Be Better by Yadanar Phome Thwal

Be Better by Yadanar Phome Thwal Parenting tips, life’s opinions and heal the hard feelings

ဘဝရဲ့ စာမျက်နှာတွေထဲက အခန်းကဏ္ဍတစ်ချို့က ဆိုးရွားနေခဲ့ရင်လဲ ဒါဟာ အဆုံးသတ်မဟုတ်ပါဘူး... နောက်စာမျက်နှာကို ဆက်သွားရမှာ.......
12/10/2024

ဘဝရဲ့ စာမျက်နှာတွေထဲက အခန်းကဏ္ဍတစ်ချို့က ဆိုးရွားနေခဲ့ရင်လဲ ဒါဟာ အဆုံးသတ်မဟုတ်ပါဘူး... နောက်စာမျက်နှာကို ဆက်သွားရမှာ.... ရှေ့ဆက်ပါ ကျော်လွှားပါ...

Photo Crd

အဲလို Decoration လေး ချစ်စရာလေး... ကိုယ်တောင် ကလေး ပြန်ဖြစ်ချင်သွားတယ်... 😍
12/09/2024

အဲလို Decoration လေး ချစ်စရာလေး... ကိုယ်တောင် ကလေး ပြန်ဖြစ်ချင်သွားတယ်... 😍

12/09/2024

လောကကြီးမှာ တစ်ချို့ကိစ္စတွေ တစ်ချို့အရာတွေက ကိုယ့်အတွက် ဖြစ်မနေ ဟုတ်မနေတတ်ဘူး...

သူများတွေအတွက် လွယ်ကူ အဆင်ပြေပေမယ့် ကိုယ့်အတွက် ခက်နေတတ်တယ်... သူများတွေ ရပေမယ့် ကိုယ်မရဘူး...

ကိုယ့်ဘက်က ဘယ်လောက်ကြိုးစား ကြိုးစား ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေကို အတင်းကျပ် ဖြစ်ချင်လုပ်ချင်နေရင် ကိုယ်ပဲစ်တ်ဆင်းရဲပြီး ပိတ်မိနေတတ်တယ်....

ဒါကြောင့် တစ်ချို့အရာတွေကို လက်လွှတ်တတ်ဖို့ သင်ယူရမှာ ဖြစ်ပါတယ်...

Yadanar Phome Thwal
12/8/2024

ပုံလေးတွေ လှလို့ 🌸🌹🌼🌷
12/05/2024

ပုံလေးတွေ လှလို့ 🌸🌹🌼🌷

11/12/2024

“One lie can end a million trust.”

အလိမ်အညာတစ်ခုဟာ ယုံကြည်ခဲ့ရတဲ့ သန်းပေါင်းများစွာသော ယုံကြည်မှုတွေကို အဆုံးသတ်ဖြစ်သွားစေနိုင်ပါတယ် .. တဲ့

လူတွေက မင်းကို ကူညီဖို့ ငြင်းဆန်တဲ့အခါ စိတ်မပျက်ပါနဲ့... အဲဒီအခါ Einstein ပြောတဲ့ ဒီစကားလေးကို သတိရပါ... “မကူညီနိုင်ဘူးလ...
10/28/2024

လူတွေက မင်းကို ကူညီဖို့ ငြင်းဆန်တဲ့အခါ စိတ်မပျက်ပါနဲ့... အဲဒီအခါ Einstein ပြောတဲ့ ဒီစကားလေးကို သတိရပါ... “မကူညီနိုင်ဘူးလို့ ငြင်းခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်... ခင်ဗျားတို့ မကူညီခဲ့တာကြောင့် ကိုယ့်ဘာသာ လုပ်တတ်သွားခဲ့တယ်" တဲ့

ကိုယ်တွဲနေတဲ့သူ... ကိုယ်လက်ထပ်မယ့်သူကို သေချာလေး ဂရုစိုက်ရွေးချယ်ရမှာပါ... ငြိမ်းချမ်းမှု ပျော်ရွှင်မှုမရှိတဲ့ အိမ်ဟာ ကမ...
09/20/2024

ကိုယ်တွဲနေတဲ့သူ... ကိုယ်လက်ထပ်မယ့်သူကို သေချာလေး ဂရုစိုက်ရွေးချယ်ရမှာပါ...

ငြိမ်းချမ်းမှု ပျော်ရွှင်မှုမရှိတဲ့ အိမ်ဟာ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ထောင်တစ်ခုပါပဲ..

လူရွေးမှားရင် အဲထောင်ထဲ ပိတ်မိသွားနိုင်ပါတယ်

09/11/2024

သတိပြုဖွယ် ရေဘေးအန္တရာယ်
~~~~~~~~~~~~~~~~~~~~~~~~~
(၁) မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ်နားထောင်ပါ။ မိသားစုဝင်အချင်းချင်းသော်လည်းကောင်း၊ အိမ်နီးချင်းများနှင့်သော်လည်းကောင်း ဆက်သွယ်နိုင်မည့် ဖုန်းများ၊ အရေးပေါ်ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် များ အဆင်သင့်ရှိနေပါစေ။
(၂) မိသားစုများ၊ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင် သတ်မှတ်ထားပါ။
(၃) ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။
(၄)သောက်သုံးရေများ ကြိုတင်စုဆောင်းထားပါ။
(၅) မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါကအန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။
(၆) အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာ ကျွတ် အစရှိသည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။
(၇) တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုပါ။
(၈) မိသားစုဝင်များ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ ဆက်သွယ်ရမည့်သူစသည်တို့အား ရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင် ထားပါ။
(၉) သက်ဆိုင်ရာအစိုးရဌာန၏ ညွှန်ကြားချက်ရရှိပါက ရွေးချယ်ထားသော ဘေးလွတ်ရာနေရာသို့ ပြောင်း ရွှေ့ခိုလှုံပါ။
(၁၀) ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။
(၁၁) ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်။
(၁၂) ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။
( ၁၃) ယခုကာလတွင် အန္တရာယ်ရှိသည့်မြစ်ချောင်းများအနီး၊ တောင်ကျချောင်းများအနီးနှင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှားနေထိုင်ပါ။ လျှပ်တပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်ကို သတိ ပြုပါ။ လျှပ်တပြက်ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြု နေထိုင်ပါ။
(၁၄) မလွှဲမရှောင်သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။
(၁၅) မြွေနှင့်အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။

ပြည်သူများအားလုံး ဘေးအန္တရာယ် အမျိုးမျိုးမှ လွတ်ကင်းနိုင်ကြပါစေ။

Crd

ဘယ်လို ဖြတ်သန်းကြလဲ ပြောအုံး 😁😁Crd cartoon photo
09/01/2024

ဘယ်လို ဖြတ်သန်းကြလဲ ပြောအုံး 😁😁

Crd cartoon photo

တွေ့ဆုံလိုက်တိုင်း ပျော်စရာကောင်းတဲ့ ဆွေမျိုးမိသားစုတွေက အမြဲတွေ့ကြဖို့ အချိန်ပေး တွေ့ဆုံပျော်ရွှင်ကြပေမယ့်တွေ့လိုက်တိုင...
08/25/2024

တွေ့ဆုံလိုက်တိုင်း ပျော်စရာကောင်းတဲ့ ဆွေမျိုးမိသားစုတွေက အမြဲတွေ့ကြဖို့ အချိန်ပေး တွေ့ဆုံပျော်ရွှင်ကြပေမယ့်

တွေ့လိုက်တိုင်း ပျော်စရာမကောင်းပဲ စိတ်ညစ်ရတဲ့သူတွေကတော့ မိသားစုတွေ့ဆုံပွဲတွေနဲ့ ဝေးနေကြဆဲပဲ... သူများတွေကို အားကျရင်းနဲ့ပေါ့...

Yadanar Phome Thwal
8/24/2024

မိသားစု စိတ်ဓါတ်လေးနဲ့ပေါ့ 😬
08/19/2024

မိသားစု စိတ်ဓါတ်လေးနဲ့ပေါ့ 😬

08/14/2024

တစ်ချို့လူတွေက မိသားစုရှိရက်.. မိတ်ဆွေတွေရှိရက်နဲ့ အထီးကျန်တဲ့ခံစားချက်ကို ခံစားနေကြရတယ်...

ကိုယ့်စိတ်ကို နားမလည်တဲ့သူတွေ ကိုယ့်အကြောင်းကို ခုထိ သေချာမသိတဲ့သူတွေနဲ့ အတူရှိနေရခြင်းကလဲ ဝဋ်ကြွေးတစ်ခု ဖြစ်နေတတ်တယ်...

ဘယ်လောက်ပဲ နှစ်တွေ အကြာကြီး အတူတူ ရှိခဲ့ရှိခဲ့ ကိုယ်ဘာကြိုက်လဲ ကိုယ်ဘယ်ချိန် ဝမ်းနည်းတတ်လဲ... ကိုယ်ဘယ်လိုအခြေအနေမှာ ကြောက်တတ်လဲ စသဖြင့် ဘာမှမသိကြတဲ့သူတွေနဲ့ အတူတူရှိနေရလဲ အထီးကျန်ကြတယ်...

Yadanar Phome Thwal
8/14/2024

ကျေးဇူးပြုပြီး စာများကို ကူးယူခြင်းမပြုပါနဲ့
လွတ်လပ်စွာ Share နိုင်ပါတယ်

လူတစ်ယောက် ကိုယ့်ပေါ် မကောင်းဘူးဆိုတာ သိပြီဆိုတာနဲ့  ကိုယ်ခြေတစ်လှမ်းနောက်ဆုတ်ထားတဲ့ အနေအထားမျိုးနဲ့ နေလိုက်တယ်... သူ့ဘက...
08/11/2024

လူတစ်ယောက် ကိုယ့်ပေါ် မကောင်းဘူးဆိုတာ သိပြီဆိုတာနဲ့

ကိုယ်ခြေတစ်လှမ်းနောက်ဆုတ်ထားတဲ့ အနေအထားမျိုးနဲ့ နေလိုက်တယ်...

သူ့ဘက်က စ, မလိုအပ်သ၍ ကိုယ်ခပ်ဝေးဝေးမှာပဲ ရှိနေတယ်...

သူကိုယ့်ဆီလှည့်လာရင် ကိုယ်အမြဲစေတနာအပြည့်နဲ့ ဆက်ဆံတယ်
သူလိုရင် တတ်နိုင်တာဆို ကူညီပေးလိုက်တယ်...

ဒါ သူမကောင်းတာ မသိလို့ မဟုတ်ဘူး
သူ့ပေါ် ချစ်ခြင်း မုန်းခြင်းဆိုတဲ့ စိတ်လဲ ထားမနေဘူး

ဘာကြောင့်လဲဆို ကိုယ့်တန်ဖိုး ကိုယ့်စိတ်ထားကို သူနဲ့လိုက်ပြီး တန်းမညှိတာ...

အဲတော့ သူက ကျောခိုင်းထွက်သွားတဲ့အခါ ကိုယ်နဲ့သူ သံသရာမှာလဲ ထပ်တွေ့စရာ အကြောင်းမရှိတော့ဘူး....
😊😊😊

Yadanar Phome Thwal
8/10/2024

Women is always right 😁😁
08/11/2024

Women is always right 😁😁

Address

Westborough, MA
01581

Website

Alerts

Be the first to know and let us send you an email when Be Better by Yadanar Phome Thwal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Share