It & Knowledge Sharing

It & Knowledge Sharing နည်းပညာနဲ့ ပတ်သက်သော ပညာများကို sharing ​ပေး​ပါသည်။
(3)

IT & Knowledge Sharing ဟာ 2020 ကတည်းက Ko Kyi Soe Win မှ စတင်ခဲ့တာဖြစ်ပါတယ်။
Mobile Phone, Computer နဲ့ တခြားသော နည်းပညာဆိုင်ရာ ပညာများကို လူသားအကျိုးပြု Sharing လုပ်ပေးတဲ့ Social Media Channel တစ်ခုဖြစ်ပါတယ်။

လက်ရှိတွင် နည်းပညာသင်တန်းများနှင့် Service များကိုလည်း ဝန်ဆောင်မူ့ပေးနေပါတယ်။

IT & Knowledge Sharing မှာလေ့လာနိုင်တဲ့ သင်တန်းများနှင့် Service များကို
ITK - Online Class နှင့် ITK - Digital

Page ၂ ခုတွင်သာ လက်ခံပေးတာဖြစ်ပါတယ်။
( တခြားသော Platform များတွင် ငွေကြေးလက်ခံခြင်းမျိုးမလုပ်သည်ကို သတိပြုပါရန် )

ဆက်လက်၍လည်း နည်းပညာများကို Sharing လုပ်ပေးသွားမှာဖြစ်ပြီး၊
YouTube, Tiktok နှင့် Facebook တွင် နေရာယူထားပါတယ်။

Facebook မှာဆိုလည်း Page တစ်ခုတည်းပေါ်တွင်မှီခိုခြင်းမဖြစ်အောင်
IT & Knowledge Sharing 2 ဆိုတဲ့ Page ခွဲဖွင့်ထားပါတယ်။

နောက်ပိုင်းတွင် အများနှင့်သက်ဆိုင်သော Company တစ်ခုဖြစ်နိုင်အောင်ရည်မှန်းထားပြီး
လူသားများကို အကျိုးပြုသော နည်းပညာရပ်များ၊ သင်တန်းများနှင့် ဝန်ဆောင်မူ့များကို
တိုးချဲ့လုပ်ကိုင်နိုင်ရန် ရည်ရွယ်ထားပါတယ်။

23/02/2025

“လက်ဖဝါးနဲ့ ငွေပေးချေစနစ် (Palm Scan Payment)”

နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ငွေပေးချေစနစ်တွေကလည်း ဘဏ်တွေသွားစရာမလို ငွေလွှဲငွေထုတ်တွေ ရတာအပြင် စားသောက်ဆိုင်တွေ၊ ကား/ရထား စီးတာတွေအတွက်လည်း ကတ်တွေ၊ ဖုန်းတွေနဲ့ ငွေပေးချေလို့ လွယ်ကူနေတာ အားလုံးအသိပါပဲ။

ဒါကြောင့် တစ်နေရာရာ သွားတဲ့အခါ ပိုက်ဆံမထည့်ရင်တောင် ကတ်နဲ့ ဖုန်းတွေကတော့ မပါမဖြစ်ပါပဲ။

ဒါပေမယ့် တရုတ်အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Tencent က တော့ ကတ်တွေမေ့နေခဲ့ရင်တောင် လက်ဖဝါးပါရင် ငွေရှင်းလို့ရမယ့် Weixin’s Palm Scan Payments ကို တီထွင်လိုက်ပါတယ်။

လက်ဖဝါးနဲ့ ငွေပေးချေစနစ်မှာဆိုရင် ဒီ system အတွက် ထုတ်လုပ်ထားတဲ့ camera အမျိုးအစားတစ်လုံးနဲ့ လက်ဖဝါးပေါ်က လက္ခဏာများနဲ့ အဲ့ဒီအောက်က သွေးကြောတွေကို scan ဖတ်တဲ့ အဆင့် နှစ်ဆင့် လုပ်ဆောင်မှာဖြစ်ပါတယ်။ ဒါကြောင့် အမွှာတွေကိုတောင်မှ ကွဲပြားစေတယ်လို့ ဆိုပါတယ်ခင်ဗျာ။

Weixin’s Palm Scan Payments စနစ်ကို တရုတ်နိုင်ငံ Beijing ရထားလိုင်းတွေမှာ အသုံးပြုလို့ရနေပြီဖြစ်ပြီး Guangdong နယ်က 7-Eleven ဆိုင် ၁၅၀၀ ကျော်မှာ ငွေပေးချေလို့ ရနေပြီပဲဖြစ်ပါတယ်။

2024 နှစ်ကုန်ပိုင်းမှာ Weixin’s Palm Scan Payments ကို နိုင်ငံတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်အောင် စီစဉ်နေကြပေမယ့်လည်း biometric payment system တစ်ခုဖြစ်တာကြောင့် privacy တွေ၊ data protection တွေနဲ့ပတ်သက်ပြီး ဘယ်လောက်ထိ လုံခြုံမှုရှိမလဲဆိုတာအတွက် အငြင်းပွားဖွယ်ရာ ဖြစ်နေဆဲပါပဲခင်ဗျာ။

ဒီ payment စနစ်ကို ကိုယ့်အနေနဲ့ ဆိုရင်ရော သုံးချင်သလား? Yes or No လေး comment မှာ ပြောပေးသွားပါဦးနော်။
—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



21/02/2025

“ChatGPT ကို ဖုန်းခေါ်လို့ ရပါပြီ”

ChatGPT ကို ဖုန်းခေါ်လို့ ရပြီးဆိုတဲ့သတင်းကို OpenAI က မကြာသေးခင်အချိန်က ကြေညာသွားပါပြီခင်ဗျာ။

ဒီ ဖုန်းခေါ်တဲ့ service ကို United States မှာပဲ အသုံးပြုလို့ရနိုင်တာပါ။ အင်တာနက်မရရင်တောင် AI ကို အသုံးပြုနိုင်အောင် စီစဉ်ထားတဲ့ ဒီဖုန်းခေါ်ဆိုမှုမှာ ဖုန်းနံပါတ်တစ်ခုကို တစ်လ ၁၅ မိနစ်အထိ ခေါ်ဆိုနိုင်တယ်ဆိုပြီး OpenAI ဆိုပါတယ်။

Chat GPT ရဲ့ ဖုန်းနံပါတ်ကတော့ 1-800-CHATGPT (1-800-242-8478) ပဲ ဖြစ်ပါတယ်။

ဖုန်းခေါ်တဲ့ service ကြေညာတာနဲ့အတူ Whatsapp မှာလည်း Chat GPT ရဲ့ ဖုန်းနံပါတ်နဲ့ အပြန်အလှန် message တွေ ပေးပို့လို့ရပါတယ်။

ဒါပေမယ့် ပုံတွေ၊ အသံတွေနဲ့ Whatsapp call ခေါ်တာတွေတော့ လုပ်လို့မရနိုင်သေးပါဘူးခင်ဗျာ။ Whatsapp Chat GPT ကိုတော့ တစ်ကမ္ဘာလုံး အသုံးပြုနိုင်တယ်လို့ OpenAI က တရားဝင် ကြေညာထားပါသေးတယ်ဗျ။

1-800-CHATGPT ရဲ့ knowledge က January, 2022 အထိပဲမို့ အဲ့ဒီနောက်ပိုင်းက အချက်အလက်တွေ မေးမြန်းမှုအတွက် အဆင်ပြေမှာမဟုတ်ပါဘူး။

ဖုန်းခေါ်ဆိုမှုပြုလုပ်တာတွေနဲ့ Whatsapp နဲ့ အပြန်အလှန် ပြောတာတွေအတွက် အောက်က Youtube link မှာ ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။

https://www.youtube.com/watch?v=LWa6OHeNK3s&list=PLOXw6I10VTv9lin5AzsHAHCTrC7BdVdEM&index=2
—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



20/02/2025

Page ကို recommend လေးတွေ လုပ်ပေးပါဦး
ပုံတင်တာ ပိတ်ခံထားရလို့ပါဗျ ❤️

19/02/2025

“Passive Income ဆိုတာ ဘာလဲ?”

ကျွန်တော်တို့ ခုနောက်ပိုင်းမှာ အမြဲ ကြားကြားနေရတဲ့ စကားလုံးလေးက Passive Income ပါ။ Passive income ဆိုတာ ဘာလဲ? ကျယ်ပြန့်တဲ့ ခေါင်းစဉ်တစ်ခုဖြစ်ပေမယ့် ကျွန်တော် နားလည်ထားသလို ပြောပြချင်ပါတယ်။

ကျွန်တော်တို့တွေ နေ့စဉ် အလုပ်တွေလုပ်ပြီး ရတဲ့ ဝင်ငွေမျိုး မဟုတ်ဘဲ အလုပ်တစ်ခုကို အစပိုင်းမှာပဲ effort ထုတ်လိုက်ပြီး နောက်ပိုင်းမှာ ကိုယ်တိုင် အလုပ် လုပ်စရာမလိုဘဲ သူ့အလိုအလျောက်ရနေတဲ့ ပိုက်ဆံက Passive Income ပါပဲခင်ဗျာ။

ဥပမာ- graphic designer တစ်ယောက်က full time job လုပ်တယ်ဆိုပါစို့။ အလုပ်သွားရင် အဲ့နေ့အတွက် လစာရမယ်။ မသွားရင် လစာ မရဘူး။ ဝင်ငွေက လုပ်မှ ရမယ်။ ဒါ active income ဆိုတဲ့ လုပ်မှ ငွေ ရမယ်ဆိုတဲ့ အနေအထားပဲ။ ဒါဆို freelance အနေနဲ့ လုပ်မယ်ဆိုရင်ရော။ ဒါဆိုလည်း active income အနေနဲ့ပဲ ဖြစ်နေဦးမှာပဲ။ တစ်ပုံ ဒါမှမဟုတ် ပို့စ်တစ်ခုအတွက် ဘယ်လောက်နှုန်းဆိုပြီး ပုံ ဆွဲရင် ဝင်ငွေရမယ် မဆွဲရင် မရဘူး။

Passive Income ဆိုတာကတော့ အပေါ်က သဘောတရားနဲ့ ပြောင်းပြန်ပါပဲ။ ကိုယ်က လုပ်စရာမလိုဘဲ ကိုယ်လုပ်ထားတဲ့ အလုပ်တစ်ခုကနေ ဝင်ငွေ ဆက်တိုက်ရနေတာမျိုးကို ဆိုလိုတာပါ။

ဥပမာ - graphic designer တစ်ယောက်က templates တစ်ခု၊ font တစ်ခုကို ဖန်တီးပြီး အဲဒီဟာတွေကို market တစ်ခုခုမှာ တင်ရောင်းတာမျိုးပေါ့။ တစ်ခါပဲ ဆွဲထားရပြီး အဲ့ဒီဆွဲထားတဲ့အရာကို ဝယ်သူရှိနေသ၍ ဝင်ငွေက ရနေမှာပါပဲ။

နောက်တစ်ခုအနေနဲ့ design skill နဲ့ပတ်သက်ပြီး သင်ပေးတဲ့ online course တစ်ခု ဖန်တီးပြီး အဲ့ course ကို တက်နေသူရှိသ၍ ဝင်ငွေရနေတာက Passive Income ပါပဲ။

စတင်တဲ့ အချိန်မှာတော့ effort တွေ ထုတ်ရပြီး နောက်ပိုင်းမှာ အလိုအလျောက် ဝင်ငွေ ရနေတာမျိုးပါ။ စတင်တဲ့အချိန်မှာတော့ တစ်စိုက်မတ်မတ် အားထုတ်ဖို့လည်း လိုအပ်ပါတယ်။

ဒါက field တစ်ခုကို အကြမ်းမျဉ်း ဥပမာ ထုတ်ပြလိုက်တာပဲ ဖြစ်ပါတယ်။

ဒီလိုပဲ video တွေ ဖန်တီးပြီး youtube မှာတင်မယ်။ အဲ့ video ကို ကြည့်ရှုနေသ၍ viewer ရှိနေသ၍ ‌ads တွေ sponsor တွေကနေ ငွေက ရနေမှာပါပဲ။

ကိုယ်နားလည်တဲ့ လုပ်ငန်းတွေမှာ investment လုပ်တာကနေ စပြီး stock share တွေ စု တာမျိုးအထိ ကိုယ် အလုပ်သွားစရာမလိုပဲ ကိုယ်အိပ်နေရင်တောင် ငွေ ဝင်နေတာမျိုးက Passive Income ပါပဲ။

Passive Income ဆိုတာ ကျယ်ပြန့်တဲ့ field ဖြစ်တာမို့ အချိန်ပေးပြီး လေ့လာဖို့လည်း လိုအပ်ပါသေးတယ် ခင်ဗျာ။

ကျွန်တော့် အမြင်အရ financial freedom ရဖို့အတွက်ဆို passive income ရှိအောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ ဒီနေ့ခေတ်မှာ passive income စတင် ရဖို့ဆိုရင်တော့ digital marketing skill ရှိဖို့ digital tools တွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ဖို့ လိုအပ်ပါတယ်ခင်ဗျာ။

ဒီစာလေးကိုဖတ်ပြီး passive income နဲ့ပတ်သက်တဲ့ အတွေးတစ်စ ရခဲ့ရင် comment လေး တစ်ခုခု ပေးသွားပါဦးခင်ဗျာ။

Rose:
[email protected]

Kyi Soe Win:
—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



17/02/2025

Google မှာသာမန်ထက်
ပိုထိရောက်အောင်ရှာနည်း လျှို့ဝှက်ချက်များ ...!!

------------------------

ကျွန်​တော်တို့ဆီမှာ ​လေ့လာနိုင်​သော အွန်လိုင်းသင်တန်းများ
https://www.facebook.com/share/p/1BFvsnH8Sb/

17/02/2025

“မကြာခင်ကာလမှာ xAI က OpenAI ရဲ့ ပြိုင်ဘက် ဖြစ်လာတော့မှာလား?”

Elon Musk က OpenAI နဲ့အပြိုင် xAI ကို ၂၀၂၃ ခုနှစ်မှာ စတင်ခဲ့ပြီးတော့ ၂၀၂၄ ခုနှစ်ထဲမှာ $12 billions ထိ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်တိုးချဲ့ နေခဲ့ပါတယ်။

၂၀၂၄ ခုနှစ် xAI ရဲ့ နောက်ဆုံး ရင်းနှီးမြှုပ်နှံမှုမှာဆိုရင် ရင်းနှီးမြှုပ်နှံသူ ၉၇ ဦး ပါဝင်ခဲ့ပြီး တစ်ဦးကို တစ်ဦးကို $77,593 အနည်းဆုံး ပါဝင်ခဲ့ကြပါတယ်။ ရှယ်ရာရှင်တွေရဲ့ နာမည်စာရင်းကိုတော့ ကြေညာခြင်း မရှိခဲ့ပါဘူးခင်ဗျာ။

အဲ့ဒီသတင်းအပြီးမှာဆိုရင် xAI ရဲ့ ဈေးကွက်တန်ဖိုးက $40 billions ထိ မြင့်တက်ခဲ့ပြီးတော့ ၂၀၂၃ ခုနှစ်ထက် နှစ်ဆ ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် OpenAI ရဲ့ ဈေးကွက်တန်းဖိုး $157 billions နဲ့ကတော့ ကွာနေဆဲပဲဖြစ်ပါတယ်။ ဒါပေမယ့် xAI က တဟုန်ထိုး တိုးတက်နေပြီး နာမည်ကြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ မျက်စိကျခြင်းကိုလည်း ခံနေရပြီပဲဖြစ်ပါတယ်။

xAI ဟာ OpenAI ရဲ့ ChatGpt နဲ့ Google ရဲ့ Gemini တွေလောက် ထိပ်တန်းမဟုတ်သေးပေမယ့် X platform မှာ generative AI chatbot တစ်ခုအဖြစ် Grok ကို ထည့်သွင်းထားပြီပဲဖြစ်ပါတယ်ခင်ဗျာ။ Grok ကို X premium users တွေနဲ့ အခမဲ့အသုံးပြုခွင့်ရသူ အချို့က စတင်အသုံးပြုနေကြပြီပဲဖြစ်ပါတယ်။

မကြာခင်ကာလအတွင်းမှာ Grok ကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်အောင် standalone app အဖြစ် ဖန်တီးဖို့လည်း ရည်မှန်းထားတယ်လို့ သိရပါတယ်။

Generative AI field မှာ xAI ဟာ OpenAI နဲ့ ယှဉ်ဖိုက်ပြီး ထိပ်တန်းဖြစ်လာမလားဆိုတာအပေါ် အမြင်လေးတွေကိုလည်း comment မှာ ဝင်ရောက်ဆွေးနွေးပေးပါဦးလို့ ဖိတ်ခေါ်ပါရစေခင်ဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



15/02/2025

“Elon Musk ရဲ့ Optimus Robot”

Elon Musk ရဲ့ Tesla ကုမ္ပဏီက လူနဲ့အလားသဏ္ဍန် တူညီတဲ့ Optimus လို့ နာမည်ပေးထားတဲ့ Tesla Bot (robot) တွေကို developed လုပ်နေပါတယ်ဆိုပြီး ၂၀၂၁ ခုနှစ် August လ မှာ ကြေညာခဲ့ပါတယ်။ အဲ့ဒီစက်ရုပ်တွေကို အခုနှစ် 2024 October မှာ ကျင်းပခဲ့တဲ့ We, Robot event မှာ ထည့်သွင်း ပြသ သွားခဲ့ပါသေးတယ်။

Optimus Robot ကို ထုတ်လုပ်တဲ့ ရည်ရွယ်ချက်ကတော့ ပုံစံတစ်မျိုးတည်းကိုပဲ ငြီးငွေ့စရာကောင်းလောက်အောင် အကြိမ်ကြိမ် လုပ်ဆောင်နေရတဲ့အလုပ်တွေနဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ လူအစားထိုးအသုံးပြုဖို့နဲ့ အလုပ်သမားရှားပါးတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်
ဖြစ်တယ်လို့ ဆိုပါတယ်။

Optimus တွေဟာ လှုပ်ရှားသွားလာနိုင်တယ်။ အခြေခံ အိမ်အလုပ်တွေကို လုပ်နိုင်သလို စက်ရုံတွေမှာလည်း အကြိမ်ကြိမ်ထပ်ကာထပ်ကာ လုပ်ရတဲ့ အလုပ်နေရာတွေမှာ လုပ်ဆောင်နိုင်ပါတယ်။

အရပ် ၅ ပေ ၈ လက်မနဲ့ ၁၂၅ ပေါင် ရှိတဲ့ Tesla Bot တွေဟာ လူတွေနဲ့ သဏ္ဍာန်တူအောင် ထုတ်လုပ်ထားတာကြောင့် လူအသိုင်းအဝိုင်းဝန်းကျင်မှာ အသုံးပြုရတာ အဆင်ပြေမှာပဲဖြစ်ပါတယ်ခင်ဗျာ။

Elon Musk ကတော့ သူ့ရဲ့ Optimus တွေကို တွင်တွင်ကျယ်ကျယ်ထုတ်လုပ်မှု စတင်မယ်ဆိုရင် robot တစ်ရုပ်ကို ခန့်မှန်း ဒေါ်လာ နှစ်သောင်းကနေ သုံးသောင်းကြားရှိနိုင်မယ်လို့ ဆိုခဲ့ပါတယ်။

Optimus တွေက တကယ့်လက်တွေ့မှာ အိမ်အလုပ်တွေကို ကူညီနိုင်တာ၊ စက်ရုံတွေမှာ လူအစား အလုပ်လုပ်ပေးနိုင်မှာလားဆိုတာ comment ဝင်ရောက်ဆွေးနွေးပေးသွားပါဦးခင်ဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



13/02/2025

“Desktop PC တွေ ဘာကြောင့် လူသုံးနည်းလာရတာလဲ?”

အခုခေတ်နောက်ပိုင်းမှာ အိမ်တွေမှာပဲဖြစ်ဖြစ်၊ ရုံးတွေ အလုပ်တွေမှာပဲဖြစ်ဖြစ် Desktop ကွန်ပျူတာတွေ အစား Laptop တွေကနု အသုံးများလာတာ တွေ့ရပါတယ်။

ဘာကြောင့် Desktop PC တွေ လူသုံးနည်းလာရတာလဲ?

1.သယ်ဆောင်ရ ခက်ခဲခြင်း

Desktop တွေဟာ ထုထည်ကြီးမားတာကြောင့် ပျက်လို့ပြင်ဆိုင်ပို့ဖို့ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ သယ်သွားဖို့ ခက်ခဲနေချိန်မှာ Laptop တွေ ပေါ့ပါးပြီး အချိန်မရွေး၊ နေရာမရွေး အသုံးပြုလို့ရနိုင်ပါတယ်။

2.နေရာယူခြင်း

Desktop တစ်လုံးမှာဆိုရင် monitor ၊ CPU လို့ခေါ်တဲ့ System ပုံး၊ keyboard ၊ mouse စတဲ့ ဆက်စပ်ပစ္စည်းတွေ များစွာလိုတဲ့အပြင် အဲ့ပစ္စည်းတွေကို တစ်စုတစ်စည်းတည်းထားရမယ့် နေရာက လိုအပ်လာပါတယ်။ Laptop တွေကတော့ all-in-one device အနေနဲ့ အားလုံးကို တစ်ခုတည်းနဲ့ပြည့်စုံစေတာမို့ လူတွေက ပိုကြိုက်ကြပါတယ်။

3.Power support

မီးပျက်နေချိန်မှာ Desktop သုံးမယ်ဆိုရင် အင်ဗာတာ ဒါမှမဟုတ် Desktop ကို Power support ပေးနိုင်မယ့် တစ်ခုခုလိုအပ်ပါတယ်။ ဒါ့အပြင် သုံးနေတုန်းမီးပျက်သွားရင် ချက်ချင်းပိတ်မသွားစေဖို့ UPS (uninterruptible power supply) ကြားခံ လိုအပ်ပါသေးတယ်။ Laptop မှာတော့ battery built-in ပါပြီး အမျိုးအစားအလိုက် ၂ နာရီကျော်ကနေ ၃/၄ နာရီထိ ခံပါတယ်။

Desktop တွေ ဘယ်လိုပဲ လူသုံးနည်းတယ် ဆိုပေမယ့်လည်း gaming တွေ video editing နဲ့ software development တွေ သုံးဖို့အတွက်တော့ ကိုယ့် စိတ်ကြိုက် performance တွေရဖို့ Desktop တွေကို customized လုပ်ပြီး သုံးနေကြဆဲပဲ ဖြစ်ပါတယ်။

Desktop နဲ့ Laptop မှာ ဘယ်ဟာ သုံးရတာအဆင်ပြေလဲဆိုတာ comment မှာ ပြောပေးသွားပါဦးဗျ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



13/02/2025
11/02/2025

သင်တန်းကျောင်းမှာ ပြန်တွေ့ကြမယ်နော်

11/02/2025

“Viber အသုံးပြုသူတွေအတွက် Data Backup”

Android ဖုန်းမှာ ဖုန်းတစ်လုံးနဲ့တစ်လုံး ပြောင်းလဲအသုံးပြုတဲ့ အခါမှာပဲဖြစ်ဖြစ်၊ Viber software မတော်တဆ ဖျက်မိသွားရင်ပဲဖြစ်ဖြစ် software ပြန်သွင်းပြီး အကောင့်ပြန်ဝင်တဲ့အခါ ပြောထားတဲ့ စာတွေ၊ ပုံတွေ၊ ဖိုင်တွေ မပျောက်သွားဘဲ ပြန်ရဖို့အတွက် Data Backup လုပ်နည်းလေး ရှိပါတယ်ခင်ဗျာ။

တကယ်လို့ ကိုယ့် Viber က Data Backup လုပ်ထားလား/မလုပ်ထားဘူးလား သိချင်ရင်လည်း အခုပြောပြမယ့် နည်းလေးအတိုင်း ဝင် စစ်ဆေးလို့ ရပါတယ်။

🎄Viber ထဲကိုဝင်၊ ညာဘက်ထောင့်အောက်ခြေက More ထဲကို ဝင်ပြီး Settings ကို နှိပ်လိုက်ပါ။ အပေါ်ဆုံးက Account ကိုနှိပ်လိုက်ရင် Viber backup ဆိုတာလေးကို နှိပ်ပေးပါခင်ဗျာ။

🎄Backup your chat history so it’s never lost. Restore it when reinstalling viber on another android device ဆိုတဲ့ စာသားအောက်မှာ Google Drive နဲ့ backup လုပ်ဖို့ ပေါ်လာပါလိမ့်မယ်။

🎄ဒီနေရာမှာ ချိတ်ထားပြီးသားဆိုရင်တော့ ချိတ်ထားတဲ့ gmail account ပေါ်နေမှာဖြစ်ပြီး backup မလုပ်ထားရသေးဘူးဆိုရင်တော့ “Not connected to Google Drive” ဆိုပြီးပေါ်နေမှာ ဖြစ်ပါတယ်ခင်ဗျာ။

🎄ဒီလိုဆိုရင်တော့ backup လုပ်ဖို့ Not connected ဆိုတဲ့ စာတန်းအောက်က settings စာလုံးလေးပေါ် နှိပ်လိုက်မယ်ဆိုရင် Choose account for Viber စာသားပေါ်လာပြီး ကိုယ် backup ယူတဲ့အခါ သုံးမယ့် gmail account ကိုရွေးပါ။ အသစ်ထည့်မယ် ဆိုရင်လည်း Add account ကိုနှိပ်လိုက်ရင် ရပါပြီခင်ဗျာ။

🎄OK နှိပ်၊ continue ကို ဆက်နှိပ်ပြီး နောက်ဆုံးအဆင့်မှာ Include Photo, Include videos ဆိုတဲ့နေရာတွေမှာ ဓာတ်ပုံတွေ၊ video တွေပါ backup လုပ်ချင်တယ်ဆိုရင် နှိပ်ပေးပြီး backup now ကို နှိပ်လိုက်ပြီဆိုရင်တော့ backup လုပ်ပြီးသား ဖြစ်သွားပါပြီ။

🎄ကိုယ့် viber chat list တွေကို backup လုပ်ပြီး data ပျောက်လို့ ခေါင်းရှုပ်ရခြင်း ကင်းဝေးစေဖို့ မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။

—————————

ကျွန်​တော်တို့ဆီမှာ​ လေ့လာနိုင်တဲ့
𝗢𝗻𝗹𝗶𝗻𝗲 သင်တန်းများ အသေးစိတ်ကြည့်ရန်
https://m.facebook.com/story.php?story_fbid=775005161316288&id=100064204326510&mibextid=9R9pXO

𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။
m.me/ITKOnlineClass
m.me/ITKDigitalPro



09/02/2025

မိမိ Page Follower များချင်ပါသလား
Page အသစ်မလို့ Follower နည်းနေပါသလား
Follower များပြီးသား Page ကိုဝယ်ဖို့ စဉ်းစားနေပြီလား
Follower အတုတွေဝယ်တော့မလို့လား

ဟုတ်ပါတယ် ဒါကတော့ Page ပိုင်ရှင်တွေရဲ့ အိပ်မက် Follower များချင်တာနဲ့ ပတ်သက်ပြီးပြောချင်တာပါ

🔸️ ဘယ် Page မဆို Follower များမှ ကိုယ်တင်တာ Like react ရတယ်

🔸️ ကိုယ်ရောင်းချင်တာ ပိုရောင်းရတယ်
ဒါကို လူတိုင်းသိပါတ​ယ်

🔸️ စီးပွားရေးလုပ်မယ်ဆိုရင် Follower များတဲ့ Page ကို လူတွေက ပိုယုံကြည်ကြတာ သဘာဝပါပဲ

=====================

ဒါကြောင့် စီးပွားရေးသမားတွေအတွက် Follower များဖို့ အကောင်းဆုံးနည်းလမ်းက ဘာလဲဆိုရင်

❌ ️Fake Follower တိုးတာ မဟုတ်ပါဘူး
❌ ️Follower များပြီးသား Page ဝယ်တာမဟုတ်ပါဘူး
✅️ Boost လုပ်တာ ( Page Promote ) လုပ်တာပဲဖြစ်ပါတယ်

==================

🟢 Page Promote လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့

5$ လောက် Boost ရုံနဲ့ သာမန် Page တွေအနေနဲ့ Follower 1k လောက်ကို ရရှိနိုင်ပါတယ်

ရလာတဲ့ Follower တွေကလည်း လူအစစ်တွေဖြစ်ပြီး၊ မိမိ Page နဲ့ ကိုက်ညီတဲ့ လူတွေဖြစ်လို့ Sale ပိုဖြစ်စေပါတယ်

😄 ကိုကိုဇူကာဘတ်က Boost လုပ်တဲ့ Page တွေကို မျက်နှာသာပေးတတ်လို့
ကိုယ် Content တင်ရင် တင်တတ်သလို Suggest ထိဖို့ Chance ပိုပေးပါတယ်

Policy လည်းလွတ်လို့ စီးပွားရေးရေရှည်လုပ်ဖို့ ပိုကောင်းပါတယ်

အားနည်းချက်ကတော့ ချက်ချင်းကြီး Follower များတဲ့ Page ကိုရတာမဟုတ်ဘဲ ကိုယ်တိုင်တည်ဆောက်ပြီး ဖြည်းဖြည်းချင်း Page ကို တည်ဆောက်သွားရမှာဖြစ်ပါတယ်

=====================

🔴 ဒါဆို Fake follower တိုးတာတွေရဲ့ အားနည်းချက် အားသာချက်ကို ပြောပါမယ်

အားသာချက်ကတော့ ကိုယ်တိုးချင်သလောက် နာရီပိုင်းအတွင်း တိုးလို့ရပါတယ်

စျေးကလည်း Boost တာလောက် စျေးမကြီးပါဘူး

Follower များသွားတော့ လူယုံကြည်မူ့မြန်မြန်ရတယ်

🚫 ဒါပေမဲ့ ရတဲ့ Follower တွေက အတုတွေဖြစ်နေတော့ ကိုယ်ဘာတင်တင်
Like reaction တက်မှာမဟုတ်ပါဘူး

Page က follower ရှိသလောက် active ဖြစ်နေမှာမဟုတ်ပါဘူး

စျေးရောင်းမယ့်သူတွေအနေနဲ့ကျ လူယုံကြည်မူ့ရဖို့ နည်းနည်းပါးပါးလောက်သာ တိုးထားသင့်ပြီး

Page ကို Boost လုပ်သုံးတာပိုအဆင်ပြေပါတယ်

-------------------------

🔴 နောက်ဆုံးတစ်ခုကတော့ Follower များပြီးသား Page ကိုဝယ်တာပါ

တော်တော်များများစဉ်းစားကြတာ
Follower များပြီးသား သူများ Run ပြီးသား Page ကို ဝယ်ပြီးသုံးမှ Page က ကောင်းတယ် စျေးရောင်းရမယ်
Like reaction တက်မယ်
အဲ့လိုမျိုး စဉ်းစားကြပါတယ်

တဂယ်တော့ မှန်သင့်သလောက်ပဲမှန်ပါတယ်

⚠️ Follower များတဲ့ Page ကိုဝယ်မယ်ဆိုရင် စဉ်းစားရမှာက Follower တွေက ဘယ်လိုရထားတာလဲဆိုတာပါ

တချို့က အတုတွေတိုးထည့်ထားပြီး ဂျင်းထည့်ပါတယ်

🚫 တချို့က ဟာသတွေ၊ s e x y တွေတင်ပြီး Like view , follower ကို မြန်မြန်ရအောင် လုပ်ထားပါတယ်

❌️ ဒါတွေကို ကိုယ်က follower များတိုင်း ဝယ်လိုက်မယ်ဆို Page မှာရှိတဲ့ Audience က အစစ်တွေဖြစ်နေဉီးတော့ ကိုယ်တင်တာနဲ့ အကြိုက်ခြင်းမတူတော့ရင် ဘယ်သူကမှ like react ပေးနေမှာ မဟုတ်ပါဘူး

အဲ့ခါကြမှ Page က follower များပြီး သုံးစားမရ ဖြစ်နေတတ်ပါတယ်

ဒါပေမဲ့ ကိုယ်လိုချင်တဲ့ Audience ရှိနေပြီးသား Page ဆိုရင်တော့လည်း အဆင်ပြေပါတယ်

ဒါကြောင့် ရွေးဝယ်တတ်ရင် အဆင်ပြေတယ်၊

⚠️ ဒါပေမဲ့ စီးပွားရေးလုပ်တဲ့ Page ထက် Entertainment Page တွေကသာ လွယ်လွယ်ကူကူ ဝယ်လို့ရမှာပါ

🤐 စီးပွားရေးလုပ်တဲ့ Page ၊ Active လည်းဖြစ်၊ စျေးကလည်းရောင်းတိုင်း order တက်နေတဲ့ Page ကို ဘယ်သူမှ ထုတ်ပြီး ရောင်းမနေပါဘူး

-------------------------

✅️ ဒါကြောင့် ပြောချင်တာကတော့ ရေရှည်သွားမယ်ဆို Page Promote လုပ်ပြီးသုံးကြပါလို့

Page Promote Service Package လေးတွေရှိပါတယ်
5$ ကစ လုပ်ပေးပါတယ်

m.me/ITKDigitalPro
မှာ အသေးစိတ်မေးမြန်းနိုင်ပါတယ်နော်

ထိုင်းမှာ သင်တန်းကိစ္စများအတွက် လူကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်
08/02/2025

ထိုင်းမှာ သင်တန်းကိစ္စများအတွက် လူကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်

ကျွန်​တော်တို့ 𝗜𝗧𝗞 မှာ​လေ့လာနိုင်တဲ့Telegram Video Course ၇ မျိုး𝟭. 𝗬𝗼𝘂𝗧𝘂𝗯𝗲 ​ငွေရှာနည်းသင်တန်း( 𝟮𝟱,𝟬𝟬𝟬𝗞𝘀 )𝟮. 𝗙𝗶𝗹𝗺𝗼𝗿𝗮 𝗩𝗶𝗱...
06/02/2025

ကျွန်​တော်တို့ 𝗜𝗧𝗞 မှာ​လေ့လာနိုင်တဲ့
Telegram Video Course ၇ မျိုး

𝟭. 𝗬𝗼𝘂𝗧𝘂𝗯𝗲 ​ငွေရှာနည်းသင်တန်း
( 𝟮𝟱,𝟬𝟬𝟬𝗞𝘀 )
𝟮. 𝗙𝗶𝗹𝗺𝗼𝗿𝗮 𝗩𝗶𝗱𝗲𝗼 𝗘𝗱𝗶𝘁𝗶𝗻𝗴 သင်တန်း
( 𝟭𝟬,𝟬𝟬𝟬𝗞𝘀 )
𝟯. 𝗠𝗼𝗯𝗶𝗹𝗲 𝗩𝗶𝗱𝗲𝗼 𝗘𝗱𝗶𝘁𝗶𝗻𝗴 သင်တန်း
( 𝟭𝟬,𝟬𝟬𝟬𝗞𝘀 )
𝟰. 𝗠𝗼𝗯𝗶𝗹𝗲 𝗣𝗵𝗼𝘁𝗼 𝗘𝗱𝗶𝘁𝗶𝗻𝗴 သင်တန်း
( 𝟭𝟬,𝟬𝟬𝟬𝗞𝘀 )
𝟱. 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 𝗣𝗮𝗴𝗲 ကျွမ်းကျင် သင်တန်း
( 𝟭𝟬,𝟬𝟬𝟬𝗞𝘀 )
𝟲. 𝗣𝗿𝗲𝗺𝗶𝗲𝗿𝗲 𝗣𝗿𝗼 𝗕𝗮𝘀𝗶𝗰 သင်တန်း
( 𝟱𝟬,𝟬𝟬𝟬𝗞𝘀 )
𝟳. 𝗛𝗥 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁 သင်တန်း
( 𝟱𝟵,𝟬𝟬𝟬𝗞𝘀 )

သင်တန်းသား 5000 ကျော် တက်ရောက်ပြီးဖြစ်သည်။
𝗜𝗧𝗞 - 𝗢𝗻𝗹𝗶𝗻𝗲 𝗖𝗹𝗮𝘀𝘀 နှင့် 𝗜𝗧𝗞 - 𝗗𝗶𝗴𝗶𝘁𝗮𝗹
𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 မှာ အသေးစိတ်စုံစမ်းနိုင်ပါတယ်။

m.me/ITKOnlineClass
m.me/ITKDigitalPro

ထိုင်းမှာ အပြင်သင်တန်း​ကျောင်းဖွင့်ပါပြီဗျ
05/02/2025

ထိုင်းမှာ အပြင်သင်တန်း​ကျောင်းဖွင့်ပါပြီဗျ

05/02/2025

ထိုင်းမှာ အပြင်သင်တန်းကျောင်းဖွင့်ပြီနော်
၁ပတ်လုံးကြိုက်တဲ့ရက် တက်လို့ရပါတယ်

လာမယ့် တနင်္ဂနွေ Video Editing စပါပြီ
Gaming laptop တွေနဲ့ သင်ပေးမှာပါ 😇

Samrong Big C နားမှာပါ

Nakhon Thong Soi 2, No 1146, 1147, Sukhumvit, Samut Prakan

Google map လေးချပေးထားမယ်
https://maps.app.goo.gl/xXXyPVK1d7toYeng9

m.me/newskillscenter နဲ့
m.me/ITKOnlineClass မှာလာစုံစမ်းနော်

04/02/2025

ချစ်သူရည်းစားတိုင်း
စမ်းသုံးကြည့်သင့်တဲ့ App များ

--------------------

ထိုင်းနိုင်ငံတွင်း အပြင်သင်တန်းကျောင်းဖွင့်ထားပါပြီ
https://www.facebook.com/newskillscenter

ที่อยู่

Bangkok
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ It & Knowledge Sharingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง It & Knowledge Sharing:

วิดีโอทั้งหมด

แชร์