READ IT

READ IT READ IT BOOKSTORE & PUBLISHING
(7)

အသစ်ရောက် စာအုပ်လေးတွေပါရှင့်ပါပီယွန်(ပယ်ရီပယ်ရီ ချစ်ကန်း)တန်ဖိုး-10000ကျပ်။ဒုတိယကြိမ်၊စက်တင်ဘာလ၊2024ခုနှစ်စာမျက်နှာ-222...
05/09/2024

အသစ်ရောက် စာအုပ်လေးတွေပါရှင့်

ပါပီယွန်(ပယ်ရီပယ်ရီ ချစ်ကန်း)
တန်ဖိုး-10000ကျပ်။
ဒုတိယကြိမ်၊စက်တင်ဘာလ၊2024ခုနှစ်
စာမျက်နှာ-222

ထက်တည်မြင့်၊ခင်ဇော်မြင့်(ကဗျာ)
တန်ဖိုး-5000ကျပ်။
ပထမကြိမ်၊စက်တင်ဘာလ၊2024ခုနှစ်
စာမျက်နှာ-63

READ IT BOOK. STORE &PUBLISHING
Mandalay -30st(66&67st)
Room-C-12
hotline-09-448123454
hotline-09-449123454

နယ်မှ မှာယူသူများအတွက်.
အမြန်အချောအိမ်ရောက်ငွေချေနှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

ကံထူးရှင်လေး 3ယောက်ပြည့်သွားပါပီရှင့်ဒါလေးတွေက ကံထူးသွားတဲ့ကံထူးရှင်​​လေး3ယောက်ပါရှင့်မနက်ဖြန်deliအပ်ပီးပို့ပေးပါတော့မယ်...
04/09/2024

ကံထူးရှင်လေး 3ယောက်ပြည့်သွားပါပီရှင့်
ဒါလေးတွေက ကံထူးသွားတဲ့ကံထူးရှင်​​လေး3ယောက်ပါရှင့်
မနက်ဖြန်deliအပ်ပီးပို့ပေးပါတော့မယ်ရှင့်

03/09/2024

T- price လာပါတော့
အိပ်ချင်ပြီ ဘီယာလည်း ကုန်နေပြီ
ည အိပ်ခါနီး ဆရာချိမ့် စကားတစ်ခွန်းနဲ့ သတ်လိုက်တော့

၁၃ ပါးမြောက် သာဝကကို ဘယ်လိုရေးဖြစ်ခဲ့လဲ မေးရင်
ကော့စကီး ကျွန်တော့်ကို ဘု ကြည့်မလားပဲ
ဒီမှာ
ဆရာချိမ့် ကဗျာတွေနဲ့

ရိုးရိုးသားသား သစ်သီးဟာ
စားပါ မစားပါ
မပြောတက်ပါဘူး
ဓားဟာ ဘယ်အခြမ်းထဲ
အဆိပ် ပါ မပါ
မပြောနိုင်ပါဘူး

သေမှာလား
ရှင်မှာလား
ကြိုတင် တွေး မနေတော့ဘူး

လုပ်ကြံသူပဲ သိတယ်။

S -PRICEကမ္ဘာကြီး ကျဉ်းလာတာ မယုံဘူးအတွေးတွေ ထပ်တူကျမှတော့ ကမ္ဘာက ဘာလိုတယ် မပြောဘူးThank you ans,ဘာပဲ ဖြစ်ဖြစ်ပါ။ခင်ဗျားတ...
03/09/2024

S -PRICE
ကမ္ဘာကြီး ကျဉ်းလာတာ မယုံဘူး
အတွေးတွေ ထပ်တူကျမှတော့
ကမ္ဘာက ဘာလိုတယ် မပြောဘူး

Thank you ans,
ဘာပဲ ဖြစ်ဖြစ်ပါ။

ခင်ဗျားတို့လည်း ပျော်မယ်
ကျွန်တော်လည်း မချမ်းသာတဲ့ထမင်းအိုးလေးထဲ
ပျော်တယ်။
Digital ခေတ်ထဲ E book ဘာဘုတ် ညာဘုတ်

ကမ္ဘာမှာ နည်းစနစ် ဘယ်လောက် ထွန်းကားကား
ဒီစာအုပ်Cult ပျောက်မယ်လို့ မတွေးထားဘူး

ယုံကြည်ရာကိုလုပ်ပါ
နေ့ရက်တိုင်းမှာ

ကျွန်တော် ပြောနေကြက အိပ်နေတဲ့ သတ္တဝါကို ခေါင်းမွှေးစောင့်ကိုင်ပြီး နံရံနဲ့ ပစ်တိုက် နိုးဖို့ လိုလား။အစာ ဝနေနဲ့ မြွေမဟုတ်...
03/09/2024

ကျွန်တော် ပြောနေကြက
အိပ်နေတဲ့ သတ္တဝါကို
ခေါင်းမွှေးစောင့်ကိုင်ပြီး နံရံနဲ့ ပစ်တိုက် နိုးဖို့ လိုလား။

အစာ ဝနေနဲ့ မြွေမဟုတ်တော့
အဝါနဲ့အနက်စပ်ထားသူ
အနံ့နောက် တောက်လျှောက် လိုက်လာပြီ
ဒီကဗျာ ဒီစာဗျာ ခင်ဗျားကို
ပေါက်မှာ
ဒီအဆိပ်ဟာ
မြို့မငြိမ်းကနေ ဘားရော့ခေတ် ဆင်ဖိုနီ ဘေထိုဖန်
မင်ဒယ်ဇွန်
မောရစ်ရာ

အနုပညာသမားဆိုတာ အရက်နာကျ ဆေးချ စောက်ရူးထပြီး
သတ်သေနေတာ မဟုတ်ဘူး။
လူမှု အသိုင်းအဝိုင်းပဲ။

စျေးကွက်နောက်လိုက်လေ စီးပွါးရေးပဲ
စောက်ပိုက်ဆံ ကျွန်တော်လို သလို
ခင်ဗျားလည်း လိုတယ်။

ငွေဆိုတာကို f လို့ ပြောသွားတဲ့
အနုပညာသမားတွေ ဘယ်လောက်ရှိလဲ

ဒါ ဂီတ အကြောင်း တွေ။
C Am F G လောက် သိပြီးဖတ်ဖတ်
C5 C7 လို့ HV ဆိုဆို
အခြေခံ အချက်လောက်မှ မသိရင်
လှည်းလမ်းပေါ် ကျောက်တုံးခံနေတဲ့ ဘီး မဖြစ်ဖို့

လာမည်လေ
ကြမည်
မျှော်

ကိုယ် ပထမဆုံး လိုချင်တဲ့ စာသားဒုတိယနဲ့တတိယအိပ်နေတုန်းလား
03/09/2024

ကိုယ် ပထမဆုံး လိုချင်တဲ့ စာသား

ဒုတိယနဲ့

တတိယ

အိပ်နေတုန်းလား

03/09/2024

ဆရာအောင်ချိမ့်ရဲ့ ကဗျာ ထဲက
အကြိုက်ဆုံး စာသား ment ကြည့်ပေးပါဗျာ

အကြိုက်တူရင်
ဘာဖြစ်ဖြစ် ပထမဦးဆုံး ၃ ယောက်ကို
၆၀၀၀၀ ဖိုး ပြည့် မပြည့် စာအုပ် မျှဝေချင်လို့

ဆရာမြ စာအုပ်သစ်လေးရောက်ရှိပါပီရှင့်မြသန်းတင့်(မိုးအဆုံး မြေအဆုံး)တန်ဖိုး-5000ကျပ်။စာမျက်နှာ-92READ IT BOOK. STORE &PUBLI...
10/08/2024

ဆရာမြ စာအုပ်သစ်လေးရောက်ရှိပါပီရှင့်

မြသန်းတင့်(မိုးအဆုံး မြေအဆုံး)
တန်ဖိုး-5000ကျပ်။
စာမျက်နှာ-92

READ IT BOOK. STORE &PUBLISHING
Mandalay -30st(66&67st)
Room-C-12
hotline-09-448123454
hotline-09-449123454

နယ်မှ မှာယူသူများအတွက်.
အမြန်အချောအိမ်ရောက်ငွေချေနှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

ဆရာပိုင်စိုးဝေ သက်ရှိထင်ရှား ရှိနေသေးမယ်ဆိုရင်၂၀၂၄ ခုနှစ် ၈ လ ၁၇ ရက်နေ့ဟာ အသက် ၈၀ ပြည့်မှာပါ။ဒီအတွက်ကြောင့်ပဲ ဆရာပိုင် အ...
04/08/2024

ဆရာပိုင်စိုးဝေ သက်ရှိထင်ရှား ရှိနေသေးမယ်ဆိုရင်
၂၀၂၄ ခုနှစ် ၈ လ ၁၇ ရက်နေ့ဟာ အသက် ၈၀ ပြည့်မှာပါ။

ဒီအတွက်ကြောင့်ပဲ ဆရာပိုင် အမှတ်တရအနေနဲ့

- မနက်ဖြန်မနက် ၅.၈.၂၀၂၄ တွင်

- ၉ :၀၀ နာရီမှ ၁၂:၀၀ ထိ

- မန္တလေး အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်မှာ

အမှတ်တရ ကျောက်တိုင် စိုက်ထူပွဲ ရှိကြောင်းကို

စာပေနယ်ပယ်နှင့်

ဆရာပိုင်၏စာချစ်သူများကို

သတင်း ပါးလိုက်ပါတယ်။

ပိုင်စိုးဝေအင်တာဗျူးမားဆိုး၊ဟိန်းလတ်၊အောင်ဇင်မင်း၊ခင်မောင်တိုး(မိုးမိတ်)၊နဒီ။နှစ်ကာလများစာပေမှ ၂၀၂၄ ဩဂုတ်လမှာ ထွက်ရှိလာတ...
04/08/2024

ပိုင်စိုးဝေအင်တာဗျူး
မားဆိုး၊ဟိန်းလတ်၊အောင်ဇင်မင်း၊ခင်မောင်တိုး
(မိုးမိတ်)၊နဒီ။

နှစ်ကာလများစာပေမှ ၂၀၂၄ ဩဂုတ်လမှာ ထွက်ရှိလာတဲ့ ပကြိမ်ထုတ် ဆရာပိုင်ရဲ့ အင်တာဗျူး။

စီစဉ်နေသည်ဟု သိရထဲက
၁၉၉၀ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
အတွဲ ၀၀၉ အမှတ် ၂၂ မှာ မားဆိုး ဗျူးထားတာလေး
ပြန်ဖတ်ရ။

(မားဆိုး ဆိုသည်မှာလည်း ဆရာအောင်ဘညိုရဲ့ကလောင်တစ်ခုပါ)

ဒီနေရာမှာပြောချင်တာက ကဗျာအင်တာဗျူးတွေကို တော်တော်များများဖတ်ကြည့်ပါတယ်။
ကဗျာ ဖြစ်ခြင်း မဖြစ်ခြင်းတွေကို ပြောလိုတာ မဟုတ်ပါဘူး။
ကဗျာဆရာတွေရဲ့ ဖြတ်သန်းမှုတွေထဲက
စကားတစ်လုံး စာတစ်ကြောင်း ခံယူမှုကိုပါ။

မေးသူနဲ့ ပြောသူဟာ အခြေအတင်ဖြစ်တာမျိုးတွေရှိခဲ့သလို ကဗျာအလုပ်ကို သေသည်ထိ စွဲမြဲစွာလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေရဲ့ အဖြေတွေဟာလည်း လက်တွန့်စရာကောင်းလှပါတယ်။

မောင်ချောနွယ်
ရန်ကုန်ကနေ ပြည်ကိုပြန်လာပြီး အဖေရေ
ကမ္ဘာကျော် ကဗျာဆရာပဲရှိတယ်။
ဆက်သွား
ကိုက်လမ်း

အောင်ချိမ့်
မင်းလားကွ ဟမ်ဘာဂါ
ဒီနေရာမှာလည်း အောင်ချိမ်ဟာ ကဗျာ မဟုတ်ပဲ
ကဗျာကိုယ်တိုင်ဟာ အောင်ချိမ့်ဖြစ်တည်နေခြင်း
ပွဲတစ်ခုမှာ ဆရာအောင်ချိမ့်ကို ကဗျာရွတ်ပေးပါပြောတော့
“ငါ ဘာမှ မသိဘူး
ငါ ဘာမှ မသိဘူး”
ဒါဟာ ကျွန်တော်တို့အတွက်က
ကဗျာဖြစ်နေပြန်ရော။

လှသန်း
ပြေးစရာမြေ မရှိတော့တဲ့အခါ
ကိုယ့်ဖိနပ်ဟာ ကိုယ့်ခံတပ်ပါပဲ။

မောင်သင်းခိုင် မောင်စိမ်းနီ မောင်အောင်ပွင့်
မောင်မှိုင်းလွင်(အင်းဝ) ဇော်(ပျဉ်းမနား)
ပြေမြင့် ဖော်ဝေး ကိုဆွေ အောင်ဘညို ဝေရီ
နောက်ထပ် ကဗျာကောင်းတွေ ကဗျာခံယူချက်တွေ
ဟိန်းမြတ်ဇော် ကြည်ဇော်အေး ခက်သီ ကေဇဝင်း လင်းမိုးစွေ အောင်ခိုင်မြတ် သားဦး ကေမျိုးငြိမ်း
ကိုသျှား ခန့်မင်းထက် မာန်ထက်သာ ရိုးဒီ မင်းဒီ မော်မင်းသန်း

ကွယ်လွန်သူတို့ရဲ့ အသံ သူတို့ကဗျာတွေမှာ
ကဗျာပေါ်ထားတဲ့ ခံယူမှုကို ကဗျာဖတ်သူတွေ
မြင်တွေ့ ခဲ့မှာပါ။

ဒီနေရာမှာ ဆရာ ကိုသန်းထွန်းရဲ့ အမှာစာထဲက
ခံယူချက်လေးတစ်ခုကို ထုတ်နှုတ်ပြချင်ပါတယ်။

“သားသားကြီးလာရင် ကဗျာဆရာလုပ်မယ်လို့
မပြောကြတဲ့နိုင်ငံမှာ ဂုဏ်ယူစွာ
ကဗျာရေးပါ အောင်မျိုးသက်
ကျွန်မယောက်ျားက ကဗျာဆရာပါလို့
ဝံ့ကြွားစွာ မပြောကြတဲ့နိုင်ငံမှာ
မောက်မာစွာ ကဗျာရေးပါ အောင်မျိုးသက်
ဒီလူက ကဗျာဆရာယောင်ယောင်ပါကွာလို့ ယောင်ခြောက်ဆယ်သမားတစ်ယောက်က
ပြောတတ်ကြတဲ့နိုင်ငံမှာ
ရဲရင့်စွာ ကဗျာရေးပါ အောင်မျိုးသက် ။

ကိုသန်းထွန်း”

ခု ကျွန်တော်ရေးထားတဲ့ အကြောင်းအရာတွေဟာ
ပိုင်စိုးဝေအင်တာဗျူးမှာ ပါဝင်တာတွေ
မဟုတ်ပါဘူးဗျ။

ခု ပြောထားတဲ့ ကလောင်တွေရဲ့ ကဗျာတွေကို
ဖတ်ကြည့်ဖို့ တိုက်တွန်းတာပါဗျ။

မိဝင်း သိန်းစွန်ဌက် ဗုဒ္ဓဟူးနေ့မှ မိုင်ငါးရာ
ဘိုးတူ၏ဖြောင့်ချက်
ခု အင်တာဗျူး

ပန်တျာကျောင်းကြီးထဲမှ ဆရာပိုင် နေအိမ်ဘေးရှိ
ရေကန်လေးမှာ ကမ္ဘာ့ကဗျာနေ့ဆို လူတွေ စုံရောမယ်။အန်တီအေး မသုမာ အမြည်းတွေ လာချပေးတယ်။ပုလင်းများ ဟိုတစ်လုံး ဒီတစ်လုံး
ပြန့်ကျဲလျှက်…

Midnight in Paris ရုပ်ရှင်ထဲကလို time travel ဖြင့်
နောက်ပြန်သွားလို့ရရင်
ဆရာပိုင် လူငယ်ဘဝမှာ ကဗျာရေးတဲ့ကာလကို
မှီချင်တဲ့အကြောင်းပြောရင်း……..

တန်ဖိုး - ၆၀၀၀ ကျပ်
စာမျက်နှာ - ၁၃၀

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

၁။မာဆိုး၊ဟိန်းလတ်၊အောင်ဇင်မင်း၊ခင်မောင်တိုး(မိုးမိတ်)၊နဒီ(ပိုင်စိုးဝေအင်တာဗျူး) စာမျက်နှာ-130 တန်ဖိုး-6000ကျပ်။၂။ဆွေရည်လ...
03/08/2024

၁။မာဆိုး၊ဟိန်းလတ်၊အောင်ဇင်မင်း၊ခင်မောင်တိုး(မိုးမိတ်)၊နဒီ(ပိုင်စိုးဝေအင်တာဗျူး)
စာမျက်နှာ-130
တန်ဖိုး-6000ကျပ်။

၂။ဆွေရည်လင်း(လင်းလုလုလမ်း ရွက်သစ်နှင်းပွင့် တလွင့်လွင့်ဝေ)
စာမျက်နှာ-135
တန်ဖိုး-8000ကျပ်။

READ IT BOOK. STORE &PUBLISHING
Mandalay -30st(66&67st)
Room-C-12
hotline-09-448123454
hotline-09-449123454

နယ်မှ မှာယူသူများအတွက်.
အမြန်အချောအိမ်ရောက်ငွေချေနှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

“မိန်းမတယောက်၏ ဘဝ”ကမ္ဘာကျော် ပြင်သစ်စာရေးဆရာကြီး ဂိုင်ဒီမော်ပါဆွန်း ရေးသားထားပြီး ဆရာမောင်ပေါ်ထွန်း ဘာသာပြန်ထားပါသည်။ ဤဝ...
03/08/2024

“မိန်းမတယောက်၏ ဘဝ”

ကမ္ဘာကျော် ပြင်သစ်စာရေးဆရာကြီး ဂိုင်ဒီမော်ပါဆွန်း ရေးသားထားပြီး ဆရာမောင်ပေါ်ထွန်း ဘာသာပြန်ထားပါသည်။

ဤဝတ္ထုတွင် မိနိးမတစ်ယောက်၏ ဘဝကို ဆယ့်ခုနစ်နှစ်
အရွယ်မှသည် မြေးကလေး ရလာသည့် အဘွားအရွယ်အထိ အသေးစိတ် ခြယ်မှုန်း ရေးဖွဲ့ထားပါသည်။ လင်ဆိုးမယား၊
သားဆိုး မိခင်၏ ဒုက္ခအထွေထွေကို ရေးဖွဲ့ရာတွင် အပြောင်မြောက်ဆုံး ဝတ္ထုတပုဒ် အဖြစ် ကမ္ဘာ့ဂန္ထဝင်တွင် စံတင်ခံရသော ဝတ္ထုဖြစ်သည်။

တန်ဖိုး - ၁၄၀၀၀ ကျပ်။
စာမျက်နှာ - ၃၅၇


READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

“ဆုန်မင်းဆက်”မူရင်းစာရေးဆရာ STERLING SEAGRAVE  ကရေးသားထားပြီး တော်ကောင်းမင်း ဘာသာပြန်ဆိုထားပါသည်။ စတာလင် ဆီးဂရေ့ဗ်၏ ထင်ရ...
02/08/2024

“ဆုန်မင်းဆက်”

မူရင်းစာရေးဆရာ STERLING SEAGRAVE ကရေးသားထားပြီး တော်ကောင်းမင်း ဘာသာပြန်ဆိုထားပါသည်။

စတာလင် ဆီးဂရေ့ဗ်၏ ထင်ရှားသည့် သမိုင်းစာအုပ်တစ်အုပ် ဖြစ်ခဲ့၍ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ မတိုင်မီ တရုတ်
သမ္မတနိုင်ငံခေတ်က တရုတ်ပြည်ကို အုပ်စိုးခဲ့သော ဆွေမျိုး တစ်စု၏ နောက်ကွယ်က ဇာတ်လမ်းများကို ရေးသားထား
ပါသည်။

တရုတ်နိုင်ငံ၏ သမိုင်းအကြောင်းကို လေ့လာချင်သူများ
အတွက် ယခုစာအုပ်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မတိုင်မီ
တရုတ်သမ္မတနိုင်ငံ ခေတ်က ဆုန်မင်းဆက်၊ သို့မဟုတ်
တရုတ်ပြည်ကို အုပ်စိုးခဲ့သော ဆွေမျိုး တစ်စု အကြောင်းကို အထူးပြုထားပြီး ၁၉၁၂-၁၉၄၉ ခုနှစ် အကြား တရုတ် သမိုင်းကြောင်းကို သိရှိနိုင်ပါသည်။

၁၉၄၉ ခုနှစ်တွင် မော်စီတုန်း ဦးဆောင်သော တရုတ်
ကွန်မြူနစ်ပါတီက တရုတ်ပြည်သူ့ သမ္မတ နိုင်ငံကို
တည်ထောင်လိုက်သောအခါ ချန်ကေရှိတ် ဦးဆောင်သော
ကူမင်တန် တရုတ် အမျိုးသားအစိုးရမှာ တရုတ် ပြည်မကြီးကို စွန့်ခွါ၍ ထိုင်ဝမ်ကျွန်းသို့ ထွက်ပြေးခဲ့ရသည်။ ချန်ကေရှိတ်မှာ တရုတ်ပြည်မကြီးသို့ ပြန်သွား၍ မအုပ်ချုပ်နိုင်တော့ဘဲ
ထိုင်ဝမ်၌ပင်ကွယ်လွန်ခဲ့ရပြီး တရုတ်ပြည်မကြီးမှာလည်း
ထိုင်ဝမ်ကို ပေါင်းစည်းနိုင်ရန် ယခုတိုင်ကြိုးပမ်းနေရဆဲ
ဖြစ်သည်။

တန်ဖိုး - ၁၂၀၀၀ ကျပ်။
စာမျက်နှာ - ၈၂၁

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

“ယစ်ရွှေပြည်”တရုတ်စာရေးဆရာ Mo Yan ရေးသားထားပြီးမူရင်း တရုတ်ဘာသာမှ တော်ကောင်းမင်း ပြန်ဆိုထားသည်။ ယစ်ရွှေပြည် ဝတ္ထုရှည်ကို...
02/08/2024

“ယစ်ရွှေပြည်”

တရုတ်စာရေးဆရာ Mo Yan ရေးသားထားပြီး
မူရင်း တရုတ်ဘာသာမှ တော်ကောင်းမင်း ပြန်ဆိုထားသည်။

ယစ်ရွှေပြည် ဝတ္ထုရှည်ကို ၁၉၈၉ ခုနှစ်တွင် စရေး၍
၁၉၉၂ ခုနှစ်တွင် ရေးသားပြီးစီးခဲ့သည်။

ဤစာအုပ်တွင် အခန်း ၁၀ ခန်းခွဲ၍ ရေးသားထားသည်။အရက်ကို အကြောင်းပြု၍ သူ့ခေတ်သူ့အခါက လူ့အဖွဲ့ အစည်းအပေါ် ခံစား တွေ့မြင်သည့် ခံစားချက် အမြင်များကို
ဖော်ပြထားသည့် အရက် သမိုင်း တစ်ပုဒ်ဟု ဆိုနိုင်ပေသည်။

အရက်က ကောင်းမှု အမြောက်အမြားကို
ဖြစ်မြောက်စေခဲ့သလို ကောင်းမှု အမြောက်အမြားကိုလည်း ပျက်ပြားစေခဲ့ပေသည်။ ရှေးလူတွေက ယစ်မူးနေရင်း
ပြောင်မြောက်သည့် နှစ်ကာလတွေ ဖြတ်သန်းခဲ့၊
ပြောင်မြောက်သည့် စာကဗျာတွေ ရေးဖွဲ့ခဲ့ကြသည်။

တန်ဖိုး - ၉၀၀၀ ကျပ်။
စာမျက်နှာ - ၅၂၆

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

ငဒိန်း “ပင်လယ်ထဲကမြစ်”လင်းလွန်းခင်စာပေမှ ၂၀၂၁ နိုဝင်ဘာလမှာ ထုတ်ဝေထားပါတယ်။စာမျက်နှာ - ၂၃၀တန်ဖိုး - ၄၀၀၀ ကျပ်ရွှေအမြုတေမဂ...
02/08/2024

ငဒိန်း “ပင်လယ်ထဲကမြစ်”

လင်းလွန်းခင်စာပေမှ ၂၀၂၁ နိုဝင်ဘာလမှာ ထုတ်ဝေထားပါတယ်။
စာမျက်နှာ - ၂၃၀
တန်ဖိုး - ၄၀၀၀ ကျပ်

ရွှေအမြုတေမဂ္ဂဇင်းကနေ ထွက်ပေါ်လာတဲ့ ကလောင်ရှင်တစ်ဦးဖြစ်တဲ့ ငဒိန်း ရဲ့ ဝတ္ထု။
နိုင်ငံခြားသင်္ဘောတွေပေါ်မှာ ရာထူးအမျိုးမျိုးနဲ့
အလုပ်လုပ်နေကြတဲ့ သင်္ဘောသားတွေရဲ့ နောက်ခံဘဝနဲ့ ပင်လယ်ထဲ ဖြတ်သန်းရတဲ့ သင်္ဘောသားတွေ
ဘဝအကြောင်း
ဗင်နီဇွဲလားနိုင်ငံရဲ့ ကမ်းလွန်မှာ သူတို့တင်ဆောင်ရမယ်ဆီတွေဟာ တရားမဝင် ဆီတွေအကြောင်း…

စကားမစပ် အဲ့ဆီတွေက 92 လား 95 လား
အဆင်ပြေရင် သီလဝါကို ပို့ပေးစေချင်တာပါ😂

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

“ကြယ်တွေကြွေနေတဲ့ကောင်းကင် “ညီလင်းနိုင်နှစ်ကာလများစာပေမှ ၂၀၂၀ မတ်လမှာ ထုတ်ဝေထားပါတယ်။တန်ဖိုး - ၃.၀၀၀ ကျပ်စာမျက်နှာ - ၁၉၂...
02/08/2024

“ကြယ်တွေကြွေနေတဲ့ကောင်းကင် “
ညီလင်းနိုင်

နှစ်ကာလများစာပေမှ ၂၀၂၀ မတ်လမှာ ထုတ်ဝေထားပါတယ်။
တန်ဖိုး - ၃.၀၀၀ ကျပ်
စာမျက်နှာ - ၁၉၂

ကဗျာတင်အရေးကောင်းတာလားဆိုတော့ မဟုတ်ဘူး။ခုပြောမယ့် story ကို ဖတ်ပြီး
ဆေးရုံတက်နေရင်း ဖုန်းဆက် လှမ်းပြောဘူးတယ်။
ခင်များကြီးလက်ကို ရွံတာဗျာ။အရေးကောင်းလို့ဆိုပြီး။

ကိုညီ မလေးရှားမှာအလုပ်လုပ်ရင်း ကြုံတွေ့ခဲ့ရတဲ့
အဖြစ်အပျက်တွေ၊ပြည်ပရောက်မြန်မာအလုပ်သမားများရဲ့ ဖြစ်ရပ်မှန်အကြောင်းတွေပါ။

ခုကာလက ပြည်ပတော်တော်များများ ထွက်ကြကုန်ပြီ။ပြောရင်လည်း ငပိနံလေးက သင်းမှာဆိုတော့ remote နှိပ်ပြီး ကျော်ပါမယ်။😂

အဲ့ကာလတွေက မှောင်ခိုသွားကြတာများပါတယ်။
အဲ့တော့
အလုပ်ရှာပေးတဲ့အေးဂျင့်
စစခြင်းတွေ့ရတဲ့ဘာသာစကားအခက်အခဲ
အလုပ်ရှင်အနိုင်ကျင့်လည်း ခံရ
ရဲငွေညှစ်ခံရ
တိုင်စရာ nothing
ဖမ်းခံရလည်း ဘလားဘလားပဲ
ထောင်ထဲ နှိပ်စက်မှုတွေ
Overstay မှု
UN ဟာ တရားမဝင်အလုပ်သမားတွေအတွက်
စိုးရိမ်ပါတယ်။
ထောင်ထဲမှာ UN ရဲ့ အင်တာဗျူးဖြေခွင့်ရဖို့
ထောင်ကိုပေးရတဲ့ ရင်းဂစ် 1500 ဟာ
ဒီနေ့ခေတ်လိုဆို သမ္မတအသစ်တက်တိုင်း
လွတ်ငြိမ်းထဲ မပါသင့်ပဲ ရောရောလွတ်လာသလိုပဲ
ပြောရင်း……

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

စကားလုံး ၁၀ လုံးနဲ့“ယုဟွာပြောတဲ့ တရုတ်ပြည်”တရုတ်စာရေးဆရာ Yu Hua ရေးသားထားပြီးဘိုဘိုဟန်မှ ဘာသာပြန်ထားပါသည်။ ယနေ့ခေတ် တရုတ...
02/08/2024

စကားလုံး ၁၀ လုံးနဲ့
“ယုဟွာပြောတဲ့ တရုတ်ပြည်”

တရုတ်စာရေးဆရာ Yu Hua ရေးသားထားပြီး
ဘိုဘိုဟန်မှ ဘာသာပြန်ထားပါသည်။

ယနေ့ခေတ် တရုတ်ပြည်ကြီးနှင့် တရုတ်လူမျိုးများ၏
အခြေအနေမှန်ကို အတွင်းကျကျ သိမြင်နားလည်ထားသည့် တရုတ်စာပေပညာရှင်တစ်ဦးက ရေးသားထားသဖြင့်
စာပေတန်ဖိုးသာမက သမိုင်တန်ဖိုးလည်း ကြီးသည်။

ယခုစာအုပ်တွင် တရုတ်ပြည်၏ သမိုင်းနောက်ခံ အခြေအနေ၊ ယခုခေတ် တရုတ်လူမျိုးတို့၏ စိတ်တွင်ခိုင်မာစွဲမြဲနေသည့်
ရိုးရာဓလေ့နှင့် အကျင့်စရိုက်များ၊ စိတ်နေစိတ်ထားများကို
ရှုထောင့် ၁၀ မျိုးကရေးဖွဲ့ ခြယ်မှုန်းထားပါသည်။

ဤစာအုပ်တွင် ခေတ်သစ် တရုတ်ပြည်၏ နိုင်ငံရေးအခြေအနေနှင့် ဓလေ့စရိုက်များကို ကိုယ်စားပြုနိုင်သည့် တရုတ်ဝေါဟာရ ၁၀ လုံးကို ခြေပြု၍ ရေးဖွဲ့ထားသည့် အက်ဆေးဆယ်ပုဒ်
ပါဝင်ပါသည်။

တန်ဖိုး - ၉၀၀၀ ကျပ်။
စာမျက်နှာ - ၃၆၀

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

အန်တီမာမာအေး ရင်ဖွင့်ကြည့်ပါသူငယ်ချင်းဒီစာအုပ်လေးကတော့ ဒုတိယအကြိမ် ပြန်ထွက်လေးပါ။၂၀၂၄ ဇူလိုင်။ပကြိမ်ကတော့ ၂၀၁၂ ဇူလိုင်။လ...
02/08/2024

အန်တီမာမာအေး
ရင်ဖွင့်ကြည့်ပါသူငယ်ချင်း

ဒီစာအုပ်လေးကတော့ ဒုတိယအကြိမ် ပြန်ထွက်လေးပါ။၂၀၂၄ ဇူလိုင်။
ပကြိမ်ကတော့ ၂၀၁၂ ဇူလိုင်။

လင်းလွန်းခင်စာပေမှ ထုတ်ဝေထားပါတယ်။
တန်ဖိုး-၁၀.၀၀၀ ကျပ်
စာမျက်နှာ-၂၈၄

စာအုပ်ပါအကြောင်းအရာကတော့
ခေါင်းစဉ်လေးအတိုင်းပါပဲ။
ဘဝဖြတ်သန်းမှုတွေထဲ အဆင်မပြေတဲ့အခါ
စကားပြောဖော်လိုသလို ရင်ဖွင့်ဖို့ လိုအပ်လာပါတယ်။
တစ်ယောက်အပူ တစ်ယောက်ကူးစေတော့ရယ်မဟုတ် ခံစားနာလည်းပေးသူရှိတော့
အဆင်မပြေမှုဟာ စိတ် အဆာပြေပါတယ်။

အန်တီမာမာအေးရဲ့ ဘဝဖြတ်သန်းမှုကို
ဒီစာအုပ်မှာ တွေ့ရပါလိမ့်မယ်။

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

ပန်းချီမိုးယဉ် ရဲ့ ပန်းချီကားများကို ကိုမျိုးဆွေသန်း ကိုအယ်နောင်း ကိုမျိုးမြင့်အောင် စုဆောင်းထားသည့်  ပန်းချီကား ၁၁၅ ကား...
01/08/2024

ပန်းချီမိုးယဉ် ရဲ့ ပန်းချီကားများကို ကိုမျိုးဆွေသန်း
ကိုအယ်နောင်း
ကိုမျိုးမြင့်အောင် စုဆောင်းထားသည့် ပန်းချီကား ၁၁၅ ကားကို စုစည်းပြီး
ဆရာမိုးယဉ် (၇၂)ပြည့် အဖြစ် နှစ်ကာလများစာပေမှ
ဂုဏ်ပြုထုတ်ဝေထားပါတယ်။
တန်ဖိုး-၅၀၀၀၀ ကျပ်
စာမျက်နှာ-၁၄၁
၂၀၂၄။ဇူလိုင်။

ဒီစာအုပ်ထဲမှာတော့။ဆရာမိုးယဉ်ရဲ့ lifestyle နဲ့ ပန်းချီဆရာဘဝဖြတ်သန်းမှုနဲ့
အစောပိုင်းကာလက လက်ရာတွေနဲ့အတူ
ကာလာတွေ ကောက်ကြောင်းတွေကို
မြင်တွေ့ရမှာပါဗျ။

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

“တရုတ်ပြည်ရဲ့ မဟာတံတိုင်ကြီး နှင့် အခြားဝတ္ထုတိုများ”Franz Kafka ရေးသားထားပြီး ဆရာမြင့်သန်းမှ ဘာသာပြန်၊ မှတ်ချက်ရေး၊ တည်...
01/08/2024

“တရုတ်ပြည်ရဲ့ မဟာတံတိုင်ကြီး နှင့် အခြားဝတ္ထုတိုများ”

Franz Kafka ရေးသားထားပြီး ဆရာမြင့်သန်းမှ
ဘာသာပြန်၊ မှတ်ချက်ရေး၊ တည်းဖြတ်ထားပါသည်။

ဤစာအုပ်တွင် အပုဒ်ရေ “၃၄”ပုဒ်ပါရှိပြီး
ဒုတိယအကြိမ်၊ ဒီဇင်ဘာ၊၂၀၂၂ တွင်
နှစ်ကာလများစာပေမှ ထုတ်ဝေခဲ့ပါသည်။

တန်ဖိုး - ၆၀၀၀ ကျပ်။
စာမျက်နှာ - ၃၀၉

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

“လန်ချားတရုတ်”စာရေးဆရာ လောရှယ် မှရေးသားထားပြီး ဆရာမောင်ရှင်မှ ဘာသာပြန်ထားပါသည်။ ဤစာအုပ်ကို “၇၊ ဇူလိုင် ၊ ဂျပန်တော်လှန်ရေ...
01/08/2024

“လန်ချားတရုတ်”

စာရေးဆရာ လောရှယ် မှရေးသားထားပြီး ဆရာမောင်ရှင်မှ ဘာသာပြန်ထားပါသည်။

ဤစာအုပ်ကို “၇၊ ဇူလိုင် ၊ ဂျပန်တော်လှန်ရေးတိုက်ပွဲ”
(လူကိုးတံတားအရေးအခင်းဟုလည်း ခေါ်ဝေါ်ပါသည်။ ) စတင်ခဲ့သော ၁၉၃၇ ခုနှစ်တွင် ရေးသားခဲ့ပြီး “Cosmic Wind” ဂျာနယ်တွင် အခန်းဆက်ဝတ္ထုအဖြစ် ဖော်ပြခဲ့သည်။
ဖော်ပြ၍ မပြီးခင်မှာပင် စစ်ပွဲစတင်ဖြစ်ပွါးလေတော့၏။

နောက်ပိုင်းတွင် ကွမ်ကျိုးမြို့၌ လုံးချင်းဝတ္ထုအဖြစ်
ပုံနှိပ်ထုတ်ဝေခဲ့သည်။ စစ်ပြီးကာလတွင် ဂျပန်ဘာသာပြန်ဖြင့် ထုတ်ဝေခဲ့ပြီး၊ ၁၉၄၅ ခုနှစ် အမေရိကန်တွင်
အင်္ဂလိပ်ဘာသာပြန်ဆိုပြီး ထုတ်ဝေခဲ့ပါတယ်။

တန်ဖိုး - ၁၅၀၀၀ ကျပ်။
စာမျက်နှာ - ၄၃၈

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

မြစ်ပေါင်းတထောင် တောင်ပေါင်းတသောင်း(မော်စီတုန်းနှင့် တရုတ်တော်လှန်ရေး ၁၉၄၉-၁၉၇၅)တရုတ်စာရေးစာရာမ Han Suyin ရေသားထားပြီးဆရ...
01/08/2024

မြစ်ပေါင်းတထောင် တောင်ပေါင်းတသောင်း
(မော်စီတုန်းနှင့် တရုတ်တော်လှန်ရေး ၁၉၄၉-၁၉၇၅)

တရုတ်စာရေးစာရာမ Han Suyin ရေသားထားပြီး
ဆရာမြသန်းတင့် ဘာသာပြန်ထားပါတယ်။

တစ်ကြိမ်မျှ မထွက်ထားသေးသော ဤစာအုပ်ကို
ဇော်ဂျီဖိုလ်ဝင်စာအုပ်တိုက်မှ ထုတ်ဝေထားပါသည်။

စာရေးဆရာမ Han Suyin အနေဖြင့် မော်စီတုန်းနှင့်တရုတ်ပြည်တော်လှန်ရေး ၁၈၉၃ - ၁၉၅၄ ခုနှစ်အထိ အဖြစ်အပျက်များကို “ဒီရေမြင့်သစ်” တွင် ရေးသားထားပြီး၊ ၁၉၄၉ မှ ၁၉၇၅ ခုနှစ်အထိ အဖြစ်အပျက်များကို “မြစ်ပေါင်းတထောင် တောင်ပေါင်းတသောင်း” တွင်ရေးသားထားပါသည်။

တန်ဖိုး - ၃၀၀၀၀ ကျပ်။
စာမျက်နှာ - ၅၁၁

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

“မော်”ရဲ့ တရုတ်တော်လှန်ရေးဒီရေမြင့်သစ် (သို့)မော်စီတုန်းနှင့်တရုတ်တော်လှန်ရေးတရုတ်စာရေးဆရာမ HAN SUYIN ရေးသားပြီးဆရာမြသန်...
01/08/2024

“မော်”ရဲ့ တရုတ်တော်လှန်ရေး

ဒီရေမြင့်သစ် (သို့)မော်စီတုန်းနှင့်တရုတ်တော်လှန်ရေး

တရုတ်စာရေးဆရာမ HAN SUYIN ရေးသားပြီး
ဆရာမြသန်းတင့် ဘာသာပြန်ထားပါတယ်။

၂၀၁၅ ကာလကတော့ copy ကို
၇၀၀၀ လောက် ပေးဖတ်ခဲ့ရတဲ့ စာအုပ်ပါဗျ။
ပကြိမ်-၁၉၇၇ ဩဂုတ် ချင်းတွင်း။
ဘဝတက္ကသိုလ်စာပေကနေ ဒုတိယအကြိမ် ၂၀၂၃ ဇွန်လ မှာ
ထွက်ရှိထားပါတယ်။

တန်ဖိုး-၁၅၀၀၀ ကျပ်
စာမျက်နှာ-၅၇၆

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

ဆရာမြသန်းတင့်စာအုပ်လေး နှင့် ပန်းချီ မိုးယဥ် စာအုပ်လေး  အသစ်ရောက်ပါတယ်ခင်ဗျ။မြသန်းတင့်သမိုင်းပါမောက္ခ တွိုင်ဘီနှင့် ငြင်...
31/07/2024

ဆရာမြသန်းတင့်စာအုပ်လေး နှင့် ပန်းချီ မိုးယဥ် စာအုပ်လေး အသစ်ရောက်ပါတယ်ခင်ဗျ။

မြသန်းတင့်
သမိုင်းပါမောက္ခ တွိုင်ဘီနှင့် ငြင်းခုံခြင်း
တန်ဖိုး - ၈၀၀၀ ကျပ်။
စာမျက်နှာ - ၁၉၆

ပန်းချီ မိုးယဥ်
တန်ဖိုး - ၅၀၀၀၀ ကျပ်။
စာမျက်နှာ - ၁၄၁

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

သစ္စာနီ စာအုပ်လေးတွေပါ ခင်ဗျ။၁။ ဝတ္ထုတိုပေါင်းချုပ်တန်ဖိုး - ၂၅၀၀၀ ကျပ်။၂။ ဒုလ္လဘကမ်းခြေ မည်ကာမတ္တဝတ္ထု   တန်ဖိုး - ၅၀၀၀...
30/07/2024

သစ္စာနီ စာအုပ်လေးတွေပါ ခင်ဗျ။

၁။ ဝတ္ထုတိုပေါင်းချုပ်
တန်ဖိုး - ၂၅၀၀၀ ကျပ်။

၂။ ဒုလ္လဘကမ်းခြေ မည်ကာမတ္တဝတ္ထု
တန်ဖိုး - ၅၀၀၀ ကျပ်။

၃။ မောင်ရှင်ဆိုင်းထမ်းဝတ္ထုတိုများ
တန်ဖိုး - ၂၄၀၀ ကျပ်။

၄။ ဆိုလိုရှိုး
တန်ဖိုး - ၃၀၀၀ ကျပ်။

၅။ လက်ပံတန်း စစ်တမ်းနှင့် တစ်ကျော့ပြန်ခွပ်ဒေါင်းအလံများ
တန်ဖိုး - ၁၅၀၀ ကျပ်။

၆။ တစ်ဝက်တစ်ပျက် ​​ေကာက်ကြောင်းများ
တန်ဖိုး - ၂၅၀၀ ကျပ်။

၇။ ငယ်အိမ်မက် ၁၈
တန်ဖိုး - ၁၅၀၀ ကျပ်။

၈။ အန်ကယ်ပြောမယ်
တန်ဖိုး - ၂၀၀၀ ကျပ်။

၉။ အက်ဆေးနှစ်ယောက်
တန်ဖိုး - ၂၀၀၀ ကျပ်။

၁၀။ နိုင်ငံ​ရေးဝတ္ထု နိုင်ငံရေးကဗျာ
တန်ဖိုး - ၁၅၀၀ ကျပ်။

၁၁။ ကုန်တိုက်ကြီးမှာလူပျောက်ခြင်း
တန်ဖိုး - ၁၅၀၀ ကျပ်။

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

ပိုင်စိုးဝေ ဆိုတာ နောင်တစ်ချိန်ထွန်းကာလာမယ့် ယဉ်ကျေးမှုတစ်ခုပဲ။လူတစ်ယောက် ဘယ်လောက်ထိချစ်နိုင်တယ်ဆိုတာမင်းက မယုံဘူးလူတစ်ယ...
29/07/2024

ပိုင်စိုးဝေ ဆိုတာ
နောင်တစ်ချိန်ထွန်းကာလာမယ့် ယဉ်ကျေးမှုတစ်ခုပဲ။

လူတစ်ယောက် ဘယ်လောက်ထိချစ်နိုင်တယ်ဆိုတာ
မင်းက မယုံဘူး
လူတစ်ယောက်မိုးပေါ်ပျံနိုင်တယ်
ဆိုတာမျိုးကျ မင်းက ယုံပြန်ရော။

လှေအဆင်း မြင်းအတက် အရက်ဆိုင်အထွက်

ခုလည်း ဆရာပိုင်ရဲ့ ချစ်သူများအတွက်
ထွက်ပြီးသားစာအုပ်များထဲ မပါဝင်သေးသည့်
စာမူများစုထားတဲ့

“ဝေးကျန်ရစ်ခဲ့သော ပန်းများဥယျာဉ်”
တန်းဖိုး-၁၀၀၀၀ ကျပ်
စာမျက်နှာ-၂၂၁

“နေရောင်ခြည်နှင့် တွေ့ဆုံခြင်း”
တန်ဖိုး - ၄၀၀၀ ကျပ်။
စာမျက်နှာ - ၄၄

“ဣတ္ထိယတောင်တန်း”
တန်ဖိုး - ၅၀၀၀ ကျပ်။
စာမျက်နှာ - ၁၇၀

“လင်းနို့၏ မှတ်စု ဝတ္ထုတိုပေါင်းချုပ် - ၂”
တန်ဖိုး - ၈၀၀၀ ကျပ်။
စာမျက်နှာ - ၂၈၀

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

လင်းခါး စာအုပ်လေးတွေပါ ခင်ဗျ။ ၁။ လူအုပ်ထဲက အထီးကျန်မှု  တန်ဖိုး - ၃၀၀၀ ကျပ်။ ၂။ စမ်းရေကြည်နု တန်ဖိုး - ၄၅၀၀ ကျပ်။ ၃။ တစ်...
28/07/2024

လင်းခါး စာအုပ်လေးတွေပါ ခင်ဗျ။

၁။ လူအုပ်ထဲက အထီးကျန်မှု
တန်ဖိုး - ၃၀၀၀ ကျပ်။

၂။ စမ်းရေကြည်နု
တန်ဖိုး - ၄၅၀၀ ကျပ်။

၃။ တစ်နေ့မှ မေ့မရသူ ဇင်
တန်ဖိုး - ၃၅၀၀ ကျပ်။

၄။ တီရှပ်မြစ်
တန်ဖိုး - ၅၅၀၀ ကျပ်။

၅။ ငါးမိနစ်စာမိတ်ဆွေသို့နှင့် အခြားကဗျာများ
တန်ဖိုး - ၁၅၀၀ ကျပ်။

၆။ ရေသေအိုင်
တန်ဖိုး - ၄၅၀၀ ကျပ်။

၇။ ငြင်းဆိုသူရဲ့ မီးခိုးများ
တန်ဖိုး - ၄၅၀၀ ကျပ်။

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

အသစ်ရောက် စာအုပ်လေးတွေပါခင်ဗျ။ 1️⃣မြင့်သန်း    ပန်းရောင်လမ်းထောင့်မှလူ    တန်ဖိုး - ၉၀၀၀ ကျပ်။     စာမျက်နှာ - ၂၅၂။  2️⃣...
24/07/2024

အသစ်ရောက် စာအုပ်လေးတွေပါခင်ဗျ။

1️⃣မြင့်သန်း

ပန်းရောင်လမ်းထောင့်မှလူ

တန်ဖိုး - ၉၀၀၀ ကျပ်။

စာမျက်နှာ - ၂၅၂။

2️⃣မောင်သာနိုး

ဗုဒ္ဓဓမ္မ လက်ရွေးစင်

တန်ဖိုး - ၁၅၀၀၀ ကျပ်။

စာမျက်နှာ - ၃၇၈။

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ် ခင်ဗျ။

" ဗီယက်နမ် ဘုန်းတော်ကြီး၊ ကဗျာဆရာ၊ ငြိမ်းချမ်းရေးလှုပ်ရှားသူ Tich Nhat Hanh ရေးသားသည့် Old Plath White Clouds စာအုပ်ကို ...
23/07/2024

" ဗီယက်နမ် ဘုန်းတော်ကြီး၊ ကဗျာဆရာ၊
ငြိမ်းချမ်းရေးလှုပ်ရှားသူ Tich Nhat Hanh
ရေးသားသည့် Old Plath White Clouds စာအုပ်ကို
ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။

တောင်ပိုင်း ဟိနယာနကျမ်းလာ ဗုဒ္ဓဝင်ကို
မှီငြမ်းရေးသားထားသည့် ခေတ်သစ်ဗုဒ္ဓဝင်စာအုပ်ဖြစ်သည်။
ဗုဒ္ဓဝင်ကို ပုံဖော်ရာတွင် လူမှုအဖွဲ့အစည်း၊ အောက်ခြေလူတန်းစားတို့နှင့် လိုက်လျောညီထွေရှိအောင်နှင့် လူငယ်များနှင့် ထိတွေ့ဆက်ဆံခြင်းရှိအောင် ဦးစားပေး ပုံဖော်ထားသည်။

အထူးသဖြင့် ဗုဒ္ဓခေတ် လူသားများကို ဆင်းရဲချမ်းသာမရွေး ရောပြွန်းဖော်ပြထားသဖြင့် ဗုဒ္ဓ၏ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားပိုမိုပေါ်လွင်သည်ကို တွေ့ရသည်ဟု ဘာသာပြန်ဆိုသူက ရေးသားထားသည့် "

ဗုဒ္ဓခြေတော်ရာနောက်မှ လိုက်လျှောက်ခြင်း

📗တိမ်ဖြူပန်း နှင့် မဂ်လမ်း နှင့် သစ်နက်ဟန်📗

တိုးလှ မြန်မာပြန်သည်။

ပထမတွဲ - ၆၀၀၀ ကျပ်။

ဒုတိယတွဲ - ၆၀၀၀ ကျပ်။

တတိယတွဲ - ၈၀၀၀ ကျပ်။

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

INTELLECTUAL ABSTRACTIONZAW HTEINZIN LINN YUInterview ဆရာဇော်ထိန်မှ မေးထားပြီးဆရာဇင်လင်းယုမှ ဖြေကြားထားပါတယ်ကိုဇင်လင်းယု...
22/07/2024

INTELLECTUAL ABSTRACTION
ZAW HTEIN
ZIN LINN YU
Interview

ဆရာဇော်ထိန်မှ မေးထားပြီး
ဆရာဇင်လင်းယုမှ ဖြေကြားထားပါတယ်

ကိုဇင်လင်းယုရဲ့ ပန်းချီကားအချို့ကို
နှစ်သက်လို့ ဝယ်ထားပါတယ်

ရုပ်ပုံတွေ ရှုခင်းတွေကလည်း တစ်မျိုးအရသာ
အရောင်တွေကလည်း တစ်မျိုးအရသာ

ကဗျာ ပန်းချီ အခြားသော အနုပညာများအလုပ်ဟာ လူတိုင်းလုပ်လို့ရလားဆို
ရပါတယ်
ဒါပေမယ့် အရင် တည်ဆောက်ယူ ရပါတယ်

လက်ခံသည် လက်မခံသည်က တစ်ပိုင်း
တင်ဆက်မှုက တစ်ပိုင်း

သူငယ်တန်းကနေ ဆယ်တန်းကိုရောက်ဖို့
ဖြတ်သန်းရသလိုမျိုးပေါ့

မနေ့ကမှထပေါက်တဲ့ဗေဒါဟာ ရေထက် မြင့်ပါလိမ့်မယ်

artwork အကြာင်းကို
ဒီစာအုပ်မှာ မြင်ရပါလိမ့်မယ်

စာမျက်နှာ-71
တန်ဖိုး-10000ကျပ်။

READ IT BOOK STORE & PUBLISHING
Mandalay; 30 st. 66 & 67 st.
Room,C-12 .
hotline : 09 448 12345 4
hotline : 09 449 12345 4

နယ်မှ မှာယူသူများအတွက်
အမြန်ချော အိမ်ရောငွေချေ နှင့်
မြို့တွင်းအိမ်ရောက်ငွေချေ
Delivery အပ်ပေးပါတယ်။

Address

30 Th Street 66& 67 Th St
Mandalay

Telephone

+959448123454

Website

Alerts

Be the first to know and let us send you an email when READ IT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category