here go we

here go we

Bg Vs Flash
05/12/2023

Bg Vs Flash

M5 World Championship ပြိုင်ပွဲမှာ Burmese​Ghouls​ ရဲ့​ပထမဦးဆုံးနိုင်ပွဲ🇲🇲🇲🇲🇲🇲24 mins အထိအပြန်အလှန်ရှယ်တီးခဲ့ကြတဲ့ပွဲ👉 Plz subscribe 👈

The most beautiful couples. 💗Don't miss the last one. 🌹😜
01/12/2023

The most beautiful couples. 💗
Don't miss the last one. 🌹😜

23/11/2023

ကောက်တေး // g-fatt,bunny phyoe

10/11/2023

ရှမ်းပဲပုတ်နဲ့သနပ်ခါး (RMJ,EFI)
ရှမ်းတရုတ်​ ကပြားမလေး🥰

08/11/2023

happy birthday//pj panda

08/11/2023

အင်းယားကန်စပ် ဖိနပ်တစ်ရံ​//AI

08/11/2023

ဒုတိယလူ //hlwan paing

01/07/2023
30/06/2023

#ရန်ကုန်အဝေးသင်တက္ကသိုလ်
#လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန
#ဥပဒေဘွဲ့_LLB_onlibeသင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

30/06/2023
30/06/2023

ကောက်ရိုးမီး

ကျွန်တော် ရန်ကုန်ကို ခွင့်နဲ့ ခဏပြန်တဲ့အခါတွေမှာ ကျွန်တော်ရေးတဲ့စာတွေကို Facebook မှာ ဖတ်ပြီး သံယောဇဉ်ဖြစ်နေတဲ့ လူငယ်တချို့ ကျွန်တော့်ကို လာတွေ့လေ့ရှိတယ်။ သူတို့ အင်္ဂလိပ်စာလေ့လာရေးမှာ တွေ့နေရတဲ့ အခက်အခဲလေးတွေအတွက် အကြံဉာဏ်တောင်းကြတယ်။ အချို့ကလည်းပြောလေ့ရှိတယ်၊ ဆရာ ကျွန်တော် ဆရာ့ရဲ့ စာအုပ်တွေကို အားလုံးဝယ်ပြီးသွားပြီ၊ ဖတ်တော့ မဖတ်ရသေးဘူးတဲ့။ အချို့ကတော့ ငါ အင်္ဂလိပ်စာကို ပြန်လေ့လာမယ်ဆိုပြီးတော့ စာအုပ်ကို စဖတ်လိုက်ပေမယ့် ပထမစာမျက်နှာ လေး ငါးရွက်လောက်မှာပဲ ရပ်သွားတယ်။ ဆက်မလုပ်ဖြစ်ဘူး။ အချိန်မရလို့၊ ဒီနေ့တော့ စိတ်မပါသေးလို့၊ motivation ပျောက်သွားလို့၊ အခြား အရေးကြီးတဲ့ ကိစ္စလေးတွေ ပေါ်လာလို့၊ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖတ်နေတဲ့ အင်္ဂလိပ်စာအုပ်လေးဟာလည်း အဲဒီ ပထမစာမျက်နှာ လေးမှာပဲ ရပ်နေခဲ့တယ်။ စာအုပ်စင်ပေါ်မှာ စာအုပ်တွေရှိနေပြီပဲဟာ၊ စိတ်ထဲမှာတော့ လုံခြုံသွားပြီ။ တနေ့တော့ အချိန်ရရင် တကယ် ပြန်ဖတ်လိုက်မယ်ပေါ့။ A false sense of security ပါ။

မိတ်ဆွေ ဆရာတစ်ယောက်ကပြောတယ်။ သူ အင်္ဂလိပ်စာ သုံးလသင်တန်းဖွင့်တာ။ ဖွင့်ခါစမှာ အတန်းထဲ လူလေးဆယ်လောက် အတန်းပြည့်တယ်။ ပထမလအပြီးမှာတော့ ဆယ်ယောက်လောက် ပျောက်သွားတယ်။ ဒုတိယ လလယ်လောက်မှာ အတန်းထဲ ကျောင်းသား တစ်ဝက်လောက်တောင် မရှိချင်တော့ သင်ရတဲ့ ဆရာလည်း အားလျော့လာတယ်တဲ့။ တော်တော်များများက သင်တန်းကို အပြီးအထိတက်ဖို့ ဇွဲမရှိကြဘူး။ အစပိုင်းမှာတော့ တက်တက်ကြွကြွ၊ ခဏနေတော့ motivation မရှိကြတော့ဘူး။ ကောက်ရိုးမီးလို ကျောင်းသားတွေက များပါတယ်တဲ့။

ပညာတစ်ခုကိုလေ့လာရာမှာ၊ အလုပ်တစ်ခုကို လုပ်ကိုင်ရာမှာ passionate ဖြစ်ဖို့လိုတယ်။ passion ဆိုတာ ချစ်ရမ္မက်အပြင်၊ စိတ်အားထက်သန် ပြင်းပြမှု၊ ဇောကိုဆိုလိုတာ။ စာ လိုချင်တဲ့ကျောင်းသားဟာ စာကိုတတ်ချင်တဲ့ ပြင်းပြတဲ့ စိတ်နဲ့ တချိန်လုံး ဆာလောင်ငတ်မွတ်နေပြီး တစာစာဖြစ်နေတာမျိုး။ သို့သော် ဒီ passion ဟာလည်း ရှေရှည်တည်တန့်ဖို့ လိုတယ်။ ဟုန်းကနဲ ထတောက်ပြီး ခဏနေ ငြိမ်းသွားတဲ့ ကောက်ရိုးမီးလို မဖြစ်ရဘူး။ အဲဒီလို ခဏ ထတောက်တဲ့ ကောက်ရိုးမီးလို စိတ်ဓါတ်ကို တရုပ်စကားမှာတော့ "three-minute passion" လို့ခေါ်တယ်လို့ မှတ်ဖူးပါတယ်။ သုံးမိနစ်လောက်သာကြာတယ်။ ပြီးတော့ ဆက်မလုပ်တော့ဘူးတဲ့။

အင်္ဂလိပ်စကားမှာ အသုံးတစ်ခုရှိတယ်။ Stay the course. တဲ့။
စစ်တပ်ထဲမှာ သုံးကြတဲ့စကား။ အားကစားနည်းပြတွေက သူတို့လေ့ကျင့်ပေးနေတဲ့ trainee အားကစားသမားကို ပြောတတ်တဲ့စကားပါ။ စပြီးပြီဆိုရင် အဆုံးအထိ ပြီးစီးအောင်လုပ်။ လမ်းတစ်ဝက်မှာ မရပ်လိုက်နဲ့။ လက်မလျှော့နဲ့ ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ သူ့ရဲ့ အင်္ဂလိပ်လို အဓိပ္ပာယ်ကိုဖတ်ကြည့်ပါ။

stay the course

If you stay the course, you finish something that you have started, even though it has become very difficult.

The oldest president in American history had stayed the course for two terms.
အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အသက်အကြီးဆုံး သမ္မတဟာ သမ္မတသက်တမ်း နှစ်ခုကို ပြည့်အောင် တာဝန်ယူနိုင်ခဲ့တယ်။

ဒါ့ကြောင့် ကျောင်းသားလူငယ်လေးတွေကို ပြောချင်တာက Don't quit! You need to stay the course. ဆိုတဲ့ message လေးပါ။ ဇွဲကောင်းသူမှသာ ခရီးအဆုံးအထိရောက်အောင်ချီတက်နိုင်ပြီး ကိုယ်ပေးဆပ်ခဲ့ရတဲ့ လုပ်အားတွေအတွက် ချိုမြိန်တဲ့ ရလဒ်တွေကို ခံစားရမှာဖြစ်တယ်။
ပြီးအောင် မကြိုးစား၊ လမ်းခုလပ်မှာ လက်လျှော့လိုက်တဲ့သူ quitter သို့မဟုတ် defeatist တွေ မဖြစ်ကြပါစေနဲ့။
ဇွဲကောင်းကောင်းနဲ့ အားထုတ်ပါ။ ဇွဲကို အင်္ဂလိပ်လို

tenacity
perseverance
steadfastness
determination
persistence စသည့် noun များကိုသုံးကြတာလည်းမှတ်ပါ။ သူတို့ထဲမှာ perseverance တစ်လုံးကိုတော့ မသိမဖြစ်သိထားသင့်တယ်။ ဝါကျထဲမှာ မှန်အောင်ထည့်ပြောနိုင် ရေးနိုင်ဖို့ သူ့ရဲ့ word forms တွေကိုလည်း မှတ်ပါ။

persevere (verb)= မဆုတ်မနစ် လုံ့လထုတ်သည်။ အပတ်တကုတ် ကြိုးစားသည်။
perseverance (noun) = ဇွဲလုံ့လဝီရိယ
persevering (adjective)= ဇွဲကောင်းသော

လုပ်မယ်လို့ဆုံးဖြတ်ပြီးရင်တော့ passion, enthusiam, perseverance အပြည့်နဲ့ Stay the course. ပြီးပြတ်သည်အထိ လုပ်ကြပါ။ ကောက်ရိုးမီးလိုစိတ်ဓာတ် "fleeting enthusiam, short-lived enthusiasm" ကိုယ့်မှာ ရှိနေရင် မိမိကိုယ်ကို ပြင်ဆင်ယူပါ။
Don't do anything half-heartedly.
ဘာကိုမှ လုပ်ချင်သလိုလို၊ မလုပ်ချင်သလိုလို၊ စိတ်မပါဘဲနဲ့ မလုပ်ပါနဲ့။
Give it your all!
Give a hundred percent!
ရှိသမျှ အား အကုန်ထုတ်သုံးပါ။ ရာနှုန်းပြည့် ကြိုးစားပါ။
လဲကျသွားရင် ပြန်ထ၊ ဆက်ပြေး၊ ဆက်လုပ်၊ ဆက် fight မယ်ဆိုတဲ့ resilient ဖြစ်တဲ့ စိတ်ဓာတ်မွေးမြူပါ။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ် စသည်ဖြင့် မအောင်မြင်သေးပေမယ့် စိတ်ပျက်ပြီး မရပ်လိုက်နဲ့။ စတုတ္ထအကြိမ်မှာ အောင်မြင်မှုက စောင့်နေမယ်ဆိုတာ ကိုယ်မသိလိုက်ရ ဖြစ်သွားနိုင်တယ်။
J.K.Rowling, Walt Disney, Stephen Spielberg, Michael Jordan စသည့် ကမ္ဘာကျော် စာရေးဆရာကြီးတွေ၊ ရုပ်ရှင်ဒါရိုက်တာကြီးတွေ၊ အားကစားသမားကြီးတွေဟာ သူတို့ အောင်မြင်မှုမရခင်တုန်းက ဘယ်လို ငြင်းပယ်ခြင်းခံခဲ့ရသလဲ၊ resiliently လဲကျ ပြန်ထ လက်မလျှော့ဘဲ ထပ်ခါထပ်ခါ ဘယ်နှစ်ကြိမ် ကြိုးစားကြခဲ့ရသလဲ သိရအောင် အောက်က ဝါကျလေးတွေကို ဆက်ဖတ်ကြည့်ပါ။

Let these examples of failure serve you as a motivator:

J.K Rowling’s Harry Potter was rejected by 12 different publishing houses.

Walt Disney, the man who gave us Disney World and Mickey Mouse went bankrupt before he hit gold with Disney. He was fired from a job because he lacked imagination.

Stephen Spielberg was rejected by film school twice.

Michael Jordan was cut from his high-school basketball team only to become the greatest basketball player of all time.

ပြောချင်တာတွေများနေလို့ စာရှည်သွားတော့မယ်။ အဓိက လူငယ်ကျောင်းသားတွေကို ပြောချင်တာက ပညာရပ်တစ်ခု ဘာသာစကားတစ်ခုကို တကယ်ထဲထဲဝင်ဝင်တတ်မြောက်ချင်ရင် ဇွဲရှိရတယ်၊ အချိန်အများကြီးပေးရတယ်၊ ရေရှည် စွဲစွဲမြဲမြဲအားထုတ်လေ့လာရတယ်။
ကောက်ရိုးမီးလိုလုပ်လို့မရဘူး။
ကောက်ရိုးမီးလိုကျောင်းသားမျိုးတွေ အများကြီး တွေ့ဖူးတယ်၊ ဆင်ဖမ်းမယ် ကျားဖမ်းမယ်နဲ့ ကောက်ရိုးသာသာဘဝတွေနဲ့ပြီးသွားကြရှာတယ်။
ကောက်ရိုးမီးတွေမဖြစ်ပါစေနဲ့...

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

30/06/2023

နေနဲ့လ အင်္ဂလိပ်စာ

ဒီနေ့မနက် အလုပ်ကို အမြန်လမ်းပေါ် ကားမောင်းသွားနေတုန်း ဘာကြောင့်ရယ်မသိ ကိုယ်တွေငယ်ငယ်က နာမည်အရမ်းကြီးခဲ့တဲ့ အဆိုတော်ကြီး Pl***oy သန်းနိုင်ရဲ့ ပကာသနဇာတ်ပျက်သမား ဆိုတဲ့သီချင်းရဲ့ စာသားအပိုင်းအစလေးတွေ စိတ်ကူးထဲပေါ်လာတယ်....
" နေရယ်လရယ်ဆိုတာ အချိန်အခါရှိပါတယ်နော်
နေ့ခင်းမှာ လ မသာ၊ ညဦးဖက် နေမထွက်ပါ"🎶🎵🎶
သိပ်ကြိုက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။

ကိုယ်တွေရဲ့ အထက် ဟိုးအမြင့်ကြီးမှာရှိနေကြပြီး ကလေးဘဝကတည်းက မော့ကြည့်မိတိုင်း စိတ်ကူးယဉ်စရာတွေ၊ အတွေးလေးတွေများစွာပေးလေ့ရှိတဲ့ မိုးကောင်းကင်ပေါ်က ဝိုင်းစက်နေတဲ့ နေမင်းကြီးနဲ့ ဖိုးလမင်းကြီးတို့ အကြောင်း the Sun and the Moon နဲ့ပတ်သက်တဲ့ အသုံးများလို့ သိထားသင့်တဲ့ စကားအသုံးအနှုန်းလေးတွေ၊ စကားပုံလေးတွေကို ဒီဆောင်းပါးမှာ ဖော်ပြပါ့မယ်။ ကိုယ်တို့ မြန်မာစာမှာ
နေမြင့်လေ အရူးရင့်လေ
ခွေးရူးကောင်းစား တစ်မွန်းတည့်
နေရိပ်လို နေပူကစောင့်
နေနှင့်လ၊ ရွှေနှင့်မြ
လသာတုန်း ဗိုင်းငင် .. စသည်ဖြင့်စကားပုံတွေရှိသလို အင်္ဂလိပ်စာမှာလည်း sun နဲ့ moon ပါတဲ့နေ့စဉ်သုံး အင်္ဂလိပ်စကားမှာ အသုံးအမျိုးမျိုးရှိကြပုံကို လေ့လာကြပါစို့။

🌞Sun နဲ့ သက်ဆိုင်တာလေးတွေ စကြည့်ကြရအောင်။ အခြေခံဝါကျလေးတွေ ပြောတတ်၊ ရေးတတ်အောင်လို့ သေသေချာချာမှတ်ကြပါ။

📍The sun rises in the east and sets in the west.
အရှေ ့အရပ်မှနေထွက်ပြီး အနောက်အရပ်မှာ နေဝင်တယ်။ (လွယ်ပေမဲ့ မှန်အောင်ပြောနိုင်ရမယ်။ နေထွက်တာကို sunrise နေဝင်တာကို sunset သို့မဟုတ် sundown လို့ noun လိုသုံးပုံတွေပါတွဲမှတ်ပါ။)

📍Let's go out for a walk while the sun is shining.
နေသာနေတုန်း လမ်းလျှောက်ထွက်ကြရအောင်။

📍I think I have had too much sun today - I have a headache.
ဒီနေ့တော့ ငါ နေပူမိတာများသွားပြီနဲ့တူတယ်။ ခေါင်းကိုက်နေပြီ။ (I have had too much sun ...တဲ့။ မြန်မာကျောင်းသားတွေ မသိလို့ မသုံးဖြစ်မဲ့ သဘာဝကျတဲ့ အသုံးကောင်းလေးတွေကို မှတ်ပါ။)

📍Let's go and sit out in the sun.
နေပူထဲ ထွက်ထိုင်ကြရအောင်။ (in the sun ကိုမှတ်ပါ)

📍Let's sit here in the sun.
ဒီနေသာတဲ့နေရာမှာ ထိုင်ကြရအောင်။
(သူတို့ရာသီဥတုက များသောအားဖြင့် gloomy တိမ်ဖုံးပြီး မှုန်မှိုင်းနေတတ်တော့ နေသာရင် အခွင့်ထူးတစ်ခုလို ခံစားချင်ကြတဲ့ အင်္ဂလိပ်တွေလေ)

📍The dark clouds disappeared and the sun came out.
တိမ်ညိုတိမ်မှောင်တွေပျောက်သွားပြီး နေထွက်လာတယ်။

sun ကို Verb လိုသုံးရင် to sun oneself= to sunbathe နေပူစာလှုံသည်။
📍He sat on the balcony sunning himself.
သူဟာ လသာဆောင်မှာ ထိုင်ပြီး နေပူဆာလှုံနေတယ်။

နေဆာလှုံတာကို to bask in the warm sunshine သို့မဟုတ် to bask in the sun လို့လည်း အသုံးများတာကိုမှတ်ပါ။ အနောက်နိုင်ငံသားတွေက ပင်လယ်ကမ်းခြေ beach မှာ အဝတ်မပါဘဲ နေဆာလှုံကြပြီး နေလောင်နေတဲ့အသားအရောင် sun tan ရအောင်ငွေကုန်ကြေးကျခံပြီးလုပ်ယူကြရရှာတာ။ အဲဒီ sun tan ရှိမှ sexy ဖြစ်တယ်၊ ပိုက်ဆံရှိလို့ holiday ထွက်ခဲ့နိုင်သူဆိုပြီး ဂုဏ်ယူတတ်ကြတယ်ဆိုပဲ။ ကိုယ်တွေ အသားရောင်ကတော့ သူတို့လို နေပူထဲ ငါးခြောက်လှန်းသလို လုပ်ယူစရာမလိုဘူးပေါ့နော်။ original tan ပေါ့...ဟဲဟဲ။

sun ရဲ့ Adjective ဖြစ်တဲ့ sunny ဟာ အဓိပ္ပါယ်နှစ်မျိုးရှိတယ်။
📍We are having the party in the garden, so I'm praying it'll be sunny.
ပါတီပွဲကို ပန်းခြံထဲမှာကျင်းပမှာမို့လို့ နေသာပါစေ (မိုးမရွာဖို့) လို့ငါဆုတောင်းနေတယ်။ (ဒီဝါကျမှာ sunny က နေသာသော ဆိုတဲ့အဓိပ္ပါယ်။)

📍My brother has a very sunny disposition.
ငါ့အကိုဟာ အပူအပင်ကင်း အမြဲပျော်ပျော်နေတတ်သူ။ (ဒီဝါကျမှာ sunny ဟာ happy, free from worry or anger ပေါ့ပေါ့ပါးပါးနေတတ်သူ၊ ရွှင်ရွှင်ပျပျရှိသူ။ cheerful personality ပေါ့။ have a sunny disposition လို့ အတွဲလိုက် အလွတ်ရအောင်မှတ်ပါ။)

Sun နဲ့ ပတ်သက်ပြီး ထပ်မှတ်ထားရမဲ့ idioms တွေ၊ expressions စကားအသုံးအနှုန်းတွေ ဆက်မှတ်ကြစို့။

everything under the sun= ကမ္ဘာလောကကြီးမှာ ရှိသမျှ အကုန်
(everything that exists or is possible)

📍I have tried everything under the sun on this stain, but I just can't get rid of it.
ငါတော့ ဒီအစွန်းချွတ်ဖို့ကို ရှိတာတွေအကုန်သုံးပြီး ကြိုးစားပြီးပြီ။ ချွတ်လို့ကိုမရတာ။

📍You cannot know everything under the sun.
အရာခပ်သိမ်းတော့ မင်းဘယ်သိနိုင်ပါ့မလဲ။

ဟိုတစ်နေ့ကတော့ ကျောင်းသားတစ်ယောက်က သူလုပ်ချင်တဲ့ research topic ကို စိတ်အားထက်သန်စွာနဲ့ ပြောနေတုန်း နောက်တစ်ယောက်က သူ့ကို There is nothing new under the sun. လို့ ခပ်ချေချေလေးထောက်ပြလိုက်တာ မှတ်မိသေးတယ်။ nothing new under the sun ဒီလောကကြီးမှာ အသစ်အဆန်းဆိုတာ မရှိပါဘူး။ ရှေ့လူတွေက အကုန်လုပ်၊ အကုန်တီထွင်သွားပြီးပါပြီတဲ့။ ဒီလို attitude ရှိတဲ့သူမျိုးဟာ ဘာသုတေသနမှလည်း ပြီးမြောက်အောင်လုပ်နိုင်မှာမဟုတ်သလို အဆင့်မြင့်ဘွဲ့ကြီးတွေနဲ့လည်းဝေးမဲ့သူပေါ့။

The sun sets on something.
(It ends.)
တစ်ခုခုပြီးဆုံး အဆုံးသတ်သွားပြီ၊ မရှိတော့ဘူး၊ ပြီးသွားပြီ၊ နေဝင်သွားပြီတဲ့။

📍It used to be said that Britain rules an empire on which the sun would never set.
ဗြိတိသျှတွေဟာ နေမဝင်အင်ပါယာကြီးကို အုပ်စိုးတာလို့ အဆိုရှိခဲ့ဖူးတယ်။

နောက်တစ်ခုကတော့ နည်းနည်းရိုင်းလိမ့်မယ်။ သို့သော်လည်း Speaking မှာ ရင်းနှီးသူတွေနဲ့ လွတ်လွတ်လပ်လပ်သုံးတတ်ကြလို့ သိထားသင့်ပါတယ်။ နားနဲ့မနာ ဖဝါးနဲ့နာပါ။

📍think the sun shines out (of) somebody's arse/ backside= လူတစ်ယောက်ကို အချစ်ဝင်ရင် အပြစ်မမြင်တတ်တော့သလိုပေါ့။ အဲဒီလူကို ဘယ်လောက်တောင် အထင်ကြီးလေးစားနေသလဲဆိုရင် နေမင်းကြီးတောင် သူ့ရဲ့ ဖင်ကနေထွက်တာလို့ ထင်နေတာမျိုးတဲ့။
(to love and admire someone so much that you don't think they have any bad qualities)

a place in the sun ဆိုတာကတော့ နေပူထဲကနေရာလို့ ဘာသာပြန်ရင် မှားလိမ့်မယ်။
📍a place in the sun= a position of favour or advantage။ အောင်မြင်နေတာ၊ အဆင်ပြေနေတာ၊ နာမည်တစ်ခုပေါက်သွားတာမျိုး။

အိပ်ရာဝင်၊ အိပ်ရာထတာနဲ့ ပတ်သက်တဲ့ အသုံးနှစ်ခုကို ထပ်ကြည့်ပါ။

📍Go to bed with the sun= စောစောအိပ်ရာဝင်သည်
📍Rise with the sun= စောစောအိပ်ရာထသည်၊ နေထွက်သည်နှင့်ထသည်

📍Have the sun in one's eyes. နေထိုးလို့ မျက်စိကျိန်းသွားတာ

ကဲ sun နဲ့ပတ်သက်တဲ့ စကားပုံလေးနှစ်ခုကို နောက်ဆုံးထပ်မှတ်ကြပါစို့။

"Make hay while the sun shines."
နေသာတုန်း မြက်ခြောက်ခံပါ။ (အချိန်ရှိခိုက် လုံ့လစိုက်။ လသာတုန်း ဗိုင်းငင်)

"Never let the sun go down on your anger."
ဒေါသစိတ်ကို နောက်တစ်နေ့မကူးပါစေနှင့်။ (ဖြစ်နိုင်ရင် ဒီနေ့မှာပဲ ခွင့်လွှတ်လိုက်ပါ၊ စိတ်လျှော့လိုက်ပါ။)

🌛🌜Moon လမင်းနဲ့ ပတ်သက်တာတွေ ဆက်လေ့လာကြစို့။

📍What time does the moon rise?
ဘယ်အချိန်မှာ လ ထွက်/လသာသလဲ။

📍What time does the moon set?
ဘယ်အချိန်မှာ လ ဝင်သလဲ။

moon ဖိုးလမင်းကြီးနဲ့ ပတ်သက်တဲ့ အင်္ဂလိပ်စကား အသုံးအနှုန်းတွေအကြောင်းပြောမယ်ဆိုရင်တော့ လူတိုင်းသိပြီးသားဖြစ်တဲ့ honeymoon လည်းချန်ထားဖို့မသင့်ဘူး။ လက်ထပ်ပြီးကာစ ဇနီးမောင်နှံ ပျားရည်စမ်းခရီးထွက်တာကို to go on a honeymoon လို့အတွဲလိုက်သုံးပုံကိုမှတ်ပါ။

moon face ကတော့ လမင်းကြီးလို ဝိုင်းစက်နေတဲ့မျက်နှာကိုခေါ်တာ။

moonlight ဟာ လရောင်ဆိုပေမဲ့ moonlight ကို verb လိုသုံးရင် ထူးခြားတဲ့ အဓိပ္ပါယ်ဖြစ်သွားပြန်တယ်။ moonlighting ဆိုတာ ကိုယ့်မှာပင်မ အချိန်ပြည့်အလုပ်ရှိရဲ့သားနဲ့ ညနေပိုင်းမှာ၊ ညပိုင်း ရုံးချိန်ပြင်ပမှာ နောက်အလုပ်တစ်ခုကို အလုပ်ရှင်မသိစေရအောင် လျို့ဝှက်လုပ်တာ။ အောက်ဆိုက်လုပ်တယ်ပေါ့။ အဲဒီလိုလုပ်သူကို moonlighter လို့ခေါ်ပါတယ်။

📍Though he has an office job, Bo Bo moonlights as a cabbie.
ရုံးအလုပ်ရှိပေမဲ့ ဘိုဘိုဟာ အငှားကားမောင်းတဲ့အလုပ်လည်း အပိုလုပ်တယ်။

📍Most of the school teachers are moonlighting to make ends meet.
ဝင်ငွေထွက်ငွေလောက်ငှအောင်လို့ ကျောင်းဆရာ ဆရာမအများစုဟာ အပြင်မှာ ကျုရှင်တိတ်တိတ်သင်ကြရတယ်။

moonlight လရောင်ပါတဲ့ နောက် အသုံးတစ်ခုကတော့ do a moonlight flit တဲ့။ အကြွေးမဆပ်ဘဲ တိတ်တိတ်လေးထွက်ပြေးသွားတာ၊ လစ်သွားတာ၊ ဘတ်သွားတာပေါ့။

moonshine လည်းမှတ်ထားပါဦး။ လသာတယ်လို့မမှတ်နဲ့။ moonshine ဆိုတာ အရက်ပုန်း alcohol that is made illegally ပါ။

📍to shoot for the moon= လကိုမှန်အောင် ထိအောင်ပစ်သည်တဲ့။ to be very ambitious ရည်မှန်းချက်ကြီးတာကိုပြောတာ။ The sky is the limit. လိုပေါ့။

📍crying for the moon= လကိုကြည့်ပြီး အော်ငိုတယ်ဆိုတာ ကိုယ်နဲ့ မမီတာကို တုံးခုပြီးလှမ်းချင်တာမျိုး၊ looking for what is beyond one's reach မဖြစ်နိုင်တာကိုမှ လိုချင်နေတာမျိုး။

moon ကို Verb လိုသုံးထားတဲ့ စိတ်ဝင်စားစရာ အသုံးလေးတွေ ထပ်ကြည့်ပါဦး။

moon around= ဘာမှ မယ်မယ်ရရမလုပ်ဘဲ အချိန်ဖြုန်းနေတာ၊ စိတ်လေနေလို့၊ အချစ်နာကျနေလို့ စသည်ဖြင့်။
📍She was mooning around the house all weekend.
စနေ တနင်္ဂနွေနှစ်ရက်လုံး သူဟာ အိမ်မှာ ယောင်စိန်လုပ် အချိန်ဖြုန်းပစ်နေတယ်။

moon over somebody/ something= ဘာအလုပ်မှမလုပ်ဘဲ သူ့အကြောင်းတွေးပြီးကြွေနေတာ၊ အချစ်နာကျနေတာ။
📍He spends all his time mooning over a girl at school.
သူဟာ အချိန်ရှိသရွေ့ ကျောင်းကကောင်မလေးအကြောင်း တွေးပြီး ကြွေနေတာ။

နောက်ထပ်ပြောမဲ့ moon ကို verb လိုသုံးတဲ့ to moon ဟာ နည်းနည်းတော့ မျက်လုံးပြူးရလိမ့်မယ်။ ရိုင်းပေမဲ့လည်း သိထားသင့်တာပါပဲ။ to moon ဆိုတာ ဘာလဲ ဖတ်ကြည့်ပါ။

moon= show your naked bottom in public (သရော်တဲ့အနေနဲ့၊ ဆန္ဒပြတဲ့အနေနဲ့ ဖင်လှန်ပြတာတဲ့)
📍Two men were arrested and charged with indecent exposure after they mooned a police officer.
ရဲအရာရှိကို ဖင်လှန်ပြတဲ့လူနှစ်ယောက်ကို ဖမ်းလိုက်ပြီး မဖွယ်မရာပြုမှုနဲ့ တရားစွဲလိုက်တယ်။

moon ပါတဲ့ Idioms လေးတွေဆက်ကြည့်ကြရအောင်။

Once in a blue moon= not very often; rearely
လပြာမှတစ်ခါ၊ ရှားရှားပါးပါးဖြစ်ခဲတာမျိုး
📍My brother lives in Bangkok, so I only see him once in a blue moon.
ငါ့အစ်ကိုက ဘန်ကောက်မှာနေတာမို့ တွေ့ရခဲပါတယ်။

be over the moon= very pleased
အရမ်းပျော်ပြီး သဘောကျနေတာ
📍She was over the moon about/with her new iPhone.
သူဟာ အိုင်ဖုန်းအသစ်ရလို့ ပီတိတွေဖြာနေတာ။
to be over the moon about
to be over the moon with ပြောင်းသုံးလို့ရတာမှတ်ပါ။

The moon on a stick= everything you could possibly want, including things that are difficult or impossible to get
ဖိုးရွှေလကို ရေခဲချောင်းလိုမျိုး တုတ်ချောင်းလေးနဲ့ထိုးပြီး ပေးမယ်တဲ့။ မင်းလိုချင်တယ်ဆို ဘာမဆိုဆောင်ကျဉ်းပေးပါ့မယ်လို့ပြောတာ။ ဓူဝံကြယ်ပင်ဆွတ်ပေးရမလား ဆိုသလိုပေါ့။

📍What more do you want, the moon on a stick?
ဘာများထပ်လိုချင်သေးသလဲ၊ လမင်းကြီးကိုဆွတ်ခူးပေးရအုံးမလား။

📍I'd love to have a sports car, and a big condo by Inya Lake. And the moon on a stick if that is not too much hassle.
ငါ ပြိုင်ကားတစ်စီးနဲ့ အင်းယားကန်ဘေးက ကွန်ဒိုတစ်လုံးလိုချင်တယ်။ သိပ်အပန်းမကြီးဘူးဆိုရင် ဖိုးလမင်းကြီးပါ ဆွတ်ခူးပေးပါ။

moon အကြောင်းပြောရင်း အဆုံးသတ်ခါနီးသတိရမိတာက lune ဆိုတဲ့ ပြင်သစ်စကားလုံးလေး။ French မှာ lune ဟာ moon လို့အဓိပ္ပါယ်ရတယ်။ Latin မှာတော့ luna ပေါ့။ ဟိုးရှေးခေတ်က လရောင်ကြောင့် epilepsy seizures ဝက်ရူးပြန်တာဖြစ်စေတယ်လို့ ယူဆခဲ့ကြလို့နဲ့တူပါရဲ့၊ အောက်မှာပေးထားတဲ့ လနဲ့ပတ်သက်တဲ့ စကားလုံးသုံးလုံးရဲ့ အဓိပ္ပါယ်ဟာ ရူးတာကိုပြောတာတွေဖြစ်နေကြတာပေါ့။ insane, mad, crazy စသည်ဖြင့်။

lunatic = crazy person
lunacy= craziness
loony= crazy

ကဲ...စာလည်းတော်တော်ရှည်သွားပါပြီ။ the Sun and the Moon အင်္ဂလိပ်အသုံးတွေလည်း စုံသွားပြီ။ ဒါ့ကြောင့် ဒီဆောင်းပါးကို Irish ကဗျာဆရာကြီး William Butler Yeats ရဲ့ ရိုးရှင်းတဲ့ ကဗျာလေးနဲ့ အဆုံးသတ်လိုက်ပါရစေ။

I carry
the sun
in a golden cup.
The moon
in a silver bag.

W.B.Yeats

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

30/06/2023

❝ စကားပြောဆိုတတ်ခြင်းဆိုတာ ပညာရပ်တစ်ခုပါ။ ❞

ဘယ်နေရာမှာမဆို လူမှုဆက်ဆံရေးတိုင်းမှာ
ပေါင်းတတ်၊သင်းတတ်၊ ပြောတတ်ဆိုတတ်တဲ့ သူတွေသာ လူချစ်လူခင်များတတ်ကြတာ သဘာဝပါပဲ။

ဒီတော့ စကားပြောဆိုတတ်ခြင်းဆိုတဲ့ အတက်ပညာကို ကောင်းစွာ တက်သိထားရင် တစ်ဘဝစာ အသုံးချနိုင်ပြီလေ…။

ဒါကြောင့် လူမှုဘဝအတွက် အလွန်အရေးပါတဲ့ စကားပြောဆိုခြင်း (Communication) နဲ့ပတ်သတ်ပြီးရွေးချယ်မှုမှန်ကန်စွာသင်တန်းတက်ရောက်နိုင်ဖို့အတွက် Chance Myanmar ရဲ့ Better Communication for Career သင်တန်းကို တက်ရောက်လိုက်ပါ။

ဒီ သင်တန်းမှာ
📍 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ ။
📍 ပေါင်းသင်းဆက်ဆံရေးမှာ ထူးချွန်ဖို့။
📍အောင်မြင်တိုးတက်ရေးလမ်းကြောင်းတွေကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့။
📍 လုပ်ငန်းခွင်မှာ စကားပြောစွမ်းရည် ပြည့်ဝသူဖြစ်စေဖို့။
📍 အမှား၊အမှန် ကောင်းစွာခွဲခြမ်းသင်မြင်စေဖို့။

စတဲ့ သင်ကြားပို့ချမှုတွေနဲ့အတူ ပေါင်းသင်းဆက်ဆံရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စိတ်ပညာရပ်တွေပါ လေ့လာနိုင်မှာဖြစ်လို့ ဒီသင်တန်းကို တစ်ခါတတ်ပြီးတာနဲ့ တစ်ဘဝလုံးစာအသုံးချနိုင်မယ့် ပညာရပ်တွေကို လေ့လာနိုင်မှာဖြစ်လို့ အကျိုးအများကြီးရရှိစေမှာပါ။

အချိန်တိုအတွင်း လူမှုဆက်ဆံရေးမှာ အားကောင်းပြီး ဘဝအခွင့်အလမ်းအသစ်တွေ ရရှိဖို့အတွက် ခုပဲBetter Communication for Career သင်တန်းကို အပ်နှံတက်ရောက်လိုက်ပါ။

*******
📌 Chance Myanmar မှာလက်ရှိဖွင့်လှစ်တဲ့သင်တန်းတွေအကြောင်း သိချင်ရင် ဒီလင့်ခ်မှာ ဖတ်ရှုပါ။
https://m.facebook.com/story.php?story_fbid=pfbid02JKMCKBqJAqnDLM3ipL9cqhmMH6WRaa6EvgnrwmB5ZqrVgS5GVeMKyWTpRSZ4s1q7l&id=100071557308703&mibextid=Nif5oz

📌 သင်တန်းတွေအကြောင်းကို အသေးစိတ်သိရှိလိုတယ်ဆိုရင်တော့ Chance Myanmar Pageရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်သလို ဖုန်းနံပါတ်
☎️ 09-44444 0403 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။


30/06/2023

မနက်အိပ်ရာထရင်
ဒါတွေမဖြစ်မနေလုပ်ဖို့လိုတယ်။

တစ်နေ့လုံး Activeဖြစ်ချင်တယ်။
ကျန်းမာတဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

တစ်နေ့တာလုပ်မယ့်အရာတွေကို ကြိုတင်Plan ထားပါ။
မနက်ထရင် ရေအရင်သောက်ပါ။
ဖြစ်နိုင်ရင် (၅)မိနစ်လောက် ဝင်လေထွက်လေမှတ်တာမျိုးလုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာက Dopamine Hormone ကို တိုးစေတဲ့အတွက် မနက်စောစောမှာ လေ့ကျင့်ခန်းလုပ်ပါ။
မနက်နေရောင်ခြည်ခံယူပါ။
မနက်စာစားဖို့ မမေ့ပါနဲ့။ ကားတစ်စီးကို ဓာတ်ဆီထည့်ဖို့အရေးကြီးသလို တစ်နေကုန် Energy အပြည့်နဲ့ လှုပ်ရှားနိုင်ဖို့ မနက်စာလည်းမဖြစ်မနေစားဖို့လိုပါတယ်။

ကိုယ့်ရဲ့Best Versionကိုဖန်တီးလိုက်ပါ။
Dr. Thuta

Address

Dagon

Telephone

+959673446107

Website

Alerts

Be the first to know and let us send you an email when here go we posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share