Art of Universe

Art of Universe Craving for Art
Without a Boundary
From the very first Start
Keep making beautiful Memories!

မီးစက် ၁၅ သိန်း ​ ဆိုလာ တစ်စုံ သိန်း ၄၀ ​​ကျောင်း​ဆောင် တစ်​ဆောင်  သိန်း ၆၀  စုစု​ပေါင်း ​ငွေကျပ် သိန်း တစ်ရာ့တစ်ဆယ် (၁၁...
02/03/2025

မီးစက် ၁၅ သိန်း ​
ဆိုလာ တစ်စုံ သိန်း ၄၀ ​
​ကျောင်း​ဆောင် တစ်​ဆောင် သိန်း ၆၀ စုစု​ပေါင်း ​ငွေကျပ် သိန်း တစ်ရာ့တစ်ဆယ် (၁၁၀သိန်း) ကိုကရင်နီ​ဒေသ အထက်တန်း ​ကျောင်းသား​ကျောင်းသူ၆၀​ကျော် ရှိရာ ​ကျောင်း​လေး​အတွက် ဖြည့်တင်း​ပေးခဲ့ပါတယ်။

စစ်ဘေးရှောင်မိသားစုတွေဆိုတာ အိမ်ယာအပိုင် လုပ်ငန်းအပိုင်တွေကနေ နေ့ချင်းညချင်းပြေးရှောင်ရသူတွေပါပဲ။ သိန်းရာချီပို့ရပေမယ့် ...
01/30/2025

စစ်ဘေးရှောင်မိသားစုတွေဆိုတာ အိမ်ယာအပိုင် လုပ်ငန်းအပိုင်တွေကနေ နေ့ချင်းညချင်းပြေးရှောင်ရသူတွေပါပဲ။ သိန်းရာချီပို့ရပေမယ့် အလင်းပေးနိုင်တာကတော့ အိမ်ထောင် ၁ရာကျော်လောက်ပါပဲ။ အလင်းရှိရာမှ စိတ်လေး အနည်းငယ်ဖြေနိုင်ဖို့နဲ့ ပညာရေးကျန်းမာရေး ကိစ္စတွေမှာလည်းအကျိုးရှိပါစေလို့ AOU မိသားစု မှ ဆုတောင်းပေးလိုက်ပါတယ်။

အညာစစ်​ရှောင်​တွေအတွက်မျှ​ဝေကြတဲ့ပုံရိပ်​လေး​တွေ​ဖော်ပြလိုက်ရပါတယ်။
01/29/2025

အညာစစ်​ရှောင်​တွေအတွက်မျှ​ဝေကြတဲ့ပုံရိပ်​လေး​တွေ​ဖော်ပြလိုက်ရပါတယ်။

အညာ​မြေဟာ ​လေ​ကြောင်းဒဏ်အလူးအလဲခံရပါတယ်။လက်ရှိစစ်​ရှောင် ​ရေရှည်​နေ​နေရတဲ့စစ်​ရှောင်ဟာ​လည်း​ထောင်ချီပါတယ်။ မြိုင် စစ်​ရှ...
01/28/2025

အညာ​မြေဟာ ​လေ​ကြောင်းဒဏ်အလူးအလဲခံရပါတယ်။
လက်ရှိစစ်​ရှောင် ​ရေရှည်​နေ​နေရတဲ့စစ်​ရှောင်ဟာ​လည်း​ထောင်ချီပါတယ်။ မြိုင် စစ်​ရှောင်များအတွက် ထပ်မံပို့နိုင်ခဲ့တာ​လေး တင်ပြလိုက်ရပါတယ်။

Revo merch လေးတွေထဲမှာ order တခါတည်း ဝုန်းကနဲများရတဲ့itemလေးမို့ delivery မှာ FRတွေအတော်ပင်ပမ်းခက်ခဲကြတယ်။ နားလည်စောင့်ဆ...
01/27/2025

Revo merch လေးတွေထဲမှာ order တခါတည်း ဝုန်းကနဲများရတဲ့itemလေးမို့ delivery မှာ FRတွေအတော်ပင်ပမ်းခက်ခဲကြတယ်။ နားလည်စောင့်ဆိုင်းပေးပါနော်😍

အညာစစ်​ရှောင်များအတွက် ​စောင်များထပ်မံ​ရောက်ရှိ🤜🤛​ပေးပို့စီမံ​ပေးကြပါ​သော ​မြေပြင်မှ တာဝန်ရှိသူအားလုံးကို​ကျေးဇူးတင်ပါတယ...
01/23/2025

အညာစစ်​ရှောင်များအတွက် ​စောင်များထပ်မံ​ရောက်ရှိ🤜🤛
​ပေးပို့စီမံ​ပေးကြပါ​သော ​မြေပြင်မှ တာဝန်ရှိသူအားလုံးကို​ကျေးဇူးတင်ပါတယ်။

ခုလို ​အေးချမ်းတဲ့ကာလ​တွေမှာ AOU ရဲ့ hoodies​တွေဝတ်ပြီး​နွေး​ထွေး​နေကြမယ်လို့ ​မျှော်လင့်ပါတယ်။ကိုယ်တိုင်သာမက ဘဝ​တွေ​နွေ...
01/22/2025

ခုလို ​အေးချမ်းတဲ့ကာလ​တွေမှာ AOU ရဲ့ hoodies​တွေဝတ်ပြီး​နွေး​ထွေး​နေကြမယ်လို့ ​မျှော်လင့်ပါတယ်။
ကိုယ်တိုင်သာမက ဘဝ​တွေ​နွေး​ထွေး​စေမယ့်​ရောင်နီမြင်ရမယ့် အ​ရွေ့ကြီးကြီးအတွက် AOU hoodies က​နေ စီးဆင်းခဲ့တဲ့တစိတ်တပိုင်း​ကို ​ဖော်ပြလိုက်ရပါတယ်🤜🤛
ကျပ်သိန်း​ပေါင်း ၁၁၀၀ နီးပါး တန်ဖိုးရှိ ဘတ် ၈သိန်း၅​သောင်းကို ​ပေးပို့နိုင်ခဲ့တဲ့မှတ်တမ်းကိုမျှ​ဝေလိုက်ရပါတယ်။
တလ ကာလရဲ့ ​ဘေးထွက် humanitarian aids​တွေအပြင်အ​ရေးကြီးအ​ရွေ့​တွေအတွက်လည်း နိုင်ရာ ပါဝင်ခဲ့ပါတယ်လို့တင်ပြနိုင်သ​လောက်တင်ပြလိုက်ရပါတယ်။

မြစ်ရေကြီးမှု နှင့် မိုးအလွန်အကျွံ ရွာသွန်းရာမှ ကျေးရွာချင်းဆက်လမ်းများပျက်စီးကြရပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ကြ...
01/13/2025

မြစ်ရေကြီးမှု နှင့် မိုးအလွန်အကျွံ ရွာသွန်းရာမှ ကျေးရွာချင်းဆက်လမ်းများပျက်စီးကြရပါတယ်။ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်ကြရပါတယ် ။

ပြည်သူများချောချောမွေ့မွေ့သွားလာနိုင်ရန် ရွာချင်းဆက်လမ်းပြုပြင်ခြင်းကို Lynn Lynn Show - Art of Universe မှ မျှဝေစီးဆင်းစေခဲ့ပါတယ် ။AOU ရဲ့ အားရယ် ရွာသူရွာသား ပြည်သူတွေတွေနဲ့ လုပ်အားရယ် ပေါင်းစပ်ပြီး ဖေါ်ဆောင်နိုင်ခဲ့ပါတယ် 💪💪


ပုလဲမြို့နယ်အတွင်းရှိ ပျူရွာများနှင့်အနီးဆုံးစစ်‌ရှောင်နေရာမှ အိမ်ထောင်စု (၁၆၇) စုကို Art Of Universe Revo-Merch နှင့် L...
01/10/2025

ပုလဲမြို့နယ်အတွင်းရှိ ပျူရွာများနှင့်အနီးဆုံးစစ်‌ရှောင်နေရာမှ အိမ်ထောင်စု (၁၆၇) စုကို Art Of Universe Revo-Merch နှင့် Lynn Lynn Authentic Concert မှ အနွေးစောင်နှင့် အနွေးထည်များ မျှဝေပေးခဲ့ပါသည်။

စစ်ရှောင်နေရာထိရောက်ရှိမျှဝေနိုင်အောင် ပူးပေါင်းကူညီပေးကြတဲ့ ပုလဲလူထုသပိတ်ဦးဆောင်ကော်မတီနှင့် Beyond The Chindwin Organization-BCO တို့ကိုလဲ ကျေးဇူးတင်ရပါတယ် 🙏🙏

ကျတော်တို့စစ်ရှောင်ပြည်သူတွေ အနွေးဓာတ်ကော မေတ္တာဓာတ်ကော ရရှိခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ် 🖤


Art of Universe မိသားစုကနေပြီးတော့ နှစ်မကုန်ခင်လေးမှာပဲ မတ္တရာမြို့နယ် ၊စကျင်ကျေးရွာ စစ်ဘေးရှောင်ပြည်သူများထံသို့ ဆန်အိတ...
01/07/2025

Art of Universe မိသားစုကနေပြီးတော့ နှစ်မကုန်ခင်လေးမှာပဲ မတ္တရာမြို့နယ် ၊စကျင်ကျေးရွာ စစ်ဘေးရှောင်ပြည်သူများထံသို့ ဆန်အိတ်များပေးပို့ မျှဝေခဲ့ပါတယ်

နှစ်အစလေးမှာ ပြည်တွင်းပြည်ပ AOU ပရိတ်သတ်မိသားစုများ ပီတိဖြစ်စေရန်ပြန်လည်မျှဝေ ပေးလိုက်ပါတယ်နော်

“ အဓိပ္ပါယ်ရှိတဲ့ နှစ်တနှစ်ဖြစ်ပါစေ ” လို့ AOU Team မှ ဆုတောင်းပေးလိုက်ပါရစေ 🙏🙏🙏


▫️Art of Universe နဲ့ Lynn Lynn Authentic Concert အဖွဲ့သားတွေဟာ နောက်ထပ် Love & Trust ဆိုတဲ့အမည်နဲ့ နွေဦးတော်လှန်ရေးမှာတ...
01/03/2025

▫️Art of Universe နဲ့ Lynn Lynn Authentic Concert အဖွဲ့သားတွေဟာ နောက်ထပ် Love & Trust ဆိုတဲ့အမည်နဲ့ နွေဦးတော်လှန်ရေးမှာတက်ကြွစွာပါဝင်ခဲ့တဲ့မိသားစုဝင်တွေရဲ့ ပညာရေးကဏ္ဍကို ပံ့ပိုးကူညီမှုတွေပြုလုပ်လျက်ရှိပါတယ်။

၂၀၂၄ - ၂၅ ပညာသင်နှစ်အတွက် Love & Trust ဟာ ကျောင်းသားကျောင်းသူပေါင်း ၃၇၀ အတွက်ပညာရေးကဏ္ဍပံ့ပိုးမှုအဖြစ် ထိုင်းဘတ်ငွေ ၁,၈၄၈,၆၈‌၉ (တစ်သန်း ရှစ်သိန်း လေးသောင်းကျော်) ပံ့ပိုးကူညီခဲ့ပြီးဖြစ်ပါတယ်။

ဒီပမာဏဟာ ၂၀၂၄ ဒီဇင်ဘာ အထိပံ့ပိုးမှုသာဖြစ်ပြီး ၂၀၂၅ ပညာသင်နှစ်ကုန်အထိ ဆက်လက်ပံ့ပိုးသွားဖို့ရှိနေသလို နောက်ထပ် ပညာသင်နှစ်တွေအတွက်လည်း အစီအစဉ်သစ်တွေချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။

▫️အနာဂတ်နိုင်ငံတော်ကို လူငယ်တွေလက်ထဲ ထည့်ခဲ့ရမှာဖြစ်ပြီး ပညာဉာဏ်ဖြင့်သာ နိုင်ငံတော်ကို တိုးတက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေနဲ့ သူတို့အပေါင်းအပါခရိုနီတွေရဲ့သားသမီးတွေဟာ နိုင်ငံတကာအဆင့်ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ ပညာဆည်းပူးနိုင်ကြပေမယ့် ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေကြသူအများစုရဲ့ မိသားစုဝင်တွေ၊ သားသားမီးမီးတွေဟာ ဘောင်ခတ်ထားတဲ့ပညာရေးစနစ်အောက်မှာ ကျင်လည်ခဲ့ရတာကိုလည်း အားလုံးအသိဖြစ်ပါတယ်။

▫️ဒီကနေ့ စစ်ကောင်စီလက်ထက် နွေဦးတော်လှန်ရေးမှာ တက်ကြွစွာပူးပေါင်းပါဝင်သူမိသားစုဝင်တွေရဲ့ပညာရေးဟာ ပိုမိုဆိုးရွားပြီး အတိဒုက္ခများစွာကို ရင်ဆိုင်နေကြရပြန်ပါတယ်။

Love & Trust ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ နည်းမျိုးစုံနဲ့ ဖိနှိပ်ရက်စက်ဖမ်းဆီးမှုတွေကြောင့် Border Line တစ်လျှောက်ရောက်ရှိလာတဲ့ CDM ဝန်ထမ်း၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ၊ မီဒီယာမိသားစုများ၊ နိုင်ငံရေးပါတီဝင်တွေနဲ့ တော်လှန်ရေးရဲဘော်ညီနောင်မောင်နှမတို့ရဲ့ သားသားမီးမီးတွေ စဉ်ဆက်မပြတ်ပညာသင်ကြားမှုအခွင့်အလမ်း မဆုံးရှုံးစေရေးနှင့် အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးမှာ အားဖြစ်စေဖို့ ရည်ရွယ်ချက်တွေနဲ့ ပညာရေးကဏ္ဍပံ့ပိုးကူညီမှုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တာလည်းဖြစ်ပါတယ်။

▫️ပညာရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်နေရင်း တစ်ချိန်တည်းမှာပဲ Love & Trust ဟာ ဒီမိုကရေစီအရေးအတွက်တိုက်ပွဲဝင်/ ရှေ့တန်းမှာထိခိုက်ဒဏ်ရာရရှိလို့ Border Line နေရာဒေသအချို့မှာလူမသိသူမသိ အခက်အခဲမျိုးစုံရင်ဆိုင်ရင်း ဆေးကုသမှုခံယူနေကြရတဲ့ တိုက်ပွဲဝင်ရဲဘော်အချို့နဲ့ မိသားစုဝင်တွေကို ရှာဖွေတွေ့ရှိခဲ့ရပြန်ပါတယ်။

ဒီလို ကိုယ်ကျိုးစွန့်အနစ်နာခံပြီးတိုက်ပွဲဝင်ခဲ့တဲ့ ရဲဘော်မိသားစုဝင်တို့ရဲ့ အရေးပေါ်ဆေးကုသမှု၊ ကလေးမီးဖွားခြင်းနဲ့ နေ‌ထိုင်ရေး၊ စားနပ်ရိက္ခာ တို့အတွက် ထိုင်းဘတ်ငွေ ၂၅၀,၅၂၂ (နှစ်သိန်း ငါးသောင်းကျော်) ပံ့ပိုးကူညီဖြစ်ခဲ့သလို ၂၀၂၅ ခုနှစ်အတွက်လည်း ဆက်လက်ပံ့ပိုးနေဦးမှာဖြစ်ပါတယ်။

Art of Universe နဲ့ Lynn Lynn Authentic Concert အဖွဲ့သားတွေရဲ့ Love & Trust ဟာ ၂၀၂၄ ခုနှစ်အတွက် စုစုပေါင်း ထိုင်းဘတ်ငွေ ၂,၀၉၉ ,၂၁၁ (နှစ်သန်း ကိုးသောင်း ကိုးထောင်ကျော်) ပံ့ပိုးထားပြီးဖြစ်ကြောင်း ပါဝင်သူ ပြည်တွင်းပြည်ပ မိသားစုများအား ဂုဏ်ယူပီတိပွားများနိုင်ဖို့ရာ အသိပေးတင်ပြအပ်ပါတယ်။

ကောင်းမွန်သော နှစ်သစ်လေးဖြစ်ပါစေလို့ AOU Family က နှုတ်ဆက်လိုက်ပါတယ်ဗျာ 🖤Taw Hlanနှစ်သစ်တွေကို ကျတော်တို့တွေ ဖြတ်ကျော်ရင...
01/01/2025

ကောင်းမွန်သော နှစ်သစ်လေးဖြစ်ပါစေလို့ AOU Family က နှုတ်ဆက်လိုက်ပါတယ်ဗျာ 🖤

Taw Hlanနှစ်သစ်တွေကို ကျတော်တို့တွေ ဖြတ်ကျော်ရင်း ကျတော်တို့တွေအားလုံးလိုချင်တဲ့ပန်းတိုင်ဆီရောက်ဖို့ တလသတိ တလအသိလေးတွေနဲ့ ရှေ့ဆက်ကြစို့💪💪

အမှန်တရားရဲ့ဘက်တော်သားတွေ အကုန်လုံး ဘေးကင်းပါစေ ၊ အားသစ်အင်သစ်တွေရပါစေ ၊ စိတ်ခွန်အားတွေလဲ တိုးပါစေ 🙏🙏

ရောင်နီတွေ တစတစ လင်းလာပီမို့ တူတူလက်တွဲပီး နေဝင်ညတရက်ချင်းကို ကျတော်တို့ပြည်သူတွေ Taw Hlanရင်းရှေ့ဆက်ကြမယ် 💪💪


New Year ညမှာ The Way ကြည့်ကြမယ် III ❤ကိုလင်းလင်း ရိုက်ကူးထားတဲ့ "The Way" ရုပ်ရှင်ကို People Click Force အဖွဲ့ဝင်တွေဖြစ...
12/31/2024

New Year ညမှာ The Way ကြည့်ကြမယ် III ❤

ကိုလင်းလင်း ရိုက်ကူးထားတဲ့ "The Way" ရုပ်ရှင်ကို People Click Force အဖွဲ့ဝင်တွေဖြစ်တဲ့ Doh Khit Youtube Channel နဲ့ Play2Donate ရဲ့ Nway Oo Videos App တို့မှာ ယနေ့ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက် New Year ည ၈နာရီမှစတင်ပြီး ကြည့်ရှုခံစားရင်း ထောက်ပို့နိုင်တော့မှာဖြစ်ပါတယ်။

Digital Strike ကလစ်ထောက်ပို့မှုအရှိန်ကို The Way Team ရဲ့ အားဖြည့်ထောက်ပံ့ပေးမှုနှင့်အတူ တဖန်ပြန်လည် အသက်သွင်း အရှိန်မြင့်တင်ကြရအောင်ပါခင်ဗျာ...

ဒီညအတွက် Ready ပဲလား ကလစ်ကာတို့




Merry Christmas 🎄🌲🎅Santa Claus ဆီက ဘာလိုချင်လဲလို့မေးရင်တော့ ကျတော်တို့ပြည်သူတွေ အားလုံးတခွန်းတည်းဖြေမှာ “ အာဏာရှင်တွေကျ...
12/25/2024

Merry Christmas 🎄🌲🎅

Santa Claus ဆီက ဘာလိုချင်လဲလို့မေးရင်တော့
ကျတော်တို့ပြည်သူတွေ အားလုံးတခွန်းတည်းဖြေမှာ “ အာဏာရှင်တွေကျဆုံးမဲ့နေ့လေးရောက်ရှိဖို့” လို့ ဖြစ်လိမ့်မယ် ထင်ပါတယ် 🎁🎄

အရင်လို မိသားစုတွေ စုံစုံညီညီနဲ့ စိတ်ကလေးတွေလွတ်လပ်ပျော်ရွှင်မှု အတိနဲ့ နွေးထွေးကြရမဲ့ Christmas တွေ ပြန်လည်အသက်ဝင်လာမဲ့ နေ့ကို အမြန်ဆုံးရောက်ရှိဖို့ မျှော်လင့်ပါတယ် ❤️🌲

ကျတော်တို့ ပြည်သူတွေအားလုံးလဲ အတူတူ Christmas ရက်အပါအဝင်နေ့တိုင်းတော်လှန်စိတ်နဲ့ ရှေ့ဆက်ကြစို့ ။ 💪💪

Wish you a Merry X’mas❤️❄️


မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေတဲ့ Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိတဲ့ ကားလ...
12/18/2024

မြောင်နယ် ၊ မြင်းခြံနယ်တို့ကို Medical Cover ပေးနေတဲ့ Justice for freedom ဆေးအဖွဲ့အတွက် ကျပ်သိန်း ၂၅၀ တန်ဖိုးရှိတဲ့ ကားလေးကို Art of Universe မှ မျှဝေပေးဖြစ်ပါတယ်

Medical Cover အတွက်လိုအပ်နေလျက်ရှိတဲ့ ကားလေးကို ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ဆေးကုသရေးလုပ်ငန်းမှာ အထောက်အကူအများကြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်နော် ❤️


Art of Universe Revo-Merch” နဲ့ “Lynn Lynn Authentic Concert” မှ ဘုတလင်ကစီပါနဲ့တဆက်တည်း စစ်ကြောင်းဝင်မီးရှို့ခဲ့တဲ့ရွာတွ...
12/08/2024

Art of Universe Revo-Merch” နဲ့ “Lynn Lynn Authentic Concert” မှ ဘုတလင်ကစီပါနဲ့တဆက်တည်း စစ်ကြောင်းဝင်မီးရှို့ခဲ့တဲ့ရွာတွေဖြစ်တဲ့ ဆည်ဝ၊ရွာသစ်၊အိုင်ပေါင်းချောင် သုံးရွာက မီးဘေးသင့်အိမ်ထောင်စုများကို ဆန်၊ဆီ၊ အနွေးထည်၊ဆပ်ပြာနဲ့အမျိုးသမီးလစဥ်သုံးတွေ ဝေမျှပေးခဲ့ပါတယ် ။


မိမိတို့နေရပ်သို့ ပြန်လည်အခြေချနေထိုင်ရန် ခက်ခဲသော ပုလဲမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာကြရသည့်  စစ်ရှောင်ပြည်သူများအတွက်...
12/06/2024

မိမိတို့နေရပ်သို့ ပြန်လည်အခြေချနေထိုင်ရန် ခက်ခဲသော
ပုလဲမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာကြရသည့် စစ်ရှောင်ပြည်သူများအတွက် " Art of Universe Revo Merch " နဲ့ “ Lynn Lynn Authentic Concert ”မှ မျှဝေခဲ့ခြင်းဖြစ်ပါတယ်

အိမ်ထောင်စု( ၄၈၀ )ခန့်မှ လူဦးရေ (၁၀၀၀)ခန့် နေထိုင်သည့်နေရာနှင့် အိမ်ထောင်စု( ၂၈၀ )ခန့်မှ လူဦးရေ (၈၀၀)ခန့်အား နေထိုင်သည့် နေရာများသို့ အာဟာရဒါန စီမံကျွေးမွေးခဲ့ပါသည်။

ခြုံစောင်နှင့် အနွေးထည်များလည်းထပ်မံမျှဝေပေးဖို့ စီစဉ်လျက်ရှိပါတယ်


တရွာ နဲ့ တရွာ ဆက်သွယ်ကူးလူးဖို့အတွက် အရမ်းလိုအပ်နေတဲ့ တံတားလေးကို Art Of Universe Revo-Merch နဲ့ Lynn Lynn Authentic Con...
12/01/2024

တရွာ နဲ့ တရွာ ဆက်သွယ်ကူးလူးဖို့အတွက် အရမ်းလိုအပ်နေတဲ့ တံတားလေးကို Art Of Universe Revo-Merch နဲ့ Lynn Lynn Authentic Concert မှ ဆောက်လုပ်ပေးနိုင်ခဲ့ပါတယ် 💪❤️

တံတားပုံလေးကိုတော့ ပီတိဖြစ်စေရန် ဖေါ်ပြပေးချင်ပေမဲ့လည်း နယ်မြေဒေသရဲ့ ရှုခင်းရှုကွက်တွေပါနေတဲ့အတွက် ဖျက်စီးသူရန်ကနေ အန္တရယ်ကာကွယ်ဖို့အတွက် ဆိုင်းဘုတ်လေးကိုပဲ ဖေါ်ပြပေးလိုက်ရပါတယ် ခင်ဗျာ 🙏🙏


Address

New York, NY

Alerts

Be the first to know and let us send you an email when Art of Universe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Art of Universe:

Videos

Share