12/19/2022
ဝိတ်လျှော့နေတဲ့သူဆိုရင် ဘာတွေစားလို့ရလဲ?
ဝိတ်လျှော့နေတဲ့သူတစ်ယောက်အတွက် အားကစားလှုပ်ရှားမှုက ၃၀ % လောက်သာအရေးပါပြီး အစားအသောက်က ၇၀% လောက်အရေးကြီးပါတယ်။ ဒါကြောင့် ဝိတ်လျှော့မယ်ဆိုရင် အစားအသောက်ကနေ စလျှော့ကြရပါတယ်။ ဒါကြောင့် ဝိတ်လျှော့နေပြီဆိုရင် ဘယ်လိုမျိုး အစားအသောက်တွေက ခန္ဓာကိုယ်အတွက် အဆီတွေ ပိုပြီးလျှော့ချပေးနိုင်မလဲဆိုတာ သိဖို့ ဆက်ဖတ်ကြည့်ကြရအောင်နော်…
ဝိတ်ချနေတဲ့သူတိုင်း ဒီလို ပုံစံမျိုးလေးတွေ စားသောက်နေထိုင်ပေးသင့်ပါတယ်။👇
🔶မနက်စာ မစားဘဲ မနေပါနဲ့။
မနက်စာ အငတ်ခံလိုက်မယ်ဆိုရင် ခန္ဓာကိုယ်က ပိုဆာလောင်နေတတ်ပြီး နေ့လည်စာနဲ့ ညစာကို ပိုစားမိသွားတတ်ပါတယ်။ အဲ့တော့ ဝိတ်မကျပဲ ပိုတက်နေမှာပေါ့နော့်...
🔶ညစာရှောင်သင့်လား ?
ညပိုင်းမှာစားတဲ့ အစားအသောက်ဟာ အစာချေစနစ်ကိုအနှောက်အယှက်ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်တွင်အဆီပိုတွေလာစုတတ်ပါတယ်။ အရမ်းကိုမှ ဗိုက်ဆာတတ်တယ် စားမှဖြစ်မယ့်သူတွေက ညစာကို 3 လုပ်လောက်သာစားပေးပါ။ ဟင်းအနှစ်တွေ ဆီတွေရှောင်ပြီး အရွက်သုတ်/ကြော် ၊ ဟင်းခါးအရည်သောက် ၊ အသားကိုမိမိရဲ့လက်ဖဝါးအရွယ်ပမာဏ(၃လုပ်လုံးစာအတွက်နော်) စားပေးလို့ရပါတယ်။တတ်နိုင်သမျှ အပြင်စာရှောင်ပြီး အိမ်မှာလဲလျှော့သင့်တာလျှော့စားသင့်ပါတယ်။
🔶အသီး အရွက်တွေကို ဦးစားပေးစားပါ။
ကယ်လိုရီလည်း နည်းတယ်၊ အမျှင်ဓာတ်လည်း ကြွယ်ဝတော့ အစာစားတိုင်းမှာ အသီးအရွက်ပါဖို့ လိုအပ်ပါတယ်။
🔶ဆီတွေက အဝလွန်ခြင်းကိုဖြစ်စေနိုင်လို့ ဆီကို တတ်နိုင်သလောက်လျော့စားပေးပါ။
🔶လက်ဖက်သုပ် စားလို့ရလား ?
ရပါတယ်။ မင်မင်ဆိုလဲ လက်ဖက်သုပ်တအားကြိုက်တာ.. လက်ဖက်ကိုသုပ်စားတော့မယ်ဆိုရင် နှစ်ပြန်ကြော်ကို ပါလေရုံထည့်ပြီး ဂေါ်ဖီ၊ ခရမ်းချဉ် သီးနဲ့ ပြောင်းဖူးတို့ထည့်ပြီး ဆီနည်းနည်းလေးနဲ့ သုပ်စားပေးနော်
🔶ရခိုင်မုန့်တီရော စားလို့ရလား ?
အရမ်းစားချင်ရင် ငါးပိ ငံပြာရည်လျှော့ထည့်ပြီး ရခိုင်သုတ်လိုဆီမပါပဲ ခြောက်ခြောက်လေးသုပ်စားပါ။ ပဲကြော်တော့လုံးဝမထည့်နဲ့နော်..
🔶ငါးပိရည် စားလို့ရလား ?
ငါးပိက အငံဓာတ်မို့ အသားပွစေတယ် ဝိတ်တတ်တာလဲမြန်စေပါတယ်။ ငါးပိပါရင် မြိန်တော့ ထမင်းပိုစားမိစေတယ်။ အရမ်းစားချင်ရင် ထမင်းထပ်မယူဖို့ခိုင်မာစွာဆုံးဖြတ်ပြီး အနည်းငယ်ပဲထည့်စားပါ။
🔶Coffee သောက်မယ်ဆိုရင် Instant coffee ထုပ်တွေအစား Black coffee သောက်လို့ရပါတယ်။
🔶အရည်သောက် ချက်မယ်ဆို ဆီသပ်ပြီးချက်ရတဲ့ ချဉ်ရည်ဟင်းတွေအစား ဟင်းခါးကို ချက်ပေးသင့်ပါတယ်။
🔶ကြက်ဥပြုတ် စားမယ်ဆိုရင်တောင် ပရိုတင်းပမာဏများပြီး ကယ်လိုရီနည်းတဲ့ ကြက်ဥအကာ စတာတွေ စားပေးလို့ရပါတယ်။
"ဝိတ်ချနေစဉ်မစားသင့်သောအစားအစာများ"👇
🔻ခေါက်ဆွဲခြောက်ထုပ်များ
🔻ဆီကြော်များ (အီကြာကွေး/ပလာတာ/ထပ်တရာ..အကြွပ်ကြော်ထားတဲ့စားစရာများ)
🔻Junk Foods များ( ဟမ်ဘာဂါ/ဟော့ဒေါ့/ကြက်ကြော်)
🔻 အချိုပွဲများ (ရေခဲမုန့်/ကိတ်မုန့်/ကွတ်ကီး/ဂျယ်လီ/...)
🔻အချိုရည်များ (ဆိုဒါပါသော/မပါသော စျေးကွက်ထဲရှိအအေးဗူးများ)
လူဆိုတာလည်း မစားရလေ ပိုစားချင်လေ၊ မရလေ ပိုလိုချင်လေမလား။ စားလို့ကောင်းမှန်းသိရက်သားနဲ့ စားခွင့်မရှိဘူးဆိုရင် ပိုစားချင်ပြီပေါ့။ ဟိုဟာလည်း မစားရဘူး၊ ဒီဟာလည်း စားလို့ မရဘူးဆိုရင် စားချင်လိုက်တာတဲ့ဆိုတဲ့ ဖိစီးမှု ကိုယ်တွင်းမှာ ဖြစ်လာပါတယ်။ ဒီတော့ ဝိတ်ချတဲ့သူတိုင်း အစားအရမ်းကြီးရှောင်တာမဟုတ်ပဲ မိမိကြိုက်တဲ့အစားအစာလေးတွေကိုလဲ ဝိတ်မတက်အောင် ချင့်ချိန်စားသောက်လို့ရပါတယ်။ တန်ရင်ဆေး လွန်ရင်ဘေးမို့ ကျန်းမာစွာ လှပနိုင်ကြပါစေရှင့်