MS NUG, NUCC, CRPH, PDF, KNU, KTLA, KNLA, KIA, KIO, KNDF, CDF, TNLA, AA, RCSS

31/05/2024

ကုန်ဈေးနှုန်းတက်တာ သူတို့ပါခံရတော့
ဘောမတွေပါ သူတို့အဘကို အော်ကုန်ပြီ😅

#စစ်ကောင်စီ
#နွေဦးတော်လှန်ရေး

27/03/2024

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတွေကို ဘာသာရေးအတွက် စစ်တိုက်ရမယ်၊ ရပ်ကွက်ကျေးရွာတွေကို ကာကွယ်ရမယ်ဆိုပြီး ဒေသ အခြေစိုက် ခမရ ၅၃၅ တပ်ရင်းက အဓမ္မစစ်သား စုဆောင်းနေတယ်လို့ ထွက်ပြေးလွတ်မြောက်လာတဲ့ ရို ဟင်ဂျာတွေက ပြောပါတယ်။ အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် နေ့မှာ စစ်သားစုဆောင်းခံရပြီး မတ်လဆန်းက ထွက်ပြေးလွတ်မြောက်လာတဲ့ ရိုဟင်ဂျာတစ်ဦးကို RFA က မေးမြန်းထားပါတယ်။

#စစ်ကောင်စီ


#စကစ

24/03/2024

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ မတ်လ (၇) ရက်က စတင်ပြီး လိုင်ဇာမြို့အနီးက စစ်ကောင်စီ တပ်စခန်း ဌာနချုပ်တွေနဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းတလျှောက်က တပ်စခန်း တွေကို တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေရာ ယနေ့အထိ တပ်စခန်း အကြီးအသေး (၃ဝ) လောက် သိမ်းပိုက်ထားနိုင်ပြီး ဖြစ်ပါတယ်။




#စစ်ကောင်စီ

23/03/2024

စစ်ကောင်စီရဲ့ အရေးပါ‌သော စစ်ဗျူဟာ/စခန်း (၁ဝ)ခု အပါအဝင် တပ်စခန်းပေါင်း (၃၀) ကျော်ကို (၂)ပတ်အတွင်း KIA သိမ်းပိုက်။

#စကစ



22/03/2024

ဆုံးဖြတ်ချက်ချရမဲ့အချိန်ကျော်လွန်သွားပါက ပြင်ခွင့်မရတဲ့ခရီးကြမ်းကို လျှောက်ရမှာဖြစ်တဲ့အတွက် အမြန်ဆုံးဖြတ်ရန် ပြည်သူတွေကို ဗိုလ်ချုပ်ကြီးဂွမ်မော်သတိပေး။



#စကစ
#စစ်ကောင်စီ

21/03/2024
20/03/2024

မောင်းတောမြို့ရှိစစ်ကောင်စီနယ်ခြားစောင့်စခန်းများကို ပိတ်ဆို့ထားပြီး မကြာခင်အပြီးသတ်သိမ်းပိုက်နိုင်တော့မယ်လို့ ရက္ခိုင့်တပ်တော် AAကပြောကြား။

#စကစ



#စစ်ကောင်စီ

19/03/2024

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း ၂ ပတ်ကျော်ကြာ တိုက်ပွဲတွေပြင်းထန်ပြီးတဲ့နောက် စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ရက္ခိုင့်တပ်တော် (AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီလို့ မတ်လ ၁၈ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။



#စစ်ကောင်စီ

18/03/2024

ချင်းပြည်နယ်က ထန်တလန်မြိုနယ်၊ ပလက်ဝမြိုနယ်နဲ့ မတူပီ မြိုနယ်တွေက မရာလူမျိုးတွေ နေထိုင်ရာ ဒေသမှာ မရာလူမျိုး လက်နက်ကိုင်တော်လှန်ရေးအဖွဲ နှစ်ခုဖြစ်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ-မရာ(CDFMara) နဲ့မရာလဲန်း ကာကွယ်ရေးတပ်ဖွဲ MDF)တိုကြား နှစ်ဖက် ပဋိပက္ခတွေ ဖြစ်ပွားနေတာ ၁နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

17/03/2024

ရခိုင်ပြည်နယ်မှာ ကျန်သေးတဲ့ စစ်ကောင်စီတပ်တွေကို ရက္ခိုင့်တပ်တော် AAက ဖြတ်လေးဖြတ်နဲ့ သင်ခန်းစာပြန်ပေး။



#စကစ

16/03/2024

တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်မျက်နှာဖွင့်နေတဲ့ စစ်ကောင်စီတပ် ဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အကြီးအကျယ် စစ်ရှုံးနေမှုဟာ မြေပြင် သတင်းအချက်အလက် မရရှိတော့တာကြောင့်လည်းဖြစ်တယ်လို့ လက်နက်ချ စစ်သားတွေက ဆိုပါတယ်။



#စကစ

#စစ်ကောင်စီ

15/03/2024

စီးပွားရေးလည်း ဂျုံးဂျုံးကျ၊ နိုင်ငံရေးဘောင်လည်း ကျဉ်းသထက် ကျဉ်းလာ၊ စစ်ဘောင်ကလည်း ကျယ်လာတဲ့ စစ်ခေါင်းဆောင် မင်း အောင်လှိုင်ရဲ့ အာဏာသိမ်း သက်တမ်းတလျှောက် ဖြစ်ဖြစ်မြောက် မြောက် ရုပ်လုံးပေါ်တာဆိုလို့ ၈၁ ပေ မြင့်တဲ့ မာရဝိဇယ ဆင်းတုတော် ကြီး တဆူပဲ ရှိတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို ဦးခေါင်းတည့်တည့် ပစ်ခတ်ဖြို ခွင်း၊ ရွာတွေ မီးရှို့၊ လေယာဉ်နဲ့ ဗုံးကြဲ အကုသိုလ် အစုစု ပြုခဲ့ပေမယ့် မင်းဆရာ သီတဂူဟောသလို မာရဝိဇယကြီး တည်ပြီး သေခါနီး အဲဒီ ကုသိုလ်ကို အာရုံပြုလို့ အပါယ်လားမယ့်အရေးကို စစ်ခေါင်းဆောင် ရှောင်လိုပုံ ရပါတယ်။
ဒါပေမယ့် သွေးအလိမ်းလိမ်းနဲ့ ဘုရားဒကာကြီးရဲ့ မဟာကုသိုလ်တော် ကြီးက အပါယ်တံခါးပိတ်သွားစေမတဲ့လား။



#စကစ

#စစ်ကောင်စီ

14/03/2024

စစ်ကောင်စီတပ်ရဲ့ ဗိုလ်ချုပ်တွေကိုယ်တိုင် သူတို့ ရှုံးမှာကို သိနေပါပြီ (ဗိုလ်ကြီးဟောင်းနေမျိုးဇင်)



#စကစ

#စစ်ကောင်စီ

13/03/2024

ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ပိုမိုပြင်းထန်လာနေပြီး ပြည်နယ်ရဲ့ မြို့တော် ဖြစ်တဲ့ စစ်တွေမြို့ကိုပါ ခြိမ်းခြောက်နေပါတယ်။

စစ်တွေမြို့ AA လက်အောက် ကျရောက်သွားမှာ စိုးရိမ်နေတဲ့ စစ်တပ်ဟာ မြို့ပေါ်မှာ ပစ်ခတ်တိုက်ခိုက်မှု ဖမ်းဆီးမှုနဲ့ လမ်းခရီး ပိတ်ဆို့မှုတွေကြောင့် မြို့ခံတွေဟာ လုံခြုံရေး အန္တရာယ် အပါအဝင် အကြပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင် ကြုံတွေ့နေကြရပါတယ်။

ဒါပေမယ့် ရခိုင့်တိုက်ပွဲတွေရဲ့ အဆုံးသတ်ဖြစ်တဲ့ စစ်တွေကို အေအေ က ဝင်ရောက် တိုက်ခိုက်ယူမှာလားဆိုတာ အေအေရဲ့ အဆုံးအဖြတ် ဖြစ်သလို တဖက်က စစ်ကောင်စီတပ်တွေရဲ့ အဆုံးအဖြတ်ပေါ်မှာ လည်း သက်ရောက်မှုတွေ ရှိနေတယ်လို့ ရခိုင် နိုင်ငံရေး သမားတွေက မှတ်ချက်ပြုထားပါတယ်။



#စကစ

#စစ်ကောင်စီ

12/03/2024

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF) တပ်နယ်အားလုံး စစ် ကောင်စီလက်အောက်ကခွဲထွက်ပြီးကရင်အမျိုး သားတပ်မတော် (Karen National Army -KNA)အဖြစ် ‌ပြောင်လဲဖွဲ့စည်းရပ်တည်ဖို့ဆုံးဖြတ်လိုက်တာတွေ့ရပါ တယ်။ ဒီဆုံးဖြတ်ချက်ဟာ စစ် ကောင်စီအတွက်တော့ မျှော်လင့်မထားတဲ့အကျပ်အတည်းတစ်ခု လို့ ဆိုရပါမယ်။ ကရင်စစ်မျက်နှာကရင်လက်နက်ကိုင်အချင်းချင်း ထိပ်တိုက်ပေးတွေ့ထားပြီး တစ်ဘက်မှာ စစ်အာဏာရှင်စနစ်တော်လှန် နေသူတွေကို ဖိနှိပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီအတွက်သတင်းဆိုး ဖြစ်သွားခဲ့လို့ပါပဲ။



#စကစ
#စစ်ကောင်စီ

11/03/2024

ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ ကရင်နီပြည် ကြားကာလစီမံအုပ်ချုပ် ရေး ကောင်စီ ဘက်ပြောင်းရေးအစီအမံ စီမံအုပ်ချုပ်ရေးကော်မတီ ညွှန်ကြားရေးမှုးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ စစ်ကောင်စီ တပ်သားတွေ ဘက်ကူးပြောင်းလာဖို့ တိုက်တွန်းရင်း ကရင်နီ ရှေ့တန်း စစ်မျက်နှာပြင်က သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။




#စကစ
#စစ်ကောင်စီ

#ကရင်နီ

10/03/2024

စစ်ကောင်စီတပ်ရဲ့ ခမရ(၃၅၅)တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်၍ စိုးမိုးထား\



#စကစ

#စစ်ကောင်စီ

09/03/2024

မြဝတီမြို့၊သင်္ဃန်းညီနောင်မှာ စစ်ကောင်စီရဲ့ ခမရ(၃၅၅)တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) မဟာမိတ်ပူပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။



#စကစ
#စစ်ကောင်စီ

08/03/2024

စစ်ကောင်စီက ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ ဒုက္ခသည်စခန်းက ရာနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို အတင်းအကြပ် စစ်သားသစ် စုဆောင်းနေပြီး အတင်းအဓမ္မ စစ်မှုထမ်းခိုင်းဖို့ စစ်သင်တန်းပေးနေကြောင်း၊ အဆိုပါ စစ်သင်တန်းကို အကြမ်းဖက် စစ်ကောင်စီရဲ့ နယ်စပ်ဒေသနဲ့ လုံခြုံရေးဝန်ကြီး ကိုယ်တိုင် ကြီးကြပ်နေတာဖြစ်ကြောင်း မြေပြင်ကနေ ပေးပို့လာတဲ့ ရုပ်သံဖိုင်တစ်ခု မတ်လ (၇) ရက်နေ့က လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။

ဒီကိစ္စဟာ ICJ ရဲ့ ယာယီအစီအမံကို ဆန့်ကျင်ပြီး ဆောင်ရွက်နေတာကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အကြမ်းဖက် စစ်ကောင်စီကို အမြန်ဆုံး အရေးယူဖို့ လိုအပ်ကြောင်းလည်း ရိုဟင်ဂျာ အသိုင်းအဝိုင်းမှာ ပြောဆိုနေကြပါတယ်။

စစ်ကောင်စီက ရိုဟင်ဂျာ ဒုက္ခသည်ကို စစ်သားသစ် စုဆောင်းတာမျိုး မရှိကြောင်း ငြင်းဆိုခဲ့ပေမယ့် ဒီရုပ်သံဖိုင် ထွက်ရှိလာချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။



#စကစ
#စစ်ကောင်စီ

07/03/2024

အောင်မြင်မှုအရှိန်‌ရနေစဉ်
မတရားမှုကိုမကြိုက်တဲ့စိတ်ကြောင့် တော်လှန်ရေးထဲပါဝင်ဖြစ်ခဲ့တဲ့ MRTV-4 မင်းသား ဘုန်းဆက်သွင်

ပြည်သူ့အားမာန်ငါတို့အသံ အစီအစဉ်အား အစ/အဆုံးကြည့်ရူ့လိုပါက-
Htet Myat Ida / page နှင့် Breaking Brainwashe / Youtube channel တွင်ဝင်ရောက်ကြည့်ရူ့နိုင်ပါသည်။



#စစ်ကောင်စီ
ိုလ်ကြီးထက်မြက်
#ဘုန်းဆက်သွင်

06/03/2024

အညာကို အာရုံစိုက်ရင် စစ်ကောင်စီဟာ အထိနာမှာပဲ။ ဗိုလ်နဂါး (BNRA)/ FV; Interview



#စကစ
#စစ်ရေး
#စစ်ကောင်စီ
#ဗိုလ်နဂါး
#ပုလဲ
#စစ်ကိုင်း

#ပကဖ

05/03/2024

ကချင်ပြည်နယ် မံစီမြို့နယ်၊ တမော်ကျေးရွာ အုပ်စုရှိ စစ်ကောင်စီမဂျီဂုံ (Maji gung) ဗျူဟာကုန်းကို (မတ်လ ၃ရက်) နေ့လယ် ၂နာရီခွဲတွင် ကချင်လွတ်မြောက်ရေးတပ်(KIA)နှင့် PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး ဟောင်ဝစ်နှင့် လက်နက်ခဲယမ်းအမြောက်အများ သိမ်းပိုက်ရရှိ ။



#စကစ
#စစ်ကောင်စီ

#နွေဦးတော်လှန်ရေး

04/03/2024

ရက္ခိုင့်တပ်တော် AAထံတွင် လက်နက်ချအဖမ်းခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ





#စကစ
#စစ်ကောင်စီ

03/03/2024

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်အရှေ့ခြမ်းက ရွာတွေကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၁ ရက်နေ့အထိ စစ် ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်စီးနင်းမီးရှိနေတာကြောင့် နေအိမ် ၁၅ဝ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံငါးထောင် ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို မီးရှိခံရတဲ့ရွာခံ တွေက ပြောပါတယ်။



#စစ်ရေး
#စစ်ကောင်စီ
#မုံရြာ

02/03/2024

ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသော စစ်ကောင်စီတပ်၏ စစ်ကြောင်းအား အမြင့်ကျွန်း တံတားထိပ်တွင် ရက္ခိုင့်တပ်တော်မှ ကြားဖြတ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့ပြီး သံချပ်ကာကား (၂) စီးကိုလည်း အဆိုပါ အမြင့်ကျွန်းတံတား(မင်းချောင်းတံတား) ထိပ်တွင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်။





#စကစ
#စစ်ရေး

#စစ်ကောင်စီ

#နွေဦးတော်လှန်ရေး

01/03/2024

တော်လှန်ရေးအင်အားစုများ လက်ထဲတွင်ရောက်ရှိနေသည့် ကလေးတက္ကသိုလ်မှ ဝန်ထမ်းများနှင့် ကျောင်းသူ၊ ကျောင်းသားများအတွက် စိတ်မပူကြရန်နှင့် ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး အချို့သော ကျောင်းသားကျောင်းသူများကို ပထမအသုတ် ပြန်လည်ပို့ဆောင်ခဲ့ပြီးပြီဟု ကလေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်း က ပြောသည်။





#စကစ
#စစ်ရေး

#စစ်ကောင်စီ

01/03/2024

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဖျက်အားပြင်းဗုံးများကိုအသုံးပြု၍လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ၎င်းဆေးရုံတွင် ဆေးကုသမှုခံယူဖူးပြီး ယခုအချိန်တွင် ပြန်လည်ကျန်းမာလာသော ခ.လ.ရ (၂၉၉)တပ်ရင်းမှ ကြည်း/၄၁၃၅၆ (ဗိုလ်မှူး) ဇော်လင်းထွန်း ပြောကြားချက်။



#စစ်ရေး

#စစ်ကောင်စီ

#နွေဦးတော်လှန်ရေး

29/02/2024

ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ဖျက်အားပြင်းဗုံးများကိုအသုံးပြု၍ လေကြောင်းမှလာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ၎င်းဆေးရုံတွင် ဆေးကုသမှုခံယူနေသော ခ.လ.ရ (၂၉၉)တပ်ရင်းမှ ကြည်း/၃၆၇၁၉ (ဒုဗိုလ်မှူးကြီး) နေလင်းထွန်း ပြောကြားချက်။






#နွေဦးတော်လှန်ရေး
#စစ်ရေး

28/02/2024

ဦးတည်ချက်ပြောင်းလာတဲ့ ရက္ခိုင်တော်လှန်ရေး/ ဆရာလှစိုးဝေ ရေးသားထားသော ဆောင်းပါးကိုတင်ဆက်ပေးထားခြင်းဖြစ်ပါတယ်

#စစ်ကောင်စီ





#နွေဦးတော်လှန်ရေး

27/02/2024

ရှားတောမြို့သိမ်းတိုက်ပွဲမှာဖမ်းဆီထားတဲ့ စစ်သုံ့ပန်းများကို ဗိုလ်ကြီးဟောင်းနေမျိုးဇင် မှလောကပါလ တရားတွေ ထွန်းကားကျင့်သုံးမယ့် စနစ်သစ်၊ နိုင်ငံသစ်အကြောင်း ရှင်းပြ

#စကစ #သတင် း #စစ်ကောင်စီ #နွေဦးတော်လှန်ရေး

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ MSผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


ครีเอเตอร์ดิจิทัล อื่นๆใน Bangkok

แสดงผลทั้งหมด

คุณอาจจะชอบ