7 Stars Channel

  • Home
  • 7 Stars Channel

7 Stars Channel A channel that will post strange videos. Thank you for coming, like and follow.

ပုံလေးမြင်တော့ အတွေးလေးဝင်လာတယ်ကိုယ်တိုင်ခူးကျွေးရင် ပိုလွယ်ကူမယ်မှန်းသိတယ်ဒါပေမယ့် မလုပ်ပေးခဲ့ဘူး စေတနာမရှိလို့မဟုတ်ဘူး...
11/04/2024

ပုံလေးမြင်တော့ အတွေးလေးဝင်လာတယ်

ကိုယ်တိုင်ခူးကျွေးရင် ပိုလွယ်ကူမယ်မှန်းသိတယ်
ဒါပေမယ့် မလုပ်ပေးခဲ့ဘူး စေတနာမရှိလို့မဟုတ်ဘူး
မင်းကိုယ်တိုင် ခူးပြီးစားရတဲ့
အရသာပိုချိုမြိန်တာကို သိစေချင်လို့
မင်းကြောက်နေမှန်းသိတယ် ခက်ခဲမှန်းလည်းသိတယ်
ဒါပေမယ့် အပြစ်တင်တော့မယ်ဆို
မင်းအတွက် အောက်က တောင့်ခံပေးထားတဲ့
ငါ့ကိုတော့နည်းနည်းလေးကိုယ်ချင်းစာ စေချင်တယ်
မနိုင်ဝန်ထမ်းပေးထားတော့ တစ်ခါတစ်လေ
အားလည်းနည်းပြီး ဒူးလေးချဲ့ချင်လာရော
အပေါ်ကမင်းက ထိတ်လန့်နေမှာပေါ့ နားလည်ပါတယ်
စိုးရိမ်စိတ်နဲ့ ငါ့ကိုမယုံရဲဘူးဆိုတာ
ဒါပေမယ့် ငါက မင်းအတွက် စေတနာနဲ့ ရင်းခဲ့တဲ့သူပါ
ငါ့ကို စွန့်ခွာခဲ့တဲ့မင်းက တစ်ခါလောက်ကောတွေးခဲ့ဖူးရဲ့လား ငါတောင်ဒီလောက်ဆိုရင် သူကောဘယ်လိုနေမလဲ ဆိုပြီး
ခုခေတ်ကမေတ္တာဆိုတာအသွားရှိပြီး အပြန်ဆိုတာကိုယ်တစ်ယောက်တည်းအတွက်သက်သက်ပဲလား..?

08/04/2024
08/04/2024

အတိတ်ကို ပြန်သွားလို့ရရင်သွားချင်တယ်တဲ့ အရင်တုန်းက သူငယ်ချင်းတွေရှိတယ်တဲ့

ကျနော်ကတော့ပြန်မသွားချင်တော့ဘူ
အတိတ်မှာပြုံးပြပီး အနာဂါတ်မှာ အဖက်မလုပ်တဲ့
အောက်ဆွဲ အပေါ်ဖား ကောင်တွေကြောင့်
အတိတ်ဆိုတာသိခဲ့ရင် အပေါင်းသင်းမလုပ်ခဲ့သလို
ပြုံးလည်းမပြခဲ့ပါဘူး

အတိတ်မှာ ဘယ်လောက်ပဲပေါင်းပေါင်း
အနာဂါတ်ထိ ကိုယ့်အပေါ်ကောင်းတဲ့
ရောင်းရင်း တွေကသာ အစစ်မှန်ပဲမို့
ခြလိုကောင် ရေသဖန်းသီးလိုစိတ်နဲ့
တူတဲ့ကောင်မျိုး အပေါင်းသင်းမလုပ်ပါ..........

တစ်ခုတော့ရှိတယ် သားကြီး
ငါက အပေါင်းသင်း တိုင်းကိုတော့
ငါ့ရဲ့မိသားစုလို စိတ်ရင်းနဲ့ ပေါင်းခဲ့တာရီးပဲ
ငါ့မှာလဲ့ မာန ဆိုတာရှိတာပေါ့
မင်းတို့ပြောင်းလဲသွားပေမဲ့ အရင်ချိန်တေလွမ်းစဲပါကွာ

မတွေ့ဖြစ်ကြတော့ပေမဲ့
တစ်ယောက်အကြောင်းတစ်ယောက် မကောင်းမပြောပဲ
ငါတို့ကြားရှိဖူးတဲ့ သူငယ်ချင်း သံယောဇဉ်ကို
ိုဆက်ထိန်းထားပါကွာ😔🥀

#စောနရီ
. 😔🥀

05/04/2024

အလှူအိမ် သွားသောအခါ....😎😀😀

30/03/2024

မြန်မာ✳ ကိုယ်တိုင်

27/03/2024
25/03/2024

အခမဲ့ 🙏🙏🙏

18/02/2024
13/02/2024

#ကောလင်းPDFများကိုအလေးပြုပါတယ်
ျားဆီသို့ "

Written by Gummaw"

#တန်ဖိုးကြီးတဲ့အတွက်နောက်ဆုံးပန်းတိုင်ထိအသက်ရှင်ပေးကြပါဆိုပြီးPDFတွေကိုတောင်းဆို...

ကျွန်တော်တို့ KIA မှာ ဆယ်တန်းအောင်ပညာတတ်တွေ ဗိုလ်လောင်းသင်တန်းတက်ကြတယ်။ မြို့ပြအုပ်ချုပ်ရေး DGA ကနေဖွင့်တဲ့ Salang Kaba အုပ်ချုပ်ရေးမှူးသင်တန်းမှာ တက်တဲ့လူငယ်တွေ ပိုများတယ်။

Army ဘက်မှာ အားနည်းလာတော့ တစ်အိမ်တစ်ယောက်မလုပ်မနေရ စာနဲ့ခေါ်တယ်။ မလာဘူးဆိုရင်ဖမ်းတယ်။ ကိုယ့်အသိစိတ်ဓာတ်နဲ့ KIA ရဲဘော်လုပ်ဖို့ KIA တပ်ထဲဝင်လာတဲ့ လူတွေကအင်မတန်ရှားပါးလာပါတယ်။ ရဲဘော်အများစုဟာ စစ်ရှောင် သားသမီးတွေများတယ်။

အမှန်အတိုင်းဝန်ခံတာပါ။

နွေဦးတော်လှန်ရေးမှာ ပြည်မဘက်မှ အမှန်တရားကို မြတ်နိုးသော ချမ်းသာပြီးပညာတတ်တဲ့ အတိုင်းအဝိုင်းက လူငယ်တွေ၊ ပညာမတတ်တဲ့ အညတရ ဆင်းရဲသား Gen Z တွေ အလွှာပေါင်းစုံအဆင့်အတန်းပေါင်းစုံ စိတ်တူကိုယ်တူ ခံယူချက် ရည်မှန်းချက်တူညီတဲ့ လူငယ်မြောက်များစွာ စစ်အာဏာရှင်အမြစ်ပြတ်ခြေမုန်းဖို့ နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေဆီမှာ နိမ့်ချစွာစစ်ပညာသင်ကြားဖို့ ရောက်လာခဲ့ကြတယ်။

ဘာသာမတူ လူမျိုးမတူ တဲ့ ကျွန်တော်တို့ နယ်မြေမှာ အာဏာရှင် တော်လှန်လိုတဲ့ စိတ်တစ်ခုတည်းနဲ့ စွန့်စားပြီးလာခဲ့ကြတယ်။ သူတို့ကိုကြည့်လိုက်ရင် ကျွန်တော် တို့ကို အားကိုးတဲ့မျက်လုံးတွေနဲ့ပါ..တိုင်းပြည်ကစုတ်ပြတ်သတ်နေတော့ တန်ဖိုးရှိတဲ့ လူငယ်တွေ တောခိုလာကြတယ်။

သူတို့ တွေအလီလီရောက်လာကြတော့ ကျွန်တော်တို့ ကချင်တွေအတွက်အားတက်စရာတွေ ဖြစ်လာကာ KIA တပ်ထဲ ဝင်တဲ့ ကချင်လူငယ်တွေ တစ်ဖန်ပြန်လည် များပြားလာခဲ့ကြတယ်။

ကျေးဇူးတင်ပါတယ်..

ပြည်မဘက်က Gen Z များရယ်...

ပြည်မဘက်က Gen Z တွေကို ကျွန်တော်တို့ KIA တွေက စစ်ပညာသင်ပေးမယ် လာခဲ့ကြပါလို့ တကူးတက လုံးဝ မခေါ်ပါဘူး။ တစ်ချို့ Gen Z တွေ လမ်းစရိတ်တောင် ချေးငှားပြီးလာကြတယ်။ တစ်ချို့Gen Z တွေ ကြည့်လိုက်ရင် မင်းသားရှုံး တယ်။ မေးကြည့်လိုက်တော့ဆေးကျောင်းသား ဒုတိယနှစ်တဲ့...ကျွန်တော့လို အခါတစ်ရာဖြေတောင် ဆေးကျောင်းမရောက်နိုင်တဲ့လူဆိုတော့ သူတို့ကိုတွေ့ပြီးအံ့တွေသြမိတာအမှန်ပါ။တစ်ချို့Gen Z တွေ အုပ်စုလိုက် ရောက်လာကြတယ်။

ဒါကျွန်တော်တို့ယူခဲ့တဲ့ စားစရာအခြောက်အခြမ်းရိက္ခာထုတ်တွေပါတဲ့. ဒါကကျွန်တော်တို့ စားဖို့ တတ်နိုင်သလောက်စုပြီးယူလာခဲ့ပိုက်ဆံလက်ခံပေးပါတဲ့ လာအပ်ကြတယ်။ကျွန်တော်တို့ တော်လှန်ရေးမပြီးမချင်းမပြန်ဘူး စစ်ပညာဘဲကောင်းကောင်းသင်ပေးပါတဲ့..ဘယ်နားနေနေရတယ်။

ကျောတစ်ခြမ်းအိပ်ရရင် ရပြီတဲ့..ဘယ်လောက်တောင် စစ်ခွေးတွေကိုအမြစ်ပြတ် သတ်ချင်သလဲဆိုတာသူတို့မျက်လုံးတွေကသက်သေပါ။
ပညာကောင်းကောင်းသင်နေရမဲ့အချိန် တစ်ခါမှမရောက်ဖူးတဲ့ နယ်မြေမှာ သူတို့မာနတွေခဝါချကာ စစ်ပညာ သင်ကြား ပေးဖို့ အားကိုးစွာရောက်လာကြတော့..ကျွန်တော်တို့ KIA ရဲဘော်တွေ စံပြဖြစ်အောင်ပိုပြီး သတိထားနေရတော့တယ်။ ..

တစ်ခါမှ မမျော်လင့်ဖူးတဲ့ လူတွေနဲ့တွေ့ဆုံရင်း သူတို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေကို လေးစားကာ အား လျော့လာတဲ့ ကျွန်တော်တို့ KIA ရဲဘော်တွေရဲ့တော်လှန်ရေး စိတ်ဓာတ်တွေကိုပြန်လည်မြင့်တင်နိုင်ခဲ့တာအမှန်ပါ..

ကျေးဇူးတင်တယ် ....

ပြည်မဘက်က Gen Z တို့ရယ်..

ဘာစစ်သင်တန်းမှမတက် ခဲ့တဲ့ ပွဲဦးထွက် ကလေးမြို့ ချင်း PDF များ ၊ကယား PDF များ၏ လက်သံပြောင်ချက်ကို ကျွန်တော့မလေးစားဘဲမနေနိုင်ခဲ့ဘူး။ ကိုယ့်ရပ်ကိုယ်ရွာကို ရရာတူမီးသေနပ်များ စွဲကိုင်ကာအသက်ပေး ကာကွယ် ခဲ့ကြတယ်။

PDF အားလုံးရဲ့ရှေ့ဆောင်လမ်းပြတွေပါ။ ရင်ထဲအသည်းထဲမှ လေးစားစွာဂါဝရပြုလိုက်ပါတယ်။ အခု ကောလင်း PDF များကတော့ လာမစမ်းကြပါနဲ့... တူမီးသေနပ်အဆင့် မဟုတ်တော့ဘူး...စစ်ခွေးတွေ ပြုတ်ပြုတ်ပြုန်း နေပြီ။ မြောက်ပိုင်း PDF များကိုတော့ KIA ၏လမ်းညွန်မှုအောက်မှာနည်းဗျူဟာကျကျ နာခံစွာ လက်တွဲ လုပ်ဆောင် နိုင်တော့ ရန်သူများအထိနာနေကြတာ အားလုံးသိပြီးဖြစ်မှာပါ။ ယခုပိုပိုပြီး လက်စောင်းထက်လာတော့မှာပါ။

မြောက်ပိုင်း PDF များ လက်စောင်းထက်နေပေမဲ့ မန္တလေးမြို့နဲ့ ဒီပဲယင်းတွေမှာ PDF တွေသွေးမြေကျနေတာကို တွေ့မြင်ရတော့ ရင်နာနာနဲ့ ကြည့်နေရတယ်။ မင်းတို့ရဲ့ ဓမ္မဘက်ရပ်တည်ကာ အသက်ပေးတိုက်ပွဲဝင်ပေးခဲ့တဲ့ သမိုင်း ကျန်ရစ်တော့မယ်ဆိုပေမဲ့ ဘယ်သူ့သားတွေလဲ ? မိဘတွေဘယ်လောက်မျှော်မှန်းထားတဲ့ သားကောင်းရတနာတွေလဲ? မိဘများနှင့်ထပ်တူရင်ကွဲကြရတာ တစ်နိုင်ငံလုံးပါ။

မင်းတို့တွေကို ငါတို့ဘယ်တော့မှမမေ့ဘူး၊
ပညာကောင်းကောင်းမသင်ခဲ့ရတဲ့ အညတရ PDF များကတော့ ဒီတော်လန်ရေးမှာ ပိုပြီးဆရာကျပါတယ်။

သူတို့တွေမှာ ဘာသံယောဇဉ်မှမရှိဘူး..ကြည့်လိုက်ရင် လူမိုက်ကြီးတွေလို ရဲရင့်တယ် ...မိုက်ရူးရဲတယ် ရှေ့ထွက်ရဲတယ် အော်ရဲတယ်။ တိုက်ရဲတယ်။ သေရဲတယ် ။သူတို့ရဲ့သတ္တိတွေကြောင့်ကျန်တဲ့ PDF တွေအတွက် ရဲရင့်မှုပိုစေတယ် ဆိုတာ ကြားသိရတော့ အညတရ PDF များကိုအချစ်ပိုရပြန်တယ်။ ပညာမတတ်ပေမဲ့နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းကြီး တွေ ပါ။ ဆက်ပြီးဦးဆောင်ပေးဖို့မျှော်လင့်ပါတယ်။

တိုက်ပွဲအတွေ့ အကြုံနည်းပေမဲ့ ချက်ချင်းစစ်မြေ ပြင် ရောက်သွား ကြတဲ့ PDF ညီအစ်ကိုများအားလုံး ကို အထူး သတိထားစေလိုပါတယ်။

ကျွန်တော်တို့ လက်နက်ချင်းယှဉ် ပြိုင်တိုက်ခိုက်ကြတဲ့ တိုက်ပွဲဟာ လူထုဆန္ဒပြတာနဲ့ လုံးဝ မတူပါဘူး။ ငါညီတို့က ဆန္ဒပြတဲ့အချိန် မှာ ဆရာကျမှာပါ။ ရှေ့ထွက်အော်နိုင်သူဟာ အလိုလိုခေါင်းဆောင်ဘဲ..ခွေးတွေ လာရင်အုပ်စုလိုက်ပြေးတယ်။

တစ်ခါတစ်လေပျော်စရာတောင်ကောင်းနေအုံးမယ် ။တစ်ကယ့်တိုက်ပွဲ စစ်မြေပြင်မှာ စစ်ခွေးတွေကညှာမှာမဟုတ်ဘူး..သူသေကိုသေထိုးသတ်ကြရတာလေ...ဒါကြောင့် မိမိတစ်ဦးတည်းချွန်ထွက်ပြီး Power Ranger လုပ်နေလို့မရဘူး ။ အသံထွက်လို့မရဘူး..မိမိနင်းနေတဲ့မြေကြီး...နင်းထားတဲ့သစ်ရွက်လုပ်သံကအစ သတိထားရတယ်။အချိန်မရွှေးနေရာမရွှေးအသက်ထွက်သွားနိုင်တယ်။ရန်သူများထက်လက်ဦးမှုရယူရမယ်။

လုံခြုံမှုရှိရမယ်။ဦးဆောင်သူများ၏ ဗျူဟာကိုကောင်းစွာနာခံဖို့ကအရေးကြီးတယ်။နှုတ်လုံရမယ်။လူငယ်သဘာဝ ထင်ပေါ်ကျော်ကြားမှု Media ပေါ်အလျင်စလိုတင်ပြမှုတွေကိုလည်းအထူးသတိထားဆင်ခြင်ရမှာဖြစ်တယ်။

အရမ်းစိုးရိမ်လို့ပါ ငါ့ညီတို့ရယ်..

မင်းတို့ထက်လူအင်အား လက်နက်အင်အားအဆမတန်တာလွန်ယုံမက နှစ်ပေါင်းများစွာစနစ်တကျ train လုပ်ပြီး သား အုပ်မြစ်ခိုင်နေပြီဖြစ်တဲ့မြန်မာ့တပ်မတော်ဆိုတဲ့စစ်ခွေးတွေနဲ့ ယဉ်ပြိုင်တိုက်ခိုက်ရတာဂုဏ်ယူလိုက်စမ်းပါ။ မင်းတို့က ရက်တိုသင်တန်းနဲ့ တင်စစ်ခွေးတွေကိုထိုးသတ်ရတာ တန်ပါတယ်။

ပိုပြီးအားတက်စရာကောင်းတာက မင်းတို့ဘက်မှာသန်း ၅၀ သောပြည်သူတွေရှိတယ်။ အများပြည်သူတွေရဲ့ ဆုတောင်းမေတ္တာပို့သမှုနဲ့ အားပေးထောက်ခံပေးမှုကြောင့် မင်းတို့ရဲ့ တော်လှန်ရေးဘယ်တော့မှမရှုံးဘူး...အဆုံးမှာဓမ္မဘက်ကနိုင်စမြဲပါ။

မင်းတို့ကိုပြည်သူတွေကချစ်လွန်းလို့ ဘယ်သူက မွေးမွေးငါတို့သားတွေပါတဲ့..

ငါတို့တွေတိုက်တဲ့နေရာခြင်းသာမတူပေမဲ့ တိုက်နေတဲ့ဘုံရန်သူကတစ်ခုတည်းပါ။တစ်ချို့ တာဝန်အရပြန်သွားတဲ့ ညီငယ်တွေကို စကားမှာချင်တယ်...တော်လှန်ရေးကာလမို့ ဧည့်ဝတ်မကျေခဲ့ရင် ခွင့်လွတ်ပေးပါနော်...အောင်မြင်မှုတွေနဲ့ အတူပြန်ဆုံကြမယ်...

ကျေးဇူးပြုပြီးနောက်ဆုံးပန်းတိုင် အထိအသက်ရှင်ပေးကြပါနော်..တိုင်းပြည်သစ်ကြီးအတွက် မင်းတို့တွေ သိပ်တန်ဖိုးကြီးတယ်။

@ဂွမ်မော်
Crd-P E K

13/02/2024

ရန်ကုန်မှ မန္တလေးသို့ ပြန်လာသည့် တန့်ဆည်မြို့သား လူငယ် ၄ ဦးကို စစ်တပ်က ခရီးသည်တင်ကားပေါ်အထိ တက်၍ ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရန်ကုန်မှ မန္တလေးသို့ ပြန်လာသည့် တန့်ဆည်မြို့သား လူငယ် ၄ ဦးကို စစ်တပ်က ခရီးသည်တင်ကားပေါ်အထိ တက်၍ ဖမ်းဆီးသွားကြောင်း အဆိုပါလူငယ်များနှင့်နီးစပ်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေးပြေးဆွဲနေသော ခရီးသည်တင် Express ကားပေါ်တွင် လိုက်ပါသော လူငယ် ၄ ဦးကို စစ်တပ်က တံတားဦးဂိတ်အနီးတွင် ကားပေါ်တက်၍ ဖမ်းဆီးသွားကြောင်း သိရှိရသည်။

"ရန်ကုန်- မန္တလေး Express ကားပေါ် (တံတားဦး ဂိတ်အနီး) တန့်ဆည် ကံထူးမ ရွာသား လူငယ် ၄ ဦးကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။ လူငယ် ၄ ဦးက အသက် ၂၃-၂၄ နှစ်ခန့်တွေဖြစ်ပြီး ရန်ကုန်မှ မန္တလေးသို့ ကားတစ်စီးတည်း အတူ ပြန်လာကြတာတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်" ဟု နီးစပ်သော သတင်းရပ်ကွက်က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီက ခရီးသွားပြည်သူများထဲမှ လူငယ်များကို လမ်းခရီးများတွင် တားဆီးစစ်ဆေး ဖမ်းဆီးမှုများကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ အရှိန်တိုးမြှင့်လုပ်ဆောင်လာကြောင်း စစ်ကိုင်းနှင့်မကွေးတိုင်းဘက်မှ သတင်း ရင်းမြစ်များ၏ ပြောဆိုချက်အရ သိရှိရသည်။

ဓာတ်ပုံ- ခရီးသည်တင်ကားများပေါ်တက်၍ စစ်ဆေးနေသော အကြမ်းဖက်စစ်သားတစ်ဦး။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- CJ

🛵🛵
11/02/2024

🛵🛵

ဟာသအနေနဲ့.....😂😂😂
31/01/2024

ဟာသအနေနဲ့.....😂😂😂

19/01/2024
ရန်ကုန်-ပြည်- မန္တလေး Expressကားပေါ်ရောက်ရင် အိပ်တတ်တာကြောင့်အသက် ၅၀ ဝန်းကျင်ခန့်အဒေါ်ကြီးတယောက်မှ ယဉ်မောင်းအား ကားစတင်ထ...
19/01/2024

ရန်ကုန်-ပြည်- မန္တလေး Expressကားပေါ်ရောက်ရင် အိပ်တတ်တာကြောင့်အသက် ၅၀ ဝန်းကျင်ခန့်
အဒေါ်ကြီးတယောက်မှ ယဉ်မောင်းအား ကားစတင်ထွက်ချိန်တွင် အော်ပြောလေသည်

" ကားဆရာရေ အုတ်ဖိုတာဆုံရောက်ရင် အဒေါ့်ကိုပြောပါကွယ်"

" ဟုတ်ကဲ့ ဂျီးဒေါ်ရေ"

ထိုသို့ဖြင့် ကားစီးလာရင်း အဒေါ်ကြီးမှာအိပ်ငိုက်ပါလာတော့သည် နာရီအနည်းငယ် အကြာတွင်တော့
အဒေါ်ကြီးအသံ ဟိန်းထွက်လာသည်

" ကားဆရာရေ အုတ်ဖိုတာဆုံရောက် ပြီလားကွဲ့"

ယဉ်မောင်းရော စပါယ်ယာပါအခက်တွေ့ကုန်ကျလေသည် အုတ်ဖိုတာဆုံကိုအတော်လေးကျော်လွန် သွားတာကိုး .....

အခြားခရီးသယ်များကလည်းဒရိုင်ဘာကိုဝိုင်းဝန်း အပြစ်တင် ပြောဆိုနေကြတော့သည် ဒရိုင်ဘာလဲ မနေသာတော့ပဲ

" ကဲ ကဲကျနော့အပြစ်ပါဗျာ တောင်းပန်ပါတယ်
နောက်ကိုပြန်မောင်းပေးပါ့မယ်ဂျီးဒေါ်ရေ"

ထို့နောက်ကားကို လေးဆယ့်ငါးမိနစ်ခန့် နောက်ကြောင်း ပြန်လှည့်မောင်းခဲ့ရလေသည်

" ကဲ ဂျီးဒေါ်ရေ အုတ်ဖိုတာဆုံရောက်ပါပြီဗျ
ဆင်းလို့ရပါပြီ"

" အို ဆင်းမလို့မဟုတ်ပါဘူးငါ့တူရယ် ကားစထွက်တော့ သမီးကမှာလိုက်လို့ပါ

အုတ်ဖိုတာဆုံရောက်ရင် နောက်ထပ် ဆေးတခွက်
ထပ်သောက်ဖို့မမေ့နဲ့ ဆိုလို့ပါကွယ်"

တိန်

Credit - U Kyaw

ဘဝသင်ခန်းစာ
04/01/2024

ဘဝသင်ခန်းစာ

01/01/2024

HAPPY NEW YEAR 🎊

30/12/2023

#လောကမှာ လက်မလွှတ်သင့်တဲ့ အရာ(၃)ခု

၁။ ယုံကြည်မှု
၂။ မျှော်လင့်ချက်
၃။ ရိုးသားမှု

လက်လွှတ်လေလေ(နောင်တ)ရလေလေမို့ပါ။

30/12/2023
29/12/2023

ဝါသနာဆိုတာ ဘယ်လိုမှ တားလို့မရ

အုပ်ဆောင်းတစ်ခုဘဲ ရှိသောအခါ.....
28/12/2023

အုပ်ဆောင်းတစ်ခုဘဲ ရှိသောအခါ.....

27/12/2023

#လောကမှာ ဖုံးကွယ်လို့မရတဲ့ အရာ(၃)ခု

၁။ပညာမတတ်တာ
၂။ဆင်းရဲတာ
၃။ချစ်တာ

အဲ့ဒီသုံးခုက ဖုံးကွယ်လေလေ ပေါ်လွင်လေလေမို့ပါ

25/12/2023

Merry Christmas ...

Lee ဘဲ ဒီနိုင်ငံမှာ နေရတာ ဟိုကပစ်လိုက် ဒီကပစ်လိုက်နဲ့ ကြားထဲက မင်းက ဖြတ်လိုက်တော့ အကုန် Lee ......
16/12/2023

Lee ဘဲ ဒီနိုင်ငံမှာ နေရတာ ဟိုကပစ်လိုက် ဒီကပစ်လိုက်နဲ့ ကြားထဲက မင်းက ဖြတ်လိုက်တော့ အကုန် Lee ......

Baby ရှက်လို့ပါ..... 😂
14/12/2023

Baby ရှက်လို့ပါ..... 😂

ဘာလုပ်တာလဲ......
03/12/2023

ဘာလုပ်တာလဲ......

24/11/2023

ဆိုင်ရှင် တို့ဖြစ်လိုက်ချင်ပါတယ်

"မှတ်သားဖွယ်ဘဝနေနည်းများ" ၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။ ၂။ အကောင်းမြင်စိတ် မွေးပါ။ စိတ်ကောင်းထားပါ။ ၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်...
18/11/2023

"မှတ်သားဖွယ်ဘဝနေနည်းများ"

၁။ ကိုယ့်မူ နဲ့ ကိုယ်နေပါ။

၂။ အကောင်းမြင်စိတ် မွေးပါ။ စိတ်ကောင်းထားပါ။

၃။ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုကို မခံပါနဲ့။

၄။ ကိုယ့်ကိုယ်ကိုယ် သူများတွေနဲ့ မနိုင်းယှဉ်ပါနဲ့။
( အားငယ်စိတ်တွေ ဝင်တတ်သည်)

၅။ မှားခဲ့တဲ့ အမှားတွေကို ခနခနမတွေးပါနဲ့။( စိတ်ဆင်းရဲတတ်ပါတယ် )

၆။ မှားခဲ့တဲ့ အမှားတွေကို သင်္ခန်းစာယူပါ။

၇။ အရည်မရ အဖတ်မရတဲ့ အတင်းအဖျင်းပြောတာ ရှောင်ပါ။

၈။ အားနာတတ်တဲ့ အကျင့်ကို ဖျောက်ပါ။( ကိုယ်ကသာခံဘက်ကချည်းပဲမို့ )

၉။ မှားမှား၊ မှန်မှန်၊ အကျိုးမရှိရင် မငြင်းခုန်ပါနဲ့။
( ပြောနေလဲ ဘာမှမထူးဘူး )

၁၀။ ပိုက်ဆံကို ပစ္စုပ္ပန်မှာပဲအကုန်မသုံးပါနဲ့၊ အနာဂတ်အတွက်လည်း ချန်ထားပါ။( ကျန်းမားရေးကို မေ့မထားပါနဲ့ )

၁၁။ စီးပွားရေးကို ဖြတ်လမ်းကလိုက်ဖို့ ဘယ်တော့မှ မကြိုးစားနဲ့။( အကျနာတတ်တယ် )

၁၂။ မအောင်မြင်ချင်နေပါစေ မကျရှုံးပါစေနဲ့။( စိတ်ဓာတ် )

၁၃။ သူများပြောတိုင်း ယုံတတ်တဲ့ အကျင့်ကို ဖျောက်ပါ။

၁၄ ။ဆိုဆုံးမလို့ မရတဲ့သူကို အာညောင်းခံပြီး ပြောမနေပါနဲ့။

၁၅။ ရင့်ကျက်တည်ငြိမ်သူဖြစ်အောင် ကြိုးစားပါ။
( စာများများ ဖတ်ပါ )

၁၆။ မလိုအပ်ပဲ စကားများများပြောခြင်းကို ရှောင်ပါ။

၁၇။ ပျော်ပျော်နေပါ ပေါတောတော မနေပါနဲ့။

၁၈။ အမှတ်ထားပါ၊ အငြိုးအာဃာတ မထားပါနဲ့။

Crd

Address


Website

Alerts

Be the first to know and let us send you an email when 7 Stars Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share