Dala Revolution Channel

Dala Revolution Channel အာဏာရှင်ကိုတော်လှန်ဖို့ဆို
ဘယ်တော့မှ သွေးမအေးဘူး

16/07/2024

မှော်စက်အုပ်ကြီး
ကိုထွန်းစိုး​ကြီး ခင်ဗျာမှာလဲ သေမထူးနေမထူး သိုက်တူးပြီး ရသမျှ အကုန်မနေတော့တာပဲ လူမိုက်တသိုက် ခြံရံလိုက်ပြီး ဗိုလ်ကျနေတာကလဲ များသား ဟိုလူကဘာဒီလူကဘာနဲ့ သူကိုမဘာလို့ကတော့ ဟောက်လုံး ခြောက်လုံးအောက်လုံးတွေသုံးပြီး ဂွင်ဖန်နေလိုက်တာကလဲ အမှူပေါင်းသောင်းခြောက်ထောင်ပါပဲလား ဒလမြို့နယ်လုံးပါမက မြန်မာတပြည်လုံးပါ သတင်းဌာနေကတောင် ကြော်ငြာဝင်ဝင်နေရပုံထောက်တော့ နိဗ္ဗာန်အကူးအပြောင်းမှာ ရတနာအထုပ်ကြီး တပါတည်းသယ်သွားဖို့ ကြံစီထားပုံရတယ်
ကိုထွန်းစိုးကြီး
ကျန်းမာရေးဂရုစိုက်ပါ

16/07/2024

မြို့မိ မြို့ဖ ဆိုသည်မှာ - - -

မြို့မိမြို့ဖကို ဗမာအဘိဓာန် အကျဉ်းချုပ် အတွဲ(၃) ၊ (ပ-ယ)အတွဲ၊

စာမျက်နှာ (၁၉၂) မှာအောက်ဖော်ပြပါအတိုင်းတွေ့ရှိရပါတယ် ။

မြို့မိမြို့ဖဟူသည်ကား

မြို့ပေါ်တွင် ဂုဏ်အား ၊ ပညာအား၊ အသက်အား ၊

မေတ္တာအား ၊ စေတနာအား စသည်တို့ကြီးမြင့်ထင်ရှားသော

အများအကျိုးဆောင်ရွက်သူ " မြို့မျက်နှာဖုံးပုဂ္ဂိုလ် " ။

မြို့မိမြို့ဖဟုခေါ်ဆိုသတ်မှတ်ထိုက်သူသည်

ကိုယ်ကျင့်တရားကောင်းမွန်မှု့ နှင့် ပြည့်စုံစေသည့် " ဂုဏ်အား " ။

ပြသနာအရပ်ရပ်အပေါ် ခွဲခြမ်းဝေဖန် သုံးသပ်နိုင်စွမ်းသော

အသိဥာဏ်ဖြင့်ပြည့်စုံသည့် " ပညာအား " ။

အပြစ်ကင်းသောအလုပ်ဖြင့်ဘဝတစ်လျှောက်

ရှင်သန်ရပ်တည်ခဲ့ကာ အတွေ့အကြုံ

ဗဟုသုတဖြင့်ပြည့်စုံသည့် " အသက်အား " ။

မြို့ပေါ်ရှိ အရပ်လေးဖက်က ရွေးချယ်တင်မြှောက်သူကို

မြို့မိမြို့ဖဟု ခေါ်သည်. " မေတ္တာအား " ။

မိမိမြို့နယ်၌ မည်သည့် အခက်အခဲများ ဖြစ်လာစေကာမူ

ရဲဝံ့စွာ ဌာန်း ကရိုက် ကျကျရှေ့ဆုံးမှ မားမားရပ်၍

ပြောဆိုတတ်သည့် " စေတနာအား " ။

ထိုငါးပါးဖြင့် ပြီးပြည့်စုံသည့်သူများသာ

ရပ်မိရပ်ဖ ၊ မြို့မိမြို့ဖ ဖြစ်ထိုက်ပေ၏ လို့ဖွင့်ဆိုထားပါတယ်။

Crd..

ကျွန်တော် တွေ့နေရတဲ့ မြို့မိ မြို့ဖ ဆိုသူများကတော့ ~~~~~

ငွေကြေး ချမ်းသာကြွယ်ဝပြီး လုပ်ပိုင်ခွင့် ရှိသူများနဲ့လဲအဆင်ပြေ

ပုတ်သင်ညိုလို ခေါင်းငြိမ့်ပြီး

မြို့အတွက် အကျိုးရှိရှိ မရှိရှိ

ခိုင်းသမျှ ကျိုးနွံစွာအကုန်လုပ်

ပေါ်ပြူလာဖြစ်အောင်နေ

အဲဒီလို လက်တစ်ဆုတ်စာ လူတွေကဘဲ

ဟို ဘာသာရေးအသင်းအဖွဲ့မှာ ဥက္ကဌ

ဒီလူမှုရေးအသင်းအဖွဲ့မှာ အတွင်းရေးမှုး

ဟိုဟို ဒီဒီ အဖွဲ့အစည်းမှာ အမှုဆောင်

ဘယ်မြို့လူထုရဲ့ ဆန္ဒမှမပါဘဲ

မင်းကို ငါကအဆိုတင်သွင်း

မင်းက ငါ့ကိုအဆိုတင်သွင်း

အချင်းချင်း အပြန် အလှန်အဆိုတင်သွင်းပြီး

ရှိရှိသမျှ အဖွဲ့တိုင်းမှာ

ဒီလူ ဒီလူတွေဘဲ တလှည့်စီ

ပါလေရာ ငပိချက် လုပ်နေကြတဲ့

ရေပေါ်ဆီ တွေကိုဘဲ

မျက်စေ့ နောက်လောက်အောင်

မြင်နေ တွေ့နေ ရပါကြောင်း ။

Thaung Lwin

ဒလမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု အနိုးချောင်ကြီးကျေးရွာတွင်...21/5/2024နေ့တွင် ကျေးရွာအတွင်း မတရားသဖြင့် စ စ်မှုထမ်းစေခိ...
24/05/2024

ဒလမြို့နယ် ညောင်ပင်ကျေးရွာအုပ်စု အနိုးချောင်ကြီးကျေးရွာတွင်...
21/5/2024နေ့တွင် ကျေးရွာအတွင်း မတရားသဖြင့် စ စ်မှုထမ်းစေခိုင်းချင်းကို အားပေးထောက်ခံသည့်အနေဖြင့် ကျေးရွာအတွင်း အသက်မပြည့်သူ မကျန်းမာသူ မသန်စွမ်း ပါမကျန် အဓမ္မဖိအားပေးချိန်းခြောက်စစ်မှုထမ်းစေခြင်း စစ်မှုမထမ်းလိုက ငွေကြေးတောင်းခံခြင်းတို့ကို.တက်ကြွစွာဖြင့် ခြိမ်းခြောက်ဆောင်ရွက်လျက်ရှိသော...ပြည်ခိုင်ဖြိုးပါတီအမာခံများဖြစ်သော အုပ်ချုပ်ထွန်းရီနှင့် အနိုးချောင်ကြိးရွာ ရာအိမ်မှူး အေးနိုင်(ဒလမြို့ပေါ်ရှိHello ဓာတ်ဆီဆိုင် ယ္ခင်ပိုင်ရှင် မိုးဆန်း(စည်ပင် ဒုခရိုင်မှူး)အကိုတော်ဆပ်သူ တို့ကို ပြည်သူများစိတ်မချမ်းမြေ့စေရန်နှင့် အတိဒုက္ခရောက်စေရန်စီမံမှုဖြင့်....
အရေးယူနိုင်စေရန် တင်ပြအကူညီတောင်းအပ်ပါသည်။

ဒလမှာ စစ်ကောင်စီရဲ့စစ်မှူထမ်းဥပဒေအား ဝိုင်းဝန်းအသက်သွင်းနေသူတွေကို ​မြို့နယ်(ပကဖ)သတိပေးပြီမတ်လ ၂၇၊၂၀၂၄ရန်ကုန်၊ဒလမြို့နယ်...
27/03/2024

ဒလမှာ စစ်ကောင်စီရဲ့စစ်မှူထမ်းဥပဒေအား ဝိုင်းဝန်းအသက်သွင်းနေသူတွေကို ​မြို့နယ်(ပကဖ)သတိပေးပြီ

မတ်လ ၂၇၊၂၀၂၄

ရန်ကုန်၊ဒလမြို့နယ်မှာ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို ဝိုင်းဝန်း အကောင်အထည်ဖော်အသက်သွင်းနေသူအားလုံးကို ရပ်တန်းကရပ်ဖို့ ဒလမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ဒီကနေ့ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

"ဒလမြို့နယ်အတွင်း ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ တစိတ်တဒေသပါဝင်ပတ်သက်နေသူတွေအားလုံးရဲ့ အချက်အလက်ကို ကျွန်တော်တို့ရထားပြီး အခုကနောက်ဆုံးသတိပေးတာပါ"လို့ ဒလမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)တာဝန်ရှိသူက DalaRevolutionchannelကို ပြောပါတယ်။

ဒီဥပဒေအကောင်အထည်ဖော်ရေးဆောင်ရွက်နေသူတွေရပ်တန်းကရပ်ဖို့နဲ့ ထပ်မံဆောက်ရွက်လာပါက ပြင်းထန်စွာ တားမြစ်အပြစ်ပေးသွားမယ်လို့ ဒလမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)က ဆက်ရှင်းပြပါတယ်။

နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုများ၏ အောင် မြင်မှုများအားသိရှိပြီးဖြစ်မည်ဟုယူဆပါသောကြောင့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ဝေခံအဖြစ်မှ အလိမ္မာသုံး၍ ရုန်းထွက်ကြရန်နှင့် နောက်ဆက်တွဲဆိုးကျိုးများမှ ရှောင်ရှားနိုင်ကြရန်ထပ်မံသတိပေးအပ်ပါသည်။

နိုင်ငံအနှံ့တော်လှန်ရေးအင်အားစုတွေရဲ့
အောင်မြင်မှုကို အားလုံးမျက်ဝါးထင်ထင်တွေ့မြင်နေရပြီလို့ယူဆကာ စစ်ကောင်စီလက်ဝေခံဘဝက ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ တိုက်တွန်းထားပြီး ဒလမြို့(ပ.က.ဖ)ကလည်း နွေးထွေးစွာ ကြိုဆိုနေမယ်လို့ ဖိတ်ခေါ်ထားပါတယ်။


#စစ်မှုထမ်းဥပဒေ

15/03/2024
15/03/2024

လူညီရင်..အုပ်ကြီးတွေလဲ..မသာဖြစ်နိုင်တာပဲ..

15/03/2024

ဒလမြို့နယ်က စစ်တပ်လက်အောက်ခံ အုပ်ကြီးများနဲ့ သတ်ဆိုင်သူများသိစေရန် အကြမ်းဖတ်စစ်မှူထမ်းဥပဒေကို ပါဝင်ကူညီပါတ်သတ်သူမှန်သမျှ ပြည်သူတွေရဲ့ဘုံရန်သူအဖြစ် အသတ်မှတ်ခံရပါမယ် အဓိကအုပ်ကြီးများဟာတရားခံတွေပါ အတင်းအဓမ္မ စစ်မှူထမ်းဖို့မဲနှိုတ် ပေါက်တဲ့လူငယ်တွေကို ဇွတ်အတင်းခေါ်‌ ရှေ့တန်းလွှတ်နေခြင်းဟာ အကြမ်းဖတ်လူသတ်မှူ မြောက်ပါတယ် အဲ့ဒီခလေးတွေဟာ မိမိစိတ်ဆန္ဒမပါပဲနဲ့ အတင်းအကြပ်ခေါ်ယူပြီး ရှေ့တန်းလွတ် တိုက်ခိုက်ခိုင်းခြင်းဟာလဲ နိုင်ငံအတွတ်မဟုတ်ပါ အာဏာရှင် လူတစုကောင်းစားရေးအတွတ် သီးသန့်တိုက်ပွဲပါ ဘဝတွေအသက်‌တွေကို နိုင်ငံအတွတ် တိုင်းပြည်နဲ့လူမျိုးအတွတ် ကာကွယ်ရမဲ့ တာဝန်နဲ့ဝတ္တရားရှိတယ်လို့နိုင်ငံသားတဦးတယေါက်ခြင်းစီမှာတာဝန်ကိုယ်စီ အသိစိတ်ရှိနေပြီးသားဖြစ်ပါတယ် လိုအပ်ရင်လိုအပ်သလို ပြည်သူတွေအတွတ် အသက်ပေးဖို့ဝန်လေးကြမှာ မဟုတ်ကြပါ အခုအကြမ်းဖတ်စစ်တပ်ရဲ့လုပ်ရပ် ကဥပဒေနဲ့မကိုက်ညီတဲ့အတွတ် ဥပဒေအရပြန်လည် ရင်ဆိုင်ကြရမယ်ဆိုတာ သိစေချင်ပါတယ် အခွင့်အခါသင့်လို့ ရှင်းကြရင် ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားကြပေါ့ နောင်တချိန်ဥပဒေအရ ရင်ဆိုင်ကြရရင် အသက်ခန္တာတည်မြဲပြီး ထောင်တွင်းအကျဉ်းကျခံရုံပါပဲ တော်လှန်ရေးရဲ့အလှည့်အပြောင်းတခု ရောက်လာရင်တော့ လူငယ်တွေရဲ့စိတ်ခံစားမှူတွေက လက်ရှိဥပ‌ဒေမဲ့ ကျူးလွန်ခဲ့တဲ့ အကြမ်းဖတ်လက်အောက်ခံ အုပ်ကြီးများနဲ့ သတ်ဆိုင်သူများအားလုံး အသက်ထွက်သွားနိုင်ပါတယ် အသိတရားရှိဖို့သတိထားလုပ်ကိုင်ကြဖို့ ဒလသားတယေါက်အနေနဲ့ အသိပေးလိုက်ပရစေ။

လူပျောက်ကြော်ငြာ ရန်ကုန်တိုင်း ဒလမြို့  ကျန်စစ်သားရပ်ကွက်အပိုင်(၆) မှာနေထိုင်တဲ့ ဦးသန်းထွန်းဒေါ်ခင်မာဌေး ၏ သမီး ၁၉နှစ်အ...
04/03/2024

လူပျောက်ကြော်ငြာ

ရန်ကုန်တိုင်း ဒလမြို့ ကျန်စစ်သားရပ်ကွက်အပိုင်(၆) မှာနေထိုင်တဲ့ ဦးသန်းထွန်းဒေါ်ခင်မာဌေး ၏ သမီး ၁၉နှစ်အရွယ် မသဇင်နွယ် ဟာ 2.3.2024 မနက် ၉ နာရီတွင်လာရောက်လည်ပတ်သော ဧည့်သည်ပြန်ပို့ပြီးအပြန်သူငယ်ချင်းမွေးနေ့သွားမယ်ဆိုပြီးယနေ့ထိ အိမ်သို့ပြန်မလာဘဲ ပျောက်ဆုံးနေပါသ​ဖြင့်

တွေ့ရှိပါက အောက်ပါဖုန်းနံပါတ်တွင်ဆက်သွယ်အကြောင်းကြားပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်။

09268029929
09684380649

#သင်၏shareတစ်ချက်ဖြင့်ကူညီပါ

2-2-2024ဒလမြို့နယ်မှ PDF ရဲဘော်ဂေါ်ကြီး တိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးကြောင်းသတင်းရရှိပြီး ဒလမြို့နယ်မှ PDFရဲဘော် ဂေါ်က...
05/02/2024

2-2-2024ဒလမြို့နယ်မှ PDF ရဲဘော်ဂေါ်ကြီး တိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးကြောင်းသတင်းရရှိပြီး ဒလမြို့နယ်မှ PDFရဲဘော် ဂေါ်ကြီးအပါအဝင် ဒလမြို့နယ်သား PDFရဲဘော် စုစုပေါင်း၄ဦးကျဆုံးကြောင်းသိရပြီး ဒလရဲစခန်းတိုက်ပွဲတွင် လူငယ်၄ဦးလူကြီး၂ဦး ကျဆုံး ‌စစ်ကြောရေးတွင်ဒလမှလူငယ်၂ဦးသေဆုံး ‌အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြရာတွင် အကြမ်းဖတ်အရိုက်ခံရ၍ဒလသား လူငယ်၁ဦးသေဆုံး အကျဉ်းထောင်းအတွင်း နွေဦးတော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့သော ဒလသူဒလသား နိုင်ငံရေးလှုပ်ရှားသူများ အကျဉ်းထောင် အသီးသီးတွင်၇၀ ဝန်းကျင်အကျဉ်းကျနေကြောင်း
Dall Revolution Channelမှ သတင်းရရှိထားပါသည်။
အောက်ပုံမှာ ရဲဘော်ဂေါ်ကြီး

PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော စစ်ထောက် လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုးကို ဖမ်းဆီးရ မိပြီးနေ...
30/01/2024

PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော စစ်ထောက် လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုးကို ဖမ်းဆီးရ မိပြီးနောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွား

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ကချင်ပြည်နယ်၊ ဖားကန့်-မြစ်ကြီးနားလမ်းတွင် PDF ၂၁ ဦး ဖမ်းဆီးပြီး အမျိုး သမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော စစ်ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစစ် နိုင် ကို ယနေ့ ဖမ်းဆီးရမိပြီးနောက် စစ်ဆေးမေးမြန်းစဉ် သေဆုံးသွား ကြောင်း မိုးကောင်း မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ် UG Black K မှ တာဝန် ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် ဗန်းမော်တပ်နယ်မှ စစ် ထောက်လှမ်းရေး ဗိုလ်ကြီး ပိုင်သူစိုး(ခ) မင်းစိုးနိုင်ကို ၎င်း၏ ကားနှင့်အတူ လာ ရောက် သတင်းစုံစမ်းထောက်လှမ်းနေစဉ် ဖမ်းဆီးရမိကြောင်း၊ ၎င်းထံမှ စစ်ဘက်ဆိုင်ရာ အထောက် အထားများ၊ ဖုန်းအတွင်းမှ ဓာတ်ပုံများ၊ PDF ၂၁ ဦးကို ဖမ်းဆီးခဲ့ပြီး အမျိုးသမီး ၁ ဦးကို မုဒိမ်းကျင့်ခဲ့သော အထောက်အထားများ ရရှိခဲ့ကြောင်း၊ ယင်းနောက် စစ်ဆေးမြန်းစဉ် သေဆုံးသွားကြောင်း သိရှိရသည်။

"သူ့ကို မိတာ ဖားကန့်-မြစ်ကြီးနားလမ်းကြောမှာ ဖမ်းဆီးရမိတယ်။ သူကားနဲ့လာတဲ့အချိန်မှာ ဖမ်းမိတာ။ သူက စစ်ထောက် လှမ်းရေးပါ။ သူက ဗန်းမော်တပ်က လို့ သိရတယ်။ သူက ကွန်မန်ဒို ထောက်လှမ်းရေးအရာရှိပေါ့။ ကချင် ပြည်နယ်မှာ သူက ထောက်လှမ်းရေး သတင်းစုဆောင်းတယ်။ သူ့ကို ကိုင်တာက နေပြည်တော်က တိုက်ရိုက် ကွပ်ကဲတယ်။ သူက KIA ၊ KIO PDF တွေရဲ့ လှုပ်ရှားတဲ့သတင်း အရင်းအမြစ်တွေ စုံစမ်းတယ်။ လိုက်တယ်ပေါ့။ သူ မုဒိမ်းကျင့်ထားတာ အမျိုးသမီး ၁ ဦးရှိပါတယ်။ အဲဒီ စစ်ထောက်လှမ်း ရေးဗိုလ်ကြီးက ၂၀၂၁ ခုနှစ်မှာ မန္တလေး ပြန်ဆင်းတဲ့ PDF ၄ ဦးကို ဖမ်းတယ်။ မနှစ်က PDF ၁၇ ဦးကို သူဖမ်းခဲ့တယ်။ အဲဒါကြောင့် သူ့ကို စောင့်ကြည့်ပြီး သူလာတဲ့ လမ်းကြောကနေ တားဆီး ခေါ်ဆောင်ပြီးမှ စောင့်ဖမ်းတာပါ။ သူ့ဖုန်းထဲကနေ သူယူနီဖောင်းနဲ့ရိုက်ထားတဲ့ပုံတွေ၊ သူနဲ့ပတ်သက်တာတွေ အကုန်ရရှိပြီးတော့ မေးမြန်းပါတယ်။ မွန်းလွဲ ၁၂ နာရီ ၁၅ မှာ သူ့ကို ကားနဲ့ အတူ ဖမ်းဆီးတယ်။ မေးမြန်းစစ်ဆေးနေစဉ်မှာ သေဆုံးသွားပါတယ်" ဟု မိုးကောင်း ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ကျွန်တော်တို့ PDF တွေကို ယူနီဖောင်းနဲ့ ဂမ်းနဲ့ မြင်နိုင်ပေမယ့်UG တွေကိုတော့ ဒီလိုတွေ့နိုင်၊ မြင်နိုင်မှာမဟုတ်ပါဘူး။သာမန်...
18/01/2024

ကျွန်တော်တို့ PDF တွေကို ယူနီဖောင်းနဲ့ ဂမ်းနဲ့ မြင်နိုင်ပေမယ့်
UG တွေကိုတော့ ဒီလိုတွေ့နိုင်၊ မြင်နိုင်မှာမဟုတ်ပါဘူး။
သာမန်အဝတ်အစားလေးနဲ့ပဲ သူတို့ချစ်တဲ့မြို့လေးမှာခိုကပ်ရင်း တော်*လှန်နေတာပါ။

တော်*လှန်ရေးရဲ*ဘော်ချင်းတူတူတောင် UG တွေဟာ လူမသိ၊ သူမသိနဲ့ပါ။
ကျွန်တော်တို့တွေ ကတုတ်ကျင်းထဲမှာ လေယာဉ်သံကိုနားစွင့်ရင်း ရင်တုန်နေရချိန် UG တွေကတော့ လေးဘက်ပိတ်နံရံကြားထဲမှာ ခြေသံကြားတိုင်း ပြေးဖို့အသင့်ပြင်နေကြရတာပါ။

ကျွန်တော်တို့ PDF တွေက ရန်*သူကိုခုခံကာကွယ်နိုင်တယ်၊ တို*က်ခိုက်တာလည်း လုပ်နိုင်တယ်။
ဒါပေမယ့် UG တွေမှာတော့ ပြေးမလား၊ အ‌ Thay ခံမလား ရွေးပါပဲ။ လွတ်အောင်ပြေး၊ ပြေးနိုင်အောင်ပြေး၊ တိုက်ပေါ်လည်းတက်ပြေး၊ ထပ်ခိုးလည်း တက်ပြေး၊ နောက်ဆုံးပြေးစရာမရှိတော့လို့ တိုက်ပေါ်က ခုန်ချပြီးပြေးခဲ့ကြတာ ကောင်းကင်ပေါ်ကြယ်အဖြစ် ရောက်သွားတဲ့အထိပါပဲ။

ကျွန်တော်တို့ ကြယ်တွေမကြွေချင်လည်း ကြွေနေကြ၊ ကြွေပေးနေရတာပါပဲ။ ကျွန်တော်တို့ အားလုံးရဲ့ရည်မှန်းချက်ပန်းတိုင်ကို မရောက်မချင်းလည်း ထပ်ကြွေနေကြရဦးမှာပါပဲ။ ကြယ်ကြွေလွှင့်ခြင်းနည်းပါးဖို့ဆိုတာ ကျွန်တော်တို့ပန်းတိုင်ကို အချိန်တိုတိုနဲ့အမြန်ရောက်ခြင်းပါပဲ။ ကျွန်တော်တို့ PDF တွေရော၊ UG တွေပါ ပန်းတိုင်ကိုနီးကပ်စွာ ခရီးဆက်နေပါတယ်။ အချိန်တိုတိုနဲ့ ခပ်မြန်မြန်ရောက်ဖို့ရာ ပြည်သူလူထုဝန်းရံအားကိုအပြည့်အဝလိုအပ်ပါတယ်။

ကျွန်တော်တို့ မစ်ရှင်တွေဖော်ဆောင်နိုင်ဖို့ရာ PDF နဲ့ UG ပူးပေါင်းပြုလုပ်တဲ့ ❝UG တွေကြုံး PDF ကဝုန်း❞ Campaign လေး ဝန်းရံအားဖြည့်ပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ။

ထုံးစံအတိုင်း ကောမန့်တစ်ကြောင်း၊ လိုက်ခ်တစ်ချက်၊ ရှဲတစ်ခုနဲ့ ငဇူ့ကိုမျက်လှည့်ပြကြရအောင်ခင်ဗျာ


ွေကြုံးPDFကဝုန်း
#ဖျက်မြင်းစစ်ကြောင်း

#ပြည်သူ့တော်လှန်ရေးအင်အားစု


#ယူဂျီတွေကြုံးပီဒီအက်ဖ်ကဝုန်း

11/01/2024

ကမ္ဘာမကြေဘူး

11/01/2024

ဒလပျော်ဘွယ်ကြီးရဲစခန်းမှ ယခင်ရဲအုပ်မင်းညွန်အောင် စစ်ကိုင်းသို့တာဝန်အရ‌ပြောင်းရွေ့ပြီးးနောက် ဒလ‌ပျော်ဘွယ်ကြီးစခန်းသို့
ရဲအုပ်မင်းညွန့်အောင်နေရာအစားထိုး ပြောင်းရွေ့လာသူ ရဲအုပ်ကြည်စိုးနိုင်၂ပွင့်သည် ယခင်က ရဲအုပ်မင်းညွန့်အောင်‌နေရာတွင် အမွေဆက်ခံ၍ ထုံးစံအတိုင်း၂လုံး၃လုံးဘောလုံး ဖဲဝိုင်းကြက်ဝိုင်း မူးယစ်ဆေးများနှင့် မကောင်းမှူဒုစရိုက်များကို လိုင်းကြေးတောင်းခံခြင်း ဆက်ကြေးကောက်ခံခြင်း လူမိုက်များ‌မွေး၍
အုပ်စုဖွဲ့ခြင်း အကြွေးတောင်းခြင်းဒုစရိုက်သမားများနှင်လူမိုက်ဇိုးများစွာတို့နှင့်ပေ့ါင်သင်းဆက်ဆံပြီး ပြည်သူကိုအနိုင်ကျင့်မင်းမဲ့စရိုက်ပြု ဥပဒေမဲ့ပြုလုပ်ဆောင်ရွက်၍ ပျော်ဘွယ်ကြီးကျေးရွာမှ လက်လုပ်လက်စား တနေ့လုပ်တနေ့စားများအပေါ်ခြိမ်းခြောက်အော်ဟစ်ဆဲဆိုကြိမ်းမောင်းပြီး ဒလမှလူမိုက်ထန်းသီးအား လက်သပ်မွေးကာလိုင်းကြေးဆက်ကြေးတောင်းခံခိုင်းပြီးလူမိုက်ရာထူး‌ပေးပြီး ဒုစရိုက်မှူများ လုပ်ပိုင်ခွင့်လက်မှတ်ပေးပြီး ဒလမြို့နယ်တွင်းမှလူမိုက်များမှာလဲ မကြာခဏဆိုသလိုစခန်းဝန်းကျင်မှာဖွင့်ထား‌သောထမင်းဆိုင်များမှာ စုရပ်သဖွယ်ပြုလုပ်၍ ထမင်းဆိုင်များမှာလဲ လူမိုက်ဇိုးများနှင့် ပေါင်းသင်း၍ ရွာကိုကလန်ကဆန်ပြုလုပ်၍ လူမိုက်အလိုကြ စီးပွါးရှာနေကြသည်ကိုလဲ ရွာခံများထံမှသိရှိရပါသည် လူမိုက်များမှာလဲ ရွာကိုမကြာခဏအဝင်အထွက် အုပ်စုဖွဲ့ရောက်လာခြင်းများ ရှိပါသဖြင့်ပျော်ဘွယ်ကြီးရွာတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ကြောက်လန့်စိုး
ထိတ်ရင်တမမဖြင့် နေထိုင်စား‌သာက်ကျီးလန့်စာ စားနေရသလို ဘဝလုံခြုံမှူများမရှိသလိုခံစားနေရသည်ဟု ရွာခံတစ်ဦးမှ Dala Revolution
Channel သို့သတင်းပေးပို့လာပါသဖြင့်
အများသိစေရန်သတင်းတင်ပြအပ်ပါသည်။

မှတ်ချက်
ရဲအုပ်ကြည်စိုးနိုင်၂ပွင့်သည် ယခုလက်ရှိဝင်ငွေသည် ၁လလျှင်သိန်း၂၀၀ကျော်ဝင်‌ငွေရှိပြီး လိုင်းကြေးဆက်ကြေးကောက်ခံရရှိသည်ဟု ရဲစခန်းအတွင်းမှ ရဲမိသားစုများထံမှလဲကြားသိရပါသည်။

#ဒလမြို့နယ်
#ပျော်ဘွယ်ကြီးစံပြကျေးရွာ

05/01/2024

ဒလမြို့နယ်အတွင်းမှ ဒေသခံမိဘပြည်သူများအနေဖြင့် ဒလမြို့နယ်အတွင်း မတရားမှူများနှင့်တကွ မိဘပြည်သူဒေသခံ ဒလမြို့သူမြို့သားများအား ရဲခွေးစစ်ခွေး ရဲဘောမ စစ်ခွေးဘောမ လူမိုက်ဇိုးများမှ အနိုင်ကျင့်စီးပွါးရှာ ၍ မူးယစ်ဆေးရောင်းဝယ်ခြင်း ဖဲဝိုင်းထောင်ခြင်း ကြက်ဝိုင်းထောင်ခြင်း မကောင်းမှူ ဒုစရိုက်မျိုးစုံလုပ်ကိုင်၍ လိုင်းကြေးပေးခြင်း မတရားမှူများစွာကျူးလွန်ပြီး စစ်ခွေးရဲခွေးများနှင့်ပူးပေါင်း၍ စီးပွါးဖြစ်လုပ်ကိုင်ကာ ဥပဒေမဲ့ လုပ်‌ေဆာင်နေကြသည်ကို ဒေသခံများမှ သတင်းပေးပို့လာပါသည် တစ်ချို့သောရွာခံ ဒေသခံများမှာ မည်သူကို အားကိုးတကြီး အကူအညီတောင်းခံရမှန်းမသိ ကူရာမဲ့နေသူများအများအပြား သတင်းရရှိထားပါသည် သို့ဖြစ်ပါသောကြောင့်

Dalla Revolution Channel.
သို သတင်းပေးပိုထားနိုင်ပါသည် ၎င်း‌
ပေးပို့သော သတင်းများမှာလဲ အမှန်တစ်ကယ်တိကျစေရန်လဲ လိုအပ်ပါသည် လူပုဂ္ဂိုလ်‌ရေး မုန်းတီးမှူမပါဝင်စေပဲ ပေးပို့ပါဝင်ကူညီပေးပါသော မိဘပြည်သူများနှင့်တကွ မတရားအနိုင်ကျင်ခံသူများ၏ အမည်များအား လုံခြုံစိတ်ချစွာ တာဝန်ယူတာဝန်ခံပါသည်

သို့ဖြစ်ပါသောကြောင့်,၎င်းမတရားမှူများအား မည်သူမဆိုကျူးလွန်ပါက အချိန်အားလျှော်စွာ အခွင်သာသလို တုန့်ပြန်သွားမည်ဖြစ်ကြောင်းကိုလဲ
Dalla Local PDF
များထံမှလဲအသိအလင်းသတင်းပေးပို့ထားပါသည်

01/01/2024

ဒလကဘောမတွေ ပျော်နေကြတယ်
ဒလPDFများမမြင်ဘူးမှာစိုးလို့ ကိုယ်ထင်ပြရတာ ကျွန်တော် ပန်းသီးနဲ့အဖွဲ့ပါ သေချာကြည့်ထားပါ

ဒေါင်းမင်းစစ်ကြောင်းမှ ကျဆုံးခဲ့ရသော ရဲဘော်သတ္တိ​၏ ကွယ်လွန်ခြင်းအခမ်းအနားတွင် ဘာသာပေါင်းစုံမှ ဝတ်ပြုဆုတောင်းခြင်း ပြုလုပ...
01/01/2024

ဒေါင်းမင်းစစ်ကြောင်းမှ ကျဆုံးခဲ့ရသော ရဲဘော်သတ္တိ​၏ ကွယ်လွန်ခြင်းအခမ်းအနားတွင် ဘာသာပေါင်းစုံမှ ဝတ်ပြုဆုတောင်းခြင်း ပြုလုပ်ပေးခဲ့ကြပါသည်။

တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်တွေ့ဆုံရန်ကုန်၊ ဒီဇင်ဘ...
30/12/2023

တိုက်ပွဲအတွင်း ဒဏ်ရာရရှိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် သွားရောက်တွေ့ဆုံ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရသော တော်လှန်ရေးတပ်ဖွဲ့ဝင်များကို NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သွားရောက်တွေ့ဆုံပြီး အားပေး စကားပြောကြားခဲ့ကာ အမြန်ဆုံးပြန်လည်သက်သာစေရန် ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း၊ ခွန်အားဖြည့်အ စားအစာများ ဖြည့်စွက်ကျွေးမွေးရန် ဆေးရုံတာဝန်ရှိသူများထံသို့ လိုအပ်သည်များ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ရဲဘော်သတ္တိဖုန်းအလာကို စောင့်နေကြတဲ့ သူငယ်ချင်းများ____________________________________________၂၇ ဒီဇင်ဘာ ၂၀၂၃ကောင်းထက်"...
28/12/2023

ရဲဘော်သတ္တိဖုန်းအလာကို စောင့်နေကြတဲ့ သူငယ်ချင်းများ
____________________________________________
၂၇ ဒီဇင်ဘာ ၂၀၂၃
ကောင်းထက်

"အိမ်ကိုလွမ်းလှပြီဗျာ အဖေနဲ့အမေကိုလည်းသတိရနေပါပြီ။ ချစ်ရတဲ့သူတွေနဲ့လည်း အတူတူပြန်ဆုံချင်နေပြီ"ဆိုပြီး ရဲဘော်သတ္တိက သူမကျဆုံးခင်ရက်ပိုင်းလောက်မှာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ရဲဘော်သတ္တိက အစ္စလာမ်ဘာသာဝင်တစ်‌ယောက်ဖြစ်ပါတယ်။စစ်အာဏာသိမ်းချိန်မှာ (၈)တန်းအောင်ပြီး (၉) တန်းကို တက်ရမဲ့ ကျောင်းသားလူငယ် တစ်ယောက်ပဲဖြစ်ပါတယ်။ သူ့အသက် (၁၇)နှစ်မှာတောထဲကို ရောက်ခဲ့ပြီး ဒေါင်းမင်းစစ်ကြောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒေါင်းမင်း စစ်ကြောင်းကို စတင်ဝင်‌ရောက်ချိန်မှာ အသက်မပြည့်သေးရင် ဝင်လို့မရမှာစိုးတဲ့အတွက်ကြောင့် အသက်ကို လိမ်ပြောခဲ့ပါတယ်။ သူ့အသက်အမှန်ကို သူကျဆုံးပြီးချိန် သူ့အုပ်ထိန်းသူတွေကို အကြောင်းကြားမှသာ သိခဲ့ရတာပါ။

စစ်အာဏာသိမ်းပြီးနောက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတဲ့ ပြည်သူတွေကိုစစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့ပါတယ်။ အဲဒီလို အကြမ်းဖက်မှုကို လက်မခံနိုင်တဲ့ ပြည်သူတွေ က ရရာလက်နက်ဆွဲကိုင်ပြီး မြို့ပြပြောက်ကျား အနေနဲ့ထပ်မံတော်လှန်ခဲ့ကြပါတယ်။

ဒေါင်းမင်းစစ်ကြောင်းကိုလည်း မြို့ပြပျောက်ကြားတပ်ဖွဲ (၃) ဖွဲ့စုပေါင်းတည်ထောင်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ စစ်အာဏာရှင်ကိုလက်နက်ဆွဲကိုင်ပြီး စတင်တော်လှန်‌ခဲ့ပါတယ်။

ဒေါင်းမင်းစစ်ကြောင်းမှာ ဒရုန်းတပ်ဖွဲ့၊ဆေးတပ်ဖွဲ့၊အုပ်ချုပ်ရေးအဖွဲ့နဲ့တိုက်ခိုက်ရေးတပ်ဖွဲ့ဆိုပြီး တပ်ဖွဲ့(၄)ဖွဲ့ခွဲထားပါတယ်။ ရဲဘော်သတ္တိရောက်လာချိန်မှာ အသက်အရွယ်အရ ငယ်သေးတဲ့အတွက် ခေါင်းဆောင်တွေက ဆေးသင်တန်းတက်ဖို့ ပြောတဲ့ အခါမှာ သူငြင်းဆိုခဲ့ပါတယ်။

တိုက်ခိုက်ရေးပဲ လုပ်ချင်တယ် ဆိုပြီးတပ်ဖွဲ့ခေါင်းဆောင်တွေအပေါ် အတင်းအကျပ်ပြောဆိုတာ‌ကြောင့် ဒရုန်းသင်တန်း ကို မနည်းချော့မော့ပြီးတက်ခိုင်းလိုက်ရပါတယ်။ ရဲဘော်သတ္တိဟာ အ‌ခြေခံစစ်သင်တန်း၊ မွမ်းမံသင်တန်းနဲ့ ဒရုန်းသင်တန်းပြီးထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒရုန်းသင်တန်းပြီးဆုံးချိန်မှာလည်း သူ့ရဲ့တိုက်ခိုက်ရေး အဖွဲ့မှာ တာဝန်ထမ်းဆောင်ချင်တဲ့ စိတ်က ပျောက်ကွယ်မသွားပါဘူး။ စစ်အာဏာရှင်ကို သူကိုယ်တိုင်တိုက်ထုတ်ချင်တဲ့စိတ်က ဘယ်လောက်တောင်ပြင်းပြလဲဆိုရင် ဒရုန်းသင်တန်းပြီးဆုံးချိန်မှာ တစ်ခြားရဲဘော်တွေ ‌ရှေ့တန်းထွက်အချိန် သူ့ကို ထည့်မပေးတာကြောင့် ဒရုန်းသင်တန်းခေါင်းဆောင်ကို တစ်ပတ်လောက်စိတ်ကောက်ပြီး စကားမပြောခဲ့ပါဘူး။

နောက်မှ ခေါင်းဆောင်တွေက ခေါ်မေးတဲ့အချိန်မှာ သူက ရှေ့တန်းသွားချင်တာ သူ့ကိုထည့်မပေးလို့ဆိုပြီး မျက်ရည်ကျရင်းပြောဆိုခဲ့ပါတယ်။ မတတ်သာတဲ့ အဆုံး ရှေ့တန်းကို ထည့်ပေးလိုက်ရပါတယ်။

တပ်ရင်းတစ်ခု လုံးမှာ အသက်အငယ်ဆုံး ဖြစ်ပြီး အကြီးတွေရဲ့စကားကို နားထောင်သူတစ်ယောက်လည်းဖြစ်တဲ့အတွက် တပ်ရင်းတစ်ခု လုံးကလည်းသူကိုချစ်ကြပါတယ်။ ရှေ့တန်းထွက်ရမဲ့နာမည် စာရင်းထဲမှာ သူ့နာမည်မပါရင် စိတ်ကောက်ပြီးထမင်းမစားတာ ၊ အမျိုးမျိုးစောဒကတက်တာမျိုးတွေက သူရဲ့လုပ်နေကျ အမူအကျင့်တွေပဲဖြစ်ပါတယ်။

သူ့ရဲ့ပြင်းပြတဲ့ တော်လှန်ရေးစိတ်ဓာတ်ကို အသိအမှတ်ပြုပြီး ခေါင်းဆောင်တွေက ရှေ့တန်းတိုက်ပွဲမှာ ပါဝင်ဖို့ စီစဉ်ပေးရပါတယ်။ ရှေ့တန်းမှာလည်း ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့နေရာမှာမထားဘဲ အနောက်ဘက်ရံပေးထားတဲ့နေရာ မှာ လူကြီးတွေက ရဲဘော်သတ္တိကို တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။

ရှေ့တန်းရောက်နေတဲ့ အချိန်မှာတောင် အင်တာနက်လိုင်းရတဲ့နေရာ ရောက်ရင် သူ့ရဲ့အသိမိတ်ဆွေသူငယ်ချင်းတွေကို ဖုန်းဆက်ပြီး ဂရုစိုက်ဖို့ အမြဲ တဖွဖွ မှာတတ်ပါသေးတယ်။

ရဲဘော်သတ္တိကို ရှေ့တန်းမှာ M-79 လောင်ချာကို ကိုင်ခိုင်းခဲ့ပါတယ်။လောင်ချာဖြစ်တဲ့အတွက်ကြောင့် အနောက်ကနေပဲ ပစ်ပေးရတာမို့ သူ့အတွက် အန္တရာယ်နည်းနည်းပိုကင်းမယ်လို့ယူဆပြီး ရိုင်ဖယ်မကိုင်ခိုင်းပဲ M-79 လောင်ချာကို ကိုင်ခိုင်းခဲ့တာပါ။

ဖြူး၊ကျောက်ကြီး၊ညောင်လေးပင်နဲ့နတ်သံကွင်းမှာ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်အလို (၂) လအတွင်းမှာတိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာ ရဲဘော်သတ္တိလည်းပါဝင်ခဲ့ပါတယ်။

"နတ်သံကွင်းမြို့ကို ပူပေါင်းတပ်တွေအားလုံးက (၂၆) ရက်နေ့ မနက် (၄) နာရီခွဲလောက်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ စစ်ဆင်းရေးမှာ‌ဒေါင်းမင်းစစ်ကြောင်းက ရဲဘော်ဇင်ယော် ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်သတ္တိနဲ့အတူ ABSDF ရဲဘော် (၁)ယောက် ၊ KNU ရဲဘော်(၁)ယောက် ၊ ရန်ကုန်တပ်ရင်း ၅၁၀၁ တပ်ခွဲက ရဲဘော် ၁ယောက် ၊ ဘိတ်ခရိုင် ကျောင်းသားသမဂ္ဂ မှာ ရဲဘော် ၁ ယောက် စုစုပေါင်း (၅) ယောက် မြင့်မြတ်ဂုဏ်ပြောင်စွာကျဆုံးခဲ့တယ်"လို့ဒေါင်းမင်းစစ်ကြောင်း တာဝန်ခံ က ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဘက်က ပစ်လိုက်တဲ့လက်နတ်ကြီးကျည်က ရဲဘော်ဇင်ယော်နဲ့ ရဲဘော်သတ္တိတို့ အရှေ့ ကျရောက်ပေါက်ကွဲခဲ့ပြီး လက်နက်ကြီးကျည်အစ က ရဲဘော်သတ္တိခါးမှာပတ်ထားတဲ့ 40 MM လောင်ချာကျည်ကို ထိမှန်ပြီးပေါက်ကွဲခဲ့တာကြောင့် အဲ့ဒီနေ့ မနက် (၈) နာရီ (၇)မိနစ် မှာပဲ ကျဆုံးခဲ့ရပါတယ်။

ရဲဘော်သတ္တိနဲ့အတူပါလာတဲ့ ရဲဘော်ဇင်ယော်ကိုလည်း ထိမှန်ခဲ့ပြီး ခြေနှစ်ဖက် ၊ လက်တစ်ဖက်နဲ့ပါးမှာ လက်နက်ကြီး ကျည်စဝင်ပြီး ဒဏ်ရာ ရရှိခဲ့ပါတယ်။

"တိုက်ပွဲက နတ်သံကွင်းမြို့မှာရှိတဲ့ စကစ စခန်းတွေကိုဝင်သိမ်းတာ၊စကစ ဘက်က စခန်းထားခဲ့ပြီး ထွက်ပြေးသွားပြီးတော့မှ လက်နက်ကြီးနဲ့ လှမ်းပစ်ပြီး လေယာဉ်နဲ့ ဗုံးလာကြဲတာ"လို့ ဒေါင်းမင်းစစ်ကြောင်း တာဝန်ခံက ပြောပါတယ်။

ရဲဘော်သတ္တိဟာ တော်လှန်ရေးပြီးတဲ့ အချိန် ပြန်လည်ထူထောင်ရေး ကျရင်လည်းသူကိုခေါ်ဖို့ ပြန်လည်ထူထောင်ရေးပြီးရင် သူကျောင်းပြန်တက်မယ် ဆိုပြီး ဒေါင်းမင်းစစ်ကြောင်းမှ တာဝန်ခံကို ပြောပြခဲ့ဖူးပါတယ်။

"သူက ကျနော့်ကိုတော့ တော်တော်ချစ်တယ်၊ကျနော် ဘယ်သွားသွားသူလိုက်ချင်တယ်၊သူ့ကိုလည်း တပ်ဖွဲ့တစ်ခုလုံးမှာ အငယ်ဆုံးမို့ ကျွန်တော်က ဦးစားပေးပါတယ်။ အဲ့ဒါကြောင့်ပဲထင်ပါတယ် တော်လှန်ရေးပြီးရင်ကျနော် နဲ့အတူလာနေမယ် အမြဲပြောတယ်" လို့ဒေါင်းမင်းစစ်ကြောင်းတာဝန်ခံကပြောပါတယ်။

ရှေ့တန်းရောက်လို့ အင်တာနက်လိုင်းမိတဲ့ နေရာရောက်ရင် ဖုန်းဆက်ပြီး အသိမိတ်ဆွေသူငယ်ချင်းတွေကို ဂရုစိုက်ဖို့ အမြဲမှာတတ်တဲ့ ရဲဘော်သတ္တိ။ ခုတော့သူဖုန်းမဆက်တော့ပါဘူး။ ဒါပေမဲ့ သူ့ဖုန်းများဝင်လာမလားဆိုပြီး ရဲဘော်တွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်သူတွေအားလုံးကစောင့်မျှော်နေဆဲ သူ့ဆီကဖုန်းခေါ်သံ လာနိုးလာယောင်နဲ့လွမ်းဆွတ်တမ်းတနေကြဆဲပါ။

နတ်သံကွင်းတိုက်ပွဲမှာကျဆုံးသွားသော PDF လူငယ်ပဲခူးတိုင်းဒေသကြီးနတ်သံကွင်းမြို့နယ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒေါင...
26/12/2023

နတ်သံကွင်းတိုက်ပွဲမှာကျဆုံးသွားသော PDF လူငယ်

ပဲခူးတိုင်းဒေသကြီးနတ်သံကွင်းမြို့နယ်တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်သတ္တိ(ခ) ဟာဖိဇ် မုဟမ္မဒ် ဟဘီဘွလ္လာဟ် ကဆုံးသွားခဲ့ကြောင်း မြန်မာ မွတ်ဆလင်တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားသည်။

နတ်သံကွင်းမြို့နယ်ထဲရှိစစ်ကောင်စီတပ်စခန်းများအားKNU/KNLA နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီဇင်ဘာလ ၂၆ ရက်မနက်က စတင်တိုက်ခိုက်သော မြို့သိမ်းတိုက်ပွဲတွင် ရဲဘော်သတ္တိ(ခ) ဟာဖိဇ် မုဟမ္မဒ် ဟဘီဘွလ္လာဟ် ကျဆုံးခဲ့ခြင်းဖြစ်သည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းမူ့ကိုဆန့်ကျင့်ကာ လက်နက်ကိုင်တော်လှန်သည့် လူငယ်များထဲတွင်အစ္စလာမ်ဘာသာဝင်များလဲ များစွာပါဝင်နေကြသည်။

ဒလသားpdfရဲဘော်မြင့်မြတ်စွာကျဆုံး************************************ယနေ့  နတ်သံကွင်းတိုက်ပွဲမှာ ဒေါင်းမင်းစစ်ကြောင်းမှ ရ...
26/12/2023

ဒလသားpdfရဲဘော်မြင့်မြတ်စွာကျဆုံး
************************************
ယနေ့ နတ်သံကွင်းတိုက်ပွဲမှာ ဒေါင်းမင်းစစ်ကြောင်းမှ ရဲဘော်သတ္တိ(ခ) ဟာဖိဇ် မုဟမ္မဒ် ဟဘီဘွလ္လာဟ် တိုင်းပြည်အတွက် ဂုဏ်ရောင်ပြောင်စွာ အသက်ပေးလှူသွားခဲ့ပါတယ်။
ရဲဘော်သတ္တိဟာ နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ရော၊ စစ်မှန်တဲ့တော်လှန်ရေးရဲဘော်တစ်ဦးအနေနဲ့ပါ မြန်မာမွတ်စ်လင်မ်ပီသစွာနဲ့ အသက်ကိုပေးလှူပြီးမော်ကွန်းရေးထိုးသွားခဲ့ပါတယ်။

မိမိတို့အနေနဲ့ ရဲဘော်ရဲ့ကျဆုံးမှုကို ဝမ်းနည်းကြေကွဲစွာဖြင့် မော်ကွန်းရေးထိုးလိုက်ပါတယ်။ တော်လှန်ရေးရဲ့ စစ်မျက်နှာအသီးသီးမှာ ဘာသာလူမျိုးစုံ ရဲဘော်တွေနဲ့ အတူ မြန်မာမွတ်စ်လင်မ်တွေဟာလည်း ရှေ့ခေတ်အဆက်ဆက်မှ ရဲဘော်များရဲ့ သမိုင်းကိုလက်ဆင့်ကမ်းရင်း ပခုံးပြောင်းကာ ပါဝင်လျက်ရှိနေကြပါတယ်။ ရဲဘော်သတ္တိဟာ တော်လှန်ရေးတိုက်ပွဲကဏ္ဍတွေအားလုံးထဲမှာ စစ်ရေးတိုက်ပွဲမှာရှေ့တန်းကတိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေထဲက ရဲဘော်တစ်ဦးဖြစ်ပါတယ်။

အခုလို အသက်ပေးလှူသွားတဲ့ ရဲဘော်တွေများစွာထဲမှာ လူမသိသူမသိ ကျဆုံးသွားရတဲ့ အညတရမြန်မာမွတ်စ်လင်မ်ရဲဘော်တွေ နေရာအသီးသီးမှာရှိကြပါတယ်။ ဒီရဲဘော်တွေဟာ ယခင်က‌တည်းက‌ရော၊တော်လှန်ရေးထဲမှာပါ ခွဲခြားမှုတွေကိုခါးစည်းကာ ကြံ့ကြံ့ခံရင်း တိုင်းပြည်အတွက် အသက်ပေးလှူသွားကြတယ်ဆိုတာကို မမေ့ဖို့လိုပါတယ်။

"ငါတို့တော်လှန်ရေးဟာ ငါတို့လုပ်မှပြီးမှာ
တော်လှန်ရေးအပေါ်ရိုးသားပါ
အမြတ်ထုတ်သူတွေများလို့"

ဒလ
ရဲဘော် သတ္တိကတော့ မကျဆုံးမီမှာ သူ့ရဲ့တော်လှန်ရေး အယူအဆကို သူ့ရဲ့ Facebook စာမျက်နှာမှာ အခုလိုဘဲ တင်ထားခဲ့ပါတယ်။

မြင့်မြတ်စွာ ကျဆုံးသွားခဲ့တဲ့ ရှဟီဒီ ရဲဘော်ရဲ့ စကားဟာ လူထု တစ်ရပ်လုံးအတွက် အင်မတန် တန်ဖိုးရှိတဲ့ သတင်းစကားတစ်ရပ်ဖြစ်ပြီး၊ သူကိုယ်တိုင်ကတော့ သူ့ရဲ့တော်လှန်ရေးအယူအဆကို အသက်ပေးလှူကာ သက်သေပြသွားခဲ့ပြီ ဖြစ်ပါတယ်။

စစ်ကောင်စီက လက်သပ်မွေးထားသည့်  လူမိုက်ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် လူမိုက်အဖွဲ့ကို ညတွင်းချင်းဖင်းမိသော်လည်း ပြန်လည်လ...
12/12/2023

စစ်ကောင်စီက လက်သပ်မွေးထားသည့် လူမိုက်ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် လူမိုက်အဖွဲ့ကို ညတွင်းချင်းဖင်းမိသော်လည်း ပြန်လည်လွှတ်ပေး

ဒီဇင်ဘာ ၁၂ရက်
နွေဦးမောင် /ဧရာဝတီတိုင်းမ်

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့ညပိုင်းက ပျူစောထီး ခေါင်းဆောင်ဆိုသူ လူမိုက်ကျော်ဝင်းစိန် သတ်ဖြတ်ခံခဲ့ရပြီး သတ်ဖြတ်ခဲ့သူများကို ညတွင်းချင်း (ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၁ နာရီခန့်) တွင် ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ကြေးစားလူမိုက်အချင်းချင်း ရန်ညှိုးထားပြီး လူမိုက်ကျော်ဝင်းစိန် အလာတွင်စောင့်၍ ဓားဖြင့်ခုတ်ကာ ကျော်ဝင်းစိန်က မလုပ်ရန် တောင်းပန်ခဲ့သော်လည်း မသေမချင်း ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အားလုံးအဖမ်းခံလိုက်ရတာက ရှစ်ယောက် ကျော်ဝင်းစိန်ကိုသတ်ပြီး ပြန်အထွက်မှာ စစ်ကောင်စီတပ် ပတ်ကင်းနဲ့ တိုးပြီးအဖမ်းခံလိုက်ရတာ။ ပတ်ကင်းမှာတော့ အမှတ် (၂၃) ကြည်မြင်တိုင်ရဲစခန်းက ရဲတွေပါ ပါတယ်။ ဖမ်းဆီးထားတဲ့ သူတွေကို ကြည့်မြင်တိုင် ရဲစခန်းအချုပ်ထဲထည့်ပြီးညတွင်းချင်းစစ်ဆေးတာတွေလုပ်ခဲ့တယ်” ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

လူမိုက်ခေါင်းဆောင် ကျော်ဝင်းစိန်ကို လူမိုက်ခေါင်းဆောင် ရဲမျိုးသိန်း (ခ) ငမျိုး တို့အဖွဲ့မှ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကြည့်မြင်တိုင်၊ ကျောင်းကြီးလမ်း ဘုန်းကြီးကျောင်းအနီးရှိ ရေတွင်းပျက်နားတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူမိုက်ခေါင်းဆောင် ရဲမျိုးသိန်း (ခ) ငမျိုးသည် ကြည့်မြင်တိုင် စံပြငါးစျေးတွင် “ကရုဏာနှလုံးသား” လူမှုဖူလုံရေးနှင့် သာသနာရေးထောက်ပံ့မှု ပရဟိတအသင်းကို တည်ထောင်ထားသူဖြစ်ကြောင်း သိရသည်။

“ညတွင်းချင်းပဲဖမ်းမိတာ။ လုပ်တာက လူမိုက်အဖွဲ့ခေါင်းဆောင် ငမျိုးတို့အဖွဲ့ပဲ။ အဖမ်းခံရတာက ကျောင်းကြီးလမ်း ဘုန်းကြီးကျောင်းနားက ရေတွင်းပျက်အနားမှာ။ ဘယ်လိုတွေညှိပြီးပြန်လွှတ်ထားလည်းမသိဘူး။ အရေးယူမယူတော့ မသိရဘူး။ အခုတော့ ရဲစခန်းထဲကအချုပ်မှာမရှိတော့ဘူး" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီသည် ရန်ကုန်မြို့ရှိ ကြေးစားလူမိုက်တွေကို လက်သပ်မွေးထားပြီး လူသိရှင်ကြား မသေမချင်း လူသတ်မှုကျူးလွန်ခဲ့သည့် လူမိုက်များကိုပါ ညှိနှိုင်း၍ လူသတ်တရားခံများကို ပြန်လည်လွှတ်ပေးထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မသေမချင်း ဓားဖြင့်ထိုးသတ်ခံခဲ့ရသည့် လူမိုက်ခေါင်းဆောင် ကျော်ဝင်းစိန်သည် ရာဇ၀တ်မှုပေါင်းများစွာကျူးလွန်ထားသူဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီး၍ ထောင်ဒဏ် ၇၅ နှစ်ကျော် ချမှတ်ခဲ့သော်လည်း ၂၀၂၂ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည်လွတ် မြောက်လာကာ စစ်ကောင်စီ၏ စေခိုင်းမှုများကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ထို့အတူ လူမိုက် ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သည့် လူမိုက်ခေါင်းဆောင် ရဲမျိုးသိန်း (ခ) ငမျိုးသည်လည်း ၂၀၁၁ ခုနှစ်က မြောက်ဥက္ကလာပမြို့နယ်၊ နွယ်သာကီ(၆)လမ်းထိပ်ရှိ (6 STAR) အရက်ဆိုင်ရှေ့တွင် လူတစ်ဦးကို ဓားဖြင့်ခုတ်ခဲ့သည့် တရားခံပြေးတစ်ဦး ဖြစ်ကြောင်း သိရသည်။

ရဲမျိုးသိန်း(ခ)ငမျိုးသည် ရန်ကုန်မြို့တွင် အင်အားတောင့်တင်းသည့် ကြည့်မြင်တိုင် ငါးစျေး လူမိုက်အုပ်စု၏ ခေါင်းဆောင်ဖြစ်ပြီး ၎င်း၏ ပရိဟိတအသင်းတွင် လူမိုက်များကို အဖွဲ့ဝင်အဖြစ် ထည့်သွင်း ထားကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် တော်လှန်ရေးလုပ်ဆောင်နေသူများကို နှိမ်းနင်ရာတွင် အသုံးချရန်အတွက် နယ်မြေခံလူမိုက်များကို လက်သပ်မွေးမြူခဲ့၍ လူမိုက်အင်အားစုများ ပိုမိုတောင့်တင်းလာကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။

ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်

ပုံစာ-လူမိုက်ကျော်ဝင်းစိန်ကို သတ်ဖြတ်ခဲ့သူများအား ဖမ်းဆီးရမိစဉ်

#စစ်ကောင်စီလက်သပ်မွေး #လူမိုက်ကျော်ဝင်းစိန် #သတ်ဖြတ် #လူမိုက်အဖွဲ့ #ပြန်လည်လွှတ်ပေး #ရန်မျိုးသိန်းခငမျိုး #ကရုဏာနှလုံးသား

07/12/2023

ဒလမြို့၁၁/၁၄ရပ်ကွက်ကလဲ ဘာဆိုလားပဲ ခွေးတွေ ခွေးတွ ကြောက်ကန်ကန်ပြီး ပစ်ရတဲ့အဆင့်၂ရက်ကြီးများတောင် ရှေ့တန်းမထွက်ချင်လို့ ရုပ်ရှင်ရိုက်တာနေမှာပါ

07/12/2023

ရန်ကုန်တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေး တိုးမြှင့်တော့မည်ဟုဆို

ဒီဇင်ဘာလ ၇ ရက်

ရန်ကုန်မြို့တွင် ရန်များကုန်သည်အထိ စစ်ဆင်ရေးများ တိုးမြှင့် ဆောင်ရွက်သွားတော့မည်ဟု သိရသည်။

ရန်ကုန်မြို့တွင် မြို့ပြပြောက်ကျား တပ်ဖွဲ့များပူးပေါင်းကာ စစ်ဆင်ရေးများတိုးမြှင့်ဆောင် ရွက်သွားမည် ဖြစ်၍ ပြည်သူတို့အနေနှင့် စစ်တပ်နှင့်ဆက်စပ်သောနေရာများကို ဝေးဝေးရှောင်ကြရန်လည်း ရန်ကုန်အနောက်ပိုင်းခရိုင် ပကဖ ၏ ဒုစစ်ရေးတာဝန်ခံက ပြောသည်။

"ကျနော်တို့ဟာ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တက်ညီလက်ညီ ပူးပေါင်းပြီး ရန်ကုန်မှာ ရန်တွေကုန်သွားတဲ့အထိ တော်လှန်တိုက်ထုတ်သွားမှာပါ" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များက ရန်ကုန်မြို့တွင် စစ်ဆင်ရေးများ ပြုလုပ်ရန် ပြင်ဆင်နေ ကြပြီ ဖြစ်ကြောင်း စုံစမ်းသိရသည်။

တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ ​လောကသဘာဝ​တွေပဲ​လေလို့မနှစ်သိမ့်ရက်ပါဘူး ညီမ​လေး​ရေ။ပြိုလဲလိုက်စမ်းပါ ခံစားလိုက်စမ်းပါပြီးရ...
05/12/2023

တွေ့ဆုံကြုံကွဲ ဖြစ်မြဲဓမ္မတာ ​
လောကသဘာဝ​တွေပဲ​လေလို့
မနှစ်သိမ့်ရက်ပါဘူး ညီမ​လေး​ရေ။

ပြိုလဲလိုက်စမ်းပါ ခံစားလိုက်စမ်းပါ
ပြီးရင်​တော့ နှစ်ဆအားယူပြီး ပြန်ထလာခဲ့​နော်။

တို့​တွေအားလုံး
ညီမ​လေးနဲ့အတူတူရှိ​နေမယ်။

(ကိုရှိုင်းနဲ့ အနောတို့အတွက် ပုံလေးတစ်ပုံ
လက်ဆောင်လာအပ်ပေးသွားပါတယ်။
အပ်ထားတာကတော့ ကြာပါပြီ။
ဆွဲနိုင်တဲ့ အင်အားမရှိသေးတာကြောင့် မဆွဲဖြစ်ဘဲနေရာက ဟိုတစ်နေ့က အနောတင်တဲ့
စတေးတပ်လေးကြောင့် ဒီပုံလေး ဆွဲမိသွားပါတယ်။

အားတင်းထားပါ အနောရေ။
ကိုရှိုင်းလည်း သူ့ရဲဘော်တွေနဲ့အတူတူ
တိုက်ပွဲတစ်နေရာရာမှာ အမြဲရှိနေမှာပါနော်။

Address

ဒလတွံတေးကားလမ်းမ
Dalla

Telephone

+66901022021

Website

Alerts

Be the first to know and let us send you an email when Dala Revolution Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dala Revolution Channel:

Videos

Share


Other Dalla media companies

Show All