Social outlet

  • Home
  • Social outlet

Social outlet Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Social outlet, Digital creator, .

 #ဘဝကို အရှုံးမပေးနဲ့........( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် )*********************************လောကက...
30/03/2024

#ဘဝကို အရှုံးမပေးနဲ့........

( အရမ်းကောင်းလို့ လူငယ်တွေအစအဆုံး ဖတ်ကြည့်စေချင်တယ် )
*********************************
လောကကြီးမှာ ရည်ရွယ်ချက်အတွက်
ပန်းတိုင်ကို ရောက်အောင်
လျှောက်နေသေးသ၍ သင်မှန်တယ်...။

လေတိုက်တိုင်း လွင့်နေရအောင်
သစ်ရွက်ခြောက်မှ မဟုတ်တာ....။

အမုန်းခံရတိုင်းသာ ဝမ်းနည်းရရင်
ကိုယ့်မျက်ရည်နဲ့ကိုယ်တောင်
ကမ်းမမြင် လမ်းမမြင်
လွင့်မျောနေလောက်ပြီ.....။

ချောက်တိုင်း ကြောက်ရရင်လည်း
ဒီကမ္ဘာမှာ နေစရာ နေရာတောင်
ရှိမှာမဟုတ်တော့သလို
ကြောက်တိုင်း ပြေးရရင်လည်း
ကမ္ဘာ့အပြင်ဘက်တောင်
ရောက်နေလောက်ရောပေါ့.....။

ပုံသေနည်း မရှိတဲ့ဘဝ
သမိုင်းစာမျက်နှာပေါ်မှာ
အမှားပေါင်း သောင်းခြောက်ထောင်
အဖျက်ရာတွေ ဗလပွနဲ့ ဘယ်သူမှ
ဒဏ်ရာနဲ့တော့ မကင်းဘူး....။

ဒီလိုပဲ... မှားသွားလိုက်
ပြန်ပြင်လိုက်၊ လဲကျလိုက်
ပြန်ထလိုက်နဲ့ပဲ ပန်းတိုင်ကို
လှမ်းကိုင်ကြတာပဲလေ....။

အမေက လမ်းလျှောက်တတ်အောင်
သင်ပေးခဲ့တယ်။
လောကကြီးက နေတတ်အောင်
သင်ပေးလိမ့်မယ်။
ဘယ်လိုနေမလဲဆိုတာတော့ စဉ်းစား....။

ငယ်ငယ်က အကြိမ်ကြိမ်
လဲကျခဲ့တာတောင် ပြန်ထပြီး
ဒီနေ့အထိရောက်အောင်
လျှောက်နိုင်ခဲ့သေးရင်
အမှားတွေကို ပြင်၊ လိုအပ်ချက်ကို ဖြည့်...။

နောက်နေ့တွေအတွက်....
ဆက်သာလျှောက် လမ်းမပျောက်စေနဲ့
ပန်းတိုင်က ရောက်ကို ရောက်တယ်

မင်း ကံ ကောင်းနေဖို့ မလိုဘူး...
မင်း ကောင်းနေဖို့ပဲ့ လိုတာပါ...
ကံကောင်းနေခြင်းက မင်းကို မကောင်းစေပါဘူး... ဒါပေမဲ့...
မင်းကောင်းနေခြင်းက
မင်းကံကိုပါ ကောင်းစေပါတယ်..

- ဘာလို့လဲ ဆိုတော့...
ကံဘယ်လောက်ကောင်းကောင်း
မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့စိတ် မရှိရင်
ကံဆိုတဲ့အရာကြီးက မင်းဘဝရဲ့...
စားဝတ်နေရေးကို တာဝန်ယူမှာ မဟုတ်ပါဘူးလေ...

- အေး...ဒါပေမဲ့...
ကံဘယ်လောက်ပဲ ဆိုးနေပါစေ...
မင်းမှာ ကြိုးစားချင်စိတ် အလုပ်လုပ်ချင်တဲ့ စိတ်
ရှိနေသေးရင်တော့...

- မင်းဘဝရဲ့ စားဝတ်နေရေးကို
မင်းရဲ့ ကြိုးစားမှုတွေ မင်းရဲ့ လုပ်အားတွေက
တာဝန်ယူသွားလိမ့်မယ်...

- ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့
ကံကို မယုံပါနဲ့ လို့တော့ မပြောလိုပါဘူး...

- ဒါပေမဲ့...
လူငယ်တစ်ယောက်အနေနဲ့ ပြောချင်တာတစ်ခုက...
ကံဆိုတဲ့ မမြင်ရတဲ့ အရာထက်
မင်းဆိုတဲ့ မြင်နေရတဲ့ မင်းကိုယ်မင်း
ပိုပြီးယုံကြည်ပါလို့ ပြောချင်ပါတယ်...

- ကံကောင်းခြင်း ကံဆိုးခြင်းဆိုတာ...
မင်းအပေါ်မှာပဲ့ မူတည်ပါတယ်...
ရိုးရိုးလေးပါပဲ....

- မင်းကောင်းနေရင် မင်း ကံကောင်းလိမ့်မယ်...
မင်းဆိုးနေရင်တော့ မင်းကံဆိုးလိမ့်မယ်...
"ကျွန်တော် ဘာပဲလုပ်လုပ် အမြဲကံဆိုးနေတယ်လို့
ငြီးငြူမနေပါနဲ့...."

- မင်းပြောတဲ့ ကံဆိုးလို့ဆိုတဲ့ အလုပ်တွေကို
ဘယ်နှစ်ကြိမ်ကြိုးစားပြီး လုပ်ဖူးလဲ?????
တစ်ကြိမ်လုပ်ပြီး ကံဆိုးတယ်လို့ ထိုင်အော်မနေပါနဲ့...
အဲဒါ ကံဆိုးတာ မဟုတ်တော့ဘူး...
မင်းပျင်းတာ မင်းညံ့တာ ဖြစ်သွားပြီ...

- ဘာပဲ့လုပ်လုပ် ကံကိုပဲ့ အပြစ်ပုံချမနေနဲ့...
မင်းကိုယ်မင်းလဲ အပြစ်တင်ကြည့်ပါအုံး...
အဲဒါတွေ ဖြစ်နေတာ ကံကြောင့်မဟုတ်ဘူး...
အဲဒါတွေ ဖြစ်နေတာ မင်းကြောင့်ဆိုတာ မမေ့နဲ့...
လူငယ်တွေ မြဲမြဲမှတ်ထားပါ...

- မင်းတို့ အရမ်းယုံကြည်နေပါတယ် ဆိုတဲ့...
ကံကောင်းမှုကြီးက ဘယ်တော့မှ မင်းတို့ဆီကို
အပြုံးလေးနဲ့ လာမှာ မဟုတ်ဘူး...

- မနက်ဖြန်တိုင်းမှာ ကံကောင်းခြင်းတွေ ရှိတယ်...
"ဒါဆိုရင် အဲဒီကံကောင်းခြင်းတွေကို
ကျွန်တော်တို့ဘာလို့မရလဲ..."
မင်းတို့ ဘာလို့ မရလဲ သိလား?????

- "မင်းတို့ရဲ့ မနက်ဖြန်အတွက်
မင်းတို့ ဒီနေ့ အသုံးမကျလို့ မရတာကွ..."
အနာဂတ် မနက်ဖြန်တိုင်းရဲ့
ကံကောင်းခြင်းတွေ လိုချင်ရင်...

- ပစ္စုပ္ပန် နေ့ရက်တိုင်းကို
အကောင်းဆုံး ကြိုးစားဖို့ လိုတယ်ဆိုတာ...
ဘယ်တော့မှ မမေ့ပါနဲ့....
မင်းလိုချင်တဲ့ ကံကောင်းခြင်းကို...
မင်းကလွဲပြီး ဘယ်သူမှ မယူပေးနိုင်ဘူးနော်...

- လူငယ်တွေပြန်လည် မျှဝေပေး

- မင်းတို့ ကြိုးစားမှုရဲ့ နောက်ကွယ်မှာ...
မင်းတို့ရဲ့ ကံကောင်းခြင်း တွေ ရှိနေလို့ပဲ့...
ကံကောင်းချင်ရင်...

- ပျင်းရိခြင်း နဲ့ သက်သာခြင်းကို ဝေးဝေးက ရှောင်ပါ...
လူငယ်တွေ တိုးတက်စေဖို့ ရည်ရွယ်လျက်...

24/03/2024

#အရမ်းကြိုက်လို့ထပ်ခါဖတ်မိတယ်..

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။

အားနည်းချက်က အင်အားကို မချိ နဲ့စေဘူး.....
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ဆင်တွေထဲမှာအစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်။
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။

ဟိုင်းဆင်ကအစွယ်မပါတော့ဘာလုပ်ရလဲဆိုတော့.....
နှာမောင်းကိုသန်အောင်လုပ်ရတယ်။
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။

တောထဲမှာ.....စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကိုအစွယ်နဲ့ပြေးထိုးတယ်။

အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်။

သစ်လုပ်သားတွေကပြောဖူးတယ်။
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်.....
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။
ပြေးတာမလွတ်လို့ အရိုက်ခံရရင်
အရိုးတောင်ထင်တယ်တဲ့။

ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့.....
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။

ပြောချင်တာက.....
မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့။
တစ်ဖက်မှာအားနည်းရင်.....
တစ်ဖက်ဖက်မှာအားသာလာအောင်
ကြိုးစားကြ ။

အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်။

နောက်ဆုံးမှာ......
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...။

အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်။

ဒါပေမယ့်......
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...။
သိပ္ပံဘွဲ့ရတယ်။
အံ့အားသင့်စရာအကောင်းဆုံးက
လေယာဉ်မှုးဖြစ်သွားတာပဲ။
လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ

ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...။

လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်။

အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ။

အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို

သင့်ရဲ့ အားနည်းချက်ဆိုတာ
မေ့ထားပြီးကြိုးစားကြည့်ပါ။
သင့်အတွက် နေရာကောင်းတစ်ခုရှိပါတယ်...

အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ။

ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး။
ပွဲတစ်ပွဲရဲ့အဖြေဟာ.....
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ

#လေးစားစွာဖြင့် .....

24/03/2024

❝ ကိုယ့်စိတ်ကို မီးမရှို့ပါနဲ့ ❞

လောကမှာ လူဖြစ်လာပြီဆိုရင် ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ အားငယ်တာ၊ စိုးရိမ်ပူပန်တာတွေက နေ့စဉ်ကြုံတွေ့ခံစားရတဲ့ အရာတွေပါပဲ။
တစ်ခါတလေကျတော့ ကြိုတင်မမြင်နိုင်တဲ့ ရှေ့ရေးတွေကို တွေးပူပြီး အိပ်ပျက်ညတွေ များခဲ့ကြဖူးမှာပေါ့။ အဲဒီစိုးရိမ်ပူပန်ခဲ့တဲ့အရာတိုင်းကရော လက်တွေ့မှာ တကယ်ဖြစ်လာရဲ့လား။

တကယ်တမ်းတော့ ကိုယ်စိုးရိမ်ပူပန်တဲ့ အကြောင်းအရာတွေက ကိုယ့်ကိုယ်ကိုယ်
မယုံကြည်တဲ့စိတ်နဲ့ ကြောက်စိတ်ကြောင့် ဖြစ်လာတာတွေပါ။

ကျွန်တော်တို့အများစုက အလုပ်တစ်ခုကို လုပ်တော့မယ်ဆိုရင် လုပ်လို့ဖြစ်ပါ့မလား၊ ဖြစ်နိုင်ပါ့မလား၊ အဆင်ပြေပါ့မလားဆိုတဲ့ မရေရာမသေချာတဲ့ အတွေးတွေနဲ့ ချောင်ပိတ်ပြီး ပူပန်နေတတ်ကြတယ်။ ဗန်းစကားနဲ့ပြောရရင် တွေးရင်း တွေးရင်း လောင်ကြတယ်ပေါ့ဗျာ။ ကိုယ့်စိတ်ကို ကိုယ့်ဘာသာကိုယ် မီး-ရှို့နေတာနဲ့မတူဘူးလား။ စဉ်းစားကြည့်…

တကယ်တော့ လက်ရှိရောက်နေတဲ့ အချိန်ကိုပဲ တန်ဖိုးထားပြီး ယုံကြည်မှုအပြည့်နဲ့ တစ်နေ့ချင်းစီကိုပဲ အကောင်းဆုံးဖြတ်သန်းရမှာပါ။ ကျွန်တော်တို့ ရှင်သန်နေရတဲ့တာဝန်က အဲဒါလေးပါပဲဗျာ။

ဆိုတော့… အတိတ်ကိုလဲ ပြန်မတွေးနဲ့။ အနာဂတ်ကိုလဲ တွေးမပူနဲ့။ ပစ္စုပ္ပန်တည့်တည့်မှာပဲနေပြီး ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းလိုက်ပါ။ တစ်စက္ကန့်ချင်းစီကို အကောင်းဆုံးရှင်သန်ပါလို့ ပြောချင်ပါတယ်ဗျ။

ကျွန်တော်ပြောတာ ဘယ်လိုသဘောရလဲ။ စာဖတ်ချစ်သူတို့ရဲ့ အမြင်ကိုလဲ ဆွေးနွေးခဲ့ပါအုံး။


#၃၀မိနစ်တက္ကသိုလ်

24/03/2024

ချမ်းသာချင်ရင်
အလုပ်ကြိုးစားသူတွေနဲ့ စုဖွဲ့ပါ...

သင်...တစ်ယောက်တည်းမချမ်းသာချင်ပါနဲ့။

မန္တလေးကနေ စပြီး အမြန်လမ်းမကြီးပေါ်တက်ပြီဆိုတာနဲ့ ဆီဆိုင်လောကကို မင်းမူနေတဲ့ဆိုင်တစ်ဆိုင်ရှိတယ် ၊

BOC ဆိုတဲ့ဆိုင် ..( တကယ်ကိုခမ်းနားတဲ့ဆိုင်ပါ )
သူနဲ့အတူ မန္တလေးကခေါက်ဆွဲဆိုင်ရယ် ၊
g & g ကိုပါခေါ်ထားတယ် ။

၂၀၁၉ ခုနှစ် ၆ လပိုင်းလောက် ပြိုင်ဘက်မရှိပဲ ..

သိပ်မကြာဘူး ၊

သူ့ရဲ့ရှေ့တည့်တည့်မှာ ဆီဆိုင်အကြီးကြီးဖွင့်ဖို့ ပြင်ဆင်နေတာ တွေ့တယ် ။

BOC ဆိုတာ ဆီအရည်အသွေးရော ၊ လီတာပြည့်တဲ့နေရာမှာရော ၊
Services ပေးတဲ့နေရာမှာပါ အရမ်းကောင်းတဲ့ဆိုင်ပါ ၊

တစ်ဆိုင်တည်းဆိုပေမယ့် ဖြစ်သလိုမလုပ်ဘူး ။
( ဒီအချက်ကိုတော့ အတော်သဘောကျတယ် )

အဲလိုဆိုင်မျိုးကို ဘယ်လိုဆိုင်ကများ လာဖိုက်မလဲဆိုပြီ စိတ်ဝင်တစားစောင့်ကြည့်ခဲ့တယ် ။

ဒိုင်းဆို ..
ရှေ့မှာ Hi way ဆိုတဲ့ ဆီဆိုင်ကြီးပေါ်လာတယ် ၊
Hi way ဆိုတာ ဆီဆိုင်လောက မှာတော့ BOC နဲ့ယှဉ်ရင် မိုးနဲ့မြေပါ ..

BOC ကို ယှဉ်ဖိုက်မယ့် HI way ဟာ သေချာပြင်ဆင်ခဲ့တယ် ။
သူတစ်ယောက်တည်းမလာဘူး ။
အဖော်တွေ ခေါ်လာတယ် ။

City Mark ကိုခေါ်လာတယ် ၊
Feel ကိုခေါ်လာတယ် ၊
SP ကိုခေါ်လာတယ် ၊
Tom Yam koong တို့လို တကယ့်ဆိုင်တွေကိုခေါ်လာတယ် ။

BOC ဟာ မထင်မှတ်ထားလောက်အောင် Customers တွေအများကြီးကိုခွဲပေးခဲ့ရတယ် ။

BOC ဟာ အတော်လေးကို ကျဲသွားတယ် ။

ခုတော့ BOC က
" မင်္ဂလာပါ " ကိုခေါ်လာတယ် ။

" မင်္ဂလာပါ " ဝင်လာတော့
Soft opening ကာလမှာတောင် BOC မှာ လူပြန်စည်လာတယ် ။

အရင်ခေတ်ကဆို BOC ဆိုတဲ့ဆိုင်းပုဒ်ကို ရှေ့ကထားမယ်ထင်တယ် ၊
( ခုတော့ မင်္ဂလာပါ ဆိုတဲ့ ဆိုင်းပုဒ်ကို ရှေ့ အတော်ကျတဲ့နေရာအထိ ထုတ်ထားတယ် )

နောက်တစ်ခုက DENKO

DENKO ရဲ့ထုံးစံအတိုင်း အချက်အခြာကျပြီး ၊ရှယ်ဆိုတဲ့ အမြန်လမ်းက စစ်ကိုင်းလမ်းခွဲ အဝိုင်းမှာ ဖွင့်လိုက်တယ် ။

DENKO ခေါ်လာတဲ့သူတွေကလည်း အမိုက်စားတွေ

ရွှေပုလ္လင် ကိုခေါ်လာတယ် ။
မြင့်မြင့်ခင် ကိုခေါ်လာတယ် ၊
အရီးတောင်း လက်ဖက် ကိုခေါ်လာတယ် ၊
ဆင်ခြောက်ကောင် ဖိနပ်လည်းပါတယ် ။
ပိုးထည်တိုက် တစ်ဆိုင်တောင်ပါသေးတယ် ။
နောက် Mini market လိုမျိုးလေးလည်းပါသေးတယ် ။

နောက်ဆုံးတော့ customer တွေကို ခွဲပြီးယူကြရတယ် ။

ဒီဘက်ခေတ်မှာ Group နဲ့သွားကြတာ အတော်လေးအရှိန်ရနေပြီထင်တယ် ၊

တစ်ယောက်တည်းချမ်းသာချင်တဲ့စိတ်ဟာ အတော်မှားတဲ့စိတ် ဖြစ်တယ်လို့ မြင်တယ် ။

ကိုယ့်ဘေးနားမှာ ရှိသမျှလူ အကုန်ချမ်းသာလေ ကောင်းလေပါ ၊

ချမ်းသာချင်ရင် အလုပ်ကြိုးစားသူတွေနဲ့ စုဖွဲ့ပါ။

Credit

✊✊✊
19/02/2024

✊✊✊

လူငယ်တော့ လူငယ်ပါဘဲ ...
19/02/2024

လူငယ်တော့ လူငယ်ပါဘဲ ...

19/02/2024

HELLO GUYS 🤠

Address


Website

Alerts

Be the first to know and let us send you an email when Social outlet posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share