06/06/2023
မော်လဝီ နှင့် ဂေါ်လီ
==============
ကျွန်မကတော့ ဆံပင်အနီဆိုး
၊ပေါ်သမျှအဝတ်ကို ခေတ်နဲ့အညီ ဝတ်၍
ကျောင်းတက်နေသူ ...
သူကတော့ ကွရ်သာ ၊ ဒါရီနဲ့ ကျောင်းတက်ပြီး အင်ဂျင်နီယာ ဘွဲ့ရထားသူ။
သူကဘွဲ့ရပြီး အဖေ့လုပ်ငန်းမှာကူရင်း တဘက်က ဟာဖစ်ကျက်ရင်း
ဆရာကြီးတွေထံမှာ အေလင်မ်ပညာ ဆည်းပူးနေသူ။
နှစ်ဘက်မျိုးရိုးလည်း ညီတယ်။
ဂုဏ်ပကာသနလည်း ညီတယ်။
ရုပ်ရည်လည်း ညီတယ်။
နှစ်ယောက်စလုံး သာမှန်ပဲ။
နောက်ဆုံးတစ်ချက်က နဲနဲပြသနာရှိ တယ်။
ဘာဖြစ် လို့လည်ဆိုတော့ ဒီန်ရေးရာမှာ သူကရွှေဖြစ်ပြီး ကိုယ်က မှတ်ကျောက် ဖြစ်နေတဲ့ ပြသာနာပါပဲ.......
နှစ်ဘက်မိဘရဲ့ စကားနားထောင်ပြီး စေ့စပ်တဲ့နေ့ရောက်တော့
မနက်ပိုင်း သူဆိုင်မှာရှိတဲ့အချိန် ကိုယ်ကဦးအောင်ဖုန်းဆက်ပြီး စိတ်ထဲမှာ အစာမကျေတဲ့ ကိစ္စကို မေးလိုက်တယ် ။
ဟေဂျာပ် အတင်း မခြုံခိုင်းဖို့ နဲ့ ဘွရ်ကာ မဝတ်ခိုင်းဖို့ ။
သူက ရီပြီး "မပြောပါဘူး ဒါပေမယ့် လက်ရှည်တော့ ဝတ်နိုင်ရင်ကျေးဇူတင်ပါတယ်" လို့ ပြောတယ် ။
လက်ရှည် လောက်ကတော့ အေးဆေး ။
အသားမဲမှာရယ် နေရောင်ကာ sun block တွေ lotion တွေလိမ်းရမှာ ပျင်းတာရယ် ဆိုတော့
ok ပေါ့ ။
ပြီတော့ဆက်ပြောတဲ့ စကားက ခံပြင်းစရာကောင်းပါတယ် ။
"နိုင်တဲ့သူကိုပဲပြောခိုင်းပါ့မယ်" တဲ့။
အိုးကမပူ စလောင်းဖုံး ကပူတဲ့ ပြသနာရှိသေးတယ်။
နှစ်ဘက်စလုံးက မိတ်ဆွေ တွေက ပုံစံမတူတော့ပြသနာတက်လိမ့်မယ် ဖြစ်မှာ မဟုတ်ဖူးကြီး အားပေးကြပါတော့တယ် ။
နှစ်ဘက်စလုံး မတိုင်ပင်ပဲ ပြန်ပြောမိတာက .......
"ယဉ်ကျေးစွာနဲ့ မိဘရဲ့ ဆုံးဖြတ်ချက် နဲ့ လက္ခံလိုက်ရင် အဆိုးဖြစ်ခဲ့ရင်တောင် မိဘဒိုအာနဲ့ အမှားအယွင်းကနေ In Sha Allah အလ္လာထိမ်းသိမ်းလိမ့်မယ် ။"
မင်္ဂလာဆောင်ကို ကျွန်မရဲ့ သူငယ်ချင်းတွေလာတော့ ကျွန်မကိုတိုးတိုးကပ်ပြေားသွားတယ်
"မော်လဝီ နဲ့ ဂေါ်လီ"တဲ့။
အေးဆေး သူငယ်ချင်းလက်ကိုဆွဲပြီး
"နင်တို့ဒွန္နယာမှာ နေခဲ့ကြ ၊
ငါတော့ အာခေရတ်အတွက် လူကြုံကောင်းလို့ လိုက်သွားပြီ" လို့အနိုင်ပိုင်းပြီး ပြန်ဖြေလိုက်ပါတယ် ။
တကယ်သူက ကျွန်မရဲ့ အာခေရတ်ရဲ့စုဗူး ပဲ။
အလ္လာအရှင်မြတ်က ကျွန်မရဲ့ ဂျန္နတ်ကို သူရဲ့စိတ်ချမ်းသာမှုနဲ့
အလ္လာရှင်မြတ် ညွှန်ကြားထားတဲ့ ဖရပ်ဇ် တာဝန်ကျေရင် ဝါဂျစ်ဘ် လို့ ပြောထားတယ်။
ပြသနာက ဟေဂျာဘ် နဲ့ ကျွန်မရဲ့နဖ်စ်ကို ရှိုင်သွာန်အတွက် လွှတ်ထားခြင်းပဲ။
စာအုပ်ဖတ်တာ ဝါသနာပါတော့ သူဝယ်ထားတဲ့ အစ္စလာမ့်စာပေ သအ်လင်မ် စာအုပ်တွေကို တော်တော်များများ ဖတ်ဖြစ်ပါတယ်။
ဒါပေမယ့် အလ္လာမပေးသေးတော့ ဘယ်လိုမှ နဖ်စ်ကိုချွန်းမအုပ်နိုင် သေးဘူး ။
သူကတော့ သူ့ကတိအတိုင်း
တစ်ခါမှ တစ်နှစ်ကျော်တဲ့ အထိ မပြောဘူး။
တစ်ရက် သူက အီရှာဖတ်ပြီး ပြန်လာတော့ ထမင်းစားရင်း ထုံးစံအတိုင်း ကိုယ်က ဘာထူးလဲပေါ့ ဘာမှမထူးဘူးတဲ့ ။
မျက်နာကြည့်ပြီး တစ်ခုခုမှားနေမှန်းတော့သိလိုက်တယ် ။
ထပ်မမေးပဲ ထားလိုက်တယ်။
"ဒီနေ့အေမာမ် နေမကောင်းလို့ မလာဘူး ၊
မိတ်ဆွေတွေက အတင်း အေမာမ်လုပ်ခိုင်းနေတာနဲ့ အတင်းငြင်းပြီး တစ်ယောက်ကိုဖတ်ခိုင်း ခဲ့တယ်"
"အရင်တုန်းက ဖဂျရ်ဆို ဆရာကြီးဆီမှာ အေမာမ်လုပ်ပြီး ဖတ်ခဲ့တာပဲ ၊
ဖတ်ပေးလိုက်ပြီးရော"
"အရင်တုန်းက ကိုယ့်တာဝန်ကိုယ်ယူပြီး မုက်သဒီရဲ့ အေမ်မာမ် လုပ်ရတာ
၊ အခုမိသားစုဦးစီးဖြစ်ပြီး အလ္လာအမိန့်ပေးထားတဲ့ ဖရပ်ဇ်တာ၀န်တောင် ဇနီးကို ကျေပွန်အောင် တိုက်တွန်းတာ မလုပ်နိုင်သေးပဲ
မုက်သဒီရဲ့တာဝန် ဘယ်လို ယူမလဲ"
အဖြေမရှိသေးပါ ။
သူပြောခဲ့တဲ့
"နိုင်တဲ့သူကိုပြောခိုင်းပါ့မယ့်" ဆိုတဲ့စကားအတည်ဖြစ်သွားပြီ လို့ ထင်လိုက်တယ်။
ကျွန်မစိတ်ထဲမှာ တစ်စုံ တစ်ခု ဆုံးရှုံး နေပြီလို့ လည်းတွေးမိတယ်။
အမှန်က ဆုံးရှုံးပြီလို့ ထင်တာက နဖ်စ်စိတ်ရှိင်းက ရှိင်သွာန် ရဲ့ မြှောက်ပေးနေခြင်းပါ။
အမှန်တကယ်က အလ္လာအရှင်မြတ်က နှစ်ဌာနလုံး အတွက် ကျွန်မကို ထိန်းသိမ်းနေခြင်းပါ။
သူတောင်းနေတဲ့ဒိုအာကြောင့် အလ္လာအရှင်မြတ်က ကျွန်မစိတ်ကို သူ့အကြောင်းခံနဲ့ ဟေဒါယသ်ဘက် လှည့်ပေးတော်မူခြင်းပါ။
အမှန်တကယ်က အောင်မြင်မှု ရရှိခြင်းပါ။
အမှန်ဆိုရင် ကိုယ်က သူ့ဒီန်အရေးကူညီရမှာကို မကူညီတဲ့အပြင်
ကိုယ့်ကြောင့် သူ့ကောင်းမှုကုသိုလ်အရေးကနေ ဝေးကွာစေခြင်းပါ။
ခေါင်လုံပေမယ့် အကာမလုံရင်လည်း အိမ်ကောင်းမဖြစ်နိုင်ဘူး။
ဘာပဲဖြစ်ဖြစ် အစ္စလာမ်သာသနာက ပြဌာန်းထားတဲ့ ဥပဒေက မွတ်စလင်မ် တိုင်းအတွက် လွယ်ကူစွာ ကျင့်သုံးနိုင်အောင်ပေးထားတာပါ။
နောက်ရက် အမွှာညီနောင်မှာ စာအုပ်သွားဝယ်တော့ ကျွန်မက မက္ကာကလာတဲ့ ဘွရ်ကာ နှစ်ထည် အိပ်နဲ့ထည့်ခိုင်းတော့
သူရဲ့ ဖြစ်ပျက်နေတဲ့ မျက်နာနဲ့ ကိုယ့့် ကိုကြည့်တဲ့ ပုံက လူဆိုးမ အလင်းဝင်လာလို့ အောင်နိုင်သူ အပြုံးနဲ့။
ကိုယ်ကလည်း အညှိုးတေးထားလိုက်တာ အခုထိပဲ။
ဈေးဝယ်ထွက်ရင် အိမ်မှာနေဝတ်ဖို့ ခေတ်ပေါ်အကုန်ဝယ်ဝတ်တာပဲ ။
အပြင်သွားရင် ဝတ်ဖို့ လုံလုံခြုံခြုံ က သက်သက်ဝယ်ပေးရတာပဲ။
နင့်ကြည့့့်ရတာလည်း အပြင်သွားရင်တစ်ယောက် အိမ်မှာနေရင်တစ်ယောက်ပုံပေါက်နေတယ်တဲ့။
အေခလားစ် နဲ့ ဖရက်ဇ် တာဝန်ကျေရင် မွတ်စ်လင်မ် အမျိုးသမီး ဖြစ်ရတာ စိတ်လုံခြုံမှု နဲ့ အေးချမ်းမှုအရှိဆုံးပါ ။
သမီးဘဝမှာ အဖေ ရဲ့ ဂရုစိုက်
ရှာဖွေကျွေးမွေးခြင်း ခံရတယ်။
ဇနီး ဘဝမှာ ခင်ပွန်း ရဲ့ ဂရုစိုက်
ရှာဖွေကျွေးမွေးခြင်း စံရတယ်။
အမေ ဘဝမှာ သား ကို မိခင်ရဲ့ တာဝန် အပြည့်အဝ ပေးထားခြင်း နိအ်မသ်ရတယ်။
ဒါကြောင့် ကျွန်မ မွတ်စ်လင်မ် အမျိုးသမီးဖြစ်ရတာ ဂုဏ်ယူ ပါတယ်။
ကဲ ဘယ်ဂေါ်လီ Follow လုပ်မလဲ ??
Credit to Sainee Naeem