09/05/2023
ကျွန်တော်အလုပ်လုပ်တဲ့ Food Court ထဲမှာ
All Gender Toilet တွေရှိတယ်
ကျား/မ မခွဲခြားထားဘူး ...
အတည်လား နောက်တာလား သေချာမသိပေမယ့်
အိမ်သာတံခါးမှာ ဖုန်းနံပါတ်တွေ ရေးရေးသွားကြတယ်
ဇာတ်လမ်းလေးတွေ ဖန်တီးတာပေါ့လေ
တကယ် ဖူးစာဆုံ မဆုံ မသိပေမယ့်
ပုံထဲက ဖုန်းနံပါတ်ပိုင်ရှင်ကတော့ သူမစားရပဲ
သူ့ကို ပြန်စားတာ ခံလိုက်ရပုံပဲ
သူ့ခမျာ စော်ရှာချင်လို့ ရေးခဲ့ပေမယ့်
အပေါ်မှာ မြားထိုးပြီး ဂျော်တကီးကြီးပါ လို့
နောက်တယောက်က ပြန်ရေးသွားတယ်
မြားထိုးတဲ့ကောင်ကလဲ စော်လေးထင်လို့ ဆက်လိုက်တာ ဖြစ်မယ် 😂😂😂