုးမလုပ်ဖူးသေး၍အဖိုးနှုန်းဘယ်လိုပြောရမည်မသိကြောင်းပြောသောအခါဦးကျော်က(ပစ္စည်း,လက်ခစသည်ခန့်မှန်းတွက်ချက်ပြီး)(၈)ပေပတ်လည်တကွက်လျှင်(၂၇ိ)ကျပ်နှုန်းဖြင့်လုပ်ရန်ပြောလေသည်။ဤဈေးနှုန်းဖြင့်လုပ်၍ရှုံးလျှင်ထပ်တိုး၍ပေးပါမည်ဟု ဆိုသည်။

ဦးကျော်အပ်သောအလုပ်ကိုလုပ်ကိုင်၍ပြီးခါနီး(ရွှေခံသစ်စေးသုတ်သော)အခါဦးကျော်ကဘယ်နှယ်လဲ၊ကျွန်တော်ပေးတဲ့နှုန်းနဲ့ကိုက်မကိုက်မှန်းနိုင်လောက်ရောပေါ့ဟုပြောရာဆရာဆိုင်ကလည်းအလုပ်လုပ်ရာတွင်အသုံးပြုရသည့်''သစ်စေး,ဟင်္သပြဒါး,ရွှေ''စသည်တို့ဈေးမတက်ပါမူဤနှုန်းအတိုင်းပင်လုပ်ပါမည်၊အကယ်၍ထိုပစ္စည်းတို့ဈေးကျခဲ့လျှင်လည်းလျှော့၍ပင်ယူပါဦးမည်''ဟုပြန်လည်ပြောကြားလေသည်။

ဤသို့လျှင်ရိုးဖြောင့်ပွင့်လင်းသောပုဂ္ဂိုလ်နှစ်ယောက်တို့မိတ်ဆွေဖြစ်သွားကြတော့သည်။ရိုးသားပွင့်လင်းမှုအပေါ်တွင်အခြေတည်၍မိတ်ဖြစ်ရသဖြင့်သူတို့၏မိတ်ဆွေအဖြစ်သည်ခိုင်မာလှပေသည်။

ဦးကျော်ကအလုပ်များကိုတခုပြီးတခုအပ်ခြင်းဖြင့်ဆရာဆိုင်ကိုချီးမြှောက်သည်။ဆရာဆိုင်ကလည်းစေတနာဖြင့်အလုပ်များကိုမခိုမကပ်ဘဲလုပ်ပေးသည်။

(မစိုးရိမ်သမိုင်းနှင့် သာသနာဝင်)

မူရင်း/ Moe Nat Thar
==================
ချိုချိုမြင့်အော့ဖ်ဆက်မှပြန်လည်မျဝေသည်။
29-6-2023

19/06/2023

မျက်စိတမှိတ် လျပ်တပျက်အတွင်းဖြစ်သွားနိုင်တယ်
ဘယ်အချိန် ဘယ်ကို ဘယ်လိုသွားရမှန်းမသိဘူး
နေ့စဉ် ကုသိုလ်နဲ့ကုန်ဆုံးပါစေ။

🙏🙏🙏
တင်ဝင်းနိုင်
19-6-2023

ပါဠိစာပေ ********စာတတ်တယ်ဆိုတာ ဘာလဲ လို့ တယောက်ကမေးလာလို့ - တိုတိုလေးပြောရရင် ကတ္တား ကံ ကြိယာ လိင် ဂိုဏ်း ဝုစ် ဝိဘတ် စသည်...
08/06/2023

ပါဠိစာပေ
********

စာတတ်တယ်ဆိုတာ ဘာလဲ လို့
တယောက်ကမေးလာလို့ -

တိုတိုလေးပြောရရင်

ကတ္တား ကံ ကြိယာ
လိင် ဂိုဏ်း ဝုစ် ဝိဘတ် စသည်
မှန်အောင်ရေးတတ်တာ၊

ပုဒ် ဓာတ် ပစ္စည်း ရုပ်ပြီးနည်းကို
ဝက်ဝက်ကွဲ နားလည်တာ၊

ရှည်ရှည်ပြောရရင်
သဒ္ဒါနည်းလမ်းစည်းကမ်းကျွမ်းကျင်တာ။

လက်ရှိသက်တော် (၉၄) နှစ်ရှိ
သက်တော်ရှည် ထေရီအပဒါနဒီပနီ ခေါ်
ထေရီအပဒါနအဋ္ဌကထာကျမ်းပြု
နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့
ဥက္ကဋ္ဌဆရာတော်ကြီးက

မိုးမိတ်ကုန်းမြေ
တိပိဋကနိကာယကျောင်းမှာ
တိပိသံဃာတော်များကို (၅) နှစ်တိတိ
စာဝါလာချစဉ်ကာလက ပြောဘူးသည်ကား

“တပည့်တော် ပိဋကသုံးပုံမှာ
တွေဝေတဲ့ ပုဒ်ပါဌ်အက္ခရာ
တလုံးမှ မရှိပါ” ဟု အမိန့်ရှိဘူးပါ၏။

မင်းကွန်းကိုပညာ
သီရိလင်္ကာ
မေ ၂၃ ၂၀၂၃

5-6-2023နေ့နှစ၍ဖော်ပြပါဖုန်းသို့ပြောင်းလဲဆက်သွယ်ပေးပါရန်။
04/06/2023

5-6-2023နေ့နှစ၍ဖော်ပြပါဖုန်းသို့
ပြောင်းလဲဆက်သွယ်ပေးပါရန်။

ဘိုးဘွားပိုင်မြေကွက်ရောင်းမည်***************************မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊မင်းတဲအီကင်းရပ်၊19လမ်းမေးတင်၊ြေ...
03/06/2023

ဘိုးဘွားပိုင်မြေကွက်ရောင်းမည်
***************************

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊မင်းတဲအီကင်းရပ်၊19လမ်းမေးတင်၊မြောက်ဘက်မျက်နှာလှည့်၊အရှေ့အနောက်မျက်နာဖွင့်22ပေ၊တောင်မြောက်72ပေအကျယ်အဝန်းရှိဘိုးဘွားပိုင်မြေနှင့်နံကပ်နှစ်ထပ်တိုက်။

လက်ရှိပိုင်ရှင်ကိုယ်တိုင်နေသည်အရူပ်အရှင်းမရှိရောင်းမည်လိုအပ်သူများဆက်သွယ်နိုင်သည်အကျိုးဆောင်များလည်းအကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ပါသည်။

ဆိုဈေး ကျပ်သိန်း 7000
တေ့တေ့ဆိုင်ဆိုင်အလျော့အတင်းပါးပါး။

ဆက်သွယ်ရန် -

ဦးတင်ဝင်းနိုင်
095557890
09402557890
09402557891

တစ်ဘဝတစ်ခန္ဓာချုပ်ငြိမ်းတော်မူရှာပြီ။*********************************25-5-2023နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမေ...
26/05/2023

တစ်ဘဝတစ်ခန္ဓာချုပ်ငြိမ်းတော်မူရှာပြီ။
*********************************
25-5-2023

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး သက်တော်(၉၄)နှစ် သိက္ခာတော်(၇၄)ဝါသည်( ၂၅.၅.၂၀၂၃) ည(၁၁း၁၁)မိနစ်အချိန်တွင် ပျံလွန်တော်မူပါသည်...
😢😢😢

🙏🙏🙏

အလှူခံလိုပါတယ်။*****************13 - 5 - 2023ကျွန်တော့်ပျက်စီးသွားတဲ့ကျောက်ကပ်အတွက်အစားထိုးကုသရန်အရေးပေါ်ကျောက်ကပ်(B)သွေး...
13/05/2023

အလှူခံလိုပါတယ်။
*****************
13 - 5 - 2023

ကျွန်တော့်ပျက်စီးသွားတဲ့ကျောက်ကပ်အတွက်အစားထိုးကုသရန်အရေးပေါ်ကျောက်ကပ်(B)သွေးအမျိုးအစားကျောက်ကပ်(၁)လုံးအလှူခံလိုပါတယ်။

ပထမဦးစားပေးအနေနဲ့
သားသမီး၊တူ ။ တူမ ။ ညီမ ။ အမ ။ အကို
ဆွေမျိုးများပထမဦးစားပေးအလှူခံလိုပါတယ်။
မှတ်ချက်။ ။အသက်(၃၀)မကျော်ရပါ။

တင်ဝင်းနိုင်
ချိုချိုမြင့်အာ့ဖ်ဆက်
095557890
09402557890
09402557891

အသက်ရှည်လိုရင် တဖြေးဖြေးရင့်ရော်ပြီး အိုရခြင်း၊ ခန္ဓာကိုယ်က လက်ခံမွေးမြူသော ရောဂါပေါင်းစုံကို တိုက်ဖျက်ရခြင်း၊အစစအရာရာဆုတ...
11/05/2023

အသက်ရှည်လိုရင် တဖြေးဖြေးရင့်ရော်ပြီး အိုရခြင်း၊ ခန္ဓာကိုယ်က လက်ခံမွေးမြူသော ရောဂါပေါင်းစုံကို တိုက်ဖျက်ရခြင်း၊အစစအရာရာဆုတ်နိမ့်လျော့ပါးခြင်း တွေကို ကြုံကြရစမြဲ။

ဆရာတော်ကြီးပိန်ကျသွားပေမယ့်ကိုယ်တိုင်ဘုဉ်းနိုင်တာကအပေါင်းလက္ခဏာအကောင်းလက္ခဏာပါ။အကြောင်းကောင်းတွေကြောင့်အကျိုးကောင်းတွေရမယ့် ကုသိုလ်ကံတွေသာ အကျိုးပေးခွင့်ရပါစေဘုရား။

 #ဘုရားဂုဏ်တော်များများပွားပါ••••••••••••••••••••••••••••••ဗန်းမော်ဆရာတော်ဘဒ္ဒန္တကုမာရာဘိဝံသမဟာထေရ်နေ့စဉ်နေ့စဉ်ဘုရားဂုဏ်တေ...
30/03/2023

#ဘုရားဂုဏ်တော်များများပွားပါ
••••••••••••••••••••••••••••••
ဗန်းမော်ဆရာတော်ဘဒ္ဒန္တကုမာရာဘိဝံသမဟာထေရ်

နေ့စဉ်နေ့စဉ်ဘုရားဂုဏ်တော်(၉)ပါးကိုပွားများရတယ်။အဲဒီလိုဘုရားဂုဏ်တော်တွေပွားများရင်ဘုရားဓာတ်တွေတည်ထားတဲ့ပုဂ္ဂိုလ်ပေါ်ဘုရားဓာတ်တွေကိန်းလာတယ်။အဲဒီလိုဘုရားဓာတ်တွေကိန်းတော့ဘုရားရဲ့ဘုန်းတန်ခိုးအာနုဘော်တွေလည်းတဖြည်းဖြည်းကူးလာတယ် . . .

ဘုန်းဘုန်းတို့နှစ်သစ်အချိန်အခါကကာလတစ်နှစ်ပြောင်းသွားတော့သိပ္ပံနည်းအရနေကဟိုးဒက္ခိဏအရပ်ကနေတဖြည်းဖြည်းရပ်ပြီးတော့ဒီဘက်ပြန်ပြောင်းလာတာကိုနှစ်သစ်လို့ခေါ်တာပေါ့။

ကမ္ဘာကြီးက နေကို ပတ်လှည့်နေတာ။

အဲဒီလိုအချိန်အခါမျိုးမှာဒီကမ္ဘာပေါ်မှာရှိတဲ့လူတွေ၊နတ်တွေ၊ဗြဟ္မာတွေ၊သစ်ပင်တောတောင်ရေမြေတွေလည်းဥတုအလိုက်နေရဲ့အပူရှိန်နဲ့လိုက်ပြီးတော့ပြောင်းကြတယ်။

အဲဒီလိုပြောင်းသလိုသက်ရှိသတ္တဝါတွေကဘာပြောင်းရလဲဆိုတော့အကောင်းဆုံးကနှစ်သစ်မှာဘုရားဂုဏ်တော်ပုတီးစိပ်မေတ္တာပွားတာအလွန်တရာကောင်းပါတယ်။နေ့စဉ်နေ့စဉ်ဘုရားဂုဏ်တော်(၉)ပါးကိုပွားများရတယ်။

အဲဒီလိုဘုရားဂုဏ်တော်တွေပွားများရင်ဘုရားဓာတ်တွေတည်ထားတဲ့ပုဂ္ဂိုလ်ပေါ်ဘုရားဓာတ်တွေကိန်းလာတယ်။အဲဒီလိုဘုရားဓာတ်တွေကိန်းတော့ဘုရားရဲ့ဘုန်းတန်ခိုးအာနုဘော်တွေလည်းတဖြည်းဖြည်းကူးလာတယ်။ ဥပမာအားဖြင့် သံလိုက်တုံးကြီးနဲ့ရိုးရိုးသံလေး အတူထားလိုက်ရင်သံလိုက်တုံးကြီးထဲကသံလိုက်ဓာတ်တွေကရိုးရိုးသံထဲကူးသွားပြီးတော့ရိုးရိုးသံလေးပါ သံလိုက်ဖြစ်သွားတယ်။

အဲဒီဘုရားဂုဏ်တော်ပုတီးစိပ်ပါများရင်ဒီခန္ဓာကိုယ်ထဲဘုရားဓာတ်တွေကိန်းသွားတယ်။ဘုရားဓာတ်တွေကိန်းသွားတဲ့အတွက်သေတောင်မှမပုပ်တော့ဘူး။ရဟန္တာများပရိနိဗ္ဗာန်စံရင်မပုပ်သလိုဘုရားဂုဏ်တော်ပုတီးစိပ်တဲ့ပုဂ္ဂိုလ်များလည်းသေရင်မပုပ်ဘူး။

ဘယ်လောက်ကြာကြာစိပ်ရမလဲဆိုရင်အနှစ်(၂ဝ)စိပ်ရမယ်။ဘုရားဂုဏ်တော်ကိုအနှစ်(၂ဝ)ပုတီးစိပ်ရင်ဒီခန္ဓာကိုယ်ကြီးမပုပ်တော့ဘူး။အဲဒီလိုဘုန်းတန်ခိုးကြီးတယ်။

မြတ်စွာဘုရားသခင်ရဲ့ဂုဏ်တော်တွေကိန်းသွားလို့အဲလိုဂုဏ်တော်တွေကိန်းသွားတဲ့ပုဂ္ဂိုလ်ကဖြစ်လေရာဘဝသံသရာမှာလည်းပဲဘုရားဓာတ်တွေရဲ့အရှိန်အဝါကြောင့်မြင့်မြတ်တဲ့အမျိုးအနွယ်ဖြစ်မြင့်မြတ်တဲ့စည်းစိမ်ဥစ္စာနဲ့ခံစားရပြီးနောက်ဆုံးနိဗ္ဗာန်ကိုမြန်မြန်ရတယ်။

နိဗ္ဗာန်ကိုမြန်မြန်လိုချင်တဲ့ပုဂ္ဂိုလ်သည်ဘုရားဂုဏ်တော်ပုတီးစိပ်၊မေတ္တာပွား၊မေတ္တာပွားဆိုတာကလည်းမေတ္တာဆိုတာအမျိုးမျိုးရှိတယ်၊အမျိုးမျိုးရှိတော့အကျဉ်းချုပ်ဆိုရင်တော့ကျန်းမာပါစေ၊ချမ်းသာပါစေလို့ဒီလိုပွားရတယ်။

သတ္တဝါလေးတွေမြင်ရင်ခွေးဖြစ်ဖြစ်၊ဝက်ဖြစ်ဖြစ်၊ကြက်ဖြစ်ဖြစ်၊ငှက်ဖြစ်ဖြစ်၊ပုရွက်ဆိတ်ဖြစ်ဖြစ်သတ္တဝါလေးတွေမြင်ရရင်ကျန်းမာပါစေ၊ချမ်းသာပါစေ၊အဲဒီလိုမေတ္တာပွားရင်လည်းဘုရားဓာတ်တွေကဒီခန္ဓာကိုယ်ကိုကိန်းလာတယ်။

ဘုရားဓာတ်တွေကိန်းလာတဲ့အတွက်အဲဒီပုဂ္ဂိုလ်ကိုလှူတဲ့တန်းတဲ့လူလည်းပေါလာတယ်။ပေးတဲ့ကမ်းတဲ့ပုဂ္ဂိုလ်တွေလည်းအကျိုးကြီးမားတယ်။ဘယ့်နှယ့်ကြောင့်ဆိုတော့ရဟန္တာပုဂ္ဂိုလ်များ၊မြတ်စွာဘုရားများ၊ပစ္စေကဗုဒ္ဓါများကိုလှူလို့ရှိရင်ရိုးရိုးလူကိုလှူတာထက်အကျိုးများတယ်။

အဘယ့်ကြောင့်လဲဆိုရင်မြတ်စွာဘုရားရှင်ပစ္စေကဗုဒ္ဓါဆိုတဲ့ပုဂ္ဂိုလ်တွေကအများအားဖြင့်ဖိုလ်ဝင်စားပြီးတော့နေကြတယ်။အဲဒီဖိုလ်ရဲ့အာရုံဖြစ်တဲ့နိဗ္ဗာန်ကလည်းလောကုတ္တရာစိတ်တွေဝင်စားပြီးဒီခန္ဓာကိုယ်ကမွှေးကြိုင်သွားတယ်။

ဥပမာအားဖြင့်ရေမွှေး၊ပေါင်ဒါ၊နံ့သာဖြူစတဲ့အမွှေးနံ့သာကဲ့သို့ဒီခန္ဓာကိုယ်ကြီးကမွှေးနေတယ်။ဘုရားဂုဏ်တော်တွေပုတီးစိတ်တာများရင်ဒီခန္ဓာကိုယ်ကြီးကသေလည်းမပုပ်တော့ဘူး။အဲ့ဒီလိုအကျိုးရှိတယ်။

တစ်ယောက်နဲ့တစ်ယောက်မေတ္တာတွေမပွားနိုင်ကြလို့ပစ်ကြ၊ခတ်ကြ၊သတ်ကြ၊ပုတ်ကြ၊ရိုက်ကြ၊နှက်ကြတာမေတ္တာမပွားနိုင်လို့မေတ္တာပွားရင်တစ်ယောက်နှင့်တစ်ယောက်ကိုယ့်ညီလေးတွေလိုအကိုကြီးတွေလို၊သားလေး၊သမီးလေးတွေလိုအောက်မေ့ပြီးတော့မေတ္တာထားရင် ခိုက်ရန်ဖြစ်တာမရှိတော့ဘူး။

ခိုက်ရန်ဖြစ်တာမရှိတော့စစ်တိုက်တာတွေတိုင်းပြည်တစ်ပြည်နှင့်တစ်ပြည်စစ်တွေဖြစ်ဗုံးတွေကြဲစက်သေနတ်တွေပစ်တာမရှိဘူးဆိုရင်တိုင်းပြည်အေးချမ်းသာယာတယ်။ တိုင်းပြည်နဲ့တစ်ကမ္ဘာလုံးအေးချမ်းအောင် ဘုရားဂုဏ်တော်တွေပုတီးစိပ်မေတ္တာပွားကြရမယ်။

အဲဒါကြောင့်နှစ်သစ်အချိန်ခါမှစပြီးတော့ကမ္ဘာသူကမ္ဘာသားအားလုံးကဘုရားဂုဏ်တော်ကိုတစ်နေ့သုံးခါအဖြစ်
#မနက် အိပ်ရာထတစ်ခါ
#နေ့လယ် ၁၂ နာရီ တစ်ခါ
#ညအိပ်ရာဝင် တစ်ခါ ပုတီးစိပ်ပြီး မေတ္တာပွားကြပါ။

မေတ္တာပွားခြင်းဖြင့်ကမ္ဘာသူကမ္ဘာသားနိုင်ငံသူနိုင်ငံသားများကိုယ်စိတ်နှလုံးကျန်းမာချမ်းသာကြကုန်စေသတည်း။

( #ဗန်းမော်ဆရာတော်ဘုရားကြီး ဦးကုမာရာဘိဝံသ )
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌဆရာတော် ၊
၂၀၁၇ နှစ်သစ်ကူးဩဝါဒ ။

Credit.
🌹🙏🌹
#ချိုချိုမြင့်အော့ဖ်ဆက်မှပြန်လည်မျဝေပူဇော်ပါသည်

မလေးရှားမိသားစု၏အလှူ🙏🙏🙏ယနေ့..ဗန်းမော်ဆရာတော်ကြီး၏ကျန်းမာရေးအတွက်ဆေးဘိုးလှူဒါန်းကြသောမလေးရှားမိသားစုမှဆရာတော်ဘုရားကြီးကြည...
28/03/2023

မလေးရှားမိသားစု၏အလှူ
🙏🙏🙏
ယနေ့..

ဗန်းမော်ဆရာတော်ကြီး၏ကျန်းမာရေးအတွက်ဆေးဘိုးလှူဒါန်းကြသောမလေးရှားမိသားစုမှဆရာတော်ဘုရားကြီးကြည်ညိုပူဇော်နိုင်ရန်အတွက် -

ရွှေအစစ်နှင့်ပြုလုပ်ထားသောရွှေစေတီစေတီတော်ကိုပါလှူဒါန်းပူဇော်ပါတယ်။

🙏🙏🙏

ထိုင်းနိုင်ငံမှာ ကျန်းမာရေး စစ်ဆေးနေတဲ့ ဗန်းမော်ဆရာတော်ကြီးကို ကျန်းမာရေး ကောင်းမွန် ယနေ့ နံနက်ပိုင်း အရုဏ်ဆွမ်းဘုန်းပေး...
27/03/2023

ထိုင်းနိုင်ငံမှာ ကျန်းမာရေး စစ်ဆေးနေတဲ့ ဗန်းမော်ဆရာတော်ကြီးကို ကျန်းမာရေး ကောင်းမွန် ယနေ့ နံနက်ပိုင်း အရုဏ်ဆွမ်းဘုန်းပေး........................
မတ်လ ၂၇

ဗန်းမော်ဆရာတော်ကြီးသည်ကျန်းမာရေးစစ်ဆေးဖို့အတွက်ထိုင်းနိုင်ငံကိုရောက်ရှိနေတာဖြစ်ပါတယ်။ယနေ့မတ်လ(၂၇)ရက်နေ့နံနက်ပိုင်းမှာတော့ဗန်းမော်ဆရာတော်ကြီးအရုဏ်ဆွမ်းဘုန်းပေးနေတာကိုဖူးတွေ့ရတာပါ။

ဆရာတော်ကြီးကျန်းမာရေးကောင်းမွန်တယ်လို့လည်းအနီးနားရှိဆရာတော်တွေကမိန့်ကြားထားပါတယ်။

ဆေးကုသမှုခံယူမည့်ဗန်းမော်ဆရာတော်ကြီးထိုင်းနိုင်ငံသုဝဏ္ဏဘူမိလေဆိပ်သို့ရောက်ရှိစဉ်ထိုင်းတော်ဝင်မင်းသမီးတစ်ဦးကလာရောက်ကြိုဆိုခဲ့တယ်လို့လည်းသိရပါတယ်။

သတင်းအပြည့်အစုံဖတ်ရှုရန် >>>
https://www.myanmaplatform.com/a/70057.html
https://t.me/myanmaplatform

Photo # Ashin Chekinda Ayeyarwadythar

နိုင်ငံတော်ဗဟိုသံဃာ့မဟာနာယက ဥက္ကဋ္ဌဒေါက်တာ ကုမာရာဘိဝံသ အဘိဓဇမဟာရဋ္ဌဂုရု ဗန်းမော်ဆရာတော်ဘုရားကြီးသည်ကျန်းမာရေးအစာင့်အရှောက်ခံယ...
26/03/2023

နိုင်ငံတော်ဗဟိုသံဃာ့မဟာနာယက ဥက္ကဋ္ဌဒေါက်တာ ကုမာရာဘိဝံသ အဘိဓဇမဟာရဋ္ဌဂုရု ဗန်းမော်ဆရာတော်ဘုရားကြီးသည်ကျန်းမာရေးအစာင့်အရှောက်ခံယူရန်အတွက်ထိုင်းနိုင်ငံ
NONTHABURI , BANG BUA THONG ,WAT BANG PHAI ဘုန်းတော်ကြီးကျောင်းသို့

(25.3.23)ည(၉း၀၀)ခန့်ကအဆင်ပြေချောမွေ့စွာရောက်ရှိသီတင်းသုံးနေတော်မူနေပါပြီဖြစ်ကြောင်းသိရှိရပါသည်။


ဆရာတော်ကျန်းကျန်းမာမာချမ်းချမ်းသာသာသနာ့ဝန္ကိုခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေ.ဘုရား.....

ဆရာတော်ဘုရားကြီး၏ ကျန်းမာရေးအမြန်ဆုံး ကောင်းမွန်လာပါစေဘုရား....

ဆရာတော်ဘုရားကြီး
နေကောင်းကျန်းမာစွာဖြင့်
သက်တော်ရာကျော်ရှည်ပါစေဘုရား....

ချိုချိုမြင့်အော့ဖ်ဆက်မိသားစု
🙏🙏🙏

:::

ဆရာသခင်ကျေးဇူးရှင်၏အလှူတော်မင်္ဂလာအောင်ပွဲ အထူးဓမ္မသဘင်🙏🙏🙏
20/03/2023

ဆရာသခင်ကျေးဇူးရှင်၏
အလှူတော်မင်္ဂလာအောင်ပွဲ အထူးဓမ္မသဘင်

🙏🙏🙏

❛မတသန္တက************ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ❪မစိုးရိမ်တိုက်သစ်❫ ၁၃၆၅ခုနှစ်၊တန်ခူးလကွယ်နေ့ကဆရာတော်(ဦးသိရိန္ဒာဘိဝံသ၊အဘိဓဇမဟာရဋ္ဌဂုရ...
04/12/2022

❛မတသန္တက
************
ဘဒ္ဒန္တ ရာဇဓမ္မာဘိဝံသ ❪မစိုးရိမ်တိုက်သစ်❫

၁၃၆၅ခုနှစ်၊တန်ခူးလကွယ်နေ့ကဆရာတော်(ဦးသိရိန္ဒာဘိဝံသ၊အဘိဓဇမဟာရဋ္ဌဂုရု) ပျံတော်မူသွားတယ်၊ သူ့မှာပုဂ္ဂလိကပစ္စည်းလေးတွေနည်းနည်းပါးပါးကျန်ရစ်ပါတယ်၊သင်္ကန်းတို့ဖိနပ်တို့စသည်ပေါ့။

အဲဒီကျန်ရစ်တဲ့ပစ္စည်းတွေကဘယ့်သူမှအပ်မပြစ်ခဲ့တော့ကို"မတသန္တကသံဃိက"လို့ခေါ်တယ်၊ပျံတော်မူသွားရင်ဒို့ဝိနည်းထုံးစံကကိုယ်ပိုင်ပုဂ္ဂလိကပစ္စည်းတွေကိုဘယ်သူ့မှမအပ်ခဲ့ဘူးဆိုရင်အဲဒါမတသန္တကသံဃိက(သေသူပိုင်ဆိုင်သောသံဃိက)ပေါ့ကွာ။

အဲသလိုမတသန္တကသံဃိကဖြစ်သွားတဲ့အတွက်ဒီတိုက်သစ်သံဃာအားလုံးပိုင်ဆိုင်ပါတယ်၊ဒါပေမဲ့တိုက်သစ်သံဃာအားလုံးကိုဝေဖို့ခြမ်းဖို့အဲဒီလောက်ထိအောင်ပစ္စည်းကမများဘူး၊ဒီတော့ဆရာတော်ကျန်ရစ်ခဲ့တဲ့အဲဒီသင်္ကန်းဖိနပ်စတဲ့ပစ္စည်းလေးတွေကိုဂိလာနုပဋ္ဌာကသံဃာများဓမ္မကာယကျောင်းနေသံဃာများအဲဒီသံဃာများကိုမဲချပြီးတော့လှူဒါန်းလိုက်မယ်၊အဲဒါမင်းတို့သံဃာများကိုကျေနပ်ကြဖို့ငါကပန်ကြားတာ။

အေးဝေဖန်လို့ရတဲ့ပစ္စည်းမှန်သမျှအကုန်လုံးဝေဖန်လိုက်မယ်၊ဝေဖန်လို့မရတဲ့ရေခဲသေတ္တာတို့ဘာတို့အဲဒါတွေကြရင်တော့"ဂရုဘဏ်"လို့ခေါ်တာပေါ့ကွာ၊ဝေဖန်လို့မရဘူး၊အဝေဘင်္ဂယလို့ခေါ်တယ်၊အဲဒီဟာတွေကဒီအတိုင်းပဲသံဃာများသုံးစွဲရအောင်ဆိုပြီးတော့ဒီအတိုင်းပဲထားမယ်။

သင်္ကန်းဖိနပ်တို့ထီးတို့စသည်အဲဒီဆရာတော်ကျန်ရစ်ခဲ့တဲ့ပစ္စည်းလေးများနည်းနည်းပါးပါးရှိပါတယ်၊အဲဒါတွေကိုမတသန္တကသံဃိကဖြစ်နေတဲ့အတွက်သံဃာအားလုံးပန်ကြားပါတယ်၊ဂိလာနုပဋ္ဌာကသံဃာတော်များကာယကျောင်းနေသံဃာများအဲဒီသံဃာများကိုမဲချပြီးတော့လှူဒါန်းလိုက်မယ်၊အဲဒါသံဃာအားလုံးသိဖို့။ ။

📖မန္တလေးမြို့၊မစိုးရိမ်တိုက်သစ်ကြီးများ၏အဓိပတိမဟာနာယကဆရာတော်ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏စိန်ရတုအထိမ်းအမှတ် သြဝါဒတရားတော်များစာအုပ်။ (၁၃၆၅-ခု၊ ကဆုန်လကွယ်နေ့ သြဝါဒ)မှ
ကူးယူရေးသားမျှဝေအပ်ပါသည်။ ။



#မူရင်းပို့စ်တင်သူအားကျေးဇူးအထူးတင်ပါသည်
#မေတ္တာဖြင့်ကုသိုလ်ပြုပြန်လည်မျှဝေပါသည်
#ချိုချိုမြင့်အော့ဖ်ဆက်မန္တလေး။

၁၃၈၂ ခုနှစ် သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရသာသနာ့အာဇာနည်အရှင်ပါမောက္ခ၏ဂုဏ်ပြုပွဲအကြိုဓမ္မသဘင်နှင့်အခမ်းအနားဗီနိုင်းများဆောင်...
04/12/2022

၁၃၈၂ ခုနှစ်
သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ
သာသနာ့အာဇာနည်အရှင်ပါမောက္ခ၏ဂုဏ်ပြုပွဲအကြိုဓမ္မသဘင်နှင့်အခမ်းအနားဗီနိုင်းများဆောင်ရွက်ပြီးစီး။

🙏🙏🙏

သာသနာတော်အကျိုးဆထက်တိုး
ဆောင်ရွက်နိုင်ပါစေဘုရား။

၁၃၈၂ ခုနှစ် သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရသာသနာ့အာဇာနည် အရှင်ပါမောက္ခ🙏🙏🙏သာသနာတော်အကျိုးဆထက်တိုးဆောင်ရွက်နိုင်ပါစေဘုရား။
01/12/2022

၁၃၈၂ ခုနှစ်
သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ
သာသနာ့အာဇာနည် အရှင်ပါမောက္ခ

🙏🙏🙏

သာသနာတော်အကျိုးဆထက်တိုး
ဆောင်ရွက်နိုင်ပါစေဘုရား။

အဖေသေဆုံးသွားတဲ့နေ့▬▬▬▬▬▬▬▬▬❒မင်းအဖေဆုံး ……သွားပြီနင့်အဖေ သေ ……သွားပြီဆိုတဲ့ အသံမျိုးကိုအဖေဆုံးရှုံးခဲ့ရဖူးသူတိုင်း ကြား...
27/08/2022

အဖေသေဆုံးသွားတဲ့နေ့
▬▬▬▬▬▬▬▬▬

❒မင်းအဖေဆုံး ……သွားပြီ
နင့်အဖေ သေ ……သွားပြီဆိုတဲ့ အသံမျိုးကို
အဖေဆုံးရှုံးခဲ့ရဖူးသူတိုင်း ကြားခဲ့ရတဲ့
စကားလည်းဖြစ်သလို
မကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်မှာပါ။

❒အဲဒီအချိန်အခိုက်တန့်လေးမှာ
ခံစားရတဲ့ခံစားချက်က
ငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူး
အသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်
အဲဒါက ဘဝမှာလုံးဝမျှော်လင့်မထားသော
တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ။

❒ခဏအကြာမှ ကမ္ဘာကြီးမီးလောင်သွားသလို
ခန္ဓာကိုယ်တစ်ခုလုံး အပူတွေတက်လာတယ်
ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့
အသံတစ်သံထွက်ကျလာခဲ့တယ်လေ
အဲဒါက အဖေ……ဆိုတဲ့စကားတစ်ခွန်းပေါ့။

❒ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး
အကြောက်တရားတွေလည်းကင်းနေပီ
အဖေ့ကိုဖက်ဖက်ပြီးငိုကြွေးခြင်းတွေနဲ့အတူ
ရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက
နောက်နေ့တွေကစတင်ပြီး
လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာ
ငါဟာ အဖေလို့ခေါ်ခွင့်မရှိတော့တဲ့သူလို့။

❒အရွယ်ရောက်လာပြန်တော့
အားအင်တွေအပြည့်နဲ့
ထမင်းတစ်လုတ်လောက်တော့
အဖေ့ကိုကျွေးချင်မွေးချင်ခဲ့တယ်
ဒါပေမယ့် အဖေက ဘေးနားမှာရှိမနေတော့ဘူး။

❒သူများသားသမီးတွေ
အဖေ အဖေလို့ခေါ်တဲ့အသံကိုကြားရတိုင်း
အခုဆိုရင် အဖေဘယ်ဘဝများရောက်နေသလဲ
အဖေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ
တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင်
နှုတ်ခမ်းဝမှာတင် အဖေ ……လို့တမ်းတခဲ့တယ်။

❒ရှာရင်လည်းတွေ့
ကြာရင်လည်းမေ့ဆိုတဲ့ ဒီစကားထဲမှာ
အဖေတွေတော့မပါလောက်ဘူးထင်ပါရဲ့နော်
ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ်
ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ
မေ့မရသေးလို့လေ။

❒မမေ့ပါရစေနဲ့ ……
လက်တွေ့မှာ အဖေ မရှိပေမယ့်
ရင်ထဲမှာတော့ အဖေ့ကိုဖက်တွယ်ထားပါရစေ
အဖေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့်
စိတ်ထဲကအလိုရှိတဲ့အခါ တမ်းပါရစေ
ပြန်မဆုံနိုင်တော့တာသိပါလျှက်နဲ့
အဖေကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း
အဖေ့ကိုလေ …… ရူးမိုက်စွာတွေနဲ့ပဲ
မျှော်နေတတ်ကြတယ်ဆိုတာပါပဲလေ။

ဖန်ခါးမြေအရှင်
⭐⭐⭐⭐⭐

ဘယ်နေရာမှာပဲနေနေ စိတ်ကောင်းမွေးပြီး နေပါ ။ဘယ်သူနဲ့ပဲပေါင်းပေါင်း ကိုယ်ချင်းစာစိတ်နဲ့ ပေါင်းပါ ။ဘာအလုပ်ပဲလုပ်လုပ် စေတနာထာ...
27/08/2022

ဘယ်နေရာမှာပဲနေနေ
စိတ်ကောင်းမွေးပြီး နေပါ ။
ဘယ်သူနဲ့ပဲပေါင်းပေါင်း
ကိုယ်ချင်းစာစိတ်နဲ့ ပေါင်းပါ ။
ဘာအလုပ်ပဲလုပ်လုပ်
စေတနာထားပြီး လုပ်ပါ။
တစ်နေ့ ရောင်ပြန်ဟပ်ပါလိမ့်မယ် ။

လူတွေချစ်ဖို့အတွက် မေတ္တာနဲ့ နေရတယ် ။
ကံတွေချစ်ဖို့အတွက် ကုသိုလ်နဲ့ နေရတယ် ။
လူမုန်း ကံမုန်းရင်တော့ ဘဝတုံးတော့တာပါပဲ ။

မေတ္တာပဲဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ်
လိုတာထက် ပိုပြီး ပေးမိသွားတဲ့အခါ
ကိုယ့်ဘက်ကို ပြန်ကြည့်ဖို့လည်း
သတိမရတော့ဘူး ။

တန်ဖိုးထားရကောင်းမှန်း မသိတော့သလို
ဘယ်နေရာမှာမဆို သာမာန်ထက် ပိုသွားရင်
နာကျင်ရတတ်တယ်လေ ။

အသီး ဘယ်လောက်ကြီးကြီး
အရသာရှိမှ တန်ဖိုးရှိတာ...
စာ ဘယ်လောက်တတ်တတ်
ပညာရှိမှ တန်ဖိုးရှိတာ...
လူ ဘယ်လောက်ကြီးကြီး အသိတရားရှိနေမှ
တန်ဖိုးရှိတာပါရှင့်.. ။

အမှန်တော့ ဘဝဆိုတာ လဲကျရင်
ပြန်ထပြီးတော့ လူတစ်ယောက်ကို
ပြုံးပြနိုင်အောင် ကြိုးစားလိုက်ပါ ။😊🙂
လောကဓံမျဉ်းပြိုင်ကြားမှာ မင်းနိုင်ဖို့ဆိုရင်
ဘာပဲဖြစ်ဖြစ် အားတင်းထားပေးပါ... ။

__________________________________

ယနေ့အလုပ်***********16-3-2022အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ၊မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်နာယကဘဒ္ဒန္တပညိန္ဒာလင်္ကာရမထေရ်မြတ်၏တပည...
16/03/2022

ယနေ့အလုပ်
***********
16-3-2022
အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ၊မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်နာယကဘဒ္ဒန္တပညိန္ဒာလင်္ကာရမထေရ်မြတ်၏တပည့်များဖြစ်ကြသည့်၊သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရအပူဇော်ခံသံဃာတော်များနှင့်သီလရှင်ဆရာလေးများအခမ်းအနားတွင်ကိုင်ဆောင်မည့်ကတ္တီပါယပ်တောင်များ။

ယနေ့ခိုင်ဗန်းမော်ကားဖြင့်တင်ပို့။

စုံစမ်းရန်
0955890

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ၊မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်နာယကဘဒ္ဒန္တပညိန္ဒာလင်္ကာရမထေရ်မြတ်နှင့်တပည့်များဖြစ်ကြသည့်၊သာသနဓဇဓမ...
10/03/2022

အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်ရ၊မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်နာယကဘဒ္ဒန္တပညိန္ဒာလင်္ကာရမထေရ်မြတ်နှင့်တပည့်များဖြစ်ကြသည့်၊သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရအပူဇော်ခံသံဃာတော်များနှင့်သီလရှင်ဆရာလေးများအားကြည်ညိုဖွယ်ဖူးတွေ့ရစဉ်။

08/03/2022

ဗန်းမော်မြို့၊မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်၊တပေါင်းလဆန်း(၃)ရက်နေ့ကမိမိ၏မွေးနေ့ကုသိုလ်မှတ်တမ်း။

အမှတ်တရသိမ်းထားခြင်လို့ပါ။

မွေး နေ့ မွေး ရက် ကု သိုလ် ဆက်****************************4-3-2022ယနေ့ကြရောက်သည့်မိမိမွေးနေ့အကြောင်းပြု၍သံဃာဂုဏ်ကိုရည်မေ...
04/03/2022

မွေး နေ့ မွေး ရက် ကု သိုလ် ဆက်
****************************
4-3-2022
ယနေ့ကြရောက်သည့်မိမိမွေးနေ့အကြောင်းပြု၍သံဃာဂုဏ်ကိုရည်မျော်မှန်းဆလှူဒါန်းပါ၏ဘုရား။ပင့်သံဃာငါးပါးတပါး(၃၀၀၀၀)ကျပ်နှင့်သင်္ကန်းဒွိစုံငါးစုံ။

ဤကောင်းမူအကြောင်းပြု၍ကျန်းမာချမ်းသာကြပါစေ။

🙏🙏🙏🙏

တင်ဝင်းနိုင်
ချိုချိုမြင့်အော့ဖ်ဆက်

အမောက်ထောင်၍ သည်းခံပါ**************************ရှေးအခါကရွာတစ်ရွာမှာအင်မတန်အဆိပ်ပြင်းတဲ့မြွေဟောက်ကြီးတစ်ကောင်သည်ရွာ၏အနီးလ...
04/03/2022

အမောက်ထောင်၍ သည်းခံပါ
**************************

ရှေးအခါကရွာတစ်ရွာမှာအင်မတန်အဆိပ်ပြင်းတဲ့မြွေဟောက်ကြီးတစ်ကောင်သည်ရွာ၏အနီးလယ်ပြင်မှာ ရှိနေခဲ့တယ်။

အဲဒီမြွေဟောက်ကြီးဟာရွာအပြင်လယ်ကွင်းထဲထွက်လာသူအားလုံးကိုလိုက်၍ကိုက်သတ်နေသောကြောင့်ရွာသားများဟာရွာအပြင်လယ်ကွင်းထဲကိုမည်သူမျှမသွားရဲကြပေ။

ထိုအခါရသေ့ကြီးတစ်ပါးသည်ရွာထဲသို့ဆွမ်းခံကြွလာသောအခါရွာသားများကရသေ့ကြီးအားမြွေဟောက်ကြီးအကြောင်းလျောက်ထားကြရာရသေ့ကြီးသည်မြွေဟောက်ကြီးကိုမေတ္တာပို့သ၍ခန္တီတရားလက်ကိုင်းထားကာမြွေဟောက်ကြီးရှိရာရွာအပြင်လယ်ကွင်းထဲသို့သွားလေ၏။

မြွေဟောက်ကြီးသည်ရသေ့ကြီးလယ်ကွင်းထဲထွက်လာသည်ကိုမြင်တယ်ဆိုရင်ပဲအမောက်ထောင်ကာရသေ့ကြီးရှိရာသို့ပြေးကာကိုက်လေ၏။

ရသေ့ကြီးသည်မြွေဟောက်ကြီးမည်မျှကိုက်နေပါမူဘာမျှမဖြစ်အပြုံးမပျက်ပဲသီးခံတော်မူ၍မေတ္တာကိုသာကြိမ်ဖန်များစွာပွားများနေလေသည်။

ထိုအခါမြွေဟောက်ကြီးသည်ထိတ်လန့်၍မေးလေသည်။အရှင်ရသေ့ကျွန်ုပ်၏အဆိပ်ဟာအင်မတန်ပြင်းသည်။ကျွန်ုပ်ကိုက်၍ကွမ်းတစ်ယာညက်မျှကြာလျှင်လူသားတွေဟာသေကုန်ပါတယ်သို့သော်အရှင်ရသေ့ကအဘယ်ကြောင့်မသေပါသနည်း။

ထိုသို့မေးသောအခါရသေ့ကြီးကသင်မြွေဟောက်မေတ္တာထား၍သီးခံခြင်းကြောင့်သာသင့်အဆိပ်ကိုကျွန်ုပ်အောင်နိုင်ခြင်းဖြစ်တယ်။

ဒါကြောင့်သင်သည်လည်းလူသားတွေကိုဒေါသအဆိပ်ဖြင့်အနိုင်ယူခြင်းထက်မေတ္တာထား၍သီးခံခြင်းဟာအရာအားလုံးကိုအောင်မြင်နိုင်ပါတယ်။

သင်သည်လည်းယနေ့ကစ၍လူသားတွေကိုမကိုက်သတ်ပါနဲ့မေတ္တာထား၍သည်းခံပေးပါလို့ဆုံးမတော်မူလေသည်။ထိုအခါမြွေဟောက်ကြီးလည်းသဘောကျနှစ်သက်၍ကတိသစ္စာပေးလိုက်၏။

မြွေဟောက်ကြီးမကိုက်တော့မှန်းသိလေသောအခါရွာသားများသည်မြွေဟောက်ကြီးအပေါ်ကနေကျော်ခွသွားလေ၏။မြွေဟောက်ကြီးကမော့ကြည့်ကာအော်မေတ္တာထားသည်းခံရမယ်လေဆိုကာသည်းခံ၍သာနေလေ၏။

ထို့နောက်ရွာသားများဟာမြွေဟောက်ကြီးကိုနင်း၍သွားကြ၏။ထိုအခါမှာလည်းမော့ကြည့်ကာအော်မေတ္တာထားသည်းခံရမယ်လေဆိုကာသည်းခံ၍သာနေလေ၏။

အချိန်ကြာလာသည်နှင့်အမျှရွာသားများဟာမြွေဟောက်ကြီးကိုပျက်ရယ်ပြုကကလေးတွေကအစခွေခေါက်ကစားလာကြသည်။ထိုအခါတွင်လည်းအော်မေတ္တာထားသည်းခံရမယ်လေဆိုကာသည်းခံ၍သာနေလေ၏။

ဒါနဲ့ရွာသားများဟာမကိုက်မှန်းသိလေတော့ပို၍တိုး၍မြွေဟောက်ကြီးကိုညှဉ်းဆဲလာကြသည်။အခြေအနေကဘယ်အထိရောက်လာသလဲဆိုရင်အမြီးကိုင်ဝှေ့ယမ်းကစားကြလေသည်။

ဒီတော့မဖြစ်လေဘူးဒီအတိုင်းဆိုငါသေလိမ့်မည်အရှင်ရသေ့ထံသွားမေးလျှောက်အုံးမှပဲလို့ကြံကာထွက်လာခဲ့၏။

ရသေ့ကြီးထံရောက်တဲ့အခါအရှင်ရသေ့ပြောတော့သီးခံခြင်းမေတ္တာထားခြင်းဟာအရာရာအောင်မြင်နိုင်တယ်ဆိုခုတော့သေရတော့မယ့်အခြေအနေရောက်လာပါပြီဘုရား။

ဒီလိုလျှောက်တော့ရသေ့ကြီးကရယ်လေ၏။ထိုအခါမြွေဟောက်ကြီးက"အရှင်ရသေ့အဘယ်ကြောင့်ရယ်ရပါသလဲ"

"အော်မေတ္တာထားသည်းခံရမည်ဆိုတာလူတွေကိုအန္တရာယ်မပေးမကိုက်သတ်ဘဲနေရမယ်လို့ပြောတာပါဒါပေမဲ့မင်းကအမောက်ကလေးထောင်အုံးမှပေါ့။သို့မဟုတ်ပါကမထီလေးစားပျက်ရယ်ပြုတာခံရနိုင်တာပေါ့ဒါကြောင့်အမောက်လေးတော့ထောင်ပြလိုက်ပါ"လို့မှာ၍ပြန်လွှတ်လိုက်လေ၏။

သို့မှသာမြွေဟောက်ကြီးသည်ရွာသားများသူ့အနားလာသည်နှင့်အမောက်ထောင်ပြလိုက်ရာရွာသားတို့သည်လည်းအနားမကပ်ရဲတော့ဘဲအဝေးမှကွေကွင်းသွားလေသည်။

သည်းခံသည် ဆိုပေမယ့်
ကိုယ့်မညံ့ဘူး အစွမ်းအဆရှိတယ်ဆိုတာတော့
ပြသပေးဖို့ မမေ့ပါနဲ့ မိတ်ဆွေတို့.....


တင်ဝင်းနိုင်
ချိုချိုမြင့်အော့ဖ်ဆက်
ပြန်လည်မျဝေသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ကျီကုန်းမစိုးရိမ်တိုက်သစ်ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနက၏အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲအကြိုဓမ္မသဘင...
04/03/2022

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်
ကျီကုန်းမစိုးရိမ်တိုက်သစ်
ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇနက၏
အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲအကြိုဓမ္မသဘင်

၁၃၈၃-ခု၊ တပေါင်းလဆန်း(၄)ရက်ည ၇-နာရီ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

တရားတော်နာကြွရောက်နိုင်ရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ယနေ့၁၃၈၃ခုနှစ်၊တပေါင်းလဆန်း(၃)ရက်မြန်မာလိုကြရောက်သည့်ကျနော့်မွေးနေ့မင်္ဂလာ။ကျေးဇူးရှင်မိခင်+ဖခင်တို့၏ဂုဏ်ကိုရည်စူးအောက်မေ့...
04/03/2022

ယနေ့၁၃၈၃ခုနှစ်၊တပေါင်းလဆန်း(၃)ရက်
မြန်မာလိုကြရောက်သည့်ကျနော့်မွေးနေ့မင်္ဂလာ။

ကျေးဇူးရှင်မိခင်+ဖခင်တို့၏ဂုဏ်ကိုရည်စူးအောက်မေ့၍ဗန်းမော်မြို့၊မဟာသိမ်တော်ကြီးပရိယတ္တိစာသင်တိုက်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ်လှူဒါန်းရန်ပဓာနနာယကဆရာတော်ကြီးထံအလှူငွေ(၂၀၀၀၀၀)ကျပ်ပေးအပ်လှူဒါန်း။

နတ်လူသာဓုခေါ်စေသော်။

တင်ဝင်းနိုင်
ချိုချိုမြင့်အော့ဖ်ဆက်

သေသူကို သတိရတဲ့အခါ********************ဖတ်ကြည့်နော်…လူတိုင်းမှာ…အသိမိတ်ဆွေထဲကဖြစ်ဖြစ်မိသားစုဝင်ထဲကပဲဖြစ်ဖြစ်သေဆုံးသွားသူေ...
02/03/2022

သေသူကို သတိရတဲ့အခါ
********************
ဖတ်ကြည့်နော်…

လူတိုင်းမှာ…
အသိမိတ်ဆွေထဲကဖြစ်ဖြစ်မိသားစုဝင်ထဲကပဲဖြစ်ဖြစ်သေဆုံးသွားသူတွေရှိကြမှာပါပဲ။ကျန်ခဲ့သူတွေအတွက်ကတော့…အကြောင်းအားလျော်စွာတိုက်ဆိုင်လာတိုင်း သတိရမိကြစမြဲပါ။

ဒါကြောင့်…သေသူကို သတိရတဲ့အခါ

၁။ဘုရား ရှိခိုးပါ။

နမောတဿဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓဿ..လို့စိတ်ထဲကနေရွတ်ဆိုပြီးဘုရားရှိခိုးလိုက်ပါ။

၂။ဂုဏ်တော် ပွားပါ။

ဂုဏ်တော်(၉)ပါးထဲကကိုယ်နှစ်သက်ရာတစ်ခုခုကိုပွားလို့လည်းရပါတယ်။တခြားဂုဏ်တော်ပွားဖို့ခက်ခဲနေရင်အရဟံဂုဏ်တော်ကိုပဲပွားလိုက်ပါ။

အရဟံ-
ပူဇော်အထူးကို ခံတော်မူထိုက်သော
မြတ်စွာဘုရား၊

အရဟံ-
ကိလေသာ ကင်းစင်တော်မူသော
မြတ်စွာဘုရား

အရဟံ-
ဆိတ်ကွယ်ရာအရပ်၌ပင်
မကောင်းမှုကို ပြုတော်မမူသော
မြတ်စွာဘုရားလို့
ပွားလို့ ရပါတယ်။

အရဟံဆိုတဲ့ ပါဠိလေးရယ်၊
အရဟံရဲ့ အနက်သုံးမျိုးရယ်က
ပွားလို့ဆင်ခြင်လို့သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်ကလေးပါပဲ။

၃။မတ်ေတာပို့ပါ။

ကိုယ်ပို့နေကျမေတ္တာပို့(ဒါမှမဟုတ်)မေတ္တသုတ်တော်လာမေတ္တာပို့အကုန်မရရင်တောင်လုံးစုံများစွာသတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေ…ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေလို့ရွတ်ဆိုပြီးမေတ္တာပို့လိုက်ပါ။

ဒါဆိုအချိန်ခဏလေးအတွင်းမှာပဲကုသိုလ်တွေအများကြီးရလာပါပြီ။ယခုလိုရလာတဲ့ကုသိုလ်တွေကိုအမျှဝေပေးပါ။

၎။အမျှပေးဝေပါ။

ယခုပြုလုပ်ရသောကုသိုလ်ကံစေတနာအကျွန်ုပ်သိတတ်ချိန်မှစ၍ယနေ့အချိန်ထိပြုလုပ်ခဲ့ဘူးသောကုသိုလ်ကံစေတနာအဖြာဖြာတို့သည်ဘဝဟောင်းမှဘဝသစ်သို့ပြောင်းရွှေ့သွားသော(ကိုယ်သတိရနေတဲ့သေသူနာမည်ထည့်ပါ )ထံရောက်ပါစေ…

ထိုမှတစ်ပါး ဤကောင်းမှုကုသိုလ်၏ အဖို့ဘာဂသည် (ကိုယ်သတိရနေသည့်သေသူနာမည်ထည့်ပါ)မှအစပြု၍(၃၁)ဘုံမှာရှိကြကုန်သောလူနတ်ဗြဟ္မာသတ္တဝါအပေါင်းတို့အားဤကောင်းမှုနှင့် စပ်သမျှ
အမျှ အမျှ အမျှ ပေးဝေပါ၏။

ထိုမှတစ်ပါး…
ဤကောင်းမှုကုသိုလ်၏အဖို့ဘာဂသည်အမျှပေးသည့်အခါ၌(ကိုယ်သတိရနေသည့်သေသူနာမည်ထည့်ပါ )သည်အကယ်၍အမျှပေးသည့်အခါ၌မသိလိုက်မကြားလိုက်ရသည်ရှိသော်ဤကုသိုလ်ကောင်းမှုကိုအမျှရကြကုန်သောတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့မှတစ်ဆင့်တစ်ဆင့်ပြောကြား၍ဝမ်းမြောက်နုမော်သာဓုခေါ်ဆိုနိုင်ဖို့ကူညီပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

ဤကောင်းမှုနှင့် စပ်သမျှအကျွန်ုပ်နှင့်
ထပ်တူ ထပ်မျှ ရကြပါစေ…

အမျှ အမျှ အမျှ လို့ ဆိုပြီး
အမျှပေးဝေလိုက်ပါ။

ဒီလို လုပ်ရတာ
အစပိုင်းမှာ
ခက်ခဲချင် ခက်ခဲနိုင်ပေမဲ့
လုပ်ပါများလာရင်
ကျင့်သား ရသွားမှာပါ။

သေသူကို သတိရတဲ့အခါ
ဒီလိုကုသိုလ်လေးတွေ လုပ်ပေးခြင်းဖြင့်

သတိရခြင်းလေးကို အကြောင်းပြုပြီး
သေသူအတွက်
ပိုကောင်းမွန်ပြည့်စုံတဲ့ ဘဝကို
ရသွား
ရောက်သွားနိုင်လောက်တဲ့အထိ
အကျိုးများစေနိုင်သလို

ကိုယ့်အတွက်လည်း
ကုသိုလ် တိုးပွားစေပါတယ်။

သေသူကိုသတိရတဲ့အခါ…အချိန်နည်းနည်းလေးဖြစ်ဖြစ်ပေးပြီးအမျှပေးဝေလိုက်ပါ။

ဒါဟာ…
ကိုယ်သတိရနေတဲ့သေသူကိုအကောင်းဆုံးလက်ဆောင်ပေးလိုက်နိုင်ခြင်းဖြစ်သလိုကိုယ့်အတွက်လည်းကုသိုလ်တိုးပွားတာမို့အကောင်းဆုံးလက်ဆောင်ရလိုက်ခြင်းပါပဲ။

မူရင်း-Credit-ရနံ့(စစ်ကိုင်း)

မေတ္တာဖြင့်
ချိုချိုမြင့်အော့ဖ်ဆက်မိသားစု

01/03/2022

မိုးကုတ်မြို့ညောင်သုံးပင်သာမဏေကျော်စာသင်တိုက်ဆရာတော်၊နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (တွဲဖက်အကျိုးတော်ဆောင်)၊အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ဓမ္မကထိကဗဟုဇနဟိတဓရဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ၏ အန္တိမဈာပနသို့ ကြွရောက်တော်မူလာသော

မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝာသေဌာဘိဝံသဆရာတော်ဘုရားကြီးမှ ဩဝါဒကထာချီးမြှောက်တော်မူပါသည်။

နတ်လူသာဓု ခေါ်စေသော်။။

ဆုတောင်း*********(1.3.2022) အင်္ဂါနေ့လျှပ်စစ်မင်းကြီးရယ်လက်ခံထားတဲ့အလုပ်တွေမပြီးမှာစိုးလို့ပါ။ဆီဈေးကလဲ ၁၀၀၀၀ကျော်တော့မယ် ...
01/03/2022

ဆုတောင်း
*********
(1.3.2022) အင်္ဂါနေ့

လျှပ်စစ်မင်းကြီးရယ်လက်ခံထားတဲ့အလုပ်တွေ
မပြီးမှာစိုးလို့ပါ။

ဆီဈေးကလဲ ၁၀၀၀၀ကျော်တော့မယ် 😭
အချိန်မီပေးရမဲ့အလုပ်တွေအရေးကြီးနေလို့ပါ
အလုပ်ချိန်လေးတော့ မီးမဖြတ် လိုက်ပါနဲ့ဗျာ 🙏

Photo - Crd.

Address

အကွက်(၂၉၉)၊၃၅လမ်း၊၈၈-၈၉လမ်း၊မဟာအောင်မြေမြို့နယ်၊မန္တလေးမြို့။
Mandalay

Telephone

095557890

Website

Alerts

Be the first to know and let us send you an email when ချိုချိုမြင့် အော့ဖ်ဆက်နှင့် ချိုချိုမြင့် စာပေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ချိုချိုမြင့် အော့ဖ်ဆက်နှင့် ချိုချိုမြင့် စာပေ:

Videos

Share

Category

Nearby media companies