iOS Banker Myanmar

iOS Banker Myanmar The works our team do here to support your problems with all of your Apple Products without our benefit. VERIFIED
(2755)

Trust us with our help that your iDevices will become Better,Faster and even more Powerful.

မိန်းကလေးတွေ ကိုင်ရင် Storage 1 TB လဲလောက်မှာ မဟုတ်ဘူး
11/18/2024

မိန်းကလေးတွေ ကိုင်ရင် Storage 1 TB လဲလောက်မှာ မဟုတ်ဘူး

ယခုနှစ် iPhone 16 Series တွေရဲ့ Official Region Code မှာ ZP/A အစား X/A အဖြစ် ဖြန့်ချီမည်။Quality ကွာခြားရှင်းမရှိပဲ Regi...
09/27/2024

ယခုနှစ် iPhone 16 Series တွေရဲ့ Official Region Code မှာ ZP/A အစား X/A အဖြစ် ဖြန့်ချီမည်။

Quality ကွာခြားရှင်းမရှိပဲ Region Code ပြောင်းသွားတာပဲဖြစ်ပါတယ် နိုင်ငံတွေအလိုက် Region code တွေ Apple က သတ်မှတ် ပေးတာဖြစ်ပြီး အရေးကြီးတာက ကိုယ်ဝယ်တဲ့ device က Apple ကနေ myanmar အတွက်သတ်မှတ်ပေးထားတဲ့ Official Region ဖြစ်ဖို့အရေးကြီးပါတယ်။ Warranty လဲ Myanmar မှာရှိတဲ့ Authorized Service မှာပြလို့ရပါတယ်။ ယခုနှစ် 16 series ကို Myanmar အတွက် Apple ဘက်ကနေသက်မှတ်ပေးထားတဲ့ Region က X/A Australia Region ပါ။ မနှစ်က Australia ကို apple ကပေးတာ ZP/A ပါ။ Apple ဘက်က သူ Change ချင်တဲ့ code Change လုပ်ပါတယ်။ 15 series မှာ ZP/A ကို Australia /Singapore/Thailand /Malaysia/Myanmar နဲ့ အချို့သောနိုင်ငံတွေအတွက်ချပေးပါတယ်။

❝ iPhone တွေခိုးပြီး အထဲကစက်ပစ္စည်းတွေ တစ်ခြား iPhone တွေမှာ ပြန်သုံးနေတဲ့သူတွေကို တစ်ကွက်ပြလိုက်တဲ့ Apple ရဲ့ iOS 18 ❞အ...
09/19/2024

❝ iPhone တွေခိုးပြီး အထဲကစက်ပစ္စည်းတွေ
တစ်ခြား iPhone တွေမှာ ပြန်သုံးနေတဲ့သူတွေကို
တစ်ကွက်ပြလိုက်တဲ့ Apple ရဲ့ iOS 18 ❞

အသစ်ထွက်ရှိလာတဲ့ iOS 18 မှာ Parts &
Service ဆိုတဲ့ Feature အသစ်တစ်ခုပါလာပါတယ်။
ဒီ Feature လေးရဲ့ အလုပ်လုပ်ပုံကတော့ ...

ဥပမာ - သူခိုးတစ်ယောက်က iPhone ကိုခိုးပြီး
Battery, Display နဲ့ တစ်ခြားအစိတ်အပိုင်းတွေကို
ဖြုတ်လိုက်ပြီးတော့ နောက်ထပ် ပြုပြင်ရမယ့်
iPhone တစ်လုံးမှာ အစားထိုးထည့်လိုက်တာမျိုး
ဆိုရင် Parts & Service Feature လေးက
Auto အလုပ်လုပ်ပြီး iCloud Lock ကျသလိုမျိုးနဲ့
ဆင်တူတဲ့ (Camera is Locked, Battery is Locked)
ဆိုတဲ့ သက်ဆိုင်ရာ Parts & Service Lock ကျသွားမှာပါ။

ဒါကြောင့် iPhone ကို Second Hand ပြန်ဝယ်ပြီး
ကိုင်ထားသူတွေအနေနဲ့ ဝယ်လိုက်တဲ့ iPh က
အစိတ်အပိုင်း တစ်ခုခု အစားထိုးပြုပြင်ထားတာမျိုး
ရှိတယ်ဆိုရင်တော့ အခုထွက်ရှိလာမယ့်
iOS 18 ကိုတင်မယ်ဆိုရင် သတိထားသင့်ပါတယ်။

Post by ရွှေဧရာ

သွင်းရမယ့် Device တွေ များလို့ Power Bank ကောင်းကောင်းလေး ညွန်းပါဦးPhoto Credit
08/10/2024

သွင်းရမယ့် Device တွေ များလို့ Power Bank ကောင်းကောင်းလေး ညွန်းပါဦး

Photo Credit

စိတ်တော့မကောင်းဘူး Apple ရဲ့ AI စနစ် ( Apple Intelligence ) ကို  A17 Pro / M1 / M2/ M3/ M4 Chipset တွေသုံးထားတဲ့ Devices...
06/11/2024

စိတ်တော့မကောင်းဘူး

Apple ရဲ့ AI စနစ် ( Apple Intelligence ) ကို A17 Pro / M1 / M2/ M3/ M4 Chipset တွေသုံးထားတဲ့ Devices တွေပဲ သုံးလို့ရပါမယ်

ဒါကြောင့် iPhone 15 Pro / iPhone 15 Pro Max တွေပဲ Apple Intelligence သုံးလို့ရမယ် iPhone 15 တောင််မပါဘူး

ယခုချိန် မှာ အပြင်ထွက်ရင် ဖုန်းထဲ Facebook app တွေ VPN App တွေဖျက်သွားကြပါ။ ခုချိန် သူတို့ဂွင်ဖြစ်နေပါတယ်။ ဖုန်းထဲ Faceb...
06/02/2024

ယခုချိန် မှာ အပြင်ထွက်ရင် ဖုန်းထဲ Facebook app တွေ VPN App တွေဖျက်သွားကြပါ။

ခုချိန် သူတို့ဂွင်ဖြစ်နေပါတယ်။ ဖုန်းထဲ Facebook နဲ့ VPN App တွေတွေ့ရင် စစ်မှုထမ်းသည့်ထဲ တစ်ခါထဲခေါ်သွားနိုင်ပါတယ်။

လက်ရှိ ဒေါ်လာစျေး ရွှေစျေး မြင့်တက်မှု့တွေဟာ FB ကလာတဲ့ သတင်းအရင်မြစ်တွေကြောင့်လို့ ထင်ပြီး သတင်း စီးဆင်းမှု့ အားနည်းအောင...
05/30/2024

လက်ရှိ ဒေါ်လာစျေး ရွှေစျေး မြင့်တက်မှု့တွေဟာ FB ကလာတဲ့ သတင်းအရင်မြစ်တွေကြောင့်လို့ ထင်ပြီး သတင်း စီးဆင်းမှု့ အားနည်းအောင် လက်ရှိအသုံးများနေတဲ့VPN တချို့ကို Blacklist တင်ပြီး ဘမ်းလိုက်တဲ့ အတွက်ကြောင့် အသုံးပြုလို့ မရတာလို့ သိရှိရသည် "

ကြက်ဥ သွားဝယ်မို့
05/29/2024

ကြက်ဥ သွားဝယ်မို့

Mom : ဟဲ့ အဲ့တာ ဘယ်သွားမလို့တုန်း

Me : iPhone -14 Preorder သွားတင်မလို့

Apple ID အသစ်ဖွင့်တဲ့အချိန် "Cannot create apple id at this time" "Your request could not be completed at this time" လို...
05/18/2024

Apple ID အသစ်ဖွင့်တဲ့အချိန်
"Cannot create apple id at this time"
"Your request could not be completed at this time" လိုမျိုး
ပြသနာတွေက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်တဲ့အတွက်
ဘာကြောင့်ဆိုတာကိုတော့ မရေးတော့ပဲ၊
ID အသစ်ဖွင့် အခြားနည်းတွေနဲ့ စမ်းကြည့်လို့ရမယ့်ဟာတွေပဲ ရေးပေးလိုက်ပါတယ်။
( အခုနည်းတွေစမ်းဖို့အတွက် VPN ပိတ်ကို ပိတ်ထားရပါမယ်။ )

- 📱အိုင်ဖုန်းနဲ့ဆိုရင်
🔘 Setting > icloud ထဲကနေ ဝင်ဖွင့်တာ မရတော့တဲ့အတွက်၊
App Store ( Application ) ထဲကနေဝင်ဖွင့်ကြည့်နိုင်ပါတယ်။

🔘 Safari browser ထဲကနေပြီးတော့လည်း
* icloud(.)com,
* appleid.apple(.)com
* beta.icloud(.)com တို့ကနေဝင်ပြီး ဖွင့်စမ်းကြည့်နိုင်ပါတယ်။

🔘 Apple Mail app ကနေလည်း ဝင်ဖွင့်လို့ရပါတယ်။ Setting > Mail > Account ထဲဝင်ပြီးတော့ icloud ကိုရွေးပြီး ဖွင့်စမ်းကြည့်နိုင်ပါတယ်။

- 💻 PC နဲ့ဆိုရင်တော့
🔘 icloud(.)com, appleid.apple(.)com, beta.icloud(.)com တွေကို Browser ရဲ့ Private Windows တွေကနေတစ်ဆင့် ဝင်ရောက်ပြီး ဖွင့်ကြည့်ပါ။
( အရင်က စမ်းထားဖူးတာရှိရင်တော့ cookie and history ကို clear လုပ်ပြီးမှထပ်လုပ်ပါ )

🔘 နံပတ် ၁ အတိုင်း ဖွင့်လို့ error ထပ်ပြနေသေးတယ်ဆိုရင်တော့
Windows ထဲမှာ user account profile အသစ်တစ်ခုလုပ်ပြီးတော့ အဲ့ဒီ user ထဲဝင်ပြီးတော့ နံပါတ်(၁) ကအတိုင်း ဖွင့်စမ်းပါ။

🔘 Windows Store ကနေ Apple Music App ကိုဆွဲပြီးတော့ music app ကနေ ဖွင့်နိုင်သလို၊ itune software သွင်းပြီးတော့လည်း itune ထဲကနေ ဖွင့်စမ်းနိုင်ပါသေးတယ်။


နောက်ထပ်စမ်းနိုင်သေးတဲ့နည်းတွေကတော့ -
🔘 Android ဖုန်းရှိတယ်ဆိုရင် Playstore ကနေ Apple Music App ကို ဒေါင်းလုပ်ဆွဲပြီးတော့ App ထဲကနေ ဖွင့်ကြည့်နိုင်ပါတယ်။ ( Apple Music App နဲ့၇သွားရင်တော့ 2FA မလိုတဲ့ account ပါ ရသွားပါမယ်။ သူက security question နဲ့သွားတာမို့ပါ )

🔘 မိမိထံမှာ Apple ဘက်က support လုပ်တဲ့ visa, master payment or fake payment ရှိတယ်ဆိုရင်တော့
Browser တစ်ခုခုသုံးပြီး music.apple(.)com ကနေ ဝင်ဖွင့်နိုင်ပါတယ်။
သူက account ရနိုင်ချေများပေမယ့် Payment အမှန်မထည့်နိုင်ရင် icloud သုံးမရနိုင်ပါဘူး၊ ထို့အတွက် payment အဓိကလိုပါမယ်။

နောက်ထပ် နည်းတစ်ချို့တွေရှိသေးပေမယ့်
စာနဲ့ရေးလို့၊ ပြောပြလို့ မလွယ်ကူတဲ့အတွက် ချန်ထားခဲ့ပါတယ်။
( အခြားဖွင့်လို့ရနိုင်တဲ့နည်းလေးတွေရှိလို့ share လုပ်ပေးချင်ပါကလည်း အခု post ရဲ့ comment ထဲမှာ ကျေးဇူးပြုပြီးရေးပေးသွားနိုင်ပါတယ်။ )

******************
အခု Post က end user တွေအတွက်မဟုတ်ပဲ၊
ဖုန်းအရောင်းဆိုင်တွေအတွက် ဖုန်းရောင်းပြီးသွားတဲ့အချိန်
apple id ဖွင့်လို့ အဆင်မပြေပဲ error ကြုံနေတဲ့သူများအတွက် ရည်ရွယ်ပါတယ်။
အခြားနည်းတွေ ထပ်တွေ့ရင်လည်း ထပ် share လုပ်ပေးပါမည်။

အားလုံးပဲအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။

Nay SheIn Oo
Joy Mobile ( မိုးကုတ် ) မှကူးယူဖော်ပြပါသည်။

နံနက်ပိုင်း သီချင်းနားထောင်မယ်ဆိုမှ သိ Photo credit
05/08/2024

နံနက်ပိုင်း သီချင်းနားထောင်မယ်ဆိုမှ သိ

Photo credit

Apple Music / TV / iCloud (50GB) တွေအတွက် free redeem code-------------------------------Target(.)com ကApple Music / iCl...
03/27/2024

Apple Music / TV / iCloud (50GB) တွေအတွက် free redeem code
-------------------------------
Target(.)com က
Apple Music / iCloud 50GB နဲ့ အခြား Apple TV / Arcade တွေအတွက်
Free redeem code တွေ ကျနော့် Apple ID မှာထည့်သုံးတာ အကြိမ်ရေပြည့်သွားတော့ သုံးမရတော့တာကြာပြီ။

မနေ့ညက အသိတစ်ယောက်က Online မှာရောင်းနေတဲ့ Apple Redeem Code All in one package လေး official စျေးထက် အများကြီးသက်သာနေလို့ ဝယ်သင့်လားလာမေးလို့ target(.)com ကို သတိရသွားတယ်။

အဲ့ဒါနဲ့ target(.)com မှာ temp email တစ်ခုနဲ့ register လုပ်ပြီး
Apple Music ‌2 months free redeem code လေးယူပြီး ကိုယ့်အကောင့်မှာ redeem လုပ်ကြည့်တာ ပြန်ပေးသုံးနေတာတွေ့လို့ မသိသေးတဲ့သူတွေလည်း သိအောင် ထပ် share လုပ်ပေးလိုက်ပါတယ်။

Link ကတော့
https://target(.)com/circle/partners ပါ။ () ကို ဖြုတ်ပြီးမှဝင်ပါ။
ဝင်လိုက်လို့ white page ကြီးပဲပေါ်တယ်ဆိုရင် us server ရတဲ့ vpn တစ်ခုခုခံပြီးဝင်ပါ။
ကျန်တာတော့ fake mail တစ်ခုခုနဲ့ register လုပ်၊ activate လုပ်ပြီး
ကြိုက်တဲ့ Apple Service ရဲ့ redeem code တွေ free ယူနိုင်ပါပြီ။
အကယ်လို့ ကိုယ့်အကောင့်မှာ ထည့်သုံးမရရင်လည်း ရလာတဲ့ code အလကားမဖြစ်အောင် သုံးလို့ရတဲ့သူတွေထံ share လုပ်ပေးလိုက်ပါ။

Nay Shine Oo

Address

411 E La Verne Avenue
Pomona, CA
91767

Telephone

+16262023690

Website

Alerts

Be the first to know and let us send you an email when iOS Banker Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to iOS Banker Myanmar:

Videos

Share