ToTo Toke - တိုတိုတုတ်

ToTo Toke - တိုတိုတုတ် တိုတိုတုတ်

ရေသဘင်မျက်မှန်နဲ့ ကိုကိုတုတ် အထာကျရဲ့လား 😎  #တိုတိုတုတ်
12/05/2024

ရေသဘင်မျက်မှန်နဲ့ ကိုကိုတုတ် အထာကျရဲ့လား 😎

#တိုတိုတုတ်

သဲတုံးပဲလုံး 🐈🤍💋 #တိုတိုတုတ်  **e
04/05/2024

သဲတုံးပဲလုံး 🐈🤍💋

#တိုတိုတုတ် **e

24/04/2024

ခေါင်မိုးထောင့်က ငှက်ဖြူလေးကို လာ လာ ဆိုပြီး ခေါ်နေတာ 😘

#တိုတိုတုတ် **e

တိုတုတ် ဒီရောက်တာတနှစ်ရှိပြီ ခုမှ တံခါးအပြင်ထွက်ကြည့်တော့တယ်၊ သူများအခန်းက တံခါးဖွင့်သံကြားတာနဲ့ ကိုယ့်အခန်းဆီ တန်းပြေးတ...
09/04/2024

တိုတုတ် ဒီရောက်တာတနှစ်ရှိပြီ ခုမှ တံခါးအပြင်ထွက်ကြည့်တော့တယ်၊ သူများအခန်းက တံခါးဖွင့်သံကြားတာနဲ့ ကိုယ့်အခန်းဆီ တန်းပြေးတာ ဖင်တုန်တုန် တုန်တုန်နဲ့….

မိဘက harness and leash လေးနဲ့ summer ကျအပြင်ခေါ်သွားမယ်၊ ရှေ့ကပိုက်တဲ့ ကျောပိုးအိတ်လေးနဲ့ထည့်သွားမယ်ဆိုပြီး သူ့အတွက် ဝယ်ပေးထားတာကို အဲဒါတွေဝတ်ပေးတာနဲ့ သူ့မှာ ပျော့ခွေကျသွားတာ….လမ်းမလျှောက်တော့ဘဲ ပျော့ပျော့ကြီးလုပ်ပြီး လှဲချ 😆 တောသီးကြောင်လေး တကယ်

#တိုတိုတုတ် **e

တိုတုတ်ပုံတွေ ဗီဒယိုတွေ တင်ပေးပါဦးတဲ့ မမတွေက၊ ဒီကလေးက ဆော့တာတောင် အိပ်ဆော့တာ…ခဏဆော့ပြီးရင် ဘုံးခနဲ ပစ်လှဲချလိုက်တာ၊ သူ့က...
05/03/2024

တိုတုတ်ပုံတွေ ဗီဒယိုတွေ တင်ပေးပါဦးတဲ့ မမတွေက၊ ဒီကလေးက ဆော့တာတောင် အိပ်ဆော့တာ…ခဏဆော့ပြီးရင် ဘုံးခနဲ ပစ်လှဲချလိုက်တာ၊ သူ့ကြည့်ရင် သူထိုင်နေကြနေရာတွေမှာ ဝပ်ထိုင်မယ် သူ့အိပ်ရာလေးထဲ အိပ်နေမယ်၊ ပြတင်းပေါက်ကနေ အပြင်ထိုင်ကြည့်မယ်၊ ဒါပဲ တနေ့တနေ့….

သူပျင်းနေမလားဆိုပြီး အပြင်ခေါ်ဖို့ ကျောပိုးတဲ့အိတ်တွေ harness & leash အသစ်လေးတွေဝယ်ပေးလည်း တောသီးလူကြောက်ကောင်လေး၊ အဲဒါတွေ ဝတ်ပေးလိုက်တာနဲ့ ပျော့ခွေပြီး ပစ်လှဲချလိုက်တော့တာ train ပေးဖို့နေနေသာသာ လှုပ်တောင်မလှုပ်တော့ဘူး ပျော့ပျော့ကြီးနဲ့ 😆 ကြောက်တတ်တာ တအားတော်

ပုံက ဆော့တာတဲ့ 🥹😆
အိပ်ဆော့ဆော့သူ တိုတိုတုတ်

04/01/2024

ညက Pet hotel သတင်း၊ ပုံတွေကြည့်ပြီး အခုထိကို တွေးတွေးပြီးငိုမိတယ်၊ စိတ်မကောင်းလိုက်တာ အရမ်းပဲ 💔

တိလေးတွေ အကုန် ဘေးအန္တရာယ်ကင်းပြီး အစာပုံမှန်စားရ၊ အိပ်စရာလေးတခု ရနေရင်ကို ကျေနပ်ပါပြီ။ ကိုယ်လက်လှမ်းမှီရာ မြင်နေရ တွေ့နေရတဲ့ ကလေးတွေအကုန် ကျန်းမာဘေးကင်း အသက်ရှည်စေချင်တယ်ကွယ်

ခုတလော တိုတုတ်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကတော့ သိပ်မရှိပါဘူး။ ငှက်ကြည့်တာ၊ ငှက်ကို အသံထုတ်ခေါ်တာတွေတော့ မနက်ပိုင်း လုပ်...
13/11/2023

ခုတလော တိုတုတ်ရဲ့ အနုပညာလှုပ်ရှားမှုလေးတွေကတော့ သိပ်မရှိပါဘူး။ ငှက်ကြည့်တာ၊ ငှက်ကို အသံထုတ်ခေါ်တာတွေတော့ မနက်ပိုင်း လုပ်ဖြစ်ပါတယ်၊ ညနေဘက်တွေဆို ကျန်းမာရေး ဂရုစိုက်ဖြစ်တယ်။ နှင်းတောထဲ ခဏ (၁မိနစ်) လမ်းလျှောက်ထွက်တယ်၊ အစားလည်း လျှော့ဖြစ်ပါတယ်၊ တနေ့ လေးနပ်လောက်ပဲ စားတော့တာ ကျန်းမာရေးက အရေးကြီးတယ်လေ။ နေ့လည်တွေလည်း အပျင်းပြေ တရေးတမော တခါတလေ အိပ်ဖြစ်တယ်ရှင် 😆

#တိုတိုတုတ် **e

ကလေးပေ့ဂျ်ထဲမဝင်တာကြာလို့ ရာသီဥတုက အေးနေပြီဆိုတော့ ကလေးက အားနေ ကွေးလိုက် ဆန့်လိုက် လုပ်နေလေရဲ့  #တိုတိုတုတ်  **e
11/10/2023

ကလေးပေ့ဂျ်ထဲမဝင်တာကြာလို့
ရာသီဥတုက အေးနေပြီဆိုတော့ ကလေးက အားနေ ကွေးလိုက် ဆန့်လိုက် လုပ်နေလေရဲ့

#တိုတိုတုတ် **e

အိမ်သာရှေ့မှာ စောင့်တာတဲ့၊ ဒီကလေးနဲ့တော့ ဒီအိမ်မှာ ပရော်ဗော်စော်ကို မရှိဘူး ရေချိုး၊ အိမ်သာဝင်လည်း သူလိုက်မယ်။ အိပ်ရင်လည...
21/09/2023

အိမ်သာရှေ့မှာ စောင့်တာတဲ့၊ ဒီကလေးနဲ့တော့ ဒီအိမ်မှာ ပရော်ဗော်စော်ကို မရှိဘူး ရေချိုး၊ အိမ်သာဝင်လည်း သူလိုက်မယ်။

အိပ်ရင်လည်း တံခါးပိတ်အိပ်လို့မရ၊ သူဝင်တာထွက်တာ လုပ်လို့ရတဲ့အနေအထားပဲ တံခါးကို ဟထားရမယ်။ မဟုတ်လို့ကတော့ ဖွင့်ပေးဖွင့်ပေးဆိုပြီး အာဗြဲနဲ့ အော်မှာဗျ

#တိုတိုတုတ် **e

ကွကိုယ် သန့်ရှင်းရေးလုပ်နေတာကို ပုံလာရိုက်တော့လည်း အစဉ်အလာအပြတ် အိုက်တင်က လုပ်ပေးလိုက်ရသေးတယ် 🙄  #တိုတိုတုတ်  **e
17/09/2023

ကွကိုယ် သန့်ရှင်းရေးလုပ်နေတာကို ပုံလာရိုက်တော့လည်း အစဉ်အလာအပြတ် အိုက်တင်က လုပ်ပေးလိုက်ရသေးတယ် 🙄

#တိုတိုတုတ် **e

ဘာပစ္စည်း ချထားချထား တိုတိုတုတ်က အမွှေးလေး ပြေးကပ်လိုက်ရမှ 🙄  #တိုတိုတုတ်  **e
07/09/2023

ဘာပစ္စည်း ချထားချထား တိုတိုတုတ်က အမွှေးလေး ပြေးကပ်လိုက်ရမှ 🙄

#တိုတိုတုတ် **e

တချက်လောက်ကြည့်ပါ အားငယ်နေတဲ့မျက်ဝန်းတွေကို 😆😻  #တိုတိုတုတ်  **e
27/08/2023

တချက်လောက်ကြည့်ပါ အားငယ်နေတဲ့မျက်ဝန်းတွေကို 😆😻

#တိုတိုတုတ် **e

22/08/2023

တခုခုဆို တိုတုတ် အက်ချံအိတ်ထဲကနေပဲ နှိုက်နှိုက်ပြီး အက်ချံချေးနေရတာ😁

#တိုတိုတုတ် **e

ရှေ့ ၂ ပုံကိုကြည့်ဦး 🤭 ဟူဒီအဖြူနဲ့ ဆံပင်ရွှေရောင်ကောင်မလေးက တိုတိုတုတ်ပါရှန့် 😂ယောင်ပေစူးက ပါသေးတယ်  #တိုတိုတုတ်  **e
18/08/2023

ရှေ့ ၂ ပုံကိုကြည့်ဦး 🤭 ဟူဒီအဖြူနဲ့ ဆံပင်ရွှေရောင်ကောင်မလေးက တိုတိုတုတ်ပါရှန့် 😂
ယောင်ပေစူးက ပါသေးတယ်

#တိုတိုတုတ် **e

18/08/2023

တိုတုတ် အိပ်ချင်မူးတူး ဆူပုတ်ပုတ်ရုပ်ကြီးနဲ့၊
ဖုန်းကာဗာကို လာဆော့ ဂူးဂူးကလုပ်ရသေးတယ်

#တိုတိုတုတ် **e

ကြာသပတေးနေ့ကမှ မွေးထားတဲ့ ကလေး တတုံးတခဲကြီး ၁၈ ပေါင်တောင် ရှိတယ်ရှင့် 🤭😹 #တိုတိုတုတ်  **e
12/08/2023

ကြာသပတေးနေ့ကမှ မွေးထားတဲ့ ကလေး
တတုံးတခဲကြီး ၁၈ ပေါင်တောင် ရှိတယ်ရှင့် 🤭😹

#တိုတိုတုတ် **e

Pose ပေးနည်း 101 တိုတုတ် အထူးသင်ကြားပြသပေးပါသည် 😸 #တိုတိုတုတ်  **e
08/08/2023

Pose ပေးနည်း 101
တိုတုတ် အထူးသင်ကြားပြသပေးပါသည် 😸

#တိုတိုတုတ် **e

အလိမ္မာတုံး အပိုင်း ၃ ✨တိုတုတ်ကို အိမ်မှာစမွေးတော့ register လုပ်ရမယ်၊ ကာကွယ်ဆေးအစုံထိုးရမယ်ဆိုလို့ ဆေးခန်းပို့ရတဲ့အဖြစ် ...
04/08/2023

အလိမ္မာတုံး အပိုင်း ၃ ✨

တိုတုတ်ကို အိမ်မှာစမွေးတော့ register လုပ်ရမယ်၊ ကာကွယ်ဆေးအစုံထိုးရမယ်ဆိုလို့ ဆေးခန်းပို့ရတဲ့အဖြစ် ကြုံလာရော၊ ဆေးခန်းမှာ ပုန်ကန်မှာ၊ vet ကို ကန်ကျောက် ကုတ်ခြစ် သောင်းကျန်းမှာ၊ ချုပ်မရပြုမရ ကုတ်ကိုက်မှာတွေ ထွက်ပြေးမှာတွေ စိတ်ပူပြီး အစုံတွေးထားတော့တာပဲ။ သူက အကောင်ကြီးတော့ ငါတို့ရော ချုပ်နိုင်ပါ့မလားဆိုပြီး စိတ်ကို ပြင်ဆင်ထားတယ် ဆိုကြပါစို့ 😆

ဆရာသမားက မုန့်ငမ်းပြီး မုန့်နဲ့မျှားခံရ ခြင်းထဲ ဝင်၊ လမ်းတလျှောက်လုံးလည်း ငြိမ်ပြီး လိုက်လာ၊ ဆေးခန်းမှာလည်း အရုပ်ကြီးလို မျက်လုံးပြူးငြိမ်ပြီး ဆေးထိုးလည်း ဇွပ်ခနဲ ဘာလုပ်လုပ် လှုပ်တောင်မလှုပ်လို့ အိုင်တို့တွေတောင် ဘာအားမှ မသုံးလိုက်ရဘူး 😹

နောက် သူဆီးဖြစ်တော့ ဆေးခန်း ၅ ကြိမ်လောက်သွားရတော့လည်း တူတူပဲ၊ assistant တွေကိုင်လည်း သူက ပြန်တောင်ဖက်ထားလိုက်သေးတယ် ဟိုက ငယ်မွေးခြံပေါက်ကို ကိုင်တာကျလို့၊ ဆရာဝန်က ဆေးထိုးလည်း ဇွပ်၊ ဆေးအလုံးတိုက်လည်း ဂွပ်၊ x ray တွေ ultrasound တွေဆွဲ အီးဇီးပီးဇီး အဖော်လိုက်ပေးစရာတောင် မလိုတော့ဘူး

ဆေးခန်းသွား ဆေးခန်းပို့ လိမ္မာလိုက်တာများ အရုပ်ကြီးလို နေမကောင်းလို့စိတ်ပူရပေမယ့် ဆေးခန်းပို့ရတာ စိတ်မရှုပ်ရဘူး။ လိမ္မာလို့ vet တွေအကုန်လုံးဆီက ချီးကျူးခံရတဲ့ကလေးဝတုတ် 😸

#တိုတိုတုတ် **e

ကလေးဝတုတ် တိုလားမတိုလား ဒီမှာသာကြည့်တော့ ဓာတ်ပုံထဲကျ သူတော်တော် နေတတ်၊ သူတယောက်တည်းဆို သင်းခွေချပ်လို လုံးထားတာ တိုတိုလေ...
03/08/2023

ကလေးဝတုတ် တိုလားမတိုလား ဒီမှာသာကြည့်တော့ ဓာတ်ပုံထဲကျ သူတော်တော် နေတတ်၊ သူတယောက်တည်းဆို သင်းခွေချပ်လို လုံးထားတာ တိုတိုလေးဖြစ်နေရော၊ လူတွေက မင့်မြောင်က ပုံထဲ တိုနေပြီး အပြင်ကျ မတိုပါလား အကြီးကြီးတဲ့ 🤭

#တိုတိုတုတ် **e

02/08/2023

Science ကြိုက်တဲ့ တိုတိုတုတ်လေးပါ။ ကြီးလာရင် scientist လုပ်မို့ဗျ 🤭😸

#တိုတိုတုတ် **e

တိုတုတ် : ဟူးမန်း မဟုတ်ကဟုတ်က အီးပန်းစာတွေမစားနဲ့ပြရမ်း အရင်မြည်းကြည့်ဦးမယ် 🤣ဟူးမန်း : ဘာစားစား အရင်စပ်စုလိုက်ရမှ ကျေနပ်...
21/07/2023

တိုတုတ် :
ဟူးမန်း မဟုတ်ကဟုတ်က အီးပန်းစာတွေမစားနဲ့
ပြရမ်း အရင်မြည်းကြည့်ဦးမယ် 🤣

ဟူးမန်း :
ဘာစားစား အရင်စပ်စုလိုက်ရမှ ကျေနပ်သော ဆရာကြီး မင့်ကို အနံ့ပဲ ပေးရှုမယ် ရော့

#တိုတိုတုတ် **e

Loaf check 😹မုန့်စိမ်းပေါင်းကြောင်ကြီး နှစ်ရောင်စပ် #တိုတိုတုတ်  **e
19/07/2023

Loaf check 😹
မုန့်စိမ်းပေါင်းကြောင်ကြီး နှစ်ရောင်စပ်

#တိုတိုတုတ် **e

တိုတုတ် လူတွေ အိပ်တာ မမြင်ချင်လို့ တည ၄ ခါလောက် လိုက်လိုက်နှိုးနေတာနဲ့ အလိမ္မာတုံး အပိုင်းဆက် မရေးဘဲ ခေတ္တ ဆိုင်းငံ့ထားလ...
11/07/2023

တိုတုတ် လူတွေ အိပ်တာ မမြင်ချင်လို့ တည ၄ ခါလောက် လိုက်လိုက်နှိုးနေတာနဲ့ အလိမ္မာတုံး အပိုင်းဆက် မရေးဘဲ ခေတ္တ ဆိုင်းငံ့ထားလတ်တာ၊ မိဘက page မှာ လိမ္မာကြောင်း အမွှန်းတင် သူက ကလော့ကလန် ထထလုပ် ညဆို ငဒို့ကို နှိုး၊ မနက် မင့်အိပ်နေလိုက် ငါ တယ်

#တိုတိုတုတ် **e

အလိမ္မာတုံး အပိုင်း ၂ ✨Saudi ကနေ Finland ပြောင်းတော့ ကလေးကို ခေါ်သွားမယ်ပေါ့။ လေယာဉ် cargo hold ထဲကနေလည်းမထည့်ချင်ဘူး စိ...
07/07/2023

အလိမ္မာတုံး အပိုင်း ၂ ✨

Saudi ကနေ Finland ပြောင်းတော့ ကလေးကို ခေါ်သွားမယ်ပေါ့။ လေယာဉ် cargo hold ထဲကနေလည်းမထည့်ချင်ဘူး စိတ်မချလို့၊ သူကလည်း overweight ဖြစ်နေတာနဲ့စိတ်ပူနေရတာ Qatar airways က pet friendly ဖြစ်တယ်ဆိုလို့ အစက Qatar နဲ့ပဲသွားမယ်ပေါ့။

နောက်ကျ Turkish airlines က အိတ်ရော pet ရော under 8 kg ဆို လူနဲ့အတူ cabin ကသယ်လို့ရတယ်တဲ့။ ဒီ airline နဲ့ပဲ သွားမယ် ရွေးလိုက်တယ်၊ ဒါပေမယ့် ဒီကလေးကိုလည်း ဝိတ်ချရဦးမယ် ခြင်းနဲ့သူနဲ့ဆို 8 kg ကအသာလေးကျော်နေတာ၊

ဖြစ်ချင်ရာဖြစ် အပေါ်ကပဲသယ်ချင်တယ်ဆိုပြီး အိတ်အပျော့ဝယ်ချလိုက်တော့တာ၊ airline က ကြောင်ကိုအလေးချိန်မချိန်ပါဘူးဆိုပြီး တကယ်သွားတော့ ချိန်တယ် ဆရာကြီးက 8.0 kg အတိ သူ့ weight တင် 7 kg ကျော်နေတာ ကံကောင်းလို့၊ မဟုတ်ရင် cargo hold ကနေ တင်ရမှာ ☹️

လိမ္မာပုံက သူ့ကို အိတ်ထဲ လေဆိပ်မဆင်းခင် ည ၉ ခွဲတည်းက ထည့်ထားတာ Finland အိမ်ရောက်တဲ့ နောက်နေ့ နေ့လည် ၂ နာရီခွဲထိပဲ၊ ၁၇ နာရီလောက်ကို တချက်အသံမထွက်ဘူး၊ ထည့်တဲ့အိတ်ပျော့က airline policy အရ size ကွက်တိဝယ်ရတော့ သူနဲ့သေးနေတာ အိတ်ထဲ မတ်တပ်တောင် ရပ်လို့မရဘူး ကလေးက ကုတ်ချိနေတာ သနားပါတယ်၊ အစာနဲ့ရေကလည်း ညနေ ၄ ခွဲတည်းကစဖြတ်ထားလို့ ၂၂ နာရီလောက်ဒီကလေး အငတ်နေရတယ်

EU policy အရ အိတ်ထဲကနေတောင် ထုတ်လို့မရတော့ ကလေးက အိတ်ပိစိထဲ လှုပ်လို့တောင်မရ၊ ခုံပေါ်လည်းတင်မရ သနားပါတယ်။ လူတွေခြေထောက်ထားတဲ့ အောက်ကနေရာမှာ တချိန်လုံး ချထားရတယ်။

Security ဖြတ်လို့ထုတ်ပြတော့လည်း အသာတကြည်၊ ချီထားတာကိုတောင် ပြန်ဖက်ထားတာကြောက်လို့၊ မအော်၊မရုန်း၊မကိုက်၊မကုတ်၊မပြေး၊ လေယာဉ်အတက်မှာ ပထမဆုံးဆိုတော့ မြောင်သံသေးသေးလေး တချက်ပဲထွက်ရှာတယ် ပြောပြလိုက်တော့ ငြိမ်သွားရော၊ ကျန်တဲ့အချိန်တွေ အရုပ်လိုလိုက်လာတာ

အိမ်ရောက်မှ သေးပေါက်အီးပါဖို့ သဲစေ့မရသေးလို့ ထွက်ဝယ် သဲစေ့ကလည်းဝယ်မရ၊ အဲ့တော့ရေချိုးခန်းရေဆင်းတဲ့အပေါက်နားမှာပဲ အီးပါထားတာသူက၊

နောက်ရက် ရထား လေးနာရီစီးတော့လည်း အသံမထွက် မလှုပ် မရုန်း အရုပ်လို၊ ညဘက် သဲစေ့ရမှ ချက်ချင်း သေးဝင်ပေါက် အီးဝင်ပါလုပ်တာ

ထားရာနေ စေရာသွား ကလေး၊ လိမ္မာလွန်းလို့ ရေးရင်မကုန်

ပုံ- ရထားပေါ် ရှုခင်းကြည့်ဖို့ထုတ်ပေးတာတောင် အိတ်ထဲကမထွက်ရဲလို့ လက်လျှော့ရပုံ

#တိုတိုတုတ် **e

အလိမ္မာတုံး အပိုင်း ၁ ✨အိမ်ရောက်စ ရှုးပေါက်ချင် အီးပါချင်ရင် အော်ပြီး အပြင်ထွက်ချင်လို့ တံခါးဖွင့်ခိုင်းတယ်၊ အပြင်မှာ ကိ...
03/07/2023

အလိမ္မာတုံး အပိုင်း ၁ ✨

အိမ်ရောက်စ ရှုးပေါက်ချင် အီးပါချင်ရင် အော်ပြီး အပြင်ထွက်ချင်လို့ တံခါးဖွင့်ခိုင်းတယ်၊ အပြင်မှာ ကိစ္စပြီးရင် သူ့ဘာသူပြန်လာပြီး တံခါးပေါက်ကနေ ဝင်ချင်လို့ ထိုင်အော်၊ အဲ့လိုနေလာတာ ၃ လလောက် အဆင်ပြေနေရော။ ကဲကိုယ်တွေလည်း သူ့ကို indoor cat လုပ်ခိုင်းမယ်ပေါ့၊ သဲဗန်းလေးကျင့်ရအောင်ဆိုပြီး ဝယ်ချလာ

ဒီညတော့ အပြင်ထွက်ချင်လည်း မဖွင့်တော့ဘူး၊ သူ့ဘာသူ မလုပ်တတ်ရင် အိမ်ထဲပဲ ကိစ္စရှင်းပစေ မနက်ကျမှ သင်တော့မယ်ဆိုပြီး ဗန်းထဲသဲစေ့ထည့် “သားရေ အဲ့မှာတွေ့လား ရှုရှူးပေါက်ရတဲ့နေရာ၊ အီးပါချင်လည်း အဲ့ထဲပဲ ပါရတာ” ဆိုပြီး လက်ညှိုးထိုးပြပြီး သုံးခါလောက်ပြောပေးထားလိုက်တာ

အမယ် မနက်ကျ ဗန်းထဲ ရှူးရှူးဝင်ပေါက်ထားရော၊ သားရယ် အီးပါပြလေ တကယ်ရော သုံးတတ်ရဲ့လားဆိုတော့ ခဏနေ အီးဝင်ပါပြတယ်

သဲဗန်းသုံးဖို့ မသင်လိုက်ရဘူး ညန်မာလို ပြောလိုက်တာနဲ့သိနေပြီ 😆 ဒါတောင်ကိုယ်တွေကလွဲ ညန်မာစကားပြောတဲ့သူ ဘယ်သူမှမရှိဘူး အဲ့မှာ

အကျင့်ကောင်းတဲ့ကလေး အိမ်စရောက်တည်းက တခွန်း နှစ်ခွန်း ပြောရုံနဲ့ အကုန်သိ လိမ္မာတာ၊ ဥာဏ်ကောင်းဥာဉ်ကောင်းတဲ့ ကလေးမို့ သိပ်ချစ် 🩵

#တိုတိုတုတ် **e

မနှစ်က အောက်တိုဘာမှာ တိုတုတ် နေမကောင်းဘဲ အောက်ပိုင်းချိသလိုလေးဖြစ်သွားတုန်းက၊ ပြန်သက်သာလာပြီး လမ်းထော့နဲ့ထော့နဲ့ လျှောက်...
29/06/2023

မနှစ်က အောက်တိုဘာမှာ တိုတုတ် နေမကောင်းဘဲ အောက်ပိုင်းချိသလိုလေးဖြစ်သွားတုန်းက၊ ပြန်သက်သာလာပြီး လမ်းထော့နဲ့ထော့နဲ့ လျှောက်တဲ့နေ့လေးတွေ အမှတ်တရ 🤍

#တိုတိုတုတ် **e

ကိုကြောင်ဗလ နေပြန်ကောင်းနေပြီ ပထမပုံက ကာတွန်းကားတွေထဲကလို အိုးတွေဘာတွေထဲဝင်သွားလို့ ပန်းအိုး shape ကြီးဖြစ်နေတာကျလို့ 🥹 ...
22/06/2023

ကိုကြောင်ဗလ နေပြန်ကောင်းနေပြီ
ပထမပုံက ကာတွန်းကားတွေထဲကလို အိုးတွေဘာတွေထဲဝင်သွားလို့ ပန်းအိုး shape ကြီးဖြစ်နေတာကျလို့ 🥹

#တိုတိုတုတ် **e

ကလေးအိမ်ရောက်တာ မနေ့က ၁ နှစ်ပြည့်တယ်။ ကလေးက သိပ်နေမကောင်းလို့ သူ့ပဲ ဘယ်လိုဖြစ်နေလဲ စောင့်ကြည့်နေရတယ်။ အိမ်ရောက်တဲ့တနှစ်အ...
20/06/2023

ကလေးအိမ်ရောက်တာ မနေ့က ၁ နှစ်ပြည့်တယ်။ ကလေးက သိပ်နေမကောင်းလို့ သူ့ပဲ ဘယ်လိုဖြစ်နေလဲ စောင့်ကြည့်နေရတယ်။ အိမ်ရောက်တဲ့တနှစ်အတွင်း အောက်ပိုင်းမလှုပ်နိုင်တာ တခါဖြစ်၊ ဆီးတခါဖြစ်လို့ မနည်းကုထားရတာ၊

ပုံမှန်ဆို မနက် ၃ ၄ နာရီဆို လူကိုနှိုးပြီ။ အစာထည့်ထားပေးလည်း နှိုးတာ သူ့အကျင့်၊ မနှိုးတာ နှစ်ရက်ရှိပြီ ဘာဖြစ်လဲဆိုပြီး ဆီးဝမ်းမှန်လားစောင့်ကြည့်တော့၊ ပုံမှန် ခဏခဏ အီးဝင်ပါလိုက် ရှူရှူးပေါက်လိုက် လုပ်တဲ့ကလေးက မနေ့ကစောင့်ကြည့်နေတာ တောက်လျှောက်ကို လုံးဝဘာမှမလုပ်

သားရေ ဆီး ဝမ်းတော့ သွားပေးပါ။ ဆီးမသွားရင် မနက်ဖန်ကျ ဆေးခန်းသွားရမှာဆိုတော့ ညဘက်ကြီး ၁၁ ခွဲ ဝမ်းသွား၊ မနက် ၄ နာရီထစစ်တော့ ဆီးမသွားသေး ၄ နာရီခွဲကျ ဆီးသွားပေးတယ်၊ ကျေးဇူးတင်တာ အရမ်း

ဒီကလေး ဆီးကိစ္စနဲ့ တော်တော်ခံရတာ သနားလို့၊ ဆီးဖြစ်ပြီးတည်းက urinary care ဟာပဲ ကျွေးတာတောင် အခု ဆီးပြန်ဖြစ်မှာ စိတ်ပူနေရတယ်။ ဓာတ်ပုံတွေထဲသူ့ မျက်လုံးလေး မှိုင်နေတာ၊ ဆော့တာတော့ ဆော့နေသေးတယ်၊ သန့်ရှင်းရေးလည်း သူ့ဘာသူ လုပ်တယ်။

ဟူးမန်းမမ စိတ်ပူနေတာ သူနေမကောင်းရင် ကိုယ်ပါ အိပ်မပျော်တော့ဘူး သူ့ပဲလိုက်ကြည့်နေတော့တာ နေကောင်းကျန်းမာအောင်နေပါ တိုတုတ်လေးရယ်

#တိုတိုတုတ် **e

ဘောလုံး ခြေထောက်ပေါက် 🫢 ထူးခြားဖြစ်စဉ်ပါ #တိုတိုတုတ်  **e
18/06/2023

ဘောလုံး ခြေထောက်ပေါက် 🫢 ထူးခြားဖြစ်စဉ်ပါ

#တိုတိုတုတ် **e

အိပ်ရာနိုး ဂျီကျ photo dump 📸ဗိုက်မှာ ပိုက်ဆံအိတ် pouch ကြီးနဲ့ ဘောစိတိုတုတ်🫢😆 #တိုတိုတုတ်  **e
16/06/2023

အိပ်ရာနိုး ဂျီကျ photo dump 📸

ဗိုက်မှာ ပိုက်ဆံအိတ် pouch ကြီးနဲ့ ဘောစိတိုတုတ်🫢😆

#တိုတိုတုတ် **e

Osoite

Vaasa
65100

Nettisivu

Hälytykset

Tiedä ensimmäisenä ja anna meille oikeus lähettää sinulle sähköpostitse uutisia ja promootioita ToTo Toke - တိုတိုတုတ် :ltä. Sähköpostiosoitettasi ei käytetä muihin tarkoituksiin, ja voit perua milloin tahansa.

Videot

Jaa