MyanmarPyi News

MyanmarPyi News သတင်း မှန်ရမည် မြန်ရမည်

04/11/2023

လိုင်းပေါ်မှာ ဆယ်လီဖြစ်နေတဲ့ ငဇွဲ(ကိုဇွဲ)ဆိုတာ အားလုံးသိကြမှာပါ
-
သူက Justice Soldier အဖွဲ့ဝင်တစ်ဦး။
လူသိများတဲ့ ဆယ်လီ Sympathizer & Fundraiser of PDF Terrorist တစ်ဦး။
ကျားဖြူစစ်ကြောင်းမှာ ခွဲ(၅)ခွဲမှူးအဆင့်ရှိသူ။
ထောက်ပို့လုပ်နိုင်လို့၊ အပြောကောင်းလို့ ပဒက်တွေရဲ့ မြှောက်စားခြင်းခံရသူ။
-
(ငဇွဲကို မကျေနပ်သူ)
ကျားဖြူစစ်ကြောင်း ၂ က ဒုခေါင်းဆောင် ဝင်းဇော်လေး။
DKBA ရင်း(၉၀၇)မှ သန်းထိုက်စိုး။
DKBA ရင်း(၉၀၇)မှ စောလင်းခေး။
-
(အကြောင်းအရာ)
ငဇွဲကို သူ့ဖခင်ဟာ စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်တဲ့အတွက် စစ်တပ်အတွက် သူလျှိုလုပ်နေသူဖြစ်ကြောင်း အကြောင်းပြချက်နဲ့ ဇွပ် .. ဇွပ် လုပ်မှာဖြစ်။
-
အချင်းချင်းလဲ သတ်၊ အပြစ်မဲ့ပြည်သူတွေကိုလည်း သတ်နဲ့ ဗရမ်းဗတာဖြစ်နေတဲ့ ဗမာငတုံးပဒက်များ ဖြစ်နေပါရော့လား။။။

04/11/2023
04/11/2023

ကျားဖြူစစ်ကြောင်းနဲ့ DKBA (၉၀၇) အကွဲအပြဲသတင်း

KNLA လက်အောက်က ကျားဖြူစစ်ကြောင်းမှာ Justice Soldier PDF အဖွဲ့ဆိုပြီး တစ်စင် ထောင်နေတဲ့ ကိုဇွဲကို DKBA (၉၀၇) အဖွဲ့က လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်…

ကိုဇွဲရဲ့ အသက်အန္တရာယ်အတွက် ကျားဖြူစစ်ကြောင်းက ဒုရင်းမှူး ကိုဝင်းဇော်လေးက စိုးရိမ်တကြီးဖြစ်နေပေမဲ့ ကိုဇွဲကတော့ DKBA ရင်း ၉၀၇ ကို ဂရုစိုက်စရာမလိုကြောင်းနဲ့ ရင်း ၉၀၇ ရင်းမှူး ဗိုလ်စိန်ဝင်းနဲ့ အဆက်အသွယ်ရှိသလို ရင်း ၉၀၇ အဖွဲ့က ရဲဘော်အချို့က Justice Soldier အဖွဲ့ထံလာရောက်ပူးပေါင်းဖို့ အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်…

ကိုဇွဲအနေနဲ့ Facebook Live လွှင့်ပြီး သူ့ရဲ့ ရပ်တည်ချက်နဲ့ သူ့အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးနိုင်မှုကြောင့် ကျားဖြူစစ်ကြောင်းမှာ အားကိုးရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လို့ သူ့ကို လုပ်ကြံသတ်ဖြတ်မယ့်သူတွေကို ဂရုမစိုက်ကြောင်း ပြောကြားလျက်ရှိပါတယ်…

❝ဇာတိမာန်နှင့် မျိုးချစ်စိတ်များ အစဉ်ထာဝရ ရှင်သန်နိုးကြားထက်မြက်နေစေရန် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြို...
01/11/2023

❝ဇာတိမာန်နှင့် မျိုးချစ်စိတ်များ အစဉ်ထာဝရ ရှင်သန်နိုးကြားထက်မြက်နေစေရန် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ကျင်းပခြင်းဖြစ်သည်ဟု နိုင်ငံတော်ဝန်ကြီးချုပ် ပြောကြား❞

≋လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံတော်၏ သားကောင်းရတနာ၊ သမီးကောင်းရတနာ မျိုးဆက်သစ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးလျက်ရှိဟုဆို≋

အလွန်နက်နဲသိမ်မွေ့ပြီး အဆင့်အတန်းမြင့်မားလှသည့် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်အတူ မျိုးဆက်သစ် လူငယ်မောင်မယ်များအကြားတွင် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးလေးစားလာကြစေရန်နှင့် မိမိနိုင်ငံမိမိလူမျိုး၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မြှင့်တင်လိုသည့် ဇာတိမာန်နှင့် မျိုးချစ်စိတ်များ အစဉ်ထာဝရ ရှင်သန်နိုးကြားထက်မြက် နေစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးများကို ၁၉၉၃ ခုနှစ်မှစတင်ကျင်းပလာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတာ်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်က ပြောကြားသည်။

အောက်တိုဘာ ၃၁ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ (MICC–II) ညီလာခံခန်းမ၌ ကျင်းပပြုလုပ်သည့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို တက်ရောက် အမှာစကားပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့အချိန်အခါတွင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အနာဂတ်နိုင်ငံတော်အတွက် တည်ငြိမ်အေးချမ်းမှု၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်သွေးစည်းမှု၊ နိုင်ငံသားများ၏ လူမှုစီးပွားဖွံဖြိုး တိုးတက်ရေးတိုကို ဘက်ပေါင်းစုံက ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားသည်။

❝ရှမ်း/မြောက်ကိစ္စအပါအဝင် မြန်မာ့နိုင်ငံရေးနဲ့ အခြားကမ္ဘာ့နိုင်ငံအရေးတွေမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက...
01/11/2023

❝ရှမ်း/မြောက်ကိစ္စအပါအဝင် မြန်မာ့နိုင်ငံရေးနဲ့ အခြားကမ္ဘာ့နိုင်ငံအရေးတွေမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက်ပြီး Double Standard နဲ့ ချယ်လှယ်ဆောင်ရွက်နေတာတွေနဲ့ပတ်သက်လို နစကဥက္ကဋ္ဌနဲ့ တရုတ် နိုင်ငံတော်ကောင်စီဝင်တို တွေ့ဆုံဆွေးနွေးခဲ့ကြ❞

≋တရုတ်~ မြန်မာ နှစ်နိုင်ငံပူးတွဲ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးအဖွဲ ဖွဲစည်းနိုင်ရေးအခြေအနေတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြ≋

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်ဟာ အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အတွင်းရေးမှူးချုပ်ရုံးအဖွဲဝင်၊ နိုင်ငံတော်ကောင်စီဝင်နှင့် ပြည်သူ့လုံခြုရေးဝန်ကြီး H.E. Mr. Wang Xiaohong ဦးဆောင်သောကိုယ်စားလှယ်အဖွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့တယ်လို သိရပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းဒေသမှာ MNDAA သောင်းကျန်းသူတွေက နယ်မြေတည်ငြိမ်အေးချမ်းမှုပျက်ပြားစေဖိုရည်ရွယ်ပြီး လုံခြုံရေးစခန်းတွေကို တိုက်ခိုက်လာတဲ့အခြေအနေတွေနဲ့ မြန်မာ့နိုင်ငံရေးအပါအဝင် အခြားကမ္ဘာ့နိုင်ငံအရေးတွေမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုကနေ ဝင်ရောက်စွက်ဖက်ကာ ၎င်းတိုနိုင်ငံရဲ့ အကျိုးအတွက်သာကြည့်ပြီး အခြားနိုင်ငံတွေအပေါ် Double Standard နဲ့ ချယ်လှယ်ဆောင်ရွက်နေတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ်လို ဆိုပါတယ်။

ဒါ့အပြင် လောက်ကိုင်ဒေသမှာ ကိုယ်ကျိုးစီးပွား အတွက် အွန်လိုင်းလောင်းကစားများ၊ ဆက်သွယ်ရေးလိမ်လည်မှုများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှုများ ဆောင်ရွက်နေတာတွေကို နှစ်နိုင်ငံပူးပေါင်းဖော်ထုတ် အရေးသွားမယ့် အခြေအနေတွေကိုလည်း ထည့်သွင်းဆွေးခဲ့ကြသလို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုင်းရင်းသားအဖွဲတွေအချင်းချင်း အားပြိုင်မှုတွေကနေ ဖြစ်ပေါ်လာတဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခတွေအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

❝သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် အသိပေးပြီးနေ...
01/11/2023

❝သည်းခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် အသိပေးပြီးနောက် KIA အဖွဲ၏ လက်နက်ထုတ်လုပ်သည့် နေရာ၊ ခဲယမ်းနှင့် မိုင်းများ ထုတ်လုပ်သည့်နေရာများနှင့် သိုလှောင်သည့်နေရာများကို ရှင်းလင်းလိုက်ကြောင်း နစက သတင်းထုတ်ပြန်❞

မြစ်ကြီးနား-ဗန်းမော် အဓိကဆက်သွယ်ရေး ကားလမ်းမကြီးသည် အများပြည်သူအသုံးပြုသည့် အရေးကြီးသော ဆက်သွယ်ရေးလမ်းဖြစ်၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခြင်းမပြုရန်နှင့် ထပ်မံ၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာပါက သီးခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် အသိပေးပြီးနောက် KIA အဖွဲ၏ လက်နက်ထုတ်လုပ်သည့် နေရာ၊ ခဲယမ်းနှင့် မိုင်းများ ထုတ်လုပ်သည့်နေရာများနှင့် သိုလှောင်သည့်နေရာများကို ရှင်းလင်းလိုက်ကြောင်း နစကမှ အောက်တိုဘာ ၃၁ ရက်ညပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

KIA နှင့် ပူးပေါင်းအဖွဲသည် အောက်တိုဘာ ၃၁ ရက် နံနက်ပိုင်းတွင် အများပြည်သူအသုံးပြုလျက်ရှိသော မြစ်ကြီးနား-ဗန်းမော် အဓိကဆက်သွယ်ရေး ကားလမ်းမကြီး၌ လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် ကန်တော်ယန်တစ်ဝိုက်ရှိ လုံခြုံရေးအဖွဲကို အင်အားအလုံးအရင်းဖြင့် အလစ်အငိုက်ရယူ၍ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ အဆိုပါသောင်းကျန်းသူအုပ်စုကပင် အောက်တိုဘာ ၆ ရက်နေ့တွင်လည်း အဆိုပါ လမ်းကြောင်းပေါ်ရှိ လဲလုံလမ်းကြောင်း လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်အနေဖြင့် သက်ဆိုင်ရာ Peace – Talk Creation Group (PCG) မှတစ်ဆင့် ဆက်သွယ်၍ အများပြည်သူအသုံးပြုသည့် အရေးကြီးသော ဆက်သွယ်ရေးလမ်းဖြစ်၍ အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်ခြင်းမပြုရန်နှင့် ထပ်မံ၍အကြမ်းဖက်လုပ်ရပ်များ ပြုလုပ်လာပါက သီးခံနိုင်စွမ်းကုန်ဆုံးပြီး သင့်လျော်သည့်တုန့်ပြန်မှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်ကြိမ်တိုင်တိုင် အသိပေး အကြောင်းကြားခဲ့သည်ဟုလည်း ဆိုထားသည်။

pdf စာရင်း
01/11/2023

pdf စာရင်း

31/10/2023

ရှမ်းအရှေ့က UWSA ကို လူကြီးတွေက စိတ်မချလို အင်အားဖြည့်ပေးထားတာ ကြာပါပြီ။မနေ့ကအထိ စစ်ကူအင်အားတွေ ထောင်နဲ့ချီပြီး ထပ်ဖြည့်ထားပါပြီ။ထိတွေ့မူတွေတော့ ဖြစ်နေပေမယ့် မိမိဘက်က ခံစစ်ကနေ တိုက်စစ်ဖွင့်ပြီး ရှင်းလင်းနေတဲ့အထိ အခြေအနေတွေက ပြန်ကောင်း‌နေပါပြီ။
တကယ် တိုက်ပွဲဝင် အလုပ်လုပ်နေရသူတွေက သူတိုတာဝန်ယူနေရတဲ့ နေရာ‌ဒေသတွေမှာ နယ်မြေရှင်းလင်းရေးကို သက်စွန့်ဆံဖျား ထိထိရောက်ရောက် လုပ်နေကြရတာကြောင့် တစ်တပ်နဲ့ တစ်တပ်တောင် မေးချိန်ပြောချိန် မရှိကြသလို မိသားစုဝင်တွေနဲ့ပါ ဖုန်း မပြောအားကြချိန်မှာ အဲဒီ မဟုတ်မမှန်သတင်းတွေကို မြင်နေရပြီး အဲသတင်းမှားတွေကို မယုံကြဖို၊ မဖြန့်ကြဖို အရေးကြီးပါတယ်။

မနေ့က ဧရာဝတီသတင်းမှာ တင်သွားတဲ့ သိန္နီက တပ်မမှူးကြီး ကျတယ်ဆိုတဲ့ သတင်းမှားကို ကိုယ့်လူတွေကအစ လျှောက်ယုံနေကြတာ အံ့ ဩစရာ တွေ့ရပါတယ်။အမှန်‌‌တော့ အောက်တို ဘာ(၂၈)ရက်နေ့ ညနေပိုင်းမှာထဲက မိမိတိုရဲ့ စခန်း(၂၀)ကျော်ကို ပြန်သိမ်းထားနိုင်ခဲ့ပါတယ်။

- လက်ရှိမှာ လားရှိးကို တပ်က လုံးဝ ထိန်းချုပ်ထားနိုင်ပါပြီ။
- သိန္နီမှာလည်း သံချပ်ကာတွေ ရောက်ရှိ‌နေသ လို လေယာဉ်တွေနဲ့ပါ ကင်းပါတ် ပစ်ကူပေးနေတာ တကယ့် မြေပြင် အခြေအနေမှန်ပါ။
- အောက်တိုဘာ(၂၈)ရက်နေ့ညက ထောက်ပိုတပ်ကို ဝင်လုံးတာ မှန်ပေမယ့် စကခ(၁၄)က စစ်ကူတွေကို လေယာဉ်နဲ့အမီ ပိုပေးနိုင်ခဲ့လို အနားတောင် မကပ်နိုင်ခဲ့ကြပါဘူး။
- မနေ့ကညဘက်မှာ လောက်ကိုင်ကို ဝင်စီးဖို သတင်းရထားတာ‌ကြောင့် ညနေပိုင်းထဲက တပ်က စစ်ကူရောက်‌နေလို မနေ့ညက တုတ်တုတ်မှ မလှုပ်နိုင်ခဲ့ကြပါဘူး။
- ကယားမှာ ငြိမ်နေခဲ့တဲ့ PDF တွေဟာ အခု ရမခထဲကို ရောက်လာပြီး အင်အားစုဖွဲထားပါတယ်။

ဒေသအသီးသီးက ပေးပိုထားကြတဲ့ သတင်းတွေကို ကြည့်ရင် အခုအနေထားမှာ တပ်က ထိန်းချုပ်ထားနိုင်တာကို မြင်နိုင်ပါတယ်။သို သော် နယ်မြေရှင်းလင်းနေဆဲဖြစ်လို ထိတွေ့မူတွေ ဖြစ်နေသေးတာကြောင့် အသံတွေတော့ ကြားနေကြရပါဦးမယ်။
ကစထမှူးကြီးတွေကိုယ်တိုင် ရမခတိုင်းထဲမှာ အနီးကပ်ကွပ်ကဲမူ၊လေယာဉ်ပစ်ကူရော၊စစ်ကူရော အချိန်မီ ရောက်ရှိ တိုက်ပွဲဝင်နေကြတာကို မြေပြင်ကသူတွေ အသိဆုံးပါ။ဖြစ်ခဲ့တဲ့ တိုက်ပွဲတလျှောက် မိမိတိုဘက်က တန်ပြန်တိုက်စစ်ဟာ အခုတစ်ခါ အလျင်မြန်ဆုံးနဲ့ အထိအခိုက်အနည်းဆုံးအဖြစ် တုန့်ပြန်နိုင်နေတယ်ဆိုတာကို တကယ် အာမခံပြောရဲတဲ့ စစ်ပွဲကြီးတစ်ခုဖြစ်တယ်လို သိရပါတယ်။

31/10/2023

အောက်တိုဘာလ ၃၀ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေဘိုမြိုနယ်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲများသည် မြင်းစီးကျေးရွာအနီး akyan phat PDF များနှင့် ထိတွေ့မှုဖြစ်ပြီး

-akyan phat PDF ၂ laung
- အမ်-၂၂ သေနတ် ၁ လက်
- အမ်-၂၂ ကျည်အိမ် ၂ ခု
-အမ်-၂၂ ကျည် ၁၁ တောင့်တိုအား သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

တရုတ်ဘက်မှ တုံ့ပြန်မှု အခြေအနေကိုစောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်
31/10/2023

တရုတ်ဘက်မှ တုံ့ပြန်မှု အခြေအနေကို
စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်

“ယခုတစ်ပတ်အတွက် ထုတ်ပြန်တဲ့ စားအုန်းဆီရည်ညွှန်းဈေး ယခင်တစ်ပတ်ကထက် ငွေကျပ် ၁၇၀ ကျော် မြင့်တက်”စားသုံးဆီ တင်သွင်းသိုလှောင်...
31/10/2023

“ယခုတစ်ပတ်အတွက် ထုတ်ပြန်တဲ့ စားအုန်းဆီရည်ညွှန်းဈေး ယခင်တစ်ပတ်ကထက် ငွေကျပ် ၁၇၀ ကျော် မြင့်တက်”

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ က ထုတ်ပြန်တဲ့ ဒီကနေ့ အောက်တိုဘာ ၃၁ ရက်ကနေ နိုဝင်ဘာ ၅ ရက်နေ့အထိ တစ်ပတ်စာအတွက် စားအုန်းဆီ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးနှုန်းဟာ တစ်ပိဿာကို ၄၅၇၀ ကျပ်ဖြစ်တယ်လို သိရပါတယ်။

အဲဒီဈေးနှုန်းဟာ ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပိုတဲ့ နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ ဈေးကွက်နဲ့ ဈေးနှုန်းတွေအရ သတ်မှတ်ထားတာဖြစ်ပြီး ယခင်တစ်ပတ်ကတော့ ရန်ကုန်အထိုင်ဈေး လက်ကားရည်ညွှန်းဈေးဟာ တစ်ပိဿာကို ၄၃၉၅ ကျပ် သတ်မှတ်ခဲ့တာကြောင့် အခုတစ်ပတ်မှာ တစ်ပိဿာကို ၁၇၅ ကျပ်မြင့်တက်လာတာ တွေ့ရပါတယ်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားဖို ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းအပါအဝင် မသမာတဲ့လုပ်ဆောင်မှုတွေပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လိုလည်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

တိုက်ပွဲအခြေအနေ
23/09/2023

တိုက်ပွဲအခြေအနေ

"စလင်းမြိုနယ်၌ ဧရာဝတီမြစ်အတွင်း မျောပါလာသော သင်္ဘောအတွင်းမှ သေဆုံးနေသည့် အမျိုးသားအလောင်း ၃ လောင်းတွေ့ရှိ"မကွေးတိုင်းဒေသ...
06/08/2022

"စလင်းမြိုနယ်၌ ဧရာဝတီမြစ်အတွင်း မျောပါလာသော သင်္ဘောအတွင်းမှ သေဆုံးနေသည့် အမျိုးသားအလောင်း ၃ လောင်းတွေ့ရှိ"

မကွေးတိုင်းဒေသကြီး၊ စလင်းမြိုနယ်၊ သနပ်ကုန်းကျေးရွာအနီး၌ ယနေ့ (သြဂုတ် ၆ ရက်) နံနက် ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင် ဧရာဝတီမြစ်အတွင်း မျောပါလာသော သင်္ဘောတစ်စီးအတွင်းမှ သေဆုံးနေသည့် အမျိုးသား ရုပ်အလောင်း ၃ လောင်းကို တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ၏ ထုတ်ပြန်မှုအရ သိရသည်။

ဧရာဝတီမြစ်အတွင်း တွဲသင်္ဘော(၁)စီး မျောပါလာကြောင်း သတင်းအရ စလင်းမြိုနယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲဝင်များနှင့် သက်ဆိုင်ရာအဖွဲအစည်းများပူးပေါင်း၍ သွားရောက်စစ်ဆေးခဲ့ရာ တွဲသင်္ဘော၏ ဝမ်းဗိုက်ပေါက်နေသည်ကို အမျိုးသား (၃)ဦးမှ ဝမ်းဗိုက်အတွင်းဆင်းဖာစဉ် အောက်စီဂျင်ပြတ်၍ ပြန်မတက်နိုင်ဘဲ သေဆုံးနေကြောင်း တွေ့ရှိရသည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဆုံးသူ အမျိုးသား (၃)ဦးတို၏ ရုပ်အလောင်းများကို စလင်းမြိုနယ်ကြက်ခြေနီတပ်ဖွဲပိုင်ယာဉ်ဖြင့် စလင်းမြိုနယ်ပြည်သူ့ဆေးရုံသို ပိုဆောင်ပေးခဲ့သည်ဟု သိရသည်။

"ရွှေလင်ဗန်းစက်မှုဇုန်အတွင်း စက်ရုံ ၁၅ ရုံ အသစ်ဖွင့်လှစ်ပြီး ပိတ်သိမ်းစက်ရုံ ၃ ရုံရှိ"လှိင်သာယာမြိုနယ် ရွှေလင်ဗန်းစက်မှု...
06/08/2022

"ရွှေလင်ဗန်းစက်မှုဇုန်အတွင်း စက်ရုံ ၁၅ ရုံ အသစ်ဖွင့်လှစ်ပြီး ပိတ်သိမ်းစက်ရုံ ၃ ရုံရှိ"

လှိင်သာယာမြိုနယ် ရွှေလင်ဗန်းစက်မှုဇုန်၌ ယခုနှစ် သြဂုတ်လအထိ စက်ရုံအသစ် ၁၅ ရုံ ဖွင့်လှစ်ခဲ့ပြီး ပိတ်သိမ်းသည့်စက်ရုံ ၃ ရုံရှိကြောင်း ရွှေလင်ဗန်းစက်မှုဇုန်ကော်မတီထံမှ သိရသည်။

အဆိုပါအသစ်ဖွင့်လှစ်ခဲ့သည့် စက်ရုံများထဲတွင် အထည်ချုပ်စက်ရုံ ၆ ရုံပါဝင်ပြီး ဖြန့်ချိရေးစက်ရုံများနှင့် အခြားစက်ရုံများလည်း ပါဝင်ကာ လုပ်ငန်းအားလုံး ပုံမှန်လည်ပတ်လျှက်ရှိသည်ဟုဆိုသည်။

ရွှေလင်ပန်းစက်မှုဇုန်၌ စက်ရုံပေါင်း ၄၂၀ ခန့် လည်ပတ်လျက်ရှိပြီး ထိုစက်ရုံများ၌ အထည်ချုပ်စက်ရုံ ၅၉ ရုံပါဝင်၍ အလုပ်သမား ၈ သောင်းခန့် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

၃-၈-၂၀၂၂ ယနေ့ စက်သုံးဆီဈေးနှုန်း
03/08/2022

၃-၈-၂၀၂၂ ယနေ့ စက်သုံးဆီဈေးနှုန်း

"ရုရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို ရောက်ရှိ"ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလက်ဗရော့ ဟာ အလုပ်သဘော...
03/08/2022

"ရုရှားနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို ရောက်ရှိ"

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလက်ဗရော့ ဟာ အလုပ်သဘောခရီးစဥ်အဖြစ် ဒီကနေ့ (ဩဂုတ် ၃ ရက်) မနက်အစောပိုင်းမှာ မြန်မာနိုင်ငံ နေပြည်တော်သို ရောက်ရှိပြီဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

၎င်းရဲ့ အဆိုပါ ခရီးစဥ်အတွင်း ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံမည့်အပြင် အခြားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားမယ်လို ဆိုပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလက်ဗရော့အနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း လာရောက်ခဲ့ဖူးတယ်လို သိရပါတယ်။

"အမေရိကန်အနေနဲ့ ထိုင်ဝမ်သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ်အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစာ...
03/08/2022

"အမေရိကန်အနေနဲ့ ထိုင်ဝမ်သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ်အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစားသူဟာ မီးဝါးခံရလိမ့်မယ်လို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်"

အမေရိကန်အနေနဲ့ ထိုင်ဝမ်ရဲ့သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ် အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစားသူဟာ မီးဝါးခံရလိမ့်မယ်လို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Patricia Pelosi ရဲ့ ထိုင်ဝမ်ခရီးစဥ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာခဲ့တာပါ။

အမေရိကန်ဟာ “ထိုင်ဝမ်နဲ့ တရုတ်ပြည်ကို ထိန်းချုပ်ဟန့်တားရေး”ကို ဆောင်ရွက်ဖို ကြံစည်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒရဲ့ အနက်အဓိပ္ပါယ်ကို တလွဲတချော်ဖြစ်အောင် အဆက်မပြတ် ပြောဆိုဆောင်ရွက်ကာ အမေရိကန်-ထိုင်ဝမ် အကြား အစိုးရချင်း ကူးလူးဖလှယ်မှုကို တိုးမြှင့်၍ ထိုင်ဝမ်သီးခြားလွတ်လပ်ရေး အင်အားစုများကို အားပေးနေတာဟာ အန္တရာယ် အလွန်ကြီးမားတဲ့ မီးကစားမှုဖြစ်ပြီး မီးကစားသူဟာ မီးဝါးခံရလိမ့်မယ်" ဆိုပြီး ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် "တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း ၃ရပ်ပါ သတ်မှတ်ချက်များကို စောင့်စည်းလိုက်နာပြီး အမေရိကန် ထိပ်သီးခေါင်းဆောင်မှ “မကြိုးပမ်းလိုသောအချက်လေးချက်နှင့် မလုပ်ဆောင်လိုသော အချက်တစ်ချက်”ဟူသော ကတိပြုချက်များကို ထိရောက်တိကျစွာ လက်တွေ့ဖော်ဆောင်ကာ မှားယွင်းသော အန္တရာယ်ရှိသော လမ်းကြောင်းပေါ် ဆက်လက် မလျှောက်လှမ်းရန် တည်ကြည်လေးနက်စွာ တိုက်တွန်းနှိးဆော်သည်။" ဆိုပြီးတော့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို မနက်ဖြန် အလုပ်သဘောလာရောက်မည်ဟုဆို"ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စ...
02/08/2022

"ရုရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို မနက်ဖြန် အလုပ်သဘောလာရောက်မည်ဟုဆို"

ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလက်ဗရော့ အနေနဲ့ မနက်ဖြန် (ဩဂုတ် ၃ ရက်) မှာ မြန်မာနိုင်ငံသို အလုပ်သဘောလာရောက်မည် ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနရဲ့ တွစ်တာစာမျက်နှာမှာ သတင်းထုတ်ပြန်ထားတဲ့အကြောင်း နိုင်ငံသတင်းတွေက ဖော်ပြခဲ့ပါတယ်။

၎င်းရဲ့ အဆိုပါ ခရီးစဥ်အတွင်း ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ဖွံဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားပြီး မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တွေ့ဆုံမည့်အပြင် အခြားသောနိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံသွားမယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို ဆိုပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလက်ဗရော့အနေနဲ့ မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလအတွင်းကလည်း လာရောက်ခဲ့ဖူးတယ်လို သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အလားအလာကောင်းများရှိဟု အာဆီယံအထူးကိုယ်စားလှယ်၏ ပြောဆိုမှုအပေါ် မှတ်ချက်ပြုရန်မရှိ...
29/07/2022

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် အလားအလာကောင်းများရှိဟု အာဆီယံအထူးကိုယ်စားလှယ်၏ ပြောဆိုမှုအပေါ် မှတ်ချက်ပြုရန်မရှိဘဲ နိုင်ငံရေးတွင် မဖြစ်နိုင်စရာမရှိဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား

“ကျွန်တော့်အနေနဲ့ကတော့ သတင်းဌာနအများစုကိုလည်း တချိုသတင်းဌာနတွေကိုလည်း ဖြေဆိုခဲ့ပြီးဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တိုအနေနဲ့ ပထမဦးဆုံး ပြောကြားလိုတာကတော့ နိုင်ငံရေးမှာ မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စ မရှိပါဘူး။ နိုင်ငံရေးမှာ မဖြစ်နိုင်ဘူးဆိုတဲ့ကိစ္စ မရှိဘူးလိုပဲ ကျွန်တော် ပြောကြားလိုပါတယ်။ ခုနကပြောတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်အပေါ်မှာ သီးခြားမှတ်ချက်ပြုစရာ မရှိပါဘူး။ သူ့ပြောကြားချက်တွေအပေါ်မှာ ကျွန်တော်တို လိုက်ပြီးတော့ မှတ်ချက်ပြုစရာအကြောင်းမရှိပါဘူး။ ဒုတိယသတင်းစကားပြောလိုတာကတော့ နိုင်ငံရေးမှာ မဖြစ်နိုင်တာမရှိဘူးလိုပဲ ကျွန်တော်ပြောလိုပါတယ်။ ဒီလောက်ပဲ ပြောချင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ရွေးကောက်ပွဲကျင်းပပြီးစီးချိန် အစိုးရတစ်ရပ်တက်လာပါက နိုင်ငံခြားသားအကြံပေးခန့်အပ်ခြင်းများ ဖြစ်မလာစေရန် ယခုကတည်းက အခြေခံအ...
29/07/2022

ရွေးကောက်ပွဲကျင်းပပြီးစီးချိန် အစိုးရတစ်ရပ်တက်လာပါက နိုင်ငံခြားသားအကြံပေးခန့်အပ်ခြင်းများ ဖြစ်မလာစေရန် ယခုကတည်းက အခြေခံအုတ်မြစ်များ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား

“ယခင်အစိုးရလက်ထက်မှာတော့ နိုင်ငံခြားသား အကြံပေးတွေနဲ့ပတ်သက်တဲ့ဟာတွေ သိပြီးဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နေရာကနေစပြီးတော့ ဝန်ကြီးဌာနတွေအသီးသီးမှာလည်း ရောက်ရှိနေတာ တွေ့ရပါတယ်။ ရောက်ရှိနေတာတွေ့လိုလည်း တချိုသောလွှတ်တော်တွေမှာလည်း မေးခဲ့တာမျိုးရှိပါတယ်။ မေးခွင့်မရတာလည်း ရှိတယ်။ မေးခွင့်ရသော်လည်း ကျေကျေနပ်နပ် ရှင်းပြခဲ့တာလည်း မရှိပါဘူး။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို လက်တွေ့ဆောင်ရွက်တာတော့ နိုင်ငံတော်လျှိဝှက်ချက်အက် ဥပဒေနဲ့ ဥပမာရှောင်တာနယ်ဆိုရင် နိုင်ငံတော်လျှိဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုထားတာမျိုးတွေ ရှိပါတယ်။ သူ့ဆီကရရှိတဲ့ အချက်အလက်တွေလည်း ရှိပါတယ်။ ဆက်စပ်ပြီးတော့ ထပ်မံပြီးဖော်ထုတ်ရမှာတွေလည်း ရှိနေဆဲဖြစ်တယ်လို ကျွန်တော်တို ပြောလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

"AFF U-18 Women’s Championship 2022 ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ၂ ပွဲနိုင်ဖြင့် ၆ မှတ်ရရှိ"အင်ဒိုနီးရှားနိုင်ငံက...
27/07/2022

"AFF U-18 Women’s Championship 2022 ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ၂ ပွဲနိုင်ဖြင့် ၆ မှတ်ရရှိ"

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် AFF U-18 Women’s Championship 2022 ပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်၏ ဒုတိယပွဲစဥ်အဖြစ် ယနေ့ (ဇူလိုင် ၂၇ ရက်) နေ့လယ်ပိုင်းတွင် မြန်မာအမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင်အမျိုးသမီးအသင်းတို ယှဥ်ကစားခဲ့ကြရာ မြန်မာအသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ နိုင်ပွဲကြောင့် မြန်မာ အမျိုးသမီး ယူ၁၈ အသင်းသည် ၂ ပွဲကစား ၂ ပွဲနိုင်ရလာဒ်ဖြင့် ရမှတ်(၆)မှတ် ရရှိခဲ့ပြီး အုပ်စုပွဲစဉ်မပြီးခင် တစ်ပွဲအလိုမှာပင် ဆီမီးဖိုင်နယ်သို တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့ပြီဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းအနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့ ပွဲစဉ်တွင် မလေးရှား အသင်းအား (၂-၀)ဂိုး ဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ် ဩစတြေးလျ အမျိုးသမီးအသင်းနှင့် လာမည့် ဇူလိုင် ၂၉ ရက်တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဇေယျာသော်၊ဂျင်မီ အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ထားသည်။
25/07/2022

ဖြိုးဇေယျာသော်၊ဂျင်မီ အပါအဝင် ၄ ဦးကို သေဒဏ်စီရင်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ထားသည်။

နိုင်ငံဝန်ထမ်း(အမြဲတမ်း)များ အိမ်ငှားစရိတ် လစဉ်ထောက်ပံ့မှုနှင့်ပတ်သက်၍ ခံစားခွင့်နှင့်နှုန်းထားများ
25/07/2022

နိုင်ငံဝန်ထမ်း(အမြဲတမ်း)များ အိမ်ငှားစရိတ် လစဉ်ထောက်ပံ့မှုနှင့်ပတ်သက်၍ ခံစားခွင့်နှင့်နှုန်းထားများ

"ရန်ကုန်မှာ 92 Ron တစ်လီတာ ၁၇၀၀ ကျပ်အောက်ကျဆင်း"စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ ...
23/07/2022

"ရန်ကုန်မှာ 92 Ron တစ်လီတာ ၁၇၀၀ ကျပ်အောက်ကျဆင်း"

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ယနေ့ (ဇူလိုင် ၂၃ ရက်)မှာထုတ်ပြန်တဲ့ စက်သုံးဆီရည်ညွှန်း လက်လီစျေးနှုန်းမှာ ရန်ကုန်တိုင်းအတွင်း 92 Ron တစ်လီတာကို ၁၆၆၅ ကျပ်ဖြစ်ပြီး ၁၇၀၀ ကျပ်အောက်ကျဆင်းခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးမှာတော့ 92 Ron တစ်လီတာ ၁၇၁၀ ကျပ်ဖြစ်ပြီး နေပြည်တော်မှာဆိုရင် 92 Ron တစ်လီတာဈေးနှုန်းဟာ ဒီကနေ့မှာ ၁၇၀၅ ကျပ်သို ကျဆင်းခဲ့ပါတယ်။

ထိုအတူ ပဲခူးနဲ့ ပုသိမ်တိုမှာလည်း 92 Ron တစ်လီတာဈေးနှုန်းဟာ ၁၇၀၀ ကျပ်အောက်ကို ကျဆင်းခဲ့ပြီး မကွေး၊ထားဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိး၊တောင်ကြီးနှင့်လွိင်ကော်တိုတွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ် လီတာ ၁၇၀၀ ကျပ်အထက်ရှိနေပေမယ့် ယမန်နေ့ကဈေးထက် အနည်းငယ်စီ ကျဆင်းခဲ့တယ်လို သိရပါတယ်။

အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် ကျည်အစစ်များအသုံးပြုသည့် လေ့ကျင့်မှုများကို ပြန်လည်ပြုလုပ်မည်ဟု တောင်ကိုရီ...
23/07/2022

အမေရိကန်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် ကျည်အစစ်များအသုံးပြုသည့် လေ့ကျင့်မှုများကို ပြန်လည်ပြုလုပ်မည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

တောင်ကိုရီးယား၏ ဆိုးလ်မြိုတော်ဒေသကို ပစ်မှတ်ထားနေသည့် မြောက်ကိုရီးယား၏ မြင့်တက်နေသည့် ဒုံးကျည်ခြိမ်းခြောက်မှုများကို ပိုမိုကောင်းမွန်စွာ တန်ပြန်ရန် မိမိတို၏ ဒုံးကျည်ထောက်လှမ်းရေးစွမ်းဆောင်ရည်များကို မြှင့်တင်ရန်နှင့် ဒုံးခွင်းဒုံးစနစ် အသစ်တစ်ခု ဆောလျင်စွာ ဖြန့်ကြက်ချထားရေးအတွက် တွန်းအားပေးလုပ်ဆောင်သွားမည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မန်နေ့ { ဇူလိုင် ၂၂ ရက်} က ထွက်ပေါ်ခဲ့တဲ့ ပြည်တွင်းသတင်းတွေထဲကအချိုကို ကောက်နှုတ်စုစည်း ဖော်ပြပေးလိုက်ပါတယ်။▶️"မူဆယ်မှာ ...
23/07/2022

မန်နေ့ { ဇူလိုင် ၂၂ ရက်} က ထွက်ပေါ်ခဲ့တဲ့ ပြည်တွင်းသတင်းတွေထဲကအချိုကို ကောက်နှုတ်စုစည်း ဖော်ပြပေးလိုက်ပါတယ်။▶️"မူဆယ်မှာ ခိုးခံရတဲ့ ကားနောက်ကို လိုက်သွားတဲ့ ကားပိုင်ရှင် သေနတ်နဲ့ပစ်ခံရလို ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ"

▶️"စက်သုံးဆီ သယ်ယူပိုဆောင်နေသည့် ယာဉ်များတွင် GPS တပ်ဆင်ကြရန် နစက ညွှန်ကြားချက်ထုတ်"

▶️"ဗန်းမော်မြိုတွင် ငွေကျပ်သိန်းတစ်ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ"

▶️"မင်္ဂလာတောင်ညွန့်မှာ ဖုန်းဆိုင် ဖောက်ထွင်းခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ဖုန်း ၈၈ လုံးပါသွား"

▶️"ကော့ကရိတ်မြိုနယ်ရှိ ကော့ကရိတ်-ကျုံဒိုးလမ်းတွင် Hijet ကားနှင့်ဆိုင်ကယ်တိုက် အမျိုးသမီး ၃ ဦးဒဏ်ရာရ"

▶️"ဆန်ဈေးနှုန်းမြင့်တက်နေသော်လည်း ပြည်တွင်း၌ ဆန်လုံလောက်မှုရှိသဖြင့် စိုးရိမ်စရာမလိုဟု ဆန်စပါးအသင်း ဥက္ကဋ္ဌပြော"

▶️"မိမိအစီအစဉ်ဖြင့် ငွေချေနိုင်ပါက ဆေးဝါးနှင့် ဆေးပစ္စည်းသွင်းကုန်လိုင်စင် ထုတ်ယူနိုင်ဟုကြေညာ"

▶️"ဂက်စ်ပိုက်လိုင်း ပေါက်သည်ဟု သတင်းထွက်ပေါ်နေပြီး CNGဖြည့်ရန်မော်တော်ယာဉ်များ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရ"

▶️"ကျောက်တံတားမြိုနယ်၊ လျှပ်စစ်မန်နေဂျာရုံး လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ"

▶️"မရမ်းကုန်းမြိုနယ်ရှိ PTTEP ကုမ္ပဏီ ကားပါကင်၌ ပေါက်ကွဲမှုဖြစ်ပွား" အစရှိတဲ့ ပြည်တွင်းသတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

"မုံရွာ- ကလေး- တမူး ကုန်စည်ပိုဆောင်ရေး ရွှေမျှားရှင် ယာဥ်လိုင်း ကားတစ်စီးပေါ်က လက်နက်ခဲယမ်းများနှင့် သယ်ဆောင်သူ ၂ ဦး ဖမ...
22/07/2022

"မုံရွာ- ကလေး- တမူး ကုန်စည်ပိုဆောင်ရေး ရွှေမျှားရှင် ယာဥ်လိုင်း ကားတစ်စီးပေါ်က လက်နက်ခဲယမ်းများနှင့် သယ်ဆောင်သူ ၂ ဦး ဖမ်းမိ"

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ- ကလေး- တမူး ကုန်စည်ပိုဆောင်ရေး "ရွှေမျှားရှင်" ယာဥ်လိုင်းမှ ၁၂ ဘီး ကားတစ်စီးပေါ်က လက်နက်ခဲယမ်းများနှင့် သယ်ဆောင်သူ ၂ ဦးကို ယမန်နေ့ (ဇူလိုင် ၂၁ ရက်)တွင် ဖမ်းမိရမိခဲ့သည်ဟု လုံခြုံရေးအသိုင်းနှင့် နီးစပ်သူများထံမှ သိရသည်။

ကလေးမြိုနယ် ၊ ကျီကုန်းကျေးရွာ ၊ ကျီကုန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဥ်များကို စစ်ဆေးရာက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာ ယာဥ်မောင်း ကိုကံကြီးမောင်နှင့် ယာဥ်နောက်လိုက် ကိုမျိုးမင်းဟိန်း တိုဖြစ်ကြောင်းသိရပြီး ၎င်းကားပေါ်မှ ပစ္စတိုသေနတ် ၂ လက် ၊ ကျည်အိမ် ၄ ခုနှင့် ကျည်ဆံအချိုတိုကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"မော်လမြိုင်မြို၌ လက်ဖက်ရည်ဆိုင်ပေါ်သို စာသင်ကျောင်းအုပ်တံတိုင်းပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံး"မော်လမြိုင်မြို၌ ယနေ့ (ဇ...
22/07/2022

"မော်လမြိုင်မြို၌ လက်ဖက်ရည်ဆိုင်ပေါ်သို စာသင်ကျောင်းအုပ်တံတိုင်းပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံး"

မော်လမြိုင်မြို၌ ယနေ့ (ဇူလိုင် ၂၂ ရက်) နံနက်ပိုင်းတွင် လက်ဖက်ရည်ဆိုင်ပေါ်သို စာသင်ကျောင်းအုပ်တံတိုင်းပြိုကျမှုကြောင့် လူ ၅ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ၏ ထုတ်ပြန်မှုအရ သိရသည်။

ယင်းဖြစ်စဥ်သည် မော်လမြိုင်မြို၊ ရွှေတောင်ရပ်ကွက် မာလာဝန်းရှိ အထက ၅ ကျောင်း၏ အုပ်တံတိုင်းဘေးတွင် ဖွင့်လှစ်ထားသော လက်ဖက်ရည်ဆိုင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အတွင်း သေဆုံးသူများမှာ အမျိုးသားနှစ်ဦး၊ အမျိုးသမီးသုံးဦးဖြစ်ကြောင်းနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

မတ္တရာမြိုနယ်၏ သမဝါယမဦးစီးအရာရှိ ရုံးခန်း၌ သေနတ်ဖြင့်ပစ်Tတ်ခံရမန္တလေးတိုင်း၊မတ္တရာမြိုနယ်၊အမှတ်(၂)ရပ်ကွက်ရှိ သမဝါယမဦးစ...
21/07/2022

မတ္တရာမြိုနယ်၏ သမဝါယမဦးစီးအရာရှိ ရုံးခန်း၌ သေနတ်ဖြင့်ပစ်Tတ်ခံရ

မန္တလေးတိုင်း၊မတ္တရာမြိုနယ်၊အမှတ်(၂)ရပ်ကွက်ရှိ သမဝါယမဦးစီးဌာနရုံးတွင် ဇူလိုင် ၂၁ ရက် (ယနေ့)နံနက်ပိုင်းက သမဝါယမဦးစီးအရာရှိ သေနတ်ဖြင့်ပစ်thatခံရကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က အမှတ်(၂)ရပ်ကွက်၊ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ သမဝါယမဦးစီးဌာနရုံး၌ထိုင်နေသည့် သမဝါယမဦးစီးအရာရှိ ဦးသောင်းကြိုင်(၅၅)နှစ်အား အမည်မသိအမျိုး သား ၂ ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ ရုံးခန်းအတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို ပစ်ခတ်ခံရမှုကြောင့် သမဝါယမဦးစီးအရာရှိ ဦးသောင်းကြိုင်မှာ နဖူး၌ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

"မိမိတို၏ ကြိုးစားအားထုတ်မှုများကို တက္ကသိုလ်အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီ ကြိုးစားယှဉ်ပြိုင်သွားကြစ...
21/07/2022

"မိမိတို၏ ကြိုးစားအားထုတ်မှုများကို တက္ကသိုလ်အားကစားသမိုင်းတွင် မှတ်တမ်းတင်နိုင်ရေး တက်ညီလက်ညီ ကြိုးစားယှဉ်ပြိုင်သွားကြစေလိုကြောင်း နိုင်ငံတော်စီမံအုပ်ချူပ်ရေးကော်မတီ ဒု ဥက္ကဋ္ဌ တိုက်တွန်း"

Address

Botataung

Website

Alerts

Be the first to know and let us send you an email when MyanmarPyi News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies


Other Media/News Companies in Botataung

Show All