11/02/2024
ဒီစာလေးက တစ်ချို့လူတွေနဲ့ အတွေးလေးတွေတူနေနိင်
လောက်တယ် …… ဆုံးအောင်ဖတ်ကြည့်ပေးပါ🫶
လွန်ခဲ့တဲ့ 2018-2019လောက်က ခေတ်ကောင်းတဲ့
အချ်ိန်လေးပေါ့ချောင်ချောင်လယ်လယ်နေနိင်တဲ့အချိန်လေးပေါ့…..
☘️အဲ့အချ်န်တုန်းက ကျောင်းနေဖတ် သူငယ်ချင်းတော်တော်များများက နိင်ငံခြားထွက်ကြတယ် Japan / Thailand/Singapore အဲ့တုန်းက ဒီကောင်တွေကွာ ဒီမှာလည်းအဆင်ပြေနေတာကို ဘာလို့ထွက်ကြလည်းပေါ့🤔
☘️အဲ့မှာစတာ ဇာတ်လမ်းက ငါနိင်ငံခြားထွက်ဖို့လည်းငွေမရှိဘူး ငါ့ရဲ့နောက်background ကလည်းသူများမိသားစုတွေလိုမပြည့်စုံဘူး အဲ့တော့မထွက်ဘူး ဒီမှာဘဲအောင်မြင်အောင်လုပ်မယ်လို့ဆုံးဖြတ်ခဲ့တယ် ….
☘️ငါနောက် ၅ နစ်နေရင် တိုက်ခန်းတစ်ခန်းပိုင်ရမယ်ကွဆိုပြီး အလုပ်လုပ်လို့ရသမျှ 3 ပုံ 2 ပုံကိုစုတယ် …
☘️တချို့ရက်တွေ ထမင်းတစ်နပ်စားပြီးကို စုတာလိုချင်တာတွေရှိရင်တောင်မဝယ်ဘူး ငါကိုယ်ပိုင်ငွေနဲ့ရှာပြီးငါနေဖို့အိမ်ဝယ်နိင်ရမယ်လို့ဆုံးဖြတ်ခဲ့တော့ စုရတာပေါ့
☘️2years လောက်နေတော့ သိန်း100 လောက်စုမိလာတယ် ပျော်နေတာပေါ့အရမ်းး ဘာလို့ဆို အဲ့အချိန်တုန်းက တိုက်ခန်းစျေးလေးတွေက အနိပ့်ဆုံး 300 /400လောက်ဆိုကောင်းကောင်းရတာကို နောက်(၃)နစ်ကိုသေချာလေးစုမယ်ကွာ ဆိုပြီးအားခဲခဲ့တယ်…✊
☘️အဲ့အချိန်မှာပဲစပြီးတော့ ဘဝတွေပြောင်းတော့တာပဲCOVID 😷 ကြီးရောက်လာတယ် အလုပ်တွေပိတ် အဆင်မပြေ စုထားတာလေးနဲ့စားသောက် ဒါတောင် အစာငတ်ခံပြီး ပေါင်မုန့်စားပြီးနေတဲ့ရက်တွေအများကြီး
☘️COVID 😷 လေးနည်းနည်းပါးလာတော့ .. အခြေနေလေးကောင်းလာပြီး အလုပ်တွေပြန်လုပ် မျော်လင့်ချက်တွေနဲ့ဆက်ပြီးရွက်လွင့်မယ်ပေါ့ 😍
☘️အကြီးဆုံးစိတ်ဒုက္ခကအခုမှလာတာ..🙂လူတစ်စုကြောင့်ခေတ်ကြီးက လမ်းမှားပေါ်ပြန်ရောက်ခဲ့တယ်…
☘️အဲ့မှာတင်ပြီးလားဆိူတော့ မပြီးသေးဘူး စိတ်ဒုက္ခတွေသောကတွေ အမျိုးမျိူးရောက် ..😫😩
☘️တစ်ရက်နိင်ငံခြားရောက်သွားတဲ့သူငယ်ချင်းတွေနဲ့ စကား
ပြောမိကြရင်းမေးမိတာလေးတစ်ခုရှိတယ် သူများနိင်ငံမှာအဆင်ပြေရဲ့လားလို့မေးတော့ သူငယ်ချင်းက အဆင်ပြေတယ်လို့လည်းမဟုတ်ဘူးတဲ့ ဒါပေမဲ့နေပျော်တယ်တဲ့ ဘာလို့လည်းလို့မေးတော့ သူငယ်ချင်းပြန်ဖြေပုံက…
☘️လူ့အသိုင်းဝိုင်း၊ လူ့အခွင့်ရေး၊ ရပိုင်ခွင့် အကုန်ပြည့်စုံတယ်တဲ့ ပတ်ဝန်းကျင်က တောက်ပနေတော့ ဘယ်နေရာသွားသွားငါတို့တန်ဖိုးက်ိုသိတယ်တဲ့ … အဲ့တုန်းက နှောင်တတော်တော်ရခဲ့တယ် ငါသာအဲ့အချိန်တုန်းက မရူးခဲ့ မမိုက်ခဲ့ရင် နိင်ငံခြားမှာ အခြေချနေလောက်ပြီဆိုပြီးတော့…😞
☘️သူငယ်ချင်းတွေနဲ့စကားပြောတိုင်း သူတို့အမြဲပြောတဲ့စကားက သားရီး လာခဲ့နိင်ငံခြားကို အမြဲခေါတယ် ဘာလို့လည်းဆိုတဲ့ ခံစားချက်ကို အခုမှနားလည်မိသွားတယ်
☘️မနှစ်က 2022-2023 မှာ နိင်ငံခြားထွက်ဖို့ဆုံးဖြတ်ခဲ့တယ် ….သေချာအကောင်ထည်မဖော်မိဘဲ တွနိ့ဆုတ်နေခဲ့တာ အခု ဒီနစ်အစပိုင်းကနေ အကောင်အထည်ဖော်ပြီး အကုန်လုပ်ပြီးခါမှ အောင်မြင်ဖို့လက်တစ်ကမ်းအလိုမှ အခုလိုကိစ္စတွေထဖြစ်တယ် passport တွေပါပိတ်တယ်ဆိုတော့ ပြောစရာစကားတောင်မရှိတော့ဘူး😣
☘️အဲ့တော့ ငါတို့လို 90 born တွေက ခေတ်မကောင်းတာကြီးကို ငယ်ငယ်ကတည်းက ခံရတာ အခုထိလည်းခံရတုန်း တစ်ချို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိင်လိုက်တဲ့ သူငယ်ချင်းတွေကတော့ နိင်ငံရပ်ခြားမှာ အခြေချကုန်ပြီး
☘️အဲ့တော့အခုအခြေနေက …. သီချင်းတစ်ပုဒ်နဲ့ နှိုင်းပြပါဆိုရင် …..
“ဦးငှက်” ရဲ့ လေလွင့်ခြင်းလမ်းမများ သီချင်းထဲက အတိုင်းပဲ ……🥺
ငါတို့တွေဟာ 🎶 … ဘယ်ကိုသွားရမှာလည်း… ဘယ်မှာအဆုံးသတ်မှာလဲ……🎶😔
စာရှည်သွားရင် sorry ပါ …
゚