24/09/2024
22.9.2024 ရေဘေးသင်ေကျးရွာ ၃ရွာကို ကိုယ်တိုင်ကိုယ်ကျ ခက်ခက်ခဲခဲသွားေရာက်လှူဒါန်းခဲ့ပါတယ်။
အဓိကလိုအပ်ေနတဲ့ရွာကို ရောက်ဖို့ ၂မိုင်ကျော်လောက်ကိုရေထဲကနေလမ်းေလျှာက်ပီးသွားရောက်ခဲ့ပါတယ်။
ဖောင်တွေနဲ့ရသလောက်သယ်ပီး စက်လှေနဲ့ဆက်သွယ်မယ်လို့စီစဉ်ထားပီး တစ်ချို့တစ်၀က်ကရွာကိုသွားကြတယ်။ လူအနည်းငယ်လောက်ပဲပစ္စည်းေတွနဲ့စက်ေလှကိုေစာင့်ပီေနခဲ့ကြတယ်။
ရွာထိပ်ကဇရပ်ကိုလူတွေရောက်တော့ ပစ္စည်းတွေတင်တဲ့စက်လှေကရောက်မလာဘူး။ ဖုန်းအဆက်သွယ်ရတော့ လှေကလာလို့မရဘူးတဲ့ လှေသမားကတင်ပေးမယ်ဆိုပေမယ့် တစ်ခြားရွာကိုဖြတ်မှ လှူ့မယ်ရွာကိုရောက်တာပါ။
အဲ့ရွာကအဖြတ်မခံဘူးပြောပါတယ်။ သူတို့ရွာကိုမလှူလို့အသွားမခံတာပါ။ ဘာလို့မလှုတာလဲဆိုတော့ တစ်နေ့ကိုအလှူရှင်၇ဖွဲလောက်ရောက်ပါတယ် ။ လိုနေတဲ့ရွာကို စဖြစ်ကတည်းက အရှေ့မှာ ၁ဖွဲ့ပဲလာသေးတာပါ။
ရွာထိပ်ကနေအကြီးဆုံးရွာကစီးယူကြတာပေါ့။ အဲ့ဒါနဲ့ပစ္စည်းရောက်မလာတော့ ပြန်လာပီးဖောင်နဲ့သယ်လာတဲ့နေရာမှာ ရွာသားတွေခေါ်လာပီး ရွာ၂ရွာစာကိုခွဲဝေပေးခဲ့ပါတယ်။ အဖြတ်မခံတဲ့ရွာနာမည်တော့မပြောပြတော့ဘူး။ ရွာကြီးကရွာငယ်ကိုဖိတာထုံးစံလိုဖြစ်နေတာကို။
ရွာသားတွေလဲ သူတို့ဆီရောက်လာလို့ပျော်ကြတယ် ကိုယ်တွေအဖွဲလဲ လိုတဲ့နေရာကိုပဲလှူမယ်ဆိုတဲ့စိတ်နဲ့သွားခဲ့တာမလို့ အရမ်းကျေနပ်ပီတိဖြစ်မိပါတယ်။
နောက်တစ်ရွာကတော့မြစ်ေရပထမဆုံးစ၀င်ပီးေရေဘးသင့်သွားတဲ့ေနရာပါ ။
စုစုပေါင်းအိမ်ခြေ (297)အိမ်စာပါ။
ပါ၀င်လှူဒါန်းခဲ့တဲ့ အလှူရှင်တွေနဲ့ သွားရောက်နိုင်ဖို့တက်တက်ကြွကြွဆောင်ရွက်ခဲ့ကြတဲ့အဖွဲ့သားအားလုံးကိုလဲအထူးကျေးဇူးတင်ပါတယ်😊