Pan's Hacks

Pan's Hacks YOLO Skincare Ju**ie who just wants to spread love only and empower Women

အားလုံးပဲ မင်္ဂလာပါနော်။ ပန့်လိုပဲ Lipstick Crazy လေးတွေ အနေနဲ့ ဈေးသင့်ပြီး အရောင်ထွက် အရမ်းလှတဲ့ Rom&nd Lipstick လေးတွေ...
11/03/2024

အားလုံးပဲ မင်္ဂလာပါနော်။ ပန့်လိုပဲ Lipstick Crazy လေးတွေ အနေနဲ့ ဈေးသင့်ပြီး အရောင်ထွက် အရမ်းလှတဲ့ Rom&nd Lipstick လေးတွေ ဝယ်ဖို့ စဉ်းစားနေရင် ရွေးရလွယ်အောင် ဝယ်ထားတဲ့အထဲမှ ပန် အကြိုက်ဆုံးလေးတွေကို ပြောပြပေးချင်လို့နော်။ နောက်ဆုံးထွက်တဲ့ Glasting Gloss လေးတွေကတော့ မှာထားတာ မရောက်သေးတော့ Review ထဲ မပါသေးတာ မီအားနဲ 🥺

အခု ပန်ပုံထဲက ဆိုးထားတာတော့ Juicy Lasting Tint ရဲ့ 22. Pomelo Skin ကို အပြင်က ဆိုးပြီး အတွင်းကိုတော့ Popular အဖြစ်ဆုံး 25 Bare Grape လေးကို ဆိုးထားတာပါ 💕

ပန်ကိုယ်တိုင်လည်း အရင်က ဆိုးနည်း သေချာမသိတော့ Juicy Tint လေးတွေကို သိပ်မလှဘူး ထင်ခဲ့ပေမယ့် တကယ်တမ်း သူ့ကို ဆိုးနည်း အမှန်ဖြစ်တဲ့ “ နှုတ်ခမ်းပေါ်တင်ပြီး ခြောက်လောက်တဲ့အထိကို နှုတ်ခမ်းသား အပေါ်၊ အောက် မဖြန့်ပေးမှသာ စိုအိရွှဲနေတဲ့ look လေးရမှာ” ဖြစ်တာမို့
Juicy Lasting Tint လေးတွေ Glasting Gloss လို အစိုလေးတွေကို ဆိုးရင် အပေါ်နဲ့ အောက်နှုတ်ခမ်းကို ချက်ချင်းမဖိချပဲ ခြောက်မှသာဆိုးဖို့ မှာလိုပါတယ်။ ပန်ပြောတာ သိပ်မရှင်းရင် သေချာ ကြည့်ရအောင် Video လေးထဲမှာ ကြည့်လို့ရအောင် link ချပေးထားပါမယ် 👇
https://vt.tiktok.com/ZSFfoeW8N/

✅Gloss အစိုမကြိုက်ပဲ Matte Type ကြိုက်ရင် နှုတ်ခမ်းသားမခြောက်သွားပဲ စိုစိုအိအိလေးဖြစ်တဲ့ Zero Matte Lipstick လေး ဝယ်ကြပါ

✅ Tint လိုမျိုးကိုမှ Gloss နည်းနည်းပါတာလေး ကြိုက်ရင် Juicy Lasting Tint
(အတွင်းသား လင်းလင်းလေးဆိုးချင် 20,28)
(အပြင် တခုလုံး neutral color လေးဆို 22, 25)

✅ နှုတ်ခမ်းသား အရမ်းခြောက်တတ်လို့ စိုအိရွှဲနေတာ လိုချင် Glasting Melting Balm ထဲက ယူကြပါနော် (ပန်တောင် တချောင်းပဲ ရှိလို့ ထပ်ဝယ်မလို့ 🥺)

- Blue Fudge Tint က အရောင်ထွက်လှပေမယ့် ပန်က နှုတ်ခမ်းသားခြောက်တတ်တော့ ပိုခြောက်တယ် ခံစားရလို့ သိပ်မသုံးဖြစ်ဘူးရော (04,06)

- Dewyful Water Tint ကကျ အရောင်ထွက်ရော အစိုဓာတ်ရောက Juicy Tint ထက် လျော့သလို ခံစားရလိူ့ သိပ်ပြီး Favorite ထဲ မပါတာပါ (07,13)
07 ပျောက်နေတာတောင်ခု မှသိတော့တယ် 🤒

- Glasting Water Tint ကကျတော့ အစိုဓာတ်နဲ့ အရောင်ထွက်က Juicy Tint လို လှပေမယ့် ပန့်အတွက်ကျ နှုတ်ခမ်းပေါ် သိပ်ကြာကြာမခံပဲ အရောင်သိပ်မစွဲသလိုပဲ ခံစားရတာမို့ပါ

- Milk Tea Velvet Tint ကတော့ Fudge Tint လောက် Matte မဖြစ်သလို မခြောက်တာမို့ ဆိုးရတာ အဆင်ပြေပေမယ့် သူက လက်နဲ့ Brush နဲ့မှ မဟုတ်ရင် သူ့မှာပါတဲ့ Applicator လေးနဲ့ အရောင်ဖြန့်ရတာ သိပ်မလွယ်သလိူပဲ ခံစားရလို့ Favorite List ထဲ မထည့်လိုက်တာပါ။

တယောက်နဲ့ တယောက် Skintype မတူကြသလိုပဲ နှုတ်ခမ်းသားကလည်း ပင်ကိုယ်အခံ အရောင် အစို၊ အခြောက်မတူကြပါဘူးနော်။ အပေါ်က ရေးထားတာတွေ အကုန်လုံးက ပန့် နှုတ်ခမ်းသားပေါ် မူတည်ပြီး ရေးထားလို့ တယောက်နဲ့ တယောက် အနည်းနဲ့ အများဆိုသလို အရောင်ထွက် feeling နဲ့ ကြာရှည်ခံမှု ကွာနိုင်တာလေးရှိနိုင်တာ နောက်ဆုံး အနေနဲ့ ပြောချင်ပါတယ်။

ဒီလောက်ဆို အားလုံးပဲ အကူအညီဖြစ်မယ် ထင်ပါတယ်နော်။ နောက်မှ ပြန်ဆုံကြမယ်ရှင့် 💕

Not Perfect but Still in Progress ✨၂၀၂၃ ကုန်တော့မယ်ဆိုတော့ လာမယ့် နှစ်သစ် ၂၀၂၄မှာ ကိုယ့်ရဲ့ လက်ရှိ ခန္ဒာကိုယ် အနေအထားကို...
30/12/2023

Not Perfect but Still in Progress ✨

၂၀၂၃ ကုန်တော့မယ်ဆိုတော့ လာမယ့် နှစ်သစ် ၂၀၂၄မှာ ကိုယ့်ရဲ့ လက်ရှိ ခန္ဒာကိုယ် အနေအထားကို စိတ်တိုင်းမကျလို့ Body Transformation လုပ်ချင်တဲ့သူတွေအတွက် Moti လေးရအောင် သိသလောက် လေး Sharing လေး လုပ်ပေးချင်ပါတယ်

၂၀၂၃ ထဲမှာ ပန်လုပ်ခဲ့တဲ့ အရာတွေထဲက အမှန်ကန်ဆုံး အရာကို ပြောပါဆိုရင် Gym ပြန်ဆော့လိုက်တာပါပဲ။ ပန်အခုဆို Gym ဆော့တာ ၇လလောက်ပဲ ရှိသေးတဲ့အပြင် အစားလည်းမလျော့ အဆစ်အမြစ် နာတတ်လို့ Cardio မလုပ်တဲ့အပြင် အလုပ်နဲ့ ခရီးထွက်ရတော့ ပျက်တာတွေ ရှိပေမယ့် အတတ်နိုင်ဆုံး “Commitment” ရှိရှိနဲ့ “Consistency” ရှိရှိ စွဲဆော့တဲ့အခါ ဝိတ်ကတော့ ၁၀ပေါင် ကျော်လောက်ပဲ ကျပေမယ့် အဓိကက

- အရင်ကလို သိပ်မချူချာတော့ပဲ အတော်ကို ကျန်းမာလာတယ်
- လူက နေရတာ ပေါ့ပါး သွက်လက်လာသလို
- အကြောတတ် ညောင်းကိုက်တာတွေသက်သာတယ်
- Stress ကျပြီး လူက ပို အကောင်းမြင်တတ်လာပြီး Productive ဖြစ်လာတဲ့အပြင်
- အဆီပြင်တွေ ပါးလာတာမို့ ကိုယ့်ဟာကိုလည်း ပို ယုံကြည်မှုရှိလာတာမို့

အကျိုးကျေးဇူးတွေများတဲ့ Gym ပဲဖြစ်ဖြစ် Pilate ၊ Yoga ဘာပဲဖြစ်ဖြစ် ကိုယ်လက် လှုပ်ရှားမှု တခုခုစဖို့ စဉ်းစားနေတယ်ဆို အခုပဲ စပြီး Action ယူပြီး မပျက်မကွက် ဇွဲရှိရှိလုပ်ကြဖို့ အားပေးချင်ပါတယ် ☘️

အားလုံးပဲ နှစ်သစ်မှာ မိသားစုနဲ့ အတူ စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်ကြပါစေ ✨💕

အားလုံးပဲ မင်္ဂလာပါ 🥰 Tiktok မှာရော International မှာပါ အရမ်း Hyped နေတဲ့ Charlotte Tilbury Airbrush Foundation Sales ထပ...
23/12/2023

အားလုံးပဲ မင်္ဂလာပါ 🥰 Tiktok မှာရော International မှာပါ အရမ်း Hyped နေတဲ့ Charlotte Tilbury Airbrush Foundation Sales ထပ်ရှိလာရင် ဝယ်ဖို့ စဉ်းစားနေတဲ့ လူတွေအတွက် ဝယ်သင့် မဝယ်သင့် စဉ်းစားတဲ့အခါ အထောက်အကူဖြစ်အောင် Review လေးရေးပေးတာပါနော်။

အောက်က ရိုးရိုး Selfie ရော Mirror Selfie ပုံရောက iph 13နဲ့ No Filter No Effect ရိုက်ထားတဲ့ပုံလေးတွေပါ။ မျက်နှာက တကယ်ကို သူ့နာမည်လို Airbrush လုပ်ထားတဲ့အတိုင်း ဖုန်ပြီး ညှက်နေတာပါ။

ပန် လူးထားတာ 5N ပါ။ အသားနဲ့ တရောင်တည်းဖြစ်ပြီး လူးထားတာကြာလေ မိတ်ကပ်သား တတ်ပြီး ဖုန်ဖုန် ဝင်းဝင်းလေးနဲ့ ဖြစ်လာတာပါ။

⚠️တခု သတိထားဖို့က အရောင်ရွေရတဲ့အခါ တကယ်လို့ Foundation သုံးရင် ဖြူတာကြိုက်တဲ့လူဆို 4 or 3 Series ထဲကယူပါနော်။ ပန်ကိုယ်တိုင်လည်း Cushion လူးတာများတော့ အဝါထက် အဖြူတို့ ပန်းတို့ ဖောက်ကြိုက်လို့ နောက်တခါ Sales ချရင် 3C or 3N ထပ်ဝယ်မလို့ပါ။

သူ့ရဲ့ ကောင်းတာတွေနဲ့ သိပ်အဆင်မပြေနိုင်တဲ့ အချက်လေးတွေကို တချက်လောက်သွားကြည့်ရအောင်နော်

✅ သူက Soft Matte ပုံစံဖြစ်လို့ Oily, Super Oily, Combination နဲ့ Noramal Skin တွေအတွက် Everyday Makeup တင်မဟုတ်ပဲ ပွဲထိုင်အထိ လူးလို့ရတဲ့ ဖုန်ပြီး ညှက်နေတဲ့ ကြာလေ မိတ်ကပ်သားတပ်လေ ပုံစံလေးပါ။ (မိတ်ကပ် ပါးပါးပဲ လူးရတာကြိုက်ရင်တော့ Everyday အတွက်က Heavy ဖြစ်နိုင်ပါတယ်)

✅ သူက မလူးတတ်ရင် မိတ်ကပ်ထူလပစ်နဲ့ Cakey Look ဖြစ်သွားနိုင်ပေမယ့် လူးတာမှန်ရင် ချွေးပေါက်တွေပါ သေးပြီး မရှိသယောင်ပုံဖြစ်အောင်လုပ်ပေးနိုင်တဲ့အထိ ကောင်းတာပါ။
(ပန့်ရဲ့ လူးနည်းကတော့ Moisturizer ထူထူလေး အရင်လူးပြီးမှ သူ့ကို နည်းနည်းခြင်းညှစ် မျက်နှာပေါ် လက်၂ချောင်းနဲ့ တမျက်နှာလုံး အနှံ့အရင်ဖြန့်ပြီးမှ Setting Spray or Makeup Spray ဖြန်းပြီး Sponge လေးနဲ့ ပြန်ပုတ်ပါတယ်။ အသေးစိတ်ကို ပန် comment ထဲမှာ video လေး ချပေးထားပါတယ်။)

✅ Soft Matte foundation ပေမယ့် တနေကုန်လူးရင်တောင် Breakout မဖြစ်တာကလည်း သူ့အားသာချက်လို့ပြောလို့ရပါတယ်။ ပန့်လို Acne Prone combination Skinတောင် အဆီဖု သေးသေးလေးတောင် မထပါဘူး။

✅ မူးပြီး ကဲတာပဲဖြစ်ဖြစ် ငိုတာပဲဖြစ်ဖြစ် တော်ရုံ တစ်ရှုးနဲ့ သုတ်တာလောက်တောင် မိတ်ကပ် မပျက် မကွက်တာက ကိုယ်တွေ့ပါနော် 🤣🤣🤣

အားနည်းချက်လို့ထင်ရတာကတော့
❌ Dry Skin သမားတွေအတွက် အရမ်းခြောက်နိုင်တာမို့ အသုံးမပြုတာပိုအဆင်ပြေနိုင်ပါတယ်။

❌ Skincare မလုပ်နိုင်တဲ့ သူတွေအတွက် သူ့ကို လူးရင် မိတ်ကပ်သားကွက်တာ မညီတာဖြစ်နိုင်လို့ Skincare မလုပ်ချင်ရင် လူးလို့ အဆင်မပြေတာမျိုးဖြစ်နိုင်တာ သတိချပ်ဖို့ ပြောချင်ပါတယ်။

ပေးရတဲ့ ဈေးထက် အရမ်းတန်တဲ့ Quality ရတာမို့ နာမည်ကြီးတာနဲ့ တန်တဲ့ Charlotte Tilbury ရဲ့ Airbrush foundation လေးကို အဆင်ပြေရင် စမ်းဖို့ စိတ်ဝင်စားရင် ဝယ်ကြဖို့ အကြံပေးလိုပါတယ်။ ပိုလှပြီး ကိုယ်နဲ့ ကွက်တိလေး အဆင်ပြေအောင် Skincare လေးတော့ သေချာခံပြီး လူးနည်းလေး မှန်အောင်လူးဖို့တော့ မမေ့ကြပါနော်ရှင့် 🥰✨

Liposuction လို့ခေါ်တဲ့ အဆီစုပ်တာနဲ့ ပတ်သတ်ပြီး အကောင်းရော အဆိုးရော ပြောနေတဲ့သူများတာမို့ ပန်သိသလောက်လေး ဖတ်ဖူးတာလေးကို ...
18/09/2023

Liposuction လို့ခေါ်တဲ့ အဆီစုပ်တာနဲ့ ပတ်သတ်ပြီး အကောင်းရော အဆိုးရော ပြောနေတဲ့သူများတာမို့ ပန်သိသလောက်လေး ဖတ်ဖူးတာလေးကို ပန့်အမြင်နဲ့ ပြောချင်ပါတယ်။ (အမြင်မတူတာရှိနိုင်တာမို့ သဘောထားကွဲလွဲရင်လည်း နားလည်ပေးကြပါ)

Liposuction ဆိုတာ မြင်သာအောင် အလွယ်ပြောရရင် “ခေါက်ဆွဲဘူး စားသလိုပဲ စားလို့ကောင်းတယ် လွယ်တယ် ဒါပေမယ့် ကျန်းမာရေးအတွက် မကောင်းလို့ များများ မစားသင့်ဘူး”

သူ့ကိုလုပ်လိုက်ရင် ကိုယ့်ခန္ဒာကိုယ်မှာ အလိုမကျဖြစ်နေတဲ့ အဆီပိုတွေ ချက်ချင်းစုပ်ထုတ်လိုက်တာမို့ လိုချင်တဲ့ Results ကို အချိန်ခဏအတွင်းရပေမယ့် ခဏခဏ လုပ်လို့ကောင်းတဲ့ အရာမဟုတ်တာမို့ Liposuction လုပ်ပြီးရင် ဝိတ်၊ အဆီပြန်မတတ်အောင် လေ့ကျင့်ခန်း Diet နဲ့ ဆက်ထိန်းထားရမှာပါ။

❌အဲ့တော့ လှချင်ပေမယ့် အစားမထိန်းနိုင်တဲ့ Eat Tasty Team က အစားတလိုင်းတွေ မလုပ်သင့်ပါဘူး။ ဘာလို့ဆို အပေါ်မှာ ပြောသလိုပဲ သူက ခဏခဏ လုပ်ရင် မကောင်းတဲ့ဟာမို့ပါ။

✅ အစားလည်းထိန်းနိုင်ဆယ် လှဖို့အတွက် ချုပ်တည်းနိုင်တယ်ဆိုတဲ့ Look Tasty Team ကဆိုရင်တော့ ပိုက်ဆံလည်း တတ်နိုင်ရင် လုပ်ချင် လုပ်သင့်တဲ့ Safe ဖြစ်တဲ့ Surgery တခုပါ။ နိုင်ငံခြားမှာလည်း ဆယ်လီ အကုန်လုပ်ထားကြတာပဲ။

- Gym, Yoga ဆော့ရင် အချိုးအစားပြေပြစ်မလှလာနိုင်ဘူး မဟုတ်ဘူး လှပါတယ်။ ကျန်းမာရေးလည်းကောင်းတယ် ဒါပေမယ့် သူတို့က Lifestyle တခုလုံးကို အချိန်ပေးပြီး လုပ်နိုင်မှသာ လိုချင်တဲ့ အနေအထားကို ရောက်လာမှာပေါ့နော်။

- Liposuction လိုဟာလုပ်ရင်တော့ အသင့်ခေါက်ဆွဲဘူးလိုပဲ စားကောင်း အလုပ်မရှုပ် စိတ်ကျေနပ်တဲ့ ခံစားချက်ကိုရရှိမှာပါ။ ဒါပေမယ့် ဘယ် surgery မဆို နဂိုမူလ ရှိနေတဲ့အရာမဟုတ်ပဲ လိုချင်တဲ့ အနေအထားကို ဖန်တီးယူထားတာမို့လို့ နောက်ဆက်ဆိုးကျိုးမဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရန် ရှောင်ရန်ကို လိုက်နာဖို့လိုပါတယ်။

Personally လည်း ပန်ကိုယ်တိုင်လည်း အရမ်းလှချင်တဲ့သူမို့ ပမာဏ တတ်နိုင်ရင် Liposuction ကို လုပ်ချင်တဲ့ စိတ်ကရှိပါတယ်။

အဲ့တော့ လှချင်တဲ့သူ အချင်းချင်း ငြင်းခုံနေတာထက် အမြင်မှားတွေ အသိလွဲတွေမဖြစ်ရအောင် အချင်းချင်း တည့်မတ်ပြောပြကြဖို့ အကြံပြုရင်း liposuction နဲ့ဆိုင်တဲ့ Article လေး စိတ်ဝင်စားရင် ဖတ်ချင်ဖတ်လို့ရအောင် Link လေးထည့်ပေးလိုက်ပါတယ်နော်

Photo Credit goes to original source

https://www.ncbi.nlm.nih.gov/books/NBK563135/

အသက် ၁၀နှစ် မိမိ - အသက် ၂၅ကျော်ရင် ကိုယ်ပိုင်ကား မဟုတ်လည်း အခန်းလေးနဲ့ ဘာညာ နေနိုင်ရမယ်၂၈ နှစ် မိမိ - လကုန်ရက်အခြေအနေ 🫠
31/08/2023

အသက် ၁၀နှစ် မိမိ - အသက် ၂၅ကျော်ရင် ကိုယ်ပိုင်ကား မဟုတ်လည်း အခန်းလေးနဲ့ ဘာညာ နေနိုင်ရမယ်

၂၈ နှစ် မိမိ - လကုန်ရက်အခြေအနေ 🫠

အားလုံးပဲ မင်္ဂလာပါနော် ပန်မနေ့က ပထမဆုံး Nails Extensions & Design လေးလုပ်ပြီး ကိုယ့်လက်ကို မမှတ်မိတဲ့အထိ လှသွားတာ အရမ်း...
22/06/2023

အားလုံးပဲ မင်္ဂလာပါနော် ပန်မနေ့က ပထမဆုံး Nails Extensions & Design လေးလုပ်ပြီး ကိုယ့်လက်ကို မမှတ်မိတဲ့အထိ လှသွားတာ အရမ်းသဘောကျလိူ့ ကျောက်မြောင်းထဲမှာ လက်သည်းဆိုင်ကောင်းကောင်းရှာ နေတယ်ဆိုရငိ ပန့်ညီမလေးဆိုင် Vivid Nail & Health Spa ကို Sharing လေး လုပ်ပေးချင်လိူ့ပါရှင့် 💅

အခုက သူ Quality, Service လက်ရာလည်း ကောင်းတဲ့အပြင် ဆိုင်သစ်ဖွင့်စလည်းဖြစ်တော့ ၃၀% off တောင်ရှိတာမို့ ဈေးလည်း အရမ်းတန်တယ်ရှင့်။ ✨
Page Link လေးက ဒီမှာပါ
https://www.facebook.com/profile.php?id=100087642579283&mibextid=LQQJ4d

ပန်က နဂိုလက်သည်းတိုပြီးသေးတာမို့ Half Gel Extensions မရလို့ အတုပဲ ထပ်ကပ်ခဲ့တာပါ။ တချောင်း ၁၅၀၀ပဲ ယူတာရယ်။ လက်သည်းရှည်ပြီးသားလူဆို Nails Design လေးပဲဖော်ရင် ၁သောင်းကျော်လေးပဲကျမှာရယ်။ ပန်ကအခု Cleansing, Nails Extensions & Design (Glitter Gel ဆိုးလာတာ) ကိုမှ ၃သောင်းခွဲကျပေမယ့် ❤️‍🔥အခုက 30% off ကြောင့် ၂သောင်းကျော်လောက်ပဲ ကျတော့မှာမို့ အရမ်းတန်လိူ့ လက်သည်းလုပ်ဖို့ စဉ်းစားနေတဲ့ အချောလေးတွေ သွားစမ်းကြည့်ဖိူ့ ညွှန်းပါရစေနော်

အနီးကပ်ရိုက်ထားတဲ့ Video လေးက ဓာတ်ပုံနဲ့တင်မရလိူ့ Comment မှာဝင်ကြည့်ပေးသွားပါဦးနော် 💗

ဆိုင်လေးမှာက Nails Spa အပြင် ခေါင်းလျော်ပုံသွင်း Waxing လေးတွေပါလုပ်လို့ရတံ့အပြင် ကျောက်မြောင်းထဲမှာ မုန့်ဆိုင်တွေ ပေါတာမို့ သူငယ်ချင်းတွေ အေးအေးဆေးဆေး မုန့်စား စကားပြောရင်း Self-care Day လေး လုပ်လို့လည်းကောင်းတဲ့နေရာလေး ဖြစ်တယ်လို့လည်း ပြောချင်ပါသေးတယ် 💅❤️‍🔥

အားလုံးပဲ နောက် post လေးမှ ပြန်တွေ့ကြမယ် ✨

ဈေးကြီးလည်း Peachy N**e အရောင်လှတာလေးတွေ Crazy ဖြစ်တဲ့သူတွေ Kiko Unlimited Double Touch လေးကို ဝယ်ဖို့ ညွှန်းလိုပါတယ်Edi...
09/05/2023

ဈေးကြီးလည်း Peachy N**e အရောင်လှတာလေးတွေ Crazy ဖြစ်တဲ့သူတွေ Kiko Unlimited Double Touch လေးကို ဝယ်ဖို့ ညွှန်းလိုပါတယ်
Edit - ပန့်ဟာလေးက 103 ပါနော်

ကိုယ်တိုင်လည်း ၆သောင်းလောက်ဖြစ်နေလို့ ဝယ်သင့် မဝယ်သင့် ဝေခွဲရခက်နေပေမယ့် International Review တွေကောင်းတာမို့ ဝယ်လိုက်တာ တကယ်ကို ကြိုက်လို့ ဝယ်ဖို့ စဉ်းစားနေသူတွေအတွက် Review ပေးတာပါနော်

🥳 အရောင်ထွက်က အသွေးကျပြီး ဘယ်လိုလှသလည်းကို ပုံထဲသာကြည့်ပါတော့နော် (comment မှာလည်း iph camera ရိုးရိုးနဲ့ ရိုက်ထားတာလေးတွေပါ တင်ပေးပါ့မယ်)

🥳 ဆိုးလိုက်ရင်လည်း Semi matte type ဖြစ်လို့ အခြောက်သွားတာမြန်ပြီး နှုတ်ခမ်းပေါ် ကပ်စေးစေး တင်းနေတာ လုံးဝမဖြစ်ပဲ တင်လို့ တင်ထားမှန်းမသိသောပါ (Gloss မထပ်ရင် လက်နဲ့ ဖိပြီး အားနဲ့ ပွတ်ဖျက်တောင် တော်ရုံမပျက်ပါဘူး)

🥳 Longlasting လည်း အတော်လေး ဖြစ်တဲ့ Semi matte ဖြစ်တာမို့ တော်ရုံ ဘာစားစား သောက်သောက် Gloss လေးပါ မပြတ်တာမို့ ပြန်ပြီး Touch Up လိုက်ဖို့လည်း မလိုနေတာကလည်း သူ့ရဲ့ အားသာချက်လေး နောက်တချက်ပါပဲ

🙄 Gloss လေးကတော့ နှုတ်ခမ်းသားလေးအိပြီး စေးကပ်တာမရှိပဲ သူ့ဟာနဲ့သူဆို ကောင်းပေမယ့် ပန်က Gloss ဆို စိုအိပြီး ရွှဲနေတာမျိုးကို ကြိုက်တဲ့သူမို့ အဆင်ပြေတယ် သာမန်လောက်ပဲလို့ မြင်ပါတယ်။ (ပန့်အကြိုက်နဲ့ သိပ်မကိုက်လို့ပါ)

ဒါပေမယ့် Bade Peach N**e အရောင်လေးရော Gloss ပါ တခါတည်းပါပြီးသားမို့ ပန်အရင်ဆိုးနေကြလို့ ၂မျိုး ၃မျိုး ဆိုးနေစရာပဲမလိုပဲ အရောငါ နှုတ်ခမ်းသားပေါ် ဖီလင်အကုန်ကြိုက်တာတဲ့အပြင် သူတမျိုးတည်းနဲ့တင် အဆင်ပြေတာမို့ Overall 10/10 လို့ပြောရတဲ့အထိကို ကြိုက်ပါတယ်။

အရမ်းလှချင်တဲ့ မိပန်အခု နှာခေါင်းကြိုးထိုးထားတာ ၂ရက်ပဲရှိသေးတာမို့ ပုံတွေထဲ မျက်နှာရောင်နေတာကိုတော့ နည်းနည်းလေး သည်းခံပြီးကြည့်ပေးကြပါနော် 🥺

တနေကုန် နှုတ်ခမ်းဖူးဖူးလေးနဲ့ အလှလေးဖြစ်ချင် ဒါလေးသုံးကြပါ ချင်းဂူးတို့ 🫶🏻Maybelline Vinyl Ink လေးက အရောင်ထွက်လည်းလှပြီး...
27/04/2023

တနေကုန် နှုတ်ခမ်းဖူးဖူးလေးနဲ့ အလှလေးဖြစ်ချင် ဒါလေးသုံးကြပါ ချင်းဂူးတို့ 🫶🏻

Maybelline Vinyl Ink လေးက အရောင်ထွက်လည်းလှပြီး Longlasting လည်း ဖြစ်သင့်သလောက် ဖြစ်ဆာမို့ Tiktok မှာ အစတည်းက ပေါက်ပြီးသားဆိုတော့ တော်တော်များများသိကြမှာပါနော် ☺️ အခုပန်ကိုယ်တိုင်လည်း No 15 Peachy လေးကို ဝယ်ပြီး ဆိုးတာ အဆင်ပြေလို့ နေ့တိုင်း သုံးဖြစ်နေတာပါ။ အာ့ကြောင့်မို့လို့ ပန်ဘယ်လိုလေး Layering လုပ်ပြီး ဆိုးတယ်ဆိုတာလေးပါ ပြောပြပေးချင်ပါတယ်

✨သူက တမျိုးတည်းသုံးရင် Gloss က သိပ်အကြာကြီး မခံတဲ့အပြင် Longlasting ကြာကြာခံအောင် နည်းနည်းလေး matte type လို စေးကပ်ကပ်ဖြစ်သွားတာမျိုး ဖြစ်တတ်ပါတယ် ။

အာ့ကြောင့် ပန်ကတော့သူ့ကို ဆိုးပြီး 30 sec or 1 min လောက်ကြာရင် အပေါ်က Lip Gloss တမျိုး အုပ်ပြီးဆိုးပါတယ်။ ပန်က နှုတ်ခမ်း အတွင်းသားလည်း လင်းတာကြိုက်တာမို့ အတွင်းကိုပါ Lip Tint လေးနဲ့ရောဆိုးရင် အတော်လေးကို အရောင်လည်းလှပြီး ဘာစားစား သောက်သောက် တော်ရုံ မပြတ်တဲ့အပြင် သက်တောင့် သက်သာလည်းရှိပါတယ် 💕

Maybelline SuperStay Vinyl Lip Ink ကို သုံးမယ်ဆိုရင်
✅ သူ့ကို Shake လုပ်ပြီးမှ ဆိုးပါ

✅ ဆိုးပြီးပြီးချင် နောက် တမျိုး မထပ်ပဲ 30 sec or 1 mins လောက် အနည်းငယ် အခြောက်ခံပြီးမှ နောက် ကိုယ်ကြိုက်နှစ်သက်ရာ Lip Gloss or Tint တမျိုးမျိူး ထပ်ဆိုးပါ

✅ နှုတ်ခမ်းသားစိုရွှဲဖြစ်တာ မကြိုက်တဲ့သူမို့ Lipgloss ကို အပေါ်မှာ ထပ်ဆိုးရတာ မကြိုက်ရင် Vinyl Ink လေးမဆိုးခင် Lip Balm or Lip Mask တခုခု သုံးပြီးမှ ဆိုးပေးရင် နှုတ်ခမ်းသားခြောက်တာကို မဖြစ်စေနိုင်ပါဘူးနော်

ပန် လက်ရှိသုံးနေတဲ့ 15 Peachy လေးကတော့ ထိုင်းမှာ Best Seller လို့ပြောပါတယ်။ သူက နာမည်အတိုင်း Peach အရောင်ဖောက်လေးဖြစ်လို့ အသားဖြူတဲ့လူနဲ့ အသားလတ်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ညိုတဲ့ဘက်သွားရင်တော့ 35, 63 အရောင်လေးတွေ ပိုလိုက်မယ်ထင်မိပါတယ်။ နောက်ဆုံးကဟာက ပန်ကြိုက်တဲ့ အရောင်လေးတွေ Recommendation ပေးတဲ့ အနေနဲ့ ထည့်ထားတာပါနော်။

ဈေးသင့်ပြီး နှုတ်ခမ်းနီ ကောင်းတာလေး အသစ် စမ်းဖို့ ရှာနေတယ်ဆို Maybelline Vinyl Ink လေး စမ်းသုံးကြည့်ဖို့ ညွှန်းလိုပါတယ် အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် 💕

ခရီးသွား အပြင်ထွက်နဲ့ အသားအရည်ပျက်စီးပြီး ပြန်လာတဲ့ ချင်းဂူးတို့အတွက် ပလစ်တဲလေးတော့ ဈေးများပေမယ့် မတရားကောင်းမွန်သော Lot...
18/04/2023

ခရီးသွား အပြင်ထွက်နဲ့ အသားအရည်ပျက်စီးပြီး ပြန်လာတဲ့ ချင်းဂူးတို့အတွက် ပလစ်တဲလေးတော့ ဈေးများပေမယ့် မတရားကောင်းမွန်သော Lotion လေး Review ရေးပေးမယ်နော်။ သူကတော့ အားလုံးသိပြီးသား Victoria Secret ရဲ့ Fragrance Lotion လေးတွေပါပဲ။

ဘယ်လောက်ကြိုက်လဲဆို အဲ့ညာဘက်ကပုံလိုပဲ ဘာမှမကျန်တဲ့အထိ ခွဲပြီးလူးတာရှင် 🥺 ဒါတောင် အခွံ့တဘူး ပစ်လိုက်လို့ 😬🫢

သူကလေ ပန်းနဲ့လို အီတဲ့အနံ့တွေနဲ့ Summer အတွက် Fresh ဖြစ်တာလေးတွေနဲ့ဆိုပြီး မျိုးစုံလာတာမို့ အနံက ကိုယ်စိတ်ကြိုက်ရွေးဖို့ အများကြီးရှိတာမို့ အနံ့ပြင်းရင် မကြိုက်တဲ့သူတွေရော ချိုအီတာမှ ကြိုက်တဲ့ ပန့်လိုလူတွေအတွက်ရော အဆင်ပြေတယ်နော်

🫶🏻 ဘာကောင်းလည်းသိချင်ရင် တဘူးဝယ်ပြီး မနက်တခါ ညတခါမှန်မှန်လူးလိုက်ပါ။ တပတ်ကျော် ၂ပတ်အတွင်း အသားကကြည်ပြီး ဝင်းတတ်လာတာပါ။ သုံးဖူးသမျှ Lotion တွေထဲ အချိန်တိုအတွင်း Brightening ဖြစ်စေတာ အရမ်းသိသာတာပါ။ အဲ့တာတွေ သုံးတုန်းကဆို အမေတို့အပြင် ရုံးကလူတွေပါ ပြောတယ် အသားကြည်ပြီး အုလာတာသိသာတယိဆိုတာ။

🫶🏻 Texture အကျဲမို့ အေးပြီး အသားထဲ စိမ့်ဝင်တာမြန်ပြီး ချွေးထွက်ရငိလည်း စေးကပ်ကပ် လုံးဝ မဖြစ်ပါဘူး။ Fragrance Lotion ပေမယ့် အနံ့ကတော့ တနေကုန်တော့ မစွဲဘူးပါဘူး။ သင်းသင်းလေးတော့ကျန်ပါတယ်။

🫶🏻 ဈေးကတော့ အခု exchange rate ကြောင့် မြောက်ပေမယ့် တကယ်ပါ မနက်တခါ ညတခါ ပုံမှန်စွဲလူးကြည့်ရင် သိသိသာသာ ထူးခြားတာကို တွေ့ရမှာမို့ စမ်းသုံးကြည့်ဖို့ ညွှန်းချင်ပါတယ်။ (စပွန်ဆာလည်း မရဘူရနော် ပန်လည်း ကိုယ်ကြိုက် ကိုယ်ဝယ် ကိုယ်သုံးကိုမှ ကေးရတာတန်ပြီး ကောင်းတာလေးမို့ ညွှန်းပေးတာပါနော်)

☘️ သူကတော့ ဈေးများပြီး ပါတဲ့ Ml နည်းတော့ ပန်ကိုယ်တိုင်လည်း ချွေတာသုံးပါတယ်။ တညှစ်စာကိုမှ လက်၂ဖက်ကို ခွဲလူးတာပါ။ အဲ့ပမာဏလောက်ကို မနက်တခါ ညတခါဆို တလခွဲ ၂လတော့ အသုံးခံမှာပါ။ ပေးရတဲ့ ဈေးထက်သာတဲ့ Result ရတာမို့ Worth to try ပါနော် 💞

⚠️ လက်ရှိဈေးကွက်ထဲမှာ ထောင်ဂဏန်းနဲ့ အတုတွေလည်း အရမ်းပေါနေတာကြောင့် Made in USA မဟုတ်ရင်တော့ တူညီတဲ့ ရလဒ် ရနိုင် မရနိုင်ကို ပန်လည်း အာမ မခံနိုင်တာမို့ ကိုယ်တိုင် ရွေးချယ် ဝယ်ယူကြဖို့ပါ ထပ်ဆောင်းမှာလိုပါတယ် ⚠️

ကဲ ပန်ကတော့ အသစ် ၃ဘူးနဲ့ အသားကြည်ဝင်းဖို့ လုံးပန်းလိုက်ပါဦးမယ်ရှင် 🫡✨

အားလုံးပဲ မင်္ဂလာပါနော် အစက ပန်ကိုယ်တိုင်လည်း အခုထိ အလုပ်တတ်နေရတုန်းမို့ ထပ်ပျောက်တော့မလို ကြံနေပေမယ့်လေ Elf Sales ရှိနေ...
11/04/2023

အားလုံးပဲ မင်္ဂလာပါနော်

အစက ပန်ကိုယ်တိုင်လည်း အခုထိ အလုပ်တတ်နေရတုန်းမို့ ထပ်ပျောက်တော့မလို ကြံနေပေမယ့်လေ Elf Sales ရှိနေတုန်း အတော်တန်တာမို့ Charlotte Tilbury (CT) ရဲ့ Flawless Filter Dupe လို့ နာမည်ကြီးနေတဲ့ Elf Halo Glow Fliter လေးကို လိုချင်တယ် ဝယ်မယ်လို့ စဉ်းစားနေသူတွေအတွက် Review လေးရေးပေးလိုက်ပါတယ်

⚠️Disclaimer - CT တော့ ပန်ကိုယ်တိုင်လည်း ဈေးများလို့ မသုံးဖူးတာလေးမို့ CT ရဲ့ Dupe ဟုတ် မဟုတ်ကိုတော့ ထည့်မရေးထားသလို ဖြေလည်း မဖြေပေးနိုင်တာ နားလည်ပေးပါနော်

✅ ကောင်းလားလို့မေးရင်တော့ “ပေးရတဲ့ ဈေးထက် တန်တဲ့ Luxury Feeling ရစေပါတယ်” BB/ Cc cream ထက်တောင် ပိုပြီး အရမ်းလည်း Lightweight ဖြစ်တာမို့ Natural Glow Look ကြိုက်ရင် ဝယ်သင့်ပါတယ် (သူတမျိုးတည်း လိမ်းလည်း အဆင်ပြေပါတယ်)
✅ ဒါမမဟုတ် ပွဲထိုင်မှာလည်း ပိုပြီး မိတ်ကပ်သား တက်အောင် Makeup Base အနေနဲ့ သုံးလည်းသင့်တော်ပါတယ်

⚠️👍Glow Filter ဆိုတဲ့ သူ့နာမည်အတိုင်း Glow Look ပေးတာမို့ အချိန်ကြာလာရင် အဆီပြန်သလို ပုံစံလေးတော့ ဖြစ်နိုင်တာမို့ Gel Type Primer လို Primer တမျိုးမျိုးကို ခံလူးပေးတာက တနေကုန်အတွက် အဆင်ပြေပါနယ်။ နာရီပိုင်း ခဏပဲဆိုရင်တော့ Primer မပါလည်းရပါတယ်။ အဲ့လိုပဲ သူသုံးမယ်ဆို Moisturizer Texture အပြစ် အထူထပ် Gel Type လို ပါးတာလေးနဲ့ဆို မိတ်ကပ်သားပိုတတ်ပြီးလိုက်ပါတယ် ⚠️👍

❌ သူကလေ ဝက်ခြံထွက်တတ်တဲ့သူဆိုရင်တော့ အများကြီး ထူထူ မသုံးပဲ ပါးပါးလေးပဲ သုံးပေးပါ။ မဟုတ်လို့ နေပူရင် ချွေးပေါက်ပိတ်ပြီး အဆီဖု နည်းနည်း ထတာဖြစ်နိုင်လို့ပါ။ (ပန် ပထမအခေါက်က များတော့ ဖြစ်ပေမယ့် နောက်ပိုင်း နည်းနည်းပဲ သုံးတော့ ဘာ Breakout မှ မဖြစ်တော့လို့ပါ)

❌ သူက အဆီပါတာရော Glow effect လည်းပါတာမို့ Oily & Super Oily သမားတွေအတွက်တော့ မသင့်တော်ဘူးပဲ ပြောလိုပါတယ်။ (အရမ်း သုံးချင်ရင်တော့ အေးတဲ့ ဆောင်းတွင်းလိုမှာ ပြေနိုင်ပါတယ်။ နွေဘက်က မသုံးသင့်ပါဘူးနော်)

✅ Dry သမားတွေ အတွက်တော့ ဘယ်ရာသီပဲဖြစ်ဖြစ် အတော်လေးကို Hydration ပါပေးနိုင်လို့ အသင့်တော်ဆုံးဖြစ်ပြီး Normal & Combo သမားတွေအတွက်လည်း သုံးလို့ အဆင်ပြေပါတယ်။ (နေအရမ်းပူတဲ့ နေ့တွေတော့ အခန့်မသင့်ရင် ချွေးပြန် အဆီပေါက်ပိတ် Breakout ဖြစ်မှာစိုးလို့ ဖြစ်နိုင်ရင် အဲ့အချိန် ရှောင်ဖို့ Recommend ပေးလိုပါတယ်)

ပန်ဝယ်ထားတာက Shade 3 Light/Medium ပါနော်။ သူက ဟိုလို Whitening မပါတာမို့ အရောင်နည်းနည်းလွဲလည်း Korea Cushion တွေလို အရမ်းကြီး Skin Tone မလွဲတာမို့ စိတ်ပူစရာ သိပ်မလိုပါဘူး။ ပန့်အမြင်အရတော့လေ အရောင်က
- အသားဖြူရင် Fair or Light
- အသားလတ်ရင် Light/Medium (ပန့်ဟာလေးပါ Review လည်း အတော်များပါတယ်)
- အသားညိုရင် Tan ဆို ပြေနိုင်မယ်ထင်ပါတယ်

Hope this help u guys 💕 Happy Thingyan pr nor

ဟီး နည်းနည်းတော့ နောက်ကျနေပေမယ့်လေ ပန်အခုတလော သုံးဖြစ်နေတဲ့ Body Care လေး အရမ်း သိသာလို့ Sharing လုပ်ပေးတာပါ။ပန်က အသားအစ...
09/04/2023

ဟီး နည်းနည်းတော့ နောက်ကျနေပေမယ့်လေ ပန်အခုတလော သုံးဖြစ်နေတဲ့ Body Care လေး အရမ်း သိသာလို့ Sharing လုပ်ပေးတာပါ။

ပန်က အသားအစတည်းက လတ်ပေမယ့် ဖြူတာကြိုက်တာမို့ အစက Snail White Lotion (Bkk Made) အစစ်ကို သုံးနေပေမယ့် မသိသာတာနဲ့ အားလုံးလည်း သိကြတဲ့ Boost လေးနဲ့ တွဲ လူးတာမှာ အပြင်တွေထွက်နေလည်း မမည်းသွားတဲ့အပြင် အသားက အုတတ်လာတာ သိသာပါတယ်။ အရင်ဆို ပန့်လက်နဲ့ ပေါင် အသားက ကွာပေမယ့် အခု ပုံထဲမှာ ဘာ Whitening ရော Brightness ရော မပါတာတောင်မှ လက်မောင်း အသားက ပေါင်လောက်ကို အရောင်ပြန်တတ်နေတာပါ။

အာ့ကြောင့် အသားဖြူတာ သိသာချင်တယ်ဆိုရင် Namu Snail White နဲ့ Boost Lotion လေးကို တွဲသုံးကြည့်ကြဖို့ ညွှန်းချင်ပါတယ်။ (Vaseline ကတော့ တချို့တွေ ဖြစ်သလိုပဲ လက်က အမွှေးတွေရှည်တာမို့ ပန်က တွဲမသုံးတာပါ။ Vaseline နဲ့ တွဲသုံးချင်လည်း ရပါတယ်)

P.S - Snail ကလေ၂မျိုးလာတာမို့ Spfပါတာကို နေ့ခင်းပဲ သုံးပြီး Spf မပါတဲ့ ဟာကို ညဘက်သုံးပေးပါနော်။

Lotion ဘူးတွေအလည်က Ustar ဆိုတာ Sunscreen အထုပ်လေးပါ။ လူးရတာအေးပြီး White Cast လိုအဖြူတွေလည်း မဖြစ်ပဲ အသားထဲ စိမ့်ဝင်သွားတာမို့ နေ့ခင်းဘက် အလုပ်သွား အပြင်သွားရင် လူးဖြသ်ပါတယ်။ အထုပ်လေးမို့ ခရီးသွားရင်လည်း ဆောင်သွားလို့ အဆင်ပြေတယ်။ ဈေးကလည်း ၃ထောင် ဝန်းကျင်ပဲမို့ အဲ့တာလေးပါ စမ်းချင်စမ်းကြည့်ကြဖို့ ညွှန်းချင်ပါတယ်နော်

နေပူလို့ ရေများများသောက်ပြီး ဦးထုပ်၊ ထီးပါမှ အပြင်ထွက်ကြပါနော်။ အားလုံးပဲ Happy Thingyan ပါနော် 💕☘️

ပန်အခုတလော သုံးနေတဲ့ Hyggeeရဲ့ pH Hyaluron Gel Cleanserလေး အရမ်းအဆင်ပြေလို့  ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်တာမို့ အခုနိုးနိုး...
11/02/2023

ပန်အခုတလော သုံးနေတဲ့ Hyggeeရဲ့ pH Hyaluron Gel Cleanserလေး အရမ်းအဆင်ပြေလို့ ရေးမယ် ရေးမယ်နဲ့ မရေးဖြစ်တာမို့ အခုနိုးနိုးချင်းမျက်နာသစ်ခါနီး ပုံရိုက်ပြီး ရေးလိုက်တာပါ။

Gel Cleanser ဖြစ်တာမို့ မျက်နှာသစ်တွေထဲမှာ အနူးညံ့ဆုံးနဲ့ မျက်နှာကို Stripping ဖြစ်စေသလို အစိုဓာတ်အမျာရဆုံးပေးနိုင်တဲ့ အမျိုးအစားပေါ့နော်။ သူက Hyaluronic Acid ၈မျိုးနဲ့ Vegetable Oil ၆ခုကို အခြေခံထုတ်ထားလို့ Skin Barrier ကောင်းစေပြီး အစိုဓာတ်အများကြီး ပေးနိုင်တာမို့ Dry Skin တွေအတွပ် အထူးသင့်လျော်ပါတယ်။ အနံ့လည်း မရှိတာမို့ Sensitive Skin သမားတွေပါ စိတ်ချလက်ချ သုံးလို့ရတယ်ပေါ့နော်။

ပန့်အတွက် ဘာကောင်းလည်းဆို
📌 အဆီဖုတွေ ဝက်ခြံတွေကို သက်သာစေတယ်။ (ပန်က အခုတလော အရင်လို အများကြီး မရှိတော့ပေမယ့် နေပူရင် အဆီဖုက ပြန်ထွက်ပါသေးတယ်)

📌 Hyaluronic Acid တွေရော Vegetable Oil တွေအပြင် Ceramide ပါ ပါတာမို့ Skin Barrier ကောင်းလာဖို့ အတော်လေး အထောက်အကူပေးတယ်။ သူသ့ကို စသုံးတည်းက အရင်ထက် Break out ဖြစ်တာ နည်းလာတယ်လို့ ခံစားရတာမို့ Skin Barrier ပျက်စီးနေတဲ့သူတွေကို စမ်းသုံးဖို့ အကြံပေးလိုပါတယ်

📌 Mild ဖြစ်ပေမယ့် မိတ်ကပ်အထူလိမ်းရင်တောင် Deep Cleansing ဖြစ်စေတဲ့ အချက်လေးလည်း သဘောကြပါတယ်

📌 သူ့ရဲ့အားသာချက်က မျက်နှာ အရေပြားpH Balance ဖြစ်ပြီး အစိုဓာတ် ထိန်းထားအောင် လုပ်ပေးတာမို့ အခုတလော ရာသီဥတုလို အေးလိုက် ပူလိုက်ဖြစ်နေတဲ့အခါမျိုး ကိုယ့်မျက်နှာ အသားအရေ pH Balance ပရမ်းပတာမဖြစ်အောင်အတွက် ထိန်းသိမ်းပေးတာကြောင့် သုံးဖို့ ပိုပြီးသင့်လျော်ပါတယ်

📌 သူက Gel Type ပေမယ့် အမြုပ်လုံးဝမထတဲ့ အမျိုးအစား မဟုတ်လို့ မျက်နှာသစ်ဆို အမြုပ်လေးထမှကြိုက်တဲ့သူတွေအတွက်ပါ အဆင်ပြေမှာပါ

ပန်ကတော့ ဒါလေးစသုံးတည်းက တခြား Cleanser မကိုင်ဖြစ်တော့တာမို့ မျက်နှာသစ်ဆေး ကောင်းတာလေး ရှာနေတဲ့သူတွေပါ စမ်းကြည့်ကြဖို့ ညွှန်းလိုပါတယ်
EOS K - beauty shop ကနေ မြန်မာပြည်ကို Official သွင်းနေတာမို့ အဲ့ကနေမှာလို့ရသလို ကျန်တဲ့ ယုံကြည်ရတဲ့ Page တွေကနေလည်း ဝယ်လို့ရမှာပါရှင့်
🍀🥰

မအားတာကြောင့် အရင်လို အရမ်း Active မဖြစ်ပေးနိုင်ပေမယ့် အမေးအများဆုံး မေးခွန်းတွေကို ပန်သိသလောက်လေး ပြောပြပေးပါမယ်။ (ထပ်သ...
13/01/2023

မအားတာကြောင့် အရင်လို အရမ်း Active မဖြစ်ပေးနိုင်ပေမယ့် အမေးအများဆုံး မေးခွန်းတွေကို ပန်သိသလောက်လေး ပြောပြပေးပါမယ်။ (ထပ်သိချင်တာရှိရက်လည်း ကွန်းမန့်ရေးပေးပါ။ ပန် အားတာနဲ့ဖြေပေးပါ့မယ်)

📌 သုံးနေကြ Skincare တွေ သုံးရင်းနဲ့ ဝက်ခြံထလာတယ်။ အဆင်မပြေတော့တာ ဘာလို့လည်း
🙋🏻‍♀️ ကိုယ်နေထိုင်ရာ ရာသီဥတု ၊ အစားအသောက် အနေအထိုင်နဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်ပါ။ ဖြစ်နိုင်ရင်တော့ Face Wash ကို ရာသီတိုင်း တမျိုးပဲ စွဲသုံးလို့ရပေမယ့် ကိုယ်သုံးနေတဲ့ တိုနာနဲ့ Moisturizer က Everyday Use လိုမျိုး ပေါ့ပေါ့ပါးပါးမဟုတ်ပဲ Rice Toner တို့လို တခုခုကို အထူးပြုလုပ်ထားရင် ရာသီဥတုအရပြောင်းသုံးလို့ ရအောင် ၂မျိုးလောက်ထားသင့်ပါတယ်။ Serum ဆိုရင်လည်း ဝက်ခြံသမားတွေအတွက် Calming ပေးနိုင်တဲ့ Serum မဟုတ်ပဲ တခြားသော whitening, anti-aging စတာတွေကို ရည်ရွယ်ထားတာတွေဆို မဖြစ်မနေကို ပြောင်းသုံးသင့်ပါတယ်။ ဘာလို့လည်းဆို ရာသီဥတု ပတ်ဝန်းကျင်ကြောင့် Skin Type မသိမသာ ပြောင်းစေနိုင်လို့ပါ
(ဥပမာ ပန်ဆိုရင် ပုံမှန်က Acne Prone Normal Skin ဖြစ်နေပေမယ့် ရာသီဥတု အကူးအပြောင်းတွေ နေပူတဲ့နေ့တွေ အပြင်ကို တနေကုန်ထွက်ရရင် အဆီထွက်တာများပြီး Combination Skin ပုံစံဖြစ်ချင်တာမို့ အဲ့လိုနေ့တွေဆိုရင် တိုနာကနေစပြီး Sunscreen အထိ Lightweight ဖြစ်ပြီး အဆီမထွက်တဲ့ SKINCARE တွေပဲ သုံးပါတယ်။ မဟုတ်ရင် ညနေရောက်တာနဲ့ အဆီဖု အခန့်မသင့်ရင်ထလို့ပါ)

📌 Skin Type က အမြဲ ဒီလိုပဲလား ပြောင်းနိုင်လား
🙋🏻‍♀️ အပေါ်မှာပြောသလိုပဲ ရာသီဥတု အနေအထနုင် အစားအသောက်ကြောင့်တင်မဟုတ်ပဲ မိမိတို့ သုံးစွဲနေတဲ့ Skincare တွေကြောင့်လည်း Skin Type ဟာ ၆လကနေ ၁နှစ်အတွင်း ပြောင်းသွားတာဖြစ်နိုင်ပါတယ်
(ဥပမာ ပန်အရင်က Skincare မလုပ်ပဲ နေချင်သလို နေတုန်းက နဂို Combination Skin ပါ။ နောက်ပိုင်း စွတ်ပြီး Glow ချင်တာနဲ့ အဆီများတာတွေ သုံးရင်းနဲ့ Oily ဖြစ်သွားပြီး ကိုရီးယားမှာ အေးတာရော ပန့် Skin Barrier တအားကောင်းလာတာရောကြောင့် အခုတော့ Normal Skin ဖြစ်သွားပါပြီ)

📌 Skincare လုပ်ချင်တယ် ဘာသုံးရမှန်းမသိဘူး
🙋🏻‍♀️ မိမိ တတ်နိုင်တဲ့ဈေးလေးနဲ့ မိမိမှာ ဖြစ်နေတဲ့ Skin ပြသနာတွေဖြစ်တဲ့ (အမာရွတ်၊ ဝက်ခြံ၊ အမဲစက်၊ မျက်နှာဖြူချင်……) စတာတွေထဲက အဆိုးဆုံးထင်ရတဲ့ ပြသနာကို ဖြေရှင်းနိုင်မယ့် Product ကစသုံးပါ။ ပန်ဆို ဝက်ခြံမထွက်ချင်တာ အဓိကမို့ Skin Barrier အားကောင်းလာပြီး ဝက်ခြံမထွက်စေတာပဲ အဓိက သုံးတာများပါတယ်။

📌 Skincare တွေက ဈေးများပြီး ဘာသုံးရမှန်းမသိဘူး
🙋🏻‍♀️ အခုက အရာရာ ဈေးတတ်နေတော့ ခက်ခဲတာနားလည်ပေမယ့် ဘာပဲဖြစ်ဖြစ် Basic Skincare ဖြစ်တဲ့ မက်ေနှာသစ်၊ တိုနာ၊ Moisturizer နဲ့ Sunscreen ကိုတော့ နည်းနည်းပဲဖြစ်ဖြစ် လူးဖို့ အကြံပြုလိုပါတယ်။ ကျန်တာဘာမှ မလူးချင်တောင် မျက်နှာသစ်ပြီးတာနဲ့ Moisturizer မဖြစ်မနေလူးဖို့ မှာလိုပါတယ်

📌 ဘယ် Products ကကောင်းမလည်းမသိဘူး
🙋🏻‍♀️ ဘုရားတွေလိုပါပဲ သူ့ဟာနဲ့သူ တန်ခိုးကြီးသလို Skincare တွေကလည်း သူ့ဟာနဲ့သူ ကောင်းကြပါတယ်။ ဒါပေမယ့် အခုလို MLMတွေ ပြန်ခေတ်ထနေတဲ့အချိန်မှာ အင်တာနက် Google မှာ Official Website ကနေ အကြောင်းအရာ ပြည့်ပြည့်စုံစုံရှာမရပဲ လူများကောင်းတယ် ပြောပြီး ရောင်းတာမသုံးမိစေဖို့တော့ အထူးတလည် မှာလိုပါတယ် (ဒီနေမှာ အင်တာနက်ဆိုတာ ဖေ့စဘုတ်ပေါ်မှာ ရှာဖို့ ပြောတာမဟုတ်တာ သတိချပ်ပါ)

📌 Skincare တွေသုံးသာ သုံးနေတာ မသိသာဘူး
🙋🏻‍♀️ Skincare တွေက ပါဝင်တဲ့ပစ္စည်းတွေဖြစ်တဲ့ Ingredient တွေရဲ့ အချိုးအစား Formula အရ တခုနဲ့တခု ရလဒ်က မြန်တာ ကြာတာဖြစ်နိုင်ပါတယ်။ အဲ့လိုပဲ မိမိရဲ့ Skin အနေအထား အထူ၊ အပါး စုပ်ယူနိုင်မှုအရလည်း ရလဒ်က ကွဲပြားနိုင်သလို တည့်တာ၊ မတည့်တာလည်းဖြစ်နိုင်ပါတယ်။ Every Skin is Unique in their Own Way ဖြစ်တာမို့လို့ တခြားသူတွေနဲ့ တည့်ပေမယ့် ကိုယ်နဲ့ မတည့်တာလည်းဖြစ်နိုင်သလို တခြားသူတွေနဲ့ မတည့်ပေမယ့် ကိုယ်နဲ့အဆင်ပြေတာလည်းဖြစ်နိုင်တာ သတိချပ်ပါ

📌 အခုအထိ အမေးအများဆုံးကတော့ Ordinary Niacinamide ကောင်းလားပါပဲ 😆🤣
🙋🏻‍♀️ Ordinary Niacinamide Serumက ကောင်းပါတယ် ဒါပေမယ့် သူ့ရဲ့ Formula အရ အသားခြောက်စေတာမို့ မြန်မာနိုင်ငံ ရာသီဥတုအနေအထားအရရော နေပူတာများလို့ သူတမျိုးတည်းထက်စာရင် ရေဓာတ်ဖြည့်ပေးတဲ့ Hyaluronic Serum တခုခုနဲ့ တွဲသုံးသင့်ပါတယ်။ Super Oily သမားလို မတရားအဆီပြန်တဲ့သူတွေတောင် ဆောင်းတွင်းလို အသားခြောက်တဲ့အချိန် သူတမျိုးတည်း မသုံးသင့်ပါဘူး။ ပြီးတော့ သူက အဆီဖု ဝက်ခြံတွေအတွက် အဓိက ဦးစားပေးထုတ်ထားတာမို့ ဝက်ခြံ အဆီဖုပြသနာမရှိရင် မသုံးတာပိုကောင်းတယ်လို့ အကြံပေးလိုပါတယ်

Hope this Q & A works 💕☘️

ဟိုနေ့က ပန် အရမ်းဝယ်ချင်နေတဲ့ Tiktok မှာလည်း အရောင်ထွက်ကောင်းတာရယ် blend ရလွယ်တာကြောင့် အတော်လေး ခေတ်စားပြီး ဆုတွေလည်း အ...
12/01/2023

ဟိုနေ့က ပန် အရမ်းဝယ်ချင်နေတဲ့ Tiktok မှာလည်း အရောင်ထွက်ကောင်းတာရယ် blend ရလွယ်တာကြောင့် အတော်လေး ခေတ်စားပြီး ဆုတွေလည်း အများကြီးရထားတဲ့ Selena ရဲ့ Rare Beauty Blusher ပါးနီလေး My day တင်ထားတာ Review လေးတွေ လာမေးလို့ ပန်အရင်တည်းက သုံးနေတဲ့ 3Ce Liquid Blush လေးတွေနဲ့ ယှဉ်ပြီး Sharing လေးလုပ်ပေးမယ်နော်

ပန်က ပါးနီ အရမ်းကြိုက်တဲ့သူမို့လို့ ပန့်မှာ 3CE ပါးနီ အရည်ထဲကဆို Velvet (အပျစ်)က ၁ရောင်ပဲ ရှိပေမယ့် Sheer (အရည်ကျဲ)ကတော့ အရောင်စုံရှိပါတယ်။ အဲ့ထဲကမှ Rare Beauty အရောင်နဲ့ ဆင်တာလေးကိုပဲ Swatches လုပ်ပြီး ယှဉ်ပြထားပါတယ်

Rare Beauty ကို ပန်ဝယ်ထားတာ Hope ပါ
3CE Velvet အရောင်က Ride for Me
3Ce Sheer ကတော့ Side Piece ပါ။ အကုန်လုံးကို ဘူးဖွင့်ပြီး တတို့စီ တို့ပြီး Blend လုပ်ပြထားတာပါ။

ပွင့်ပွင့်လင်းလင်းပြောရရင် 3ce Sheer အကျဲတွေ အများကြီး ရှိနေတာ ပိုကြိုက်လို့မဟုတ်ပဲ သူက Velvet အပျစ်ထက်စာရင် လူဝယ်နည်းတာမို့ Sales ချရင် ပိုပြီး % များများချလို့ အရောင်စုံရှိနေတာပါ။ ကိုယ်တိုင်ကတော့ Sheer ထက်စာရင် အပျစ်ဖြစ်တဲ့ Velvet ကို ပိုကြိုက်ပါတယ်။ အရောင်ထွက်လည်း ပိုလှပြီး အသားနဲ့ တထပ်တည်းပိုဖြစ်ပါတယ်။ Sheer က အရည်ကျဲဖြစ်လို့ အရောင်ထွက် ဖျော့သလို Blend လုပ်ရတာလည်း သိပ်မလွယ်ပါဘူး။ မခြောက်ခင် အမြန်မလုပ်ရင် အရောင်ကွက်တာမျိုးဖြစ်တတ်ပါတယ်။

ပုံထဲမှာမြင်တဲ့အတိုင်း Rare Beauty ကတော့ တစက်ပဲတို့ထားပေမယ့်လေ အရောင်ထွက် တအားကောင်းတဲ့အပြင် နည်းနည်းလေးလုပ်တာတောင် အများကြီး Blend လုပ်လို့ရတယ်ဆိုတာ အထူးပြောနေစရာတောင်မလိုဘူးနော် 🥺🥹

3CE velvet အပျစ်လေးကလည်း ပန်တအားကြိုက်လို့ ခဏခဏသုံးဖြစ်နေလို့ သိပ်မကျန်တော့တာမို့ ပါလာတာနည်းနေတာမို့ အရောင် သိပ်အများကြီး မထွက်တာပါ 🥺💕 နေရောင်ထဲ သူ့အရောင်လေးပြေးနေတာ တအားလှတာ။ သူကလေ ဒီတိုင်းသာ ပန်းရင့်လိုလို ငပိဖျော့လိုလေး သွားပေမယ့် မိတ်ကပ်နဲ့ဆို ပန်းရောင် လှလှလေးထွက်တာ ကိုရီးယားမှာပါ အဲ့အရောင်က Best Seller ပဲ

3ce Sheer အကျဲလေးလည်း မြင်တဲ့အတိုင်း သူ့ဟာနဲ့သူ အရောင်ထွက်လေးလှပါတယ်

Rare Beauty လေးက ဈေးယှဉ်လိုက်ရင်တော့ 3CE ထက်များတာပေါ့နော်။ အဲ့ ပိစိ 3.2ml လေးတောင် ၃သောင်းလောက်ကျတယ်ရော။ Sales ရှိရင် 3CE က ဘူးကြီးတောင် ဈေးက အဲ့ ဝန်းကျင်ပဲ ကျတော့ ပန့်လို Everyday Makeup လူးတဲ့ သူအတွက်တော့ 3CE က ပိုပြီး Budget ကိုက်တာပေါ့နော် 🥹😬

အဲ့တော့ Liquid Blusher ထဲကမှ ဘာဝယ်ရမလည်း ရွေးရခက်နေတဲ့ ပေပီလေးတွေ မမတွေအတွက် ဒီ Review လေးက အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ✨🥰

အားလုံးပဲ မင်္ဂလာပါ ပန် မနေ့ကမှ Santha Studio လေးမှာ ပထမဆုံးလုပ်ဖြစ်တဲ့ Hair Treatment လေးတခု အဆင်ပြေလို့ အားလုံးကိုပြော...
08/01/2023

အားလုံးပဲ မင်္ဂလာပါ ပန် မနေ့ကမှ Santha Studio လေးမှာ ပထမဆုံးလုပ်ဖြစ်တဲ့ Hair Treatment လေးတခု အဆင်ပြေလို့ အားလုံးကိုပြောပြပေးချင်လို့ပါ။

ပန့်ဆံပင်က အရောင်တွေချွတ် (Bleach 3 ခါလောက်) လုပ်ပြီး အရောင်မျိုးစုံကို ဆိုးထားတဲ့အပြင် အမဲပါအခုပြန်ဆိုးထားလို့ အရမ်းကို ဆံသားက ခြောက်ပြီး ညှိုဖွာနေတာမို့ မဖြစ်မနေ Treatment လေး လုပ်ဖို့ လိုတာမို့ လုပ်ဖြစ်ခဲ့တာပါ။ ပန်လုပ်ခဲ့တာကတော့ Laser Hair Treatment လို့ ခေါ်တဲ့ အမျိုးအစားလေးကို ဂျာမန်ဆေး Schwarzkopf နဲ့ လုပ်ခဲ့တာပါရှင့်။ သူကတော့ ပန်နားလည်သလောက် အလွယ်ပြောရရင် ရေနွေးငွေ့အမှုန်လေးတွေနဲ့ ဆံသားနဲ့ ဦးရေကို ပြန်လည် အားဖြည့်ပြီး အစိုဓာတ်ရအောင်လုပ်ပေးတဲ့ Hair Treatment ပုံစံပါ။ ပန့်ဆံပင်လိုမျိုး ဆိုးဆေးထိတာများပြီး ပျက်စီးနေတဲ့ ဆံသားတွေအတွက် အထူးသင့်တော်ပါတယ်နော်

Treatment လေးလုပ်တာ ဘယ်လိုဆိုတဲ့ပုံVideoလေးကို ပန် Comments မှာ တင်ပေးမယ်နော်။ Treatment လေးပြီးတာနဲ့လေ ဆံသားလေးတွေကို စိုအိပြောင်ပြီး ဖွာကျဲကြီးမဖြစ်တော့တာ တအားသိသာတယ်။ ပန့်ဆံပင်ကလေ ဒီတိုင်းပြံထဲသာ ကြည့်လှပေမယ့် အပြင်မှာ ဖွာပြီး မာတောင့်တောင့်ဖြစ်နေတာမို့ ဒီ Treatment လေးလုပ်ပြီးတဲ့အခါ ပြောင်းလဲသွားတာ အရမ်းသိသာတယ်ရော 🥺

ပြီးတော့ ပန်က အခုပုံထဲမှာ Blow Dry Setting လေးပဲ လုပ်ထားတာပါ။ ဆံသားက တအားထိထားတာမို့ ဆရာတွေက Perm ပေးမလုပ်သေးလို့ မလုပ်ခဲ့ရဘူး။ ဒါပေမယ့် အခု Laser Treatment လို Treatment လေးတွေ ၂/၃လ တခါလောက်လုပ်ပေးရင် ဆံသားက ၆လလောက်အတွင်း ပြန်ပြီးကောင်းလာနိုင်တာမို့ ပန့်လိုပဲ ဆံသားထိပြီး ဘာမှ လုပ်မရဖြစ်နေသူတွေ ဆံသား ပိုကောင်းချင်တဲ့သူတွေ ဆံပင်ကို အရမ်းမပျက်စီးစေပဲ ပိုကောင်းအောင် Treatment တခုခု လုပ်ချင်တဲ့ သူတွေအတွက် Santha Studio မှာ Laser Hair Treatment လေး လုပ်ဖို့ ပန်ကတော့ Recommend ပေးလိုပါတယ်။

📍Santha Studio ရဲ့ လိပ်သာလေးကတော့
ဘိုတထောင်မြို့နယ်၊ ဗိုလ်မြတ်ထွန်းလမ်းမကြီးပေါ်က ဗိုလ်မြတ်ထွန်းတာဝါရဲ့ မြေညီထပ် အမှတ် 16/G-02 ပဲဖြစ်ပါတယ်။

📌 page Link လေးကတော့
https://www.facebook.com/santhastudiomm?mibextid=LQQJ4d

ပန် အခုပြောမယ့် Topic လေးက လက်ခံတဲ့သူလည်း ရှိနိုင်သလို လက်မခံတဲ့သူတွေလည်း ရှိနိုင်ပါတယ်ရှင့် အာ့ကြောင့်မို့ အမြင်မတူရင်လ...
24/12/2022

ပန် အခုပြောမယ့် Topic လေးက လက်ခံတဲ့သူလည်း ရှိနိုင်သလို လက်မခံတဲ့သူတွေလည်း ရှိနိုင်ပါတယ်ရှင့် အာ့ကြောင့်မို့ အမြင်မတူရင်လည်း နားလည်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်

“Pretty Privilege” ဆိုတဲ့စကားလေးကို ကြားဖူးတဲ့သူ ကြားဖူးကြပေမယ့် မသိတဲ့ သူတွေလည်းရှိနိုင်ပါတယ်။ သူ့ရဲ့ဆိုလိုချင်တာကို အလွယ်ပြောရရင်

“အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် Physical ရုပ်ပိုင်းဆိုင်ရာ သန့်ပြန့်ပြီး ကြည့်ကောင်းတဲ့အခါ၊ လူပေါင်းဆံ့တဲ့အခါ တခုခုကို သင်လွယ် တတ်လွယ် နားလည်လွယ်တဲ့အခါ ကိုယ်နဲ့ Level တူတဲ့ တခြားလူထက် ပိုပြီး အရေးပေးဆက်ဆံခံရတာကို Pretty Privilege လို့ပြောချင်တာပါ”

ဥပမာ - အထူးသဖြင့် မိန်းကလေးတွေဆိုရင် ဘတ်စ်ကား တိုးစီးရင်းနဲ့ ကိုယ်က သပ်သပ် ရပ်ရပ်နဲ့ကြည့်ကောင်းနေရင် ထိုင်ခံနေရာလေး ဖယ်ပေးခံရတာတို့ 🙄🤭 ဈေးဝယ်ရင် အဆစ် ထည့်ပေးခံရတာတို့ အဲ့လိုမျိုးကြုံရတာပါ။ တခုခု ကျောင်း/ ရုံးမှာ ပွဲထုတ်ချင်ရင်လည်း ကိုယ့်ကို ထည့်တာမျိုးပေါ့နော်

ပန့်အနေနဲ့ကတော့ ကိုရီးယားမှာ ကျောင်းတတ်တည်းက ကိုရီးယားတွေက Personal Grooming အရမ်းကောင်းတာမို့ သူတို့လိုမျိုး အခုနောက်ပိုင်း ပိုပြီး သေချာလေး သပ်သပ်ရပ်ရပ်နေဖြစ်တည်းက Pretty Privilege ကို ခံစားမိလာပါတယ်။ ဘာပဲဖြစ်ဖြစ် ချောင်ထိုး ခံရတာထက် 😅 Favoritism ရတယ်ဆိုတာ ကောင်းတဲ့အရာပဲမို့ အမျိုးသား၊ အမျိုးသမီးတိုင်း ကိုယ် တတ်နိုင်တဲ့ ပမာဏလေးနဲ့ အတတ်နိုင်ဆုံး တကိုယ်ရည် သန့်ရှင်းမှုနဲ့ သပ်သပ်ရပ်ရပ်လေးနေကြပါလို့ အကြံပေးလိုပါတယ် 💕☘️

Merry Christmas to You All 🎄🎊

P.S - ဒီမှာပြောချင်တာက အများကြီး တကူးတကမိတ်ကပ်တွေဖို့နေဖို့ လုပ်နေဖို့မဟုတ်ပဲ ရေပုံမှန်ချိုးတာ၊ လက်သည်း ခြေသည်းတွေ အညစ်အကြေးမရှိအောငါ ဂရုစိူက်တာ၊ အဝတ်အစားဆိုလည်း ကိုယ်နဲ့ လိုက်ဖက်တာလေးတွေကို သပ်သပ်ရပ်ရပ် ဝတ်စားတာကို ပြောလိုတာပါနော် 🤍

Recent Haircuts& Haircare Update 💇‍♀️ပန်အခုတလော မအားတာနဲ့ ဘာ Update မှ မလုပ်ဖြစ်ပေမယ့် ပန့်ဆံပင်လေးပုံကြတယ် ညှပ်ထားတာ လှ...
22/12/2022

Recent Haircuts& Haircare Update 💇‍♀️

ပန်အခုတလော မအားတာနဲ့ ဘာ Update မှ မလုပ်ဖြစ်ပေမယ့် ပန့်ဆံပင်လေးပုံကြတယ် ညှပ်ထားတာ လှတယ်လို့ လာမေးကြလို့ ပန်လုပ်ဖြစ်တာလေးကို Sharing လုပ်ပေးတာပါ

ပန်ကိုရီးယားက ပြန်လာပြီး ဆံပင်တွေ Bleach ပြီး ကာလာစုံဆိုးပြီး အမည်းဆိုးလိုက်တော့ဆံပင်က တအားနာသွားပြီး အဖျားတွေ ညှိပြီး ရှုပ်နေတာမို့ မဖြစ်မနေ ၁လ/ ၁လခွဲတခါ ပုံသွင်းညှပ်ပါတယ်။ ပြန်လာတည်းက ပန့်သူငယ်ချင်း Hairstylist ကိုစိုင်းနဲ့ပဲ ညှပ်ဖြစ်ပါတယ်။ (ရှာရလွယ်အောင် Acc Link ထည့်ပေးထားပါတယ်)
https://www.facebook.com/seriously.man.3?mibextid=LQQJ4d

ဒီနေ့လည်းညှပ်ပြီး ပြန်လာတာပါ 😍🥰 ထိုင်နေတဲ့ပုံလေးက မညှပ်ခင်ပါ။ ခဲရောင်လေးနဲ့ကတော့ ပထမအခေါက်ညှပ်တုန်းက ပုံလေးပါ။ လိုချင်သလို ပုံလေးရတဲ့အပြင် အဖျားတွေ ညှိတာရှုပ်တာမရှိပဲ Fresh Healthy Look လေးရတာမို့ ပန်ကတော့ ညှပ်ပြီးတိုင်း သဘောကျမိသောပါပဲ

NARD brand လေးကတော့ ပန်အရင် ကိုရီးယား မှာ နေတည်းက Review ရေးပေးဖူးတဲ့ ပန့်ရဲ့ Holy grail Skincare လေးတွေဖြစ်တဲ့ Teatree Set လေး သုံးတည်းက အခုထိ သုံးဖြစ်နေတာပါ။ Nard Shampoo လေးတွေကို နောက်မှ ပန်အသေးစိတ်ရေးပေးမယ်နော်
သူ့ရဲ့ အဓိက သိသိသာသာကောင်းတာက
- ဗောက်ထတာ ဦးရေပြားခြောက်တာ ယားယံတာသက်သာစေတယ်
- ဆံပင်ကျွတ်တာ ညှိတာ သက်သာစေပြီး
- ဆံသားကို အစိုဓာတ်ရစေတာပါပဲ
- နောက်ဆုံးအနေနဲ့က ဆံပင်က ပုံသွင်းစရာမလိုပဲ သူ့ဟာနဲ့သူကို ပုံကြနေတာပါပဲ 🥹🤩🥳
(အာ့ကြောင့် ပန့်လောက် ဆံပင်ကို မျိုးစုံကလိတာတောင် အုံလိုက်မကျွတ်ပဲ ဆံပင်က ပုံကျနေတာ)

ပန်က Curtain Bang ဖြစ်တဲ့ ဘေးဘက်ကိုရော အရှေ့ကိုပါ ဆံမြိတ်လေးတွေ ညှပ်ထားတာမို့ ခေါင်းလျော်ပြီး မိတ်ကပ်လူးတိုင်း အောက်ကပုံထံကလို Self-Grip Roller ဆူးလိပ် အကြီးဆုံးလေးတွေနဲ့ ၁၅မိနစ်ကနေ မိနစ်၃၀လောက်အထိ ပုံသွင်းထားလေ့ရှိပါတယ်။ ပုံပိုကြပြီးလှချင်ရင် ဆူးလိပ်တွေ လိပ်ထားပြီး Dryerကို လေအေး mode နဲ့ မှုတ်ပြီး ပုံသွင်းပါတယ်။

ကျန်တာတော့ အထူးတလည် လုပ်လေ့မရှိတာမို့ ဒီမှာပဲ ရပ်လိုက်တော့မယ်နော် 🍀💕💇‍♀️

P.S ပန်က ဆံပင်ကို ၁/၂ရက်ခြား တခါတော့ လျော်လေ့ရှိပါတယ် မဟုတ်ရင် ဆံပင်က အဆီထွက်များတာရော ကျွတ်တာရောကြောင့်ပါ 🥺

Address

Daegu
38616

Telephone

+821027049542

Website

Alerts

Be the first to know and let us send you an email when Pan's Hacks posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pan's Hacks:

Videos

Share

Category


Other Video Creators in Daegu

Show All