မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲများကိစ္စ ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်;
#MyanmarPolitics
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲများကိစ္စ ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်းပြောကြား
၁၆ ဒီဇင်ဘာ ၂၀၂၄
ထိုင်းနိုင်ငံတွင်ပြုလုပ်မည့် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အစည်းဝေးများကိစ္စနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
အဲဒီပြောကြားချက်အပြည့်အစုံကိုဖော်ပြပေးအပ်ပါတယ်။
@ymg/knl
ရန်ကုန် ကျွန်းတောပွဲတော်ဈေး ဒုတိယနေ့အထူးစည်ကားနေ
#VideoNews
ရန်ကုန် ကျွန်းတောပွဲတော်ဈေး ဒုတိယနေ့အထူးစည်ကားနေ
၁၁ ဒီဇင်ဘာ ၂၀၂၄
ရန်ကုန်မြို့၏ ပွဲတော်ညဈေးများတွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ကျွန်းတောပွဲတော်ဈေးကို စမ်းချောင်း မြို့နယ် ကျွန်းတောလမ်းမကြီးပေါ်တွင် ကျင်းပလျက်ရှိနေပါတယ်။
MNN/YMG
ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့ တပ်မတော်(ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှု
#VideoNews
ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့ တပ်မတော်(ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှု ဗိုလ်ချုပ်ဇော်မင်းထွန်းရှင်းလင်း
၂ ဒီဇင်ဘာ ၂၀၂၄
မြန်မာနိုင်ငံရေပိုင်နက်တွင်ဝင်ရောက်၍ ငါးဖမ်းခဲ့သည့် ထိုင်းငါးဖမ်းစက်လှေအား မြန်မာ့ တပ်မတော်(ရေ)က ဖမ်းဆီးစစ်ဆေးခဲ့မှုနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ရှင်းလင်းပြောကြားခဲ့သည်များကို ဖော်ပြပေးအပ်ပါတယ်။
#ymg/knl
DEMU တွဲသစ်ကြီးများဖြင့် ရန်ကုန်မြို့ပတ်ရထား စီးနင်းကြည့်ခြင်း
#VideoNews
DEMU တွဲသစ်ကြီးများဖြင့် ရန်ကုန်မြို့ပတ်ရထား စီးနင်းကြည့်ခြင်း
၁ ဒီဇင်ဘာ ၂၀၂၄
စပိန်နိုင်ငံမှမှာယူခဲ့တဲ့ ဒီဇယ်လျှပ်စစ်ရထား DEMU တွဲသစ်များဖြင့် ရန်ကုန်မြို့ပတ်ရထားလမ်းမှာ နိုဝင်ဘာ ၂၉ ရက်က စတင်ပြေးဆွဲနေပါတယ်။
YMG ဝိုင်းတော်သားတစ်ဦးက ဒီဇင်ဘာ ၁ရက် မနက်မှာ အဲဒီမြို့ပတ်ရထားတစ်စီးကို စမ်းသပ်စီးနင်းကြည့်ပြီး မြင်ကွင်းများကို တင်ပြထားပါတယ်။
@mnn/ymg
ရေကျော်ပွဲဈေးနောက်ဆုံးည စည်ကား
ရေကျော်ပွဲဈေးနောက်ဆုံးည စည်ကား
၂၆ နိုဝင်ဘာ ၂၀၂၄
မြန်မာနိုင်ငံရဲ့ အထင်ကရပွဲဈေးများတွင် တစ်ခုဖြစ်သည့် ရန်ကုန်မြို့က နာမည်ကျော် ရေကျော်ပွဲဈေး နောက်ဆုံးညဖြစ်သည့် ယနေ့ နိုဝင်ဘာ ၂၆ ရက်နေ့တွင် ပွဲတော်လာပြည်သူများဖြင့် စည်ကားလျက်ရှိနေသည်။ အဆိုပါပွဲဈေးကို နိုဝင်ဘာ ၂၂ရက်ကတည်းက “အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ်ဖြင့် စတင်ကျင်းပနေခြင်းဖြစ်သည်။
Video mnn(YMG)
ရာဂီမုန်တိုင်းဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုရှားနိုင်ငံမှအကူအညီများ ပေးအပ်
#NationalNews
ရာဂီမုန်တိုင်းဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားနိုင်ငံမှ လူသားချင်း စာနာထောက်ထားမှု အကူအညီများ လွှဲပြောင်းပေးအပ်
Published_ 24 November 2024
◾️ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုများကြောင့် ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ရုရှားနိုင်ငံကိုယ်စား ရုရှားနိုင်ငံ ဝန်ကြီးဌာနများနှင့် ကုမ္ပဏီများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွှပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။
◾️ရုရှားနိုင်ငံ အရပ်ဘက်ကာကွယ်ရေး၊ အရေးပေါ်အခြေအနေနှင့် သဘာဝဘေးအန္တရာယ် သက်ရောက်မှုများ တိုက်ဖျက်ရေးဆိုင်ရာဝန်ကြီးဌာန၊ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ ရုရှားနိုင်ငံ နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း(Rosatom)နှင့် Aquarius ကုမ္ပဏီများအုပ်စုတို့က လူသားချင်း စာနာထောက်ထားမှုအကူအညီပစ္စည်းများကို ရုရှားနိုင်ငံမှ သယ်
မြန်မာနိုင်ငံမြောက်ပိုင်းက ကျားဖျန့်လုပ်ငန်းအကြီးစားတွေအားလုံး ချေမှုန်းပြီး
#VideoNews
မြန်မာနိုင်ငံမြောက်ပိုင်းက ကျားဖျန့်လုပ်ငန်းအကြီးစားတွေအားလုံး ချေမှုန်းပြီးပြီဟု တရုတ်နိုင်ငံကကြေညာ
၂၄ နိုဝင်ဘာ ၂၀၂၄
တရုတ်-မြန်မာနယ်စပ်အနီး မြန်မာနိုင်ငံ မြောက်ပိုင်းက ကျားဖျန့်လုပ်ငန်းအကြီးစားတွေ အားလုံးကို ချေမှုန်းပြီးပြီလို့ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မကြာသေးမီကကြေညာခဲ့ပါတယ်။
Source CCTV
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းသံခင်းတမန်ခင်းမှာ အရေးကြီးနေရာ၌ရှိ
မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းသံခင်းတမန်ခင်းမှာ အရေးကြီးနေရာ၌ရှိကြောင်း တရုတ်ဝန်ကြီးချုပ် ထုတ်ဖော်ပြောကြား
၇ နိုဝင်ဘာ ၂၀၂၄
တရုတ်နိုင်ငံရဲ့ အိမ်နီးချင်းသံခင်းတမန်ခင်းမှာ မြန်မာနိုင်ငံကို အရေးကြီးအနေအထားတစ်ခုအဖြစ် တရုတ်နိုင်ငံက အမြဲတမ်းထားရှိတယ်လို့ တရုတ်ဝန်ကြီးချုပ် လီချန်းက ပြောကြားလိုက်ပါတယ်။ တရုတ် နိုင်ငံ ကူမင်းမြို့မှာ ရှစ်ကြိမ်မြောက် မဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးတက်ဖို့ရောက်ရှိနေတဲ့ မြန်မာ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်ဝန်ကြီးချုပ်က အဲသလိုပြောကြားခဲ့ တာဖြစ်ပါတယ်။
Source CCTV+
ဆော်ဒီသဲကန္တာရထဲ မိုးသီးမုန်တိုင်းတိုက်ခတ်ရာ
#Video_News
ဆော်ဒီသဲကန္တာရထဲ မိုးသီးမုန်တိုင်းတိုက်ခတ်ရာ ကန္တာရသည် ဝင်ရိုးစွန်းလွင်ပြင်လိုဖြစ်သွား
၃ နိုဝင်ဘာ ၂၀၂၄
▪️နိုဝင်ဘာ ၃ရက်က ဆော်ဒီအာရေဗျ သဲကန္တာရတွင် မိုးသီးမုန်တိုင်းတိုက်ခတ်ခဲ့ရာ ဆော်ဒီကန္တာရ သည် အာတိတ် ဝင်ရိုးစွန်းလွင်ပြင်ကဲ့သို ဖြစ်သွားခဲ့သည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကို ကမ္ဘာ တစ်ဝန်း ကြောက်မက်ဖွယ်ရင်ဆိုင်နေရသည်။
ဆင်မကြီးမိုမို ၇၁နှစ်ပြည့်မွေးနေ့ပွဲနောက်ဆုံးနေ့ စည်ကား
#Just_In
ဆင်မကြီးမိုမို ၇၁နှစ်ပြည့်မွေးနေ့ပွဲနောက်ဆုံးနေ့ စည်ကား
၃ နိုဝင်ဘာ ၂၀၂၄
ပြည်သူ့အချစ်တော် ဆင်မကြီးမိုမိုရဲ့ ၇၁နနှစ်ပြည့်မွေးနေ့ပွဲကို ရန်ကုန်မြို့ တိရစ္ဆာန်ဥယျဉ်မှာ နိုဝင်ဘာ ၁ရက်မှ ၃ ရက် အထိစည်ကားသိုက်မြိုက်စွာကျင်းပပေးနေပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၃ရက်နေ့မှာ ပွဲတော်နောက်ဆုံးနေ့ဖြစ်လို့ အထူးစည်ကားနေတာတွေ့ရပါတယ်။
ဆင်ဖွားဖွားကြီး မိုမိုရဲ့ မွေးနေ့မှာ တေးဂီတဖျော်ဖြေပွဲတွေနှင့် ဂိမ်းအစီအစဉ်တွေအပါအဝင် ပျော်ရွှင်စရာ အစီအစဉ်များစွာပါ တွဲဖက်တင်ဆက်နေတာဖြစ်လို့ ပရိဿတ်တွေနှစ်ချိုက်သဘောကျနေကြပါတယ်။
@mnn/ymg
နှစ် ၃၀အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ထိုင်ဝမ်သိုချည်းကပ်ဝင်ရောက်နေ
#Just_In
နှစ် ၃၀အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ထိုင်ဝမ်သိုချည်းကပ်ဝင်ရောက်နေ
၃၁ အောက်တိုဘာ ၂၀၂၃၄
နှစ်ပေါင်း ၃၀ အတွင် အပြင်းထန်ဆုံး မုန်တိုင်းကြီးအဖြစ် ကောင်းရေး Kong-rey တိုင်ဖွန်းမုန်တိုင်းကြီးဟာ ထိုင်ဝမ်ကျွန်းကို ချည်းကပ်နေပြီဖြစ်ပါတယ်။ အဲဒါကြောင့် ထိုင်ဝမ်ကျွန်းတစ်ခုလုံးက ကျောင်းတွေအလုပ်တွေအားလုံးပိတ်ထားရပြီး တစ်နာရီကို မိုင်၁၄၀ကျော်ခန့်နှင့်တိုက်ခတ်မည့် အဆိုပါမုန်တိုင်းကြီးကို ရင်ဆိုင်ရန် ပြင်ဆင်နေကြပါတယ်။ လေယာဉ်ခရီးစဉ်တွေလည်း ရပ်နားထားပါတယ်။
ဗောက်စ်ဝက်ဂွန်က ဂျာမနီတွင် စက်ရုံ (၃)ရုံ ပိတ်သိမ်းမည်ဟုကြေညာ
#Video_News
ဗောက်စ်ဝက်ဂွန်က ဂျာမနီတွင် စက်ရုံ (၃)ရုံ ပိတ်သိမ်းမည်ဟုကြေညာ
၃၀ အောက်တိုဘာ ၂၀၂၄
ဂျာမန်ကားကုမ္ပဏီကြီးဖြစ်တဲ့ ဗောက်စ်ဝက်ဂွန်ဟာ ဂျာမဏီမှာ သူတို့ရဲ့ ကားစက်ရုံ အနည်းဆုံး (၃)ရုံကို ပိတ်သိမ်းပစ်ဖို့စီစဉ်ထားပါတယ်။ အဲဒီအတွက် လူရာထောင်များစွာ အလုပ်ပြုတ်ဖို့ရှိနေပါတယ် လို့ အဲဒီ ဗောက်စ်ဝက်ဂွန်အုပ်စုရဲ့ အလုပ်ကောင်စီဥက္ကဋ္ဌ ဒန်နီယယ်လာကာဗာလိုက ပြောလိုက်ပါတယ်။
Source CCTV