Kyay Ko

Kyay Ko Like And follow Shareလေးနဲ့ကူညီနိုင်ပါတယ်

11/01/2023
ပျော်ရခြင်း မပျော်ရခြင်းတွေကအရေးကြီးမနေတော့ပါဘူး ...နေလို့အဆင်ပြေနေတာပဲပြီးတော့ ...ရှင်သန်နေတာပဲဒီလောက်နဲ့ ကျေနပ်နေရတဲ့ ...
09/14/2023

ပျော်ရခြင်း မပျော်ရခြင်းတွေက
အရေးကြီးမနေတော့ပါဘူး ...

နေလို့အဆင်ပြေနေတာပဲ
ပြီးတော့ ...
ရှင်သန်နေတာပဲ

ဒီလောက်နဲ့ ကျေနပ်နေရတဲ့
အဖြစ်တွေလေ

ပျော်တယ် မ​ပျော်ဘူးပြောဖို့
အချိန်တွေ ရှိမနေတော့ဘူး

၀မ်းနည်းကြေကွဲနေဖို့
ဘယ်ဒဏ်ရာက ပိုနာသလဲ
သိမနေတော့ဘူး ။

#ကျေးကို

လူတစ်ယောက်ကို ပုံမှန်လေးအတိုင်း ချစ်နေတာပဲ ကောင်းတယ် ...ရနေသလောက် ဂရုစိုက်မှုအတိုင်းလေးအထွတ်မတက်ပဲ လက်သင့်ခံလိုက်တာ ကောင...
09/09/2023

လူတစ်ယောက်ကို
ပုံမှန်လေးအတိုင်း ချစ်နေတာပဲ
ကောင်းတယ် ...

ရနေသလောက် ဂရုစိုက်မှုအတိုင်းလေး
အထွတ်မတက်ပဲ
လက်သင့်ခံလိုက်တာ ကောင်းတယ် ။

မင်းအတွက် ပြောတာပါ
နာကျင်ရမှာစိုးလို့
သတိတွေ ပေးနေတာပါ ။

လူတစ်ယောက်ကို
ပိုချစ်လာမိရင်
သူ ငါ့ကို မချစ်ဘူးလားဆိုတဲ့
အတွေးတွေနဲ့
ကိုယ့်လောက်မှ မချစ်ရင်
ကိုယ်ပဲ နာကျင်ရတယ် ။

လူတစ်ယောက်နဲ့
ပိုနီးချင်လာလေလေ
ကိုယ်ပဲ ပိုပင်ပန်းရလေပဲ ကလေးရဲ့

တစ်ခါတစ်လေကျ
ပိုနီးချင်မှ
တဖြေးဖြေး ပိုဝေးသွားရတာတွေလည်း
တကယ် ရှိခဲ့ဖူးပါတယ် ။

သေးသေးမွှားမွှားလေးတွေကအစ
ကိုယ်က ...
ဂရုစိုက်သလောက်
တစ်ဖက်ကဂရုမစိုက်တဲ့အခါ
ကိုယ့်အတွေးနဲ့ကိုယ်
ကိုယ်ပဲ ကမ္ဘာပျက်ရတယ် မဟုတ်လား ။

လူတစ်ယောက်ကို
ပုံမှန်လေး ချစ်နေတာပဲ ကောင်းပါတယ်

သူ ပေးနိုင်သလောက်
လိုချင်တာပဲ ကောင်းပါတယ် ။

#ကျေးကို

စိတ်ပူနေတာကို စိတ်ပူနေမှန်းမသိပဲ စိုးရိမ်နေမလားဆိုပြီး တစ်ချက်တောင် မတွေးပေးခဲ့တဲ့သူကို မှ ငါချစ်တာ ဘာလို့မသိရတာလဲဆိုတဲ့...
09/09/2023

စိတ်ပူနေတာကို
စိတ်ပူနေမှန်းမသိပဲ
စိုးရိမ်နေမလားဆိုပြီး
တစ်ချက်တောင်
မတွေးပေးခဲ့တဲ့သူကို မှ

ငါချစ်တာ ဘာလို့မသိရတာလဲဆိုတဲ့
မေးခွန်းတွေ
မေးနေမိတာ
ကျွန်မမှားတယ် ။

ဒါတွေဟာ
သူ့အတွက်
စိတ်ရှုပ်စရာ သက်သက်ပဲလေ

ဒီထက် ဘာမှ
ပိုလာမှာမဟုတ်ဘူး။

#ကျေးကို

09/09/2023

တစ်ခါလောက်တော့ အချစ်ခံဖူးချင်တယ် ။

သည်းသည်းလှုပ်မဟုတ်ရင်တောင် နည်းနည်းလောက်ပေါ့ ။ အချစ်ဆိုတာ ဘာလဲလို့ မေးလာရင် မျက်ရည်တွေကျပြီး ငိုနေရတာမျိုး မဖြစ်ချင်တော့ဘူး သူကလေ ငါ့ကိုသိပ်ချစ်တာဆိုတာနဲ့ အစချီပြီး မင်းအကြောင်းကြွားချင်တယ် ။

အဆင်ပြေပါတယ်ဖြေပြီး ဘယ်သူ့မှ မမြင်တဲ့အရပ်မှာ ပြတ်လုနီးနီး ဆက်ဆံရေးကို လွှတ်ထွက်မသွားအောင် တစ်ဖက်သတ်လိုက်ဆက်နေရတာတွေမှာ ပင်ပန်းနေပြီ ။ ဒီကောင်မလေးကလေ တစ်ခါလောက် အချစ်ခံရရင် တစ်သက်လုံးမှတ်ထားတတ်တာ ပြီးတော့ နာကျင်စရာတွေကို အဲ့ဒီအရာနဲ့ ချေလိုက်တာလေ ။

တစ်ခါလောက်ပါပဲ... ကျွန်မက ချစ်လားလို့ မမေးပဲ ချစ်တယ်ဆိုတဲ့စကားကို လေးလေးနက်နက်ပြောတဲ့ အချိန်တွေရချင်တယ်...စကားတွေ အများကြီး ပြောစရာမလိုပဲ ကိုယ်ဘာဖြစ်နေလဲ တစ်ခါတစ်လေကျတော့ သိစေချင်တယ် ။

ဂရုစိုက်တာမျိုး မဟုတ်ရင်တောင် အခုလို ပစ်ထားတာမျိုးတွေ ခဏခဏ မလုပ်စေချင်တော့ဘူး ။ လွမ်းလို့ဆက်တဲ့ ဖုန်းတွေကို တခြားသူတွေရှေ့မှာ အရေးမပါပါဘူးဆိုပြီး ချောင်ထိုးထားလိုက်တာမျိုးတွေ မဖြစ်စေချင်တော့ဘူး ။

တစ်ရက်လုံး အားနေရမယ်လို့မှ တောင်းဆိုတာမျိုးမှ မဟုတ်တာ မင်းနဲ့ စကားပြောခွင့်ရတဲ့ ၁၅မိနစ်လေးပဲ ဖြစ်ဖြစ် ကိုယ့်ကို အလေးထားစေချင်တယ် ။ တစ်ခါလောက်တော့ အချစ်ခံဖူးချင်တယ် ။

ဒါပေမယ့် တခြား ဘယ်သူ့ဆီကမှ မဟုတ်ပဲ မင်းဆီကချည်း လိုချင်နေခဲ့မိတာလေ ။ ဒါလေးတော့ နားလည်ပေးပါ ။

#ကျေးကို

တချိန်ကျရင်တော့ ...နေသားကျသွားမှာဆိုတဲ့စကားတွေဟာ အမြဲတမ်း မှန်မနေတတ်သလို အချိန်က ကုစားသွားမှာပါဆိုတဲ့စကားကလည်းအချိန်တွေ ...
09/09/2023

တချိန်ကျရင်တော့ ...
နေသားကျသွားမှာဆိုတဲ့
စကားတွေဟာ
အမြဲတမ်း မှန်မနေတတ်သလို

အချိန်က ကုစားသွားမှာပါဆိုတဲ့
စကားကလည်း
အချိန်တွေ မေ့ထားတဲ့ လူတစ်ယောက်အတွက်
အကျုံးမ၀င်တတ်ဘူးထင်ပါတယ်

တချို့ နှလုံးသားတွေက
နာကျင်ရပြီးသွားရင်
အဲ့ဒီ နာကျင်ရတဲ့ရက်မှာပဲ
ကျန်နေရတတ်တယ်

ဆက်ပြီးတော့ ရှင်သန်မလာတော့ဘူး
ဆက်ပြီးတော့ ချစ်ဖို့မတွေးတော့ဘူး

သူကလေဆိုတဲ့
စကားတွေနဲ့ စပြီး
အဲ့ဒီတုန်းကလေဆိုတဲ့
အဲ့ဒီရက်မှာပဲ ဆုံးတယ်

အတိတ်တွေ ပစ္စုပ္ပန်တွေ အနာဂတ်တွေ
ရှိမနေတတ်တော့ဘူး ။

အင်း ...
အချိန်ကြာရင်တော့
နေတတ်သွားမှာပါ

ဒါပေမယ့်
သတိရတိုင်းတော့ မျက်ရည်ကျရတတ်သလို
ဘ၀မှာ ကြီးကြီးမားမားထိခိုက်ဖူးတဲ့
ဒဏ်ရာက
တစ်ခါတစ်လေကျ
ဘယ်တော့မှ အနာမကျက်တတ်တော့ဘူး

ကွဲပြီးသား အသည်းက
ဘယ်အချိန် ပြန်ဆက်သလဲဆိုတဲ့
မေးခွန်းကို ပြန်ဆက်ရရင်

အတင်းလုပ်ယူပြီး မေ့ရခြင်းတွေ
မေ့ပါပြီဆိုပြီး ဟန်ဆောင်နေရခြင်းတွေ
ရှိမနေတော့တဲ့အခါမှပဲ ကျက်တယ်

ဒါပေမယ့် ...
တော်တော်လေးတော့ ကြာတတ်တယ် ။

#ကျေးကို

ခင်ဗျား သတိထားမိလားမသိဘူး ...လူတချို့ကလေ သူတို့လိုချင်တဲ့အရာတွေကို ပေးနေတတ်ကြတယ် ။ ဥပမာဗျာ ...အချစ်ခံချင်တဲ့ လူတစ်ယောက်က...
09/09/2023

ခင်ဗျား သတိထားမိလားမသိဘူး ...

လူတချို့ကလေ
သူတို့လိုချင်တဲ့အရာတွေကို
ပေးနေတတ်ကြတယ် ။

ဥပမာဗျာ ...
အချစ်ခံချင်တဲ့ လူတစ်ယောက်က
အများကြီး ချစ်ပေးတတ်သလိုမျိုး

ဂရုစိုက်ခံချင်တဲ့ လူတစ်ယောက်က
အများကြီး ဂရုစိုက်ပေးသလိုမျိုးပေါ့ ။

ပြီးတော့ နောက်တစ်ခုရှိသေးတယ်

တချို့အရာတွေက
ပိုနေလို့ ပေးတဲ့အရာတွေ
မဟုတ်ဘူးဗျ

သူတို့ဘ၀မှာ
မရဖူးတဲ့ အရာတွေ
မဖြစ်ခဲ့ဖူးတဲ့အရာတွေကို
တခြားတစ်ယောက်ရဲ့
ဘ၀မှာ ...
ဖြည့်ဆည်းပေးချင်တာမျိုး ။

ဆေးထည့်ပေးနေတိုင်း
အနာတရ မရှိဘူးမထင်ပါနဲ့
တချို့လက်တွေက
ဒဏ်ရာဗလပွနဲ့
ခင်ဗျားရဲ့ ဒဏ်ရာသေးသေးလေးကို
ယုယပေးနေတာပါ

နားထောင်ပေးတတ်တိုင်း
ပြောစရာမရှိဘူးလို့ မတွေးပါနဲ့
တစ်ခါတစ်လေ
ခင်ဗျား အရမ်းနာကျင်နေရပါတယ်ဆိုတဲ့
အဖြစ်အပျက်တွေဟာ
သူ့နာကျင်စရာတွေနဲ့စာရင်
တကယ့်ကို သေးသေးလေးပါ

လူတိုင်းက ...
ရင့်ကျက်မနေပါဘူး
လူတိုင်းက
သန်မာမနေပါဘူး

ဒါပေမယ့်
ကိုယ်ကိုယ်တိုင်ထက်
တခြားသူတွေကို ပိုပြီး ဂရုစိုက်ပေးတတ်တာ ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

09/09/2023

ခင်ဗျားကြောင့် ကျွန်တော်အများကြီး
ပျော်ရွှင်ခဲ့ရဖူးတယ်။
တစ်ချိန်ချိန်မှာ မဆုံစည်းနိုင်ခဲ့ရင်တောင်
အတူရှိမနေနိုင်တော့ရင်တောင်
ပျော်ခဲ့ဖူးတဲ့ ဒီနေ့ရက်တွေအတွက်
တစ်ဘဝလုံးစာ ကျွန်တော် ခင်ဗျားကို
ကျေးဇူးတင်နေမှာပါ ။

🌻🤍

09/03/2023

ဘယ်တော့မှ ခွဲမသွားဘူးနော် ဆိုတဲ့
ကတိတွေကို
မယုံကြည်တော့ဘူး ...

ဝေးဖို့ ဖြစ်လာရင်
ဘာမဟုတ်တာနဲ့က အစ
ဝေးကြရတာပါပဲ ....

ဘယ်လောက်ချစ်ခဲ့တာ
ဘယ်လောက်မျှော်လင့်ခဲ့မိတာတွေကို
ထည့်မှ မတွက်ပဲလေ ။

တစ်နေ့ ....
ဝေးကြတဲ့အခါ

ပေးခဲ့တဲ့ ကတိတွေက
ဟာသ ဖြစ်ရတယ် ။

အဲ့ဒီဟာသတွေက
ရင်ဘတ်တွေ နာရအောင်
ရယ်ရတယ် ။

#ကျေးကို

08/29/2023

ပြိုလဲနေတဲ့ ရက်တွေမှာ
လူတစ်ယောက် ...
ဘ၀ထဲ
၀င်လာခဲ့ဖူးတယ် ...

ပျော်စရာတွေ ပေးသလို
ကတိတွေ အများကြီးကောပေါ့ ...

ဒါပေမယ့် ...
ကိုယ်က
ထပ်ပြီး ရှင်သန်ချင်တဲ့
မျှော်လင့်ချက်လေးထားမိကာမှ

အဲ့ဒီလူက...
ထပ်ပြီး ထားခဲ့ပြန်တယ် ...

အစကတည်းက
ကိုယ်က နာကျင်နေတဲ့လူပါလို့
၀န်ခံခဲ့တာပဲ မဟုတ်လား ...

ကိုယ်နာကျင်ရတာဟာ
မလုံလောက်သေးဘူးလို့များ
မင်း ... တွေးသလား ...

ဒါမှမဟုတ်
ဘ၀ထဲကို စာနာသလိုနဲ့
စပြီး ၀င်လာကတည်းက
တစ်ချိန်ကျ ...
ထားခဲ့ဖို့ သေချာ ကြံစည်ခဲ့သလား ။

မင်းပဲ သိမယ်ထင်ပါတယ် ။

#ကျေးကို

08/29/2023

ပြီးတော့ ...
မင်းနဲ့ နီးစပ်အောင်
မာနတွေ သိက္ခာတွေ အားလုံးကိုလဲ
ချနင်းခဲ့ ပြီးသွားပြီ

ဒါတောင် အားလုံး ပြီးသွားတာတောင်
နောက်ဆုံး မင်းက
ငါနဲ့ ဝေးရမယ့်လမ်းကိုပဲ ရွေးတယ်

ဒီတစ်ခါတော့
ငါကိုယ်တိုင်ပဲ မင်းနဲ့ဝေးရမယ့်လမ်းကို
ရွေးမယ် ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

လူတစ်ယောက်ကို မေ့ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ...အခုတလော ကိုယ့်ကိုယ်ကိုယ် မေးနေမိတဲ့ မေးခွန်းပါ... အချိန်တန်ရင်တော့ နေသား...
08/29/2023

လူတစ်ယောက်ကို မေ့ဖို့ အချိန်ဘယ်လောက်ကြာတတ်သလဲ...

အခုတလော ကိုယ့်ကိုယ်ကိုယ် မေးနေမိတဲ့ မေးခွန်းပါ... အချိန်တန်ရင်တော့ နေသားကျသွားမှာပါဆိုတဲ့ စကားတွေ အများကြီးကြားဖူးပေမယ့် တကယ့်လက်တွေ့တွေမှာကျတော့ အဲ့လောက် မလွယ်ဘူးလေ ။

သူ့ကို မချစ်တော့ဘူးလို့ ပြောလိုက်ဖို့ လွယ်ပေမယ့် သူ့ကို မေ့သွားပြီဆိုပြီး ဝန်ခံလိုက်ဖို့ကျ သိပ်ကို ခက်ခဲတယ် ။ တကယ်လဲ မေ့မှ မမေ့နိုင်ခဲ့ပဲလေ ။ တော်တော်များများကို မေးခွန်းတစ်ခု မေးကြည်​့ သူနဲ့ ဝေးသွားတာ ဘယ်လောက်ကြာပြီလဲလို့...

ရက်တွေ လတွေ နှစ်တွေကအစ အတိအကျကို မှတ်မိနေတတ်ကြတာလေ ။ တကူးတကမှတ်ထားတာမျိုး မဟုတ်ဘူးနော်... သူ့အလိုလို မှတ်မိနေတာမျိုးပေါ့ ။ ပြီးတော့ အစွဲအလမ်းကြီးတာကြောင့်လဲပါတယ် အများကြီး မျှော်လင့်ထားမိတာနဲ့လဲ ဆိုင်တယ် ။

ပြီးတော့ တချို့လူတွေကို အားကျတယ်... ဒီနေ့ ပြီး မနက်ဖြန်ဆိုရင် အရာရာအားလုံးကို မေ့ဖျောက်သွားနိုင်တဲ့အထိ တချို့လူတွေက သွေးအေးပြီးတော့ ရက်စက်တယ်လေ မှတ်မိနေတဲ့သူမှာပဲ တစ်နေ့ထက်တစ်နေ့ ဒဏ်ရာတွေပိုရတာ ။

မအားအောင်...နေ ဆိုလို့လဲ နေကြည့်ဖူးတာပဲ ။ အိပ်မပျော်ခင်စပ်ကြားမှာ သူ့အကြောင်းတွေးမိရင် အဲ့ဒီနေ့ရက်တွေက မိုးလင်းတာများတယ် ။ သူနဲ့ပတ်သက်တာတွေ ဘာမှ မတွေ့ ဘာမှ မကြားအောင်နေဆိုလို့လဲ နေတာပဲ နှလုံးသားထဲစွဲနေတဲ့ အမှတ်တရတွေကိုကော ဘာဖျက်ဆေးနဲ့ ဖျက်ရသလဲ ။

လူတစ်ယောက်ကိုမေ့ဖို့ ဘယ်လောက်ကြာတတ်လဲလို့ မေးမယ်ဆိုရင်တော့ ကိုယ်ဘယ်လောက်ထိ ချစ်ခဲ့မိတာဆိုတဲ့ အရာနဲ့ ဆိုင်တယ် ။ ပြီးတော့ သူ့အတွက် ဘယ်လောက်ထိပေးဆပ်ခဲ့တာဆိုတဲ့ အနာတရတွေနဲ့လဲဆိုင်တယ် ပြီးတော့ ဘယ်လောက်မျှော်လင့်ခဲ့မိသလဲဆိုတဲ့ ကိုယ့်စိတ်နဲ့လဲ ဆိုင်တယ် ။

နှစ်တွေကြာသွားရုံနဲ့ သက်သာသွားတာမဟုတ်ပဲ တချို့ဒဏ်ရာတွေ ဝိုင်လိုပဲ နှစ်ချို့သွားမှ ပြင်းပြင်းရှရှနဲ့ကို ယစ်မူးစေတာမျိုးပါ ။ အခုလောလောဆယ်တော့ သူ့ကိုမေ့ဖို့ နည်းလမ်းပေါင်းစုံသုံးနေပါတယ် တစ်နေ့ကျရင်တော့ မေ့မှာပေါ့ ။

#ကျေးကို

08/28/2023

ယုံကြည်စိတ်ချရတယ်အတွက် ‌ကျေးဇူးတသ်ပါတယ်

အလုပ်ကိုင်တွေပြိမိုပွားများပါစေ

ယုံကြည်စိတ်ချရတယ်တွက်ကြောင့်

ပိုပိုပြီအောင်မြင်ပါစေ

08/28/2023

ထားမသွားပါနဲ့ဆိုတဲ့ကြားက
ဝေးသွားရတဲ့
ဆက်ဆံရေးကို
ဘယ်လို နာမည်တပ်ရမလဲ

ရက်စက်ခြင်းလား
ကြေကွဲခြင်းလား
ဒါမှမဟုတ် ...
၀ဋ်ကြွေးလား ...

#ကျေးကို

ကျွန်တော့်ကိုချစ်ရင် နာကျင်ရကောင်း နာကျင်ရနိုင်ပါတယ် ။ ကျွန်တော်ကလေ ...ချစ်မိပြီဆိုရင် တစ်ခါတစ်လေကျတော့ တဇွတ်ထိုးဆန်တတ်သ...
08/28/2023

ကျွန်တော့်ကိုချစ်ရင် နာကျင်ရကောင်း နာကျင်ရနိုင်ပါတယ် ။

ကျွန်တော်ကလေ ...ချစ်မိပြီဆိုရင် တစ်ခါတစ်လေကျတော့ တဇွတ်ထိုးဆန်တတ်သလို တစ်ခါတစ်လေကျတော့ အတ္တတွေလဲ ကြီးတတ်တယ် ။ လူတစ်ယောက်ကို ချစ်ရင် အစစအရာရာ ကိုယ်ပဲ ဂရုစိုက်ပေးချင်တာ ကိုယ်တစ်ယောက်တည်းကပဲ ချစ်နေချင်တာ ... အစစအရာရာပေါ့ လိုတာထက် ပိုဂရုစိုက်ပေးနိုင်သလို ကိုယ်ချစ်သလောက်လဲ ကိုယ် ပြန်ရချင်တဲ့ လူစားမျိုးလေ ။

ကျွန်တော့်ကို ချစ်ရင် နာကျင်ရကောင်း နာကျင်ရနိုင်ပါတယ် ။ ဘယ်နေရာမှာမဆို အရိပ်တကြည့်ကြည့်နဲ့ ပြီးတော့ ပွစိပွစိနဲ့လေ အရမ်းလဲ သ၀န်တိုတတ်တယ် ။ အရမ်းလဲ ချစ်တယ် ။ ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေ အများကြီး မေးနေမိမှာဖြစ်သလို ဘာ​ကြောင့်လဲဆိုပြီး အကြောင်းပြချက်တွေလဲ တောင်းနေမိမှာ မင်းနှုတ်ခမ်းက ထွက်တဲ့ ဘယ်အဖြေကိုမဆို ယုံမှာလေ ။

တစ်ခါတစ်လေကျတော့ ... အရမ်းရင့်ကျက်နေသလိုမျိုး မင်းရှေ့မှာ မားမားမတ်မတ်ရှိနေနေပေးနိုင်သလို တစ်ခါတစ်လေကျ ကလေးတစ်ယောက်လိုမျိုး ... ကပ်တွယ်ချင် ကပ်တွယ်နေမိမှာ အရမ်းကလေးဆန်တာပဲဆိုတဲ့ စကားနဲ့ တွန်းထုတ်ချင် တွန်းထုတ်ပစ်လိမ့်မယ် ။ ဒီလိုပဲ ပျော်ပါတယ်ဆိုတဲ့ စကားကိုပြောပြီး ဘယ်ဒဏ်ရာကိုမဆို သိမ်းထားတဲ့ လူတစ်ယောက်ကလေ ကိုယ်ချစ်မိတဲ့ လူတစ်ယောက်အနားရောက်ရင် မျက်ရည်တွေ ပြိုကျလာတတ်တယ်တဲ့ ... တစ်ခါတစ်လေကျရင် ပင်ပန်းနေတဲ့အရာတွေပြောပြီး မင်းရင်ခွင်မှာ ငိုမိဦးမယ်ထင်တယ် ။

ကျွန်တော်ကလေ ... နာကျင်ရတဲ့အခါ တိတ်ဆိတ်နေတတ်တဲ့ လူစားမျိုးလေ ... အဲ့တော့ တစ်ခါတစ်လေကျ ကျွန်တော်ကြောင့် နာကျင်ရကောင်း နာကျင်ရနိုင်ပါတယ် ။ တစ်ခါတစ်လေ စကားတွေ အများကြီးပြောတတ်သလောက် တစ်ခါတစ်လေ အကြောင်းပြချက်တွေမရှိပဲ တိတ်ဆိတ်သွားတဲ့ ကျွန်တော့ကို ကြည့်ပြီး နားလည်ရ ခက်ကောင်းလဲ ခက်လိမ့်မယ် ။

နားလည်ဖို့ မကြိုးစားပါနဲ့လား ပင်ပန်းလိမ့်မယ် ။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုယ်တောင် နားမလည်နိုင်အောင် ရှိနေတတ်တဲ့ လူတစ်ယောက်ပဲမို့ ဒီတိုင်းလေးပဲ တွေးထားလိုက်ပါ ... သူ ရူးနေတာပေါ့ ... အဲ့လိုပေါ့ပေါ့ပါးပါးလေးထားလိုက်ရင်တော့ အဆင်ပြေသွားမှာပါ ဒါပေမယ့်လေ ကျွန်တော့်ကို ချစ်ရင် နာကျင်ရမှာစိုးတယ် ။

#ကျေးကို

တစ်ခါတစ်လေမှာ ...ခင်ဗျားကို စိတ်ဆိုးနေတာလဲ မဟုတ်ဘူးဒေါသ ထွက်နေတာလဲ မဟုတ်ဘူး ...ငါဒီလောက်ချစ်တာကို ဘာလို့ နည်းနည်းလေးတောင...
08/28/2023

တစ်ခါတစ်လေမှာ ...
ခင်ဗျားကို စိတ်ဆိုးနေတာလဲ မဟုတ်ဘူး
ဒေါသ ထွက်နေတာလဲ မဟုတ်ဘူး ...

ငါဒီလောက်ချစ်တာကို
ဘာလို့ နည်းနည်းလေးတောင်
အသိအမှတ်မပြုပေးနိုင်ရတာလဲဆိုပြီး
၀မ်းနည်းစိတ်နဲ့
မေးခွန်းတွေ အများကြီး မေးနေမိတာ ။

တစ်ခါတစ်လေကျတော့
၂၄ နာရီလုံးစောင့်ခဲ့ပြီးတာတောင်
၅ မိနစ်လောက်လေးတောင်
ကောင်းကောင်းမွန်မွန် စကားပြောခွင့်မရတဲ့အချိန်တွေမှာ
ငါ့ဖက် နည်းနည်းလေး ငဲ့ကြည့်ပေးစေချင်တာ ။

မင်းကို ...
စိတ်ဆိုးပိုင်ခွင့်လဲ မရှိပါဘူး ...
စိတ်တိုပိုင်ခွင့်လဲ ရှိမနေပါဘူး ...

တစ်ခါတစ်လေကျတော့

မင်းသာ မရှိတော့ရင်ဆိုတဲ့
အတွေးတွေ ၀င်လာရင်
ကိုယ့်ကိုယ်ကိုယ် ထိန်းလို့ သိမ်းလို့ မရတော့တာ ။

နေရာတကာမှာ
တဇွတ်ထိုးဆန်လွန်းတာ မဟုတ်ဘူး
မင်းကို စွန့်လွှတ်ရမယ်ဆိုတဲ့
စကားတွေ ကြားတိုင်းမှာ
မစွန့်လွှတ်ရဲတဲ့ စိတ်နဲ့
တွယ်ကပ်နေမိတာ ။

တစ်ခါတစ်လေမှာ
ကျွန်တော်တို့က
ဒေါသ ထွက်ပြီး အော်နေမိတာ မဟုတ်ဘူး ...

ငါဒီလောက်ချစ်တာကို
ဘာလို့ မသိရတာလဲဆိုပြီး
မချိတင်ကဲတွေ ဖြစ်နေမိတာ ။

#ကျေးကို

မချစ်ချင်တော့ဘူးဆိုတဲ့အခါ ပစ်ချသွားမှာပဲမလား ...တစ်ယောက်တည်းနေသားကျနေတဲ့ဘ၀ထဲမှာနေသားကျနေတဲ့အတိုင်းပဲထားလိုက်တာကောင်းပါတယ...
08/28/2023

မချစ်ချင်တော့ဘူးဆိုတဲ့အခါ
ပစ်ချသွားမှာပဲမလား ...

တစ်ယောက်တည်း
နေသားကျနေတဲ့
ဘ၀ထဲမှာ
နေသားကျနေတဲ့အတိုင်းပဲ
ထားလိုက်တာကောင်းပါတယ်

စာနာလို့ပါဆိုတဲ့ စကားနဲ့လည်း
ကျွန်တော့် ဒဏ်ရာတွေကို
မသိချင်နဲ့

ကြင်နာလို့ပါဆိုပြီးတော့လည်း
ကျွန်တော့် နာကျင်မှုတွေကို
ဆေးထည့်ဖို့ မကြိုးစားပါနဲ့

အချိန်တန်ရင်
နေသားကျသွားမှာပါ
ဒါမှမဟုတ်
နေနိုင်သွားမှာပါ ...
တစ်ယောက်တည်းလည်း အဆင်ပြေသွားမှာပါ

ကျေးဇူးပြုပြီး
ဒဏ်ရာတွေကို လိုက်ပွဲ မပေးပါနဲ့ ။

လုံလုံလောက်လောက် နာကျင်နေပြီးသားပါ။

#ကျေးကို

ကိုယ်က ...ထစ်ကနဲရှိ မျက်ရည် လွယ်ပါတယ် ...ဒါပေမယ့် အဲ့လိုမျက်ရည်လွယ်တတ်တာက မင်းနဲ့ ပတ်သက်မှပါပဲ ...တခြား ဘယ်အဆင်မပြေမှုကိ...
08/28/2023

ကိုယ်က ...
ထစ်ကနဲရှိ
မျက်ရည် လွယ်ပါတယ် ...

ဒါပေမယ့်
အဲ့လိုမျက်ရည်လွယ်တတ်တာက
မင်းနဲ့ ပတ်သက်မှပါပဲ ...

တခြား ဘယ်အဆင်မပြေမှုကိုပဲဖြစ်ဖြစ်
​အပြောင်အပျက်လုပ်ပြီး
ဟာသဖောက်ခဲ့တဲ့ လူတစ်ယောက်ပါ

တခြား ဘယ်ဒဏ်ရာကိုပဲဖြစ်ဖြစ်ဟ
ဒီမှာကြည့် ဒဏ်ရာဆိုပြီး
နာကျင်မှုကို လှောင်ရယ်တတ်တဲ့ လူတစ်ယောက်ပါ ...

ဒါပေမယ့်
မင်းနဲ့ ပတ်သက်လာရင်တော့

မင်း ဖုန်းမဆက်
စာမပြန်တာလေးကအစ

ကိုယ့်မှာ မျက်ရည်လည်ပါတယ် ။

#ကျေးကို

မင်းက ငါလက်လှမ်းမမှီတဲ့အရပ်မှာ ပွင့်တဲ့ ပန်းပါ ။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စကားဟာ အမြဲတမ်းတော့ မမှန်တတ်ဘူး ။ ...
08/28/2023

မင်းက ငါလက်လှမ်းမမှီတဲ့အရပ်မှာ ပွင့်တဲ့ ပန်းပါ ။

ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ စကားဟာ အမြဲတမ်းတော့ မမှန်တတ်ဘူး ။ တစ်ခါတစ်လေ ကိုယ်ဘယ်လောက်ပဲ ကြိုးစားကြိုးစားရမလာတော့ဘူးဆိုတဲ့ အရာတွေ ပြီးတော့ ဘယ်တော့မှ ဖြစ်မလာတော့ဘူးဆိုတဲ့ အရာတွေဟာ တကယ်ပဲ ရှိပါတယ် ။ ဥပမာ ... မင်းပေါ့ ... မင်းက ပန်းလေးတစ်ပန်းနဲ့ တူတယ် ဆူးတွေ ခြံရံထားတဲ့ နှင်းဆီပန်းလေးလည်း မဟုတ်ဘူး ရနံ့ဖြာလွန်းတဲ့ စံပယ်ပန်းမျိုးလဲ မဟုတ်ဘူး မင်းက ငါ လက်လှမ်းမမှီတဲ့ အရပ်မှာ ပွင့်တဲ့ ပန်းမျိုးပါ ။

ငေးကြည့်ရုံ လိုအပ်နေတယ်ဆိုတဲ့အချိန် ရှိနေပေးရုံဆိုတာလောက်ပဲ အခွင့်ရှိတဲ့ ဥယျာဥ်မှူးလေ ။ ပန်ခွင့်မရှိဘူး ခူးခွင့်မရှိဘူး ငေးကြည့်ရုံလောက်ပဲ စွဲလန်းမသွားစေဖို့ ကိုယ့်ကိုယ်ကိုယ် တားခဲ့ပါသေးတယ် ဒါပေမယ့် တားနေတဲ့ကြားက အသေအချာကြီးကို ချစ်မိသွားခဲ့တာ ။ လူတစ်ယောက်ကို ချစ်ရင် အကောင်းဆုံးဆိုတဲ့ အရာတွေချည်းပဲ ပေးချင်တာ မဟုတ်လား ... တကယ်ချစ်ရင်ဆိုတဲ့စကားနဲ့ အဆင်မပြေမှုတွေကြားမှာ ဘယ် ရှင်သန်ခိုင်းရက်ပါ့မလဲ ။ အဲ့ဒီ အပြုံးလေး ညိုးသွားမှာ အဲ့ဒီနှုတ်ခမ်းလေး မဲ့သွားမှာကို သိပ်စိတ်ပူနေခဲ့တာလေ ။

ချစ်တယ် မင်းကို ... ဒါပေမယ့် ဒီလောက်ပဲ မလား ။ မင်းကို လွမ်းတယ် ဒီလောက်ပဲ မလား ။ ဘယ်လောက်ပဲ လှမ်းလှမ်း မနီးမယ့် ဘ၀တစ်ခုမှာ မင်းက ရှင်သန်တယ် တော်တော်လေး လှမ်းတဲ့အရပ်ကနေ မင်းကို လွမ်းတယ် ဒီလောက်ပါပဲ ။ တချို့ ဘ၀တွေက ဆုံခွင့်ရှိတယ် ပြီးတော့ ချစ်ခွင့်ရှိတယ် ပေါင်းစပ်ခွင့်တွေကျတော့ အစကတည်းက ပါမလာခဲ့တာမျိုးပေါ့ ။ မင်းယုံလားတော့ မသိဘူး ။ တချို့က ဘယ်တော့မှ မနီးမယ့်ဘ၀မှာ ရှင်သန်တယ် ဆိုတာမျိုးကိုပေါ့ ။ လွမ်းတယ်နော် ပြီးတော့ အရမ်းလဲ ချစ်တယ် ဒါပေမယ့် ခပ်လှမ်းလှမ်းမှာပါပဲ ။

မင်းက ... သိပ်ကံကောင်းတယ် အဆင်မပြေမှုဆိုတာ ဘာမှ မသိတဲ့ ဘ၀တစ်ခုမှာ ရှင်သန်ခဲ့ရတာလေ အချစ်ခံရခြင်း အလိုလိုက်ခံရခြင်းဆိုတဲ့ ဘ၀မှာပဲ ပျော်နေခဲ့တာလေ ငါ့ကို ချစ်ရင်ဆိုတဲ့ စကားနဲ့ ဒုက္ခတွင်းထဲ ဘယ်ဆွဲခေါ်ရပ်ပါ့မလဲ မင်းက ငါ လက်လှမ်းမမှီတဲ့ အရပ်မှာ ပွင့်တဲ့ ပန်းလေးတစ်ပွင့်ပါ ။ ပျော်ပျော်ရွှင်ရွှင်လေး ဖြစ်နေရင် ရပါပြီ ။ ဒီတိုင်းလေး ရှင်သန်နေမယ်ဆိုရင် ရပါပြီ ။ ချစ်တယ် မင်းကို လွမ်းတယ် မင်းကို ။

#ကျေးကို

တကယ်လို့ ခင်ဗျားအနားနေခွင့်ရှိဦးမယ်ဆိုရင် ...ချစ်တယ်ဆိုတဲ့ ... စကားတစ်လုံးရဲ့နောက်မှာ ဘယ်တော့မဆို ဆက်ပြီး ချစ်သွားစေချင...
08/28/2023

တကယ်လို့ ခင်ဗျားအနားနေခွင့်ရှိဦးမယ်ဆိုရင် ...

ချစ်တယ်ဆိုတဲ့ ... စကားတစ်လုံးရဲ့နောက်မှာ ဘယ်တော့မဆို ဆက်ပြီး ချစ်သွားစေချင်တဲ့ မျှော်လင့်ချက်လေးတွေဟာ ရှိတတ်ကြတာပဲ မဟုတ်လား ။မမျှော်လင့်ပါဘူးလို့ ဘယ်လောက်ပဲ ပြောပြော ... တစ်နေ့ကျရင် အတူတူရှိနေနိုင်ဖို့ အိပ်မက်တွေ မက်နေမိတာပါပဲ ... တကယ်လို့ပေါ့ ဒီထက်ပိုပြီး ခင်ဗျားအနားနေခွင့်ရှိဦးမယ်ဆိုရင်လေ ဒီထက်ပိုပြီး အများကြီး ချစ်ပေးချင်သေးတယ် ။

အတ္တတွေမကြီးတော့ဘူးလေ ပြီးတော့ ... အချစ်တစ်ခုကလွဲလို့ မင်းဆီက မတောင့်တတော့ဘူး... မနက်ခင်းတွေလင်းရင် မင်းအပြုံးတွေ အရင်ဆုံး တွေ့ရပါစေဆိုတဲ့ ဆုတောင်းလေးတောင်းမယ် ညတွေရောက်ရင် ပျော်ပြီး အိပ်သွားမယ့် မင်းကို ငေးမောကြည့်နေချင်တယ် ။ ဒီလောက်ပဲ ... ချန်မထားခဲ့ပါနဲ့ဆိုပြီး နားပူနားဆာတွေ မလုပ်တော့ဘူး ။ လွမ်းလို့ဆိုတဲ့အခါ အသံလေး ကြားရရင် အဆင်ပြေတဲ့အထိ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ပြီးယူမယ်လေ ။

အများကြီး ချစ်နေချင်တယ် ပြီးတော့ အများကြီး ပျော်အောင်ထားပေးချင်တယ် ။ မင်းအပြုံးနဲ့နိုးထပြီး မင်းရှိတယ်ဆိုတဲ့ အသိနဲ့ အိပ်စက်သွားရတဲ့ ညတွေက ပိုပြီး အိပ်မောကျတယ်လေ ။ မင်းအနားရှိနေချင်ရုံသက်သက်ပါ မင်းကို ချစ်နေချင်ရုံသက်သက်ပါ ပျော်စရာတွေပဲ အများကြီးပေးမယ်လေ ရီစရာတွေပဲ ပြောပြမယ်လေ ။ ပြီးတော့ ကတိတွေ အများကြီးလဲ မတောင်းတော့သလို မင်းအဆင်ပြေဖို့ကိုပဲ အဓိကထားပြီး တွေးမယ် ။

တကယ်လို့ ခင်ဗျားအနား ဒီထက်ပိုပြီး နေခွင့်ရှိဦးမယ်ဆိုရင် ... ပျော်စေချင်ပါတယ်ဆိုပြီး ဆုတောင်းပေးခဲ့တဲ့အရာတွေကို တကယ်ပဲ ဖန်တီးပေးချင်တယ် တစ်နေ့ကျရင်ဆိုပြီး ပေးခဲ့တဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်တွေ ဖော်ပေးချင်တယ် ။ အချစ်ဆိုတာမျိုးကလေ ... တစ်ခါတစ်လေကျတော့ အချိန်တွေကြာမှမဟုတ်ပဲ တစ်ခဏလေးအတွင်းမှာလဲ ဖြစ်ပေါ်သွားတတ်တဲ့အကြောင်းတွေ အများကြီးပြောပြချင်တယ် ။ ရှိနေချင်ရုံသက်သက်ပါ ...

မင်းအပြုံးလေးပဲပေး ... တစ်သက်လုံး ပျော်အောင် ထားပေးဖို့က ကိုယ့်တာ၀န်ပဲလို့ပဲထားလေ ။ စိတ်အဆင်မပြေရင် စိတ်ကောက်ချလိုက်လို့လဲရတယ် ပြေအောင်ချော့ရမှာက ကိုယ်ပဲလို့ပဲ ထားလေနော် ... ဒီထက်ပိုပြီး မင်းအနား ရှိနေချင်ပါသေးတယ် ဒီထက်ပိုပြီး မင်းနဲ့နီးချင်သေးတယ် ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

မင်းကို လွမ်းတယ်...ဒီအချိန်ဆို စကားပြောနေကျပါလားဆိုတဲ့အသိနဲ့မင်းရှိနေရင် ကောင်းမှာဆိုပြီးတွေးမိတယ် ဒီအချိန်ဆိုမင်းဘာလုပ်...
08/27/2023

မင်းကို လွမ်းတယ်...

ဒီအချိန်ဆို
စကားပြောနေကျပါလားဆိုတဲ့အသိနဲ့
မင်းရှိနေရင် ကောင်းမှာဆိုပြီး
တွေးမိတယ်

ဒီအချိန်ဆို
မင်းဘာလုပ်နေမလဲဆိုတဲ့
အတွေးတွေနဲ့လဲ
အဆင်ပြေမှပြေပါ့မလားလို့
စိတ်ပူနေမိတယ်

ခေါ်ခွင့်မရှိလို့ ငေးကြည့်နေခဲ့တာပါ
မင်းကို အရမ်းလွမ်းတယ်

မင်းခေါ်လာရင်ကောင်းမှာဆိုပြီးတော့
မရေမရာလေးလဲ မျှော်လင့်မိတယ်

ဒါပေမယ့်
ဖြစ်လာမှာမှ မဟုတ်ပဲလေ။

#ကျေးကို

တစ်ခုခု လုပ်မယ်ဆိုရင် ခင်ဗျား အဆင်ပြေဖို့ပဲ တွေးပါ ကျွန်တော်က ရပါတယ် ။ မအားလို့ပါဆိုပြီးအချိန်အကြာကြီး ပစ်ထားလို့လည်းရတယ...
08/27/2023

တစ်ခုခု လုပ်မယ်ဆိုရင်
ခင်ဗျား အဆင်ပြေဖို့ပဲ တွေးပါ

ကျွန်တော်က ရပါတယ် ။

မအားလို့ပါဆိုပြီး
အချိန်အကြာကြီး ပစ်ထားလို့လည်းရတယ် ။

သူငယ်ချင်းတွေနဲ့
ဂိမ်းဆော့နေလို့ပါဆိုပြီး
ကျွန်တော့်ကို ပလစ်ထားလို့လည်းရတယ် ။

အိပ်ပျော်သွားလို့ပါဆိုပြီး
တစ်ညလုံး မအိပ်ဖြစ်ခဲ့တဲ့ ကျွန်တော့်ကို
ညာလို့လည်း ရတယ် ။

ဘာပဲ လုပ်လုပ်
ပြီးတော့ ...
ဘယ်သူ့အနားရှိရှိ
ခင်ဗျားလေး ပျော်နေဖို့ပဲ လိုတာပါ

ကျွန်တော်က ရပါတယ် ။

#ကျေးကို

ကျွန်မ ပျော်အောင် နေတတ်ချင်ပြီ ...ကိုယ်ပျော်ဖို့အတွက် ဘယ်သူ့မှာမှ တာ၀န်ရှိမနေဘူးတဲ့အင်း ...အဲ့ဒီအရာကို သိပြီးကတည်းကကျွန်...
08/26/2023

ကျွန်မ ပျော်အောင် နေတတ်ချင်ပြီ ...

ကိုယ်ပျော်ဖို့အတွက်
ဘယ်သူ့မှာမှ တာ၀န်ရှိမနေဘူးတဲ့
အင်း ...
အဲ့ဒီအရာကို သိပြီးကတည်းက
ကျွန်မလဲ ...
ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေတတ်ဖို့
​ကြိုးစားကြည့်သေးတယ် ။

သူ့ငါ့အပေါ် မစာနာပါလားဆိုတဲ့
အသိတွေနဲ့
မျက်နှာလွဲဖို့လဲ
ကြိုးစားကြည့်သေးတယ်
ဒါပေမယ့် ...
ငါ မျက်နှာလွဲလိုက်ရင်
ပိုအဆင်​မပြေဖြစ်သွားမယ်ထင်တယ်ဆိုပြီး
ပြန်ငဲ့ကြည့်ရင်း အချိန်ကုန်တာပါပဲ ။

သူ ငါ့ဖက်တောင် တစ်ချက်မှ
လှည့်ကြည့်ဖော်မှ မရတာဆိုပြီး
လျစ်လျူရှုဖို့ ကြိုးစားကြည့်သေးတယ်
ဒါပေမယ့် ...
ကိုယ်မရှိတော့ရင်ဆိုပြီး
စိတ်မချတွေ ဖြစ်နေသေးတာလေ ။

ဘယ်သူမှ မရှိလဲ ဖြစ်ပါတယ်ဆိုတဲ့
စကားကို သုံးပြီး
အနားမှာ ရှိသမျှ လူတိုင်းရဲ့ အပူကို
သိမ်းထားတတ်တဲ့ နှလုံးသားက
တစ်ခုခုဆို ...
ပျော်အောင်နေဖို့ ဘယ်လွယ်ပါ့မလဲ

မလွယ်ခြင်းတွေ အများကြီးကြားမှာ
တစ်ခါတစ်လေကျတော့
ကျွန်မလဲ ...
ပျော်အောင် နေတတ်ချင်လာတယ် ။

တချို့ရက်တွေမှာ
အရမ်းနာကျင်ရတာ
တချို့ရက်တွေမှာ
စကားလုံးတွေနဲ့
အများကြီး ထိခိုက်နာကျင်ရတာ

နောက်ဆုံး ...
ဘယ်သူ့ကြောင့်လဲ
လက်ညိုးထိုးတဲ့အခါ
ကိုယ်ပဲ မနေတတ်ခဲ့တာဆိုတဲ့
အပြစ်တွေပဲ တွေ့တယ် ။

တကယ်ဆို ...
ကျွန်မလဲ ပျော်အောင် နေတတ်ချင်တယ်
ဘ၀ကို ပေါ့ပေါ့ပါးပါးလေး
ဖြတ်သန်းကြည့်ချင်တယ် ။

အများကြီး သယ်ထားမိတဲ့ ပုခုံးဟာ
လေးလံလာသလို
အများကြီး သိမ်းထားမိတဲ့ နှလုံးသားဟာ
တဖြေးဖြေး မွန်းကျပ်လာတယ်ထင်တယ်

ဒီရက်တွေမှာ
ကျွန်မ ...
ပျော်အောင် နေတတ်ချင်လာတယ်။

#ကျေးကို

မင်းသဘောပါ အချစ်ရယ် ...တစ်ခါတစ်လေကျတော့အများကြီးမတောင့်တချင်တော့ဘူး ပြီးတော့ ...အများကြီး မမျှော်လင့်ချင်တော့ဘူး ဘာကြောင...
08/26/2023

မင်းသဘောပါ အချစ်ရယ် ...

တစ်ခါတစ်လေကျတော့
အများကြီး
မတောင့်တချင်တော့ဘူး

ပြီးတော့ ...
အများကြီး
မမျှော်လင့်ချင်တော့ဘူး

ဘာကြောင့်ဆို
မတူဘူးလေ

နေရာတကာမှ ကိုယ်က
စိတ်နှစ်ထားသလောက်
တစ်ခါတစ်လေကျတော့
အလေးထားမခံရသလိုပါပဲ

ဘယ်အချိန်မှာမဆို
အရေးကြီးသလောက်
ကိုယ်ကကျ
ပစ်ထားခံရသလိုပါပဲ ။

အရာရာ မင်းသဘောပါ အချစ်ရယ်

နားငြီးတယ်ထင်ရင်
တိတ်ဆိတ်နေပေးမှာပေါ့

မပျော်ဘူးဆိုတဲ့အခါ
ဟာသတွေ ပြောပြမှာပေါ့

မလိုအပ်ဘူးဆိုတဲ့အခါ
ပျောက်ကွယ်ပေးရမှာပေါ့

အရာရာ မင်းသဘောပါ အချစ်ရယ် ။

#ကျေးကို

အဲ့ဒီအမျိုးသမီးလက်ကိုဆွဲပြီး ကျွန်မကို မလွမ်းပါနဲ့ ...ချစ်ခဲ့ကြတယ်ဆိုတဲ့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တာ ကောင်းပါတယ် ။...
08/26/2023

အဲ့ဒီအမျိုးသမီးလက်ကိုဆွဲပြီး ကျွန်မကို မလွမ်းပါနဲ့ ...

ချစ်ခဲ့ကြတယ်ဆိုတဲ့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တာ ကောင်းပါတယ် ။ ကျွန်မမျက်ရည်နဲ့ တားနေတဲ့ကြားက ထွက်သွားကတည်းက ရှင်နဲ့ကျွန်မက ဘာမှ မဆိုင်တော့ဘူးလေ ။ လွမ်းနေမယ်ဆိုရင် တိတ်တိတ်လေးပဲလွမ်းတယ် ချစ်နေတယ်ဆိုရင် တိတ်တိတ်လေးပဲ ချစ်တယ် ။ အနီးအနားကို ဘယ်တော့မှ လာတော့မှာမဟုတ်ဘူး ပြီးတော့ ကျွန်မကိုလေ အဲ့ဒီ အမျိုးသမီးလက်ကိုဆွဲပြီး လွမ်းနေတာမျိုး သဘောမကျဘူး ။

ယောက်ျားတစ်ယောက်ပဲလေ ဟုတ်တယ်မလား ။ ကိုယ်ပျော်ရမယ်ထင်ပြီး လျှောက်ခဲ့တဲ့လမ်းမှာ မပျော်လဲ ပျော်သလိုပဲနေပါ ပြန်မတမ်းတနဲ့ ပြန်မလွမ်းပြနဲ့ ပြီးတော့ ချန်ထားရစ်ရဲတဲ့ သတ္တိတွေရှိရင် ဘာဖြစ်မလဲဆိုပြီး စိတ်တွေမပူရဲတဲ့ သတ္တိလဲရှိရမှာပေါ့ ။ ကျွန်မ အဆင်ပြေမနေဘူးဆိုပေမယ့် ပျော်အောင်နေတယ် ကျွန်မ မပျော်ဘူးဆိုပေမယ့် ပြုံးပြီးနေတယ် ကျွန်မ ဘယ်လိုမှ ပျော်အောင်နေမရတော့တဲ့အခါ ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ငိုတယ် ။ ဒီလောက်ပဲ ။

ကျွန်မ ရှင့်ကို မလိုအပ်တော့ဘူး ပြန်ပြီးတော့မှလဲ မလိုချင်တော့ဘူး ။ အများကြီး လိုအပ်ခဲ့ပြီးသွားပြီ ... အများကြီး လိုချင်ခဲ့ပြီးသွားပြီ ။ ဒါပေမယ့် ဒီအချိန်မှာတော့ ဘာဆိုဘာမှ ရှိမနေတော့ဘူး ။ အများကြီး ငိုခဲ့ပြီးသွားပြီ ရှင်နဲ့ပတ်သက်ပြီး ထပ်ငိုစရာ မျက်ရည်တွေလဲ ကျန်မနေတော့ဘူး ။ ချစ်ခဲ့ဖူးတယ်ဆိုတဲ့ အတိတ်ကလဲ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ ။

ချန်ထားခဲ့ပြီးမှတော့ ... ဘာလို့ပြန်လှည့်ကြည့်နေမှာလဲ အဲ့ဒီအမျိုးသမီးရဲ့ လက်ကိုဆွဲပြီးမှ ကျွန်မကို ပြန်လွမ်းမနေပါနဲ့ ။ သူမကို ပိုချစ်လို့ ရွေးခဲ့တာပဲ သူ့ကိုပဲ ပိုချစ်လိုက်တာကောင်းပါတယ် ။ သူမ နဲ့ အတူရှိတာက ပိုပျော်ဖို့ကောင်းမယ်ထင်လို့ မျက်ရည်နဲ့တားနေတဲ့ကြားက ထွက်သွားခဲ့တာပဲ ပျော်အောင်နေပါ ။ မပျော်လဲ ပြန်မလာပါနဲ့ ... အဆင်မပြေလို့လဲ ပြန်မလွမ်းပါနဲ့ ကျွန်မက တစ်ပွင့်တည်းလဲ အလှဆုံး ပွင့်တတ်တယ်လေ ... အမှီအခိုတွေ မလိုအပ်ဘူး ။

#ကျေးကို
(ရင်နှင့်ရင်း၍ရေးသည်)

Address

Winnipeg, MB

Website

Alerts

Be the first to know and let us send you an email when Kyay Ko posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share

Nearby media companies