DALLA Channel - News

DALLA Channel - News သတင်းများကိုဝေမျှသွားပါမည်

ထိုင်းအစိုးရ၏ မြန်မာ မူဝါဒ ပြောင်းရန်  ပီတ လင်ဂျရိုရတ် အချက် ငါးချက် ချပြ***********************မြန်မာ နိုင်ငံ အတွင်း မတ...
05/05/2024

ထိုင်းအစိုးရ၏ မြန်မာ မူဝါဒ ပြောင်းရန် ပီတ လင်ဂျရိုရတ် အချက် ငါးချက် ချပြ
***********************

မြန်မာ နိုင်ငံ အတွင်း မတည်ငြိမ်မှု များ တိုး၍ ဖြစ်ပေါ်လာနေသဖြင့် ထိုင်း နိုင်ငံ အကျိုးစီးပွား၊ အာဆီယံ အပေါ် ယုံကြည်မှူ ရလာစေရန် နှင့် ပြည်တွင်း ပြည်ပရှိ မြန်မာနိုင်ငံ သား ကောင်းကျိုး ချမ်းသာများ ရရှိခံစားစေနိုင်ရန် ထိုင်းသည် အချက် ငါး ချက် ဖြင့် စံနမူ နာ ပြ လုပ်ဆောင်သင့်ပြီဟု နီကီ အေးရှား ရီဗြူး တွင် ရှေ့သို့ချီ ပါတီ ခေါင်းဆောင် ပီတ လင်ဂျာရိုရတ်က အကျယ်တဝင့် ရေးသား ဖေါ်ပြလာခဲ့သည်။ ၎င်းကိုယ်တိုင် ထိုသို့ ရေးလာခြင်းကပင် ထိုင်း အစိုးရ အတွင်း မြန်မာ နှင့် ပတ်သက်၍ ယောက်ယက်ခတ်လာနေပြီ ဆိုသည်က သိသာထင်ရှားလာရသည်။

၎င်းက ရေးသားရာတွင် ပထမဆုံး အနေဖြင့် ထိုင်းအစိုးရသည် မြေပြင်တွင် လျင်မြန်စွာ ရွေ့လျား ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေ ရပ်တည်သွားရမည်ဟု ဆိုသည်။ အာဏာသိမ်းပြီး နောက်ပိုင်း ထိုင်းအစိုးရသည် စစ်ကောင်စီ ဖက်က တဖက်စောင်းနင်း ရပ်တည်လာခဲ့သည်။ ယင်းသည် မည်မျှထိ မှားယွင်းနေသည်ကို တနေ့ထက် တနေ့ ဖြစ်ပေါ်လာနေသော အခြေအနေများက သက်သေ ပြခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ နှင့် ဆက်ဆံရေး ကို ရှု့ဒေါင့် မျိုးစုံ မှ ကြီးကြပ် ဆောင်ရွက်သွားနိုင်ရန် အတွေ့အကြုံ ကြွယ်ဝသည် ဝါရင့် သူ တဦးအား အထူး သံတမန် အဖြစ် ခန့်အပ်သင့်သည်။

မိမိ၏ ရှေ့သို့ချီ ပါတီမှ ထိုင်း ဝန်ကြီးချုပ်နှင့် အထူး သံတမန် တို့ ပူးတွဲ ဦးဆောင်သည့် ဌာနပေါင်းစုံ ပါဝင်မည့် အထူးလုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းသင့်ကြောင်း အဆိုပြုခဲ့ပြီး ဖြစ်သည်။ သို့မှသာ နယ်ခြား တဖက်တွင် အမြဲလို ပြောင်းလဲလာနေ‌သော ပကတိ အနေအထားကို လျင်လျင် မြန်မြန် နှင့် အချိန်နှင့် တပြေးညီ တုန့်ပြန် သွားနိုင်မည် ဖြစ်သည်။ အထူးလုပ်ငန်း အဖွဲ့ကိုလည်း မြန်မာ့အရေး ကျွမ်းကျင်သူများ၏ အကြံဉာဏ်များ ဖြင့် ပံ့ပိုးပေးသွားရမည် ဖြစ်သည်။

လက်ရှိ မြန်မာ နှင့် ဆက်ဆံရေးသည် သံတမန် လုပ်ထုံး လုပ်နည်းများ၊ လုံခြုံရေး အေဂျင်စီ များကို အစဉ်အလာအတိုင်း အလွန်အကျွံ အားကိုးအားထား ပြုနေခြင်း နှင့် ဗြူရိုကရေစီ တွင်းကြီးထဲမှ ရုန်းမထွက် နိုင်ခြင်း တို့ကြောင့် နွံနစ် နေဆဲပင် ဖြစ်သည်။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံ အတွင်း ပြောင်းလဲ ဖြစ်ပေါ်လာနေသော အခြေအနေများ၏ ဘက်ပေါင်းစုံ မှ စိန်ခေါ်လာမှု များကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း မရှိ ဖြစ်ခဲ့ရသည်။

ပြီးခဲ့သည့် အပတ်အတွင်း ထိုင်း အစိုးရ အဖွဲ့ အပြောင်း အလဲများ ပြုလုပ်ခဲ့မှု ကြောင့် ဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ပန်ပရီ ဖဟီထာ နုကွန် ရာထူးမှ နှုတ်ထွက်သွားသည် အထိ ဖြစ်ခဲ့ရသည်ကို ကြည့်မည်ဆိုက ဝန်ကြီးချုပ် ဆရက်သာ သာဝီဆင် ၏ မြန်မာ အရေး ဖြေရှင်းရန် တာဝန်ခံခဲ့မှု အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။

ဒုတိယ အချက် အနေဖြင့် ထိုင်းအစိုးရ မှ အရပ်သားများအား စစ်ကောင်စီ မှ ဗုံးကြဲ တိုက်ခိုက်နေခြင်းကို လူသိရှင်ကြား ပြတ်ပြတ်သားသား ဆန့်ကျင်သွားသင့်သည်။ ထိုင်းသည် မြန်မာအား လေယာဉ်ဆီ ထောက်ပံ့ပေးနေ‌သော အာဆီယံ နိုင်ငံ အနည်းငယ်ထဲတွင် ပါဝင်နေ၍ ယင်းအား စစ်ကောင်စီ အပေါ် နိုင်ကွက် အဖြစ် သုံးကာ ဖိအားပေးသွားသင့်သည်။

ကရင် နှင့် ကရင်နီ ဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား အမြောက်အမြား သေဆုံးခဲ့ရပြီး ဖြစ်သည်။ ယင်းနှင့် အတူ စစ်ဘေးရှောင်များ ထိုင်းနိုင်ငံ အတွင်းသို့ အလုံးအရင်း နှင့် ဝင်လာနိုင်သည်။ ထိုအခါတွင် နိုင်ငံ အချူပ်အခြာ အာဏာ နှင့် လူထု ဝန်ဆောင်မှု လုပ်ငန်းများ သိသိသာသာ ထိခိုက်လာပေတော့မည်။

တတိယ အချက်သည် ထိုင်း၏ စွမ်းအင် ဖူလုံမှု ရှိရေး သက်ဆိုင်နေသည်။ ထိုင်းသည် သဘာဝ ဓါတ်ငွေ့ လိုအပ်ချက်၏ ၁၆ ရာနှုန်း အတွက် စစ်ကောင်စီ ထံမှ ဝယ်ယူနေရသည်က ပြဿနာ ဖြစ်လာရသည်။

ထိုအရေး အတွက် ရတနာ နှင့် ဇောတိက ဓါတ်ငွေ့ တွင်းများ တာဝန်ယူ ဆောင်ရွက်နေသည့် အစိုးရပိုင် PTTEP အနေဖြင့် စစ်ကောင်စီ လက်အောက်ရှိ MOGE အား ပေးချေခြင်း မပြုပဲ ကြားကာလ ထိန်းသိမ်း စောင့်ရှောက်ထားနိုင်မည့် escrow ငွေစာရင်း တွင် လွှဲပြောင်း အပ်နှံထားနိုင်ရန် စီမံသင့်သည်။ ထိုငွေများ အား စစ်ရေး အတွက် အသုံးမပြုရ ဟူသော စည်းကမ်း ကန့်သတ်ချက်ဖြင့်သာ လွှဲပြောင်း ပေးသင့်သည်။

ရွှေ သဘာဝ ဓါတ်ငွေ့တွင်း မှ ထွက်သမျှ အများစုကို တင်သွင်းနေသည့် တရုတ် အစိုးရပိုင် တရုတ် အမျိုးသား ရေနံ ကုမ္ပဏီသည် အီးယူ၏ အရေးယူ ဒဏ်ခတ်ထားမှု အား လိုက်နာသည့် အနေဖြင့် ပေးစရာ ရှိသည်များကို escrow အကောင့် ထဲ သို့ ထည့်သွင်း ပေးထားသည်၊ ယခုထိလည်း ထိုပုံစံမျိုး ဖြင့် ဓါတ်ငွေ့များ ဆက်၍ တင်သွင်းနိုင်ဆဲပင် ဖြစ်၍ ထိုင်း အနေဖြင့် ထိုသို့ မလုပ်နိုင်ဟု ဆင်ခြေကန်‌ နေ၍ မရပေ။

စတုတ္ထ အချက် အနေဖြင့် ကေအင်ယူ နှင့် တပ် ပေါင်းစု မှ မြဝတီ အား ပြီးခဲ့သည့် လ အတွင်း သိမ်းယူ နိုင်ခဲ့မှု ကြောင့် မြန်မာနိုင်ငံအတွင်းသို့ ကယ်ဆယ်ရေး အကူအညီများ ပေးပို့နိုင်ရေး အတွက် လမ်းကြောင်း ပေါင်းစုံ အသုံးပြုရန် နှင့် သက်ဆိုင်နေသူ အားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရန် လိုအပ်နေပြီ ဆိုသည်ကို အလေးအနက် ညွန်ပြလာခဲ့သည်။

ထိုင်း၏ လူသားချင်း စာနာထောက်ထားမှု ဖြင့် အကူအညီပေးရေးသည် နိုင်ငံရေး နှင့် မသက်ဆိုင်ပဲ ဘက်စုံ ထောင့်စုံမှ လိုလေသေး မရှိ ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ တရားဝင် အကူအညီ ပေးရေး အစီအစဉ်များအား ကြက်ခြေနီ အဖွဲ့အပြင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ အတိုက်အခံ အုပ်စု များပါ တပြိုင်တည်း ပါဝင်လာအောင် အကောင်အထည် ဖေါ်ရန် အလေးအနက် စဉ်းစားသင့်သည်။

နယ်ခြားဒေသတွင် ကုမ္ပဏီများ ရင်းနှီးမြုပ်နှံလာအောင် ဆွဲဆောင်နိုင်မည့် ဇုံတခု ဖန်တီးသင့်သည်၊ သို့မှသာ ထွက်ပြေးလာသူများ အတွက် အလုပ်အကိုင် အခွင့်အလန်းများ ထွက်ပေါ်လာမည် ဖြစ်သည်။ ထိုဇုံများ တွင် ဝင်ရောက်လုပ်ကိုင်မည့် ကျန်းမာရေး ဝန်ထမ်းများအားလည်း အထူး လိုင်စင်များ ချပေးထားနိုင်မှသာ ထိုင်း ကျန်းမာရေး ဝန်ဆောင်မှု ကဏ္ဍအတွက် ဝန်ထုပ်ဝန်ပိုး သက်သာလျော့ပါးသွားမည် ဖြစ်သည်။

တချိန်တည်းတွင် မြန်မာ ဖက်မှ ဝင်ရောက်လာသူများကို ထိုင်း၏ လူမှု စီးပွား ဖွံ့ဖြိုးရေး အတွက် အဓိပ္ပါယ် ရှိရှိ ထည့်ဝင် အသုံးချ နိုင်မည့် လူ့အရင်းအနှီးများ အဖြစ် ရှုမြင်သင့်သည်။ အိုမင်းရင့်ရော် သူများ ရှိလာနေ၍ စီးပွားရေး ပြန်၍ အားအင် ပြည့်ဖြိုးလာရန် လိုအပ်နေပြီ ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသည့် လက်ရှိ ဒုက္ခသည် စခန်းများကို ပိတ်ပစ်ရန် အချိန်ရောက်လာပြီ ဖြစ်ပြီး နေထိုင်နေသူများကို ထိုင်း အတွက် အကျိုးရှိရာ ရှိကြောင်း ဖြစ်စေမည့် နည်းလမ်းများ ဖြင့် ပေါင်းစပ် ပေးသွားရမည်။ ဒုက္ခသည် စခန်းများရှိ ကလေးသူငယ်များ အား စွမ်းရည်ရှိသူများ ဖြစ်လာအောင် ပညာသင်ကြားပေးခြင်း ဖြင့် စတင်ရမည် ဖြစ်သည်။

ကရင် နှင့် ကရင်နီ ဒေသများ စီးပွား ဖွံ့ဖြိုးတိုးတက်လာစေရန် တိုင်းရင်းသား တပ်များ ထိန်းချုပ်ထားသည့် ဒေသများတွင် ကုန်သွယ်ရေး စခန်းများကို ယာယီ သဘောဖြင့် တရားဝင် ဖွင့်လှစ်ပေးသင့်သည်။

မြန်မာဖက်မှ တောင်ယာ မီးရှို့ စိုက်ပျိုး လုပ်ကိုင်နေခြင်းကြောင့် ထိုင်းကောင်းကင်ယံတွင် မီးခိုးလုံးများ ပြည့်နှက်လာနေသည့် ပြဿနာနှင့် စပ်လျှင်း၍ ကရင် အဖွဲ့များ၏ သံလွင် ငြိမ်းချမ်းရေး ပန်းခြံ စီမံကိန်းကို သတိမူသင့်သည်၊ အဆိုပါ စီမံကိန်းသည် ဒေသခံ တိုင်းရင်းသား တို့၏ ခံယူချက်ကို ပညာပေးခြင်း၊ သစ်တောများ မပြုန်းတီးအောင် အကြံဉာဏ်များ ပေးခြင်းတို့ ပြုလုပ်နေကြခြင်း ဖြစ်သည်။

ဘန်ကောက်အနေဖြင့် တောင်ယာ မီးရှို့ ခြင်း မပြုပဲ ထွက်ရှိလာသော လယ်ယာ ထွက်ကုန်များကို ဦးစားပေး ဝယ်ယူသင့်သည်။ ထိုင်း လူမှု အဖွဲ့အစည်းများ နှင့် မြန်မာ တိုင်းရင်းသား ဒေသများ အကြား အတူ ပူးပေါင်း ပံ့ပိုးမှုများ ရှိသင့်သည်။

အာဆီယံ

ပဉ္စမ အချက် အဖြစ် မြန်မာ နှင့် ထိစပ်နေသော နိုင်ငံများ နှင့် အာဆီယံ နိုင်ငံများ၏ အားပေး ထောက်ခံမှု ကို ရယူပြီး ထိုင်းသည် မြန်မာပဋိပက္ခတွင် အဓိက ကျသူများ အကြား ယုံကြည်ရသည့် ကြားဝင် ဖြန်ဖြေသူ အဖြစ် တာဝန်ယူရမည်။ အဓိက ကျသူများ ထဲတွင် ၂၀၁၅ NCA အား လက်မှတ်ရေးထိုးထားသည့် အဖွဲ့များနှင့် မထိုးသည့် အဖွဲ့များလည်း ပါဝင်ရမည်။

ဤသည်က မိမိမှ ချင်းမိုင် ဒိုင်ယာလော့ခ် ခေါ်သည့် ‌ဆွေးနွေးပွဲ ပုံစံမျိုး ဖြင့် ကြားမှ နေ၍ ၎င်းတို့အချင်းချင်း လုံခြုံစိတ်ချစွာ အားလုံး အတူတကွ ‌ဆွေးနွေးသွားနိုင်ရန် ဖန်တီးပေးသင့်သည်။ ဤနေရာတွင် တရုတ် အကူအညီရယူပြီး အဓိက ပါတ်သက်နေသူများ ‌‌‌ဆွေးနွေးပွဲ စားပွဲဝိုင်းသို့ ရောက်လာအောင် သိမ်းသွင်းရပေမည်။

အပစ်အခတ် ရပ်စဲရေး နှင့် အကြမ်းဖက်မှု များ အလွန် ကာလတွင် မြန်မာသည် မည်သို့သော ပုံစံမျိုးဖြင့် ထွက်ပေါ်လာမည် ဆိုသည် အပေါ် ရှင်းလင်း ပြတ်သားသော မျှော်မှန်းထားသည်များ ရှိရမည်၊ ထိုအထဲတွင် စီးပွားရေး တိုးတက် ဖွံ့ဖြိုးလာရေး၊ အလုပ်ဖြစ်မည့် ဖက်ဒရယ် ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေး နှင့် မည်သို့ မည်ပုံ အာဏာခွဲဝေ သွားရေး တို့ ပါရှိရမည် ဖြစ်သည်။

လိုအပ်သည်များကို ပံ့ပိုးပေးသွားနိုင်ရန် ထိုင်း၊ အာဆီယံ နှင့် နိုင်ငံတကာ အနေဖြင့် အသင့် ရှိနေရပေမည်။ အာဆီယံသည် ကမ္ဘောဒီယားတွင် ၁၉၉၇ အာဏာသိမ်း အပြီး ရွေးကောက်ပွဲ ဖြစ်မြောက်လာအောင် တွန်းအားပေးခဲ့သည် "အပြုသဘော ဝင်ရောက် ပတ်သက်ခြင်း" ဆိုသည့် ချည်းကပ်မှု မျိုး ပြန်လည် ကျင့်သုံးသင့်သည်။ တချိန်တည်းမှာပင် မြန်မာ နှင့် ပတ်သက်၍ "ဆုတ်သာတက်သာ ရှိမည့် ထိတွေ့ဆက်ဆံမှုမျိုး" အား ဒေသတွင်း လုပ်ငန်း ယန္တရား အတွက် အခြေခံ သဘောတရားအဖြစ် ချမှတ်ထားသင့်သည်။

သို့မှသာ အာဆီယံ၏ ကျောက်သားကျောက်ဆိုင်ပမာ ခံယူထားသည့် ပြည်တွင်းရေး ဝင်မစွက် မူဝါဒ ဖြင့် ကန့်သတ် ခံထားရမှု များကို ကျော်လွှားနိုင်ပေလိမ့်မည်။ ထိုသို့ ကန့်သတ်ခံထားရမှုကြောင့် အာဆီယံ ၏ ယုံကြည်ခံရမှု နှင့် သမာသမတ် ရှိမှု ကို ထိခိုက်ခဲ့ရသည်။

နိဂုံးချုပ်ရမည် ဆိုလျှင် မြန်မာ၏ ပြဿနာ မျိုးစုံကို ဖြေရှင်းနိုင်ရေး အတွက် အရေးအကြီးဆုံးသည် နိုင်ငံရေး တည်ကြည်မှု၊ သမာဓိ တရားနှင့် မိမိတို့ ခံယူထားမှု များ ပြောင်းလဲလိုသည့် သတ္တိရှိနေဖို့ပင် ဖြစ်သည်။ ထိုအရည်အသွေးများသည် လက်ရှိ ထိုင်း နှင့် အာဆီယံ ခေါင်းဆောင်များ အကြားတွင် အရေးတကြီး လိုအပ်‌နေသည့် အရာများပင် ဖြစ်သည်။ ထိုအကြောင်းများ‌ ကြောင့်လည်း ချည်းကပ်မှု အသစ် အတွက် နောက်ဆုတ် မနေသင့်ပေ။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

29/06/2023

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာတာ။

စစ်ကောင်စီဘက်က မြေပြင်တိုက်ပွဲမှာ-
#ပိုင်မှလုပ်တဲ့ဗျူဟာစနစ်ကျင့်သုံးလာတာကို
(25.6.23)နေ့ စစ်ကိုင်းမြို့နယ်၊ ကင်းတော်ရွာမှာ PDFစခန်းတစ်ခု စီးနင်းခံရပြီး တော်လှန်ရေးသမား(17)ဦး အသက်စွန့်ခဲ့ရတာတွေကြည့်ခြင်းအားဖြစ်သိရနိုင်ပါတယ်။
နောက်တစ်ချက်(28.6.23)နေ့ စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းပေါ်က စဉ့်ကိုင်နဲ့တလိုင်းကျွန်းရွာအနီး စခစစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပြီး PDF (14)ဦး အသက်စွန့်ခဲ့ရတယ်။ဒါတွေဟာ စစ်ကောင်စီဘက်က ပိုင်မှလုပ်တဲ့နည်ူဗျူဟာစနစ်ကို ကျင့်သုံးလာတာကို တွေရပါတယ်။

Dead bodyတွေကြည့်ရသလောက် တပြိုင်နက်ထဲ စုပြုံချေမှုန်းခံရတဲ့ အနေအထားပဲ။နောက်တစ်ချက်က နမခတိုင်းမှူးကို နေပြည်တော်ခေါ်ယူပြီးနောက် ကစထမှူး တေဇာကျော်ကိုယ်တိုင် နမခဇုန်ကို ဆင်းပြီး ကိုင်တွယ်နေတယ်ဆိုတဲ့ သတင်းလည်း ကြားသိရတယ်။
(ကစထမှူးဆိုတာ စစ်တိုင်းမှူးသုံး၊လေးဦးရဲ့အထက်က အမိန့်ပေးနေတဲ့ commander ပါပဲ။ ကစထ(1)မှာ နမခ၊ လပခနဲ့ မပခ စစ်တိုင်းမှူးသုံးဦးကို ကစထမှူး ဒုဗမကတေဇာကျော်က ကိုင်ထားတယ်)။

ဒါ့အပြင် ပုလဲနယ်အနောက်ခြမ်းက Air Strike တိုက်ခိုက်မှု၊ ဟားခါးမြို့နယ် သီးမစ်လွင်ပြင်စစ်ဆင်ရေးတို့ကိုပါ သုံးသပ်ရရင် ဖက်စစ်တပ်အနေနဲ့ နမခဇုန်မှာ ဗျူဟာအပြောင်းအလဲလုပ်နေပြီဆိုတာ ထင်ရှားတယ်။

#အကြပ်အတည်း

ဖက်စစ်တပ်ရဲ့ ယခုချိန်မှာကြုံနေရတဲ့အကြပ်အတည်းကတော့ human resources နည်းပါးနေခြင်းဖြစ်တယ်။

ဒါကြောင့်မို့ လက်လွှတ်သင့်တဲ့ရှေ့တန်းကင်းစခန်းတချို့ကို ဖြုတ်ပြီး အဓိကကျတဲ့ ဗျူဟာနေရာတွေမှာ အင်အားစုစည်းကာ ပြန်ထိုင်တယ်။ တပ်ပြောင်း၊တပ်ရွှေ့နဲ့ မဖြစ်မနေလုပ်ရမယ့် မြေပြင်စစ်ဆင်ရေးတွေကလွဲလို့ ထိုးစစ်ကြီးတွေ မလုပ်တော့ဘဲ အထိုင်နေရာတွေကပဲ ခံစစ်ပြင်တယ်။

စစ်ကိုင်းဇုန်မှာ သူတို့အဓိကတည်ဆောက်နေတာက သတင်းကွန်ရက်ပဲ။ သတင်းကို သေချာခိုင်အောင်လိုက်တယ်။ အရင်ကလို အနံ့လောက်ရရုံနဲ့ စစ်ဆင်ရေးမလုပ်သေးဘူး၊ လွှတ်ထားတယ်၊ မျှောထားတယ်၊ လေ့လာတယ်၊ ပိုင်ပြီဆိုမှ ဝင်ဝုန်းတယ်။ အမြန်ပြန်ဆုတ်တယ်။

ပြောရရင် လူအင်အားနည်းပါးမှုနဲ့ လိုက်လျောညီထွေဖြစ်မယ့် ဗျူဟာ၊ ပိုင်မှ လုပ်တဲ့ဗျူဟာ ပါပဲ။

#ကိုယ့်သတင်းလုံဖို့လို

ရန်သူ့သတင်းရဖို့နဲ့ မိမိသတင်းလုံဖို့ဆိုတာ စစ်ပွဲရဲ့အသက်သွေးကြောဖြစ်တယ်ဆိုတာ အတော်များများသိရှိကြပြီးဖြစ်ပေမယ့် လက်တွေ့ကျင့်သုံးမှုနည်းနေတာက ပြဿနာပဲ ဖြစ်မယ်ထင်တယ်။

ကိုယ့်သတင်းလုံဖို့ဆိုရင် ဘာတွေလုပ်ရမလဲ။ သူတို့ ကိုယ့်သတင်းရနိုင်မယ့် နည်းလမ်းနှစ်မျိုးရှိတယ်။ မြေပြင်ထောက်လှမ်းခြင်းနဲ့ နည်းပညာအကူအညီရယူထောက်လှမ်းခြင်း။

Air Strike အတော်များများက နည်းပညာနဲ့သတင်းထောက်လှမ်းရယူပြီး တိုက်ခိုက်တာလို့ ယူဆမိတယ်။ အဓိကက ဖုန်းတွေကတဆင့် ထောက်လှမ်းတာ၊ အဲဒီနည်းပညာမျိုး အစ္စရေးစစ်တပ်မှာသုံးတာ ဖတ်ဖူးတယ်။

တနေရာထဲမှာ active ဖြစ်နေတဲ့ဖုန်းတွေ စုပြုံနေတာမျိုးကို တာဝါတိုင် source တွေကနေ ခြေရာခံတဲ့ နည်းပညာပဲ။ အဲလိုစုပြီဆိုတာနဲ့ စုတဲ့နေရာကို ငှက်နဲ့သွားထုတော့တာပဲ။

မြေပြင်သတင်းထောက်လှမ်းတာကတော့ ပျူ/ဒလန်တွေကို သုံးတာဖြစ်နိုင်သလို ကိုယ့်ဖက်ကပေါ့လျော့လို့ ကိုယ့်သတင်းအလွယ်တကူပေါက်ကြားတာလည်း ဖြစ်နိုင်တယ်။

Social media ကို လက်လွတ်စပယ်သုံးတာ၊ စစ်ဆင်ရေးကို အလှူလှည့်သလိုသွားတာ၊ တပ်စခန်းမှာမနေဘဲ မလိုအပ်ဘဲ ရပ်ရွာထဲမှာ အချိန်ဖြုန်းတာမျိုးက PDFတွေ အထူးရှောင်ကျဉ်သင့်တယ်လို့ မြင်မိတယ်။

စစ်ဆင်ရေးတစ်ခေါက်ပြန်ရင် အမေ့အိမ်တခေါက်ပြန်လိုက်ရမှ၊ ရည်းစားနဲ့ တခါတွေ့လိုက်ရမှ ဆိုတာမျိုးက လူငယ်တွေမို့ နားလည်ပေးရပေမယ့် မိမိအသက်အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်နေတယ်ဆိုတာ သတိချပ်စေချင်လှတယ်။

တပ် အထိုင်ချတဲ့အခါ ကင်းမပြတ်လပ်စေဖို့(အထူးသဖြင့် မနက်ဝေလီဝေလင်းနဲ့ အစာစားနားချိန်မျိုးဟာ ကင်းပေါ့တတ်လို့ အလစ်ဝင်တိုက်ခံရနိုင်ချေ အများဆုံးအချိန်တွေ ပါပဲ)၊ လှုပ်ရှားတဲ့အခါ ကိုယ်ဖျောက်လျှို့ဝှက်ဖို့တွေက အရမ်းသတိထားရမယ့်ကိစ္စရပ်တွေလို့ စေတနာဖြင့် သတိပေးအပ်ပါတယ်။

အနှစ်ချုပ် ပြောရရင် နမခဇုန်မှာ ဖက်စစ်တွေဗျူဟာအပြောင်းအလဲလုပ်လာတာ သေချာပါတယ်။

အပြောင်းအလဲဆိုပေမယ့် အသစ်အဆန်းလို့တော့မမြင်မိ၊ မိမိရဲ့ပေါ့လျော့မှု၊ သတိအလစ်ကို ချောင်းမြောင်းပြီး ပိုင်မှ ဝင်သုတ်တဲ့ တန်ပြန်ပြောက်ကျားဗျူဟာ သာ ဖြစ်တယ်လို့ နားလည်ရပါတယ်။ ။

စိုးဝင်းဆွေ(HPD)
ပြည်သူ့သားကောင်းတွေ ထာဝရဘေးကင်းကြပါစေ💪💪💪

🚨မိုးလေဝသ အရေးပေါ် ထုတ်ပြန် ကြေညာချက် (၁၀.၅.၂၀၂၃)▪(၁၀-၅-၂၀၂၃)ရက်နေ့ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင...
10/05/2023

🚨မိုးလေဝသ အရေးပေါ် ထုတ်ပြန် ကြေညာချက် (၁၀.၅.၂၀၂၃)

▪(၁၀-၅-၂၀၂၃)ရက်နေ့ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းအဆင့်မှ အားကောင်း သော မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာပြီး မြန်မာနိုင်ငံ ကိုကိုးကျွန်း၏ အနောက် တောင်ဘက် မိုင်(၆၅၀)ခန့်တွင် တည်ရှိနေပါသည်။ အဆိုပါအားကောင်းသော မုန်တိုင်းငယ်သည် ယနေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း(MOCHA အမည်ပေး နိုင်သော အဆင့်)အဆင့်သို့ ရောက် ရှိနိုင်ပါသည်။
▪ခန့်မှန်းချက်များအရ မေလ(၁၂)ရက်နှင့် (၁၄)ရက်အတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းကြီး MOCHA အဖြစ်သို့ ရောက်ရှိလာနိုင်ပါသည်။ လေတိုက် နှုန်းမှာ မုန်တိုင်းဗဟိုချက်အနီးတွင် (၉၆)မိုင်မှ မိုင်(၁၁၀)ခန့်အထိ တိုက်ခတ် နိုင်ပါသည်။

🚨လက်ရှိခန့်မှန်းထားသော မုန်တိုင်းလမ်းကြောင်းအရ ဘေးအန္တရာယ် ကျရောက် နိုင်သော ဇုံများ
⚡ဇုံ(၁) အန္တရာယ်အများဆုံးဇုံ
ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း(မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင် မြို့နယ်) စစ်တွေခရိုင် (စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်)
⚡ဇုံ(၂)ဒုတိယအန္တရာယ်အများဆုံးဇုံ
ကျောက်ဖြူခရိုင် (ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲ မြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်)
⚡ဇုံ(၃) တတိယအန္တရာယ်အများဆုံးဇုံ
သံတွဲခရိုင်(ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (ရွှေသောင်ယံ မြို့နယ်ခွဲ၊ ငရုပ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေ ဒေသများ)

🚨သတိပြုရန်
📣အန္တရာယ်ဇုံ(၃)ခုလုံးတွင် တူညီစွာကြုံတွေ့ရမည့်အခြေအနေမှာ လေပြင်းတိုက်ခတ်ခြင်း၊ လှိုင်းကြီးခြင်းနှင့် မိုးသက်လေပြင်း ကျရောက်ခြင်း၊ မြေပြိုခြင်းနှင့် ရေလွှမ်းခြင်း စသည့် အန္တရာယ်များကြုံတွေ့နိုင်သည့်အတွက် အထူးသတိပြု နေထိုင်ကြပါရန် နှိုးဆော်အပ် ပါသည်။
📣သဘာဝဘေးနှင့်ပတ်သက်သောသတင်းများကို အများပြည်သူ အထိတ်တလန့် ဖြစ်စေ ရန် ချဲ့ကား ရေးသားခြင်းများ မပြုကြဘဲ တတ်နိုင်သမျှ တိကျမှန်ကန်သည့် ထုတ်ပြန် ချက်များကို ကြည့်ရှု နားထောင်၍ တုံ့ပြန်ဆောင်ရွက်မှုများ ပြုလုပ်သင့်ပါသည်။
📣ထို့အပြင် ဘေးအန္တရာယ်၏ အတိုင်းအဆနှင့် အခြေအနေပေါ်မူတည်၍ ပြောင်းလဲနိုင်မှု ကိုလည်း ဉာဏ်မျက်စိ၊ ဉာဏ်နားဖြင့် သတိပြုသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

Credit.MOHADM

ယတြာလည်း မကယ်နိုင် တော့၊ ဘန်ကီမွန်း၏ ကြေညာချက် ထုတ်ပြီ*********************ဘန်ကီမွန်း၏ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့...
26/04/2023

ယတြာလည်း မကယ်နိုင် တော့၊ ဘန်ကီမွန်း၏ ကြေညာချက် ထုတ်ပြီ
*********************

ဘန်ကီမွန်း၏ မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ် အပေါ် The Elders အဖွဲ့ မှ ဧပြီလ ၂၅ ရက်နေ့ နေ့စွဲ ဖြင့် ကြေညာချက် ထုတ်ပြန်လာခဲ့သည်။ ကြေညာချက် အပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်သည်။

The Elders အဖွဲ့၏ ဒုဥက္ကဌ နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဟောင်းလည်း ဖြစ်သူ ဘန်ကီမွန်းသည် မြန်မာသို့ ဧပြီ ၂၃-၂၄ ရက်နေ့တွင် ရောက်ရှိခဲ့သည်။ သူ၏ ခရီးစဉ်သည် အကြမ်းဖက်မှု များ အဆုံးသတ်ရေး နှင့် ငြိမ်းချမ်းပြီး ဒီမိုကရေစီ နည်းအရ အားလုံး ပါဝင်နိုင်မည့် တရားဝင် အစိုးရမျိုး ထူထောင်နိုင်ရေး လမ်းကြောင်းကို ရှာဖွေနိုင်ရန် အတွက် ဖြစ်သည်။

သူသည် မြန်မာ စစ်ခေါင်းဆောင်များ နှင့် သမ္မတဟောင်း သိန်းစိန် တို့အား တွေ့ဆုံခဲ့ပြီး အခြေအနေများကို ဆွေးနွေးကာ တည်တံ့ ခိုင်မြဲသော အဖြေတခု ပိုင်ပိုင်နိုင်နိုင် ရရှိရေး အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ အပါအဝင် အဖွဲ့အားလုံး ပါဝင် နိုင်ရေး သည် အရေးကြီးကြောင်းကို အလေးအနက် ပြောဆိုခဲ့သည်။

“စစ်တပ်အား အကြမ်းဖက်နေမှုများ ချက်ချင်းလက်ငင်း ရပ်စဲပေးရန် နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများ အားလုံးနှင့် အပြုသဘော ဆောင်မည့် ဆွေးနွေးမှုများ စတင်ရေး အား တိုက်တွန်းရန် မြန်မာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်” ဟု ဘန်ကီမွန်းက ပြောပြသည်။

“ကျွန်တော် တွေ့ဆုံခဲ့မှုများသည် နည်းလမ်းများ ရှာဖွေ ဖေါ်ထုတ်ရန် အတွက် ဖြစ်သည်။ ကျွန်တော် အနေဖြင့် မြန်မာ ပြည်သူများ အား သူတို့ နှင့် ထိုက်တန်သည့် ငြိမ်းချမ်းရေး၊ ကြွယ်ဝ ချမ်းသာရေး နှင့် လွတ်လပ်ခွင့် များ ရရှိရန် ကူညီနိုင်သမျှ အလုံးစုံ ကြိုးပမ်းသွားမည် ဖြစ်သည်။”

ပြီးခဲ့သည့် ခရီးစဉ်သည် မြန်မာ စစ်တပ်၏ ဖိတ်ကြားချက် ကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ နေပြည်တော်တွင် တွေ့ဆုံခဲ့မှု များတွင် အာဆီယံ အဖွဲ့၏ အချက် ငါးချက် နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း ကုလ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား အကောင်အထည် ဖေါ်ရေးတွင် တိုးတက်မှု များ ရှိအောင် ပြုလုပ်ရေးသည် အဆောတလျှင် လိုအပ်နေကြောင်း အလေးအနက် ပြောဆိုခဲ့သည်။

သူသည် မြန်မာ စစ်တပ်၏ တရားလက်လွတ် ဖမ်းဆီးခဲ့သူများ ချက်ချင်း လွှတ်ပေးရန်၊ အပြုသဘော ဆောင်မည့် ဆွေးနွေးပွဲများ ပြုလုပ်ရန် နှင့် သက်ဆိုင်သည့် အဖွဲ့အစည်း အားလုံး မှ အစွမ်းကုန် ချုပ်တည်းပေးရန် နိုင်ငံတကာ၏ တောင်းဆိုနေမှု များ အား ထောက်ခံ ပြောဆိုခဲ့သည်။

ဘန်ကီမွန်းသည် မကြာမီက စစ်ကိုင်းတိုင်း အတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသမီးများ နှင့် ကလေး သူငယ်များ အပါအဝင် ခန့်မှန်းခြေ အရပ်သား ၁၆၀ ခန့် သေဆုံးခဲ့မှု အပေါ် နိုင်ငံတကာ မှ ပြင်းထန်စွာ ရှုတ်ချခဲ့မှု အားလည်း ထပ်လောင်း ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတ သည့် အခြေအနေများ ရှိမှသာ ကျင်းပရမည် ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေများ ကြားတွင် ရွေးကောက်ပွဲ လုပ်မည်ဆိုက အကြမ်းဖက်မှုများ နှင့် သဘောထား ကွဲပြားမှု များ တိုးပွားလာအောင် ပြုရာ ရောက်မည် ဇြစ်ကြောင်း၊ ထွက်ပေါ်လာသော ရလဒ်များကို မြန်မာပြည်သူများ၊ အာဆီယံ နှင့် နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ် လည်း ပြုမည် မဟုတ်ကြောင်းတို့ကို သတိပေးခဲ့သည်။

ဒီမိုကရေစီ နှင့် အရပ်ဖက် အုပ်ချုပ်ရေး သို့ အပြည့်အဝ အသွင်ကူးပြောင်းရေး များ ဖြစ်ပေါ်လာရေးသည် ပြီးခဲ့သည့် ဆယ်စုနှစ် တလျှောက်လုံး The Elders အဖွဲ့ မှ မြန်မာ နှင့် ထိတွေ့ လုပ်ကိုင်ခဲ့ရသည့် အဓိက အကြောင်းပင် ဖြစ်သည်။ ဘန်ကီမွန်းသည် ကုလ အထွေထွေ အတွင်းရေးမှုး ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကပင် မြန်မာ နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း များကို ပုဂ္ဂိုလ်ရေး အရ ထောက်ခံခဲ့သည့် သမိုင်းကြောင်း ရှိသူလည်း ဖြစ်သည်။

“အာဆီယံ အဖွဲ့ဝင် နိုင်ငံများ နှင့် ပိုမို ကျယ်ပြန့်သော နိုင်ငံတကာ အသိုက်အဝန်း သည် မြန်မာပြည် ငြိမ်းချမ်းရေး နှင့် ဒီမိုကရေစီ ရရှိရေး အား နိုင်ငံတကာ၏ အလေးအနက် ထား စိုးရိမ်မှု သည့် အဓိက အကြောင်းရင်း ဖြစ်သည့် အားလျှော်စွာ ထို့အတွက် ညီညွတ်မှု နှင့် အခိုင်အမာ ဆုံးဖြတ်ထားပြီး ဖြစ်သည်ကို ပြသရန် လိုအပ်သည်။ စိတ်ရှည် ဇွဲရှိမှု ဖြင့်သာ လက်ရှိ အကျပ်အတည်း မှ ရုန်းထွက်ပြီး ရှေ့သို့ သွားနိုင်မည့် လမ်းကြောင်းကို ရှာဖွေနိုင်မည်ဟု ကျွန်တော် ယုံကြည်သည်။ စစ်တပ် အနေဖြင့် ပထမ ခြေလှမ်း ကို လှမ်းရမည် ဖြစ်သည်” ဟု ဘန်ကီမွန်း က ပြောသည်။

*************************
မင်းအောင်လှိုင် အဖို့က လှုပ်လေ မြုပ်လေ ဖြစ်နေသည်ကို အထင်အရှား တွေ့လာနေရသည်။ သူ့အပေါ် စာနာ နားလည် မည်ဟု ယူဆသူတိုင်းကို ဖိတ်‌ခေါ်လေ့ ရှိသော်လည်း သူထင်သလို ဖြစ်မလာသည်မှာ CNN သတင်းထောက်၊ ဘီလ် ရစ်ချတ်ဆန် တို့ မှ စ၍ တွေ့ကြုံလာခဲ့ရပြီ ဖြစ်သည်။ ကမ္ဘာပတ်နေသူများအား သူ၏ ဝါးလုံးခေါင်းထဲမှ ထိုင်၍ အဘယ်သို့များ လှည့်စား၍ ရနိုင်ပါအံ့နည်း။

ဘန်ကီမွန်းအား သူ၏ ယတြာ အစွမ်း ပြ နိုင်အောင် သူနှင့် မတွေ့ဆုံမီ တွင် နေပြည်တော်ရှိ သူတည်ထား ကိုးကွယ်နေသော ဗုဒ္ဓဆင်းတုတော် ကို ကမ္ဘာ အကြီးဆုံး ထိုင်တော်မူ ရုပ်ပွားတော်ကြီး အဖြစ် ဦးတိုက်ခိုင်းခဲ့သည်။ သို့သော် ဘန်ကီမွန်း၏ ပြင်းထန်သော စကားလုံးများ ဖြင့် ထွက်လာသော ကြေညာချက်ကြောင့် ရည်ရွယ်သည့် အတိုင်း ဖြစ်မလာခဲ့ပေ။

မင်းအောင်လှိုင်သည် ရည်မှန်းချက် ကြီးသည်၊ ဖြစ်အောင်လုပ်နိုင်စွမ်း ရှိသည့် အာဏာ နှင့် အရင်းအမြစ်များလည်း ရှိနေသည်၊ သို့သော် လက်ရှိ သူရင်ဆိုင်နေရသော ပြဿနာကြီးက မည်သို့မျှ ဖန်တီးယူ၍ မရ၊ မည်သည့် ယတြာ နှင့် မျှ ပံ့ပိုးပေး၍ မရသော စွမ်းဆောင်ရည် Talent နှင့် ဉာဏ် အမျှော်အမြင် Intelligence ကင်းမဲ့နေခြင်းပင် ဖြစ်ပေတော့သည်။

ရလဒ် အဖြစ် ၎င်းကို ထောက်ခံသူများ နေ့စဉ်နှင့် အမျှ အသက်များ ပေးဆပ်နေရပြီ ဖြစ်သည်။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

Hla Soewai

04/10/2022

စစ်ကိုရှောင်ဖို့ ရွေးကောက်အယောင်ပြ ထွက်ပေါ်ရှာလည်း မရတော့ပါဘူးနော် ဒုတိယံပိ အာဏာထပ်လုခြင်း မည်လို့ထက်

လူံး၀ကို စုစည်းတည်ရှိနေသော ပြည်သူ့ကာကွယ်ရေး PDF တပ်ကြီးကို ဖြိုခွင်း အနိုင်ယူလို့ မရတဲ့အတွက် ဒီလမ်းမှာတင် မအလ ဂိတ်ဆုံးနေပြီဆိုတာသိပါ

သဘောက သွသူ ရွေးကောက်လုပ် သမ္မတက်လုပ်လည်း PDF တပ်ကြီးရှိနေသရွေ့ ဒီကောင့်ကို အမြစ်ဖြုတ် နိဂုံးဝိုင်းချုပ်ကြမှာပဲ (ကြောက်၍ မဲပေးလည်း အကြုံးမ၀င် အပြစ်မရှိ)

အဲ့ချိန် သူက ရွေးကောက်ခံ အစိုးရပါ သမ္မတပါဆိုလည်း ပြည်သူက လက်ခံမှာမဟုတ် နိုင်ငံတကာ၀င်စွတ်ဖက်ရင် NUG က အသင့် ဒီတော့ စစ်ရေးမှာ ကျားဖားကွဲဖို့ ယှဉ်ကြရုံပဲ

ဒီမှာတင် ကြောက်လို့ DASSK ကို ထုတ်သုံးကစားလည်း DASSK က အပြတ်ပြောထားသလိုပဲ ဆက်ပြောမယ်ဆိုတာ ယုံတယ်

" ပြည်သူ့ဆန္ဒအတိုင်းသာ လက်ခံမယ် " ဆိုရင် ဒီပွဲက တဖက်ဖက် အမြစ်ပြတ်မည့်ပွဲမို့ ငပု ဘယ်လမ်းသွားမလဲ သိချင်မိရဲ့

ခုက စစ်ရေးရှုံးရင် ပြေးရမှာမို့ ကြောက်လို့ နိုင်ငံရေးနဲ့ ထွက်ပေါက်ရှာလာမည့်ပွဲမှာ ငပုခြေလက်တံနဲ့ လည်ပတ်နေတဲ့ ယန္တား အဝန်းဝိုင်းကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက် ဖြတ်တောက်လိုက်ရင်

ဂျောင်ကပ်နေတဲ့ 🐕 ပြန်ကိုက်ချင်တောင် အင်အားမရှိလို့ ရန်သူ့ရဲ့ အားနည်းချက်နဲ့ ပစ်မှတ်ရှာပြီး အမြန်ချီတက်ကြဖို့လိုပြီဆိုတာ ပြောပါရစေ ✊🏻

#မင်းတော်၀င် Ⓜ️

16/09/2022

အဆုံးထိဖတ်ပြီး မျှဝေပါ🇧🇫

KIA ၏ထောင်မြင်ရာစွန့်စစ်ရေးမဟာဗျူဟာ
======================
Saiga brang 15-9-2022

အခုတလောတစ်ချို့ကချင်တွေနဲ့နွေဦးသားတွေစစ်ရဲ့မဟာဗျူဟာသဘောသဘာဝကိုမမြင်တတ်တာတွေ့ရလို့ဝမ်းနည်းမိပါတယ်။
စစ်ပွဲတစ်ပွဲမှာမြေပြင်နည်းဗျူဟာထက်၊အဓိကစားပွဲပေါ်မှာဆွဲတဲ့စစ်ရေး မဟာဗျူဟာကိုနိုင်ရပါတယ်၊ယနေ့ကမ္ဘာပေါ်မြေပြင်မှာမြေပြင်စစ်နည်းဗျူဟာနဲ့လက်နက်ဘယ်လောက်ဘဲကောင်းကောင်း၊အစကနဦးမဟာဗျူဟာဆွဲမှားလို့တိုက်လေရှူံးလေဖြစ်နေတဲ့စစ်တပ်ဟာရုရှားစစ်တပ်နဲ့မြန်မာ့တပ်မတော်ဆိုတာလူတိုင်သိပြီးဖြစ်ပါတယ်။
စစ်နည်းဗျူဟာနဲ့စစ်မဟာဗျူဟာဆိုတာဘယ်လိုကွာသလဲကြည့်ကြပါစို့…..
ကရင်နီပြည်
========
(၁) ကရင်နီပြည်ဟာနေပြည်တော်နဲ့မိုင်(၅၀)ကျော်သာဝေးပါတယ်။
မအလ တပ်က ကရင်နီတပ်မတော်KNPP+PDFတွေနေပြည်တော်ဆင်းမလာနိုင်အောင် တာဆီးတဲ့အနေနဲ့ဒီမောဆိုးမှာစစ်မြူ(မဟာဗျူဟာ)ကိုခင်းလိုက်တယ်၊ကချင်ကဂျထူးဇွပ်လိုပေါ့…..စစ်(နည်း)ဗျူဟာတော်ပြီးတိုက်ရည်ခိုက်ရည်ကောင်းတဲ့KNPP+PDF တွေက မအလရဲ့ကစားကွက်ထဲဝင်သွားပြီးဒီမောဆိုး၊ဖရိုဆို၊လွိုင်ကော်ကနေမထွက်နိုင်ရုံတင်မက မိုင်(၅၀)လောက်ဘဲဝေးတဲ့နေပြည်တော်ကိုမရောက်နိုင်ကြသေးဘူးဒါဟာအရှိတရားပါ။

(2)ကရင် KNU,KNDO,DKBA,KPDF

ရန်ကုန်၊ပဲခူးဆိုတာ KNU နေမြေနဲ့ကပ်လျှက်၊KNU+PDF တွေရန်ကုန်မဆင်းနိုင်အောင် လဲကေးကော် မှာစစ်မြူလိုက်တယ်၊KNU စစ်ဘုရင်တွေသိလို့ရှောင်ခိုင်းလိုက်တာ PDF တွေနားမထောင်ဘဲပြန်ခံပစ်တော့ လဲကဲကော်မှာစစ်အိုင်သွားတယ်၊ရန်ကုန်တက်သိမ်းဖို့KNU ရဲ့အိမ်မက်ကကြံ့ကြာသွားတယ်၊အခုထိလဲကဲကော်နဲ့ဒီမောဆိုးမှာတိုက်တုန်းခိုက်တုန်းကရင်နဲ့ကရင်နီလူထုစစ်ပမ်းသွားကြတယ်။
“နွေဦးတော်လှန်ရေးအောင်နိုင်ဖို့က မကွေး၊စစ်ကိုင်း၊မန္တလေး၊ရန်ကုန်၊နေပြည်တော်တက်သိမ်းနိုင်မှပွဲပြတ်မှာဖြစ်တယ်။
“ကချင်(KIA)၏စစ်မဟာဗျူဟာ”
=====================
မြန်မာနိုင်ငံပြောင်းလဲဖို့အဓိကစစ်အင်အားကြီးဖို့လိုတယ်၊နွေဦး PDF အားကောင်းတာမကွေး၊စစ်ကိုင်း၊PDF,LPDF, ပကဖတွေပေါင်းလိုက်ရင်တပ်သားတစ်သန်းကျော်တယ်၊ဒါကြောင့်မိုင်ပေါင်းရာကျော်တဲ့ပြည်မဖက်ကို KIA+NUG က KIA+PDF….KIA+LPDF….KIA+ပကဖ
တွေနဲ့အတူလက်တွဲနိုင်အောင်ကျိုးစားကြတာအခုချိတ်ဆက်မိသွားပြီဆိုတာခုသလောမီဒီယာကွန်ယက်တွေမှာတွေ့ကြမှာပါ။
ဒါကိုရိပ်မိသွားတဲ့ မအလ စစ်တပ်ဟာKIAတွေ ပြည်မကိုမဆင်းနိုင်ဘဲ ကိုယ့်ဒေသတောကြိုအုံကြားမှာတိုင်ပတ်နေရအောင်၄င်းတို့ရဲ့လက်ကိုင်ဒုတ်ပြည်သူ့စစ်တွေဖြစ်တဲ့(ရွှေမင်း၊SNA၊မင်းဇင်သန့်)တို့ကိုအသုံးပြုပြီးစစ်မြူပြန်တယ်၊သဘောကမနူးမနှပ်ကောင်လေးတစ်ယောက်ကိုအပျက်မတစ်ယောက်ကပေါင်ရင်းထိမသိမသာလှန်ပြပြီးမြူဆွယ်သလိုပေါ့….😂
စစ်ရေးမဟာဗျူဟာနိုင်တဲ့ KIA စစ်ဘုရင်တွေဟာ မအလရဲ့ အပျက်မဗျူဟာကိုရှောင်လိုက်တော့ကချင်ပြည်မှာမအလ လိုချင်တဲ့တိုက်ပွဲမဖြစ်သွားခဲ့ဘူး၊ဒါကိုမသိတဲ့ကချင်တွေက KIA ကိုဝိုင်းဝုန်းကြတယ်၊ဘာဖြစ်လို့မတိုက်ရကောင်းလဲပေါ့….😂
တကယ်တမ်း KIA ကသာစစ်မဟာဗျူဟာကိုမကစားတတ်ဘူးဆိုရင်ကချင်မှာစစ်အိုင်ပြီးစစ်ကိုင်းမကွေးမှာလက်နက်ပြတ်ကျည်ဆံပြတ်မျှော်တိုင်းဝေးတဲ့နွေဦးတော်လှန်ရေးဖြစ်သွားမှာပါ…..
ဒါကို…….ထောင်ငွေမြင်လို့ရာငွေကိုစွန့်တဲ့စစ်ရေးမဟာဗျူဟာလို့ဘဲတင်စားပါရစေ။ဂျထူးဇွပ်တပ်ရင်း(၁၄)တိုက်နယ်ရုံးကိုအချိန်ကုန်ခံတိုက်မနေတော့ဘဲရှောင်ခိုင်းပြီးပြည်မညီနောင်ဗမာPDF တွေနဲ့ရအောင်ချိတ်ဆက်နိုင်ခဲ့တဲ့၊စစ်ရေးမဟာဗျူဟာကိုပယ်ပယ်နယ်နယ်ကစားသွားတဲ့ ကချင်KIA စစ်ဘုရင်များကိုအလေးပြုအပ်ပါသည်….🙏
(ဤစစ်ရေးသုံးသပ်ချက်သည်ကျွန်ုပ်တစ်ဦးတည်း၏စစ်ရေးအမြင်ဖြစ်ပါသည်လွတ်လပ်စွာဝေဖန်နိုင်သည်၊မှားလျှင်လည်းကျွန်တော်တစ်ဦးတည်း၏အမှားဖြစ်ပါသည်)

Credit…..ရာဇဝင်လုလင်

25/07/2022

သေဒဏ်စီရင်လိုက်ပြီဆိုသည့်သတင်းအားစဉ်းကြည့်ရန်

တကယ်ဟုတ်ခြင်းမဟုတ်ခြင်းကိုခဏဘေးဖယ်ပြီး၊ ဒီလိုလုပ်လိုက်ရင်ပြည်သူတွေနှင့်တော်လှန်ရေးအင်အားစုတွေသွေးဆူမယ်ဆို
တာ မအလ တို့ကတွက်ပြီးသားပါ။ အဲ့အတွက်
ကြိုတင်ပြင်ဆင်ထားမယ်၊ ထွက်လာတဲ့အဖွဲ့
တွေကိုမလွတ်အောင်ဖမ်းမယ်ဆိုတဲ့စီစဉ်မှုရှိနိုင်
ပါတယ်၊ သွေးဆူပြီးလုပ်ကြတော့မဲ့သူတွေအဖွဲ့
တွေအရင်ထက်သတိကြီးစွာလှုပ်ရှားဖို့လိုပါတယ်၊ အခုကလွတ်နေတဲ့အဖွဲ့တွေလုံခြုံနေတဲ့
အဖွဲ့တွေကိုခေါ်ထုတ်ထားတဲ့ဗျူဟာတစ်မျိုးပဲ၊
တကယ်မဟုတ်လည်း မအလတို့ကိုအပြီးတိုင်
သုတ်သင်ရမှာပဲ၊ တကယ်ဟုတ်လည်းအပြီးတိုင်
သုတ်သင်ရမှာပဲ၊ မြို့ပြမှာလှုပ်ရှားနေတဲ့အဖွဲ့တွေ
အနေနဲ့ပိုဂရုစိုက် ပိုသတိရှိပြီးထောင်ခြောက်
တွေကိုကျော်လွှားဖို့အရေးကြီးပါတယ်။

28/05/2022

သံတမန်ရေးနဲ့ နိုင်ငံတကာကနေ
NUG အစိုးရကို တရားဝင်အစိုးအဖြစ်
အသိအမှတ်ပြုရေးနဲ့ပတ်သက်ရင်
တချ့ိုတွေက အလွန်အကျွံကြီးတွေ
အဆိုးမြင်နေတာတော့ မကောင်းပါဘူး

ဒီလိုပါပဲ သံတမန်ရေးအောင်ပွဲတွေနဲ့
တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရေးကို
အလွန်အကျွံ မျှော်လင့်နေတာကလည်း
မကောင်းဘူးလို့နည်းနည်းပြောချင်တယ်

တချ့ိုက သံတမန်ရေးအောင်မြင်တော့
နိုင်ငံတကာကနေ NUG ကို တရားဝင်
အစိုးရအဖြစ်အသိအမှတ်ပြုလိုက်လည်း
တော်လှန်ရေးအတွက် အရေးမပါဘူးလို့
အဆိုးမြင်နေတာတွေက မှားပါတယ်

သံတမန်ရေးနဲ့ တရားဝင်အစိုးရအဖြစ်
အသိအမှတ်ပြုခံရရေးက တော်လှန်ရေးရဲ့
အရေးကြီးတဲ့အစိတ်အပိုင်းဖြစ်နေဆဲပါ
အဲဒါနဲ့ပတ်သက် အများကြီး ရေးပြဖူးပါတယ်

အကျဉ်းချုပ်ပြီး ပြန်ပြောရရင် သံတမန်ရေး
အားကောင်းလာမယ် တရားဝင်အစိုးရအဖြစ်
အသိအမှတ်ပြုခံရလာမယ်ဆိုရင် ငွေကြေးနဲ့
စစ်လက်နက် ဝယ်ယူရေး လမ်းပွင့်လာမယ်
လူသားခြင်းစာနာမူအကူအညီတွေရလာမယ်

စစ်ကောင်စီကို ပိုပြီးတော့ ပိတ်ဆို့နိုင်မယ်
စစ်ကောင်စီကို နိုင်ငံတကာအသိုင်းအဝိုင်း
ဝိုင်းကျဉ်ပြီး နိုင်ငံတကာနဲ့ ဆက်ဆံလို့မရအောင်
လုပ်နိုင်ခြင်းအားဖြင့် စစ်တပ်ရဲ့ ငွေရနိုင်တဲ့
လမ်းကြောင်းတွေကို ပိုတားဆီးလာနိုင်မယ်
စစ်ကောင်စီကို အကြပ်အတည်းဖြစ်စေမယ်

ဒီအချက်တွေကလည်း တော်လှန်ရေးအတွက်
သွယ်ဝှိုက်ပြီး အသာရစေတဲ့အားသာချက်ပါ
အဓိကက တရားဝင်အစိုးရအဖြစ် အသိအမှတ်
ပြုခံရမယ်ဆိုရင် အစိုးရခြင်းအစိုးရ ငွေကြေး
ချေးငှားအကူအညီတောင်းခံလာနိုင်မယ်ဆိုရင်ပဲ
တော်လှန်ရေးအတွက် အကျိုးကျေးဇူးများတယ်

ဒါကြောင့် သံတမန်ရေးလက်လွတ်လိုက်ပြီးတော့
တော်လှန်ရေးကိုပဲ အားစိုက်ပါ ပြောနေတာက
မမှန်ပါဘူး ပြည်တွင်းထဲ ငွေကြေးပိတ်ဆို့ခံနေရတာ
ပြည်ပ ဘဏ်အကောင့်ကနေငွေကြေးစီးဆင်းမူ
လုပ်နိုင်ဖို့ သံတမန်ရေးအားကောင်းနေဖို့လိုတယ်

ကိုယ်တွေ ခဏ ခဏ ပြောဖူးသလိုပဲ NUG ဟာ
လူစွမ်းအားရင်းမြစ်တွေ ဖြန့်ကျက်ခွဲသုံးပြီးတော့
သံတမန်ရေး တော်လှန်ရေး ကဏ္ဍာအလိုက်ကို
ချီတက်နေတာဖြစ်တယ် သံတမန်ရေးအားသာတာ
သံတမန်ရေးတာဝန်ယူထားတဲ့သူတွေ လုပ်နိုင်စွမ်း
အရည်အချင်းတွေ ပြသနိုင်လို့ ပိုအားသာလာတယ်
NUG နဲ့ NUCC တို့ရဲ့ မူဝါဒပိုင်း ချပြပေးနိုင်တာ
နိုင်ငံတကာရဲ့ လက်ခံလာအောင် အရည်အချင်းပြနိုင်မူ
ဒါတွေကြောင် သံတမန်ရေးက ပိုအသာရလာတယ်

ဒီလိုပဲ တော်လှန်ရေးထဲ ကာကွယ်ရေးနဲ့ပတ်သက်
အားနည်းချက်ရှိနေတယ်ဆိုရင် ကာကွယ်ရေးနဲ့
ပတ်သက် တာဝန်ယူထားတဲ့သူတွေ အားနည်းချက်
ရှိနေလို့ဖြစ်တယ် ဆိုလိုတာ သံတမန်ရေးဖက်ကို
အားစိုက်လို့ တော်လှန်ရေးဖက် အားနည်းတယ်ဆိုတာ
လော့ဂျစ်မကျပါဘူး အရှိတရားလည်း မဟုတ်ဘူး
ကာကွယ်ရေးပိုင်းလိုအပ်ချက်က ကာကွယ်ရေးထဲရှိ
သက်ဆိုင်ရာဝန်ကြီး နယ်မြေအလိုက်တာဝန်ခံတွေ
လိုအပ်ချက်ရှိနေလို့သာဖြစ်တယ် ကာကွယ်ရေးပိုင်း
လိုအပ်ချက်ရှိရင် ကာကွယ်ရေးကို ပိုတွန်းဖို့လိုပါတယ်

ဒါကြောင့် သံတမန်ရေးကို လက်လွတ်ပြီးတော့
တော်လှန်ရေးပဲ ပိုအားစိုက်ပါပြောနေတာတွေ
လော့ဂျစ်မကျပါဘူး သံတမန်ရေးဟာ တော်လှန်ရေးမှာ
အရေးကြီးတဲ့အစိတ်အပိုင်း ဖြစ်နေဆဲဖြစ်ပါတယ်
ဒါကို ရှင်းရှင်းလင်းလင်းမြင်အောင်ကြည့်ဖို့လိုမယ်

တခြားတဖက်မှာ သံတမန်ရေးအောင်ပွဲတွေနဲ့
တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရရေးကို
အလွန်အကျွံ မျှော်လင့်ချက်ကြီး ထားရင်လည်း
မကောင်းဘူးလို့ ပြောချင်ဆယ် ဆိုလိုတာ NUG ကို
နိုင်ငံတကာအစိုးရတွေက တရားဝင်အစိုးရအဖြစ်
အသိအမှတ်ပြုလည်း ဒီတော်လှန်ရေးမပြီးပါဘူး
ကိုယ်ထူကိုယ်ထ ဆက်ပြီး တိုက်ရအုံးမှာဖြစ်တယ်

ဘာလို့လဲ စစ်တပ်ဟာ သူ့ကို ဘယ်နိုင်ငံတွေက
အသိအမှတ်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ
ရုရှား တရုတ်နိုင်ငံနဲ့ သူ့ကို လက်ခံတဲ့နိုင်ငံတွေရဲ့
အကူအညီတွေယူပြီး သူ့စစ်တပ် မပြိုလဲသေ့ရွ
အာဏာကိုလက်လွတ်မှာမဟုတ်ပဲ ဆုပ်ကိုင်နေမှာ

ဒါကြောင့် NUG အစိုးရကို နိုင်ငံတကာကနေ
တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာက
တော်လှန်ရေးမှာ လိုအပ်တဲ့ငွေကြေး စစ်လက်နက်
လူသားခြင်းအကူအညီတွေနဲ့ တခြားကြီးမားတဲ့
အခွင့်အရေးတွေ ပိုရလာနိုင်ဖို့ လမ်းပွင့်စေမှာဖြစ်ပြီး
အဲဒီအခွင့်အရေးတွေအသုံးချပြီး တော်လှန်ရေးကို
ဆက်တိုက်ရအုံးမယ်ဆိုတာလည်း သိစေချင်တယ်

NUG က တရားဝင်အစိုးရအဖြစ်လာလည်းပဲ
စစ်ကောင်စီက အာဏာကို လက်လွတ်မှာမဟုတ်ဘူး
ဒါအပြင် နိုင်ငံတကာက ချဉ်းကပ်နေတဲ့ အာဆီယံ
မူ ၅ ချက်ထဲက တွေ့ဆုံညှိနှိုင်းဆွေးနွေးရေးဆိုတာ
မြန်မာပြည်သူတွေ လိုလားနေတဲ့အချက်မဟုတ်ဘူး

စစ်တပ်ကလည်း သူ့စစ်အင်အားအမြစ်မပြတ်သေ့ရွ
တွေ့ဆုံညှိနှိုင်းရေးလမ်းစဉ် သွားမှာလည်းမဟုတ်ဘူး
စစ်တပ်က ဘယ်လမ်းစဉ်သွားသွား မြန်မာပြည်သူတွေက
ေ-သွးကြွေးမှာဆွေးနွေးဖို့မရှိဘူး စစ်ရာဇဝတ်မူအတွက်
ကျူးလွန်ခဲ့တဲ့ စစ်အုပ်စုအပေါင်းအပါတွေကို အရေးယူဖို့
မလုပ်နိုင်ရင် ဘယ်လိုနိုင်ငံရေးတွေ့ဆုံမူမှ မလိုလားဘူး
၂၀၀၈ အောက်ပြန်သွားပြီး စစ်တပ်နဲ့ ပြန်ညှိနှိုင်းမယ်
နိုင်ငံရေးတွေ့ဆုံဆွေးနွေးအဖြေရှာမယ်ဆိုရင် အဲဒါဟာ
တိုင်းပြည်ကိုရော တော်လှန်ရေးကိုပါ သစ္စာဖောက်တာပဲ
ဒါကို နိုင်ငံရေးသမားတွေ ရှင်းရှင်းလင်းလင်းသိထားပါ

အချုပ်ပြောလိုတာက သံတမန်ရေးအောင်ပွဲတွေ
နိုင်ငံတကာကနေ NUG အစိုးရကို တရားဝင်
အစိုးရအဖြစ် အသိအမှတ်ပြုခံရရေးနဲ့ပတ်သက်ရင်
အလွန်အကျွံအဆိုးမမြင်တာတွေက မမှန်သလို
အလွန်အကျွံမျှော်လင့်ချက်ထားတာတွေ မလုပ်ဖို့ပါ
အဲဒီအားတွေကို ယူပြီးတော့ တော်လှန်ရေးကို
အင်အားကြီးအောင် တည်ဆောက်ရမှာဖြစ်တယ်
ဖက်ဆစ်စစ်တပ် အမြစ်ပြ-တ်ဖို့ တိုက်ရမှာဖြစ်တယ်

@@

ရရာလက်နက်နဲ့ပါဝင်ဖို့ဆိုတာသေနတ်ကြီး ဆွဲကိုင်နေမှ မဟုတ်ပါဘူး၊သတ္တိသွေးအပြည့်နဲ့ ရဲဝံ့တဲ့ လူငယ်တွေကိုတတ်နိုင်တဲ့ဘက်က အကာအက...
20/04/2022

ရရာလက်နက်နဲ့
ပါဝင်ဖို့ဆိုတာ
သေနတ်ကြီး
ဆွဲကိုင်နေမှ
မဟုတ်ပါဘူး၊

သတ္တိသွေးအပြည့်နဲ့
ရဲဝံ့တဲ့ လူငယ်တွေ
ကိုတတ်နိုင်တဲ့ဘက်က
အကာအကွယ်ပေးတာ(သို့ )
ကူညီပံပိုးပေးတာလည်း
အကောင်းဆုံးလက်နက်ပါပဲ။

အရေးတော်ပုံကြီး
အချိန်တို အောင်မြင်ဖို့
လက်တွဲညီညီ
ပါဝင်ပူးပေါင်း
ဆက်လက်ချီတက်
ကြပါစို့လို့
မေတ္တာရပ်ခံပါသည် ။

#နွေဦးမောင်

12/03/2022

မကြာခင် ပြည်သူတွေ ကြုံရတော့မယ့်
အကျပ်အတည်း တစ်ခုကို Report လုပ်ပါမယ်..

အခြေအနေပေါင်းစုံ ထည့်တွက်ထားတာမို့
စာရှည်ပါတယ်..

လာမဲ့ ၂ပတ် ကနေ ၂လ အတွင်းမှာ
ဆိုးဆိုးရွားရွား အခြေအနေ တစ်ခုနဲ့
ပြည်သူတွေ ရင်ဆိုင်ရနိုင်တယ်..

ကုန်စေ◌ျးနှုန်း အဆမတန် မြင့်တက်လာမဲ့ပြဿနာပါ..

အခြေခံ စားသောက်ကုန်တွေ ပြတ်တောက်ရှားပါး
လာနိုင်တာ ၊ ရှိတဲ့ ကုန်ပစ္စည်းတွေလည်း
မကြုံစဖူး အဆမတန်ဖြစ်တာ ကြုံရဖွယ်ရှိပါတယ်..

---------------------------------------------

စစ်ကိုင်း နဲ့ မကွေးမှာ တိုက်ပွဲတွေ ဖြစ်တဲ့ကိစ္စကနေ
စပြောပါမယ်..

မနှစ် နှစ်ကုန်ပိုင်းလောက်က
စစ်ကိုင်းတိုင်း နေရာ ဒေသ အနှံမှာ
တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့်
တောင်သူတွေ ဆန်စပါး ၊ အသီးအနှံသစ်
မစိုက်ကြတော့ပါဘူး..
ရွာလုံးကျွတ် ထွက်ပြေးနေကြရပါတယ်..

အဲ့ဒီတုန်းက လက်ကျန် ကျန်နေတဲ့
မရိတ်ရသေးတဲ့ စပါးခင်းတွေ
အကုန်ရိတ်ပြီးမှ တိုက်ပွဲဖော်ပေးပါလို့
PDF ကလေးတွေကို မေတ္တာရပ်ခံတဲ့အတွက်
ကလေးတွေကပါ စပါးကူရိတ်ပေးနေတဲ့
ပုံတွေ သတင်းတွေ တွေ့ရမှာပါ..

အဲဒီအကျိုးဆက်က ဒီနှစ်ထဲမှာ
ဆန်စပါး စေ◌ျးနှုန်း တက်လာနိုင်ချေရှိပါတယ်..
စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းမှာ
တိုက်ပွဲတွေ ဖြစ်ပေမဲ့

ရခိုင်ပြည်နယ် နဲ့ ဧရာ၀တီတိုင်းမှာ စပါးစိုက်ပျိုးတဲ့
ဧရိယာ အများကြီး ကျန်သေးတာမို့
တစ်ပြည်လုံးရဲ့ ဆန်စပါးလိုအပ်ချက် Coverage
ဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်လို့ တွက်ထားခဲ့ပါတယ်..

----------------------------------------------

လက်ရှိဖြစ်နေတဲ့ အဓိက ပြဿနာနှစ်ခုဖြစ်တဲ့
မီးပြတ်မှုတွေ နဲ့ ဆီစေ◌ျးအဆမတန် မြင့်တက်တာတွေက
ကုန်စေ◌ျးနှုန်းတက်မှာ အရှိန်တင်လိုက်သလို
ဖြစ်သွားတယ်..

နဂိုကတည်းက စေ◌ျးတက်ဖို့ တာဆူနေတဲ့
စားသောက်ကုန် နဲ့ ကုန်ကြမ်း ထုတ်လုပ်တဲ့ ကဏ္ဏကို
ဆိုးဆိုးရွားရွား ထိခိုက်လာပါတယ်..

နဂိုမှန်းထားတဲ့ ကာလမတိုင်ခင်
မကြာခင်မှာ ကြီးကြီးမားမား
ရိုက်ခတ်လာတော့မှာပါ..

မီးမလာလို့ စက်ရုံတွေက မီးစက်နဲ့လည်ပတ်တယ်
ဆီစေ◌ျးက ဆတိုးတက်လာတော့ စက်ရုံ ၊
အလုပ်ရုံတွေ မလည်ပတ်နိုင်တော့ဘူး

တစ်ဖက်မှာလည်း ပြည်သူတွေက
မီးရေးထင်းရေးအတွက် အပိုဗာရီယပစ္စည်းတွေ
အများကြီး၀◌ယ်ထည့်ရတယ်.. ၀◌င်ငွေက
တိုးမလာပဲ ရှိတဲ့ပိုက်ဆံတွ ထုတ်သုံးရတယ်..
၀◌ယ်သုံးရတယ်.. လုပ်ငန်းကြီးတွေက စလို့
တစ်ပိုင်တစ်နိုင် လုပ်ငန်းလေးတွေအဆုံး
နှောင့်နှေး ပျက်စီးကုန်တယ်..
စီးပွားရေးကဏ္ဏ အကုန်လုံး ထိခိုက်မှာပါ..

အလယ်အလတ်လွှာက ပြည်သူတွေနဲ့
အခြေခံ လူတန်းစား ပြည်သူတွေ မွဲသထက် မွဲသွားပါမယ်..

----------------------------------------------

ဘောမတွေကတော့ " ပြည်သူတွေ ဒုက္ခရောက်နေမှ
PDF နဲ့ NUG ကို မကူနိုင် ၊ မလှူနိုင်မှာ ..
အဲဒီအခါကျ တလရ ကျဆုံးမှာ " ဆိုပြီး
ကြိတ်ပျော်နေတဲ့ ဘောမ ကောင်တွေရှိပါတယ်..
ခမသ HNO တင်တဲ့ post မှာ
ပေါ်တင် ၀◌မ်းသာနေတာ တွေ့ရတယ်..
ပြည်သူတွေကို ဖိနင်း ဆင်းရဲ ဒုက္ခတွေ နဲ့
ဗျာများစေမှ ရုန်းမထွက်နိုင်မှာကို
သူတို့ကောင်းကောင်း သိထားကြပါတယ်..

ဘောမတွေ ဥာဏ်မမှီတာက အခု အကျပ်အတည်းဖြစ်လာခဲ့ရင်
စကစ ကို ပြုတ်ကျသွားစေနိုင်တဲ့ အခြေအနေမျိုးထိ
ဖြစ်သွားနိုင်ပါတာ မသိကြဘူး.. ဒီအခြေအနေကို
ဘောမတွေ လုံး၀မကြိုက်တော့ပါဘူး..
အသံပေါင်းစုံ ထွက်နေတာလည်း ကြားနိုင်တယ်..

ဒီအကျပ်အတည်းက တလရ နဲ့ ဆိုင်သလိုလို
မဆိုင်သလိုလို နေနိုင်ကြတဲ့ မြို့ကြီးပြကြီးက
လူတန်းစားတိုင်း ကို ဖရိုဖရဲ အခြေအနေ
ရောက်သွားစေနိုင်ပါတယ်..

မီးမလာလို့ ဗြုတ်ခသုတ်ခ အခြေအနေတွေ
မြို့လည်ခေါင် ၊ လှိုင်သာယာ ၊
တောင်ဒဂုံ ၊ မြောက်ဒဂုံ မှာ စဖြစ်နေပြီ....

ရေကား နဲ့ ရေ၀◌ယ်သုံးရတာ ၊ ရေစက်အငှားတင်တာ
စတာတွေက ၉၀ - ၉၅ ခုနှစ် ကာလတွေအတိုင်း
ဖြစ်နေပါတယ်..

မြို့လည်ခေါင်က ရန်ကုန်ပြည်သူ ဆေးရုံကြီးလို
အရေးပေါ်နေရာကို မီးမပေးနိုင်တာက အတော်ဆိုးပါတယ်..

မြို့နေလူတန်းစားဟာ အင်တာနက်မရှိရင် နေနိုင်ကြပေမဲ့
မီးမရှိရင် ပြဿနာအကြီးကြီးပါပဲ.. နောက်ဆက်တွဲ
ပြဿနာတွေ အများကြီးဖြစ်ပါမယ်..

သောက်ရေသုံးရေကစလို့ အိမ်သာ ရေမရှိတဲ့အပေါ်
မခံမရပ်နိုင် ပေါက်ထွက်ကုန်တဲ့အဆုံး လူထုအုံကြွမှု
ဖြစ်လာနိုင်တာ ဘောမတွေ တွက်ဆမိပုံမရဘူး..
သူတို့အဘတွေ မထိန်းနိုင်တော့ဘူးဆိုတာလည်း
ဘောမ တချို့ ကောင်းကောင်း မြင်နေပါတယ်..

------------------------------------------

၂၀၀၇ ရွှေ၀◌ါရောင် တော်လှန်ရေးက
စက်သုံးဆီ စေ◌ျးတက်မှုက စတာပါ..

အခု တလရ ကာလထဲမှာမှ
လျှပ်စစ်မီးပြတ်တောက်တာနဲ့
စက်သုံးဆီစေ◌ျး အဆမတန် တက်တာ နှစ်ခုပေါင်းဖြစ်ပါမယ်..

လျှပ်စစ်မီးက ကြံဖန်ပြီး အဆင်ပြေသွားရင်တောင်
ရုရှား-ယူကရိန်း အကျိုးဆက်ကြောင့် ဆီစျေးက
ိုင်ငံတကာမှာလည်း တက်နေတာပါ.

ပြည်တွင်းမှာ နဂိုကတည်းက စက်သုံးဆီ
ပြတ်ချင်သလိုလို မပြတ်ချင်သလိုလို
အနေ အထားဖြစ်နေတာမို့
ဒီမှာ ဆီစျေး ပိုတက်ပါမယ်..ဆီစျေးမတက်ဖို့
စကစ ထိန်းထားနိုင်စွမ်း မရှိပါဘူး..

အချိန်အခါသင့် မြေနိမ့်ရာ လှံစိုက်တဲ့ကိစ္စက
လျှပ်စစ်မီးပါ..

မြန်မာပြည်ဆိုတာ နဂိုကတည်းက
စွမ်းအင်ငတ်နေတဲ့ နိုင်ငံပါ.. ဂြိုလ်တုဓာတ်ပုံတွေမှာ
အမှောင်ထုကြားထဲ မီးပြပြလေးပဲ လင်းတဲ့နိုင်ငံပါ..

မရှိရှိမဲ့ လျှပ်စစ်မီးပြတ်တာက
နူရာ ၀◌ဲရာ ထောင်း ဆိုသလိုပါပဲ..

မြန်မာပြည်မှာ မိုးလှိုင်လှိုင်မရွာတော့တဲ့
ဒီဇင်ဘာလကုန်က စလို့
၆လပိုင်း လလည် အထိ မီးပြတ်ပါတယ်..

ဒါက ရာသီ အချိန်မှန်ပါပဲ. ဘပြောင်လက်ထက်မှာ
လျှပ်စစ်မီးပြတ်လို့ ဖယောင်းတိုင် လှုပ်ရှားမှုတွေရှိခဲ့တယ်..

သူလည်း ကြံဖန်ပြီး ဖြေရှငိးလိုက်တဲ့
အခြေအနေမှာရှိပါတယ်..
သူဆင်းခါနီးမှာ မီးမှန်အောင် မရရတဲ့နည်း နဲ့
လုပ်ခဲ့တယ်.. ၂၀၁၅ ရွေးကောက်ပွဲမှာ
မဲရဖို့ မီးရရေး အားကုန်ညစ်ခဲ့တဲ့ပုံပါပဲ .. ၂၀၁၅ အပြီး
၂၀၁၆ နှစ်စမှာ မီးပြန်ပြတ်ပါတယ်..

အမေစုလက်ထက်မှာ နိုင်ငံခြားက လာကူတဲ့
LNG သုံးလျှပ်စစ်ဓာတ်အားပေးသဘော်ကြီး နဲ့
လျှပ်စစ်မီး လိုအပ်ချက်ကို ကျားကန်ထားတယ်..
မီးမပြတ်ခဲ့ဘူး အဲ့ဒီသဘော်ကြီးဟာ
၂၀၂၅ နောက်အစိုးရ သက်တမ်းကုန်တဲ့အထိ
ရှိနေဖို့အမေစုအစိုးရက စီစဉ်ခဲ့တာပါ..

အာဏာသိမ်းပြီးနောက်
အဲ့သဘေ္ားကြီးလည်း မရှိတော့ဘူး...
လျှပ်စစ်ဓာတ်အားကို ဘယ်ပုံဘယ်နည်း ဖြေရှင်းရမလဲ
မအလတွေလည်း မသိတော့ပါဘူး ဖြေရှင်းနိုင်လောက်တဲ့
အရည်အချငိးလည်းမရှိမှန်း သိသာပါတယ်..
(သာကောကြီး မကူသရွေ့ သေဖို့များတယ်.. )

လျှပ်စစ်ဓာတ်အားထုတ်တဲ့ ဓာတ်ငွေ့စက်ရုံတွေလည်း
ဝယ်ရတဲ့ဓာတ်ငွေ့စျေးတက်လို့
မလည်ပတ်နိုင်တော့ဘူးလို့
သူတို့ကိုယ်တိုင် ထုတ်ပြောတာပါ..
EPC အတွက်လည်း မီးစက် တင်ဒါခေါ်နေရတယ်..
မီးပွိုင့်တွေအတွက် မီးစက်တွေ သုံးနေရတယ်..

ဆိုတော့ လျှပ်စစ်မီးနဲ့ ဆီစျေး ပြဿနာ နှစ်ခုကို
မထိန်းနိုင်တော့မှန်း မကြာခင် တဖြည်းဖြည်း
ပုံပေါ်လာမဲ့အနေအထားရှိပါတယ်..

မတ်လလဆန်း လလည် ဆိုတာ
အရင့် စစ်အစိုးရ လက်ထက်မှာတောင်
EPC ကို မီးမပြတ်ဖို့
ကောင်းကောင်းကျပ်ပါတယ်..
ဘာကြောင့်လဲဆိုတော့ ဆယ်တန်းစာမေးပွဲ ကာလမို့
မီးပျက်ခဲ့ရင် ပြည်သူတွေ ဆူပူမှာမို့ပါ..
မအလကတော့ ဟန်ပြ ဆယ်တန်းစာမေးပွဲ
အတွက်တောင် မြင်တဲ့အတိုင်းပါပဲ..

ဒီလိုအခြေအနေမျိုးဟာ စကစ နဲ့ PDF တို့
မြို့ကြီးမှာ တိုက်ပွဲဖြစ်ကြမှပဲ မီးပြတ် ၊ ရေပြတ် ၊
အင်တာနက်ပြတ် စားသောက်ကုန်ပြတ်မှာမျိုး
ဖြစ်လာနိုင်ရာကနေ

အခုတော့ မြို့ပြကြီးမှာ တိုက်ပွဲမဖြစ်ရပါပဲ
စကစ ရဲ့ မထိန်းနိုင် မသိမ်းနိုင်
အရည်အချင်းမရှိမှုတွေ ကြောင့်
ဖရိုဖရဲ ကစဥ်ကလျားဖြစ်လာပါတော့မယ်..

မြို့ကြီးတွေမှာ ဖရိုဖရဲ ဘရုတ်သုတ်ခ
အခြေအနေကို ကြုံလာရနိူင်တယ်..

ရန်ကုန်မြို့အထပ်မြင့်နေတဲ့လူထုအတွက်
​ေသာက်ရေသုံးရေမရှိတာထက် တစ်မနက်စာ
အိမ်သာတက်ဖို့ ရေမရှိရင်ပဲ အတော်တိုင်ပတ်
ခံစားရခက်ပါတယ်..

----------------------------------------

ရှေ့လက နယ်မြို့တစ်မြို့မှာ လျှပ်စစ်မီးမရလို့
ကိုယ်ကိုကိုယ်မီးရှို့သတ်သေ ဆန္ဒပြတာဖြစ်ခဲ့တယ်

ရန်ကုန်လိုနေရာမှာ လျှပ်စစ်မီးမရလို့ ဆန္ဒပြရင်း
ကိုယ့်ကိုကိုယ် မီးရှို့သတ်သေတဲ့ကိစ္စမျိုး ၊
ဆူဆိုက်လုပ်တဲ့အဖြစ်မျိုး တွေ
ရှိလာခဲ့ရင် ဒီCrisis ရဲ့
ရေဆူမှတ်ကို ရောက်ပြီလို့ တွက်ရပါလိမ့်မယ်..

ဒါက အဆိုးဆုံးဆက်သွားနိုင်တဲ့အခြေအနေတစ်ခုပါ..
ဒီထက် မဆိုးပဲ တခြားအခြေအနေတစ်ခု
ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်..

ပြည်သူတွေ ပန်းနေပေမဲ့ တောင့်ခံထားကြပါ

ပြည်သူတွေ လာမဲ့ ၂ပတ်နဲ့ ၂လအတွင်းမှာ
ဒီအခြေအနေကို ဖြတ်ကျော်ရပါမယ်..

တဖက်ကလည်း NUG ကို ဒီအတွက် အဖြေရှာထားဖို့
အကြံပြုချင်ပါတယ်.. NUG အနေနဲ့
လုပ်နိုင်လား မလုပ်နိုင်လား မသိပေမဲ့
ပြည်သူတစ်ယောက်အနေနဲ့ ရိုးသားစွာ အကြံပြုတာပါ..

----------------------------------------

ရယ်ရမလို ငိုရမလို ကိစ္စတစ်ခုကို ပြောရရင်

ပြည်သူတွေဘက်က တချို့က
တလရ မအောင်တော့ဘူးလို့ စိတ်ဓာတ်ကျ
ညည်းတွား ၀◌မ်းနည်းသလို ဖြစ်နေကြပေမဲ့

တစ်ပြိုင်တည်းမှာပဲ

ဘောမတွေဘက်က
သူတို့အဘတွေ မနိုင်တော့ဘူး ယူဆပြီး
စိတ်ပျက် ဒေါသထွက် ငိုနေကြတဲ့သူတွေ
ရှိပါတယ်.. ညအိပ်မပျော်တဲ့သူတွေတောင်
ရှိပါတယ်..

ကိုယ်တွေဘက်မှာ အဲလိုဖြစ်နေတာမဟုတ်ဘူး
သူတို့ဘက်မှာလည်း အဲလိုတွေ ဖြစ်နေတယ်ဆိုတာ
သိစေချင်တာပါ..

သတင်းမီဒီယာခေတ် အင်တာနက်ခေတ်ဖြစ်နေပြီမို့
အရင်ခေတ်ကလို အဘတွေ လှိမ့်တိုင်း ယုံလို့မရတော့တာ
သက်ရင့် ဘောမ တချို့လည်း ကောင်းကောင်းသိနေပြီ..

သက်ရင့်ဘောမတွေရဲ့ မီတာခ ၊ လျှပ်စစ်မီး ၊ ဆီစေ◌ျး နဲ့
ပတ်သက်လို့ ပေါက်ကွဲသံတွေ ခပ်စိတ်စိတ် ကြားလာရပါတယ်..

အခု လျှပ်စစ်မီးကိစ္စမှာ ခင်ဗျားတို့ အဘမလုပ်နိုင်ပေမဲ့
ပြည်သူအစိုးရက လုပ်နိုင်တယ်ဆိုတာ
ခင်ဗျားတို့ ပါးစပ်က ထွက်လာတာ မြင်ပါတယ်..

ဒီစာကို သက်ရင့် ဘောမတွေ ဖတ်မိခဲ့မယ်ဆိုရင်
တစ်ခုပြောချင်တာ ခင်ဗျားတို့အဘက
တိုင်းပြည်ကို မထိန်းနိုင် ၊ ထိန်းနိုင်တဲ့
အရည်အချင်းမရှိဘူးဆိုတာ ရိပ်မိနေပြီဆိုရင်
အချိန်နောက်မကျခင်
ရပ်တည်ချက် ပြောင်းဖို့ ပြောချင်တယ်..

အချိန်လွန် နောက်ကျသွားမယ်ဆိုရင် သိတဲ့အတိုင်း
ခင်ဗျားတို့ ပိုင်ဆိုင်ကြိုးစားခဲ့သမျှ အရာအားလုံး
ဆုံးရှုံးရမယ်ဆိုတာ မြင်စေချင်တယ်..

အခုက အချိန်နောက်မကျသေးပါဘူး...

-------------------------------------

ပြည်သူတွေအနေနဲ့ စားသောက်ကုန်ရှားပါး
စေ◌ျးကြီးလာတာ ၊ လျှပ်စစ်မီးပြတ်တောက်တာ ၊
ဆီစေ◌ျးတက်တာ စတာတွေကို Panic မဖြစ်ပဲ
ရင်ဆိုင်နိုင်ဖို့ ကြိုတင် ပြင်ဆင်ထားသင့်တယ်ဆိုတာ
Report လုပ်ပါတယ်..

ကူးတင်နိုင်ပါတယ်..
Crd ပေးပေး မပေးပေး ကိစ္စမရှိပါဘူး..

Address

Dalla

Alerts

Be the first to know and let us send you an email when DALLA Channel - News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share


Other Dalla media companies

Show All

You may also like