Myanmar News Light

Myanmar News Light လွတ်လပ်၍ အမှီခိုကင်းသော အွန်လိုင်း?
(1)

02/09/2022
13/10/2021

National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၂ ရက်ထုတ်လွှင့်မှုများ Replay

ပြည်သူတော်လှန်ရေးစစ်သည်စစ်မြေပြင် စည်းမျဥ်းစည်းကမ်းများ.......!!!
12/10/2021

ပြည်သူတော်လှန်ရေးစစ်သည်
စစ်မြေပြင် စည်းမျဥ်းစည်းကမ်းများ.......!!!

11/10/2021

မုံရွာမြို့ မှာ ဒီမနက်ပိုင်းမှာ သပိတ်စစ်ကြောင်း မစတင်မှီ ပစ်ဖောက်ဖြိုခွင်းခံလိုက်ရပါတယ် အဆိုပါ ပစ်ဖောက်ဖြိုခွင်းခံရတာနဲ့ ပက်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မယ့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာ ဖမ်းဆီးခံရတာ မရှိဘူးလို့လဲ သိရပါတယ်။

စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူကို ကရင်နီဂျန်ဇီအထူးတပ်ဖွဲ့ဖမ်းဆီးမဇ္စျိမထွန်းထွန်းဝင်းဒီးမော့ဆိုမြို့နယ်အတွင်း စုံစမ...
02/10/2021

စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူကို ကရင်နီဂျန်ဇီအထူးတပ်ဖွဲ့ဖမ်းဆီး

မဇ္စျိမ
ထွန်းထွန်းဝင်း

ဒီးမော့ဆိုမြို့နယ်အတွင်း စုံစမ်းထောက်လှမ်းမှုများလုပ်သည်ဟု သင်္ကာမကင်းဖြစ်စရာရှိသော စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်အဆင့်ရှိသူတစ်ဦးကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့က ယနေ့ညနေပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း မဇ္ဈိမကိုပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့ ၊ဘုရားဖြူရပ်ကွက်ရှိ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း အဆရ(၁၀) မှာ အသက် ၃၇ အရွယ်ရှိ ဒုတပ်ကြပ် သိန်းဇော်ကို ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာအနီး စုံစမ်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ဂိတ်မှာ မင်္သကာလို့ သူကိုဖမ်းပြီး စစ်တာ အဲမှာ သူကိုမိတာ။ ဒလန်လာလုပ်တာနေမယ်။ အိတ်ထဲမှာသူ ယူနီဖောင်း နဲ့ ဖုန်းတွေ့တယ်။ အဆရ (၁၀) တပ်ရင်းကလို့ပြောတယ်။ ထပ်မေးတော့ လွိုင်ကော်အခြေစိုက် ဒကစ တပ်ကနေ့ ထွက်ပြေးလာတာလို့ပြောတယ်။ သူက ဖမ်းမိပြီး စစ်တော့မှာ ဖြေတာ ။ သူအလိုလိုဖြေတာမဟုတ်ဘူး “ ဟု သိန်းဇော်ကို Karenni Generation Z. (KGZ) အထူးတပ်ဖွဲ့ က မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးရမိသည့် ဒုတပ်ကြပ်သိန်းဇော်ကို စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေသည်။ယနေ့မနက်ပိုင်းအချိန်ကလည်း ကုန်းသာကျေးရွာ နဲ့ သေးဆူလဲကကျေးရွာ ကြားတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်း နင်းမိကြောင့် အသက် ၄၀အရွယ် မဌေးဌေးဆိုသည့်အမျိုးသမီးတဦး ညာဘက်ခြေထောက်ပြတ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

02/10/2021

အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်နဲ့ တွေ့ဆုံဆွေးနွေးထားတာကို နားဆင်ကြရမှာဖြစ်ပါတယ်။


02/10/2021

Breaking News
အောက်တိုဘာ ၂ ရက် ယနေ့ ညနေ ၃ နာရီကျော်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်တော်သာရပ်ကွက်၌ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းမှုကြောင့် ပစ်ခတ်မှုများ ဖြစ်ပွားကာ လူသေဆုံးတာတွေရှိနေတယ်လို့ ကနဦး သတင်းရရှိသည်။
အဆိုပါဖြစ်စဥ်နှင့် ပက်သက်၍ သတင်းအပြည့်အစုံကို ဆက်လက်ဖော်ပြမည်ဖြစ်ပြီး ယခုလက်ရှိ ပေ ၈၀ လမ်းရှိ မေတ္တာဦးဆေးရုံကို ဝိုင်းထားကြောင်း သတင်းရရှိသည်။

Send a message to learn more

02/10/2021

National Unity Government (NUG)၏ PVTV Channel မှ ထုတ်လွှင့်မှုများကို ပြန်လည်ထုတ်လွှင့်ရင်း စစ်ကိုင်းဒေသကြီးအတွင်းက သတင်းအတိုများ စုစည်းတင်ချက်ပေးလျှက်ရှိပါတယ်။

01/10/2021

National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၁ခုနှစ် စက်တင်ဘာလ ၂၉ ရက်ထုတ်လွှင့်မှုများ ပြန်လည်ထုတ်လွှင့်မှု

30/09/2021

National Unity Government (NUG)၏ PVTV Channel မှ စက်တင်ဘာလ ၂၉ ရက်ထုတ်လွှင့်မှုများ ပြန်လည်ထုတ်လွှင့်မှု

29/09/2021

တိုင်းရင်းသားညီနောင် အင်အားစုတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်သားတွေနဲ့ ပြည်သူလူထုတို့ရဲ့ အရှိန်အဟုန်မြင့်လာသော တိုက်ပွဲသတင်းတွေကို စုစည်းတင်ဆက်ပေးထားတာကို နားဆင်ကြရမှာဖြစ်ပါတယ်။

တိုက်ပွဲသတင်း ထုတ်ပြန်ချက်______________________________စက်တင်ဘာလ (၂၉) ရက်၊ ၂၀၂၁ ခုနှစ်ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ချ...
29/09/2021

တိုက်ပွဲသတင်း ထုတ်ပြန်ချက်
______________________________
စက်တင်ဘာလ (၂၉) ရက်၊ ၂၀၂၁ ခုနှစ်

ယနေ့ စက်တင်ဘာလ (၂၉) ရက်နေ့တွင် ချင်းတွင်းမြစ်ရိုးတလျှောက် ဆန်တက်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ရေယာဉ်အား ကျွန်ုပ်တို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) နှင့် ကနီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း၍ ခုခံစစ် ဆင်နွှဲခဲ့ရာ အကြမ်းဖက် စစ်ကောင်စီဘက်မှ နှစ်ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး မိမိတို့ဘက်မှ ထိခိုက်မှု တစ်စုံတရာ မရှိခဲ့ကြောင်း ပြည်သူများအား အသိပေးအပ်ပါသည်။

ကျွန်ုပ်တို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) သည် မုံရွာမြို့အတွင်း ပြောက်ကျား တိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံမဟာမိတ် ကာကွယ်ရေး တပ်ဖွဲ့များနှင့် ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲလျက်ရှိပြီး၊ မိမိတို့၏ရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် အကြမ်းဖက် စစ်ကောင်စီ အလုံးစုံပျက်သုဉ်းရေး၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် ပေါ်ပေါက်ရေးတို့အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

“စစ်ကိုင်းတိုင်းဒေသကြီးအား အကြမ်းဖက်စစ်ကောင်စီမှ မြူတမှုန်စာမျှပင် အုပ်ချုပ်ခွင့်မရစေရ’’

မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF)
ဆက်သွယ်ရန် - [email protected]

Breaking Newsမုံရွာမြို့၊ အရှေ့လယ်တီ၊ သပြေလမ်းအနီး ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က လူတစ်ဦး သေနတ်နှင့်  ပစ်သတ်ခံရကြောင်း မ...
29/09/2021

Breaking News

မုံရွာမြို့၊ အရှေ့လယ်တီ၊ သပြေလမ်းအနီး ယနေ့ ညနေ ၄ နာရီခွဲအချိန်ခန့်က လူတစ်ဦး သေနတ်နှင့် ပစ်သတ်ခံရကြောင်း မြေပြင်သတင်းစဥ်တွင် ရေးသားဖော်ပြထားသည်။

သေဆုံးသူမှာ ဘယ်သူဖြစ်ကြောင်း မသိရသေးပဲ စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးဖြစ်ကြောင်း ကနဦးသိရသည်။ အဆိုပါ နေရာအနီးတွင် လွန်ခဲ့သော ၆ လခန့်က မုံရွာလူထု သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား ကားနှင့်တိုက်၍ ဖမ်းဆီးခဲ့သည်။

29/09/2021

အိန္ဒိယနိုင်ငံက လယ်သမားတွေဟာ အစိုးရချမှတ်တဲ့ ပြုပြင်ပြောင်းလဲရေးကို ဆန့်ကျင်ပြီး စက်တင်ဘာ ၂၇ ရက်က ပြည်လုံးကျွတ် ဆန္ဒပြခဲ့ပါတယ်။

စိုက်ပျိုးရေးကဏ္ဍကို လွတ်လပ်ခွင့်ပေးတဲ့ ဥပဒေတွေကို စတင်ကျင့်သုံးပြီး တနှစ်အကြာမှာ ပြုပြင်ပြောင်းလဲရေးဟာ သူတို့ရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်နေတယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

လယ်သမားသမဂ္ဂ ခေါင်းဆောင်တွေကတော့ သူတို့ရဲ့ ဆန္ဒပြပွဲတွေဟာ အရေးပေါ်ဌာနတွေကို အနှောင့်အယှက်မပေးဘူးလို့ ပြောကြပါတယ်။

မနှစ်က စက်တင်ဘာမှာ စတင်ကျင့်သုံးတဲ့ ဥပဒေတွေဟာ စိုက်ပျိုးရေးကဏ္ဍ စည်းမျဉ်းတွေကို ဖြေလျှော့ပေးထားတာပါ။

လယ်သမားတွေဟာ အစိုးရက ကြပ်မတ်ထားတဲ့ လက်ကားဈေးကွက်တွေကို ကျော်လွန်ပြီး ဝယ်သူတွေကို သူတို့ရဲ့ထုတ်ကုန်တွေ တိုက်ရိုက်ရောင်းချဖို့ ခွင့်ပြုထားပေမဲ့ အသေးစား လယ်သမားတွေကတော့ ဒီအပြောင်းအလဲကြောင့် သူတို့ဟာ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ မယှဉ်ပြိုင်နိုင်ဘူးလို့ ပြောပါတယ်။

ဒါကြောင့် ဂျုံနဲ့ ဆန်လို ထုတ်ကုန်တွေအတွက် နောက်ဆုံးမှာ ဈေးမပြိုင်နိုင်တော့ဘူးလို့ အသေးစား လယ်သမားတွေက ပြောပါတယ်။

အစိုးရကတော့ သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေးဟာ လယ်သမားတွေအတွက် အခွင့်အရေးသစ်နဲ့ ပိုကောင်းတဲ့ ဈေးနှုန်းတွေ ရစေဖို့ ရည်မှန်းထားတာလို့ ပြောပါတယ်။

လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်ရှိတဲ့ အိန္ဒိယမှာ လယ်ယာကဏ္ဍမှာ လူတဝက်လောက် လုပ်ကိုင်နေတာပါ။ တိုင်းပြည်စီးပွားရေး အမေရိကန် ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံရဲ့ ၁၅ ရာခိုင်နှုန်းကို လယ်ယာကဏ္ဍကနေ ရပါတယ်။

ထိုင်းနိုင်ငံ အယုဒ္ဓယတွင် စက်လှေမှောက်ပြီး လူ ၂ ဦးပျောက်ဆုံးနေထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုနောက်ဆက်တွဲအဖြစ် စက်တင်ဘာ ...
29/09/2021

ထိုင်းနိုင်ငံ အယုဒ္ဓယတွင် စက်လှေမှောက်ပြီး လူ ၂ ဦးပျောက်ဆုံးနေ

ထိုင်းနိုင်ငံမှာ ရေကြီးရေလျှံမှုနောက်ဆက်တွဲအဖြစ် စက်တင်ဘာ ၂၉ က ထိုင်းအလယ်ပိုင်း အယုဒ္ဓယမြို့နယ်ထဲမှာ ကုန်တင်လှေကိုဆွဲတဲ့ စက်လှေတစ်စီး တိမ်းမှောက်သွားပြီး လူ ၂ ဦးပျောက်ဆုံးနေပါတယ်။

ဒီမနက် ၁၀ နာရီခွဲလောက်က အယုဒ္ဓယမြို့နယ် ကမန်းအုပ်စုအပိုင်းရှိ ပါဆပ်မြစ်ထဲမှာ ကုန်တင်လှေ ၁ စီးကို စက်လှေ ၅ စီးက ဆွဲလာခဲ့ကြောင်း ၊ မဲနန်ချောင်ဖရာမြစ်ဆုံနားရောက်တော့ ရှေ့ဆုံးကနေ ဆွဲနေတဲ့ စက်လှေတစ်စီးက စက်ချို့ယွင်းသလိုဖြစ်ပြီး မူမမှန်လို့ ဖုံးနဲ့ဗွီဒီယို ရိုက်လိုက်စဉ် သူ့ရှေ့မှာဘဲ စက်လှေမှောက်ပြီး နစ်မြှုပ်သွားတာလို့ ကမ်းခြေရှိမျက်မြင်တစ်ဦးက သတင်းထောက်ကို ပြောပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်အကူအညီတောင်းခဲ့ကြောင်း ၊ ခဏအကြာ ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပြီး စက်လှေပေါ်ပါသွားသူတွေကို လိုက်လံရှာဖွေနေကြတယ်လို့ မျက်မြင်က ပြောပါတယ်။

နစ်မြုပ်သွားတဲ့ စက်လှေထဲမှာ လှေခုတ်မောင်းသူ နိုင်းဆုမ်ချိုင်းထာရကွန်း ( ၆၂ ) နှစ်နဲ့ ဇနီးဖြစ်သူ နန်းနရစ်မွန်းတို့ နှစ်ဦးပါသွားပြီး ရေစီးလည်းအလွန်သန်တာကြောင့် ခဲယဉ်းစွာ ရှာဖွေကယ်ဆယ်နေရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ထိုင်းစံတော်ချိန် ညနေ ၃ နာရီထိ ပျောက်ဆုံးနေသူတွေကို ရှာလို့မတွေ့သေးပါဘူး ။

နမခတပ်အတွင်းမှ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို စိုင်ပြင်မြို့နယ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဒီပဲယင်းအခြေစိုက် ဂဠ...
29/09/2021

နမခတပ်အတွင်းမှ ထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို စိုင်ပြင်မြို့နယ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်နှင့်မဟာမိတ်စုပေါင်းအဖွဲ့မှ လက်ချက်ဟုဆို

စက်တင်ဘာ၂၉၊RNA

စစ်ကိုင်းတိုင်းဒေသကြီး၊စိုင်ပြင်မြို့နယ် လက်ပံကျကျေးရွာအနီးမှာ နမခစစ်တပ်မှထွက်ခွာလာသော စစ်ကောင်စီယာဥ်တန်းကို ဒီပဲယင်းအခြေစိုက် ဂဠန်တပ်တော်နှင့်မစာမိတ်စု​​ပေါင်းအဖွဲ့များမှ မနေ့ကစက်တင်ဘာ၂၈ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဒီပဲယင်းသို့ထွက်ခွာလာသည့် စစ်ကောင်စီယာဥ်တန်းကို သုံးနေရာခွဲ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

ပထမအကြိမ် ဘုတလင်မြို့နှင့် စိုင်ပြင်ကျေးရွာကြားတွင် တစ်ကြိမ်၊ဆည်ရေလွဲမြောင်းဘောင်တွင်တစ်ကြိမ်၊စစ်ကောင်စီတပ်ဖွဲ့များအပြန် မြို့မြောက်ဘက်တွင်တစ်ကြိမ် စုစုပေါင်းသုံးကြိမ်တိတိ စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့တယ်လို့ သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် လမ်းပေါ်တွေ့ရှိသူများကိုဖမ်းဆီး၍ စစ်ကောင်စီဘက်မှာ အထိအခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ခံရမှုကို ဂဠုန်တပ်တော်ရဲ့ လူမှု့ကွန်ယက်စာမျက်နှာမှာ တိုက်ခိုက်မှုများကို အောက်ပါအတိုင်းဖော်ပြရေးသားထားပါတယ်။

"စက်တင်ဘာလ ၂၈ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်တွင် ဘုတလင်မြို့မှ ရေဦးမြို့သို့ ထွက်ခွာလာသော ဖက်ဆစ်စစ်တပ်၏ ယာဥ်တန်းအား လက်ပံကျေးရွာမြောက်ဘက်တွက် တကြိမ်၊ ဆည်ရေလွှဲမြောင်းဘောင်တွင်တကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ကားတစီး လုံးဝပျက်စီး၍ စုစုပေါင်း လေးစီးထိခိုက်မှုရှိသည်။

ထို့နောက်တဖန် စိုင်ပြင်ကြီးမြို့မြောက်ဘက်သို့ ထွက်လာသောရှေ့ပြေးယာဥ်တစီးကို မြို့ပြင်မူးဘောင်ထိပ်တွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့မှ မိုင်းခွဲတိုက်ခိုက်မှုကြောင့် စိုင်ပြင်မြို့မှ မထွက်နိုင်ဘဲ မြို့တွင်းပြည်သူများအား ဖမ်းဆီးထားပြီးနေပူပြင်၌ဒူးထောက်လက်မြှောက်ခိုင်းခြင်း၊ ကားကြီးတစ်စီးပေါ်သို့တင်ဆောင်၍ လူသားဒိုင်းအဖြစ် အကာအကွယ်ပြုနိုင်ရန် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ထို့အတူ မြို့မြောက်ဘက်သို့ ခြေလျင်တပ်သားများစေလွှတ်၍ ​လယ်ကွင်းများ၊ ခြုံနွယ်များကြား ဖွေရှာမှုများပြုလုပ်နေကြောင်း သတင်းရရှိခဲ့သည်။ ထို့ကြောင့် မည်သည့်တိုက်ခိုက်မှုမျှမပြုလုပ်ဘဲ ဂဠုန်တပ်များအား လျှို့ဝှက်ဆုတ်ခွာစေပြီး ၎င်းတို့ထွက်ခွာသည်အထိ စောင့်ဆိုင်းစေခဲ့သည်။

ညနေ ၃နာရီ ၃၅မိနစ်တွင် ပြည်သူတချို့တင်ဆောင်လာသော ကားတစီးကို ရှေ့ဆုံးထား၍ နောက်မှအမျိုးအစားမတူသော အိမ်စီးကားများ၊ စစ်သုံးယာဥ်ငယ်များညှပ်၍ ပထမအသုတ်ကားတန်းကို ခါးလည်ပိုင်းမှ မိုင်းခွဲခြောက်လှန့်ခဲ့ပြီး ထိခိုက်မှု အနည်းငယ်သာ ဖြစ်ပေါ်စေခဲ့သည်။

နောက်ဆုံးယာဥ်တန်းဖြစ်သော နောက်ချန်အင်အား ကားသုံးစီးကို ၆နာရီ ၃၀မိနစ်တွင် ထပ်မံဖောက်ခွဲခဲ့ရာ ၎င်းတို့၏ 4×4 အဖြူရောင်တစီးနှင့်အတူ ကားနောက်ပိုင်းထိုင် တပ်သားများ ပြင်းထန်ဒဏ်ရာရှိရှိခဲ့သည်။

ထို့နောက် အင်အားတချို့နှင့်အတူ အတန်ကြာမထွက်ခွာနိုင်ဘဲ ည ၇ နာရီ ၁၀ မိနစ်မှသာ ဒီပဲယင်းစခန်း၊ ထို့နောက် စခန်းတွင်းတပ်သားများနှင့်လဲလှယ်၍ ရေဦးမြို့သို့ ၈ နာရီ ၂၀မိနစ်တွင် ထွက်ခွာသွားကြသည်။ လမ်းခရီးတွင် နယ်မြေခံစခန်းအသီးသီးမှ ကားများနှင့်လဲလှယ်အသုံးပြုခြင်း၊ ပြည်သူပိုင်ကားများအသုံးပြုခြင်းတို့အား အချိန်နှင့်တပြေးညီ သတင်းရရှိခဲ့သည်"လို့ ထုတ်ပြန်ကြေညာလိုက်ပါသည်။

မုံရွာမြို့ ဆစ်ခ်ဘုရားကျောင်းအနီးက စည်ပင်သာယာရုံးဗုံးပေါက်ကွဲ စက်တင်ဘာ၂၉၊RNAစစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ဗိုလ်ချုပ...
29/09/2021

မုံရွာမြို့ ဆစ်ခ်ဘုရားကျောင်းအနီးက စည်ပင်သာယာရုံးဗုံးပေါက်ကွဲ

စက်တင်ဘာ၂၉၊RNA

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ဗိုလ်ချုပ်လမ်းနှင့် ဆစ်ခ်ဘုရားကျေင်းအနီးမှာရှိတဲ့ စည်ပင်သာယာရုံး ဒီကနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မုံရွာဒေသခံတစ်ဦးက RNAကိုပြောပါတယ်။

အဲ့ဒီပေါက်ကွဲမှုဟာ လူထိခိုက်မှုမရှိခဲ့သလို မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်လဲဆိုတာ လတ်တလောမသိရှိရသေးပါ။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါသည်။

ဒါ့အပြင်အဲ့ဒီစည်ပင်သာယာရုံးဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သံဆူးကြိုးများဖြင့် လုံခြုံရေးအကာအကွယ်အများဆုံးယူထားသောနေရာဖြစ်သည်။

Regional News Agency

ကနီမြို့နယ်အတွင်း စက်တင်ဘာလ ၁၃ရက်နေ့က စစ်ကောင်စီတပ်များ တောင်တွင်းချောင် မိုင် ၄၀-၄၅ရှိ ခြေလျှင်ခရီးအဖြစ် နယ်မြေရှင်းလင်...
29/09/2021

ကနီမြို့နယ်အတွင်း စက်တင်ဘာလ ၁၃ရက်နေ့က စစ်ကောင်စီတပ်များ တောင်တွင်းချောင် မိုင် ၄၀-၄၅ရှိ ခြေလျှင်ခရီးအဖြစ် နယ်မြေရှင်းလင်းရေးဝင်ရောက်စဥ် တပ်သား ၁၆ ဦး ထွက်ပြေးခဲ့တယ်လို့ နယ်မြေခံပြည်သူကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

“ကျနော်တို့ဆီ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်‌နေ့က CDM လုပ်လာတဲ့ စစ်သား ၂ ဦး ရှိခဲ့တယ်။ နယ်မြေလုံခြုံရေးနဲ့ သူတို့လုံခြုံရေးထိခိုက်မှာစိုးတာကြောင့် သတင်းမထုတ်သေးဘဲ နေခဲ့တာဗျ။ အခုတော့ သူတို့ကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေစခန်းဆီ ပို့ခဲ့ပြီဗျ။ အတူ ထွက်ပြေးခဲ့တာ သူတို့အပါအဝင် ၁၆ ဦးလို့ ပြောတယ်။ အကုန် နှစ်ယောက်တစ်စု၊ သုံးယောက် တစ်စုခွဲပြီး ပြေးခဲ့ကြတယ်လို့တော့ ပြောတာပဲ” လို့ ကနီမြို့ ပြည်သူ့တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ကနီမြို့နယ်က ထွက်ပြေးပြီး CDM ပြုလုပ်ခဲ့တဲ့ စစ်သား ၂ ဦးဟာ ဖြိုးဝေစိုးနဲ့ ဝင်းဇော်ထူးတို့ ဖြစ်ကြပါတယ်။ ကျန်တပ်သားတွေကတော့ ဝင်းကိုကို၊ နေလင်းထွန်း၊ ဟိန်းမင်း၊ ထက်နောင်ထွန်း၊ လက်တင်သောင်၊ စောထူဝါး၊ ရန်နိုင်ထွန်း၊ ထက်လင်းအောင် (ကရင်)၊ ကျော်လင်းဦး၊ အောင်ဌေးကျော် (စနိုက်ဘာ)၊ အောင်ကောင်းမြတ်တို့ ၁၁ ဦးဖြစ်ပြီး ကျန်သူတွေက အမည်မသိရသေးဘူးလို့ ဆိုပါတယ်။

အခု ထွက်ပြေးလာတဲ့ စစ်သားတွေဟာ မော်လိုက်မြို့ အခြေစိုက် ခမရ (၃၆၅) က ဖြစ်တယ်လို့ ကနီမြို့နယ်ပြည်သူကာကွယ်ရေးခေါင်ဆောင်ဆီက သိရပါတယ်။

သတင်း - DVB

ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကို ဆန်တက်လာသည့် စစ်ရေယာဉ် တိုက်ခိုက်ခံရDVBစစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွ...
29/09/2021

ကနီမြို့နယ်တွင် ချင်းတွင်းမြစ်ကို ဆန်တက်လာသည့် စစ်ရေယာဉ် တိုက်ခိုက်ခံရ
DVB

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ဒေသခံ ကာကွယ်ရေးတပ်တွေက စက်တင်ဘာ ၂၉ ရက် ဒီမနက် ၆ နာရီအချိန်လောက်က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနက်ခင်း ၆ နာရီလောက်က ပစ်ကြတာ။ အကျဆုံးကတော့ မသိရဘူးဗျ။ ကျနော်တို့ဘက်ကတော့ ကျဆုံးမရှိဘူးဗျ။ ပစ်ကြတာတော့ နေရာအစုံဘဲ။ ကနီမြို့အတွင်း ရောက်လာတာနဲ့ ဒီကောင်တွေ အပစ်ခံရတော့တာပဲ"လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီလောက်က မုံရွာမြို့ အလုံဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ စစ်တပ်သုံးပစ္စည်းတွေ တင်ဆောင်လာတဲ့ ဖလပ်ခွန်မော်တော်တစ်စီးကို စစ်သားတွေလိုက်ပါလာတဲ့ အမြန်ရေယာဉ်နှစ်စီးက စောင့်ရှောက်ပြီး ချင်းတွင်းမြစ်တွင်း ဆန်တက်လာစဉ် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

ပူတာအို PDF ပြည်သူ့တပ်မတော် ဖွဲ့စည်းထားမှု ဓာတ်ပုံမှတ်တမ်းPhoto - ပူတာအို PDF
29/09/2021

ပူတာအို PDF ပြည်သူ့တပ်မတော် ဖွဲ့စည်းထားမှု ဓာတ်ပုံမှတ်တမ်း

Photo - ပူတာအို PDF

ဝေယံ (တောင်ကြီး) နှင့် လဂွန်းအိမ် နိုင်ငံတကာဆုရရှိ----------------------- စစ်အာဏာသိမ်းမှုကိုသရော်လှောင်ပြောင်ကာတွန်းများ...
29/09/2021

ဝေယံ (တောင်ကြီး) နှင့် လဂွန်းအိမ် နိုင်ငံတကာဆုရရှိ
-----------------------
စစ်အာဏာသိမ်းမှုကိုသရော်လှောင်ပြောင်ကာတွန်းများရေးဆွဲနေခဲ့သည့် ဝေယံ(တောင်ကြီး) နှင့် လဂွန်းအိမ်တို့ နှစ်ဦးကို ကာတွန်းပညာရှင်များ အခွင့် အရေးဆိုင်ရာ နိုင်ငံတကာကွန်ရက် (CRNI) က ဆုချီးမြှင့်ပေးအပ်လိုက် သည်။
လက်ရှိတွင် အမေရိကန်နိုင်ငံတွင် ခိုလှုံရောက်ရှိနေသော မြန်မာကာတွန်းဆရာ နှစ်ဦးအနေဖြင့် CRNI ၏ တစ်နှစ်တစ်ကြိမ် ချီးမြှင့်ပေးအပ်သည့် နိုင်ငံရေး ကာတွန်းဆုတစ်ဆုဖြစ်သည့် Robert Russell Courage in Cartooning Award (ရောဘတ်ရက်ဆဲလ် ရဲရင့်မှု ကာတွန်းဆု) ကို အမေရိကန်နိုင်ငံမှာပင် လက်ခံရယူရမှာဖြစ်သည်။
၁၉၉၉ ခုနှစ်က စတင်ချီးမြှင့်သော ရောဘတ်ရက်ဆဲလ် ရဲရင့်မှု ကာတွန်းဆုကို မြန်မာနိုင်ငံသားများအကြား ပထမဆုံးဆွတ်ခူးရရှိမှုဖြစ်သည်။
ဝေယံ (တောင်ကြီး) က မဇ္ဈိမသို့ပေးပို့သော ဆုရရှိခြင်းနှင့်ပတ်သက်သည့် ပြောစကားတွင် " အာဏာရှင်ကိုတော်လှန်လို့ ချီးမြှင့်တယ်လို့ အကြမ်းမျဉ်း သိထားတယ်။ အမိမြန်မာနိုင်ငံကိုယ်စားရရှိတဲ့အတွက် ဂုဏ်ယူမိပါတယ်။ နိုင်ငံတကာကာတွန်းဆရာတွေ အားလုံးထဲကမှ အရွေးချယ်ခံရလို့ပါခင်ဗျာ။ ကျွန်တော်ရှေ့ဆက်ပီး အာဏာရှင်ကို သရော်တဲ့ကာတွန်းတွေ ဆက်ဆွဲသွား ပါ့မယ်။" ဟု ပြောကြားသည်။
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကာတွန်းဆရာများ အသင်းသည် လမ်းပေါ်ထွက် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ကြ သည်။ ထို့အပြင် ကာတွန်းဆရာများ ရေးဆွဲသော လက်ရာများကို ဆန္ဒပြသမား များ အသုံးပြုခဲ့ကြသလို အွန်လိုင်းနှင့် အများပြည်သူနေရာများတွင်လည်း အသုံးပြုခဲ့ကြသည်။
ဝေယံ (တောင်ကြီး) နှင့် လဂွန်းအိမ်တို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်ရာ များက မဇ္ဈိမ၊ ခေတ်သစ်၊ ဧရာဝတီ၊ သံလွင်ခက် နှင့် 74 မီဒီယာတို့တွင် အတွေ့ ရများခဲ့သလို လူကြိုက်လည်းများခဲ့ပြီး စစ်အာဏာသိမ်းမှုနောက်ပိုင်း အကျော်ကြားဆုံးသော ကာတွန်းဆရာများဖြစ်ခဲ့သည်။
သို့သော် ကာတွန်းဆရာနှစ်ဦးရေးဆွဲခဲ့သည့်လက်ရာများတွင် အငြင်းပွားဖွယ်ရာ အမျိုးသမီးများအပေါ်ခွဲခြားမှုနှင့် လူမျိုးရေးဆိုင်ရာအမြင်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့သည်။
" LGBTQအသိုင်းအဝိုင်းနှင့် အမျိုးသမီးအခွင့်အရေးများအတွက် ထိရှ နားလည် မှူ လွဲမှားမှုများရှိခဲ့ပါက အနူးအညွတ်တောင်းပန် ပါတယ်" ဟု ဝေယံ (တောင်ကြီး) က ပြောသည်။
ထို့အပြင် " ရိုဟင်ဂျာနဲ့ လူနည်းစုတိုင်းရင်းသားတွေအပေါ်မှာ မှားခဲ့တာတွေ ရှိရင်တောင်းပန်ပါတယ်။" ဟု ကာတွန်းဝေယံ (တောင်ကြီး)က ဆက်ပြော သည်။
မြန်မာနိုင်ငံတွင် ဂျာနယ်လစ်များ ကြုံတွေ့ထားရသည့် အကြမ်းဖက်ခံရမှု၊ လက်ရှိဖြစ်ပေါ်ဆဲ ဖိစီးနှိပ်စက်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်တိုက်ခိုက်မှု တို့ အဆုံးသတ်ရေးအတွက် Amnesty International က တောင်းဆိုထားသည်။
ဧပြီလတွင် ဝေယံ(တောင်ကြီး) နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက် လဂွန်းအိမ်တို့ သည် ၎င်းတို့အနေဖြင့် စစ်အာဏာသိမ်းအုပ်စုကို ဝေဖန်ပြစ်တင်မှုများ ဆက် လက် ထုတ်ဖော်ရန် လုံခြုံမှုမရှိတော့ဟု ခံစားမိခဲ့ကြပြီး နိုင်ငံထဲကနေ ထွက်ခွာ ရန် ဆုံးဖြတ်ခဲ့ကြသည်။
" စစ်တပ်အာဏာပိုင်များသည် ၎င်းတို့နှင့် အမြင်သဘောကွဲလွဲမှုများအပေါ် ဖိနှိပ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျူးလွန်သည့် ချိုးဖောက်မှုများကို ဖုံးဖိရန် ရည်ရွယ်သည့် ကြိုးပမ်းမှုတစ်ခုပင် ဖြစ်သည်။" ဟု နိုင်ငံ့အများအပြားတွင် ကွန်ရက်ချိတ်ဆက်ထားသည့် CRNI က ပြောသည်။
နယ်စည်းမခြားသတင်းထောက်များအသင်း (RSF) ၏ အကဲဖြတ်ချက်ချက်အရ လည်း ၂၀၁၃ နှင့် ၂၀၁၇ အကြား လုပ်ဆောင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများက မြန်မာနိုင်ငံကို ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် အဆင့် ၂၀ တက် စေခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ တွင် ယင်းသည် ရုတ်ခြည်းပင် အဆုံးသတ်ပြီး မြန်မာနိုင်ငံ၏ ဂျာနယ်လစ်များကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အခြေအနေများ အတိုင်း ပြန်ရောက်သွားစေခဲ့သည်ဟု ဆိုသည်။
သတင်း - Mizzima

ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသားဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ၈၂ လမ်းမကြီးပေါ်ထိ ဒီနေ့မနက်ပိုင်းက စစ်အဏာရှင်ဆန့်ကျင်ရေး ...
29/09/2021

ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသားဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ၈၂ လမ်းမကြီးပေါ်ထိ ဒီနေ့မနက်ပိုင်းက စစ်အဏာရှင်ဆန့်ကျင်ရေး အားကြိုးမာန်တက်ချီတက်ခဲ့ကြတဲ့ မန္တလေး ဘာသာပေါင်းစုံသပိတ်စစ်ကြောင်း။
ဓာတ်ပုံ - Spring Diary

29/09/2021

"စစ်ကိုင်းတိုင်းအတွင်းက တစ်ပတ်အတွင်း တိုက်ပွဲများ"
စက်တင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်နေ့အထိ စစ်ကိုင်းတိုင်းထဲက တစ်ပတ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

ပုလဲမြို့နယ်ရှိ နွယ်အင်းနဲ့ ချင်ပြစ်ကျင်းကျေးရွာများကို ဝင်ရောက်မွှေနှောက် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးပြီးအပြန်မှာစစ်ကောင်စီတပ်နဲ့ ဒေသခံ ပုလဲ PDF တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၇ ဦးဝန်းကျင်သေဆုံးကြောင်း ဒေသခံများကပြောပါတယ်။ယင်းအပြင် ဒေသခံ ၂၀ ကျော်ကိုလည်း စစ်ကောင်စီမှ ဖမ်းဆီးထားထားတယ်လို့ ဆိုကြပါတယ်။

စက်တင်ဘာ ၂၁ ရက် နံနက် ၇ နာရီခန့်က ပုလဲနယ် နွယ်အင်းကျေးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်လာပြီး ရွာအထွက်ရှိနေအိမ်တစ်လုံးကို မီးရှို့သွားကြောင်း၊ ချင်ပြစ်ကျင်းရွာသို့ အသွားတွင် မိုင်းထောင်ထားသော ကြိုးကိုမြင်တွေ့ပြီး သေနက်များပစ်ဖောက်ကာ နွယ်အင်းရွာအတွင်းကို တဖန် ပြန်လည်ဝင်ရောက်လာပြီး နေအိမ်နှစ်လုံးကို မီးထပ်မံရှို့တဲ့ သတင်းများကို တင်ဆက်ပေးလိုက်ပါတယ်။

မုံရွာမြို့ ဒေါနခြံရပ်ကွက်  ရေစင်ကြီးဘေးက NLD ပါတီရုံးအား စစ်ကောင်စီဝင်ရောက်စီးနင်း စက်တင်ဘာ ၂၉၊ မုံရွာRNA စစ်ကိုင်းတိုင...
28/09/2021

မုံရွာမြို့ ဒေါနခြံရပ်ကွက် ရေစင်ကြီးဘေးက NLD ပါတီရုံးအား စစ်ကောင်စီဝင်ရောက်စီးနင်း

စက်တင်ဘာ ၂၉၊ မုံရွာ
RNA

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ပြည်ထောင်စုလမ်းဘေး ဒေါနခြံရပ်ကွက်ထိပ် ရေစင်ကြီးဘေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးအား ယနေ့နံနက် ၁၂ နာရီဝန်းကျင်အချိန်က စစ်ကောင်စီဝင်ရောက်စီးနင်ခဲ့ပါတယ်။

အဲ့ဒီနေအိမ်မှာ ပါတီရုံးအဟောင်းဖြစ်ပြီး လက်ရှိနေ အသက်ကြီးလင်မယား ၂ ဦးသားနေထိုင်တဲ့ အိမ်ကို စစ်ကားအကြီး ၂ စီး၊ အသေးတစ်စီး ၁ နဲ့ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။

နေအိမ်ကို ဝင်ရောက်စီးနင်းချိန်မှာ မနက်ခင်းစျေးသည်များ ရောက်နေချိန်ဖြစ်ပြီး နေအိမ်ဘက်ကို လှည့်မကြည့်ဖို့ စျေသည်တွေကို ချိန်းခြောက်ပြောဆိုတာ ရှိခဲ့ပြီး ဝင်ရောက်ရှာဖွေတာတွေ ပြီးမှသာ ကြည့်ခွင့်ရတဲ့အတွက် ဖမ်းဆီးသွားသူတွေကို မမြင်လိုက်ရဘူးလို့ အမည်မဖော်ပြရန် တောင်းဆိုထားတဲ့ သတင်းရင်းမြစ်က RNA ကိုပြောပါတယ်။

စစ်ကောင်စီဘက် အဖွဲ့စုံ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းတာနဲ့ ပက်သက်ပြီး နေအိမ်အတွင်းက လူတွေကိုဘယ်လိုဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာကို RNA အနေနဲ့မသိရသေးပါဘူး။

စက်တင်ဘာ ၂၈ ရက် မနေ့ကလဲ ချောင်းဦးမြို့နယ်က NLD ပါတီရုံးကို စစ်ကောင်စီက ဝင်ရောက်စီးနင်းတာတွေ ပြလုပ်ခဲ့ပြီး စက်တင်ဘာလထဲမှာ မုံရွာက ပြည်သူတွေ ဖမ်းဆီးခံရမှုဟာ အရင်လတွေထက်များနေကိုလည်း RNAရဲ့ မှတ်တမ်းတွေစာရင်းတွေအရ သိရပါတယ်။

ဆက်သွယ်ရေးလိုင်းများ ဖြတ်ခံထားရသည့် ကနီမြို့နယ်တွင် စစ်ကောင်စီတပ်သာတစ်ဦးမှ  ၁၄ နှစ်ရွယ် ကလေးအား အဓမ္မပြုကျင့်စက်တင်ဘာ ၂...
26/09/2021

ဆက်သွယ်ရေးလိုင်းများ ဖြတ်ခံထားရသည့် ကနီမြို့နယ်တွင် စစ်ကောင်စီတပ်သာတစ်ဦးမှ ၁၄ နှစ်ရွယ် ကလေးအား အဓမ္မပြုကျင့်

စက်တင်ဘာ ၂၆၊ကနီ
RNA

ဆက်သွယ်ရေးလိုင်းများ ဖြတ်ခံထားရသည့် ကနီမြို့နယ်အတွင် ကျေးရွာတစ်ရွာတွင် လွန်ခဲ့သော သတင်းပတ်အတွင်း စစ်ကောင်စီတပ်သာတစ်ဦးမှ ၁၄ နှစ် ကလေးအား အဓမ္မပြုကျင့်ခံရကြောင်း ဒေသခံတစ်ဦးမှာ RNA ကိုပြောသည်။
အသက်မပြည့်သေးတဲ့ ၁၄ နှစ်ရွယ် ကလေးငယ်ကို အခုလိုပြုကျင့်တာဟာ အယုတ်မာဆုံး လုပ်ရပ်တစ်ခုဖြစ်ပြီး စစ်ကောင်စီရဲ့ ယုတ်မာမှုတွေ သိမှာဆိုးတဲ့အတွက် ကနီနယ်ကို သတင်းအမှောင်ချဖို့ ဆက်သွယ်ရေးဖြတ်တောက်တာလို့ ဒေသခံတစ်ဦးက ဆိုသည်။

ကနီမြို့နယ်ကို ယခုလ ၁၅ ရက်နေ့တွင် ဖြတ်တောက်ခဲ့ပြီး လတ်တလော ကနီမြိုနယ်အတွင်း စစ်ဘေးရှောင်ပြည်သူပေါင်း ၃၀၀ နီးပါးရှိကြောင်း သိရသည်။

26/09/2021

တပ်သား ၅၀ ကျော် သေဆုံးမှုကြောင့် ပင်လယ်ဘူး၊ ကောလင်း၊ ဝန်သိုမြို့နယ်များအား စစ်ကောင်စီ ဆက်သွယ်ရေး ဖြတ်တောက်
စက်တင်ဘာ ၂၆၊ကောလင်း
အေမီ
ဗိုလ်မှူးကြီးအဆင့်ရှိ အရာရှိများအပါအဝင် တပ်သား ၅၀ ထပ်မနည်း သေဆုံးမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ပင်လယ်ဘူး၊ ကောလင်းနှင့် ဝန်သိုမြို့နယ်များအား စစ်ကောင်စီမှ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခဲ့သည်။
ယနေ့နံနက်ပိုင်း ၅ နာရီအချိန်ခန့်က စတင်ဖြတ်တောက်ခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့်ကချင်လွတ်မြောက်ရေးတပ်မတော် KIAတို့မှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိအနိုင်ရခဲ့ပြီး ဖြတ်တောက်ခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော ၂ ရက်က ဒေသခံကာကွယ်ရေးတပ်နှင့်ကချင်လွတ်မြောက်ရေးတပ်မတော်KIAတို့ မှ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ဗိုလ်မှုးကြီးတွေ အပါအဝင် တပ်သား ၅၀ ထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။
လတ်လတော ဒီသတင်းနဲ့ပက်သက်ပြီး RNA မှ ဒေသခံတချို့ကို ဆက်သွယ်သော်လည်း ဖုန်းလိုင်းများ ဖြတ်တောက်ခံရသည့်အတွက် ဆက်သွယ်၍ မရရှိသေးပေ။
Regional News Agency

Send a message to learn more

Happy Birthday Ko Wai Moe Naing 🎊🎂🎉ဒီကနေ့ စက်တင်ဘာ၂၆ရက်နေ့ဟာ ကိုဝေမိုးနိုင်ရဲ့အသက်၂၆နှစ်ပြည့်မွေးနေ့မင်္ဂလာရက်မြတ်ပဲဖြစ်...
25/09/2021

Happy Birthday Ko Wai Moe Naing 🎊🎂🎉

ဒီကနေ့ စက်တင်ဘာ၂၆ရက်နေ့ဟာ ကိုဝေမိုးနိုင်ရဲ့အသက်၂၆နှစ်ပြည့်မွေးနေ့မင်္ဂလာရက်မြတ်ပဲဖြစ်ပါတယ်။

Regional News Agency
myanmarnewslightသည် RNAနှင့်မဟာမိတ်သတင်းဌာနဖြစ်သည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အလုံရပ်ကွက်နှင့် လှည်တန်းရပ်ကွက်အပါအဝင် တခြားရွာတွေ...
25/09/2021

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အလုံရပ်ကွက်နှင့် လှည်တန်းရပ်ကွက်အပါအဝင် တခြားရွာတွေများ၌ ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေသည်။

ဒါ့အပြင် မုံရွာ - ရေဦးကားလမ်ပိုင်တွင် ရေကျော်ဖို့ ခြောက်လက်မခန့် လောက်သာလိုတော့ကြောင်း သိရသည်။ ယခုသတင်းပတ်အတွင်း အလုံရပ်ကွက်တွင် သားအမိသုံးယောက်အား စစ်ကောင်စီးမှဖမ်းဆီးခဲ့ပြီး ယမန့်နေက မုံရွာမြို့တွင် ၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

သတင်း - RNA
ဓာတ်ပုံ - CJ

21/09/2021

အားလုံးပဲ မဂ်လာပါ ကျွန်တော်များ မုံရွာအန်တာတိန်းမန့်ပေ့ချ်မှ တင်ဆက်မှုများ တစ်လတာ ရပ်နားထားပေးမယ် ကျွန်တော်များအနေဖြင့် ဒီပေ့ချ်ကနေ ဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။

Address

Indian
Imphal
795153

Alerts

Be the first to know and let us send you an email when Myanmar News Light posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar News Light:

Videos

Share

Nearby media companies


Other Social Media Agencies in Imphal

Show All