Yasin Khin

Yasin Khin ʟɪᴠᴇ, ʟᴇᴀʀɴ, ʟᴏᴠᴇ, ʟɪɴᴋ. 🔰
Sharing Knowledge & Scholarship Info!

11/09/2024

Grab Your Chance ‼️

ကဲ The Convo ကနေ 3 Months Volunteers ပြုလုပ်ဖို့ အခွင့်‌အရေးကတော့လာပါပြီ။

၂၀၂၄ ကုန်ဖို့ ကျန်ရှိတဲ့ (၃) လတာကို အကျိုးရှိရှိ အသုံးချချင်တယ်ဆိုရင် The Convo ကို Join ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။

The Convo ဟာဆိုရင် ဘာသာစကားတွေကိုလေ့လာနေတဲ့သူတွေအတွက် Speaking Skill, Listening Skill တွေကို တိုးတက်အောင် လုပ်ပေးတဲ့နေရာတစ်နေရာဖြစ်တဲ့အပြင် လူငယ်တွေရဲ့ အတွေးအမြင်၊ စိတ်ခံစားချက်တွေကို နားထောင်ပေးနေတဲ့နေရာတစ်နေရာလည်းပဲဖြစ်ပါတယ်။

ဒီလိုမျိုး ပျော်ရွှင်စရာကောင်းပြီး လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းမှာ (၃) လတာ Volunteers ပြုလုပ်ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်။

💢 English Speaking လေ့ကျင့်ချင်တယ်၊ တိုးတက်အောင်လုပ်ချင်တယ်၊
💢 အချိန်ကို အကျိုးရှိရှိ အသုံးချချင်တယ်၊
💢 အတွေ့အကြုံအသစ်၊ သူငယ်ချင်းအသစ်တွေကို ရှာဖွေချင်တယ်ဆိုရင်တော့ အခုပဲဖောင်ကို ဖြည့်လိုက်တော့နော် 🥰

Deadline အနေနဲ့ လာမယ့် September 22 ဖြစ်တာကြောင့် Registration Form မပိတ်ခင် လျှောက်ထားဖို့တော့လိုမယ်နော် ‼️

Registration Form 🔗 https://forms.gle/dkd4gDWfTCRHYi2N8

Be a part of our team and let's grow up together 💖

The Convo
The Paradise for Language Lovers



11/09/2024
11/09/2024
11/09/2024

Announcements for new excitement projects 🕺🏼

(1) Project Coordinator / female / 2 posts

(2) Program Coordinator / male-female / 2 posts

(3) Program Host / male-female / 3 posts

(4) Accountant / female / 1 post

(5) content and data analysis / female / 1 post

(6) Office Staff / female / 1 post

For more details and apply >>>

Connect us via page messenger

10/09/2024

2025 - 2026 ပညာသင်နှစ်တွင် Indonesia နိုင်ငံ President University မှ နိုင်ငံတကာကျောင်းသားတွေအတွက် Undergraduate Scholarship Program လျှောက်လွှာခေါ်ယူနေပါပြီ။ Intake က (January and September) ဆိုပြီး intake နှစ်ခုရှိပါတယ်။

တက်ရောက်နိုင်တဲ့ မေဂျာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

1) Accounting(ACCT)
2) Actuarial (AS)
3) Agribusiness
4) Architecture
5) Business & Entrepreneurship (BA)
6) Civil Engineering (CE)
7) Communication (COMM)
8) Electrical & Computer Engineering (EE)
9) Energy Management & Environmental Engineering (ENV)
10) Environmental Engineering (ENV)
11) Industrial Engineering (IE)
12) Information System for Business & Management (MIS)
13) Information Technology (IT)
14) Interior Design
15) International Elementary Teacher Education (PGSD)
16) International Relations (IRE)
17) Law
18) Management (MGMT)
19) Mechanical Engineering & Robotics (ME)
20) Visual Communication Design (VCD)
21) Water Technology & Environmental Engineering
(ENV)

လျှောက်လွှာတင်ရန် လိုအပ်သော အချက်များ -

1. Color Scanned Passport (all pages); (Mandatory)
2. School Examination Transcript (original language and English) (Mandatory)
3. Closed-up color photograph (red-background) (Mandatory)
4. Health Document (Optional)
5. Statement Letter (Optional)
6. Financial Statement Letter (Optional)

Application Form Link:
https://presunivcenter.com/reg_international

အသေးစိတ် ပိုမိုသိလိုပါက အောက်ပါလင့်ခ်ကနေ ၀င်ရောက်လေ့လာနိုင်ပါတယ်။

https://myanmarstudyabroad.org/?p=8049&preview=true&_thumbnail_id=8050

ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နဲ့ ဖိလီပိုင်နိုင်ငံများတွင် ပညာသင်ဆုအပြည့်နဲ့ ကျောင်းတက်ချင်တဲ့ မြန်မာကျောင်းသူ/သား...
09/09/2024

ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နဲ့ ဖိလီပိုင်နိုင်ငံများတွင် ပညာသင်ဆုအပြည့်နဲ့ ကျောင်းတက်ချင်တဲ့ မြန်မာကျောင်းသူ/သားများအတွက် သီးသန့်ပေးအပ်သော The Diversity and Inclusion Scholarship Program (DISP) ပညာသင်ဆုပါ။
ဘွဲ့ကြို နဲ့ ဘွဲ့လွန် (မဟာ နဲ့ ပါရဂူ) အပြင် ဒီပရိုမာ နဲ့ certificate course တွေပါ သင်ကြားခွင့်ရရှိမှာဖြစ်ပါတယ်။ အချိန်မပေးနိုင်တဲ့သူတွေအတွက် အွန်လိုင်းသင်ကြားရေးကိုပါ လျှောက်လို့ရမှာဖြစ်ပါတယ်။ ကိုယ်နဲ့ အဆင်ပြေတာ၊ အရည်အချင်းကန့်သတ်ချက် ကိုက်ညီတာကို ရွေးလိုက်ရုံပဲ။
USAID ကထောက်ပံ့တာဖြစ်ပြီး နိုင်ငံရေးကြောင့် ကျောင်းနားသွားတဲ့ မြန်မာလူငယ်အတွေအတွက်ကောင်းမွန်တဲ့ အခွင့်ရေးဖန်တီးပေးတာဖြစ်ပါတယ်။ ဒီ အစီအစဉ်ကို မနှစ်ကစတင်အကောင်အထည်ဖော်တာဖြစ်ပြီး တစ်နှစ်ကို ၄၀ ဝန်ကျင်းလောက်ခေါ်နေတယ်လို့ကြားသိရပါတယ်။ (ပိုများနိုင်)
မြန်မာနိုင်ငံသားဖြစ်ပြီး နိုင်ငံအတွင်း နဲ့ အိမ်နီးချင်းနိုင်ငံရောက်ရှိတဲ့သူများပါ လျှောက်လို့ရမှာပါ။ အရေးကြီးဆုံးက CMD ကျောင်းသူ/သားတွေပါ လျှောက်လို့ရအောင် စီစဉ်ပေးထားပါတယ်။ Bachelar ကျောင်းကို နားထားတဲ့သူတွေဆိုရင် အနည်းဆုံးပထမနှစ်ရဲ့ အမှတ်စာရင်းရရှိနိုင်ရင် လျှောက်လို့ရပါတယ်။ လုပ်သက်အတွေ့အကြုံတစ်နှစ် လိုအပ်ပါတယ်။
မှတ်ချက်။ လျှောက်လွှာကို နောက်လဆိုဖွင့်ပါပြီ စိတ်ဝင်စားရင် အခုကတည်းကပြင်ဆင်ဖို့လိုပါတယ်။
သင်ကြားနိုင်မဲ့ ဘာသာရပ်များနဲ့ တက္ကသိုလ်များ
https://www.usaiddisp.com/scholarships/current-academic-program-offerings/
အရည်အချင်းသတ်မှတ်ချက်နဲ့ ကိုက်ညီမညီ စစ်ဆေးကြည့်ရန်
https://www.usaiddisp.com/scholarships/frequently-asked-questions/eligibility/
English နဲ့ပတ်သက်ပြီး ပိုမိုသိရှိရန်
https://www.usaiddisp.com/scholarships/frequently-asked-questions/english-diagnostic-test/

Telegram: https://t.me/thangdeihtuang

09/09/2024

📢 DTV Visa ကို လျင်လျင်မြန်မြန်နဲ့ BIYB မှာ လျှောက်နိုင်ပါပြီ ‼️

ထိုင်းနိုင်ငံမှာ Remote Job, Freelance Job တွေလုပ်ကိုင်ရင်း သက်တမ်း (၅) နှစ်ပြည့်တဲ့အထိ နေထိုင်လို့ရမယ့် Destination Thailand Visa ကို အခုဆို BIYB ကနေလည်း လျှောက်ပေးနေပါပြီ။

Destination Thailand Visa (DTV Visa) ဟာ
✔️ Digital နည်းပညာရှင်များ
✔️ Remote Job လုပ်ကိုင်နေသူများ
✔️ Freelancer များ
✔️ INGO နဲ့ဆက်စပ်နေသော ဝန်ထမ်းများ
✔️ ထိုင်းရိုးရာသင်တန်းတက်နေသူများ
✔️ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေသူများ
✔️ အနောက်နိုင်ငံသို့ ဆက်ထွက်ရန် အစီအစဉ်ရှိသူများ အဓိက လျှောက်ထားသင့်တဲ့ Visa အမျိုးအစားပဲဖြစ်ပါတယ် ။

DTV Visa ကို
✈️ Laos
✈️ Cambodia နှစ်နိုင်ငံကနေ လျှောက်လို့ရပြီး၊ 14 days Arrival Visa ဖြင့်လည်း လျှောက်လို့ရပါတယ်။

Laos မှာလျှောက်မယ်ဆို
💢 Monday လျှောက်တာနဲ့ Friday ဆို Visa ရပြီး၊

Cambodia မှာလျှောက်မယ်ဆို
💢 အနည်းဆုံး (၁၀) ရက်ဝန်းကျင်ကြာနိုင်တဲ့အတွက် အမြန်လိုချင်တယ်ဆို Laos မှာလျှောက်ဖို့ Recommend ပေးပါတယ်။

Requirements တွေအနေနဲ့
▫️Passport
▫️ Photo (White Background)
▫️Current Location Evidence (အိမ်ငှားစာချုပ်ကိုယ့်ဘာသာပြပေးရပါမယ်။)
▫️TM 30
▫️CV Form (Education base ကိုကြည့်ပြီး Portfolio ပြင်ပေးတာမို့လိုအပ်ပါတယ်။)
▫️ Bank acc (KBZ , CB Bank)

Payment အနေနဲ့လည်း
📌 Down Payment ပေးချေနိုင်သလို၊
📌 ကနဦး 50% ပေးချေပြီး Immigration ဝင်တဲ့အခါ ကျန်ငွေကို ပေးချေလို့လည်းရပါတယ်။

ကဲ DTV Visa နဲ့ ဘန်ကောက်မှာအသက်မွေး‌ဝမ်းကျောင်းပြုနိုင်ဖို့ အခုပဲ DTV Visa အသေးစိတ်ကို Page Messenger မှာ စုံစမ်းလိုက်ပါ 🙌🏻

ထိုင်းနိုင်ငံနှင့် ပတ်သက်ပြီး Visa Service အသေးစိတ်ကို သိချင်တယ်ဆိုရင်လည်း Page Messenger ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်ရှင့် 🤗

✨ BIYB ဟာ သက်သာသောဈေးနှုန်းနှင့် customer စိတ်တိုင်းကျ ဝန်ဆောင်မှုပေးနေသောနေရာပဲဖြစ်ပါတယ်။

✨ Your Budget, Our Plan ✨

☎️ Ph.no : 0815420671 🇹🇭
+95-455-224-989 🇲🇲

🏠 Office Address : P2XX+MXW, Pa B**g, Saraphi District, Chiang Mai 50140, Thailand


UK မှာ full scholarship နဲ့တက်ရောက်နိုင်တဲ့ Chevening scholarship အကြောင်းကို မျှဝေပေးမယ့် info sharing session လေးရှိပါ...
09/09/2024

UK မှာ full scholarship နဲ့တက်ရောက်နိုင်တဲ့
Chevening scholarship အကြောင်းကို မျှဝေပေးမယ့် info sharing session လေးရှိပါတယ်။
🎉🎉🎉

ဆွေးနွေးမယ့်အကြောင်းအရာ
📌‌ ပညာသင်ဆုကိုလျှောက်ထားရာမှာ
ဘာတွေဆောင်ရန်ရှောင်ရန်တွေသိထားသင့်သလဲ။
📌အခြားဘာ‌ေတွကို ဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အချက် တွေကို ကိုယ်ပိုင်အတွေ့အ‌ကြုံပေါ်အခြေခံ ဝေမျှသွားမှာဖြစ်ပါတယ်။

အဆုံးပိုင်းမှာ မေးချင်တာရှိရင်မေးနိုင်ဖို့ Q&A session လေးလည်းပါပါမယ်။

ဆွေးနွေမယ့်သူကတော့ Edulingo ရဲ့ Teacher/ Trainer တစ်ဦး ဖြစ်တဲ့ Tr. Grace ပဲဖြစ်ပါတယ်။ Tr. Grace ဟာ 2023/24 ပညာသင်နှစ်အတွက် Chevening ပညာသင်ဆု ရရှိခဲ့ပါတယ်။ MA TESOL ကို London မြို့ရှိ University of Westminster မှာ တက်ရောက်ခဲ့သူ ကချင်တိုင်းရင်းသူ‌တစ်ဦးဖြစ်ပါတယ်။

⏰ 8:30 pm
📅 13.9.2022 (Friday)

တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်က Google Form မှာ စာရင်းပေးသွင်းနိုင်ပါတယ်။ ပထမဆုံးစာရင်းပေးသွင်းသူ အယောက်တစ်ရာကိုသာလက်ခံသွားမှာဖြစ်ပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSc4dh1YdVBGBZBZvoWByyuGmFSnYLSN7hdLSBVdjVpi3iGj5w/viewform?usp=sf_link

Zoom invitation ကို အီးမေးလ်ကတဆင့်ပြန်ပို့ပေးမှာဖြစ်လို့ ကိုယ့်ရဲ့ အီးမေးလ်ကို မှန်မှန်ကန်ကန်ရိုက်ဖို့တော့ လိုပါတယ်။

ဆုံကြမယ်နော်။

English Speakers တွေ ထိုင်းတစ်နိုင်ငံလုံးမှာရှိတဲ့ Teaching Jobs (Full Time and Part-Time) နဲ့ ပက်သက်တဲ့ အလုပ်မှန်သမျှကိ...
09/09/2024

English Speakers တွေ ထိုင်းတစ်နိုင်ငံလုံးမှာရှိတဲ့ Teaching Jobs (Full Time and Part-Time) နဲ့ ပက်သက်တဲ့ အလုပ်မှန်သမျှကို Ajarn ဆိုတဲ့ ဝဒ်ဆိုဒ်မှာ ရှာလို့ရပါတယ်။

Part Time လိုချင်နေတဲ့ ထိုင်းရောက် မြန်မာကျောင်းသားများလည်း ဒီမှာ ရှာကြည့်လို့ရပါတယ်။ Full Time Teaching Job ရှာနေတဲ့ မြန်မာပြည်သားများလည်း ဒီမှာ ရှာကြည့်လို့ရပါတယ်။ တရုတ်ဘာသာစကားတက်ရင်လည်း ရှာကြည့်လို့ရပါတယ်။

Link: https://www.ajarn.com/recruitment/jobs

မေးချင်တာမျိုးရှိရင် Instagram ကနေ ဖြေကြားပေးတာမို့ Instagram မှာ follow လုပ်ထားလို့ရပါတယ်ခဗျာ။
Instagram: https://www.instagram.com/svens711/

09/09/2024

အမေရိကန် ထိပ်တန်းတက္ကသိုလ် (၅) ခုရဲ့ အခမဲ့ အင်္ဂလိပ်စာအတန်းများ
================
အင်္ဂလိပ်ဘာသာစကားကို Academic English ရော Business English ပါ လေ့လာချင်တဲ့သူတွေအတွက် အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ် (၅) ခုဖြစ်တဲ့ University of Pennsylvania ၊ University of Pittsburgh ၊ University of California ၊ Georgia Institute of Technology နှင့် Rice University တို့မှ အခမဲ့ သင်ကြားပို့ချထားတဲ့ အွန်လိုင်းသင်တန်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

အပြည့်အစုံဖတ်ရန်
>> https://www.edge.com.mm/article/free-english-courses.html

09/09/2024

📢 📢 📢 Hiring Manager (HR) များ၊ Senior Management ရာထူးများလုပ်ကိုင်နေသူများ နဲ့ Own Business လုပ်ကိုင်နေသူများ အတွက် Free Info Session.......

(21) September မှာ Hiring Manager (HR) ရာထူးမှာ တာဝန်ဆောင်နေသူများ၊ Senior Management Role မှာ ဝာာဝန်ထမ်းဆောင်နေသူများ နဲ့ Own Business လုပ်ကိုင်နေသူများကို British Council က ဦးစီးကျင်းပပြုလုပ်တဲ့ ACCA FIA - Developing the workforce with ACCA Online Webinar အား ဖိတ်ကြားလိုက်ရပါတယ်။

Webinar မှာ စာရင်းကိုင်ပညာရပ် ရဲ့ အရေးကြီးပုံများ၊ အရည်ချင်းပြည့်ဝပြီး စာရင်းကိုင်လုပ်ငန်းကျွမ်းကျင်တဲ့ ဝန်ထမ်းကောင်းများရရှိနိုင်ရန်နည်းလမ်းများ နဲ့ အရည်အချင်းပြည့်ဝသည့်ဝန်ထမ်းများကို အလုပ်ခန့်အပ်နိုင်ခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးကျေးဇူးများကို အဓိကထား ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

အစီအစဉ်
ရက် - 21 September (Saturday)
အချိန် - ၂နာရီ မှ ၄နာရီ
နေရာ - Zoom Online Webinar / Facebook Live

စာရင်းပေးသွင်းရန် - https://bit.ly/3ASgXrq

ဆွေးနွေးမည့် အကြောင်းအရာ
✔️ The Importance of ACCA in the Job Market & benefits of employing ACCA foundation graduates - မှ ဦးကျော်လွင်ဦး (ACCA Country Manager)
✔️ ACCA FIA: The starting point to be a professional- ဆရာ ဦးအောင်နိုင် (Founder & Principal of Aung Naing Institute of Finance & Accountancy)
✔️ How to Register with the British Council - မှ ဦးဆန်းအောင် (British Council Operations Officer)

09/09/2024

မြေလတ်အသံသတင်းဌာနမှ အခြေခံသတင်းစာပညာသင်တန်း လျှောက်လွှာခေါ်ယူခြင်း

ယခုကာလသည် သတင်းစာပညာကို စိတ်ဝင်စားတန်ဖိုးထားပြီး သတင်းကျင့်ဝတ်များကို လေးစားလိုက်နာသည့် သတင်းသမားများ အထူးလိုအပ်လျက်ရှိသည်။

ထို့ကြောင့် သတင်းစာပညာရပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများ မဖြစ်မနေသင်ယူရန်လိုအပ်သည့် အခြေခံသတင်းစာပညာသင်တန်းကို မြေလတ်အသံသတင်းဌာနက ဖွင့်လှစ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းအတွင်း နေထိုင်သူ၊ မွေးဖွားကြီးပြင်းသူ အသက် ၁၈ နှစ်ပြည့်ပြီးသူ မည်သူမဆို မြေလတ်အသံသတင်းဌာန၏ သတင်းစာပညာသင်တန်းအား လျှောက်ထားနိုင်သည်။

သင်တန်းလျှောက်ထားမည့်သူသည် မြန်မာစာ အရေး၊ အဖတ်၊ အပြော ကျွမ်းကျင်ရမည်ဖြစ်သည်။

ကိုယ်အင်္ဂါမသန်စွမ်းသူများလည်း လျှောက်ထားနိုင်သည်။ အမျိုးသမီးသတင်းသမားများ ပေါ်ထွက်လာနိုင်ရန် ရည်ရွယ်ကာ အမျိုးသမီးများအား ဦးစားပေးရွေးချယ်သွားမည်ဖြစ်သည်။

သင်တန်းလျှောက်ထားသူများသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူမျိုးဘာသာကွဲပြားမှု၊ ကျား၊ မ တန်းတူရေးနှင့် လိင်ကွဲပြားမှုအပေါ် တန်ဖိုးထားသူများဖြစ်ရမည်ဖြစ်သည်။

သင်တန်းသားဦးရေ ၁၂ ဦးရွေးချယ်သွားမည်ဖြစ်ပြီး သင်တန်းကာလ ၁ လ တာကြာမြင့်မည်ဖြစ်ရာ သင်တန်းအား မပျက်မကွက်တက်ရောက်နိုင်ရမည်။ သင်တန်းကို အွန်လိုင်းမှတဆင့် ပြုလုပ်မည်ဖြစ်ပြီး သင်တန်းလျှောက်ထားသူများသည် အင်တာနက်လိုင်းရရှိနိုင်သူဖြစ်ရမည်။

သင်တန်းတက်ရောက်ရန် ရွေးချယ်ခံရသူများကို သင်တန်းကာလအတွင်း လိုအပ်သည့် အင်တာနက်အသုံးစရိတ်ကို ပေးအပ်မည်ဖြစ်သည်။ သင်တန်းပြီးဆုံးပါက မြေလတ်အသံသတင်းဌာန၌ သတင်းထောက်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်သလို တခြားသောသတင်းဌာနများ၌ လုပ်ကိုင်မည်ဆိုပါကလည်း ကူညီဆက်သွယ်ပေးမည်ဖြစ်သည်။

ထို့အပြင် အဆင့်မြင့်သတင်းစာပညာကို ဆက်လက်လေ့လာရန် စိတ်ဝင်စားပါကလည်း သတင်းစာသင်တန်းများနှင့် ချိတ်ဆက်မှုရရှိနိုင်စေရန် ကူညီဆောင်ရွက်အကြံဉာဏ်ပေးအပ်သွားမည်ဖြစ်သည်။

သင်တန်းလျှောက်ထားလိုသူများသည် ပုံပါ QR Code ကို Scan ဖတ်၍ လျှောက်ထားနိုင်သလို အောက်ဖော်ပြပါ လင့်တွင်လည်း ဖြည့်သွင်းလျှောက်ထားနိုင်ပြီး ဖြည့်သွင်းထားသည့် ကိုယ်ရေးအချက်အလက်များ လုံခြုံမှုရှိစေရေး မြေလတ်အသံသတင်းဌာနမှ အာမခံပါသည်။

Google Form ဖြည့်ရန် https://forms.gle/8UkWYKKWroLDQJUS6

#မြေလတ်အသံသတင်းဌာန
#အခြေခံသတင်းစာပညာသင်တန်း

08/09/2024

𝗝𝗼𝗶𝗻 𝘁𝗵𝗲 𝗩𝗶𝗿𝘁𝘂𝗮𝗹 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝗲𝘀𝘀𝗶𝗼𝗻 𝗳𝗼𝗿 𝗔𝗖𝗖𝗘𝗦𝗦 𝟮𝟬𝟮𝟰 !

သင်ရဲ့ startup လုပ်ငန်းကို ရန်ပုံငွေနှင့် စီးပွားရေးကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအထောက်အပံ့များဖြင့် နောက်တစ်ဆင့်မြှင့်တင်ဖို့ အသင့်ဖြစ်ပါပြီလား ⁉️

သိန်း (၂၀၀)ကျပ်စီ Funding Supportနှင့် တကွ လုပ်ငန်းအရှိန်အဟုန်မြှင့်တင်နိုင်ရေး စီးပွားရေးဆိုင်ရာကျွမ်းကျင်မှုသင်တန်းများ၊ အနီးကပ်လမ်းညွှန်မှုများ ပံ့ပိုးကူညီပေးသွားမဲ့ Accelerating Co-creation and Empowerment of Startup Solutions (𝗔𝗖𝗖𝗘𝗦𝗦 𝟮𝟬𝟮𝟰) ရဲ့ အွန်လိုင်းသတင်းအချက်အလက်မျှဝေခြင်း အစီအစဥ်ကို မကြာခင် ပြုလုပ်ကျင်းပသွားတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

📅 နေ့ရက် - စက်တင်ဘာ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့
⏳အချိန် - နံနက် ၁၀း၀၀ မှ ၁၂း၀၀ နာရီ
📹 Zoom ဆွေးနွေးပွဲစာရင်းသွင်းရန် - [https://dub.sh/BXBd6fy]

Information Session မှာ ဘာတွေကို လေ့လာနိုင်မလဲ❓

💡ပရိုဂရမ်အသေးစိတ်များ - ရည်ရွယ်ချက်၊ လျှောက်ထားရန်လိုအပ်ချက်များ၊ ရွေးချယ်ပုံအဆင့်ဆင့်၊ ပေးအပ်သွားမည့် ရန်ပုံငွေနှင့် စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများ၊ အနီးကပ်လမ်းညွှန်မှုများအကြောင်း တင်ပြခြင်း၊

💡လျှောက်လွှာဖြည့်သွင်းခြင်း လမ်းညွှန်ချက် - စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များအတွက် ချောမွေ့အောင်မြင်စွာ လျှောက်လွှာဖြည့်သွင်းနိုင်ရန် အဆင့်ဆင့် လမ်းညွှန်ခြင်း၊

💡အမေးအဖြေကဏ္ဍ - လေ့လာမေးမြန်းလိုသည်များကို တိုက်ရိုက်ဖြေကြားပေးသွားပြီး လိုအပ်သော အချက်အလက်အားလုံးကို ဝေမျှပေးခြင်းများ ပါဝင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ စီးပွားရေး၊ လူမှုရေးစိန်ခေါ်မှုများကြား နေ့စဥ်လူမှုဘဝကို အပြုသဘောဆောင်တဲ့ သက်ရောက်မှုများပေးစွမ်းဖို့ စိတ်အားထက်သန်တဲ့ စွန့်ဦးတီထွင်နဲ့ လုပ်ငန်းများအနေနဲ့ ပရိုဂရမ်ကို အောင်မြင်စွာ လျှောက်ထားပြီး အထောက်အကူများအပြည့်အဝရရှိနိုင်ဖို့ Zoom Registration အခုပဲ ပေးသွင်းထားလိုက်ပါနော်။

[English]

𝗝𝗼𝗶𝗻 𝘁𝗵𝗲 𝗩𝗶𝗿𝘁𝘂𝗮𝗹 𝗜𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝗲𝘀𝘀𝗶𝗼𝗻 𝗳𝗼𝗿 𝗔𝗖𝗖𝗘𝗦𝗦 𝟮𝟬𝟮𝟰 !

Get ready to take your business to the next level with funding and acceleration support ⁉️

Offering 20 million Kyats in funding support and business acceleration training to selected startups/enterprises, 𝗔𝗖𝗖𝗘𝗦𝗦 𝟮𝟬𝟮𝟰 (Accelerating Co-creation and Empowerment of Startup Solutions) will be hosting its Virtual Information Session for interested startups.

📅 Date: Wednesday, September 11th
⏳ Time: 10:00 AM to 12:00 PM
📹 Zoom Registration: [https://dub.sh/BXBd6fy]

What will you learn at our information session❓

💡 Detailed Program Insights: Program goals, eligible criteria, selection process, program delivery and funding support.

💡 Application Process Walkthrough: Step-by-step guidance on how to apply successfully.

💡 Interactive Q&A Session: In-depth answers to any question you may have.

For startups and businesses providing innovative services or products that positively impact the livelihood of Myanmar's people amid the current socio-economic challenges, don’t forget to register now for the information session.

08/09/2024

🔔We are inviting teachers of English to join the webinars and MOOCs (Massive Open Online Courses) organised by the British Council for FREE, and earn a British Council certificate.

🔸There will be preparation sessions before each event to help with the log-in process, familiarisation of the course content and materials, and round-up sessions after the events for reflection and action planning for future teaching.

🎓Upon completion of each webinar and MOOC, the data package for the internet will be subsidised to Myanmar teachers who need support.

📆Fill in the interest forms, following the link below, by 22nd September 2024.

📣ဗြိတိသျှကောင်စီမှ အခမဲ့စီစဉ်ပေးသော webinars နှင့် MOOCs (Massive Open Online Courses) တွင်ပါဝင်၍ British Council​မှ​ပေးအပ်ချီးမြှင့်မည့် အသိအမှတ်ပြု certificate အားရယူရန် အင်္ဂလိပ်စာသင်ကြားသော ဆရာ/မ​များကို ဖိတ်ခေါ်အပ်ပါသည်။

📍သင်တန်းအတွက် အထောက်အကူဖြစ်စေရန် အကောင့်ဝင်ခြင်းလုပ်ငန်းစဉ်များ၊ ပွဲတစ်ခုစီမတိုင်မီ ကြိုတင်ပြင်ဆင်မှုများ၊ သင်တန်းအကြောင်းအရာနှင့် ပတ်သက်သည်များကို ရင်းနှီးကျွမ်းဝင်စေရန်၊ ပြန်လည်သုံးသပ်ခြင်းအစီအစဉ်များ နှင့် အနာဂတ်သင်ကြားမှုအတွက် ​ပြင်ဆင်လေ့ကျင့်ခြင်းများလည်း ပါရှိပါမည်။

📌Webinar ​(ဟောပြောပွဲ)​ တစ်ခုစီနှင့် MOOCs(သင်တန်း)​ ပြီးဆုံးပါက ပံ့ပိုးကူညီမှုလိုအပ်သော ဆရာ၊ဆရာမများအတွက် အင်တာနက်ဒေတာပက်ကေ့ချ်ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

⬇️စိတ်ပါဝင်စားပါက အောက်ပါလင့်ခ်တွင်​ ၂၂ စက်တင်ဘာလ​ ၂၀၂၄ နောက်ဆုံးထား၍ ပြည့်စုံစွာဖြည့်စွက် လျောက်ထားနိုင်ပါသည်။

https://rb.gy/b28dny






Switzerland Scholarship=================Switzerland ကို ပညာသင်ဆုနဲ့ သွားချင်သူတွေအတွက် University of Lausanne 2025 Schol...
08/09/2024

Switzerland Scholarship
=================
Switzerland ကို ပညာသင်ဆုနဲ့ သွားချင်သူတွေအတွက် University of Lausanne 2025 Scholarship ရှိပါတယ်။ Application form က ဒီလ September မှာ ဖွင့်ပြီး 1 November 2024 မှာ ပိတ်မှာပါ

Scholarship လျှောက်မယ်ဆို လိုအပ်တဲ့ documents တွေ ကြိုပြီးပြင်ဆင်ထားပေးကြပါ။

English level က အနည်းဆုံး B2 ရှိဖို့လိုပါတယ်။

အသေးစိတ်ကို ဒီ link မှာ ဖတ်ကြည့်လို့ရပါတယ်။
https://www.unil.ch/international/en/home/menuinst/etudiants-internationaux/etudiantes-internationaux-reguliers/bourses-master-de-lunil.html

ဒီရက်မှာဘဲ စဖွင့်တဲ့  မြန်မာနိုင်ငံသားဖြစ်ရင်ကို ‌ လျောက်လို့ ရတဲ့ AIT DAAD Scholarship လာပါပြီဗျို့။ သူတို့ FB page မှာ...
08/09/2024

ဒီရက်မှာဘဲ စဖွင့်တဲ့ မြန်မာနိုင်ငံသားဖြစ်ရင်ကို ‌ လျောက်လို့ ရတဲ့ AIT DAAD Scholarship လာပါပြီဗျို့။ သူတို့ FB page မှာဆို ဒီScholarship ကို announce လုပ်တာဆိုရင် ၄နာရီလောက်ဘဲရှိပါ သေးတယ်။ Funding က ရှယ်ကောင်းတာနော် လျောက်ကြပါ။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျောင်းတက်ရမှာဖြစ်ပါတယ်။ ဒီလောက် Funding ကောင်းတဲ့ scholarship ပထမဉီးဆုံးအကြီမ်တွေ့ဖူးတာပါ ထိုင်းမှာပေးတာ။

More Detailed : https://ait.ac.th/financial/daad-scholarship/?fbclid=IwY2xjawE3p79leHRuA2FlbQIxMAABHW82wmry8mB_hUYwn_3aHIMb6rdXGz3jEGKID84aKo8BRJc2PoZRjJcceQ_aem_rqcqIU2mXuqJvqSxhMnlbg

Schoalarship Application:https://ait.ac.th/wp-content/uploads/2024/01/Annex-II_Call-for-Scholarship-Applications_SPDL_AIT-3.pdf

To apply for AIT Admission: https://admission.ait.ac.th/aoas/Applicant/FirstPage.aspx

Deadline: December 1, 2024

မြန်မာနိုင်ငံသားတွေကိုလည်းပေးတဲ့ Bachelor Degree and Master Degree အတွက် Jardine Foundation Scholarship (Fully Funded) လ...
08/09/2024

မြန်မာနိုင်ငံသားတွေကိုလည်းပေးတဲ့ Bachelor Degree and Master Degree အတွက် Jardine Foundation Scholarship (Fully Funded) လေးလာပါပြီ။

ဒီ University မှာတက်ရမှာဖြစ်ပါတယ်။
(1) Oxford and Cambridge Scheme
(2) University of Hong Kong Scheme
(3) Universitas Gadjah Mada Scheme

More information: https://www.jardines.com/en/sustainability/our-strategy/shaping-social-inclusion/jardine-foundation?tab=overview-&fbclid=IwY2xjawE5VHhleHRuA2FlbQIxMAABHWgodqV_50puX0x1kcZAsz0zx9BWAKStJPqKK0UabMcazgneg5dsJCqS4A_aem_udyDWiPhjISiF7fHg4lT_g

Deadline: 20 October 2024

မြန်မာနိုင်ငံသားအတွက်ပေးဘဲတဲ့ The Cetana Dickason-Young Family Scholarship 2025/26 လာပါပြီဗျို့။ Funding ကို နှစ်စဉ်အလို...
08/09/2024

မြန်မာနိုင်ငံသားအတွက်ပေးဘဲတဲ့ The Cetana Dickason-Young Family Scholarship 2025/26 လာပါပြီဗျို့။ Funding ကို နှစ်စဉ်အလိုက် 13,000 USD ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒီ scholarship ဟာဆို ထိုင်းနိုင်ငံမှာ ပညာသင်မယ်သူတွေအတွက်ဘဲ ပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်မို့ ထိုင်းနိုင်ငံအတွင်းရှိ University တစ်ခုခုမှာ လျောက်ထားရမှာဖြစ်ပါတယ်။ ဒီ scholarship ဟာ Master Degree အတွက်ပေးတာဖြစ်ပါတယ်။

Total Amount Funding: Annually 13000 USD
Living Expense: 5000 USD (2 semesters)
Tuition Fee: 8000 USD (2 semesters)

More Information: https://cetana.org/

Application link: https://forms.gle/ZsUrQD4UGbFqTYFo7

Deadline: December 1, 2024

မြန်မာနိုင်ငံသားအတွက်ဘဲဆိုပြီး ခေါင်းစဉ်နဲ့ ပေးလာတဲ့ လျောက်လို့မှီသေးတဲ့ Scholarships (5) ခုကို ပေါင်းချုပ်လေး လုပ်ထားတာ...
08/09/2024

မြန်မာနိုင်ငံသားအတွက်ဘဲဆိုပြီး ခေါင်းစဉ်နဲ့ ပေးလာတဲ့ လျောက်လို့မှီသေးတဲ့ Scholarships (5) ခုကို ပေါင်းချုပ်လေး လုပ်ထားတာဖြစ်ပါတယ်။

(1)The Cetana Dickason-Young Family Scholarship (Full Funded)
Degree Level: Master
Deadline: December 1, 2024
Link: https://cetana.org/?fbclid=IwY2xjawFD1KBleHRuA2FlbQIxMAABHZJYAmNrtq6PHPkq7kmQvEkuZuN4UiWDmTZedMB9JtKtt9hZQx09uu7NHA_aem_q_Z5GsBdaduk3W1GyJOxHQ

(2)DISP Myanmar Higher Education Teachers' Training Program
Degree: Certificate From Arizona State University (ASU)
Deadline: 20th September 2024
Link: https://asianstudies.asu.edu/node/251?fbclid=IwY2xjawFD1T5leHRuA2FlbQIxMAABHZJYAmNrtq6PHPkq7kmQvEkuZuN4UiWDmTZedMB9JtKtt9hZQx09uu7NHA_aem_q_Z5GsBdaduk3W1GyJOxHQ

(3)Jardine Foundation Scholarship (Fully Funded)
Degree Level: Bachelor and Master
Deadline: 20 October 2024
Link: https://www.jardines.com/.../shapin.../jardine-foundation...

(4)AIT DAAD Scholarship (Fully Funded)
Degree Level: Master
Deadline: December 1, 2024
Link: https://ait.ac.th/financial/daad-scholarship/?fbclid=IwY2xjawFD0u5leHRuA2FlbQIxMAABHVdTT7DDiZ1pwDN1n8YJ0f4HPMy20m0e7VyzPVIodJa3aTX2vg-wl8La6Q_aem_p0pdppgYuJjbmQXrQ2qSPQ

(5)Chevening Scholarship
Degree Level: Master
Deadline: 5 November 2024
Link: https://www.chevening.org/scholarship/myanmar/?fbclid=IwY2xjawFD005leHRuA2FlbQIxMAABHW2Fl1H6iWtSWGNRzIPrQYxYTuXVoWVZKTyK76hxKGk4e0oGDWfPRCC3iA_aem_P1E0OddNdmVa5pxt6eMthg

Japan စာလည်းကျွမ်းကျင်အဆင့်ထိ သင်လို့ရသွားမယ် Bachelor Degree ကိုလည်း ရယူနိုင်မဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ပေးအပ်တဲ့ A...
08/09/2024

Japan စာလည်းကျွမ်းကျင်အဆင့်ထိ သင်လို့ရသွားမယ် Bachelor Degree ကိုလည်း ရယူနိုင်မဲ့ မြန်မာနိုင်ငံသားတွေကိုလည်း ပေးအပ်တဲ့ Asia University Scholarship လာပါပြီ။ Funding ကိုနှစ်မျိုးခွဲပြီးပေးထားတာဖြစ်ပါတယ်။

ပထမ funding ကတော့ Grant အနေနဲ့ပေးပြီး Japan စာနဲ့ Bachelor Degree ကို ၅ နှစ်စာပေးထားတာဖြစ်ပါတယ်။ ပထမတစ်နှစ်မှာ ဂျပန်စာကို လေ့လာလာမှာဖြစ်ပြီး ကျန် ၄ နှစ်ကတော့ Bachelor Degree အတွက်ဆက်သွားရမှာဖြစ်ပါတယ်။

ဒုတိယFunding ကတော့ Scholarship အနေနဲ့ ပေးပြီး Bachelor Degree အတွက် ၄ နှစ်စာ ပေးထားတာဖြစ်ပါတယ်။

ကိုယ်က ဂျပန်စာကို မကျွမ်းကျင်သေးဘူးဆိုရင်တော့ Grant ကိုလျောက်ဖို့လိုအပ်ပြီး၊ ဂျပန်စာ ကျွမ်းကျင်ပြီးသားဆိုရင်တော့ Scholarship ကို လျောက်ဖို့လိုအပ်ပါတယ်။

ဂျပန်မှာ ပညာတော်သင်သွားချင်တဲ့ လူငယ်တွေအတွက် အခွင့်အရေးကောင်းလေးဖြစ်ပါတယ်။

လျောက်ရမဲ့ ပုံစံအဆင့်ဆင့်ကတော့ အောက်မှာဖော်ပြပေးထားပါတယ်။

(1) Account Create လုပ်ရမယ်
To create an account: http://ijc-asia-u.com/register #/

(2) Courses အတွက် oင်ခွင်‌လျောက်ရမှာဖြစ်ပါတယ်

To Apply for the Intensive Japanese Course: http://ijc-asia-u.com/scholarship_program_asean

To Apply for the Undergraduate Course: https://www.asia-u.ac.jp/english/admissions/exam/foreign/foreign.html

(3) Application Form ကို online နှင့် post office ကနေ နှစ်ခု တင်ရမှာဖြစ်ပါတယ်။

More information: https://www.asia-u.ac.jp/english/international/international_students/scholarship-college.html?fbclid=IwY2xjawFE7YFleHRuA2FlbQIxMAABHYHWI2NIGUspGl7koLyVxPmwUs2m7ln7G2R4tRGnRfkwx8RnCgBW3u4Jtw_aem_e6MRH1yxAlmdm1hUrrGigA

Deadline for the Intensive Japanese Course: October 4, 2024
Deadline for the Undergraduate Course: September 19, 2024

မြန်မာနိုင်ငံသားများလည်း The National University of Singapore မှာ Full scholarship နဲ့ MBA program တက်ရောက်နိုင်တဲ့ အခွင...
08/09/2024

မြန်မာနိုင်ငံသားများလည်း The National University of Singapore မှာ Full scholarship နဲ့ MBA program တက်ရောက်နိုင်တဲ့ အခွင့်အရေးလေးပါပြီနော်။ လျောက်ရမဲ့ပုံစံအဆင့်ဆင့်ကိုလည်း အောက်မှာဖော်ပြထားပေးပါတယ်။

1. First, apply now for admission into the MBA Program at NUS.
(Link: https://mba.nus.edu.sg/apply-now/)

2. Follow the Step by Application Process (Here)
(Link: https://mba.nus.edu.sg/admissions-and-funding/ -to-apply)

3. Pay the application Fee.

4. A separate application is required for the ADB Scholarship.

5. Fill out the ADB Scholarship Application Form
( Link: https://www.adb.org/work-with-us/careers/japan-scholarship-program)

6. Read about the ADB Scholarship application process (Here)
(Link: https://www.adb.org/work-with-us/careers/japan-scholarship-program)

7. The Link to the official website is given below.
More Information: https://mba.nus.edu.sg/

ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ့ Minmahaw Higher Education Program (MHEP) ဟာဆိုရင် လူတွေ့ အခမဲ့ GED program လေးတစ်ခုဖြစ်ပါ...
08/09/2024

ထိုင်းနိုင်ငံ မဲဆောက်မှာရှိတဲ့ Minmahaw Higher Education Program (MHEP) ဟာဆိုရင် လူတွေ့ အခမဲ့ GED program လေးတစ်ခုဖြစ်ပါတယ်။ အဲ့မှာတက်‌ရောက်တဲ့ ကျောင်းသား/သူအားလုံးရဲ့ နေစရိတ်၊ စားစရိတ်၊ ကျောင်းစရိတ်တွေကို ဒီMHEP program ကနေ အခမဲ့ ၁၀၀% ‌ထောက်ပံ့ပေးတာလည်းဖြစ်ပါတယ်။ ဒီProgram ကို ပြည်တွင်းနှင့် ထိုင်းမြန်မာနိုင်ငံ နယ်စပ်မှာရှိတဲ့ လူငယ်တွေ လျောက်လို့ရပါတယ်။ MHEP ဝင်ခွင့်စာမေးပွဲကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင်ပြုလုပ်မှာလည်းဖြစ်ပါတယ်။

ဒီProgram ကနေ Scholarship organizations ဖြစ်တဲ့ Child’s Dream, Prospect Burma, IIE စသော Scholarship အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် ဒီprogram မှာတက်နေတဲ့ ကျောင်းသား/သူတော်တော်များ Scholarship နဲ့ Thailand, Vietnam, Bangladesh , India, Hong Kong စသောနိုင်ငံတွေမှရှိတဲ့ Universities တွေမှာ တက်ရောက်နေကြတာလည်းဖြစ်ပါတယ်။

ဒီProgram ဟာဆိုရင် 1 year Intensive English Language University Preparation Program လည်းဖြစ်ပြီး ကျောင်းသား/သူတွေက English ကို 24 နာရီပြောရသလို ၊ သင်ကြားတဲ့ဆရာ/မကိုယ်တိုင်လည်း English လိုဘဲ သင်ကြားပေးတာဖြစ်ပါတယ်။ ဒါကြောင့် English စကေးမတိုးမှာကို စိတ်ပူစရာလည်းမရှိပါဘူးနော်။

ဒီProgram လေးကို လျောက်ဖို့ ပြင်ဆင်ထားသင့်တဲ့ အရာလေးတွေကို အောက်မှာဖော်ပြထားပေးပါတယ်။

(ပထမအဆင့်)
1. ကျောင်းသားများအားလုံးသည် Reading Test ကို ဖြေဆိုရပါမယ်။ Reading Test မှာ မေးခွန်း ၅၀ ရှိပြီး၊ ကျောင်းသား/သူများကို သတ်မှတ်ချိန် ၈၀ မိနစ်အတွင်း စာမေးပွဲကို ဖြေဆိုရပါမယ်။
2. စာမေးပွဲများကို MHEP အဖွဲ့ဝင်များက အစီအစဉ်သတ်မှတ်ထားသော အဆင့်ကိုအရည်အချင်းစစ်ဆေးသည်။
3. Reading Test ကို ဖြေဆိုအောင်သူများသာလျှင် ဒုတိယအဆင့် သို့ ရောက်ရှိမည်ဖြစ်သည်။

(ဒုတိယအဆင့်)
1. ကျောင်းသား/သူများသည် Science, Math, and Social Studies စာမေးပွဲများကို ဖြေဆိုရပါမည်။
2. ကျောင်းသား/သူများသည် writing activities အတွက် အချိန် ၁၅ မိနစ်အထိ ရပါမည်။
3. ပြီရင် ကျောင်းသား/သူများ MHEP အဖွဲ့ဝင်များနှင့် တစ်ဦးချင်း interview ဖြေဆိုရပါမည်။

ဝင်ခွင့်စာမေးပွဲကို ပြင်ဆင်နည်း
https://web.facebook.com/share/p/KGDZrBiyjYm4YAxg/

Sample Entrance Exam ကို လေ့လာဖို့
https://drive.google.com/drive/folders/1qNKmidutNU33m0kc-4MnVFpCKgwYVjPs?fbclid=IwY2xjawFIqhVleHRuA2FlbQIxMAABHVC05gIqE83mcRPqnm_Y5kaC3A5vEvPdBAKiybODhQAVRAV5ljohBTKGqg_aem_i3tnDYhMFZeIcwD0g_FfwA

To find out more about MHEP:

Facebook: https://web.facebook.com/minmahawhighered

Website: https://mhep.educationforfriendship.org/?fbclid=IwY2xjawFIqpNleHRuA2FlbQIxMAABHT1YSnj6RlJble8nr21HGmZxfSDCaFk1E5Rvin998eO_AvOiB85dIXDlYg_aem_og4p0gdxg6GAnv95zyKNcA

ဒီProgram မှာကျွန်တော် ကိုယ်တိုင်လည်း တက်ရောက်ခဲ့ဖူးတာမို့ သိချင်တဲ့ information လေးရှိရင် ကျွန်တော်ကိုလည်း IG မှာ မေးလို့ရသလို ကျောင်းကိုလည်း တိုက်ရိုက်မေးလို့ရပါတယ်။ အားလုံးဘဲ အဆင်ပြေကြပါစေ။

Instagram: https://www.instagram.com/svens711/

U.S မှာရှိတဲ့ Seattle University ကနေ full scholarship ကို Bachelor Degree အတွက်ပေးနေပါတယ်။  ပညာသင်နှစ် ၄ နှစ်စာအတွက် USD...
08/09/2024

U.S မှာရှိတဲ့ Seattle University ကနေ full scholarship ကို Bachelor Degree အတွက်ပေးနေပါတယ်။ ပညာသင်နှစ် ၄ နှစ်စာအတွက် USD 48,000 ပေးမှာဖြစ်ပါတယ်။ လျောက်ရမဲ့ အဆင့်ဆင့်ကိုလည်း အောက်မှာပြောပြထားပေးပါတယ်။ တစ်ကမ္ဘာလုံမှာရှိတဲ့ သူတွေကို ပေးထားတာမို့ လျောက်လို့ရပါတယ်။

Level of Study: Undergraduate
Institution(s): Seattle University
Study in: USA
Required English Proficiency: IELTS or PTE or TOFEL or Duolingo

ပြီးတော့ လျောက်လို့ရတဲ့ မေဂျာက ၅၀ ကျော်ရှိပါတယ်။ တစ်ချို့တွေကို အောက်မှာဖော်ပြထားပေးပါတယ်။
• Accounting
• Business Analytics
• Business Economics
• Business and Law
• Computer Science
• Communication and Media
• Creative Writing
• Digital Design
• Electrical and Computer Engineering
• Environmental Studies
• International Business
• International Studies
• Mechanical Engineering
• Nursing
• Social Work
• And more courses

လျောက်ရမဲ့ ပုံစံအဆင့်ဆင့်ကို အောက်မှာဖော်ပြထားပါတယ်။

1. Create a new account on the Common app here.
Link: https://apply.commonapp.org/createaccount?ma=240&tref=3003

2. Fill out your application with information (general, academic, contacts, family, and activities).

3. Once all required components are completed, you will see the option to Review and Submit your application on this screen.

For more information: https://www.seattleu.edu/international/scholarships/ .en.297644

Admission: https://www.seattleu.edu/admissions-aid/international-admissions/international-undergraduate/

မေးချင်တာမျိုးရှိရင် Instagram ကနေ ဖြေကြားပေးတာမို့ Instagram မှာ follow လုပ်ထားလို့ရပါတယ်ခဗျာ။
Instagram: https://www.instagram.com/svens711/

သင်တန်းသား အယောက် ၁၀၀ ခေါ်ယူမဲ့ဆရာဖြစ်သင်တန်းUSAID ထောက်ပံ့မှုနဲ့ Arizona State University အကောင်အထည်ဖော်တဲ့ ဆရာဖြစ်သင်တ...
08/09/2024

သင်တန်းသား အယောက် ၁၀၀ ခေါ်ယူမဲ့ဆရာဖြစ်သင်တန်း
USAID ထောက်ပံ့မှုနဲ့ Arizona State University အကောင်အထည်ဖော်တဲ့ ဆရာဖြစ်သင်တန်း ပါ။
အွန်လိုင်းသင်ကြားမှာဖြစ်ပြီး သင်တန်းကာလတစ်နှစ်ခန့်ကြာမယ်။ ပြီးရင် တက္ကိသိုလ်အသိအမှတ်ပြုတဲ့ certificate တစ်ခုရမယ်။
အောက်ပါအချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်ပါမည်။

၁) မြန်မာနိုင်ငံရှိ အဆင့်မြင့် တက္ကသိုလ်မှ ဆရာ ဆရာမများ
၂) မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများကို အဓိကထားသင်ကြားနေသော နယ်စပ်ဒေသရှိ အဆင့်မြင့်ပညာရေးမှ ဆရာ ဆရာမ များ
၃) အခြေခံကွန်ပျူတာ ကျွမ်းကျင်ပြီး အင်တာနက်ပုံမှန် အသုံးပြုနိုင်သော ဆရာ ဆရာမ များ
၄) မြန်မာနိုင်ငံတွင် နေထိုင်သူ သို့မဟုတ် ပြည်ပနိုင်ငံ/စစ်ရှောင်စခန်းများ/ဒုက္ခသည်စခန်းများတွင် နေထိုင်နေသော မြန်မာများ
စက်တင်ဘာလ ၂၀ ရက်နေ့မတိုင်ခင်လျှောက်ဖို့လိုပါတယ်။

https://asianstudies.asu.edu/node/251
https://asianstudies.asu.edu/node/253
https://asianstudies.asu.edu/node/252

ဂျပန်နိုင်ငံ Asia University မှာ ဘွဲ့ကြိုပညာရေး (Bachelor) သင်ကြားဖို့ အာဆီယံပညာသင်ဆုပါ။ မျှော်လင့်ချက်မှားတွေမဖြစ်အောင်...
08/09/2024

ဂျပန်နိုင်ငံ Asia University မှာ ဘွဲ့ကြိုပညာရေး (Bachelor) သင်ကြားဖို့ အာဆီယံပညာသင်ဆုပါ။ မျှော်လင့်ချက်မှားတွေမဖြစ်အောင် အရည်အချင်းသတ်မှတ်ချက်တွေကို အရင်ဆုံးသေချာဖတ်စေချင်ပါတယ်။
ပညာသင်ဆုက Intensive Japanase Course နဲ့ Regular Undergraduate Course ဆိုပြီး နှစ်မျိုးရှိပါတယ်။ ပထမက ဂျပန်စာတစ်နှစ်တက်ဖို့ ဘွဲ့ကြို ၄ နှစ်တက်ရမှာဖြစ်လို့ စုစုပေါင်း (၅)နှစ်တက်ဖို့လိုအပ်ပါတယ်။ ဒုတိယ်တစ်ခုက လေးနှစ်ပဲတက်ရမှာပါ။
Intensive Japanase Course တက်မဲ့လူတွေအောင်မှ ဂျပန်စာအခြေခံဖြစ်တဲ့ N4 or N3 တောင်းထားပါတယ် (အောက်ပုံမှာကြည့်ပါ)။
မြန်မာကျောင်းသားဖြစ်ရင် အနည်းဆုံး ၁၁ တန်းအောင်ပြီးသားဖြစ်ရမှာဖြစ်ပြီး လက်ရှိ အထက်တန်းတက်နေတုန်းဆိုရင် မတ်လ ၂၀၂၅မှာ အထက်တန်းအောင်မြင်မဲ့သူဖြစ်ရပါမယ်။
အထက်တန်းအောင်ပြီးသား ကျောင်းသူ/သား ဖြစ်ရင် ၂၀၂၃ အောက်တိုဘာလ ၅ ရက်နေ့ နဲ့ ၂၀၂၄ အောက်တိုဘာ ၄ အတွင်းအောင်မြင်ခဲ့သူဖြစ်ရပါမယ်။

စုစုပေါင်းကျောင်းသား အယောက် (၂၀) အထိ ခေါ်ယူမှာဖြစ်ပါတယ်။

လျှောက်လွှာနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာရန်
https://www.asia-u.ac.jp/albums/abm.php?d=377&f=abm00006904.pdf&n=1._ASEAN%E5%A5%A8%E5%AD%A6%E7%94%9F%E5%8B%9F%E9%9B%86%E8%A6%81%E9%A0%852025%E6%97%A5%E8%8B%B1Ver%EF%BC%88%E7%AC%AC2%E6%9C%9F%E5%8B%9F%E9%9B%86%EF%BC%89.pdf
ပညာသင်ဆုအကြောင်းလေ့လာရန်
https://www.asia-u.ac.jp/english/international/international_students/scholarship-college.html

ဘန်ကောက် ဆေးရုံမှာ အလုပ်လုပ်ဖို့ လိုင်စင်ရပြီးသား မြန်မာ Nurse တွေခေါ်ယူနေပါတယ်။ link: https://forms.gle/TgeyXCyy4RGwQ1e...
08/09/2024

ဘန်ကောက် ဆေးရုံမှာ အလုပ်လုပ်ဖို့ လိုင်စင်ရပြီးသား မြန်မာ Nurse တွေခေါ်ယူနေပါတယ်။

link: https://forms.gle/TgeyXCyy4RGwQ1eN6

Requirements:

- Registered Nurse (RN) license from Myanmar or Cambodia
- Relevant experience in nursing
- Strong communication skills
- Ability to work in a dynamic and collaborative environment

Original Post

https://www.facebook.com/share/Fd9pXBVr38Sd4WoE/?mibextid=ox5AEW

ထိုင်းနိုင်ငံမှာ မာစတာတက်ဖို့ မြန်မာကျောင်းသားတွေကို သီးသန့်ပေးအပ်တဲ့ ပညာသင်ဆုအပြည့်ပါ။Cetana Foundation က မြန်မာကျောင်း...
08/09/2024

ထိုင်းနိုင်ငံမှာ မာစတာတက်ဖို့ မြန်မာကျောင်းသားတွေကို သီးသန့်ပေးအပ်တဲ့ ပညာသင်ဆုအပြည့်ပါ။
Cetana Foundation က မြန်မာကျောင်းသားတွေကို ထိုင်းနိုင်ငံ မည်သည့်တက္ကသိုလ်တွင်မဆိုတက်ရောက်ဖို့ ပညာသင်ဆုထောက်ပံ့ပေးနေပါတယ်။
မာစတာတန်းတက်ဖို့အတွက်ဖြစ်လို့ Bachelor ဘွဲ့ရရှိပြီးသွားတဲ့သူတွေဖြစ်ရပြီး ထိုင်းနိုင်ငံတက္ကသိုလ်တွေရဲ့ English စာအရည်အချင်းသတ်မှတ်ချက်ပြည့်မှီဖို့လိုပါတယ်။ ထိုင်းမှာတော့ IELTS 5.5 ကနေ 6.5 ဆိုလက်ခံကြပါတယ်။
ရွေးချယ်ခြင်းခံရပါက ကျောင်းပြီးရင် မြန်မာပြည်အတွက် အကျိုးပြုတဲ့အဖွဲ့အစည်းတစ်ခုခုမှာ အနည်းဆုံး (၃) နှစ်တာဝန်ထမ်းဆောင်ရန်လိုအပ်ပါတယ်။
လျှောက်လွှာကို ဒီလင့်မှာတင်လို့ရပါတယ်။
https://docs.google.com/forms/d/e/1FAIpQLSczTIFI-hR_XzVJKuDVaWGieolJWsY7AfK_YSMafq-WiHPtOg/viewform

အသေးစိတ်သိလိုပါက
https://cetana.org/

ဒီဇင်ဘာ ၁ ရက်နေ့မတိုင်ခင်လျှောက်ရပါမယ်။

Telegram: https://t.me/thangdeihtuang

Address

Main Road
Dagon
001034

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Yasin Khin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Nearby media companies


Other Digital creator in Dagon

Show All