Zin Myo Lwin

Zin Myo Lwin 𝑶𝒏 𝒎𝒚 𝒑𝒂𝒈𝒆, 𝑰 𝒊𝒏𝒗𝒊𝒕𝒆 𝒚𝒐𝒖 𝒕𝒐 𝒓𝒆𝒔𝒕 𝒇𝒐𝒓 𝒕𝒉𝒆 𝒓𝒆𝒔𝒕 𝒐𝒇 𝒚𝒐𝒖𝒓 𝒅𝒂𝒚.

𝙾𝚗 𝚖𝚢 𝚙𝚊𝚐𝚎, 𝙸 𝚒𝚗𝚟𝚒𝚝𝚎 𝚢𝚘𝚞 𝚝𝚘 𝚛𝚎𝚜𝚝 𝚏𝚘𝚛 𝚝𝚑𝚎 𝚛𝚎𝚜𝚝 𝚘𝚏 𝚢𝚘𝚞𝚛 𝚍𝚊𝚢.
𝙵𝚛𝚘𝚖 𝚑𝚎𝚛𝚎, 𝚠𝚎 𝚋𝚛𝚒𝚗𝚐 𝚢𝚘𝚞𝚛 𝚖𝚞𝚜𝚒𝚌, 𝚢𝚘𝚞𝚛 𝚊𝚛𝚝, 𝚢𝚘𝚞𝚛 𝚎𝚜𝚜𝚎𝚗𝚝𝚒𝚊𝚕𝚜, 𝚢𝚘𝚞𝚛 𝚋𝚞𝚜𝚒𝚗𝚎𝚜𝚜 𝚊𝚍𝚟𝚎𝚛𝚝𝚒𝚜𝚎𝚖𝚎𝚗𝚝, 𝚢𝚘𝚞𝚛 𝚛𝚎𝚜𝚝𝚊𝚞𝚛𝚊𝚗𝚝, 𝚢𝚘𝚞𝚛 𝚏𝚊𝚜𝚑𝚒𝚘𝚗 𝚍𝚎𝚜𝚒𝚐𝚗 𝚝𝚘 𝚝𝚑𝚎 𝚙𝚞𝚋𝚕𝚒𝚌 𝚊𝚜 𝚜𝚘𝚘𝚗 𝚊𝚜 𝚙𝚘𝚜𝚜𝚒𝚋𝚕𝚎. 𝚆𝚘𝚛𝚔 𝚝𝚘𝚐𝚎𝚝𝚑𝚎𝚛 𝚒𝚗 𝚌𝚘𝚗𝚏𝚒𝚍𝚎𝚗𝚌𝚎.

01/13/2025

#ထို့အချစ်ကြောင့်
Composer - Ywal Ywal
Vocalist - G*e G*e
Music Producer- Thawng Ling

Cast - Min Thway Khant ,Snow Kyi Phyu
Mixing & Mastering - Ko Banyar (BN87 Muzik Studio)
Directed by Hnin Su (new wave entertainment)

01/02/2025

ဒီလိုနဲ့ဝေးရရင်တန်ရဲ့လား 🥲

#ဒီသီချင်းလေးကြားရင်

01/01/2025

Happy New Year 🥰

12/16/2024

ထားခဲ့နိုင်ပါတယ် .... နင်ရက်စက်နိုင်ပါတယ် 🥲
အသုံးမလိုတော့လို့ ချောင်မှာထိုးခဲ့ငါဟာ
ထီးတစ်ချောင်းပါပဲ 🥲

#မေ့သွားမှာပါ

Artist - Honey

Composer - Roman

Music - Kyaw Kyaw Tun (Hi Bird Music Band)

Cello - Matthew

Mixing & Mastering - Htoo San

Harmony - Rita La Min Eain

Director - Alinn Yaung

Starring - Honey, Myat Amara

11/19/2024

ဒီအသံအနေထားနဲ့ဆိုရင်တော့ ကြီးလာရင် အဆိုတော်ဖြစ်နိုင်တယ် 😎

 #ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့ဘာလို့ကောင်းနေတာလဲ? တဲ့သိတယ်လေ ကလေးမှမဟုတ်ဘဲ ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော အကုန်...
09/02/2024

#ကိုယ့်အပေါ်မကောင်းတာကိုသိသားနဲ့ဘာလို့ကောင်းနေတာလဲ? တဲ့

သိတယ်လေ ကလေးမှမဟုတ်ဘဲ ကောင်းတဲ့လူတွေရော မကောင်းတဲ့လူတွေရော အကုန်သိပါတယ်

အစကတည်းက သူတို့ကောင်းတာကို မျှော်လင့်ပြီး ကောင်းခဲ့တာမှ မဟုတ်ဘဲ ကိုယ်တတ်နိုင်သလောက်ကောင်းပေးမယ်လို့ပဲ စိတ်ထဲရှိတယ်

နေမင်းကြီးက သူ့အလင်းရောင်တွေကို ဘယ်လောက်ပေးပေး မှိန်သွားမယ် မထင်လို့ပါ

ဒါပေမဲ့ လက်ခံတဲ့သူတွေက တန်ဖိုးထားမယ်ဆိုရင် တောက်ပတဲ့ အလင်းရောင်တွေနဲ့ပျော်ရွှင်ရပြီး

လက်ခံတဲ့သူတွေက တန်ဖိုးမထား မသိတတ်ဘူးဆိုရင်တော့ ပူလောင်ခြင်းတွေကိုပဲ သူတို့ရလိမ့်မယ်

ဘယ်အရာမဆို စေတနာအပြည့်နဲ့ လုပ်ပေးလိုက်ပါ။ လောကကြီးက မျှတပါတယ်။

to owner with respect

''ပညာမတတ်ရင် မင်းတို့ခွေးဖြစ်မယ်''လို့မပြောမိဖို့ ကြိုးစားရမယ်။''ကျောင်းမနေချင်ဘူး။ ပညာတတ်မဖြစ်ချင်ဘူးဆိုရင် မင်းတော့ခွေ...
08/31/2024

''ပညာမတတ်ရင် မင်းတို့ခွေးဖြစ်မယ်''လို့
မပြောမိဖို့ ကြိုးစားရမယ်။

''ကျောင်းမနေချင်ဘူး။ ပညာတတ်မဖြစ်ချင်ဘူးဆိုရင် မင်းတော့
ခွေးဖြစ်ပြီ။ ဟိုဘက်အိမ်က ကျင်ခါးမောင်ကို ကြည့်စမ်း။
သူများလို စာလေးဘာလေး ကျက်ဖို့ မကြိုးစားဘူး။
အားအားနေ
အလေလိုက်နေဖို့ပဲကြိုးစားနေတယ်။
ခွေးဖြစ်မယ့်အကောင်'' လို့

အိမ်ဘေးအိမ်က ပွစိပွစိအဒေါ်ကြီး စာမကျက်တဲ့သူ့သားကို
ပြောပြောလေတိုင်း ကလေးဘာသာဘာဝ ကျွန်တော့်ကို
မြှောက်နေမှန်းသိလို့ တမင် စာကျက်သံကိုမြှင့်ပြီး
အော်ခဲ့တာကို ပြန်အမှတ်ရမိပါတယ်။

အဲ့ဒီငနဲကလေးက မခံချင်စိတ်ရှိရော့လေသလား
မသိပါ။ ကျောင်းပါအပြီးထွက်လိုက်ပါတော့တယ်။
ကျွန်တော်က
စာအုပ်ထဲကစာတွေ အပိုင်ကျက်ပြီးဆုတံဆိပ်တွေပိုက်နေချိန်။
ဆုပေးစင်မြင့်ထက်မှာ လက်ခုပ်သံတွေကို ပြုံးဖြီးဖြီးနဲ့
စာသုံးနေချိန် ထိုငနဲက ငါးပိ၊ငါးခြောက်အနံ့တွေနဲ့ ငါးဒိုင်၊ ငါးပိ
ငါးခြောက်ဒိုင်တွေကြားမှာ မထင်မရှားကျင်လည်နေခဲ့တာပေါ့။

ရက်တွေကတရွေ့ရွေ့။ပြက္ခဒိန်တွေက တဖျက်ဖျက်
လွင့်လူးခဲ့တယ်။ ခွေးမဖြစ်ဖို့အရေးမိဘရဲ့ချွေးနှဲစာကလေးနဲ့
ခြိုးခြိုး ခြံခြံ ကျွန်တော်ပညာကို ဆည်းပူးခဲ့ပေါ့

ဘွဲ့တွေဘာတွေရ ။ အလုပ်တွေဘာတွေရပေါ့။ဘွဲ့ရ ရင်တော့
မိဘကိုပြန်ထောက်ပံ့နိုင်ပြီဆိုတဲ့ အတွေးဟာအကောင်အထည်
ဖော်ဖို့လုပ်တိုင်း ထွက်ထွက်ပြေးသွားတာ အခါခါ။

လူပျိုဘဝကတောင်ကိုယ့်လစာတစ်လစာဟာကိုယ့်အတွက်
မလောက်ငတဲ့ကောင်ဟာအိမ်ထောင်တွေ ဘာတွေကျတော့
ပိုပြီးအသက်ရှူကျပ်ခဲ့တာ အမှန်။

အိမ်အရွဲ့အစောင်းလေးကို ၁၅ နှစ်လုံးလုံး
စုဆောင်းထားတဲ့ ဆုတံဆိပ်လေးတွေနဲ့
ဘွဲ့တံဆိပ်တစ်ခုကကျားမကန်နိုင်ခဲ့ဘူးလေ။ရတဲ့လခက
၁၈၀၀၀၀ ။အပိုဝင်ငွေလေးရအောင် အပိုအလုပ်လေး
လုပ်ဖို့ကလည်း ကျွန်တော်က ဘာမှ လုပ်မတတ်။
လုပ်ဖို့အချိန်ကလည်းမရှိ။

ဝန်ထမ်းဆိုတာက ခုခေတ်မှာ မနိုင်ဝန်ကို
ထမ်းနေရတယ်လို့ ယူဆမိတယ်။
ဒီအချိန်မှာတော့ အရင်က ခပ်နုပ်နုပ် ဘေးအိမ်လေးဟာ
သုံးထပ်တိုက်ကြီးအသွင်ကို ပြောင်းသွားပြီ။
''စာမတတ်ရင်ခွေးဖြစ်မယ်''
ဆိုတဲ့ပွစိပွစိ အဒေါ်ကြီးအသံကို မကြားရတော့။

ကျွန်တော်နဲ့နှိုင်းပြီး ဆူပူခံခဲ့ရတဲ့ ငနဲသားကတော့
ကားအကောင်းစားကြီး
တစ်စီးပြီးတစ်စီးပြောင်းစီးလို့။
ငါးပိ၊ငါးခြောက်လုပ်ငန်းနဲ့ ကြီးလို့ ပွားလို့လေ။သူဝယ်ဝယ်
လာပေးတဲ့ ခေါက်ဆွဲကြော်ထုပ်တွေဟာ ငါးပိနံ ငါးခြောက်နံ့
ကင်းသလောက်
ကျွန်တော်တို့စားနေတဲ့ နေ့စဉ်ထမင်းဝိုင်းကတော့ ငါးပိနံ့
ငါးခြောက်နံ့မလွတ်။

ကျွန်တော်စီးနေတဲ့ ချိုင်းနားမိဒ် ဆိုင်ကယ်ကလေးနဲ့ သူ့ရဲ့ကားနဲ့
မယှဉ်ဝံ့။
ကျွန်တော်က ကျောင်းက စာရင်းဇယားတွေကိုညနက်တဲ့အထိ
ထိုင်လုပ်နေရတဲ့အချိန်မှာသူက ဇိမ်ကျကျ အိပ်စက်အနားယူ
နေခဲ့တယ်လေ။

''ကျောင်းဆရာအကူအညီလိုရင် ပြောနော်''ဆိုတဲ့ စကားက
သူ့အတွက် ရိုးသားပေမယ့်ကျွန်တော့်အတွက် နာကျင်စရာ။
အားငယ်စရာ။

တကယ် ခွေးဖြစ်သွားခဲ့တာက သူလား။
ကျွန်တော်လား။
ပညာတတ်ဖြစ်သွားခဲ့တဲ့ကျွန်တော်က
ဒီအချိန်မှာ ဖုတ်လူး ပြာလူး။
ကျွန်တော့်သားသမီးကျရင်
''ပညာမတတ်ရင် မင်းတို့ခွေးဖြစ်မယ်''လို့
မပြောမိဖို့ ကြိုးစားရမယ်။

ခု ကျွန်တော်ဆယ်တန်းစာစစ်အတွက်
ရုံးမှာ အလုပ်လုပ်နေတယ်။
အမှားကလေးတစ်ချက်ဖြစ်တာနဲ့၊သတိကလေးတစ်ချက်
လွတ်တာနဲ့အလုပ်ပြုတ်ရုံတင်မကထောင်ပါကျနိုင်တယ် လို့
ဝန်ခံကတိပါ ထိုးထားရတယ်။

ငါးပိ ငါးခြောက်တွေ မှိုတက်သွားလို့
အိမ်ဘေးက ငနဲက စီးပွားပျက်မသွား။
အလုပ်ပျက်မသွား။ထောင်ကျမသွား။

ဒီအချိန်မှာခုံနံပါတ်လေးတစ်ခုမှားသွား၊ကျား၊မ လေးမှားသွား
တာနဲ့ မောင်ကျင်ခါးတို့ထောင်နှုတ်ခမ်းနားနီးပြီဆိုတာ။ ။

( ကျင်ခါးမောင်)

08/21/2024

ကျမ်းမာရေးဂရုစိုက်ပါနော် ကျန်တာတွေတော့
နောက်လူက ပြောပြလိမ့်မယ် … 😔

#အမှောင်ဆုံးနေ

ဆိုကရေးတီး ပြိုင်ပွဲတွေပြန်ကျင့်ပမယ်ဆိုတော့ကာ 😝
08/04/2024

ဆိုကရေးတီး ပြိုင်ပွဲတွေပြန်ကျင့်ပမယ်ဆိုတော့ကာ 😝

08/04/2024

တစ်ချို့အချစ်တွေက မိုးပြေးလိုပဲ ခဏသာ အလည်လာပြီးပြန်ထွက်သွားကြတယ် 😔

#မိုးပြေး
#ပိုးမီ

ငါတို့မြို့ကတော့ စစ်မဖြစ်လောက်ပါဘူးဆိုတဲ့ အတွေးမျိုး တွေးထားတဲ့သူတွေအတွက် ပြန်လည်ကူးယူမျှဝေပေးပါသည် 💥ကိုယ်နေတဲ့မြို့ပတ်ဝ...
08/04/2024

ငါတို့မြို့ကတော့ စစ်မဖြစ်လောက်ပါဘူးဆိုတဲ့ အတွေးမျိုး တွေးထားတဲ့သူတွေအတွက် ပြန်လည်ကူးယူမျှဝေပေးပါသည် 💥

ကိုယ်နေတဲ့မြို့ပတ်ဝန်းကျင်မှာ
စစ်ပွဲဖြစ်ဖို့ အရိပ်အငွေ့တွေ ပြနေပြီဆိုရင်

အရေးကြီးစာရွက်စာတမ်းတွေ
တန်ဘိုးရှိလက်ဝတ်လက်စားတွေ
နဲ့ငွေသား တွေကို တပါတည်းယူသွားဖို့ စီစဥ်ထားပါ

ကိုယ်တွေ့ကြုံခဲ့ရတဲ့ မိုးကုတ်၊မိုးမိတ်စစ်ပွဲ အတွေ့အကြုံအရ
အိမ်မှာချန်ထားခဲ့တဲ့သူမှန်သမျှ ဘာတစ်ခုမှပြန်မရခဲ့ကြပါဘူး
(အနည်းငယ်သောသူများမှအပ)

မီးခံသေတ္တာ တို့ ကျင်းတူးပြီးမြုပ်တာတို့ကို
သကောင့်သားတွေကနည်းသေးတယ်လို့ မှတ်ချက်ပေးသွားကြပါလိမ့်မယ်(ရွှေရှာစက်နဲ့လာကြတာပါ)

အထုတ်ကြီးမယ်ဆိုရင်တော့ ရန်ကုန် မန္တလေး ကစိတ်ချယုံကြည်ရသူတွေရှိခဲ့ရင် ကြိုတင် ပို့ထားပါ

ကိုယ်ထွက်မယ့်လမ်းကို ကြိုတင်ကြည့်ပါ

သားသမီးကို လမ်းကြုံနဲ့ထည့်ပေးလိုက်တာမျိုးကိုရှောင်ကျဥ်ပါ
(အဲ့လိုလူတွေပဲ ပြန်မတွေ့ရမချင်းမျက်ရည်နဲ့မျက်ခွက် မပြတ်တမ်း ငိုကြရလို့ပါ)

ခဏခေတ္တရှောင်ဖို့နေရာရွေးထားရင်လည်း အဲ့ဒီနေရာမှာရိက္ခာ အခြောက်အခြမ်း လုံလောက်ရဲ့လားအရင်လေ့လာပါ

တခြားမြို့တစ်မြို့ကိုဆက်သွားလို့ရမယ့်လမ်းကိုရွေးပါ
(လမ်းပိတ်နေရာတွေက ရက်ကြာရင် စားစရာပြတ်တတ်ပါတယ်)
မိုးကုတ်ကနေမန္တလေးရောက်ဖို့ ကားခတယောက်ကို ၅သိန်းလောက်ပေးခဲ့ရတယ်
လမ်းမှာ ၂ညအိပ်ရတယ်

ငါတို့မြို့တော့ဘာမှမဖြစ်ပါဘူးလို့ မထင်ထားပါနဲ့
စစ်ဖြစ်တာနဲ့ဖျက်ဆီးဖို့အမိန့်တခါတည်းပါပြီးသားပါ

ကောလ ဟာလ တွေကြားထဲက ဘယ်သတင်းကအမှန်လဲဆိုတာကို ဝေခွဲတတ်ဖို့ လေ့ကျင့်ထားပါ
အခြေအနေကိုအမြဲနားစွင့်နေပါ

စစ်ဖြစ်မှမြို့ကထွက်ရင် အသက်အန္တရာယ် ကြားကထွက်ရပါလိမ့်မယ်

စစ်ဖြစ်လို့ထွက်ပြေးကြမယ်ဆိုရင်လည်း အရင်ရှိနေပြီးသား စစ်ဆေးရေးဂိတ်တွေကနေထွက်တာရှောင်ပါ
( တန်ဘို့းရှိပစ္စည်းပါလာတာအားလုံးထားခဲ့ရတတ်ပါတယ်။သူတို့ကစေတနာနဲ့သိမ်းပေးတာဖြစ်မှာပါ)

မြို့တစ်မြို့မှာ စစ်ပွဲဘယ်အချိန်စသလဲဆိုရင်
မြို့ထဲက လူနေအိမ်တွေ စျေးဆိုင်တွေပေါ်ကို လက်နက်ကြီးကျည်တွေကျလာပြီ မြို့ထဲမှာနှစ်ဘက် အပြန်အလှန် ​ပစ်ပြီဆိုရင် စစ်ပွဲ စပြီလို့မှတ်ပါ

ကောင်းကင်ပေါ်ကနေလေယာဥ်တွေနဲ့နှင်းဆီပန်းတွေ
စပယ်ပန်းတွေကျဲချပြီဆိုရင် မြို့ထဲက မဖြစ်မနေထွက်ပါ
အခုခေတ်မှာ အားလုံးကိုရန်သူလို့ သတ်မှတ်တတ်ကြပါတယ်

ကိုယ့်မြို့ကနေ တခြားမြို့ ရွာတွေမှာ စစ်ရှောင်တော့မယ်ဆိုရင်

တတ်နိုင်ရင် ကိုယ့်နေရာကိုယ်ငှားပြီးနေပါ
လူ့သဘောအရ
လာပါနေပါ ခေါ်ကြပေမယ့်
အနေကြာလာရင် ကိုယ့်သားသမီးအရင်းအိမ်မှာတောင်အဆင်မပြေတာတွေအများကြီးဖြစ်တတ်ပါတယ်

အရင်တုန်းက ကိုယ်ကူညီခဲ့ဖူးတဲ့သူတွေကိုမေ့လိုက်ပါ
အများပိုင်းက
(အဆင်ပြေတယ် မဟုတ်လား)
(ဘာလိုသေးလဲ)
(လိုတာရှိရင်ပြောနော်)
ဆိုတဲ့စကားလေးတွေနဲ့အဆုံးသတ်တတ်ကြပါတယ်
လူတော်လူကောင်းအချို့တော့ရှိပါတယ်

ငါတို့ဒုက္ခရောက်နေတာ သူတို့ကူညီရမှာပေါ့ဆိုတဲ့အတွေးမျိုးလဲခေါင်းထဲကထုတ်ထားပါ
(အားလုံးအပူကိုယ်စီနဲ့ဖြစ်နေတဲ့ခေတ်ပါ)

သူများလာပေးမယ့်ထောက်ပံ့ငွေကိုမျှော်ပြီး ဘာအလုပ်မှမလုပ်ပဲ ဇိမ်နဲ့နှပ်နေတဲ့အကျင့်ကိုလည်းဖျောက်ပါ
ရက်ရှည်လာရင်ဝင်ငွေရမယ့် အလုပ်တစ်ခုကိုရှာပါ

ငါတို့ကိုမှ ဒါမျိုးကြုံစေတာလားဆိုတဲ့အတွေးမျိုးဝင်လာရင် ဖျောက်ဖို့ကြိုးစားပါ
ကိုယ်လုပ်ခဲ့တဲ့အကုသိုလ် တွေကြောင့်အခုလိုကြုံရတယ်
ကိုယ်ကအကုသိုလ်ကင်းရင်
ကိုယ့်ကိုဒီထက် ပိုကောင်းတဲ့ဘဝမျိုးကိုပေးဖို့ ဒီလိုကြုံစေတာ လို့မှတ်ယူပါ

ကိုယ်လက်အင်္ဂါ အကောင်းအတိုင်းရှိနေရင်
စစ်ပွဲကြောင့် ဒါဏ်ရာ ရသူတွေ လက်နက်ကြီးမှန်သူတွေ
လေယာဥ်ဗုံးကျဲခံခဲ့ရသူတွေ ဘယ်လိုနေမလဲ စာနာကြည့်ပါ

ကိုယ့်မှာမိသားစု လူစုံနေရင်
သားတကွဲ မယားတကွဲ ဖြစ်ခဲ့ရသူတွေကိုပြန်မြင်ယောင်ကြည့်ပါ

နေစရာအိမ်ကျန်သေးရင် ဆိုင်ရော အိမ်ရော မီးထဲ ပါသွားသူတွေရှေ့ဘယ်လိုဆက်ကြမလဲတွေးကြည့်ပါ။

အဆင်ပြေပါစေ။
(မိုးကုတ်နဲ့မိုးမိတ် စစ်ပွဲတွင်စစ်ဘေးရှောင်ခဲ့ရတဲ့ အတွေ့အကြုံများကိုမျှဝေလိုက်ပါတယ်။)

မူရင်းရေးသားသူအား credit ပေးပါတယ်

07/22/2024

ဒီသီချင်းလေးရေးပေးခဲ့တဲ့ ညီလေး Isaac Branchaung ကတော့ အိမ်မပြန်နိုင်တော့ပါဘူး 🥲
မကြာသေးခင်က ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရပါတယ်
အိမ်လဲ ချိတ်ပိတ်ခံရတဲ့အပြင် တစ်ဦးတည်းသောသားလေးမလို့ ကျန်ခဲ့တဲ့ အသက် (၇၀)ကျော် မိဘနှစ်ပါးကို ပြည်သူ တွေက စောင့်ရှောက်ထားရတယ်။
ကိုယ့်မိဘလိုသဘောထားပြီး ထိုင်ကန်တော့မိတော့မျက်ရည်ကျကြတယ် 🥲
ညီလေး Isaac ကောင်းမွန်ရာရောက်ပါစေ

#ချစ်သောကေမတ်စ်

#အမေ့သားပြန်လာမယ်
တေးဆို - K Mask

07/22/2024

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်
ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။

စည်းလုံးမှုကို သိချင်ရင်တော့
ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။

လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့
ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။

လူမှုအဆင့်အတန်းကိုသိချင်ရင်
အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။

စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမှု့ကိုကြည့်နိုင်ပါတယ်။

ယဉ်ကျေးမှုကို သိချင်ရင်
ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။

အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့မီးဖိုချောင်ကို ကြည့်ပါ။

မေတ္တာတရားနဲ့ပျော်ရွှင်မှုကိုသိချင်ရင်တော့အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။

ဒါ တကယ့်ကို အမှန်တရားတွေပါ။။

Credit_Original Writer

ပျင်းလို့ 😜
07/22/2024

ပျင်းလို့ 😜

07/21/2024

ရွာငံဘက်က ဆင်ခေါင်းတောင်ကို ကျေးဇူးတင်ရမယ် 😜

06/19/2024

#မင်းတို့ရက်စက်တယ် #မင်းတို့လုပ်ရက်တယ်
သူမ မပြောရှာပါဘူးကွယ် 🥲

#သူမ
#ဖြူဖြူကျော်သိန်း

01/15/2024

#ငါဟာနင့်အတွက်ဘာမှမဟုတ်တဲ့အလကားလူ … 😔

#ပျော်ရဲ့လားချစ်သူ
Vocalist … Soe Tay & Thar Htoo Zaw
Lyrics … Myat Tay MT
Music … Thiha ( Shifaw)
Harmony … Linn Htet Khaing

Address

1304 31st Street
Rockford, IL
61108

Alerts

Be the first to know and let us send you an email when Zin Myo Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zin Myo Lwin:

Videos

Share

Category