It & Knowledge Sharing

It & Knowledge Sharing နည်းပညာနဲ့ ပတ်သက်သော ပညာများကို sharing ​ပေး​ပါသည်။
(7)

IT & Knowledge Sharing ဟာ 2020 ကတည်းက Ko Kyi Soe Win မှ စတင်ခဲ့တာဖြစ်ပါတယ်။
Mobile Phone, Computer နဲ့ တခြားသော နည်းပညာဆိုင်ရာ ပညာများကို လူသားအကျိုးပြု Sharing လုပ်ပေးတဲ့ Social Media Channel တစ်ခုဖြစ်ပါတယ်။

လက်ရှိတွင် နည်းပညာသင်တန်းများနှင့် Service များကိုလည်း ဝန်ဆောင်မူ့ပေးနေပါတယ်။

IT & Knowledge Sharing မှာလေ့လာနိုင်တဲ့ သင်တန်းများနှင့် Service များကို
ITK - Online Class နှင့် ITK - Digital

Page ၂ ခုတွင်သာ လက်ခံပေးတာဖြစ်ပါတယ်။
( တခြားသော Platform များတွင် ငွေကြေးလက်ခံခြင်းမျိုးမလုပ်သည်ကို သတိပြုပါရန် )

ဆက်လက်၍လည်း နည်းပညာများကို Sharing လုပ်ပေးသွားမှာဖြစ်ပြီး၊
YouTube, Tiktok နှင့် Facebook တွင် နေရာယူထားပါတယ်။

Facebook မှာဆိုလည်း Page တစ်ခုတည်းပေါ်တွင်မှီခိုခြင်းမဖြစ်အောင်
IT & Knowledge Sharing 2 ဆိုတဲ့ Page ခွဲဖွင့်ထားပါတယ်။

နောက်ပိုင်းတွင် အများနှင့်သက်ဆိုင်သော Company တစ်ခုဖြစ်နိုင်အောင်ရည်မှန်းထားပြီး
လူသားများကို အကျိုးပြုသော နည်းပညာရပ်များ၊ သင်တန်းများနှင့် ဝန်ဆောင်မူ့များကို
တိုးချဲ့လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားပါတယ်။

06/12/2024

ဖုန်းနဲ့လိုက်လုပ်လို့ရတဲ့ Ai နည်းပညာပေါင်းချုပ် အပိုင်း ၂
မိနစ် ၅၀ ကျော်ရှိတဲ့ Video တစ်ပုဒ်ကို YouTube မှာတင်ပေးထားပါတယ်
Comment မှာ Link ပေးထားပါတယ်ဗျ

06/12/2024

“ဖုန်းတစ်လုံးရဲ့ အသေးစိတ်အချက်အလက်ကိုကြည့်ဖို့ အကောင်းဆုံး Website တစ်ခု”

ဖုန်းတစ်လုံးဝယ်ဖို့စဉ်းစားလိုက်ပြီဆိုရင် သိချင်လေ့ရှိကြတဲ့ ဘာအရောင်တွေလာလဲ၊ Screen Size ကရော ဘယ်လောက်လဲ၊ RAM/ROM ရရော ဘယ်လိုလဲ စတဲ့ အချက်အလက် Specification အသေးစိတ်တွေကို အလွယ်တကူသိရှိနိုင်ဖို့ ဒီ Website လေးကို ညွှန်းချင်ပါတယ်ခင်ဗျာ။

Keypad ဖုန်းကနေစပြီး နောက်ဆုံးပေါ် smartphones တွေအထိ အသေးစိတ် specifications ကို ကြည့်လို့ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

Chrome, Firefox လိုမျိုး browser တစ်ခုခုထဲကိုဝင် ပြီး search bar မှာ GSMArena.com ဆိုပြီးရိုက်ထည့်ရှာတာ ဒါမှမဟုတ် ဒီလင့်ခ် https://www.gsmarena.com/ လေးကို နှိပ်ပြီးဝင်လိုက်လို့ ရပါတယ်။

Website လေးပေါ်လာပြီဆိုရင် အပေါ်ထိပ်ဆုံးက မှန်ဘီလူးပုံစံလေးဘေးက Search bar မှာ ကိုယ်သိချင်တဲ့ ဖုန်းနာမည်ကို ရိုက်ထည့်လိုက်ရဲ့ full specifications ကျလာမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

အပေါ်ဆုံး ဖုန်းပုံစံရဲ့ဘေးမှာဆိုရင် Released Date, Weight, Version, Screen Size, Camera MP, RAM/ROM, Battery Amp စတာတွေကို ဖော်ပြထားပြီး ပုံအောက်မှာဆိုရင် full specifications ကို Body, Display, Platform, Memory, Main Camera, Sound အစရှိတဲ့ Categories တစ်ခုချင်းစီ ခွဲပြီး ဖော်ပြထားတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။

မိတ်ဆွေတို့လည်း ကိုယ့်ဖုန်းရဲ့ full specifications ကို သိချင်ရင် ဒီနည်းလေးနဲ့ကြည့်ပြီး အသုံးဝင်/မဝင်၊ မှန်/မမှန် Comment မှာ ပြောပေးခဲ့ပါဦးခင်ဗျ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



04/12/2024

“ဖုန်းတွေရဲ့ SOC (System On a Chip) တွေကို ဘယ်လိုနှိုင်းယှဉ်ကြည့်ရှုမလဲ။”

SOC အကြောင်းကို အရင်နေ့က အသေးစိတ်ပြောပြ ပြီးပြီ ဆိုတော့ ဒီနေ့မှာ ကိုယ်ဝယ်မယ့် ဖုန်းကို အခြားဖုန်းတစ်လုံးရဲ့ SOC နဲ့ ယှဉ်ချင်တဲ့အခါ၊ ကိုယ့်ဖုန်းကို နာမည်ကြီးနေတဲ့ ဖုန်းနဲ့ယှဉ်ပြီး SOC ကြည့်ချင်တဲ့ အခါ၊ ကိုယ်သဘောကျနေတဲ့ ဖုန်းနှစ်လုံးထဲက ဘယ်ဖုန်းကို ဝယ်ရမလဲဆုံးဖြတ်ဖို့ SOC ယှဉ်ကြည့်ချင်တဲ့ အချိန်မျိုးမှာ အဆင်ပြေစေဖို့ ဘယ်လိုကြည့်ရမလဲဆိုတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

🔹ဖုန်းရဲ့ About Phone ထဲက All Spec ထဲကို ဝင်ပြီး CPU ရဲ့အောက်မှာ SOC ကို ကြည့်လို့ရပါတယ်။

🔹နောက်တစ်ခုကတော့ ကိုယ့်ဖုန်း Model ကို Chrome ရဲ့ Search bar မှာ ရိုက်ထည့်ပြီး GSMArena.com ထဲကို ဝင်ပြီး ဖုန်းရဲ့ Full Specifications, Platform အောက်က Chipset မှာ ဝင်ကြည့်လို့ရပါတယ်။

ဥပမာ Redmi Note 12 Turbo ရဲ့ Chipset ကို ကြည့်လိုက်မယ်ဆိုရင် Qualcomm SM7475-AB Snapdragon 7+ Gen 2 (4 nm)လို့ ဖော်ပြထားတာတွေ့ရပါလိမ့်မယ်။

ဒါဆို Snapdragon 7+ Gen 2 ကို SOC ထဲမှာ Top 1 ဖြစ်တဲ့ Dimensity 9400 MediaTek နဲ့ ယှဉ်ကြည့်မယ်ဆိုပါစို့။ Chrome ရဲ့ Search bar မှာပဲ Snapdragon 7+ Gen 2 Vs Dimensity 9400 MediaTek ဆိုပြီးရိုက်ထည့်လိုက်ပါခင်ဗျာ။

အပေါ်ဆုံးမှာ ပေါ်လာတဲ့ Nano Review ထဲကို ဝင်လိုက်မယ်ဆိုရင် ကိုယ်ယှဉ်ကြည့်မယ့် SOC နှစ်ခုရဲ့ CPU Performance, Gaming Performance, Battery Life တွေ နှိုင်းယှဉ်ပြထားတာအပြင် အဓိက ကွာခြားချက်တွေနဲ့ အခြားအခြားသော နှိုင်းယှဉ်ချက်တွေကို တွေ့ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။

မိတ်ဆွေတို့လက်ရှိသုံးနေတဲ့ ဖုန်းရဲ့ SOC Performance က လက်တွေ့သုံးချိန်မှာ ကောင်းမကောင်းကိုလည်း Comment မျှဝေခဲ့ပေးပါဦးခင်ဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



03/12/2024

Ai နဲ့ ရေးထားတဲ့စာသားတွေကို
လူရေးထားသလိုမျိုးဖြစ်အောင် ပြန်ပြောင်းနည်း

02/12/2024
02/12/2024
02/12/2024

“ဖုန်းဝယ်မယ်ဆို သိထားသင့်တဲ့ SOC အကြောင်း”

🔹SOC (System On a Chip) ဆိုတာ computer, laptop, tablet နဲ့ smartphones တွေရဲ့ performance တွေ ကောင်းအောင် design ဆွဲပေးထားတဲ့ system တစ်ခုဖြစ်ပါတယ်။

🔹တကယ့်အရေးကြီးအစိတ်အပိုင်းတွေဖြစ်တဲ့ CPU, memory, input/output တွေအကုန်လုံးကို စုပေါင်းထားတဲ့ chip ဖြစ်ပါတယ်ခင်ဗျာ။

🔹Smartphone တစ်လုံးရဲ့ SOC ပေါ်မှာ CPU, GPU, ISP နဲ့ network connection တွေ ချိတ်ဆင်ဖို့ modem တွေ စတာတွေနဲ့ပတ်သက်တဲ့ support ပေးနိုင်တဲ့ ပမာဏကို chip ထဲကို တစ်စုတစ်စည်းတည်း ထည့်ပေးထားတာ ဖြစ်ပါတယ်။ ဖုန်းတစ်လုံးရဲ့ SOC ကို အခြေခံပြီး component တွေကို ထည့်သွင်း တပ်ဆင်တာပဲ ဖြစ်ပါတယ်။

🔹ဖုန်းတစ်လုံးရဲ့ Performance ကို RAM/ROM ပေါ်မူတည်ပြီး ဆုံးဖြတ်တယ်ဆိုပေမယ့်လည်း RAM တွေ ဘယ်လောက်ထပ်တိုးလို့ရမလဲ ဆိုတာကလည်း သုံးထားတဲ့ SOC ပေါ် မူတည်နေပြန်ပါသေးတယ်။

🔹2024 Smartphone Processor Ranking List အရ Top 5 SOC တွေကတော့ -

(1) Dimensity 9400 MediaTek
(2) Snapdragon 8 Elite (Gen 4) (Qualcomm)
(3) A18 Pro Apple
(4) Apple A18
(5) Dimensity 9300+ (MediaTek) တို့ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဒါကြောင့် ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုရင် Price to Performance ဖြစ်ဖို့ RAM/ROM အပြင် SOC ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ် ဆိုတာကို မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



02/12/2024

“Huawei ရဲ့ HarmonyOS Next”

Smart Phone တွေ ပေါ်ခါစက မြန်မာနိုင်ငံမှာ Huawei ဆိုတာ နာမည်ကြီး brand ထဲ ပါခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ Android software update မရတော့တာတွေ၊ Play Store ပြဿနာတွေကြောင့် global market မှာ နေရာမရဖြစ်သွားခဲ့ပါတယ်။

ဒါပေမယ့် Huawei က သူတို့ရဲ့ ကိုယ်ပိုင် operating system အဖြစ် HarmonyOS ကို 2019 မှာ စတင် developed လုပ်ခဲ့ပါတယ်။

HarmonyOS က smart phone တွေမှာတင် မဟုတ်ဘဲ IOT device တွေဖြစ်တဲ့ tablet, smart watch, smart home tv နဲ့ health monitor တွေလိုမျိုး device တွေမှာပါ သုံးနိုင်ပါတယ်။

2019 မှာ developed လုပ်လာခဲ့တဲ့ Huawei ရဲ့ HarmonyOS ဟာ 2024 ခုနှစ် latest version ဖြစ်တဲ့ HarmonyOS 4 မှာတော့ ပိုကောင်းတဲ့ UI features တွေ၊ animation တွေနဲ့ advanced AI powered tools တွေ ပါ ပါလာခဲ့ပါတယ်။

ဒါပေမယ့် HarmonyOS က Andriod ပေါ်မှာ အခြေခံနေရတုန်းပဲ ဖြစ်တာမို့ Huawei ရဲ့ 2024 January event တစ်ခုမှာ HarmonyOS Next ကို မိတ်ဆက်ခဲ့ပြန်ပါတယ်။

HarmonyOS Next မှာဆိုရင် android app တွေ support လုံးဝဖြစ်တော့မှာမဟုတ်ဘဲ Huawei ရဲ့ ကိုယ်ပိုင် application တွေပေါ်မှာပဲ အခြေခံသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုကောင်းတဲ့ performance, security နဲ့ visual design တွေ ဖြစ်လာမယ့်အပြင် AI tools တွေနဲ့ technology ပိုင်းတွေလည်း ပိုသာလာမယ်လို့ Huawei က ဆိုထားပါတယ်။

Android app တွေ မ run တော့မယ့် HarmonyOS Next အပါအဝင် HarmonyOS တွေအတွက် Google play store, Apple app store တွေလိုမျိုး Huawei’s AppGallery ကလည်း HarmonyOS Next အောင်မြင်မှုအတွက် အရေးကြီးတဲ့ ကဏ္ဍမှာ ရှိနေပါတယ်။

လက်ရှိမှာတော့ HarmonyOS Next ကို Huawei ရဲ့ latest smartphone lineup ဖြစ်တဲ့ mate 70 series မှာ အသုံးပြုထားပြီး ပိုကောင်းတဲ့ memory management, graphic performance တွေ၊ lower power consumption တွေနဲ့ အကောင်းဆုံး ချပြထားပြီပဲဖြစ်ပါတယ်။

ဒီတော့ HarmonyOS Next က Global market မှာ Andriod, iOS တို့လိုမျိုး တတိယရွေးချယ်စရာ ဖြစ်လာမလား? မိတ်ဆွေရဲ့ အမြင်လေးကိုလည်း comment မှာ ပြောခဲ့ပေးပါဦးဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



30/11/2024

“မမ ဝဝ ထထ က” မြန်မာစာ ပြည်ထောင်စုဖောင့်ကို ဘယ် application သုံးပြီး typing ကျင့်ကြမလဲ”

🔹အင်္ဂလိပ်စာလက်ကွက် ရပြီးသူတွေအနေနဲ့ မြန်မာစာရိုက်ဖို့ လိုအပ်လာတဲ့အခါ မြန်မြန်နဲ့မှန်မှန် ရိုက်နိုင်ဖို့အတွက် typing လေ့ကျင့်ဖို့ လိုအပ်လာပြန်ပါတယ်။ ဒါကြောင့် လူသုံးများပြီး လေ့ကျင့်ရတာအဆင်ပြေတဲ့ application တစ်ခုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

🔹ဒီ application ကတော့ Whizzo Typing Tutor ပဲ ဖြစ်ပါတယ်ခင်ဗျာ။ ယူနီကုတ်ခေါ် ပြည်ထောင်စုဖောင့် လက်ကွက်လေ့ကျင့်ဖို့အတွက် အထူးသင့်လျော်တဲ့ application လေးဖြစ်ပါတယ်။

🔹Application လေးကို ကိုယ့်ရဲ့ ကွန်ပျူတာမှာ free download လုပ်ပြီး သုံးနိုင်ပါတယ်ခင်ဗျာ။

🔹Application ကို ဖွင့်လိုက်တာနဲ့ ပုံမှာ ဖော်ပြထားသလို Keyboard ပုံစံနဲ့ စာရိုက်ပြီး လေ့ကျင့်ဖို့ ပေါ်လာမှာ ဖြစ်ပါတယ်။

🔹Lesson 1 ကနေ စတင်လေ့ကျင့်ရမှာဖြစ်ပြီး “မမ ဝဝ ထထ က” စာတန်းကို လိုက်ရိုက်ဖို့ keyboard မှာ ရိုက်ရမယ့်စာလုံးနေရာ အဝါလေးပြထားပြီး လက် position မှန်မှန်ထားပြီး လိုက်ရိုက်ရင်း လေ့ကျင့်သွားရုံမို့ အလွန်အဆင်ပြေပါတယ်။

🔹Lesson စုစုပေါင်း (56) ခုပါဝင်ပါတယ်။ Lesson-20 က စပြီး လုံးကြီးတင်၊ ရေးချ၊ အသတ် လေ့ကျင့်ခန်းတွေ စတင်ပါဝင်လာမှာပဲ ဖြစ်ပါတယ်။ မြန်မာစာ စာလုံးရေက များပြီး မှတ်ရတာလည်း များတာကြောင့် Lesson တစ်ခု မကြေညက်ဘဲ နောက်တစ်ခုတက်တာမျိုး မလုပ်ဖို့တော့ ကျွန်တော့်အနေနဲ့ အကြံပြုချင်ပါတယ်ခင်ဗျ။

မိတ်ဆွေတို့ လက်ရှိသုံးနေတဲ့ မြန်မာစာ typing application လေး‌တွေ ရှိရင်လည်း Comment မှာ မျှဝေခဲ့ပါဦးခင်ဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



28/11/2024

“ကိုယ့် laptop ကို ခွင့်ပြုချက်မရှိဘဲ အခြားသူ ယူသုံးလို့မရအောင် password ဘယ်လိုထားမလဲ။”

🔹Phone တွေမှာ ကိုယ့်ရဲ့ Privacy အတွက် Pattern တွေ Password တွေ ထားသလိုမျိုး ကိုယ့်ရဲ့ ကွန်ပျူတာ/ Laptop ကိုလည်း Password ထားချင်တယ်ဆိုရင် အောက်ကနည်းလေးအတိုင်း စမ်းကြည့်လိုက်ပါခင်ဗျာ။

🔹Laptop ရဲ့ ဘယ်ဘက်ထောင့်စွန်း Window icon ဘေးက Type here to search နေရာမှာ setting လို့ ရိုက်ပြီး enter ခေါက်လိုက်ရင် setting box ကျလာပါမယ်။ setting box ထဲက account ကို နှိပ်ပါ။

🔹ဘယ်ဘက်ဘေးစွန်းနားက သော့ပုံစံလေးနဲ့ sign-in options ကို ရွေးပြီး password ကိုနှိပ်ပါ။ Add ကို နှိပ်လိုက်ရင် ပုံမှာ ပြထားတဲ့ password ထားရမယ့် Box လေးပေါ်လာမှာ ပဲဖြစ်ပါတယ်။

🔹New password မှာ ကိုယ်ထားချင်တဲ့ password ရိုက်ထည့်ပြီး confirm password မှာလည်း ကိုယ်ရိုက်ထည့်ထားတဲ့ password ကို နောက်တစ်ကြိမ် ပြန်ရိုက်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာ။ Password hint မှာ ကိုယ်မှတ်မိနိုင်တဲ့ တစ်ခုခုထားခဲ့ပြီး next ကိုနှိပ်ပါ။ finish ကိုနှိပ်လိုက်ပြီဆိုရင်တော့ ကိုယ့် laptop မှာ password ထားပြီးသွားပါပြီ ခင်ဗျာ။

🔹Laptop ကို sleep or shut down လုပ်ပြီး ပြန်ဖွင့်ကြည့်ရင် password နဲ့မှပဲ ဖွင့်လို့ရတာကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

🔹ကိုယ့် laptop ကို password ထားဖြစ်ကြလား ဆိုတာကို comment မှာ ဖြေသွားပေးပါဦးခင်ဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



26/11/2024

“Word file စာသားတွေကို Jpg file ပြောင်းနည်း”

Word file (.docx file) မှာ ရိုက်ထားတဲ့ စာသားတွေကို Jpg file ဆိုတဲ့ ဓာတ်ပုံဖိုင်အဖြစ် ပြောင်းချင်တဲ့အခါမှာ ဘာ Tools ဘာ App မှ မလိုဘဲ အလွယ်ကူဆုံး ပြောင်းလို့ရတဲ့ နည်းလမ်းလေးကို ကျွန်တော် ပြောပြပေးချင်ပါတယ်။

🔹Word file ထဲမှာ ကိုယ်ပြောင်းချင်တဲ့ စာသားကို select မှတ်ပြီး Ctrl + C (သို့) right click ကို နှိပ်ပြီး copy လုပ်ပါ။

🔹Word file အသစ်တစ်ခု ဖွင့်လိုက်ပါခင်ဗျာ။ စာရွက်အသစ်ရဲ့ home menu ထဲက ဘယ်ဘက်ထောင့်မှာရှိတဲ့ အဝါရောင်လေးထောင့်ပုံစံ paste ကို နှိပ်ပါ။ ဒါမှမဟုတ် Ctrl + V ကိုနှိပ်ပါ။

🔹Word file အသစ်ထဲက စာသားတွေကို screen shot လုပ်ဖို့အတွက် insert menu ထဲက screenshot အောက်က screen clipping ကိုနှိပ်ပါ။ ကိုယ် ဓာတ်ပုံဖိုင် ပြောင်းချင်တဲ့ စာသားတွေကို အပေါင်းလေးကို left click နဲ့ဖိပြီး select မှတ်ပါ။ ဒါဆိုရင် စာသားလေးတွေက picture ဖြစ်သွားပါပြီ။

🔹Picture ပေါ် right click နှိပ်ပြီး save as picture ရွေး၊ save မယ့်နေရာရွေး၊ file name ပေးပြီး save as type နေရာမှာ JPEG file interchange format ကိုရွေးပြီး save လိုက်ပြီဆိုရင် word file လေးထဲက စာသားတွေက ဓာတ်ပုံအမျိုးအစား .jpg format ဖြစ်သွားပါပြီခင်ဗျာ။

🔹 ဒီနည်းလမ်းလေးက မိတ်ဆွေတို့အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



24/11/2024

“ဘဝမှာ ဘယ်အရာတွေက အရေးအကြီးဆုံးလဲလို့ တွေးကြည့်ဖူးပါသလား”

🔹ကျွန်တော်တို့ လူသားတွေအားလုံးဟာ နေ့စဉ် စားဝတ်နေရေး၊ လူမှုရေး အစရှိတဲ့ အရေးကိစ္စ အမျိုးမျိုးကို ဖြေရှင်းနိုင်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစား ရုန်းကန်နေကြရတယ် မဟုတ်ပါလား ခင်ဗျာ။

🔹ဘဝမှာ ဘယ်အရာတွေက အရေးအကြီးဆုံးလဲလို့ ကျွန်တော် တွေးကြည့်တဲ့အခါမှာတော့ ဒီအချက်လေး (၃) ချက်ကို သွားတွေ့ပါတယ်။

(၁) ကျန်းမာရေး

ကျန်းမာရေးကောင်းမှ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်မှာ အသေအချာ‌ပေါ့ဗျာ။ ဒါကြောင့် ကျန်းမာရေး ကောင်းမွန်အောင် ဂရုစိုက်ဖို့ မမေ့ပါနဲ့လို့ သတိပေးပါရစေ။

(၂) ချစ်ခင်တွယ်တာရသူများနဲ့ ဆက်ဆံရေး

ကျွန်တော်တို့ ချစ်ခင်တွယ်တာရတဲ့ မိသားစု၊ သူငယ်ချင်း၊ ချစ်သူတို့နဲ့ ကောင်းမွန်တဲ့ အပြန်အလှန် စိတ်ချမ်းသာစေတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားနိုင်ဖို့ကလည်း အရမ်းကို အရေးကြီးပါတယ်။ Toxic relationship တွေကို ဖြတ်တောက်ပစ်ဖို့ ဝန်‌မလေးပါနဲ့ ခင်ဗျာ။

(၃) ရည်ရွယ်ချက်၊ ရည်မှန်းချက်များရှိခြင်း

ကိုယ့်ဘဝမှာ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲဆိုတဲ့ ရည်မှန်းချက်ရှိဖို့ အရေးကြီးပါတယ်။ ရည်မှန်းချက် မရှိတဲ့သူအတွက် ဘဝမှာ ရှင်သန်ရတာက ဆားမပါတဲ့ ဟင်းတစ်ခွက်လို ပေါ့ပျက်ပျက် ဖြစ်နေမှာပါ။ ဒါကြောင့် လူငယ်တစ်ယောက်အနေနဲ့ အိပ်မက်တွေ မက်ပါ။ လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖော်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

မိတ်ဆွေတို့ရဲ့ ဘဝမှာရော ဘယ်အရာတွေက အရေးကြီးလဲဆိုတာ ပြောပြပေးသွားပါဦးနော်။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



23/11/2024

Harry Potter ဖုန်း

22/11/2024

“Me at the Zoo”

အပေါ်က စာသားကို မြင်တာနဲ့ သိတဲ့သူတွေက သိပြီးကြမှာပါခင်ဗျာ။

ပထမဦးဆုံး Youtube မှာ တင်တယ်လို့ သတ်မှတ်ခြင်းခံရတဲ့ “Me at the Zoo” ဆိုတဲ့ video လေးကတော့ အမျိုးသားတစ်ယောက် တိရစ္ဆာန်ရုံထဲက ဆင်တွေရှေ့မှာ ရိုက်ထားတဲ့ Video အတိုလေးဖြစ်ပါတယ်။

၁၉ စက္ကန့်သာရှည်တဲ့ အဲ့ဒီ Video ဟာ အခုဆိုရင် ကြည့်ရှုသူ 337 M Views ထိ ရှိနေပြီ ဖြစ်ပါတယ်။

“Me at the Zoo” ခေါင်းစဉ်နဲ့ video ကို Jawed Karim က 2005 ခုနှစ် April လမှာ uploaded လုပ်ခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ ၁၉ နှစ် ကြာခဲ့ပြီဖြစ်တဲ့ video လေး ဖြစ်နေပါပြီခင်ဗျာ။ Jawed Karim က American Software Engineer တစ်ဦးဖြစ်ပြီး Youtube ရဲ့ Co-founder တစ်ဦးလည်း ဖြစ်ပါသေးတယ်။

Youtube ရဲ့ ပထမဆုံး Video အဖြစ်သတ်မှတ်ခံရတဲ့ “Me at the Zoo” တင်တဲ့နေ့မှာပဲ တင်ခဲ့တဲ့ နောက်ထပ် video တစ်ပုဒ် ရှိပါသေးတယ်။ အဲ့တာကတော့ Snowboarder တစ်ဦးရဲ့ “My Snowboarding skillz” လို့ ခေါင်းစဉ်တပ်ထားတဲ့ Video ပဲဖြစ်ပါတယ်။
ပထမဆုံး Youtube Video တွေကို ကြည့်ဖူးချင်တယ် ဆိုရင် အောက်ကလင့်လေးတွေကို နှိပ်ပြီး ကြည့်နိုင်ပါတယ်ခင်ဗျာ။

https://www.youtube.com/watch?v=jNQXAC9IVRw “Me at the Zoo”

https://www.youtube.com/watch?v=LeAltgu_pbM “My Snowboarding Skillz”

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



20/11/2024

“Laptop တစ်လုံးရဲ့ Keyboard မှာ Key တွေ ကောင်း၊ မကောင်း ဘယ်လိုစစ်မလဲ”

Laptop ဆိုတာနဲ့ သယ်ဆောင်သွားရလွယ်ကူပြီး အသုံးပြုရာမှာ သက်တောင့်သက်ပိုရှိတာကို မြင်ယောင်မှာ အမှန်ပါပဲ။ နောက်တစ်ခုက Personal Computer (PC) တွေလို Monitor က သပ်သပ်၊ Keyboard က သပ်သပ် နဲ့ Hardware ပစ္စည်းတစ်ခုစီ ပြန့်ထွက်မနေဘဲ တစ်ခုတည်း စုစုစည်းစည်းနဲ့ အတွဲလိုက် ရှိနေတာလေးက Users တွေရဲ့ အကြိုက်ပဲ ဖြစ်ပါတယ်။

ဒီလိုဆိုတော့ ကိုယ်ဝယ်မယ့် Laptop မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် Laptop မှာပဲဖြစ်ဖြစ် keyboard က အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ ငြင်းမရတဲ့ အချက်ပဲ မဟုတ်ပါလားခင်ဗျာ။

✨ဒါဆို Laptop တစ်လုံးရဲ့ Keyboard မှာ Key တွေ ကောင်း၊ မကောင်း ဘယ်လိုစစ်မလဲ။

✨ပုံမှန်ဆိုရင်တော့ Word file or Notepad တစ်ခုခုကို ဖွင့်ပြီး a to z ရိုက်ကြည့်တာမျိုး၊ Key တွေ မိ/မမိ နှိပ်ကြည့်ပြီး စမ်းတာမျိုးနဲ့ စမ်းကြည့် တတ်ကြပါတယ်။ ဒီလိုနည်းနဲ့ဆိုရင်တော့ စမ်းသပ်ဖို့ ကျန်သွားတဲ့ key တွေ ရှိနိုင်ပါတယ်။

✨ဒါကြောင့် laptop တစ်လုံးရဲ့ keyboard ကို အထာကျကျ နဲ့ စနစ်တကျ စစ်လို့ရမယ့်နည်းလေးကို ဒီနေ့ ကျွန်တော် ပြောပြသွားပါမယ်။

🍁 ပထမဆုံး အနေနဲ့ laptop ကို အင်တာနက် ချိတ်ဆက်ထားလိုက်ပါ။

🍁Chrome (သို့) Firefox လိုမျိုး Browser တစ်ခုခုရဲ့ Search မှာ keyboardtester.com ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ဒါမှမဟုတ် ဒီ လင့်ခ် https://www.keyboardtester.com/ လေးထဲကို ဝင်လိုက်ပါခင်ဗျာ။

🍁KeyboardTester.com ဆိုတဲ့ web page လေးပေါ်လာပြီဆိုရင် Launch the Tester ကိုနှိပ်လိုက်ပါ။ Esc ကနေစပြီး Number pad အထိပါတဲ့ Keyboard ပုံလေး ပေါ်လာပြီဆိုရင် စ နှိပ်ပြီး စမ်းလို့ရပါပြီ။

🍁ကိုယ်နှိပ်လိုက်တဲ့ Key က မိတယ်၊ မညိနေဘူးဆိုရင် အကွက်လေးက စိမ်းသွားမှာဖြစ်ပါတယ်။

🍁Key တစ်ခုချင်းစီကို နှိပ်သွားပြီး keyboard တစ်ခုလုံး ကောင်း၊ မကောင်း စနစ်တကျ စစ်ဆေးလို့ ရပါပြီ။

Laptop တစ်လုံးမှာ ဘယ် Key တွေ ပျက်တာ အများဆုံးဖြစ်မလဲ ဆိုတာလေးကိုလည်း comment မှာ ခန့်မှန်းဆွေးနွေးပေးပါဦးခင်ဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



19/11/2024

ChatGPT ကရေးပေးတဲ့
Website လေးတစ်ခု || Art1

18/11/2024

“Laptop တစ်လုံးမှာ HDD သုံးထားတာလား ဒါမှမဟုတ် SSD သုံးထားတာလား ဆိုတာ အလွယ်ကူဆုံး စစ်နည်း”

အရင်နေ့က HDD နဲ့ SSD တို့ရဲ့ ကွာခြားပုံနဲ့ အားသာချက်/ အားနည်းချက်တွေကို မျှဝေပေးပြီးသွားပြီဆိုတော့ ဒီနေ့မှာ ကိုယ်ဝယ်ယူ အသုံးပြုမယ့် Laptop က HDD သုံးထားတာလား၊ SSD သုံးထားတာလားဆိုတာကို အလွယ်ကူဆုံး ဘယ်လို စစ်ကြည့်လို့ရလဲဆိုတာကို ကျွန်တော် မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

🍀ပထမဆုံး Task Manager ထဲကို သွားပါ။ Taskbar ပေါ်က Type here to search နေရာမှာ Task manager လို့ ရိုက်ထည့်ပြီး သွားလို့ရသလို Ctrl+Shift+Esc ခလုတ် (၃) ခု ကို အတူတူ တစ်ပြိုင်တည်းနှိပ်ပြီး shortcut နဲ့ သွားလို့လည်း ရပါတယ်။

🍀Task Manager ထဲက Performance ကိုနှိပ်ပါ။ CPU, Memory ဆိုတဲ့ စာလုံးတွေအောက်က Disk 0 (C:) , Disk 1 (D:) စတဲ့ Disk စာသားအောက်မှာ HDD, SSD ဆိုပြီးဖော်ပြထားပါတယ်ခင်ဗျာ။

🍀အဲ့ဒီ Disk ကို ကလစ်လိုက်မယ်ဆို ညာဘက် Box အကွက်ထဲက အပေါ်ထိပ်မှာ HDD ဒါမှမဟုတ် SSD အမျိုးအစားကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

🍀Laptop မှာ HDD သုံးထားတာလား၊ SSD သုံးထားတာလားဆိုတာ ကြည့်နည်းလေးသိပြီမို့ ကိုယ့် Laptop ဒါမှမဟုတ် ကိုယ်ဝယ်မယ့် Laptop တွေမှာ စစ်ကြည့်လို့ရပါပြီဗျ။

မိတ်ဆွေတို့အနေနဲ့ ကျွန်တော့်ကို ရေးသား မျှဝေပေးစေချင်တဲ့ ‌အကြောင်းအရာလေးတွေရှိတယ် ဆိုရင်လည်း comment မှာ ပြောပေးသွားပါဦး။ အတတ်နိုင်ဆုံး ကြိုးစားပြီး ရေးသားပေးသွားပါမယ် ခင်ဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



ที่อยู่

Bangkok
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ It & Knowledge Sharingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง It & Knowledge Sharing:

วิดีโอทั้งหมด

แชร์


ครีเอเตอร์วิดีโอ อื่นๆใน Bangkok

แสดงผลทั้งหมด